အခန်း (၅၆၂-၅၆၄)
Vol. 38 Ch. 562-564
အခန်း (၅၆၂) - အပြန်ခရီးနှင့် မှောင်ခိုဈေး (၃)
'အင်း.. အရင်ကလောက်တော့ ဝင်ငွေ မကောင်းနိုင်တော့ဘူး..'
စုယွီသည် ခြောက်မြီး မြေခွေး မူလဝိညာဉ် အရှင်သခင်ကြီး၊ ကျန်းမန်သဲ့နှင့် ကျန်းမန်ယောင်းတို့နှင့် ခေတ္တ တွေ့ဆုံစကားပြောပြီးနောက် လွန်ခဲ့သောနှစ်များ အတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့် အာရုံလှည့်စားမှု ရွံ့ညွန်တော၏ အခြေအနေများကို မေးမြန်းစုံစမ်းခဲ့သည်။ ထို့နောက် စုယွီ၊ လော့ချန်ယွီနှင့် ချင်းချွမ် တို့ သုံးဦးစလုံးသည် အားလုံးကို နှုတ်ဆက်ကာ သူတို့၏ အင်မော်တယ်ဂိုဏ်းဆီသို့ အသီးသီး ပြန်လာခဲ့ကြတော့၏။
အင်မော်တယ်ဂိုဏ်း၏ အုပ်ချုပ်ရေးခန်းမသို့ ပြန်လည် ရောက်ရှိလာသောအခါ ချင်းချွမ် သည် နယ်မြေတစ်ခုကို ကာကွယ် စောင့်ရှောက်ရမည့် တာဝန် တစ်ခုကို လက်ခံရယူခဲ့ပြီး လော့ချန်ယွီကမူ သာမန် နေ့စဉ်တာဝန် တစ်ခုကိုသာ လက်ခံကာ တစ္ဆေ ဓားတောင်ထွတ်ဆီသို့ ပြန်သွားခဲ့သည်။
စုယွီသည် ပုံမှန် ဆေးဖော်စပ်ခြင်း တာဝန်တစ်ခုကို လက်ခံရယူလိုက်ပြီးနောက် ဆေးလုံး စံအိမ်ဆီသို့ လျှောက်သွားရင်း စဉ်းစားတွေးတောနေမိသည်။
'နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခု တည်ဆောက်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ငါ ဘယ်လို စုဆောင်းရမလဲ..'
အကယ်၍ သူသာ လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်ဂူစံအိမ် အပျက်အစီးများ အတွင်း၌ နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခုကို တည်ဆောက်နိုင်မည် ဆိုပါက.. သူသည် တာ့ယွဲ့နယ်နိမိတ်နှင့် အင်မော်တယ်ဂိုဏ်းတို့ အကြားတွင် လွတ်လပ်စွာ အလွယ်တကူ သွားလာနိုင်ပြီ ဖြစ်သည်။ အကယ်၍ သူက ဤနေရာရွှေ့ပြောင်း အခင်းအကျင်း ရှိနေကြောင်းကို အခြားသူများအား အသိမပေးခဲ့လျှင်.. လုံခြုံရေး အန္တရာယ်များလည်း လုံးဝ ရှိလာမည် မဟုတ်ချေ။
ထို့အပြင် ဤနေရာရွှေ့ပြောင်း အခင်းအကျင်းကို အသုံးပြုကာ တာ့ယွဲ့နယ်နိမိတ်တွင် အကျပ်အတည်း တစ်ခုခု ဖြစ်လာခဲ့လျှင်သော်လည်းကောင်း.. မြေကမ္ဘာအင်မော်တယ်စံအိမ်တွင် မျှော်လင့်မထားသော ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာခဲ့လျှင်သော်လည်းကောင်း.. မိမိကိုယ်ကို ကယ်တင်ရန်အတွက် အသုံးပြုနိုင်ပေသေးသည်။
'ထွက်ပြေး လွတ်မြောက်ဖို့ လမ်းကြောင်းတစ်ခု အပိုရသွားတာပေါ့လေ..'
မည်သို့ပင် စဉ်းစားတွေးတောကြည့်စေကာမူ ဤနေရာရွှေ့ပြောင်း အခင်းအကျင်းကို တည်ဆောက်ရန်က အလွန်တရာ လိုအပ်လှသည်။
သို့သော်လည်း..
'ဒါက နေရာရွှေ့ပြောင်း အခင်းအကျင်းကြီးလေ..'
အနည်းဆုံး ပဉ္စမအဆင့် အခင်းအကျင်း သခင်တစ်ဦးကမှ ၎င်းကို တည်ဆောက်နိုင်စွမ်း ရှိသည်။ ဟွမ်လင်းကျွန်းနှင့် ကုန်းယွဲ့ စီးပွားရေး မဟာမိတ်အဖွဲ့တို့မှ ရရှိခဲ့သော အရင်းအမြစ်များကို ထည့်သွင်း တွက်ချက်ကြည့်မည် ဆိုလျှင်ပင် သူ၏ လက်ဝယ်၌ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသိန်းခန့်သာ ရှိနေသေး၏။
ထိုပမာဏမှာ သူ၏ ဆရာဖြစ်သူ၏ ပိုင်ဆိုင်မှုထက် ပိုများကောင်း များပြားနိုင်သော်ငြား.. နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခုကို တည်ဆောက်ရန်အတွက်မူကား အနည်းဆုံး ဆယ်ဆခန့် လိုအပ်နေသေးသည်။
ထို့အပြင် သူက နေရာရွှေ့ပြောင်း အခင်းအကျင်းအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို တိတ်တဆိတ် စုဆောင်းလိုပါက.. မြေကမ္ဘာအင်မော်တယ်စံအိမ်တွင် ဆက်လက် နေထိုင်နေ၍ မဖြစ်နိုင်ကြောင်း အလွန်တရာ ရှင်းလင်းလှသည်။
'ဒါဆိုရင်.. မှောင်ခိုစျေးကို သွားဖို့အတွက် ငါ့မှာ နောက်ထပ် ကိုယ်ပွားတစ်ခု လိုအပ်တယ်ပေါ့လေ..'
တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတွင် မှောင်ခိုစျေးများ ရှိပြီး.. ကြီးမားသော မှောင်ခိုစျေး ကုန်သွယ်မှု စျေးကွက်များထဲမှ တစ်ခုမှာ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ အောက်ခြေတွင် တည်ရှိနေသည်။ သို့သော်လည်း ယခင်က စုယွီသည် မှောင်ခိုစျေးကို စိတ်ဝင်စားခြင်း မရှိခဲ့သဖြင့် ထိုနေရာသို့ တစ်ခါမျှ သွားရောက်ခဲ့ခြင်း မရှိခဲ့ချေ။
အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် အောက်ခြေရှိ မှောင်ခိုစျေးသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးတွင် ထိပ်တန်းဆယ်ခု၊ သို့မဟုတ် ထိပ်တန်းငါးခု အတွင်းတွင် ပါဝင်သည်။ ထိုနေရာတွင် ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ် အချို့ကို စုဆောင်းရသည်မှာ များစွာ ပို၍ လွယ်ကူလှသည်။
အထူးသဖြင့် ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များကို ဖော်စပ် ဖန်တီးရာတွင် သူ၏ အံ့မခန်းဖွယ် အောင်မြင်မှုနှုန်းများနှင့် ဆိုလျှင် ပို၍ပင် လွယ်ကူဦးမည် ဖြစ်၏။ ဆေးလုံး စံအိမ်တွင် နေ့စဉ်တာဝန်များကို ပြီးစီးအောင် သုံးလခန့် အချိန်ယူ လုပ်ဆောင်ပြီးနောက်.. စုယွီသည် ဆက်လက် နေထိုင်ရန် အကြီးအကဲ၏ ဖိတ်ကြားချက်ကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ပြီး တာ့ယွဲ့ တောင်ထွတ်ဆီသို့ ပြန်လည် ထွက်ခွာလာခဲ့သည်။
လဝက်ခန့် ကုန်လွန်သွားပြီးနောက်.. စုယွီသည် တာ့ယွဲ့ တောင်ထွတ်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်ဆီသို့ ဦးတည်သွားတော့၏။
….
အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ အလယ်ဗဟို ဒေသတွင် ကောင်းကင်သိုင်းကျမ်းမျှော်စင် တည်ရှိသည်။ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်ရှိ ကောင်းကင်သိုင်းကျမ်းမျှော်စင်၏ အတွင်းပိုင်း အပြင်အဆင်မှာ တာ့ယွဲ့နယ်နိမိတ်ရှိ ကောင်းကင်သိုင်းကျမ်းမျှော်စင်နှင့် အလွန် ကွာခြားမှု မရှိလှချေ။ အရွယ်အစားနှင့် အတိုင်းအတာ ပိုမို ကြီးမားကျယ်ပြန့်ခြင်းသာ ကွာခြား၏။
အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်မှ ကောင်းကင်သိုင်းကျမ်းမျှော်စင်၏ ဆိုင်ရှင်သည်.. သူ၏ ရှေ့မှောက်ရှိ လူငယ်လေးကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။
“ဒီတံဆိပ်ပြားကို အန်းယွဲ့က မင်းကို ပေးလိုက်တာလား..”
ဆိုင်ရှင်က စုယွီကို အံ့အားသင့်စွာ စိုက်ကြည့်နေ၏။ အန်းယွဲ့သည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ နယ်စပ်ဒေသတွင် တည်ရှိနေပြီး.. သူ့ကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။
စုယွီက ရှင်းပြလိုက်ပြီးနောက်တွင် ထိုတံဆိပ်ပြား၏ ဇာစ်မြစ်ကို ဆိုင်ရှင် သိရှိသွားတော့သည်။
စုယွီ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွား၏။
'တာ့ယွဲ့နယ်နိမိတ်က ကောင်းကင်သိုင်းကျမ်းမျှော်စင်ရဲ့ အကြီးအကဲက အန်းယွဲ့ များလား..'
အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်ရှိ ကောင်းကင်သိုင်းကျမ်းမျှော်စင်၏ ဆိုင်ရှင်သည်.. တာ့ယွဲ့နယ်နိမိတ်မှ အကြီးအကဲထက် ပိုမို အစွမ်းထက်ပုံ ပေါ်သည်။ သူသည် မူလဝိညာဉ် နှောင်းပိုင်းအဆင့်တွင် သေချာပေါက် ရှိနေပြီး.. ဟွမ်ကျူး၏ မူလဝိညာဉ် အထွတ်အထိပ်အဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် ဤဆိုင်ရှင်၏ ရှေ့မှောက်တွင် စုယွီသည် ပိုမို၍ပင် ရိုသေကျိုးနွံစွာ နေထိုင်လိုက်သည်။
ဆိုင်ရှင်က ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်၏။
“အန်းယွဲ့က မင်းကို သဘောကျနေမှတော့.. ဒီအဘိုးကြီးက မင်းကို အကုန်လုံး ပြောပြရမှာပေါ့..”
“မင်းက မှောင်ခိုစျေး အကြောင်းကို သိချင်နေတာလား..”
တစ်မနက်ခင်းခန့် အချိန်ကုန်လွန်သွားခဲ့လေပြီ။
များပြားလှသော ဗဟုသုတများနှင့်အတူ ပြန်လည် ထွက်ခွာလာခဲ့ပြီးနောက်.. စုယွီသည် ကောင်းကင်သိုင်းကျမ်းမျှော်စင်ကို မြေကမ္ဘာအင်မော်တယ်စံအိမ် အပြင်ဘက်တွင် သူ ယုံကြည် စိတ်ချရသော အင်အားစု နှစ်ခုထဲမှ တစ်ခုအဖြစ် သတ်မှတ်လိုက်တော့သည်။ မှောင်ခိုစျေး၏ စည်းမျဉ်းများနှင့် အခြေအနေများကို ကောင်းကင်သိုင်းကျမ်းမျှော်စင်ထံမှ လေ့လာ နားလည်ထားခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
သူ၏ ရုပ်သွင်ကို သာမန် လူငယ်လေး တစ်ဦးအသွင် ပြောင်းလဲလိုက်ပြီး သူ၏ စွမ်းအင်များကို ဖုံးကွယ်ရန် အင်မော်တယ် သတ္တုအပိုင်းအစကို အသုံးပြုလိုက်၏။ ထို့နောက် စုယွီသည် ‘ချီယင်း ’ ဟူသော အမည်ဝှက်ဖြင့် ကောင်းကင်သိုင်းကျမ်းမျှော်စင်ဆီသို့ ချဉ်းကပ်သွားသည်။
ထိုအချိန်၌ စုယွီသည် ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း တိတ်ဆိတ်စွာ တွေးတောနေမိသည်။
ကောင်းကင်သိုင်းကျမ်းမျှော်စင်မှ အကြီးအကဲ၏ အဆိုအရ.. အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် အောက်ခြေရှိ မှောင်ခိုစျေးသည် စည်းမျဉ်းစည်းကမ်း လုံးဝ မရှိသော နေရာတစ်ခုတော့ မဟုတ်ချေ။ အနည်းဆုံးတော့ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ ကာကွယ် စောင့်ရှောက်မှု အောက်တွင် မည်သူမျှ မှောင်ခိုစျေး အတွင်း၌ တိုက်ခိုက်ခြင်း မပြုလုပ်ရပေ။
ထိုစည်းကမ်းချက်သည် ဝိညာဉ်ခွဲထွက်ခြင်း အဆင့်သို့ ရောက်ရှိနေသူများ အတွက်ပင် အကျုံးဝင်သည်။ သို့သော်လည်း မှောင်ခိုစျေးမှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်က တာဝန်ယူတော့မည် မဟုတ်ချေ။ ထို့ကြောင့် အပြင်ဘက်တွင် အန္တရာယ်များ ရှိနေဆဲပင် ဖြစ်၏။ သို့သော် ထိုအချက်သည် သာမန်လူများ အတွက်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက ဟင်းလင်းပြင် စွမ်းအင်ကို နားလည် သဘောပေါက်ထားပြီ မဟုတ်လော။ မှောင်ခိုစျေးမှ ထွက်ခွာသည်နှင့် တစ်ပြိုင်နက် သူသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်ဆီသို့ တိုက်ရိုက် ရွှေ့ပြောင်းသွားနိုင်သည်။
“ဒါဆိုရင် ငါ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်မှာ ဂူစံအိမ် တစ်ခု ဝယ်ဖို့နဲ့ မှောင်ခိုစျေးမှာ ဆိုင်ခန်း တစ်ခန်း ဝယ်ဖို့ လိုအပ်တယ်ပေါ့..”
'ဒါဆို ဆိုင်ခန်းမှာ ဘာတွေ ရောင်းရမလဲ..'
“ဆေးလုံးတွေ.. အဆောင်လက်ဖွဲ့ စက္ကူတွေ.. အပြိုင်အဆိုင်ကတော့ နည်းနည်း ပြင်းထန်လိမ့်မယ်.. ဒါပေမဲ့ ဒီနှစ်ခုကလွဲပြီး တခြား အခင်းအကျင်းတွေနဲ့ ရုပ်သေးတွေက သိပ်ပြီး အဆင်မပြေလောက်ဘူး..”
စုယွီက ခဏမျှ စဉ်းစားပြီးနောက် ဆေးဖော်စပ်ခြင်း လမ်းကြောင်းကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်၏။
ဆေးလုံး တစ်မျိုးတည်းနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။ အခြားသော အဆောင်လက်ဖွဲ့ စက္ကူများနှင့် အလားတူ ပစ္စည်းများကို ရောင်းချနေရန် မလိုအပ်တော့ချေ။ ထိုသို့ ပြုလုပ်ခြင်းက အခြားသူများ၏ အာရုံစိုက်မှုကို အလွန်အမင်း ဆွဲဆောင်သလို ဖြစ်သွားနိုင်သည်။ အနာဂတ်တွင် သူသည် တတိယအဆင့် ဆေးလုံးများကိုသာ အဓိကထား၍ အထူးပြု ဖော်စပ်သွားမည် ဖြစ်၏။
တစ်နှစ်အတွင်းမှာ အမြတ်ငွေ ဘယ်လောက်ရနိုင်မလဲ ဆိုတာကိုတော့ သူ မသိနိုင်သေးချေ။ ဤအနှောင့်အယှက်ဖြစ်စေသော အတွေးများကို ဘေးဖယ်ထားလိုက်ပြီး.. စုယွီသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်တွင် ဂူစံအိမ်ငယ် တစ်ခုကို ဦးစွာ သွားရောက် ဝယ်ယူလိုက်သည်။ ၎င်းမှာ တတိယအဆင့် ဝိညာဉ်သွေးကြော ဝိညာဉ် ပတ်ဝန်းကျင် ရှိသော ခြံဝင်းငယ်လေး တစ်ခု၏ အရွယ်အစားခန့် ရှိ၏။ တောင်းဆိုထားသော ဈေးနှုန်းမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်ထောင်အထိပင် မြင့်မားလှသည်။
ထို့နောက် စုယွီသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ အနောက်တောင်ဘက် ထောင့်ရှိ မှောင်ခိုစျေး ဝင်ပေါက် တစ်ခုဆီသို့ သွားရောက်ခဲ့ပြီး မြေအောက် မှောင်ခိုစျေး အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ မှောင်ခိုစျေး၏ အုပ်ချုပ်ရေးမှူးကို အရင်ဦးဆုံး သွားရောက် ရှာဖွေခဲ့ပြီး.. ထိုနေရာရှိ ဆိုင်ခန်း တစ်ခန်း၏ ပိုင်ဆိုင်ခွင့်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ကိုးသောင်း ဈေးဖြင့် ဝယ်ယူလိုက်တော့၏။
ဆိုင်ခန်း ဝယ်ယူပြီးနောက် စုယွီသည် မှောင်ခိုစျေး အတွင်း၌ လှည့်လည် ကြည့်ရှုနေသည်။ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ အပေါ်ယံ မြင်ကွင်းနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုလျှင်.. မြေအောက် မှောင်ခိုစျေးသည် အလွန်အမင်း ရှုပ်ထွေးလှပြီး ဝင်ပေါက် ထွက်ပေါက် အများအပြားဖြင့် ပြည့်နှက်နေသည်။ ထိုနေရာတွင် မိစ္ဆာမျိုးနွယ်စုဝင်များ၊ မိစ္ဆာတာအို ကျင့်ကြံသူများ၊ အင်မော်တယ် ဂိုဏ်းမှ တပည့်များနှင့် အနှောင်အဖွဲ့ကင်း ကျင့်ကြံသူများ စသဖြင့်.. မျိုးစုံသော အဆင့်အတန်း ကိုယ်စီ ရှိကြသူများကို တွေ့မြင်နေရပါ၏။
အခန်း (၅၆၃) - ယွင်ရှောင် ဆေးလုံး စံအိမ်၊ အမျိုးသမီး ကျင့်ကြံသူ ကျွန် (၁)
'အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်..'
စုယွီက တိတ်တဆိတ် တွေးတောနေမိသည်။ ဤအင်မော်တယ် မြို့တော်သည် အလွန်တရာ ကြီးမားကျယ်ပြန့်လှပြီး.. တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ ဧရာမ မြို့တော်ကြီးများထဲမှ တစ်ခု ဖြစ်သည်။ ထို့အပြင် ကြားနေ အင်အားစု တစ်ခုဖြစ်သော အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်သည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေပြီး ၎င်း၏ နောက်ကွယ်ရှိ အင်အားစုများနှင့် ပတ်သက်၍လည်း ခန့်မှန်းချက် အမျိုးမျိုး ရှိနေကြ၏။
အချို့က အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ နောက်ကွယ်မှ အင်အားစုသည် မူလဝိညာဉ် အဆင့်မှ အရှင်သခင်များကို ကျော်လွန်သွားသော ဖြစ်တည်မှု ဆယ်ပါး ဖြစ်ရမည်ဟု ဆိုကြ၏။ သို့မဟုတ်ပါက ၎င်းကို ဘုရင်သုံးပါး၊ သို့မဟုတ် ဘုရင်ငါးပါးဟု မခေါ်ဘဲ အရှင်သခင် ဆယ်ပါးဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။
အချို့ကလည်း အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်ကို ထိပ်တန်း အင်မော်တယ်ဂိုဏ်း ဆယ်ခုက ထောက်ပံ့ပေးထားပြီး သူတို့၏ ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု အဖြစ် လုပ်ဆောင်နေသည်ဟု ဆိုကြသည်။ ထိပ်တန်း အင်မော်တယ်ဂိုဏ်း ဆယ်ခုပင်လျှင် မစော်ကားရဲသော အင်အားစု တစ်ခုက အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ နောက်ကွယ်တွင် ရှိနေသည်ဟူသော ကောလာဟလများပင် ရှိနေသေး၏။
ဤကိစ္စများနှင့် ပတ်သက်၍မူ စုယွီ၏ နားလည်မှုမှာလည်း အကန့်အသတ် ရှိနေသည်။ သို့သော်လည်း.. သူ၏ ဆရာဖြစ်သူ ထျန်းယွီ ထံမှ အချက်အလက် အချို့ကိုတော့ သူ ရရှိထားခဲ့၏။ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ နောက်ကွယ်တွင် ကြီးမားကျယ်ပြန့်သော လွှမ်းမိုးမှုများရှိသည့် ထိတ်လန့်ဖွယ်ရာ ဖြစ်တည်မှုများ အမှန်တကယ် ရှိနေ၏။ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်ကဲ့သို့သော အင်အားစုများကို မလိုအပ်ဘဲ မရန်စမိစေရန်က အကောင်းဆုံးပင် ဖြစ်သည်။ ၎င်းမှာ ထျန်းယွီ က စုယွီကို အကြံပေးခဲ့သည့် အချက်ပင် ဖြစ်သည်။
'ဝိညာဉ်ခွဲထွက်ခြင်း အဆင့်က ဖြစ်တည်မှုလား.. ဒါမှမဟုတ် ထိပ်တန်း အင်မော်တယ်ဂိုဏ်း ဆယ်ခုတောင် ရန်မစရဲတဲ့ အရာတစ်ခုလား..'
စုယွီက စူးစမ်းလိုစိတ်ဖြင့် တွေးတောနေမိသည်။
အရှင်သခင် ဆယ်ပါးကဲ့သို့သော ဧရာမ အင်မော်တယ် မြို့တော်ကြီး တစ်ခုတွင် သူတို့သည် တစ်နှစ်အတွင်း ဝိညာဉ်ကျောက်တုံး ဘယ်လောက်အထိ ရရှိနိုင်မည်နည်း.. သို့တည်းမဟုတ် တစ်ရက်အတွင်းမှာရော ဘယ်လောက် ရရှိနိုင်မည်နည်း။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းလား။
ဒါမှမဟုတ် တစ်သိန်းလား။
ဒါမှမဟုတ် တစ်သိန်းထက်တောင် ပိုများမလား။
တစ်ရက်လျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ရရှိမည် ဆိုပါက.. တစ်နှစ်လျှင် သုံးသန်းကျော် ရှိလာမည် ဖြစ်သည်။ ၎င်းမှာ သေးငယ်သော ပမာဏ မဟုတ်ချေ။
အကယ်၍ တစ်သိန်းသာ ဖြစ်ခဲ့မည် ဆိုလျှင် နှစ်စဉ် ဝင်ငွေမှာ ထိတ်လန့်ဖွယ်ရာ ပမာဏဖြစ်သည့်.. အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ကျော် ရှိပေလိမ့်မည်။ ထိုမျှ များပြားသော ဝိညာဉ်ကျောက်တုံး ဝင်ငွေကို တွေးကြည့်ရုံမျှဖြင့် မည်သူ့ကိုမဆို မနာလိူ ဖြစ်သွားစေနိုင်သည်။ သို့သော်လည်း သေချာစွာ စဉ်းစားကြည့်ပြီးနောက်.. တစ်သိန်းကျော် ရရှိနိုင်ခြေ ပိုများကြောင်းကို စုယွီ ယုံကြည်လိုက်သည်။ မည်သို့ပင်ဆိုစေ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်ကဲ့သို့သော ဧရာမ မြို့တော်ကြီးကို ထိန်းသိမ်းရန် ကုန်ကျစရိတ်များမှာ သေချာပေါက် နည်းပါးမည် မဟုတ်ချေ။
မြို့တော်၏ နောက်ကွယ်မှ လူပုဂ္ဂိုလ်၊ သို့မဟုတ် အင်အားစုက သူတို့၏ ဝေစုကို ယူပြီးနောက်တွင်.. များများစားစား ကျန်ရှိတော့မည် မဟုတ်ပေ။
အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်ရှိ မှောင်ခိုစျေးသည် သီးခြား လျှို့ဝှက်နယ်မြေ တစ်ခုနှင့် တူညီကာ အလွန်တရာ ကြီးမားကျယ်ပြန့်လှ၏။ ၎င်းကို အရှေ့၊ တောင်၊ အနောက်နှင့် မြောက် ဟူ၍ စျေးကွက် လေးခု ခွဲခြားထားသည်။ အရှေ့ဘက်နှင့် တောင်ဘက် စျေးကွက်များကို ဂုဏ်သိက္ခာ အကြီးမားဆုံး အဖြစ် သတ်မှတ်ကြပြီး.. အဆင့်မြင့်၊ အရည်အသွေးမြင့်နှင့် တန်ဖိုးကြီးမားသော ပစ္စည်းများကို ကုန်သွယ်ကြ၏။ အရှေ့ဘက် စျေးကွက်ရှိ ဆိုင်များသည် အဓိကအားဖြင့် ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များ၊ မှော်လက်နက်များ၊ အခင်းအကျင်းများနှင့် အခြားသော အရင်းအမြစ်များကို ရောင်းချကြပြီး.. တောင်ဘက် စျေးကွက်မှာမူ ရောနှောနေသော စျေးကွက် တစ်ခုဖြစ်ကာ မျိုးစုံသော ပစ္စည်းများကို ရောင်းချကြသည်။
အနောက်ဘက်နှင့် မြောက်ဘက် စျေးကွက်များသည် သာမန် အရင်းအမြစ်များကိုသာ ရောင်းချကြပြီး.. အခြေခံတည်ဆောက်ခြင်းနှင့် ချီသန့်စင်ခြင်း အဆင့်များ အတွက် ပိုမို သင့်လျော်သည်။
စုယွီ ဝယ်ယူခဲ့သော ဆိုင်ခန်းမှာ အရှေ့ဘက် စျေးကွက်၏ အစွန်အဖျား လမ်းတစ်လမ်းပေါ်တွင် တည်ရှိသည်။ မည်သို့ပင်ဆိုစေ အကောင်းဆုံး နေရာများကို ရောင်းချပြီးဖြစ်သဖြင့် သူ၏ ရွေးချယ်စရာများမှာ နည်းပါးနေခဲ့ခြင်း ဖြစ်၏။
နောက်တစ်လခန့် အချိန်အတွင်း စုယွီသည် ဆိုင်ခန်း ကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့သည်။ အရှင်သခင် ဆယ်ပါး မြို့တော်တွင် ဆေးဖော်စပ်ရန် ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးနိုင်မည့် ကုန်သွယ်ရေး အသင်းများကို သူ လိုက်လံ ရှာဖွေခဲ့ပြီး.. မှောင်ခိုစျေးရှိ သူ၏ ဆိုင်ခန်းကိုလည်း ပြန်လည် မွမ်းမံ ပြင်ဆင်ခဲ့၏။
မှောင်ခိုစျေး အတွင်း လှည့်လည် ကြည့်ရှုနေစဉ်.. အချို့သော ကုန်သွယ်ရေး အသင်းများသည် ကျွန်များကိုပင် ရောင်းချနေကြောင်း သူ တွေ့ရှိခဲ့ရသည်။ လူသားမျိုးနွယ်စု၊ မိစ္ဆာမျိုးနွယ်စုနှင့် ပင်လယ်မျိုးနွယ်စုများ အပါအဝင်.. မျိုးစုံသော ကျွန်များ ရှိနေကြ၏။ လူသားမျိုးနွယ်စု ကျင့်ကြံသူများ အကြားတွင် အင်အားစု အသီးသီး၏ ပဋိပက္ခများနှင့် အငြင်းပွားမှုများမှာ ဘယ်သောအခါမှ ရပ်တန့်သွားခဲ့ခြင်း မရှိချေ။ ထို့ကြောင့် လူသားမျိုးနွယ်စုနှင့် မိစ္ဆာ၊ သို့တည်းမဟုတ် ပင်လယ်မျိုးနွယ်စုများ အကြားတွင် ဆိုလျှင်မူကား ပြောနေစရာပင် မလိုတော့ပေ။ ထိုသို့သော အခြေအနေမျိုးတွင် ဖမ်းဆီးခံရပြီး ရန်သူ့လက်တွင်းသို့ ကျရောက်သွားခြင်းမှာ သာမန် ကိစ္စတစ်ခုလိုပင် ဖြစ်နေလေပြီ။
၎င်းက မှောင်ခိုစျေးတွင် ကျွန်များကို အဝယ်အရောင်း ပြုလုပ်သော စီးပွားရေးကို ပေါ်ပေါက်လာစေခဲ့ခြင်း ဖြစ်၏။ အရှေ့ဘက် စျေးကွက်ရှိ ကုန်သွယ်ရေး အသင်း အချို့တွင် ချီသန့်စင်ခြင်း အဆင့်မှသည် အခြေခံတည်ဆောက်ခြင်း အဆင့်၊ ရွှေအမြုတေ အဆင့်အထိ ကျွန်များကို ဝယ်ယူနိုင်ကြောင်း စုယွီ မြင်တွေ့ခဲ့ရပြီး.. အရောင်းသမားက သူတို့ထံတွင် မူလဝိညာဉ် အဆင့်မှ ကျွန်များပင် ရှိကြောင်းကို ဝင့်ကြွားစွာ ပြောဆိုနေသေး၏။ တန်ဖိုးကို ပေးချေနိုင်စွမ်း ရှိသရွေ့ သူတို့ကို ဝယ်ယူနိုင်သည်။
စုယွီ အံ့အားသင့်သွားမိတော့၏။ ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးနောက်.. သူသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းတစ်ထောင်ကို အသုံးပြုကာ လှပသော အမျိုးသမီး ကျင့်ကြံသူ ကျွန်သုံးဦးကို ဝယ်ယူခဲ့သည်။ သူတို့ထဲမှ တစ်ဦးမှာ ရွှေအမြုတေ အစောပိုင်းအဆင့် ရှိသော ဒုတိယအဆင့် အဆင့်မြင့် ဆေးပညာရှင် တစ်ဦး ဖြစ်၏။ လင်းချင်းရှား ဟု အမည်ရကာ အစိမ်းနုရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ရင့်ကျက်ကာ ဆွဲဆောင်မှုရှိသော ခန္ဓာကောက်ကြောင်း ရှိသည်။
အခြား အမျိုးသမီး နှစ်ဦးမှာမူ အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်တွင် ရှိကြပြီး ထူးခြားသော စွမ်းရည်များ မရှိကြချေ။ သို့သော်လည်း သူမတို့သည် လှပကြပြီး ခန္ဓာကိုယ် လုံးကြီးပေါက်လှပင်။.. သူမတို့က ဆိုင်ခန်းကို စီမံခန့်ခွဲရန်နှင့် ဖောက်သည်များကို ဝန်ဆောင်မှု ပေးရန်အတွက် အကူအညီ ပေးနိုင်သည်။ မှောင်ခိုစျေး တစ်ခုလုံးရှိ လူသားမျိုးနွယ်စုမှ အမျိုးသမီး ကျင့်ကြံသူ ကျွန်များ အားလုံးကို ကယ်တင်ရန် သူ့တွင် စွမ်းရည် မရှိသော်ငြား.. သူ တတ်နိုင်သလောက်တော့ သူ လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် သူတို့ သုံးဦးကို ကယ်တင်ခြင်းက အစပြုခြင်း တစ်ခုပင် ဖြစ်သည်။
ဆိုင်နာမည်နှင့် ပတ်သက်၍မူကား.. ခဏမျှ စဉ်းစားပြီးနောက် ယွင်ရှောင် (တိမ်တိုက်ထဲသို့ ပျံသန်းခြင်း) ဟု စုယွီ ဆုံးဖြတ်လိုက်သည်။
ဤကမ္ဘာတွင် ယွင်ရှောင် နန်းတော်ဆိုပြီး အမည်တူများ ရှိနေမလား။
အရှေ့ဘက် စျေးကွက်၏ အစွန်အဖျား လမ်းတစ်လမ်းပေါ်ရှိ ထောင့်တစ်နေရာ။
အလှဆင် ပြင်ဆင်မှု အချို့ ပြုလုပ်ပြီးနောက် ဆိုင်ခန်း တစ်ခန်းကို တရားဝင် ဖွင့်လှစ်လိုက်လေပြီ။ တံခါးအထက်တွင် "ယွင်ရှောင် ဆေးလုံး စံအိမ်" ဟု ရေးသားထားသော ဆိုင်းဘုတ် တစ်ခုကို တပ်ဆင်ထားသည်။ အပြင်ဘက်ရှိ ဆိုင်းဘုတ်တွင် တတိယအဆင့် ဆေးလုံးများကို အထူးပြု ရောင်းချကြောင်း ဖော်ပြထား၏။ လဝက်ခန့် ကုန်လွန်သွားသော်လည်း ဆိုင်တွင် ဖောက်သည် တစ်ဦးတစ်ယောက်မျှ မရှိသေးချေ။
အိမ်နောက်ဖေး ခြံဝင်းအတွင်း စုယွီကမူ အလျင်လိုနေခြင်း မရှိပေ။ သူ၏ နေ့စဉ် ကျင့်ကြံမှု ပြီးဆုံးပြီးနောက် အပြင်သို့ ထွက်လာချိန်တွင်.. လင်းချင်းရှား တစ်ယောက် ရုပ်သေးရုပ် တစ်ရုပ်အလား အပြင်ဘက်တွင် ရပ်နေသည်ကို အချိန်ကိုက် မြင်တွေ့လိုက်ရသည်။
သူမကို လက်ယပ်ခေါ်လိုက်ပြီး ခြံဝင်းအတွင်းရှိ ကျောက်စားပွဲ အနီးတွင် ထိုင်စေကာ သူတို့ နှစ်ဦးစလုံး အတွက် ဝိညာဉ်လက်ဖက်ရည် တစ်အိုး ဖျော်ပေးလိုက်သည်။
“မြည်းကြည့်စမ်းပါ..”
စုယွီက လင်းချင်းရှား အတွက် ဝိညာဉ်လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးကာ သူမ၏ ရှေ့သို့ တွန်းပေးလိုက်၏။ ထို့နောက် သူ၏ ကိုယ်ပိုင် ခွက်ထဲသို့လည်း တစ်ခွက် ငှဲ့ကာ သောက်သုံးလိုက်သည်။
လင်းချင်းရှားသည် နာခံမှုရှိစွာဖြင့် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် ခွက်ကို ပြန်ချလိုက်ပြီး သူမ၏ မျက်လုံးများက လွတ်ဟာနေကာ စုယွီကို အာရုံစိုက်မှု ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေ၏။
သူမကို ဤသို့သော အခြေအနေဖြင့် မြင်လိုက်ရသောအခါ စုယွီက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး မေးလိုက်သည်။
“မင်းရဲ့ ဂိုဏ်းက ဘာလဲ..”
“ဇီယွီဂိုဏ်း ပါ..”
လင်းချင်းရှားက စိတ်ခံစားမှု ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်၏။
“အခုရော..”
“ဖျက်ဆီးခံလိုက်ရပါပြီ..”
“မင်း လက်စားချေချင်လား..”
“...”
လင်းချင်းရှား၏ လွတ်ဟာနေသော အကြည့်များတွင် အနည်းငယ် လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့ပြီး.. စုယွီအပေါ် အတန်ကြာ အာရုံကျရောက်နေခဲ့သည်။ ထို့နောက် သူမ၏ ခေါင်းကို အနည်းငယ် ငုံ့ကာ တီးတိုး ပြောလိုက်၏။
“မချေချင်ပါဘူး.. ချင်းရှားက အရှင်သခင့်ရဲ့ ကျွန်တစ်ယောက်သာ ဖြစ်ပါတယ်.. ဇီယွီဂိုဏ်းက အကြီးအကဲ တစ်ယောက် မဟုတ်တော့ပါဘူး..”
'သူ လက်စားချေချင်နေတာက အသိသာကြီးပါပဲ..'
သို့သော်လည်း ဤအချက်က ကျွန်များကို အရောင်းအဝယ် ပြုလုပ်သော ကုန်သွယ်ရေး အသင်းများ၏ နည်းလမ်းများ မည်မျှ ထိရောက်ကြောင်းကို ပြသနေသည်။ ရွှေအမြုတေ အဆင့်မှ အရှင်သခင် တစ်ဦးကို ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားစေရန် ပြုလုပ်နိုင်ခဲ့သည် မဟုတ်လော။
အခန်း (၅၆၄) - ယွင်ရှောင် ဆေးလုံး စံအိမ်၊ အမျိုးသမီး ကျင့်ကြံသူ ကျွန် (၂)
ဤလုပ်ငန်းကို လုပ်ကိုင်နေကြသူများသည် သေချာပေါက် သာမန်လူများ မဟုတ်နိုင်ကြောင်းကို.. စုယွီ၏ ရင်ထဲတွင် သတိထားမိလာတော့သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်.. သူသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး လင်းချင်းရှားအား စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကြိုးကြိုးစားစား ကျင့်ကြံစမ်းပါ.. မင်းသာ တတိယအဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်လာမယ် ဆိုရင်.. အနာဂတ်မှာ လက်စားချေဖို့ အခွင့်အရေး ရလာနိုင်တယ်..”
“ဒါပေမဲ့.. မင်းက ဒီလိုပုံစံအတိုင်းပဲ ဆက်နေမယ် ဆိုရင်တော့ သေချာပေါက် အလဟဿ ဖြစ်သွားမှာပဲ..”
လင်းချင်းရှားက ခေါင်းငုံ့ထားကာ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ဘာမှလည်း ပြန်မပြောချေ။
စုယွီက လင်းချင်းရှားနှင့် အတူပါလာသော လင်းပင်းနှင့် ယန်ယွီမင် အမည်ရသည့် အခြား အမျိုးသမီး ကျင့်ကြံသူ နှစ်ဦးကို လှမ်းကြည့်လိုက်၏။ သူတို့ အားလုံး၏ အသက်မှာ တစ်ရာဝန်းကျင်ခန့် ရှိနေပြီ ဖြစ်ကာ.. သူ့အသက်၏ တစ်ဝက်ခန့် ရှိနေကြပေပြီ။ လင်းပင်းသည် အခြေခံတည်ဆောက်ခြင်း အဆင့် ကိုးတွင် ရှိပြီး.. ယန်ယွီမင်ကမူ အခြေခံတည်ဆောက်ခြင်း အဆင့် ရှစ်တွင် ရှိနေသည်။
နှစ်ဦးစလုံးမှာ နုပျိုသော ရုပ်သွင်ကို ပိုင်ဆိုင်ထားကြသည့် လှပသော အမျိုးသမီး ကျင့်ကြံသူများ ဖြစ်ကြ၏။
ထို့အပြင် နှစ်ဦးစလုံးမှာ လင်းချင်းရှား၏ ဂိုဏ်းတူ ညီမများလည်း ဖြစ်ကြသည်။
မည်သို့သော အကြောင်းကြောင့် ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားခဲ့ကြသည် ဆိုသည်ကတော့ အမှန်ပင် နှမြောစရာ ကောင်းလှသည်။ ယခုအခါတွင် သူမတို့သည် လူသားအရုပ်များကဲ့သို့ ဖြစ်နေကြပြီး.. လူသား တစ်ယောက်၏ အသက်ဝင်မှုနှင့် တက်ကြွမှုမျိုး လုံးဝ မရှိကြတော့ချေ။
ဝိညာဉ်ကျောက်တုံး အမြောက်အမြား အကုန်အကျခံကာ သူမတို့သုံးဦးစလုံးကို ဝယ်ယူခဲ့ခြင်းမှာ.. စုယွီသည် သာမန် ကိရိယာ သုံးခုကို ဝယ်ယူရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။
အကယ်၍ သူသာ သူတို့ကို ပြန်လည် နိုးထလာစေပြီး ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်စေနိုင်မည် ဆိုပါက.. လင်းပင်းနှင့် ယန်ယွီမင်တို့ကို ရွှေအမြုတေ အဆင့်သို့ပင် ရောက်ရှိသွားစေနိုင်ကာ.. သူ၏ ဝိညာဉ်ကျောက်တုံးများမှာလည်း အလဟဿ ဖြစ်သွားမည် မဟုတ်ချေ။
ဝိညာဉ်ကျောက်တုံး နှစ်သောင်းကျော် ကုန်ကျခဲ့သည်ကို ထည့်သွင်း စဉ်းစားကြည့်မည် ဆိုလျှင်.. ဤသူသုံးဦးသည် သူ့အတွက် အနည်းဆုံး နှစ်ပေါင်း နှစ်ရာ သို့မဟုတ် သုံးရာခန့်တော့ အလုပ်အကျွေး ပြုသင့်သည် မဟုတ်ပါလော။
အတန်ကြာ စဉ်းစားတွေးတောပြီးနောက်.. စုယွီသည် စိတ်ကူးယဉ် မှော်ပညာရပ်ကို သတိရသွားပြီး အကြံတစ်ခု ရလာခဲ့တော့၏။
ကံကောင်းထောက်မစွာဖြင့်ပင်.. သူသည် ယခင်က အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်မှ စိတ်ကူးယဉ် မှော်ပညာရပ် အချို့ကို ဝယ်ယူခဲ့ဖူးသည်။ စိတ်ကူးယဉ် မှော်ပညာရပ်၏ စွမ်းအားအပေါ် သူ၏ ကိုယ်ပိုင် နားလည် သဘောပေါက်မှုနှင့် ပေါင်းစပ်ကာ.. ထိုအမျိုးသမီး သုံးဦးကို ပြန်လည် နိုးထလာစေရန် သူ ကြိုးစားနိုင်သည်။ အကယ်၍ ထိုနည်းလမ်းက အလုပ်မဖြစ်ခဲ့လျှင်.. သူမတို့၏ အတိတ်မှ မှတ်ဉာဏ်များ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး အားလုံးကို မေ့ပစ်သွားအောင် ပြုလုပ်လိုက်မည် ဖြစ်၏။ သို့သော်လည်း.. သူမတို့က သူ့အပေါ် အကြွေးတင်နေသည် ဆိုသည့် အချက်ကိုတော့ မေ့သွား၍ မရနိုင်ပေ။ မည်သို့ပင်ဆိုစေ သူက သူမတို့အတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးချေခဲ့ရသည် မဟုတ်လော။
“ငါ့နောက်က လိုက်ခဲ့ကြ..”
စုယွီက လင်းချင်းရှားနှင့် အခြား အမျိုးသမီး နှစ်ဦးကို မြေအောက်ခန်းဆီသို့ ဦးဆောင် ခေါ်သွားသည်။
ရက်အနည်းငယ် အကြာတွင် ရွှေအမြုတေ အဆင့်ရှိ အရှင်သခင် တစ်ဦးသည် သူ့ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဆိုင်မှာ အလွန် ကျယ်ဝန်းစွာ ပြင်ဆင်ထားပြီး.. အရောင်းခုံများ မရှိဘဲ ဧည့်ခံစားပွဲ အနည်းငယ်သာ ရှိ၏။ အရောင်းခုံ နောက်ကွယ်တွင် ထိုင်နေသော လင်းပင်းသည် ဖောက်သည်ကို မြင်လိုက်ရသောအခါ အပြုံးလေး တစ်ခုဖြင့် မေးလိုက်သည်။
“လူကြီးမင်း ဆေးလုံးတွေ လိုအပ်လို့များလား ရှင်.. ကျွန်မတို့ရဲ့ ယွင်ရှောင် ဆေးလုံး စံအိမ်က တတိယအဆင့် ဆေးလုံး မျိုးစုံကို ဖော်စပ်နိုင်ပါတယ်..”
“လူကြီးမင်းက အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံးတွေကို လိုအပ်တယ် ဆိုရင်တောင်မှ.. ကျွန်မတို့က နည်းလမ်း ရှာပေးနိုင်ပါတယ်..”
ထိုသူမှာ လမ်းဖြတ်လျှောက်လာရင်း တတိယအဆင့် ဆေးလုံးများကို အထူးပြု ရောင်းချသော ဤဆေးလုံး စံအိမ်ကို မြင်တွေ့လိုက်ရသဖြင့်.. ဝင်ရောက် ကြည့်ရှုရန် ရပ်တန့်လိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသော လင်းပင်းကို မြင်လိုက်ရသည်နှင့် တပြိုင်နက် သူသည် စွဲလန်းသွားခဲ့တော့၏။
မည်သို့ပင်ဆိုစေ လင်းပင်း၏ စကားကို ကြားလိုက်ရသောအခါ သူ အနည်းငယ် မှင်တက်သွားပြီး မေးလိုက်သည်။
“မင်းတို့ဆီမှာ အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံးတွေလည်း ရှိတာလား..”
အတန်ကြာပြီးနောက်၊ ရွှေအမြုတေ အဆင့်ရှိ အရှင်သခင်သည် ဝမ်းသာအားရ အပြုံးဖြင့် ပြန်လည် ထွက်ခွာသွားခဲ့တော့သည်။ အရှေ့ဘက် စျေးကွက်၏ အစွန်အဖျားရှိ ဆေးလုံး စံအိမ် တစ်ခုတွင်.. ဤမျှ အရည်အသွေးမြင့်မားသော တတိယအဆင့် ဆေးလုံး အများအပြားကို တွေ့ရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
အစပိုင်းတွင် ဆေးလုံးများ ဝယ်ယူရန် ရည်ရွယ်ချက် မရှိဘဲ အပေါ်ယံမျှသာ ဝင်ရောက် ကြည့်ရှုခဲ့ခြင်း ဖြစ်သော်ငြားလည်း.. ထိုအရည်အသွေးမြင့် တတိယအဆင့် ဆေးလုံးများကို မြင်လိုက်ရသောအခါ သွေးဆောင်ဖြားယောင်းမှုကို သူ မတွန်းလှန်နိုင်ခဲ့တော့ချေ။
တစ်ထိုင်တည်းနှင့်ပင် ယွင်ရှောင် ဆေးလုံး စံအိမ်တွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လေးထောင်နီးပါး သုံးစွဲခဲ့ပြီး.. ၎င်းမှာ ကြီးမားသော ကုန်ကျစရိတ် တစ်ခုပင် ဖြစ်သည်။
'ဒီဆေးလုံး စံအိမ်ရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ ဆေးပညာရှင် တစ်ယောက် ရှိနေရမယ်.. အရည်အသွေးမြင့် ဆေးလုံးတွေ ရှိနေတုန်း အချိန်လေးမှာ ဝယ်ထားလို့ ရအောင်.. ငါ့ရဲ့ ဂိုဏ်းတူ အစ်ကိုတွေကို အကြောင်းကြားရမယ်..'
တစ်ယောက် ရှိလျှင် နောက်ထပ် အများအပြား ရှိလာမည်မှာ သဘာဝပင်။
အရည်အသွေးမြင့် ဆေးလုံးများက ဖောက်သည်များကို ဆွဲဆောင်နိုင်ခဲ့သဖြင့်.. နောက်ပိုင်း ကာလများတွင် ယွင်ရှောင် ဆေးလုံး စံအိမ်၌ ရက်အနည်းငယ်ခြားတိုင်း ဧည့်သည်များ လာရောက်ခဲ့ကြသည်။
ပုံမှန် တတိယအဆင့် အဆင့်နိမ့် ဆေးလုံး တစ်လုံး၏ တန်ဖိုးမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်မှ သုံးဆယ် အကြားတွင် ရှိသည်။
အလယ်အလတ်အဆင့် တတိယအဆင့် ဆေးလုံးများမှာမူ ဝိညာဉ်ကျောက်တုံး ငါးဆယ်မှ ခြောက်ဆယ်ခန့် တန်ဖိုးရှိ၏။
အမြင့်ဆုံး တတိယအဆင့် ဆေးလုံးများမှာမူ တစ်လုံးလျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ကိုးဆယ်ခန့် တန်ဖိုးရှိသည်။
အရည်အသွေးမြင့် ဆေးလုံးများမှာ အလွန် ရှားပါးလှသည်။ အကြောင်းမူကား ပုံမှန် ဆေးပညာရှင် တစ်ဦးသည် ဆေးဖော်စပ်မှု ငါးကြိမ်တွင် အရည်အသွေးမြင့် ဆေးလုံး တစ်လုံးပင် ထွက်ရှိလာရန် မသေချာလှသောကြောင့် ဖြစ်၏။
ထိပ်တန်း ဆေးပညာရှင်များမှာမူ အနည်းငယ် ပိုမို ကောင်းမွန်ပြီး သုံးကြိမ်တွင် တစ်လုံး သို့မဟုတ် နှစ်လုံးခန့် ထွက်ရှိနိုင်သည်။
သို့သော် ထိုကဲ့သို့သော အရည်အသွေးမြင့် ဆေးလုံးများကို အဓိက အင်အားစုများနှင့် ကျင့်ကြံခြင်း မိသားစုကြီးများက ကြိုတင် မှာယူထားလေ့ ရှိကြပြီး.. သို့တည်းမဟုတ် ကုန်သွယ်ရေး အသင်းများက သိုလှောင်ထားလေ့ ရှိကာ.. သာမန် ဖောက်သည်များအား သေချာစွာ စဉ်းစား သုံးသပ်ခြင်း မရှိဘဲ ရောင်းချလေ့ မရှိကြချေ။ အရည်အသွေးမြင့် ဆေးလုံးများ၏ စျေးနှုန်းမှာ ပုံမှန် စျေးကွက်ပေါက်စျေးထက် အနည်းဆုံး ငါးဆယ် ရာခိုင်နှုန်းခန့် ပိုမို မြင့်မားလေ့ ရှိသည်။ အလားတူပင် ယွင်ရှောင် ဆေးလုံး စံအိမ်ရှိ အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံးများ၏ ဈေးနှုန်းမှာလည်း ပုံမှန် ဆေးလုံးများထက် ငါးဆယ် ရာခိုင်နှုန်းခန့် ပိုမို မြင့်မားလှ၏။
သို့သော်လည်း ယွင်ရှောင် ဆေးလုံး စံအိမ် အတွင်းသို့ ဝင်ရောက်လာသော ဖောက်သည် အများစု၏ ပထမဆုံး မေးခွန်းမှာ.. အရည်အသွေးမြင့် ဆေးလုံးများ ရရှိနိုင်ခြင်း ရှိမရှိ ဆိုသည်ပင် ဖြစ်သည်။ ထို့ကြောင့် ဆေးလုံးများမှာ အလွန် ရောင်းအားကောင်းလှသည်။ တဖြည်းဖြည်းနှင့် ယွင်ရှောင် ဆေးလုံး စံအိမ်သည် အရှေ့ဘက် စျေးကွက်တွင် နာမည်ကျော်ကြားလာခဲ့တော့၏။
အနီးအနားရှိ ရွှေအမြုတေ အဆင့်ရှိ ဆိုင်ပိုင်ရှင် အချို့သည် စကားစမြည် ပြောဆိုရန်နှင့် အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံး အချို့ကို ဝယ်ယူရန် အတွက် ယွင်ရှောင် ဆေးလုံး စံအိမ်သို့ ရံဖန်ရံခါ လာရောက်လေ့ ရှိကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ယွင်ရှောင် ဆေးလုံး စံအိမ်၏ နောက်ကွယ်မှ အင်အားကိုလည်း စုံစမ်း အကဲခတ်နေကြ၏။
သို့သော်လည်း သူတို့ ယွင်ရှောင် ဆေးလုံး စံအိမ်သို့ လာရောက်သည့် အခါတိုင်း လင်းချင်းရှား၊ လင်းပင်းနှင့် ယန်ယွီမင် တို့ကိုသာ မြင်တွေ့ရပြီး.. လင်းချင်းရှားက ဆေးလုံး စံအိမ်၏ အရှင်သခင် အဖြစ် တာဝန်ယူထားသည်။ ဆေးလုံး စံအိမ်၏ နောက်ကွယ်မှ ဆေးပညာရှင်နှင့် ပတ်သက်၍မူကား မည်သူမျှ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးကြချေ။
*
မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်နှစ်တာ ကုန်လွန်သွားခဲ့လေပြီ။
ယွင်ရှောင် ဆေးလုံး စံအိမ်၏ အိမ်နောက်ဖေး ခြံဝင်းအတွင်း။
တောက်ပသော အသားအရေကို ပိုင်ဆိုင်ထားပြီး အထူးသဖြင့် ပါးနပ် လိမ္မာသော လင်းပင်းသည် စုယွီအတွက် လက်ဖက်ရည် ဖျော်ပေးနေ၏။ သူမ၏ မျက်နှာထက်တွင် အပြုံးလေး တစ်ခု ရှိနေပြီး.. စာရင်းဇယားများနှင့် အလုပ်ရှုပ်နေသော လင်းချင်းရှားကိုလည်း ခိုးကြည့်နေတတ်သေး၏။ သူမသည် စုယွီ ပထမဆုံး ခေါ်ဆောင်လာခဲ့စဉ်ကနှင့် လုံးဝ ခြားနားစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လင်းချင်းရှား စာရင်းဇယားများ တွက်ချက်ပြီးစီးမည့် အချိန်ကို စောင့်ဆိုင်းနေစဉ်.. စုယွီသည် လင်းပင်း ဖျော်ပေးထားသော ဝိညာဉ် လက်ဖက်ရည်သစ်ကို မြည်းစမ်းနေသည်။
မကြာမီ အချိန်အတွင်း ယွင်ရှောင် ဆေးလုံး စံအိမ်၏ အရှင်သခင် လင်းချင်းရှားသည် ခေါင်းမော့လာကာ စုယွီကို ပြုံးပြပြီး ပြောလိုက်လေ၏။
“အရှင်သခင်.. ဒီနှစ်အတွက် ကျွန်မတို့ ဆေးလုံး စံအိမ်ရဲ့ ဝင်ငွေက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း သုံးသောင်း ခြောက်ထောင် တစ်ရာကျော် ရှိပါတယ်.. ဆေးဖော်စပ်ဖို့ ကုန်ကြမ်းတွေနဲ့ တခြား ကုန်ကျစရိတ်တွေက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသောင်း နှစ်ထောင်ကျော် ကုန်ကျခဲ့ပါတယ်.. ဒါကြောင့် အသားတင် အမြတ်ငွေက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်း သုံးထောင်ကျော် ကျန်ရှိပါတယ်..”
ရှစ်သောင်းကျော်တဲ့လား။
ထိုကိန်းဂဏန်းကို ကြားလိုက်ရသောအခါ တစ်နှစ်ပတ်လုံး အလုပ်ရှုပ်နေခဲ့သော စုယွီ တစ်ယောက် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားတော့သည်။ ကောင်းပေစွ။ ကျင့်ကြံခြင်းနှင့် အတူ ဆေးဖော်စပ်ရန် အချိန်လုကာ ကြိုးစားခဲ့ရသည့် သူ၏ အားထုတ်မှုများက အချည်းနှီး မဖြစ်ခဲ့ပေတကား။
အခန်း (၅၆၄) - ယွင်ရှောင် ဆေးလုံး စံအိမ်၊ အမျိုးသမီး ကျင့်ကြံသူ ကျွန် (၂)
ဤလုပ်ငန်းကို လုပ်ကိုင်နေကြသူများသည် သေချာပေါက် သာမန်လူများ မဟုတ်နိုင်ကြောင်းကို.. စုယွီ၏ ရင်ထဲတွင် သတိထားမိလာတော့သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်.. သူသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး လင်းချင်းရှားအား စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကြိုးကြိုးစားစား ကျင့်ကြံစမ်းပါ.. မင်းသာ တတိယအဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်လာမယ် ဆိုရင်.. အနာဂတ်မှာ လက်စားချေဖို့ အခွင့်အရေး ရလာနိုင်တယ်..”
“ဒါပေမဲ့.. မင်းက ဒီလိုပုံစံအတိုင်းပဲ ဆက်နေမယ် ဆိုရင်တော့ သေချာပေါက် အလဟဿ ဖြစ်သွားမှာပဲ..”
လင်းချင်းရှားက ခေါင်းငုံ့ထားကာ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ဘာမှလည်း ပြန်မပြောချေ။
စုယွီက လင်းချင်းရှားနှင့် အတူပါလာသော လင်းပင်းနှင့် ယန်ယွီမင် အမည်ရသည့် အခြား အမျိုးသမီး ကျင့်ကြံသူ နှစ်ဦးကို လှမ်းကြည့်လိုက်သည်။ သူတို့ အားလုံး၏ အသက်မှာ တစ်ရာဝန်းကျင်ခန့် ရှိနေပြီ ဖြစ်ကာ.. သူ့အသက်၏ တစ်ဝက်ခန့် ရှိနေကြပေပြီ။ လင်းပင်းသည် အခြေခံတည်ဆောက်ခြင်း အဆင့် ကိုးတွင် ရှိပြီး.. ယန်ယွီမင်ကမူ အခြေခံတည်ဆောက်ခြင်း အဆင့် ရှစ်တွင် ရှိနေသည်။
နှစ်ဦးစလုံးမှာ နုပျိုသော ရုပ်သွင်ကို ပိုင်ဆိုင်ထားကြသည့် လှပသော အမျိုးသမီး ကျင့်ကြံသူများ ဖြစ်ကြသည်။