← Chapters

အခန်း (၅၅-၅၆)

Vol. 4 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 4 Ch. 55-56

အခန်း (၅၅) မိသားစုကို ဦးစားပေးသော အမျိုးသားများ

ဒုတိယနေ့မနက် ကုသခင်လေးသုံး အိပ်ရာက နိုးလာတဲ့အချိန်မှာတော့ သူ့မျက်နှာအမူအရာက အိပ်မက်မက်နေသလိုမျိုးပဲ။ မျက်လုံးဖွင့်လျက်နဲ့ အိပ်ရင်းလမ်းလျှောက်နေသလိုမျိုးလေ။

အဲ့ဒီအချိန်မှာတော့ ယွီးရှောင်ရှောင်က လက်ထဲမှာ အသားမုန့်ပြားကြီးတစ်ခုကို ကိုင်ပြီး ကိုက်စားနေခဲ့ပြီ။ ခုတင်ခေါင်းရင်းမှာ ရပ်နေရင်း အလွတ်ဖြစ်နေတဲ့ ဘယ်ဘက်လက်ကို ကုရှင်းလန်ရဲ့ မျက်စိရှေ့မှာ ဝှေ့ယမ်းပြီး ပြောလိုက်တာပေါ့။ "ဒီနေ့ မနက်စာက အသားမုန့်ပြားတွေတဲ့၊ မြန်မြန်ထပြီး စားတော့လေ"

ကုရှင်းလန်ကတော့ အသားမုန့်ပြားကို တစ်လုပ်ပြီးတစ်လုပ် ကိုက်စားနေတဲ့ ယွီးရှောင်ရှောင်ကို ကြည့်နေမိတော့တယ်။ စစ်သူကြီးအိမ်တော်က ကိုယ်တိုင်လုပ်တဲ့ အသားမုန့်ပြားတွေဆိုတာ တကယ့်ကို အရွယ်အစား ကြီးကြီး၊ အခွံပါးပါးနဲ့ အဆာအပြည့် ထည့်ထားတဲ့ အသားမုန့်ပြားတွေလေ။ အဲဒါကို ယွီးရှောင်ရှောင် တစ်လုပ် ကိုက်လိုက်တာနဲ့ သုံးပုံတစ်ပုံလောက်က ပျောက်သွားတာပဲ။ သူ့ဇနီးလေးရဲ့ ပါးစပ်က ဘယ်လို လှုပ်ရှားသွားမှန်းတောင် သူ မမြင်လိုက်ရသေးဘူး။ အသားမုန့်ပြားကြီးတစ်ခုလုံးက သူ့ဇနီးရဲ့ လက်ထဲကနေ ပျောက်ကွယ်သွားပါလေရော။

"ကျ..." ကုသခင်လေးသုံး တံတွေးတစ်ချက် မျိုချလိုက်ပြီး "မနေ့ညက ကျွန်တော်တို့ ဘာလုပ်ခဲ့ကြလဲဟင်" လို့ မေးလိုက်လေတယ်။

ယွီးရှောင်ရှောင်ကတော့ အေးဆေးပဲပြန်ဖြေတာပေါ့။ "မနေ့ညက ကျင်းမော့ ထမင်းကျွေးတယ်လေ၊ ပြီးတော့ ငါတို့ တာ့ရှစ်တံတားဆီ သွားပြီး မုန့်စားကြတယ်လေ"

"ကိုယ်ပြောချင်တာက... ဒီ... ဒီအခန်းထဲမှာလေ" ကုရှင်းလန်ရဲ့ မျက်နှာက ထပ်ပြီး နီရဲလာတော့မဲ့ ပုံစံပါပဲ။ ကိုယ်ကျပ် အတွင်းခံဘောင်းဘီက ခြောက်သွေ့နေတာမို့ မနေ့ညက ခုတင်ပေါ်မှာ သူနဲ့ ယွီးရှောင်ရှောင်တို့ အတူတူ လုပ်ခဲ့ကြတဲ့ ကိစ္စက တကယ်ဟုတ်မဟုတ်ဆိုတာကို ကုရှင်းလန် သေချာ မသိတော့ဘူး ဖြစ်နေတယ်။ မင်းသမီးက သူ့ကို တကယ်ပဲ လက်နဲ့ ပြီးအောင် လုပ်ပေးခဲ့တာလားပေါ့။

ယွီးရှောင်ရှောင်က စားပွဲဘက်ကို လှည့်ပြီး အသားမုန့်ပြား နောက်တစ်ခုကို ထပ်ယူရင်း ပြောလိုက်တာပေါ့။

"အခန်းထဲမှာလား... ကျွန်မ ရှင့်အတွက် လက်နဲ့ တစ်ချီ လုပ်ပေးခဲ့တယ်လေ၊ ရှင် မမှတ်မိတော့ဘူးလား"

ကုရှင်းလန်ရဲ့ ရုပ်ချောချောလေးက ဝုန်းခနဲ ရဲတွတ်သွားပါလေရော။ တကယ်ကြီး ဖြစ်ခဲ့တာပဲကိုး။

ယွီးရှောင်ရှောင် ခုတင်ရှေ့ ပြန်ရောက်လာတော့ ကုရှင်းလန်ရဲ့ ရှက်သွေးဖြာနေတဲ့ ပုံစံကို မြင်သွားပြီး နားမလည်နိုင် ဖြစ်သွားရှာတယ်။ "အိပ်ရာကလည်း နိုးလာရော ဘယ်လိုလုပ် ရှက်တတ်သွားတာလဲ။ မနေ့ညကဆို ရှင့်ဟာကြီးနဲ့ ကျွန်မလက်ကိုတောင် လာပွတ်သီးပွတ်သပ် လုပ်နေသေးတာကို... ရှင်က..."

"တော်... တော်ပါတော့" ကုရှင်းလန်ခမျာ မြေကြီးကို တွင်းတူးပြီး ဝင်ပုန်းလိုက်ချင်စိတ်တောင် ပေါက်သွားတယ်။ အခုတော့ မနေ့ညက ဒီခုတင်ပေါ်မှာ ဖြစ်ခဲ့တာတွေ အကုန်လုံးကို သူ ပြန်မှတ်မိသွားခဲ့ပြီလေ။ မြေကြီးထဲ ဝင်ပုန်းစရာ အပေါက် မရှိတော့လည်း ကုသခင်လေးသုံးက သိပ်ကို ကလေးဆန်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တယ်။ စောင်ကို ဆွဲခြုံပြီး သူ့ကိုယ်သူ စောင်ထဲမှာ မြှုပ်ထားလိုက်တာပဲ။

ယွီးရှောင်ရှောင်ကတော့ ဒီနေ့မနက်အတွက် တတိယမြောက် အသားမုန့်ပြားကို အပြတ်ရှင်းလိုက်ပြီး စောင်ထဲ ဝင်ပုန်းနေတဲ့သူကို ကြည့်လိုက်တယ်။ ဒီပုံစံက ဒီကမ္ဘာရဲ့ လင်မယားတွေကြားက ချစ်ခင်ကြင်နာမှုကိုပြတဲ့ အပြုအမူတစ်ခုလား ဆိုတာကိုတော့ ယွီးရှောင်ရှောင် သေချာ မသိပါဘူး။ ဒါနဲ့ပဲ ကုရှင်းလန်ကို မေးလိုက်တော့တယ်။ "ရှင် ဘာဖြစ်နေတာလဲ။ ယောက်ျားတွေက မနက်ခင်းဆို ထောင်လာတတ်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ရှင် ထပ်ပြီး လိုချင်နေပြန်ပြီလား"

ကုရှင်းလန်လည်း စောင်ကို ဆွဲဖယ်လိုက်ပြီး မျက်လုံးကြီးပြူးပြီး ယွီးရှောင်ရှောင်ကို ကြည့်ရင်း အောင်တော့တာပဲ။ "မနက်... ဘာဖြစ်တယ်... အာ... မဟုတ်သေးပါဘူး၊ မင်းက ဘယ်လိုလုပ် ဒါတွေ တတ်နေတာလဲ"

ယွီးရှောင်ရှောင်က ပခုံးတစ်ချက်တွန့်လိုက်တယ်။ ဂွင်းထုတာလေးပဲဟာ၊ အများကြီး မြင်ဖူးရင် အလိုလို တတ်သွားတာပေါ့။ ဒါပေမဲ့ သူမရဲ့ ယောက်ျားက ခဏခဏ မျက်နှာရဲပြီး ရှက်တတ်တဲ့ အပြစ်ကင်းစင်မှုကို ထောက်ထားပြီး "သင်ပေးတဲ့သူ ရှိတယ်လေ" လို့ပဲ ပြောလိုက်ပါတယ်။

ကုမိသားစုအိမ်တော်မှာ ဘိုးဘေးတွေခေတ်ကတည်းက မင်းသမီးနဲ့ လက်ထပ်ဖူးတဲ့ ယောကျာ်းသားရယ်လို့မှ မရှိခဲ့တာ။ ကုရှင်းလန်ကလည်း နန်းတော်ထဲက ကိစ္စတွေကို တကယ် နားမလည်ပါဘူး။ ယွီးရှောင်ရှောင်က သင်ပေးတဲ့သူရှိတယ်လို့ ပြောတော့ ကုသခင်လေးသုံးက တကယ်ကြီး ယုံသွားတာပေါ့။ တော်ဝင်မိသားစုဆိုတာက အဆင့်အတန်းမြင့်ပြီး သာမန်ပြည်သူတွေရဲ့ မိသားစုနဲ့ လုပ်ပုံကိုင်ပုံ မတူတာက သိပ်ကို ပုံမှန်ပဲလေ။

"မော... မောမောကြီးတွေက သင်ပေးတာလား" လို့ ကုရှင်းလန်က မေးလိုက်လေတယ်။

ယွီးရှောင်ရှောင်ကလည်း အဲ့ဒီ သွန်သင်ဆုံးမပေးတဲ့ မောမောကြီးဆိုတာ ဘာလုပ်မှန်း မသိတာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ပါးစပ်ကနေ အလွယ်တကူပဲ "ဟုတ်တယ်" လို့ ပြောချလိုက်တော့တယ်။

လင်းလုံမင်းသမီးကို သင်ပေးခဲ့တဲ့ မောမောကြီးဆိုတာ ဘယ်သူလဲ။ မင်းသမီးကို နို့တိုက်ကျွေးမွေးလာခဲ့တဲ့ ဝမ်မောမောပဲပေါ့။ ဝမ်မောမောက နန်းတော်ထဲမှာ တစ်သက်လုံးနေပြီး အိမ်ထောင်လည်း မကျဖူးဘဲနဲ့ မင်းသမီးကို မိန်းမနဲ့ ယောက်ျားကြားက ကိစ္စတွေကို သင်ပေးနိုင်တယ်ဆိုတာ ကုသခင်လေးသုံး ဘယ်လိုမှ တွေးလို့မရဘူးလေ။ ဒါကို ဘယ်လိုများ သင်ပေးရတာလဲ...။ ကုရှင်းလန်ခမျာ စက္ကန့်အနည်းငယ်လောက်ပဲ တွေးကြည့်လိုက်ပြီး ဆက်မတွေးရဲတော့ပါဘူး။ သိပ်မလှပတဲ့ နားလည်မှုလွဲခြင်းတစ်ခုက ဒီကနေစပြီး အမြစ်တွယ်သွားတော့တာပါပဲ။

"ဘာစားချင်လဲ" ယွီးရှောင်ရှောင် အမြဲတမ်း အလေးထားဆုံး ကိစ္စက ဒီမေးခွန်းပဲ။

"လူခေါ်ပြီး ကိုယ့်ကို အဝတ်အစား လဲပေးခိုင်းလိုက်ပါ" ကုရှင်းလန်က ပြောလေတယ်။

"အချိန်မစောတော့ဘူးမလား၊ ခဏနေရင် မင်းသမီးနဲ့အတူ နန်းတော်ထဲ လိုက်ခဲ့ပါ့မယ်"

ယွီးရှောင်ရှောင်ကတော့ ပြန်ပြောတာပေါ့။"တခြားလူတွေကို ဒုက္ခပေးစရာ မလိုပါဘူး၊ ကျွန်မပဲ ကူလုပ်ပေးမယ်လေ"

မိန်းမလုပ်သူက သူ့ဘောင်းဘီကို ထပ်ဆွဲချွတ်တော့မဲ့ အခြေအနေကို မြင်လိုက်ရတော့ ကုရှင်းလန်လည်း ကပျာကယာနဲ့ အခန်းတံခါးဝဘက်ကို လှည့်ပြီး သူ့အစေခံကောင်လေးတွေကို ဝင်လာဖို့ အသံကျယ်ကြီးနဲ့ အော်ခေါ်လိုက်ရတော့တယ်။

ကုရှင်းလန်ကို ပြုစုရတဲ့ အစေခံကောင်လေး နှစ်ယောက်က အိပ်ခန်းအပြင်ဘက်မှာ အစောကြီးကတည်းက စောင့်နေခဲ့ကြတာလေ။ ကုရှင်းလန် အော်ခေါ်လိုက်သံကို ကြားတာနဲ့ ချက်ချင်းပဲ ထူးပြီး အခန်းထဲ ဝင်လာကြတာပေါ့။

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ နီရဲနေတဲ့ မျက်နှာကြီးကို ကြည့်ပြီး အပြင်ဘက်ကို လှည့်ထွက်လာခဲ့တယ်။ ဒီကောင်လေးက ဒီလောက်တောင် ရှက်တတ်နေတာဆိုတော့ တကယ်တမ်း စစ်မြေပြင်ကို လှံကိုင်ပြီး တက်ရမဲ့အချိန်ကျရင်ရော သူ့လှံကို ဘယ်နေရာ ထိုးထည့်ရမလဲဆိုတာကိုရော သိပါ့မလား။

ပြီးတော့ သူက စစ်သူကြီးတဲ့။ ဒီကမ္ဘာက စစ်သူကြီးတွေ အကုန်လုံးက ဒီလိုမျိုး အပြစ်ကင်းစင်နေကြတာလားဆိုတာကိုလည်း သူမ မသိတော့ပါဘူးလေ။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ တံခါးအပြင်ဘက် စင်္ကြံလမ်းမှာ ရပ်နေကြတယ်။ ညီအစ်ကိုနှစ်ယောက်လုံး မနက်စာ စားပြီးကြပြီမို့ မင်းသမီးရယ်၊ သမက်တော်တို့နဲ့အတူ နန်းတော်ထဲ ဝင်ဖို့ စောင့်နေကြတာလေ။

ယွီးရှောင်ရှောင်က သူတို့ညီအစ်ကိုနှစ်ယောက်ကို မြင်တာနဲ့ ပထမဆုံး ထွက်လာတဲ့ စကားကလည်း "စားပြီးကြပြီလား" ဆိုတာပဲ။

ရှောင်ကျွမ်းက ပြန်ဖြေတယ်။ "မင်းသမီး... ကျွန်တော်မျိုးတို့ စားပြီးကြပါပြီ။ သမက်တော်ကရော"

"သူ မထသေးဘူး" လို့ ယွီးရှောင်ရှောင်က ပြောလိုက်တယ်။ "မနေ့ညက သူ့ကို လက်နဲ့ တစ်ချီ လုပ်ပေးလိုက်လို့ ရှောင်ကုက အခု ငါ့ကို မကြည့်ချင်ဖြစ်နေတာ"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ထပ်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားကြပြန်တယ်။ ဘာလို့များ ဒီလိုစကားမျိုးကို သူတို့ဆီ ပြောပြနေရတာလဲ။ ဒါကို ကြားပြီးသွားရင် သူတို့ နှုတ်ပိတ်ခံရတော့မှာလား။ တော်ဝင်မိသားစုက လူတွေဆိုတာ သူတို့ကို အလွတ်မပေးတော့ဘူးလား။

ယွီးရှောင်ရှောင်က ဒီနေ့မနက်အတွက် စတုတ္ထမြောက် အသားမုန့်ပြားကို ဗိုက်ထဲ မျိုချလိုက်ပြီး ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ရဲ့ မျက်နှာတွေကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။ သူတို့ကလည်း လူငယ်သွေးဆူနေတဲ့ အရွယ်တွေဆိုတော့ မိန်းမတွေနဲ့ တကယ်တမ်း တွေ့ရတဲ့အခါ သူတို့လည်း သတ္တိကြောင်သွားမလားဆိုတာ သူမလည်း မသိဘူးလေ။

ရှောင်ကျွမ်းက ကြောင်တောင်တောင်နဲ့ မေးလေတယ်။

"ဒါ... ဒါဆို သမက်တော်က ဒီနေ့ နန်းတော်ထဲ မဝင်တော့ဘူးလား"

"ဝင်မှာပေါ့" ယွီးရှောင်ရှောင်က ဆက်ပြောလေရဲံ။ "သူ အခု ရှက်နေလို့ပါ။ စိတ်အေးသွားအောင် အချိန်လေး နည်းနည်း ပေးလိုက်ရင် ရပါပြီ"

ရှောင်ဝေလည်း ချောင်းခြောက် အကြိမ်ကြိမ်ဆိုးလိုက်ပြီး ဒီအကြောင်းအရာကို ဒီမှာတင် ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဆက်ပြီး ပြောနေဦးမယ်ဆိုရင် တော်ဝင်မိသားစုက သူတို့ကို နှုတ်ပိတ်ချင်တာတင် မကတော့ဘဲ ကုမိသားစုကပါ သူတို့ကို အလွတ်ပေးတော့မှာ မဟုတ်ဘူးလေ။ ခန့်ညားထည်ဝါလှတဲ့ စစ်သူကြီးတစ်ဖြစ်လဲ သခင်လေးသုံးက ခုတင်ပေါ်ရောက်မှ ရှက်နေတယ်ဆိုတာ လုံးဝကို စိတ်ကူးကြည့်လို့ မရနိုင်တဲ့ ကိစ္စကြီး။

"အအေးမိနေတာလား" ယွီးရှောင်ရှောင်က ရှောင်ဝေ ချောင်းဆိုးနေတာကို မြင်တော့ ဂရုတစိုက်နဲ့ လှမ်းမေးလိုက်လေတယ်။

ရှောင်ဝေက ပြန်ဖြေလေရဲ့။ "မင်းသမီး... ပိုင်ဟူ (ကျားဖြူ) တိုင်းပြည်ရဲ့ စစ်သေနာပတိချုပ် ကျော်ယို့ မနေ့က မြို့တော်ကို ရောက်လာတယ်လို့ ကျွန်တော်မျိုး ကြားထားပါတယ်"

"ဘယ်ညာ ဟုတ်လား (ကျော်ယို့ - ဘယ်နဲ့ညာ)" "ဒီလိုနာမည်မျိုး မှည့်တဲ့သူ ရှိသေးတယ်ပေါ့" လို့ ယွီးရှောင်ရှောင်က ပြောလိုက်တယ်။ အဲ့ဒီနာမည်ကို ခဏလောက် ပြန်တွေးကြည့်ပြီးတော့မှ ယွီးရှောင်ရှောင်လည်း စိတ်အေးသွားတော့တယ်။ ကျော်ယို့က ရက်စက်တဲ့ ဘုရင်မကြီးရဲ့ တိတ်တိတ်ပုန်းလင်ငယ်လေး မဟုတ်ဘူးလေ။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ကျော်ယို့ဆိုတဲ့ နာမည်က ဘာဖြစ်နေလို့လဲပေါ့။

"သူကလည်း ဓားစာခံ လာတောင်းတာလား" ယွီးရှောင်ရှောင်က ဆက်မေးလိုက်တယ်။

ရှောင်ဝေက ခေါင်းခါပြတာပေါ့။ "မဟုတ်လောက်ပါဘူး။ ကျော်ယို့နဲ့ သမက်တော်က ပေ့လန်တောင်ကြားမြို့တစ်ခုမှာ စစ်ပွဲတစ်ပွဲ တိုက်ခဲ့ဖူးတယ်။။ သူ အခု မြို့တော်ကို လာတာကလည်း အဲ့ဒီစစ်ပွဲကိစ္စအတွက် ဖြစ်နိုင်ပါတယ်"

"အဲ့စစ်ပွဲမှာ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးလဲ" ယွီးရှောင်ရှောင်က ထပ်မေးလိုက်တယ်။ ပေ့လန်တောင်ကြားက ဘယ်နားမှာရှိလဲဆိုတာကို ယွီးရှောင်ရှောင် စိတ်မဝင်စားပေမဲ့ အနိုင်အရှုံးကိုတော့ သေချာပေါက် မေးရမှာပဲလေ။

"သမက်တော် နိုင်တာပေါ့" ရှောင်ကျွမ်းက အသံကျယ်ကြီးနဲ့ ဖြေလိုက်ပြီး မကျေမနပ်နဲ့ ဆက်ပြောလိုက်တယ်။

"ဒါပေမဲ့ သူ ဂုဏ်ပြုခံရမဲ့ အကျိုးဆောင်ချက်တွေကို ကျောင်းပေချန်က လုယူသွားတာလေ"

ယွီးရှောင်ရှောင် သဘောပေါက်သွားပြီ။ ဒီလူက ကုရှင်းလန် ခံစားရမဲ့ ဒုက္ခတွေအားလုံးရဲ့ အစပဲ။ အခုတော့ အဲဒီအစက ရောက်လာခဲ့ပြီ။

ကုရှင်းလန်လည်း မြန်မြန်ဆန်ဆန် အဝတ်အစားလဲပြီး မနက်စာကို ကပျာကယာ စားလိုက်တယ်။ သခင်မကြီးဆီတောင် သွားပြီး ဂါရဝမပြုတော့ဘဲ ယွီးရှောင်ရှောင်ကို ခေါ်၊ မြင်းလှည်းစီးပြီး အိမ်တော်ကနေ နန်းတော်ဆီကို တန်းပြီး ထွက်လာခဲ့တော့တာပေါ့။

လင်မယားနှစ်ယောက် ထွက်သွားပြီးတဲ့နောက်မှာတော့ ကုရှင်းယန်က ဝေမောမောနဲ့ အိပ်မောကျနေဆဲဖြစ်တဲ့ ယွီးကျစ်ရီတို့ကို ခေါ်ပြီး ကုအိမ်တော်ရဲ့ ဘေးပေါက်တစ်ခုကနေ ထွက်လာခဲ့တယ်။ ကုရှင်းယန် ကိုယ်တိုင်ပဲ မြင်းတစ်ကောင်တည်းဆွဲတဲ့ မြင်းလှည်းကို မောင်းပြီး အနောက်ဘက် မြို့တံခါးဆီကို ထွက်သွားပါလေရော။

"သွားကြစို့" ကုချန်းက ကုရှင်းယန် မောင်းသွားတဲ့ မြင်းလှည်းလေး ဝေးကွာသွားတာကို ကြည့်ပြီးမှ ဘေးနားက သခင်မကြီးကို လှမ်းပြောလိုက်တယ်။

သခင်မကြီးက အသံတိုးတိုးလေးနဲ့ "ရှင်းယန် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပါ့မလားဟင်" လို့ မေးရှာတယ်။

အဘိုးအိုက တံခါးထဲကို လှည့်ဝင်သွားရင်း ပြန်ဖြေလိုက်လေရဲ့။ "ငါတို့ ကုမိသားစုက ယောက်ျားတွေကို အသက်ရှင်ဖို့ပဲ မက်မောပြီး သေရမှာကို ကြောက်တဲ့သူတွေလို့များ မင်းထင်နေလား"

ကုသခင်ကြီးရဲ့ စကားကိုကြားလိုက်ရတဲ့ ကုသခင်မကြီးခမျာ မျက်ရည်တွေက မျက်လုံးထဲကနေ အတားအဆီးမဲ့စွာ ကျဆင်းလာတော့တယ်။

…

အခန်း (၅၆) ဘယ်နဲ့ညာရဲ့ အစ

ဒီတစ်ခေါက် ရှန်ကျုံးဧကရာဇ်နဲ့ ပြန်တွေ့ရတော့လည်း ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ ဇနီးမောင်နှံခမျာ နန်းတော်ထဲက စာကြည့်ဆောင်ဆီကိုပဲ အခေါ်ခံရပြန်တယ်။

သူတို့လင်မယားနှစ်ယောက်ကို ထွက်ကြိုတဲ့သူကတော့ ထုံးစံအတိုင်း ကျင်းကျုံးပေါ့။ သူ့ပုံစံက ယွီးရှောင်ရှောင် သူ့ကို 'မြေနိုး အချော်တကောက်' လို့ တစ်ခါမှ မဆဲခဲ့ဖူးတဲ့အတိုင်း အလွန်တရာကို ဖော်လံဖားပြီး ရိုသေကိုင်းရှိုင်းပြနေလေရဲ့။

စာကြည့်ဆောင်ထဲ မဝင်ခင်လေးမှာတင် ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ လက်ကို လှမ်းပြီး ဆုပ်ကိုင်လိုက်တယ်။ ဒါက မျက်နှာသေကြီးနဲ့ ဘာခံစားချက်မှ မရှိတဲ့ ယွီးရှောင်ရှောင်ကို မစိုးရိမ်နဲ့ သူရှိတယ်ဆိုတဲ့ သဘောမျိုး အားပေးလိုက်တာလေ။

ဒါပေမဲ့လည်း ယွီးရှောင်ရှောင်က သခင်လေးသုံး ကုရှင်းလန်ရဲ့ စေတနာကို နားမှမလည်တာ။ သူမက သခင်လေးသုံးကို 'ဘာဖြစ်တာတုံး' ဆိုတဲ့ ပုံစံနဲ့ ကြောင်တောင်တောင်လေး တစ်ချက်ကြည့်လိုက်ပြီးတာနဲ့ စာကြည့်ဆောင်ထဲကို ခပ်တည်တည်ပဲ ဝင်သွားတော့တာပေါ့။

အဲဒီအချိန် စာကြည့်ဆောင်ရဲ့ ခန်းမဆောင်တစ်ခုထဲမှာတော့ ကျင်းမော့ရယ်၊ ကျောင်းချိုးမင်တို့ သားအဖရယ်အပြင် ဒဏ်ရာအပြင်းအထန် ရထားတဲ့ မိဖုရားကျောင်းတောင်မှ ရောက်နှင့်နေကြပြီလေ။

ယွီးရှောင်ရှောင် အခန်းထဲကို ဝင်ဝင်ချင်းပဲ ကျောင်းချိုးမင်ရဲ့အနောက်မှာ ကျောင်းပေချန်အပြင် တခြား မှူးမတ်မျိုးနွယ် လူငယ်လေးသုံးယောက် မတ်တတ်ရပ်နေတာကိုပါ မြင်လိုက်ရတယ်။ သူတို့ရုပ်တွေက တစ်ချက်ကြည့်လိုက်ရုံနဲ့ အကြီးဆုံးသခင်လေးကျောင်းနဲ့ ညီအစ်ကိုတွေမှန်း သိသာတယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေက ကုရှင်းလန်ကို အခန်းထဲ ထမ်းခေါ်လာပြီး နေရာချပေးပြီးတာနဲ့ တစ်ပြိုင်တည်း သူတို့ညီအစ်ကိုနှစ်ယောက်က အပြင်ကို လစ်ချင်နေကြပြီလေ။

ယွီးရှောင်ရှောင်က "မသွားကြနဲ့တော့၊ ဒီမှာပဲ ရပ်နေကြ" လို့ လှမ်းတားလိုက်လေတယ်။ ကျောင်းမိသားစု တစ်ဆွေလုံး တစ်မျိုးလုံးတောင် အင်တိုက်အားတိုက် ထွက်လာမှတော့ သူတို့ဘက်ကလည်း လူအင်အား လျော့လို့ ဘယ်ဖြစ်မလဲ။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေက မနေချင်ကြဘူးလေ။ တကယ်လို့များ ခဏနေ ဒီသခင်တွေ စကားများကြရင် သူတို့က နားထောင်ရမှာလား၊ နားမထောင်ဘဲ နေရမှာလား။ ဒါ့အပြင် ဒီသခင်တွေ အချင်းချင်း ချကြပြီဆိုရင် သူတို့ကရော မင်းသမီးဘက်ကနေ ကူပြီး ဝင်ချပေးရမှာလားပေါ့။ ကျောင်းမိသားစုက လူကောင်းတွေ မဟုတ်ပေမဲ့ သူတို့လိုလူတွေက သွားပြီး ရန်စလို့ ဖြစ်တဲ့လူတွေမှ မဟုတ်တာ။

အဲဒီအချိန်မှာပဲ ရှန်ကျုံးဧကရာဇ်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို မော့ကြည့်ပြီး "လင်းလုံက မင်းတို့ကို နေခိုင်းနေမှတော့လည်း နေလိုက်ကြပေါ့" လို့ ဝင်ပြောလိုက်လေတယ်။

ဒီတော့မှ ရှောင်ကျွမ်းနဲ့ ရှောင်ဝေခမျာ မနေချင်လည်း ဇွတ်မှိတ်ပြီး နေလိုက်ရတော့တာပေါ့။

ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ ရှန်ကျုံးကို ဂါရဝပြုပြီးတဲ့နောက်မှာတော့ ကျင်းမော့က ယွီးရှောင်ရှောင်ကို မျက်တောင်မခတ်တမ်း အတော်ကြာကြာ စိုက်ကြည့်နေလေရဲ့။ မနေ့ညက ချင်းယွီတစ်ယောက် သမားတော်ကုပေးလို့ သတိရလာတဲ့အချိန်မှာ သူ့ကို ယွီးရှောင်ရှောင်က ရိုက်တာပါဆိုပြီး ငိုယိုပြောပြထားတာကိုး။ လင်းလုံမင်းသမီးက သိုင်းတတ်တဲ့သူမှန်း သိထားတော့ ကိုယ်ထိလက်ရောက် ကျူးလွန်တာက သိပ်တော့ မဆန်းဘူးပေါ့။ ဒါပေမဲ့ အခု ယွီးရှောင်ရှောင်ကို ကြည့်လိုက်တော့လည်း ခန္ဓာကိုယ် သေးသေးကွေးကွေးလေးနဲ့ ပန်းရောင်ဂါဝန်ရှည်လေးကို ဝတ်ဆင်ထားတယ်။ မျက်နှာမှာလည်း မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားတာမို့ မျက်ခုံးမျက်လုံးလေးတွေကအစ သေသပ်လှပနေတာလေ။ ဆံထုံးပေါ်မှာကလည်း ကျောက်စိမ်းဆံထိုးလေးကို ခပ်စောင်းစောင်းလေး ထိုးထားသေးတယ်။ ဘယ်လိုပဲကြည့်ကြည့် ကျော့ရှင်းလှပတဲ့ မိန်းမငယ်လေးတစ်ယောက်လို ဖြစ်နေတော့ တကယ်ကိုပဲ လူရိုက်မဲ့သူနဲ့ နည်းနည်းမှ မတူဘူး ဖြစ်နေတာပေါ့။

ကုရှင်းလန်ကတော့ ကျင်းမော့ ယွီးရှောင်ရှောင်ကို စိုက်ကြည့်နေတာ မြင်လိုက်ရတော့ မျက်မှောင်လေး ခပ်ဟဟ ကုတ်သွားတယ်။ စိတ်ထဲမှာလည်း သူ့အစ်ကိုလတ်က ယွီးကျစ်ရီကို မြို့တော်အပြင် ခေါ်ထုတ်သွားလောက်ပြီလားဆိုတာကို တထိတ်ထိတ်နဲ့ တွေးပူနေလေရဲ့။

ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင်ကို "လင်းလုံ၊ ထိုင်လေ" ဆိုပြီး ပြောလိုက်တယ်။

အဲဒီအခါကျမှ ယွီးရှောင်ရှောင်က သူမရဲ့ မင်းစုတ်မင်းပျက် အဖေဖြစ်သူရဲ့ မျက်နှာကြီး နွမ်းနယ်နေတာကို သတိထားမိသွားတော့တယ်။ ဒါနဲ့ပဲ "ခမည်းတော်..." လို့ခေါ်ရင်း သမီးလိမ္မာလေးတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးနဲ့ ရှန်ကျုံးကို နှာဘူးလွန်းခြင်းရဲ့ ဆိုးကျိုးတွေကို ပြောပြမလို့ လုပ်လိုက်တာပေါ့။

ဒါပေမဲ့ ရှန်ကျုံးက သူ့သမီး စကားစပြောလိုက်တာကို ကြားတာနဲ့ လက်ကာပြလိုက်ပြီး "ကျေးဇူးတင်စကား ဆိုနေစရာ မလိုဘူး၊ ထိုင်သာထိုင်ပါ" လို့ ဖြတ်ပြောလိုက်လေရဲ့။

ယွီးရှောင်ရှောင်လည်း ပါးစပ်ထဲက တံတွေးကို ဂလုခနဲ မျိုချလိုက်မိတယ်။ နေရာထိုင်ခွင့်ရတာလေးကိုပဲ ကျေးဇူးတင်စကား ဆိုရဦးမယ် ဟုတ်လား။ ဒီလို စောက်ကျိုးနည်း စည်းမျဉ်းတွေကို ဘယ်ကောင်များ ထွင်သွားပါလိမ့်။ ဖန်ဆင်းရှင်ကတောင် လူသားတိုင်းဟာ တန်းတူညီမျှ အခွင့်အရေးရှိတယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား။ နေပါဦး... ဒါက ဖန်ဆင်းရှင် ပြောခဲ့တဲ့စကား ဟုတ်လို့လား။ ထားပါတော့လေ။ ယွီးရှောင်ရှောင်လည်း ကုန်းကုန်းလေး ချပေးတဲ့ ထိုင်ခုံဝိုင်းလေးပေါ်ကို ဖင်ထိုင်ချလိုက်ပြီး သူမရဲ့ အတွေးတွေကတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဒဿနတွေဆီကို အလင်းရဲ့အမြန်နှုန်းနဲ့ ပြေးထွက်သွားတော့တာပေါ့။

ဒီအချိန်မှာပဲ ကျင်းမော့က ယွီးရှောင်ရှောင်ကို အကဲခတ်နေတဲ့ အကြည့်တွေကို ပြန်ရုပ်သိမ်းလိုက်တယ်။ ဒီမင်းသမီး မနေ့ညက သူ့ရှေ့မှာ တစ်ညလုံး ရူးချင်ယောင်ဆောင်နေခဲ့တာများ တော်တော်လေး ဒေါသထွက်စရာကောင်းတယ်။ ဒါပေမဲ့လည်း လင်းလုံမင်းသမီးရဲ့ ရုပ်ရည်သွင်ပြင်က သူ့အကြိုက်နဲ့ အတော်လေး ကိုက်ညီတယ်ဆိုတာကိုတော့ ကျင်းမော့ ဝန်ခံရမှာပဲလေ။

အဲဒီအခိုက်မှာပဲ ရှန်ကျုံးဧကရာဇ်က ကျင်းမော့ကို ကြည့်ပြီး "မင်းသားကြီး..." ဆိုပြီး စကားစလိုက်လေတယ်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး ပြောပြီးသားပါ" ကျင်းမော့က ရှန်ကျုံး စကားတောင် မဆုံးသေးခင် ဖြတ်ပြောလိုက်တယ်။

"အရင်က ကျွန်တော်မျိုး စဉ်းစားတာ လိုအပ်သွားတယ်။ သတ္တမမင်းသားလေးက အသက်အရမ်းငယ်လွန်းနေတော့ ဆဋ္ဌမမင်းသားလေးရဲ့ အရွယ်ကမှ ပိုပြီး သင့်တော်မယ်ထင်တယ်"

မိဖုရားကျောင်းကတော့ အခုချိန်မှာ အတော်လေး ဝမ်းနည်းပူဆွေးနေတဲ့ ပုံပေါက်နေပြီး ကျင်းမော့ စကားလည်းဆုံးရော တရှုံ့ရှုံ့နဲ့ ခပ်တိုးတိုး ငိုပါလေရော။

ကျောင်းချိုးမင်က ဝင်ပြောလိုက်တာပေါ့။

"အရှင့်သား၊ ဆဋ္ဌမမင်းသားလေးက အခု နေမကောင်းဖြစ်နေတာ၊ အရှင့်သားနဲ့အတူ ကျူးယိတိုင်းပြည်ကို ခရီးကြမ်းနှင်ပြီး ဘယ်လိုလုပ် လိုက်နိုင်ပါ့မလဲ"

ကျင်းမော့ကလည်း ပြန်ပက်လေရဲ့။ "ဖျားနာရင် သမားတော်ရှိတာပဲလေ။ အမတ်ချုပ်ကြီးကျောင်းက ကျုပ် ဆဋ္ဌမမင်းသားလေးအတွက် သမားတော် ပင့်မပေးမှာကို စိုးရိမ်နေတာလား။ ဒါမှမဟုတ် ကျုပ်တို့ ကျူးယိမှာရှိတဲ့ သမားတော်တွေက ဖုန်းထျန်းက သမားတော်တွေကို မမီဘူးလို့ ဆိုလိုချင်တာလား"

ကျင်းမော့နဲ့ ကျောင်းချိုးမင်တို့ နှစ်ယောက်သား ဆဋ္ဌမမင်းသားလေးကိစ္စနဲ့ ပတ်သက်ပြီး မျက်နှာချင်းဆိုင် တဲ့တိုးကို ငြင်းခုံကြတော့တာပဲ။ ဒီတစ်ခါ ကျောင်းချိုးမင်က အရင်တုန်းက ကျင်းမော့ရှေ့မှာ ခေါင်းငုံ့ပြီး ဖော်လံဖားနေတဲ့ပုံစံမျိုး မဟုတ်တော့ဘူးလေ။ ကျင်းမော့ကို အတိုက်အခံ ပြန်လုပ်နေတာများ ဖုန်းထျန်းတိုင်းပြည်ရဲ့ ဝန်ကြီးချုပ်တစ်ယောက်နဲ့တောင် အတော်လေး တူသွားသလိုပဲ။

ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြတယ်။ သခင်လေးသုံးရဲ့ မျက်နှာပေါ်မှာလည်း ကြောင်တောင်တောင် ဖြစ်နေတဲ့ အရိပ်အယောင်တွေ အပြည့်ပဲ။ ယွီးရှောင်ရှောင် ခေါင်းတွေတောင် ရှုပ်ထွေးသွားရပြီ။ သူမ အိပ်ရာဝင်သွားတဲ့ အချိန်လေးအတွင်းမှာပဲ ဒီလောကကြီးမှာ ဘာတွေများ ထပ်ဖြစ်သွားရပြန်တာလဲ။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ရှောင်လျို့ (ဆဋ္ဌမမင်းသား) အလှည့် ရောက်သွားပြီး ရှောင်ချီ (သတ္တမမင်းသား) ကျတော့ ဘာမှမဖြစ်ဘဲ အေးဆေးဖြစ်သွားရတာတုံး။

"အရှင်မင်းကြီး" ကျင်းမော့က ကျောင်းချိုးမင်နဲ့ စကားများနေရင်းကနေ ရုတ်တရက် ရှန်ကျုံးဘက်ကို လှည့်ကြည့်ပြီး "အရှင်မင်းကြီး သဘောကရော ဘယ်လိုရှိပါသလဲ" လို့ မေးချလိုက်တော့တယ်။

ရှန်ကျုံးက မိဖုရားကျောင်းကို လှမ်းကြည့်လိုက်တယ်။ မိဖုရားကျောင်းခမျာ ဒီရက်ပိုင်းအတွင်းမှာ အတော်လေး ပိန်ကျသွားရှာပြီး အခုလည်း မျက်ရည်စက်လက်နဲ့ ငိုကြွေးနေတာကို တွေ့လိုက်ရတော့ ရှန်ကျုံးလည်း စိတ်ထဲ မကောင်းဖြစ်သွားတာပေါ့။ ဒါနဲ့ပဲ ကျင်းမော့ကို ထပ်မေးလေတယ်။

"လူရွေးတာကို ရုတ်တရက်ကြီး ပြောင်းလဲလိုက်ရတဲ့ အကြောင်းရင်းလေးတော့ ကိုယ်တော့်ကို ရှင်းပြသင့်တယ် မဟုတ်လား မင်းသားကြီး"

ကျင်းမော့က ပြုံးလိုက်ပြီး ပြန်ဖြေလေရဲ့။ "အကြောင်းရင်းကို အရှင်မင်းကြီးဆီ ကျုပ် လျှောက်တင်ခဲ့ပြီးပြီပဲဟာ”

သတ္တမမင်းသားလေးက အသက်ငယ်လွန်းလို့ ဆဋ္ဌမမင်းသားလေးကို ရွေးလိုက်တယ် ဟုတ်လား။

ရှန်ကျုံးရဲ့ နဖူးက သွေးကြောတွေတောင် ထောင်ထွက်လာမတတ်ပဲလေ။ ယွီးကျစ်မင် (ဆဋ္ဌမမင်းသား) ကလည်း ဒီနှစ်မှ အသက်သုံးနှစ်ခွဲပဲ ရှိသေးတာကို။ ဒီအရွယ်က ကြီးနေပြီလို့ ခေါ်လို့ရလို့လား။

ကျင်းမော့က ဆက်ပြီး မေးလိုက်တယ်။ "အရှင်မင်းကြီး သဘောအရဆိုရင် သတ္တမမင်းသားလေးကလွဲလို့ ကျန်တဲ့ မင်းသားခြောက်ပါးထဲမှာ ဘယ်သူက ကျုပ် တို့ ကျူးယိတိုင်းပြည်ကို လိုက်ဖို့ အသင့်တော်ဆုံး ဖြစ်မယ်ထင်လဲ"

ဒီလို လူရွေးဖို့ကိုတော့ ရှန်ကျုံး မပြောရဲပါဘူး။ မင်းသားတစ်ကနေ ငါးအထိ သူ့သားတော်ငါးပါးထဲက တစ်ပါးပါးကို နာမည်တပ်လိုက်တာနဲ့ အဲဒီမင်းသားရဲ့ မယ်တော်က သူ့ကို အသေအလဲ ရန်တွေ့တော့မှာလေ။ နောက်ပြီးတော့လည်း အားလုံးက ကိုယ့်သွေးသား သားတော်တွေချည်းပဲကို၊ သူက ဘယ်သူ့ကို အနစ်နာခံခိုင်းရက်မှာလဲပေါ့။

အဲဒီအခါ ကျင်းမော့က ယွီးရှောင်ရှောင်ဘက်ကို လှည့်ကြည့်ပြီး "မင်းသမီးလေးရော ဘယ်လိုထင်ပါသလဲ" လို့ မေးချလိုက် တော့ တယ်။

အဲဒီတော့မှ မိဖုရားကျောင်းရဲ့ ရှိုက်ငိုသံလေး ရုတ်တရက် ရပ်တန့်သွားတော့လေရဲ့ ။

ယွီးရှောင်ရှောင်ကလည်း ပါးစပ်ဟဟချင်းပဲ ပြောချလိုက်တော့တယ်။

"ကျွန်မအထင်တော့ ရှောင်လျို့ဆိုရင် မဆိုးပါဘူး၊ အတော်ပဲလေ"

"အရှင်မင်းကြီး..." မိဖုရားကျောင်းက ရှန်ကျုံးကို အော်ဟစ်ငိုယိုပြီး လှမ်းခေါ်လိုက်တယ်။ သူမက ယွီးရှောင်ရှောင်ဘက်ကိုတော့ လှည့်မကြည့်ရဲဘူးလေ။ စိတ်မထိန်းနိုင်ဘဲ ဒီခွေးမလေးနဲ့ အသေခံပြီး ဝင်လုံးမိမှာကို စိုးရိမ်နေတာကိုး။

ရှန်ကျုံးကလည်း "လင်းလုံရယ်၊ သမီးရဲ့ မောင်တော်ခြောက်က ငယ်ပါသေးတယ်" လို့ ဝင်ပြောလေတယ်။

ဒါကို ယွီးရှောင်ရှောင်ကကြားတော့ "အို... ဒါဆို ကျွန်မတို့အိမ်က ရှောင်ချီက ပိုတောင် ငယ်သေးတာပေါ့" လို့ ပြန်ပက်လေရဲ့။

အဲဒီတော့မှ ရှန်ကျုံးခမျာ အပြောခံလိုက်ရလို့ စကားတောင် ဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွားတော့တာပဲ။

မိဖုရားကျောင်းက ယွီးရှောင်ရှောင်ဘက်ကို လှည့်ကြည့်လာပြီး တရှုံ့ရှုံ့နဲ့ ငိုပြတော့တယ်။

"မင်းသမီးလေးရယ်၊ သတ္တမမင်းသားလေးအတွက်နဲ့ ဆဋ္ဌမမင်းသားလေးကို လျစ်လျူရှုလိုက်တော့မှာလား။ သူကလည်း မင်းသမီးလေးရဲ့ မောင်တော် တစ်ပါးပဲလေ"

ယွီးရှောင်ရှောင်က အံ့အားသင့်သွားတဲ့ပုံနဲ့ မေးခွန်းထုတ်လိုက်လေတယ်။

"ကျွန်မက ရှောင်လျိုကိုပါ တာဝန်ယူပေးရဦးမှာလား" ဒီမောင်ခုနစ်ယောက်လုံးက ကြီးလာရင် တစ်ကောင်မှ စောက်ချိုးပြေမဲ့ကောင်တွေ မဟုတ်ဘူး။ အဲဒါကို သူမကပဲ အကုန်လုံး လိုက်တာဝန်ယူပေးရမယ်ဆိုရင် ဘယ်လိုလုပ် နိုင်ပါ့မလဲ။ မိဖုရားကျောင်း ရူးများနေပြီလားမသိဘူး။

ယွီးရှောင်ရှောင်ရဲ့ စကားကို ကြားလိုက်ရတော့ မိဖုရားကျောင်းက ပိုတောင် အသည်းအသန် ငိုချလိုက်တော့တယ်။ "မင်းသမီးလေးရဲ့ စကားက ဒီမိဖုရားရဲ့ စိတ်ကို အရမ်းနာကျင်စေတာပဲကွယ်

အဲဒီအချိန်မှာ ကုရှင်းလန်က ဝင်ပြီး မေးခွန်းထုတ်လိုက်တာပေါ့။ "မိဖုရားကျောင်း... မင်းသားခုနစ်ပါးလုံးက မင်းသမီးရဲ့ မောင်တော်တွေချည်းပဲမို့ မင်းသမီးက တစ်ပါးကိုမှ မခွဲရက်ပါဘူး။ ဒါပေမဲ့လည်း ကျူးယိတိုင်းပြည်ကိုတော့ မင်းသားတစ်ပါးပါး သွားကိုသွားရမှာပဲ မဟုတ်ဘူးလား။ ဒါဆို မိဖုရားကျောင်း အမြင်အရရော ဘယ်မင်းသား သွားတာ အသင့်တော်ဆုံး ဖြစ်မယ်ထင်လဲ"

မိဖုရားကျောင်းခမျာ ဒေါသထွက်လွန်းလို့ ကိုယ့်နှုတ်ခမ်းကိုယ်တောင် သွေးထွက်မတတ် ကိုက်ထားမိတယ်။ မိဖုရားခေါင်ကြီး မွေးထားတဲ့ ဒီခွေးမျိုးတွေက တကယ်ကို ဒုက္ခပေးဖို့ မွေးလာကြတာပဲ။ ယွီးလင်းလုံကလည်း သူမနဲ့ ကန့်လန့်၊ ယွီးကျစ်ရီကလည်း သူမနဲ့ ကန့်လန့်။

"အရှင်မင်းကြီး..." ဒီတစ်ခါတော့ ကျင်းမော့က ဝင်ပြောလာတယ်။ "ဒီကိစ္စအတွက် ကျုပ်တို့ ကျူးယိဘက်က အပြောင်းအလဲ မရှိတော့ပါဘူး။ ဒါကြောင့် အရှင်မင်းကြီးဘက်ကသာ စောစောစီးစီး စီစဉ်ပေးဖို့ တောင်းဆိုချင်ပါတယ်"

ရှန်ကျုံးလည်း ဘာမှမတတ်နိုင်တော့ဘဲ ဖြေလိုက်ရတော့တာပေါ့။ "ကိုယ်တော် သိပါပြီလေ၊ နောက်ရက်နည်းနည်းနေရင် မင်းသားကြီးကို အကြောင်းပြန်ပေးပါ့မယ်"

ကျောင်းချိုးမင်ကတော့ မျက်လုံးကို စုံမှိတ်ချလိုက်တယ်။ ဒီကိစ္စက ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူးဆိုတာ သေချာသွားပြီလေ။

အဲဒီအချိန်မှာပဲ အခန်းပြင်ဘက်ကနေ မိန်းမစိုးတစ်ယောက်ရဲ့ အသံကျယ်ကြီး ထွက်လာပြန်တယ်။ "အရှင်မင်းကြီး၊ ပိုင်ဟူတိုင်းပြည်က ကျော်ယို့... စစ်သူကြီးဇို ခစားဝင်ခွင့်တောင်းနေပါတယ်"

ရှန်ကျုံးလည်း အခုချိန်မှာ စိတ်တွေ အရမ်းရှုပ်နေပြီး ဘယ်သူ့ကိုမှ မျက်နှာမပြချင်ဘူး ဖြစ်နေတာလေ။ ဒါပေမဲ့လည်း ပိုင်ဟူတိုင်းပြည်က စစ်သူကြီးချုပ်ကိုတော့ သူ သွားပြီး မငြင်းရဲပြန်ဘူး။ ဒါကြောင့်မို့ "သူ့ကို ဝင်လာခိုင်းလိုက်" လို့ပဲ အမိန့်ပေးလိုက်ရတော့တယ်။

ယွီးရှောင်ရှောင်က တံခါးဝဘက်ကို လှမ်းကြည့်လိုက်တယ်။ "ဘယ်ညာ" လို့ နာမည်ရတဲ့ အကောင်ကတော့ ရောက်လာပြီပေါ့လေ။

...

All Chapters