← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

🍋 Chapter 83

ကျိုးထျန်းသည် သူ့ ဖုန်းမျက်နှာပြင်ပေါ်တွင် အဆက်မပြတ် တက်လာနေသော 'အချဉ်ဓာတ်' မှတ်ချက်များကို ကြည့်ကာ ပျော်ရွှင်စွာ ပိုက်ဆံတွက်နေတော့သည်။

"ညစာလည်း အလကားစားရတယ်၊ အချဉ်ဓာတ်တွေလည်း အများကြီး ရလိုက်သေးတယ်။ အဲဒီအမျိုးသမီးက ပြောသလောက်တော့ မဆိုးပါဘူး"

ထိုအချိန်တွင် စားသောက်ဆိုင် မန်နေဂျာသည် ကျိုးထျန်း၏ အနားသို့ ရောက်လာခဲ့သည်။

"မင်္ဂလာပါ လူကြီးမင်း.. စားလို့ သောက်လို့ အဆင်ပြေရဲ့လားရှင့်"

"အဆင်ပြေပါတယ်၊ ခင်ဗျားတို့ရဲ့ ဟင်းတွေက ရှန်ဟိုင်းမှာ အကောင်းဆုံးပဲ"

ကျိုးထျန်းက စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။

သူသည် ငယ်စဉ်ကတည်းက စားသောက်ဆိုင် အများကြီးတွင် စားဖူးသော်လည်း ဤနေရာကဲ့သို့ သူ့ကို စိတ်ကျေနပ်စေသော နေရာမျိုး မရှိခဲ့ဖူးပေ။

အထူးသဖြင့် သူတစ်ပါးက ပိုက်ဆံရှင်းပေးသောကြောင့် သူသည် အားရပါးရ စားသောက်ခဲ့ခြင်း ဖြစ်သည်။

"အဆင်ပြေတယ်ဆိုရင် ဝမ်းသာပါတယ်ရှင့်"

မန်နေဂျာသည် လိပ်စာကတ်တစ်ခုကို ကျိုးထျန်းထံသို့ လာဘ်ထိုးသည့် အမူအရာဖြင့် ကမ်းပေးလိုက်သည်။

"ဒါက ကျွန်မတို့ ဥက္ကဋ္ဌရဲ့ လိပ်စာကတ်ပါ၊ လူကြီးမင်းကို ပေးခိုင်းလိုက်လို့ပါ။ အကယ်၍ အဲဒီနာရီကို ရောင်းဖို့ စိတ်ဝင်စားရင် အချိန်မရွေး ဆက်သွယ်ပေးပါလို့ ပြောလိုက်ပါတယ်"

ကျိုးထျန်း လိပ်စာကတ်ကို မလိုချင်သော်လည်း လက်ခံလိုက်ရသည်။

"ဒီမိန်းမက တကယ်ကို ဇွဲကောင်းတာပဲ၊ တစ်ခုခုကို မျက်စိ ကျပြီဆိုရင် လုံးဝလက်မလွှတ်တော့ဘူး" ဟု သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

လိပ်စာကတ်မှာ အနက်ရောင် ဖိုင်ဘာသားဖြင့် ပြုလုပ်ထားပြီး အလွန်ခိုင်ခံ့သည်။

၎င်းမှာ သူမ၏ အနက်ရောင် ဝတ်စုံနှင့်ပင် လိုက်ဖက်လှသည်။

"ဟယ်ဝေရွှမ်းတဲ့လား"

လိပ်စာကတ်ပေါ်တွင် သူမ၏ အမည်နှင့် ရုံးဖုန်းနံပါတ်တစ်ခုသာ ပါရှိသည်။

ရာထူး သို့မဟုတ် ကုမ္ပဏီအမည်ပင် မပါရှိပေ။

၎င်းမှာ သူမ၏ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် မာန်မာနကို ပြသနေခြင်းပင်။

"စိတ်ဝင်စားစရာ စရိုက်ပဲ၊ ဒါပေမဲ့ ငါနဲ့ ဘာဆိုင်လို့လဲ"

သူက လိပ်စာကတ်ကိုပြန်ပေးရန် ကြိုးစားသော်လည်း မန်နေဂျာက လက်မခံပေ။

"လူကြီးမင်းရှင့်.. ဒါကို ယူထားပေးပါ၊ ကျွန်မတို့ ဥက္ကဋ္ဌက ပြောလိုက်ပါတယ်၊ နောက်ဆိုရင် ဥက္ကဋ္ဌရဲ့ လုပ်ငန်းစုအောက်က စားသောက်ဆိုင်တွေမှာ စားသမျှကို ကုမ္ပဏီအကောင့်ထဲကပဲ ရှင်းပေးသွားမယ်လို့ ပြောပါတယ်"

"အော်.. အဲဒါဆိုရင်တော့ စေတနာကို လက်ခံရမှာပေါ့"

ကျိုးထျန်း လိပ်စာကတ်ကို အိတ်ထဲသို့ ထည့်လိုက်သည်။ ငွေကြေးနှင့် ပတ်သက်လာလျှင် သူက ငြင်းပယ်လေ့မရှိပေ။

မန်နေဂျာမှာမူ ချွေးပြန်သွားရသည်။ သူမ အထက်လူကြီးနှင့် ဤလူငယ်တို့ကြားတွင် သူမကဲ့သို့ ဝန်ထမ်းလေးမှာ ကြားညပ်နေရခြင်း ဖြစ်သည်။

"မုယန်.. နောက်ဆိုရင် ဒီနေရာက ငါတို့ရဲ့ ထမင်းစားဆောင် ဖြစ်သွားပြီနော်"

လျိုမုယန် ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောပေ။ ကျိုးထျန်း နောက်ပြောင်ပြောနေခြင်းမှန်း သူမ သိသည်။

သူတို့နှစ်ယောက် စားသောက်ဆိုင်မှ ထွက်ခွာလာချိန်တွင် ဝန်ထမ်းများက တညီတညွတ်တည်း နှုတ်ဆက်ကြသည်။

ထိုအခြင်းအရာကို ကြည့်ကာ စားသောက်ဆိုင်ရှိ အခြားလူကြီးမင်းများမှာ မနာလိုဖြစ်ကုန်ကြပြီး ကျိုးထျန်းထံသို့ အချဉ်ဓာတ်များစွာ ရောက်ရှိလာခဲ့သည်။

ကျိုးထျန်းသည် လျိုမုယန်ကို သူမ၏ အိမ်ရာဝင်းအထိ ပို့ဆောင်ပေးခဲ့သည်။

မိခင်ဖြစ်သူမှ မြင်သွားပြီး ဆူပူနေမည်ကို စိုးရိမ်သဖြင့် သူမက ကားကို အိမ်ထဲအထိ မဝင်ခိုင်းပေ။

"မုယန်.. နောက်ရက်ကျရင် ကိုယ်တို့ ချွမ်းချန်ကို ခရီးသွားရအောင်။ ကိုယ်တို့ အတူတူ ခရီးသွားဖို့ ကတိပေးထားတယ်လေ"

"အင်းလေ.. အမေနဲ့ အဖေကို အရင်ပြောလိုက်ဦးမယ်။ ချွမ်းချန်က မုန့်တွေကို စားချင်နေတာ ကြာပြီ"

"ဒါဆိုရင် ကိုယ် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်တွေကို ကြည့်ထားလိုက်မယ်၊ ရက်ကိုတော့ ပြန်အတည်ပြုပေးပါ့မယ်"

"အိုကေ.. ဟိုတယ်မှာ အခန်းနှစ်ခန်း ကြိုတင်မှာထားဖို့ မမေ့နဲ့ဦးနော်" လျိုမုယန်က ရှက်ပြုံးလေးဖြင့် ပြောလိုက်သည်။

"အခန်းနှစ်ခန်းအတွက် ပိုက်ဆံက ဘယ်မှာ ရှိမှာလဲ"

ကျိုးထျန်းက သူမ၏ ပါးလေးကို ဆွဲညှစ်လိုက်သည်။

လျိုမုယန် အိမ်ထဲသို့ ဝင်သွားချိန်တွင် မိခင်ဖြစ်သူ ဖန်ယုံကျင်းက စောင့်ကြိုနေသည်။

"ယန်ယန်.. ကျိုးထျန်းက ဒီတစ်ခါ ဘာပေးလိုက်တာလဲ" သူမက လျိုမုယန်၏ အိတ်ကို လှမ်းဆွဲလိုက်သည်။

"မေမေ.. ဘာလုပ်တာလဲ"

သူမက နာရီကို အိတ်ထဲတွင် သေချာဝှက်ထားလိုက်သည်။

ယခင်က ကျိုးထျန်း ပေးထားသည့် စိန်နာရီကို မိခင်ဖြစ်သူက သိသွားပြီးနောက် သူငယ်ချင်းများကြားတွင် ကြွားလုံးထုတ်ခဲ့သဖြင့် လျိုမုယန်မှာ အလွန် စိတ်ပျက်ခဲ့ရသည်။

လျိုမုယန်၏ဖခင် လျိုထျန်းအန် မှာ ကုမ္ပဏီ၏ CEO တစ်ဦး ဖြစ်သော်လည်း ရာထူးရသည်မှာ နှစ်နှစ်ပင် မပြည့်သေးပေ။

သူသည် ရာထူးခိုင်မြဲရန် ကြိုးစားနေချိန်တွင် ဇနီးဖြစ်သူ၏ မလိုအပ်ဘဲ ကြွားလုံးထုတ်တတ်သည့် စရိုက်ကြောင့် စိတ်ပူနေရသည်။

သို့သော်လည်း သူသည် ဇနီးဖြစ်သူ မိသားစုထံမှ ငွေကြေးအကူအညီများ ရရှိခဲ့ဖူးသဖြင့် သူမ ရှေ့တွင် အမြဲတမ်းအလျှော့ပေးနေရသူ ဖြစ်သည်။

လျိုမုယန်သည် သူမ၏ အိတ်ကို မပေးဘဲ အခန်းထဲသို့ တန်းဝင်သွားခဲ့သည်။ သို့သော် မိခင်ဖြစ်သူက နောက်ကလိုက်လာခဲ့သည်။

"ယန်ယန်.. မေမေက သမီးကောင်းဖို့အတွက် ပြောတာပါ။ အဲဒီ ကျိုးထျန်းက တအားချမ်းသာတာဆိုတော့ သူပေးတာတွေက အတုတွေဖြစ်နေမှာ စိုးလို့ မေမေက ကူကြည့်ပေးမလို့ပါ"

လျိုမုယန် တစ်ခုခုကို ရိပ်မိသွားသည်။

"မေမေ.. ကျိုးထျန်းက သမီးကို တစ်ခုခုပေးလိုက်မှန်း ဘယ်လိုသိတာလဲ။ ပြီးတော့ သမီး သူ့နဲ့ အပြင်သွားမှန်းကိုရော ဘယ်လိုသိတာလဲ"

မိခင်ဖြစ်သူမှာ မျက်လုံးများ ပျာယာခတ်သွားပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"သမီးကလည်း.. ဒီနေ့ ဘယ်မှာ သွားစားခဲ့တာလဲ၊ စျေးကြီးလား"

"မေမေ.. စကားလမ်းကြောင်း မလွှဲနဲ့။ ဒါတွေကို ဘယ်လိုသိတာလဲလို့ သမီး မေးနေတာ"

"သမီးက မေမေ့ကို ဘယ်လို စကားပြောနေတာလဲ။ ငါက နင့်ရဲ့ အမေပဲ၊ ငါ မသိရဘူးလား"

ဖန်ယုံကျင်းက ပြန်၍ ဟောက်လိုက်သည်။

"မေမေ.. သမီးရဲ့ ဖုန်းကို ခိုးကြည့်ထားတာ မဟုတ်လား" လျိုမုယန်က သူမ၏ ဖုန်းကို တင်းတင်းဆုပ်ကိုင်ရင်း မေးလိုက်သည်။

"ကြည့်တော့ ဘာဖြစ်လဲ.. ငါက သမီးကို မထိန်းကျောင်းရင် သမီးက လူလားမြောက်လာမှာ မဟုတ်ဘူး"

"မေမေ.. ဒါက သမီးရဲ့ ပုဂ္ဂလိက ကိစ္စပါ။ သမီးက ကလေးမဟုတ်တော့ဘူး၊ ကိုယ့်ဘာကိုယ် ဆုံးဖြတ်နိုင်တယ်"

လျိုမုယန်မှာ အလွန် စိတ်ဆိုးသွားရသည်။

သူမ၏ ဖုန်းလျှို့ဝှက်နံပါတ်မှာ ဖခင်ဖြစ်သူ၏ မွေးနေ့ဖြစ်ရာ မိခင်ဖြစ်သူက ခန့်မှန်းပြီး ဖွင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ သူမ၏ ကျိုးထျန်းနှင့် ပြောထားသော စကားများကို မိခင်ဖြစ်သူ မြင်သွားခဲ့ပြီ ဖြစ်သည်။

"သမီးက ဘာသိမှာလဲ.. ငါက လူအမျိုးမျိုးကို မြင်ဖူးတာ၊ သမီး လိမ်တာ မခံရအောင် မေမေက ကြည့်ပေးတာပါ"

လျိုမုယန် စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ဖန်ယုံကျင်း၏ အသံမှာ အနည်းငယ် ပျော့ပျောင်းသွားသည်။

သူမသည်လည်း သူတစ်ပါးဖုန်းကို ခိုးကြည့်ခြင်းမှာ မှားယွင်းကြောင်း သိထား၍ ဖြစ်သည်။

"ကဲပါ.. မေမေ နောက်ဆို မကြည့်တော့ဘူး။ မေမေက စိတ်ပူလို့ပါ။ ကျိုးထျန်းက လူကောင်းတစ်ယောက်လို့ မေမေ ထင်ပါတယ်၊ ဒါပေမဲ့ သမီးက မိန်းကလေးဆိုတော့ အခွင့်အရေး အယူခံရမှာ စိုးလို့ပါ"

ကျိုးထျန်းအပေါ် မိခင်ဖြစ်သူက အကောင်းမြင်နေသည်ကို ကြားလိုက်ရသဖြင့် လျိုမုယန်၏ စိတ်မှာ အနည်းငယ် ပြေလျော့သွားသည်။

"မေမေ စိတ်မပူပါနဲ့၊ ကျိုးထျန်းက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ သမီးတို့ ချွမ်းချန်ကို အတူတူ ခရီးသွားကြမလို့၊ အဲဒါ မေမေ့ကို ပြောမလို့ပဲ"

"နှစ်ယောက်တည်းလား"

"ဟုတ်ကဲ့.. နှစ်ယောက်တည်းပါ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မတိုင်ခင်ကတည်းက ကတိပေးထားကြတာ"

🍋 Chapter 84

သမီးဖြစ်သူ၏ စကားကို ကြားလိုက်ရချိန်တွင် ဖန်ယုံကျင်း မျက်လုံးများမှာ ချက်ချင်းစူးရှသွားသည်။

"နှစ်ယောက်တည်း ခရီးသွားကြမယ် ဟုတ်လား"

"သမီးနဲ့ အဲဒီကောင်လေးက ဘယ်အဆင့်အထိ ရောက်နေကြပြီလဲ"

လျိုမုယန်သည် မိခင်ဖြစ်သူ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်လိုက်သည်။

"မေမေ.. သမီးတို့ကြားမှာ ဘာမှမဖြစ်ပါဘူး။ ကျိုးထျန်းက သမီးအပေါ် အရမ်းကောင်းပါတယ်။ သမီးကပဲ အတူတူမနေရအောင် အခန်းနှစ်ခန်း ကြိုတင်မှာထားဖို့ သူ့ကို ပြောထားတာပါ"

"သူက တကယ်ပဲ အခန်းနှစ်ခန်း မှာထားမယ်တဲ့လား။ မေမေတော့ မယုံဘူး။ ယောက်ျားတွေအကြောင်း ငါမသိဘူး ထင်နေလား" မိခင်ဖြစ်သူက မယုံသင်္ကာဖြင့် ကြည့်နေသည်။

ဧည့်ခန်းထဲတွင် စာဖတ်နေသော ဖခင်ဖြစ်သူက အနည်းငယ် ချောင်းဟန့်လိုက်သည်။

"မေမေ.. သူက တခြားသူတွေနဲ့ မတူပါဘူး။ သမီး သူ့ကို ယုံကြည်သလို သမီးကိုယ်သမီးလည်း ဘာလုပ်နေလဲဆိုတာ သိပါတယ်။ အခွင့်အရေး အယူခံမှာ မဟုတ်ပါဘူး"

သူမ ဤသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် စိုးရိမ်မိသည်။ သို့သော် ကျိုးထျန်းနှင့်အတူ ခရီးသွားရမည့် အခွင့်အရေးကိုလည်း လက်မလွှတ်နိုင်ပေ။

သူမ၏ စိတ်ခံစားချက်က ဆင်ခြင်တုံတရားကို အနိုင်ယူသွားခဲ့သည်။ သူမ စိတ်ကူးထားသည်မှာ အကယ်၍ ကျိုးထျန်းကသာ စည်းကျော်ရန် ကြိုးစားလာပါက သူ့ကို ဟိုတယ်ဧည့်ခန်းထဲအထိ ကန်ထုတ်ပစ်မည်ဟု ဖြစ်သည်။

အိမ်အပြန်လမ်းတွင် ကျိုးထျန်းမှာ ရုတ်တရက် ကျောစိမ့်သွားရသည်။

"ဟင်း.. သမီး အရှုံးပေါ်မပေါ်ဆိုတာတော့ သမီးအသိဆုံးပဲ"

ဖန်ယုံကျင်းက ပြောရင်း လျိုမုယန်၏ လက်ဆွဲအိတ်အနားသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။

သူမသည် သမီးဖြစ်သူနှင့် စကားပြောရင်း အာရုံလွှဲကာ သူမ ကိုယ်ဖြင့် အိတ်ကို ကွယ်ထားလိုက်သည်။

ထို့နောက် အိတ်ထဲသို့ လက်နှိုက်ကာ သူမ မြင်ထားသည့် လက်ဆောင်သေတ္တာကို ဆွဲထုတ်လိုက်သည်။

"အာ.."

ကျောက်မျက်ရတနာများ စီခြယ်ထားသော နာရီမှာ အခန်းမီးရောင်အောက်တွင် တလက်လက် တောက်ပနေသည်။

မျက်စိရှိသူ မည်သူမဆို ဤနာရီမှာ အလွန်တန်ဖိုးကြီးပြီး ဇိမ်ခံပစ္စည်းဖြစ်ကြောင်း သိနိုင်ပေသည်။

"မေမေ.. ဘာလို့ သမီးအိတ်ကို ခိုးဖွင့်တာလဲ။ ဒါ သမီးပစ္စည်းလေ"

လျိုမုယန်က ပြန်လုရန် ကြိုးစားသော်လည်း မိခင်ဖြစ်သူက တားဆီးလိုက်သည်။

ဤနာရီကို ကိုင်လိုက်ရချိန်တွင် အလွန်တန်ဖိုးရှိကြောင်း သူမ ခံစားလိုက်ရသည်။ Baoge ဟိုတယ်ဥက္ကဋ္ဌ ဟယ်ဝေရွှမ်းပင်လျှင် ဝယ်ယူရန်ကြိုးစားခဲ့သော နာရီမဟုတ်ပါလား။

"ဒါတွေက နီလာတွေနဲ့ စိန်တွေပဲ။ ဘုရားရေ.. ဒါ ဘယ် လောက်တောင် တန်မလဲ။ ကျိုးထျန်းက တကယ့်ကို လက်ဖွာတာပဲ"

သူမသည် သမီးဖြစ်သူ၏ စကားကို လုံးဝ ဂရုမစိုက်ဘဲ နာရီကို သူမ လက်ကောက်ဝတ်တွင် ဝတ်ကာ တံခါးဝသို့ လျှောက်သွားသည်။

ထို့နောက် ခင်ပွန်းဖြစ်သူ ရှေ့တွင် လက်ကို မြှောက်ပြလိုက်သည်။

"လောင်လျို.. ရှင့်ရဲ့သမီးကို ကြည့်လိုက်ဦး၊ ဘယ်လောက်တောင် အောင်မြင်နေလဲဆိုတာ။ အသက် ၂၀ တောင် မပြည့်သေးဘူး ရတနာတွေနဲ့ ဝေနေပြီ။ တို့တွေ လက်ထပ်ခဲ့တာ ဒီလောက်ကြာပြီ၊ ရှင်ကတော့ ဒီလိုမျိုး တစ်ခါမှ ဝယ်မပေးဖူးဘူး"

လျိုထျန်းအန်သည် ဇနီးဖြစ်သူ၏ လက်ကောက်ဝတ်ကို တစ်ချက်ကြည့်ကာ သူဖတ်နေသော စာအုပ်ကို ဖြည်းဖြည်းချင်း ချလိုက်သည်။

"ယန်ယန်.. ဒါ ဘယ်လိုဖြစ်တာလဲ"

"ဖေဖေ.. ဒါ ကျိုးထျန်း ပေးတာပါ"

လျိုမုယန်က ဖခင်ဖြစ်သူ ဘေးတွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။

မိခင်ဖြစ်သူနှင့်စာလျှင် သူမသည် ဖခင်ဖြစ်သူနှင့် ပိုရင်းနှီးသည်။

အကြောင်းမှာ သူမ၏ ဖခင်မှာ အလွန် ဆင်ခြင်တုံတရားရှိပြီး သူမကို အမြဲတမ်း ထောက်ခံပေးသူ ဖြစ်ခြင်းကြောင့်ပင်။

"အော်.. သမီးကော သဘောကျရဲ့လား"

လျိုမုယန် ချက်ချင်း အဖြေမပေးပေ။ ဖခင်ဖြစ်သူ၏ မေးခွန်းမှာ အဓိပ္ပာယ် နှစ်မျိုး ရှိနေသည်။

ပစ္စည်းကို သဘောကျတာလား၊ ဒါမှမဟုတ် ပေးတဲ့သူကို သဘောကျတာလား။

"သမီးက သူပေးတဲ့အရာတွေကိုပဲ လက်ခံချင်တာပါ"

သူမက သဘောကျမကျကို မဖြေဘဲ သူမ၏ သဘောထားကို တိုက်ရိုက်ပင် ပြောလိုက်သည်။

"ကောင်းပြီလေ.. သမီးရဲ့ စိတ်ဆန္ဒအတိုင်းသာ လုပ်ပါ။ ဖေဖေ သမီးအတွက် စိတ်မပူပါဘူး"

လျိုထျန်းအန်က စာအုပ်ကို ပြန်ကောက်ကိုင်လိုက်သည်။ သူသည် သမီးဖြစ်သူ၏ စရိုက်ကို အသိဆုံး ဖြစ်သဖြင့် စိတ်ပူရန် မလိုကြောင်း သိထားသည်။

"လောင်လျို.. မင်းတို့ သားအဖတွေ ဘာစကားထာတွေ ဝှက်နေကြတာလဲ။ ငါ မင်းကို ပြောနေတာ မကြားဘူးလား။ မင်း ကုမ္ပဏီက ဒါရိုက်တာတွေရဲ့ မိန်းမတွေဆိုရင် ရွှေတွေ ငွေတွေနဲ့ ဝင်းနေတာပဲ။ မင်းရဲ့ အထက်လူကြီးဆိုရင် မင်းထက်တောင် ငယ်သေးတယ်၊ သူ့မိန်းမ ဝတ်ထားတာတွေဆိုရင် ယွမ်သောင်းချီ တန်တယ်" ဖန်ယုံကျင်းက သူမ၏ ခင်ပွန်းအပေါ် အလွန် စိတ်ပျက်နေသည်။

"ကိုယ်က CEO တစ်ယောက်ပါ၊ ဒါမှမဟုတ် အဆင့်မြင့် ဝန်ထမ်းတစ်ယောက်ပေါ့။ သူတို့က ပိုင်ရှင်တွေလေ။ ဝန်ထမ်းတစ်ယောက်က အရင်းရှင်တွေနဲ့ ဘယ်လို သွားယှဉ်လို့ ရမှာလဲ။ ကိုယ့်အခြေအနေနဲ့ ကိုယ်ပဲ နေတာ အကောင်းဆုံးပါ"

လျိုထျန်းအန်၏သဘောထားမှာ အမြဲတမ်း လက်တွေ့ကျသည်။

သူသည် အခြေအနေကို ဟိတ်ဟန်မထုတ်ဘဲ ရိုးရိုးရှင်းရှင်းသာ နေလိုသူ ဖြစ်သည်။

"စောက်တလွဲတွေ ပြောမနေနဲ့၊ ရှင်က ဆင်ခြေပေးနေတာ။ အဲဒီ ပိုက်ဆံတွေကို ဘယ်မှာ သွားသုံးမလို့လဲ။ နောက်ဆို ယန်ယန် နိုင်ငံခြားမှာ ပညာသင်ရင် ပိုက်ဆံမလိုဘူးလား"

"နိုင်ငံခြားမှာ ပညာသင်ဖို့လား။ အခုချိန်မှာ ပိုက်ဆံ ပြင်ဆင်နေဖို့ လိုသေးလို့လား။ သမီးက အဲဒီကောင်လေးနဲ့သာ အဆင်ပြေနေရင် တို့တွေ ပိုက်ဆံလိုဦးမှာလား"

ဖန်ယုံကျင်းက နာရီကို ကြည့်ကာ ကျေနပ်နေသည်။

"သူတစ်ပါးဆီက ရတာက သူတစ်ပါးပစ္စည်းပဲ။ 'တောင်တွေ ပြိုနိုင်သလို လူတွေလည်း ပြေးနိုင်တယ်' ဆိုတဲ့ စကားပုံ ရှိတယ်လေ။ ယန်ယန်လည်း ကိုယ်နဲ့ စိတ်ကူးတူမယ်လို့ ယုံကြည်တယ်"

လျိုမုယန် ချက်ချင်းပင် ဝင်ပြောလိုက်သည်။

"ဖေဖေ ပြောတာ မှန်တယ် မေမေ၊ သမီး သူတစ်ပါးကို အားကိုးဖို့ မလိုပါဘူး"

"ရှင်တို့ သားအဖတွေက ပြောတော့ လွယ်တာပေါ့၊ သူတစ်ပါးကို အားမကိုးဘူးတဲ့လား။ သမီး ဘယ်လောက်ပဲ စာတော် တော်၊ ဘွဲ့တွေ ဘယ်လောက်ပဲ ရရ၊ သူဌေးသမီးတစ်ယောက် ဖြစ်နိုင်လို့လား။

ပြီးတော့ ရှင် လျိုထျန်းအန်၊ ရှင် အလုပ်မှာ ဘယ်လောက်ပဲ တော်တော်၊ အဆက်အသွယ် မရှိရင် ကုမ္ပဏီရဲ့ ရှယ်ယာရှင် ဖြစ်နိုင်လို့လား။

ကျွန်မရှေ့မှာ လာပြီး မူကြီးဟန်ကြီး လုပ်မနေကြနဲ့၊ ရှင်တို့ နှစ်ယောက်လုံးက ခေါင်းမာတဲ့သူတွေချည်းပဲ"

ဖန်ယုံကျင်းက ခါးထောက်လျက် သားအဖနှစ်ယောက်ကို လက်ညှိုးငေါ့ကာ ပြောလိုက်သည်။

"လောင်လျို.. ရှင်က မူဝါဒတွေနဲ့ ဖြောင့်မတ်နေတယ်လို့ ထင်နေတာလား၊ ဘာအသုံးကျလို့လဲ။ ရှင် တစ်သက်လုံး ဂရုစိုက်ပြီး နေလာတာ၊ အပြင်က ပိုက်ဆံအပိုရမယ့် အလုပ်လေးတောင် မလုပ်ရဲဘူး။

ပြီးခဲ့တဲ့အခါက Wuqiong နည်းပညာကုမ္ပဏီ ပိုင်ရှင်က မင်းကို လာခေါ်တာကိုတောင် မင်းက သူ့မှာ နာမည်ပျက်ရှိလို့ဆိုပြီး ငြင်းလိုက်တယ်"

"အဲဒီတုန်းက သူက လစာ ၃၀ ရာခိုင်နှုန်း တိုးပေးမယ်၊ နှစ်ကုန်ဘောနပ်စ် ၃ ရာခိုင်နှုန်းပေးမယ်လို့ ပြောတာကိုတောင် ရှင်က ငြင်းခဲ့တာ"

ဖန်ယုံကျင်းမှာ တွေးမိတိုင်း ဒေါသထွက်နေရသည်။

"မင်း ဘာမှမသိပါဘူး။ အဲဒီကောင်က သူတစ်ပါးရဲ့ အချက် အလက်တွေကို ခိုးယူပြီး ချမ်းသာလာတာ။ သူ ငါ့ကို တကယ် အကူအညီ လိုချင်လို့ခေါ်တယ် ထင်နေလား"

လျိုထျန်းအန်က သူ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ယုံကြည်ထားသည်။

ပိုက်ဆံမှာ အရေးကြီးသော်လည်း သူ့မူဝါဒနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။

ခင်ပွန်းဖြစ်သူမှာ မြည်းတစ်ကောင်ကဲ့သို့ ခေါင်းမာနေသည်ကို မြင်သောအခါ ဖန်ယုံကျင်းမှာ ပိုဒေါသထွက်လာသည်။

"ရှင် ခေါင်းမာတာ ထားလိုက်ဦး၊ သမီးကလည်း ရှင့်အတိုင်းပဲ။ ကျိုးထျန်းက ဒီလောက် ချမ်းသာတာ၊ စိန်နာရီတွေကို ဒီအတိုင်း ပေးနေတာလေ။ ယန်ယန်သာ နည်းနည်းပိုကြိုးစားပြီး သူ့ကို ဆွဲဆောင်ထားနိုင်ရင် တို့တွေ အိမ်အသစ်တောင် ဝယ်လို့ ရတယ်"

လျိုမုယန်မှာ ဤစကားကို ကြားရသောအခါ စိတ်မကောင်း ဖြစ်သွားရသည်။

သူမသည် ကျိုးထျန်းနှင့် ပိုက်ဆံကြောင့် တွဲနေခြင်းမဟုတ်ပေ။ မိခင်ဖြစ်သူ၏ အတွေးအခေါ်မှာ သူမအတွက် လက်ခံနိုင်စရာ မရှိပေ။

ဤအချိန်တွင် သားအဖနှစ်ယောက်စလုံးက မိခင်ဖြစ်သူကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ကြသည်။

လျိုထျန်းအန်က စာကိုသာ ဆက်ဖတ်နေပြီး လျိုမုယန်ကမူ သူမ၏ အခန်းထဲသို့ ပြန်ဝင်ကာ ပုန်းနေလိုက်သည်။

သူမ၏ နာရီကို မိခင်ဖြစ်သူက ဝတ်ထားဆဲ ဖြစ်သည်။ မနက်ဖြန် မိခင်ဖြစ်သူ အိမ်မှာ မရှိချိန်ကျမှ ထိုနာရီကို ပြန်ယူကာ တစ်နေရာတွင် ဝှက်ထားမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။

ယွမ် ၄ သန်းနီးပါး တန်သော နာရီကို သူမ အပြင်သို့ ထုတ်မပြရဲပေ။

"ဟင်း.."

ဖန်ယုံကျင်း နှာခေါင်းရှုံ့လိုက်သည်။

ဤအိမ်တွင် သူမတစ်ဦးတည်းသာ အမြော်အမြင်ရှိသူဟု သူမ ခံစားနေရသည်။ အခြားနှစ်ယောက်မှာမူ သူမကို အမြဲတမ်း ဆန့်ကျင်နေကြသူများ ဖြစ်သည်။

"ရှင်တို့က ဝေဖန်တာကိုတောင် နားမထောင်ချင်ကြဘူး၊ ဒါပေမဲ့ ဒီနာရီကတော့ တကယ် လှတာပဲ"

သူမသည် လက်ကောက်ဝတ်မှ နာရီကို ငုံ့ကြည့်လိုက်သော အခါ ဒေါသများ ပြေလျော့သွားရသည်။

"ဟင်း.. ရှင် ဝယ်မပေးရင်တောင် ကျွန်မ ဝတ်လို့ ရတာပဲ"

"ဟဲဟဲ.. ကျိုးထျန်းက တကယ် တော်တာပဲ၊ သူဝယ်သမျှက ငါ့အကြိုက်တွေချည်းပဲ"

လျိုထျန်းအန်က စာအုပ်ကို ဟန်ဆောင်ဖတ်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။

'ဈေးကြီးတာမှန်သမျှ မင်းအကြိုက်တွေချည်းပါပဲ'

သူသည် အပြင်ထုတ်မပြောရဲပေ၊ မဟုတ်ပါက အဆုံးမသတ်နိုင်သော ဆူပူကြိမ်းမောင်းမှုများကို ခံရမည်ဖြစ်သည်။

All Chapters