← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

🍋 Chapter 97

အခန်းထဲသို့ ပြန်ရောက်သောအခါ ကျောက်ရှင်းသည် အလွန်အမင်း နုံးချိနေပုံရသည်။ သူမ လက်လျှော့လိုက်ပြီ ဖြစ်သည်။ လောကကြီးကို ဒူးထောက် အရှုံးပေးလိုက်ပြီ ဖြစ်သည်။

သူမအတွက် ပိုက်ဆံသည် အလွန်အမင်း လိုအပ်နေသည်။

ဟယ်ဝေရွှမ်းက သူမကို ငြင်းပယ်လိုက်ပြီးနောက် သူမအတွက် လမ်းတစ်လမ်းသာ ကျန်တော့သည်။

"မိန်းကလေးတစ်ယောက်ဆိုတာ ယောကျ်ားတစ်ယောက်ကို အားကိုးဖို့ လိုတာပဲလေ၊ အနည်းဆုံးတော့ ငါ ငွေအမြောက် အမြား ရမှာပဲ" ဟု သူမသည် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကြည့်ကာ နှစ်သိမ့်နေမိသည်။

"ပြီးတော့ ဒီကျိုးထျန်းက ကြည့်ရတာ သိပ်ပြီးတော့ ရွံစရာမကောင်းပါဘူး။ သူက ငါ့ထက်တောင် ငယ်ဦးမယ်ထင်တယ်၊ ဒါကြောင့် ငါ့ဘက်က နစ်နာတာမျိုး မရှိပါဘူး။"

"အဆီပြန်ပြီးဝဖြိုးနေတဲ့ လူလတ်ပိုင်းအရွယ် အဖိုးကြီးတွေထက်စာရင် သူက အများကြီး သာပါသေးတယ်"

သူမ ကိုယ့်ကိုယ်ကိုယ် ဤသို့ ပြောနေသော်လည်း မျက်ရည်များက ထပ်မံ စီးကျလာပြန်သည်။ သူမ မခံမရပ်နိုင် ဖြစ်မိသည်။

မခံစားရဘဲ နေနိုင်မည်နည်း။ သို့သော် သူမ၏ အဖေအတွက်မူ ဤနည်းလမ်းတစ်ခုသာ ရှိတော့သည်။

"နောက်ဆုံးတော့လည်း ငါက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ လျှောက်တဲ့ လမ်းဟောင်းအတိုင်း လိုက်ရတာပါပဲ၊ သူတို့တောင် လုပ်နိုင်ရင် ငါလည်း လုပ်နိုင်ရမှာပေါ့!"

"ငါက ကမ္ဘာပေါ်မှာ အလှဆုံးကျောက်ရှင်းပဲ!"

ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် သူမ လက်ထောက် ရှောင်မုန့်ကို ဒီည ပြန်မလာရန် ပြောကာလွှတ်လိုက်သည်။

အိပ်ခန်းထဲရှိ မှန်တင်ခုံရှေ့တွင် သူမသည် အဝတ်အစားအားလုံးကို ချွတ်လိုက်ရာ မည်သည့်မိန်းကလေးမဆို မနာလိုဖြစ်ပြီး မည်သည့်ယောကျ်ားမဆို ရူးသွပ်သွားစေနိုင်သည့် ခန္ဓာကိုယ်အလှမှာ ပေါ်လွင်လာတော့သည်။

သူမသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး မိမိကိုယ်ကို ကြည့်နေမိသည်။ သူမ မျက်ဝန်းများမှာ အသက်မဲ့နေသယောင်ရှိသည်။

သူမသည် ဆုပေးပွဲတစ်ခုအတွက် ပြင်ဆင်ထားသည့် အလှဆုံးနှင့် အဖော်အချွတ်ဆုံးဝတ်စုံကို ထုတ်လိုက်သည်။

တောက်ပြောင်သော အနီရောင် ပိတ်စမှာ သူမ၏ အသား အရေပေါ်တွင် စီးကျနေသကဲ့သို့ ရှိသည်။

ထိုဝတ်စုံသည် ရှေ့ရော နောက်ပါ အသားအရေ အမြောက် အမြားကို ပေါ်လွင်စေပြီး ၎င်းကို ဝတ်ဆင်ထားလျှင် ကျောက်ရှင်းသည် ဆုပေးပွဲတွင် အလှဆုံး ဖြစ်နေမည်မှာ သေချာသည်။

သို့သော် ယခုအချိန်တွင်မူ ထိုဝတ်စုံက သူမအား ဖွင့်ဖောက်ရန် စောင့်ကြိုနေသည့် လက်ဆောင်တစ်ခုကဲ့သို့ ဖြစ်စေ သည်။

မိနစ် ၂၀ မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ကျိုးထျန်းသည် အခန်းနံပါတ် ၂၈၀၃ တံခါးရှေ့သို့ အချိန်တိကျစွာ ရောက်ရှိလာခဲ့သည်။ သူသည် ဖုန်းနှင့် အခန်းသော့ကိုသာ ယူလာခဲ့ပြီး မထွက်ခွာမီ လျိုမုယန်ကို အသိပေးခဲ့သည်။

ကျောက်ရှင်းနှင့် ပတ်သက်သည့် စီးပွားရေးကိစ္စတစ်ခု ဆွေးနွေးရန် သွားမည်ဟု သူ အမှန်အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

လျိုမုယန်ကလည်း ဘာမှ အများကြီးမမေးဘဲ အလုပ်တွေ အရမ်း မလုပ်ရန်နှင့် စောစောပြန်လာ နားရန်သာပြောခဲ့သည်။

သူတို့နှစ်ယောက်သည် မနက်ဖြန်တွင် ပန်ဒါဂေဟာသို့ သွားကြမည်ဖြစ်သဖြင့် စောစောထရမည် ဖြစ်သည်။

သူ တံခါးကို သုံးချက်ခေါက်လိုက်သည်။ သုံးစက္ကန့်အတွင်းမှာပင် ကျောက်ရှင်း၏ ခြေသံများ ထွက်ပေါ်လာရာ သူမက သူ့ကို စောင့်နေသည်မှာ သိသာလှသည်။

"နင်..."

ကျောက်ရှင်း တံခါးဖွင့်ပေးလိုက်သည်ကို မြင်သောအခါ ကျိုးထျန်း အံ့ဩမှင်သက်သွားသည်။

လွန်ခဲ့သည့် မိနစ်ပိုင်းကမှ အားကစားဝတ်စုံ ဝတ်ထားသည့် သူမသည် အခုတော့ ဝတ်စုံရှည်ကြီးနှင့် ဖြစ်နေပါလား? ပြီးတော့ မိတ်ကပ်ပါးပါးလေးလည်း လိမ်းထားသေးသည်။

အဓိကအချက်မှာ သူမ၏ အမူအရာမှာ ယခင်ကနှင့် လုံးဝ မတူဘဲ ထူးဆန်းနေခြင်းဖြစ်သည်။

'စီးပွားရေး ဆွေးနွေးဖို့ဆိုတော့ ပိုပြီးတရားဝင် ဝတ်ရမယ်လို့ သူ ထင်လို့လား? ငါကတော့ တီရှပ်နဲ့ဆိုတော့ မသင့်တော်ဘူးလား မသိဘူး' ဟု ကျိုးထျန်း တွေးလိုက်မိသည်။

"ဝင်ခဲ့ပါ"

ကျိုးထျန်း သူမနောက်မှ လိုက်ဝင်သွားသည်။ အခန်းက သိပ်မကြီးပေ။

သာမန်အခန်းတစ်ခန်းသာဖြစ်ရာ အမျိုးသမီး အနုပညာရှင် တစ်ယောက်အတွက်ဆိုလျှင် အနည်းငယ် စုတ်ပြတ်နေသယောင်ရှိသည်။

'ကြည့်ရတာ သူမရဲ့ အခြေအနေက တကယ် မကောင်းတာပဲ။ မဟုတ်ရင် သူ့လက်ထောက်နဲ့ ဒီလို အခန်းကျဉ်းလေးထဲမှာ အတူနေမှာ မဟုတ်ဘူး'

သူသည် ဆိုဖာပေါ်တွင် အလိုက်သင့်ထိုင်လိုက်သည်။ စားပွဲပေါ်တွင် ဝိုင်နီတစ်ပုလင်းနှင့် ဖန်ခွက်နှစ်ခွက်ကို မြင်လိုက်ရသည်။

"ထပ်သောက်ချင်သေးလို့လား? စောစောကမှ မူးနေတာ မဟုတ်ဘူးလား?"

ကျောက်ရှင်းက ပြုံးလျက် ပြန်ဖြေသည်။

"နည်းနည်းလောက်က အငွေ့အသက်ကို ပိုကောင်းစေတယ်လေ၊ ပြီးတော့ ကျွန်မလည်း နည်းနည်းလောက် စိတ်လျှော့ချင်လို့ပါ"

"ကောင်းပြီလေ၊ နင် သဘောပဲ၊ ငါ အဖော်လုပ်ပေးပါ့မယ်"

သူသည် အရက်သောက်ရမှာကို မကြောက်ပေ။

ကျောင်းဆင်းပွဲတုန်းမှာလည်း လူတွေအများကြီး သူ့ကို မူးအောင် တိုက်ခဲ့ကြသော်လည်း သူ လုံးဝ သတိလစ်သွားခြင်း မရှိခဲ့ပေ။

ဝိုင်နီတစ်ပုလင်းကို မျှသောက်ရုံကတော့ သူ့အတွက် အပျော့လေးပင်။

"စကားစကြရအောင်။ ငါ စောစောက ပြောခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အမြတ်ဝေစု ကိစ္စအပေါ် နင့်ရဲ့ အမြင်က ဘယ်လိုလဲ?"

"ဒီရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံဖို့ တကယ် သေချာလို့လား?"

အမှန်အတိုင်း ပြောရလျှင် ကျောက်ရှင်း ကိုယ်တိုင်ပင် မသေ ချာပေ။ သူမ ဤရုပ်ရှင်အပေါ် မျှော်လင့်ချက်မှာ ကုမ္ပဏီ အသက်ဆက်နိုင်ရုံ အမြတ်အနည်းငယ် ရရန်သာ ဖြစ်သည်။

"သေချာတာပေါ့၊ မဟုတ်ရင် ငါ ဒီကို လာပြီး စကားပြောနေစရာ အကြောင်းမရှိဘူး"

"ဒါဆို... ရှင်က ဘယ်လိုမျိုး အမြတ်ဝေစုကို လိုချင်တာလဲ?"

"အင်း... ငါ့ကို မေးမယ်ဆိုရင်တော့ ငါ လိုချင်တာက တော်တော်လေး များလိမ့်မယ်"

စနစ်က ရုပ်ရှင်၏နောက်ဆုံး ရုံတင်ဝင်ငွေကို ပြောပြထားပြီးဖြစ်သည်။ အကယ်၍ အမြင့်ဆုံးတန်ဖိုး ယွမ် ၃.၅၈၃ ဘီလီယံအထိ ရောက်သွားလျှင် ဤရုပ်ရှင်သည် တရုတ်ရုပ်ရှင် သမိုင်းတွင် ထိပ်ဆုံးဆယ်ကားစာရင်းဝင် ဖြစ်လာလိမ့်မည်!

သို့သော်လည်း ဤမျှကြီးကျယ်သော ရုပ်ရှင်ကားကြီးမှာ ထုတ်လုပ်ရေးကုန်ကျစရိတ် ယွမ် သန်းဆယ်ဂဏန်းမျှ လိုအပ်နေသေးသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမျှ ဤရုပ်ရှင်အပေါ် အကောင်းမြင်မည် မဟုတ်ပေ။

သို့သော် မည်သူမျှ အကောင်းမမြင်ခြင်းကြောင့်ပင် ကျိုးထျန်းအတွက် ပိုက်ဆံရှာရန်အခွင့်အရေးဖြစ်လာခြင်းဖြစ်သည်။

စွန့်စားမှု ကြီးလေလေ၊ အကျိုးအမြတ် များလေလေပင်။ ဤရုပ်ရှင်သည် ယခုအချိန်တွင် အလွန်အမင်း စွန့်စားရသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်နေပုံရသည်။

ထို့ပြင် သူမ ကုမ္ပဏီတွင် ငွေကြေးလည်ပတ်မှု ပြတ်တောက် နေကြောင်း ကျောက်ရှင်း ဝန်ခံထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် ရင်းနှီးမြှုပ်နှံသူဆိုသည်မှာ သူတို့၏ အသက်သခင် ကျေးဇူးရှင်ပင်။

သူတို့တွင် ရှိသည့် တစ်ခုတည်းသော ဖဲချပ်မှာ ပိုက်ဆံဖြစ် သည်။ သူတို့သည် ပိုက်ဆံကိုအလွန်အမင်း လိုအပ်နေသဖြင့် သူ့ကို အမြတ်ဝေစုပိုပေးရပေလိမ့်မည်။

ထို့ကြောင့် သူသည် လောဘတက်ကာ ပိုက်ဆံမက်နေသည့် အကြည့်မျိုးကို ပြလိုက်သည်။

သို့သော် ကျောက်ရှင်းကမူ ဤအကြည့်ကို သူမ ခန္ဓာကိုယ်ကို မက်မောနေသည်ဟု အဓိပ္ပာယ်ကောက်လိုက်သည်။

"ကျိုးထျန်း... ရှင်သာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်လို အခြေအနေမျိုးကိုမဆို ကျွန်မ လက်ခံနိုင်ပါတယ်"

"တကယ်လား?"

"တကယ်ပါ"

ရင်းနှီးမြှုပ်နှံမှုအတွက် ညှိနှိုင်းရတာက ဒီလောက်အထိ လွယ်ကူလိမ့်မည်ဟု ကျိုးထျန်း မထင်ထားခဲ့ပေ။ အပြန်အ လှန် ဈေးဆစ်တာတွေ၊ ညှိနှိုင်းတာတွေ ရှိသင့်သည် မဟုတ်ပါလား?

"နင်က အဲဒီလောက်အထိ ပွင့်လင်းမှတော့ ငါလည်း မြန်မြန်ဆန်ဆန်ပဲ လုပ်ပေးပါ့မယ်။ မနက်ဖြန် ငါ့ရှေ့နေကို စာချုပ်မူကြမ်း ရေးခိုင်းလိုက်မယ်။ စာချုပ်လက်မှတ်ထိုးပြီးတာနဲ့ တစ်ရက်အတွင်းမှာ ပိုက်ဆံက အကောင့်ထဲ ရောက်စေရမယ်၊ မနှောင့်နှေးစေရဘူး"

"ကောင်းပါပြီ"

ကျောက်ရှင်း ပြုံးလိုက်သည်။ ဤကျိုးထျန်းသည် တခြားယောကျ်ားများထက် အများကြီး ပိုပွင့်လင်းပြီး တည့်တည့် လင်းလင်းရှိလှသည်။

အနည်းဆုံးတော့ သူက ဘာမှ မပေးဘဲ အလကား ရလိုသူ မဟုတ်ပေ။

"ကောင်းပြီ၊ ဒါဆို အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်ကြတာပေါ့!"

ကျိုးထျန်းသည် ဖန်ခွက်ကိုမြှောက်ကာ ကျောက်ရှင်းနှင့်အတူ သောက်လိုက်သည်။ တကယ်ကို အားရစရာကောင်းလှသည်။

အမြတ်များမည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို အလွယ်တကူ ပြီးမြောက်သွားခြင်းမှာ ကောင်းကင်က ပိုက်ဆံကျလာသည်ထက်ပင် ပို၍ လွယ်ကူနေသေးသည်။

သူမ ဖန်ခွက်ထဲက ဝိုင်တွေကို သောက်ပြီးနောက် နောက်တစ်ခွက် ထပ်ထည့်လိုက်ပြန်သည်။

ကျောက်ရှင်းသည် သုံးခွက်ဆက်တိုက် သောက်လိုက်ရာ ကျန်နေသော ဝိုင်နီတစ်ဝက်ခန့်မှာ ကုန်လုနီးပါး ဖြစ်သွားသည်။

"ဖြည်းဖြည်းသောက်ပါ၊ ထပ်ပြီး မူးမသွားပါစေနဲ့"

"ကျွန်မ မူးသွားရင် ပိုမကောင်းဘူးလား?"

ကျောက်ရှင်းသည် ထကာ ကုတင်ဘေးသို့ လျှောက်သွားပြီး ကျိုးထျန်းကို ကျောပေးလျက် သူမ ဝတ်စုံကြိုးကို ချွတ်လိုက်သည်။ ဝတ်စုံတစ်ခုလုံး ကြမ်းပြင်ပေါ်သို့ လျောကျသွားပြီး သူမသည် လုံးဝဗလာကျင်း ဖြစ်သွားတော့သည်။

"ဖူးးးး!!!"

ကျိုးထျန်းသည် ဝိုင်တစ်ခွက်ကို ငှဲ့ကာ နှုတ်ခမ်းနားသို့ ရောက်နေပြီး မသောက်ရသေးပေ။ ရုတ်တရက် ထိတ်လန့်သွားမှုကြောင့် သူ သီးသွားတော့သည်။

"အဟွတ်... အဟွတ်... နင်... နင် ဘာလုပ်တာလဲ ? အဝတ်အ စားတွေ ဘာလို့ ချွတ်တာလဲ?"

'ဒီမိန်းမ ငါ့ကို သဘောကျသွားလို့ ငါနဲ့ အိပ်ချင်နေတာပဲ ဖြစ်ရမယ်!'

ကျိုးထျန်းသည် ဗီဇအရ မျက်နှာလွှဲချင်သော်လည်း သူ၏ ဦးနှောက်ကမူ အဝေးသို့ ထွက်သွားရန်ပြောနေသည်။

သို့သော် သူ့ ခန္ဓာကိုယ်ကမူ 'ထပ်ကြည့်ဦးလေ...' ဟု ဆိုနေသယောင်။

သူသည် စိတ်ကို အတင်းငြိမ်အောင် ထိန်းလိုက်သည်။

"ငါ ပြောနေတယ်... မစ္စ ကျောက်ရှင်း၊ နင် အတိအကျ ဘာလိုချင်တာလဲ?"

"ဟဲဟဲ... ကျွန်မ ဘာလိုချင်တာလဲ ဟုတ်လား? ဒါ ရှင် လိုချင်နေတဲ့အရာ မဟုတ်ဘူးလား?"

ကျောက်ရှင်းသည် စောင်ကိုမကာ လှဲလျောင်းလိုက်ပြီး သူမ ကံကြမ္မာကို စောင့်ကြိုနေတော့သည်။

ကျိုးထျန်း ရုတ်တရက်အနေခက်သွားသည်။ ဒီမိန်းမက ဘာလို့ စည်းကမ်းအတိုင်း မကစားတာလဲ?

သူတို့က ရင်းနှီးမြှုပ်နှံမှု အကြောင်း ပြောနေကြတာလေ၊ ဘယ်လိုဖြစ်ပြီး "ကာမဆက်ဆံရေး" ဘက်ကို ရုတ်တရက် ရောက်သွားရတာလဲ?

'ဒါက မြူဆွယ်တဲ့ လှည့်ကွက်လား?'

'အဖြစ်အပျက်တွေက ငါ့ရှေ့တည့်တည့်မှာပဲ၊ ငါ ဒါကို အမိခံလို့ မဖြစ်ဘူး!'

သူသည် အထပ် ၂၀ အထက်မှာ ရှိနေသော လျိုမုယန်ကို ချက်ချင်းမြင်ယောင်လိုက်မိသည်။

'မုယန်သာ သိသွားရင် ငါ့ကို ချက်ချင်းဖြတ်မှာ သေချာတယ်'

သူသည် လှည့်မကြည့်တော့ဘဲ မတ်တတ်ရပ်ကာ အပြင်သို့ ထွက်သွားပြီး ကိုယ့်ကိုယ်ကိုယ် ရေရွတ်နေမိသည်။

"ငါ ဘာမှမမြင်ဘူး! ငါ့ကို လာပြီး လှည့်စားဖို့မကြိုးစားနဲ့! ငါက လူကောင်း တစ်ယောက်ပါ၊ ငါ့ကို ဒါမျိုး လာမလုပ်နဲ့!"

သူ တံခါးဖွင့်၊ အပြင်ထွက်၊ တံခါးပြန်ပိတ်ကာ ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်။ ဓာတ်လှေကား နံရံကို မှီကာ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

"ကံကောင်းလို့ ဘေးဒုက္ခကနေ လွတ်ခဲ့တာပဲ။ မထူးဆန်းပါဘူး၊ အဲဒီမိန်းမရဲ့ အကြည့်တွေက ထူးဆန်းနေတာ၊ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာကိုး"

တစ်ချိန်တည်းမှာပင် အခန်းထဲတွင် ကုတင်ပေါ်၌ ဗလာကျင်း လှဲလျောင်းနေသော ကျောက်ရှင်းမှာလည်း ကြောင်အမ်း အမ်းဖြစ်နေခဲ့သည်။

ငါက ဘယ်သူလဲ?

ငါ ဘယ်မှာလဲ?

အခုပဲ ဘာဖြစ်သွားတာလဲ?

သူ ထွက်ပြေးသွားတာလား?

ထွက်ပြေးသွားတယ်? ထွက်ပြေးသွားတယ်?

ငါက လုံးဝဗလာကျင်း ဖြစ်နေတာတောင် သူက ထွက်ပြေးသွားသေးတယ်ပေါ့ ?

သူက ငါ့ကို မကြိုက်လို့လား?

ငါက လျိုမုယန်ထက် မလှလို့လား?

စောစောကမှဝမ်းနည်းကြေကွဲနေသော သူမသည် ယခုအခါ မေးခွန်းများစွာဖြင့် ပြည့်နှက်နေတော့သည်။

🍋 Chapter 98

ကျိုးထျန်း တကယ်ထွက်ပြေးသွားပြီဖြစ်ကြောင်း အတည် ပြုပြီးနောက် ကျောက်ရှင်းသည် အဝတ်အစားများ ပြန်ဝတ်ရန်ထလိုက်လေသည်။ အဝတ်မဝတ်မီ သူမ၏ ခန္ဓာကိုယ်ကို မှန်ထဲတွင် တစ်ခေါက် ပြန်ကြည့်လိုက်မိသည်။

"ပြီးပြည့်စုံနေတာပဲကို၊ သူက ဘာလို့ ထွက်ပြေးသွားတာလဲ?"

"ပြီးတော့ သူက တစ်ခုခုကို ရေရွတ်သွားသေးတယ်... မြူဆွယ်တဲ့ လှည့်ကွက်ဆိုလား?"

သူမသည် အပျိုစင်ဘဝကို ငွေကြေးအတွက် အရှုံးပေးလိုက်ရပြီဟု တွေးကာ အသည်းကွဲမတတ် ခံစားခဲ့ရခြင်းဖြစ် သည်။

ယခုမူ သူမ အသည်းမကွဲရုံတင်မကဘဲ အလွန်အမင်းလည်း ဇဝေဇဝါ ဖြစ်နေရသည်။ ခေတ္တမျှ ကြောင်အမ်းနေပြီးနောက် နောက်ဆုံးတွင် သူမ ဒေါသထွက်လာတော့သည်။

"သူ ငါ့ကို ကစားနေတာလား?!"

"ငါ့ကို လူအလို့ သတ်မှတ်ပြီး ငါ ဝမ်းနည်းပူဆွေးနေတာကို ကြည့်ပြီး သူက ပျော်နေတာလား?"

သူမသည် ယခင်က စိုးရိမ်ပူပန်မှုအားလုံးကို မေ့ပျောက်သွားပြီး ကျိုးထျန်းကို လိုက်ရှာကာ အကျိုးအကြောင်း မေးမြန်းရန်သာ စိတ်အားထက်သန်နေတော့သည်။

သူမ လက်ထောက် ရှောင်မုန့်က သူမကို ရိုးအေးသည်ဟု ထင်သော်လည်း အမှန်စင်စစ် သူမသည် အလွန်ခေါင်းမာသူ ဖြစ်သည်။

မဟုတ်လျှင် ထိုယောကျ်ားများ၏ ဖိအားအောက်တွင် ဤမျှကြာအောင် ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ ယနေ့ သူမ ကံကြမ္မာကို လက်ခံလိုက်ခြင်းမှာ ဟယ်ဝေရွှမ်း၏စကားများကြောင့် မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့သောကြောင့် ဖြစ်သည်။

"ဟေး... ငါ မယုံတော့ဘူး၊ အခုဆို ငါ့ရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကိုတောင် ငါ ကိုယ်တိုင် သံသယဝင်လာပြီ"

ကျိုးထျန်းမှာမူ အခန်းပြင်ထွက်ကာ ဓာတ်လှေကားစီးခဲ့သော်လည်း သူ့အခန်းသော့က အပေါ်ဆုံးထပ်သို့ သွား၍မရမှန်း သိလိုက်ရသဖြင့် လျိုမုယန်ထံ WeChat မှတစ်ဆင့် လာကြိုရန် လှမ်းပြောခဲ့ရသည်။

"ကံကောင်းလို့ စောစောက မုယန်နဲ့ WeChat အကောင့်ချင်း ဖလှယ်ထားမိလို့ပဲ"

အခန်းသို့ ပြန်ရောက်သောအခါ ကျိုးထျန်းသည် ရေချိုးခန်းထဲသို့ တန်းဝင်ကာ ရေနွေးဖြင့် ရေချိုးရင်း စိတ်ကို ပြန်အေးအောင် ကြိုးစားလိုက်သည်။

‘တော်သေးတယ်၊ ငါ မြန်မြန်ပြေးခဲ့လို့။ နည်းနည်းလေး နောက်ကျသွားရင် လူမိုက်တွေ အခန်းထဲပြေးဝင်လာပြီး ငါ့ကို ရိုက်နှက်ပြီး ပိုက်ဆံတောင်းကြမှာ သေချာတယ်’

‘မိန်းမတွေရဲ့ စိတ်က တကယ်ကို ကြောက်စရာကောင်းတာပဲ။ ဒီလောက်လှတဲ့ မိန်းမက ဒီလောက်အထိ ကောက်ကျစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး’

ရေချိုးပြီးနောက် သူသည် ရေခဲသေတ္တာထဲမှ အအေးတစ်ဗူး ယူသောက်ရန် ပြင်လိုက်သည်။ ခေါင်းပေါ်တွင် တဘက်တစ်ထည် တင်ကာ စိုထိုင်းနေသော ဆံပင်များကို သုတ်နေမိ သည်။

အအေးဗူးကိုဖွင့်ကာ သောက်ရင်း မျက်နှာကို သုတ်လိုက်ပြီး အရှေ့ကိုကြည့်လိုက်ရာ ဒေါသတကြီးထိုင်နေသော ကျောက်ရှင်းကို တွေ့လိုက်ရသည်။

"ဖူးးးး!!!"

ယခု တစ်ခါမှာ ပိုဆိုးပေသည်။

သူ သောက်လက်စ အအေးများ ကျောက်ရှင်း၏မျက်နှာတည့်တည့်သို့ ပန်းထွက်သွားတော့သည်။

စောစောက သူမ အန်ချခဲ့သည်ကို လက်စားချေလိုက်သည်ဟုပင် ဆိုရမည်။ ကျောက်ရှင်းသည် ကျိုးထျန်း တဘက်ကို ဆွဲယူကာ မျက်နှာကိုသုတ်လိုက်ပြီး ဒေါသတကြီးပြောတော့သည်။

"ရှင် စောစောက ဘာလို့ ထွက်ပြေးတာလဲ!"

"ငါ မပြေးရင် နင့်လူတွေ လာပြီး ငါ့ကို ဒုက္ခပေးတာ စောင့်နေရမှာလား?"

"အခုတော့ ငါက 'လယ်သမားနဲ့ မြွေ' ပုံပြင်ထဲက လယ်သမားလို ဖြစ်နေပြီ။ ငါက နင်ဒုက္ခရောက်နေတာကို ကူညီခဲ့တာကို နင်က ငါ့ကို ပြန်ပြီး လှည့်စားဖို့ ကြိုးစားတယ်ပေါ့"

ကျိုးထျန်းသည် သူ့ အပြစ်ကင်းစင်မှုကို သက်သေပြရန် ဖုန်းကိုယူကာ ဗီဒီယိုမှတ်တမ်းကို ဖွင့်ရန်ပြင်လိုက်သည်။

"ငါ့ လူတွေ ဟုတ်လား?"

"ရှင်ကို ဒုက္ခပေးမယ် ဟုတ်လား?"

"ရှင် ဘာတွေ လျှောက်ပြောနေတာလဲ?"

ကျောက်ရှင်းကမူ သူသည် အခြေအနေမှ လွတ်မြောက်ရန် တမင်လိမ်ညာနေသည်ဟု ခံစားလိုက်ရသည်။

"ရှင်က ကျွန်မကို လူအလို ကစားနေတာပဲ။ ရင်းနှီးမြှုပ်နှံမယ်လို့ သဘောတူပြီးမှ ထွက်ပြေးသွားတာက ဘာသဘောလဲ!"

"ဘာတွေ လျှောက်ပြောနေတာလဲ၊ နင်က ဗလာကျင်းဖြစ်နေတာလေ။ ငါက မပြေးဘဲ နေမလား? ငါက ဒုတိယမြောက် 'တုန်းကော' အဖြစ်မခံနိုင်ဘူး!"

သူတို့နှစ်ယောက်၏စကားများမှာ လုံးဝ လွဲချော်နေကြသည်။ ကျိုးထျန်းက အရင်ဆုံး စိတ်အေးအောင် ထိန်းလိုက်သည်။ တစ်ခုခု မှားနေသည်ဟု သူ ခံစားလိုက်ရသည်။

အကယ်၍ ဒီမိန်းမက သူ့ကို တကယ်ပဲ ထောင်ချောက်ဆင်ချင်တာဆိုလျှင် ဘာလို့ အခုထိလိုက်လာနေဦးမှာလဲ?

ထောင်ချောက်က ပေါ်သွားပြီဆိုလျှင် သူမ အဝေးသို့ထွက် ပြေးသွားရမည် မဟုတ်ပါလား?

သူမက နိုင်ငံကျော် မင်းသမီးတစ်ယောက်လေ၊ ဘာလို့ တစ် ယောက်ယောက်ကို ထောင်ချောက်ဆင်နေရမှာလဲ?

ကျိုးထျန်း ပိုစဉ်းစားလေ၊ ပိုထူးဆန်းလေဖြစ်လာသည်။ သူသည် ဒေါသထွက်နေသော ကျောက်ရှင်းကို တားလိုက်သည်။

"နေဦး... ငါတို့ကြားမှာ နားလည်မှုလွဲတာ တစ်ခုခုရှိနေပြီ ထင်တယ်။ ငါတို့ ပြောနေတာတွေက လုံးဝတခြားစီပဲ"

"ရှင်ကမှ လွဲနေတာ!"

ကျောက်ရှင်း ရူးမတတ် အော်ဟစ်လိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ မေးခွန်းတစ်ခု မေးပါရစေ၊ နင်... စောစောက အဝတ်အစားတွေ ဘာလို့ ချွတ်လိုက်တာလဲ?"

"ဘာလို့လဲ ဟုတ်လား? ဒါက ရှင်တို့ ယောကျ်ားတွေ လိုချင်နေတဲ့ 'အပေးအယူ' ဆိုတာ မဟုတ်ဘူးလား?"

ကျိုးထျန်း ခေါင်းကို လက်ဖြင့်အုပ်ကာ သက်ပြင်းချလိုက်သည်။

"ငါ ပြောတဲ့ 'အပေးအယူ' ဆိုတာက ရုပ်ရှင် ရုံတင်ဝင်ငွေထဲက အမြတ်ဝေစုကိုပြောတာပါ၊ နင်က ဘာတွေ တွေးနေတာလဲ!"

ဒေါသထွက်လွန်း၍ ဆံပင်များထောင်ထမတတ် ဖြစ်နေသော ကျောက်ရှင်းသည် ထိုစကားကိုကြားသောအခါ ဆွံ့အသွားတော့သည်။

"ကျွန်မ..."

"နင် ဘာကို ဆိုလိုတာလဲ ကျောက်ရှင်း ? နင့်ရဲ့ အတွေးအခေါ်တွေက တော်တော်လေး ညစ်ပတ်တာပဲ၊ စစ်မှန်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုတာ နင် နားမလည်ဘူးလား? ငါက တော့ နင့်ရဲ့ လုပ်ရပ်ကို တကယ်ပဲ... အဟမ်း... အားမရဘူး၊ ကန့်ကွက်တယ်!"

မိနစ်ဝက်ခန့် ကြောင်အမ်းနေပြီးနောက် ကျောက်ရှင်းက တိုးတိုးလေး ပြန်ပြောသည်။

"ရှင်က တကယ်ပဲ အမြတ်ဝေစုပိုလိုချင်တာလား?"

"ဒါပေါ့၊ ငါက တကယ် ရင်းနှီးမြှုပ်နှံချင်တာလေ"

ကျောက်ရှင်း မျက်နှာမှာ တဖြည်းဖြည်းနီရဲလာပြီး ငှက် ကုလားအုတ်ကဲ့သို့ ခေါင်းငုံ့သွားတော့သည်။

သူမ၏ လုပ်ရပ်များကို ပြန်စဉ်းစားကာ သူမ တုန်လှုပ်နေမိသည်။

'ငါ ဘာတွေ လုပ်မိလိုက်တာလဲ?!'

ကျိုးထျန်းကမူ စိတ်ပြန်ထိန်းကာ တွေးလိုက်မိသည်။

'ငါ အခုလေးတင် လူယုတ်မာ တစ်ယောက် ဖြစ်လာနိုင်မယ့် အခွင့်အရေးကို လွဲချော်လိုက်တာလား?!'

သူသည် မုယန်၏အခန်းဘက်သို့ လှည့်ကြည့်ကာ သူမ အပြင်ထွက်မလာသည်ကို အတည်ပြုလိုက်သည်။ ဟိုတယ်အခန်း၏အသံလုံစနစ်က ကောင်းလှသဖြင့် ကျောက်ရှင်း အော်ဟစ်နေသော်လည်း မုယန် မကြားခဲ့ပေ။

"တော်သေးတာပေါ့၊ မုယန်သာ သိသွားရင် ပိုပြီးဒုက္ခရောက်မှာ"

သူသည် ခေါင်းငုံ့နေသော ကျောက်ရှင်းကို ကြည့်လိုက်သည်။

‘ငါ လုပ်ခဲ့တာက နည်းနည်း ရိုင်းသွားလို့ သူ စိတ်ဆိုးနေတာလား? ငါက အခြေအနေအရ သူမနဲ့အတူ လိုက်ကစားပေးခဲ့သင့်တာလား? သာမန်လူတစ်ယောက်ဆိုရင် အဲဒီလို လုပ်မှာပဲကို’

ပထမဆုံးအကြိမ်အဖြစ် ကျိုးထျန်းသည် သူ အရမ်း သတိကြီးလွန်း၍ နစ်နာသွားသည်ဟု ခံစားလိုက်ရသည်။

‘စောစောကသာ ငါ အဆုံးအထိတိုးခဲ့ရင် အခုဆို ငါက ဘဝရဲ့အောင်မြင်သူ ဖြစ်နေလောက်ပြီ’

သူသည် ခေါင်းကိုကုတ်ကာ အနေခက်မှုကို လျှော့ချရန် ကျောက်ရှင်းအတွက် ဘီယာတစ်ခွက် ငှဲ့ပေးလိုက်သည်။ သူမ ထပ်အန်မှာ စိုးသဖြင့် ဒီတစ်ခါမှာတော့ ဘီယာပဲ ပေးလိုက်ခြင်းဖြစ်သည်။

သူမသည် အခန်းထဲတွင် ဝိုင်နီတွေ အများကြီးသောက်ထားခဲ့သဖြင့် အနည်းငယ်မူးနေခြင်း ဖြစ်သည်။

စောစောမှ သူမ၏ရဲတင်းသော လုပ်ရပ်မှာလည်း အရက်ရှိန်ကြောင့် ဖြစ်သည်။

"ကဲ... သောက်လိုက်ဦး၊ အစကနေပြန်ပြီး သေချာပြောကြရအောင်၊ တကယ် ဘာဖြစ်ခဲ့တာလဲဆိုတာ သိရအောင်"

ကျိုးထျန်း ဘီယာခွက်ကို ကမ်းပေးရင်း အမြည်းအိတ်ကို ဖွင့်လိုက်သည်။ ကျောက်ရှင်း ဘာမှပြန်မပြောသည်ကို မိနစ်ဝက်ခန့် စောင့်ပြီးနောက် သူ ခန့်မှန်းကြည့်လိုက်သည်။

"နင့်မိသားစု ကုမ္ပဏီ ဒုက္ခရောက်နေတာ လူအတော်များများ သိကြမှာပဲ မဟုတ်လား?"

သူမ ခေါင်းညိတ်ပြလိုက်သည်။ လက်ချောင်းများက ဘီယာခွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

"ရင်းနှီးမြှုပ်နှံမှု ကိစ္စနဲ့ ပတ်သက်ပြီး နင်နဲ့ လာပြောတာ ငါက ပထမဆုံးလူ မဟုတ်ဘူး မဟုတ်လား?"

သူမ ထပ်ပြီး ခေါင်းညိတ်ပြပြန်သည်။

"ရင်းနှီးမြှုပ်နှံဖို့ ပြောတဲ့လူတွေက ရုပ်ရှင်ကို စိတ်ဝင်စားတာ မဟုတ်ဘဲ နင့်ကိုပဲ စိတ်ဝင်စားကြတာ မဟုတ်လား?"

အားလုံးတော့ မဟုတ်သော်လည်း ကိုးဆယ့်ကိုးရာခိုင်နှုန်းမှာ ထိုရည်ရွယ်ချက် ရှိကြသည်။ ကျောက်ရှင်း ထပ်မံခေါင်း ညိတ်ပြပြီး တိတ်ဆိတ်နေဆဲ ဖြစ်သည်။

"ဒါပေမဲ့ နင်က အလျှော့မပေးခဲ့ဘူး၊ နင့်ရဲ့သိက္ခာနဲ့ စည်းမျဉ်း ကို မစွန့်လွှတ်ဘဲ တောင့်ခံထားခဲ့တယ်”

ဒီတစ်ခါတော့ သူမ ခေါင်းမညိတ်ဘဲ ဘီယာကို တစ်ကျိုက်တည်း ကုန်အောင်သောက်လိုက်သည်။

"ဒါပေမဲ့ ငါ နားမလည်တာက... နင် ဘာလို့ အခုမှ ရုတ်တ ရက် အလျှော့ပေးလိုက်ရတာလဲ?"

ကျိုးထျန်း ခဏစဉ်းစားပြီး သူ့မျက်နှာကို သူ ပြန်ကိုင်ကြည့်လိုက်သည်။

"ငါက အရမ်းချောနေလို့ နင့်ဘက်က မနစ်နာဘူးလို့ ထင်သွားတာလား?"

"ဟင်..."

ကျောက်ရှင်း ကြောင်သွားသည်။ အမှန်စင်စစ် သူမတွင် ထိုအတွေးမျိုး အနည်းငယ်ရှိခဲ့သည်။

အနည်းဆုံးတော့ သူက ချောမောသော လူငယ်တစ်ယောက် ဖြစ်သဖြင့် မြင်ရတာ အဆင်ပြေသည်မဟုတ်ပါလား။ သူမ အမူအရာကို ကြည့်ကာ ကျိုးထျန်း သူ မှန်သွားပြီမှန်း သိလိုက်သည်။

"တကယ်ကို ရုပ်ရည်ကိုကြည့်ပြီး ဆုံးဖြတ်တဲ့ ကမ္ဘာကြီးပါလား!"

သို့သော် သူ ထိုမျှအထိတော့ မရိုးအပေ။ ကျောက်ရှင်းတွင် တခြားအကြောင်းပြချက်များ ရှိရပေမည်။

"ကောင်းပြီ၊ Planetary Home မှာ ရင်းနှီးမြှုပ်နှံဖို့ ထပ်ဆွေး နွေးကြစို့၊ ဒါပေမဲ့ ငါ သိချင်တာအားလုံးကို နင် အကုန်ပြောပြရမယ် ဆိုတဲ့ အခြေအနေနဲ့ပေါ့"

ကျောက်ရှင်း မယုံကြည်နိုင်သော မျက်ဝန်းများဖြင့်မေးလိုက်သည်။

"ရှင်... ရှင်က ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိသေးတာလား?"

"ဒါပေါ့၊ စီးပွားရေးက စီးပွားရေးပဲ၊ စောစောက ဖြစ်တာတွေက နားလည်မှုလွဲတာပဲလေ၊ ငါ့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်၊ ပိုက်ဆံရှာဖို့ပဲ၊ နင်နဲ့ ဘာမှ သိပ်မဆိုင်ဘူး၊ ဒီနေ့ ငါ့ရှေ့မှာ ဝက်တစ်ကောင် ရှိနေရင်တောင် ပိုက်ဆံရမယ်ဆိုရင် ငါ အဲဒီဝက်နဲ့ သေချာဆွေးနွေးမှာပဲ"

ကျောက်ရှင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ရှင်ကမှ ဝက်..."

All Chapters