← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 10 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 10 Ch. 135-136

အပိုင်း(၁၃၅)

ဝိညာဉ်ဆေးလုံး၏ အချက်အလက်များကို ကြည့်ရှုပြီးနောက် ကျန်းလျို၏ ရင်ထဲတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။ ဆေးတစ်လုံးတည်းနှင့် အတွေ့အကြုံမှတ် ၅၀၀,၀၀၀ တောင် ရနိုင်သည်တဲ့လော။

နောက်ဆက်တွဲ အသုံးပြုမှုများတွင် အာနိသင် တစ်ဝက်လျော့ကျသွားမည်ဖြစ်သော်လည်း ဤဆေးလုံးနှစ်လုံးပေါင်းလျှင် အတွေ့အကြုံမှတ် ၇၅၀,၀၀၀ တောင် ရရှိမည်မဟုတ်ပါလော။

အဆင့် ၂၀ မှ ၂၁ သို့ တက်ရန်အတွက် အတွေ့အကြုံမှတ် သိန်းဂဏန်းအနည်းငယ်သာ လိုအပ်ခဲ့ရာ၊ ၇၅၀,၀၀၀ ဆိုလျှင် နောက်ထပ် အဆင့်အနည်းငယ် တက်ရန် လုံလောက်မည် မဟုတ်ပါလော။

"ပစ္စည်းကောင်းပဲ... ဒါကို စားလိုက်ရင် ကျင့်စဉ်အဆင့်တွေ တက်လာနိုင်တယ်..."

ဝိညာဉ်ဆေးလုံး၏ အချက်အလက်များကို မြင်ပြီးနောက် ကျန်းလျိုက ကျယ်လောင်စွာ ဟစ်အော်လိုက်၏။

သူ၏ စကားများတွင် မည်သည့် အားနာမှုမျိုးမှ မပါဝင်ချေ။ အတွေ့အကြုံမှတ်များကို တိုက်ရိုက်တိုးစေပြီး အဆင့်ကို မြှင့်တင်ပေးနိုင်သော ဤကဲ့သို့သော အဖိုးတန်ရတနာမျိုးကို အခြားအရာများထက် အရင်ဆုံး စားသုံးပစ်သင့်သည် မဟုတ်ပါလော။

ကျန်းလျိုသည် လက်လှမ်းကာ ဝိညာဉ်ဆေးလုံး နှစ်လုံးကို ဆွဲယူလိုက်ပြီး မလိုအပ်သော စကားများ မဆိုနေတော့ဘဲ ၎င်းတို့အနက်မှ တစ်လုံးကို ချက်ချင်း မျိုချလိုက်လေတော့သည်။

ဒင် - အတွေ့အကြုံမှတ် +၅၀၀,၀၀၀ ။

ဒင် - အဆင့် ၁ ဆင့် တက်သွားပါသည်၊ လက်ရှိအဆင့် ၂၂ ။

ဒင် - အဆင့် ၁ ဆင့် တက်သွားပါသည်၊ လက်ရှိအဆင့် ၂၃ ။

စနစ်၏ အသိပေးချက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဆေးလုံး၏ စွမ်းအင်များသည် သူ၏ ခြေလက်အင်္ဂါများနှင့် အရိုးများဆီသို့ လျင်မြန်စွာ စီးဆင်းပျံ့နှံ့သွားကာ သူ၏ ခွန်အားကို သိသာစွာ မြှင့်တင်ပေးလိုက်ကြောင်း ကျန်းလျို အထင်အရှား ခံစားလိုက်ရ၏။

အဆင့်မြင့်လာသည်နှင့်အမျှ အတွေ့အကြုံမှတ်များ ပိုမိုလိုအပ်ကြောင်း သိထားသော်လည်း၊ အဆင့် ၂၀ ကျော်ပြီးနောက် သူရရှိလာသော အဆင့်တိုင်းသည် ယခင်ကထက် များစွာပိုသော ခွန်အားများကို ဆောင်ကြဉ်းပေးကြောင်းကိုလည်း ကျန်းလျို ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။

အကယ်၍ ၎င်းကို တိုက်ခိုက်ရေးစွမ်းအား အနေဖြင့် တွက်ဆကြည့်မည်ဆိုလျှင် အဆင့် ၁၀ မှ ၁၁ သို့ တက်သွားပါက တိုက်ခိုက်ရေးစွမ်းအား ၁၀၀ မှတ်ခန့် တိုးလာနိုင်သော်လည်း အဆင့် ၂၀ မှ ၂၁ သို့ တက်သွားပါက အမှတ် ၅၀၀ ကျော်ခန့် တိုးလာနိုင်ပေသည်...

"အင်း... အဆင့်မြင့်လေလေ အဆင့်တက်ဖို့ အတွေ့အကြုံမှတ်တွေ ပိုလိုလေလေပဲ... ဒါပေမဲ့ အလားတူပဲ အဆင့်တစ်ဆင့်တက်တိုင်း ရလာတဲ့ ခွန်အားတိုးတက်မှုကလည်း အများကြီး ပိုများလာတာဆိုတော့ ဒါက သဘာဝကျပါတယ်လေ..."

နှစ်ဆင့်ဆက်တိုက် အဆင့်တက်သွားခြင်းမှ သိသာထင်ရှားသော စွမ်းအားတိုးတက်မှုကို ခံစားရင်း ကျန်းလျိုက သူ့ကိုယ်သူ သဘောကျစွာ ခေါင်းညိတ်လိုက်၏။

"ဆရာတော်က တကယ့်ကို ဆေးဖော်စပ်ခြင်း ပညာရပ်မှာ ဆရာတစ်ဆူပါပဲ... ဒီဝိညာဉ်ဆေးလုံးရဲ့ အာနိသင်ကို တစ်ချက်ကြည့်ရုံနဲ့ နားလည်နိုင်တယ်..."

ကျန်းလျို၏ စိတ်ထဲတွင် ဘာတွေဖြစ်နေသည်ကို ဆရာလင်းရွှီ မသိသော်လည်း သူ၏ မျက်လုံးများမှာ အံ့သြမှု၊ ဝမ်းမြောက်မှုတို့ဖြင့် အရောင်လက်သွားကာ အာမေဍိတ်သံဖြင့် ပြောလိုက်လေသည်။

နတ်လမ်းစဉ်ကို ရှာဖွေရန် စိတ်အားထက်သန်နေသော်လည်း ဆရာလင်းရွှီသည် မည်သို့ပင်ဖြစ်စေ မိစ္ဆာမျိုးနွယ် ဖြစ်သောကြောင့် လမ်းညွှန်မှု ကင်းမဲ့နေကာ ကျင့်စဉ်နည်းစနစ်လည်း မရှိသဖြင့် မိမိဘာသာ စမ်းတဝါးဝါး ရှာဖွေကျင့်ကြံနေရသူ ဖြစ်လေသည်။

ထို့ကြောင့် သူသည် တာအို ကျင့်ကြံသူများ သို့မဟုတ် ဘုန်းတော်ကြီးများနှင့် တွေ့ဆုံရသည့် အခါတိုင်း သူတို့အား လေးစားစွာ ဆက်ဆံလေ့ရှိပြီး ဆွေးနွေးမှုများ ပြုလုပ်ကာ တရားအလင်းရစေရန် မျှော်လင့်တတ်လေသည်။

ယခု သူကျင့်သုံးနေသော ဆေးဖော်စပ်နည်းပညာရပ်မှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက သူ အမှတ်မထင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရာစုနှစ်များစွာကြာအောင် မဆုတ်မနစ် သုတေသနပြုလုပ်ပြီးနောက်မှ လက်ရှိ အောင်မြင်မှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ဘယ်လိုသဘောရပါသလဲ ဆရာတော်... ဒီဝိညာဉ်ဆေးလုံးကို ကျွန်တော် ဖော်စပ်လာတာ နှစ်ပေါင်း ရာနဲ့ချီနေပါပြီ… တိုးတက်အောင် လုပ်စရာလမ်းကြောင်းများ ရှိသေးလား..."

ကျန်းလျို ဝိညာဉ်ဆေးလုံး တစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်ကို ကြည့်ရင်း ဆရာလင်းရွှီက စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။

"အဲဒါက..."

ဆရာလင်းရွှီ၏ စကားကို ကြားသောအခါ ကျန်းလျို၏ မျက်နှာပေါ်တွင် အနည်းငယ် အနေခက်သွားသော အမူအရာ ပေါ်လာလေသည်။

ဆရာလင်းရွှီသည် အလွန် ဧည့်ဝတ်ကျေပွန်သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤသည်မှာ အပေးအယူ တစ်ခုပင် ဖြစ်သည်။

ဆရာလင်းရွှီက သူ့အား ဝိညာဉ်ဆေးလုံး နှစ်လုံးပေးခဲ့ခြင်းမှာ ဆေးဖော်စပ်ရာတွင် ကျန်းလျိုထံမှ အကူအညီအချို့ ရရှိနိုင်ရန် မျှော်လင့်ထားသောကြောင့် ဖြစ်၏။

သို့သော် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဆင့်ကူးပြောင်းရေးကို မဖွင့်ရသေးသောကြောင့် ကျန်းလျိုသည် ဆေးဖော်စပ်ခြင်းအကြောင်းကို လုံးဝ နားမလည်ပေ။

"အမှန်အတိုင်း ပြောရရင်… ဒီဦးဇင်းက ဆေးဖော်စပ်တာကို တကယ် နားမလည်ပါဘူး..."

အနည်းငယ် အနေခက်နေသော်လည်း ကျန်းလျိုသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဆရာလင်းရွှီ၏ စူးစမ်းလိုမှုနှင့် မျှော်လင့်ချက်အပြည့်ရှိနေသော အကြည့်တို့ကို ရင်ဆိုင်ကာ ရိုးသားစွာ ပြောရန် ဆုံးဖြတ်လိုက်လေသည်။

ဤအဖြေကြောင့် ဆရာလင်းရွှီ၏ မျက်နှာအမူအရာမှာ ခဏတာ အေးခဲသွား၏။

"ဆရာတော်က ဘာလို့ ငြင်းပယ်ရတာလဲ... ဆေးလုံးရဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်ဆိုတော့… ဆရာတော်က ဆေးဖော်စပ်တာမှာ ကျွမ်းကျင်ရမယ်လေ... ဒါမှမဟုတ် ကျွန်တော်က မိစ္ဆာမျိုးနွယ် ဖြစ်နေလို့ အထင်သေးပြီး လမ်းညွှန်မှုပေးဖို့ ငြင်းဆန်တာများလား..."

ဆရာလင်းရွီက မေးလိုက်၏။

"ဒကာတော် အထင်လွဲနေပြီ…ဦးဇင်း တကယ် နားမလည်တာပါ..."

ကျန်းလျိုမှာ တကယ်ပင် အနေရခက်သွားလေသည်။

အစပိုင်းတွင် ဆရာလင်းရွှီက သူ့အား ဆေးလုံးများဖြင့် ဧည့်ခံမည်ဟု ပြောခဲ့ပြီးထိုဆေးလုံးများမှာ တစ်လုံးလျှင် အတွေ့အကြုံမှတ် ၅၀၀,၀၀၀ အထိ တန်ဖိုးရှိနေသည်ကို မြင်သောအခါ ကျန်းလျိုမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ တစ်လုံးကို ကောက်စားပစ်လိုက်မိလေသည်။

သို့သော် ဆရာလင်းရွှီက ကျန်းလျိုထံမှ သူ၏ ဆေးဖော်စပ်ခြင်း ပညာရပ်နှင့်ပတ်သက်၍ လမ်းညွှန်မှုအချို့ ရရှိရန် မျှော်လင့်ကာ အပေးအယူတစ်ခု ပြုလုပ်လိုနေခြင်းဖြစ်ကြောင်း သူ မသိခဲ့ပေ။

မိမိကိုယ်မိမိ ငွေကြိုယူထားပြီးမှ ဖောက်သည်ကို ပေးစရာ ကုန်ပစ္စည်းမရှိတော့သည့် ကုန်သည်တစ်ဦးလို ဖြစ်သွားစေခဲ့ပြီလေ။

"ဆရာတော်... ကျွန်တော်တို့ မိစ္ဆာမျိုးနွယ်ကို အထင်သေးနေမှတော့ ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး… ကြွပါတော့..."

ဆရာလင်းရွှီ၏ မျက်နှာမှာ အနည်းငယ် မှုန်ကုပ်သွားပြီး အကြည့်များကလည်း မနှစ်မြို့ဖွယ် ဖြစ်လာကာ ဆက်လက် ဟန်ဆောင်မနေတော့ဘဲ လက်ကိုဝှေ့ယမ်းရင်း နှင်ထုတ်သည့် အမိန့်ကို ပေးလိုက်လေသည်။

ကျန်းလျို စားပွဲတင်ဆား သန့်စင်နေသည်ကို မြင်တွေ့ခဲ့ရသည့်အပြင် ဝိညာဉ်ဆေးလုံး၏ အာနိသင်များကို ချက်ချင်း သိရှိသွားသောကြောင့် မဟာထန်ပြည်မှ ဆရာတော်အနေဖြင့် ဆေးဖော်စပ်ခြင်း ပညာရပ်တွင် ကျွမ်းကျင်ပိုင်နိုင်ကြောင်း ဆရာလင်းရွှီက အခိုင်အမာ ယုံကြည်ထားခဲ့၏။

သို့သော် ထပ်ခါတလဲလဲ ငြင်းပယ်ခံရသောအခါ ကျန်းလျိုသည် သူ့အား ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်၍ လမ်းညွှန်မှု မပေးလိုသောကြောင့်ဟု ဆရာလင်းရွှီက တွေးထင်သွားခဲ့သည်။

နားမလည်ပါဘူးဆိုသည့် သူ၏ပြောဆိုချက်ကရော…

သေချာပေါက် ဆင်ခြေသက်သက်သာ ဖြစ်ပေလိမ့်မည်။

ဝံပုလွေတောင်တန်း၏ အရှင်သခင်ဖြစ်သောကြောင့် ဆရာလင်းရွှီမှာ သူ၏ ကိုယ်ပိုင်ဂုဏ်မာနတော့ ရှိလေသည်။ အိမ်ရှင်နှင့် ဧည့်သည် နှစ်ဦးစလုံး အတူတကွ ပျော်ရွှင်စွာ အချိန်ဖြုန်းနိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်မည် ဖြစ်သော်လည်း မဟာထန်ပြည်မှ ဆရာတော်က ဤသို့ ပြုမူလာသောကြောင့် ဆရာလင်းရွှီ၏ မိစ္ဆာဖြစ်တည်မှုအပေါ် ကြိုတင်မလိုလားသော အစွဲအလမ်းများ ရှိနေကြောင်း ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

သို့ဆိုလျှင် ဆရာလင်းရွှီက အဘယ်ကြောင့် မျက်နှာချိုသွေးနေရဦးမည်နည်း။

"ဟဲ ဟဲ ဟဲ... မင်းလို မိစ္ဆာဆိုးလေးက အရည်အသွေးနိမ့် ဆေးလုံးလေး တစ်လုံးလောက်နဲ့ ငါတို့ကိုများ လာမောက်မာပြနေသေးတယ်ပေါ့လေ... ဟိုးအရင်တုန်းက ငါ လောင်စွန်း တိုက်ရှန်းလောင်ကျွင်းရဲ့ နန်းတော်ကနေ ဘယ်လောက်တောင် များများစားခဲ့လဲဆိုတာ မင်းမှ မသိတာ…”

ဆရာလင်းရွှီက နှင်ထုတ်လိုက်သည်ကို မြင်သောအခါ စွန်ဝူခုန်းက မနှစ်မြို့စွာဖြင့် ရယ်မောရင်း မတ်တတ်ရပ်ကာ ပြောလိုက်၏။

“ဟိုးအရင် အရှေ့ပင်လယ်ကနေ ပင်လယ်ထိန်းအပ်ကို အတင်းအကျပ် တောင်းယူခဲ့တုန်းကတောင် နဂါးမင်းကြီးကိုယ်တိုင် ဒီလိုအချိုးမျိုး လာမချိုးရဲခဲ့ဘူးလေ… အခုတော့ ဒီမိစ္ဆာလေးက ငါ့ဆရာတော် အရည်အသွေးနိမ့် ဆေးလုံးလေး တစ်လုံးစားမိတာနဲ့များ ဒီလောက်တောင် မောက်မာချင်နေတယ်ပေါ့လေ…”

“ဟိုးတုန်းက တောက်ရွှိုင်နန်းတော်မှာ နတ်ဆေးလုံးတွေကို သကြားလုံးတွေလို စားခဲ့တာ… သူပြောတဲ့ ဝိညာဉ်ဆေးလုံးဆိုတာက ဘာများ အရေးပါလို့လဲ…”

"တော်ပါတော့ ဝူခုန်း..."

တိုက်ခိုက်ရန် အသင့်ပြင်နေပုံရသော စွန်ဝူခုန်း မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ ကျန်းလျိုက သူ့ကို တားဆီးလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူသည် အစကတည်းက မှားယွင်းနေခဲ့ခြင်း ဖြစ်၏။ ဤရိုင်းစိုင်းသော လောကကြီးတွင် အကြမ်းဖက်ခြင်းကသာ နောက်ဆုံးဖြေရှင်းနည်း ဖြစ်ကောင်းဖြစ်နိုင်ပြီး အားနည်းသူများထံမှ အားကြီးသူများက လုယူခြင်းမှာ သာမန်ကိစ္စဖြစ်သော်လည်း ကျန်းလျိုကမူ ထိုသို့သော လုပ်ရပ်မျိုးကို မလုပ်ဆောင်ရက်နိုင်ပေ။

"အောမိတော်ဖော... ဒကာတော် ဆရာလင်းရွှီ… ဒီကိစ္စမှာ ဦးဇင်းဘက်က မှားသွားတဲ့အတွက် ဦးဇင်း ပြန်တော့မယ်..."

လက်အုပ်ချီလျက် ကျန်းလျိုက အခြား ဝိညာဉ်ဆေးလုံး တစ်လုံးကို ချထားကာ ပြောလိုက်၏။

ပြောနေရင်းနှင့်ပင် သူသည် လက်ဖဝါးကို မြှောက်ကာ သူ၏ သိုလှောင်နယ်မြေထဲမှ သွေးဆေးရည် တစ်ပုလင်းနှင့် မာနာဆေးရည် တစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။

"ဦးဇင်းမှာ ဆေးရည်နှစ်ပုလင်း ရှိတယ်... အနီရောင်က ဒဏ်ရာတွေကို ချက်ချင်း ကုသပေးနိုင်ပြီး… အပြာရောင်ကတော့ မာနာစွမ်းအင်တွေကို ချက်ချင်း ပြန်လည်ဖြည့်တင်းပေးနိုင်တယ်... ဦးဇင်းမှာ ပေးစရာ သိပ်မရှိပေမယ့် အနည်းငယ်သော လျော်ကြေးအနေနဲ့ ဒကာတော် နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်... ဆေးဖော်စပ်ခြင်း ပညာရပ်ကို နားမလည်ဘူးလို့ ဦးဇင်းပြောခဲ့တာ တကယ်ပါ... ဘုန်းကြီးဆိုတာ လိမ်မပြောတတ်ဘူးလေ... သွားခွင့်ပြုပါဦး..."

ဆေးရည်နှစ်ပုလင်းကို ချထားပြီးနောက် ကျန်းလျိုသည် ဗုဒ္ဓဂါထာကို တိုးတိုးရွတ်ဆိုကာ လှည့်ထွက်ပြီး ဆရာလင်းရွှီ၏ ဂူအတွင်းမှ ထွက်ခွာသွားလေတော့သည်။

သွေးဆေးရည် တစ်ပုလင်းနှင့် မာနာဆေးရည် တစ်ပုလင်းမျှလောက်ဖြင့် အတွေ့အကြုံမှတ် ၅၀၀,၀၀၀ နှင့် ညီမျှသော အဆင့်နှစ်ဆင့် တက်သွားမှုအတွက် လဲလှယ်ရန် မလုံလောက်နိုင်ပေ။

ကျန်းလျိုအတွက်တော့ ဤလုပ်ရပ်မှာ သူ၏ အပြစ်ရှိစိတ်ကို သက်သာစေရန်အတွက်သာ ဖြစ်လေသည်။

***

အပိုင်း(၁၃၆)

ဆရာလင်းရွှီ၏ မျက်နှာမှာ သူ၏ရှေ့တွင် ချထားသော ဆေးရည်နှစ်ပုလင်းကို ကြည့်ကာ အနည်းငယ် ပြေလျော့သွားလေသည်။

ဆရာတော်၏ အမူအကျင့်များကို ကြည့်ရသည်မှာ သူသည် မိမိ၏ မိစ္ဆာဖြစ်တည်မှုအပေါ် တကယ်ပဲ အထင် မသေးခဲ့သည်လား။

"ဆရာတော်... ခဏလောက် နေပါဦး..."

အနည်းငယ် စဉ်းစားပြီးနောက် တစ်ဖက်လူအပေါ် အထင်လွဲသွားမိသည်ဟု ထင်မြင်လာကာ ဆရာလင်းရွှီက အော်ခေါ်လိုက်၏။

"အောမိတော်ဖော... ဒကာတော် ဆရာလင်းရွှီ… ဒီနေရာကနေပဲ လမ်းခွဲကြတာပေါ့... ရေစက်ပါရင် ပြန်ဆုံကြသေးတာပေါ့..."

သို့သော် ကျန်းလျိုသည် ဆရာလင်းရွှီ၏ တောင်းဆိုမှုကြောင့် ရပ်တန့်မသွားဘဲ ဆက်လက် လျှောက်လှမ်းသွားရာ ပို၍ပို၍ ဝေးကွာသွားလေသည်။

ကျန်းလျို ဂူထဲမှ လုံးဝထွက်ခွာသွားသည်ကို ကြည့်ရင်း ဆရာလင်းရွှီမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။

အမှန်ပင် ကိစ္စရပ်များက ဤအခြေအနေအထိ ရောက်ရှိသွားပြီဖြစ်ရာ သူ့အား ဆက်နေရန် တောင်းဆိုလျှင်တောင်မှ သူတို့၏ ရင်ထဲတွင် အတားအဆီးတစ်ခု ရှိနေမည်ဖြစ်ပြီး အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။

သွေးဆေးရည်နှင့် မာနာဆေးရည်တို့ကို လှမ်းယူလိုက်ပြီး ဆရာလင်းရွှီက ၎င်းတို့ကို ညင်သာစွာ နမ်းရှိုက်လိုက်၏။ တစ်ခုစီမှ အနည်းငယ် မြည်းစမ်းကြည့်လိုက်သောအခါ သူ၏မျက်လုံးများ အရောင်လင်းလက်သွားလေသည်။

"အရှင်မင်းကြီး... အဲဒီဘုန်းကြီးက တကယ် အကျိုးအကြောင်း မသင့်ဘူးပဲ... ကျွန်တော်တို့ သွားပြီး သူ့ကို သတ်လိုက်ရမလား..."

သားရဲခေါင်းနှင့် လူကိုယ်လုံးရှိသော မိစ္ဆာစစ်သူကြီးတစ်ဦးက ရှေ့သို့ထွက်လာကာ တက်ကြွစွာ တာဝန်ယူလိုကြောင်း ပြောဆိုလိုက်သည်။ ဂူထဲရှိ အခြားမိစ္ဆာများ အားလုံးကလည်း ဒေါသများဖြင့် ပြည့်နှက်နေကြလေသည်။

သို့သော် ဤစကားကို ကြားသောအခါ ဆရာလင်းရွှီက ခေါင်းခါလိုက်ပြီး ပြောလေသည်။

"မလုပ်နဲ့... ဆရာတော် ဝံပုလွေတောင်တန်းကနေ ဘေးကင်းကင်း ထွက်သွားနိုင်အောင် မင်းတို့သွားပြီး သူ့ကို လုံခြုံအောင် စောင့်ရှောက်ပေးလိုက်ကြ..."

ကျန်းလျိုမှာ အပြစ်ရှိသလို ခံစားခဲ့ရပြီး ဆရာလင်းရွှီကလည်း ကျန်းလျိုအပေါ် အထင်လွဲခဲ့မိကြောင်း နားလည်သွားကာ တောင်းပန်ချင်စိတ်များ ဖြစ်ပေါ်နေခဲ့သည်။ ထို့ကြောင့် ဤအပြစ်ရှိစိတ်ကို အနည်းငယ် သက်သာစေရန်အတွက် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျန်းလျို၏ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးကို သေချာစေရန်ပင် ဖြစ်လေသည်။

ဆရာတော်အနေဖြင့် မကောင်းဆိုးဝါးများ၏ အနှောင့်အယှက်များ ထပ်မံမကြုံတွေ့ရတော့ဘဲ ခရီးလမ်း ဘေးကင်းချောမွေ့ပါစေရန် သူ မျှော်လင့်မိသည်။ ဤသည်မှာ သူပေးနိုင်သော တစ်ခုတည်းသော အကူအညီပင် ဖြစ်လေတော့သည်…

"ဆရာတော်... ကျုပ် လောင်စွန်းရဲ့ စိတ်နေသဘောထားအရ ပြောရရင်… ဆေးလုံးနှစ်လုံး စားလိုက်မိပြီဆိုရင်လည်း စားလိုက်ပြီပေါ့... ဘာလို့ တစ်လုံး ပြန်ထားခဲ့ရတာလဲ... ဆရာတော်က ကျွန်တော် လောင်စွန်းရဲ့ ဆရာပဲလေ… သူ့ဆေးလုံး နှစ်လုံးကို စားလိုက်တာက သူ့ကို ဂုဏ်ပြုလိုက်တာပဲပေါ့..."

နဂါးမြင်းဖြူ၏ ကျောပေါ်တွင် မှီချလျက် တံတောင်ဆစ်များကို ထောက်ကာ မော့ကြည့်ရင်း ပါးစပ်ထဲတွင် သစ်ကိုင်းခြောက်လေး တစ်ခုကို ကိုက်ထားသော စွန်ဝူခုန်းက ပြောလိုက်၏။

နဂါးမြင်းဖြူမှာ လျှောက်လှမ်းသွားနေသော်လည်း ၎င်း၏ ကျောပြင်မှာ အလွန်ပင် ချောမွေ့ငြိမ်သက်နေပြီး လှုပ်ရှားမှုကိုပင် မသိသာလောက်အောင် ဖြစ်နေလေသည်။

"ဝူခုန်း... ဆရာလင်းရွှီလည်း လွယ်ကူတဲ့ အချိန်တွေကို ဖြတ်သန်းနေရတာ မဟုတ်ဘူးလေ... ငါတို့က ဘာလို့ အားနည်းသူတွေအပေါ် အခွင့်အရေး ယူရမှာလဲ..."

စွန်ဝူခုန်းအား ခေါင်းလှည့်ကြည့်ကာ ခေါင်းခါပြရင်း ကျန်းလျိုက ပြောလိုက်သည်။

အကယ်၍ ဤဆရာလင်းရွှီသာ မိမိ၏ အသက်ရှည်စေသော အသားကို တပ်မက်ပြီး မိမိအား ဒုက္ခပေးရန် ရည်ရွယ်ခဲ့မည်ဆိုလျှင် သူ့အား သတ်ဖြတ်ခြင်း အပေါ် မည်သည့် အပြစ်ရှိစိတ်မျှ ခံစားရမည် မဟုတ်ပေ။

သို့သော် သူသည် မိမိအား နွေးထွေးစွာ ဧည့်ခံခဲ့သည့်အပြင် သူ၏ ဝိညာဉ်ဆေးလုံး အစားခံလိုက်ရသဖြင့် မနှစ်မြို့မှုများ ရှင်းလင်းစွာ ဖြစ်ပေါ်နေသော်လည်း နှင်ထုတ်ရုံသာ နှင်ထုတ်ခဲ့ပြီး အန္တရာယ်ပြုလိုသည့် ရည်ရွယ်ချက် မရှိခဲ့ချေ။ ဤသို့သော အခြေအနေမျိုးအောက်တွင် တစ်စုံတစ်ဦးအား သတ်ဖြတ်ပစ်ရန် ကျန်းလျိုအနေဖြင့် လုံးဝ မလုပ်ရက်နိုင်ကြောင်း သူ့ကိုယ်သူ တွေ့ရှိလိုက်ရ၏။

စွန်ဝူခုန်း၏ အမြင်တွင် သာမန်သာ ဖြစ်သည့် ဆရာလင်းရွှီမျှကို ထည့်သွင်းစဉ်းစားရန် မတန်သော်လည်း ယခု ကျန်းလျိုက ပြောလာပြီ ဖြစ်ရာ သူက သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။

"အင်း... ဆရာတော် ပြောတာလည်း အကြောင်းပြချက် ခိုင်လုံပါတယ်... မိစ္ဆာမျိုးနွယ်ဝင် တစ်ယောက်အနေနဲ့ သူက အန္တရာယ်ပြုချင်တဲ့ စိတ်ဆန္ဒတွေကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး နတ်လမ်းစဉ်ကိုပဲ စိတ်နှစ်ပြီး ရှာဖွေနေတယ်ဆိုတော့… တကယ်ပဲ ဆရာလင်းရွှီက သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းနေရတာတော့ မဟုတ်ဘူးပဲ...သူ့ရဲ့ ကျင့်စဉ်အဆင့်အရဆို ခြေတစ်လှမ်း ထပ်လှမ်းနိုင်ရင် သာမန်ကိုယ်ခန္ဓာကနေ လုံးဝရုန်းထွက်နိုင်ပြီး လွတ်လပ်တဲ့ နတ်ခန္ဓာကိုယ်ကို ရရှိနိုင်ပြီလေ..."

စွန်ဝူခုန်းသည် ဗောဓိဘိုးဘိုးကြီး၏ သွန်သင်ပြသမှုကို ခံယူခဲ့ရသော်လည်း သူသည် မိစ္ဆာမျိုးနွယ်မှ မွေးဖွားလာသူ ဖြစ်သောကြောင့် မိစ္ဆာတစ်ကောင်၏ ကျင့်ကြံခြင်းဆိုင်ရာ အခက်အခဲများကို နက်နက်နဲနဲ နားလည်သဘောပေါက်ထားလေသည်။

သူသည် ဆရာလင်းရွှီ၏ ကျင့်စဉ်အဆင့်ကို အထင်မကြီးသော်လည်း မိစ္ဆာမျိုးနွယ်ဝင် တစ်ယောက်အနေဖြင့် မိမိဘာသာ လမ်းကြောင်းရှာဖွေ ကျင့်ကြံရင်း လက်ရှိအဆင့်သို့ ရောက်ရှိလာကာ မကြာမီ နတ်အဆင့် ခန္ဓာကိုယ်ကို ရရှိတော့မည့် အခြေအနေအတွက် ပါဝင်ခဲ့သော ကြိုးပမ်းအားထုတ်မှုများနှင့် အခက်အခဲများက သူ့အကြောင်း သူကိုယ်တိုင် သက်သေပြနေကြောင်းတော့ ဆိုရပေမည်။

ဆရာလင်းရွှီနှင့် ပတ်သက်၍ ကျန်းလျိုနှင့် စွန်ဝူခုန်းတို့သည် ခဏတာ မျှသာ စကားပြောဆိုခဲ့ကြပြီးနောက် စိတ်ထဲမှ ထုတ်ပယ်လိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် ကျန်းလျိုအတွက်တော့ ဆရာလင်းရွှီမှာ သူ၏ အနောက်ဘက် ကောင်းကင်ဘုံသို့ သွားရမည့်ခရီးတွင် ဇာတ်လမ်းတိုလေး တစ်ခုမျှသာ ဖြစ်သောကြောင့်တည်း။

သို့သော် ဝိညာဉ်ဆေးလုံး တစ်လုံးတည်းက သူ့အား အတွေ့အကြုံမှတ် ၅၀၀,၀၀၀ ကို ပေးစွမ်းနိုင်ခဲ့ခြင်းကြောင့် ကျန်းလျိုမှာ ဝမ်းသာပီတိ ဖြစ်ရသလို အနည်းငယ်လည်း အပြစ်ရှိသလို ခံစားနေရကြောင်းတော့ ပြောရမည် ဖြစ်သည်။

အနောက်ဘက်သို့ ခရီးဆက်လာကြရင်း သူတို့သည် ခြောက်သွေ့ပြီး လူသူကင်းမဲ့သော ဝံပုလွေတောင်တန်းကို မိုင်သုံးရာခန့် ဖြတ်သန်းသွားလာခဲ့ကြ၏။ လူတစ်ယောက်၊ မျောက်တစ်ကောင်နှင့် မြင်းတစ်ကောင်တို့သည် တစ်နေ့လုံး ချောချောမွေ့မွေ့ပင် လျှောက်လှမ်းလာခဲ့ကြသည်။

"ဝူခုန်း... တစ်ခုခု မှားယွင်းနေတယ်လို့ မင်း သတိမထားမိဘူးလား..."

ဝံပုလွေတောင်တန်း၏ မိစ္ဆာဂူမှ ထွက်ခွာလာခဲ့ပြီးနောက် တစ်နေ့လုံး ခရီးဆက်လာခဲ့ရာ မည်သည့် မိစ္ဆာသတ္တဝါမျှ မတွေ့ရသည့်အပြင် အဆိပ်ပြင်းသော အင်းဆက်များ၊ ရက်စက်ကြမ်းကြုတ်သော သားရဲများကိုပင် မတွေ့ရသောကြောင့် ကျန်းလျိုမှာ စိတ်မသက်မသာ ဖြစ်လာကာ သူ၏ဘေးရှိ စွန်ဝူခုန်းအား မေးလိုက်လေသည်။

"ဒီနေ့ အားလုံး ချောမွေ့နေတာကို ဆရာတော် ပြောချင်တာလား..."

မြင်းကျောပေါ်တွင် လှဲလျောင်းနေဆဲဖြစ်သော ဝူခုန်းက ကျန်းလျိုပြောသည်ကို နားလည်သွားကာ ပြန်ဖြေလိုက်၏။

"အဲဒီ မိစ္ဆာဂူကနေ ထွက်လာပြီးကတည်းက လမ်းတစ်လျှောက်လုံး မိစ္ဆာငယ်လေးတွေ လိုက်ပါလာကြတယ်... အစကတော့ ဆရာတော့်ကို အန္တရာယ်ပေးမယ်လို့ ကျွန်တော် လောင်စွန်း ထင်နေခဲ့တာ... ဒါပေမဲ့ ကျွန်တော် ထင်တာ မှားသွားပုံရတယ်… သူတို့က ကျွန်တော်တို့ လမ်းက ကြမ်းကြုတ်တဲ့ သားရဲတွေကို တိတ်တဆိတ် ရှင်းလင်းပေးနေကြတာပဲ..."

စွန်ဝူခုန်း၏ အဖြေကြောင့် ကျန်းလျို၏ မျက်နှာအမူအရာမှာ မှုန်ကုပ်သွားလေသည်။

ဤအရာများအားလုံးသည် ဆရာလင်းရွှီ၏ စီစဉ်မှုဖြစ်နိုင်ကြောင်း သူ နားလည်လိုက်၏။ ဆရာလင်းရွှီသည် အနောက်ဘက်သို့သွားမည့် သူတို့၏ ခရီးလမ်းမှ အတားအဆီးများကို ရှင်းလင်းပေးခြင်းဖြင့် ကျေးဇူးပြုနေသည်ဟု ယုံကြည်ထားသော်လည်း ထိုစေတနာများက ဒုက္ခပေးနေကြောင်းကိုမူ သတိမပြုမိခဲ့ချေ။

အခြားသူများအတွက်တော့ အနောက်ဘက်သို့ သွားရာခရီးမှ ဤစမ်းသပ်မှုများသည် ဘေးအန္တရာယ်များဟု သတ်မှတ်နိုင်သော်လည်း ကျန်းလျိုအတွက်မူ ထိုအရာအားလုံးက အခွင့်အရေးများသာ ဖြစ်လေသည်...

သို့သော် ကိစ္စရပ်များက ဤအထိ ရောက်လာခဲ့ပြီဖြစ်ရာ မည်သို့မျှ ဆက်လက်မလုပ်ဆောင်နိုင်တော့ဘဲ စေတနာကောင်းဖြင့် လုပ်ဆောင်ပေးနေသော မိစ္ဆာသတ္တဝါများအားလုံးကို မောင်းထုတ်ရန်မှာလည်း လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် သူတို့သည် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်ကြပြီးနောက် ရက်အနည်းငယ်အကြာတွင် ဝံပုလွေတောင်တန်း၏ နယ်မြေထဲမှ အပြီးတိုင် ထွက်ခွာလာနိုင်ခဲ့လေသည်။

ဝံပုလွေတောင်တန်းမှ ထွက်ခွာလာပြီး လဝက်ခန့် ရှေ့သို့ ခရီးဆက်လာခဲ့ပြီးနောက် အဝေးမှ ဘုံကျောင်းတော် တစ်ခုကို ကျန်းလျို သတိပြုမိလိုက်၏။

ကျောင်းတော်ကို ကြည့်လိုက်ရာ နံ့သာတိုင်များ ပူဇော်ရန်နှင့် ဗုဒ္ဓအား ရှိခိုးပူဇော်ရန် လာရောက်ကြသော ဘာသာဝင်များနှင့် စည်ကားသိုက်မြိုက်နေပြီး လူအုပ်ကြီးမှာ အဆက်မပြတ် ဝင်ထွက်သွားလာနေကြောင်း သိသာထင်ရှားနေလေသည်။

ရွှေရောင်ဝင်းလက်နေသော ဘုံကျောင်းတော်ကြီး တစ်ခုလုံးကို ကြည့်လိုက်ရာ သန့်စင်မွန်မြတ်သည့် ခမ်းနားထည်ဝါမှု အငွေ့အသက်များ ဖြာထွက်နေလေသည်။ မဟာဗုဒ္ဓကျောင်းတော်လောက် မကြီးမားသော်လည်း ပို၍ပင် ခမ်းနားနေပုံရ၏။

"ဝူခုန်း... ရှေ့က ကျောင်းတော်ကို ကြည့်စမ်း… တော်တော်လေး စည်ကားနေတယ်... သေချာပေါက် ကျောင်းထိုင်ဆရာတော်တွေ ရှိရမယ် ဟုတ်တယ်မလား..."

အဝေးမှ ဘုံကျောင်းတော်ကို ကြည့်ပြီးနောက် ကျန်းလျိုက မှတ်ချက်ပြု ပြောဆိုလိုက်သည်။

ကျင်းဆန်းကျောင်းတော်မှ လာခဲ့သူဖြစ်ရာ ကျောင်းတော်သို့ လာရောက်သူ အရေအတွက်မှာ ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓနှင့် ရေစက်ရှိမှု အပေါ် လုံးဝမူတည်နေကြောင်းကို ကျန်းလျိုက နားလည်ထားလေသည်။

ထိုနည်းတူစွာပင် ကျင်းဆန်းကျောင်းတော်တွင် လာရောက်ဖူးမြော်သည့် ဘာသာဝင်များ သိပ်မရှိသောကြောင့် ဦးခေါင်းထက်တွင် နံ့သာတိုင် အမှတ် တစ်ခုနှစ်ခုမျှသာ ရှိကြလေသည်။

"အင်း... အဲဒါ ကွမ်ယင် ဘုံကျောင်းတော်ပဲ... ကျောင်းတော်ထဲမှာ ဘုန်းကြီးအို တစ်ပါးနေတယ်... ဟာ... သူ့ခေါင်းပေါ်မှာ နံသာတိုင် အမာရွတ် ရှစ်ခုတောင် ရှိတယ်..."

နဂါးမြင်းဖြူ၏ ကျောပေါ်တွင် မတ်တတ်ရပ်ကာ လက်ကို မျက်လုံးအရှေ့တွင် ကာထားပြီး အဝေးသို့ လှမ်းကြည့်နေသည့် ဟန်ပန်ဖြင့် စွန်ဝူခုန်းက ပြောလိုက်၏။

"ဟင်... ငါတို့ ကွမ်ယင် ဘုံကျောင်းတော်ကို ရောက်နေပြီလား..."

စွန်ဝူခုန်း၏ အဖြေကို ကြားသောအခါ ကျန်းလျို၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားလေသည်။

မူရင်းဇာတ်လမ်းထဲတွင်ဆိုလျှင် ကျောင်းထိုင်အိုကြီးက သူ့ထံမှ ပိုးဖဲသင်္ကန်းကို ခိုးသွားခဲ့သည် မဟုတ်ပါလော။

“ အင်း... ငါ့အတွက်တော့ ဒါဟာ နောက်ထပ် အခွင့်အရေးတစ်ခုပဲ… ငါ မှတ်မိတာ မမှားဘူးဆိုရင်…ကွမ်ယင် ဘုံကျောင်းတော်က ဘုန်းကြီးအိုကြီးက အသက် ၂၀၀ တိတိ နေထိုင်ခဲ့ရတယ်… သူ့ကို ကောက်ကျစ်စဉ်းလဲတဲ့ လူတစ်ယောက် အဖြစ် သတ်မှတ်လို့ ရတယ်… အနီးအနားမှာ ဝက်ဝံနက် မိစ္ဆာတစ်ကောင် ရှိနေတယ်… ကွမ်ယင်က နောက်ဆုံးမှာ သူ့ကို ချုပ်နှောင်ခြင်း ကွင်းစွပ်တစ်ခုနဲ့ အနိုင်ယူပြီး တောင်စောင့်နတ်မင်းအဖြစ် ခန့်အပ်ခဲ့တာကိုလည်း ငါ မှတ်မိသေးတယ်”

"ဟင်... ခဏလေးနေပါဦး..."

ကွမ်ယင် ဘုံကျောင်းတော် အနီးရှိ ဝက်ဝံနက် မိစ္ဆာအကြောင်း တွေးမိသောအခါ ကျန်းလျိုမှာ ရုတ်တရက် အသိဝင်သွားလေသည်။

မူရင်းဇာတ်လမ်းထဲတွင် ဝက်ဝံနက် မိစ္ဆာသည် ပိုးဖဲသင်္ကန်းကို ခိုးယူပြီးနောက် သူ၏ ရတနာကို ကြည့်ရှုအံ့သြစေရန် သူငယ်ချင်းအချို့ကို ဖိတ်ကြားကာ ကြီးကျယ်ခမ်းနားသော ဗုဒ္ဓသင်္ကန်းတော်ပွဲကို ကျင်းပခဲ့ကြောင်း သူ မှတ်မိနေ၏။

ဖိတ်ကြားခံရသူများထဲတွင် မိစ္ဆာမျိုးနွယ်မှ အခြားသူငယ်ချင်းနှစ်ဦးဖြစ်သည့် မီးခိုးရောင် ဝံပုလွေမိစ္ဆာနှင့် ပန်းပွင့်မြွေမိစ္ဆာတို့လည်း ပါဝင်လေသည်။

၎င်းတို့အနက် မီးခိုးရောင် ဝံပုလွေမိစ္ဆာမှာ စွန်ဝူခုန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးနောက် ကွမ်ယင်က မီးခိုးရောင် ဝံပုလွေမိစ္ဆာအဖြစ် အသွင်ယူကာ ဝက်ဝံနက် မိစ္ဆာကို နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။

‘နေပါဦး... မူရင်း ဇာတ်လမ်းထဲက မီးခိုးရောင် ဝံပုလွေမိစ္ဆာရဲ့ နာမည်က ဘာပါလိမ့်…’

‘ဆရာလင်းရွှီ… ဟုတ်တယ်မလား…’

နာမည်များ တိုက်ဆိုင်သွားခြင်းမျှသာဆိုလျှင် တစ်မျိုးဖြစ်မည်သော်လည်း ဝံပုလွေတောင်တန်းမှ ဆရာလင်းရွှီသည်လည်း ဝံပုလွေမိစ္ဆာတစ်ကောင်ပင် ဖြစ်နေ၏။

မူရင်းဇာတ်လမ်းတွင် သတ်ဖြတ်ခံခဲ့ရသော ဆရာလင်းရွှီသည် မူလက ဗုဒ္ဓသင်္ကန်းတော်ပွဲသို့ တက်ရောက်ရန် ဝိညာဉ်ဆေးလုံး နှစ်လုံးကို ယူဆောင်လာခဲ့သည်။ ဝံပုလွေတောင်တန်းမှ ဆရာလင်းရွှီကလည်း ဆေးဖော်စပ်ခြင်းတွင် စိတ်နှစ်မြှုပ်ထားခဲ့သည် မဟုတ်ပါလော…။

ဝူမြို့သို့ လမ်းလွဲသွားခဲ့ရသောကြောင့် အနောက်ဘက်သို့ သွားရမည့်ခရီးစဉ်မှာ မူရင်းနှင့် အနည်းငယ် ကွဲလွဲနေပုံရလေသည်။

ထို့ကြောင့် ကွမ်ယင် ဘုံကျောင်းတော်သို့ မရောက်မီ ဆရာလင်းရွှီ၏ နယ်မြေကို အရင် ဖြတ်သန်းခဲ့ရခြင်း ဖြစ်ပေမည်။

***

All Chapters