← Chapters

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

271 01

အခန်း (၂၇၁)

ဒီလိုမျိုး မင်္ဂလာသတင်းကြီးနဲ့ ကြုံရတာမို့ ရွှီအိမ်တော်တစ်ခုလုံးမှာ ပျော်ရွှင်ကြည်နူးစရာတွေ လွှမ်းမိုးနေပေမဲ့၊ ကျောက်အာကတော့ အနည်းငယ် စိတ်ပူနေရရှာတယ်။

တခြားကြောင့်မဟုတ်ဘဲ သားကြီးဖြစ်သူက အိမ်ထောင်ဖက် ရှာရမယ့် အရွယ်ကို ရောက်လာလို့ပါပဲ။ မြို့တော်က အထက်တန်းလွှာ မိသားစုတွေမှာ သားသမီးတွေကို စောစောစီးစီးပဲ စေ့စပ်ပေးလေ့ရှိကြတာမို့၊ အသက် ၁၅ နှစ် ဒါမှမဟုတ် ၁၆ နှစ်မှာ စေ့စပ်ပြီး ၁၇ နှစ် ဒါမှမဟုတ် ၁၈ နှစ်ဆို လက်ထပ်တတ်ကြတယ်။ ကွန်ဖူးရှပ်လမ်းစဉ်မှာလည်း ကိုယ့်ကိုယ်ကိုယ် အရင်ကောင်းအောင် တည်ဆောက်ပြီးမှ မိသားစုကို စီမံရမယ်၊ အဲဒီကမှတစ်ဆင့် တိုင်းပြည်ကို အုပ်ချုပ်ရမယ်လို့ ဆိုထားတာ မဟုတ်လား။ မြို့တော်မှာ မဟုတ်ရင်တောင် ယွီချင်းရွာမှာဆိုရင် ရွှီယောင်ဟုန်ရဲ့ အသက်က စေ့စပ်ဖို့ အချိန်တန်နေပြီလေ။

ကျောက်အာက အမြဲတမ်း အတွေးအခေါ် ပွင့်လင်းတဲ့သူမို့၊ သားဖြစ်သူကို တစ်ခွန်းမှ မတိုင်ပင်ဘဲ ကိုယ့်ဘာသာ ချွေးမတစ်ယောက် ရှာလာဖို့ စိတ်ကူးမရှိဘူး။ ဒါကြောင့် သူမက သားကြီးကို ဒီကိစ္စ ကြိုပြောပြခဲ့တယ်။

နှမြောစရာကောင်းတာက ရွှီယောင်ဟုန်ဆီကနေ ကန့်ကွက်တာကို ကြုံလိုက်ရတာပါပဲ။

ရွှီယောင်ဟုန်က ယောက်ျားကောင်းတစ်ယောက်ဟာ အရင်ဆုံး အောင်မြင်မှုရအောင် လုပ်ပြီးမှ မိသားစု တည်ဆောက်သင့်တယ်လို့ ယူဆနေပြီး၊ သူက စာမေးပွဲအောင်ပြီးမှပဲ အိမ်ထောင်ရေးကိစ္စကို စဉ်းစားချင်တယ်လို့ ပြောလာတယ်။ အဲဒါအပြင် သူက အပြင်လောကကို လှည့်လည်ခရီးထွက်ပြီး ဗဟုသုတတွေ ရှာချင်သေးတယ်လို့လည်း ဆိုလာတယ်။

ဒါကြောင့်ပဲ ကျောက်အာက စိတ်ညစ်နေရတာ ဖြစ်တယ်။

ဒီကိစ္စကို ကျောက်အာက ဆုံးဖြတ်ချက် မချနိုင်တာနဲ့ ရွှီထင်းရှန်းကို ပြောပြလိုက်တော့ ရွှီထင်းရှန်းက တစ်ဆင့်ပိုပြီး တွေးမိသွားတယ်။

သူက အဲဒီအိပ်မက်ထဲမှာ သားဖြစ်သူက တစ်သက်လုံး အိမ်ထောင်မပြုဘဲ 'တွန့်ရှို့' (လိင်တူချစ်သူ) ဖြစ်သွားခဲ့တဲ့ ကိစ္စကို အခုထိ မေ့လို့မရသေးဘူးလေ။

သာမန်အမျိုးသားတစ်ယောက်က ဒီလိုလမ်းစဉ်ကို ရောက်သွားတာ အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပေမဲ့၊ သူကတော့ ဒီကိစ္စကို ရင်ထဲမှာ အမြဲစိုးရိမ်နေခဲ့တယ်။ ပုံမှန်ဆို သားကြီးကို အမြဲအကဲခတ်ခဲ့သလို၊ မကြာသေးခင် နှစ်နှစ်အတွင်းမှာလည်း အဲဒီလို အရိပ်အယောင်တွေ မတွေ့ရတာကြောင့် စိတ်အေးလက်အေး နေနိုင်ခဲ့တာ။ အခု လက်ထပ်ရမယ့် အချိန်မှာ မလက်ထပ်ဘဲ ခရီးထွက်မယ်လို့ ဆိုလာတော့ အဲဒါက တကယ်ပဲ ဗဟုသုတ ရှာချင်တာလား၊ ဒါမှမဟုတ် အိမ်ထောင်ပြုမှာကို ရှောင်ချင်တာလားဆိုတာ တွေးစရာ ဖြစ်လာခဲ့တယ်။

ရွှီထင်းရှန်းက အလုပ်အားရက် တစ်ရက်ကို အထူးရွေးပြီး သားကြီးကို ခေါ်မေးခဲ့ပါတော့တယ်။

အဖေကို ရင်ဆိုင်ရတဲ့အခါ၊ အသက်အရွယ် ရလာတာနဲ့အမျှ ရွှီယောင်ဟုန်ရဲ့ စိတ်ထဲမှာ လေးစားရိုသေမှုတွေ ပိုများလာပေမဲ့၊ ငယ်ငယ်ကလို ရင်းနှီးမှုမျိုးတော့ အနည်းငယ် လျော့နည်းသွားခဲ့တယ်။

ရင်းနှီးမှု မရှိတာ မဟုတ်ဘဲ၊ အရွယ်ရောက်လာလို့ သိတတ်စရာတွေ များလာသလို၊ ကိုယ့်ပုခုံးပေါ်က တာဝန်တွေကိုလည်း နားလည်လာတာကြောင့် စိတ်နေစိတ်ထား ပြောင်းသွားတာ ဖြစ်တယ်။

"ငါ မင်း အမေ ပြောတာ ကြားတယ်၊ မင်း ခရီးထွက်ဖို့ စိတ်ကူးနေတယ် ဆို" ရွှီထင်းရှန်းက နားထင်ကို ပွတ်ရင်း ပြောလိုက်တယ်။

သူက အခုဆို အမတ်ချုပ် အဖွဲ့ဝင်ဖြစ်လာလို့ အလုပ်တွေ ပိုများလာခဲ့ပြီ။ အထူးသဖြင့် ကျားချန်ဧကရာဇ်ကလည်း ကျန်းမာရေးကြောင့် အရာရာကို သူတစ်ဦးတည်း လက်ဝါးကြီး အုပ်မထားတော့ဘဲ အတွင်းအမတ်ရုံးကို လွှဲလာတယ်။ ဒီနေ့ သူ အားလပ်နေတာကလည်း အလုပ်အားလုံးကို ပစ်ချထားခဲ့မှ အချိန်ရတာ ဖြစ်တယ်။

271 02

ရွှီယောင်ဟုန်က အဖေက ဒီလိုမေးလာတာကို အံ့ဩမနေဘဲ ခေါင်းညိတ်ပြလိုက်တယ်။ "သားမှာ အဲဒီလို စိတ်ကူး ရှိပါတယ်"

"ဘာဖြစ်လို့ ရုတ်တရက် အဲဒီလို တွေးမိတာလဲ”

ရွှီယောင်ဟုန်က စာပွဲနောက်မှာ ထိုင်နေတဲ့ အဖေကို လှမ်းကြည့်လိုက်တယ်။ အဖေက အပြာရောင် ဝတ်စုံကို ဝတ်ထားပြီး၊ ရုပ်ရည်က တည်ကြည်ခန့်ညားသလို၊ တစ်ကိုယ်လုံးမှာလည်း ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်တဲ့ အရှိန်အဝါတွေ ပြည့်နေခဲ့တယ်။

ဒါက သူ့ရဲ့အဖေ၊ တာ့ချန်းရဲ့ အခွန်ဝန်ကြီးဌာန ဝန်ကြီး၊ အငယ်ဆုံး အမတ်ချုပ်ကြီး၊ ဧကရာဇ်မင်းမြတ်ရဲ့ အားကိုးရဆုံး အမတ်ကြီးပ ဖြစ်တယ်။

ရွှီယောင်ဟုန်က ရွှီထင်းရှန်းကို သိပ်ပြီး အားကျလေးစားပေမဲ့၊ အဲဒီလေးစားမှုတွေ တိုးလာလေလေ၊ သူ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အားမရတာတွေ ပိုခံစားလာရလေလေပါပဲ။

"ဘာလို့ စကားမပြောတာလဲ”

"အဖေ သား..."

ရွှီထင်းရှန်းက စာပွဲနောက်က ထွက်လာပြီး ဘေးက ကုလားထိုင်မှာ ထိုင်လိုက်ကာ၊ ဘေးနားက နေရာကို ညွှန်ပြပြီး ပြောလိုက်တယ်။ "လာပါ၊ ဒီမှာ ထိုင်"

ရွှီယောင်ဟုန်က လျှောက်လာပြီး ထိုင်လိုက်တယ်။

"ငါတို့ သားအဖကြားမှာ ပြောလို့မရတဲ့ စကား ရှိလို့လား။ အဖေက ဒီနှစ်တွေမှာ အလုပ်များနေလို့၊ ‘ကော်ကျစ်’က အဖေနဲ့ ဝေးသွားတာလား”

ဒီ ‘ကော်ကျစ်’ ဆိုတဲ့ အမည်ကို ကြားလိုက်ရတော့ ရွှီယောင်ဟုန်ရဲ့ ဖြူစင်တဲ့ မျက်နှာမှာ ရှက်သွေးတွေ ဖြာသွားခဲ့ရတယ်။

ငယ်ငယ်က အရာရာကို မသိနားမလည်ခဲ့ပေမဲ့ သူ့ရဲ့မှတ်ဉာဏ်က စောစောရခဲ့တာမို့၊ ငယ်ငယ်က သူ့ကို ‘ကော်ကျစ်၊ ကော်ကျစ်’ လို့ အမြဲ ခေါ်ခဲ့ကြတာကို သူ မမေ့သေးဘူး။ အဲဒီအချိန်ကပဲ သူ့ဘဝမှာ အပျော်ဆုံး အချိန် ဖြစ်မှာပါ။ အဖေရဲ့ရာထူးက မမြင့်သေးဘဲ တိုင်းပြည်တာဝန်တွေလည်း မထမ်းဆောင်ရသေးတာမို့ ခြင်းတောင်းလေးတစ်ခုနဲ့ သူ့ကို ကျောပိုးပြီး အမေနဲ့အတူ နေရာအနှံ့ လှည့်လည်လည်ပတ်ခဲ့ကြတာ မဟုတ်လား။

ဖခင်အပေါ် ချစ်ခင်မြတ်နိုးစိတ်တွေ ပေါ်လာသလို၊ ရွှီယောင်ဟုန်က သူ့အိမ်ခြေအနေက တခြားသူတွေနဲ့ မတူတာကိုလည်း သတိထားမိလိုက်တယ်။ အမြဲတမ်း မိဘတွေက သူ့အပေါ်မှာ လွတ်လပ်ခွင့် ပေးထားသလို၊ သူ့ဘဝကိုလည်း ဝင်စွက်ဖက်တာ မရှိဘဲ၊ တစ်ခုခုကို မဖြစ်မနေ လုပ်ရမယ်လို့လည်း အတင်းအကျပ် မတောင်းဆိုခဲ့ကြဘူး။

"သား ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါ အတွေးအခေါ်တွေကလည်း တိမ်မြုပ်နေသလို၊ ဗဟုသုတတွေကလည်း အရမ်းနည်းနေသေးတယ်လို့ ခံစားရပါတယ်။ သားဟာ အိမ်ရဲ့သားကြီး တစ်ယောက်ပါ၊ ဒါပေမဲ့ အဖေ အိမ်မှာ မရှိတဲ့ အချိန်တွေမှာ သားကြီး တစ်ယောက်အနေနဲ့ အိမ်ရဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်ခဲ့ဘူး၊ ဘေးဒုက္ခတွေနဲ့ ကြုံရတဲ့ အချိန်မှာတောင်မှ အမေကပဲ ရှေ့ထွက်ပြီး ဖြေရှင်းခဲ့ရတာလေ။ သား အခု အသက် ၁၆ နှစ် ရှိပါပြီ၊ အဖေ အသက် ၁၆ နှစ်တုန်းကဆိုရင် ‘ကျွီရန်’ တစ်ယောက် ဖြစ်နေခဲ့ပြီ မဟုတ်လား။ အကယ်လို့ သားဟာ ဒီအိမ်ထဲမှာပဲ ပုန်းအောင်းနေပြီးတော့ မိဘတွေရဲ့ အကာအကွယ်အောက်မှာပဲ နေမယ် ဆိုရင်တော့ သား တစ်သက်လုံး အရွယ်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်..."

အမှန်တော့ ပြောပြဖို့ အကြောင်းအရာတွေအများကြီး ရှိနေသေးပေမဲ့၊ ရွှီယောင်ဟုန်ကတော့ ဆက်မပြောတော့ပါဘူး။

ကျားချန်ဧကရာဇ် ရွှီအိမ်တော်မှာ ခိုလှုံနေတုန်းက၊ နင်နင်နဲ့ ထိုက်ကော်(ယောင်ထိုက်) တို့ကတော့ အိမ်က အန္တရာယ်တွေကို သတိမထားမိပေမဲ့၊ သားကြီးဖြစ်တဲ့ ရွှီယောင်ဟုန်ကတော့ အခြေအနေ အားလုံးကို သိနေခဲ့တယ်။

271 03

သူက အမေကို ကူညီချင်သလို တာဝန်တွေကိုလည်း ခွဲဝေယူချင်ခဲ့ပေမဲ့၊ အဲဒီအချိန်မှာ သူက ဘာမှမတတ်နိုင်ဘဲ၊ အမေက တစ်မိသားစုလုံးရဲ့ ဘေးကင်းရေးအတွက် အစွမ်းကုန် ကြိုးစားနေရတာကိုပဲ ငေးကြည့်နေခဲ့ရတယ်။

အထူးသဖြင့် ရွှီယောင်ဟုန်က ရွှီထင်းရှန်း အောင်မြင်မှု မရသေးခင် ကတည်းက မွေးလာတာမို့၊ အဖေက ခက်ခဲတဲ့ လမ်းကနေ အဆင့်မြင့် အရာရှိကြီး တစ်ယောက် ဖြစ်လာတာ၊ အခုဆို အသက် ၃၀ ကျော်နဲ့ အမတ်ချုပ်ကြီး ဖြစ်လာတာကို သူကိုယ်တိုင် မြင်ခဲ့ရတယ်။

လမ်းခရီးက အခက်အခဲတွေကို သူကိုယ်တိုင် မခံစားဖူးပေမဲ့၊ အဲဒီတုန်းက အမေ တစ်နှစ်တိုင်တိုင် ပျောက်သွားတဲ့ ကိစ္စကနေ သူ ရိပ်မိနိုင်ပါတယ်။

သူက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အဖေရဲ့အဲဒီတုန်းက အသက်အရွယ်နဲ့ နှိုင်းယှဉ်လေ့ရှိပြီး၊ ရလဒ်ကတော့ ကိုယ့်ကိုယ်ကိုယ် အားမရတာတွေပဲ ဖြစ်နေခဲ့တာ။ အဲဒါအပြင် အရင်က စာမေးပွဲမှာ ရှုံးခဲ့တာနဲ့၊ နောက်ပိုင်းမှာ ကိစ္စတွေအများကြီး ဖြစ်ခဲ့တာတွေကြောင့်၊ သူက အပြင်လောကကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။

အိမ်မှာ တစ်စုံတစ်ရာ ပြဿနာ ဖြစ်နေတဲ့ ကာလမို့ သူက ဒီကိစ္စကို မပြောဝံ့ဘဲ နေခဲ့ပေမဲ့၊ အခုတော့ အရာရာက ပုံမှန် ပြန်ဖြစ်သွားပြီမို့ ဒီစိတ်ကူးက သူ့ရင်ထဲမှာ ပြန်နိုးလာခဲ့တယ်။

ရွှီယောင်ဟုန် ရှင်းပြနေတာတွေကို ရွှီထင်းရှန်းက တိတ်ဆိတ်စွာ နားထောင်နေခဲ့တယ်။

သူ ပြောပြပြီးမှ၊ သူက ဘေးနားက ချောမောတည်ကြည်တဲ့၊ ဒါပေမဲ့ အတွေ့အကြုံ မရှိသေးတဲ့ လူငယ်လေးကို လှမ်းကြည့်လိုက်တယ်။

လူငယ်လေးရဲ့ မျက်နှာက နုနယ်လွန်းတယ်၊ အဲဒီတုန်းက သူနဲ့တောင် တူနေခဲ့တယ်။

ဒါက သူ့ရဲ့ သားပဲ ဖြစ်တယ်။

လူတိုင်းက ကိုယ်တိုင် ကြုံရမှပဲ အရွယ်ရောက်နိုင်ကြတာ မဟုတ်လား။ သူကိုယ်တိုင်တောင်မှ၊ အဲဒီအိပ်မက်ကြောင့်သာ တခြားသူတွေထက် ဘဝတစ်ခု ပိုကြုံခဲ့ရလို့၊ အခုဘဝမှာ အရာရာကို ကျွမ်းကျင်နေတာလေ။

ဘဝမှာ ဖြတ်လမ်း မရှိသလို၊ သူ ရွှီထင်းရှန်းကလည်း သားသမီးတွေကို သူ့ရဲ့ အကာအကွယ်အောက်မှာ တစ်သက်လုံး ထားမယ့်သူ မဟုတ်ပါဘူး။ သားသမီးတွေ အရွယ်ရောက်လာရင်တော့ ပျံသန်းခွင့် ပေးရမှာပါပဲ။

ရလဒ်က ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ကိုယ်တိုင် ကြုံရမှပဲ သိနိုင်လိမ့်မယ် မဟုတ်လား။

သူက အရင်က သူ့ရဲ့ စိုးရိမ်မှုတွေက ရယ်စရာ ကောင်းနေမှန်း ရုတ်တရက် သိလိုက်ရတယ်။ လက်တွေ့မှာ အိပ်မက်ရဲ့ လမ်းကြောင်းကနေ လုံးဝ သွေဖည်နေပြီမို့၊ သားဖြစ်သူက ‘တွန့်ရှို့’ ပြန်ဖြစ်မှာကို သူ ဘာလို့ စိုးရိမ်နေရမှာလဲ။

ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ အဲဒါက သူ့ဘဝပဲလေ။

"မင်း သွားချင်တယ် ဆိုရင်လည်း သွားပါ၊ စာအုပ်ပေါင်း တစ်သောင်းကို ဖတ်တာထက် ခရီးဝေး တစ်သောင်းကို လျှောက်တာက ပိုပြီးတော့ ဗဟုသုတ ရစေပါတယ်။ ဒါပေမဲ့ အပြင်ရောက်တဲ့ အခါမှာလည်း အိမ်က မိဘတွေနဲ့ မောင်နှမတွေကို သတိရပါ၊ အကယ်လို့ မအောင်မြင်ခဲ့ရင်တောင်မှ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ လူတစ်ယောက်ချင်းစီရဲ့ တည်ရှိမှုတိုင်းမှာ သူ့ရဲ့လိုအပ်တဲ့ အဓိပ္ပာယ်တွေ ရှိနေသလို၊ သူ့ရဲ့ နေရာတွေလည်း ရှိနေစမြဲပါ။ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်နေသရွေ့တော့ တခြား အရာတွေကို အများကြီး ဂရုစိုက်နေဖို့ မလိုပါဘူး" သူက သက်ပြင်းချရင်း သားဖြစ်သူရဲ့ ပုခုံးကို ပုတ်ပြီး အားပေးလိုက်ပါတော့တယ်။

သေချာတာကတော့ ဒီစကားတွေကို ရွှီယောင်ဟုန်အနေနဲ့ လောလောဆယ်မှာ နားလည်ဦးမှာ မဟုတ်ဘဲ၊ နောင်တစ်ချိန်ကျမှ သိနိုင်မှာပါ။

……

271 03

ရွှီယောင်ဟုန်က အိမ်မှာ အကြာကြီး မနေတော့ဘဲ အမြန်ပဲ အသုံးအဆောင်တွေကို သိမ်းပြီး ခရီးစတင်ခဲ့တော့တယ်။

နင်နင်က အမြဲတမ်း အစ်ကိုကြီးနဲ့ ရင်းနှီးတာမို့၊ အစ်ကိုကြီး ခရီးဝေး သွားမယ်ဆိုတာ သိတော့ ရက်ပေါင်းများစွာ မျက်ရည်ကျနေခဲ့တယ်။

သားဖြစ်သူကို ပို့ပြီးတော့ တဖြည်းဖြည်း ဝေးသွားတဲ့ မြင်းရထားကို ကြည့်ရင်း အမြဲတမ်း သန်မာတဲ့ ကျောက်အာတောင်မှ မျက်ဝန်းတွေ နီလာခဲ့ရတယ်။

"နင် တကယ်ပဲ သူ့ကို လွှတ်လိုက်တာလား" သူမက ရှိုက်ကြီးတငင် ငိုရင်း ပြောလိုက်တယ်။

ရွှီထင်းရှန်းက သူမရဲ့ ပုခုံးကို ဖက်၊ ခါးကို ကိုင်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ "ရပါပြီ၊ သားသမီးမှာ သူ့ကံနဲ့သူ ရှိပါတယ်၊ ပြန်မလာတော့မှာလည်း မဟုတ်ဘဲနဲ့"

"ဒါပေမဲ့ ငါ မခွဲနိုင်ဘူးလေ၊ သူက ငယ်ငယ်ကတည်းက စည်းစိမ်တွေကြားမှာပဲ ကြီးလာတာ၊ အပြင်မှာ ဆင်းရဲဒုက္ခ ခံနိုင်ပါ့မလား။ နင်လို အဖေမျိုး ရှိသလို၊ ငါလို အမေမျိုးလည်း ရှိနေမှတော့ ငွေရော အာဏာရော ပြည့်စုံနေတာပဲ၊ ဘာဖြစ်လို့ သူ့ကို ခရီးတွေ သွားခိုင်းနေရဦးမှာလဲ"

"သူတစ်ပါးမှာ ရှိတာက ကိုယ့်မှာ ရှိတာလောက် မမြဲပါဘူး၊ သူမှာ ကိုယ်ပိုင် လျှောက်ချင်တဲ့ လမ်း ရှိနေမှတော့ မင်းက ဘာဖြစ်လို့ တားချင်နေရတာလဲ”

"ငါ နင်နဲ့ စကားမပြောချင်တော့ဘူး" သူမက နှာတစ်ချက် ရှုံ့လိုက်ပြီး ဆိုကာ ဒေါသတကြီးနဲ့ လှည့်ထွက်သွားတော့တယ်။

ဒါပေါ့၊ သူမရဲ့ ဒေါသက ကြာရှည် မခံပါဘူး။ သူမက နှုတ်ကသာ ပြောနေပေမဲ့၊ စိတ်ထဲမှာတော့ သားဖြစ်သူအတွက် သိပ်ကိုဂုဏ်ယူနေတာပါ။ မြို့တော်က အပျော်အပါးမက်တဲ့ သူဌေးသားတွေကို မြင်ဖူးတာမို့၊ မိမိသားဖြစ်သူက ဒီလို အတွေးအခေါ် ရှိနေတာကို သူမ အရမ်းပဲ စိတ်ချမ်းသာမိတယ်။

ဒါပေမဲ့ မိဘဆိုတာ စိုးရိမ်တတ်ကြတာ ဓလေ့ပဲ မဟုတ်လား။ “မိခင်ရဲ့ လက်ထဲက အပ်ချည်မျှင်ဟာ၊ ခရီးသွား သားဖြစ်သူရဲ့ ကိုယ်ပေါ်က အဝတ်အစား ဖြစ်တယ်၊ မထွက်ခွာခင်မှာတင် အသေအချာ ချုပ်ပေးနေမိသလို၊ ပြန်လာမယ့် အချိန်ကိုလည်း အမြဲတမ်း စိုးရိမ် ပူပန်နေမိတော့တယ်”

သူမက သားကြီး ခရီးထွက်တာ အလွန်ဆုံးရှိရင် တစ်နှစ်ခွဲလောက်ပဲ ကြာမယ်လို့ ထင်ထားပေမဲ့ ရွှီယောင်ဟုန်ကတော့ နှစ်ပေါင်းများစွာကြာမှ ပြန်ရောက်လာတာ ဖြစ်ပြီး၊ လမ်းခရီးမှာလည်း ထူးခြားတဲ့ ကြုံတွေ့မှုတွေ ရှိခဲ့ပေမဲ့ အဲဒါကတော့ နောက်ပိုင်းမှ ဖြစ်တဲ့ ကိစ္စတွေ ဖြစ်တယ်။

နောက်ထပ် တစ်နှစ်ရဲ့ ယွမ်ရှောင်းပွဲတော် (မီးထွန်းပွဲတော်) ကို ရောက်လာခဲ့တယ်။

ယွမ်ရှောင်းပွဲတော် အချိန်ရောက်တိုင်း မြို့တော်ထဲမှာ အစည်ကားဆုံး အချိန်ဖြစ်ပေမဲ့ ရွှီထင်းရှန်း တစ်မိသားစုလုံးကတော့ မီးထွန်းပွဲကို တစ်ခါမှ မလည်ဖူးကြဘူး။

အကြောင်းကတော့ အစပိုင်းမှာ အလုပ်များလွန်းလို့ အချိန်မရခဲ့သလို၊ မကြာသေးခင် နှစ်တွေမှာလည်း နှစ်တိုင်း ယွမ်ရှောင်းပွဲတော်မှာ နန်းတွင်း၌ ဂုဏ်ပြုပွဲတွေ ကျင်းပလေ့ရှိတာမို့၊ ရွှီထင်းရှန်း သာမက သူ့မိသားစုဝင်တွေပါ နန်းတော်ကို မဖြစ်မနေ သွားခဲ့ရလို့ ဖြစ်တယ်။

အခုတစ်ကြိမ်တော့ နန်းတော်မှာ ပွဲမကျင်းပတော့တာနဲ့၊ သူမနဲ့ ရွှီထင်းရှန်းတို့က ကလေး နှစ်ယောက်ကို ခေါ်ပြီး မီးထွန်းပွဲသွားဖို့ ကြိုတိုင်ပင်ထားကြတယ်။

ဆုံးဖြတ်ချက် ချပြီးကာရှိသေး၊ နန်းတော်ဘက်က စိတ်ကူး ပြောင်းသွားပြန်တယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာ ကျားချန်ဧကရာဇ်က နန်းတော်ထဲမှာ ပွဲမလုပ်တော့ဘဲ၊ ပြည်သူတွေနဲ့အတူ ပျော်ဖို့အတွက် နန်းပြင်ထွက်ဖို့ အမိန့်ပေးလိုက်တာ ဖြစ်တယ်။

ဒီစကားတစ်ခွန်းကြောင့် အခွန်ဝန်ကြီးဌာနက ပြန်ပြီး အလုပ်ရှုပ်လာပြန်တယ်။ အခုတစ်ကြိမ်မှာ ရွှီထင်းရှန်းက အကြောင်းပြချက် တစ်ခု ရှာပြီး ဝတ်ပြုရေးဝန်ကြီးဌာနကိုပါ ဆွဲထည့်လိုက်တာမို့၊ တာဝန်တွေကို ခွဲယူနိုင်ခဲ့တယ်။

271 04

အဲဒီနေ့ကို ရောက်တော့ ချီဖန်လမ်းကနေ ကျိန့်ယန်မန်လမ်းမကြီး တစ်လျှောက်လုံးမှာ မီးထွန်းစင်တွေနဲ့ မီးထွန်းမျှော်စင်တွေကို စောစောစီးစီး တည်ဆောက်လိုက်ကြတော့တယ်။

အစိုးရက စီစဉ်တာတွေအပြင် အိမ်တော် အသီးသီးကလည်း ပါဝင်ကြတယ်။

ဧကရာဇ်မင်းမြတ် ကိုယ်တိုင် နန်းပြင်ထွက်ပြီး မီးထွန်းပွဲ ကြည့်မယ် ဆိုမှတော့ အကယ်လို့ ကိုယ့်အိမ်က မီးပုံးလေးတွေက ဧကရာဇ်ရဲ့ မျက်စိထဲ ရောက်သွားရင် မုချပဲ မျက်နှာရမယ့် ကိစ္စလေ။ လင်မယား နှစ်ယောက်လုံးလည်း မီးထွန်းစင် တစ်ခု လုပ်ခဲ့သလို၊ မီးပုံးတွေအများကြီးကိုလည်း ဝယ်ခဲ့တယ်။ အဲဒီနေ့မှာ အထူးတလည် နာမည်ကျော်ဖို့ မရည်ရွယ်ဘဲ သာမန်အတိုင်းပဲ နေဖို့ ကြိုးစားခဲ့တယ်။

တခြားအိမ်တော်တွေရဲ့ မီးထွန်းစင်တွေအပြင်၊ လူအများရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံးကတော့ နန်းတော် တံခါးနဲ့ တည့်တည့်မှာ ရှိနေတဲ့ ‘အိုစန်း’ မီးထွန်းမျှော်စင်ကြီး ပါပဲ။

ဒီကိစ္စကို ဝတ်ပြုရေးဝန်ကြီးဌာနက စီစဉ်တာဖြစ်ပြီး၊ အခွန်ဝန်ကြီးဌာနကတော့ ပိုက်ဆံထုတ်ပေးရုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်တွေမှာ တာ့ချန်းရဲ့ ဘဏ္ဍာတိုက်က ပြည့်စုံနေတာမို့၊ ဒီလောက် အသုံးစရိတ်ကို ဂရုမစိုက်တော့ဘူးလေ။

မိုးမမှောင်ခင်ကတည်းက အဲဒီ အိုစန်း မီးထွန်းမျှော်စင်ကြီး ကို စတင် ထွန်းလိုက်ကြပါပြီ။

အကယ်လို့ တစ်ယောက်ယောက်က အထက်ကနေ လှမ်းကြည့်မယ် ဆိုရင်၊ အတွင်းမြို့ထဲမှာ အထင်ရှားဆုံး အရာက ဒီမီးပုံးကြီး ဖြစ်မှာပါ။

မီးပုံးကြီးက တောင်တစ်လုံးလို ပုံစံရှိပြီး၊ အောက်ခြေမှာ အမျိုးမျိုးသော မီးပုံးလေးတွေနဲ့ အလှဆင်ထားကာ၊ အထက်မှာတော့ ဧကရာဇ်အာဏာရဲ့ သင်္ကေတ ဖြစ်တဲ့ ကြီးမားတဲ့ ရွှေရောင် နဂါးကြီး တစ်ကောင် ဝဲပျံနေသလိုမျိုး ရှိနေခဲ့တယ်။

ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာတာနဲ့အမျှ၊ အိမ်တော် အသီးသီးရဲ့ မီးထွန်းစင်တွေလည်း လင်းထိန်လာခဲ့ကြတယ်။

မီးထွန်းစင် ဆိုတာကလည်း အမျိုးမျိုးသော မီးပုံးတွေနဲ့ အလှဆင်ထားတာဖြစ်ပြီး၊ အရှေ့ဘက်မှာ ချိတ်ထားတဲ့ မီးပုံးတိုင်းက အိမ်တော် အသီးသီးရဲ့ ဂုဏ်ယူရတဲ့ လက်ရာတွေပါပဲ။

ရွှီမိသားစု တစ်ခုလုံးလည်း ခမ်းနားစွာ ဝတ်ပြီး ရောက်လာကြတယ်။

ရွှီအိမ်တော်ရဲ့ မီးထွန်းစင် ဘေးဝဲယာမှာ လင်းမိသားစုနဲ့ချန်မိသားစုတို့ ရှိနေတာကြောင့်၊ အားလုံးက ရင်းနှီးသူတွေပါပဲ။ ရောက်ပြီးတော့ ရွှီထင်းရှန်းက ဧကရာဇ်ကို ကြိုဖို့အတွက် နန်းတော်ထဲ ဝင်သွားပြီး၊ သူမကတော့ စကားပြောဖော်တွေ ရှိနေလို့ အထီးကျန်တာ မရှိပါဘူး။

အားလုံးက မိခင်တွေမို့ ပြောဖြစ်တဲ့ အကြောင်းအရာတွေကလည်း သားသမီး ကိစ္စတွေချည်းပါပဲ။

“ဒါနဲ့ အစ်မ၊ နင်နင်အတွက် အိမ်ထောင်ဖက် ကြည့်ထားတာ ရှိလား။ သဘောကျတဲ့သူကော ရှိလား”

ဒီစကားကို ကြားတော့ သူမက ခဏ မှင်တက်သွားပြီးမှ၊ စွီရှီ ဘာကို ဆိုလိုလဲဆိုတာ နားလည်လိုက်တယ်။ သူမက မလှမ်းမကမ်းမှာ ချန်ရုယွဲ့နဲ့ စကားပြောနေတဲ့ သမီးဖြစ်သူကို၊ အနည်းငယ် စိုးရိမ်တဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်မိတယ်။

ဒါက တခြားသူတွေရဲ့ သမီးနဲ့ ကိုယ့်သားသမီးကြားက ကွာခြားချက်ပါပဲ။ ငယ်ငယ်က ထူးခြားမှု မရှိဘူး ထင်ရပေမဲ့၊ ကောင်းကောင်း ကြီးလာတဲ့အခါမှာတော့ ရုယွဲ့က စွီမိသားစုဝင်လိုပဲ နူးညံ့သိမ်မွေ့ပေမဲ့၊ နင်နင်ကတော့... ဘယ်လိုပဲဖြစ်ဖြစ် သူမနဲ့ မတူဘဲ၊ တက်ကြွလန်းဆန်းလွန်းလို့ ယောကျ်ားလျာလေး တစ်ယောက်လိုတောင် ဖြစ်နေတာ။

271 05

နင်နင်က မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူမက ဖြူစင်ရိုးသားပေမဲ့ ဒီလို ပုံစံမျိုးက မြို့တော်က တခြားအထက်တန်းလွှာ မိန်းကလေးတွေနဲ့ လုံးဝကွဲနေတယ်။ အခု အသက် ၁၃ နှစ် ရှိပြီ ဖြစ်ပေမဲ့၊ မိန်းကလေးကြီး တစ်ယောက်ရဲ့ ပုံစံ မရှိဘဲ၊ ကလေးတစ်ယောက်လိုပဲ ရှိနေသေးတာ။

ဒီကိစ္စကြောင့် သူမက ခေါင်းခဲနေပေမဲ့ သမီးဖြစ်သူမှာ အဖေရဲ့ အကာအကွယ် ရှိနေတယ်။ အဖေက - ငါ ရွှီထင်းရှန်းရဲ့ သမီးက ဘာလို့ တခြားသူတွေနဲ့ တူနေရမှာလဲ လို့ ဆိုထားသလို၊ သူမ ကိုယ်တိုင်လည်း သမီးကို တင်းကျပ်စွာ မဆုံးမရက်တာနဲ့၊ ဒီအတိုင်းပဲ ရှိနေတာပါ။

သူမရဲ့ စိတ်ထဲမှာတော့ နောက်ထပ် နှစ်နှစ်လောက် ကြာပြီး သမီးက ပိုပြီး အရွယ်ရောက်လာမှ အဆင်ပြေမယ်လို့ ယူဆထားသလို၊ ဒီလိုပုံစံနဲ့ အိမ်ထောင်ရေးကိစ္စတွေ ပြောဖို့ မသင့်သေးတာကြောင့်၊ သူမကလည်း အဲဒီဘက်ကို မစဉ်းစားခဲ့ဘူးလေ။

“ဒါကတော့ မဖြစ်ဘူးလေ၊ အစ်မ ရယ်၊ နင်ကော စိတ်မပူဘူးလား။ နင်နင်က အခု အသက် ၁၃ နှစ် ရှိနေပြီ၊ အိမ်ထောင်ဖက် ရှာပြီး စေ့စပ်ဖို့ဆိုတာ တစ်နှစ်ခွဲလောက် အချိန်ယူရတာ၊ စေ့စပ်ပြီးရင်လည်း မင်္ဂလာဆောင်ဖို့ ပြင်ရဦးမယ်၊ အဲဒီလိုနဲ့တင် ၁၅ နှစ်၊ ၁၆ နှစ် ဖြစ်သွားမှာပဲ။ နင် ကြည့်လိုက်လေ၊ မြို့တော်က အိမ်တော်တွေမှာ သမီး ၁၃ နှစ်ဆိုရင် အိမ်ထောင်ရေး စကားတွေ စပြောနေကြပြီ မဟုတ်လား”

ဒီအချက်ကို သူမ သိပါတယ်၊ ဒါပေမဲ့..

“ငါ့ရဲ့ နင်နင်ကို ကြည့်ဦးလေ၊ ကလေးလေး အတိုင်းပဲ ရှိသေးတာ၊ သူ့အဖေကလည်း မလောပါနဲ့ဦး ဆိုတော့လည်း၊ ထားလိုက်ပါတော့”

ဒါကို မြင်တော့ စွီမိသားစုဝင်ကလည်း ထပ်မပြောတော့ဘဲ သူမ ချန်ရုယွဲ့အတွက် ကြည့်ထားတဲ့ မိသားစု အနည်းငယ် အကြောင်းကိုပဲ သူမကို ပြောပြတော့တယ်။ မျိုးရိုးနောက်ခံကနေ၊ ကိုယ်ကျင့်တရား၊ အိမ်တွင်း အခြေအနေနဲ့ ယောက္ခမတွေရဲ့ စရိုက်၊ ခဲအို မရီးတွေကြားက ဆက်ဆံရေးတွေအထိ သူက သေသေချာချာ စဉ်းစားထားတာပါ။

ဒါတွေကို နားထောင်ပြီးမှ သူမက အလွန်ပဲ ရှက်သွားရပြီး၊ ကိုယ့်ကိုယ်ကိုယ် မိခင်ကောင်း တစ်ယောက် မဟုတ်ဘူးလို့တောင် ခံစားလိုက်ရတော့တယ်။

အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ၊ ညအချိန်ကို ရောက်လာခဲ့ပြီ။

အပြင်က မီးထွန်းပွဲကလည်း၊ ပိုပြီးတော့ စည်ကားလာတယ်။

ဝတ်ပြုရေးဝန်ကြီးဌာနက လူတွေက တကယ်ကို တော်တယ်လို့ ပြောရမှာပဲ။ သူတို့က မျက်လှည့် အဖွဲ့တွေအများကြီးကို ဖိတ်ထားသလို၊ မီးလျှံမျိုတာ၊ ဓားမျိုတာ၊ နဂါးအက ကတာတွေလည်း စုံလှတယ်။ အဲဒါအပြင် စားစရာတွေနဲ့ မီးပုံးတွေ ရောင်းတဲ့ ဆိုင်တွေလည်း အများကြီးပဲ။

အဲဒီလူတွေကို ဘယ်ကနေ ရှာလာလဲ ဆိုတာကိုတောင် အံ့ဩရတယ်။

ခြုံပြောရရင် ဒီမီးထွန်းပွဲကြီးက သိပ်စည်ကားပြီး၊ မြို့တော်က နာမည်ကြီး ဈေးတန်းကြီးတွေနဲ့ ဘာမှ မကွာပါဘူး။ ထူးခြားတာ တစ်ခုကတော့ မီးပုံး ကြည့်သူတွေက သာမန် ပြည်သူတွေ မဟုတ်ဘဲ အဆင့်မြင့် အရာရှိကြီးတွေနဲ့ သူတို့ မိသားစုတွေ ဖြစ်နေတာပါပဲ။

အစပိုင်းမှာတော့ အိမ်တော် အသီးသီးက လူတွေက ကိုယ့်အဆင့်အတန်းကို ငဲ့ပြီး တည်တည်ငြိမ်ငြိမ် နေကြပေမဲ့၊ ကလေးတွေက ဆူလာကြတာနဲ့၊ တဖြည်းဖြည်း အရာရာက ပေါ့ပါး လွတ်လပ်လာတယ်။ ဧကရာဇ်မင်းမြတ် ရောက်၊ မရောက်ကို သူမ မသိရပေမဲ့၊ ဧကရာဇ်ကို ကြိုဖို့ သွားတဲ့ ရွှီထင်းရှန်းကတော့ အခုထိ ပြန်မလာသေးဘူး။

ချန်မိသားစုက သားငယ် ချုံကော်က မီးပုံးတွေ သွားကြည့်ချင်လို့ အသည်းအသန် ဆူနေတယ်။ သူက အခု အသက် ၆ နှစ်ပဲ ရှိသေးပြီး၊ ချန်ကျန်းနဲ့ စွီမိသားစုဝင်တို့ရဲ့ တစ်ဦးတည်းသော သားဖြစ်တယ်။ နင်နင်ကလည်း အပြင်ထွက် ဆော့ချင်တာနဲ့၊ သူမက စွီမိသားစုဝင်နဲ့ တိုင်ပင်ပြီး အပြင်ကို ခဏ ထွက်လည်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

စွီမိသားစုဝင်က နူးညံ့သိမ်မွေ့တဲ့သူမို့၊ လူကြားထဲ ထွက်ဖို့ နည်းနည်း မရဲပေမဲ့၊ ဝတ်ပြုရေးဝန်ကြီးဌာနက အိမ်တော်တိုင်းကို မျက်နှာဖုံးအချို့ ပေးထားတာကြောင့်၊ အဲဒီစိုးရိမ်မှုတွေက မရှိတော့ဘူးပေါ့။

271 06

သူမက သဘောတူလိုက်တာနဲ့ နင်နင်က အမြန်ပဲ အစေခံတွေကို မျက်နှာဖုံးတွေ သွားယူခိုင်းလိုက်တော့တယ်။

ဒီမျက်နှာဖုံးတွေက ပုံစံဆန်းသလို၊ အချို့က ခေါင်းမှာ ဂျိုတွေတောင် ပါနေတာမို့၊ ကြည့်လိုက်ရင် နည်းနည်း ထိတ်လန့်စရာ ကောင်းတယ်။

“ဝတ်ပြုရေးဝန်ကြီးဌာနက ဘာလို့ ဒီလို အရာတွေကို လုပ်ထားတာလဲ၊ ညကြီးမင်းကြီးမှာ ဒီလို မျက်နှာဖုံးတွေ တပ်ပြီး ထွက်သွားရင် လူတွေ လန့်ကုန်မှာပေါ့” သူမက အညိုရင့်ရောင် ဂျိုနှစ်ချောင်းပါတဲ့ မျက်နှာဖုံး တစ်ခုကို ကိုင်ပြီး ပြောလိုက်တယ်။

ဒီကိစ္စကို စွီမိသားစုဝင်က သိနေလို့ သူမကို ရှင်းပြလိုက်ပါတယ်။

အမှန်တော့ ယွမ်ရှောင်းပွဲတော်မှာ မျက်နှာဖုံး တပ်တာက၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိတဲ့ ရှေးဟောင်း ဓလေ့တစ်ခုဖြစ်ပြီး၊ အဲဒါက နတ်ဘုရား ယဉ်ကျေးမှုကနေ လာတာပါ။ ဒီယဉ်ကျေးမှုအရ မျက်နှာဖုံးတွေက ဘေးအန္တရာယ်တွေကို ရှောင်လွှဲပေးနိုင်သလို၊ နတ်ဆိုးတွေနဲ့ ရောဂါတွေကိုလည်း နှင်ထုတ်နိုင်တယ်လို့ အဓိပ္ပာယ် ရှိတယ်။

ဝတ်ပြုရေးဝန်ကြီးဌာနက ဒါတွေကို စီစဉ်တာကလည်း၊ ပွဲတော်နဲ့ ကိုက်ညီအောင် ဖြစ်တယ်။ အဲဒါအပြင် အခုတစ်ကြိမ် မီးထွန်းပွဲ လာတဲ့သူတွေက အဆင့်မြင့် အရာရှိကြီးတွေနဲ့ ဇနီးသည်တွေမို့ မျက်နှာဖုံး တပ်တာက အချင်းချင်းကြားက အဆင့်အတန်းနဲ့ စည်းကမ်းတွေကို ရှောင်တဲ့နေရာမှာလည်း အသုံးတည့်တယ်။

“ဪ၊ ဒါကြောင့်ကိုး”

ဒါကို သိရတော့ သူမလည်း စိတ်ဝင်စားသွားပြီး၊ မျက်နှာဖုံးတွေကို တစ်ယောက်ချင်းစီ ဝေပေးလိုက်တာကြောင့် ချုံကော်အတွက်လည်း သေးတဲ့ မျက်နှာဖုံး တစ်ခု ပါခဲ့တယ်။

လူအုပ်စုက ကိုယ်စီ မျက်နှာဖုံးတွေ တပ်ပြီးတော့ မီးထွန်းစင်ထဲကနေ ထွက်ပြီး လူအုပ်ကြီးကြားထဲကို ဝင်သွားကြတော့တယ်။

“ဝတ်ပြုရေးဝန်ကြီးဌာနနဲ့ အခွန်ဝန်ကြီးဌာနကတော့ အခုတစ်ကြိမ် တာဝန်ကို တကယ်ကို ကောင်းကောင်း ထမ်းဆောင်ခဲ့တာပဲ”

မီးထွန်းပွဲထဲမှာ လူအုပ်စု တစ်စုက တခြားသူတွေနဲ့ မတူဘဲ ထူးခြားနေတယ်။

ထွားကျိုင်းတဲ့ အမျိုးသား နည်းနည်းက၊ ဝှီးချဲလ်ပေါ်မှာ ထိုင်နေတဲ့ အဘိုးအို တစ်ယောက်ကို ဝိုင်းထားကြတယ်။ အားလုံးက မျက်နှာဖုံးတွေ တပ်ထားသလို သာမန် ဝတ်စုံတွေကိုပဲ ဝတ်ထားတာကြောင့်၊ သူတို့ရဲ့ ရုပ်ရည်နဲ့ အဆင့်အတန်းကို ဘယ်သူမှ မသိနိုင်ဘူး။

ဒါပေမဲ့ ဒီလို မီးထွန်းပွဲမှာ ဝှီးချဲလ်နဲ့ ပေါ်လာနိုင်သူက ဘယ်သူ ဖြစ်မလဲ ဆိုတာကိုတော့ ကျန်တဲ့သူတွေရဲ့ အဆင့်ကို ကြည့်ရုံနဲ့တင် ခန့်မှန်းနိုင်တယ်။

ဒါပေမဲ့ ဧကရာဇ်မင်းမြတ်က ရိုးရိုးရှင်းရှင်းပဲ ထွက်လာတာမို့၊ တစ်ယောက်ယောက်က သူတို့ရဲ့ အဆင့်ကို ရိပ်မိရင်တောင်မှ၊ ဘယ်သူမှ ရှေ့ထွက်ပြီး ဖော်ထုတ်တာ မလုပ်ဝံ့ကြဘူး။

အထူးသဖြင့် ဧကရာဇ်ရဲ့ ပျော်ရွှင်မှုကို မပျက်စီးအောင်၊ ဆုံတဲ့သူတိုင်းက ဘာမှမသိသလို ဟန်ဆောင်နေကြတာ ဖြစ်တယ်။ အစိုးရအဖွဲ့ထဲက အရာရှိ လုပ်နေတဲ့သူတိုင်းက၊ အခြေအနေကို ပါးနပ်စွာ သိကြတဲ့သူတွေ မဟုတ်လား။

“အခွန်ဝန်ကြီးဌာနအနေနဲ့တော့ ဂုဏ်မယူဝံ့ပါဘူး၊ ဒါတွေ အားလုံးက ဝတ်ပြုရေးဝန်ကြီးဌာနရဲ့ ကြိုးစားမှုတွေပါပဲ” ဝှီးချဲလ်ရဲ့ လက်ယာဘက်မှာ ရပ်နေတဲ့ အပြာရောင် ဝတ်စုံနဲ့ အမျိုးသားက ဆိုလိုက်တယ်။

ဒီလူက ရွှီထင်းရှန်း ပါပဲ။

“အမတ်မင်းရွှီကလည်း နည်းလမ်းကောင်းတွေ အများကြီး ပေးခဲ့တာပါပဲ” ဝတ်ပြုရေးဝန်ကြီးဌာန ကိုယ်စား ပြန်ပြောလိုက်သူကတော့ လုဝမ်ပင် ဖြစ်တော့တယ်။

271 07

အမှန်တော့ ဒီမီးထွန်းပွဲကြီးကို ဝတ်ပြုရေးဝန်ကြီးဌာနက စီစဉ်တယ် ဆိုပေမဲ့၊ လက်တွေ့မှာတော့ လုဝမ်ကပဲ ဦးဆောင် လုပ်ခဲ့တာပါ။ လုဝမ် ဆိုတာက မော့ကျားပါပဲ၊ ဒါပေမဲ့ အခုတော့ သူက မော့ကျား လို့ မခေါ်တော့ဘဲ မျိုးရိုးအမည် ‘ချီ’ကို ပြောင်းလိုက်ပြီလေ။

“လုဝမ်မင်းသားကလည်း အားနာတတ်လိုက်တာ”

“ရပါပြီ၊ မင်းတို့ နှစ်ယောက်စလုံးမှာ အောင်မြင်မှုတွေ ရှိကြတာပဲ” ကျားချန်ဧကရာဇ်က ပြုံးပြီး မိန့်ကြားလိုက်ကာ မျက်နှာဖုံးကြားကနေ ရှားပါးတဲ့ ဒီစည်ကားမှုကို ငေးကြည့်နေခဲ့တယ်။

သူက ဒီလို စည်ကားမှုကို မမြင်ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ နန်းတော်ထဲမှာ လူအများကြီး ရှိပေမဲ့ လူတိုင်းက စည်းကမ်းတွေကြားမှာပဲ နေကြရတာမို့၊ ဧကရာဇ် တစ်ယောက်အနေနဲ့ အထီးကျန်တဲ့ အခြေအနေမျိုးကို အမြဲ ကြုံရတာ၊ ဒါကြောင့်လည်း ဒီလို လောကီ အငွေ့အသက်တွေကို သူ အမြဲတမ်း တမ်းတနေခဲ့တာလေ။

“ယွမ်ရှောင်းတွေ ရပါပြီ၊ အနှစ်များပြီး အလုံးကြီးတဲ့ ယွမ်ရှောင်းတွေပါခင်ဗျာ” “မုန့်ကြော်တွေ ရပါပြီ၊ မွှေးမွှေးကြွပ်ကြွပ် မုန့်ကြော်တွေပါ!” “ဟွမ်ထွန်းတွေ ရပါပြီ ခင်ဗျာ”

စားစရာ ဆိုင်တွေရှေ့မှာ လူအစည်ကားဆုံးပဲ။ ဘယ်သူဘယ်ဝါမှန်း မသိနိုင်တာကြောင့်၊ အဆင့်မြင့် အရာရှိကြီးတွေတောင်မှ ပိုက်ဆံနည်းနည်း ထုတ်ပြီး၊ ပြည်သူတွေရဲ့ ဘဝကို ခံစားကြည့်ဖို့ ဆိုင်တွေမှာ ဝယ်စားနေကြတယ်။

မလှမ်းမကမ်းမှာ လူတစ်ယောက်က ယွမ်ရှောင်းတွေကို ရပ်စားနေတယ်။

ပူလို့လား မသိဘဲ၊ သူက အဆက်မပြတ် မှုတ်နေပေမဲ့၊ ပါးစပ်ထဲကိုတော့ မနားတမ်း ထည့်နေတာ။

ကျားချန်ဧကရာဇ်က အဲဒီနေရာကို ကြည့်ပြီး၊ အတော်လေး စိတ်ဝင်စားနေခဲ့တယ်။

မင်းသားလေးက နောက်ဆုံးတော့ စကားပြောခွင့် ရသွားတာနဲ့ လျှောက်တင်လိုက်တယ်။ “ခမည်းတော် တစ်ပန်းကန်လောက် ဝယ်ခိုင်းလိုက်ရမလား။ သားတော် ကြည့်ရတာတော့ အဲဒီ ယွမ်ရှောင်းတွေက တော်တော်လေး စားလို့ ကောင်းမယ့် ပုံပါပဲ”

ဒါကို ကြားတော့ ဘေးက လီရွှန့်က မအောင့်နိုင်ဘဲ ဝင်ဖျောင်းဖျလိုက်တယ်။ “ဧကရာဇ်မင်းမြတ်၊ နန်းပြင်က အရာတွေကိုတော့...”

ကျန်တဲ့ စကားကို သူ ဆက်မပြောပေမဲ့ ဆိုလိုရင်းကို အားလုံး နားလည်လိုက်ကြပါတယ်။

အကယ်လို့ စားမိရာကနေ တစ်ခုခု ဖြစ်ရင်၊ ဒီနေ့လို ပျော်စရာ နေ့ကြီးက ဝမ်းနည်းစရာ ကိစ္စကြီး ဖြစ်သွားမှာလေ။

မင်းသားလေးလည်း ကိုယ် စကားမှားသွားတာ သိတာနဲ့၊ ထပ်ပြီး စကားမပြောတော့ဘူး။

ကျားချန်ဧကရာဇ်လည်း စားချင်ပေမဲ့၊ နောက်ဆုံးတော့ စိတ်ကို ထိန်းပြီး ဆက်လည်ခဲ့တယ်။ ဒါပေမဲ့ ခုနက ကိစ္စကြောင့် သူ့စိတ်ထဲမှာတော့ အနည်းငယ် ပျော်ရွှင်မှု လျော့သွားရတယ်။

ခဏလောက် လည်ပြီးတော့ ကျားချန်ဧကရာဇ်က ငြီးငွေ့လာပြီး မိန့်လိုက်တယ်။ “ကျန်း ပင်ပန်းလာပြီ၊ နန်းတော်ကို ပြန်တော့မယ်”

“သားတော် ခမည်းတော်ကို နန်းတော်အထိ လိုက်ပို့ပေးပါ့မယ်” လုဝမ်နဲ့ မင်းသားလေးတို့က တစ်ပြိုင်တည်း လျှောက်တင်ကြတယ်။

ကျားချန်ဧကရာဇ်က လက်ယပ်ပြပြီး ဆိုလိုက်တယ်။ “ပို့မနေပါနဲ့တော့ မင်းတို့ ဆက်လည်ကြပါဦး၊ ကျန်းကြောင့် မင်းတို့ရဲ့ ပျော်ရွှင်မှုတွေကို မပျက်စီးပါစေနဲ့။ ခဏနေရင် မီးရှူးမီးပန်းတွေ လွှတ်ဦးမယ်ဆို၊ ကျန်းကတော့ အသက်ကြီးပြီမို့ မကြည့်တော့ပါဘူး၊ မင်းတို့ပဲ ကြည့်ကြတော့”

271 08

ပြောပြီးတော့ သူက လီရွှန့်ကို ဝှီးချဲလ်တွန်းခိုင်းပြီး ထွက်သွားတာနဲ့ ဝေယွင်ကျယ်တို့ကလည်း ဘေးကနေ ချက်ချင်းပဲ လိုက်ကာကွယ်ပေးလိုက်ကြတယ်။ အမှန်တော့ တိတ်တဆိတ်မှာ ကျင်းယီဝေ့တွေအများကြီး ရှိနေပေမဲ့၊ အပြင်ပန်းမှာတော့ မသိသာဘူး။

ကျားချန်ဧကရာဇ် ထွက်သွားပြီးတော့ အဲဒီနေရာမှာ ရွှီထင်းရှန်း၊ လုဝမ် နဲ့ မင်းသားလေးတို့ သုံးယောက်ပဲ ကျန်တော့တယ်။

မင်းသားလေးက လုဝမ်ကို တစ်ချက် ကြည့်ပြီးတော့ ချက်ချင်းပဲ လှည့်ထွက်သွားခဲ့တယ်။

ကျန်ခဲ့တဲ့ ရွှီထင်းရှန်းနဲ့လုဝမ် နှစ်ယောက်က၊ မျက်နှာဖုံးကြားကနေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးမှ ကိုယ်စီ လမ်းခွဲထွက်သွားကြတော့တယ်။

ရွှီထင်းရှန်းက ကိုယ့်အိမ်တော် မီးထွန်းစင်ဆီကို ပြန်လာခဲ့တယ်။

ကျောက်အာနဲ့ ကလေးတွေက အဲဒီမှာ မရှိကြသလို၊ ချန်အိမ်တော် ဘက်မှာလည်း လူတစ်ယောက်မှ မတွေ့ရဘူး။ စောင့်နေတဲ့ အစေခံတွေကို မေးကြည့်မှ၊ အားလုံးက မီးထွန်းပွဲ သွားလည်နေကြတာ သိတာနဲ့၊ သူလည်း လှည့်ပြီး အပြင်ကို ပြန်ထွက်ခဲ့တော့တယ်။

အပြင်ဘက်မှာတော့ ဆူညံ ပွက်လောရိုက်နေပြီး၊ မလှမ်းမကမ်းမှာ နဂါးအက ကတဲ့သူတွေ၊ လူခြေတောက်ရှည် စီးတဲ့သူတွေနဲ့ ခြင်္သေ့အက ကတဲ့သူတွေ ရှိနေကာ၊ ဗုံသံ မောင်းသံတွေနဲ့ သိပ်ကို စည်ကားနေတယ်။

တခြားအရာတွေကို ထားလိုက်ဦး၊ အဲဒီနဂါးအကကတော့ တကယ်ကို ထူးခြားဆန်းပြားလှပါတယ်။

နဂါးရုပ်မှာ ဦးခေါင်း ရှိသလို၊ ကိုယ်ထည်ကိုလည်း အပိုင်းများစွာ ခွဲထားပြီး၊ အပိုင်းတိုင်းထဲမှာ ဖယောင်းတိုင်တွေ ထွန်းထားကာ၊ အောက်မှာတော့ ထမ်းဖို့ တိုင်တွေ ရှိနေတယ်။ ကတဲ့ အခါမှာ လူတစ်ယောက်က ရောင်စုံ ပုတီးလုံးလေး တစ်လုံးနဲ့ နဂါးကို မြှူရပြီး၊ နဂါးခေါင်းက အဲဒီပုတီးလုံး နောက်ကို လိုက်လှုပ်ရှားနေကာ နောက်က လူတွေကလည်း နဂါးကိုယ်ထည် အပိုင်းတွေကို တစ်ယောက်ချင်း ကိုင်ပြီး၊ ဗုံသံတွေနဲ့အညီ ညီညာစွာ ကကြတာက သိပ်ကို ခမ်းနားနေတယ်။

ပတ်ဝန်းကျင်မှာ လူပေါင်းများစွာ ရှိနေတယ်။ အမျိုးသားရော အမျိုးသမီးပါ ရှိသလို၊ လူကြီးနဲ့ ကလေးတွေလည်း ပါတယ်၊ လူတိုင်းက မျက်နှာဖုံးတွေ တပ်ထားကြတာမို့ ဘယ်သူဘယ်ဝါလဲ ခွဲရခက်တာပေါ့။

ရွှီထင်းရှန်းက ကျောက်အာ ဒီနေ့မှာ မက်မွန်နီရောင်ဝတ်စုံ ဝတ်ထားတာကို မှတ်မိနေသလို၊ ကလေးတွေရဲ့ အဝတ်အစားတွေကိုလည်း မှတ်မိနေတယ်။ ဒါကြောင့် အဝတ်အစား အရောင်ကိုပဲ ရှာနိုင်ရင်၊ လူကိုလည်း ရှာတွေ့မှာ သေချာပါတယ်။

သူက ကွင်းထဲမှာ သေသေချာချာ ရှာပေမဲ့၊ ကျောက်အာတို့ကို မတွေ့တာနဲ့ တခြား နေရာကို ပြောင်းရှာခဲ့တယ်။

ရွှီထင်းရှန်း မသိတာက သူ ထွက်သွားပြီးနောက်မှာလည်း၊ တစ်ယောက်ယောက်က ရွှီအိမ်တော်ရဲ့ မီးထွန်းစင ဆီကို လာခဲ့ပြီး၊ အားလုံး အပြင်ထွက်သွားတာ သိတော့မှ လူအုပ်ကြီးကြားထဲကို လိုက်ဝင်သွားခဲ့တာပါပဲ။

နင်နင်က ပြုံးရယ်ပြီး ချန်ရုယွဲ့နဲ့ ဆော့နေခဲ့တယ်။

မိန်းကလေး နှစ်ယောက်စလုံးက အသက် ၁၃ နှစ်၊ ၁၄ နှစ် အရွယ်တွေမို့၊ လှပတင့်တယ်တဲ့ အရွယ်တွေဖြစ်တာကြောင့် မျက်နှာကို ဖုံးထားရင်တောင် ပြုံးရယ်နေတာက ပန်းချီကားတစ်ချပ်လို လှနေတာပေါ့။

“အစ်မကြီး၊ ဟိုအရှေ့မှာ စားစရာတွေ ရောင်းနေတာ တွေ့တယ်၊ ငါတို့ သွားဝယ်ကြရအောင်!” အရပ်ပုပုနဲ့ ချုံကော်က အော်လိုက်တယ်။

ပြောပြီးတာနဲ့ သူက လူအုပ်ကြီးကြားထဲကို တိုးဝင် ပျောက်သွားတော့တာပဲ။

“အို... ချုံကော်၊ နင်က ဘာလို့ အဲဒီလောက် မြန်မြန် ပြေးသွားရတာလဲ”

271 09

မိန်းကလေး နှစ်ယောက်လည်း ရှေ့ဆင့်နောက်ဆင့် လိုက်သွားကြရာ၊ ကျောက်အာက နောက်ကနေ အော်ပြီးသတိပေးလိုက်ရတယ်။ “လူတွေကို မတိုက်မိစေနဲ့နော်၊ ဒီကလေးကတော့ တကယ်ပဲ”

စွီမိသားစုဝင်က စိုးရိမ်တကြီးနဲ့ ဆိုလိုက်တယ်။ “မြန်မြန် လိုက်သွားကြရအောင်၊ ကလေး ပျောက်သွားရင် မလွယ်ဘူး”

“မပျောက်ပါဘူး၊ ဒီလို နေရာမျိုးမှာ ဘယ်လိုလုပ် ပျောက်နိုင်မှာလဲ” ကျောက်အာက ပြုံးပြီး ပြောလိုက်တယ်။

စွီမိသားစုဝင်က အဲဒီတော့မှ ဒါက တော်ဝင်မိသားစုက လုပ်တဲ့ မီးထွန်းပွဲ ဖြစ်တာ သတိရလိုက်တယ်။ ဒီလို နေရာမျိုးမှာတောင် ကလေး ပျောက်မယ် ဆိုရင် လောကမှာ ဘေးကင်းတဲ့ နေရာ ရှိတော့မှာ မဟုတ်ဘူးလေ။

“ဒါပေမဲ့လည်း လိုက်ရှာကြတာပေါ့”

အဲဒီလို ပြောပြီး စွီမိသားစုဝင်က ရှေ့ကို ပြေးဝင်သွားတယ်။ ကျောက်အာက ဘေးဘယ်ညာကို လှည့်ကြည့်လိုက်တုန်း မလှမ်းမကမ်းက မီးပုံးဆိုင် တစ်ဆိုင် ရှေ့မှာ မျက်နှာဖုံး တပ်ထားတဲ့ လူငယ်လေးတစ်ယောက် ဆောင့်ကြောင့်ထိုင်နေတာ မြင်တော့ သူ့ကို နေရာအနှံ့ လျှောက်မသွားဖို့ အမြန် မှာပြီးတော့မှ၊ သူမလည်း ရှေ့ကို လိုက်သွားခဲ့တယ်။

ကျောက်အာ ခေါင်းတစ်ချက် လှည့်လိုက်တဲ့ ခဏအတွင်းမှာပဲ စွီမိသားစုဝင်က ပျောက်သွားပြီမို့ သူမလည်း လမ်းလျှောက်ရင်း တစ်ဖက်ကလည်း လိုက်ရှာနေရတယ်။ ဒါပေမဲ့ မီးအလင်းရောင်တွေက တောက်ပလွန်းသလို၊ လူသံတွေကလည်း ဆူညံနေတာမို့ သူမရဲ့ မျက်စိတွေက ဝေဝါးနေပြီး၊ နေရာအနှံ့မှာလည်း ရောင်စုံ အလင်းတန်းတွေနဲ့ပဲ ပြည့်နေခဲ့တယ်။

ကျောက်အာ လမ်းလျှောက်နေတုန်း ရုတ်တရက် တစ်ယောက်ယောက်က နောက်ကနေ သူမရဲ့ ပုခုံးကို ပုတ်လိုက်တယ်။

သူမ လှည့်ကြည့်လိုက်တဲ့အခါ သူက သူမရဲ့ နောက်မှာ ရပ်နေတာကို မြင်လိုက်ရတယ်။

“နင်က ဘယ်လိုဖြစ်ပြီး ရှာတွေ့တာလဲ။ ဧကရာဇ်မင်းမြတ်ကော နင့်ရဲ့ မျက်နှာဖုံးက တကယ်ကို ရုပ်ဆိုးတာပဲ” ပြောရင်း သူမက မသိစိတ်အရ သူ့ရဲ့လက်ကြီးကို လှမ်းဆွဲလိုက်မိတယ်။

“ဧကရာဇ်မင်းမြတ်ကတော့ နန်းတော်ကို ပြန်သွားပါပြီ”

“နင့်ရဲ့ မျက်စိက တကယ်ကို စူးရှတာပဲ၊ ငါ မျက်နှာဖုံး တပ်ထားတာတောင်မှ နင်က မှတ်မိသေးတယ်ပေါ့”

ရွှီထင်းရှန်းက ခပ်ဖွဖွ ရယ်ပြီး ဆိုလိုက်တယ်။ “မင်းလည်း ငါ့ကို မမှားဘဲ မှတ်မိနေတာပဲ မဟုတ်လား”

ကျောက်အာက အရင်ဆုံး ရယ်လိုက်ပြီးမှ ဆိုလိုက်တယ်။ “ငါတို့က လင်မယားအိုတွေ ဖြစ်နေပြီပဲ၊ ငါက နင့်ကို မှားမှတ်မိစရာ ရှိလို့လား။ နင့်ရဲ့ အခု ဝတ်ထားတဲ့ ဝတ်စုံကိုတောင် ငါ ကိုယ်တိုင် ရွေးပေးထားတာလေ။ ဒါနဲ့၊ နင်နင်ကို ကူရှာပေးပါဦး၊ အဲဒီ မိန်းကလေးက ဘယ်ကို ပြေးသွားမှန်း မသိဘူး”

……

လုဝမ်က အရှေ့ဘက် မလှမ်းမကမ်းမှာ အရပ်အမောင်း မြင့်သလို မက်မွန်နီရောင် ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက် လျှောက်နေတာကို မြင်လိုက်ရတယ်။

ဘယ်လိုပဲ ကြည့်ကြည့် သူမနဲ့ သိပ်တူနေတာပဲ။

သူ့ရဲ့ နှုတ်ခမ်းထောင့်တွေက အနည်းငယ် ကွေးသွားပြီး၊ ရှေ့ကို တိုးဝင်ကာ မေးလိုက်တယ်။ “ဘာလို့ ဒီမှာ ရောက်နေတာလဲ”

တစ်ဖက်လူက ဘာမှ ပြန်မပြောဘူး။

“ထိတ်လန့်သွားလို့လား။ နင်ကော ထိတ်လန့်တတ်သေးလို့လား”

271 10

အဲဒီတော့မှ၊ တစ်ဖက်လူက လှုပ်ရှားလာပြီး၊ မျက်နှာဖုံးကို ဖယ်ကာ တွန့်ဆုတ်စွာနဲ့ မေးလိုက်တယ်။ “ရှင်က ဘယ်သူလဲ ဟင်”

အဲဒါက သူစိမ်းအမျိုးသမီး တစ်ယောက်ရဲ့ မျက်နှာ ဖြစ်နေခဲ့တယ်။

ရုပ်ရည်က မဆိုးပေမဲ့၊ လုဝမ်အဖို့တော့ ချက်ချင်းပဲ စိတ်ဓာတ် ကျသွားရတယ်။

သူက မျက်မှောင်ကို နည်းနည်း တွန့်လိုက်ပြီး အဲဒီနေရာက ထွက်ဖို့ ပြင်တုန်း၊ ဘေးနားကနေ လက်ကလေး တစ်ဖက်က သူ့ကို လှမ်းဆွဲလိုက်တယ်။ အဲဒါက မိန်းကလေးငယ် တစ်ယောက် ဖြစ်တယ်။

အရပ်က မမြင့်ဘဲ သွယ်လျသလို၊ သူ့ရဲ့ဝတ်ရုံစကို ဆွဲထားတဲ့ လက်ကလေးကလည်း ဖြူစင်နူးညံ့နေတာပဲ။

“ဦးလေးကြီး၊ ဘာလို့ ဒီမှာ ရှိနေတာလဲ”

အသံကို ကြားတာနဲ့၊ ဒီလူက ဘယ်သူလဲဆိုတာ လုဝမ် သိလိုက်ရတယ်။

သူက တစ်ခုခု ပြောဖို့ ပြင်တုန်းမှာပဲ၊ အဲဒီမိန်းကလေးငယ်လေးက မလှမ်းမကမ်းက လူတွေကို လက်ယပ်ခေါ်ပြီး အော်လိုက်တော့တယ်။ “အဖေ၊ အမေ၊ သမီး ဒီမှာ ရှိနေတယ်”

လုဝမ်က အဲဒီလမ်းကြောင်းအတိုင်း လှမ်းကြည့်လိုက်တော့ အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်က ပုခုံးချင်း ယှဉ်ရပ်နေကြပြီး၊ နောက်ကို လှည့်ကြည့်လာတာကို မြင်လိုက်ရတော့တယ်။

……

အဲဒီအချိန်မှာပဲ၊ ရုတ်တရက် ‘ရှူး——ဒုန်း’ ဆိုတဲ့ အသံတွေနဲ့အတူ၊ မလှမ်းမကမ်းက ကောင်းကင်ယံကြီးက ရုတ်တရက် လင်းသွားခဲ့တယ်။

ကြီးကျယ်တဲ့ မီးရှူးမီးပန်းတွေက ကောင်းကင်မှာ ပေါက်ကွဲ ပွင့်အာသွားကြပြီး၊ အချို့က မီးလုံးကြီးတွေလို၊ အချို့က ငွေရောင် မြွေတွေလို၊ အချို့ကတော့ ပွင့်အာနေတဲ့ ပန်းကလေးတွေလိုပဲ သိပ်ကို လှနေတာပေါ့။ အဲဒီနောက်မှာတော့ ကြီးကျယ်တဲ့ မီးရှူးမီးပန်းတွေက ကောင်းကင်ထက်ကနေ အရှိန်နဲ့ ကျလာတာကြောင့် ငွေရောင်နဲ့ ရွှေရောင် ရေတံခွန်ကြီးတွေလို ဖြစ်သွားပြီး ကြည့်ရတာ သိပ်ကို ခမ်းနားလှပါတယ်။

မီးရှူးမီးပန်းတွေအောက်မှာ တစ်ယောက်ကိုတစ်ယောက် မှီရပ်နေကြတဲ့ အဲဒီအမျိုးသားနဲ့ အမျိုးသမီးရဲ့ ပုံစံက ရင်သပ်ရှုမောစရာ ကောင်းလောက်အောင်ကို လှနေတယ်။

လုဝမ်က အဝေးကနေ အဲဒီမြင်ကွင်းကို ငေးကြည့်ရင်း၊ ရင်ထဲမှာ အနည်းငယ်တော့ ခါးသီးနာကျင်မှုကို ခံစားလိုက်ရတယ်။

ခြေလှမ်း တစ်လှမ်း နောက်ကျခဲ့ရတယ်။ နောက်ဆုံးတော့ ခြေလှမ်း တစ်လှမ်း နောက်ကျခဲ့ရတာပါပဲ။

“ဦးလေးကြီး ဘာတွေကို ကြည့်နေတာလဲ”

“ဘာမှ မဟုတ်ပါဘူး”

‘ဒုန်း၊ ဒုန်း၊ ဒုန်း’ ဆိုတဲ့ အသံတွေက ဆက်တိုက် ထွက်နေသလို၊ နေရာအနှံ့မှာလည်း လူတွေရဲ့ ချီးမွမ်းသံတွေနဲ့ ပြည့်နေပြီး၊ အားလုံးက လှပတဲ့ ကြယ်စင် ကောင်းကင်နဲ့ တောက်ပတဲ့ မီးရှူးမီးပန်းတွေကို မော့ကြည့်နေကြတော့တယ်။

ဒီလိုနဲ့၊၏ အမှန်တကယ်ပဲ ဘာမှ မရှိတော့သလိုမျိုး ငြိမ်သက်သွားပါတော့တယ်။

******

272 01

အခန်း (၂၇၂) ဇာတ်သိမ်းပိုင်း

ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်ပြီး စည်ကားနေပေမဲ့ လုဝမ်ကတော့ ထူးထူးခြားခြားပဲ အထီးကျန်သလို ခံစားနေရတယ်။ သူ့နားထဲမှာတော့ မိန်းကလေးငယ်ရဲ့ တီတီတာတာ ပြောနေတဲ့ အသံတွေကို ကြားနေရတာပေါ့။

“ဒီမီးရှူးမီးပန်းတွေက တကယ်လှတာပဲ၊ အဖေ ပြောတာတော့ ဒါက လုပ်ငန်းဝန်ကြီးဌာန က အခုမှ အသစ်ထုတ်လိုက်တဲ့ ကစားစရာအသစ်တွေတဲ့”

“တကယ်ကြည့်လို့ကောင်းတယ်၊ နောက်နှစ်လည်း နန်းတော်က ဒီလိုမျိုး မီးထွန်းပွဲ ကျင်းပပေးရင် သိပ်ကောင်းမှာပဲ”

ဒါပေမဲ့ ဘယ်လောက်ပဲ လှပတဲ့ အရာဖြစ်ပါစေ၊ ပျောက်ကွယ်သွားမယ့် အချိန်ဆိုတာ ရှိစမြဲပါပဲ။ တဖြည်းဖြည်းနဲ့ ငြိမ်သက်သွားတဲ့ လေထုကို ခံစားရင်း ကောင်းကင်ယံထက်က တောက်ပတဲ့ မီးရှူးမီးပန်းတွေ ပျောက်ကွယ်သွားတာကို ကြည့်ပြီး နင်နင်က နှမြောတသစွာနဲ့ ညည်းလိုက်မိတယ်။

အခြားတစ်ဖက်မှာတော့ ကျောက်အာကလည်း ပြောနေခဲ့တယ်။ “လုပ်ငန်းဝန်ကြီးဌာနက လက်မှုပညာသည်တွေက တကယ်ကို ထူးခြားတဲ့ စိတ်ကူးတွေ ရှိတာပဲ၊ ဒီလောက် လှပတဲ့ အရာတွေကို ဖန်တီးနိုင်ကြတယ်”

ရွှီထင်းရှန်းက သူ့မျက်နှာပေါ်က မျက်နှာဖုံးကို တစ်ချက် ပွတ်သပ်လိုက်တယ်။ အဲဒါက လုပ်ငန်းဝန်ကြီးဌာနက စစ်လက်နက်တွေ တီထွင်နေတုန်း မတော်တဆ ထွက်လာတဲ့ အရာဖြစ်ကြောင်းကိုတော့ သူက သူမကို ပြောပြချင်စိတ် မရှိပါဘူး။

“ကြည့်ချင်တယ် ဆိုရင်တော့ နောက်နှစ်မှာလည်း သူတို့ကို လွှတ်ခိုင်းလိုက်တာပေါ့”

ကျောက်အာက သူ့ကို ပြုံးပြီး စနောက်လိုက်တယ်။ “နင်က ဝတ်ပြုရေးဝန်ကြီးဌာနကို နင်တို့ အိမ်က ဖွင့်ထားတာလို့ ထင်နေတာလား”

ရွှီထင်းရှန်းရဲ့ မျက်နှာပျက်နေတဲ့ အမူအရာက မျက်နှာဖုံးနောက်မှာ ပုန်းနေခဲ့ပြီး၊ သူ့အသံက နည်းနည်း မကျေမနပ် ဖြစ်နေတယ်။ “မင်း ယောကျ်ားမှာ ဒီလောက် အရည်အချင်းတော့ ရှိပါသေးတယ်”

ကျောက်အာက သူ စိတ်ကောက်သွားပြန်ပြီမှန်း သိတာနဲ့၊ လက်နဲ့ သူ့လက်ဖဝါးကို ကုတ်ခြစ်ပြီး ချော့လိုက်တယ်။ သူက ယားလို့ လက်ကို အကြိမ်ကြိမ် ရုပ်သိမ်းပေမဲ့၊ နောက်ဆုံးတော့ သူမရဲ့နောက်ပြောင်တတ်တဲ့ လက်ကလေးကို အတင်းအကျပ် ဆွဲကိုင်ထားလိုက်ပါတော့တယ်။

“မြန်မြန် သွားကြစို့၊ နင်နင်တို့ ခေါ်နေပြီ။ ဒါနဲ့၊ သူမ ဘေးမှာ ရပ်နေတဲ့သူက ဘယ်သူလဲ”

ရွှီထင်းရှန်းက အဲဒီတော့မှ ဇနီးသည်ရဲ့ အကြည့်အတိုင်း လှမ်းကြည့်လိုက်တယ်။ သမီးဖြစ်သူက အဲဒီလူနဲ့ စကားပြောနေတာ မြင်တော့ သူ့အကြည့်က ချက်ချင်း တင်းမာသွားပြီး ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားတော့တာပဲ။

“လုဝမ်မင်းသားက ဘာဖြစ်လို့ ဒီမှာ ရှိနေတာလဲ” မျက်နှာဖုံး တပ်ထားပေမဲ့လည်း၊ ရွှီထင်းရှန်းရဲ့ သဘောထားက အတော်လေး ခပ်တောင့်တောင့် ဖြစ်နေတာ သိသာလှပါတယ်။

“ဒီအတိုင်း လာလည်တာပါ”

“သမီးငယ်က လုဝမ်မင်းသားကို စော်ကားမိတာမျိုး မရှိပါဘူးနော်။ နင်နင်၊ မြန်မြန် လာခဲ့စမ်း” ရွှီထင်းရှန်းရဲ့ သဘောထားကြောင့် နင်နင်က နည်းနည်း ဝေခွဲမရ ဖြစ်သွားပေမဲ့၊ လိမ်မာပါးနပ်စွာနဲ့ လျှောက်လာခဲ့တယ်။ ကျောက်အာကတော့ သူမရဲ့ ယောကျ်ားကို တစ်ချက် ကြည့်လိုက်ပေမဲ့ စကားတစ်ခွန်းမှ ဝင်မပြောပါဘူး။

လုဝမ်က ခေါင်းခါပြလိုက်တာနဲ့၊ ရွှီထင်းရှန်းက သူ့ကို မာန်ပါပါနဲ့ ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ဇနီးနဲ့ သမီးကို ခေါ်ပြီး ထွက်သွားခဲ့တော့တယ်။

ဒီမီးထွန်းပွဲကြီးက သိပ်ကို ထူးခြားဆန်းပြားတာကြောင့်၊ လူအများကြီးက အချိန်အတော်ကြာတဲ့အထိ မပြန်ဘဲ နေခဲ့ကြတယ်။

သန်းခေါင်ယံနား နီးမှပဲ၊ ရွှီမိသားစု တစ်ခုလုံး အိမ်ပြန်ရောက်ခဲ့ကြတယ်။

ကိုယ်လက် သန့်စင်ပြီး လဲလျောင်းပြီးတော့မှ၊ ကျောက်အာက ရွှီထင်းရှန်းကို စောစောက ကိစ္စကို စပြောတော့တယ်။

272 02

“နင်က အရင်က ကိစ္စတွေကို အခုထိ ဘာလို့ သဝန်တိုနေရသေးတာလဲ၊ နှစ်တွေ ဘယ်လောက်တောင် ကြာသွားပြီလဲ၊ သူ့ကို မြင်ရင် အခုထိ မျက်နှာက မကောင်းဘူး” ဒီနေရာမှာ သူမ ရည်ညွှန်းတာက လုဝမ်ကိုပါ။

ရွှီထင်းရှန်းက နှာတစ်ချက် ရှုံ့ပြီး မေးလိုက်တယ်။ “ဟုတ်လို့လား”

“ခုနက နင်နင်တောင်မှ နင့်ကြောင့် လန့်သွားတာလေ၊ အိမ်ပြန်လမ်းမှာတောင် ငါ့ကို လာမေးနေသေးတယ်၊ သူမက နင်ကို စိတ်ဆိုးအောင် လုပ်မိလို့လား ဆိုပြီးတော့”

ဒီမေးခွန်းကို ကျောက်အာအနေနဲ့ အဖြေပေးဖို့ ခက်ပါတယ်။ သူမရဲ့ အဖေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အချဉ်ရည်ဟောင်း (သဝန်တိုမှု) ကို အခုထိ သောက်နေတုန်းပဲလို့ မပြောနိုင်တာကြောင့်၊ အကြောင်းပြချက် တစ်ခုနဲ့ပဲ လှည့်ပတ် ပြောခဲ့ရတယ်။

ရွှီထင်းရှန်းက သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး မျက်လုံးကို မှေးကြည့်ကာ ဆိုလိုက်တယ်။ “သူက အခုထိ အိမ်ထောင်မပြုသေးဘူး၊ ဧကရာဇ်မင်းမြတ်က သူ့ကို အကြိမ်ကြိမ် ပြောခဲ့ပေမဲ့၊ သူက အကြောင်းပြချက် အမျိုးမျိုးပေးပြီး ရှောင်နေခဲ့တာလေ”

ကျောက်အာက မသိစိတ်ကနေ မှင်တက်သွားပြီးမှ၊ ဘာမှမဖြစ်သလိုပဲ မေးလိုက်တယ်။ “အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ၊ ငါက မကြာခင်မှာ ယောက္ခမတောင် ဖြစ်တော့မယ့်သူလေ။ ဒါနဲ့ ဒါအကြောင်း ပြောမိလို့၊ နင်နင်လည်း မငယ်တော့ဘူး၊ စွီရှီကတောင် ရုယွဲ့အတွက် အိမ်ထောင်ဖက်တွေ ရွေးနေပြီ၊ ငါ့ သမီးကိုရော ဘယ်လို လုပ်ကြမလဲ”

ဒီကိစ္စကို ပြောလိုက်တာနဲ့ ကျောက်အာမှာ စိုးရိမ်ပူပန်လာရတော့တယ်။

“နင်နင်က ဘယ်လောက် ရှိသေးလို့လဲ၊ အိမ်ထောင်ရေးအကြောင်း ပြောဖို့ စောပါသေးတယ်” ရွှီထင်းရှန်းက ဂရုမစိုက်သလို ပြောလိုက်တယ်။

“အသက် ၁၃ နှစ် ရှိနေပြီလေ၊ သူ့ရဲ့ ဆံထိုးပွဲမတိုင်ခင်မှာ စေ့စပ်ကြောင်းလမ်းတာတွေ ပြီးနေရမှာပေါ့”

“၁၃ နှစ် ဆိုတာ ငယ်ပါသေးတယ်၊ မင်းကော သမီးကို ဒီလောက် စောစောကြီး အိမ်က ထွက်သွားစေချင်လို့လား” ကျောက်အာက ခေါင်းခါတာ မြင်တော့ သူက ဆက်ပြီး ဆိုလိုက်တယ်။ “နောက်ထပ် နှစ်နည်းနည်းလောက် ထပ်ထားလိုက်တာပေါ့၊ အသက် ၁၈ နှစ်ကျမှ လက်ထပ်လည်း မနောက်ကျပါဘူး”

“နင် အဖေ တစ်ယောက်အနေနဲ့ မလောပေမဲ့၊ ငါ အမေ တစ်ယောက်အနေနဲ့ကတော့ အရမ်း လောနေတာပေါ့။ နင်နင်ကို ထားလိုက်ဦး၊ ဟုန်အာတောင် အခု အသက် ဘယ်လောက် ရှိနေပြီလဲ၊ အခုထိ အိမ်ထောင်ရေးက အစအနတောင် မရှိသေးဘူး၊ ဒါတွေ အားလုံးက အဲဒီတုန်းက နင်က သူ့ကို ‘ထုန်းထိန်ဟူက ပညာရှိ သုံးဦး’ ဆီမှာ တပည့် သွားခံဖို့ ခွင့်ပြုခဲ့လို့ပဲ”

ဒီနေရာ ရောက်တော့ ကျောက်အာက စပြီး အပြစ်တင်တော့တာပဲ။

ရွှီထင်းရှန်းက ရယ်လိုက်ပြီး “အဲဒီ ကောင်လေးက သူ့ဘာသာသူ တပည့် သွားခံတာလေ၊ ငါက ဘယ်လို တားလို့ ရမှာလဲ။ ရပါပြီ၊ သားက မကြာခင် ပြန်လာတော့မှာပါ၊ ၈လပိုင်းမှာ ကြီးကျယ်တဲ့ စာမေးပွဲ ရှိတယ်လေ၊ သူ စာပို့တာတော့ ဒီနှစ်မှာ ဝင်ဖြေမယ်လို့ ပြောထားတယ်”

“တကယ်လား။၏”

“ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ”

လင်မယား နှစ်ယောက် အသေးအဖွဲ ကိစ္စတွေကို ခဏ ပြောပြီးနောက်မှာ အိပ်စက်ခဲ့ကြတယ်။ လုဝမ်ရဲ့ကိစ္စနဲ့ ရွှီထင်းရှန်းရဲ့ ရင်ထဲက တိမ်မြုပ်နေတဲ့ စိုးရိမ်မှုတွေကလည်း၊ ကောင်းကင်ယံအပြင်ဘက်ကို လွင့်စင်သွားခဲ့ပြီ ဖြစ်ပါတယ်။

၅လပိုင်းမှာတော့ ရွှီယောင်ဟုန် နောက်ဆုံးတော့ မြို့တော်ကို ပြန်ရောက်လာခဲ့တယ်။

272 03

ထွက်သွားခဲ့တဲ့ နှစ်နည်းနည်းအတွင်း သူက အများကြီး ပြောင်းလဲသွားခဲ့တယ်။ အရပ် ပိုရှည်လာသလို၊ အသားလည်း အတော်လေး ညိုသွားပြီး၊ မျက်နှာပေါ်က အမူအရာတွေကလည်း ပိုပြီး တည်ကြည် ပြတ်သားလာကာ၊ တာဝန်ယူချင်စိတ်ရှိတဲ့ အမျိုးသား တစ်ယောက်နဲ့ ပိုတူလာခဲ့တယ်။

ကျောက်အာက သားဖြစ်သူကို မြင်ရတော့ သနားသလိုရှိပေမဲ့ ဂုဏ်လည်း ယူမိပါတယ်။ သားဖြစ်သူရဲ့ ရှေ့မှာတော့ ပြုံးရယ်နေပေမဲ့၊ ရွှီထင်းရှန်းနဲ့ တွေ့တဲ့အခါမှာတော့ မျက်ရည်တွေ ကျပြီး သားဖြစ်သူ ဆင်းရဲဒုက္ခတွေအများကြီး ခံခဲ့ရကြောင်း ညည်းနေမိတော့တယ်။

ရွှီယောင်ဟုန်က အိမ်မှာ နှစ်လလောက် အနားယူပြီးနောက်၊ ၈လပိုင်းမှာ စာမေးပွဲ ဝင်ဖြေခဲ့ရာ တစ်ကြိမ်တည်းနဲ့တင် ကျဲယွမ် ဘွဲ့ကို ရခဲ့တယ်။ နောက်တစ်နှစ် ၂လပိုင်းမှာ ဟွေ့ရှီ စာမေးပွဲကို ဖြေရာမှာလည်း ဟွေ့ယွမ်ဘွဲ့ကို ရခဲ့ပြန်တယ်။ ဧပြီလမှာ နန်းတွင်း စာမေးပွဲကို ရောက်တော့ သူ တင်ပြလိုက်တဲ့ ထူးခြားပြတ်သားတဲ့ ဆောင်းပါးကြောင့်၊ ကျားချန်ဧကရာဇ်တောင် အလွန်အံ့အားသင့်သွားရပြီး၊ သူ့ကို ထိုက်တန်လှတဲ့ ကျွမ့်ယွမ်အဖြစ် တင်မြှောက်ခဲ့ပါတော့တယ်။

အဲဒီအချိန်ကစပြီး ရွှီမိသားစုမှာ ကျွမ့်ယွမ် နှစ်ယောက် ပေါ်ခဲ့တဲ့ အကြောင်းက တစ်လောကလုံးကို ပျံ့သွားခဲ့တယ်။

ရွှီယောင်ဟုန်က ဟန်လင်းကျောင်းတော်ကို ဝင်ခဲ့ပြီး၊ သူ့အဖေ ငယ်ငယ်တုန်းကလိုပဲ သမိုင်းမှတ်တမ်းတွေကို ပြုစုခဲ့ရာ၊ အဲဒါက အတွေ့အကြုံနဲ့ အသိဉာဏ်တွေ စုဆောင်းတာပါပဲ။

ဒီအချိန်ကို ရောက်လာတော့ သူ့ရဲ့ အိမ်ထောင်ရေး ပြဿနာကလည်း နောက်တစ်ကြိမ် ဆွေးနွေးစရာ ဖြစ်လာခဲ့တယ်။

အကယ်လို့ အရင်က ဆိုရင် ပညာ မစုံသေးလို့ ဒါမှမဟုတ် အောင်မြင်မှု မရသေးလို့ဆိုပြီး အကြောင်းပြနိုင်ပေမဲ့၊ အခုတော့ ကျွမ့်ယွမ်တောင် ဖြစ်လာပြီဖြစ်တဲ့အပြင် အစိုးရ အရာရှိ တစ်ယောက်လညါး ဖြစ်နေပြီမို့ အဲဒီအကြောင်းပြချက်တွေကို ထပ်သုံးလို့ မရတော့ဘူး။

ဘယ်သူမှ မထင်ထားတာက၊ အခုတစ်ကြိမ်မှာ ရွှီယောင်ဟုန်က ငြင်းမနေတော့ဘဲ မိဘတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လိုက်နာမယ်လို့ ဆိုလိုက်တာပါပဲ၊ ဒါက ကျောက်အာကို အတော်လေး အံ့အားသင့်စေခဲ့တယ်။

သားဖြစ်သူက သဘောတူလိုက်ပြီ ဆိုပေမဲ့ မိခင်ဖြစ်သူအတွက်တော့ အခက်အခဲ စလာပြန်တာပေါ့။ ရွှီယောင်ဟုန်အတွက် စိတ်တိုင်းကျပြီး သင့်တော်မယ့် ဇနီးသည် တစ်ယောက်ကို ရွေးနိုင်ဖို့၊ ကျောက်အာက နေရာအနှံ့မှာ စုံစမ်းခဲ့သလို၊ ရွှီထင်းရှန်းနဲ့လည်း အကြိမ်ကြိမ် တိုင်ပင်ပြီးနောက်မှာတော့ ခယ့်မိသားစုက တတိယသမီးလေးကို ရွေးလိုက်ပါတော့တယ်။

ဒီခယ့်မိသားစုက နန်းတွင်းစာသင်ကျောင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုသူ ခယ့်ယုံရဲ့ အိမ်တော် ဖြစ်ပါတယ်။ ခယ့်ယုံက သန့်ရှင်းဖြောင့်မတ်တဲ့ အရာရှိ တစ်ယောက်ဖြစ်သလို၊ ဗဟုသုတလည်း ကြွယ်ဝတဲ့သူပါ၊ ခယ့်မိသားစုရဲ့ အိမ်တွင်း စည်းကမ်းကလည်း အလွန်တင်းကျပ်လှတယ်။ ကျောက်အာက ခယ့်ကတော်နဲ့ သိလာတာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သလို ခယ့်တတိယသမီးလေးကိုလည်း အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့တယ်။

ခယ့်တတိယသမီးလေးက နူးညံ့ သိမ်မွေ့ပေမဲ့၊ စိတ်ဓာတ်ကတော့ ပြတ်သား ခိုင်မာသလို အဆင့်အတန်းမြင့်တဲ့ အရှိန်အဝါလည်း ရှိနေခဲ့တယ်။ ရွှီယောင်ဟုန်က သားကြီး ဖြစ်တာကြောင့်၊ ရွေးမယ့်သူက ရွှီမိသားစုရဲ့ ချွေးမကြီး ဖြစ်လာမှာမို့၊ မုချပဲ သေသေချာချာ စဉ်းစားရမှာပေါ့။

မိသားစု နှစ်ခုလုံးက အစောကတည်းက သဘောတူညီမှု ရှိနေပေမဲ့၊ ကျောက်အာကတော့ သားဖြစ်သူက ပြန်မရောက်သေးတာနဲ့ စကားကို အတည်မပြုဝံ့ခဲ့တာ ဖြစ်တယ်။

အခုတော့ အနည်းငယ် စုံစမ်းကြည့်လိုက်ရုံနဲ့တင်၊ မိသားစု နှစ်ခုလုံးက ချက်ချင်းပဲ သဘောတူသွားခဲ့ကြတယ်။

ဒါပေမဲ့ ကျောက်အာက တစ်ဖက်မိန်းကလေးရဲ့ ပုံတူပန်းချီကားကို သားဖြစ်သူကို ပြပြီး၊ သူ သဘောကျ၊ မကျကို ကြည့်ချင်သေးတယ်။ နှမြောစရာကောင်းတာက ရွှီယောင်ဟုန်ရဲ့ မျက်နှာက တည်ငြိမ်နေပြီး ဘာလှုပ်ရှားမှုမှ မရှိဘဲ၊ အဖေနဲ့ အမေတို့ သဘောကျရင် ရပါပြီလို့ပဲ ပြောခဲ့တယ်။

272 04

သူ့ရဲ့ သဘောထားက အတော်လေး တည်ငြိမ်လွန်းနေတာမို့၊ ကျောက်အာရဲ့ ရင်ထဲမှာတော့ စိုးရိမ်မှုတွေ ဖြစ်လာတယ်။ သူမက ကိုယ်တိုင် မေးဖို့ မသင့်တာနဲ့ ရွှီထင်းရှန်းကို သွားမေးခိုင်းလိုက်တယ်၊ သားဖြစ်သူရဲ့ ရင်ထဲမှာ စွဲလန်းနေတဲ့ မိန်းကလေး ရှိ၊ မရှိ နဲ့၊ ရှိခဲ့ရင်လည်း အိမ်က သွားစေ့စပ်ပေးနိုင်ကြောင်းကိုပေါ့။

ရွှီထင်းရှန်းက မူလက မသွားချင်ပေမဲ့၊ ကျောက်အာရဲ့ အတင်းခိုင်းတာကြောင့်ပဲ သွားခဲ့ရတာပါ။ အခုဆို ရွှီအိမ်တော် တစ်ခုလုံးမှာ အာဏာအရှိဆုံးသူက အရှင်သခင် မဟုတ်ဘဲ၊ သခင်မကြီး ဖြစ်နေတာ ဘယ်သူမဆို သိကြတာပဲ မဟုတ်လား။

သခင်မကြီးက အမိန့်ပေးမှတော့ အရှင်သခင် အနေနဲ့လည်း လိုက်နာရမှာပေါ့။

ရွှီထင်းရှန်းက သားဖြစ်သူကို သီးသန့် တွေ့ပြီး၊ ပွင့်ပွင့်လင်းလင်း စကားပြောခဲ့တယ်။

ပြန်ရောက်လာတော့ သူက ကျောက်အာကို အများကြီး မတွေးဖို့ ပြောခဲ့တယ်။ သားဖြစ်သူမှာ စွဲလန်းနေတဲ့သူ လုံးဝ မရှိပါဘူးတဲ့။

အမှန်တော့ စဉ်းစားကြည့်ရင်လည်း သိနိုင်ပါတယ်၊ ဒီလောကမှာ အပြန်အလှန် ချစ်ကြတဲ့ ကိစ္စတွေက အများကြီး မဟုတ်ဘဲ၊ အများစုက မိဘတွေ စီစဉ်ပေးတဲ့ အိမ်ထောင်ရေးတွေချည်းပဲ မဟုတ်လား။

သံယောဇဉ် ဆိုတာကလည်း၊ လက်ထပ်ပြီးမှသာ တဖြည်းဖြည်း ပြုစုပျိုးထောင်သွားရမယ့် အရာပါ။ အခုခေတ် အထက်တန်းလွှာ မိသားစုတွေက လင်မယားတွေကလည်း၊ အချင်းချင်း ကူညီကြတာကပဲ ပိုများပါတယ်၊ အမျိုးသားက အပြင်ရေးရာကို စီမံပြီး အမျိုးသမီးက အိမ်တွင်းရေးကို တာဝန်ယူကာ၊ ကိုယ်စီ တာဝန်ကျေပြီး အပြန်အလှန် လေးစားမှု ရှိရင်၊ ပြည့်စုံလှပါပြီ။

ရွှီထင်းရှန်းရဲ့ ရှင်းပြချက်တွေကြောင့် ကျောက်အာရဲ့ရင်ထဲမှာ နည်းနည်းတော့ ညှိုးသွားရတယ်။

ဒါပေမဲ့ ရွှီယောင်ဟုန်က အခု အသက် ၂၂ နှစ် ရှိနေပြီမို့၊ လက်မထပ်သေးတဲ့ လူပျိုကြီး တစ်ယောက်လို့တောင် ပြောလို့ ရသလို၊ ခရီးထွက်ခဲ့တဲ့ ဒီနှစ်တွေမှာလည်း စိတ်ဝင်စားတဲ့ အမျိုးသမီး မတွေ့ခဲ့တာက၊ သူ့ကံကြမ္မာမှာ အဲဒီလို မပါလို့ ဖြစ်မှာပါ။

သူ့အသက်ကလည်း ထပ်စောင့်လို့ မရတော့တာနဲ့၊ ကျောက်အာလည်း ရှုပ်ထွေးတဲ့ အတွေးတွေကို ဖယ်ပြီး၊ သားဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက်ပဲ အားစိုက် ပြင်တော့တယ်။

မင်္ဂလာပွဲကို ၁၁လပိုင်းမှာ သတ်မှတ်လိုက်တယ်။ အချိန်က နည်းနည်း အလျင်စလို ဖြစ်နေပေမဲ့၊ ရွှီယောင်ဟုန်နဲ့ ခယ့်တတိယသမီးလေးရဲ့ အသက်တွေအရ ဆိုရင်တော့ ဒီလောက် အစီအစဉ်တွေကို ဂရုစိုက်မနေတော့ပါဘူး။

အဲဒီနေ့ကို ရောက်တော့ ရွှီအိမ်တော်မှာ ကြီးကျယ်တဲ့ စားသောက်ပွဲတွေ ကျင်းပခဲ့သလို၊ လာပြီး ဂုဏ်ပြုတဲ့ ဧည့်သည်တွေလည်း အဆက်မပြတ် ရှိနေခဲ့တယ်။

မြို့တော်ထဲက မောက်မိသားစုနဲ့ ချန်မိသားစုတွေတင် မကဘဲ၊ ကျောက်တိနဲ့ ရှန်ဖျင်တို့လည်း သားသမီးတွေကို ခေါ်ပြီး ရောက်လာကြတယ်။

ဝမ်ဝေလည်း ပါလာခဲ့တယ်။ အဲဒီတုန်းက သူက ရွှီယောင်ဟုန်နဲ့အတူ အပြင်ကို ခရီးထွက်တုန်း၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ‘ထုန်းထိန်ဟူက ပညာရှိ သုံးဦး’ ဆီမှာ တပည့် ခံခဲ့ရတာလေ။

ဒီပညာရှိ သုံးဦး ဆိုတာ ထုန်းထိန်ဟူ တစ်ဝိုက်မှာ အခြေချ နေထိုင်တဲ့၊ နာမည်ကျော်တဲ့ ပညာရှင်ကြီးတွေပါ။ ရွှီယောင်ဟုန်က ပညာရှင် ချိုနီသျှီးဆီမှာ တပည့် ခံခဲ့သလို၊ ဝမ်ဝေကတော့ စောင်းပညာရှင် ကုဟော်ထိန်ဆီမှာ တပည့် ခံခဲ့တာ ဖြစ်တယ်။

ပညာသင်တဲ့ နေရာ မတူတာနဲ့ သူတို့ နှစ်ယောက်လည်း အဲဒီမှာတင် လမ်းခွဲခဲ့ကြရတယ်။ ဒါ့အပြင် ချိုနီသျှီးကလည်း အတည်တကျ နေတဲ့သူ မဟုတ်လို့ ရွှီယောင်ဟုန်က သူနဲ့အတူ နေရာအနှံ့ လှည့်လည် နေခဲ့ရတာမို့၊ ညီအစ်ကို နှစ်ယောက်လည်း နှစ်ပေါင်းများစွာ မဆုံဖြစ်ခဲ့ကြဘူး။

272 05

ဝမ်ဝေက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စာမေးပွဲ အောင်ခဲ့ပေမဲ့ ရမှတ်က အလယ်အလတ်ပဲ ရှိတယ်၊ သူက အစိုးရအဖွဲ့ထဲမှာ အရာရှိ မလုပ်ချင်ဘဲ၊ လွတ်လပ်စွာ နေချင်သူ ဖြစ်နေခဲ့တယ်။ အခုထိ အိမ်ထောင်မပြုသေးတာကြောင့် ကျောက်တိနဲ့ ရှန်ဖျင် နှစ်ယောက်လည်း အတော်လေး ခေါင်းခဲနေကြရတယ်။

“မင်းလည်း နောက်ဆုံးတော့ အရှုံးပေးလိုက်ရတာပဲလား”

ဝမ်ဝေက အပြားရင့်ရောင် ဝတ်စုံကို ဝတ်ထားပြီး၊ ဆံပင်ကို ထုံးကာ ဝါးဆံထိုး တစ်ချောင်းပဲ ဆင်ထားတယ်။ ရိုးရိုးလေး ဝတ်ထားပေမဲ့ သူ့ရုပ်ရည်က မွေးရာပါ ချောတာကြောင့်၊ ဒီလို ပုံစံက သူ့ကို ပိုပြီးတော့တောင် လောကီ အညစ်အကြေး ကင်းစင်တဲ့ အရှိန်အဝါမျိုး ဖြစ်စေခဲ့တယ်။

ကံကောင်းတာက သူက မြို့တော်မှာ လူရှေ့ ထွက်တာ ရှားလို့သာ ဖြစ်တယ်၊ မဟုတ်ရင် မိန်းကလေးအများကြီးရဲ့ စွဲလမ်းတာကို မုချ ခံရမှာ ဖြစ်တယ်။

ဒီစကားကို ကြားတော့ ရွှီယောင်ဟုန်က ပြုံးပြီး ဆိုလိုက်တယ်။ “အရှုံးပေးတာ မဟုတ်ပါဘူး၊ အချိန်တန်ပြီမို့လို့ပါ၊ ငါက အိမ်ရဲ့ သားကြီး တစ်ယောက် ဖြစ်နေမှတော့ ဒါက ထမ်းဆောင်ရမယ့် တာဝန် တစ်ခုပဲလေ”

“ငါလည်း သားကြီး တစ်ယောက်ပါပဲ၊ ဒါပေမဲ့ ငါ့မှာတော့ မင်းလိုမျိုး စိုးရိမ်စရာတွေ မရှိပါဘူး” ဝမ်ဝေက ကုလားထိုင်ပေါ်မှာ အေးဆေးပဲ မှီရင်း ပြောလိုက်တယ်။

ဒါပေမဲ့ သူက ရွှီယောင်ဟုန်နဲ့ မတူပါဘူး၊ ကျောက်တီနဲ့ ရှန်ဖျင်တို့က လက်ထပ်ပြီးကတည်းက သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ထွန်းကားခဲ့တယ်။ စီးပွားရေး လုပ်ငန်းတွေကို ဂရုစိုက်နေရတာကြောင့် သူတို့ နှစ်ယောက်က ကမ်းရိုးတန်း တစ်လျှောက်မှာပဲ အချိန်ကုန်တာ များပေမဲ့ ဝမ်ဝေကတော့ စာဖတ်ဖို့အတွက် ရွှီအိမ်တော်မှာပဲ အမြဲ နေခဲ့တာ။

မိဘအရင်း မဟုတ်ပေမဲ့၊ ရှန်ဖျင်က ဝမ်ဝေအပေါ်မှာ ဖခင် တစ်ယောက်ရဲ့ မေတ္တာအပြင်၊ နည်းနည်းတော့ သတိထား ဆက်ဆံတာတွေလည်း ရှိနေခဲ့တယ်။ နှစ်ပေါင်းများစွာ အတူတူ မနေခဲ့ရတာကြောင့် ကိုယ့်မိသားစု ပျော်နေတုန်း သားကြီး တစ်ယောက်တည်း အထီးကျန်မှာ စိုးလို့ အမြဲ အားနာနေခဲ့ကြတယ်။

ဒါကြောင့် ကျောက်တိက သိပ်ကို လောနေပေမဲ့လည်း၊ သားဖြစ်သူကို အတင်းအကျပ် ဖိအားပေးတာ ဒါမှမဟုတ် လက်ထပ်ဖို့ စေခိုင်းတာမျိုးတော့ မလုပ်ဝံ့ခဲ့ပါဘူး။

“မင်းလည်း ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်မနေပါနဲ့၊ အဒေါ်ကိုလည်း ငဲ့ဦးလေ၊ သူက မင်းကို စိတ်ပူနေပေမဲ့ စကားကို ဘယ်လို စပြောရမလဲ မသိ ဖြစ်နေရှာတာ”

ဝမ်ဝေရဲ့ မျက်နှာပေါ်က အပြုံးက ခေတ္တ တောင့်သွားပေမဲ့၊ ချက်ချင်းပဲ ပျောက်သွားတယ်။ “ငါ အစောကတည်းက ပြောပြီးသားပါ၊ ငါ တကယ် သဘောကျတဲ့ မိန်းကလေးနဲ့ တွေ့တဲ့ အခါကျမှပဲ ငါ လက်ထပ်မှာပါ”

သဘောကျတယ်။

သဘောကျတယ် ဆိုတာက ဘာလဲ။

ရွှီယောင်ဟုန်ရဲ့ ဦးနှောက်ထဲမှာတော့ ပန်းချီကားပေါ်က ခယ့်တတိယသမီးလေးရဲ့ ပုံရည်ကို မသိစိတ်က မြင်ယောင်နေမိပေမဲ့၊ ရင်ထဲမှာတော့ ဘာမှ မရှိဘဲ ဟာတာတာ ဖြစ်နေခဲ့တယ်။

ဒါပေမဲ့ သူက အများကြီး ထပ်မစဉ်းစားတော့ဘဲ၊ ဝမ်ဝေးနဲ့ တခြား ကိစ္စတွေကိုပဲ ပြောင်းပြောလိုက်တော့တယ်။

နောက်တစ်နေ့က မင်္ဂလာပွဲ ကျင်းပမယ့်နေ့ မို့၊ ရွှီအိမ်တော် တစ်ခုလုံး ပျော်ရွှင်စရာတွေနဲ့ စည်ကားနေတယ်။

ကျောက်အာကတော့ မနားတမ်း အလုပ်လုပ်နေရတယ်။ အသေးအဖွဲ ကိစ္စတွေကို အစေခံတွေက လုပ်ပေးပေမဲ့ သူမကတော့ လာပြီး ဂုဏ်ပြုတဲ့ အမျိုးသမီး ဧည့်သည်တွေကို ကိုယ်တိုင် ဧည့်ခံနေရတယ်။

272 06

ကံကောင်းတာက နင်နင်က ပုံမှန်ဆို ဆော့တတ်ပေမဲ့၊ အရေးကြီးတဲ့ အခါကျရင် သိပ်သိတတ်တာမို့၊ အမေရဲ့ ဘေးကနေ ဧည့်သည်တွေကို ဝိုင်းဧည့်ခံပေးနေခဲ့တယ်။ သူမနဲ့ အသက်တူတဲ့ မိန်းကလေးတွေကိုတော့ သူကိုယ်တိုင်ပဲ အဖော်လုပ်ပေးနေတာမို့၊ အပြုအမူတွေကလည်း သပ်ရပ်လှတာကြောင့်၊ အချို့ အိမ်ရှင်မတွေက သူ့ကို အဆုံးအမ ကောင်းတယ်ဆိုပြီး ချီးမွမ်းနေကြတော့တယ်။

ပြုံးရလွန်းလို့ မျက်နှာကြွက်သားတွေတောင် တောင့်နေတဲ့ ကျောက်အာက အဲဒီတော့မှ သက်ပြင်းချနိုင်ပြီး ရင်ထဲမှာလည်း အတော်လေး စိတ်ချမ်းသာသွားခဲ့ရတယ်။

မင်္ဂလာ စားသောက်ပွဲကြီးက နေလယ်ကနေ လမင်းကြီး သစ်ပင်ဖျား ရောက်တဲ့ အချိန်အထိ ကျင်းပခဲ့ပြီး၊ ဧည့်သည်တွေ အားလုံး ပြန်သွားမှပဲ ရွှီအိမ်တော်က ပြန်ပြီး ငြိမ်သွားခဲ့တော့တယ်။

တစ်နေကုန် ပင်ပန်းခဲ့တဲ့ ကျောက်အာက ခုတင်ပေါ် လဲကျသွားပြီး ဘာမှ မလုပ်ချင်တော့ပေမဲ့၊ ရွှီထင်းရှန်းကတော့ သူ့ကို အတင်း ဆွဲထူပြီး ကိုယ်လက် သန့်စင်စေခဲ့တယ်။

နောက်ဆုံး ခုတင်ပေါ် လဲနိုင်ခဲ့ပြီ ဆိုပေမဲ့ အခုတစ်ကြိမ်မှာ ကျောက်အာက အိပ်မပျော်နိုင်ဘဲ ဖြစ်နေတယ်။ သူက သားဖြစ်သူရဲ့ မင်္ဂလာဦးညအတွက် စပြီး စိုးရိမ်နေပြန်တာကြောင့် ရွှီထင်းရှန်းက သူ့ကို ပြက်ရယ်ပြုလိုက်တော့တယ်။ “မင်းက သေသေချာချာ သွားချောင်းကြည့်မှပဲ စိတ်အေးမှာလား” ဒါနဲ့တင် နှစ်ယောက်သား အပြန်အလှန် ငြင်းကြပြန်တာကြောင့် နောက်ဆုံးတော့ ကျောက်အာရဲ့ ပါးစပ်က အပိတ်ခံလိုက်ရမှပဲ ငြိမ်သွားခဲ့တော့တယ်။

နူးညံ့တဲ့ ဒီညအချိန်လေးက၊ မင်္ဂလာဦး ဇနီးမောင်နှံ အသစ်တွေအတွက်ပဲ တန်ဖိုးရှိတာ မဟုတ်ပါဘူး။

နောက်တစ်နေ့ မနက်မှာ မိသားစု တစ်ခုလုံးက စောစောစီးစီးပဲ စုပြီး ဇနီးမောင်နှံ အသစ်တွေကို စောင့်နေကြတယ်။

ဇနီးမောင်နှံ အသစ်တွေက တဖြည်းဖြည်း လျှောက်လာကြတယ်။ ချွေးမဖြစ်သူက သားဖြစ်သူရဲ့ နောက်ကနေ လိုက်လာပြီး၊ မျက်နှာလေးက ရှက်သွေးတွေ ဖြာနေသလို၊ သားဖြစ်သူရဲ့ နှုတ်ခမ်းမှာလည်း အပြုံးတွေ ရှိနေတာ မြင်ရတော့မှ ကျောက်အာရဲ့ ရင်ထဲမှာ နောက်ဆုံးတော့ စိတ်အေးသွားရတော့တယ်။

ခယ့်တတိယသမီးလေးက အဆုံးအမ ကောင်းတာ သိသာပါတယ်၊ သူမက အပြုအမူတိုင်းမှာ ယဉ်ကျေး သိမ်မွေ့သလို တည်ကြည်မှုလည်း ရှိတယ်။ နင်နင်က ဒီမရီးကို သိပ်သဘောကျသွားသလို၊ ဒုတိယသား ရွှီယောင်ထိုက်လည်း မရီးအပေါ်မှာ ရိုသေ လေးစားမှု ရှိနေခဲ့တယ်။

ခယ့်တတိယသမီးလေး (ခယ့်လီယွင်) ကတော့ ယောက္ခမတွေနဲ့ မတ်၊ ယောင်းမကို မြင်လိုက်ရတဲ့ အခါ သူမရင်ထဲမှာလည်း နောက်ဆုံးတော့ တည်ငြိမ်သွားခဲ့ရပြီ။

အနာဂတ် ယောက္ခမမကြီးက ဆက်ဆံရ လွယ်တဲ့သူမှန်း ကြိုသိထားပေမဲ့၊ ရွှီမိသားစုရဲ့ လက်တွေ့ အခြေအနေကို မမြင်ရသေးတာကြောင့် သူမရင်ထဲမှာ စိုးရိမ်တာတွေ ရှိနေခဲ့တာပါ။ အခုမှပဲ သူ့မိခင်က ဘာလို့ သူ့အိမ်ထောင်ရေးကို အချိန်အကြာကြီး ဆိုင်းငံ့ထားပြီးမှ၊ ရွှီမိသားစုရဲ့ သားကြီး ပြန်ရောက်မယ့် အချိန်ကို စောင့်ပြီး ဒီအိမ်ထောင်ရေးကို စီစဉ်ခဲ့လဲ ဆိုတာကို သူမ နောက်ဆုံးမှာ နားလည်လိုက်တော့တယ်။

ဒီမိသားစုရဲ့ အချင်းချင်း ဆက်ဆံပုံတွေနဲ့၊ ရိုးရှင်းတဲ့ အိမ်တွင်း လူဦးရေ အခြေအနေကို ကြည့်ရုံနဲ့တင်၊ ဒီအိမ်ထောင်ရေးက သိပ်ကိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ သူမဘေးက တည်ငြိမ်သလို ဂရုစိုက်တတ်တဲ့ ခင်ပွန်းကို ကြည့်ရင်း၊ ခယ့်လီယွင်က ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့လိုက်မိတယ်။

ရွှီယောင်ဟုန်က ဇနီးသည်ရဲ့ ဒီလို လှုပ်ရှားမှုလေးတွေကို မြင်ရသလို၊ မနေ့ညက မင်္ဂလာဦးည အကြောင်းကို ပြန်စဉ်းစားမိတော့ သူ့မျက်ဝန်းတွေကလည်း နူးညံ့သွားခဲ့ရတယ်။

မူလကတော့ သာမန်အတိုင်းပဲ သဘောထားခဲ့ပေမဲ့၊ မသိစိတ်အရ အနာဂတ်အပေါ်မှာတော့ မျှော်လင့်ချက်လေးတွေ ပိုပြီး ရှိလာခဲ့ပြီလေ။

272 07

ရွှီမိသားစုမှာ သားနှစ်ယောက်ပဲ ရှိရာ၊ သားကြီး ရွှီယောင်ဟုန်က အောင်မြင်မှုတွေ ရထားပြီးပြီဖြစ်သလို၊ ဒုတိယသား ရွှီယောင်ထိုက်ကတော့ စာဖတ်တာ မကြိုက်ဘဲ စီးပွားရေး လုပ်ငန်းတွေကိုပဲ စိတ်ဝင်စားတာ ထင်ရှားပါတယ်။

တစ်ယောက်က အဖေရဲ့လမ်းစဉ်အတိုင်း အရာရှိ လုပ်မှာဖြစ်သလို၊ နောက်တစ်ယောက်ကတော့ အမေရဲ့လမ်းစဉ်အတိုင်း စီးပွားရေး လုပ်မှာမို့၊ အဲဒါက နောင်တစ်ချိန်မှာ အကျိုးစီးပွားချင်း အငြင်းပွားတာတွေ နည်းသွားစေမယ်ဆိုတာ ပြနေတယ်။

ခယ့်လီယွင် အိမ်ရောက်တဲ့ တတိယမြောက်နေ့မှာ ကျောက်အာက အိမ်တွင်း စီမံခန့်ခွဲမှု အာဏာအားလုံးကို သူ့လက်ထဲ လွှဲပေးလိုက်ပါတော့တယ်။

သူမက အရင်ဆုံး ငြင်းပေမဲ့၊ ငြင်းလို့ မရတော့တာနဲ့ တည်ကြည်စွာပဲ လက်ခံလိုက်ရတယ်။ အိမ်တွင်း ကိစ္စတွေကို သူမက စနစ်တကျ စီမံနေတာ မြင်ရတော့ ကျောက်အာမှာတော့ သိပ်ကို စိတ်ကျေနပ်သွားရတယ်။

အချိန်တွေက ရေစီးသလို ကုန်သွားခဲ့ရာ၊ ဒုတိယနှစ် နွေဦးပေါက် အချိန်ရောက်တော့ ခယ့်လီယွင်မှာ ကိုယ်ဝန် ရှိလာခဲ့တယ်။

အဲဒီအချိန်မှာပဲ ရွှီထင်းရှန်းက သားဖြစ်သူကို မြို့တော်က ထွက်ပြီး နယ်မြေတွေမှာ သွားအမှုထမ်းဖို့ စီစဉ်လိုက်ပါတော့တယ်။

ရွှီထင်းရှန်းရဲ့ ဆိုလိုရင်းက သိပ်ကို ထင်ရှားပါတယ်။ ရွှီယောင်ဟုန်က သူ လျှောက်ခဲ့တဲ့ လမ်းအတိုင်း၊ နယ်မြေတွေဆီ ဆင်းပြီး အတွေ့အကြုံနဲ့ အင်အားစုတွေ စုရမှာဖြစ်သလို၊ အဲဒါက သူ့ရဲ့အုပ်ချုပ်မှု စွမ်းရည်ကို လေ့ကျင့်ပေးတာလည်း ဖြစ်ကာ၊ တစ်ချိန်တည်းမှာ ပြည်သူတွေရဲ့ ဘဝကိုလည်း နားလည်စေဖို့ ဖြစ်တယ်။ အစစအရာရာ ပြည့်စုံသွားမှသာ၊ မြို့တော်ကို ပြန်ခေါ်ပြီး ရာထူးတိုးပေးမှာလေ။

ဒီအစီအစဉ်တွေကို ရွှီယောင်ဟုန်က အံ့ဩမနေပါဘူး၊ ဘာလို့လဲဆိုတော့ သူ ပြန်ရောက်ကတည်းက အဖေက သူ့ကို ပြောပြထားခဲ့ဖူးလို့ ဖြစ်တယ်။

ဒါပေမဲ့ ခယ့်လီယွင်အတွက်တော့ ရင်ထဲမှာ စိုးရိမ်တာတွေ ရှိနေခဲ့တယ်။ ခင်ပွန်းဖြစ်သူက အပြင်မှာ အမှုထမ်းဖို့ သွားရမှာ ဖြစ်ပေမဲ့ သူမမှာတော့ ကိုယ်ဝန် ရှိနေတာမို့၊ ဒီလို အခြေအနေမျိုးမှာ သူ လိုက်သွားဖို့က မဖြစ်နိုင်ဘူးလေ။

အမှန်တော့ ပုံမှန် အထက်တန်းလွှာ မိသားစုတွေရဲ့ စည်းကမ်းအရ ဆိုရင် ခင်ပွန်းက အပြင်မှာ အမှုထမ်းဖို့ သွားရင် ဇနီးသည်က အိမ်မှာပဲ ကျန်ပြီး ယောက္ခမတွေကို ပြုစုရမှာဖြစ်သလို ခင်ပွန်းနဲ့အတူ လိုက်သွားဖို့အတွက် ကိုယ်လုပ်တော် တစ်ယောက်နှစ်ယောက်ကိုပဲ ရွေးစီစဉ်ပေးရမှာ ဖြစ်တယ်။

သူမ ဘယ်လို လုပ်ရမလဲ။

ရွှီမိသားစုကို ရောက်ကတည်းက ခယ့်လီယွင်က မိမိရဲ့အပြုအမူတိုင်းမှာ အပြစ်ရှာလို့ မရအောင် နေခဲ့တာပါ၊ အဲဒါက သူမ ငယ်ငယ်ကတည်းက ခံယူခဲ့တဲ့ သွန်သင်မှုတွေကြောင့် ဖြစ်တယ်။

ဒီလို အခြေအနေမျိုးမှာ သူက ကိုယ်နဲ့အတူ ပါလာတဲ့ အစေခံမလေး တစ်ယောက်ကို ရွေးပြီး ခင်ပွန်းနဲ့အတူ ထည့်ပေးလိုက်ရမှာဖြစ်သလို ကိုယ်တိုင်ကတော့ အိမ်မှာ ကျန်ပြီး ယောက္ခမတွေကို ပြုစုချင်ပါတယ်လို့ စေတနာအရ ပြောရမှာပါ။ ဒီလို လုပ်တာက ခင်ပွန်းရဲ့ ချစ်တာကို ရစေရုံတင် မကဘဲ၊ ယောက္ခမတွေရဲ့ ချီးမွမ်းတာကိုလည်း ရစေမှာလေ။

ဒီအမှန်တရားတွေ အားလုံးကို သူမ သိပေမဲ့၊ ဘာလို့လဲမသိဘဲ သူမ အဲဒီလို မလုပ်ချင်ပါဘူး။

ဒီလိုနဲ့ ရက်ပေါင်းများစွာအတွင်း သူမက တွန့်ဆုတ်နေခဲ့ပြီး၊ ရွှီယောင်ဟုန် ခရီးမထွက်ခင် အချိန်ရောက်မှသာ သူမက ခက်ခက်ခဲခဲနဲ့ စကားကို စပြောလိုက်တော့တယ်။

စကားပြောရုံ ရှိသေးပေမဲ့ မျက်ရည်တွေက အရင် ကျလာရတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူ မြင်မှာ စိုးတာနဲ့ သူမက ကျောခိုင်းပြီး တိတ်တဆိတ် သုတ်နေခဲ့တယ်။

272 08

နွေးထွေးတဲ့ လက်ကြီး တစ်ဖက်က သူ့ပုခုံးပေါ် ကျလာပြီးနောက် အမျိုးသားရဲ့ နူးညံ့တဲ့ အသံက နောက်ကွယ်က ထွက်လာတယ်။ “မင်း အများကြီး မတွေးပါနဲ့၊ ငါ့ အိမ်မှာ ကိုယ်လုပ်တော် ယူတဲ့ ထုံးစံ မရှိပါဘူး။ အကယ်လို့သာ ငါက ကိုယ်လုပ်တော် ယူခဲ့ရင်တော့ ငါ့အမေရဲ့ အတားအဆီးကိုတောင် ကျော်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး အမေက ပြောပြီးသားပါ၊ လင်မယား ဆိုတာ ခွဲနေလို့ မဖြစ်ဘူး တဲ့၊ အဲဒါကြောင့် အခု ငါ နဲ့အတူ မင်းပါ လိုက်လာခဲ့ပါ”

ခယ့်လီယွင်က အံ့အားသင့်ပြီး ခင်ပွန်းဖြစ်သူကို လှည့်ကြည့်လိုက်မိတယ်။ သူမမျက်နှာပေါ်က မျက်ရည်တွေကိုတောင် သုတ်ဖို့ မေ့နေခဲ့တာပေါ့။

ရွှီယောင်ဟုန်က ပြုံးပြီး ဆိုလိုက်တယ်။ “အဲဒီတုန်းက အဖေ မြို့တော်ကို စာမေးပွဲ လာဖြေတုန်းကလည်း၊ အမေက ငါ့ကို ခေါ်ပြီးတော့ အဖေနဲ့အတူ လိုက်လာခဲ့တာလေ။ ဒီနှစ်တွေ အားလုံးမှာလည်း၊ အဖေ ဘယ်နေရာမှာ ရှိသလဲ၊ အမေက အဲဒီနေရာမှာပဲ ရှိနေခဲ့တာ။ ဒါကြောင့် အမေက မင်းကို မြို့တော်မှာ ထားခဲ့ပြီး သူ့ကို ပြုစုခိုင်းမှာ မဟုတ်ပါဘူး၊ အကယ်လို့ မင်းက သဘောတူခဲ့ရင်တောင်မှ အဖေက သဘောတူမှာ မဟုတ်ဘူး”

ယောက္ခမ နှစ်ယောက်ကြားက သံယောဇဉ်တွေကို ကြားရတော့ ခယ့်လီယွင်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသလို၊ တစ်ဖက်မှာလည်း ကိုယ့်ရဲ့အတွေးတိုမှုတွေအတွက် အလွန်ပဲ ရှက်သွားခဲ့ရတယ်။

ယောက္ခမကြီးက ကိုယ့်ကို ကျန်ခဲ့ဖို့ တိုက်ရိုက် ပြောလာမှာ စိုးတာနဲ့၊ သူက ဒီရက်ပိုင်းအတွင်း နေမကောင်းသလို အကြောင်းပြပြီး၊ အဆောင်မကြီးကို သွားဂါရဝပြုဖို့တောင် ရှောင်နေခဲ့တာမို့၊ အခု ပြန်စဉ်းစားတော့ ကိုယ်က အလွန်ပဲ အသိဉာဏ် နည်းတာကို သိသွားခဲ့ရတာပေါ့။

သူမက ခင်ပွန်းဖြစ်သူကို တိုးတိုးလေးနဲ့ ဖြစ်ကြောင်းစုံကို ပြောပြလိုက်သလို သူမရဲ့ စိုးရိမ်တာတွေကိုလည်း ထုတ်ပြောလိုက်တယ်။

ရွှီယောင်ဟုန်က ရယ်လိုက်ပြီး ဆိုလိုက်တယ်။ “မစိုးရိမ်ပါနဲ့၊ ငါ့အမေက သာမန် အမျိုးသမီးတွေနဲ့ မတူပါဘူး၊ သူက မင်းကို အပြစ်မြင်မှာ မဟုတ်ပါဘူး”

တစ်ချိန်တည်းမှာပဲ၊ အဆောင်မကြီးထဲမှာ ကျောက်အာကလည်း ရွှီထင်းရှန်းကို ဒီကိစ္စ ပြောပြနေခဲ့တယ်။

ရွှီထင်းရှန်းက လဲနေသလို၊ သူမကတော့ ဘေးမှာ ထိုင်ပြီး စိုးရိမ်တကြီးနဲ့ ပြောနေတယ်။

“နင် ပြောကြည့်ဦးလေ၊ အိမ်မှာ လူပို တစ်ယောက် တိုးလာတာနဲ့ကို မတူတော့ဘူး။ လီယွင်က ကလေးကောင်း တစ်ယောက်ပါ၊ ငါတို့ အပေါ်မှာလည်း ရိုသေတယ်၊ နင်နင်နဲ့ ထိုက်အာတို့ကိုလည်း အစစအရာရာ ဂရုစိုက်ပေးရှာတယ်။ လူကလည်း တည်ငြိမ် သပ်ရပ်ပေမဲ့၊ စဉ်းစားတာကတော့ နည်းနည်း များလွန်းတယ်။ သူက စိတ်ခံစားချက် များတဲ့သူမှန်း သိလို့၊ ငါလည်း သူ့ရှေ့မှာ စကားပြောရင် သတိထားနေရတာ၊ ဒါတောင်မှ အခုတော့ အထင်လွဲမှုတွေ ဖြစ်ကုန်ပြီ”

“မင်းက ယောက္ခမမကြီး ဖြစ်သလို၊ သူက ချွေးမ ဖြစ်နေမှတော့ ယောက္ခမက ဘာလို့ ချွေးမရဲ့ စိတ်ကို လိုက်ပူနေရတာလဲ၊ မ်ငး မပင်ပန်းဘူးလား။ အဲဒီလောက် အားနေရင်လည်း၊ ငါ့အပေါ်မှာပဲ စိတ်ကို ပိုထားစမ်းပါဦး”

ဒါကို ကြားတော့ ကျောက်အာက သူ့ကို တစ်ချက် စောင်းကြည့်လိုက်ပြီး “ငါက နင့် အပေါ်မှာ စိတ်ထားတာ နည်းလို့လား။ အရင်က ငယ်ငယ်ရွယ်ရွယ်တုန်းကတော့ ဒီလောက်အထိ အပိုတွေ မလုပ်ခဲ့ပါဘူး၊ အခု အိုလာမှပဲ အရာရာကို လိုက်တွက်ကပ်နေတော့တာ။ နင် ဝတ်ထားတဲ့ အဝတ်အစားတွေကအစ၊ နေ့တိုင်း စားသောက်တာတွေအထိ ငါ ကိုယ်တိုင် မစီစဉ်ပေးတာ ဘာရှိလို့လဲ၊ ဒါတောင်မှ နင့်အပေါ်မှာ စိတ်ထားတာ နည်းသေးတယ်လို့ ပြောရက်တယ်ပေါ့”

အိုပြီလို့ အပြောခံလိုက်ရတဲ့ ရွှီထင်းရှန်းက မသိစိတ်ကနေ ကိုယ့်မျက်နှာကို တစ်ချက် ပွတ်လိုက်မိတယ်။

အတွင်းအမတ်ရုံးကို ဝင်ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက် တည်ငြိမ်သူအဖြစ် မြင်စေဖို့အတွက် သူက အထူးသဖြင့် မုတ်ဆိတ်တွေကို ထားခဲ့တာပါ။ အစပိုင်းမှာ အသားမကျပေမဲ့၊ အချိန်ကြာလာတော့ အဲဒါက သူ့ကို ပိုပြီး တည်ငြိမ်စေရုံတင် မကဘဲ အရှိန်အဝါ တစ်ခုကိုပါ တိုးစေခဲ့ပေမဲ့၊ တစ်ခုတည်းသော အားနည်းချက်ကတော့ အိုသွားစေတာပါပဲ။

272 09

သူက ဇနီးသည်ကို ပြန်ကြည့်လိုက်တယ်။

အသက် ၄၀ အရွယ်ကို ရောက်နေပြီ ဆိုပေမဲ့လည်း၊ သူမက အသေအချာ ပြုစုထားတာကြောင့် အသက် ၃၀ တောင် မပြည့်သေးသလိုပဲ ရှိနေဆဲ ဖြစ်သလို၊ တစ်ကိုယ်လုံးမှာလည်း ရင့်ကျက်တဲ့ အလှတွေ ပြည့်နေခဲ့တယ်။ ဒါကြောင့်လည်း အဲဒီ လုဝမ်က အခုထိ သူမအပေါ်မှာ စွဲလမ်းနေပြီး၊ အခွင့်အရေး ရတိုင်း သူမရှေ့မှာ ပေါ်လာချင်နေတာ ဖြစ်ရမယ်။

သူ့ရင်ထဲမှာ အနည်းငယ်တော့ သဝန်တိုတာတွေ ဖြစ်လာပြီး၊ သူမကို ဆွဲယူလိုက်ကာ မေးလိုက်တယ်။ “ငါ အိုသွားပြီလို့ ထင်လို့လား”

သူ့ရဲ့ ဒီလို အမူအရာကို မြင်လိုက်တာနဲ့၊ ကျောက်အာက အကျိုးအကြောင်း မကောင်းနိုင်မှန်း သိတာနဲ့ အမြန် ငြင်းလိုက်တယ်။ “မဟုတ်ပါဘူး”

“မင်းကတော့ ငါ့ကို အပြစ်တင်နေတာပဲ”

“ငါ တကယ် မဆိုလိုပါဘူး။ နင်လည်း စကားကို လွှဲမပစ်ပါနဲ့ဦး၊ ငါတို့ အခု ချွေးမအကြောင်း ပြောနေတာလေ”

“ချွေးမ အကြောင်းကတော့ ဘာပြောစရာ ရှိလို့လဲ၊ မင်း သားက သူ့ဘာသာသူ ဖြေရှင်းနိုင်မှာပါ။ အခုက ချွေးမ တစ်ယောက်တည်း ရှိသေးတာလေ၊ နောင်တစ်ချိန် ထိုက်အာလည်း ဇနီးသည် ခေါ်လာတဲ့ အခါကျရင်တော့ မင်းဆိုတဲ့ ယောက္ခမကြီး ဘယ်လို လုပ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

“ချွေးမ နှစ်ယောက် ဟုတ်လား” ကျောက်အာမှာ စဉ်းစားကြည့်ရုံနဲ့တင် ခေါင်းခဲသွားရတော့တယ်။

ဒါပေမဲ့ သူမရဲ့ စိုးရိမ်တာတွေက ကြာရှည် မခံခဲ့ဘဲ၊ မကြာခင်မှာပဲ တခြားကို အာရုံရောက်သွားခဲ့ရတယ်။

နောက်တစ်နေ့ နံနက်စောစောမှာ ခယ့်လီယွင်က ကျောက်အာဆီ လာပြီး ဂါရဝပြုခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း မပြောပေမဲ့၊ အခြေအနေကိုတော့ အပြန်အလှန် နားလည်သွားကြပြီမို့၊ ခယ့်လီယွင်ရဲ့ အလွန်အမင်း စိုးရိမ်တာကြောင့် ဖြစ်ခဲ့တဲ့ အထင်လွဲမှုလေးကလည်း ဒီနေရာမှာတင် ပြီးသွားခဲ့တော့တာပေါ့။

ဒါပေမဲ့ ဒီဖြစ်ရပ်ကြောင့် ယောက္ခမနဲ့ ချွေးမကြားက သံယောဇဉ်က ပိုပြီးတော့တောင် ရင်းနှီးသွားခဲ့ရပြီး၊ ခယ့်လီယွင်က ကျောက်အာဆီကနေ ကိစ္စတွေအများကြီးကို သင်ခဲ့သလို၊ ကျောက်အာကလည်း အိမ်ရှင်မ တစ်ယောက်အနေနဲ့ လုပ်ရမယ့် အရာတွေကို အသေးစိတ် သွန်သင်ပေးခဲ့တာမို့၊ အဲဒါက လက်တွေ့ကျတဲ့ သွန်သင်မှု တစ်ခု ဖြစ်ခဲ့ပါတော့တယ်။

နောက်ပိုင်း ရက်တွေမှာတော့ သူတို့ ဇနီးမောင်နှံက အသုံးအဆောင်တွေကို သိမ်းပြီး ခရီးထွက်ဖို့ ပြင်ကြတော့တယ်။

အခုတစ်ကြိမ်မှာတော့ ခယ့်လီယွင်က အရင်လို စိတ်ညှိုးမနေတော့ဘဲ နေရာအနှံ့မှာ ပစ္စည်းတွေ ပြင်ဖို့အတွက် တက်တက်ကြွကြွ လှုပ်ရှားနေတာကြောင့်၊ သူမရဲ့ ပျော်နေတဲ့ ပုံစံကြောင့် ရွှီအိမ်တော်က လူတိုင်းကလည်း ချွေးမကြီးက သားကြီးနဲ့အတူ လိုက်သွားတော့မှာ ဖြစ်ကြောင်းနဲ့ အဲဒါက အရှင်သခင်နဲ့ သခင်မကြီးတို့ရဲ့ သဘောတူညီမှုကြောင့် ဖြစ်ကြောင်း သိသွားကြတော့တယ်။

ဒါကြောင့် တိတ်တဆိတ်မှာတော့ အစေခံမလေး အချို့က စိတ်ပျက်သွားကြပေမဲ့၊ အရှင်သခင်နဲ့ သခင်မကြီးတို့ရဲ့ သံယောဇဉ်ကို ကြည့်ပြီးနောက်မှာတော့ သခင်မကြီးက ချွေးမကို ဘာလို့ အိမ်မှာ မထားခဲ့လဲ ဆိုတာကို နားလည်သွားကြတော့တယ်။

အဲဒီနေ့ကို ရောက်တော့ ကျောက်အာက သားနဲ့ ချွေးမကို အိမ်တံခါးဝအထိ လိုက်ပို့ပေးခဲ့ပြီး၊ ဝေးသွားတဲ့ မြင်းရထား အုပ်စုကို ကြည့်ရင်း၊ သူမက အဲဒီတုန်းက ရွှီယောင်ဟုန် ခရီးထွက်ခဲ့တုန်းက အခြေအနေကို ပြန်သတိရလိုက်မိကာ၊ အချိန်အများကြီး ကုန်သွားပြီ ဖြစ်ကြောင်းကိုလည်း ခံစားလိုက်ရတယ်။

“သားသမီးကို ကျွေးမွေး ကြီးပြင်းအောင် လုပ်ပေးရတာက သူတို့ ငါ့ အနားကနေ တစ်ဆင့်ပြီး တစ်ဆင့် ထွက်သွားတာကို ကြည့်နေရတာနဲ့ အတူတူပါပဲ။ အခု တစ်ခေါက် သွားရင်တော့ ဘယ်တော့မှ ပြန်လာမလဲ မသိဘူး”

272 10

ရွှီထင်းရှန်းက သူမကို တွဲထားပေးရင်း ဆိုလိုက်တယ်။ “သိပ်မကြာပါဘူး”

ဒါပေမဲ့ အဲဒီ "သိပ်မကြာပါဘူး" ဆိုတာက၊ ခုနစ်နှစ်တိတိ ကြာခဲ့တယ်။

ကျိန့်ပေဝမ်က လျောင်တုန်းဒေသကို စောင့်ခဲ့တဲ့ အချိန်ကစပြီး၊ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာကြောင့် ကျဆုံးသွားတဲ့ မြို့တွေကို ပြန်ရခဲ့သလို ကျင်းလူမျိုးတွေရဲ့ နှိပ်စက်တာကို ခံနေရတဲ့ ဟန်လူမျိုး ပြည်သူတွေကိုလည်း အများကြီး ကယ်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာတော့ ဖူရွှန့်ဂိတ် တစ်ဝိုက်မှာ ခံတပ်မြို့ ၁၃ ခုကို တည်ဆောက်လိုက်တာမို့၊ ကျင်းလူမျိုးတွေကို အဲဒီဂိတ်ရဲ့ အပြင်ဘက်ကို လုံးဝနှင်ထုတ်နိုင်ခဲ့တယ်။

ဒါပေမဲ့ အဲဒါက ဟန့်တားထားနိုင်တာပဲ ရှိပြီး၊ အမြစ်ပြတ်အောင် မနှိမ်နင်းနိုင်တာနဲ့၊ ကျိန့်ပေဝမ်က လျောင်တုန်း ဒေသမှာပဲ အမြဲ တပ်စွဲပြီး၊ တာ့ချန်းရဲ့ မြောက်ဘက် တံခါးကြီးကို စောင့်နေခဲ့ရတယ်။

ကျားချန် ၃၀ နှစ်မှာ ကျားချန်ဧကရာဇ်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် ကျိန့်ပေဝမ်က မြို့တော်ကို လာပြီး ဂုဏ်ပြုဖို့ အဆင်မပြေတာနဲ့၊ သူ့သားကြီး ချီရွှမ်ကို ကိုယ်စား လွှတ်လိုက်တယ်။

ဧကရာဇ်က ကျိန့်ပေဝမ်ရဲ့ တိုင်းပြည်အပေါ် ထားတဲ့ အောင်မြင်မှုတွေကို ထောက်ပြီး၊ ဒါ့အပြင် ကိုယ်တိုင်လည်း အသက်ရလာလို့ နန်းတော်ထဲမှာ အထီးကျန်နေတာနဲ့၊ ကျိန့်ပေဝမ်ရဲ့ သားတော် (မင်းသားငယ်) ကို နန်းတော်ထဲမှာ သူနဲ့အတူ နေဖို့ ခွင့်ပြုခဲ့တာကြောင့် အဲဒါက တခြားမင်းသားမင်းနွယ်အများကြီးရဲ့ မနာလိုတာကို ခံခဲ့ရတယ်။

ချီရွှမ်က အမှန်တော့ မြို့တော်မှာ မနေချင်ပါဘူး၊ သူ့ဘိုးဘိုးကြီးက သူ့ကို ဘာလို့ ထားခဲ့လဲ ဆိုတာ သူ သိနေတယ်။ အခုတစ်ကြိမ် မြို့တော်ကို မလာခင် ကတည်းက သူ့ဖခင်က သူ့ကို ပြောပြထားခဲ့ဖူးတယ်။ သူက အသက် ၇ နှစ်ပဲ ရှိသေးပေမဲ၊ 'ကျစ်ကျစ်' (ဓားစာခံ မင်းသား) ဆိုတာ ဘာလဲဆိုတာကို သူ နားလည်လိုက်ပါတယ်။

သူ့ဖခင်က လျောင်တုန်း ဒေသမှာ စစ်သည်တော် သိန်းနဲ့ချီတဲ့ အင်အားကို ကိုင်ထားတယ်၊ ဘိုးဘိုးကြီးက အသက်ကြီးလာလို့ သတ္တိလည်း နည်းလာပြီး သူ့အဖေက ပုန်ကန်မှာကို စိုးရိမ်လို့ သူ့ကို ဓားစာခံအဖြစ် ထားခဲ့တာလေ။

နန်းတော်ထဲက ဘဝက လျောင်တုန်း ဒေသထက် အများကြီး ပိုကောင်းပေမဲ့၊ အဲဒီခမ်းနားတဲ့ ဂုဏ်ရှိန်တွေရဲ့ နောက်ကွယ်မှာတော့ မရေမတွက်နိုင်တဲ့ လှောင်ပြောင်တာတွေနဲ့ လှည့်ကွက်တွေအများကြီး ရှိနေခဲ့တယ်။

ချီရွှမ်ကလည်း ဇွဲရှိတဲ့သူပါ၊ အစပိုင်းမှာတော့ အောင့်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာ မခံနိုင်တော့တဲ့ အခါကျတော့ ကလေး တစ်ယောက်ရဲ့ အရှိန်အဝါနဲ့ ဆူပူခဲ့တာကြောင့် ကျားချန်ဧကရာဇ် တောင်မှ စိတ်မရှည် ဖြစ်လာလို့ သူ့ကို စပြီး ငြီးငွေ့လာပေမဲ့ သူ့ကို လျောင်တုန်း ဆီတော့ ပြန်မလွှတ်ခဲ့ပါဘူး။

ငယ်ရွယ်တဲ့ ချီရွှမ်အတွက်တော့ နန်းတော်ထဲက တစ်ခုတည်းသော နွေးထွေးမှုက ရွှီပညာရှိသာ ဖြစ်တယ်။

ရွှီပညာရှိက ဝန်ကြီးချုပ် မဟုတ်ပေမဲ့ ဧကရာဇ်ရဲ့ အားကိုးရဆုံး အမတ်ကြီးမို့၊ တခြား မင်းသားငယ်တွေနဲ့ ဆွေမျိုးတွေက ရွှီပညာရှိရဲ့ မျက်နှာကို ထောက်ပြီး သူ့ကို ဗြောင်ကျကျ လာနှောင့်ယှက်တာမျိုး မလုပ်ဝံ့ကြဘူး။

“ရွှီပညာရှိ၊ ဆရာက ဘာဖြစ်လို့ ကျွန်တော့် အပေါ်မှာ ဒီလောက်အထိ ကောင်းနေရတာလဲ”

ရွှီထင်းရှန်းက ပုပုလုံးလုံးနဲ့ ချစ်စရာကောင်းတဲ့ ဒီကလေးငယ်ကို ကြည့်ရင်း ခဏ စကားလုံး မရှိဘဲ ဖြစ်နေခဲ့တယ်။

သူက တာ့ချန်းရဲ့ အခုအေးချမ်း သာယာတဲ့ ခေတ်ကြီးက အမှန်တော့ မျက်စိရှေ့က ဒီကလေးငယ်ကြောင့် ဖြစ်လာတာဆိုတာကို ပြောပြလို့ မရနိုင်ဘူးလေ။

ကံကြမ္မာရဲ့ လမ်းကြောင်းက အမြဲတမ်း ထူးခြားဆန်းပြားပါတယ်၊ သူ့အိပ်မက်ထဲမှာတော့ မူလက မင်းသားသုံး နန်းတက်ရမှာဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ကြာတော့ ကျိန့်ပေဝမ်ရဲ့ အောင်မြင်မှုက ဧကရာဇ်ကို ထိတ်လန့်စေတာကြောင့်၊ သူ့သားကြီးက မြို့တော်မှာ ဓားစာခံအဖြစ် ကျန်ခဲ့ရတယ်။

272 11

နောက်ပိုင်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရပ်တွေကြောင့် ဒီကလေးငယ်ကပဲ ပလ္လင်ကို ရခဲ့ပြီး၊ အသိဉာဏ် ကြီးမားတဲ့ ယန်ရှီးဧကရာဇ် ဖြစ်လာကာ တာ့ချန်းရဲ့ အေးချမ်း သာယာတဲ့ ခေတ်ကြီးကို စတင်ခဲ့တာကိုး။

အခု ကျားချန်ဧကရာဇ်က အခုထိ သက်ရှိထင်ရှား ရှိနေသလို မင်းသားသုံးကလည်း ပုန်ကန်လို့ အသတ်ခံခဲ့ရပြီ ဖြစ်ပေမဲ့၊ ကျိန့်ပေဝမ်ကတော့ အောင်မြင်မှုတွေအများကြီး ရထားဆဲ ဖြစ်ကာ သူ့သားတော်ကလည်း မြို့တော်မှာပဲ ရှိနေပြန်တယ်။

မသိစိတ်အရ ရွှီထင်းရှန်းက ခံစားချက် တစ်ခု ရနေတာက၊ အချို့ အရာတွေ ပြောင်းသွားပေမဲ့၊ အချို့ အရာတွေကတော့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆက်လည်နေဦးမှာပဲ ဆိုတာပါပဲ။

ဒါပေမဲ့ ဒါတွေ အားလုံးက လျှို့ဝှက်ချက်တွေ ဖြစ်နေတာကြောင့်၊ သူက ကလေးငယ် တစ်ယောက်ကို ရှင်းပြလို့ မရဘဲ ဆိုလိုက်တယ်။ “မင်း မသိပါဘူး၊ ငါ က စာဖတ်တတ်၊ အရာရှိ လုပ်တတ်ရုံတင် မကဘဲ၊ နောက်ထပ် အတတ်ပညာ တစ်ခုကိုလည်း တတ်မြောက်ထားသေးတယ်”

“ဘယ်လို အတတ်ပညာလဲဟင်”

“ငါက ကံကြမ္မာကို တွက်တတ်တာလေ။ ငါ မြင်တာကတော့ မင်းရဲ့အရိုးအဆစ်တွေက ထူးခြားတာကြောင့်၊ နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့ သူတစ်ယောက် ဖြစ်လာမှာ သေချာတယ်၊ အဲဒါကြောင့် ငါ့ကို ဆရာအဖြစ် တပည့် ခံချင်ရဲ့လား”

သေချာတာကတော့ ဒီကလေးငယ်ကလည်း မိုက်တဲ့သူ မဟုတ်ပါဘူး။

သူက စပ်စုချင်တဲ့ စိတ်နဲ့ မေးလိုက်တာတယ်။ “ဆရာ၊ ကျွန်တော် နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့ သူတစ်ယောက် ဖြစ်လာမယ် ဆိုတာအပြင်၊ တခြား ဘာတွေကိုရော တွက်နိုင်သေးလဲ”

“ဒါကတော့…” ရွှီထင်းရှန်းက ခဏ ရပ်ပြီးမှ ဆိုလိုက်တယ်။ “ငါ တွက်ကြည့်တာတော့ မင်းရဲ့ အနာဂတ် ဇနီးသည်က တောင်ဘက် ဒေသမှာ ရှိနေလိမ့်မယ်၊ အဲဒီမိန်းကလေးရဲ့ အဆင့်အတန်းက နိမ့်ပေမဲ့လည်း၊ ကံကြမ္မာကတော့ သိပ်ထူးခြားသလို မင်းရဲ့ ကံကြမ္မာနဲ့လည်း အပြန်အလှန် အထောက်အကူ ပြုနေမှာမို့၊ သူ့ကိုသာ ရမယ် ဆိုရင်တော့ မင်း အနေနဲ့ ကျားမှာ အတောင်ပံ တပ်လိုက်သလိုမျိုး အင်အားတွေ ပိုပြီး ကြီးလာလိမ့်မယ်”

ကလေးငယ်က စကားမပြောပေမဲ့ သူ့မျက်နှာမှာတော့ ဆရာက သူ့ကို လိမ်နေတယ်ဆိုတဲ့ အမူအရာက အထင်အရှား ရှိနေခဲ့တယ်။

သူက ရွှီထင်းရှန်းကို တစ်ချက် ကြည့်ပြီးတော့ အတန်ကြာမှ ခေါင်းကို ပွတ်ပြီး ဆိုလိုက်ပါတော့တယ်။ “ဆရာက ကျွန်တော့်ကို လိမ်နေတာ သိသာပေမဲ့၊ ဆရာက ကျွန်တော့်အပေါ်မှာ ဒီလောက်အထိ တန်ဖိုးထားတယ်ဆိုမှတော့ ကျွန်တော် ဆရာ့ကို ဆရာအဖြစ် တပည့် ခံပါ့မယ်။ ဒါပေမဲ့ ကြိုပြောထားမယ်နော်၊ ကျွန်တော်က စာဖတ်တာတော့ မတော်ဘူး၊ ရန်ဖြစ်တာပဲ တော်တာ”

...

“ဘာဖြစ်လို့ သူ့ကိုမှ ရွေးခဲ့တာလဲ”

“သံယောဇဉ် ရှိလို့ပါပဲ”

...

ကျားချန် ၃၈ နှစ်မှာ အခွန်ဝန်ကြီးဌာန ဝန်ကြီး ရွှီထင်းရှန်းက အိမ်ရှေ့စံရဲ့ ဆရာအဖြစ် တိုးမြှင့်ခံရသလို၊ ပေါင်ဟော့နန်းဆောင် ပညာရှင် ဘွဲ့ကိုလည်း ရခဲ့ပြီး၊ အတွင်းအမတ်ရုံးရဲ့ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံခဲ့ရာ အသက် ၄၈ နှစ် အရွယ်နဲ့တင် တိုင်းပြည် အာဏာကို အပြည့်အဝ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။

272 12

ကျားချန် ၄၃ နှစ်မှာ ကျားချန်ဧကရာဇ်က ချန်ချင်းနန်းဆောင်မှာ နတ်ရွာစံခဲ့တယ်။ အဲဒီတုန်းက အသက် ၇၃ နှစ် ရှိပါပြီ။

သူ ပလ္လင်ပေါ်မှာ ရှိတုန်းက သူက ပြည်သူတွေရဲ့ ဘဝကို အလေးထားခဲ့သလို၊ အစိုးရရေးရာတွေကိုလည်း ကြိုးစားလုပ်ခဲ့ပြီး၊ လူတော်တွေကိုလည်း နေရာပေးခဲ့တာကြောင့်၊ တာ့ချန်းရဲ့ ရှားပါးလှတဲ့ အေးချမ်း သာယာတဲ့ ခေတ်ကြီးကို ဖန်တီးပေးနိုင်ခဲ့တယ်။ သူ့ရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေက သမိုင်းမှတ်တမ်းတွေမှာ ထင်ရှားစွာ ကျန်ရှိနေသလို၊ နောင်လာနောက်သားတွေကလည်း သူ့ကို 'ထာဝရ ဧကရာဇ်' အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

သူနဲ့ ဝန်ကြီးချုပ် ရွှီထင်းရှန်းကြားက အရှင်သခင်နဲ့ အစေခံ သံယောဇဉ်ကလည်း၊ နောင်တစ်ချိန်မှာ လူအများ ပြောစမှတ်ပြုရမယ့် အကြောင်းအရာ တစ်ခု ဖြစ်ခဲ့တာပေါ့။

ထူးခြားတဲ့အချက်တစ်ခုက ဧကရာဇ်က သူ့ရဲ့သားတော်အများကြီးကို ကျော်ပြီး မြေးဖြစ်သူကို ပလ္လင်လွှဲပေးခဲ့တဲ့ ကိစ္စက လူအများကြီးကို အံ့အားသင့်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီသူက ဝန်ကြီးချုပ်ရွှီရဲ့ တစ်ဦးတည်းသော တပည့်အရင်း ဖြစ်နေတာကို သိလိုက်ရတဲ့ အခါမှာတော့ အားလုံးက နားလည်သွားခဲ့ကြပါတယ်။

ဒါကလည်း သူတို့ကြားက သံယောဇဉ်ကို ပိုပြီး ပြည့်စုံသွားစေခဲ့တယ်။

အချို့က ဆိုတာကတော့ ဒီဧကရာဇ် ရှိလို့သာ ဝန်ကြီးချုပ်ရွှီ ပေါ်လာတာလို့ ဆိုကြသလို၊ အချို့ကလည်း ဝန်ကြီးချုပ်ရွှီ ရှိလို့သာ ကျားချန် ခေတ်ကြီး အေးချမ်းခဲ့တာလို့လည်း ဆိုကြတယ်။

အမြင်တွေက အမျိုးမျိုး ကွဲနေကြပေမဲ့ ဒီမင်းကောင်းမင်းမြတ်နဲ့ အမတ်မင်းတို့ရဲ့ ပုံပြင်ကတော့ တစ်လောကလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့ပါတော့တယ်။

မြို့တော်က ထွက်လာတာ မဝေးသေးတဲ့ မြင်းရထား တစ်စီးထဲကနေ အမျိုးသမီး တစ်ဦးရဲ့ တီတီတာတာ ပြောသံတွေ ထွက်လာတယ်။

“နင် ပြောကြည့်ဦးလေ၊ ငါတို့မှာလည်း အသက်တွေ ဒီလောက် ကြီးနေပြီကို၊ ဘာလို့ နေရာအနှံ့ လျှောက်သွားနေရဦးမှာလဲ၊ ဒါက ဘယ်လို ပုံစံမျိုး ဖြစ်နေလို့လဲ”

“အသက် ကြီးတယ် ဟုတ်လား… မင်းက အိုပြီလို့ ဝန်ခံပေမဲ့၊ ငါကတော့ အိုပြီလို့ လုံးဝ ဝန်ခံမှာ မဟုတ်ဘူး”

“ဒါပေမဲ့ နင်က အဲဒီ ကိစ္စတွေ အားလုံးကို ဟုန်အာဆီကိုပဲ ပုံချထားခဲ့တာလေ၊ ဧကရာဇ်သစ်ဆီကိုတောင်မှ တစ်ခွန်းမှ မပြောဘဲ ထွက်လာခဲ့တာ၊ ဧကရာဇ်သစ်က ဘယ်လိုများ ထင်သွားမလဲ”

“ထင်ချင်သလိုသာ ထင်ပါစေတော့”

ကျောက်အာက သူ့ကို တစ်ချက် စောင်းကြည့်လိုက်ပြီး ဆိုလိုက်တယ်။ “နင်ကတော့ အသက်ကြီးလေလေ ပိုပြီးတော့ ဆိုးလေလေပါပဲ!”

မကြာခင်ကမှ မွေးထားတဲ့ မြေးလေးကို သူ ခွဲခွာရလို့ မရက်စက်နိုင်ဘဲ ဖြစ်နေတာကို ရွှီထင်းရှန်းက သိနေတယ်။ သူက သူမကို ဖက်ထားပြီး လေသံကို နူးညံ့စေကာ ဆိုလိုက်တယ်။ “မင်းကို နေရာအနှံ့ လိုက်ပို့ပါ့မယ်လို့ ငါ ကတိပေးခဲ့တာ ကြာပါပြီ၊ ဒါပေမဲ့ အမြဲတမ်း အခွင့်အရေး မရခဲ့ဘူးလေ။ အရင်နှစ်တွေကတော့ ဧကရာဇ်မင်းမြတ်ရဲ့ အားကိုးမှုကို မပစ်ပယ်ရက်လို့ နေခဲ့ရပေမဲ့၊ အခုမှ မသွားရင်တော့ ငါတို့ တကယ်ကြီး အိုမင်းပြီး လမ်းမလျှောက်နိုင်တဲ့ အခါကျမှ နောင်တရနေရလိမ့်မယ်”

“ဒါပေမဲ့...”

“မင်းက ငါနဲ့အတူ ခရီးမထွက်ချင်ဘူးလား။ ဘယ်သူ့ကိုမှ မခေါ်ဘဲ ငါတို့ နှစ်ယောက်တည်းလေ”

သူ့ရဲ့ နည်းနည်း ဝမ်းနည်းသယောင် အမူအရာကို မြင်လိုက်ရတဲ့အခါ၊ ကျောက်အာရဲ့ ရင်ထဲမှာ ချက်ချင်းပဲ ပျော့ပြောင်းသွားခဲ့ရတယ်။

272 13

သူမက သက်ပြင်းတစ်ချက် ချလိုက်ပြီး ခံစားချက်တွေအများကြီးနဲ့ ပြုံးကာ ဆိုလိုက်ပါတော့တယ်။ “ငါ သဘောတူပါတယ်၊ ဘာလို့ မလိုက်ချင်ဘဲ နေပါ့မလဲ”

ရွှီထင်းရှန်းက သူမရဲ့မျက်နှာကို တစ်ချက် ပွတ်သပ်လိုက်ပြီး ဆိုလိုက်တယ်။ “စိတ်ချပါ၊ ပြန်မလာတော့မှာလည်း မဟုတ်ပါဘူး။ လည်ပတ်လို့ ပင်ပန်းလာရင်တော့ ပြန်လာကြတာပေါ့၊ အိမ်မှာ နေရတာ ငြီးငွေ့လာရင်တော့ ထပ်ပြီး ထွက်လည်ကြတာပေါ့။ ဘဝတစ်ဝက်ကျော်အောင် ငါတို့ ပင်ပန်းခဲ့ပြီးပြီပဲ၊ အခုတော့ ငါတို့လည်း အနားယူသင့်ပါပြီ။ သားသမီးမှာ သူ့ကံနဲ့သူ ရှိတာမို့၊ မင်းလည်း အိမ်က ကိစ္စတွေကို အများကြီး စိတ်မပူပါနဲ့တော့”

အမျိုးသားရဲ့ အဖြူရောင် သန်းနေတဲ့ နားထင်ကို ကြည့်ရင်း၊ ကျောက်အာက ရင်ထဲမှာ နာကျင်စွာနဲ့ ပွတ်သပ်ပေးလိုက်မိတယ်။ “နင်လည်း တကယ်ကို အနားယူသင့်ပါပြီ”

အနားယူသင့်တာက အမှန်ပါပဲ၊ ရွှီထင်းရှန်း ကိုယ်တိုင်တောင်မှ သူ့ဘဝတစ်ဝက်ကျော်က ဒီလိုမျိုး ကုန်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အစိုးရအဖွဲ့အတွက် သူ့ရဲ့ အင်အားတွေကို အစွမ်းကုန် သုံးခဲ့တာကြောင့် "တိုင်းပြည်အတွက် အသက်ရှင်ပြီး၊ တိုင်းပြည်အတွက် သေတယ်" ဆိုတဲ့ စကားနဲ့တောင် ထိုက်တန်လှပါတယ်။

အထူးသဖြင့် နောက်ဆုံး နှစ်နည်းနည်းအတွင်းမှာ ကျားချန်ဧကရာဇ်ရဲ့ ကျန်းမာရေးက တစ်လှည့်စီ ပြောင်းနေတာကြောင့်၊ အစိုးရရေးရာ အားလုံးက သူ့ပုခုံးပေါ် ရောက်နေခဲ့တာ။ တစ်ချိန်တည်းမှာပဲ မင်းသား မင်းနွယ်အများကြီးကလည်း အခွင့်အရေးကို စောင့်နေကြတာမို့၊ သူ တစ်ယောက်တည်းကသာ အတင်း ဖိနှိပ်ထားခဲ့ရလို့ ဆူပူတာတွေ မဖြစ်ခဲ့တာကိုး။

သူက အဲဒီအိပ်မက်ထဲမှာ သူ သေခါနီး အချိန်က နောက်ဆုံး ဆန္ဒကို အခုထိ မှတ်မိနေသလို၊ နိုးလာတဲ့ အချိန်ကစပြီး တစ်ခုတည်းသော ရည်မှန်းချက်က သူမအပေါ်မှာ ကောင်းကောင်း ဆက်ဆံဖို့နဲ့ အဲဒီအိပ်မက်ထဲက အမှားတွေကို ထပ်မလုပ်မိဖို့ပါပဲ။ ဒါပေမဲ့ ဘာဖြစ်လို့ အခုလို ဖြစ်လာရတာလဲ။

ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့အတွက်ရော၊ သူမကို ကာကွယ်ပေးနိုင်ဖို့အတွက်ပါ၊ သူက နောက်တစ်ကြိမ် စာမေးပွဲ လမ်းပေါ်ကို တက်ခဲ့ပေမဲ့၊ ကံကြမ္မာကတော့ မသိစိတ်အရ သူ့လမ်းကြောင်းကနေ သွေဖည်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားခဲ့တယ်။

ကံကောင်းတာက သူ့တစ်သက်တာအတွင်း လူအဖြစ် နေခဲ့သမျှ၊ ကိစ္စတိုင်းမှာ စကားလုံး လေးလုံးနဲ့ပဲ အမြဲ ကိုက်ညီနေခဲ့တယ်။ အဲဒါက "ကိုယ့်စိတ်နှလုံးမှာ ရှက်စရာ မရှိတာ"ပါပဲ။

သူ့ရဲ့အောင်မြင်မှု ဒါမှမဟုတ် အမှားတွေကိုတော့ နောင်လာနောက်သားတွေကပဲ ဆုံးဖြတ်ကြပါလိမ့်မယ်၊ အဲဒါက သူနဲ့ မဆိုင်တော့ပါဘူး။

******

All Chapters