အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
🍋 Chapter 75
"စားပွဲထိုး ဒီမှာ Caviar ရှိလား"
"ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျာ ဘယ်လိုအမျိုးအစားကို သုံးဆောင်ချင်ပါသလဲ ကျွန်တော်တို့ဆီမှာ အကောင်းဆုံးကတော့ ရုရှားစတာဂျွန်ငါးဥ ပါပဲခင်ဗျာ"
"ကောင်းပြီ အဲဒါပဲ ပေးပါ အလေးချိန် တစ်ဝက်လောက် ယူခဲ့လိုက်"
စားပွဲထိုးမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ တစ်ဝက် ဟုတ်လား ငါးဥခြောက်ကို အလေးချိန်နှင့် ဝယ်စားသည်ဟု သူ တစ်ခါမှ မကြားဖူးပေ။ သူ နားကြားမှားတာလား၊ သို့မဟုတ် ရှေ့ကလူကပဲ မှားပြောနေတာလား။
"စိတ်မရှိပါနဲ့ခင်ဗျာ ကျွန်တော်တို့ဆီမှာ အဲဒီလောက်အများကြီး မရှိပါဘူး ပုံမှန်အားဖြင့် ၁၀ ဂရမ် တစ်ပွဲချင်းစီပဲ တည်ခင်းတာပါ အရင်ဆုံး တစ်ပွဲလောက် မြည်းကြည့်မလားခင်ဗျာ"
"ဪ အဲဒီလောက် မရှိဘူးလား ဒါဆိုရင်လည်း တစ်ယောက်ကို တစ်ပွဲစီ ပေးလိုက်ပါ"
စားပွဲထိုးမှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။
ဒီလူက စားပြီးရင် ပိုက်ဆံမပေးဘဲ ထွက်ပြေးမည့်သူလား။
ဘယ်သူက ဒီလိုမျိုး အစားအစာတွေ မှာစားလို့လဲ။
"ဒါနဲ့ မှိုရော ရှိလား"
"ကျွန်တော်တို့ဆီမှာ မှိုအမည်းနဲ့ လုပ်ထားတဲ့ ထမင်း နဲ့ မှိုစွပ်ပြုတ် ရှိပါတယ်ခင်ဗျာ"
"ဒါဆိုရင်လည်း ထမင်းရော စွပ်ပြုတ်ရော တစ်ယောက်တစ်ပွဲစီ ပေးပါ"
"ဘယ်လိုလဲ အဒေါ် ဒါဆိုရင် လောက်ပြီလား"
ကျိုးထျန်းက အဒေါ်ဖြစ်သူကို အလွန်ပင် ယဉ်ကျေးစွာ မေးလိုက်သည်။
'အဒေါ် ကြိုက်တာမှာပါ၊ သားမှာ ပိုက်ဆံရှိပါတယ်' ဟူသော အဓိပ္ပာယ်မျိုး ဖြစ်သည်။
"လောက်ပါပြီ ထျန်းထျန်းရယ် မင်းက ပိုပိုပြီး လူတတ်လာတာပဲ ညည်းတို့ မိသားစုကလည်း ဒီလို အနောက်တိုင်းစာတွေကို ခဏခဏ စားသင့်တာပေါ့အေ့ အိမ်က ဆိုင်သေးသေးလေးမှာပဲ အမြဲတမ်း စားမနေပါနဲ့ တရုတ်စာက ဆီတွေများပြီး ကျန်းမာရေးနဲ့ မညီညွတ်ဘူးလေ၊ အနောက် တိုင်းစာကမှ ပိုကောင်းတာ"
ကျိုးထျန်းအတွက်မူ သူမ၏ စကားများမှာ "ဝု ဝု ဝု" ဟူသော အသံများကဲ့သို့ပင်။
အနောက်တိုင်းကို အထင်ကြီးလွန်းသော ခွေးတစ်ကောင်မှာ ထိုသို့သာ ဟောင်တတ်သည် မဟုတ်ပါလား။
ကျိုးထျန်း၏ စေတနာကြောင့် ဤထမင်းဝိုင်း၏ တန်ဖိုးမှာ ယွမ် ၄၀,၀၀၀ နီးပါး ရှိသွားပြီ ဖြစ်သည်။
ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ရောက်လာသည်နှင့်အမျှ ထိုစားပွဲပေါ်ရှိ အဆင့်မြင့် အစားအစာများကို ကြည့်ကာ မောက် မာနေသော ဂျော့ခ်ျမျက်နှာမှာလည်း တဖြည်းဖြည်း ပြေလျော့လာခဲ့သည်။
နာရီဝက်ခန့် စားသောက်ပြီးနောက် အဒေါ်ဖြစ်သူက မေးလာသည်။
"ထျန်းထျန်း ဟိုဝိုင်နှစ်ပုလင်းကို မဖွင့်တော့ဘူးလား"
"အဒေါ် အခုက နေ့လယ်စာပဲ ရှိသေးတာဆိုတော့ မသောက်တော့ပါဘူး ခဏနေရင် ဒါကိုပဲ အိမ်ပြန်ယူသွားလိုက်ကြတာပေါ့"
ထိုစကားကို ကြားလိုက်ရသည်နှင့် အဒေါ်ဖြစ်သူ မျက်နှာမှာ အပြုံးများဖြင့် ပြည့်သွားခဲ့သည်။
ဤဝိုင်နှစ်ပုလင်းတင် သူမ၏ သူငယ်ချင်းများကြားတွင် နှစ်ပေါင်းများစွာ ကြွားလုံးထုတ်ရန် လုံလောက်နေပြီ ဖြစ်သည်။
သူတို့အားလုံး စားသောက်ပြီးခါနီးတွင် ဂျော့ခ်ျက စတင် စကားပြောလာသည်။
"လူကြီးမင်းတို့နဲ့ အခုလို ပထမဆုံးအကြိမ် တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ ကျွန်တော့်အကြောင်းကို ရှောင်ရင်းဆီကနေ ကြားဖူးမယ်လို့ ထင်ပါတယ် ကျွန်တော်က ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုလောကမှာ အလုပ်လုပ်လာတာ ၈ နှစ်ကျော်ပါပြီ၊ Wall Street မှာ အကြာကြီး အလုပ်လုပ်ခဲ့ပြီး အခုမှ တရုတ်ပြည်ကို ပြန်လာတာပါ"
ဂျော့ခ်ျက Wall Street အကြောင်းကို သူပိုင်ဆိုင်သည့်အလား မောက်မာစွာ ပြောလိုက်သည်။
"အို မစ္စတာ ဂျော့ခ်ျက တကယ့်ကို တော်တာပဲ သား Wall Street အကြောင်း သိတာပေါ့၊ အဲဒီမှာရှိတဲ့ လူတွေအားလုံးက အရည်အချင်းရှိပြီး စကားပြောလည်း ကောင်းကြတာ အဲဒီကို ရောက်ဖူးတဲ့လူဆိုရင် ဘယ်သူမှ ပြန်မလာချင်ကြဘူးတဲ့လေ"
ကျိုးထျန်းက အားကျသည့်ပုံစံ ဖမ်းကာ မြှောက်ပင့်ပေး လိုက်သည်။
"အမေရိကန်က ကျွန်တော့်ရဲ့ ဒုတိယအိမ်လိုပါပဲ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အဆင့်မြင့်လှပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ မိခင်နိုင်ငံကို ပြန်လာပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီးအကျိုးအမြတ် ရစေချင်လို့ပါ"
ဂျော့ခ်ျက တကယ်ကြီး ယုံကြည်ချက်ရှိရှိနှင့် ပြောလိုက်ခြင်း ဖြစ်သည်။
"အဒေါ်ပြောတာတော့ အန်ကယ်က တစ်နှစ်ကို ၃၀ ရာခိုင် နှုန်း အမြတ်ပေးနိုင်တယ်ဆို အဲဒါ တကယ်လား"
ကျိုးထျန်း၏အမေးကို ဂျော့ခ်ျက အေးဆေးစွာ ပြုံးပြလိုက်သည်။
"ဒါပေါ့ မဟုတ်ပါဘူး!"
ကျိုးထျန်းက သူ့ အဖြေကြောင့် အံ့သြသွားသလိုမျိုး လုပ်လိုက်သည်။
ဝမ်းကွဲဖြစ်သူမှ ဂျော့ခ်ျကို ချက်ချင်းလက်ကုပ်လိုက်သည်။
"ကိုကို ဘာတွေ ပြောနေတာလဲ ကိုကိုလို လူမျိုးက မလုပ်နိုင်စရာ ရှိလား"
ဂျော့ခ်ျက ပြုံးမြဲပြုံးလျက်ပင်
"၃၀ ရာခိုင်နှုန်း မဟုတ်ပါဘူး ကျွန်တော် ၄၀ ရာခိုင်နှုန်းအထိ လုပ်ပေးနိုင်ပါတယ်!"
ကျိုးထျန်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ပိုအဓိပ္ပာယ်ရှိလှသည်။
ဝမ်းကွဲဖြစ်သူကလည်း ထိုအဖြေကို ကြားသောအခါ ဂျော့ခ်ျ လက်မောင်းကို ဂုဏ်ယူစွာ ပုတ်လိုက်သည်။
"ဒါဆိုရင် ကျွန်တော် တစ်နှစ်ကို ယွမ် ၂ သန်း ရင်းနှီးရင် နောက်တစ်နှစ်မှာ ၂.၈ သန်း ပြန်ရမှာပေါ့ ဟုတ်လား"
"ဟုတ်ပါတယ် မင်းပြောတာ မှန်တယ်"
ကျိုးထျန်း စိတ်ပျက်လက်ပျက် ပုံစံဖြင့် သူ့ အိတ်ကပ်ထဲမှ Rainbow Daytona နာရီကို ထုတ်ကာ လက်ကောက်ဝတ်တွင် ဖြည်းဖြည်းချင်း ပတ်လိုက်သည်။
"ဒါကို သိရင် သား ဒီနာရီကို ဝယ်မှာ မဟုတ်ပါဘူး ဒီ ၂ သန်းကို အန်ကယ့်ဆီမှာပဲ အပ်လိုက်တာ ပိုကောင်းဦးမယ်"
'ဟွမ်ရှုကျဲထံမှ အချဉ်ဓာတ် +၈၉!'
'ကျန်းရင်းထံမှ အချဉ်ဓာတ် +၈၇!'
'ချောင်ပေါင်ကန်းထံမှ အချဉ်ဓာတ် +၉၉!'
ကျိုးထျန်းက အချဉ်ဓာတ် အချက်အလက်များကို စစ်ဆေးလိုက်သည်။
'ချောင်ပေါင်ကန်းတဲ့ နာမည်က တကယ့်ကို တောဆန်တာပဲ Wall Street ဟုတ်လား မင်းက Ivory တောင်က လာတာပဲ ဖြစ်ရမယ်'
မျက်နှာချင်းဆိုင်က သုံးယောက်မှာမူ ကြောင်အမ်းသွားကြသည်။ ဤနာရီက ယွမ် ၂ သန်းတောင် တန်သည်လား။
ဒီကလေးက ဘယ်လောက်တောင် ချမ်းသာနေတာလဲ။
"မစ္စတာ ဂျော့ခ်ျ ယွမ် ၅ သန်းလောက် ရင်းနှီးရင်ရော လက်ခံလား"
"လက်ခံတာပေါ့ သေချာပေါက် လက်ခံပါတယ်"
ဂျော့ခ်ျမှာ သိုးကြီးတစ်ကောင်နှင့် တွေ့ပြီဟု တွေးကာ ချက်ချင်းလေသံပြောင်းသွားသည်။
"ဪ အဲဒါဆိုရင် ပိုတောင် နှမြောဖို့ ကောင်းသေးတယ်"
ကျိုးထျန်း အိတ်ကပ်ထဲသို့ ထပ်မံ နှိုက်လိုက်ပြီး Bentley ကားသော့ကို ထုတ်ကာ ထိုသုံးယောက်ရှေ့တွင် ချထားလိုက်သည်။
" ဘာဖြစ်လို့ ကားဝယ်လိုက်မိပါလိမ့် ဒီ ၅ သန်းကို အန်ကယ့်ဆီ ပေးလိုက်ရင် ပိုကောင်းမှာပဲ မျက်စိတစ်မှိတ်အတွင်းမှာ ၇ သန်း ဖြစ်သွားမှာလေ ဒီတစ်ခါ ပိုက်ဆံတွေ အများကြီး ဆုံးရှုံးသွားပြီ"
'ဟွမ်ရှုကျဲထံမှ အချဉ်ဓာတ် +၉၉!'
'ကျန်းရင်းထံမှ အချဉ်ဓာတ် +၉၉!'
'ချောင်ပေါင်ကန်းထံမှ အချဉ်ဓာတ် +၉၉!'
ထိုသုံးယောက်လုံးမှာ Bentley တံဆိပ်ကိုမြင်သည်နှင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
'Rolex ပတ်ပြီး Bentley စီးနေတာလား ငါသာ သူ့ကို စောစော သိခဲ့ရင် အခုဆို ချမ်းသာနေလောက်ပြီ!'
အဒေါ်နှင့်ဝမ်းကွဲတို့မှာ တစ်ဦးကိုတစ်ဦး ကြောင်ကြည့်နေကြသည်။ အထူးသဖြင့် ဝမ်းကွဲဖြစ်သူဖြစ်သည်။
သူမသည် အမြဲတမ်း အိမ်ထောင်ရေးကို ဒုတိယဘဝဟု သတ်မှတ်ကာ အလွန်ချမ်းသာသော သူဌေးသားကို ရှာနေခဲ့သော်လည်း ယခုအချိန်အထိ Bentley စီးသော အမျိုးသားနှင့် တစ်ခါမှ မဆုံဖူးခဲ့ပေ။
အဒေါ်ဖြစ်သူမှာမူ ရင်ဘတ်ထဲတွင် တစ်မျိုးကြီးဖြစ်လာပြန်သည်။
အသက်ရှူရ ခက်ခဲလာသော ဤခံစားချက်မှာ သူမအတွက် ရင်းနှီးနေသလိုပင်။
ဂျော့ခ်ျမှာမူ သူ့ စိတ်ကူးယဉ် ကမ္ဘာထဲတွင် နစ်မျောနေဆဲ ဖြစ်သည်။ သူတို့ စိတ်ကူးယဉ်နေသရွေ့ ကျိုးထျန်းက ထိုစိတ်ကူးများကို ပိုလှပအောင် လုပ်ပေးချင်သည်။
"ကြည့်စမ်း ပိုက်ဆံတွေအားလုံး အလဟဿ ဖြစ်ကုန်ပြီ၊ ဒါက ကျွန်တော်ရဲ့ အမှားပဲ ဒါပေမဲ့ ကံကောင်းတာက ဒီသန်းဂဏန်းလောက်က အကြွေစေ့လေးတွေပါပဲ" ဟု ကျိုးထျန်းက အတည်ပေါက် ပြောရင်း ဂျော့ခ်ျနားသို့ တိုးသွားလိုက်သည်။
"အန်ကယ် ပြောကြည့်ပါဦး အကယ်၍ ကျွန်တော် ယွမ် သန်း ၉၀ လောက်ကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အန်ကယ်က တစ်နှစ်ကို ၄၀ ရာခိုင်နှုန်း အမြတ်ပေးနိုင်သေးလား"
ထိုကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ဂျော့ခ်ျမှာ တံတွေးကို အနိုင်နိုင် မြိုချလိုက်ရသည်။
"သန်း သန်း သန်း ၉၀ ဟုတ်လား ငါ နားကြားမမှားပါဘူးနော် သန်း ၉၀ ဆိုတာ သန်း ၁၀၀ နီးပါးပဲ!"
'ဒီကောင်က တကယ်ကို ဘီလီယံနာ တစ်ယောက်ပဲ!'
'သန်း ၉၀ သာ ငါ့လက်ထဲ ရောက်လာရင် ငါ တစ်သက်လုံး ဘာမှ ပူစရာမလိုတော့ဘူး'
ဂျော့ခ်ျမှာ ဝမ်းသာအားရ ဖြစ်နေပြီး သူ့ မျက်လုံးများထဲတွင် လောဘဇောများ ဖုံးလွှမ်းနေသည်။
ကျိုးထျန်း ခန့်မှန်းထားသည့်အတိုင်းပင် သူသည် ကျိုးမိသားစုထံမှ ပိုက်ဆံများကို လိမ်ယူရန်ကြံစည်နေခြင်း ဖြစ်သည်။
သူသည် အဒေါ်ဖြစ်သူကို ရင်းနှီးမြှုပ်နှံသူ ရှာပေးနိုင်ပါက ၁၀ ရာခိုင်နှုန်း ကော်မရှင်ပေးမည်ဟု ပြောကာ စွဲဆောင်ထားခြင်းဖြစ်သည်။
ယွမ် ၅ သန်းဆိုလျှင် ယွမ် ၅ သိန်း ကော်မရှင် ရမည်ဖြစ်သည်။ အဒေါ်ဖြစ်သူအတွက်မူ ဤပမာဏမှာ အလွန်ဆွဲဆောင်မှု ရှိလှသည်။
သူမ၏ စိတ်ထဲတွင် သူမက အကျိုးအမြတ် ရရှိမည်ဖြစ်ပြီး ကျိုးမိသားစုက ပိုက်ဆံဆုံးရှုံးသွားမည်ကိုပင် သူမက ကျေနပ်နေခြင်းဖြစ်သည်။
သူမသည် ပိုက်ဆံပေးလိုက်ပြီးလျှင် ပြန်ရရန် ခက်ခဲမည်ကို သိသဖြင့် အကြွေးစာချုပ်လက်မှတ်မထိုးခြင်း ဖြစ်သည်။
ကျိုးထျန်းသည် ဂျော့ခ်ျ၏တုန်ရီနေသော လက်များကို ကြည့်ကာ အဒေါ်ဖြစ်သူဘက်သို့ လှည့်လိုက်သည်။
အဒေါ်ဖြစ်သူမှာလည်း သန်း ၉၀ ဟူသော အသံကို ကြားရသဖြင့် ပါးစပ်မစိနိုင်အောင် ပြုံးနေသည်။
သန်း ၉၀ ဆိုလျှင် သူမက ယွမ် ၉ သန်း ကော်မရှင်ရမည်ဖြစ်သည်။ ထိုငွေဖြင့် ရှန်ဟိုင်းတွင် အိမ်ကောင်းကောင်း တစ်လုံး ဝယ်နိုင်ပြီ မဟုတ်ပါလား။
သူမသည် သူမ၏ အိမ်ဟောင်းကြီးတွင် နေရသည်မှာ ငြီးငွေ့နေပြီ ဖြစ်သည်။
"ညီလေး ငါ ဒီလိုပဲ ပြောပါ့မယ်၊ အကယ်၍ မင်းက ငါ့ကို ယွမ် သန်း ၉၀ ပေးနိုင်မယ်ဆိုရင် မင်းရဲ့ ဘဝကို နှစ်နှစ်အတွင်းမှာ ပြောင်းလဲပေးမယ်လို့ ငါ အာမခံတယ်!"
ချောင်ပေါင်ကန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အခေါ်အဝေါ်ပင် ပြောင်းသွားခဲ့သည်။
"အန်ကယ်က အဲဒီလို ပြောမှတော့ ကျွန်တော်ကလည်း ပိုက်ဆံပေးချင်တာပေါ့"
ကျိုးထျန်း ပိုက်ဆံပေးမည်ဟု ပြောလိုက်သဖြင့် ထိုသုံးယောက်လုံးမှာ စားပွဲအောက်တွင် တစ်ဦးကိုတစ်ဦး လက်တို့ကာ ဝမ်းသာနေကြသည်။
"ဒါပေမဲ့ နှမြောဖို့ကောင်းတာက”
🍋 Chapter 76
ကျိုးထျန်းက ရုတ်တရက် သက်ပြင်းချလိုက်ရာ သူ၏ မျက်နှာတွင် နောင်တရရိပ်များ ဖုံးလွှမ်းသွားသည်။
"နှမြောဖို့ ကောင်းလိုက်တာ တကယ့်ကို နှမြောဖို့ ကောင်းတာပဲ"
မျက်နှာချင်းဆိုင်က သုံးယောက်မှာ ထိုစကားကြောင့် ကြောင်သွားကြသည်။ ထိုအမူအရာ၊ ထိုစကားလုံးများ သူတို့ နှစ်ခါလောက် ကြားဖူးနေသလိုပင်။
"အကယ်၍ ကျွန်တော်က အန်ကယ့်ဆီမှာ သန်း ၉၀ လုံး အပ်လိုက်ရင် နှစ်နှစ်အတွင်းမှာ သန်း ၁၈၀ ဖြစ်လာမှာပေါ့ အဲဒါကို အတိုးပေါ် အတိုးဆင့် နဲ့ ပြန်တွက်ရင် ခဏလေး ကျွန်တော် တွက်ကြည့်ဦးမယ်"
ကျိုးထျန်း အတည်ပေါက်ဖြင့် ဖုန်းကို ထုတ်ကာ တွက်ချက်လိုက်သည်။
"နှစ်နှစ်မှာ သန်း ၁၈၀၊ အဲဒါကို တစ်နှစ် ၅၀ ရာခိုင်နှုန်းနဲ့ ထားရင် ၅ နှစ်အကြာမှာ အရင်းရော အတိုးရော သန်း ၆၈၀ ကျော်မယ်"
"၁၀ နှစ်ဆိုရင် ၅.၂ ဘီလီယံ နီးပါး"
"အနှစ် ၂၀ ဆိုရင် ဘီလီယံ ၃၀၀ နီးပါး ဖြစ်လာမှာပဲ၊ အဲဒီအချိန်ကျရင် ကျွန်တော်က အသက် ၃၈ နှစ်ပဲ ရှိဦးမယ်၊ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ဖြစ်နေပြီ"
"အနှစ် ၃၀ ဆိုရင် ၁၇ ထရီလီယံ ကျွန်တော်က ၄၈ နှစ်မှာ ကမ္ဘာကြီးကိုတောင် အုပ်စိုးလို့ ရနေပြီ"
"နောက်ထပ် နှစ်အနည်းငယ်ဆိုရင် ကမ္ဘာမြေကို စွန့်ခွာပြီး စကြဝဠာ တစ်ခုလုံးကိုတောင် ဝယ်လို့ရပြီ"
ကျိုးထျန်း တွက်ချက်မှုကို ရပ်လိုက်ပြီး ဖုန်းကို ချကာ ဂျော့ခ်ျ၏လက်များကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။
"မစ္စတာချောင် ကျွန်တော် ဒီနေ့မှပဲ သိတော့တယ်! အန်ကယ်သာ ရှိရင် ကျွန်တော် အသက် ၄၈ နှစ်မှာတင် လူသားသမိုင်းမှာ အချမ်းသာဆုံးဖြစ်တော့မှာပဲ!"
"ကျွန်တော်က အမြဲတမ်း နာရေးသုံး ငွေစက္ကူတွေမှာ ရေးထားတဲ့ ကိန်းဂဏန်းတွေက များလွန်းတယ်လို့ ထင်ခဲ့တာ အခုတော့ ကျွန်တော် စိတ်ပြောင်းသွားပြီ၊ အဲဒီ ဂဏန်းတွေကတောင် ကျွန်တော်နဲ့ မတန်သေးဘူး"
"အန်ကယ်သာရှိရင် ဂျက်မားကိုလည်း ခြေထောက်အောက်မှာ ထားလို့ရတယ်၊ Bezos ကိုလည်း လက်သီးနဲ့ ထိုးလို့ရတယ်"
(TN - Bezos ဆိုတာ အမေရိကန်က Amazon ဆိုတဲ့ ကုမ္ပဏီကို ပိုင်တဲ့လူပါ)
"Buffett တို့၊ ဆိုရောစ် (Soros) တို့ဆိုတာ အန်ကယ့်ရှေ့မှာ မူလတန်းကျောင်းကျွန်တော်တွေပါ၊ မဟုတ်ဘူး သူငယ်တန်းတောင် မအောင်သေးတဲ့ ကလေးတွေပါ"
(TN – Buffett နဲ့ Soros ဆိုတာကလည်း ကမ္ဘာ့လူချမ်းသာစာရင်းထဲမှာပါတဲ့ ဘီလီလျံနာ စာရင်းဝင်တွေပါ)
"အန်ကယ်က ဘဏ္ဍာရေးလောကရဲ့ တကယ့် နတ်ဘုရားပဲ!"
ကျိုးထျန်း ဂျော့ခ်ျ၏လက်ကို ဝမ်းသာလွန်း၍ မျက်ရည်ကျလုမတတ် ဆက်တိုက် လှုပ်ယမ်းနေသည်။
"လူတွေက ပြောလေ့ရှိတယ်၊ သန်းပေါင်းများစွာ ဆုံးရှုံးသွားသလို ခံစားရတယ်တဲ့ ကျွန်တော်ကတော့ ထရီလီယံပေါင်းများစွာ ဆုံးရှုံးသွားတာပါ!"
ချောင်ပေါင်ကန်းမှာမူ စိတ်ထဲတွင် မရိုးမရွ ဖြစ်လာသည်။
'ငါ ပြောတာတွေက အရမ်းများသွားတာလား'
'ဒီကောင်က ဘာဖြစ်လို့ ဒီလောက်စိတ်လှုပ်ရှားနေတာလဲ သူ ရူးသွားတာလား'
သူသည် ကျိုးထျန်း ဆုပ်ကိုင်ထားသော သူ့ လက်ကို အတင်း ဆွဲထုတ်လိုက်ရသည်။
"အဲ မစ္စတာ ကျိုး စိတ်အေးအေး ထားပါဦး ခုနက 'နှမြောဖို့ ကောင်းတယ်' ဆိုတာ ဘာကို ပြောတာလဲ"
ကျိုးထျန်း ဗိုက်ကို နှိပ်ကာ တော်တော်နှင့် ရယ်မော၍ မပြီးနိုင်ပေ။
"နှမြောဖို့ ကောင်းတယ်ဆိုတာက ကျွန်တော် အဲဒီ သန်း ၉၀ လုံးကို သုံးပစ်လိုက်လို့လေ!"
ချောင်ပေါင်ကန်း၏မျက်လုံးများမှာ မီးသီးကြီးများကဲ့သို့ ပြူးထွက်သွားသည်။
"သုံးလိုက်တယ်? သန်း ၉၀ လုံးကို သုံးပစ်လိုက်တာလား"
"ဟုတ်တယ် ကျွန်တော်က ပိုက်ဆံကို ဝှက်မထားတတ်ဘူးလေ၊ ရှိရင်ကုန်အောင် သုံးရမှ စိတ်ချမ်းသာတာ အန်ကယ်သာ တစ်ပတ်လောက် စောလာရင် ကျွန်တော် အကုန် သုံးဖြစ်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် နှမြောဖို့ကောင်းတယ်လို့ ပြောတာပေါ့"
ကျိုးထျန်း လက်ဝှေ့ယမ်းရင်း သက်ပြင်းချလိုက်သည်။
အဒေါ်ဖြစ်သူမှာ ချောင်ပေါင်ကန်းထက်ပင် ပိုစိတ်လှုပ်ရှားနေပြီး အော်ဟစ်တော့မည့် အတိုင်းပင်။
"ကျိုးထျန်း! နင် သန်း ၉၀ လုံးကို သုံးပစ်လိုက်တယ် ဟုတ်လား!"
"နင်လို ဖြုန်းတီးတဲ့ကောင်က ဘယ်မှာ သွားသုံးလိုက်တာလဲ ငါ့ကို အခုချက်ချင်း ပြောစမ်း!"
သူမ၏စူးရှသော အသံကြောင့် စားသောက်ဆိုင်အတွင်းရှိ အခြား ဧည့်သည်များက လှည့်ကြည့်ကုန်ကြသည်။
"အဒေါ် ဒါက အနောက်တိုင်း စားသောက်ဆိုင်လေ၊ အသံလေး နည်းနည်း လျှော့ပါဦး နိုင်ငံခြားသားတွေက အသံတိုးတိုးပဲ ပြောကြတာ"
ကျိုးထျန်း သူမကို မျက်စောင်းထိုးရင်း စနောက်လိုက်သည်။
ထိုစကားကြောင့် အဒေါ်ဖြစ်သူမှာ ဒေါသကို မနည်း ထိန်းထားရပြီး အသက်ကို လုရှူနေရသည်။
ယွမ် ၉ သန်း ကော်မရှင်! ငါ့ရဲ့ အိမ်ကြီး၊ ငါ့ရဲ့ ပိုက်ဆံတွေ!
သူမ၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး နှလုံးခုန်နှုန်းမှာ ၁၂၀ ကျော်သွားသည်။
သွေးတိုးနှုန်း မြင့်တက်လာကာ နဖူးပေါ်ရှိ သွေးကြောများမှာလည်း ထောင်ထွက်လာခဲ့သည်။
"ပြောစမ်း! အဲဒီ ပိုက်ဆံတွေ ဘယ်မှာ သုံးလိုက်တာလဲ!"
"အဲဒါကို သိချင်ရင် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်လေ"
ကျိုးထျန်းက တည်ငြိမ်စွာပင် ညွှန်ပြလိုက်သည်။
ပြတင်းပေါက် အပြင်ဘက်တွင် Juma လမ်း နံပါတ် ၃၀၀ ရှိ ရှေးဟောင်း ဗီလာကြီးမှာ ငြိမ်သက်စွာ ရှိနေသည်။
ကျိုးထျန်းသည် ဤစားသောက်ဆိုင်နှင့် နေရာကို သေချာ ရွေးချယ်ထားခြင်းဖြစ်သည်။
၎င်းမှာ အိမ်ကို အကောင်းဆုံးမြင်နိုင်သည့် နေရာဖြစ်သော ကြောင့်ပင်။
"ဘာ? ဘာရှိလို့လဲ ဘယ်ကို ညွှန်ပြနေတာလဲ"
အဒေါ်နှင့် ဝမ်းကွဲတို့မှာ ဇဝေဇဝါ ဖြစ်နေကြသလို ချောင်ပေါင်ကန်းကလည်း လိုက်ကြည့်နေသည်။
ကျိုးထျန်း၏ မိဘများပင်လျှင် သူ ညွှန်ပြသည့်ဘက်ကို ကြည့်ကာ ကြောင်နေကြသည်။
မိဘများကမူ သန်း ၉၀ အတွက် စိုးရိမ်ခြင်းမရှိပေ။ သူတို့ ပိုင်ဆိုင်မှုအားလုံး ပေါင်းလျှင်ပင် သန်း ၉၀ မရှိသဖြင့် ကျိုးထျန်း လျှောက်ပြောနေသည်ဟုသာ ထင်နေကြသည်။
ကျိုးထျန်းကလည်း သူတို့ကို လိမ်ထားခြင်းဖြစ်သည်။ အိမ်ကို ယွမ် သန်း ၆၀ နှင့်သာ ဝယ်ထားသော်လည်း အဒေါ်ဖြစ်သူကို နှိပ်စက်ရန်အတွက် ကိန်းဂဏန်းကို မြှင့်ပြောလိုက်ခြင်း ဖြစ်သည်။
"ဒီမှာလေ! မြင်လား ဘယ်လို မျက်စိတွေလဲ၊ ဒီလောက်ကြီးတဲ့ အိမ်ကို မမြင်ဘူးလား"
"အိမ် ဘယ်အိမ်လဲ နင် ပြောတာက"
အဒေါ်ဖြစ်သူမှာ လမ်းတစ်ဖက်ခြမ်းက ဗီလာအိမ်ကြီးကို မြင်နေရသော်လည်း သူမ မယုံကြည်နိုင် ဖြစ်နေသည်။
"ဟုတ်တယ် အဲဒီအိမ်ပဲ၊ ယွမ် သန်း ၉၀ တန်တယ်၊ ကျွန်တော် ဝယ်လိုက်ပြီ"
'ဟွမ်ရှုကျဲထံမှ အချဉ်ဓာတ် +၉၉!'
'ကျန်းရင်းထံမှ အချဉ်ဓာတ် +၉၉!'
'ချောင်ပေါင်ကန်းထံမှ အချဉ်ဓာတ် +၉၉!'
"နင် ဒါ ငါ"
အဒေါ်ဖြစ်သူမှာ ဘာစကားမှ မပြောနိုင်တော့ဘဲ မျက်နှာကို မှန်ပြတင်းပေါက်တွင် ကပ်ကာ လက်သည်းနှင့် ခြစ်နေမိသည်။
ကျိုးထျန်းကတော့ ကျေနပ်သွားခဲ့သည်။ သူ့ ယခုအခြေ အနေမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင်။
"အဒေါ် တကယ်တော့ ဒီအိမ်က သာမန်ပါပဲ၊ ၇၀၀ စတုရန်းမီတာ ကျော်ကျော်ပဲ ရှိတာလေ ခြံဝင်းကလည်း ၁၀၀၀ စတုရန်းမီတာလောက်ပဲ ရှိတာ သေးလွန်းပါတယ်၊ သေးလွန်းပါတယ်"
ကျိုးထျန်း၏ စကားများမှာ သူမ၏ နှလုံးကျွန်တော်ကို ဓားနှင့် ထိုးနေသကဲ့သို့ ရှိနေသည်။
"စတုရန်းမီတာ ၇၀၀ ကျော်!"
"ခြံဝင်းကလည်း ၁၀၀၀ ကျော်!"
မိမိအိမ်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ အဒေါ်ဖြစ်သူ၏ သွေးတိုးနှုန်းမှာ လူကျွန်တော်တို့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။ သူမသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီးနောက်တွင်
ဘုန်း!
အဒေါ်ဖြစ်သူမှာ ဝုန်းခနဲ မေ့လဲသွားခဲ့သည်။
"မေမေ! ဘာဖြစ်တာလဲ မေမေ နိုးပါဦး!"
ဝမ်းကွဲဖြစ်သူက ချက်ချင်းပင် ဒူးထောက်ကာ သူမ၏ မိခင်ကို ထိန်းလိုက်သည်။
ကျိုးထျန်းက ကြိုတင် ပြင်ဆင်ထားသည့်အတိုင်း အိတ်ထဲမှ နိုက်ထရိုဂလစ်ဆရင်း ဆေးပုလင်း တစ်ဝက်ကို ထုတ်ပေးလိုက်သည်။
ဘာဖြစ်လို့ တစ်ဝက်ပဲလဲဆိုလျှင် ထိုပုလင်းမှာ ပြီးခဲ့သည့်တစ်ခါ အဒေါ်ဖြစ်သူ မေ့လဲစဉ်က သောက်ခဲ့သော ဆေးပုလင်းဖြစ်သောကြောင့် ဖြစ်သည်။ မဖြုန်းတီးသင့်ပေ။
"ဝမ်းကွဲ မြန်မြန် တိုက်လိုက်"
ထို့နောက် သားအမိ နှစ်ယောက်ကို လျစ်လျူရှုကာ ချောင်ပေါင်ကန်းဘက်သို့ လှည့်လိုက်သည်။
"ဂျော့ခ်ျ မဟုတ်သေးဘူး၊ ချောင်ပေါင်ကန်း မင်း ရှန်ဟိုင်းကနေ မြန်မြန်ထွက်သွားတာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် မင်း ထွက်သွားလို့ရမှာ မဟုတ်တော့ဘူး"
ကျိုးထျန်း၏စကားကြောင့် ချောင်ပေါင်ကန်းမှာ ထိတ်လန့်သွားသည်။
"မင်း မင်း ငါ့နာမည်ကို ဘယ်လို သိတာလဲ!"
"ငါ မင်းနာမည်တင် မဟုတ်ဘူး၊ မင်းလုပ်ခဲ့သမျှ အကုန်လုံးကို သိတယ်"
ကျိုးထျန်းက အမှန်စစ်စစ်တွင် သူ့အကြောင်း ဘာမှမသိပေ။ အချဉ်ဓာတ် အချက်အလက်ထဲကနာမည်ကိုမြင်ပြီး လျှောက် ပြောလိုက်ခြင်းသာ။
သို့သော် အပြစ်ရှိသူမှာ ကြောက်တတ်သည့်အတိုင်း ချောင်ပေါင်ကန်းမှာ သေလုမတတ် လန့်သွားခဲ့သည်။
"ငါ အခုချက်ချင်း ထွက်သွားပါ့မယ် ငါ့ကို လွှတ်ပေးပါ၊ ငါက ပိုက်ဆံရချင်ရုံတင်ပါ မင်းကို နစ်နာအောင်လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး"
သူ့မျက်လုံးထဲတွင် ကျိုးထျန်းမှာ ကြောက်စရာကောင်းသော သားရဲကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
"သွားစမ်း မျက်စိနောက်တယ်"
ချောင်ပေါင်ကန်းမှာ ဘာမှ ပြန်မပြောရဲတော့ဘဲ ခေါင်းငုံ့ကာ တတ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးသွားတော့သည်။