← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

197 01

အခန်း ၁၉၇

စကားပြောနေတဲ့ အဲဒီအရာရှိရဲ့နာမည်က လီဟုန်ဖြစ်ပြီး ကျဲ့ကျန်းနယ်ရဲ့ စောင့်ကြည့်စစ်ဆေးရေးအမတ် ဖြစ်တယ်။ သူ့ရဲ့ရာထူးက အဆင့်ခုနစ်လောက်ပဲ ရှိပေမဲ့ ရာထူးငယ်ပြီး စစ်ဆေးကြပ်မတ်နိုင်တဲ့ အာဏာကတော့ သိပ်ကို ကြီးမားလှတယ်။

စောင့်ကြည့်စစ်ဆေးရေး အမတ်ဆယ့်သုံးယောက်လို့ ခေါ်ကြသလို နယ်လှည့်စစ်ဆေးရေး အမတ်လို့လည်း ခေါ်ကြတာမို့ သူတို့က ဧကရာဇ်မင်းမြတ်ရဲ့ ကိုယ်စား နယ်အသီးသီးကို လှည့်ပြီး ဒေသခံအရာရှိတွေ အားလုံးကို စစ်ဆေးကြပ်မတ်နိုင်သလို၊ အရေးကြီးကိစ္စတွေကို အမိန့်တော်ခံယူဖို့ တင်ပြပြီး အသေးအဖွဲကိစ္စတွေကိုတော့ ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြတယ်။

အရပ်စကားနဲ့ ပြောရရင် ရှောက်ခိုင်က မင်ကျဲ့ နယ်စားမင်းကြီးအဖြစ် သိပ်ကို မြင့်တဲ့ ရာထူးကို ပိုင်ဆိုင်ထားပေမဲ့ အကယ်၍ မတော်တဲ့ လုပ်ရပ်တစ်ခုခု လုပ်ခဲ့ရင် အဲဒီအမတ်က စွပ်စွဲပြစ်တင်လွှာ တင်နိုင်စွမ်း ရှိတယ်။ ဒါကြောင့် သာမန် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး တစ်ယောက်ကိုတော့ ပြောစရာ မလိုတော့ဘူး။

လီဟုန်က ခေါင်းမာပြီး ကိုင်တွယ်ရခက်တဲ့သူအဖြစ် နာမည်ကြီးသူ ဖြစ်တာကြောင့် သူက ဒီလို စကားတွေ ပြောလာတာကို ဘယ်သူမှ ထူးဆန်းတယ်လို့ မထင်ကြဘူး။ ဒါ့အပြင် သူပြောတာကလည်း မှားတာ မရှိဘူး၊ အကယ်၍ ဒေသတွင်းမှာ သူခိုးဓားပြတွေ သောင်းကျန်းနေပြီး စစ်တပ်က မကူညီနိုင်တဲ့ အခြေအနေမျိုးမှာ ဒေသခံအရာရှိတွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် သက်ဆိုင်ရာဌာနကို အကြောင်းကြားပြီး ဒေသခံပြည်သူတွေကို စုဆောင်းကာကွယ်ပိုင်ခွင့် ရှိတယ်။

ဒါပေမဲ့ သာမန် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး တစ်ယောက်အနေနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို မိမိသဘောနဲ့ အလိုအလျောက် တည်ဆောက်ခွင့်ကတော့ လုံးဝ မရှိဘူး။

အစိုးရအဖွဲ့ထဲက စာပေအရာရှိဖြစ်စေ၊ စစ်ဘက်အရာရှိဖြစ်စေ အားလုံး လုံးဝ ကျော်လွန်မလုပ်ရမယ့် အချက်တစ်ခု ရှိတယ်၊ အဲဒါက စစ်အာဏာကို လက်ဝယ်ထားပြီး ကိုယ်ကျိုးရှာတာပဲ ဖြစ်တယ်။ ခွင့်ပြုချက်မရှိဘဲ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဆောက်တာကလည်း စစ်အာဏာကို လက်ဝယ်ထားဖို့ ကြိုးပမ်းတာ တစ်မျိုးပဲ ဖြစ်တယ်။

အသေးအဖွဲအနေနဲ့ ကြည့်ရင် ရွှီထင်းရှန်းက ဒေသတွင်း အေးချမ်းဖို့အတွက် လုပ်တာလို့ ပြောနိုင်ပေမဲ့ ကြီးကြီးမားမား ကြည့်မယ်ဆိုရင် ဒီလိုစစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဘာကြောင့် တည်ဆောက်ရတာလဲ၊ ပုန်ကန်ဖို့ ရည်ရွယ်ချက် ရှိနေသလားလို့တောင် မေးခွန်းထုတ်နိုင်တယ်။

ရှေးအစဉ်အဆက် ဧကရာဇ်မင်းမြတ်တွေ အကြောက်ရဆုံး အရာက တစ်စုံတစ်ယောက်က ပုန်ကန်ခြားနားတာပဲ ဖြစ်တယ်။

ဘေးနားမှာ ရပ်နေကြတဲ့ အရာရှိတွေ အားလုံးက ဘာစကားမှ မပြောဘဲ ရယ်စရာတစ်ခုလိုပဲ စောင့်ကြည့်နေကြတယ်။ တုကျွန့်က မျက်မှောင်ကြုတ်ပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့ စကားကို ပြန်ထိန်းလိုက်တဲ့ပုံ ရှိတယ်။ ယဲ့ကျူကတော့ အမြဲတမ်း တည်ငြိမ်နေသူ ဖြစ်တဲ့အတိုင်း အခုလည်း ငြိမ်ငြိမ်ပဲ နေတယ်။

197 02

အဲဒီအချိန်မှာ ရှောက်ခိုင်က စကားပြောလာတယ်။ သူက မိမိရဲ့ မုတ်ဆိတ်ကို သပ်ပြီး သဘောကောင်းတဲ့ အမူအရာနဲ့ ပြောတယ်။ "လီအမတ်အနေနဲ့ ဘာကြောင့် ဒီလောက်အထိ တင်းကျပ်နေရတာလဲ၊ ရွှီညွှန်ကြားရေးမှူးက ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ခန့်ထားသူ ဖြစ်ပြီး တျန့်ဟိုင်ရဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ အားလုံးကို တာဝန်ယူထားသူ ဖြစ်တယ်။ သူ့ရဲ့ ဒီလုပ်ရပ်မှာ မလွှဲမရှောင်သာတဲ့ အခက်အခဲတွေ ရှိနေနိုင်လို့ ရွှီညွှန်ကြားရေးမှူး ဘယ်လို ပြောမလဲဆိုတာကို အရင် နားထောင်ကြည့်သင့်တယ် မဟုတ်လား"

ဒီစကားက ရွှီထင်းရှန်းဘက်က ကူညီပြောပေးနေသလို ထင်ရပေမဲ့ လီဟုန်ရဲ့စရိုက်ကို သိသူတွေအတွက်တော့ အဲဒါက မီးလောင်ရာ လေပင့်ပေးလိုက်တာပဲဆိုတာ သိကြတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ လီဟုန်က အဲဒီစကားကို ကြားတဲ့အခါ သိပ်ကို ဒေါသထွက်ပြီး အော်ဟစ်တော့တယ်။

"နယ်စားမင်းကြီးက ရွှီညွှန်ကြားရေးမှူးအတွက် ကူညီပြောပေးနေတာလား။ ကျုပ်က ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ခန့်ထားတဲ့ နယ်လှည့်စစ်ဆေးရေး အမတ်ဖြစ်ပြီး ဧကရာဇ်ရဲ့ ကိုယ်စား နယ်မြေကို စစ်ဆေးကြပ်မတ်နေသူ ဖြစ်တယ်။ ဒီလုပ်ရပ်က ရာထူးကို ကျော်လွန်လုပ်တာ ဖြစ်ပြီး စိတ်ဓာတ်ကလည်း ကောက်ကျစ်လှလို့ ရှောက်နယ်စားမင်းကြီးအနေနဲ့ ဒီလူ့အတွက် ကူညီမပြောပေးဖို့ ကျုပ် တောင်းဆိုတယ်၊ ကျုပ်က မြို့တော်ကို ပြန်ရောက်တာနဲ့ စွပ်စွဲလွှာ တင်မှာ ဖြစ်လို့ ရွှီအရာရှိအနေနဲ့ မိမိဘာသာ သတိထားပြီး နေထိုင်ပါ"

အကယ်၍ ဒီနေရာက မတော်တဲ့ နေရာမျိုးသာ မဟုတ်ရင် ရွှီထင်းရှန်းက စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားမိမှာ ဖြစ်တယ်။

ကြည့်စမ်းပါဦး၊ ဒီစောင့်ကြည့်စစ်ဆေးရေး အမတ်ဆိုသူတွေက စကားပြော သိပ်ကောင်းကြတယ်။ သူ ဘာစကားမှ မပြောရသေးခင်မှာတင် ပြစ်မှုထင်ရှားနေသူအဖြစ် သတ်မှတ်တာ ခံလိုက်ရတယ်။ ကန်းရုံဟိုင်က ရှေ့ကို ထွက်ပြီး စကားပြောဖို့ ပြင်လိုက်ပေမဲ့ ရွှီထင်းရှန်းက မျက်ရိပ်ပြပြီး တားလိုက်တာကြောင့် ပြန်ရပ်သွားတယ်။

နန်းတွင်းကလာတဲ့ အထူးကိုယ်စားလှယ်က မျက်မှောင်ကြုတ်သွားပြီး လီဟုန်က အခြေအနေကို မသိဘဲ ဒီလို ပျော်စရာ ကောင်းတဲ့ အချိန်မှာ စိတ်ပျက်စရာ စကားတွေ ပြောနေတယ်လို့ စိတ်ထဲက မှတ်ချက်ပြုမိတယ်။ ရွှီညွှန်ကြားရေးမှူးကသာ သူပြောသလို အမှန်တကယ် ပုန်ကန်ဖို့ ကြံစည်နေသူဖြစ်ရင် သူတို့ကို ဒီကျွန်းကို ခေါ်လာပါ့မလား၊ တစ်ခုခု အကြောင်းပြချက် ရှိနေမှာကတော့ ထင်ရှားလှတယ်။

ဒါပေမဲ့ အထူးကိုယ်စားလှယ်က ဒီကိစ္စမှာ အတွင်းရေးတွေ ရှိနေတာကို ရိပ်မိပေမဲ့ သူက ဧကရာဇ်မင်းမြတ်ရဲ့သိက္ခာကို ကိုယ်စားပြုသူ ဖြစ်လို့ လွယ်လွယ်ကူကူနဲ့ ဝင်မစွက်ဖက်ချင်ဘူး။ တုကျွန့်က ဒီအခြေအနေကို ကျော်လွှားဖို့ အကြောင်းပြချက်တစ်ခု ရှာနေတုန်းမှာတင် သူတို့ရဲ့ ခေါင်းပေါ်ကနေ ကျယ်လောင်လှတဲ့ ခရုသင်းမှုတ်သံတစ်ခု ပေါ်လာတယ်။

"ဝူး... ဝူး..."

အရာရှိတစ်စုက ဆိပ်ကမ်းမှာ ရပ်နေကြတာ ဖြစ်ပြီး သူတို့ရဲ့ ရှေ့ မီတာငါးဆယ် အကွာမှာ မျှော်စင် နှစ်ခု ရှိနေတယ်၊ အပေါ်က စစ်သည်တွေက ရုတ်တရက် ခရုသင်းမှုတ်လိုက်တာကြောင့် အားလုံးက လန့်သွားကြရတယ်။

197 03

"ဒါက ဘာလုပ်တာလဲ၊ ဒီစစ်သည်တွေမှာ မျက်စိမပါကြဘူးလား" လီဟုန်က မာန်ပါပါနဲ့ ကိုယ်ကို စောင်းပြီး ရပ်နေတုန်း အဲဒီအသံကြောင့် လန့်သွားပြီး မြေပြင်ပေါ်ကို လဲကျလုနီးပါး ဖြစ်သွားတယ်။ သူက အရာရှိဦးထုပ်ကို သေချာ ပြန်ပြင်ပြီးမှ ဒေါသတကြီး ကြိမ်းမောင်းတော့တယ်။

စာပေအရာရှိတွေက အခြေအနေကို မသိကြပေမဲ့ စစ်ဘက်အရာရှိတွေကတော့ သိကြတယ်။ ယန်ကျုံးက ချက်ချင်းပဲ မေးမြန်းလိုက်တယ်။

"ဒါက ဘာဖြစ်တာလဲ"

ကန်းရုံဟိုင်က ရှေ့ကို ထွက်ပြီး ပြန်တင်ပြလိုက်တယ်။ "စစ်ကဲ၊ ဒါက ရန်သူ လာတိုက်တဲ့အခါ မှုတ်တဲ့ အချက်ပေးသံနဲ့ တူနေပါတယ်၊ ကျွန်တော်မျိုး လူလွှတ်ပြီး ဘာဖြစ်တာလဲဆိုတာကို စုံစမ်းခိုင်းလိုက်ပါ့မယ်"

သူက လူလွှတ်ပြီး စုံစမ်းဖို့ ပြင်နေတုန်းမှာတင် မနီးမဝေးက စစ်သည်အချို့ ပြာပြာသလဲ ပြေးလာကြတာကို မြင်ရတယ်၊ သူတို့က နောက်ဘက်ကို လက်ညှိုးထိုးပြီး တစ်ခုခုကို အော်ဟစ်နေကြပေမဲ့ အလှမ်းဝေးတာကြောင့် သေချာ မကြားရဘူး။

အဲဒီအချိန်မှာတင် အသံကျယ်ကြီးတစ်ခုနဲ့အတူ ပြင်းထန်တဲ့ လေစီးကြောင်းတစ်ခုက အားလုံးရဲ့ နားနားကနေ ဖြတ်သွားတယ်၊ အနက်ရောင် အရာတစ်ခုက မျက်စိနဲ့ မြင်နိုင်တဲ့ အရှိန်နဲ့ ပျံသွားပြီး မနီးမဝေးက မြေပြင်ပေါ်ကို ကျသွားပြီး ဖုန်မှုန့်တွေ ကောင်းကင်ကို လွင့်သွားတော့တယ်။

အဲဒီတော့မှ အဲဒီစစ်သည်တွေက အနားကို ရောက်လာပြီး ကျယ်လောင်စွာ အော်ဟစ်ကြတယ်။ "ရန်သူ တိုက်ပြီ"

အားလုံးက မသိစိတ်နဲ့ ပင်လယ်ပြင်ဘက်ကို လှည့်ကြည့်လိုက်ကြတော့ ဆိပ်ကမ်းနဲ့ မဝေးတဲ့ ပင်လယ်ပြင်မှာ အနက်ရောင် သင်္ဘောနှစ်စင်း ဘယ်အချိန်က ရောက်နေလဲဆိုတာ မသိရဘူး။ အဲဒီသင်္ဘောတွေမှာ ဘာအလံမှ ချိတ်မထားဘဲ၊ သူတို့ လှည့်ကြည့်လိုက်ချိန်မှာတင် အမြောက်သံတွေကို ခပ်သဲ့သဲ့ ကြားလိုက်ရပြန်တယ်။

အရင်က ရွှီထင်းရှန်းတို့ကို လိုက်ပို့ပေးခဲ့တဲ့ စစ်သင်္ဘောတွေက သူတို့ကို ပို့ပြီးနောက် တျန့်ဟိုင်ကို ပြန်ထွက်သွားကြပြီ ဖြစ်တယ်။ အရာရှိတွေက အရင် ရောက်လာကြတာ ဖြစ်ပြီး၊ အဲဒီနောက်မှပဲ ကုန်သည်တွေကို ခေါ်လာမှာ ဖြစ်လို့၊ အဲဒါက ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက အထူး စီစဉ်ထားတာ ဖြစ်ပေမဲ့ ဒီလို ကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။

"ဒီသင်္ဘောနှစ်စင်းက ဘာလုပ်ချင်တာလဲ" လီဟုန်က ထိတ်လန့်တကြားနဲ့ အဲဒီဘက်ကို လက်ညှိုးထိုးရင်း မေးတယ်။

ဒါပေမဲ့ သူ့ရဲ့စကားမဆုံးခင်မှာတင် နောက်ထပ် အမြောက်သံတစ်ခု ထပ်ပေါ်လာပြီး အမြောက်ဆန်တစ်ခု ကျလာပြန်တယ်။ အရင်တစ်ခေါက်လိုပဲ အဲဒီအနက်ရောင် အမြောက်ဆန်က အစပိုင်းမှာ အရှိန်သိပ်ပြင်းပေမဲ့ ကမ်းခြေကို ရောက်လာတဲ့အခါ အရှိန်ကုန်သွားတဲ့ပုံရှိပြီး မျက်စိနဲ့ မြင်နိုင်တဲ့ အဆင့်အထိ နှေးသွားတော့တယ်။

လီဟုန်က ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတုန်း ဘေးနားက လူတစ်ယောက်က သူ့ကို ဆွဲလိုက်တယ်။ "အရာရှိမင်းတွေကို ကာကွယ်ကြ" မပြတ်တမ်း ထွက်နေတဲ့ အမြောက်သံတွေကြားမှာ ချန်တပ်ခွဲမှူးက ခါးကြားက ဓားကို ဆွဲထုတ်ပြီး ဟိန်းဟောက် အမိန့်ပေးလိုက်တယ်။

မြင်ကွင်းက သိပ်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့တယ်။ နေ့တိုင်း မြင့်မြတ်စွာ နေထိုင်ကြတဲ့ အရာရှိကြီးတွေက ပြာပြာသလဲ ပြေးကြရပြီး၊ အချို့က တိုက်မိလဲတာ၊ အချို့က မြေပြင်ပေါ်ကို လဲကျတာတွေ ဖြစ်ကုန်တယ်။ အရာရှိဝတ်စုံတွေလည်း ဖရိုဖရဲ ဖြစ်ကုန်သလို ဦးထုပ်တွေလည်း ကျွတ်ကျကုန်တယ်။ ပြေးဝင်လာတဲ့ စစ်သည်တွေက အရာရှိတစ်ယောက်ကို နှစ်ယောက်နှုန်းနဲ့ မပြီး အဲဒီနေရာကနေ အဝေးကို ခေါ်သွားကြရတယ်။

197 04

သူတို့ရဲ့နောက်ကွယ်မှာတော့ အမြောက်သံတွေ မပြတ်တမ်း ထွက်နေပြီး ပင်လယ်ပြင်ကို ထိမှန်တဲ့အခါ ရေလှိုင်းတွေ တက်လာတာကို တွေ့ရတယ်။ တစ်ချိန်တည်းမှာပဲ ရွှမ်းယွီကျွန်းဘက်ကလည်း ပြန်တိုက်တော့တယ်၊ အနက်ရောင် ခံတပ်ကြီးတွေထဲက အနီရောင်ရင့်ရင့် အမြောက်ဆန်အများကြီးကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်ကြတယ်။

အချို့က နာကျင်စွာ အော်ဟစ်နေကြပြီး အချို့ကလည်း ဟိန်းဟောက်နေကြတယ်၊ လူ့အသက်က ဒီအချိန်မှာ သိပ်ကို နုနယ်လှပြီး အဲဒီအမြောက်သံတွေက သေမင်းရဲ့ ခေါ်သံလို ဖုန်မှုန့်တွေနဲ့ ယမ်းနံ့တွေကြားက သူတို့ကို ရှေ့ကို အတင်း ပြေးခိုင်းနေသလို ရှိတယ်။ ပြင်းထန်တဲ့ အသက်ရှူသံတွေကို အနားမှာ ကြားနေရပြီး အခုတစ်ခေါက်မှာတော့ ဘယ်သူမှ သိက္ခာအကြောင်းကို မပြောနိုင်ကြတော့ဘဲ အမြန်ဆုံး လွတ်ဖို့ပဲ စဉ်းစားနေကြတယ်။

ပြာလဲ့လဲ့ မြို့ရိုးကြီးရဲ့ အောက်ကို ရောက်လာပြီး မြို့တံခါးထဲကို ခက်ခဲစွာ ဝင်နိုင်ခဲ့မှပဲ အသက်ကို ဝအောင် ရှူနိုင်ကြတော့တယ်၊ အဲဒီအချိန် လူတစ်ယောက်က "မြို့တံခါးကို မြန်မြန်ပိတ်ကြ၊ မြန်မြန်ပိတ်ကြ" လို့ အော်ဟစ်တယ်။ မြို့တံခါးကို ပိတ်နိုင်တဲ့အခါမှပဲ အားလုံးက စိတ်သက်သာရာ ရသွားကြပြီး မြေပြင်ပေါ်ကို လဲကျကုန်ကြတယ်။

အချိန်ဘယ်လောက် ကြာသွားလဲဆိုတာ မသိရဘူး၊ အမြောက်သံတွေက ဝေးသွားတဲ့ပုံ ရှိတယ်။ မြေပြင်ပေါ်မှာ လဲနေသူ အားလုံးက အချင်းချင်း ကြည့်လိုက်ကြပြီး မိမိတို့ရဲ့သနားစရာ အခြေအနေကို သတိထားမိသွားကြပြီး အလျင်အမြန် ပြန်ထကြကာ အရာရှိဝတ်စုံတွေကို ပြုပြင်ကြတယ်။ ခုနက သူတို့ကို မလာခဲ့တဲ့ စစ်သည်တွေကိုတော့ သူတို့အားလုံး မေ့သွားကြပြီ ဖြစ်တယ်။

ဒီလို မြင့်မြတ်လှတဲ့ အရာရှိကြီးတွေက ဒီနေ့လို အရှက်ရစရာမျိုး တစ်ခါမှ မကြုံဖူးကြလို့ အားလုံးက အနေခက်နေကြတယ်။ အထူးသဖြင့် လီဟုန်က သူ့ရဲ့ ရှက်စရာ အမူအရာကို ပြန်သတိရသွားပြီး ဒေါသတကြီးနဲ့ မေးလိုက်တယ်။

"ရွှီအရာရှိ၊ ဒါက ဘာဖြစ်တာလဲ။ ဒါက ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးရဲ့ နေရာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ဒီလိုကိစ္စမျိုး ဖြစ်ရတာလဲ"

ရွှီထင်းရှန်းက မနီးမဝေးမှာ ရပ်နေပြီး လက်တစ်ဖက်က ဦးထုပ်ကို ကိုင်ကာ ကျန်လက်တစ်ဖက်က ပဝါနဲ့ ချွေးသုတ်နေတယ်။ သူက စာပေအရာရှိတွေထဲမှာ မြေပြင်ပေါ်ကို လဲမကျတဲ့ နှစ်ယောက်ထဲက တစ်ယောက် ဖြစ်တယ်။ ကျန်တစ်ယောက်က ယဲ့ကျူ ဖြစ်ပေမဲ့ သူက လူတွေက အမြဲ တွဲထားပေးလို့သာ ဖြစ်တယ်။

သူက အပြစ်ကင်းတဲ့ မျက်နှာနဲ့ လီဟုန်ကို ကြည့်ပြီး ပြောတယ်။ "ဒီနေရာက ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးရဲ့ နေရာ ဖြစ်ပေမဲ့ အဲဒီပင်လယ်ဓားပြတွေ လာမလာဆိုတာကိုတော့ ကျွန်တော်တို့က ဆုံးဖြတ်လို့ မရပါဘူး" လီဟုန်က စကားပြန်မရဘဲ ရှိနေတုန်း ရွှီထင်းရှန်းက ဆက်ပြောလိုက်တယ်။ "လီအမတ်က ခုနကပဲ ဒီခံတပ်တွေ ဆောက်တာက ရာထူးကို ကျော်လွန်လုပ်တာလို့ ပြောခဲ့ပြီး ကျွန်တော့်ကို စွပ်စွဲမယ်လို့တောင် ပြောခဲ့တယ်မဟုတ်လား၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက မလွှဲမရှောင်သာလို့ လုပ်ခဲ့ရတာပါ"

197 05

သူက အထူးကိုယ်စားလှယ်ကို အရိုအသေပြုပြီး စိတ်မကောင်းတဲ့ မျက်နှာနဲ့ တင်ပြလိုက်တယ်။

"ကိုယ်စားလှယ်တော်ကြီး မသိတာ ရှိနိုင်ပါတယ်၊ ဒီကမ်းရိုးတန်းတစ်လျှောက်မှာ ပင်လယ်ဓားပြတွေ အများကြီး ရှိနေပြီး အဲဒီထဲမှာ အခွင့်ကောင်းယူ တိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒီနှစ် နှစ်ဆန်းပိုင်းကစပြီး ဒီနေရာက အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရလို့ ဒဏ်ရာရတဲ့ စစ်သည်တွေနဲ့ အလုပ်သမားတွေ မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်၊ ဒါကြောင့် မလွှဲမရှောင်သာဘဲ ဒီကာကွယ်ရေး အဆောက်အအုံတွေကို ဆောက်ခဲ့ရတာပါ၊ ဒီနေရာ အေးချမ်းဖို့အတွက်ပါပဲ"

"ဒါကြောင့်ကိုး၊ ကျုပ် ထင်တဲ့အတိုင်း ရွှီအရာရှိက အကြောင်းမဲ့ လုပ်မယ့်သူ မဟုတ်ပါဘူး၊ ဒါပေမဲ့ လူတချို့က စကားကို အရမ်း ပြင်းပြင်းထန်ထန် ပြောနေကြတော့ ကျုပ်တောင် ကြားကနေ ဝင်မပြောနိုင်ခဲ့ဘူး" အထူးကိုယ်စားလှယ်က သက်ပြင်းချပြီး ပြောတယ်။ အဲဒီ 'ပြင်းပြင်းထန်ထန် ပြောသူ' ဆိုတာ လီဟုန်ကို ရည်ညွှန်တာဖြစ်ပြီး သူက မာန်မာနကြီးသူလို့ ဆိုလိုတာပဲ ဖြစ်တယ်။

"တကယ်တော့ လီအမတ်ကို အပြစ်မတင်ပါဘူး၊ သူက ဧကရာဇ်ရဲ့ ကိုယ်စား စစ်ဆေးနေတာဆိုတော့ သူ့တာဝန် သူကျေတာပါပဲ" ရွှီထင်းရှန်းက သက်ပြင်းချပြီး ပြောတယ်။ အဲဒီနောက် သူက လီဟုန်ကို တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက် မျက်နှာမှာ တွေဝေသွားတဲ့ပုံရှိပြီး ဘေးကို မျက်နှာလွှဲလိုက်တယ်။

သူ့ရဲ့ အဲဒီအမူအရာကို ပါးနပ်လှတဲ့ အရာရှိကြီးတွေက ရိပ်မိကြတာမို့ လီဟုန်ကို ကြည့်လိုက်ကြတယ်။ အချို့က မျက်လုံးအပြူးသား ဖြစ်သွားကြပြီး အချို့က နှုတ်ခမ်းကို ဖိထားကြပြီး အချို့ကတော့ လက်စွပ်နဲ့ ပါးစပ်ကို ကာထားကြတယ်။ နောက်ဆုံးမှာ အထူးကိုယ်စားလှယ်က သဘောကောင်းစွာနဲ့ ပြောတယ်။

"လီအမတ်ရဲ့ အဝတ်အစားမှာ အညစ်အကြေးတွေ ပေနေတယ်၊ ရွှီအရာရှိက ကျုပ်တို့ကို မြို့ထဲကို အမြန်ဆုံး ခေါ်သွားပါတော့"

လီဟုန်က ဘာဖြစ်မှန်းမသိဘဲ မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်တဲ့အခါမှ အဝတ်အစား အောက်ပိုင်းမှာ ရေစိုနေတာကို တွေ့သွားတော့တယ်။ ရေစိုနေတာလား သူက အဲဒီတော့မှပဲ မိမိရဲ့ ပေါင်ကြားမှာ စိုစွတ်နေတာကို ခံစားမိသွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ခရမ်းရောင်တောင် သန်းသွားတော့တယ်။ ရွှီထင်းရှန်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဘာမှမဖြစ်သလိုပုံစံနဲ့ ဖိတ်ခေါ်လိုက်တော့တယ်။ "အရာရှိမင်းကြီးတို့၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါ"

ခုနက ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ပဲ ရွှမ်းယွီကျွန်းပေါ်က ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးရဲ့ အဆောက်အအုံကို ရောက်တဲ့အခါ လီအမတ်က မျက်နှာမပြရဲဘဲ ရှိနေတော့တယ်။ ခန်းမဆောင်ထဲမှာ ခုနက လူတွေပဲ ပြန်စုဝေးနေကြတယ်။ ချန်တပ်ခွဲမှူးက အပြင်က ပြန်ရောက်လာပြီး ပင်လယ်ဓားပြတွေကို နှင်ထုတ်နိုင်ခဲ့တဲ့အကြောင်းကို အားလုံးကို တင်ပြတယ်။

သူ ပြန်ထွက်သွားပြီးနောက် အထူးကိုယ်စားလှယ်က ဒေါသတကြီးနဲ့ မေးတယ်။ "ဒီလောက်အထိ ရဲတင်းလှပေတယ်၊ အစိုးရရဲ့ နေရာကိုတောင် လာတိုက်ရဲတယ်လား။ ဒေသခံ စစ်တပ်တွေက ဘာလို့ မထိန်းသိမ်းကြတာလဲ"

ရွှီထင်းရှန်းက စိတ်မကောင်းစွာနဲ့ တင်ပြတယ်။ "ကိုယ်စားလှယ်တော်ကြီး မြင်ခဲ့တဲ့အတိုင်းပါပဲ၊ တျန့်ဟိုင်တပ်ဖွဲ့က လူတွေက အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်၊ ကော်ကျွီက စစ်သူကြီးကန်းရုံဟိုင်လည်း အများကြီး ကူညီပေးခဲ့ပါတယ်။ ဒီပင်လယ်ပြင်ကို ဒီစစ်စခန်း နှစ်ခုကပဲ တာဝန်ယူ စောင့်ရှောက်နေရတာပါ၊ ဒါပေမဲ့ စစ်အင်အားက တကယ်ပဲ အကန့်အသတ် ရှိနေပါတယ်"

"စစ်အင်အား မလုံလောက်ရင် စစ်ကူတောင်းရမှာပေါ့၊ ယန်စစ်ကဲ၊ ခင်ဗျား သိထားသင့်တာက အရှင်မင်းကြီးက ကုန်သွယ်ရေး လုပ်ငန်းတွေကို အလွန်အလေးထားတော်မူတယ်။ ခင်ဗျားတို့ စစ်ကဲရုံးအနေနဲ့ ဒီနေရာကို အထူး ဂရုစိုက်သင့်တယ်" အထူးကိုယ်စားလှယ်က ပြောတယ်။

197 06

"ဒါကတော့" ဒီစကားကို ယန်ကျုံးက ဘယ်လို ပြန်ပြောရမလဲဆိုတာ မသိဘဲ ရှိနေတယ်။ အရင်က ကျူးပင်ထုံကို ဖမ်းပြီး မြို့တော်ကို ပို့ခဲ့တဲ့ ကိစ္စမှာ အဲဒီလူက ပါးနပ်လှလို့ တုကျွန့်နဲ့ ပုဂ္ဂိုလ်ရေးအရ မကျေနပ်တာကြောင့်ပဲ ရွှီထင်းရှန်းကို အသုံးချပြီး တိုက်ခဲ့တာဖြစ်ကြောင်း အခိုင်အမာ ပြောခဲ့တယ်။ ကျားချန်ဧကရာဇ်ကလည်း အဲဒီလူ့ကို တစ်ခုခု လုပ်လို့ မရတာနဲ့ ရာထူးက ထုတ်ပယ်ခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။

အဲဒီသတင်းကို ကြားရတဲ့အခါ ကျဲ့ကျန်းနယ်က အရာရှိအများကြီးက စိတ်သက်သာရာ ရသွားကြပြီး ခေတ္တမျှ ငြိမ်ငြိမ်သက်သက် နေခဲ့ကြတယ်။ အဲဒီအထဲမှာ ယန်ကျုံးလည်း ပါဝင်တယ်။ ကျဲ့ကျန်းနယ်တစ်ဝိုက်က လူဘယ်လောက်က ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးကြောင့် စီးပွားရေး ပျက်ခဲ့ကြရသလဲ။ သူတို့က အဲဒီရုံးကို တိုက်ဖို့တောင် အခွင့်အရေး ရှာနေကြသူတွေ ဖြစ်တာကြောင့် ဘယ်လိုလုပ်ပြီး ကူညီပေးကြပါ့မလဲ။

ယန်ကျုံးက ဘယ်လို တုံ့ပြန်ရမလဲ စဉ်းစားနေတုန်းမှာတင် တုကျွန့်က စကားပြောလာတယ်။ သူက အကြံပြုတယ်။

"ဒီကမ်းရိုးတန်းတစ်လျှောက်က ပင်လယ်ဓားပြတွေက နှိမ်နင်းလို့ မကုန်နိုင်အောင် ရှိနေပါတယ်။ အစိုးရအဖွဲ့ကို အကြောင်းကြားပြီး ရေတပ်တစ်ခုကို အရေးတကြီး ဖွဲ့စည်းဖို့ လိုနေပြီလို့ ထင်ပါတယ်"

ယဲ့ကျူကလည်း ခေါင်းညိတ်ပြီး ပြောတယ်။

"ဖူကျန်းနဲ့ ကွမ်တုန်းမှာ ဖူကျန်းရေတပ် ရှိပေမဲ့ ကျုပ်တို့ ကျဲ့ကျန်းနယ်မှာတော့ ဒေသခံစစ်တပ်တွေကပဲ ပူးတွဲ တာဝန်ယူနေရတယ်။ အခု ဒီပင်လယ်ဓားပြတွေက ဒီလောက်အထိ ရဲတင်းလာကြပြီ၊ ဒီရွှမ်းယွီကျွန်းက အစိုးရရဲ့ ကုန်သွယ်ရေးနေရာမှန်းသိရက်နဲ့ နေ့ခင်းကြောင်တောင် တိုက်ခိုက်ရဲကြတယ်။ ကျုပ်လည်း အစိုးရအဖွဲ့ကို တင်ပြပြီး သူတို့ကို ပညာပေးရပါလိမ့်မယ်"

"ယဲ့အရာရှိရဲ့ အမြင်က ကျုပ်နဲ့ ထပ်တူပါပဲ၊ ဒါဆို ကျုပ်တို့ နှစ်ယောက်အတူ အမိန့်တော်ခံစာ တင်ကြတာပေါ့" တုကျွန့်က ပြောလိုက်တဲ့အခါ အထူးကိုယ်စားလှယ်က "အရာရှိကြီး နှစ်ယောက်ရဲ့ စိတ်ဓာတ်က တကယ့်ကို မြင့်မြတ်လှပါတယ်။ ရွှီအရာရှိလည်း စိတ်အေးအေးထားပါ၊ ကျုပ် ပြန်ရောက်တဲ့အခါ အရှင်မင်းကြီးဆီကို ဒီအခြေအနေတွေကို အမှန်အတိုင်း တင်ပြပေးပါ့မယ်"

"ကျဲ့ကျန်းနယ် ကမ်းရိုးတန်းက ပြည်သူတွေကိုယ်စား ကိုယ်စားလှယ်တော်ကြီးနဲ့ အရာရှိကြီး နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်" ရွှီထင်းရှန်းက ပြောတယ်။ ဒီလူတွေက တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနဲ့ ရေတပ်ဖွဲ့စည်းဖို့ စီစဉ်နေကြတာ ဖြစ်တယ်။ ရှောက်ခိုင်သာမက ယန်ကျုံးတို့ရဲ့ မျက်နှာတွေကလည်း မကောင်းလှဘူး။

ဒါပေမဲ့ ဒီအခြေအနေမှာ သူတို့ကလည်း ဘယ်လိုမှ ကန့်ကွက်လို့ မရတာနဲ့ စိတ်ထဲကပဲ အဲဒီမိုက်မဲလှတဲ့ ပင်လယ်ဓားပြတွေကို ကျိန်ဆဲနေကြတော့တယ်။ အဲဒီကိစ္စကို ထားလိုက်ပါတော့၊ ဒီလို အခြေအနေမျိုးမှာ ရွေးထားတဲ့ မင်္ဂလာအချိန်ကလည်း အသုံးမဝင်တော့ဘူး။ သင်္ဘောပေါ် ရောက်နေတဲ့ ကုန်သည်တွေကိုလည်း စစ်တပ်က သတင်းရတာနဲ့ တျန့်ဟိုင်မြို့ကို ပြန်ပို့ပေးလိုက်တယ်။

197 07

သူတို့က အတော်လေး အံ့အားသင့်နေကြပေမဲ့ ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက အထူးကိုယ်စားလှယ် ရောက်လာတာကြောင့် မင်္ဂလာအချိန် လွဲသွားလို့ ရက်ကို နောက်ထပ် နှစ်ရက် ရွှေ့လိုက်တယ်လို့ အကြောင်းကြားလိုက်တယ်။ စီးပွားရေးသမားတွေက အထူးကိုယ်စားလှယ်ကို ဘယ်လိုမှ မပြောရဲကြတာနဲ့ နှစ်ရက်ကြာအောင် စိတ်ရှည်လက်ရှည် စောင့်နေကြရတယ်။

သတ်မှတ်ထားတဲ့ နေ့ကို ရောက်တဲ့အခါ တျန့်ဟိုင် ဆိပ်ကမ်းမှာ လူတွေနဲ့ ပြည့်ပြီး သိပ်ကိုစည်ကားနေတော့တယ်။ သင်္ဘောတွေက ဟိုမှသည် ကူးသန်းသွားလာနေကြပြီး ကုန်သည်တွေကို တစ်သုတ်ပြီးတစ်သုတ် ရွှမ်းယွီကျွန်းကို ပို့ပေးနေတယ်။ ဒီကုန်သည်တွေက အရပ်ရပ်က ရောက်လာကြသူတွေ ဖြစ်ပြီး၊ ဒီတစ်ခေါက်မှာ တာ့ချန်းပြည်ရဲ့ ပထမဆုံး ကုန်သွယ်ရေးမြို့ကို မြင်ချင်ရုံတင် မကဘဲ မြို့ပေါ်က ဆိုင်ခန်းတွေကိုလည်း လိုချင်ကြလို့ ရောက်လာကြတာ ဖြစ်တယ်။

အရင်က ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက လူတွေက အသိမိတ်ဆွေတွေရဲ့ အကူအညီတောင်းတာတွေကို ကြုံခဲ့ရဖူးပြီး ဘယ်သူ့ကို ပေးရမယ် ဘယ်သူ့ကို မပေးရမယ်ဆိုတာ ပြဿနာ ဖြစ်ခဲ့ဖူးတယ်။ နောက်ဆုံးမှာ ရွှီထင်းရှန်းက ဘယ်သူ့ကိုမှ မျက်နှာမပေးဘဲ ဈေးအမြင့်ဆုံး ပေးနိုင်သူကိုပဲ ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။

ဒါကြောင့်ပဲ သတင်းရတဲ့ အရပ်ရပ်က သူဌေးကြီးတွေ အားလုံး ရောက်လာကြတာ ဖြစ်တယ်။ ရွှမ်းယွီကျွန်းက တာ့ချန်းပြည်ရဲ့ ပထမဆုံး ကုန်သွယ်ရေး ဖွင့်တဲ့ နေရာ ဖြစ်တယ်။ ဒီနေရာရဲ့ အဓိပ္ပာယ်ကို လူတိုင်း နားလည်ကြတယ်၊ အကယ်၍ ရွှမ်းယွီကျွန်းမှာ ဆိုင်ခန်းတစ်ခု ရရင် အဲဒါက နိုင်ငံခြားနဲ့ ကုန်သွယ်ခွင့်ကို တရားဝင် ရတာနဲ့ အတူတူပဲ ဖြစ်တယ်။

ဒါ့အပြင် ဒီကုန်သွယ်ရေးက ပစ္စည်းတွေ တင်ပို့ရုံတင် မဟုတ်ဘဲ အနောက်တိုင်းက လာတဲ့ မှန်ချပ်တွေ၊ နာရီကြီးတွေ၊ လက်ပတ်နာရီတွေ၊ အမွှေးရေတွေနဲ့ ကျောက်သံပတ္တမြားတွေ၊ အမွှေးနံ့သာတွေ၊ သစ်သားတွေ၊ ဆင်စွယ်တွေ စတာတွေကလည်း တာ့ချန်းပြည်မှာ အလုအယက် ဝယ်ကြတဲ့ ပစ္စည်းတွေ ဖြစ်တယ်။ အထူးသဖြင့် တာ့ချန်းပြည်မှာ ငွေတွင်းတွေ ရှားပေမဲ့ ပင်လယ်ရပ်ခြားမှာတော့ ငွေအများကြီး ရှိနေလို့ အဲဒါက တာ့ချန်းရဲ့ ကုန်ပစ္စည်းတွေနဲ့ အကျိုးအမြတ် အများကြီး ရနိုင်တဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်တယ်။

ဆိုင်ခန်းတစ်ခု ပိုင်ရုံနဲ့ ငွေတွေ စီးဝင်လာတော့မှာ ဖြစ်တာကြောင့် အခုတစ်ခေါက်မှာ သူဌေးကြီးအများကြီးက အဲဒီဆိုင်ခန်းတွေကိုရဖို့ အပိုင်ကြံနေကြတယ်။ အချို့သော အလတ်စား ကုန်သည်တွေကလည်း မိမိတို့ တတ်နိုင်သမျှ ငွေတွေကို ယူလာကြပြီး အခွင့်အရေးတွေ ရနိုင်မလားလို့ စမ်းဖို့ ရောက်လာကြတာ ဖြစ်တယ်။

******

198 01

အခန်း (၁၉၈)

ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက ကုန်သွယ်ရေးမြို့ထဲက ဆိုင်ခန်းတွေကို စာရင်းဇယားလုပ်ခဲ့ရာမှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ဆိုင်ခန်းပေါင်း သုံးရာကျော် ရှိတာကို တွေ့ရတယ်။

အဲဒီဆိုင်ခန်းတွေအတွက် သူတို့က အသုတ်လိုက် ခွဲပြီး လေလံတင် ရောင်းတာကို လုပ်ခဲ့ကြတယ်။ ဆိုင်ခန်းတွေရဲ့ တည်နေရာနဲ့ အရွယ်အစားတွေကို စက္ကူပေါ်မှာ ပုံနှိပ်ပြီး ထုတ်ပေးခဲ့ကာ စိတ်ပါဝင်စားသူ ဘယ်သူမဆို လေလံပွဲကို တက်ပြီး ဝယ်ယူနိုင်တယ်။ တစ်နေ့ကို လေလံပွဲ လေးကြိမ် ကျင်းပမှာ ဖြစ်ပြီး နံနက်ပိုင်းမှာ နှစ်ကြိမ်၊ မွန်းလွဲပိုင်းမှာ နှစ်ကြိမ် ဖြစ်ကာ တစ်ကြိမ်ကို ဆိုင်ခန်း နှစ်ဆယ်စီ လေလံတင်မှာ ဖြစ်လို့ ဆိုင်ခန်း သုံးရာကျော် အားလုံးကို ငါးရက်အတွင်း အပြီးသတ် လေလံတင် ရောင်းသွားမှာ ဖြစ်တယ်။

အရည်အချင်းမရှိသူတွေ လာပြီး နှောင့်ယှက်တာကို တားဖို့အတွက် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးရဲ့ လေလံပွဲကို တက်မယ့် ကုန်သည်တိုင်းက ဝင်ကြေးအဖြစ် ငွေဆယ်လျန် ပေးဆောင်ကြရမှာ ဖြစ်တယ်။ လူတိုင်းက ဈေးနှုန်းခေါ်နိုင်ပေမဲ့ အကယ်၍ မဟုတ်မမှန် ခေါ်ခဲ့ရင်တော့ ဘယ်သူမှ မဟုတ်မမှန် မခေါ်ရဲကြဘူး၊ ဒီနေရာက အစိုးရရဲ့ ဌာနဆိုင်ရာ နေရာဖြစ်နေလို့ပါပဲ။

ပထမအသုတ် လေလံပွဲကို စစ်အချိန်မှာ စတင်ခဲ့ပြီး နေရာက ကုန်သွယ်ရေးမြို့ထဲက လေလံကွင်းလို့ ခေါ်တဲ့ နေရာမှာ ဖြစ်တယ်။

ဒီနေ့ လေလံတင်တာက မြို့မလမ်းမကြီးပေါ်က ဆိုင်ခန်းတချို့နဲ့ နည်းနည်း ဝေးတဲ့ နေရာတွေက ဆိုင်ခန်းတချို့ ဖြစ်တယ်။ တည်နေရာနဲ့ အရွယ်အစားတွေကလည်း တစ်ခုနဲ့တစ်ခု မတူကြဘဲ အကောင်းအဆိုး အမျိုးမျိုး ရှိနေတယ်။

ဒီလို လုပ်ရတာကလည်း အကောင်းဆုံး ဆိုင်ခန်းတွေ အားလုံး ကုန်သွားပြီးနောက် ကျန်နေတဲ့ အဆင့်မမီတဲ့ ဆိုင်ခန်းတွေအပေါ် လူတွေ စိတ်ဝင်စားမှု မရှိတော့မှာကို စိုးရိမ်လို့ ဖြစ်တယ်။

အဲဒီအချိန်မှာ လေလံကွင်းထဲမှာ ပထမထပ်နဲ့ ဒုတိယထပ် စုစုပေါင်း ခုံပေါင်း ငါးရာကျော် ရှိနေပြီး နေရာလပ်မရှိအောင် လူတွေ ပြည့်နေတယ်။

အလယ်ဗဟိုက စင်မြင့်ထက်မှာ ရှဲ့စန်းက ဒုညွှန်ကြားရေးမှူး ဝတ်စုံကို ဝတ်ပြီး ရပ်နေကာ သူ့ရဲ့နောက်ကွယ်မှာတော့ အရွယ်အစား ကြီးမားလှတဲ့ ဆိုင်းဘုတ်ကြီးတစ်ခု ရှိပြီး အဲဒီပေါ်မှာ ချဲ့ထားတဲ့ တည်နေရာပြ မြေပုံတစ်ခုကို ချိတ်ဆွဲထားတယ်။

"ကုန်သွယ်ရေးမြို့ စတင်ဖွင့်လှစ်တဲ့ မင်္ဂလာအချိန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပထမဆုံး လေလံပွဲကိုတော့ အညံ့စားတွေနဲ့ မစတင်ချင်ပါဘူး၊ ဒီဆိုင်ခန်းကတော့ မြို့မလမ်းမကြီးပေါ်မှာ ရှိပြီး အလျားနဲ့ အနံက ငါးလံစီ ရှိပါတယ်၊ လေးထောင့်ကျကျနဲ့ တည်ငြိမ်မှုရှိပြီး ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးနဲ့ တည့်တည့်မှာ ရှိနေတာပါ၊ တည်နေရာကိုတော့ ပြောနေစရာ မလိုပါဘူး၊ မြေကျက်သရေလည်း သိပ်ကို ကောင်းမွန်တဲ့အတွက် ရခဲတဲ့ ဆိုင်ခန်းတစ်ခုပါပဲ၊ အခြေခံဈေး ငွေနှစ်ထောင်ကနေ စတင်ပါမယ်၊ တစ်ကြိမ် ဈေးတိုးရင် ငွေငါးရာထက် မနည်းရပါဘူး၊ သုံးကြိမ် မအော်ခင်အထိ ဈေးတိုးနိုင်ပြီး သုံးကြိမ်အော်လို့မှ မပြိုင်တော့ရင်တော့ ဈေးနှုန်းကို အတည်ပြုမှာ ဖြစ်ပါတယ်"

ဒီလို ပြောပြီးနောက် ရှဲ့စန်းက ပြုံးလိုက်ပြီး ဆက်ပြီး ပြောတယ်။

"လူကြီးမင်းတို့အနေနဲ့ အခြေခံဈေးက ဘာဖြစ်လို့ ဒီလောက်အထိ နည်းနေရတာလဲဆိုပြီး အံ့ဩနေကြမလားပဲ၊ ညွှန်ကြားရေးမှူးက ပြောပါတယ်၊ ပထမဆုံး လေလံပွဲမှာ မင်္ဂလာရှိစေဖို့အတွက် အထူးပဲ ဈေးနှုန်းကို လျှော့ချပေးထားတာပါ၊ ဒါကြောင့် ဒီပွဲပြီးရင်တော့ အခြေခံဈေးက ငါးထောင်အထိ တက်သွားမှာ ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို လက်လွတ်မခံကြဖို့ မျှော်လင့်ပါတယ်"

198 02

မောင်းသံ တစ်ချက်နဲ့အတူ ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးရဲ့ ပထမဆုံး လေလံပွဲကို တရားဝင် စတင်လိုက်တော့တယ်။

ချက်ချင်းဆိုသလိုပဲ တစ်ယောက်ယောက်က စမ်းသပ်တဲ့အနေနဲ့ ဈေးစတင် ခေါ်လိုက်တယ် "နံပါတ် ၂၅၈၊ ငွေနှစ်ထောင် ငါးရာ"

"ငွေသုံးထောင်" အဲဒီလူရဲ့ စကားမဆုံးခင်မှာတင် နောက်တစ်ယောက်က ဆိုတယ်။ "နံပါတ် ၁၂၅၊ ငွေသုံးထောင်"

ရှဲ့စန်းရဲ့ဘေးနားက မောင်းကိုင်ထားတဲ့ အရာရှိငယ်လေးက မောင်းကို တစ်ချက်တီးလိုက်ပြီး ကြေညာလိုက်တယ်။

"နံပါတ် ၁၂၅၊ ငွေသုံးထောင်"

"နံပါတ် ၃၈၇၊ ငွေလေးထောင်"။

……

အပြန်အလှန် ဈေးနှုန်းခေါ်တာတွေ လုပ်ပြီးနောက် ဒီဆိုင်ခန်းရဲ့ ဈေးနှုန်းက ငွေတစ်သောင်း တစ်ထောင်အထိ ရောက်သွားတယ်။

အဲဒီအချိန်မှာပဲ နည်းနည်း အက်ရှရှရှိတဲ့ အသံတစ်ခု ရုတ်တရက် ထွက်လာတယ် "နံပါတ် ၅၇၊ ငွေငါးသောင်း"

ငွေတစ်သောင်း တစ်ထောင်ကနေ ငါးသောင်းကို ခေါ်လိုက်တာက ငါးဆလောက် တိုးမြှင့်လိုက်တာ ဖြစ်လို့ ဒီလောက်အထိ မြင့်တဲ့ ဈေးနှုန်းကြောင့် လေလံကွင်းထဲမှာ ဟိုးလေးတကျော် ဝေဖန်သံတွေ ချက်ချင်း ထွက်လာတော့တယ်။

လူအများအပြားက အဲဒီအသံထွက်ရာကို လှည့်ကြည့်လိုက်ကြရာ သိပ်ကို ငယ်ရွယ်တဲ့ အမျိုးသားတစ်ယောက် အဲဒီနေရာမှာ ထိုင်နေတာကို မြင်ရတယ်။ သူ့ရဲ့ရုပ်ရည်ကို ကြည့်ရတာ သိပ်ကို ချောမောလှပပြီး ခန့်ညားထည်ဝါလှတာကြောင့် ဘယ်အိမ်တော်က အခြေအနေမသိတဲ့ မျိုးဆက်သစ် ဖြစ်လို့ ဒီလို နောက်ပြောင်နေသလားလို့တောင် ထင်မှတ်ရတယ်။

ဒါ့အပြင် အဲဒီလူက သိပ်ကို တည်ငြိမ်ရဲတင်းလှပြီး လူတွေ ကြည့်နေတာကို မြင်တဲ့အခါ ပြုံးပြီး အားလုံးကို လက်အုပ်ချီကာ နှုတ်ဆက်လိုက်သေးတယ်။

ထင်ပေါ်ချင်ရင်တောင် ဒီနည်းလမ်းမျိုးနဲ့ မလုပ်သင့်ဘူး။

အားလုံးက ဒီလိုပဲ တွေးနေတုန်းမှာပဲ ပြတ်သားတဲ့ မောင်းသံကို ကြားလိုက်ရတယ်။

"နံပါတ် ၅၇၊ ငွေငါးသောင်း သုံးကြိမ် အတည်ပြုတယ်"

ဝိုင်းဝန်းအံ့ဩသံတွေ ထွက်လာပြီး ပထမဆုံး ဆိုင်ခန်းက ဒီလောက်လွယ်လွယ်နဲ့ ရောင်းလိုက်ရလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။

198 03

အောက်ထပ်မှာ ဆူညံသံတွေ ပြည့်နေတုန်း ဒုတိယထပ်က သီးသန့်ခန်းတစ်ခုထဲမှာ။

ဖြူစင်တဲ့ အသားအရည်ရှိတဲ့ အထူးကိုယ်စားလှယ်က စိတ်လှုပ်ရှားလို့ မျက်နှာမှာ နီမြန်းတဲ့ အရောင်တွေ သန်းနေပြီး ရွှီထင်းရှန်းကို ဆိုတယ်။ "ရွှီအရာရှိ၊ မင်းရဲ့နည်းလမ်းတွေက တကယ့်ကို တော်ပါပေတယ်၊ ဆိုင်ခန်းတစ်ခန်းတည်းကိုတင် ငွေငါးသောင်းအထိ ရောင်းရတယ်လား"

ရွှီထင်းရှန်းက ပြုံးပြီး ပြန်တင်ပြတယ်။ "ကိုယ်စားလှယ်တော်ကြီး၊ ဒီလူက အခွင့်အရေးကို အသုံးချသွားတာပါ၊ တကယ်တော့ ဒီလူက ဈေးနှုန်းကို တမင်တကာ မြှင့်မခေါ်လိုက်ဘူးဆိုရင် ဒီဆိုင်ခန်းက ငွေခုနစ်သောင်းဝန်းကျင်လောက်အထိ ရောင်းရနိုင်ပါတယ်"

အားလုံးက ပါးနပ်သူတွေ ဖြစ်ကြတာမို့ ရွှီထင်းရှန်း ဆိုလိုတဲ့ အဓိပ္ပာယ်ကို နားလည်ကြတယ်။

မူလက ငွေနှစ်ထောင်ကနေ တစ်သောင်း တစ်ထောင်အထိ တက်လာတာက ခြောက်ဆလောက် မြင့်တက်လာတာ ဖြစ်တယ်။ အဲဒီကနေတစ်ဆင့် ရုတ်တရက် ငါးဆလောက် ထပ်ပြီး မြင့်တက်သွားကာ ငွေငါးသောင်းအထိ ဖြစ်သွားတာက သိပ်ကြီးမားတဲ့ ပမာဏ ဖြစ်တယ်။ ငွေဆိုတာ မြစ်ထဲက မျောလာတာ မဟုတ်လို့ တခြားသူတွေက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မရှိကြဘဲ တွန့်ဆုတ်သွားကြတာကြောင့် အဲဒီလူက အောင်မြင်သွားတာ ဖြစ်တယ်။

"ဒီလူက တကယ့်ကို ကောက်ကျစ်တာပဲ၊ ငွေနှစ်သောင်းလောက်ကို အလကားနေရင်း သက်သာအောင် လုပ်သွားတယ်" အထူးကိုယ်စားလှယ်က မိမိရဲ့ ငွေတွေ ဆုံးရှုံးသွားရသလို ဒေါသတကြီး ဆိုတယ်။

ရွှီထင်းရှန်းက အောက်ထပ်က အဲဒီချောမောတဲ့ အမျိုးသားကို တစ်ချက် ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်က အပြုံးကို တိတ်တဆိတ် ဖုံးကွယ်ထားလိုက်တယ်။

တခြားတစ်ဖက်မှာတော့ ကျောက်အာက လူတစ်ယောက်ရဲ့ခေါ်ဆောင်မှုနဲ့ လုပ်ငန်းစဉ်တွေ လုပ်ဖို့ အောက်ကို ဆင်းလာခဲ့တယ်။

ရွှီချင်းဟွိုင်က ငွေတွေကို သယ်လာပြီး ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက လူတွေကို စနစ်တကျ ရေတွက်စေကာ အပ်ပြီးနောက် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးရဲ့ တံဆိပ်ရိုက်ထားတဲ့ အိမ်ဂရန် စာချုပ်တစ်ခုနဲ့ လဲယူလိုက်တယ်။

သူတို့နှစ်ယောက် အတူတူ လေလံကွင်းက ထွက်လာကြရာ ရွှီချင်းဟွိုင်က နှမြောတသတဲ့ စိတ်ကို မထိန်းနိုင်ဘဲ ဆိုတယ်။ "ကျောက်အာ၊ ဒီဆိုင်ခန်းက နည်းနည်းတော့ ဈေးကြီးလွန်းတယ်၊ ဒီငွေငါးသောင်းကိုသာ အပြင်မှာဆိုရင် ဆိုင်ခန်းပေါင်း ငါးဆယ်လောက် ဝယ်လို့ရတယ်၊ ဒီမှာတော့ တစ်ခန်းတည်းပဲ ရတာ"

လွန်ခဲ့တဲ့ နှစ်တွေအတွင်း အတွေ့အကြုံတွေကြောင့် ရွှီချင်းဟွိုင်က အရင်ယွီချင်းရွာမှာ ရှိတုန်းက ပုံစံမျိုး မဟုတ်တော့ဘဲ အပြာရင့်ရင့် ပိုးထည်ဝတ်စုံကို ဝတ်ကာ ဦးထုပ်ဆောင်းပြီး မုတ်ဆိတ်တိုလေးတွေ ထားထားကာ မျက်နှာက အရင်ကထက် ပိုပြီး တည်ငြိမ်ရင့်ကျက်လာတာမို့ အရင်က ကုန်ထမ်းပြီး လမ်းလျှောက် ရောင်းခဲ့တဲ့ တောင်သူတစ်ယောက်လို့တောင် မထင်ရတော့ဘူး။

ခုနက ပထမဆုံး အောင်မြင်စွာ ဝယ်နိုင်ခဲ့တဲ့ ချောမောတဲ့ အမျိုးသားကတော့ အထူးပြောနေစရာ မလိုပါဘူး၊ အဲဒါက ကျောက်အာပါပဲ။

အဲဒီစကားကို ကြားတဲ့အခါ သူမက ပြုံးပြီး ဆိုတယ်။

“ဦးလေး ဒီဈေးက မကြီးပါဘူး၊ မယုံရင် စောင့်ကြည့်ပါ၊ နောက်ပိုင်းက ဆိုင်ခန်းတွေက ဒီဈေးထက် မနည်းစေရပါဘူး၊ ပြီးတော့ တည်နေရာကလည်း ကျွန်မတို့ ဝယ်လိုက်တဲ့ အခန်းလောက် မကောင်းပါဘူး"

198 04

"ဈေးမကြီးတာကို ငါလည်း သိပါတယ်၊ ဒီနေရာက အပြင်နဲ့ နှိုင်းယှဉ်လို့ မရဘူးလေ၊ ဒါပေမဲ့ ထင်းရှန်းက အခု အရာရှိကြီး ဖြစ်နေပြီး ဒီကုန်သွယ်ရေးရုံးကိုလည်း အုပ်ချုပ်နေတာပဲ၊ ငါတို့က ဆိုင်ခန်း သုံးဖို့တောင် သူ့ဆီကနေ ငွေပေးပြီး ဝယ်နေရတာက နည်းနည်းတော့..." သူက ငွေနှမြောမိတာကို ဆိုလိုတာ ဖြစ်တယ်။

ရာထူးကြီးရင် စီးပွားလာတယ်လို့ ဆိုသလို အိမ်တော်က လူတစ်ယောက် အရာရှိဖြစ်ရင် ဆွေမျိုးသားချင်းတွေက အကျိုးအမြတ် နည်းနည်း ခံစားရတတ်တာက အဲဒီခေတ်က လူတွေရဲ့ သဘာဝ အတွေးအခေါ်ပဲ ဖြစ်တယ်။ အကျိုးအမြတ် မခံစားရရင်တောင် အကယ်၍ အပြင်မှာ တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်ရင် မိမိရဲ့ဆွေမျိုးက ဘယ်ရာထူးကို ရထားတယ်လို့ ပြောရုံနဲ့ တစ်ဖက်လူကို ခြောက်လှန့်ဖို့ လုံလောက်တယ်။

ငွေရှာရတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာကို ရွှီချင်းဟွိုင်က ဒီနှစ်တွေအတွင်း ကောင်းကောင်း သိခဲ့တယ်၊ သူတို့ဆီကို ငွေတွေ အလွယ်တကူ စီးဝင်လာတယ်လို့ မထင်ပါနဲ့။ အပြင်မှာ ဖုန်တသောသောကြားမှာ သွားလာလှုပ်ရှားနေရချိန်မှာ သိပ်ကိုပင်ပန်းဆင်းရဲလှတယ်။ ဒါကြောင့် အဆင်ပြေအောင် လုပ်ပေးနိုင်ပါလျက်နဲ့ ငွေငါးသောင်းဆိုတဲ့ ပမာဏကို သုံးပြီး ဝယ်နေရလို့ ရွှီချင်းဟွိုင် စိတ်ထဲမှာ တစ်မျိုးကြီး ခံစားနေရတာ ဖြစ်တယ်။

"ဦးလေး၊ အဲဒီလို မတွေးပါနဲ့၊ ကျွန်မတို့မှာ နောက်ခံ မရှိဘူး၊ ထင်းရှန်းက အရာရှိအဖြစ် လုပ်ရတာ ခက်ခဲလှပါတယ်။ အခု ဒီရွှမ်းယွီကျွန်းကို လူပေါင်းများစွာက စောင့်ကြည့်နေကြတာဆိုတော့ ထင်းရှန်းကို အခက်အခဲ မပေးသင့်ပါဘူး၊ ဒါက ကျွန်မကိုယ်တိုင် တောင်းဆိုထားတဲ့ ကိစ္စပါ၊ လူတစ်ယောက်အနေနဲ့ အလုပ်လုပ်ရင် တရားမျှတမှု ရှိရမယ်၊ အစစ်ဆေး ခံနိုင်ရမယ်။ တကယ်လို့ တစ်ယောက်ယောက်က တမင်တကာ အပြစ်ရှာချင်တယ်ဆိုရင်တောင် ကျွန်မတို့က မကြောက်ပါဘူး" ကျောက်အာက ဆိုတယ်။

ရွှီချင်းဟွိုင်က သက်ပြင်းတစ်ချက်ကို ပြင်းပြင်းထန်ထန် ချလိုက်ပြီး ပြောတော့တယ်။

"ဒီအမှန်တရားကို ဦးလေးလည်း နားလည်ပါတယ်၊ ငါတို့ ထွက်လာတုန်းကလည်း ဘိုးဘိုးကြီးက မှာထားတယ်၊ ထင်းရှန်းရဲ့ မျက်နှာကို အိုးမည်း သုတ်မယ့်အလုပ်မျိုး လုံးဝမလုပ်ဖို့လေ၊ ကျောက်အာ ပြောတာ မှန်ပါတယ်၊ ငါတို့ ရွှီမိသားစုဝင်တွေ အလုပ်လုပ်ရင် တရားမျှတမှု ရှိရမယ်၊ သူတစ်ပါး အပြစ်ရှာစရာ အခွင့်အရေး မပေးသင့်ဘူး"

ကျောက်အာက ရုတ်တရက် ခြေလှမ်းရပ်လိုက်လို့ ရွှီချင်းဟွိုင်က သတိဝင်လာပြီး မေးတယ်။

"ကျောက်အာ ဘာလို့ မသွားတော့တာလဲ"

မေးနေတုန်းမှာပဲ သူက ကျောက်အာ ကြည့်နေတဲ့ဘက်ကို လှည့်ကြည့်လိုက်ရာ အလုပ်သမားပုံစံရှိသူ တစ်ဆယ်ကျော်က ကုန်တင်လှည်းတစ်ခုပေါ်က သေတ္တာတွေကို အောက်ကို ချနေတာကို မြင်ရတယ်။ သေတ္တာတွေက မကြီးပေမဲ့ လူအများအပြား မပြီး သယ်နေကြရတယ်။ ရွှီချင်းဟွိုင်က အဲဒါက အတွင်းက လူတွေက ဆိုင်ခန်း လေလံအောင်လို့ ငွေတွေ လာအပ်နေတာ ဖြစ်တာကို ချက်ချင်း သိလိုက်တယ်။

ခုနက သူကိုယ်တိုင်လည်း ငွေတွေကို လာအပ်ခဲ့တာ မဟုတ်လား။

"ဦးလေး၊ ဒီငွေတွေကို သယ်ရတာ အတော်လေး ခက်ခဲမှာပဲနော်" ကျောက်အာက မေးတယ်။

"ခက်ခဲတာပေါ့" ဒီကိစ္စကို မပြောရင် နေသာသေးတယ်၊ ပြောလိုက်ရင်တော့ ရွှီချင်းဟွိုင်မှာ စောဒကတက်စရာတွေ ရှိနေတော့တယ်။ သူက နေ့တိုင်း တျန့်ဟိုင်ရဲ့ကုန်စည် အဝင်အထွက်တွေကို စီမံနေရသူဖြစ်ပြီး ငွေတွေကလည်း သူ့ရဲ့ လက်ထဲက ဖြတ်သွားရတာမို့ အသေးစိတ်ကို သူထက် သိသူ မရှိဘူး။

"တျန့်ဟိုင်မှာ ငွေလွှဲဌာန မရှိဘူး။ ဒီမှာ အရောင်းအဝယ် လုပ်ရင်လည်း အနုငွေပဲ လက်ခံတယ်၊ ဒီငွေငါးသောင်းကိုလည်း ကျုပ်က နင်းပေါ်မြို့ဝန်ရုံးအထိ သွားပြီး လဲခဲ့ရတာ၊ ပြီးတော့မှ လူလွှတ်ပြီး သယ်လာခဲ့ရတယ်၊ ငွေက တခြားနဲ့ မတူဘူး၊ အလွန်လေးတယ်။ ကုန်သွယ်ရေးရုံးကလည်း ဘာဖြစ်လို့ ငွေလွှဲလက်မှတ်တွေကို လက်မခံရတာလဲ မသိဘူး"

198 05

ရွှီချင်းဟွိုင် ဒီလို ပြောပေမဲ့ ကုန်သွယ်ရေးရုံးက ဘာဖြစ်လို့ ငွေလွှဲလက်မှတ်တွေကို လက်မခံတာကို သူ မသိဘဲ မနေပါဘူး။

တျန့်ဟိုင်က အရင်က မှောင်ခိုကုန်သွယ်မှုတွေကိုပဲ လုပ်ခဲ့တာမို့ တရားမဝင် အရောင်းအဝယ်တွေမှာ ငွေလွှဲလက်မှတ်တွေကို သုံးဖို့ မဖြစ်နိုင်ဘဲ စစ်မှန်တဲ့ ရွှေငွေတွေနဲ့ပဲ တိုက်ရိုက်အရောင်းအဝယ် လုပ်ခဲ့ကြတယ်။ တျန့်ဟိုင် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံး တည်ထောင်တဲ့ အခါမှာလည်း သိပ်အလျင်စလို ဖြစ်ခဲ့လို့ အရင် နည်းဟောင်းတွေကိုပဲ ဆက်သုံးနေတာ ဖြစ်ရာ အခုတစ်ခေါက် ကုန်သွယ်ရေးရုံးရဲ့ အရောင်းအဝယ်တွေမှာလည်း အနုငွေကိုပဲ လက်ခံတာ ဖြစ်တယ်။ အနုငွေကိုပဲ လက်ခံတယ်လို့ ပြောဖို့ လွယ်ပေမဲ့ အရောင်းအဝယ် လုပ်သူတွေအတွက်တော့ သိပ်ကို ခက်ခဲလှတယ်။ ဒီနေရာမှာ အရောင်းအဝယ် လုပ်ဖို့အတွက် အပြင်က ငွေတွေကို ယူလာရပြီး ငွေရတဲ့ အခါမှာလည်း ပြန်သယ်သွားကြရရာ လူအင်အား၊ ပစ္စည်းအင်အားနဲ့ လမ်းခရီး လုံခြုံရေးအတွက်ပါ စိတ်ပူကြရတယ်။

ထိုင်းလုံအဖွဲ့က အခုဆို မောက်ပါးသို့ရဲ့ ယောက်ဖ ဖြစ်သူ ကျိုးချန်နဲ့ ပေါင်းပြီး ကာကွယ်ရေး လုပ်ငန်းတစ်ခုကို တည်ထောင်ထားတယ်။ ပုံမှန်အားဖြင့် ကုန်စည်နဲ့ ငွေတွေကို သယ်တဲ့ အခါတိုင်း အဲဒီကာကွယ်ရေး အဖွဲ့ကပဲ တာဝန်ယူ စောင့်ရှောက်ပေးလေ့ ရှိတယ်။

ကျောက်အာကလည်း ဒီကိစ္စကို သိပေမဲ့ ပုံမှန်အားဖြင့် ထုံးစံအတိုင်းလို့ပဲ မှတ်ယူထားပြီး သတိမထားမိခဲ့ဘူး၊ ဒါပေမဲ့ ဒီနေ့မှာတော့ စိတ်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရတယ်။

"ကျောက်အာ ဘာဖြစ်လို့လဲ။ ဒီကိစ္စကို သိရဲ့သားနဲ့ ဘာလို့ မေးနေတာလဲ"

ကျောက်အာက ခေါင်းကို နည်းနည်း ခါလိုက်ပြီး ဆိုတယ်။

"ဘာမှ မဟုတ်ပါဘူး ဦးလေး၊ ကျွန်မမှာ အတွေးတစ်ခု ရှိနေလို့ပါ၊ ဒါပေမဲ့ ဒီအတွေးကိုတော့ အိမ်ပြန်ရောက်မှ ထင်းရှန်းနဲ့ အရင် တိုင်ပင်ရဦးမယ်၊ အခုတော့ မပြောတော့ပါဘူး"

ရွှီချင်းဟွိုင်ကလည်း အလွန်အမင်း မစဉ်းစားတော့ဘဲ ခေါင်းညိတ်လိုက်ကာ သူတို့နှစ်ယောက်က ခုနက ဝယ်လိုက်တဲ့ ဆိုင်ခန်းဆီကို လျှောက်သွားကြတော့တယ်။

ရွှီထင်းရှန်း ပြောခဲ့တာက မှားတာ မရှိပါဘူး၊ နောက်ပိုင်းမှာ လေလံတင်တဲ့ ဆိုင်ခန်းတိုင်းက ငွေငါးသောင်းအောက် မကျဘဲ ဈေးနှုန်းတွေ မြင့်နေပြီး တည်နေရာနဲ့ အရွယ်အစားကတော့ ပထမဆုံး ဆိုင်ခန်းကို မမီကြဘူး။

ပထမဆုံး လေလံပွဲကို လက်လွတ်ခဲ့ကြတဲ့ ကုန်သည်အများကြီးက အတော်လေး နောင်တရနေကြပြီး မိမိတို့ ဘာကြောင့် ခဏလောက် တွန့်ဆုတ်ခဲ့ကြသလဲလို့ ခဏခဏ သက်ပြင်းချနေကြတော့တယ်။

နံနက်ပိုင်း လေလံပွဲ တစ်ခုတည်းမှာတင် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက စုစုပေါင်း အနုငွေ တစ်သန်း ငါးသိန်းလောက် ရခဲ့တယ်၊ ဒီဆိုင်ခန်းတွေရဲ့ ဈေးနှုန်းက တစ်ခုနဲ့တစ်ခု မတူကြပေမဲ့ ပထမဆုံး ဆိုင်ခန်းရဲ့ ဈေးနှုန်းအောက် လုံးဝမကျခဲ့ဘူး။ အမြင့်ဆုံး ဆိုင်ခန်းတစ်ခုကတော့ ငွေကိုးသောင်း သုံးထောင်အထိတောင် ရခဲ့ရာ အောက်ထပ်က ကုန်သည်တွေက အပြိုင်အဆိုင် ဈေးခေါ်တာကြောင့် မျက်လုံးတွေတောင် နီနေကြပြီး အပေါ်ထပ်က အထူးကိုယ်စားလှယ်ကလည်း အဲဒီမြင်ကွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားလို့ ချွေးတွေတောင် ထွက်လာတော့တယ်။

သူ့ရဲ့ စိတ်လှုပ်ရှားမှုက မြင်ကွင်းကြောင့်တင် မဟုတ်ဘဲ ဒီငွေတွေ အားလုံးက ကျားချန်ဧကရာဇ်ရဲ့ ငွေတွေ ဖြစ်နေလို့ ဖြစ်တယ်။ သူက ဒီတစ်ခေါက်မှာ ဧကရာဇ်မင်းမြတ်ရဲ့ ယုံကြည်မှုကို ရပြီး တျန့်ဟိုင်ကို အထူးကိုယ်စားလှယ်အဖြစ် လာခဲ့တာဖြစ်တယ်။ ဒါဟာ နန်းတွင်းရေးရာ ကြီးကြပ်မှုဌာနရဲ့ ဂုဏ်သိက္ခာဖြစ်သလို ဧကရာဇ်ရဲ့ဂုဏ်သိက္ခာလည်း ဖြစ်ရာ အကယ်၍ ဒီလောက်များတဲ့ ငွေတွေကို ယူပြီး ပြန်နိုင်ရင် သူ့ရဲ့ ကောင်းမှုကုသိုလ်က သိပ်ကို ကြီးမားလှမှာပဲ။

"ရွှီအရာရှိ၊ မင်းရဲ့တာဝန်ကို အလွန် ကောင်းအောင် လုပ်နိုင်ခဲ့တယ်၊ ကျုပ် ပြန်ရောက်တဲ့အခါမှာ မင်းအတွက် ဧကရာဇ်မင်းမြတ်ဆီမှာ ဆုတော် ချီးမြှင့်ဖို့ သေချာပေါက် တင်ပြပေးပါ့မယ်"

ရွှီထင်းရှန်းက ပြုံးပြီး ဆိုတယ်။

198 06

"ဒါဆိုရင် ကိုယ်စားလှယ်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ ကျွန်တော်မျိုးဟာ အစိုးရအဖွဲ့အတွက်ပဲ စဉ်းစားခဲ့တာပါ၊ ဒီနေရာက နောင်တစ်ချိန်မှာ ကျုပ်တို့ တာ့ချန်းပြည်အတွက် အခွန်ငွေတွေ အများကြီး ရှာပေးနိုင်မယ့် နေရာဖြစ်လာမှာပါ၊ ကုန်သည်တွေက အကျိုးအမြတ်ကို သိကြတဲ့အတွက် ဒီငွေတွေကို နှမြောကြမှာ မဟုတ်ပါဘူး၊ ဒီတျန့်ဟိုင်မြို့မှာ ဆိုင်ခန်းပေါင်း ၃၅၀ ကျော်ပဲ ရှိပြီး နောက်ထပ်လည်း တိုးချဲ့မှာ မဟုတ်တဲ့အတွက် ဒီအခွင့်အရေးကို လက်လွတ်ရင်တော့ နောက်ထပ် မရနိုင်တော့ပါဘူး"

"ဒါပေမဲ့ သူတို့ဘက်က ဒီလောက်အထိ ငွေတွေ ပေးထားရတာဆိုတော့ အစိုးရအနေနဲ့ သူတို့ရဲ့အေးချမ်းသာယာမှုကို ကာကွယ်ပေးဖို့ လိုပါတယ်၊ ဒါကြောင့် ကိုယ်စားလှယ်တော်ကြီးအနေနဲ့ မြို့တော်ကို ပြန်ရောက်တဲ့ အခါမှာ ကျွန်တော်မျိုးရဲ့ အခက်အခဲတွေကို ဧကရာဇ်မင်းမြတ်ဆီ အမှန်အတိုင်း တင်ပြပေးစေချင်ပါတယ်၊ ကျဲ့ကျန်းရေတပ်ကို အရေးတကြီး ဖွဲ့စည်းဖို့ လိုနေပါပြီ၊ အချိန်ဆွဲလို့ မရတော့ပါဘူး၊ ဒီနေရာ တစ်ခုတည်းနဲ့တင် ကျုပ်တို့ တာ့ချန်းပြည်ဟာ နောင်မှာ ဘဏ္ဍာတိုက် အားနည်းမှာကို စိုးရိမ်စရာ မလိုတော့သလို လျောင်တုန်းမှာ ရှိနေတဲ့ ရန်သူတွေကိုလည်း မောင်းထုတ်နိုင်ဖို့ စိုးရိမ်စရာ မရှိတော့ပါဘူး"

သူက ဆက်ပြီး ပြောလိုက်တော့ အထူးကိုယ်စားလှယ်က လက်မထောင်ပြီး ချီးကျူးလိုက်တယ်။ "ရွှီအရာရှိက တကယ့်ကို တိုင်းပြည်ရဲ့ ဒေါက်တိုင်ပါပဲ၊ ကျုပ် ပြန်ရောက်ရင် အမှန်အတိုင်း တင်ပြပေးပါ့မယ်၊ ပြောရရင် ရွှီအရာရှိက ကျုပ်တို့ နန်းတွင်းရေးရာ ကြီးကြပ်မှုဌာနနဲ့လည်း အကျွမ်းတဝင် ရှိလှပါတယ်၊ ရှောင်ရွှန်ရှီးဆိုရင်လည်း ဖေဖေကြီးက တမင်တကာ လွှတ်လိုက်တာပါ၊ ရွှီအရာရှိက ဧကရာဇ်ရဲ့ ယုံကြည်မှုကို ရထားသူဖြစ်သလို ကျုပ်တို့ ဌာနကလည်း ဧကရာဇ်အပေါ်မှာပဲ သစ္စာရှိတာပါ၊ ကျုပ်တို့ လက်တွဲပြီး ဧကရာဇ်အတွက် အလုပ်လုပ်ကြတာပေါ့၊ ကျန်တဲ့သူတွေကိုတော့..." သူက ခဏလောက် ရပ်လိုက်ပြီး အမည်တပ် မပြောဘဲ "သူတို့ကို ကြောက်နေစရာ မလိုပါဘူး"

ရွှီထင်းရှန်းရဲ့ မျက်ဝန်းတွေက လက်ခနဲ ဖြစ်သွားပြီး ပြုံးကာ "ကိုယ်စားလှယ်တော်ကြီးက နန်းတွင်းရေးရာ ကြီးကြပ်မှုဌာနက လူမှန်း ကျွန်တော်မျိုး လုံးဝ မထင်ထားခဲ့ပါဘူး၊ အရင်က ကျွန်တော်မျိုး အတွင်းဝန်ရုံးမှာ အလုပ်လုပ်တုန်းကလည်း အဲဒီဌာနကို ခဏခဏ သွားခဲ့ရတာပါ၊ အခုလို သိရတော့ ကျွန်တော်မျိုး စိတ်အေးသွားပါပြီ၊ အားနာစရာ စကားတွေလည်း ပြောနေစရာ မလိုတော့ဘူးပေါ့"

"ဒါဆိုရင် ကျုပ်ကို ကိုယ်စားလှယ်တော်ကြီးလို့ ခေါ်နေဦးမှာလား၊ ကျုပ် နန်းတွင်းထဲ ရောက်ကတည်းက နာမည်အရင်း မရှိတော့ပါဘူး၊ ဖေဖေကြီးက ပေးထားတဲ့ နာမည်က အန်းရွှင့် လို့ ခေါ်ပါတယ်၊ မင်းက ကျုပ်ကို အန်းကုန်းကုန်းလို့ပဲ ခေါ်ပါတော့" အထူးကိုယ်စားလှယ်က ပြုံးရွှင်စွာ ဆိုတယ်။

ရွှီထင်းရှန်းကလည်း အလိုက်သင့်ပဲ ဆိုလိုက်တော့တယ်။

"ဒါဆိုရင်လည်း ကျွန်တော်မျိုးက အမိန့်အတိုင်း နာခံပါ့မယ်၊ အန်းကုန်းကုန်း"

ဒီလို အချင်းချင်း နားလည်မှု ရသွားပြီးနောက် သူတို့နှစ်ယောက်ဟာ သိပ်ကို ရင်းနှီးပွင့်လင်းစွာ စကားပြောနိုင်ခဲ့ကြတယ်။

ရွှီထင်းရှန်းနဲ့ အန်းရွှင့်တို့ ရင်းနှီးစွာ စကားပြောနေတုန်းမှာပဲ ရှောက်ခိုင်တို့ အုပ်စုက သင်္ဘောစီးပြီး တျန့်ဟိုင်ကို ပြန်ရောက်နေပြီ ဖြစ်တယ်။

ကုန်သွယ်ရေးမြို့ ဖွင့်တဲ့ ကိစ္စအတွက် ရက်အတော်ကြာ နှောင့်နှေးခဲ့ရလို့ အဲဒီအရာရှိကြီးတွေကလည်း အလုပ်များလှတာဖြစ်ရာ ရွှမ်းယွီကျွန်းပေါ်က အခမ်းအနား ပြီးတာနဲ့ အားလုံးက နှုတ်ဆက်ပြီး ပြန်လာခဲ့ကြတာ ဖြစ်တယ်။

သူတို့က သင်္ဘောအများကြီးနဲ့ ပြန်လာခဲ့ကြရာ အကြီးဆုံးသင်္ဘောပေါ်မှာ ရှောက်ခိုင်၊ ယန်ကျုံးနဲ့ လီဟုန်တို့ ပါလာကြတယ်။

ရှောက်ခိုင်ရဲ့မျက်နှာက အတော်လေး မကောင်းလှဘဲ ကျန်တဲ့သူတွေကလည်း ထိုနည်းတူပဲ ဖြစ်တယ်။

"ဒါဆို သူတို့က ရေတပ်ဖွဲ့စည်းဖို့ နန်းတွင်းဆီကို တင်ပြမှာကို ဒီအတိုင်း ကြည့်နေရမှာလား"

ရှောက်ခိုင်က ယန်ကျုံးကို တစ်ချက် စောင်းကြည့်လိုက်ပြီး လှောင်ပြုံးနဲ့ ဆိုတယ်။

198 07

"ကြည့်မနေဘဲ ဘာလုပ်နိုင်ဦးမှာလဲ။ သူတစ်ပါးရဲ့အပြစ်ကို ရှာချင်တာ ရှာမတွေ့တဲ့အပြင် အခုတော့ သူတို့ ထောင်ထားတဲ့ ထောင်ချောက်ထဲကို ကျုပ်တို့ အားလုံး ရောက်သွားရပြီ၊ ခုနက ဖြစ်ခဲ့တဲ့ ကိစ္စမှာ ခင်ဗျားတို့ ဘယ်လောက်အထိ ထိတ်လန့်သွားကြသလဲ၊ အခု သူတို့က နန်းတွင်းဆီ တင်ပြတဲ့အခါ ခင်ဗျားတို့က ကန့်ကွက်ရဲလို့လား၊ လူရယ်စရာ ဖြစ်မှာကို မကြောက်ဘူးလား"

ဒီစကားက ယန်ကျုံးတစ်ယောက်တည်းကို ပြောတာ မဟုတ်ဘဲ ဘေးနားက တခြားအရာရှိတွေကိုပါ ပြောတာ ဖြစ်တယ်။ ဒါပေမဲ့ ထိတ်လန့်သွားတဲ့ ကိစ္စမှာတော့ လီဟုန်က အရှက်ရဆုံး ဖြစ်တယ်။

လီဟုန်က မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး အော်ဟစ်တော့တယ်။

"ရှောက်နယ်စားမင်းကြီး၊ ကျုပ်က အစိုးရက ခန့်ထားတဲ့ နယ်လှည့်စစ်ဆေးရေး အမတ်ပါ၊ ခင်ဗျားက ကျုပ်ကို ဒီလောက်အထိ စော်ကားရသလား..."

ယန်ကျုံးက စကားဖြတ်ပြောလိုက်တယ်။ "မင်းရဲ့ ဘယ်နားက နားနဲ့ ကြားလို့ နယ်စားမင်းကြီးက မင်းကို စော်ကားတယ်လို့ ထင်နေတာလဲ၊ ဒါက အရှိကို အရှိအတိုင်း ပြောနေတာပဲလေ"

"တော်ကြပါတော့၊ အခုလို အချိန်မှာ အချင်းချင်း ရန်ဖြစ်မနေကြပါနဲ့" ဘေးနားက အရာရှိတစ်ယောက်က ဝင်ပြီး ဖျောင်းဖျတယ်။

"တုကျွန့်နဲ့ ယဲ့ကျူတို့ကတော့ ပြန်ရောက်ရင် သေချာပေါက် အစိုးရဆီ တင်ပြကြမှာပဲ၊ အဲဒီအထူးကိုယ်စားလှယ်ကလည်း နန်းတွင်းရေးရာ ကြီးကြပ်မှုဌာနက လူဆိုတော့ သူတို့က ကျုပ်တို့ကို အမြဲ အခက်တွေ့အောင် လုပ်နေတာ၊ ကျုပ်တို့ဘက်က စကားပြောပေးဖို့ကိုတော့ မျှော်လင့်မနေနဲ့တော့၊ အခုတော့ အခြေအနေက ဒီလို ဖြစ်သွားပြီဆိုတော့ ကျုပ်တို့လည်း မြို့တော်က လူတွေဆီကို အသီးသီး သတင်းပို့ကြတာပေါ့၊ နောက်ပိုင်း ဘာဆက်ဖြစ်မလဲဆိုတာကတော့ ကျုပ်တို့ ဆုံးဖြတ်လို့ ရတဲ့ကိစ္စ မဟုတ်တော့ဘူး" ရှောက်ခိုင်က ဆိုတယ်။

"ဒါဆိုရင်လည်း ဒီအတိုင်းပဲ လုပ်ကြတာပေါ့" အောက်က အရာရှိတွေက အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ပြောကြတော့တယ်။

******

All Chapters