အခန်း (၅၃-၅၄)
Vol. 4 Ch. 53-54
အခန်း (၅၃) ရှောင်ဝေ့ရဲ့ သစ္စာရှိမှု
"ဧကရာဇ် သဘောအတိုင်း အပြစ်ပေးတာကို ခံယူမယ် ဟုတ်လား။" ကုရှင်းနော့က သူ့ညီငယ်ကို စိုက်ကြည့်ရင်း လေးလေးနက်နက် မေးလိုက်လေရဲ့။ "ရှင်းလန်... မင်းက သေချင်နေတာလား"
နောက်ဆုံး ဘယ်မင်းသားကပဲ ဓားစာခံ ဖြစ်သွားပါစေ၊ ကုရှင်းလန် မြို့တော်ကို ပြန်ရောက်လာတာနဲ့တစ်ပြိုင်တည်း အဲ့ဒီမင်းသားရဲ့ မိခင်နဲ့ နောက်ခံအင်အားစုတွေက ကုရှင်းလန်ကို အလွတ်ပေးပါ့မလား။ ဒီကိစ္စကို ကုရှင်းယန်လို လူတောင် ရှင်းရှင်းလင်းလင်း သဘောပေါက်နေတာလေ။ ကိုယ့်သမီးကို မုဆိုးမ မဖြစ်စေချင်တဲ့စိတ်နဲ့ ဧကရာဇ်ရှန်ကျုံးက သေဒဏ်ကနေ ခွင့်လွှတ်ပေးခဲ့ရင်တောင်မှ ကုရှင်းလန်ကတော့ အာဏာရှိတဲ့သူတွေရဲ့ မျက်မှောင်ကြုတ်စရာ၊ အသားထဲကဆူးကြီး သေချာပေါက် ဖြစ်သွားတော့မှာပေါ့။
ကုရှင်းလန်က သက်ပြင်းဖွဖွလေး ချလိုက်ရှာတယ်။
"သတ္တမမင်းသားကို ခေါ်ပြီး အရင်ရှောင်နေတာကလွဲလို့ ကျွန်တော်တို့မှာ တခြားဘာနည်းလမ်း ရှိနေသေးလို့လဲ။ ကျွန်တော်က မင်းသမီးအပေါ် ကျေးဇူးကြွေးတွေ တင်နေတာလေ။ သူ ဝမ်းနည်းနေတာကို ကျွန်တော်မကြည့်ရက်ဘူး"
ကုရှင်းလန်တစ်ယောက် အဘိုးဖြစ်သူရဲ့ စာကြည့်ဆောင်ထဲမှာ ထိုင်ရင်း ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ သိပ်ကိုချစ်ခင်ကြင်နာတဲ့ စကားတွေကို ပြောနေချိန်မှာပဲ... တစ်ဖက်မှာတော့ ဝမ်မောမောတစ်ယောက် ယွီးရှောင်ရှောင် သူမကို ပြောတဲ့ စကားကို ကြားလိုက်ရလေရဲ့။
"အချိန်ကျရင် ကျွန်မ ရှောင်ချီကို ခေါ်ပြီး အပြင်ထွက်လည်လိုက်မယ်လေ။ အခြေအနေတွေ ငြိမ်သွားတော့မှပဲ ပြန်လာကြတာပေါ့။ ဝမ်မောမော စိတ်ချပါ၊ ရှောင်ချီကို ဓားစာခံအဖြစ် အခေါ်မခံစေရပါဘူး"
ဝမ်မောမောခမျာ မိဖုရားခေါင်ကြီး ကံတော်ကုန်သွားပြီးကတည်းက သူမရဲ့ အကြားအာရုံချောက်ချားတဲ့ရောဂါက ပိုပိုပြီး ဆိုးလာပြီလို့တောင် ခံစားသွားရတာပေါ့။
"အပြင်ထွက်လည်မယ် ဟုတ်လား။" ဝမ်မောမောက ယွီးရှောင်ရှောင်ကို ကြည့်ပြီး မေးလိုက်လေတယ်။ "မြို့တော်ကနေ ထွက်ပြေးကြမှာ မဟုတ်လား"
ယွီးရှောင်ရှောင်ကတော့ လက်ထဲက ရွှေလိမ္မော်သီး သေးသေးလေး သုံးလုံးကို လှည့်ကစားနေရင်း ခပ်ပေါ့ပေါ့ပဲ ပြန်ဖြေလေရဲ့။ "အင်း... အဲ့လိုပြောမယ်ဆိုရင်လည်း ရတာပါပဲ"
သတ္တမမင်းသားကို ခေါ်ပြီး ထွက်ပြေးမယ် ဟုတ်လား။ ဝမ်မောမောကတော့ သူမရဲ့ သခင်မလေးကို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေမိတော့တယ်။ ဒီသခင်မလေး ရူးများရူးသွားပြီလားပေါ့။ သူမရဲ့ တစ်သက်လုံးမှာ မင်းသမီးတစ်ပါးက မင်းသားကို ခေါ်ပြီး ထွက်ပြေးတယ်ဆိုတာမျိုး တစ်ခါမှ မကြားခဲ့ဖူးပါဘူး။ မြို့ကြီးများ ပျက်တော့မှာလား ဒါမှမဟုတ် တိုင်းပြည်ကြီးပဲ ပျက်သုဉ်းတော့မှာမို့လို့များလား။
ဝမ်မောမော တော်တော်လေး တုန်လှုပ်သွားတဲ့ပုံ ပေါက်နေတော့ ယွီးရှောင်ရှောင်က ဆက်ပြောပြန်တယ်။
"စိတ်ချသာနေစမ်းပါ၊ ဘယ်သူက ကျွန်မကို ဖမ်းနိုင်မှာမို့လို့လဲ။ ကျွန်မကို မှီအောင် လိုက်လာနိုင်ရင်တောင်မှ ဘယ်သူက ကျွန်မကို ယှဉ်ချနိုင်မှာတဲ့လဲ"
ဝမ်မောမောခမျာ ယွီးရှောင်ရှောင်နဲ့ မျက်နှာချင်းဆိုင်က ကုလားထိုင်ပေါ်ကို ဖုတ်ခနဲ ထိုင်ချလိုက်ပါလေရော။ သူမရဲ့ ကိုယ်အလေးချိန်က ပုံမှန်ထက် များနေတော့ အဲ့ဒီလို အားပါးတရ ထိုင်ချလိုက်တဲ့အခါ သစ်သားကုလားထိုင်လေးဆီကနေ 'ကျွီ... ကျွီ' ဆိုတဲ့ အသံတွေတောင် ထွက်ပေါ်လာတော့တယ်။
ယွီးရှောင်ရှောင်က ဆက်ပြောပြန်တယ်။
"ဝမ်မောမော... အချိန်မီတုန်း ဝိတ်လေးဘာလေး နည်းနည်းချပြီး လင်လေးဘာလေးယူလိုက်ပါလား" လို့ အကြံပေးလိုက်လေရဲ့။ အခုဆို ယွီးရှောင်ရှောင်လည်း ရိပ်မိနေပြီလေ၊ ဒီကမ္ဘာကြီးမှာ ပိန်ပါးတာကိုမှ အလှတရားလို့ သတ်မှတ်ကြတာကိုး။ ဝမ်မောမောက မိန်းမကောင်း တစ်ယောက်ဆိုပေမဲ့ ဒီလိုခန္ဓာကိုယ်ကြီးနဲ့ဆိုရင်တော့ အဖော်ရှာဖို့က တော်တော်လေး ခက်ခဲမှာပဲ။ ဘာ... ဝမ်မောမောက အသက်ကြီးနေပြီလို့ ပြောချင်နေကြတာလား။ ရှင်တို့တွေ သိပ်ကို ဗဟုသုတနည်းကြတယ်နော်။ တချို့ယောက်ျားတွေက ကိုယ့်ထက် အသက်ကြီးတဲ့ မိန်းမတွေကိုမှ သဘောကျတတ်ကြတာ။ ယွီးကျစ်ရီ ကိုယ်တိုင်က သက်ရှိထင်ရှား ဥပမာတစ်ခု မဟုတ်ဘူးလား။
ဝမ်မောမောခမျာ တစ်ကိုယ်လုံးတုန်ဆင်းလာပြီး နောက်ဆုံးတော့ ငိုချလိုက်ပါလေရော။ ပြီးတော့ ယွီးရှောင်ရှောင်ကို "မင်းသမီး... တကယ်ကြီး ဘာဖြစ်သွားရတာလဲဟင်" လို့ မေးလိုက်ရှာတယ်။
"ဟင်" ယွီးရှောင်ရှောင်ခမျာလည်း ဝမ်မောမော ဘာလို့ နှပ်ချေးတွေထွက်အောင်ထိ အသည်းအသန် ငိုနေလဲဆိုတာကို စဉ်းစားလို့မရတော့တာမို့ ပါးစပ်ပိတ်ထားလိုက်ရတော့တယ်။
ဝမ်မောမောကတော့ "တဟင့်... ဟင့်" နဲ့ တစ်အောင့်လောက်ကြာအောင် ငိုပြီးတဲ့နောက်မှာတော့ ရုတ်တရက် မျက်ရည်တွေကို သုတ်လိုက်ပြီး တံခါးအပြင်ဘက်ကို လှမ်းအော်လိုက်လေရဲ့။ "ရှောင်ကျွမ်း၊ ရှောင်ဝေ... အထဲဝင်ခဲ့ကြစမ်း"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ညီအစ်ကိုနှစ်ယောက်ခမျာလည်း အခန်းထဲ ရောက်တာနဲ့ မျက်ရည်တွေ ပေပွနေတဲ့ ဝမ်မောမောရဲ့ မျက်နှာကြီးကို တစ်ချက်ကြည့်လိုက်၊ ယွီးရှောင်ရှောင်ဘက်ကို တစ်ချက်ကြည့်လိုက်နဲ့ ဖြစ်သွားကြတယ်။ ဘာက ဘယ်လိုဖြစ်လို့ ဝမ်မောမောကို ဒီလောက်တောင် ဝမ်းနည်းသွားအောင် လုပ်လိုက်ပြန်တာလဲပေါ့။
ဝမ်မောမောက သူတို့နှစ်ယောက်ကို မေးလိုက်လေတယ်။
"မင်းသမီးနဲ့ သမက်တော် ညစာစားပွဲ သွားကြတုန်းက သတ္တမမင်းသားကိစ္စနဲ့ ပတ်သက်ပြီး အိမ်ရှေ့မင်းသားကျင်းက ဘာတွေများ ပြောလိုက်သေးလဲ"
ဒီမေးခွန်းကိုတော့ ရှောင်ကျွမ်းရော ရှောင်ဝေပါ မဖြေနိုင်ခဲ့ကြဘူး။ သူတို့က မင်းသမီးနဲ့ အိမ်ရှေ့မင်းသားကျင်းတို့ သတ္တမမင်းသားအကြောင်း ပြောတာကိုမှ မကြားခဲ့ရတာကိုး။ သူတို့ မြင်ခဲ့ရတာက မင်းသမီး ချင်းယွီကို အပြင်လွှင့်ပစ်လိုက်တာရယ်၊ ပြီးတော့ ပိုးဟပ်တစ်ကောင်ကို ရိုက်ဖမ်းဖို့ ကြိုးစားရင်းကနေ သူများရဲ့ သစ်သားအဆောက်အအုံကြီး တစ်လုံးလုံး ပြိုကျသွားအောင် ရိုက်ချလိုက်တာရယ်ကိုပဲ။ ဒီကိစ္စတွေကို ဝမ်မောမော ယုံအောင် သူတို့က ဘယ်လိုလုပ်ပြီး ပြောပြရမှာလဲ။
"ဘာလို့ စကားမပြောကြတာလဲ" ညီအစ်ကိုနှစ်ယောက်လုံး နှုတ်ဆိတ်နေကြတာကို မြင်တော့ ဝမ်မောမောလည်း စိတ်လောသွားပြီး သူတို့နှစ်ယောက်အနား ပြေးသွားလေရဲ့။ ပြီးတော့ မျက်လုံးပြူးကြီးတွေနဲ့ စိုက်ကြည့်ရင်း ထပ်မေးလိုက်တာပေါ့။
"အိမ်ရှေ့မင်းသားကျင်းက ဘာတွေ ပြောလိုက်လဲလို့ "
ယွီးရှောင်ရှောင်က ဝင်ပြောလိုက်လေတယ်။ "သူက ဘာမှမပြောပါဘူး။ ကျွန်မနဲ့ ရှောင်ကုကို ထမင်းတစ်နပ် ကျွေးရုံလေးတင်ပါ။ အဲ့ဒီထမင်းကလည်း သိပ်ပြီး ဟုတ်လှတာ မဟုတ်ဘူး၊ ပမာဏက နည်းလွန်းတယ်လေ"
ရှောင်ကျွမ်းကလည်း ကပျာကယာနဲ့ ထောက်ခံလိုက်လေရဲ့။ "ဟုတ်ပါတယ်၊ မင်းသမီး တစ်ယောက်တည်းကပဲ တစ်စားပွဲလုံးကို အကုန်စားပစ်လိုက်တာ၊ သမက်တော်ဆို တစ်လုပ်တောင် မစားလိုက်ရဘူး"
ရှောင်ဝေကတော့ စိတ်ထဲကနေ တွေးနေမိတော့တယ်။ 'ဟုတ်သားပဲ၊ မင်းသမီး တစ်ယောက်တည်းကပဲ ဟင်းပွဲတွေအကုန်လုံးကို မျက်စိတစ်မှိတ်အတွင်း ပြောင်သလင်းခါနေအောင် စားသွားတာ။ မင်းသမီးက နန်းတော်ထဲမှာ အတော်လေး ငတ်ရှာတယ် ထင်ပါရဲ့’
ဝမ်မောမောတော့ သိပ်ကို မျှော်လင့်ချက် မဲ့သွားတော့တာပေါ့။ ကျင်းမော့က သတ္တမမင်းသားကိစ္စကို မပြောဘူးဆိုတော့ သတ္တမမင်းသားအတွက် ကယ်တင်ဖို့ နည်းလမ်း မရှိတော့တာ သေချာသွားပြီလေ။ ဝမ်မောမောလည်း တိတ်တဆိတ် လှည့်ထွက်သွားပြီး ခုနက ကုလားထိုင်မှာပဲ ဖုတ်ခနဲ ပြန်ထိုင်ချလိုက်ပြန်တယ်။ သစ်သားကုလားထိုင်လေးလည်း ဖိအားကြောင့် 'ကျွီ... ကျွီ' ဆိုပြီး ထပ်မြည်သွားရပြန်တာပေါ့။ "သွားရှာပါပြီလေ..." လို့ ဝမ်မောမောက တိုးတိုးလေး ရေရွတ်လိုက်တယ်။
"ဘာကို သွားတာလဲ" ယွီးရှောင်ရှောင်က မေးလိုက်လေတယ်။
ဝမ်မောမောက နောက်ဆုံး မျှော်လင့်ချက်လေး တစ်မျှင်ကို ဆုပ်ကိုင်ထားရင်း ယွီးရှောင်ရှောင်ကို မေးလိုက်လေရဲ့။ "သမက်တော်ကရော ဘယ်လိုပြောလဲဟင်"
ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။ "ရှောင်ကုကတော့ မနက်ဖြန်ညကျရင် တာ့ရှစ်တံတားဆီကို မုန့်ဆက်စားဖို့ သွားကြမယ်တဲ့"
ရှောင်ဝေလည်း မျက်နှာကို လက်နဲ့ အုပ်လိုက်မိတော့တယ်။ သမက်တော်ကို ရှောင်ကုလို့ ခေါ်တာကတော့ ထားလိုက်ပါတော့လေ၊ ဟိုမှာ ဝမ်မောမောခမျာ မသာရုပ်တောင် ပေါက်နေပြီကို မနက်ဖြန် မုန့်သွားစားမယ်လို့ ပြောနေသေးတယ်တဲ့လား။ ဒီလိုလုပ်တာက တကယ်ပဲ ကောင်းပါ့မလားပေါ့။
ဝမ်မောမောမှာတော့ အသက်ရှူတောင်မဝတော့ဘဲ လေမှုတ်ဖိုကြီးကို ဆွဲနေသလို အသက်ရှူသံတွေ ပြင်းလာပြီး ခေါင်းထဲမှာတော့ အသံတစ်သံတည်းကပဲ ပဲ့တင်ထပ်နေတော့တယ်။ 'ငါ သေလိုက်တာကမှ ပိုကောင်းပါဦးမယ်လေ' တဲ့။
"မနက်ဖြန်ကျရင် ကျွန်မနဲ့ အတူတူ လိုက်ခဲ့ပါလား" ယွီးရှောင်ရှောင်က သူများ မျက်နှာရိပ်မျက်နှာကဲကို နည်းနည်းလေးမှ မကြည့်တတ်တော့ ဝမ်မောမောကိုပါ ဖိတ်ခေါ်လိုက်တာပေါ့။
"ဒီနေ့ ကျွန်မတို့ စားခဲ့တဲ့ဆိုင်ရဲ့ ဆိုင်ရှင်က ဝမ်မောမောနဲ့ မျိုးရိုးနာမည် တူတယ်၊ ဝမ်ပဲ။ သူ့ကို အဘွားဝမ်လို့ ခေါ်ကြတာ"
ဝမ်မောမောတစ်ယောက် ကုလားထိုင်ပေါ်ကနေ ဝုန်းခနဲ ခုန်ထလိုက်လေတယ်။ အခုတော့ သူမ သေချင်စိတ် မရှိတော့ဘဲ ယွီးရှောင်ရှောင်ကိုသာ အရင် လည်ပင်းညှစ်သတ်ပစ်ချင်နေပြီလေ။
"မင်းသမီး... သတ္တမမင်းသားက မင်းသမီးရဲ့ တစ်မအေတည်းက မွေးလာတဲ့ မောင်အရင်းခေါက်ခေါက်ကြီးနော်" ဝမ်မောမောက ယွီးရှောင်ရှောင်ကို အသံကုန် အော်တော့တယ်။
ယွီးရှောင်ရှောင်ကတော့ ဝမ်မောမော ဘာလို့ ဒေါသထွက်နေလည်းဆိုတာ ဘယ်နားလည်ပါ့မလဲ။
"အင်းလေ၊ သူက ကျွန်မ မောင်လေးပဲဟာကို၊ ဘာဖြစ်လို့လဲ"
ဝမ်မောမောရဲ့ အသက်ရှူသံတွေက ပိုပြီးတော့တောင် မြန်ဆန်လာပါလေရော။
"မင်းသမီး... ဆက်မပြောပါနဲ့တော့" ရှောင်ဝေက ယွီးရှောင်ရှောင်ကို တိုးတိုးလေး လှမ်းတားလိုက်ပြီး ဝမ်မောမောကို ကြည့်ရင်း ဝင်ပြောလိုက်တယ်။
"ဝမ်မောမော... ဒီကိစ္စကို ဧကရာဇ်ကိုယ်တိုင် အမိန့်ချမှတ်ထားပြီးသားလေ။ မှူးမတ်ကြီးတွေတောင် ဘာမှ မတတ်နိုင်ကြတာကို ဝမ်မောမောက မင်းသမီးကို ဘာလုပ်စေချင်နေတာလဲ"
ဝမ်မောမောက ရှောင်ဝေဘက်ကို လှည့်ပြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်လေရဲ့။
ဒါပေမဲ့ ရှောင်ဝေကတော့ ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်။ သူက ယွီးရှောင်ရှောင်ရဲ့ ကိုယ်ရံတော်လေ၊ ဒါကြောင့် သေချာပေါက် အရာရာတိုင်းမှာ ယွီးရှောင်ရှောင်ကိုပဲ ပထမ ဦးစားပေးရမှာပေါ့။ ယွီးကျစ်ရီအပေါ်မှာတော့ အသက်နဲ့လဲပြီး ကာကွယ်ပေးချင်လောက်တဲ့အထိ သစ္စာစောင့်သိမှုမျိုး ရှောင်ဝေဆီမှာ မရှိခဲ့ဘူး။ ယွီးကျစ်ရီ အခြေအနေကောင်းမှသာ ယွီးရှောင်ရှောင်လည်း အဆင်ပြေမှာဆိုတဲ့ စကားမျိုးတွေတော့ လာမပြောနဲ့။ အခုချိန်မှာတောင် လူတိုင်းက ဘာနည်းလမ်းမှ ရှာမရဘဲ လက်မှိုင်ချနေကြရတာကို ဘာလို့များ မင်းသမီးကိုချည်း လာပြီး ဖိအားပေးနေကြရတာလဲပေါ့။ ဒါနဲ့ပဲ ရှောင်ဝေက ဝမ်မောမောကို ပြတ်ပြတ်သားသားပဲ မေးချလိုက်တော့တယ်။
"ဝမ်မောမော... သတ္တမမင်းသားအတွက်နဲ့ မင်းသမီးကို သေတဲ့အထိ ဖိအားပေးချင်နေတာလား"
ဝမ်မောမောခမျာ အားအင်ကုန်ခမ်းသွားသလို ဖုတ်ခနဲ ထိုင်ကျသွားပြီး ဘာမှ ဆက်မပြောနိုင်တော့ပါဘူး။
ယွီးရှောင်ရှောင်က ဝင်ပြောလိုက်လေရဲ့။ "ကျွန်မကို ဖိအားပေးပြီး အသေခံခိုင်းမယ် ဟုတ်လား။ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဝမ်မောမောက ဘယ်တုန်းက ကျွန်မကို ဖိအားပေးဖူးလို့လဲ"
ဒီစကားကို ကြားတော့ ရှောင်ကျွမ်းတောင် ဆက်ပြီး နားမထောင်နိုင်တော့ဘူး။ လုံးဝကို စကားနဲ့လို့ နားလည်အောင် ရှင်းပြလို့မရတဲ့ အခြေအနေကြီးကို ဘယ်လိုများ ဖြေရှင်းရပါ့မလဲပေါ့။
ဝမ်မောမောက ခေါင်းယမ်းလိုက်ရင်း ညည်းတွားလိုက်လေတယ်။ "သတ္တမမင်းသား ညီလာခံမှာ ခြေကုပ်မြဲမှ မင်းသမီးလည်း နေ့ရက်ကောင်းလေးတွေကို ပိုင်ဆိုင်ရမှာပေါ့"
အစ်မဖြစ်သူကို ဒုက္ခတွင်းထဲ ဆွဲချမဲ့ အဲ့ကောင်ကလည်း။ ယွီးရှောင်ရှောင် နှုတ်ခမ်းတစ်ချက် တွန့်လိုက်မိတယ်။ ထားလိုက်ပါတော့လေ... စိတ်မကောင်းဖြစ်စရာ စကားတွေကို ဆက်မပြောတာကပဲ ကောင်းပါတယ်ပေါ့။
"မင်းသမီး..." အခန်းပြင်ဘက်ဆီကနေ နန်းတွင်းအစေခံ ရှောင်ဖုန်းရဲ့ အသံလေး ထွက်ပေါ်လာလေရဲ့။ "ဧကရာဇ်က အမိန့်တော်ပါးဖို့ လူလွှတ်လိုက်ပါတယ်တဲ့"
"ဘာကိစ္စ ရှိပြန်ပြီလဲ" ယွီးရှောင်ရှောင်က ဧကရာဇ်ရှန်ကျုံး ခေါ်ပြန်ပြီဆိုတာကို ကြားလိုက်တာနဲ့ ချက်ချင်းပဲ စိတ်မရှည်တော့ဘူး။ "ငါ အိပ်ရာဝင်သွားပြီလို့ပဲ သွားပြောလိုက်တော့"
ရှောင်ဝေလည်း နှုတ်ခမ်းတွေတောင် တင်းခနဲဖြစ်သွားပြီး ကပျာကယာ ဝင်ပြောရလေရဲ့။
"မင်းသမီး... ဧကရာဇ်ရဲ့ အမိန့်တော်ကိုတော့ မဖြစ်မနေ နာခံရပါမယ်၊ လက်မခံလို့ မရပါဘူး"
ဝမ်မောမောခမျာလည်း ကိုယ့်မင်းသမီးက ဧကရာဇ်ရဲ့ အမိန့်တော်ကိုတောင် လက်မခံဘဲ ငြင်းဆန်ဖို့ ပြင်နေတာကို မြင်တော့ ငိုချင်စိတ် ပေါက်သွားပြန်ပြီး ညည်းတွားလိုက်ပြန်တယ်။ "မင်းသမီးရယ်... အမိန့်တော်ကို လက်မခံတာက သေဒဏ်ထိုက်တဲ့ အပြစ်ကြီးပါနော်"
လခွီးတဲ့မှ
ယွီးရှောင်ရှောင်တစ်ယောက် စိတ်ထဲကနေ ခပ်ကြမ်းကြမ်းလေး ဆဲလိုက်မိတော့တယ်။ ဒီဧကရာဇ်နဲ့ ပတ်သက်လာရင် ဟိုလှည့်လည်း သေ၊ ဒီလှည့်လည်း သေနဲ့ သေလမ်းတစ်ခုတည်း ရှိနေသလိုပဲ။ သူမကရော ဘယ်တော့များမှ ဧကရာဇ် ဖြစ်လာမှာလဲ။ အာ... မဟုတ်သေးပါဘူး၊ အဲ့ဒီ မိုက်မဲတဲ့ ဧကရာဇ်ကြီး ဘယ်တော့များမှ သေမှာလဲလို့ တွေးရမှာပေါ့။ ရက်စက်တဲ့ ဘုရင်မဘဝတုန်းကလို နောက်ထပ် ဆယ်နှစ်လောက် ထပ်စောင့်နေရမယ်ဆိုရင် သူမ အသက်ဆက်ရှင်နိုင်ပါဦးမလားလေ။
…
အခန်း (၅၄) အပြန်အလှန် အကျိုးပြုတဲ့လောက
ဧကရာဇ်ရှန်ကျုံးရဲ့ ဒီအမိန့်တော်က ထွေထွေထူးထူးတော့ ဘာမှ မပါပါဘူး။ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ကို မနက်ဖြန် မနက်ပိုင်း ညီလာခံ ပြီးတဲ့အခါ နန်းတော်ထဲကို နောက်တစ်ခေါက် လာခဲ့ဖို့ပဲ ပါတာ။
ယွီးရှောင်ရှောင်လည်း အမိန့်တော်ကို လက်ခံယူပြီးတာနဲ့ မတ်တတ်ထရပ်ပြီး အမိန့်တော်လာပို့တဲ့ မိန်းမစိုးကို မေးလိုက်တော့တယ်။
"ခမည်းတော်က ငါ့ကို ဘာကိစ္စရှိလို့ ခေါ်တာလဲ"
မိန်းမစိုးက ခေါင်းခါပြပြီး ပြန်ဖြေလေရဲ့။ "မင်းသမီး... ဧကရာဇ်ရဲ့ ကိစ္စတွေကို ကျွန်တော်မျိုးက အလွန်အကျွံ မမေးရဲပါဘူး"
ဝမ်မောမောက ရှေ့ကို တိုးလာပြီး မိန်းမစိုးရဲ့ လက်ထဲကို ငွေအိတ်တစ်အိတ် ထိုးထည့်ပေးလိုက်ရင်း ဘာစကားမှ မပြောဘဲ မိန်းမစိုးကိုသာ စိုက်ကြည့်နေလိုက်လေတယ်။
မိန်းမစိုးက ငွေအိတ်လေးကို စမ်းကြည့်ရင်း ဆုတော်ငွေ မနည်းလောက်ဘူးလို့ ခန့်မှန်းမိသွားတော့မှ ပြောပြတော့တယ်။
"မနက်ဖြန်ကျရင် အိမ်ရှေ့မင်းသားကျင်း နန်းတော်ထဲ ဝင်လာမှာမို့ သတ္တမမင်းသား ကိစ္စအတွက်လို့ ကျွန်တော်မျိုး ထင်ပါတယ်"
အားလုံးလည်း ဒါကို ကြားလိုက်တာနဲ့ ချက်ချင်းပဲ သဘောပေါက်သွားကြတာပေါ့။ ဒါက မင်းသမီးနဲ့ သမက်တော်တို့ကို သတ္တမမင်းသား ကျူးယိတိုင်းပြည်ဆီ သွားရမဲ့ကိစ္စအတွက် တိုင်ပင်ဖို့ ခေါ်လိုက်တာပဲလေ။
ကုရှင်းလန်လည်း မနက်ဖြန် မနက် မြို့တံခါး ဖွင့်ဖွင့်ချင်း ယွီးကျစ်ရီကို ခေါ်ပြီး ထွက်သွားတော့မယ်လို့ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်တော့တယ်။
ယွီးရှောင်ရှောင်ကတော့ မိန်းမစိုး ငွေအိတ်ကို ကိုင်ထားတဲ့ လက်ကိုသာ စိုက်ကြည့်နေမိတယ်။ ဒီလောက်တောင် ဗြောင်ကျကျ လာဘ်စားနေတာဆိုတော့ ဖုန်းထျန်းတိုင်းပြည်ရဲ့ အရာရှိလောကကြီးက ကောင်းလာဖို့ အခြေအနေ ရှိသေးရဲ့လား။
မိန်းမစိုး ကိုယ်တိုင်လည်း သူပြောလိုက်တဲ့ ကိစ္စက လင်းလုံမင်းသမီးနဲ့ ကုအိမ်တော်က လူတွေအတွက် ကောင်းတဲ့သတင်း မဟုတ်ဘူးဆိုတာကို နားလည်တာပေါ့။ ဒါကြောင့် ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ကို အရိုအသေပေးပြီးတာနဲ့ တစ်ခဏလေးတောင် ထပ်မနေတော့ဘဲ သူ့နောက်လိုက်တွေကို ခေါ်ပြီး ချက်ချင်း ပြန်ထွက်သွားတော့တယ်။
အမိန့်တော်လာပို့တဲ့ မိန်းမစိုး ပြန်သွားတာတောင် အားလုံး ခြံဝင်းရှေ့မှာ ရပ်နေတုန်းဆိုတော့ ယွီးရှောင်ရှောင်ကပဲ "အားလုံးပဲ သွားအိပ်ကြတော့လေ" လို့ ပြောလိုက်လေတယ်။
ကုချန်းက မေးလိုက်လေရဲ့။ "မင်းသမီး... မနက်ဖြန်ကိစ္စနဲ့ ပတ်သက်ပြီး မင်းသမီးမှာ ဘယ်လို အမြင်ရှိလဲ"
ယွီးရှောင်ရှောင်ကတော့ "မနက်ဖြန်ကိစ္စကို မနက်ဖြန်ကျမှပဲ ပြောကြတာပေါ့လေ" လို့ ပြန်ဖြေလိုက်တယ်။ ကမ္ဘာကြီး မပျက်သရွေ့တော့ ယွီးရှောင်ရှောင်ရဲ့ မျက်လုံးထဲမှာ ဘာကိစ္စကမှ အရေးကြီးတဲ့ ကိစ္စလို့ မထင်ဘူးလေ။
"မင်းသမီး သွားနားနှင့်ပါ" ကုရှင်းလန်က ယွီးရှောင်ရှောင်ဘက်ကို ခေါင်းလှည့်ကြည့်ပြီး "ကျွန်တော် ခဏနေရင် အခန်းထဲ ပြန်လာခဲ့ပါ့မယ်" လို့ ပြောလိုက်လေတယ်။
ယွီးရှောင်ရှောင်ကလည်း ဘာမှသံသယ မဝင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမ ဗိုက်လည်း ဝနေပြီဆိုတော့ အိပ်ရာဝင်ဖို့ကလွဲပြီး တခြား ဘာလုပ်ရမလဲဆိုတာကို သူမလည်း စဉ်းစားလို့ မရဘူးလေ။
ယွီးရှောင်ရှောင်က ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ဝမ်မောမောတို့ကို ခေါ်ပြီး အခန်းထဲ ပြန်ဝင်သွားတဲ့အချိန်မှာတော့ ကုချန်းကလည်း သခင်မကြီးနဲ့ မြေးချွေးမတွေကို အခန်းထဲ ပြန်နားခိုင်းလိုက် သူကိုယ်တိုင်ကတော့ မြေးသုံးယောက်နဲ့အတူ စာကြည့်ဆောင်ဆီ ပြန်လာခဲ့တော့တယ်။
ဒီတစ်ခေါက်တော့ ကုရှင်းလန်ကို သူ့ရဲ့ အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့က စာကြည့်ဆောင်ထဲကို ပွေ့ချီပြီး ခေါ်လာခဲ့ရတာပေါ့။
ကုသခင်ကြီးက စာကြည့်ဆောင်ထဲ ရောက်တာနဲ့ ချက်ချင်းပဲ စကားစလိုက်တယ်။
"မနက်ဖြန်ကျရင် ရှင်းလန်က မင်းသမီးနဲ့အတူ နန်းတော်ထဲ လိုက်သွားရမယ်။ ရှင်းယန်... မင်းက သတ္တမမင်းသားကို ခေါ်ပြီး မြို့တော်ကနေ ထွက်သွားတော့။ တခြားနေရာကိုလည်း သွားစရာမလိုဘူး၊ အနောက်မြောက်ဘက်ကို တန်းတန်းမတ်မတ် သွားပြီး ဝူကျိုးကိုသာ သွားလိုက်။ အဲ့ဒီမှာ ကျန်းမိသားစုရဲ့ အိမ်တော်ရှိတယ်။ အဲဒါသူတို့ပိုင်နက်ပဲ။ သူတို့က သတ္တမမင်းသားကို ဘေးကင်းအောင် သေချာပေါက် ကာကွယ်ပေးနိုင်လိမ့်မယ်"
ကုရှင်းယန်က အဘိုးရဲ့ စကားကို ကြားတော့ တစ်စက္ကန့်လေးတောင် စဉ်းစားမနေဘဲ ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ၊ ကျွန်တော် သတ္တမမင်းသားကို ခေါ်သွားပါ့မယ်" လို့ ပြောလိုက်လေရဲ့။
ကုရှင်းလန်ကတော့ စိတ်လောသွားပါလေရော။ သူက ယွီးရှောင်ရှောင်ကို စိတ်မကောင်း မဖြစ်စေချင်ပေမဲ့ ကိုယ့်မိသားစုကိုလည်း ဒုက္ခမပေးချင်ဘူးလေ။
ကုရှင်းလန် စကားပြောတော့မယ်ဆိုတာကို မြင်လိုက်တဲ့ ကုရှင်းနော့က ကုရှင်းလန် ဘာပြောမယ်ဆိုတာကို သိနေသလိုမျိုး ကြိုပြီး ဖြတ်ပြောလိုက်လေတယ်။ "မိသားစုကို ဒုက္ခမပေးချင်ဘူးဆိုတဲ့ စကားမျိုး မင်း ထပ်မပြောနဲ့တော့။ မင်းသမီးက မင်းအပေါ်မှာတင် ကျေးဇူးရှိတာ မဟုတ်ဘူး၊ ငါတို့ တစ်အိမ်တော်လုံး အပေါ်မှာလည်း ကျေးဇူးရှိတာပဲလေ။ ငါနဲ့ မင်းအစ်ကိုလတ်က သတ္တမမင်းသား ကိစ္စအတွက် ဝင်ကူညီပေးရမှာက ငါတို့ရဲ့ တာဝန်ပဲ"
ကုရှင်းယန်ကလည်း ဝင်ပြောလေတယ်။"ညီသုံး... မင်းလည်း သိပ်ပြီး မိုက်မဲမနေစမ်းပါနဲ့။ မင်း ဒီကိစ္စမှာ ဝင်မပါရင်တောင်မှ နန်းတွင်းထဲမှာ ငါတို့ကို ဒုက္ခပေးချင်နေတဲ့သူတွေက အများကြီး။ ငါတို့က ပြဿနာကို ကြောက်တတ်တဲ့ မိသားစုမျိုးမှ မဟုတ်တာ"
"ဒီအတိုင်းပဲ လုပ်ကြတာပေါ့" ကုချန်းက ကုရှင်းလန်ကို ထပ်ပြောခွင့် မပေးတော့ဘူး။
"မနက်ဖြန် မနက်စောစော ရှင်းယန်က ရှင်းလန်အတွက် ဆေးကုသမှုရှာဖွေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ္တမမင်းသားကို ခေါ်ပြီး ဝူကျိုးကို သွား။ အကြီးကောင်၊ အလတ်ကောင် မင်းတို့ နှစ်ယောက်က မြေးသုံးကို အခန်းထဲ ပြန်ပို့လိုက်ကြ"
ကုရှင်းနော့နဲ့ ကုရှင်းယန်က ကုရှင်းလန် ထိုင်နေတဲ့ အထမ်းကုလားထိုင်ကို ပွေ့ချီပြီး ထွက်သွားကြတော့တယ်။
မြေးတွေ အကုန်ထွက်သွားပြီးတဲ့နောက်မှာတော့ အဘိုးအိုက စာကြည့်စားပွဲနောက်မှာ ထိုင်ရင်း သက်ပြင်းရှည်ကြီးတစ်ခုကို လေးလေးလံလံ ချလိုက်မိတော့တယ်။ သူက ဧကရာဇ်ရှန်ကျုံးအနေနဲ့ လင်းလုံမင်းသမီးရဲ့ မျက်နှာကို ထောက်ထားပြီး သူတို့ ကုမိသားစုအပေါ် ရက်ရက်စက်စက် လုပ်မှာမဟုတ်ဘူးဆိုတာကို လောင်းကြေးထပ်နေတာပဲလေ။ မင်းသားမိခင်ရဲ့ ဆွေမျိုးစုနဲ့ ရန်သူဖြစ်ရမဲ့ ကိစ္စကိုတော့... စစ်သည်အင်အား သောင်းသိန်းချီကိုတောင် မကြောက်ခဲ့တဲ့ အဘိုးအိုက ဒီလောက်လေးကို ဘယ်မှာ ကြောက်နေပါ့မလဲ။
စာကြည့်ဆောင် အပြင်ဘက်မှာတော့ အစ်ကိုလုပ်သူ နှစ်ယောက်က ညီငယ်ကို အဘိုးရဲ့ စာကြည့်ဆောင် ခြံဝင်းထဲကနေ ခေါ်ထုတ်လာပြီးတာနဲ့ အထမ်းကုလားထိုင်ကို ပြန်ချလိုက်ကြတယ်။
ကုရှင်းလန်က ချက်ချင်းပဲ ပြောတော့တယ်။
"အစ်ကိုနှစ်... ကျွန်တော် နေမကောင်းဘူးလို့သာ အကြောင်းပြလိုက်ရင် မနက်ဖြန် နန်းတော်ထဲ ဝင်စရာ မလိုတော့ဘူးလေ။ ကျွန်တော်ပဲ သတ္တမမင်းသားကို ခေါ်သွားပါရစေ"
ကုရှင်းယန်က ပြန်ပြောလိုက်လေတယ်။ "ညီသုံး... မင်း ဒီပုံစံကြီးနဲ့ ခရီးထွက်သွားလို့ လမ်းမှာ ပြဿနာတစ်ခုခုနဲ့ ကြုံလာရင် မင်းက သတ္တမမင်းသားကို ကာကွယ်ပေးမှာလား၊ ဒါမှမဟုတ် သတ္တမမင်းသားကပဲ မင်းကို ပြန်ကာကွယ်ပေးရမှာလား။ မွှေမနေစမ်းပါနဲ့ကွာ"
ကုရှင်းနော့က ကိုယ်ကို တစ်ဝက်လောက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကုရှင်းလန်ကို မေးလိုက်တယ်။
"ညီသုံး... မင်းကိုယ်တိုင် သတ္တမမင်းသားကို ခေါ်သွားမယ် ဆိုရင်တောင်မှ မင်းက ငါတို့ ကုအိမ်တော်ရဲ့ တတိယသခင်လေးပဲလေ။ ငါတို့ ကုအိမ်တော်က ဒီကိစ္စကနေ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ"
ကုရှင်းလန်က သူ့ဇနီးလေးအတွက်ပဲ တစ်ဖက်သတ် စဉ်းစားနေမိတော့ ကိစ္စရပ်တွေကို ဒီလောက်အထိ စေ့စေ့စပ်စပ် မတွေးမိခဲ့တာ အမှန်ပဲ။ ကုရှင်းနော့က အခြေအနေကို ရှင်းရှင်းလင်းလင်း ထောက်ပြလိုက်တော့မှ ကုသခင်လေးသုံးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသွားပြန်ပါလေရော။
သူ့ညီငယ် စိတ်ကြီးမှန်း ကုရှင်းနော့ သိနေတော့ ကုရှင်းလန်ရဲ့ လက်ကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်ပြီး တိုးတိုးလေး နှစ်သိမ့်ရှာတယ်။
"လူဆိုးလေး... အများကြီး တွေးမနေနဲ့တော့။ မိသားစုဝင်တွေဆိုတာ ကောင်းကျိုးဆိုးကျိုး အတူတူ ခံစားကြရမှာပဲ။ နောင်တစ်ချိန် သတ္တမမင်းသားသာ ကြီးကျယ်မြင့်မြတ်တဲ့သူ တစ်ယောက် ဖြစ်လာခဲ့ရင် ငါတို့အိမ်တော်လည်း အကျိုးအမြတ်တွေ ရလာမှာပဲ မဟုတ်ဘူးလား"
ကုရှင်းယန်က မကျေမနပ်နဲ့ ဝင်ပြောလိုက်လေတယ်"အစ်ကိုကြီးစကားကလည်း သိပ်ကို အောက်ခြေလွတ်လွန်းနေပြီ။ သူများကို ကူညီရင်လည်း ကူညီတာပေါ့၊ အကျိုးအမြတ်ကို မျှော်လင့်နေရသေးတာလား"
ကုရှင်းနော့က သူ့ညီနှစ်ယောက်ကို ကြည့်ပြီး ခါးသက်သက် ပြုံးလိုက်လေတယ်။
"ငါပြောချင်တာက ဒီလောကကြီးရဲ့ ကိစ္စတွေဆိုတာ အပြန်အလှန် အကျိုးပြုနေကြတာပဲလေ။ မင်းသမီးက ငါတို့ကို ကယ်တင်ခဲ့လို့ ခင်ပွန်းကောင်းတစ်ယောက်ကို ရခဲ့တယ်။ ငါတို့က သတ္တမမင်းသားကို ကူညီလိုက်လို့ နောင်တစ်ချိန်ကျရင် ပိုပြီး ကြီးမားတဲ့ ဂုဏ်ကျက်သရေနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ရကောင်းရလာနိုင်တယ်လေ။ ဒါကြောင့် ရှင်းလန်... မင်း အများကြီး တွေးပူမနေနဲ့တော့။ မနက်ဖြန် မင်းသမီးနဲ့အတူ နန်းတော်ထဲ ဝင်သွားရင်သာ နန်းတွင်းက လူတွေနဲ့ ကျင်းမော့ တစ်ခုခုကို ရိပ်မိသွားအောင် မလုပ်နဲ့"
"ဟုတ်တယ်" ကုရှင်းယန်က ထောက်ခံပြန်တယ်။ "မင်းသမီးနဲ့ မင်္ဂလာဦးညကို အမြန်ဆုံး ဖြတ်သန်းဖို့ အချိန်ယူလိုက်စမ်းပါ။ မင်းသမီးနဲ့ အတူတူ သေချာလေး ဘဝကို တည်ဆောက်သွားတာကမှ အရေးကြီးဆုံးပဲ"
ကုရှင်းနော့က လျှောက်ပြောတတ်တဲ့ သူ့ညီလတ်ကို မျက်စောင်းထိုးလိုက်ပြီး ဟောက်တာပေါ့။ "မင်း ဘာတွေ လျှောက်ပြောနေတာလဲ"
ကုရှင်းယန်က နှုတ်ခမ်းလေးကို တွန့်ပြီးရယ်လိုက်တယ်။ "အတူမအိပ်ရသေးဘဲနဲ့ လင်မယားလို့ ခေါ်လို့ရပါ့မလား။ ရှင်းလန်က အခု လှုပ်လို့မရပေမဲ့ မင်းသမီးက လှုပ်လို့ရတယ်လေ။ ဟေး... ညီသုံး၊ ငါ မင်းကို ပေးထားတဲ့ စာအုပ်ထဲမှာ အဲ့ဒီ ကိုယ်နေဟန်ထားမျိုး ပါတယ်မလား"
ကုရှင်းလန်လည်း မျက်နှာကြီး ရဲတက်သွားပြီး "အစ်ကိုကြီး... ကျွန်တော့်ကိုပဲ အခန်းပြန်ပို့ပေးပါတော့" လို့ ပြောလိုက်တော့တယ်။
"ပါးစပ်ပိတ်ထားစမ်း" ကုရှင်းနော့က သူ့ညီလတ်ကို လက်သီးပြလိုက်လေရဲ့။ "ငါတို့ ရှင်းလန်ကို အခန်းပြန်ပို့ပေးမယ်"
အိပ်ခန်းထဲမှာတော့ ယွီးရှောင်ရှောင်က အိပ်ပျော်နေခဲ့ပြီ။ သူမရဲ့ ခန္ဓာကိုယ်လေးက သေးသွယ်လွန်းတော့ ကြီးမားကျယ်ပြန့်တဲ့ မင်္ဂလာခုတင်သစ်ကြီးပေါ်မှာ အိပ်နေတဲ့အခါ ပန်းကနုတ်တွေ ထွင်းထုထားတဲ့ သစ်သားခုတင်ကြီးက ပိုပြီးတောင် ဟာလာဟင်းလင်း ဖြစ်နေသလိုပါပဲ။
ကုရှင်းလန်ကို အစ်ကိုနှစ်ယောက်က အခန်းရှေ့အထိ လိုက်ပို့ပေးခဲ့ပြီး အဲ့ဒီကနေမှ သန်မာတဲ့ အထိန်းတော်ကြီး နှစ်ယောက်က ဆက်လက်ပွေ့ချီပေးပြီး ယွီးရှောင်ရှောင်ရဲ့ ခုတင်ဘေးနားကို ခေါ်သွားပေးခဲ့ကြတာပေါ့။
ဘေးနားက လှုပ်ရှားသံတွေကို ကြားတော့ ယွီးရှောင်ရှောင်က မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ကိုယ့်အနား ရောက်နေတာက ကုရှင်းလန်ဆိုတာကို မြင်လိုက်တော့မှပဲ မျက်လုံးပြန်မှိတ်ပြီး ဆက်အိပ်သွားပါလေရော။
ကုရှင်းလန်ကတော့ အထိန်းတော်ကြီး နှစ်ယောက်ကို အပြင်ထွက်သွားဖို့ လက်ခါပြလိုက်တယ်။ ပြီးတော့ ခုတင်ဘေးမှာ ထိုင်ရင်း ယွီးရှောင်ရှောင်ကို တစ်ခဏလောက် စိုက်ကြည့်နေမိလေရဲ့။ ကုရှင်းယန်လို လူကြမ်းကြီး ပြောလိုက်တဲ့ စကားတွေက ကုသခင်လေးသုံးအပေါ် လွှမ်းမိုးမှု ရှိနေဆဲပဲ။ အိပ်မောကျပြီး ပန်းသွေးရောင် သန်းနေတဲ့ သူ့ဇနီးလေးရဲ့ မျက်နှာလေးကို ကြည့်ရင်း ကုရှင်းလန်တစ်ယောက် ဝမ်းဗိုက်အောက်ပိုင်းကနေ ရုတ်တရက် ပူနွေးလာသလို ခံစားလိုက်ရပြီး ယွီးရှောင်ရှောင်ရဲ့ မျက်နှာလေးကို အလိုအလျောက် လှမ်းပွတ်သပ်မိသွားတော့တယ်။ လက်အောက်ကနေ စမ်းမိနေတဲ့ ချောမွေ့နူးညံ့တဲ့ အသားအရေလေးကြောင့် ကုရှင်းလန်ခမျာ ပိုပြီးတောင် အိုက်စပ်စပ်နဲ့ ဂနာမငြိမ် ဖြစ်လာရလေရဲ့။
ယွီးရှောင်ရှောင်က ကုရှင်းလန်ကြောင့် ထပ်နိုးလာရပြန်တယ်လေ။ မျက်လုံးမှိတ်ထားလျက်နဲ့ပဲ "ရှင် ဘာဖြစ်နေတာလဲ" လို့ မေးလိုက်တာပေါ့။
ကုရှင်းလန်က အတွေ့အကြုံမရှိသေးတဲ့ လူပျိုပေါက်လေးဆိုတော့ ကိုယ့်ဇနီး မျက်နှာကို ကိုင်ရတာကိုပဲ လိပ်ပြာမလုံ ဖြစ်နေတာ။ ဇနီးလေးက စကားလည်း ပြောလိုက်ရော၊ သူ့လက်က အပူလောင်သွားသလိုမျိုး ရွှီးခနဲ ချက်ချင်း ပြန်ရုတ်သိမ်းပါလေရော။
ယွီးရှောင်ရှောင်လည်း မျက်လုံးပွင့်လာပြီး ကုရှင်းလန်နဲ့ အကြည့်ချင်း ဆုံသွားကြတယ်။
ကုရှင်းလန်က အသံအက်အက်နဲ့ပဲ ပြန်ဖြေတယ်။ "ဘာမှမဖြစ်ပါဘူး... မင်း ဆက်အိပ်လိုက်ပါ"
ယွီးရှောင်ရှောင်က အကြည့်တွေကို အောက်ဘက်ဆီ ရွှေ့ကြည့်လိုက်တယ်။ ကိုယ်ကျင့်တရားဆိုတာ လုံးဝ မရှိတော့တဲ့ ကမ္ဘာပျက်ကပ်ကာလကြီးမှာ ရှင်သန်ခဲ့ရတဲ့ နည်းပြယွီးဆိုတာ ဝက်သားမစားဖူးရင်တောင် ဝက်ပြေးတာကိုတော့ မြင်ဖူးခဲ့သူလေ။ ဒါနဲ့ပဲ ဘောင်းဘီအပေါ်ကနေ ကုရှင်းလန်အတွက် လက်နဲ့ ခပ်သွက်သွက်လေး လုပ်ပေးရင်း ပြောလိုက်ပါလေရော။ "အောင့်ထားရတာ နေရခက်နေတယ်မလား။ အတူတူ အိပ်လို့ မရသေးတော့လည်း ရှင့်အတွက် လက်နဲ့ပဲ အရင် ပြီးအောင် လုပ်ပေးလိုက်ပါ့မယ်လေ"
...