အခန်း (၂၆၃-၂၆၄)
Vol. 27 Ch. 263-264
263 01
အခန်း (၂၆၃)
ချွင်းလန်က အခန်းထဲကို အလျင်အမြန် ပြေးဝင်လာတော့မယ့် အခြေအနေကို မြင်လိုက်ရတာကြောင့် ကျောက်အာက အသေးစိတ် ပြောနေဖို့ အချိန်မရှိတော့ဘဲ အပြင်ကို အမြန် ထွက်ခဲ့တယ်။
"တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ"
"ကျွန်မလည်း မသိပါဘူး၊ အစောင့်အကြပ်ကျောက် ပြောတာကတော့ ဒီနန်းတော်စောင့်တပ်တွေက အိမ်တော် အတော်များများကို ဝင်ရှာနေကြပြီလို့ ဆိုပါတယ်။ နန်းတော်ထဲက ပစ္စည်းတစ်ခု ပျောက်သွားလို့ ဧကရာဇ်မင်းမြတ် အတော်လေး အမျက်ထွက်ပြီး နေရာအနှံ့ ရှာခိုင်းနေတာလို့ ပြောပါတယ်"
ပစ္စည်းတစ်ခု ပျောက်သွားတာလား။
ဧကရာဇ်ကြီး ပျောက်သွားတာကို ပြောတာ ဖြစ်မှာပါ၊ ဧကရာဇ် အမျက်ထွက်နေတယ် ဆိုတာကလည်း ဘယ်သူကများ အခွင့်အာဏာကို အလွဲသုံးစား လုပ်နေသလဲ ဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ။
ဒါပေမဲ့ ကျောက်အာကလည်း ဒီကိစ္စက သေးတဲ့ ကိစ္စ မဟုတ်တာ သိနေတယ်။ ကျားချန်ဧကရာဇ်ရဲ့ ဘေးကင်းမှုကို ထားလိုက်ဦး၊ အကယ်လို့သာ တစ်စုံတစ်ယောက်က ဧကရာဇ်ကို ရွှီအိမ်တော်ထဲမှာ ရှာတွေ့သွားမယ် ဆိုရင် ငါ့ မိသားစု တစ်ခုလုံး အသက်ပေးရလိမ့်မယ်။
အတွင်းထဲမှာ ဆူပူတာတွေ မဖြစ်အောင်နဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း သတ္တိရှိအောင်…
ကျောက်အာက လက်တစ်ချက် ဝှေ့ယမ်းပြီး ပြောလိုက်တယ်။ "ဒါက တစ်စုံတစ်ယောက်က တမင်တကာ ပြဿနာ ရှာနေတာပဲ ဖြစ်ရမယ် ဧကရာဇ်မင်းမြတ်က ငါ့ရဲ့ယောကျ်ားကို အမြဲတမ်း တန်ဖိုးထားတာပဲ၊ နန်းတော်ထဲမှာ ဘာပဲ ပျောက်ပျောက် ရွှီအိမ်တော် ကိုတော့ ဝင်ရှာခိုင်းမှာ မဟုတ်ဘူး။ ငါ့ရဲ့ ကောင်းမိန်ဝတ်စုံ (အမတ်ကတော်ဝတ်စုံ) ကို သွားယူခဲ့စမ်း၊ ဘယ်သူကများ သတ္တိကောင်းပြီး ငါ့ရဲ့ ရွှီအိမ်တော် ကို ဝင်ရဲသလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
အမျိုးသမီးရဲ့ ပြတ်သားတဲ့ အသံက တဖြည်းဖြည်း ဝေးသွားတာနဲ့အမျှ၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။
မော့ကျားက တိုးတိုးလေး ပြောလိုက်တယ်။ "ဧကရာဇ်မင်းမြတ် စိုးရိမ်တော်မမူပါနဲ့၊ ဒီအမျိုးသမီးက သိပ်ကို ထက်မြက်ပြီး ပရိယာယ် ကြွယ်ဝသူမို့၊ ဘယ်သူ့ကိုမှ အထဲကို ပေးဝင်မှာ မဟုတ်ပါဘူး"
ကျားချန်ဧကရာဇ်က သူ့ကို တစ်ချက် ကြည့်ပြီး မေးလိုက်တယ်။ "မင်းက သူမကို သိနေတာလား?"
မော့ကျားက နှာခေါင်းကို တစ်ချက် ပွတ်သပ်ရင်း လျှောက်တင်လိုက်တယ်။ "အရင်နှစ်တွေက တိုက်တိုက်ဆိုင်ဆိုင် သိကျွမ်းခဲ့တာပါ"
"ဒါကြောင့်လည်း မင်းက တခြားနေရာ မသွားဘဲ၊ ဒီနေရာကိုပဲ ရောက်လာတာပေါ့"
"မြို့ထဲကနေ ခဏ ထွက်လို့ မရသေးတဲ့ အခြေအနေမှာတော့ ဒီနေရာက အန္တရာယ် အကင်းဆုံးပါပဲ"
ရွှီအိမ်တော် တံခါးရှေ့ကို နန်းတော်စောင့်တပ် တစ်စု ရောက်လာပေမဲ့၊ အပြင်ဘက်မှာ တားတာ ခံလိုက်ရတယ်။
ကျင်းယွီလမ်းအနီးက အိမ်တော် အများစုက အဆင့်မြင့် အရာရှိကြီးတွေရဲ့ နေအိမ်တွေ ဖြစ်တယ်။ အပြင်ဘက် လမ်းမတွေပေါ်မှာ တိတ်ဆိတ်နေတယ်လို့ ထင်ရပေမဲ့ အမှန်တော့ အိမ်အသီးသီးက အစေခံတွေက နေရာအနှံ့က လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြတာ ဖြစ်တယ်။
ဒီနန်းတော်စောင့်တပ်အုပ်စုက ကျားသစ်တွေ၊ သစ်ကုလားအုတ်တွေလို ကြမ်းတမ်းပြီး၊ အိမ်တော် အတော်များများကို ဝင်ရှာခဲ့ကြပြီ ဖြစ်တာကြောင့်၊ ရွှီအိမ်တော်ကို ရောက်တဲ့ အခါမှာတော့ အဲဒီလူတွေ အထဲကို ဝင်နိုင်မလား ဆိုတာကို လူအများကြီးက စပ်စုချင်နေကြတယ်။
"ကျွန်တော်မျိုးတို့ရဲ့ အရှင်သခင်က အမိန့်တော်အရ မြို့တော်က ထွက်ပြီး အစိုးရ အလုပ်တွေ လုပ်နေတာပါ၊ အိမ်မှာတော့ သခင်မကြီးနဲ့ သခင်လေးတွေပဲ ရှိတာမို့၊ ခင်ဗျားတို့ အခုလို ဝင်တာက အကျိုးအကြောင်းအရ မသင့်တော်ပါဘူး"
ကျောက်ကျိက အိမ်စေ နည်းနည်းနဲ့ အစောင့်အကြပ် တချို့ကို ခေါ်ပြီး တံခါးဝမှာ ပိတ်ထားကာ အဲဒီ နန်းတော်စောင့်တပ် တွေကို စိတ်ရှည်လက်ရှည်နဲ့ အကျိုးအကြောင်း ပြောပြနေခဲ့တယ်။
အဲဒီထဲက တပ်မှူးပုံစံရှိတဲ့ အမျိုးသား တစ်ယောက်က နှုတ်ခမ်းမှာ လှောင်ပြုံးတစ်ခုနဲ့ အော်လိုက်တယ်။ "ဒါက ဧကရာဇ်ရဲ့ နှုတ်မိန့်ပဲ၊ ဘယ်သူမှ ရှောင်လို့ မရဘူး။ မင်းတို့တွေ ဆက်မတားကြနဲ့တော့ အမိန့်တော်ကို ဖီဆန်တာက ကြီးလေးတဲ့ အပြစ်ပဲ။ ဖယ်ကြစမ်း"
263 02
နှစ်ဦးနှစ်ဖက် အားပြိုင်နေတုန်းမှာပဲ၊ ပြတ်သားတဲ့ အမျိုးသမီး အသံတစ်ခု ထွက်လာခဲ့တယ်။
"ဘယ်သူကများ အမိန့်တော်ကို ဖီဆန်နေလို့လဲ၊ ငါ့ကို သေသေချာချာ ပြောပြစမ်းပါ။ ဘာလဲ၊ ငါ့ရဲ့ယောကျ်ား အပြင်ရောက်နေတာကို အခွင့်ကောင်းယူပြီး ငါ့လို အိုမင်းမစွမ်းတွေနဲ့ ကလေးသူငယ်တွေကို လာနှိပ်စက်ချင်တာလား"
"ဒီပုဂ္ဂိုလ်က ဘယ်သူလဲ?"
ဒါက မေးနေဖို့ လိုဦးမလား။
တစ်ဖက်လူ ဝတ်ထားတဲ့ ကောင်းမိန်ဝတ်စုံကို မြင်လိုက်ရရုံနဲ့တင်၊ ဒီအိမ်တော်ရဲ့ အိမ်ရှင်မ ဖြစ်မှန်း ခန့်မှန်းနိုင်ပါတယ်။
ကျောက်အာက အစေခံမလေး တချို့ကို ခေါ်ပြီး တံခါးအတွင်းက လျှောက်ထွက်လာတယ်။ သူ့နောက်က ထိတ်လန့်နေကြတဲ့ အစေခံမလေးတွေနဲ့ ယှဉ်ရင် သူက နည်းနည်းလေးမှ တွန့်ဆုတ်တာ ဒါမှမဟုတ် ကြောက်တာ မရှိဘဲ တည်ငြိမ်နေခဲ့တယ်။
"ဘယ်သူကများ နင်တို့ကို ငါ့ရဲ့ ရွှီအိမ်တော်ကို လာရှာခိုင်းတာလဲ၊ ဧကရာဇ်မင်းမြတ်လား၊ ဒါမှမဟုတ် နန်းတော်ထဲက ဘယ်အရှင်သခင်လဲ။ အမိန့်တော်စာရှိလို့လား။ နင်တို့က အကျိုးအကြောင်း မသိဘဲ ငါ့အိမ်ကို လာရှာချင်နေတာက တကယ်ကို သတ္တိကောင်းလွန်းလှပါလား"
ဒီနန်းတော်စောင့်တပ် တွေက အမျိုးသမီးတွေကို မမြင်ဖူးတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့ ပုံမှန် မြင်နေကျ အမျိုးသမီးတွေကတော့ ခေါင်းငုံ့ပြီး နာခံတတ်သူတွေ ဒါမှမဟုတ် နူးညံ့သိမ်မွေ့သူတွေပဲ၊ အခုလို ထက်သန် ပြတ်သားတဲ့ အမျိုးသမီးမျိုးကိုတော့ တစ်ခါမှ မကြုံဖူးကြဘူး။
သူက အသက် ၂၀ ကျော်လောက်ပဲ ရှိသေးပေမဲ့၊ ရွှေချည်ထိုး တိမ်တိုက်တွေနဲ့ ငှက်ရုပ်တွေ ပါတဲ့ အဆင့် (၂) ကောင်းမိန်ဝတ်စုံကို ဝတ်ထားသလို၊ ဦးခေါင်းမှာလည်း ဂုဏ်ထူးဆောင် ဦးထုပ်ကို အပြည့်အစုံ ဆင်မြန်းထားတယ်။
ဒီ ကောင်းမိန်ဝတ်စုံက လူကို အရှိန်အဝါနဲ့ ဖိနှိပ်နိုင်စွမ်း ရှိတယ်။ အကယ်လို့ ကောင်းကောင်း မဝတ်နိုင်ရင် အဝတ်အစားက လူကို ဝါးမြိုသွားတာ ဒါမှမဟုတ် လူကို အိုသွားစေတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီဝတ်စုံက သူ့ကိုယ်ပေါ်မှာတော့ သူ့ကို ဖုံးသွားတာ မဟုတ်ဘဲ၊ တစ်ဖက်လူကို ထူးခြားတဲ့ အရှိန်အဝါ တစ်ခုကို ပိုပြီး ပေါ်လွင်စေခဲ့တယ်။
ဓားလို ထက်မြက်တဲ့ မျက်ခုံးတွေနဲ့၊ စူးရှတဲ့ မျက်ဝန်းတွေက လူမြင်လိုက်တာနဲ့ မသိစိတ်ကနေ ခေါင်းငုံ့သွားစေပြီး စိုက်မကြည့်ရဲလောက်အောင် ရှိနေခဲ့တယ်။
ဒါက ရွှီဒုဝန်ကြီးရဲ့ ဇနီးသည်လား။
ဒီလောက်အထိ လှပတင့်တယ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ရွှီဒုဝန်ကြီးက နှစ်ပေါင်းများစွာအတွင်း ဇနီး တစ်ယောက်တည်းကိုပဲ ထားပြီး၊ မယားငယ် တစ်ယောက်မှ မရှိတာက မြို့တော်ထဲမှာ လူတိုင်း သိထားတဲ့ ကိစ္စပဲ။
နန်းတော်စောင့်တပ် ခေါင်းဆောင်က အမူအရာနဲ့ လေသံကို နည်းနည်း လျှော့လိုက်ပြီး၊ လက်သီးအုပ်ချီလို့ ရိုသေစွာနဲ့ ဆိုလိုက်တယ်။ "ကျွန်တော်မျိုးတို့က နန်းတော်က နှုတ်မိန့်ကို ရထားတာပါ၊ နန်းတော်ထဲမှာ သိပ်အရေးကြီးတဲ့ ပစ္စည်းတစ်ခု ပျောက်သွားလို့၊ ဧကရာဇ်မင်းမြတ် အတော်လေး အမျက်ထွက်ပြီး၊ ကျွန်တော်မျိုးတို့ကို မရရအောင် ရှာဖို့ အမိန့်ပေးထားတာပါ ခင်ဗျာ"
"ငါ့ရှေ့မှာ အဲဒီ စကားတွေကို လာမပြောနဲ့၊ နင်တို့ ပြောတာ အမှန်လား အမှားလားဆိုတာ ငါ ဘယ်လို သိနိုင်မှာလဲ။ ငါ့ရဲ့ရွှီအိမ်တော်ကို ရှာချင်တယ် ဆိုရင်တော့ ရပြီ။ ဧကရာဇ်ရဲ့ အမိန့်တော်စာကို ထုတ်ပြစမ်း၊ ဧကရာဇ်ရဲ့ အမိန့်တော်စာ ကို မမြင်ရသရွေ့တော့ ဧကရာဇ်မင်းမြတ်က ငါ့ရဲ့ရွှီအိမ်တော်ကို ရှာခိုင်းလိမ့်မယ်လို့ ငါ လုံးဝမယုံဘူး"
ဒါကို မြင်တော့ တပ်မှူးလည်း မျက်နှာ တောင့်တင်းသွားတယ်။ "သခင်မကြီး၊ ကျွန်တော်မျိုးတို့ကို အခက်မတွေ့စေပါနဲ့ဦး၊ ကျွန်တော်မျိုးတို့လည်း အမိန့်အရ လုပ်နေရတာပါ"
"ဘယ်သူ့ အမိန့်လဲ။ ငါက မရှာခိုင်းဘူးလို့ မပြောပါဘူး၊ ဒါပေမဲ့ ဘာအကြောင်းပြချက်မှ မရှိဘဲ နင်တို့က ငါ့အိမ်ကို ဒီလို ပုံစံမျိုးနဲ့ လာရှာမယ် ဆိုရင်တော့ အပြင်လူတွေက ဘယ်လို ထင်ကြမလဲ။ ငါ့ရဲ့ယောကျ်ားကများ အဂတိလိုက်စားမှုတွေ လုပ်ခဲ့လို့ အိမ်ကို လာသိမ်းတာလို့ ထင်သွားကြမှာပေါ့။ ဒါဆိုရင် နောင်တစ်ချိန် ငါ့ရဲ့ ယောကျ်ားက အစိုးရအဖွဲ့ထဲမှာ ဘယ်လို မျက်နှာနဲ့ အလုပ်လုပ်တော့မှာလဲ၊ လူကြားထဲ ဘယ်လို ထွက်ရဲတော့မှာလဲ"
"ဒါက..."
ကျောက်အာက အေးစက်စွာ ရယ်လိုက်ပြီး "အမိန့်တော်စာ ကို မထုတ်ပြနိုင်ဘူး ဆိုရင်တော့ နင်တို့က တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် လုပ်နေတာလားဆိုတာ ဘယ်သူ သိမှာလဲ။ မြို့တော်မှာ ငါ့ရဲ့ယောကျ်ား ရန်သူတွေ ဘယ်လောက်တောင် များလဲဆိုတာ လူတိုင်း သိတာပဲ။ နင်တို့လို လူတွေ အထဲကို ဇွတ်ဝင်လာပြီးတော့ ငါ့အိမ်ထဲကို တစ်ခုခု တမင်ထည့်ထားလိုက်ပြီးမှ၊ သူခိုးက လူဟစ်သလိုမျိုး လုပ်မယ် ဆိုရင်တော့ ငါ့ ရွှီအိမ်တော် တစ်ခုလုံးက ကောင်းကင်ကို တိုင်တည်လည်း မကြား၊ မြေကြီးကို တိုင်တည်လည်း မထူးတဲ့ အခြေအနေ ဖြစ်သွားမှာပေါ့!"
263 03
ဒီလောက်များတဲ့ အကြောင်းပြချက်တွေကြောင့် အဲဒီတပ်မှူးမှာတော့ ပြန်ပြောဖို့ စကားလုံး မရှိဘဲ ဖြစ်သွားခဲ့ရတယ်။
တစ်ဖက်လူ ပြောတာက အမှန်တရား ဖြစ်နေသလို သူကလည်း အမိန့်တော်စာကို အမှန်တကယ် မထုတ်ပြနိုင်တာကြောင့် အထက်က အမိန့်တွေကို ပြန်စဉ်းစားမိလိုက်တယ်။
သူက နည်းနည်း ရှက်ဒေါသ ထွက်လာပြီး ဆိုလိုက်တယ်။ "ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီနေ့ ရွှီအိမ်တော် ကိုတော့ ရှာကို ရှာရလိမ့်မယ်"
ကျောက်အာက လမ်းဖယ်ပေးလိုက်တယ်။ "ဒါဆိုရင်လည်း လာရှာကြလေ"
သူက ဘေးပတ်ဝန်းကျင်က အစေခံတွေကို အမိန့်ပေးလိုက်တယ်။ "နင်တို့ အားလုံး ဖယ်ပေးလိုက်ကြ၊ သူတို့ကို ဝင်ရှာခိုင်းလိုက်။ နောက်ပြီး မြင်းရထား ပြင်စမ်း၊ ငါ အခုချက်ချင်း နန်းတော်ကို သွားပြီး ဧကရာဇ်မင်းမြတ်ကို မေးမယ်၊ ဘယ်လို ကိစ္စမျိုးမို့လို့ ငါ့ ရွှီအိမ်တော်ကို ဒီလောက်အထိ စော်ကားရတာလဲ ဆိုတာကိုပေါ့။ ငါ့ရဲ့ယောကျ်ားက သစ္စာရှိတဲ့သူပါ၊ အောင်မြင်မှုတွေ မရှိရင်တောင် ကြိုးစားအားထုတ်ခဲ့တာတွေ ရှိပါတယ်။ ကမ်းရိုးတန်းဒေသမှာ ဆိပ်ကမ်းဖွင့်ရမယ်ဆိုလို့၊ ငါ့ရဲ့ ယောကျ်ားက ဆယ်နှစ်တိုင်တိုင် သွားခဲ့ရတယ်။ အခု တိုင်းပြည် ဘဏ္ဍာတွေ ပြည့်စုံနေပြီ ဆိုပေမယ့်လည်း ငါ့ရဲ့ယောကျ်ားက ဘယ်တော့မှ မာန်တက်တာ မရှိခဲ့ဘူး"
"ဟဲနန်မှာ ဘေးဒုက္ခ ကြုံရတုန်းကလည်း၊ အစိုးရက ရိက္ခာ တစ်စေ့မှ မပေးဘဲနဲ့ ကယ်ဆယ်ရေး သွားခိုင်းတော့လည်း သူပဲ သွားခဲ့ရတာ။ အခု စူးကျိုး မှာ စာမေးပွဲ ကန့်ကွက်နေတယ် ဆိုတော့လည်း၊ ငါ့ရဲ့ယောကျ်ားက ခရီးဝေးကြီးကို ထပ်သွားရပြန်ပြီ။ အမှန်တော့ အစိုးရက သစ္စာရှိတဲ့ အမတ်ကို ဒီလိုမျိုး ဆက်ဆံတာကိုး။ ဧကရာဇ်မင်းမြတ်ရယ်၊ ရှင့်အနေနဲ့ သစ္စာရှိတဲ့ အမတ်ရဲ့ စိတ်ဓာတ်တွေ ပျက်စီးသွားမှာကို မစိုးရိမ်ဘူးလား..."
ကျောက်အာက စကားလုံးတွေနဲ့ တစ်ဖက်ကလည်း ဆဲဆိုရင်း တစ်ဖက်ကလည်း လှေကားထစ်တွေ အောက်ကို အမြန်ပြေးဆင်းသွားတော့တယ်။
ဘယ်သူမှ မတားနိုင်သလို၊ ဘယ်သူမှလည်း မတားရဲကြဘူး။
နန်းတော်စောင့်တပ်တွေက တားချင်ပေမဲ့ သူမက ရှေ့ကို တိုးဝင်လာခဲ့တယ်။ ကျား၊မ ခွဲခြားမှု ရှိနေသလို၊ သူက အဆင့် (၂) ကောင်းမိန်ဖြစ်တာကြောင့် သူတို့ထက် ရာထူး အဆင့်အတန်း ပိုမြင့်တယ်။ အကယ်လို့ အမှန်တကယ် ထိခိုက်မှု ရှိသွားရင် အမှန်အမှားကို ရှင်းဖို့က လုံးဝ မဖြစ်နိုင်တော့ဘူးလေ။
သူတို့က အဝေးကနေပဲ တားနိုင်ကြပြီး၊ ကျောက်အာက ရှေ့တိုးလာရင် သူတို့က နောက်ဆုတ်ပေးရတာကြောင့် နောက်ဆုံးတော့ ရွှီအိမ်တော် တံခါးဝကနေ အတင်းဖယ်ပေးလိုက်ရတော့တယ်။
ကျောက်အာက အဲဒီလူတွေ လမ်းပိတ်နေတာ မြင်တော့ ဝတ်ရုံလက်စွပ်ကို ခါယမ်းပြီး အော်လိုက်တယ်။ "ရှာချင်ရင် သွားရှာကြလေ၊ ငါ့ရဲ့လမ်းကိုတော့ လာမပိတ်နဲ့။ တာ့ချန်းရဲ့ ဥပဒေမှာ အမိန့် ရှိတယ်။ ကောင်းမိန်တွေက အရေးကြီးတဲ့ ကိစ္စ ကြုံလာရင် နန်းတော်ကို ဝင်ဖူးခွင့် တောင်းနိုင်တယ် တဲ့။ နင်တို့ ထပ်တားမယ်ဆိုရင်တော့ ငါ အခုပဲ နန်းတော် တံခါးရှေ့မှာ ခေါင်းနဲ့ တိုက်ပြီး သေပြလိုက်မယ်၊ တစ်လောကလုံးက လူတွေ မြင်အောင်လို့ပေါ့၊ အစိုးရက သစ္စာရှိတဲ့ အမတ်ရဲ့မိသားစုကို ဘယ်လိုမျိုး နှိပ်စက်ပြီးတော့ ငါ့ကို အသက်ရှင်ဖို့ လမ်းမရှိအောင် လုပ်နေသလဲ ဆိုတာကိုပေါ့"
ရိုင်းစိုင်း... တကယ်ကို ရိုင်းစိုင်းတဲ့ မိန်းမကြီးပဲ။
ပြဿနာက ဒီ နန်းတော်စောင့်တပ်တွေက သူ့ကို နန်းတော် တံခါးရှေ့အထိ သွားဆူခွင့်ကို လုံးဝမပေးရဲတာပါပဲ။ အကယ်လို့ ကိစ္စကြီးသွားပြီး နောက်ထပ် ပြဿနာတွေ ထပ်ဖြစ်လာရင် အထက်က လူတွေက သူတို့ကို အရင်ဆုံး အပြစ်ပေးကြမှာလေ။
ချပ်ဝတ်တန်ဆာတွေ ဝတ်ထားတဲ့ နန်းတော်စောင့်တပ်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အားလုံးက တပ်မှူးကို လှမ်းကြည့်ကြတယ်။
ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းတဲ့ တပ်မှူးကတော့ မျက်နှာမှာ တစ်လှည့်စီ ပြောင်းလဲနေပြီး၊ နောက်ဆုံးတော့ ဒေါသကို မြိုသိပ်လို့ မကျေမနပ် ပြောလိုက်ရတော့တယ်။ "သခင်မကြီး အိမ်ထဲကို ပြန်ဝင်ပါဦး၊ အခု အခြေအနေက အရင်လို မဟုတ်တော့ပါဘူး၊ ဧကရာဇ်မင်းမြတ်က အတွင်းမြို့ကို အဝင်အထွက် ပိတ်ထားဖို့ အမိန့် ထုတ်ထားတာမို့၊ အကြောင်းမရှိဘဲ လမ်းပေါ်မှာ လျှောက်မသွားသင့်ပါဘူး။ ကျွန်တော်မျိုးတို့ အခုပဲ နန်းတော်ကို ပြန်ပြီး အမိန့်တော်စာ သွားတောင်းပါ့မယ်၊ သခင်မကြီး အနေနဲ့ ဒီလောက်အထိ လုပ်နေဖို့ မလိုပါဘူး"
ကျောက်အာက အလျှော့မပေးဘဲ - "ငါက ဘာတွေ လုပ်နေလို့လဲ၊ ဒါတွေ အားလုံးက နင်တို့က ငါ့ရဲ့ရွှီအိမ်တော်ကို အတင်းရှာချင်နေလို့ မဟုတ်လား။ နင်တို့ကျတော့ လုပ်ချင်ရာ လုပ်လို့ ရပြီးတော့ တခြားသူကျမှ ပြန်မပြောရဘူး ဆိုတာကတော့ ဒီလောကကြီးမှာ အကျိုးအကြောင်း ဆိုတာ ရှိသေးရဲ့လား..."
သူ ဒေါသတကြီး ပြောနေတုန်းမှာပဲ အဲဒီ နန်းတော်စောင့်တပ် တွေက တန်းစီပြီး ထွက်သွားကြပြီ ဖြစ်တယ်။
ကြည့်ရတာ အသိဉာဏ် မရှိတဲ့ မိန်းမရိုင်း တစ်ယောက်ကို ဂရုမစိုက်သလို ပုံစံမျိုး လုပ်သွားတာပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ အရှက်ရပြီး ထွက်ပြေးသွားရတယ် ဆိုတဲ့ အမှန်တရားကိုတော့ ဖုံးလို့ မရပါဘူး။
263 04
"ခွမ်း" ဆိုတဲ့ အသံနဲ့အတူ၊ အဆင့်မြင့် ကျောက်စိမ်းလက်ဖက်ရည်ခွက်က မြေပြင်ပေါ်မှာ အပိုင်းပိုင်း ကျကွဲသွားတယ်။
ဒုတိယမင်းသားက ဒေါသကြောင့် တစ်ကိုယ်လုံး တုန်နေပြီး မျက်နှာကလည်း ကြောက်စရာ ကောင်းလောက်အောင် ပျက်နေတယ်။ "တကယ်ကို ရိုင်းစိုင်းတဲ့ မိန်းမပဲ၊ မင်းတို့ လူအများကြီး သွားပါလျက်နဲ့၊ မိန်းမ တစ်ယောက်ကိုတောင်မှ ဘာမှ မတတ်နိုင်ကြဘူးလား?"
အစောပိုင်းက ရွှီအိမ်တော်ကို ရှာဖို့ သွားတဲ့ နန်းတော်စောင့်တပ် တပ်မှူးကတော့ တောက်ပြောင်တဲ့ ချပ်ဝတ်တန်ဆာပေါ်မှာ လက်ဖက်ရည်ဖတ်တွေ ပြည့်နေပြီး၊ လက်ဖက်ရည်တွေကလည်း တစ်စက်ချင်း ကျနေတာကြောင့် အတော်လေး အရှက်ရနေတယ်။
ကျုန်းချင်းရန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက်၊ အဲဒီတပ်မှူးကို နူးညံ့တဲ့ လေသံနဲ့ ဆိုလိုက်တယ်။ "ထားလိုက်ပါတော့ မင်း အရင် ထွက်သွားပါ၊ ဒုတိယမင်းသားကလည်း ခဏ ဒေါသထွက်သွားလို့ပါ"
အဲဒီလူ ထွက်သွားပြီးနောက်မှ သူက ဒုတိယမင်းသားကို ဆိုလိုက်တယ်။ "အခုလို လူတွေ လိုနေတဲ့ အချိန်မှာ မင်း ကိုယ့်ကိုယ်ကိုယ် ထိန်းရမယ်"
ဒုတိယမင်းသားက စာပေနဲ့ စစ်ရေးမှာ ထူးချွန်သူ ဖြစ်ပေမဲ့၊ တစ်ခုတည်းသော အားနည်းချက်က စိတ်တိုတတ်တာ ဖြစ်တယ်။ အဲဒါက ကျားချန်ဧကရာဇ်ဆီက အမွေရတဲ့ စရိုက်ပဲ။
"ဦးလေး… ကျွန်တော် အခုပဲ လူလွှတ်ပြီး အမိန့်တော်စာ အတု တစ်စောင် ရေးခိုင်းလိုက်မယ်၊ အဲဒီ မိန်းမကို မဖြစ်မနေ အပြစ်ပေးရမယ်" ဒုတိယမင်းသားက ထရပ်လိုက်ကာ အပြင်ကို ထွက်ဖို့ ပြင်လိုက်တယ်။
"မင်း တော်လိုက်စမ်းပါ" ကျုန်းချင်းရန်က အော်လိုက်ပြီးနောက် လေသံကို ပြန်လျှော့လိုက်တယ်။ "မင်း စိုးရိမ်နေတာကို ဦးလေး သိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဒီရွှီအိမ်တော်ကိုတော့ လုံးဝ ထိလို့ မရဘူး။ ရွှီထင်းရှန်းက အခု စူးကျိုးမှာ စာမေးပွဲ ကန့်ကွက်တဲ့ ကိစ္စကို ဖြေရှင်းနေတာမို့၊ သူ့ရဲ့အရှိန်အဝါက အထွတ်အထိပ် ရောက်နေတာလေ။ အကယ်လို့သာ အခုအချိန်မှာ ရွှီအိမ်တော်မှာ တစ်ခုခု ဖြစ်သွားမယ် ဆိုရင်တော့ ငါတို့ လုပ်နေတဲ့ ကိစ္စတွေ အားလုံးက ပေါ်သွားနိုင်တယ်"
ဟုတ်တာပေါ့၊ ရွှီထင်းရှန်းကို အမြဲတမ်း အားကိုးခဲ့တဲ့ ကျားချန်ဧကရာဇ်က ဒီလိုမျိုး အချိန်မှာ ရွှီအိမ်တော်ကို အပြစ်ပေးမှာ မဟုတ်ဘူး။ အဲဒါက တစ်စုံတစ်ရာ ထူးခြားနေတာကို တစ်လောကလုံးကို ကြေညာလိုက်သလို ဖြစ်မှာလေ။
ရွှီအိမ်တော်ဆိုတာ သေးတဲ့ကိစ္စ ဖြစ်ပေမဲ့ ဒုတိယမင်းသားရဲ့ကြီးကျယ်တဲ့ ရည်မှန်းချက်ကတော့ ပိုကြီးပါတယ်။
အမှန်တော့ ဒုတိယမင်းသားလည်း ဒီအမှန်တရားကို သိပါတယ်။ ဒါပေမဲ့ ကျားချန်ဧကရာဇ် ပျောက်သွားပြီဆိုတဲ့ သတင်းကို ရကတည်းက သူက လုံးဝလမ်းပျောက်နေတာပါ။
သူက အချိန်တိုင်း ထိတ်လန့်နေပြီး ဘယ်အချိန်မှာ ဘေးဒုက္ခ ကျလာမလဲ ဆိုတာကို စိုးရိမ်နေရတယ်။
ဘာလို့လဲဆိုတော့ ကျားချန်ဧကရာဇ်က မင်းသားတွေ အားလုံးရဲ့ စိတ်ထဲမှာ၊ ဘယ်လိုမှ ကျော်လို့ မရတဲ့ တောင်ကြီး တစ်လုံးလို ရှိနေလို့ပါ။ မင်းသားတွေက သူ့ကို ရိုသေကြသလို၊ တစ်ဖက်ကလည်း ကြောက်နေကြတယ်။ ဘာလို့လဲဆိုတော့ ကျားချန်ဧကရာဇ်က အရင်က အိမ်ရှေ့စံ ကလွဲရင် တခြား မင်းသားတွေအပေါ်မှာ အမြဲတမ်း တင်းကျပ်ခဲ့တယ်။
အကယ်လို့ လွန်ခဲ့တဲ့ ခြောက်လလောက်ကဆိုရင် ဒုတိယမင်းသားက ဘယ်လောက်ပဲ သတ္တိရှိပါစေ ဒီလိုမျိုး လုပ်ရဲမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူ ဆက်စောင့်လို့ မရတော့ဘူး။
ခမည်းတော်က မင်းသားသုံးကို အိမ်ရှေ့စံ အဖြစ် တင်ဖို့ ကြံနေတယ်။ အိမ်ရှေ့စံ ရာထူး သတ်မှတ်လိုက်တာနဲ့ တခြား မင်းသားတွေက မြို့တော်က ထွက်ပြီး နယ်စားတွေအဖြစ် သွားကြရမှာဖြစ်တာကြောင့် ဒီအခွင့်အရေးကို တစ်ခါ ဆုံးရှုံးလိုက်ရင် နောင်မှာ အစေခံ အရာရှိတွေအဖြစ်ပဲ မျိုးဆက်အလိုက် နေသွားကြရတော့မှာ ဖြစ်လို့ပါပဲ။
ဒါကြောင့် ဒုတိယမင်းသားက အကြံကုန် ဂယောင်ခြောက်ခြား ဖြစ်ပြီး၊ အန္တရာယ်ကြီးတဲ့ လမ်းကို ရွေးခဲ့တာ ဖြစ်တယ်။။
အရာရာက ကိုယ့်လက်ခုပ်ထဲက ရေလို ဖြစ်နေပြီလို့ ထင်ထားပေမဲ့၊ နှမြောစရာ ကောင်းတာက တိုင်းပြည်ရဲ့တံဆိပ်တော်ကို ရှာမတွေ့တဲ့ကိစ္စ စတင်ပေါ်လာခဲ့တယ်။
ဒီတံဆိပ်တော်ဆိုတာ ပုံမှန်အားဖြင့် လူအများရှေ့ ပြလေ့ မရှိပေမဲ့၊ တစ်ချိန်တည်းမှာပဲ အဲဒါက ကောင်းကင်ဘုံက အသိအမှတ်ပြုတဲ့၊ တရားဝင်တဲ့ အာဏာရဲ့ သင်္ကေတပဲ။ တံဆိပ်တော် မရှိရင် အမှန်တကယ်တဲ့ ဧကရာဇ် ဖြစ်မလာနိုင်ဘူးလေ။
နောင်တစ်ချိန်မှာ တစ်ယောက်ယောက်က ဒါကို အသုံးချမှာ စိုးလို့၊ ကျားချန်ဧကရာဇ်ရဲ့အသက်ကိုတော့ ချန်ထားတာ ဖြစ်တယ်။ ဒုတိယမင်းသားက နည်းလမ်း အမျိုးမျိုး သုံးပြီး တံဆိပ်တော်ကို တောင်းဖို့ ကြံခဲ့ပေမဲ့၊ မမျှော်လင့်ဘဲ ကျားချန်ဧကရာဇ် ပျောက်သွားတဲ့ကိစ္စ ထပ်ဖြစ်လာတာ ဖြစ်တယ်။
263 05
ဒါဆိုရင် ဒုတိယမင်းသား ဘယ်လိုလုပ် စိတ်မရှုပ်ဘဲ နေနိုင်ပါ့မလဲ။
"ဒါဆိုရင် ဦးလေး ပြောတာကတော့ အခု ဘယ်လို ဆက်လုပ်ရမလဲ?"
ကျုန်းချင်းရန်က စိတ်အေးအေး ထားဖို့ ကြိုးစားရင်း ဆိုလိုက်တယ်။ "ငါတို့ နည်းလမ်း နှစ်မျိုး ပြင်ထားရအောင်၊ အရင်ဆုံး တခြား အိမ်တော်တွေကို ဆက်ရှာခိုင်းလိုက်၊ အထူးသဖြင့် ဧကရာဇ်ရဲ့ အားကိုးရဆုံး အမတ်တွေရဲ့ အိမ်တွေ၊ စစ်အာဏာ ရှိတဲ့သူတွေကို အဓိက ထားရမယ်။ အမှန်တော့ ဧကရာဇ်အနေနဲ့ ရွှီအိမ်တော်ကို သွားနိုင်တဲ့ အခွင့်အရေးက အများကြီး မရှိပါဘူး၊ ရွှီထင်းရှန်းလည်း အိမ်မှာ မရှိသလို၊ အဲဒီအိမ်က အိုမင်းမစွမ်းတွေနဲ့ ကလေးတွေက ဘာမှမလုပ်နိုင်တာကြောင့်၊ ရွှီအိမ်တော်ကို ကျော်သွားတာက ကိစ္စကြီးကို မထိခိုက်နိုင်ပါဘူး။ နောက်ထပ် နည်းလမ်း တစ်ခုကတော့ ငါတို့ စွန့်စားပြီး လုပ်ရလိမ့်မယ်"
ဒုတိယမင်းသားက ထိတ်လန့်တကြား လှမ်းကြည့်လိုက်တယ်။
"အကယ်လို့ ရှာလို့ မတွေ့သေးဘူး ဆိုရင်တော့ ဧကရာဇ်မင်းမြတ် အခြေအနေ စိုးရိမ်ရပြီဆိုတဲ့ သတင်းကို လွှင့်လိုက်၊ ပြီးရင် တခြား မင်းသားတွေကို နန်းတော်ထဲဝင်ပြီး ဧကရာဇ်ကို ဖူးမြော်ခွင့် ပေးလိုက်ပါ။ သူတို့က ဧကရာဇ်ကို တွေ့ချင်နေကြတာ ကြာပြီ၊ ကျိန့်အန်းချန်ကပဲ တားထားတာလေ၊ အခု ဖူးမြော်ခွင့် ရပြီဆိုမှတော့ သူတို့တွေ ဝမ်းသာအားရနဲ့ ဝင်လာကြမှာပဲ။ အဲဒီ အချိန်ကျရင် ငါတို့ ပြဇာတ်တစ်ပုဒ် ကပြလိုက်ပြီးတော့ နတ်ရွာစံကြောင်း အမိန့်တော်စာကို ဖတ်ပြလိုက်ရုံပဲ။ မင်း ပလ္လင်ပေါ် တက်ပြီးသွားပြီ ဆိုရင်တော့ အရာရာက ပြီးသွားပြီ ဖြစ်သလို၊ သူတို့လည်း ဘာမှ မလုပ်နိုင်တော့ဘူး"
ဒါဆိုရင် ပျောက်သွားတဲ့ ကျားချန်ဧကရာဇ် ကော….
အကယ်လို့သာ ပလ္လင်ပေါ် တက်နိုင်ရင် ဒုတိယမင်းသား ပြောသမျှကပဲ အတည်ဖြစ်မှာပါ။ တစ်ဖက်လူက ပေါ်မလာရင် ကိစ္စမရှိပေမဲ့၊ ပေါ်လာတာနဲ့ တစ်ပြိုင်နက် သတ်ပစ်လိုက်ရင် အတုအယောင် သေဆုံးတာကနေ အမှန်တကယ် သေဆုံးတာ ဖြစ်သွားမှာပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် ကျားချန်ဧကရာဇ်က သေသွားပြီ ဖြစ်တာကြောင့် သူ အသက်ရှင်နေဦးမယ်လို့ ဘယ်သူကများ ထင်ပါ့မလဲ။
ကျားချန်ဧကရာဇ် မသေခင်မှာတင် ဒုတိယမင်းသားက သူ နတ်ရွာစံပြီလို့ ကြေညာပြီး ပလ္လင်ပေါ် တက်ရဲမယ်လို့ ဘယ်သူမှ မယုံကြဘူး။
ဘယ်သူမှ အဲဒီလို မစဉ်းစားတာကပဲ၊ သူတို့ အသုံးချနိုင်မယ့် အခွင့်အရေး တစ်ခုပါပဲ။
ဒုတိယမင်းသား ရဲ့ မျက်နှာက တစ်ချက် တွန့်သွားပြီး အံကြိတ်လျက် ဆိုလိုက်တယ်။ "ကောင်းပြီ၊ ဒီအတိုင်းပဲ လုပ်ကြတာပေါ့"
ကျောက်အာက လမ်းပေါ်မှာ ခဏ ဆဲဆိုပြီးနောက်မှ၊ လှည့်ပြီး အိမ်ထဲ ပြန်ဝင်ခဲ့တယ်။
ရွှီအိမ်တော်ရဲ့တံခါးကြီးက နောက်တစ်ကြိမ် ပြန်ပိတ်သွားပြီး၊ ဘာမှ မဖြစ်ခဲ့သလိုမျိုး ရှိနေခဲ့တယ်။
ဒါပေမဲ့ ဒီနေရာမှာ ဖြစ်ခဲ့သမျှ အားလုံးကတော့ တိတ်တဆိတ်နဲ့ အိမ်တော် အသီးသီးကို ပျံ့သွားတာကြောင့် ရွှီအိမ်တော်က အမျိုးသမီးက အတော်လေး ရိုင်းစိုင်းကြောင်း၊ နန်းတော်စောင့်တပ်တွေကိုတောင် အတင်းမောင်းထုတ်လိုက်နိုင်ကြောင်း လူပြောများသွားခဲ့တယ်။
လှောင်တဲ့သူတွေ ရှိသလို၊ တစ်ချိန်တည်းမှာပဲ နမူနာယူတဲ့သူတွေလည်း ရှိလာတယ်။ နောက်ပိုင်းမှာ နန်းတော်စောင့်တပ်တွေက တခြားအိမ်တော်တွေကို ရှာတဲ့ အခါမှာတော့ လူအများကြီးက ကိုယ်ကျင့်တရား ကောင်းသူတွေအဖြစ် ဟန်ဆောင်ပြီး၊ ဧကရာဇ်ရဲ့ အမိန့်တော်စာ ကို တောင်းကာ မကျေမနပ် ဖြစ်ပြကြတော့တယ်။
ဒီအရာအားလုံးက ဒုတိယမင်းသားတို့ အုပ်စုအတွက် ကြီးမားတဲ့ အခက်အခဲတွေကို ဖြစ်စေခဲ့ပေမဲ့၊ အဲဒါက နောက်ပိုင်းမှ ဖြစ်တဲ့ ကိစ္စတွေ ဖြစ်တယ်။
တစ်ဖက်မှာတော့ ကျောက်အာက လူတွေကို ခေါ်ပြီး အဆောင်မကြီးကို ပြန်လာခဲ့တယ်။
ချွင်းလန်တို့ အစေခံမလေးတွေက သူ့ကျောပြင်ကို လေးစားမှု အပြည့်နဲ့ စိုက်ကြည့်နေကြတယ်။ သခင်မကြီးက သာမန်လူ မဟုတ်မှန်း အစောကတည်းက သိပေမဲ့၊ ဒီနေ့မှာတော့ သခင်မကြီးက ဒီလောက်အထိ စွမ်းဆောင်နိုင်တာကို သိလိုက်ရတာ ဖြစ်တယ်။
သူတို့က အစောပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို တစ်ယောက်တစ်ပေါက် ပြောနေကြပြီး၊ ကျောက်အာက ဘယ်လောက်တောင် အရှိန်အဝါ ကြီးကြောင်း၊ အမျိုးသားတွေထက်တောင် သာကြောင်း ချီးမွမ်းနေကြတယ်။ ပြောနေတုန်းမှာပဲ အိပ်ဆောင်ထဲကနေ ရုတ်တရက် ထွက်လာတဲ့ လူနှစ်ယောက်ကြောင့် ထိတ်လန့် သွားကြတော့တယ်။
"တော်လိုက်ကြတော့ နင်တို့ရဲ့ ပါးစပ်တွေကို ပိတ်ထားလိုက်စမ်း၊ အားလုံး အပြင်ကို ထွက်သွားကြ၊ ဒီမှာ ဖြစ်သမျှ အားလုံးကို ဘယ်သူ့ကိုမှ မပြောရဘူး"
263 06
အစေခံမလေး လေးယောက်လုံးက အထပ်ထပ် ခေါင်းညိတ်ကြတယ်။ သူတို့က ကျောက်အာ ငယ်ငယ်ကတည်းက ဝယ်ခဲ့တဲ့ သူတွေမို့၊ သစ္စာရှိတာကိုတော့ သံသယ ဖြစ်စရာ မလိုသလို၊ ကျောက်အာလည်း သူတို့ စကားပေါက်မှာ မစိုးရိမ်ပါဘူး။
အစေခံမလေးတွေ အပြင်ထွက်သွားပြီးမှ၊ ကျောက်အာက စားပွဲမှာ ထိုင်ချလိုက်ပြီး၊ စားပွဲပေါ်က လက်ဖက်ရည် အေးအေးတွေကို အကုန် သောက်လိုက်တော့တယ်။
အမှန်တော့ သူမလည်း မကြောက်တာ မဟုတ်ပါဘူး၊ အခု အတွင်းမြို့ကို ပိတ်ထားသလို၊ ရွှီထင်းရှန်းလည်း အိမ်မှာ မရှိဘဲ ဒီလိုမျိုး ကိစ္စ ဖြစ်နေတာလေ။ ဆိုလိုတာက ရွှီအိမ်တော်က လူပေါင်း ဆယ်ဂဏန်းရဲ့ အသက်က သူမတစ်ယောက်တည်းရဲ့ ပုခုံးပေါ် ရောက်နေတာ ဖြစ်လို့။
ရင်ထဲမှာ ထိတ်လန့်နေတာကလည်း သဘာဝပါပဲ။
"မင်းလည်း ကြောက်တတ်တာပဲလား"
"လူဆိုရင်တော့ ကြောက်တာပေါ့၊ မော့ကျားသခင်ကြီး ကတော့ သာမန်လူ မဟုတ်တာကြောင့်၊ ကြောက်တယ် ဆိုတာ ဘာလဲဆိုတာ သိမှာ မဟုတ်ပါဘူး"
ဒီစကားက မော့ကျားက လူမဟုတ်ဘူးလို့ လှောင်လိုက်တာပါပဲ။
မော့ကျားရဲ့မျက်နှာက တစ်ချက် တွန့်သွားပေမဲ့ သဘောထားကြီးသူအဖြစ် ဟန်ဆောင်နေရတာကြောင့် ပုံစံက အတော်လေး ရယ်စရာ ကောင်းနေခဲ့တယ်။
ကျားချန်ဧကရာဇ်က သူ့ကို လှမ်းကြည့်လိုက်တာကြောင့် မဖြစ်သင့်ပေမဲ့ ရင်ထဲမှာတော့ ပွဲကြည့်နေသလို ခံစားချက်မျိုး ပေါ်လာခဲ့တယ်။
"ရှင်တို့တွေ တကယ်ပဲ ဘယ်တော့ ထွက်သွားမှာလဲ။ ကျွန်မရဲ့ယောကျ်ားလည်း အိမ်မှာ မရှိဘူး၊ ကျွန်မကလည်း မိန်းမ တစ်ယောက်တည်းမို့ ဘာကိစ္စကိုမှ တာဝန်မယူနိုင်ဘူး"
မော့ကျားကတော့ ဒေါသထွက်လွန်းလို့ ရယ်မိသွားတယ်။
အခုမှ အားနည်းသူအဖြစ် ဟန်ဆောင်နေပြန်ပြီပေါ့၊ ခုနလေးတင် နန်းတော် တံခါးရှေ့မှာ ခေါင်းနဲ့ တိုက်သေပြမယ်လို့ ဘယ်သူကများ အော်နေတာလဲ။ ဒီအရာတွေကို မော့ကျားက ချွင်းလန်တို့ရဲ့ ပြောသံတွေကနေ ကြားခဲ့ရတာပါ။
"ရွှီသခင်မကြီး၊ တစ်လောကလုံးက မြေတွေက ဧကရာဇ်ရဲ့ မြေတွေ ဖြစ်သလို၊ တစ်လောကလုံးက လူတွေကလည်း ဧကရာဇ်ရဲ့ အစေခံတွေပါပဲ။ မင်းက အစိုးရက ဘွဲ့ပေးထားတဲ့ ကောင်းမိန်တစ်ယောက် ဖြစ်နေမှတော့ အခုလို ဧကရာဇ် အန္တရာယ် ကြုံတဲ့ အချိန်မှာ၊ ရှေ့ထွက်ပြီး ဧကရာဇ်ရဲ့ ဘေးကင်းမှုကို ကာကွယ်ပေးရမှာ မဟုတ်ဘူးလား"
"ကျွန်မကတော့ မိန်းမ တစ်ယောက်ပဲ၊ စာလည်း မဖတ်ဖူးတော့ ဘာ အရှင်သခင်နဲ့ အစေခံ၊ တိုင်းပြည် အေးချမ်းမှု ဆိုတဲ့ အမှန်တရားကြီးတွေကို နားမလည်ဘူး။ ကျွန်မ သိတာကတော့ အခု အပြင်မှာ ရှိတဲ့ လူတွေက မြေလှန်ရှာနေကြတာပဲ၊ သူတို့က အမိန့်တော်စာ သွားတောင်းပြီးရင် ပြန်လာဦးမယ်လို့လည်း ပြောသွားသေးတယ်။ အကယ်လို့ သူတို့ နောက်တစ်ခါ လာတဲ့ အချိန်မှာ ရှင်တို့ကို ဒီမှာ ရှာတွေ့သွားမယ် ဆိုရင်တော့ ကျွန်မရွှီအိမ်တော် တစ်ခုလုံးက ရှင်တို့အတွက်နဲ့ အသက်ပေးကြရမှာပေါ့"
"ဒါကြောင့် ရှင်တို့ အခုပဲ မြန်မြန် ထွက်သွားကြပါတော့ ကျွန်မ ရွှီမိသားစုက ဆင်းရဲသား မိသားစုက လာတာပါ၊ အောင်မြင်လာတဲ့ သူဆိုလို့ ကျွန်မရဲ့ ယောကျ်ား တစ်ယောက်တည်း ရှိတာ။ အရာရှိ လုပ်လာတဲ့ ဒီနှစ်တွေအတွင်း၊ ငွေတစ်ပြားမှ မရတဲ့အပြင် ကိုယ့်ငွေတွေတောင် စိုက်ခဲ့ရသေးတယ်။ အစိုးရအပေါ်မှာလည်း အပြစ်ရှိတာ ဘာမှ မလုပ်ခဲ့ဘူး။ သူက ကျွန်မကို အမြဲတမ်း ချစ်တာမို့၊ အကယ်လို့ ကျွန်မနဲ့ ကလေးတွေသာ အသက်ဆုံးသွားမယ် ဆိုရင်တော့ သူ ဘာတွေ လုပ်မိမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ဒါကြောင့် တိုင်းပြည်အတွက် အမှန်တရားနဲ့ ကိုယ့်မိသားစု ကြားမှာဆိုရင် ကျွန်မကတော့ ကိုယ့်မိသားစုကိုပဲ ရွေးမှာပဲ"
"အကယ်လို့ ရွှီထင်းရှန်းကသာ မင်းရဲ့ ဒီစကားတွေကို သိသွားမယ် ဆိုရင် မင်းကို ဇနီးအဖြစ် လက်ထပ်ခဲ့တာကို နောင်တရသွားမလား?" ကုတင်ပေါ်က ကျားချန်ဧကရာဇ်က ရုတ်တရက် မေးလိုက်တယ်။
ကျောက်အာက စကားစပြောကတည်းက အဲဒီလူနှစ်ယောက်ကို တိုက်ရိုက် မကြည့်ပါဘူး။
အမှန်တော့ ကျားချန်ဧကရာဇ်ကို သူမ မကြည့်ဝံ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်မင်းမြတ် ဖြစ်နေတဲ့အပြင်၊ လှုပ်လို့ မရဘဲ ဒီလောက်အထိ သနားစရာ ကောင်းနေတဲ့ အဘိုးအို တစ်ယောက်ရဲ့ရှေ့မှာ၊ ဒီလို စကားတွေကို ပြောဖို့က သူမအတွက် အမှန်တကယ်ပဲ ခက်ခဲပါတယ်။ ဒါပေမဲ့ သူမ ပြောသလိုပဲ၊ သူမ ကြောက်ပါတယ်။ ဒီလို ဘေးအန္တရာယ်က ထိုစဉ်က ဟုန်ဘန်းရဲ့ ဖမ်းတာ ခံရတုန်းကထက်တောင် ပိုပြင်းပါတယ်။
သေမင်းရဲ့ ဓားဦးက ကိုယ့်ခေါင်းပေါ်ကို၊ အချိန်မရွေး ကျတော့မလို ခံစားနေရတာ ဖြစ်တယ်။
အကယ်လို့ သူ တစ်ယောက်တည်း ဆိုရင် ကိစ္စမရှိပေမဲ့၊ သူမ မရှိတော့ရင် ရွှီထင်းရှန်း ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို သူမ မစဉ်းစားနိုင်ဘူး။ ဒါ့အပြင် ကလေးတွေလည်း ရှိသေးတာမို့၊ သူမက ကိုယ့်ကလေးတွေကို အန္တရာယ်ထဲ လုံးဝ မတွန်းပို့နိုင်ပါဘူး။
263 07
ဒီစကားကို ကြားတော့ သူက ကျားချန်ဧကရာဇ်ကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်ဝန်းထဲမှာတော့ ကြောက်တာ ဒါမှမဟုတ် ထိတ်လန့်တာတွေ လုံးဝ မရှိဘူး။
"သူက ဘာလို့ နောင်တရရမှာလဲ။ အကယ်လို့ သူသာ အခု အခြေအနေကို သိရင် ကျွန်တော်မျိုးမရဲ့လုပ်ရပ်ကို သေချာပေါက် ထောက်ခံမှာပါ"
အဲဒီလူနှစ်ယောက်ရဲ့ စိုက်ကြည့်တာ ခံရတာက နေရခက်လာပုံရတာနဲ့ သူမက ချက်ချင်း ထရပ်လိုက်တယ်။ "ရှင်တို့ မျိုးရိုးချီတွေရဲ့ အိမ်တွင်းရေး ပြဿနာတွေကြောင့်၊ လူအများကြီးကို ဒုက္ခပေးနေတာပဲ။ ဒါက ရှင်တို့ရဲ့ အိမ်တွင်းရေး ကိစ္စမို့၊ ကျွန်မလို အပြင်လူတွေက ဘာလုပ်ပေးနိုင်မှာလဲ" အဲဒီလို ပြောတာက နည်းနည်း အကျိုးအကြောင်း မရှိသလိုနဲ့၊ ကြီးကျယ်တဲ့ ကိစ္စကို အိမ်တွင်းရေး ကိစ္စလို့ သတ်မှတ်လိုက်တာပါ။ ဒါပေမဲ့ သူမ ပြောတာလည်း မမှားပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ချီမိသားစုရဲ့ အိမ်တွင်းရေး ပြဿနာဖြစ်ပြီး၊ သားဖြစ်သူက အရွယ်ရောက်လာတော့ အဖေကို ဖယ်ပြီး ကိုယ်တိုင် အုပ်ချုပ်ချင်တာ မဟုတ်လား။
ဧကရာဇ် မိသားစုမှာ သားအဖ သံယောဇဉ် မရှိပါဘူး။
ကျားချန်ဧကရာဇ်က ဒါကို အစောကတည်းက သိပေမဲ့၊ အခုမှပဲ ပထမဆုံးအကြိမ် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတယ်။
သူ့မျက်နှာက ညှိုးသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ စကားတစ်ခွန်းမှ မပြောတော့ပါဘူး။
မော့ကျားက သူ့ကို တစ်ချက် ကြည့်ပြီး စိတ်ထဲမှာ ခံစားချက်တွေအများကြီး ဖြစ်သွားတယ်။ အခုအချိန်မှာ ကျောက်အာနဲ့ နောက်ပြောင်ဖို့ စိတ်မပါတော့ဘဲ၊ တည်ကြည်စွာနဲ့ ဆိုလိုက်တယ်။ "သူတို့တွေ နောက်တစ်ခါ ထပ်မလာတော့ပါဘူး၊ အနည်းဆုံးတော့ ခေတ္တလောက်တော့ပေါ့"
" ရှင်က ဘယ်လိုလုပ် သိတာလဲ"
"ဘာလို့လဲဆိုတော့ ဧကရာဇ်မင်းမြတ် (ဒုတိယမင်းသားကို ပြောတာ) အနေနဲ့ ရွှီဒုဝန်ကြီး ကိတော့ လက်လှုပ်ရှားမှာ မဟုတ်လို့ပဲ။ ဘယ်သူ့ကိုမဆို လုပ်ရဲပေမဲ့၊ ရွှီထင်းရှန်းကိုတော့ လုပ်မှာ မဟုတ်ဘူး"
ဒီဆယ်နှစ်ကျော် အချိန်က ကျားချန်ဧကရာဇ်အနေနဲ့ ရွှီထင်းရှန်းကို မိမိရဲ့အားကိုးရဆုံး အမတ်ကြီး တစ်ယောက်အဖြစ် သတ်မှတ်ဖို့ လုံလောက်နေပါပြီ။
တစ်နည်းပြောရင် တစ်နေ့မှာ ရွှီထင်းရှန်းက ကြီးလေးတဲ့ အမှားတစ်ခု လုပ်ခဲ့ရင်တောင် ကျားချန်ဧကရာဇ်က အရင်က သံယောဇဉ်နဲ့ သူ့ရဲ့ အောင်မြင်မှုတွေကို ထောက်ပြီး အလွန်ဆုံး ရှိရင် ရာထူးက ထုတ်ရုံပဲ လုပ်မှာဖြစ်ပြီး သူ့ကို ဒုက္ခပေးမှာ မဟုတ်ဘဲ သိက္ခာကိုတော့ ထိန်းပေးမှာ ဖြစ်တယ်။
မော့ကျားက ကျားချန်ဧကရာဇ်ရဲ့ဘေးကို ရောက်တာ မကြာသေးပေမဲ့၊ ဒီအမှန်တရားကို သိနေပါတယ်။ အမှန်တော့ အစိုးရအဖွဲ့ထဲမှာ ဒါကို မသိတဲ့သူ မရှိသလောက်ပါပဲ။
"ဒီနှစ်တွေမှာ ရွှီထင်းရှန်း ဘာတွေ လုပ်နေလဲ ဆိုတာကိုတော့ မင်း ကောင်းကောင်း သိမှာပါ၊ ဘယ်လို ပြုပြင်ပြောင်းလဲမှုမဆို၊ နောက်ကွယ်မှာ အသိဉာဏ်ကြီးတဲ့ ဧကရာဇ်တစ်ဦးရဲ့ ထောက်ခံမှု မပါဘဲတော့ မအောင်မြင်နိုင်ဘူး။ ဧကရာဇ်မင်းမြတ် အခုလို ဘေးကြုံတာက ဒီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေနဲ့ အများကြီး ပတ်သက်နေတာပဲ၊ အကယ်လို့သာ ဧကရာဇ်မင်းမြတ် နတ်ရွာစံသွားရင် ရွှီထင်းရှန်း နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ အရာအားလုံးက ခဏလေးအတွင်းမှာပဲ ပြိုလဲသွားလိမ့်မယ်"
ကျောက်အာက နှုတ်ခမ်းကို တင်းတင်းစေ့လို့ မျက်စိရှေ့က အဲဒီလူနှစ်ယောက်ကို စိုက်ကြည့်နေမိတယ်။
သူမရင်ထဲမှာ အားပြိုင်နေခဲ့တယ်။ ဒီစကားတွေကို ကြားရတဲ့ အခါမှာတော့ ချိန်ခွင်လျှာက တစ်ဖက်ကို ယိမ်းသွားခဲ့ရပါတော့တယ်။
"ထားလိုက်ပါတော့ ရှင်တို့ ဒီမှာပဲ ခဏ နေကြပါဦး။ ကြိုပြောထားမယ်နော်၊ အရေးကြုံလာရင်တော့ ငါက အသက်ကို နှမြောတဲ့သူ ဖြစ်သွားနိုင်တယ်"
ပြောပြီးနောက်မှာတော့ သူမက ထိုနေရာက ထွက်သွားတယ်။ ကြည့်ရတာ လုံခြုံရေးတွေအတွက် စီစဉ်ဖို့ သွားတာ ထင်ပါတယ်။
ဘာလို့လဲဆိုတော့ အိမ်ထဲမှာ လူပို နှစ်ယောက် ရှိတာကို၊ ခဏတစ်ဖြုတ် ဖုံးလို့ ရပေမဲ့ တစ်သက်လုံး ဖုံးဖို့က မဖြစ်နိုင်လို့ပါပဲ။
ရွှီအိမ်တော် တစ်ခုလုံးက အစောင့်အကြပ်တွေ တင်းကျပ်သွားပါတော့တယ်။
အပြင်ပန်းမှာ ပုံမှန်အတိုင်းလို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ နေရာအနှံ့မှာ စောင့်ကြည့်နေတဲ့သူတွေ ရှိနေခဲ့တယ်။
ကျောက်အာက အဆောင်မကြီးကို ပြန်ရောက်လာတယ်။
263 08
အိမ်ရှင်မ တစ်ယောက်အနေနဲ့ သူက အဆောင်မကြီးမှာ ရှိနေရမယ်လေ။ ဒါပေမဲ့ နေထိုင်ပုံကိုတော့ အိပ်ဆောင်ကနေ အရှေ့ဘက် အဆောင်ငယ်ဆီ ပြောင်းလိုက်တယ်။ ကံကောင်းလို့ အဲဒီနေရာမှာ ပြတင်းပေါက်နားက ခုံတန်းကြီးတစ်ခု ရှိနေပြီး၊ ရွှီထင်းရှန်း မရှိတဲ့ အခါမျိုးမှာ ကျောက်အာက အဲဒီမှာ အိပ်လေ့ရှိတာကြောင့်၊ အစေခံတွေကြားမှာတော့ ထူးခြားတာ မရှိဘဲ ဖြစ်နေခဲ့တယ်။
"ကျွန်မ ထင်းရှန်းဆီကို သတင်းပို့ခိုင်းလိုက်ပြီ။ အောင်မြင်မလား ဆိုတာတော့ မသိသေးဘူး။ အောင်မြင်ရင်တောင်မှ သူက စာပေပညာရှင် အရာရှိ တစ်ယောက်မို့၊ အခြေအနေကို လှုပ်ခါနိုင်ပါ့မလား ဆိုတာကတော့ မသေချာဘူး"
ကုတင်ဘက်မှာတော့ မော့ကျားက ကျားချန်ဧကရာဇ်ကို ဆေးတိုက်ဖို့ ပြုစုပေးနေခဲ့တယ်။
ကြည့်ရတာ လောကီ အညစ်အကြေးတွေ မရှိတဲ့ပုံစံ ဖြစ်ပေမဲ့၊ လူကို ပြုစုတဲ့နေရာမှာတော့ အတော်ကို ကျွမ်းကျင်တယ်လို့ ကျောက်အာ မထင်ထားခဲ့ဘူး။
ကျောက်အာရဲ့အကြည့်က နည်းနည်း အံ့အားသင့်နေသလို၊ တစ်ဖက်ကလည်း မကောင်းတဲ့ ရည်ရွယ်ချက်တွေ ပါနေတယ်။ ဒီမော့ကျားက ပင်လယ်ထဲကနေ ကုန်းပေါ်ကို ဘာလို့ ရုတ်တရက် ရောက်လာတာလဲ။ မြို့တော်ကိုတောင် ရောက်လာပြီး ကျားချန်ဧကရာဇ်ရဲ့ဘေးကို ရောက်သွားတာက တကယ်ကို မယုံနိုင်စရာပဲ။
ကျောက်အာကမော့ကျား တစ်ယောက် ပင်လယ်ထဲမှာ ဆက်မနေနိုင်တော့လို့၊ နန်းတော်ထဲဝင်ပြီး မိန်းမစိုး သွားလုပ်နေသလားလို့တောင် သံသယ ဖြစ်မိသွားတယ်။ မဟုတ်ရင် ကျားချန်ဧကရာဇ်ရဲ့ဘေးမှာ ရှိနေတာကို ဘယ်လို ရှင်းမလဲ၊ ရွှီအိမ်တော်ကို လာတုန်းကလည်း မိန်းမစိုး ဝတ်စုံကို ဝတ်ထားတာ မဟုတ်လား။
သူ့အကြည့်ကြောင့် မော့ကျားကတော့ နည်းနည်း ရှက်ဒေါသ ထွက်လာပြီး၊ ကျားချန်ဧကရာဇ် ဆေးသောက်ပြီးတာနဲ့ ကျောက်အာကို အပြင်ခေါ်ထုတ်ခဲ့တယ်။
"မင်းက ဘယ်လို အကြည့်နဲ့ ကြည့်နေတာလဲ"
"ဘာမှ မဟုတ်ပါဘူး"
"ဘာမှ မဟုတ်ပါဘူးလို့ ပြောရဲသေးတယ်။ တစ်ခုခု ရှိနေတာကို မြင်သာနေတာပဲ"
အမြဲတမ်း နက်နဲလှတဲ့ မော့ကျားက ကျောက်အာနဲ့ တွေ့မှပဲ စိတ်ခံစားချက်တွေကို အလွယ်တကူ ထုတ်ပြမိတော့တယ်။ သူက ကျောက်အာက မိမိကို တမင်တကာ လုပ်နေတာလားလို့တောင် သံသယ ဖြစ်မိတယ်။ မဟုတ်ရင် ဘာလို့ သူ့ကို ဒီလောက်အထိ အထင်လွဲနေရတာလဲ။
သူက အဲဒီလို လူမျိုးလား။
ပြဿနာက သူနဲ့ ကျောက်အာကလည်း အတော်လေး ရင်းနှီးကြသူတွေ မဟုတ်တာကြောင့်၊ သူက ဘယ်လိုလူလဲ ဆိုတာကို ကျောက်အာကလည်း မသိဘူး။
ကျောက်အာက ရိုးရိုးသားသားနဲ့ မော့ကျား ဒေါသထွက်တာ မြင်တော့ နည်းနည်း အားနာသလိုနဲ့ ဆိုလိုက်တယ်။ "တကယ်တော့ မိန်းမစိုး လုပ်တာကလည်း ဘာမှ မဖြစ်ပါဘူး၊ ခေတ်ကာလက ခက်ခဲတော့ အသက်ရှင်ဖို့အတွက် ဘာပဲ လုပ်လုပ်၊ အားလုံးက နားလည်ပေးနိုင်ကြပါတယ်"
"ငါက မိန်းမစိုး မဟုတ်ဘူး!"
အကယ်လို့ အခြေအနေတွေကသာ ခွင့်ပြုရင် မော့ကျားက အမျိုးသား တစ်ယောက်ရဲ့ နည်းလမ်းကို သုံးပြီး၊ သူမကို အမှန်တရား သိသွားအောင် လုပ်မိမှာပဲ။ ဒါပေမဲ့ သူ မလုပ်နိုင်ဘူး၊ တစ်ဖက်မှာလည်း လင်ရှိမယား ဖြစ်နေသလို၊ သူကလည်း ကိုယ်ပိုင် အယူအဆ ရှိသူ ဖြစ်တယ်။ ဒါ့အပြင် သူက ကျားချန်ဧကရာဇ်နဲ့အတူ ရွှီအိမ်တော်မှာ ခိုလှုံနေရတာမို့၊ ဒီလိုမျိုး ယုတ်ညံ့တဲ့ လုပ်ရပ်ကိုလည်း သူ မလုပ်ဝံ့ပါဘူး။
အကယ်လို့သာ ဒီအတားအဆီးတွေ မရှိရင်တော့ သူက ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပါတယ်...
ဒါကို စဉ်းစားမိလိုက်တဲ့ အခါမှာတော့ သူက ကျောက်အာကို လေးနက်တဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်မိတယ်။
ကျောက်အာက မယုံတဲ့ အမူအရာ ပြနေပေမဲ့ ဆိုလိုက်တယ်။ "ကောင်းပြီ၊ ကောင်းပြီ၊ ရှင် မိန်းမစိုး မဟုတ်ဘူးဆိုတာ ကျွန်မ သိပြီ၊ ဒီအကြောင်းကို ထပ်မပြောရအောင်လား?"
"မင်း ပြောတဲ့ လေသံက ဘယ်လို ဖြစ်နေတာလဲ၊ ငါ တကယ်ပဲ မိန်းမစိုး မဟုတ်ပါဘူး ဆိုနေမှ!"
မော့ကျားက အတော်လေး ဒေါသထွက်နေတာကြောင့် ကျောက်အာရဲ့ စပ်စုချင်စိတ်ကို ပိုဆွလိုက်သလို ဖြစ်နေတယ်။ သူက မေးလိုက်တယ်။ " ရှင်က မိန်းမစိုး မဟုတ်ဘူး ဆိုရင် ဘာလို့ ဧကရာဇ်ရဲ့ ဘေးမှာ ရှိနေတာလဲ၊ နောက်ပြီး လူကို ပြုစုတာကလည်း ဘာလို့ အဲဒီလောက်အထိ ကျွမ်းကျင်နေရတာလဲ။ ရှင် အရင်က ပင်လယ်ဓားပြ လုပ်ခဲ့တာကိုရော သူ သိရဲ့လား။ နန်းတော်ထဲကို လူခေါ်တာက ဒီလောက်အထိတောင် လွယ်နေတာလား၊ မျိုးရိုးစဉ်ဆက်တွေကိုတောင် မစစ်ဆေးကြဘူးလား၊ ဒီလောက် လွယ်လွယ်နဲ့ ဝင်လို့ ရနေတာလား"
263 09
ကြည့်စမ်း… သူ စိတ်ထား မကျယ်တာ မဟုတ်ဘဲ၊ ဒီအမျိုးသမီးကသာ လူကို အတော်လေး ဒေါသထွက်အောင် လုပ်နေတာ၊ သူ ပြောနေတာက သူက ဘယ်က မွေးမှန်းမသိတဲ့ အဆင့်အတန်း မရှိသူ တစ်ယောက်လို ဖြစ်နေတာကိုး။
အထူးသဖြင့် အိပ်ဆောင်ထဲကနေ တိုးညောင်းတဲ့ ရယ်သံလေးတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့ မော့ကျားရဲ့ဒေါသက ငယ်ထိပ်ကို အရှိန်နဲ့ တက်သွားပါတော့တယ်။
"ငါ တကယ်ပဲ မိန်းမစိုး မဟုတ်ဘူး၊ သူက ငါ့ရဲ့ အဖေအရင်းပဲ"
အဲ….
ကျောက်အာမှာ ပါးစပ် အဟောင်းသားနဲ့ မှင်တက်သွားပါတော့တယ်။
******
264 01
အခန်း (၂၆၄)
ဒီကိစ္စကို ပြောရမယ်ဆိုရင် အတိတ်က အကြောင်းအရာတွေအများကြီးနဲ့ ပတ်သက်နေလို့ နည်းနည်းတော့ ရှည်မယ်။
ကျောက်အာ ပြောသလိုပါပဲ၊ အဲဒါက လောကကြီး ခက်ခဲလွန်းလို့ပါပဲ။
အရှေ့တောင် ပင်လယ်ပြင်ရဲ့ အတွင်းဘက်မှာ ရေတပ်ရှိနေသလို၊ အပြင်ဘက်မှာလည်း ဟုန်ဘန်း ရှိနေခဲ့တယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် နယ်မြေမကျူးကျော်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေကြတာက ရွှီထင်းရှန်း စီစဉ်ပေးထားလို့ ဖြစ်တယ်။ ဒီအင်အားစု နှစ်ခု ပူးပေါင်းလိုက်တော့ နယ်မြေအသီးသီးက ပင်လယ်ဓားပြတွေလည်း ဘဝရပ်တည်ဖို့ ခက်သွားပြီး၊ တချို့က အနှိမ်နင်းခံရသလို၊ တချို့လည်း လူကြားထဲ မထွက်ရဲဘဲ ပုန်းနေခဲ့ကြရတာပေါ့။
မော့ကျားက ဟုန်ဘန်းက လာတဲ့သူမို့၊ ပင်လယ်ကိုလည်း ပြန်လို့ မရတော့ဘူး။
သူကိုယ်တိုင်အတွက်ရော၊ သူအပေါ် သစ္စာရှိတဲ့ နောက်လိုက်တွေအတွက်ပါ၊ သူက လူတွေကို ခေါ်ပြီး ကုန်းပေါ်တက်လာခဲ့တာပါ။ နှမြောစရာကောင်းတာက လောကကြီးက ခက်ခဲလွန်းလို့ ဒီလူအုပ်က ပင်လယ်ဓားပြ လုပ်လာတာ အသားကျနေပြီမို့ ဘာအလုပ်မှ မလုပ်တတ်ကြဘူး၊ အဆင့်အတန်းလည်းမရှိ၊ ခရီးသွားလာခွင့် လက်မှတ်လည်းမရှိသလို၊ ကျွမ်းကျင်တဲ့ လက်မှုပညာလည်း မရှိတာကြောင့် ဘဝက အဆင်မပြေလှပါဘူး။
အရင်နှစ်တွေက သိမ်းထားတဲ့ ရွှေငွေတွေ ရှိပေမဲ့၊ ဘာမှမလုပ်ဘဲ ထိုင်စားနေရုံနဲ့တော့ ရေရှည်အတွက် မဖြစ်နိုင်ဘူးလေ။ ဒါ့အပြင် မော့ကျားက အဲဒီတုန်းက ရွှီထင်းရှန်းရဲ့ ကြားဖြတ်တားဆီးတာကို ခံရလို့ ကျောက်အာကို ခေါ်သွားခွင့်မရခဲ့တဲ့ အရှက်ရစရာကိစ္စကိုလည်း ရင်ထဲမှာ အမြဲမှတ်ထားခဲ့တယ်။
ကုန်းပေါ်မှာ ကျင်လည်ခဲ့တာ နှစ်နှစ်ကျော် ရှိလာတော့ သူက အပြင်လောက အခြေအနေတွေကို အများကြီး သိလာခဲ့တယ်။ ရွှီထင်းရှန်း နာမည်ကြီးပုံကလည်း ကမ်းရိုးတန်းတစ်လျှောက်မှာ မသိသူမရှိသလို၊ 'ပင်လယ် နဂါးမင်း' ဆိုတဲ့ အမည်ကလည်း ဟိုးဟိုးကျော်နေတာလေ။
ဒီလို အခြေအနေမျိုးမှာ သူက သူ့ဇာစ်မြစ်ကို ပြန်စဉ်းစားမိလိုက်တယ်။
အမှန်တော့ အစပိုင်းမှာ မော့ကျားက အဖေအရင်းက ဧကရာဇ် ဖြစ်လိမ့်မယ်လို့ မသိခဲ့ဘူး။ အဲဒီတုန်းက သူ့အမေက ကွမ်ကျိုးမြို့က ပျော်ပွဲစားရုံတစ်ခုက ပြည့်တန်ဆာမလေး တစ်ယောက်ပါပဲ။ နတ်သမီးလို လှတဲ့အပြင် သာမန်လူနဲ့မတူတဲ့ ပြာလဲ့လဲ့ မျက်ဝန်းတွေ ရှိတာကြောင့် မြင့်မြတ်တဲ့ အရာရှိကြီးတွေအများကြီးရဲ့ စွဲလန်းတာကို ခံခဲ့ရတယ်။
သူ့ကို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က အချိန်အတန်ကြာ ဝယ်ထားဖူးတယ်။ အဲဒီလူက ငယ်ငယ်တုန်းက ကျားချန်ဧကရာဇ်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက သူက ဧကရာဇ် မဟုတ်သေးဘဲ အိမ်ရှေ့စံပဲ ရှိသေးပြီး၊ ပင်လယ်လမ်းကြောင်း ပိတ်ဆို့တဲ့ ကိစ္စတွေကို စိုးရိမ်လို့ ကိုယ့်အဆင့်အတန်းကို ဖုံးပြီး ကွမ်ကျိုးကို ကိုယ်တိုင်လာစုံစမ်းခဲ့တာ ဖြစ်တယ်။
ပြည့်တန်ဆာမလေး တစ်ယောက်နဲ့ဆိုတာ ခဏမျှ ပျော်ပါးတာပဲမို့၊ ကျားချန်ဧကရာဇ် အနေနဲ့ အမှန်တကယ် ချစ်မြတ်နိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ ခွဲခါနီး အချိန်မှာတော့ အဲဒီမိန်းကလေးကို ကျောက်စိမ်းဆွဲပြား တစ်ခု ပေးခဲ့တယ်။
အဲဒီလူ ထွက်သွားပြီး မကြာခင်မှာပဲ မော့ကျားမိခင်က ကိုယ့်မှာ ကိုယ်ဝန်ရှိနေတာ သိလိုက်ရတယ်။ နှမြောစရာကောင်းတာက ချစ်သူကို ပြန်ရှာဖို့ ခက်တာကြောင့်၊ သူက အကြိမ်ကြိမ် စဉ်းစားပြီးမှ ဗိုက်ထဲက ကလေးကို ဖျက်ချဖို့ ရက်စက်ခြင်း မပြုနိုင်ခဲ့ဘူး။
ဒါပေမဲ့ အဲဒီအချိန်မှာ သူမက ဒီလောကကနေ ထွက်သွားချင်တဲ့စိတ် ရှိလာတယ်။ အဲဒီအချိန်မှာပဲ သူမကို အချိန်အတော်ကြာ စွဲလန်းနေတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး၊ ငွေတွေအများကြီး ပေးလို့ သူမကို ကယ်ထုတ်ချင်တယ်လို့ ပြောလာခဲ့တယ်။ သူမက ကိုယ့်မှာ ကိုယ်ဝန်ရှိနေတာ ပြောပေမဲ့လည်း တစ်ဖက်လူက ဂရုမစိုက်ခဲ့ဘူး။ မော့ကျားမိခင်က သိပ်ကို စိတ်လှုပ်ရှား ဝမ်းသာသွားတာနဲ့၊ အဲဒီလူနဲ့အတူ လိုက်သွားဖို့ သဘောတူလိုက်တယ်။
အဲဒီလူက အမှန်တကယ်ပဲ ငွေတွေအများကြီးပေးပြီး သူမကို ကယ်ခဲ့တာပါ၊ ဒါပေမဲ့ အဲဒီလူနဲ့အတူ လိုက်သွားပြီးမှ၊ မော့ကျားမိခင်က အဲဒီလူဟာ ပင်လယ်ဓားပြ ခေါင်းဆောင်တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတယ်။
နှမြောစရာကောင်းတာက လောကကြီးက ကျယ်ပေမဲ့လည်း၊ သူ့လို အားနည်းတဲ့ အမျိုးသမီးတစ်ယောက်အတွက် ခိုနားရာမရှိသလို၊ တစ်ဖက်လူကလည်း သူ့အပေါ် အမှန်တကယ် စိတ်ရင်းရှိတာ မြင်ရတာနဲ့ အဲဒီလူနဲ့ပဲ ပေါင်းသင်းနေထိုင်ခဲ့တော့တယ်။
အဲဒီလူက မော့ကျားရဲ့ အမည်ခံ မွေးဖခင်ဖြစ်တဲ့ မော့ဝမ် ဖြစ်တယ်။ အရှေ့တောင် ကမ်းရိုးတန်း တစ်လျှောက်မှာ လှည့်လည်ကျက်စားတဲ့ ပင်လယ်ဓားပြ ခေါင်းဆောင် တစ်ယောက်ပေါ့။
ဒါပေမဲ့ ဒီလို အေးချမ်းတဲ့ နေ့ရက်တွေက ကြာရှည်မခံခဲ့ဘူး၊ မော့ကျား အသက် ၈ နှစ်မှာ မော့ဝမ်က ပင်လယ်ဓားပြ အချင်းချင်း တိုက်ခိုက်ရင်း ဆုံးသွားခဲ့တယ်။ မော့ကျားမိခင်လည်း ဝမ်းနည်းလွန်းလို့ ရောဂါရပြီး နောက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ရရှာတယ်။
မသေခင် အချိန်မှာ သူမက အဲဒီကျောက်စိမ်းဆွဲပြားကို မော့ကျားကို ပေးပြီး၊ သူ့ဖခင်အရင်းက တခြားသူ တစ်ယောက် ဖြစ်ကြောင်း ပြောပြခဲ့တယ်။
ဒီကိစ္စကို မော့ကျားက အမြဲတမ်း စိတ်ထဲမှာ ထားတာမျိုး မရှိခဲ့ဘူး။
264 02
အဲဒီတုန်းက အဲဒီလူက သူ့မိခင်ကို စွန့်ပစ်ခဲ့တာမို့၊ သူလည်း အဲဒီလူကို သွားရှာဖို့ စိတ်မပါခဲ့ဘူး။ ဒါပေမဲ့ နှစ်တွေအများကြီးအတွင်းမှာ၊ တဖြည်းဖြည်း အရွယ်ရောက်လာတာနဲ့အမျှ၊ တစ်ဖက်လူက သာမန်လူ မဟုတ်မှန်း သူ သိလာတယ်။
ဘာလို့လဲဆိုတော့ အဲဒီကျောက်စိမ်းဆွဲပြားပေါ်မှာ နဂါးရုပ်တစ်ခုကို ထွင်းထားလို့ပါပဲ။
ရှေးအရင်ကတည်းက နဂါးရုပ်ပုံလွှာတွေက တော်ဝင်မိသားစုကလွဲရင် ဘယ်သူမှ သုံးခွင့်မရှိဘူး၊ ဒါ့အပြင် နဂါးရုပ်ပုံစံတွေမှာလည်း စည်းကမ်းတွေ အများကြီး ရှိတာလေ။ ဒီနဂါးရုပ်က နဂါးအစစ် မဟုတ်ရင်တောင်၊ ဒီလို ကျောက်စိမ်းဆွဲပြားကို သုံးနိုင်တဲ့သူက တော်ဝင်မိသားစုဝင် မဟုတ်ရင်တောင် အနည်းဆုံးတော့ တော်ဝင်ဆွေမျိုး တစ်ယောက် ဖြစ်ရမယ်ဆိုတာ သေချာနေတယ်။
မော့ကျားက ငယ်ငယ်ကတည်းက ပင်လယ်ဓားပြ စခန်းထဲမှာ မွေးဖွား ကြီးပြင်းလာရသလို၊ ငယ်ငယ်ကပင် ဘဝရဲ့ အနိမ့်အမြင့်တွေကို ကြုံခဲ့ရသူမို့၊ ကိုယ်ကျင့်တရားနဲ့ သိက္ခာ ဆိုတာကလည်း သူ့အတွက် အလိုရှိရင် သုံးပြီး၊ အလိုမရှိရင် လွှင့်ပစ်နိုင်တဲ့ အရာတစ်ခုပါပဲ။
ပင်လယ်ဓားပြတွေက အသက်ရှင်ဖို့အတွက် ဘာကိုမဆို အသုံးချတတ်ကြတာမို့၊ သူက ဖခင်အရင်းကို ရှာချင်တဲ့စိတ်က အရှိန်အဝါကို အသုံးချချင်ရုံသက်သက်မို့ ရှက်နေတာမျိုး လုံးဝ မရှိဘူး။
ဒါ့အပြင် ရှာတွေ့မလား ဆိုတာကလည်း မသေချာဘူးလေ။
သူက မြို့တော်ကို ရောက်လာခဲ့တယ်။ တော်ဝင်ဆွေမျိုးတွေ အားလုံးက မြို့တော်မှာပဲ ရှိတာ မဟုတ်လား။
အခက်အခဲတွေအများကြီး ကျော်ဖြတ်ပြီးမှ၊ သူက ကျားချန်ဧကရာဇ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီကျောက်စိမ်းဆွဲပြားက အဲဒီတုန်းက ကျားချန်ဧကရာဇ် နန်းမတက်ခင်က သုံးခဲ့တဲ့ အရာနဲ့ တူနေလို့ ဖြစ်တယ်။
သူက လက်ကျန် ရွှေငွေတွေကို သုံးပြီး၊ နန်းတော်စောင့်တပ် အစောင့်အကြပ် ရာထူးတစ်ခုကို ဝယ်ခဲ့တယ်။ နောက်ထပ် တစ်နှစ်ကျော် အချိန်တွေကို သုံးပြီးမှ၊ နောက်ဆုံးမှာ ဧကရာဇ်ရဲ့ ရှေ့မှာ အလုပ်အကျွေး ပြုခွင့် ရခဲ့တယ်။
တစ်ခါက ကျားချန်ဧကရာဇ်ရှေ့မှာ၊ သူက ဒီကျောက်စိမ်းဆွဲပြားကို တမင်တကာ ကျအောင် လုပ်ပြီးမှပဲ သားအဖချင်း ပြန်သိခဲ့ကြတယ်။
ဒီကိစ္စက သိပ်ကို လျှို့ဝှက်လွန်းလို့ ကျိန့်အန်းချန်တောင် မသိခဲ့ဘူး၊ ကျားချန်ဧကရာဇ်ကလည်း မော့ကျားကို ချက်ချင်းပဲ အသိအမှတ် မပြုသေးဘဲ၊ သူ့ကို အစောင့်အကြပ် တစ်ယောက်အဖြစ်ပဲ ဆက်ထားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင် သွေးသား ဆိုတာ ရောလို့ မရတာမို့၊ သူက လူလွှတ်ပြီး သေသေချာချာ စုံစမ်းဖို့ စီစဉ်ခဲ့တယ်။
နှမြောစရာကောင်းတာက ဒီကိစ္စရဲ့ အဖြေ မထွက်ခင်မှာတင်၊ ဒုတိယမင်းသားရဲ့ ပုန်ကန်မှုကိစ္စ ဖြစ်သွားတာပါပဲ။ ဒါကလည်း မော့ကျားအနေနဲ့ ကျားချန်ဧကရာဇ်ကို ခိုးထုတ်လာနိုင်တဲ့ အဓိက အကြောင်းရင်း ဖြစ်သွားတယ်။ ပထမက သူ့ရဲ့ ကိုယ်ခံပညာ မြင့်တာကြောင့်ဖြစ်သလို၊ ဒုတိယက ကိုယ်တိုင် စောင့်နေတဲ့ နေရာကနေ ကိုယ်တိုင် ခိုးလာခဲ့လို့ပါ။
ဒါပေမဲ့ ကျောက်အာရဲ့ရှေ့မှာတော့ မော့ကျားက ဒီအကြောင်းတွေကို အသေးစိတ် မပြောဘဲ စကားနည်းနည်းနဲ့ပဲ အကျဉ်းချုပ် ပြောလိုက်ပါတယ်။
ဒါပေမဲ့ ကျောက်အာကတော့ အလိုလို တွေးမိသွားတယ်။ သူ့ဦးနှောက်ထဲမှာ ကျားချန်ဧကရာဇ် ငယ်ငယ်တုန်းက လည်ပတ်ရင်း ပွေရှုပ်ခဲ့တဲ့ ဇာတ်လမ်းကြီး တစ်ခုကို မြင်ယောင်နေတော့တယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ သူလည်း တိုက်ရိုက် ထုတ်မပြောဘဲ၊ မော့ကျားရဲ့ ဘဝဇာတ်ကြောင်း ရှုပ်ထွေးပုံကိုပဲ တစ်ချက် ညည်းတွားလိုက်မိတယ်။
ဒါပေမဲ့ ဒီလောက်ပါပဲ။
မော့ကျား စိတ်ကူးနေတဲ့ သူမက သူ့ကို တစ်မျိုးတစ်ဖုံ ကြည့်လာမယ် ဒါမှမဟုတ် သူ့ဝတ်ရုံအောက်မှာ ဒူးထောက် အရှုံးပေးလာမယ် ဆိုတာတွေကတော့ မော့ကျားရဲ့ တစ်ဖက်သတ် စိတ်ကူးတွေပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျောက်အာရဲ့ မျက်နှာမှာတော့ အဲဒီလို ခံစားချက်မျိုး သူ လုံးဝ ရှာမတွေ့ဘူး။
ဒါက သူ့ကို ရှက်လည်း ရှက်စေသလို၊ အားလည်း မလိုအားမရ ဖြစ်စေခဲ့တယ်။ နှမြောစရာကောင်းတာက ကျောက်အာအနေနဲ့ သူ့ရဲ့ထူးဆန်းတဲ့ အတွေးတွေကို ဘယ်လိုမှ နားလည်မှာ မဟုတ်တာပါပဲ။
မော့ကျားက ဒီလို လျှို့ဝှက်ချက်တွေကိုတောင် ကိုယ့်ကို ပြောလာတာမို့၊ ကျောက်အာလည်း တစ်ဖက်လူအပေါ် ယုံကြည်မှု နည်းနည်း ရှိလာပြီး မေးလိုက်တယ်။ "ရှင်တို့တွေ ဒီမှာပဲ ပုန်းနေကြမှာလား။ ဘာမှလုပ်ဖို့ စိတ်မကူးကြဘူးလား။ ဧကရာဇ်မင်းမြတ်မှာလည်း အားကိုးရတဲ့ လူယုံတော် အမတ်ကြီးတွေ ရှိမှာပဲလေ၊ သူတို့နဲ့ ဆက်သွယ်ဖို့ စိတ်မကူးဘူးလား?"
မော့ကျားက စိတ်ခံစားချက်တွေကို မြိုသိပ်လိုက်ပြီး၊ မျက်နှာမှာ နည်းနည်း ခက်ခဲတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။
ဒီကိစ္စကို သူ ကျားချန်ဧကရာဇ်နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ညတည်းအတွင်းမှာပဲ ကျင်းယီဝေ့တွေ ပျောက်သွားသလို၊ ကျိန့်အန်းချန်ကလည်း သစ္စာဖောက်သွားပြီမို့၊ ကျားချန်ဧကရာဇ် ကိုယ်တိုင်တောင် တခြားလူတွေလည်း စိတ်ဓာတ် ပြောင်းသွားကြပြီလား ဆိုတာ မသေချာတော့ဘူးလေ။
264 03
ပွင့်ပွင့်လင်းလင်း ပြောရရင် အခု ကျားချန်ဧကရာဇ်က ဘယ်သူ့ကိုမှ မယုံတော့တာပါ၊ အခုတစ်ကြိမ် ဖြစ်ရပ်က သူ့ကို အကြီးမားဆုံး တိုက်ခိုက်မှု ဖြစ်စေခဲ့တာ မဟုတ်လား။
ဒါပေမဲ့ ကိုယ့်ဘာသာ အသေခံဖို့ စောင့်နေလို့ မရတာမို့၊ အစီအစဉ်တွေ ထပ်ချဖို့ လိုနေသေးတယ်။
ကျောက်အာက နားလည်သလို ခေါင်းညိတ်ပြပြီး ဆိုလိုက်တယ်။ "ဒါဆိုရင်လည်း ရှင်တို့ မြန်မြန် လုပ်ကြနော်။ လူတွေ ပြောတာ ကြားရတာတော့ အခု ဟိုလူတွေက နေရာအနှံ့မှာ လိုက်ရှာတာတွေ မလုပ်တော့ဘူးတဲ့၊ ကျွန်မအထင်တော့ သူတို့တွေ နောက်ပိုင်းမှာ ကြီးကျယ်တဲ့ လုပ်ရပ်တစ်ခုခု လုပ်တော့မှာပဲ"
ဒီစကားကို ကြားတော့ မော့ကျားက ခေါင်းညိတ်ပြပြီး အထဲကို ပြန်ဝင်သွားခဲ့တယ်။
ဒီကြီးကျယ်တဲ့ လုပ်ရပ်က နောက်တစ်နေ့ ညနေမှာတင် ရောက်လာပေမဲ့၊ ရွှီအိမ်တော်နဲ့တော့ ဘာမှ မဆိုင်ဘူး။
အပြင်ဘက်မှာ မိုးချုပ်စ အချိန်မှာ၊ နန်းတော် တံခါးကြီးက ရုတ်တရက် ပွင့်လာပြီး၊ လူအုပ်စု တစ်စု အလျင်အမြန် ပြေးထွက်လာကြတယ်။
ဒီလူမြင်း အုပ်စုက တုန်းဟွာမန် တံခါးက ထွက်ပြီးနောက်မှာ၊ အဖွဲ့ငယ်တွေအများကြီး ခွဲလိုက်ကြပြီး မင်းသားအသီးသီးရဲ့ အိမ်တော်တွေဆီကို အသီးသီး သွားခဲ့ကြတော့တယ်။
အိမ်ရှေ့စံ မသတ်မှတ်ရသေးတာကြောင့် အရွယ်ရောက်ပြီးတဲ့ မင်းသားတချို့မှာလည်း ဘွဲ့ထူး ဂုဏ်ထူးတွေ မရှိကြသေးဘဲ၊ အိမ်တော် ဆောက်ထားရင်တောင် 'မင်းသား အိမ်တော်' လို့ပဲ ခေါ်ကြတယ်။
သူတို့က နန်းတော်က အမိန့်တော်ကို ရုတ်တရက်ရတော့ စိတ်ထဲမှာ လှုပ်ရှားသွားပေမဲ့၊ ရှေ့မှောက်မှာတော့ ငြင်းဖို့ မဝံ့ရဲကြဘဲ၊ ရေချိုးတာ၊ အဝတ်အစား လဲတာတွေနဲ့ အချိန်ဆွဲနေခဲ့သလို၊ တခြားမင်းသား အိမ်တော်တွေဆီလည်း လူလွှတ်ပြီး သတင်းစုံစမ်းခိုင်းကာ၊ တခြား အိမ်တော်တွေမှာလည်း အမိန့်တော် ရ၊ မရကို ကြည့်နေခဲ့ကြတယ်။
မင်းသားငါး ချီကျန့်က အခုနှစ်မှာ အသက် ၁၉ နှစ် ရှိပြီဖြစ်ပြီး၊ အိမ်တော် ဆောက်တာ တစ်နှစ်တောင် မရှိသေးဘူး၊ သူ့မိခင်ဘက်က မျိုးရိုးက နိမ့်တာကြောင့်၊ အရွယ်ရောက်တဲ့ မင်းသားတွေထဲမှာ သူက အမြဲတမ်း အထင်မရှားဆုံး လူတစ်ယောက် ဖြစ်ခဲ့တယ်။
ဒါပေမဲ့ သူ့ရဲ့ကိုယ်ခံပညာက မြင့်သလို စစ်ရေးမှာလည်း ရဲရင့် ထက်မြက်သူမို့၊ တစ်ခါက ကျားချန်ဧကရာဇ်က သူ့ကို ချီးမွမ်းခဲ့ဖူးတယ်။ "နောင်တစ်ချိန်မှာ တာ့ချန်းရဲ့ အစွမ်းထက်တဲ့ စစ်သူကြီး တစ်ယောက် ဖြစ်လာလိမ့်မယ်"
ဒီစကားက မင်းသားငါး အတွက် ပလ္လင်ဆီ တက်မယ့်လမ်းကို ပိတ်လိုက်သလို ဖြစ်နေပေမဲ့၊ မင်းသားငါး ကိုယ်တိုင်လည်း ဒီကိစ္စကို တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။ တော်ဝင်မိသားစုမှာ ရှေးအရင်ကတည်းက "မိခင် မြင့်ရင် သား မြင့်တယ်။ သား မြင့်ရင် မိခင် မြင့်တယ်" ဆိုတဲ့ စည်းကမ်း ရှိတာလေ၊ သူ့မိခင်က မျိုးရိုးနိမ့်သလို၊ အစက နန်းတွင်းသူလေး တစ်ယောက်ပဲ ဖြစ်ခဲ့ပြီး၊ ကွယ်လွန်ချိန်မှာတောင် အဆင့်နိမ့် မိဖုရား အဆင့်ပဲ ရခဲ့တာမို့၊ ဘယ်သူပဲ ပလ္လင်ရရ သူ့အတွက်တော့ ဖြစ်စရာ မရှိပါဘူး။
အဲဒီအချိန်မှာ မင်းသားငါးရဲ့ အိမ်တော်ထဲမှာ၊ မင်းသားငါးက မျက်မှောင်ကို တင်းတင်း တွန့်ပြီး မှာလိုက်တယ်။ "မင်းသားသုံး ဆီကို သွားကြည့်စမ်း၊ မင်းသားသုံး အိမ်တော်မှာလည်း နန်းတော်ဝင်ဖို့ အမိန့်တော်စာ ရ၊ မရ သွားစုံစမ်းခဲ့"
သူ့လူယုံက ချက်ချင်းပဲ ထွက်သွားပြီး၊ အခန်းထဲမှာ သူနဲ့ သူ့အတိုင်ပင်ခံ နှစ်ယောက်ပဲ ကျန်တော့တယ်။
"ဆရာတို့ နှစ်ယောက် ဘယ်လို မြင်လဲ။ ငါ ဘာလို့ ဒီကိစ္စမှာ ထူးခြားတာတွေ ရှိနေတယ်လို့ ခံစားနေရတာလဲ?"
အမှန်တော့ အစကတည်းက မင်းသားငါးက ထူးခြားနေတယ်လို့ ခံစားရတယ်။ ခမည်းတော်က သားတွေက သစ္စာဖောက်မှာကို ဘယ်လောက်ပဲ ကြောက်နေပါစေ၊ ဒီလို အပြုအမူမျိုး လုပ်လိမ့်မယ် မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျားချန်ဧကရာဇ်ရဲ့စရိုက်နဲ့ ပြုမူပုံတွေကို ပြန်စဉ်းစားကြည့်ရင် ဒီလိုမျိုး လုပ်မိတာကလည်း နားလည်လို့ မရတာ မဟုတ်ဘူးလို့ ထင်ရပြန်တယ်။
ခြုံပြောရရင်တော့ အလွန်ပဲ ရှုပ်ထွေးလှပါတယ်။
ဒါပေမဲ့ ခန့်မှန်းတာက ခန့်မှန်းတာပါပဲ၊ သူလည်း နန်းတော်ကို သွားတွေ့ဖို့ စမ်းခဲ့ဖူးပေမဲ့၊ ကျိန့်အန်းချန်ကပဲ ရှေ့ထွက်တားခဲ့တာလေ။ ကျိန့်အန်းချန်ကို မြင်ရမှပဲ၊ မင်းသားငါးက နောက်ထပ် မစဉ်းစားတော့ဘဲ နေခဲ့တာပါ။
ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း အတွင်းမြို့မှာ ဆူညံနေတာမို့၊ မင်းသား အိမ်တော် အသီးသီးကလည်း အခြေအနေတွေကို အမြဲစောင့်ကြည့်နေခဲ့ကြတာကြောင့် မင်းသားငါးလည်း မကောင်းတဲ့ဘက်က မတွေးဘဲ မနေနိုင်တော့ဘူး။ အခု ဒီလိုကိစ္စ ထပ်ဖြစ်လာတော့ သူ ဆက်ပြီး မတွန့်ဆုတ်ဘဲ မနေနိုင်တော့တာပေါ့။
264 04
"မင်းသား အနေနဲ့ နန်းတွင်း ရာဇဝတ်အရာရှိ ကို နည်းနည်း စမ်းမေးကြည့်လို့ ရပါတယ်။ မင်းသား တစ်ယောက်တည်းကိုပဲ ခေါ်တာလား၊ ဒါမှမဟုတ် လူတွေကိုပါ ခေါ်သွားလို့ ရမလား ဆိုတာကိုပေါ့"
"ဒါက..." မင်းသားငါးက ခဏစဉ်းစားပြီးနောက်၊ မှာစရာ ရှိတာတွေကို မှာလိုက်တယ်။
မကြာခင်မှာပဲ နှစ်ဖက်လုံးက သတင်းတွေ ရောက်လာတယ်။ မင်းသားသုံး အိမ်တော်မှာလည်း အမိန့်တော် ရထားသလို၊ အခုအချိန်မှာ မင်းသားသုံးက နန်းတော်ဝင်ဖို့ ပြင်နေပြီဆိုတာ သိလိုက်ရတယ်။ သူ့အိမ်တော်ဘက်မှာလည်း၊ မင်းသားငါး လှည့်မေးကြည့်ရာမှာ ရတဲ့ အဖြေက ဧကရာဇ်မင်းမြတ်က မင်းသား တစ်ယောက်တည်းကိုပဲ နန်းတော်ဝင်ဖို့ အမိန့်ပေးထားတာဖြစ်ကြောင်း သိလိုက်ရတယ်။
ဒါကို မြင်တော့ မင်းသားငါးက ထပ်ပြီး မတွန့်ဆုတ်တော့ဘူး။
ဒီလို အခြေအနေမျိုးမှာ နန်းတော်ထဲမှာ ဓားတောင် သံတံတိုင်းတွေ ရှိနေပါစေဦး၊ သူကတော့ မဖြစ်မနေ သွားရမှာပဲ။
စကားအများကြီး မပြောတော့ဘဲ၊ မင်းသားငါးက သေသေချာချာ ပြင်ပြီးတော့ နန်းတော်က လာတဲ့ လူတွေနဲ့အတူ လိုက်သွားခဲ့တယ်။ တုန်းဟွာမန် တံခါး ရောက်တော့ မင်းသားသုံး ချီဟွေ့ နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ကြတာပေါ့။
မင်းသားငါးနဲ့ မင်းသားသုံးက ရှေးအရင်ကတည်းက သံယောဇဉ် ကောင်းခဲ့ကြတာမို့၊ အဖော် ရှိတော့ ရင်ထဲမှာ ပိုပြီး တည်ငြိမ်သွားခဲ့ရတယ်။
နှစ်ယောက်သား နန်းတော်တံခါးရှေ့မှာ ခဏရပ်စောင့်နေတုန်း ဒုတိယမင်းသားနဲ့ မင်းသားလေးလည်း ရောက်လာကြတယ်။
ဒီအရွယ်ရောက်တဲ့ မင်းသားတွေထဲမှာ၊ ဒုတိယမင်းသားက အသက်အကြီးဆုံးဖြစ်ပြီး အခုနှစ်မှာ ၂၄ နှစ် ရှိပြီ၊ အသက်အငယ်ဆုံးက မင်းသားငါးပါ။ တခြား မင်းသားတွေကတော့ အရွယ်မရောက်သေးလို့ အခုထိ နန်းတော်ထဲမှာပဲ နေနေကြတုန်းပေါ့။
"ဒုတိယအစ်ကို၊ အစ်ကိုက အကြီးဆုံးမို့၊ အစ်ကို အရင် ကြွပါ"
အဓိပ္ပာယ် မရှိတဲ့ အပြန်အလှန် နှုတ်ဆက်မှုတွေ ပြီးတော့ ဒုတိယမင်းသားက ဦးဆောင်ပြီး၊ တခြား မင်းသား သုံးယောက်က နောက်က လိုက်ကာ၊ တစ်ယောက်ပြီးတစ်ယောက် နန်းတော်ထဲ ဝင်သွားကြတော့တာပါပဲ။
အဝေးကနေ ချန်ချင်းနန်းဆောင်မှာ မီးအိမ်တွေ လင်းနေတာကို မြင်ရပြီး၊ ချန်ချင်းမန် တံခါးရှေ့ ရောက်တော့ တိုးတိုးလေး ကြားရတဲ့ ငိုရှိုက်သံတွေကိုပါ အတိုင်းသား ကြားလိုက်ရတယ်။
လေးယောက်လုံးရဲ့ ရင်ထဲမှာ ထိတ်လန့်သွားပြီး၊ တခြားဘာမှ ဂရုမစိုက်နိုင်တော့ဘဲ အထဲကို အမြန် ပြေးဝင်သွားကြတယ်။
လမ်းတစ်လျှောက် နောက်ဘက် အိပ်ဆောင်အထိ သွားခဲ့ကြပေမဲ့၊ အထဲကိုတော့ ဝင်ခွင့် မရတော့ဘဲ မိန်းမစိုးတွေရဲ့ တားတာကို ခံလိုက်ရတယ်။
ဒုတိယမင်းသားက ဒေါသတကြီးနဲ့ အော်နေသလို၊ မင်းသားလေးကလည်း ဆက်တိုက် ကြိမ်းမောင်းနေခဲ့တယ်။
အဲဒီအချိန်မှာ အတွင်းကနေ အမတ်ကြီး နည်းနည်း ထွက်လာခဲ့ကြတယ်။ အားလုံးရဲ့ မျက်နှာမှာ ဝမ်းနည်း ပူဆွေးတဲ့ အမူအရာတွေ ရှိနေသလို၊ ကျိန့်အန်းချန်လည်း ပါနေခဲ့တယ်။
ကျိန့်အန်းချန်က မျက်ရည်တွေကို သုတ်ပြီး ဆိုလိုက်တယ်။ "ကျွန်တော်မျိုး တခြား မင်းသားတွေကို သွားပင့်ခိုင်းလိုက်ပါပြီ၊ ဒါ့အပြင် ကွေ့ဖေးသခင်မကြီးနဲ့ သျူးဖေး သခင်မကြီး တို့ကိုလည်း အကြောင်းကြားထားပါတယ်။ မင်းသားများ အနေနဲ့လည်း ဝမ်းနည်းမှုတွေကို ထိန်းတော်မူကြပါဦး"
ဒုတိယမင်းသားက မယုံနိုင်တဲ့ မျက်နှာနဲ့၊ ကျိန့်အန်းချန်ရဲ့ ဝတ်ရုံစကို ဆွဲကိုင်ပြီး မေးလိုက်တယ်။ "ငါ့ခမည်းတော် ဘာဖြစ်လို့လဲ?"
မင်းသားသုံးနဲ့ တခြားသူတွေလည်း မျက်နှာတွေ ဖြူဖျော့ပြီး အံ့အားသင့်နေကြကာ၊ ယိုင်သွားသလိုမျိုး ဖြစ်နေပြီး လုံးဝမယုံနိုင်ဘဲ ဖြစ်နေကြတယ်။
"ဧကရာဇ်မင်းမြတ် နတ်ရွာစံတော်မူပါပြီ..."
"ဖယ်စမ်း… ငါ ခမည်းတော်ကို သွားတွေ့မယ်!" ဒုတိယမင်းသားက ဒေါသတကြီး အော်ပြီး ကျိန့်အန်းချန်ကို တွန်းဖယ်လိုက်ပေမဲ့၊ ခြေလက်တွေ အားနည်းသွားလို့ ယိုင်သွားခဲ့ရာ လဲကျလုနီးပါး ဖြစ်သွားရတယ်။
မိန်းမစိုး နည်းနည်းက အမြန်ပဲ သူ့ကို တွဲထားလိုက်ကြပြီး၊ ဝမ်းနည်းမှုကို ထိန်းဖို့ ဝိုင်းဖျောင်းဖျကြတော့တယ်။
ဒီ ဝမ်းနည်းမှုကို ထိန်းဖို့ ဆိုတာက ပြောဖို့ လွယ်ပေမဲ့၊ လက်တွေ့မှာတော့ အဲဒီမိန်းမစိုး တစ်ယောက်ချင်းစီက ကိုယ့်ဖခင် ဆုံးပါးသွားသလိုမျိုး ငိုနေကြသလို၊ ကျိန့်အန်းချန်လည်း အသက်ကြီးနေပါလျက်နဲ့ မျက်ရည်တွေနဲ့ ပြည့်နေခဲ့တယ်။
264 05
ချန်ချင်းနန်းဆောင် တစ်ခုလုံးက ဝမ်းနည်းခြင်း တိမ်တိုက်တွေနဲ့ ဖုံးလွှမ်းသွားပြီး၊ ငိုရှိုက်သံတွေကလည်း နေရာအနှံ့က ထွက်လာခဲ့တော့တယ်။
ဧကရာဇ် နတ်ရွာစံတာက ကောင်းကင်ကြီး ပြိုကျသွားတာနဲ့ အတူတူပါပဲ။
ခဏကြာတော့ လူတွေက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။
အရင်ဆုံး ကျုန်းကွေ့ဖေး ၊ ကျောက်သျူးဖေး နဲ့ မာဖေး ဆိုတဲ့၊ မြင့်မားတဲ့ အဆင့်အတန်းရှိတဲ့ မိဖုရားကြီး သုံးယောက် ရောက်လာကြပြီး၊ သူတို့ အားလုံးမှာ အရွယ်ရောက်တဲ့ မင်းသားတွေ ရှိကြတယ်။ ဒုတိယမင်းသားက ကျုန်းကွေ့ဖေးက မွေးတာဖြစ်ပြီး၊ မာဖေးက မင်းသားသုံးကို မွေးခဲ့ကာ၊ ကျောက်သျူးဖေးကတော့ မင်းသားလေးကို မွေးခဲ့တာပါ။
အဲဒီနောက်မှာ ကျားချန်ဧကရာဇ် အတွက် မင်းသမီးတွေကို မွေးပေးခဲ့သူတွေ၊ ပြီးတော့ သားငယ်လေးတွေကို ကျွေးနေတဲ့ အဆင့်နိမ့် မိဖုရားများစွာလည်း ရောက်လာကြတယ်။ သားသမီး မရှိတဲ့သူတွေကတော့ ဒီလို အခြေအနေမျိုးမှာ ရောက်လာရင်တောင် အပြင်ဘက်မှာပဲ ရပ်နေခဲ့ကြရတယ်။
နန်းဆောင်ထဲမှာ ရပ်နေကြတုန်း၊ အပြင်ကနေ သဲ့သဲ့လေး ကြားနေရတဲ့ ငိုရှိုက်သံတွေက ပိုပြီးတော့ ဝမ်းနည်းဖို့ ကောင်းလှတာကြောင့် စိတ်နှလုံးကို ပိုပြီး နာကျင်စေခဲ့တယ်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျွန်တော်မျိုးမ မနေ့ကပဲ ဧကရာဇ်ကို မြင်ခဲ့တာ၊ ဧကရာဇ်က ကောင်းကောင်းမွန်မွန် ရှိနေသေးတာပဲကို..."
နန်းဆောင်ထဲမှာ ကျုန်းကွေ့ဖေးက မျက်နှာကို အုပ်ပြီး ရှိုက်ကြီးတငင် ငိုနေခဲ့ပြီး၊ တစ်ကိုယ်လုံး အားနည်းနေလို့ ဘေးက နန်းတွင်းသူလေးတွေကိုပဲ အားကိုးပြီး တွဲထားရတယ်။
တခြားသူတွေလည်း သူ့ထက် မသာပါဘူး၊ တစ်ယောက်ချင်းစီမှာ ပုဝါတွေက မျက်ရည်တွေနဲ့ စိုနေသလို၊ တချို့ကတော့ အဲဒီမှာတင် မူးလဲသွားတာတွေလည်း ရှိခဲ့တယ်။ အဲဒီတော့ မိန်းမစိုးတွေက အမြန်ပဲ ထမ်းခေါ်သွားကြရပြီး၊ ဒီလို အချိန်မျိုးမှာတော့ သိက္ခာနဲ့ အဆင့်အတန်းတွေကိုလည်း ဂရုမစိုက်နိုင်ကြတော့ပါဘူး။
နန်းဆောင်ထဲမှာ ငိုရှိုက်သံတွေက အနိမ့်အမြင့် အမျိုးမျိုးနဲ့ ထွက်နေပြီး၊ လူတိုင်းရဲ့ ရင်ထဲမှာ ဝမ်းနည်း ပူဆွေးတာတွေ ပိုပြီး ပြင်းထန်လာစေခဲ့တယ်။
မင်းသားခြောက် ချီထောက် က အသက် ၁၄ နှစ် အရွယ်ပဲ ရှိသေးလို့၊ အရွယ်မရောက် တစ်ရောက် ပုံစံနဲ့ မိခင်ဖြစ်သူ အန်းဖိန်ရဲ့ ဘေးမှာ ဝမ်းနည်းစွာ ရပ်နေခဲ့တယ်။
မင်းသားခုနစ် နဲ့ မင်းသားရှစ် တို့ကတော့ အသက် ၁၀ နှစ်တောင် မရှိသေးတာမို့၊ မိခင်တွေရဲ့ဘေးမှာ ငိုနေကြတယ်။ မင်းသားကိုးက အငယ်ဆုံးမို့၊ နို့ထိန်းမကြီးရဲ့ ရင်ခွင်ထဲမှာပဲ ရှိနေသေးတယ်။
"ဧကရာဇ်မင်းမြတ်ရယ်၊ ဘာဖြစ်လို့များ အခုလို စောစော ထွက်သွားရတာလဲ၊ ကျွန်တော်မျိုးမတို့ သားအမိကို ဘယ်လိုများ ဆက်ပြီး နေခိုင်းတော့မလို့လဲ?"
ဒီနေရာမှာ အဆိုးရွားဆုံး ငိုနေသူက မင်းသားကိုးရဲ့ မိခင်ဖြစ်သူ ရုဖိန်ပါပဲ။
ဒီအမျိုးသမီးက အသက် ၂၀ ကျော် အရွယ်ပဲ ရှိသေးပြီး၊ မကြာသေးခင် နှစ်တွေမှာ ကျားချန်ဧကရာဇ်ရဲ့ အချစ်ဆုံးသူ တစ်ယောက် ဖြစ်ခဲ့တာ။ ချစ်မြတ်နိုးခံရတာ နှစ်နှစ်တောင် မရှိသေးခင်မှာပဲ၊ ခက်ခက်ခဲခဲနဲ့ မင်းသား တစ်ပါး မွေးပေးနိုင်ခဲ့တာမို့၊ နောင်တစ်ချိန်မှာ တစ်သက်လုံး စည်းစိမ်ချမ်းသာ ခံစားရမယ်လို့ ယူဆခဲ့ကြသလို၊ အကယ်လို့ ကျားချန်ဧကရာဇ်သာ သဘောကျရင် သူ့သားလေးကို အိမ်ရှေ့စံ အဖြစ် တင်ကောင်း တင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ ဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်က အသက်ကြီးလာလေလေ၊ သားကြီးတွေကို ပိုမကြိုက်တော့ဘဲ ရှိနေတတ်တာမို့၊ မင်းသားကိုးရဲ့ အသက်ကလည်း အနေအထား ကောင်းတာကိုး။ နှမြောစရာကောင်းတာက ကျားချန်ဧကရာဇ်က ရုတ်တရက် နတ်ရွာစံသွားပြီမို့၊ မိဘမဲ့ သားအမိ နှစ်ယောက်အတွက် အနာဂတ် ဘဝက ဘယ်လို ရှိမယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်တော့ဘူး။
ဖခင်အရင်းက ဧကရာဇ် လုပ်တာနဲ့၊ ဖခင်တူ အမေကွဲ အစ်ကိုက ဧကရာဇ် လုပ်တာက လုံးဝ ကွဲပြားတဲ့ ကိစ္စတွေ မဟုတ်လား။
ရုဖိန်က အသည်းအသန် ငိုနေတာမို့၊ နန်းတွင်းသူလေး နည်းနည်းကတောင် သူ့ကို မထိန်းနိုင်ဘဲ ဖြစ်နေခဲ့တယ်။
ကျုန်းကွေ့ဖေးရဲ့ မျက်ဝန်း နှစ်ဖက်စလုံးက နီနေပြီး၊ ဒေါသတကြီးနဲ့ အော်လိုက်တယ်။ "ရုဖိန်၊ အခုလို အခြေအနေမှာ နင် ဘာတွေ ဆူနေတာလဲ၊ ထပ်ဆူနေဦးမယ် ဆိုရင်တော့ ငါကိုယ်တိုင် နင့်ကို အပြင်ကို နှင်ထုတ်လိုက်မယ်"
ကျုန်းကွေ့ဖေး အမျက်ထွက်သွားတာ မြင်တော့ မြေပြင်ပေါ်မှာ လဲနေတဲ့ ရုဖိန်က ချက်ချင်းပဲ အသံတိတ်သွားပေမဲ့၊ ရှိုက်ကြီးတငင် ငိုနေတုန်းမို့ မူးလဲလုနီးပါး ဖြစ်နေခဲ့တယ်။
ကျုန်းကွေ့ဖေးက ဒီမှာ အဆင့်အတန်း အမြင့်ဆုံး မိဖုရားမို့၊ မိဖုရားခေါင်ကြီး နတ်ရွာစံပြီးကတည်းက နန်းတွင်းရေးရာ အားလုံးကို သူကပဲ စီမံခဲ့တာလေ။
ကျောက်သျူးဖေး နဲ့ မာဖေး တို့က သူ့ကို ကူညီနေကြပေမဲ့၊ အချုပ်ကတော့ သူ့ကိုပဲ ဦးထိပ်ထားကြရတယ်။
264 06
သူက ဝမ်းနည်းတာတွေကို ထိန်းပြီး၊ ရန်ချုံဟွာဦးဆောင်တဲ့ အမတ်ချုပ် နည်းနည်းကို မေးလိုက်တယ်။ "ဧကရာဇ်မင်းမြတ် နတ်ရွာစံသွားပြီ ဆိုမှတော့ အခု လောလောဆယ်မှာ အရေးကြီးဆုံးက ဧကရာဇ်သစ်ကို သတ်မှတ်ဖို့ပါပဲ၊ ဒါမှသာ အစိုးရအဖွဲ့ထဲမှာ လှုပ်ခတ်တာတွေ မရှိဘဲ တိုင်းပြည် အေးချမ်းမှာပါ။ ဧကရာဇ်မင်းမြတ် နတ်ရွာစံတော်မမူခင်မှာ၊ နတ်ရွာစံကြောင်း အမိန့်တော်စာများ ထားခဲ့ပါသလား"
ရန်ချုံဟွာရဲ့ မျက်လုံးထဲမှာ ဝမ်းနည်းတာတွေ ပြည့်နေပြီး၊ လေးနက်တဲ့ အသံနဲ့ လျှောက်တင်လိုက်တယ်။ "နတ်ရွာစံကြောင်း အမိန့်တော်စာ ထားခဲ့ပါတယ်။ ဒီအမိန့်တော်စာကို ဧကရာဇ်မင်းမြတ်က ကျွန်တော်မျိုး နဲ့အတူ အမတ်မင်းဖုန်း၊ အမတ်မင်းဖေး၊ ဒါ့အပြင် အမတ်မင်းစိန့်တို့ရဲ့ရှေ့မှာ ကိုယ်တိုင် မိန့်ခဲ့တာဖြစ်သလို၊ ကျိန်းမိန်းမစိုးလည်း ရှိနေခဲ့ပါတယ်။ ကျွန်တော်မျိုး ကိုယ်တိုင် ရေးခဲ့ပြီး၊ အမတ်မင်း အသီးသီးကလည်း သေသေချာချာ ကြည့်ပြီးမှ အတည်ပြုခဲ့ကြတာပါ"
ဖုန်းချန်ပေါင်နဲ့တခြားသူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြကြသလို ကျိန့်အန်းချန်ကလည်း မှန်ကန်ကြောင်း အတည်ပြုခဲ့တယ်။
ဒီလိုဆိုရင်တော့ အရာရာက အဆင်သင့် ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဘာလို့လဲမသိဘဲ မင်းသားငါးရဲ့ ရင်ထဲမှာတော့ မတည်ငြိမ်တဲ့ ခံစားချက်တစ်ခု ရှိနေတာကြောင့်၊ သူက မသိစိတ်အရ မင်းသားသုံးရဲ့ မျက်နှာကို လှမ်းကြည့်လိုက်မိတယ်။
မင်းသားသုံးက ရုပ်ရည် ချောပေမဲ့၊ အသွင်အပြင်က နည်းနည်း အားနည်းတဲ့ စာပေပညာရှင် တစ်ယောက်နဲ့ တူနေတာ။
ဒုတိယမင်းသားက ကျားချန်ဧကရာဇ်နဲ့ သိပ်တူတယ်လို့ လူပြောများပေမဲ့၊ မင်းသားသုံးကတော့ အရွယ်ရောက်တဲ့ မင်းသားတွေထဲမှာ ကျားချန်ဧကရာဇ်နဲ့ အနည်းဆုံး တူတဲ့သူပါပဲ။
သူက သူ့မိခင်နဲ့ ပိုတူတာကြောင့် မာဖေး နဲ့ ဆင်နေတာ ဖြစ်တယ်။
ဒါပေမဲ့ မင်းသားသုံးက ဗဟုသုတ ကြွယ်ဝသူအဖြစ် နာမည်ကြီးတာ၊ ဒုတိယမင်းသား လိုမျိုး အရှိန်အဝါရှိတဲ့ အုပ်စုနဲ့ မတူဘဲ၊ သူက ယဉ်ကျေး သိမ်မွေ့သလို၊ မာန်မာနလည်း မရှိတာကြောင့် စာပေပညာရှင် အရာရှိတွေကြားမှာ နာမည်ကောင်း ရထားတဲ့သူ ဖြစ်တယ်။
အကယ်လို့ မင်းသားတွေထဲမှာ ဒုတိယမင်းသား ကလွဲရင် ပလ္လင်ရဖို့ အခွင့်အရေး အရှိဆုံးသူကို ရှာမယ် ဆိုရင် သူ တစ်ယောက်တည်းပဲ ရှိမှာလေ။
ဒါပေါ့၊ မင်းသားလေးလည်း ရှိသေးတာပဲ။
မင်းသားလေးရဲ့ မိခင်ဖြစ်သူ ကျောက်သျူးဖေးက မြင့်မြတ်တဲ့ မိသားစုက လာတာမို့၊ တိန်ကော်ကုန်းရဲ့ အိမ်တော်က လာတဲ့ ကျုန်းကွေ့ဖေးထက် နည်းနည်းပဲ နိမ့်တယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အတုအယောင် ဖြစ်နေခဲ့တယ်။ အစိုးရအဖွဲ့ထဲက အရှိန်အဝါရှိတဲ့ အမတ်အများကြီးက ဒုတိယမင်းသား ဘက်ကိုပဲ ယိမ်းနေကြလို့၊ သူတို့ကတော့ လက်ကျန် အကျိုးအမြတ် နည်းနည်းကိုပဲ ရနေကြတာပေါ့။
အနာဂတ် ပလ္လင်ရဲ့ ဆက်ခံသူက ဘယ်သူ ဖြစ်လာမလဲ။
အကယ်လို့သာ မင်းသားသုံး ဖြစ်ခဲ့ရင် သူ့ဘဝက အများကြီး ပိုအဆင်ပြေနိုင်ပါတယ်။ ဒုတိယအစ်ကိုကတော့ သူက မင်းသားသုံးနဲ့ ရင်းနှီးလို့ သူ့အပေါ် အမြဲ မျက်နှာပျက်ခဲ့ရာ၊ အကယ်လို့သာ ဒုတိယအစ်ကို ပလ္လင်ရရင် သူ့ဘဝက အလွန် ခက်ခဲမယ်ဆိုတာ သေချာနေတာပဲ။
မင်းသားငါးက မသိစိတ်အရ ဒုတိယမင်းသားရဲ့ မျက်နှာကို နောက်တစ်ခါ လှမ်းကြည့်လိုက်မိတယ်။ ဒုတိယမင်းသားက သိပ်ကို ဝမ်းနည်းနေသယောင် ရှိသလို မျက်ခုံးကြားမှာလည်း စိုးရိမ်တာတွေ ရှိနေပေမဲ့၊ တိတ်တဆိတ်မှာတော့ ကျေနပ်နေတဲ့ အရိပ်အယောင်လေး တစ်ခုကို သူ မြင်လိုက်ရသလို ခံစားလိုက်ရတယ်။
ကျေနပ်နေတာလား။
မင်းသားငါးက ကိုယ် မျက်စိမှားတာလို့ ယူဆလိုက်ပြီး၊ ထပ်ကြည့်တဲ့ အခါမှာတော့ အဲဒီအရိပ်အယောင်က ပျောက်သွားတာကြောင့်၊ သူက ကျုန်းကွေ့ဖေး ဘက်ကို လှမ်းကြည့်လိုက်ပြန်တယ်။
တစ်ဖက်လူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး၊ သိပ်ကို ဝမ်းနည်းနေသလို ရှိပေမဲ့ မျက်ဝန်းတွေကတော့ သိပ်ကို တောက်ပနေခဲ့တာပေါ့။
သူ့ရင်ထဲမှာ လေးလံသွားပြီး၊ နန်းဆောင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်တယ်။
ဘာကိုမှ သူ ရှာမတွေ့နိုင်ဘူး။ အဲဒီအချိန်မှာ ရန်ချုံဟွာတို့ အမတ်တစ်စုက နတ်ရွာစံကြောင်း အမိန့်တော်စာကို ယူဖို့ အတွင်းထဲ ဝင်သွားကြပြီမို့၊ သူက အဲဒီအမတ်တွေရဲ့ ကျောပြင်ကို ကြည့်ရင်း မသိစိတ်အရ မေးလိုက်တယ်။ "ထန်ဝန်ကြီးချုပ်ကော ဘယ်မှာလဲ။ ခမည်းတော် နတ်ရွာစံတာတောင်မှ၊ သူက ဝန်ကြီးချုပ် တစ်ယောက် ဖြစ်ပါလျက်နဲ့ ဘာလို့ ရောက်မလာတာလဲ"
နန်းဆောင်ထဲမှာ ခဏချင်းအတွင်းမှာတင် တိတ်ဆိတ်သွားတော့တာပဲ။
264 07
သူ့ရဲ့မေးခွန်းအပြီးမှာ မင်းသားလေးကလည်း အဲဒီသံသယကိုပဲ ထုတ်ပြောလာသလို၊ လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး မာချီ အကြောင်းကိုလည်း မေးလိုက်တယ်။
မာချီကလည်း အမတ်ချုပ် အဖွဲ့ဝင် တစ်ယောက် ဖြစ်ပေမဲ့၊ ဒီနေ့မှာတော့ ရောက်မလာဘူးလေ။
အဲဒီအချိန်မှာပဲ မင်းသားသုံးက သူ့ကို ရုတ်တရက် လှည့်ကြည့်လိုက်တာ မင်းသားငါး မြင်လိုက်ရတယ်။ အဲဒီမျက်ဝန်းထဲမှာတော့ စူးရှတဲ့ အကြည့်တွေ ကိန်းအောင်းနေခဲ့တယ်။
ဒီလို အကြည့်မျိုးကို မင်းသားငါးက မင်းသားသုံးဆီက တစ်ခါမှ မမြင်ဖူးတာကြောင့်၊ သူက မသိစိတ်အရ မှင်တက်သွားရတယ်။ အဲဒီအချိန်မှာ ရန်ချုံဟွာတို့က အတွင်းဆောင်က ပြန်ထွက်လာခဲ့ကြပြီ ဖြစ်ပါတယ်။
"ထန်ဝန်ကြီးချုပ်ကတော့ ရောဂါဟောင်း ပြန်ထလို့၊ ခုတင်ပေါ်ကတောင် မထနိုင်တော့ပါဘူး။ အမတ်မင်းမာနဲ့ ပတ်သက်ရင်တော့ ကျွန်တော်မျိုးတို့လည်း နန်းတော်က အမိန့်တော်စာ ရလို့ ရောက်လာကြတာမို့၊ သူ ဘာလို့ ရောက်မလာတာလဲ ဆိုတာကိုတော့ မသိပါဘူး၊ ကျိန်းမိန်းမစိုးကိုပဲ မေးကြည့်ရပါလိမ့်မယ်"
ကျိန့်အန်းချန်က နှမြောတသတဲ့ အမူအရာနဲ့ လျှောက်တင်လိုက်တယ်။ "အမတ်မင်းမာ က လွန်ခဲ့တဲ့ ရက်ပိုင်းက အိမ်မှာ လဲပြီး ခြေထောက် ကျိုးသွားပါတယ်။ ဒီကိစ္စကို ဧကရာဇ်မင်းမြတ်လည်း သိထားတာကြောင့်၊ သူ့ကို နန်းတော်ဆီ မဆင့်ခေါ်ခဲ့တာပါ"
သံသယတွေက ပြည့်စုံတဲ့ ရှင်းပြချက်တွေကို ရသွားပုံရတယ်။ ဒီလို အခြေအနေမှာ ထပ်ပြီး စကားပြောနေတာက ရန်ချုံဟွာ ဦးဆောင်တဲ့ ဝါရင့် အမတ်ကြီးတွေကို သံသယ ဖြစ်နေတာဖြစ်သလို၊ ကျားချန်ဧကရာဇ် ဘေးမှာ နှစ်ပေါင်းများစွာ ခစားလာတဲ့ ကျိန့်အန်းချန်ကိုပါ သံယယ ဖြစ်နေတာနဲ့ တူနေမှာ ဖြစ်တယ်။
မင်းသားလေးက တစ်စုံတစ်ရာ ထပ်ပြောဖို့ ပြင်ပေမဲ့၊ ကျောက်သျူးဖေးရဲ့ အကြည့်တစ်ချက်ကြောင့် ငြိမ်သွားခဲ့ရတယ်။
အဲဒီအချိန်မှာ အထက်မှာ အပြောင်းအလဲတချို့ ဖြစ်လာခဲ့တယ်။
ရန်ချုံဟွာတို့က ကျောက်စိမ်းသေတ္တာလေးကို ဖွင့်လိုက်ကြပြီး အတွင်းက နတ်ရွာစံကြောင်း အမိန့်တော်စာကို ထုတ်ယူလိုက်ကြတယ်။
လူနည်းနည်းက သေသေချာချာ ကြည့်ပြီးတော့မှ အမိန့်တော်စာကို ရန်ချုံဟွာရဲ့ လက်ထဲ အပ်လိုက်ကြပြီး သူက အထက်မှာ စံရင်း အမိန့်တော်စာကို ဖြန့်လို့ ဖတ်ကြားလိုက်တော့တယ်။ "ရှေးအရင်ကတည်းက ဧကရာဇ်တို့ တိုင်းပြည်ကို အုပ်ချုပ်ရာမှာ၊ ကောင်းကင်ဘုံကို ရိုသေပြီး ဘိုးဘွားတို့ရဲ့ စည်းကမ်းတွေကို လိုက်နာဖို့က ပထမဆုံး တာဝန်ပါပဲ။ ကောင်းကင်ဘုံကို ရိုသေတာက စိတ်ရင်းက လာရမှာဖြစ်ပြီး၊ ခဏတစ်ဖြုတ်တောင် ပေါ့လို့ မရတာကြောင့်လည်း နေ့ညမပြတ် ကြိုးစား အားထုတ်ရင်း၊ တစ်ရက်မှ ပင်ပန်းတယ်လို့ မမှတ်ယူခဲ့တာပါ။"
"မင်းသားသုံး ချီဟွေ့ဟာ၊ စရိုက် သိမ်မွေ့ ကြင်နာသလို၊ မိဘအပေါ်မှာလည်း သိပ်ကို သိတတ် ကျေးဇူးဆပ်သူ ဖြစ်တာကြောင့် ကောင်းကင်ဘုံကိုတောင် စိတ်လှုပ်ရှားစေခဲ့တယ်။ ကွယ်လွန်သူ မိဖုရားခေါင်ကြီးကလည်း မင်းသားတွေထဲမှာ၊ သူ့ကို အချစ်ဆုံး ဖြစ်ခဲ့သလို ကျေးဇူးတော်တွေကလည်း ထူးခြားလှပါတယ်။ သူ့ကို သူမရဲ့သားအဖြစ် အသိအမှတ်ပြုဖို့ အကြိမ်ကြိမ် တောင်းခဲ့ပေမဲ့၊ နှမြောစရာကောင်းတာက အစိုးရအဖွဲ့ထဲမှာ ကိစ္စတွေအများကြီး ဖြစ်နေသလို၊ မိဖုရားခေါင်ကြီးလည်း ရုတ်တရက် နတ်ရွာစံသွားလို့ နောင်တတွေနဲ့ပဲ ကျန်ခဲ့ရတာပါ။ အခု ကျန်း (ငါကိုယ်တော်) က ပလ္လင်ကို မင်းသားသုံး ချီဟွေ့ဆီကို လွှဲလိုက်တယ်..."
ဒီနေရာ ရောက်တော့ အောက်ခြေမှာ ဦးညွှတ်နေတဲ့ ဒုတိယမင်းသားက ချက်ချင်းပဲ ထပြီး ဆူဖို့ ပြင်ပေမဲ့၊ ဘေးက မိန်းမစိုးတွေက လက်မြန်ခြေမြန်နဲ့ အတင်းဖိနှိပ်ထားတာကြောင့် ရန်ချုံဟွာ ဆက်ဖတ်နေတာကိုပဲ နားထောင်နေရတော့တယ်။
"တက္ကသိုလ် ပညာရှင် ရန်ချုံဟွာ၊ ဖုန်းချန်ပေါင်၊ ဖေးချန့်၊ ဒါ့အပြင် ရှန်ရွှယ်တို့က အသိဉာဏ် ပြည့်စုံသလို သစ္စာလည်း ရှိကြတယ်။ ပြည်သူတွေကို အေးချမ်းစေကာ အရာရှိတွေကိုလည်း စိစစ်နိုင်စွမ်း ရှိတာမို့၊ ရှားပါးတဲ့ အမတ်ကောင်းတွေပါ။ အခု ဧကရာဇ်သစ်ကို ကူညီဖို့အတွက် 'အကြံပေး အမတ်ကြီး လေးဦး' အဖြစ် အထူး ခန့်လိုက်တယ်။ ဒီလေးဦးကို ကျန်း (ငါကိုယ်တော်) အနေနဲ့ တစ်သက်လုံး သစ္စာမပျက်စေဖို့ အာမခံနိုင်သလို၊ နောင်မှာလည်း အဲဒီအမတ် လေးဦးကို ဘိုးဘွားစင်္ကြံထဲမှာ အတူတကွ ထားလို့ ကျေးဇူးတော်တွေကို ချီးမြှင့်စေမယ်။ သတ်မှတ်ထားတဲ့ ထုံးတမ်း စဉ်လာ အားလုံးကိုလည်း လိုက်နာရမယ်။ ၂၇ ရက်တိုင်တိုင် ဝမ်းနည်းခြင်း အဝတ်အစားများ ဝတ်ရမှာဖြစ်ပြီး၊ အဲဒီနောက်မှ ဝတ်စုံလဲရမယ်။ ဒီအမိန့်တော်စာကို တစ်လောကလုံး သိအောင် ကြေညာလိုက်တယ်"
အမိန့်တော်စာ ဖတ်ပြီးတဲ့ အခါမှာတော့ နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားတော့တယ်။
မာဖေး နဲ့ မင်းသားသုံးတို့က မယုံနိုင်တဲ့ မျက်နှာတွေနဲ့ ရှိနေပေမဲ့၊ မကြာခင်မှာပဲ တည်ငြိမ်သွားခဲ့ကြတယ်။ မင်းသားသုံးက စိတ်လှုပ်ရှားတာတွေကို ထိန်းပြီး ထရပ်လိုက်ကာ လူအုပ်ထဲက ထွက်လာပြီး အရှေ့ဆုံးမှာ ဒူးထောက်လို့ ကြီးကျယ်တဲ့ ဂါရဝပြုမှုကို လုပ်လိုက်တော့တယ်။
264 08
"သားတော်၊ ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်ရဲ့အမိန့်တော်ကို ရိုသေစွာ နာခံပါတယ်"
ဖုန်းချန်ပေါင် တို့လည်း ဘေးကို လမ်းဖယ်ပေးလိုက်ကြပြီး၊ မင်းသားသုံးက ငိုရင်း အမိန့်တော်စာကို လက်ခံပြီးမှသာ ရန်ချုံဟွာက အမိန့်တော်စာကို စားပွဲပေါ် တင်လိုက်ပြီး၊ ဖုန်းချန်ပေါင် တို့နဲ့အတူ မင်းသားသုံးရဲ့ နောက်ကွယ်မှာ ဒူးထောက်လိုက်ကြတော့တယ်။
နန်းဆောင်ထဲမှာ လူအုပ်ကြီးက အစီအရီ ဒူးထောက်လိုက်ကြပေမဲ့၊ ရုတ်တရက် ထလာတဲ့ ဒုတိယမင်းသား တစ်ယောက်တည်းကြောင့် သိပ်ကိုထင်ရှားနေတယ်။
"ရန်ချုံဟွာ၊ ခင်ဗျားတို့လို အဘိုးကြီးယုတ်တွေ၊ ဒီပလ္လင်က ငါ ဆက်ခံရမှာလေ၊ ဘာလို့ သူ့ဆီ ရောက်သွားရတာလဲ"
ရန်ချုံဟွာက မြေပြင်ပေါ်ကနေ ထရပ်ပြီး၊ အံ့အားသင့်တဲ့ မျက်နှာနဲ့ ဒုတိယမင်းသားကို ကြည့်ကာ ဆိုလိုက်တယ်။ "ဒုတိယမင်းသားအနေနဲ့ စကားပြောရာမှာ သတိထားသင့်ပါတယ်။ အမိန့်တော်စာက ဧကရာဇ်မင်းမြတ် ကိုယ်တိုင် မိန့်ခဲ့တာဖြစ်သလို၊ အမတ်ကြီးများစွာလည်း ကိုယ်တိုင် ကြားခဲ့ကြပြီး အတူတူ အတည်ပြုခဲ့ကြတာပါ။ မင်းသားသုံးကို နန်းတင်ဖို့ ဆုံးဖြတ်တာက ကျွန်တော်မျိုးတို့လို အမတ်တွေ ကြားဝင် စွက်ဖက်လို့ ရတဲ့ ကိစ္စ မဟုတ်ပါဘူး"
ဒုတိယမင်းသားက ဒေါသထွက်လွန်းလို့ မျက်ဝန်းတွေ နီနေပြီး၊ ရန်ချုံဟွာရဲ့ ဟန်ဆောင်ကောင်းတဲ့ မျက်နှာအိုကြီးကို စိုက်ကြည့်ရင်း၊ သူ့ရင်ထဲမှာ ဒေါသမီးတွေ ပေါက်ကွဲလုနီးပါး ဖြစ်နေကာ၊ ခဏချင်းအတွင်းမှာပဲ ကိစ္စရပ်များစွာကို သူ နားလည်သွားခဲ့တော့တယ်။
ဒီအဘိုးကြီးယုတ်တွေက ဘာလို့ ရုတ်တရက် ကိုယ့်ဆီကို လာပေါင်းကြလဲ၊ အရာရာကို အသေးစိတ် ဘာလို့ စီစဉ်ပေးခဲ့ကြလဲ ဆိုတာကို သူ သိသွားခဲ့ပြီ။ သူကတော့ အဲဒီလူတွေက ခမည်းတော်ရဲ့ မူဝါဒအသစ်ကို မကျေနပ်လို့၊ သစ္စာဖောက်ချင်တဲ့ စိတ်နဲ့ ကိုယ့်ကို ဧကရာဇ်သစ် အဖြစ် တင်ချင်ကြတာလို့ပဲ ယူဆခဲ့တာပါ၊ နှမြောစရာကောင်းတာက အဲဒီလူတွေက "တံတားကို ပေါ်ပေါ်ထင်ထင် ပြင်ပြီး၊ လမ်းဟောင်းကနေ တိတ်တဆိတ် သွားခဲ့ကြတာ" သာ ဖြစ်နေခဲ့တာ။
သူက အရာရာကို သေသေချာချာ စီစဉ်ခဲ့တယ်။ အဲဒီလူတွေကို ယုံလို့ ကိုယ့်အိမ်မှာပဲ အေးအေးဆေးဆေး နေပြီး နန်းတော်က အမိန့်ကို စောင့်နေခဲ့တာ။ အဲဒီအချိန်မှာ အံ့အားသင့်သယောင် ရောက်လာပြီး၊ အမိန့်တော်စာကို ထုတ်ပြန်လိုက်ရင် အရာရာက အကျိုးအကြောင်း ညီညွတ်သွားမှာပေါ့။
အဲဒီလူတွေက ကိုယ့်ကို အသုံးချခဲ့တာဆိုတာ သူ မထင်ထားခဲ့ဘူး၊ တကယ့် လက်တွေ့မှာတော့ 'အမိန့်တော်စာ' ပေါ်မှာ နာမည်က ပြောင်းသွားခဲ့ပြီမို့၊ သူက သူတစ်ပါးအတွက် အကျိုးဆောင်ပေးလိုက်ရတဲ့ လူမိုက် တစ်ယောက်ပဲ ဖြစ်သွားခဲ့ရတော့တယ်။
ဒါနဲ့ ကျိန့်အန်းချန်လည်း ရှိသေးတာပဲ။
ဒုတိယမင်းသားက ကျိန့်အန်းချန်ဘက်ကို လှမ်းကြည့်လိုက်တာနဲ့၊ ကျိန့်အန်းချန်က မျက်နှာကို နေရခက်သယောင် လုပ်ရင်း ဆိုလိုက်တယ်။ "ဒုတိယမင်းသား၊ ကျွန်တော်မျိုး အဲဒီအချိန်မှာ တကယ်ပဲ ရှိနေခဲ့တာပါ၊ ဒါပေမဲ့ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် မိန့်ခဲ့တဲ့ ဧကရာဇ်သစ်ကတော့ အမှန်တကယ်ပဲ မင်းသားသုံး ဖြစ်နေခဲ့တာပါ။ မင်းသားက ကျွန်တော်မျိုးကို ဘာလို့ အဲဒီလို ကြည့်နေရတာလဲ၊ ကျွန်တော်မျိုးကတော့..."
ဒုတိယမင်းသားက ရူးနေတဲ့သူလို အော်ဟစ် ရယ်တော့တာပဲ - "ကောင်းပြီ၊ ကောင်းပြီ၊ ခင်ဗျားတို့ တကယ်ကို တော်ကြတာပဲ၊ ဒီမင်းသားကိုတောင် အသုံးချရဲကြတယ်ပေါ့..."
သူက တစ်စုံတစ်ရာ ထပ်ပြောဖို့ ပြင်ပေမဲ့၊ ကျုန်းကွေ့ဖေးက သူ့ပါးစပ်ကို ပိတ်ထားလိုက်တော့တယ်။
"ငါ့ရဲ့ သား စကားမှားသွားတာကို၊ အမတ်မင်းတို့ အနေနဲ့ စိတ်မရှိကြပါနဲ့ဦး၊ သူလည်း ဧကရာဇ်မင်းမြတ် နတ်ရွာစံသွားတဲ့ တိုက်ခိုက်မှုကို မခံနိုင်တော့လို့ အခုလိုမျိုး ဖြစ်သွားရတာပါ"
အဲဒီလို ပြောရင်း၊ သူက ဒုတိယမင်းသားကို အတင်း ဒူးထောက်ခိုင်းပြီး ဆူလိုက်တယ်။ "ဒီကလေးမိုက်၊ နင်က ခမည်းတော် ဆုံးပါးသွားတာကို မခံနိုင်ရင်တောင်မှ၊ အခုလိုမျိုး သိက္ခာမဲ့တဲ့ အပြုအမူမျိုးတော့ မလုပ်သင့်ဘူးလေ၊ အခုချက်ချင်း ဒူးထောက်စမ်း၊ နင်က ခမည်းတော်ကို သေသွားတာတောင်မှ နင့်အပေါ် စိတ်ပျက်အောင် လုပ်ချင်နေတာလား?"
"မယ်တော်" ဒုတိယမင်းသားက မကျေမနပ်နဲ့ အော်ဟစ်လိုက်တယ်။
ကျုန်းကွေ့ဖေးက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး၊ သူ့မျက်ဝန်းထဲမှာတော့ ဒေါသတွေနဲ့ အောင့်အည်း သည်းခံတာတွေ ပြည့်နေခဲ့တယ်။
ဒုတိယမင်းသားက ရုတ်တရက် ရေအေးနဲ့ အပက်ခံလိုက်ရသလိုမျိုး၊ သတိဝင်လာခဲ့တယ်။
ဟုတ်တာပေါ့၊ ဒီကိစ္စကို ဆက်ဆူနေရင် ပထမဆုံးအနေနဲ့ သူပဲ အပြစ်ရှိသူ ဖြစ်သွားမှာလေ။
သူက အကျိုးအကြောင်း ရှင်းလို့ မရသလို၊ ရှင်းလည်း မပြသင့်ဘူး၊ မဟုတ်ရင် ကျားချန်ဧကရာဇ် ရုတ်တရက် နေမကောင်း ဖြစ်တာ၊ အတွင်းမြို့ကို ပိတ်ထားတာ စတာတွေက သူ့ရဲ့ အခုကျူးလွန်ထားတဲ့ အပြစ်တွေအဖြစ် ပြောင်းသွားမှာပေါ့။
264 09
ဒီစာပေပညာရှင် အမတ်တွေက ဒီလို လုပ်ရဲကြမှတော့ သူတို့မှာ နောက်ထပ် နည်းလမ်းတွေ ရှိနေမှာ သေချာပါတယ်။ အကယ်လို့ သူက အမှန်တရားကို ထုတ်ပြောရင် သူတို့က မကောင်းသမျှ အားလုံးကို ကိုယ့်ခေါင်းပေါ်ပဲ ပြန်ပုံချလိုက်မှာဖြစ်ပြီး၊ သူတို့ကတော့ အတင်း ခိုင်းတာခံရလို့ ဝမ်းနည်းနေတဲ့ သစ္စာရှိ အမတ်တွေအဖြစ် ဟန်ဆောင်ကြမှာပဲ။
ရန်ချုံဟွာတို့ရဲ့ နောက်ကွယ်မှာ ဘယ်လောက်အထိ ကြီးတဲ့ အင်အားစုတွေ ရှိလဲဆိုတာကိုတော့ ဒုတိယမင်းသားထက် ပိုသိတဲ့သူ မရှိပါဘူး။
အဲဒါက အစိုးရအဖွဲ့ တစ်ခုလုံးရဲ့ ထက်ဝက်ကျော်လောက် ရှိတဲ့ အမတ်တွေလေ။
အဲဒီအချိန်ကျရင် လူတွေက ဝိုင်းပြောကြမှာဖြစ်သလို၊ သူလည်း ဘယ်လိုမှ ရှင်းနိုင်မှာ မဟုတ်တော့ဘူး။ ဧကရာဇ်ကို သတ်ပြီး ဖခင်ကို လုပ်ကြံတဲ့ မင်းသား တစ်ယောက်က ဘယ်လိုလုပ် ပလ္လင်ပေါ် တက်နိုင်ပါ့မလဲ၊ အဲဒီ အချိန်ကျရင်တော့ ချီဟွေ့အတွက်ပဲ အကျိုးရှိသွားမှာဖြစ်သလို၊ သူ ပလ္လင်တက်တာကလည်း ပိုပြီးတော့ အကျိုးအကြောင်း ညီညွတ်သွားမှာပေါ့။
ဒီအချိန်မှာပဲ ဒုတိယမင်းသားက ကျားချန်ဧကရာဇ် ဘာလို့ ဒီစာပေပညာရှင် အမတ်တွေကို မုန်းခဲ့လဲဆိုတာ နောက်ဆုံးတော့ နားလည်လိုက်တော့တယ်။ အားလုံးက ဟန်ဆောင် ကောင်းတဲ့ သစ္စာဖောက် ယုတ်မာတွေချည်းပဲ။
ဒုတိယမင်းသားက အတင်းဆွဲချတာ ခံလိုက်ရလို့၊ သူ့ဒူးတွေက မြေပြင်ပေါ် အသံကျယ်ကြီးနဲ့ ကျသွားခဲ့တယ်။ နန်းဆောင်ထဲက ဘယ်သူမှ အဲဒီသားအမိ နှစ်ယောက်ကို ဂရုမစိုက်ကြတော့ဘဲ အားလုံးရဲ့ အကြည့်က ဧကရာဇ်သစ် အပေါ်မှာပဲ ရှိနေခဲ့ကြတော့တယ်။
မင်းသားသုံးက အထက်မှာ စံနေပြီး၊ လူတိုင်းက သူ့ရှေ့မှာ ဦးညွှတ် ဂါရဝပြုနေကြတယ်။
ဒီလို တစ်ခါမှ မကြုံဖူးတဲ့ ခံစားချက်ကြောင့်၊ သူက ခဏချင်းအတွင်းမှာတင် သိပ်ကို တက်ကြွလန်းဆန်းသွားပြီး၊ အတုအယောင် သေနေတဲ့ ကျားချန်ဧကရာဇ်ကိုတောင် မေ့သွားပြီ။ အမိန့်တော်စာထဲက အဲဒီ အကြံပေး အမတ်ကြီး လေးဦး ကိစ္စကိုလည်း၊ သူက ခဏ လျစ်လျူရှုထားလိုက်တယ်။
အမှန်တော့ ဒါက အလဲအထပ် တစ်ခုပါပဲ၊ အမတ်ကြီးတွေ အတွက်တော့ နောက်ခံ အင်အား မရှိဘဲ တစ်ကိုယ်တည်း ဖြစ်နေတဲ့ မင်းသား တစ်ယောက်က အရှိန်အဝါကြီးတဲ့ အုပ်စုတွေ ရှိတဲ့ မင်းသားထက်စာရင် ကိုယ့်စိတ်ကြိုက် ခြယ်လှယ်ဖို့ ပိုလွယ်တာကြောင့် သူတို့ရဲ့ တိုင်းပြည်အာဏာကို ဆက်ကိုင်ထားချင်တဲ့ စိတ်ကူးနဲ့ လုံးဝ ကိုက်ညီနေတာပါ။
"အားလုံး ထကြပါတော့ အခု လောလောဆယ်မှာ အရေးကြီးဆုံးက ခမည်းတော်ရဲ့ နာရေးကိစ္စပါပဲ..." မင်းသားသုံးက ဝမ်းနည်းတဲ့ အကြည့်တွေနဲ့ မိန့်ကြားလိုက်တယ်။
ဒုတိယမင်းသားက မြေပြင်ပေါ်မှာ ဝပ်နေရင်း၊ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားလိုက်တယ်။
သူ စိုးရိမ်နေဖို့ မလိုပါဘူး၊ သူ့မှာ အခွင့်အရေး ရှိနေသေးတယ်။ ပျောက်သွားတဲ့ ခမည်းတော်၊ ဒါ့အပြင် ယနေ့ထိ ရှာမတွေ့သေးတဲ့ တိုင်းပြည်ရဲ့ တံဆိပ်တော်။ သူ ရှာမတွေ့တာကို၊ ဒီလူတွေ ရှာတွေ့လိမ့်မယ်လို့ သူ လုံးဝ မယုံဘူး။
မိုးမလင်းခင်မှာတင် မြို့တော် တစ်ခုလုံးမှာ အစောင့်အကြပ်တွေ တင်းကျပ်သွားသလို၊ နန်းတော်ထဲကနေလည်း နတ်ရွာစံ ခေါင်းလောင်းသံတွေ ထွက်လာပြီး ဧကရာဇ်မင်းမြတ် နတ်ရွာစံပြီဖြစ်ကြောင်း တစ်လောကလုံးကို အသိပေးလိုက်ပါတော့တယ်။
******