← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

🍋 Chapter 71

"ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ညစာစားပွဲမှာ မင်းက အရမ်းကြွားလုံးထုတ်ခဲ့လို့လေ အခုတော့ သူတို့က မကောင်းကြံဖို့ လုပ်နေကြပြီပေါ့"

ကျိုးကျန့်ခန်းက သူ့ကို ဘေးစောင်းကြည့်ကာ ပြောလိုက်သည်။

"အဖေကလည်း အဲဒီလိုမပြောပါနဲ့ အဲဒီတုန်းက အဖေလည်း တော်တော်လေး ကျေနပ်နေခဲ့တာကို သားမသိဘူးမှတ်လို့လား"

ပြီးခဲ့သည့်ညစာစားပွဲတွင် သူ၏အဒေါ်ဖြစ်သူက သူ့ကို မေ့လဲသွားအောင်အထိ လုပ်ခဲ့သည်ကို ပြန်စဉ်းစားမိတိုင်း ကျိုးထျန်း ကျေနပ်မိဆဲဖြစ်သည်။

"ဒီတစ်ခါကော သူတို့ ဘာပြဿနာတွေ ရှာနေကြပြန်ပြီလဲ"

"ဟွန့် မင်းရဲ့အဒေါ်နဲ့ ဝမ်းကွဲက ယွမ် ၅ သန်း ချေးဖို့ လာပြောကြတယ်လေ"

ထိုပမာဏကို ကြားလိုက်ရသောအခါ ကျိုးထျန်း အံ့အားသင့်သွားသည်။

"သူတို့က ကျနော်တို့မိသားစုကို ငတုံးတွေလို့ ထင်နေတာလား"

"မင်းပြောတာ မှန်တယ်"

"ဒါနဲ့ သူတို့က အဲဒီလောက်အများကြီးကို ဘာလုပ်ဖို့လဲ"

ကျိုးထျန်း စိတ်ဝင်စားသွားသည်။ ထိုနှစ်ယောက် ဘာတွေကြံစည်နေကြသနည်း။

"စဉ်းစားကြည့်ရင် ရယ်စရာကြီးကွ အဲဒီနှစ်ယောက်က ရင်းနှီးမြှုပ်နှံမှု လုပ်ကြည့်ချင်လို့တဲ့လေ"

ထိုအဖြေကို ကြားလိုက်ရသောအခါ ကျိုးထျန်း ရယ်ပင်ရယ်ချင်သွားသည်။

"သူတို့ ရူးနေကြတာလား အရေးပေါ်ကိစ္စဖြစ်ဖြစ်၊ ဆေးကုဖို့ ဒါမှမဟုတ် ခွဲစိတ်ဖို့ဆိုရင် ယွမ်သိန်းဂဏန်းလောက် ချေးပေးတာက ပြဿနာမရှိဘူး"

"ဒါပေမဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် ငါတို့ဆီမှာ ပိုက်ဆံလာချေးတယ်ဆိုတော့ သူတို့ကပဲ ရူးနေတာလား၊ ငါတို့ကပဲ ရူးနေတာလား ရင်းနှီးမြှုပ်နှံချင်ရင် ငါတို့ဘာသာ ငါတို့လုပ်မှာပေါ့၊ ဘာလို့ သူတို့ကို ချေးရမှာလဲ"

"မှန်တယ် မင်းအမေတောင် စိတ်ပျက်နေပြီလေ အဲဒီနှစ်ယောက်က အခုထိ ပြဿနာရှာနေတုန်းပဲ၊ ငါတို့က ချမ်းသာလာတော့ ဆင်းရဲတဲ့ဆွေမျိုးတွေကို မေ့သွားပြီဆိုပြီး သွယ်ဝိုက်ပြီးကော တိုက်ရိုက်ကော အပြစ်တင်နေကြသေးတယ်"

ကျိုးကျန့်ခန်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ပြီးတော့ မင်းဝမ်းကွဲက ဘဏ္ဍာရေးလောကက လူတစ်ယောက်နဲ့ တွေ့ထားတယ်လို့လည်း ငါကြားတယ် သူက အဲဒီလူနဲ့ ပေါင်းနေတာ ဖြစ်ရမယ်"

"အဲဒီလူက သူ့မှာ အတွင်းသတင်းတွေရှိတယ်၊ ပိုက်ဆံအများကြီး ရှာနိုင်တယ်ဆိုပြီး လိမ်နေတာလေ အဲဒါကြောင့် သူတို့က ငါတို့ဆီ ရောက်လာတာပေါ့"

ကျိုးထျန်း အကျယ်ကြီး ရယ်မောလိုက်သည်။

"အဒေါ်နဲ့ ဝမ်းကွဲက ဒီလောက်အထိ မအသင့်ဘူး အဲဒီလူက သူ့အတွက် ရန်ပုံငွေရှာဖို့ သူတို့ကို ရင်းနှီးမြှုပ်နှံခိုင်းနေတာပဲ အကယ်၍ မြတ်ရင်တော့ ထားလိုက်ပါတော့၊ ရှုံးရင်တော့ သူက သူတို့ကို အရင်ဆုံး လျော်ကြေးပေးမှာမှ မဟုတ်တာ"

ဘဏ္ဍာရေးလောကရှိ လူအချို့မှာ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရာတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။

သူတို့၏ စကားပြောစွမ်းရည်မှာ ထိပ်တန်းအဆင့်တွင် ရှိသည်။

ထို့အပြင် ထိုကဲ့သို့သော ဘဏ္ဍာရေး "မင်းသားလေး" အများစုမှာ အလွန်စတိုင်ကျစွာ ဝတ်ဆင်ကြပြီး Patek Philippe နာရီများနှင့် Lamborghini ကားများကို အမြဲတမ်း ပြသလေ့ရှိကြသည်။

သို့သော် လက်တွေ့တွင် ထိုအရာများမှာ ငှားရမ်းထားခြင်းသာ ဖြစ်သည်။

ထိုလူများသည် ရှန်ဟိုင်းရှိ လူမှုရေးလောကက လူများကဲ့သို့ပင် မိမိကိုယ်ကို အထက်တန်းလွှာအဖြစ် ယုံကြည်လာအောင် ပုံဖော်ကြခြင်း ဖြစ်သည်။

အမှန်တရားကို သူတို့ကိုယ်တိုင်သာ သိကြသည်။

ထိုလူမှုရေးမင်းသမီးလေးများသည် တစ်လလျှင် ယွမ် ၃၀၀၀ တန် အခန်းလေးများဆီသို့ ပြန်သွားကြရသလို၊ ထိုဘဏ္ဍာရေးမင်းသားလေးများသည်လည်း ပြိုင်ကားများကို အရောင်းပြခန်းသို့ ပြန်ပို့ကာ မြေအောက်ရထားဖြင့်သာ အိမ်ပြန်ကြရသည်။

သူ့အဒေါ်နှင့် ဝမ်းကွဲ၏လည်ပတ်မှုအရ ထိုသို့သောအရာများကို မယုံသင့်ပေ။ ထို့ကြောင့် ကျိုးထျန်းသည် သူတို့က ကျိုးမိသားစုကို ငတုံးများကဲ့သို့ ဆက်ဆံနေခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။

မိမိတို့၏ ကိုယ်ပိုင်ပိုက်ဆံ မဟုတ်သဖြင့် အကယ်၍ ရှုံးသွားပါက ချေးငွေဖြစ်ကြောင်း ပြောမည်။

ထို့နောက် သတ်သေမည်ဟု ခြိမ်းခြောက်ပြီး ပြဿနာရှာမည် ဖြစ်သည်။

အကယ်၍ ပြန်မဆပ်နိုင်လျှင်လည်း သူတို့ကို သေအောင်အထိ ဒုက္ခပေးနိုင်သည်ဟု တွေးထားကြပုံရသည်။

ဤကဲ့သို့သော လှည့်ကွက်မျိုးမှာ ကျိုးမိသားစု သားအဖကို လှည့်စား၍ မရပေ။

"အဖေ အခု အမေ့ရဲ့ သဘောထားက ဘယ်လိုလဲ"

"ငါ စောစောပြန်လာတာ မမြင်ဘူးလား မင်းအမေက အိမ်ကပိုက်ဆံတွေကို ငါပဲ ကိုင်တာဆိုပြီး မင်းအဒေါ်ကို ပြောလိုက်တယ်လေ၊ သူက ဆုံးဖြတ်လို့ မရဘူးတဲ့"

"ဟဲဟဲ အမေလည်း တော်တော်လေး လည်လာပြီပဲ"

သူ့အမေ လုပ်ဆောင်ချက်မှာ မှန်ကန်သည်ဟု ကျိုးထျန်း တွေးမိသည်။ ဤကဲ့သို့သော လူမျိုးကို အလိုမလိုက်သင့်တော့ပေ။

"ဒါနဲ့ အဖေ ဒါက ဘာလဲ ကြည့်ပါဦး"

ကျိုးထျန်းသည် ထိုနေ့မနက်က ဝယ်လာသော Vacheron Constantin နာရီကို ထုတ်ပြလိုက်သည်။

"ဟဲ မင်းက တော်တော်မြန်တာပဲ ငါ့သား ငါ့သားဖြစ်ရတာ တကယ်ကို တန်ပါတယ်"

"အဖေကလည်း အဲဒီလိုမပြောပါနဲ့ အဖေ့အတွက် မဝယ်ပေးရင် သားက အဖေ့သား မဟုတ်တော့ဘူးလား"

ကျိုးကျန့်ခန်းက ပြန်မပြောတော့ဘဲ ဘူးကို တိုက်ရိုက် ဖွင့်လိုက်သည်။

နက်မှောင်ပြီး ခမ်းနားလှပသော နာရီတစ်လုံး ပေါ်ထွက်လာသည်။

"ဒါက ငါလိုချင်တဲ့ အမျိုးအစား မဟုတ်ဘူးပဲ"

"ဒါပေါ့ ဒါက အဖေလိုချင်တဲ့ အမျိုးအစားထက် အများကြီး ပိုတန်ဖိုးရှိတာလေ"

ကျိုးထျန်း ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ သူ့ဖခင်က နာရီကို ချက်ချင်းယူကြည့်သော်လည်း လှုပ်ရှားမှုတိုင်းမှာ အလွန် သတိထားနေရသည်။

ကျိုးကျန့်ခန်းမှာ ယခုနှစ်တွင် အသက် ၄၃ နှစ် ရှိပြီဖြစ်သော် လည်း သိန်းပေါင်းများစွာ တန်ဖိုးရှိသော နာရီမျိုးကို တစ်ခါမှ မပတ်ဖူးပေ။

"ဟေး မဆိုးဘူး၊ တကယ်မဆိုးဘူး တစ်ခုခုလိုနေသလို ခံစားနေရတာ၊ အခုတော့ အားလုံးပြည့်စုံသွားပြီ ဒီနာရီက ငါ့ကားနဲ့ တော်တော်လေး လိုက်ဖက်တယ်"

သူ့ဖခင် ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် ကျိုးထျန်းလည်း ပျော်ရွှင်မိသည်။

သူသည် ပိုက်ဆံရှာရခြင်း၏ ရည်ရွယ်ချက်ကို အမြဲတမ်း ရှင်းလင်းစွာ သိရှိထားသည်။ ၎င်းမှာ လိုအပ်သည့်နေရာတွင် သုံးစွဲရန်ဖြစ်ပြီး သူ့မိဘများမှာ ထိုလိုအပ်ချက်၏ ထိပ်ဆုံးတွင် ရှိနေသူများ ဖြစ်ကြသည်။

"အဖေ ကြိုက်တယ်ဆိုရင် နောက်ထပ် အများကြီး ဝယ်ပေးမှာပေါ့ တစ်ခုတည်း ပတ်နေရင် ပျင်းစရာကြီးလေ"

"ကြည့်ကြသေးတာပေါ့ လောလောဆယ်တော့ တစ်ခုတည်းနဲ့တင် လုံလောက်ပါပြီ နောက်တစ်ခါ အဖေ့သူငယ်ချင်းတွေနဲ့ ငါးမျှားသွားတဲ့အခါ အဖေ သူတို့ကို တန်ဖိုးကြီးနာရီဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပြပေးမယ်"

ကျိုးထျန်း ခန့်မှန်းထားသည့်အတိုင်းပင်။

သူ့ဖခင်မှာ သူငယ်ချင်းများကြားတွင် သိန်းဂဏန်းတန် နာရီများ ပတ်ထားချိန်၌ မိမိတွင် ဘာမှမရှိသဖြင့် အားငယ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဖခင်ဖြစ်သူကို သူ၏နာရီနှင့်အတူ လွှတ်ထားခဲ့ပြီး ကျိုးထျန်း မိမိအခန်းသို့ ပြန်လာခဲ့သည်။

ယနေ့ညတွင် လုပ်ဆောင်ရမည့် အရေးကြီးသော ကိစ္စတစ်ခု ရှိသေးသည်။ ဂျက်ဆီ နှင့် အလီ တို့ သဘောတူညီချက် ရယူရန် အချိန်နီးကပ်လာပြီ ဖြစ်သည်။

ပေကျင်းစံတော်ချိန် ည ၉ နာရီတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ မှာ ဂျက်ဆီ စီစဉ်ထားသော Haihe ကုမ္ပဏီ၏ အကောင့်ထဲသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

တစ်ချိန်တည်းမှာပင် တစ်ပတ်နီးပါးကြာအောင် ရပ်တန့်ခံထားရသော Despair World ၏ Backup ဒေတာများမှာ တရားဝင် ပြန်လည်ရရှိလာခဲ့ပြီဖြစ်သည်။

ယင်းချိုင်နည်းပညာအား ကျိုးထျန်း ယွမ် ၁ သန်းဖြင့် ဝယ်ယူနိုင်ခဲ့ခြင်းမှာ ၎င်း၏အဓိက ဝင်ငွေရလမ်းဖြစ်သော Despair World ကို ဆုံးရှုံးခဲ့ရခြင်းကြောင့်ဖြစ်သည်။

ယခုအခါ ယင်းချိုင်မှာ ကျိုးထျန်း၏လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သလို Despair World လည်း ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယခုအခါ တရားဝင်အမည်ပြောင်းလဲလိုက်ပြီဖြစ်သော ထျန်းချိုင် နည်းပညာကုမ္ပဏီ၏ အပေါ်ဆုံးထပ် ရုံးခန်းတွင် ကုမ္ပဏီ၌ ဆက်နေလိုသော ဝန်ထမ်းအားလုံးကို ဒီနေ့ည တစ်ညလုံး အချိန်ပိုဆင်းရမည်ဖြစ်ကြောင်း အကြောင်းကြားထားသည်။

မူလက ဝန်ထမ်း ၁၀၀ ကျော် ရှိသော်လည်း ယခုအခါ ထက် ဝက်ခန့်သာ ကျန်ရှိတော့သည်။ သို့သော် အဓိက နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းများမှာမူ ဆက်လက်ရှိနေကြဆဲဖြစ် သည်။

သူတို့ကို ထိန်းသိမ်းရန် ကျိုးထျန်း အသုံးပြုသည့် နည်းလမ်းမှာ ရိုးရှင်းပါသည်။ ၎င်းမှာ ငွေပင်။

ပုံမှန်လစာကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးသည့်အပြင်၊ လက်ရှိ ဝန်ထမ်းအားလုံးကို ရာထူးအလိုက် ကုမ္ပဏီ၏ ရှယ်ယာများကိုလည်း ခွဲဝေပေးမည်ဖြစ်သည်။

ထို့အပြင် ကျိုးထျန်းက ယခုနှစ်အတွက် ရှယ်ယာအမြတ်ဝေစု ၅၀ ရာခိုင်နှုန်းကို နောက်လ လစာပေးရက်တွင် ကြိုတင် ထုတ်ပေးမည်ဟု ကတိပေးခဲ့သည်။

သူသည် ဝန်ထမ်းများ၏စိတ်ဓာတ်ကို အမြန်ဆုံး တည်ငြိမ်အောင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သူသည် အဓိက ဝန်ထမ်းအချို့ကိုလည်း Despair World ၏ Backup များ ဒီနေ့ညတွင် ပြန်လည် ရရှိတော့မည်ဖြစ် ကြောင်း ကြိုတင် အသိပေးထားသည်။ ၎င်းက သူတို့ကို စိတ်လှုပ်ရှားစေခဲ့သည်။

ဤဂိမ်းမှာ ၎င်းတို့၏ကလေးတစ်ယောက်ကဲ့သို့ပင်။ တစ်ပတ်ကြာ ပျောက်ဆုံးနေသော ကလေးမှာ မိဘများ၏ ရင်ခွင်ထဲသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ရာ သူတို့ မည်သို့ မပျော်ဘဲ နေနိုင်ပါမည်နည်း။

နံနက် ၉ နာရီ ၅ မိနစ်တွင် အလီ အုပ်စု က သူတို့၏ နည်းပညာအဖွဲ့သည် Backup အဟက် ခံရသည့် ဖြစ်ရပ်ကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။

သူတို့သည် သတင်းထောက် ၃၀၀ ကျော်ကို ဖိတ်ကြားကာ သတင်းစာရှင်းလင်းပွဲကြီး တစ်ခုကို ကျင်းပခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် သူတို့၏ နည်းပညာအဖွဲ့က ပြဿနာကို မည်သို့ ဖြေရှင်းခဲ့ကြောင်းနှင့် လုံခြုံရေး အဆင့် အတန်းကို မည်သို့ မြှင့်တင်ခဲ့ကြောင်း အသေးစိတ် ရှင်းလင်းခဲ့ကြသည်။

ထို့အပြင် ဤတိုက်ခိုက်မှုမှာ ဟက်ကာအဖွဲ့ဝင် ၇၀ ကျော်၏ စုပေါင်း တိုက်ခိုက်မှုဖြစ်ကြောင်း သူတို့က အခိုင်အမာ ပြောဆိုခဲ့ကြသည်။

ဤမျှ တိုတောင်းသော အချိန်အတွင်း Backup ကို ပြန်လည် ရယူနိုင်ခြင်းမှာ ဆိုင်ဘာ သမိုင်းကြောင်းတွင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်းလည်း သူတို့က ကြွေးကြော်ခဲ့ကြသည်။

ထို့အပြင် Ali Cloud သည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး Cloud Platform ဖြစ်ပြီး မကြာမီ ပထမနေရာသို့ ရောက်ရှိလာမည် ဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။

သို့သော် ၎င်းမှာ ကုန်သေးသည် မဟုတ်ပေ။ ဆက်လက်၍ အလီ က ဒေသဆိုင်ရာ ဌာနချုပ်သစ် သုံးခုကို တည်ဆောက်ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။

၎င်းမှာ အလွန်ပင် ကောင်းမွန်သော သတင်းတစ်ခု ဖြစ်သည်။ ဒေသဆိုင်ရာ ဌာနချုပ်များ တည်ဆောက်ခြင်းက ဒေသတွင်း ဝင်ငွေကို မြှင့်တင်ပေးနိုင်သလို မြို့များအတွင်းသို့ ပါရမီရှိသူများစွာ ရောက်ရှိလာအောင်လည်း ဆွဲဆောင်နိုင်မည် ဖြစ်သည်။

ဤအဓိက ကြေညာချက် နှစ်ခုမှာ တစ်နိုင်ငံလုံးရှိ မီဒီယာများကြားတွင် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။ အထူးသဖြင့် Despair World ပြန်လည် ရရှိလာခြင်းမှာ လူငယ်များစွာ စိတ်ဝင်စားသော အဓိက ဖြစ်ရပ်တစ်ခု ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲ စတင်ပြီး ၃ မိနစ်အကြာတွင် ယင်းချိုင် နည်းပညာ၏ မူလ Weibo အကောင့်က တစ်ပတ်ကြာ နားနေပြီးနောက် ပြန်လည်၍ ပို့စ်တစ်ခု တင်ခဲ့သည်။

"Despair World ပြန်လာပါပြီ မင်းတို့ အဆင်သင့်ဖြစ်ပြီလား"

ဤ Weibo ပို့စ်မှာ Like ပေါင်း သိန်းဂဏန်းနှင့် ပြန်လည် မျှဝေမှု ၈ သန်းအထိရရှိခဲ့သည်။

အရာအားလုံးမှာ ဝူချန်ချိုင် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။

လူထု၏ဝေဖန်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်သလို၊ ဂိမ်းသာ ဆက်လက် ရှိနေမည်ဆိုလျှင် ဆိုးဝါးသော သတင်းများမှာပင် အဖိုးတန်သော လူသိများမှုများ ဖြစ်လာပေလိမ့်မည်။

သို့သော် အရာအားလုံးမှာ သူ၏ပိုင်ဆိုင်မှု မဟုတ်တော့ပေ

🍋 Chapter 72

ယခင်ကကဲ့သို့ ကစားသမားအရေအတွက် အတိအကျ ပြန်မရလျှင်တောင်မှ အလွန်အမင်း ကွာခြားသွားလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဂိမ်းမှာ စမ်းသပ်ကာလတွင်သာ ရှိသေးရာ ဆာဗာကို တစ်ပတ်ခန့် ပိတ်ထားသော်လည်း ဂိမ်းအတွင်း ဝယ်ယူမှုများ မပြုလုပ်နိုင်သေးသဖြင့် ကစားသမားများအတွက် နစ်နာမှုမှာ အလွန်အမင်း မရှိလှပေ။

သို့သော် ကျိုးထျန်းကို အံ့အားသင့်စေသည်မှာ "Despair World ပြန်လာပါပြီ" ဟူသော Weibo ပို့စ် တင်လိုက်သည်နှင့် ကစားသမားများ ဂိမ်းထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာကြခြင်း ဖြစ်သည်။

လတ်တလောတွင် ရေပန်းစားနေသော သတင်းများကြောင့် ဂိမ်းကို မကစားဖူးသည့် သူများပင် "နေ့တိုင်း သတင်းတွေထဲ ပါနေတဲ့ ဒီဂိမ်းက ဘယ်လိုမျိုးလဲ" ဆိုပြီး စိတ်ဝင်တစားနှင့် ဒေါင်းလုဒ် ဆွဲလာကြသည်။

ဂိမ်းကို ဆော့ကြည့်ပြီးနောက်တွင်မူ သူတို့အားလုံး စွဲလမ်းသွားကြတော့သည်။

မိမိအခန်းထဲတွင် ထိုင်နေသော ကျိုးထျန်းသည် စိတ်လှုပ်ရှားနေသော နည်းပညာဒါရိုက်တာပေးပို့လာသည့် အချိန်နှင့်တစ်ပြေးညီ ဒေတာများကို ကြည့်ပြီး ပါးစပ်မစိနိုင်အောင် ပြုံးနေမိသည်။

"ဟားဟားဟား ဝူချန်ချိုင်ရေ ငါ မင်းကို တကယ် ကျေးဇူးတင်ရမယ် မင်းက ငါ့အတွက် ရတနာသိုက်ကြီး တစ်ခု ချန်ထားခဲ့တာပဲ မင်းက ပင်ပန်းခံ စိုက်ပျိုးခဲ့ပြီး အသီးအပွင့်ကိုတော့ ငါက ခူးစားရတယ် တကယ်ကို ပြည့်စုံလွန်းပါတယ်"

ဤကဲ့သို့ အားတက်ဖွယ်ဒေတာများကို မြင်လိုက်ရသဖြင့် ကျိုးထျန်းသည် မီးလောင်ရာ လေပင့်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် တရားဝင် Weibo အကောင့်ကို တိုက်ရိုက်ယူကာ ပို့စ်တစ်ခု ရေးလိုက်သည်။

"Despair World က သတိပေးပါရစေ ဆော့လို့ရတုန်း ဆော့ထားကြပါ၊ နောက်တစ်ခါ ဟက် မခံရခင် ပျော်ရွှင်စရာ အချိန်တွေကို တန်ဖိုးထားကြပါဦး"

ဤ Weibo ပို့စ်မှာ ချက်ချင်းနာမည်ကြီးသွားပြီး ရှာဖွေမှု အများဆုံး သတင်းများထဲတွင် အလီ၏သတင်းစာရှင်းလင်းပွဲကိုပင် ကျော်တက်ကာ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။

ပို့စ်အောက်တွင် မှတ်ချက်ပေါင်း ၁ သန်းကျော် ခဏချင်းပင် ရောက်ရှိလာခဲ့သည်။

"ဒါကတော့ တရားဝင်အကောင့်ကနေ ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်နေတာပဲ"

"ကိုယ့်အကြောင်းကိုယ် ဟာသလုပ်ပြီး လူမှုကွန်ရက် အသုံး ပြုသူတွေရဲ့ အလုပ်ကို လုနေတာလား"

"ယင်းချိုင် နည်းပညာကတော့ ထုံးစံအတိုင်း မဟုတ်ဘူးပဲ"

"Despair World က အကောင်းဆုံး မိုဘိုင်းဂိမ်း ဟုတ်မဟုတ်တော့ မသိဘူး၊ ဒါပေမဲ့ သတင်းအဖြစ်ဆုံးဂိမ်းဆိုတာတော့ သေချာတယ်"

"မင်းတို့က Weibo ကြည့်ဖို့ အချိန်ရနေသေးတာလား သွားပြီး ဒေါင်းလုဒ် ဆွဲလိုက်ကြတော့လေ၊ ဆော့လို့ရတုန်း ဆော့ပါဆိုနေမှ"

"ငါ့အထင်တော့ သူတို့ Weibo က ဂိမ်းထက်တောင် ပိုရယ်ရတယ်"

ဤ Weibo ပို့စ်တင်ပြီးနောက်တွင် ဂိမ်းဆော့သူ အရေအ တွက်နှင့် ဒေါင်းလုဒ်အရေအတွက်မှာ ၃၀ ရာခိုင်နှုန်း ထပ်မံ တိုးတက်လာခဲ့ပြီး ယခင် စံချိန်ဟောင်းကိုပင် ကျော်လွန်သွားခဲ့သည်။

"ဒီအရှိန်နဲ့ဆိုရင် နောက်အပတ်မှာ တရားဝင် ဖြန့်ချီတဲ့အခါ တစ်ပြိုင်နက် ကစားသူ ၄ သိန်းကျော်အထိ ရှိနိုင်တယ်"

"ဒါပေမဲ့ တစ်ပတ်လုံး ပိတ်ထားခဲ့ရတာဆိုတော့ တရားဝင် ဖြန့်ချီမယ့်ရက်က နောက်ဆုတ်ကောင်း ဆုတ်ရလိမ့်မယ် အရှိန်အဟုန်ကို ပြန်တည်ဆောက်ပြီး အစောပိုင်းကာလမှာ တစ်ပြိုင်နက် ကစားသူ ၅ သိန်းကျော်အထိ ရအောင် ကြိုးစားတာက အကောင်းဆုံးပဲ"

"တခြား နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Hagame ဆိုရင် ပထမလမှာတင် ဒေါ်လာ ၂၅၀ သန်းလောက် ရခဲ့တယ် Despair World လည်း အဲဒီလောက် ရနိုင်မယ်လို့တော့ မျှော်လင့်တယ်"

မည်သို့ပင်ဖြစ်စေ ကျိုးထျန်းမှာ ရှုံးစရာမရှိပေ။ အဆိုးဆုံး အခြေအနေတွင်ပင် ဤဂိမ်းကြောင့် သူရင်းနှီးမြှုပ်နှံထားသည့် ဒေါ်လာ ၁၀ သန်းမှာ သေချာပေါက် ပြန်ရပေလိမ့်မည်။

အင်တာနက်ပေါ်တွင် လူအများ စိတ်လှုပ်ရှားနေစဉ်မှာပင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်မှာ အမေရိကန် ရှယ်ယာဈေးကွက်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့ပြီး အလီ ၏ ရှယ်ယာများကို ဝယ်ယူရန် အဆင်သင့် ဖြစ်နေခဲ့သည်။

ဒေါ်လာ သန်း ၁၀၀ မှာ များပြားလှသည်ဟု ထင်ရသော် လည်း အမေရိကန် ရှယ်ယာဈေးကွက်ကြီးထဲတွင်မူ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ။

ဒေါ်လာ ၁ ထရီလီယံနီးပါးရှိသော ဈေးကွက်တန်ဖိုးနှင့် ယှဉ်လျှင် သန်း ၁၀၀ မှာ အလွန်ပင် နည်းပါးလှသည်။

တရုတ်စံတော်ချိန် ည ၉ နာရီ ၃၀ မိနစ်တွင် အမေရိကန် ရှယ်ယာဈေးကွက် တရားဝင် ဖွင့်လှစ်ခဲ့သည်။

အလီ၏ ဖွင့်ပွဲဈေးမှာ ၂၅၅.၇ ဒေါ်လာဖြစ်ပြီး အမြင့်ဆုံးဈေး ၂၉၉.၉၈ ဒေါ်လာနှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ စုစုပေါင်း ဈေးနှုန်းကျဆင်းမှုမှာ ၁၄.၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ဈေးကွက်ဖွင့်သည်နှင့် အလီ၏ရှယ်ယာများထဲသို့ ငွေများ အလုံးအရင်းဖြင့် စီးဝင်လာခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် သူ ကြေညာခဲ့သော အဓိက သတင်းကောင်း နှစ်ခုမှာ ရှယ်ယာဈေးနှုန်းကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။

၁၀ မိနစ်အတွင်းမှာပင် အလီ၏ရှယ်ယာဈေးမှာ ၂၇၀ ဒေါ်လာအထိ တက်သွားခဲ့ပြီး ထိုအရှိန်မှာ ရပ်တန့်မည့်ပုံ မပေါ်ပေ။

ကျိုးထျန်းသည် ဒေါ်လာ သန်း ၁၀၀ ကို ကြိုတင်ပြင်ဆင်ထားသော်လည်း ဈေးကွက်ထဲသို့ အပြည့်အဝ ဝင်ရောက်ရန် မိနစ်အနည်းငယ် ကြာမြင့်ခဲ့သည်။ သူ၏ ပျမ်းမျှ ဝယ်ယူဈေးမှာ ၂၆၁ ဒေါ်လာဖြစ်သည်။

ဆိုလိုသည်မှာ ၁၀ မိနစ်အတွင်းမှာပင် သူသည် ဒေါ်လာ ၃ သန်းကျော်အမြတ်ရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ ၁၀ ဆ အမြတ်တိုးချဲ့ခြင်းကို မတွက်ချက်ရသေးပေ။

ည ၁၀ နာရီခွဲတွင် အလီ၏ ရှယ်ယာဈေးမှာ ၂၇၄ ဒေါ်လာအထိ ရောက်ရှိသွားပြီး ဈေးတက်သည့် အရှိန်မှာ စတင်၍ နှေးကွေးလာခဲ့သည်။

ရင်းနှီးမြှုပ်နှံသူ အချို့ကအမြတ်ထုတ်ကာ ပြန်လည် ရောင်းချလာကြသဖြင့် ဈေးနှုန်း အနည်းငယ် ပြန်ကျသွားခဲ့ရာ ကျိုးထျန်းကို ထိတ်လန့်သွားစေသည်။

သူသည် ၁၀ ဆ အမြတ်တိုးချဲ့ခြင်းကို အသုံးပြုထားသဖြင့် အကယ်၍ ဈေးနှုန်း ၁၀ ရာခိုင်နှုန်းထက်ပို၍ ကျဆင်းသွားပါက သူ့ ငွေများအားလုံး ဆုံးရှုံးသွားမည် ဖြစ်သည်။

သို့သော် ရှယ်ယာဈေးနှုန်းမှာ လျင်မြန်စွာပြန်လည် တည်ငြိမ်သွားခဲ့သည်။

"အလီက ဒီလောက်နဲ့တင် ရပ်သွားမှာ မဟုတ်ပါဘူး ငါ ခန့်မှန်းထားတာအရ ဆိုရင် သူတို့မှာ အရန်အစီအစဉ် ရှိရမယ် လူထုရဲ့ ယုံကြည်မှုကို ပြန်ဝယ်ဖို့ ဒေါ်လာ သန်း ၁၀၀ အထိ သုံးဝံ့တယ်ဆိုတာက သူတို့ရဲ့ ရည်မှန်းချက်က အကြီးကြီးဆိုတာ သက်သေပြနေတာပဲ"

ကျိုးထျန်းသည် သူ၏ ဆုံးဖြတ်ချက်ကို ယုံကြည်ထားဆဲဖြစ်ပြီး ၂၉၀ ဒေါ်လာ ရောက်လျှင် ပြန်လည် ရောင်းချရန် သတ်မှတ်ထားသည်။

ဤပမာဏမှာ လွန်ခဲ့သော တစ်ပတ်က အလီ၏ ရှယ်ယာဈေးထက် အနည်းငယ် နည်းပါးသော်လည်း ကျိုးထျန်း၏ အလီအပေါ် ယုံကြည်မှုကို ဖော်ပြနေသည်။

"သတ္တိရှိမှ ပိုက်ဆံရမှာပေါ့ မင်းတို့ ၂၇၀ ကျော်လောက်နဲ့တင် ရပ်သွားလိမ့်မယ်လို့ ငါ မယုံဘူး"

နံနက် ၃ နာရီ ၃၀ မိနစ်၊ ဈေးကွက်ပိတ်ရန် မိနစ် ၃၀ အလိုတွင် ရုတ်တရက် သတင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အလီအုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အလီသည် Lighthouse Logistics ကုမ္ပဏီကြီးဖြစ်သော Lighthouse Express နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ရရှိတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

နှစ်ဖက်စလုံးမှာ လျှို့ဝှက်စွာ ၃ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီးဖြစ်ကာ လာမည့်အပတ်တွင် ၄ ကြိမ်မြောက် အဓိကဆွေး နွေးပွဲကို ကျင်းပမည် ဖြစ်သည်။

ဤသတင်း ထွက်ပေါ်လာသည်နှင့် တည်ငြိမ်နေသော ရှယ်ယာဈေးမှာ ချက်ချင်း ၂၈၀ ဒေါ်လာကို ကျော်ဖြတ်သွားခဲ့သည်။

ကျိုးထျန်းလည်း အိပ်ရေးပျက်ခံကာ အလီ၏နောက်ထပ် လှုပ်ရှားမှုကို စောင့်ဆိုင်းနေခဲ့သည်။ သူ ခန့်မှန်းထားသည့်အတိုင်းပင်။

နာရီဝက်အကြာတွင် အမေရိကန် ရှယ်ယာဈေးကွက် တရား ဝင် ပိတ်သိမ်းခဲ့သည်။ ကျိုးထျန်းလည်း ဈေးကွက်ထဲမှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့သည်။

ပိတ်သိမ်းဈေးမှာ ၂၉၂.၇၁ ဒေါ်လာ ဖြစ်ရာ ကျိုးထျန်း မျှော်လင့်ထားသည်ထက်ပင် ပိုခဲ့သည်။

နောက်ဆုံးတွင် ကျိုးထျန်းသည် ရှယ်ယာတစ်စုလျှင် ၂၉ ဒေါ်လာ အမြတ်ရရှိခဲ့သည်။

စုစုပေါင်း အမြတ်ငွေမှာ ဒေါ်လာ ၁၁ သန်း ရှိခဲ့သည်။ ၁၀ ဆ အမြတ်တိုးချဲ့ခြင်းနှင့် မြှောက်လိုက်သောအခါ ကျိုးထျန်းသည် ၆ နာရီခွဲအတွင်းမှာပင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော်ကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝန်ဆောင်ခများနှင့် ကြားခံခများကို နှုတ်လိုက်ပြီးနောက် စုစုပေါင်း ဒေါ်လာ ၁၀၂ သန်းကျော် ကျန်ရှိခဲ့သည်။

အရင်းနှင့် ပေါင်းလိုက်ပါက ကျိုးထျန်း၏နိုင်ငံရပ်ခြား အကောင့်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရှိနေပြီ ဖြစ်သည်။

အကယ်၍ ဤငွေများကို တရုတ်နိုင်ငံသို့ တရားဝင် နည်းလမ်းဖြင့် ပြန်လည် လွှဲပြောင်းလိုပါက အခွန် ၂၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည် ဖြစ်သည်။

ကျိုးထျန်းက ထိုငွေများကို အခြားနေရာတွင် အသုံးပြုရန် အစီအစဉ် ရှိထားသဖြင့် လောလောဆယ်တွင် ပြန်ထုတ်ရန် မရည်ရွယ်ပေ။

သူ့တွင် ပြည်တွင်း၌ ငွေသားလုံလောက်စွာ ရှိနေသဖြင့် ဤငွေများကို ပြန်သယ်လာရန် မလိုသေးပေ။

‘ဘဏ္ဍာရေးလောကက လူတွေ ဘာလို့ ဒီလောက် ချမ်းသာကြလဲဆိုတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ ပိုက်ဆံက အရမ်းမြန်မြန်ဝင်လာတာပဲ ငါတောင် တော်တော်လေး စိတ်ဝင်စားသွားပြီ’

ကျိုးထျန်းသည် ဤလောကမှ ကျွမ်းကျင်သူမဟုတ်ပေ။ ဤသည်မှာ ယင်းချိုင် နည်းပညာနှင့် ပတ်သက်သည့် ကိစ္စများကြောင့် တိုက်ဆိုင်စွာဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။

ထို့အပြင် ဤတစ်ကြိမ်တွင် သူသည် ရှယ်ယာတစ်ခုတည်းကိုသာ ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူသာ ရှယ်ယာဈေးကျဆင်းမှုကို ရင်းနှီးမြှုပ်နှံခဲ့ပြီး မိမိတွင် လုံလောက်သော အင်အားမရှိပါက နောက်ပိုင်းတွင် လက်တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။

ရှယ်ယာဈေးနှုန်းကို မသမာသောနည်းဖြင့် ချဆွဲခြင်းခံရသော မည်သည့်ကုမ္ပဏီမဆို ပြင်းထန်စွာ လက်တုံ့ပြန်လေ့ ရှိကြသည်။

ယခုအခါ မနက် ၄ နာရီကျော်နေပြီဖြစ်ရာ နောက်တစ်နာရီဆိုလျှင် မိုးလင်းတော့မည် ဖြစ်သည်။

ကျိုးထျန်းလည်း ပင်ပန်းနွမ်းနယ်လာခဲ့ပြီဖြစ်သည်။ လတ် တလောတွင် ကိစ္စများစွာ ဖြစ်ပျက်နေခဲ့ပြီး ယခုမှ အားလုံး အဆင်ပြေသွားသဖြင့် သူ အေးအေးဆေးဆေး အိပ်စက်ရန် လိုအပ်နေသည်။

သို့သော် အရာအားလုံးက သူ ထင်သလို ဖြစ်မလာခဲ့ပေ။ မနက် ၈ နာရီတွင် ကျိုးမိသားစု၏ အိမ်တံခါးကို အတင်းအ ကျပ် လာရောက် ခေါက်သံများ ထွက်ပေါ်လာခဲ့သည်။

"ဒုန်း! ဒုန်း! ဒုန်း!"

သူ့နားကို ခေါင်းအုံးနှင့် ပိတ်ထားသော်လည်း ထိုအသံများမှာ နားထဲသို့ ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

"တောက် ဘယ်သူလဲကွ တံခါးခေါက်တာက ခေါင်းတလားအဖုံးကို ရိုက်နေသလိုပဲ"

သူ၏ မိဘများမှာ စောစောထကာ လမ်းလျှောက်ထွက်ရင်း မနက်စာ ဝယ်ရန် ထွက်သွားကြသဖြင့် အိမ်တွင် သူတစ် ယောက်တည်း ရှိနေခြင်း ဖြစ်သည်။

သူသည် မကျေမနပ်ဖြင့် ထကာ တီရှပ်တစ်ထည်ကို ကောက်စွပ်ပြီး တံခါးဖွင့်ရန် ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။

သူ၏ မျက်လုံးများကို ပွတ်သပ်ရင်း တံခါးဖွင့်လိုက်ရာ သူ့ရှေ့တွင် သူ အမုန်းဆုံးသော ဆွေမျိုးဖြစ်သည့် သူ၏ အဒေါ်ဖြစ်သူ ရပ်နေသည်ကို တွေ့လိုက်ရသည်။

ကျိုးထျန်းသည် ဘာစကားမှ မပြောဘဲ တံခါးကို ဒိုင်းခနဲ ပြန်ပိတ်လိုက်ကာ ကုတင်ပေါ်သို့ ပြန်တက်ပြီး ဆက်အိပ်ရန် ပြင်လိုက်တော့သည်။

တံခါးဝတွင် ကျန်ခဲ့သော အဒေါ်ဖြစ်သူမှာ ကြောင်တောင် တောင် ဖြစ်သွားခဲ့သည်။

‘ခုနက တံခါးဖွင့်တာ ထျန်းထျန်း မဟုတ်လား သူ ဘာလို့ တံခါးကို အဲဒီလောက် မြန်မြန်ပြန်ပိတ်လိုက်တာလဲ’

စက္ကန့်အနည်းငယ်ကြာမှ အဒေါ်ဖြစ်သူ၏ မျက်နှာမှာ ဒေါသကြောင့် ပျက်ယွင်းသွားခဲ့သည်။

"ဒီကလေးမိုက် လူကြီးကို မြင်တာတောင် ယဉ်ကျေးမှု မရှိလိုက်တာ"

သူမက တံခါးကို ထပ်မံ ခေါက်ရန် ပြင်နေစဉ်မှာပင် သူ၏ မိဘများ မနက်စာကိုင်ကာ ဓာတ်လှေကားထဲမှ ထွက်လာကြသည်။

"ဟေး အမ ဘာကိစ္စရှိလို့ ဒီကို လာတာလဲ"

သူ့အမေက ဇဝေဇဝါဖြင့် မေးလိုက်သော်လည်း ကျိုးကျန့်ခန်းကမူ ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ မျက်နှာပျက်သွားခဲ့သည်။

"နိမိတ်မကောင်းတဲ့ လူတွေ ငါတို့အိမ်ရှေ့အထိ ရောက်လာကြပြန်ပြီပဲ"

သူ၏တိုးတိုးလေး ရေရွတ်သံကို ဇနီးဖြစ်သူက ကြားသွားရာ အကြည့်ဖြင့် အဆူခံလိုက်ရသည်။

All Chapters