အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
🍋 Chapter 81
ကျိုးထျန်း၏ မိသားစုမှာ စားသောက်ဆိုင် ဖွင့်ထားသူများ ဖြစ်သဖြင့် သူသည် ဟင်းချက်ပစ္စည်းများ၏ အရည်အသွေးကို အလွန်အမင်း အကဲခတ် တော်သူဖြစ်သည်။
ဤဟိုတယ်မှ ဟင်းလျာများသည် ပါဝင်ပစ္စည်းများမှာ ထိပ်တန်းအဆင့် ဖြစ်ရုံသာမက ချက်ပြုတ်မှုမှာလည်း အလွန်ပင် ကောင်းမွန်လှသည်။ အထူးသဖြင့် ငါးဟင်းမှာ အသားနူးညံ့ပြီး အရသာမှာ နတ်သုဒ္ဓါကဲ့သို့ပင်။
ငါးသိပ်မကြိုက်သော ကျိုးထျန်းပင်လျှင် အကြိမ်ကြိမ် မြည်းစမ်းမိသည်အထိ ဖြစ်သည်။ လျိုမုယန် ပြောသော ဘူးသွင်းငှက်သိုက်များနှင့် ပတ်သက်၍မူ ကျိုးထျန်းက လုံးဝ လက်မခံနိုင်ပေ။
ယွမ်ဆယ်ဂဏန်းသာ ပေးရသော ထိုအရာများမှာ ထုတ်ပိုးခ၊ သယ်ယူခနှင့် လုပ်သားခများကို ဖယ်လိုက်လျှင် ပါဝင်ပစ္စည်း တန်ဖိုးမှာ အလွန်နည်းပါးသွားပြီ ဖြစ်သည်။
မှိုဖြူဖြင့် လိမ်မကျွေးလျှင်ပင် ကျေးဇူးတင်ရမည့် အခြေအ နေ ဖြစ်သည်။
"မုယန်.. မင်း ငှက်သိုက်ကြိုက်ရင် ကိုယ် တစ်လတစ်ခါ ဝယ်ပေးမယ်၊ အိမ်မှာ ကိုယ်တိုင်ချက်စားတာ သင်လိုက်လေ ကိုယ်တို့က အကောင်းစားတွေပဲ စားသင့်တာ"
လျိုမုယန်က ခေါင်းခါလိုက်သည်။
"ဟင့်အင်း.. အဲဒါက ဈေးကြီးလွန်းပါတယ်၊ ပြီးတော့ နေ့တိုင်း စားဖို့ မလိုပါဘူး"
သူမသည် ကျိုးထျန်း ပိုက်ဆံဖြုန်းနေမည်ကို အမြဲတစေ ထိန်းသိမ်းပေးသူ ဖြစ်သည်။
"ကောင်းပြီလေ.. ဒါဆိုရင်တော့ အပြင်ထွက်တဲ့အခါ ဒီမှာ ခဏခဏ လာစားကြတာပေါ့"
ဟင်းပွဲများမှာ ပမာဏ နည်းလှသဖြင့် ကျိုးထျန်းက 'ကြက်သားဟင်း' တစ်ပွဲနှင့် 'အမဲနံရိုးကင်' တစ်ပွဲကို ထပ်မံ မှာယူလိုက်သည်။ အသားကို ဝဝလင်လင် စားရမှသာ သူ ကျေနပ်မည် ဖြစ်သည်။
ဒေါ်လေးပါမလာသဖြင့် သူတို့နှစ်ယောက် ထမင်းစားစရိတ်မှာ ယွမ် ၂,၀၀၀ ထက် မပိုပေ။
ယွမ် ၄၀,၀၀၀ ကျော် ကုန်ကျခဲ့သည်နှင့် စာလျှင် အများကြီး သက်သာလှသည်။
သူတို့နှစ်ယောက် စားသောက်ပြီးခါနီးတွင် ကျိုးထျန်းက စားပွဲထိုးကို လက်ပြလိုက်သည်။
စားပွဲထိုးသည် ချက်ချင်းစက္ကူအိတ်တစ်ခုကို ယူဆောင်လာပေးသည်။ ကျိုးထျန်းသည် ကားနောက်ခန်းတွင် ထည့်လာသော နာရီသေတ္တာကို စားသောက်ဆိုင်သို့ရောက်ကတည်းက ဝန်ထမ်းထံ အပ်နှံထားခဲ့ခြင်း ဖြစ်သည်။
ကြယ်ငါးပွင့် ဟိုတယ်၏ဝန်ဆောင်မှုမှာ တကယ်ပင် ချီးကျူးစရာ ကောင်းလှသည်။
စက္ကူအိတ်ကို လင်ဗန်းဖြင့် စနစ်တကျ သယ်ဆောင်လာပေးခြင်းမှာ အခမ်းအနားတစ်ခုကဲ့သို့ပင်။
"မုယန်.. ဒါက မင်းနဲ့ လိုက်ဖက်မယ်ထင်လို့ပေးတဲ့ လက် ဆောင်လေးပါ"
သူသည် အိတ်ထဲမှ သေတ္တာလေးကို ထုတ်ကာ လျိုမုယန်၏ ရှေ့သို့ တိုးပေးလိုက်သည်။
"ငါ လက်မခံပါဘူး"
လျိုမုယန်က တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
ကျိုးထျန်း ပေးသမျှမှာ ဈေးမနည်းကြောင်း သူမ သိပြီးသား ဖြစ်သည်။
"ကိုယ်က မင်းကို ပေးတာ မဟုတ်ပါဘူး၊ ကိုယ့်အတွက် ခဏ သိမ်းထားပေးပါလို့ ပြောတာပါ" သူသည် ယခင်ကအတိုင်း ဆင်ခြေပေးလိုက်သည်။
"အိမ်မှာ သိမ်းစရာနေရာမရှိလို့ပါ"
ကျိုးထျန်းသည် သူမ၏ ဘေးသို့ ခုံရွှေ့ထိုင်လိုက်ပြီး သေတ္တာကို ဖွင့်ကာ နာရီကို လျိုမုယန်၏လက်ကောက်ဝတ်တွင် ဝတ်ပေးလိုက်သည်။
လျိုမုယန် ဤနာရီကို သဘောကျမည်မှာ သေချာပေသည်။
သို့သော် လျိုမုယန်မှာ ဘာတုံ့ပြန်မှုမှ မရှိဘဲ မျက်လုံးကိုသာ မှိတ်ထားလိုက်သည်။
ကျိုးထျန်းမှာ သည်းမခံနိုင်တော့ဘဲ သူမ၏ မျက်နှာကို ဆွဲယူကာ နမ်းလိုက်သည်။
"ဝါး.."
ဘေးပတ်ဝန်းကျင်မှ စားသောက်နေသူများမှာ သူတို့နှစ်ယောက်ကို ဝိုင်းကြည့်ကုန်ကြသည်။
ဤလူငယ်နှစ်ယောက်မှာ တမင်တကာ လူအများအာရုံစိုက်အောင် လုပ်နေခြင်းလောဟု ထင်မှတ်နေကြသည်။ အမျိုး သမီးတစ်ဦးဆိုလျှင် စားသောက်ဆိုင် မန်နေဂျာကို ခေါ်ယူကာ တိုင်တန်းနေတော့သည်။
"ဒီနေရာက အဆင့်မြင့်တဲ့နေရာ မဟုတ်ဘူးလား? ဘယ်လိုဖြစ်လို့ လူတိုင်းကို ပေးဝင်နေရတာလဲ။ ကြည့်စမ်း.. အင်္ကျီအပေါစားတွေ ဝတ်ပြီး လူပုံအလယ်မှာ ဖက်နမ်းနေကြတာ စားလို့တောင် မဝင်တော့ဘူး"
မန်နေဂျာမှာ အားနာစွာဖြင့် ပြုံးပြနေရသော်လည်း စိတ်ထဲတွင်မူ 'ဒီမိန်းမတွေက ဈေးအပေါဆုံး ဟင်းသုံးပွဲမှာပြီး တစ်နာရီလုံး ဓာတ်ပုံရိုက်နေတာတောင် သူများကို ဝေဖန်ရဲသေးတယ်' ဟု ကျိန်ဆဲနေမိသည်။
လျိုမုယန်မှာ ရှက်ကိုးရှက်ကန်းဖြင့် ကျိုးထျန်းကို တွန်းထုတ်လိုက်သည်။
"ဘာလုပ်တာလဲ.. လူတွေ အများကြီး ရှိနေတာကို"
"ဘွဲ့နှင်းသဘင် အခမ်းအနားထက်တောင် လူများလို့လား" ကျိုးထျန်း ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
လျိုမုယန်မှာ ဘာမှ ပြန်မပြောနိုင်တော့ဘဲ သူမ၏ လက် ကောက်ဝတ်မှ နာရီကိုသာ သတိထားမိတော့သည်။
စားသောက်ဆိုင်၏ မီးရောင်အောက်တွင် သူမ လက်မှ နာရီမှာ စူးရှတောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။
ဝေဖန်နေသော အမျိုးသမီးများမှာ ထိုအလင်းကြောင့် မျက်စိကျိန်းမတတ် ဖြစ်သွားရသည်။
မန်နေဂျာသည် ထိုအမျိုးသမီးများ၏ ပါးစပ်အဟောင်းသား ဖြစ်နေမှုကို ကြည့်ကာ ဘာမှမပြောဘဲ ထွက်ခွာသွားခဲ့သည်။
လျိုမုယန်မျက်လုံးထဲတွင် ကျောက်မျက်ရတနာများကို မြင်နေရသကဲ့သို့ ကျိုးထျန်းမျက်လုံးထဲတွင်လည်း 'အချဉ်ဓာတ်' သတင်းအချက်အလက်များစွာ စီးဆင်းလာခဲ့သည်။
[ဟွမ်ရှောင်လီထံမှ အချဉ်ဓာတ် +၉၉!]
[နျူချွေဟွားထံမှ အချဉ်ဓာတ် +၉၉!]
[ဖန်းရှောင်ဟုန်ထံမှ အချဉ်ဓာတ် +၉၉!]
ဤမနာလိုမှု အချက်အလက်များမှာ အလွန်ပြင်းထန်လှသည်။ ကျိုးထျန်းသည် ဤမျှ မြင့်မားသော အချဉ်ဓာတ်များကို တစ်ခါမျှ မတွေ့ဖူးပေ။
သူသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ စတိုင်ကျကျ ဝတ်ဆင်ထားသော အမျိုးသမီးသုံးဦးက သူတို့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
'ဒီသုံးယောက်က ဘာဖြစ်နေတာလဲ၊ မြေပြင်ကို ဆင်းသက်လာတဲ့ အချဉ်ဓာတ် နတ်သမီးတွေလား' ဟု သူတွေးလိုက်မိသည်။
လျိုမုယန်က သူမ နှုတ်ခမ်းကို ကိုက်လျက် ကျိုးထျန်းကို တိုးတိုးလေး မေးလိုက်သည်။
"ကျိုးထျန်း.. ဒီနာရီက ဘယ်လောက် ပေးရတာလဲ၊ အမှန်အတိုင်းပြောနော်၊ လိမ်လို့ မရဘူး"
သူမ ဤနာရီကို တကယ် သဘောကျသော်လည်း ဈေးနှုန်းကိုသိချင်နေသည်။
"အရင် နာရီထက်တော့ နည်းနည်းပိုဈေးကြီးတယ်"
"ဘယ်လောက်လဲလို့"
"သုံးရာ့ငါးဆယ်"
လျိုမုယန်မှာ အံ့အားသင့်သွားသည်။ သူမ ခန့်မှန်းထားသည်ထက်ပင် ပိုမိုဈေးကြီးနေခြင်း ဖြစ်သည်။
ကျိုးထျန်း သူမကို ဖက်ကာ ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။
"ဒီနာရီကမှ မင်းနဲ့ ထိုက်တန်တာပါ။ ပြီးတော့ ကိုယ် ပိုက်ဆံ အများကြီးမသုံးရင် မင်းကို ဆွဲဆောင်ထားနိုင်မှာ မဟုတ်ဘူးလေ"
လျိုမုယန် စိတ်ထဲတွင် ကြည်နူးသွားရသည်။
တစ်စုံတစ်ယောက်က သင့်အတွက် ပိုက်ဆံအများကြီး သုံးရဲခြင်းမှာ သူတို့၏ စိတ်ထဲတွင် သင့်ကို မည်မျှ တန်ဖိုးထားကြောင်း ပြသခြင်းပင်။
"ဝတ်ထားလိုက်ပါ.. နောက်ဆိုရင် ဟိုနာရီနဲ့ ဒီနာရီကို လဲဝတ်လို့ ရတာပေါ့"
"အင်း"
အဝေးမှ မနာလိုဖြစ်နေသူ သုံးဦးမှာ သူတို့စကားကို အသေအချာ နားထောင်နေကြသည်။
'လဲဝတ်ရမယ်တဲ့လား? ဒါ လူစကားလား?!' 'ဒီလိုနာရီမျိုးရှိရင် ငါ ဘယ်တော့မှ ငြီးငွေ့မှာ မဟုတ်ဘူး'
'နောက်တစ်ခါ ဒီဆိုင်ကို မလာတော့ဘူး၊ စိတ်ဒဏ်ရာရလွန်းလို့' ဟု သူတို့တွေးနေကြသည်။
သူတို့ထံမှ အချဉ်ဓာတ်များ ထပ်မံထွက်ပေါ်လာသဖြင့် ကျိုးထျန်းကပင် သူတို့ကို ကျေးဇူးတင်ချင်စိတ်ပေါက်သွားသည်။
သူတို့နှစ်ယောက် ကြည်နူးနေစဉ်မှာပင် စားသောက်ဆိုင် အဝင်ဝသို့ လူတစ်ယောက် ရောက်လာခဲ့သည်။
မန်နေဂျာသည် ထိုသူကို မြင်သည်နှင့် ပြေး၍ ကြိုဆိုခဲ့သော်လည်း ထိုသူက ဂရုမစိုက်ဘဲ ကျော်သွားခဲ့သည်။
ထိုသူသည် ကျိုးထျန်းတို့ စားပွဲဘေးမှ ဖြတ်သွားချိန်တွင် လျိုမုယန် လက်မှ နာရီကို မြင်သွားပြီး ရပ်တန့်လိုက်သည်။
ကျိုးထျန်း လှည့်ကြည့်လိုက်သောအခါ မျက်မှန်အနက်ရောင် တပ်ထားသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးမှာ အရပ် ၁.၈ မီတာကျော် မြင့်မားပြီး ကျိုးထျန်းနှင့် အရပ်တူညီနေသည်။
'ဒီလောက် ညဉ့်နက်နေတာကို မျက်မှန်အနက်ကြီး တပ်ထားရအောင် မျက်စိမကောင်းလို့လား၊ ဒါမှမဟုတ် မျက်စိကွယ်နေလို့လား' ဟု ကျိုးထျန်း တွေးလိုက်မိသည်။
သူမ၏ ရှေ့တွင် လက်ယမ်းပြလိုက်သောအခါ အမျိုးသမီးက မျက်မှန်ကို ချွတ်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်ကပင် မမြင်ရသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
'ဒီမိန်းမက အရှိန်အဝါတော်တော်ပြင်းတာပဲ၊ သူက ဘယ်သူလဲ'
ကျိုးထျန်းသည်လည်း အလျှော့မပေးဘဲ မျက်မှောင်ကြုတ်ကာ ပြန်ကြည့်လိုက်သည်။
ဘေးမှ မန်နေဂျာမှာမူ 'ဒီနှစ်ယောက်က အတွင်းအားတွေ ပြိုင်နေကြတာလား' ဟု စိတ်ပူနေတော့သည်။
ထိုအမျိုးသမီးမှာ အလွန်ပင် လှပသူဖြစ်သော်လည်း သူမ၏ မျက်ခုံးနှင့် မျက်ဝန်းများမှာ သူရဲကောင်းဆန်သော အငွေ့အ သက် ရှိနေသဖြင့် အလွန်ခန့်ညားထည်ဝါနေသည်။
အနက်ရောင်ဝတ်စုံနှင့် ဒေါက်ဖိနပ် မြင့်မြင့်တို့ကြောင့် သူမမှာ ကျိုးထျန်းထက်ပင် စင်တီမီတာ အနည်းငယ် ပိုမြင့်နေသည်။
ခဏအကြာတွင် အမျိုးသမီးက တည်ငြိမ်စွာ စကားပြောလာခဲ့သည်။
"ဒီနာရီအတွက် မင်း လိုချင်တဲ့ စျေးနှုန်းကိုပြောလိုက်ပါ”
🍋 Chapter 82
ကျိုးထျန်းသည် သူမ၏ စကားကို မှားကြားသည်ဟုပင် ထင်မှတ်သွားသည်။
"ဘာပြောလိုက်တာလဲ"
"ဒီနာရီအတွက် မင်း လိုချင်တဲ့ စျေးနှုန်းကို ပြောပါ၊ ငါ ဝယ်ချင်တယ်"
သူတို့၏ထမင်းဝိုင်းကို ရိုင်းပျစွာ ဖြတ်ပြောရုံသာမက ဤအမျိုးသမီးသည် ကျိုးထျန်းက လျိုမုယန်ကို ပေးထားသည့် လက်ဆောင်ကိုပါ ဝယ်ယူရန် ကြံစည်နေခြင်း ဖြစ်သည်။
"စိတ်မရှိပါနဲ့.. မရောင်းပါဘူး၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
ကျိုးထျန်းက ပြတ်သားစွာပင် ငြင်းပယ်လိုက်သည်။
"ယွမ် ၅ သန်းဆိုရင်ရော ဘယ်လိုလဲ"
ကျိုးထျန်း၏ သဘောထားကို လုံးဝ ဂရုမစိုက်သည့် ပုံစံမျိုး ဖြစ်သည်။
သူမ၏ ပုံစံကို ကြည့်ပြီး ကျိုးထျန်းက ပြုံးလျက်
"အကယ်၍ မင်းက ယွမ် သန်း ၅၀ ပေးမယ်ဆိုရင်တော့ ငါ စဉ်းစားပေးပါ့မယ်"
သူ၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်ရိပ်များ ယှက်သန်းသွားသည်။
"သန်း ၅၀ တော့ မတန်ဘူး၊ ၅ သန်းပေးမယ်.. ပြီးတော့ မင်းကို ဒီနေ့ကစပြီး Bulgari ရဲ့ ကမ္ဘာလုံးဆိုင်ရာ Diamond VIP အဖြစ် သတ်မှတ်ပေးမယ်၊ ဘယ်လိုလဲ"
မန်နေဂျာသည် အခြေအနေကို ကြည့်ကာ အမြန်ဝင်ရောက် မိတ်ဆက်ပေးခဲ့သည်။
"လူကြီးမင်း.. ဒါက ကျွန်မတို့ Bulgari Group ရဲ့ ဥက္ကဋ္ဌ မစ္စဟယ် ပါ"
ကျိုးထျန်းမှာ အံ့အားသင့်သွားသည်။ တစ်ခုခုတော့ မှားနေပြီ။
ဤအမျိုးသမီးသည် အသက် ၂၀ ကျော်ဝန်းကျင်သာ ရှိဦးမည်ဖြစ်ရာ ဤမျှ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဥက္ကဋ္ဌ ဖြစ်နေခြင်းမှာ ထူးဆန်းလှသည်။
'သေချာပေါက် ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဖြစ်ရမယ်'
"ကျွန်တော် VIP မလိုချင်သလို နာရီကိုလည်း မရောင်းနိုင်ဘူး။ လက်ဆောင်ဆိုတာ လက်ဆောင်ပဲလေ၊ ပိုက်ဆံနဲ့ တိုင်းတာလို့ မရဘူး"
ထိုအမျိုးသမီးသည် သူ့ကို ခဏတာ စိုက်ကြည့်နေပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီ.. စိတ်ပြောင်းသွားရင်တော့ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်"
ထို့နောက် သူမသည် မျက်မှန်ပြန်တပ်ကာ ထွက်ခွာသွားခဲ့သည်။
မန်နေဂျာသည် ကျိုးထျန်းကို အားနာစွာဖြင့် ပြုံးပြသည်။
"လူကြီးမင်းရှင့်.. တောင်းပန်ပါတယ်၊ ကျွန်မတို့ ဥက္ကဋ္ဌက စရိုက်က နည်းနည်း ထူးခြားလို့ပါ။ ဒီတစ်နပ်စာကိုတော့ ဟိုတယ်ကပဲ အလကားကျွေးပါရစေ"
ကျိုးထျန်းသည် ဝန်ထမ်းတစ်ယောက်ကို ဒုက္ခမပေးလိုသဖြင့် လက်ယမ်းပြလိုက်သည်။
"ဆိုလိုတာက ဒီတစ်နပ်စာက အလကားပေါ့ ဟုတ်လား"
"ဟုတ်ကဲ့ပါ.. စားသောက်ဆိုင်ကပဲ တာဝန်ယူပါ့မယ်"
ကျိုးထျန်းက လှည့်ကွက်ဖြင့် ပြုံးလိုက်သည်။
"အော်.. အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ Menu ကို နောက်တစ်ခါ ပြန်ယူလာခဲ့ပေးပါဦး"
"အင်.."
မန်နေဂျာမှာ ကျိုးထျန်း ဤသို့ ပြောမည်ဟု မထင်ထားပေ။
သို့သော် ပြောပြီးသား စကားဖြစ်သဖြင့် ပြန်ရုပ်သိမ်း၍ မရတော့ပေ။
'ဘာပဲဖြစ်ဖြစ် ဥက္ကဋ္ဌက ပိုက်ဆံရှင်းမှာပဲ၊ ငါနဲ့ ဘာဆိုင်လို့လဲ' ဟု မန်နေဂျာက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ကာ Menu ကို သွားယူပေးခဲ့သည်။
"ချမ်းသာတဲ့သူတွေရဲ့စိတ်က တကယ်ကို ခန့်မှန်းရခက်တာပဲ"
"ကျိုးထျန်း.. အဲဒီအမျိုးသမီးက တကယ့်ကို အထင်ကြီးစရာပဲနော်။ အဲဒီလို စူးရှတဲ့ အကြည့်မျိုးရှိတဲ့ မိန်းကလေးကို တစ်ခါမှ မမြင်ဖူးဘူး"
လျိုမုယန် သူမ၏ ရင်ဘတ်ကို ပွတ်ရင်း ပြောလိုက်သည်။
ကျိုးထျန်းသာ ဘေးမှာ မရှိလျှင် သူမ ထိုအမျိုးသမီးနှင့် စကားပြောရဲမည် မဟုတ်ပေ။
သူမသည် ကျောင်းကိုယ်စားလှယ်အဖြစ်စင်ပေါ်တွင် စကား ပြောလေ့ရှိသော်လည်း ယုံကြည်မှုပိုင်းတွင် ကျိုးထျန်းကို မမီပေ။
"ဟုတ်တယ်.. သူက တကယ်ကို အစွမ်းထက်ပုံရတယ်။ ညဘက်ကြီး မျက်မှန်အနက်တပ်ထားတာတောင် လမ်းမြင်ရသေးတယ်လေ"
လျိုမုယန်မှာ ဆွံ့အသွားရသည်။
'ငါ ဆိုလိုတာက အဲဒါ မဟုတ်ဘူးလေ'
"မုယန်.. ထပ်စားချင်တာ ရှိသေးလား၊ မှာပေးမယ်"
"ဒါ. သိပ်မကောင်းဘူး မဟုတ်လား" သူမက အားနာနေသော မန်နေဂျာကို ကြည့်ကာ ပြောလိုက်သည်။
"သူက စေတနာနဲ့ ကျွေးတာပဲ၊ မစားရင် ရေကုန်ရေခန်း မစားရင် သူ့ကို စော်ကားရာရောက်လိမ့်မယ်"
ကျိုးထျန်းသည် ပိုက်ဆံမရှားသော်လည်း အလကားစားရခြင်းကို သဘောကျသူ ဖြစ်သည်။
အထူးသဖြင့် ထိုအမျိုးသမီး ကျွေးသည့် အစားအစာကို သူ အားနာနေမည် မဟုတ်ပေ။
"Abalone နှစ်ပွဲ၊ ပုစွန်ကျော် တစ်ပွဲ၊ ငါးအူဟင်း နှစ်ပွဲ၊ မှိုဟင်းနဲ့ ဝက်သားတုံးကျော်.."
သူသည် ရူးသွပ်နေသူကဲ့သို့ ဟင်းပွဲများကို မှာယူလိုက်တော့ သည်။
"လူကြီးမင်းရှင့်.. ဒီစားပွဲက ဆံ့ပါ့မလား" မန်နေဂျာမှာ ဟင်းစာရင်းကို ကြည့်ပြီး ဘာပြောရမှန်း မသိတော့ပေ။
"မဆံ့ရင် စားပွဲတစ်ခု ထပ်ဆက်ပေးလိုက်လေ"
"ကောင်းပါပြီ.. အဲဒီအတိုင်း လုပ်ပေးပါ့မယ်"
မန်နေဂျာမှာ အလွန်ယဉ်ကျေးနေရခြင်းမှာ သူမ၏ အထက် လူကြီးမှာ စရိုက်ကြမ်းသူ ဖြစ်ခြင်းကြောင့်လည်း ပါဝင်သည်။
ပုံမှန်ဆိုလျှင် သူမသည် ငြင်းပယ်ခံရပါက ထိုသူများကို ဟိုတယ်မှ နှင်ထုတ်လေ့ရှိသော်လည်း ယနေ့တွင်မူ ဤလူငယ်ကို ဘာမှမလုပ်ခဲ့ပေ။
Baoge ဟိုတယ်အဖွဲ့အစည်းသည် သူမ တက်လာပြီးနောက် ပိုင်း အလွန် လျင်မြန်စွာတိုးတက်လာခဲ့သည်။
သူမ၏ ပြတ်သားသော ဆုံးဖြတ်ချက်များကြောင့် ကုမ္ပဏီအတွင်းမည်သူမှ သူမကို ဆန့်ကျင်ရဲခြင်း မရှိပေ။
ပြိုင်ဘက်များပင်လျှင် ဤအမျိုးသမီးနှင့် မပတ်သက်မိရန် ရှောင်ရှားကြသည်။
သို့သော် ကျိုးထျန်းအတွက်မူ ထိုအချက်များက အကျုံးမဝင်ပေ။
'မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့အတွက်တော့ အခွင့်အရေးရရင် အမြတ်ထုတ်ရမှာပဲ'
"မုယန်.. လာပါ၊ ပုစွန်လေး စားလိုက်ဦး၊ အရသာ တကယ်ကောင်းတယ်"
"ဒီ Abalone ကလည်း ထိပ်တန်းပဲ၊ တစ်ဖဲ့လောက် ဖြတ်ကျွေးမယ်"
"အော်.. မေ့တော့မလို့၊ ကိုယ်တို့ ဓာတ်ပုံရိုက်ပြီး WeChat Moments မှာ တင်ရအောင်။ မုယန်.. ပြုံးလိုက်"
လျိုမုယန်မှာ အစားအစာများဖြင့် ဗိုက်ပြည့်နေပြီ ဖြစ်သည်။
"ကျိုးထျန်း.. ရှင် Moments မှာ ထပ်တင်ဦးမလို့လား။ ကျောင်းနေဖက်တွေကို ဘာလို့ ခဏခဏ သွားဆွနေရတာလဲ၊ အဲဒါက ပိုက်ဆံရတာလည်း မဟုတ်ဘဲနဲ့"
'ပိုက်ဆံမရဘူးဟုတ်လား.. ကိုယ်တို့ ဒါကို အားကိုးပြီး စားနေရတာလေ' ဟု ကျိုးထျန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။
"ကိုယ်တို့ရဲ့ အချစ်ကို ထုတ်ကြွားရမှာပေါ့၊ ကိုယ့်ရဲ့ ပိုင်နက်ကို သတ်မှတ်တာလေ"
သူသည် သူမကို အနားသို့ ဆွဲယူကာ မျက်နှာချင်းကပ်လျက် ဓာတ်ပုံရိုက်လိုက်သည်။
ထို့နောက် WeChat Moments တွင် စာသားတစ်ခုနှင့်အတူ တင်လိုက်သည်။
'Baoge ဟိုတယ် ဥက္ကဋ္ဌကြီးရဲ့ အလကားကျွေးတဲ့ ညစာအတွက် ကျေးဇူးတင်ပါတယ်'
အခြားတစ်ဖက်တွင်မူ သီးသန့်အခန်းထဲ၌ ထိုင်နေသော အမျိုးသမီးသည် သူမ၏ အပေါ်အင်္ကျီကို ချွတ်လိုက်သည်။
သူမ ရှန်ဟိုင်းသို့ ရောက်တိုင်း ဤနေရာတွင် စားသောက်လေ့ရှိသည်။ သူမ ဖခင်သည် ဤစားဖိုမှူးကို ရရှိရန်အတွက် ငွေကြေးနှင့် အားထုတ်မှုများစွာ အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
မန်နေဂျာသည် အားကိုးရာမဲ့သော မျက်နှာဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။
"အပြင်က လူတွေ ထွက်သွားပြီလား"
ဟယ်ဝေရွှမ်းက သူမ၏ ဖုန်းကို ကြည့်ရင်း မေးလိုက်သည်။
"မထွက်သွားသေးပါဘူး ဥက္ကဋ္ဌ၊ မထွက်သွားရုံတင်မကဘဲ ဟင်းတွေ အများကြီး ထပ်မှာနေကြပါတယ်။ ဥက္ကဋ္ဌပဲ ပိုက်ဆံရှင်းမယ်ဆိုတော့ ကျွန်မလည်း ခွင့်ပြုလိုက်ရတာပါ၊ ကျေးဇူးပြုပြီး အပြစ်မတင်ပါနဲ့"
"ဟင်းတွေ အများကြီး ထပ်မှာတယ် ဟုတ်လား"
ခေတ္တမျှ ဆုံတွေ့ခဲ့ရခြင်းမှ ကျိုးထျန်းသည် သာမန်လူမဟုတ်ကြောင်း သူမ သိလိုက်သည်။
သူသည် သူမ၏အရှိန်အဝါအောက်တွင် ကြောက်ရွံ့ခြင်း မရှိဘဲ တည်ငြိမ်နေခဲ့သည်။ ပုံမှန်ဆိုလျှင် သူမ ဖခင်ပင်လျှင် သူမ၏အရှိန်အဝါကို မယှဉ်နိုင်ပေ။
သူမသည် ငယ်စဉ်ကတည်းက ခေါင်းဆောင်နိုင်စွမ်းရှိသူ ဖြစ်ခဲ့ပြီး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအထိ ဖြစ်ခဲ့သူ ဖြစ်သည်။
သူမ ဖခင်ကပင် သူမကို 'မွေးရာပါ ဘုရင်မ အရှိန်အဝါ ရှိသူ' ဟု သတ်မှတ်ထားသည်။
သို့သော် ယနေ့တွင် သူမထက်ပင် ငယ်ရွယ်သော လူငယ်တစ်ယောက်ထံမှ ပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရခြင်းမှာ မဖြစ်နိုင်သလောက်ပင်။
"မင်း ကောင်းကောင်းလုပ်ခဲ့ပါတယ်။ နောက်ဆိုရင် သူလာတိုင်းကုမ္ပဏီကပဲ ရှင်းပေးလိုက်ပါ။ ပြီးတော့ ငါ့ရဲ့ လိပ်စာကတ်ကိုလည်း သူ့ကို ပေးလိုက်ဦး။ အဲဒီနာရီကို ငါ တကယ် စိတ်ဝင်စားတယ်၊ သူ့ကို ပြန်စဉ်းစားကြည့်ဖို့ ပြောလိုက်ပါ"
ဟယ်ဝေရွှမ်းသည် နီလာကျောက်မျက်များကို အလွန်နှစ် သက်သူ ဖြစ်သည်။ သူမသည် ကမ္ဘာ့စံချိန်တင် စျေးကြီး သော နီလာဆွဲကြိုးကိုပင် ဝယ်ယူထားသူ ဖြစ်သည်။
ထို့ကြောင့် ကျိုးထျန်းနာရီတွင် ပါရှိသော နီလာများကိုမြင်သောအခါ သူမ လုံးဝ လက်မလွှတ်နိုင်ခြင်း ဖြစ်သည်။
ဈေးနှုန်းမှာ သူမအတွက် အရေးမကြီးသော်လည်း သူမ လို ချင်သည့်အရာကို ရအောင်ယူတတ်သည့် စရိုက်ရှိသည်။