← Chapters

အခန်း (၄၁၁-၄၁၂)

Vol. 42 Ch. 411-412

အခန်း (၄၁၁-၄၁၂)

Vol. 42 Ch. 411-412

အခန်း (၄၁၁) - တိယွမ်ဇီ မိစ္ဆာကောင်အဖြစ် ပြောင်းလဲသွားခြင်း(၁)

ကစဉ်ကလျား တိုက်ပွဲကြီးက ဆက်လက်ဖြစ်ပွားနေသည်။ လင်းတုန်က ရွှီရှို့ကို တိုက်ခိုက်နေပြီး ထန်ရှင်းလျန်နှင့် ကျိုးဇယ်တို့က ဟွာချန်ကို တိုက်ခိုက်နေကြသည်။

ဝူယွမ်နှင့် အမည်းရောင်ဝတ် အမျိုးသားတို့မှာ တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေရုံသာရှိပြီး မည်သည့်လှုပ်ရှားမှုမျှ မလုပ်ကြပေ။

နှစ်ဦးလုံးက တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သိရှိထားကြသဖြင့် အခြား စစ်မြေပြင် နှစ်ခုမှ အနိုင်အရှုံးပေါ်မည့် အချိန်ကို စောင့်ဆိုင်းရင်း သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။

“အနည်းဆုံးတော့ ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုးစွမ်းအားပဲ” ဝူယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

သူ၏ အာရုံခံနိုင်စွမ်းအရ အမည်းရောင်ဝတ် အမျိုးသားအတွင်းရှိ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်မှာ အလွန်တရာ သိပ်သည်းလှပြီး ယခင်က သူ ကြုံတွေ့ခဲ့ရသော ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုးများနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီဖြစ်သည်။ ၎င်းမှာ ပြိုင်ဘက်၏ ကမ္ဘာခြားနတ်ဆိုးစွမ်းအင် သက်သက်သာ ဖြစ်သည်။

ဤလူမှာ ကမ္ဘာခြားနတ်ဆိုးမဟုတ်ပေ၊ သူသည် လူသားတစ်ဦး ဖြစ်နေဆဲပင်။ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်မှာ သူ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပြီး သူ၏ကိုယ်ပိုင် စွမ်းအားမှာ ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုးထက်ပင် သာလွန်နိုင်ကြောင်း ပြသနေသည်။

အကယ်၍ စွမ်းအား နှစ်မျိုးလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပါက သာမန် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပင်လျှင် သူ၏ပြိုင်ဘက် ဖြစ်လာမည်မဟုတ်ပေ။

ဤလူ၏စွမ်းအားမှာ ခန့်မှန်း၍မရနိုင်ပေ။

သေချာပေါက် သူ ထိုးဖောက်ဝင်ရောက်နိုင်သည်မှာလည်း မီးနတ်ဘုရားနန်းတော်၏ လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ဝူယွမ် ရှိနေသောကြောင့် မိုလော့သည် များစွာ စိတ်အေးသွားပြီး မည်သူမည်ဝါဖြစ်ကြောင်း တင်းကျပ်စွာ စစ်ဆေးနေခြင်း မပြုတော့ဘဲ သူ့ကို တိုက်ရိုက်ဝင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

နှစ်ဦးလုံးက ကောင်းကင်ယံရှိ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ လင်းတုန်က အကြွင်းမဲ့ အသာစီးရနေပြီး ရွှီရှို့ကို ဖိနှိပ်ထားသည်။ ရွှီရှို့က ကမ္ဘာခြားနတ်ဆိုးစွမ်းအားကို ထုတ်လွှတ်လိုက်သည့်တိုင်အောင် သူ့ကို အနိုင်မယူနိုင်သေးပေ။

ထန်ရှင်းလျန်နှင့် ကျိုးဇယ်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သူတို့သည် ဟွာချန်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ သို့သော်လည်း ကမ္ဘာခြားနတ်ဆိုးစွမ်းအင် တိုက်ခိုက်မှုများ ပါဝင်သော ကမ္ဘာခြားနတ်ဆိုးသိုင်းပညာကို ရင်ဆိုင်ရချိန်တွင် သူတို့နှစ်ဦးမှာ အနည်းငယ် အားနည်းနေကြောင်း တွေ့ရှိရသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်မှာ အရမ်း အစွမ်းထက်လွန်းလှသည်။ တန်ပြန်တိုက်ခိုက်မှုမရှိဘဲ တူညီသော ကျင့်ကြံမှုအဆင့်တွင် သူတို့ကို အနိုင်ယူရန်မှာ ခက်ခဲလှသည်။

ဟွာချန်၏ကျင့်ကြံမှုမှာ သူတို့ထက် မနိမ့်ကျပေ။

ဤနေရာတွင် ဟန်ချက်ညီမှု ပျက်ပြားသွားနိုင်သည်။

“မဟာထျန်းလော်မိစ္ဆာကိုယ်၊ ငါ့မိစ္ဆာကိုယ်က မဖျက်ဆီးနိုင်ဘူး”

ဟွာချန်က သူ၏ မျက်လုံးများထဲတွင် လျင်မြန်စွာ ကြီးမားလာနေသော ဆူပွက်နေသည့် အစိမ်းရောင် အလင်းတန်းကို လေးနက်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ပြီး သူ၏ နှုတ်မှ စူးရှသော ဟိန်းဟောက်သံတစ်ခု ပေါက်ကွဲထွက်လာသည်။

မှိုင်းညို့ပြီး ရက်စက်သော အမည်းရောင်အလင်းတန်းများက ဒီရေလှိုင်းများပမာ ဟွာချန်၏ခန္ဓာကိုယ်မှ ဆူပွက်လာသည်။

ပြန့်ကျဲနေသော အမည်းရောင် အလင်းတန်းများကြားတွင် သူ၏ ခန္ဓာကိုယ်ကလည်း ထပ်မံ ကြီးထွားလာသည်။ အသက်အနည်းငယ် ရှူချိန်အတွင်းမှာပင် သူသည် ကျန်းတစ်ရာနီးပါး မြင့်မားသော မိစ္ဆာရုပ်သွင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

တခြားကမ္ဘာမှ မိစ္ဆာတစ်ကောင် ဆင်းသက်လာသကဲ့သို့ ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်သွားသည်။

မိစ္ဆာသိုင်းပညာ ပေါ်လာသည်နှင့်အမျှ မင်ရည်ကဲ့သို့ မည်းနက်သော အလင်းတန်းများက ရေတံခွန်တစ်ခုပမာ ဟွာချန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထိုအမည်းရောင် အလင်းတန်းအောက်တွင် လောကကြီးကိုယ်တိုင်ပင် မှေးမှိန်သွားသကဲ့သို့ ဖြစ်နေသည်။

အေးစက်စက်ရက်စက်မှုတစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် တိတ်ဆိတ်စွာ ကျန်ရစ်နေသည်။

“မီးဖီးနစ်ကြာနီ”

အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် ထန်ရှင်းလျန်၏အော်သံက မီးတောက်များကြားမှ ထွက်ပေါ်လာသည်။ ချက်ချင်းပင် မီးတောက်များ ပေါက်ကွဲထွက်သွားပြီး ထက်မြက်ကာ ပူပြင်းလောင်ကျွမ်းနေသော လှံတံအရိပ်တစ်ခုက မျက်စိကျိန်းမတတ် ကြာနီပွင့်တစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားလေသည်။

ထို့နောက် ကြာနီပွင့်က လျှပ်စီးလက်သလို လျင်မြန်စွာ လည်ပတ်သွားပြီး ဟွာချန်ဆီသို့ တိုး၀င်သွားလေသည်။

ဟွာချန်က ကြာနီပွင့် လှံတံအရိပ်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများ ရုတ်တရက် အလွန်အမင်း မည်းနက်သွားလေသည်။ သူက လက်သီးဆုပ်လိုက်၏။

ထို့နောက် အေးစက်စက် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“မိစ္ဆာအတောင်ပံများ ကောင်းကင်ကို တုန်လှုပ်စေခြင်း၊ အမည်းရောင်မီးတောက် ကမ္ဘာကိုဖျက်ဆီးခြင်း”

ရေတွက်၍မရနိုင်သော အမည်းရောင်အလင်းတန်းများ ဟိန်းဟောက်ထွက်ပေါ်လာသည်။ အမည်းရောင်အလင်းတန်းအတွင်း၌ ကြမ်းတမ်းသော ဟိန်းဟောက်သံများ ထွက်ပေါ်နေသကဲ့သို့ ဖြစ်နေသည်။

အမည်းရောင်အလင်းတန်းများက လူးလွန့်နေပြီး ဟွာချန်၏ခန္ဓာကိုယ်က အဆက်မပြတ်ကြီးထွားလာသည်။

အရိုးများ ဖုံးလွှမ်းနေသော အမည်းရောင် လင်းနို့အတောင်ပံ တစ်စုံက နောက်ကျောမှ ရုတ်တရက် ဖြန့်ကျက်လာပြီး ထူးဆန်းသော အမည်းရောင် ရူန်းသင်္ကေတများက ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားလေသည်။

အမှောင်ထုထဲရှိ ဧရာမသတ္တဝါကြီးက ကောင်းကင်သို့ ဟိန်းဟောက်လိုက်ပြီးနောက် ဧရာမလက်သီးကြီးကို ဆုပ်ကာ ထိုးနှက်လိုက်သည်။

အမည်းရောင် အလင်းတန်းများက ၎င်း၏လက်သီးအောက်တွင် စုစည်းလာပြီး ထူးဆန်းသော အမည်းရောင်မီးတောက်များလည်း ပေါ်လာသည်။

ထန်ရှင်းလျန်၏ ကြာပွင့်နီလှံတံမှာ အမည်းရောင်မီးတောက်များထဲတွင် လျှင်မြန်စွာ ငြိမ်းသတ်ခံလိုက်ရသည်။

“ဘုရားရေ၊ ဘာတွေ ဖြစ်နေတာလဲ၊ ဒီအရိပ်က ဘယ်သူလဲ၊ ထန်ရှင်းလျန်တောင် သူ့ကိုမနိုင်ဘူး”

“ဘုရား၊ လူသစ်များ အဆင့်သတ်မှတ်ချက်မှာ ဒုတိယနဲ့ တတိယ ချိတ်ထားတဲ့ သူတွေ အတူတူပူးပေါင်းတိုက်ခိုက်တာတောင် သူ့ကို မဖိနှိပ်နိုင်ဘူး”

…..

“တစ်ဖက်က အဲဒီ ဝူယွမ်နဲ့ လင်းတုန်တို့ကတော့ လွန်နေပြီ”

“လင်းတုန်က လူသစ်များ အဆင့်သတ်မှတ်ချက်မှာ အဆင့်တစ် ချိတ်ထားတဲ့ ရွှီရှို့ကို ဖိနှိပ်ထားရုံတင်မကဘူး၊ သတိလစ်သွားတဲ့အထိ ရိုက်နှက်နေတယ်”

“မမျှော်လင့်ထားတဲ့ အားကောင်းသူတွေ အရမ်းများလွန်းတယ်၊ ပြီးတော့ သူတို့က ပုံမှန်မဟုတ်လောက်အောင် အစွမ်းထက်ကြတယ်”

“ကောင်းကင်လျှို့ဝှက်ချက် မျှော်စင်ရဲ့ လူသစ်များ အဆင့်သတ်မှတ်ချက်က ဒီတစ်ခါတော့ လူရယ်စရာဖြစ်သွားတော့မယ်”

မှန်အပြင်ဘက်ရှိ လူများက ဤတိုက်ပွဲကို ကြည့်ကာ အားလုံးအံ့အားသင့်နေကြသည်။ လူသစ်များ အဆင့်သတ်မှတ်ချက်တွင် ပါဝင်သူများမှာ စာရင်းတွင်မပါဝင်သူများ သို့မဟုတ် အဆင့်နိမ့်သူများ၏ ရိုက်နှက်ခြင်းကို ခံနေရ၏။

ယခု ထိပ်တန်းသုံးယောက်လုံး အရိုက်ခံနေရသည်။

ထို့အပြင် သူတို့ထဲမှ နှစ်ယောက် ပူးပေါင်းလုပ်ဆောင်သည်က်ုတောင် မနိုင်သေးဘဲ သီသီလေး တောင့်ခံထားရသည်။

အဆုံးအစမဲ့တောင်တန်းတွင်။

ထန်ရှင်းလျန်၏ မျက်နှာမှာ ပို၍ အေးစက်လာသည်။ ပြိုင်ဘက်၏ ကမ္ဘာခြားနတ်ဆိုး စွမ်းအင် ပိုမို အစွမ်းထက်လာလေလေ သူမ၏ တိုက်ခိုက်လိုစိတ်က ပိုမိုဆူပွက်လာလေလေ ဖြစ်သည်။

“မီးနတ်ဘုရား အသွင်ပြောင်း ကျင့်စဉ်”

သူမ၏ အေးစက်စက်အသံက ကောင်းကင်ယံတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူမက ကျောက်စိမ်းလက်ချောင်းလေးကို ညင်သာစွာ ကိုက်လိုက်ရာ အနီရင့်ရောင်သွေးများ သူမ၏လက်ချောင်းထိပ်မှ စိမ့်ထွက်လာသည်။

သူမ၏ သွယ်လျသောလက်ချောင်းများက အဆက်မပြတ်လှုပ်ရှားနေပြီး အလင်းလက်ဟန်သင်္ကေတများ ဖန်တီးလိုက်သည်။

အလင်းလက်ဟန်သင်္ကေတများ ပေါ်လာသည်နှင့်အတူ တောက်ပသော အနီရောင်အလင်းတန်းတစ်ခု ထန်ရှင်းလျန်၏ နူးညံ့သော ခန္ဓာကိုယ်မှ ရုတ်တရက် ပြန့်ကျဲထွက်ပေါ်လာသည်။

ထိုအနီရောင် အလင်းတန်းများမှာ မီးတောက် ပင်လယ်ကြီးတစ်ခုပမာ ဖြစ်နေသည်။

မီးတောက်ပင်လယ်ကြီး ပြန့်ကျဲသွားပြီး ကြီးမားလှသော မီးတောက်များက သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ ဖြည်းညင်းစွာ စုစည်းသွားလေသည်။

သူမ၏ နောက်ကျောတွင် ပုံမှန်မဟုတ်လောက်အောင် ကြီးမားသော မီးတောက်အတောင်ပံ တစ်စုံ ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူမ၏အရှိန်အဝါကလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

“သူတော်စင်ဆင် မဖျက်ဆီးနိုင်သောခန္ဓာကိုယ်”

ကျိုးဇယ်ကလည်း နက်ရှိုင်းပြီး ပဲ့တင်ထပ်သော အသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ကျန်းပေါင်းများစွာအထိ ကြီးထွားလာခဲ့ပြီဖြစ်သည်။

သူ့နောက်ကျောရှိ လေဟာနယ်က လိမ်ကောက်သွားပြီး ကျန်းတစ်ထောင်ခန့်ရှိသော သူတော်စင်ဆင်ကြီးတစ်ကောင်က လေဟာနယ်ကို နင်းကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ဝေဝါးဝါး ရပ်တည်နေသကဲ့သို့ ဖြစ်နေသည်။

နှစ်ဦးလုံးက ဟွာချန်ကို ဖိနှိပ်ရန် သူတို့၏ အစွမ်းအထက်ဆုံး သိုင်းပညာများကို ထုတ်လွှတ်လိုက်ကြသည်။

“ဟဲဟဲ၊ မီးနတ်ဘုရား အသွင်ပြောင်း ကျင့်စဉ်ကိုတောင် သုံးလာပြီပေါ့၊ အဆုံးသတ်ရမယ့်အချိန် ရောက်ပြီထင်တယ်”

ဟွာချန်သည် မည်းနက်သော လက်ချောင်းထိပ်ဖြင့် ရေးဆွဲလိုက်ရာ ကျန်းရာချီကျယ်ဝန်းသော အမည်းရောင် မျဉ်းကြောင်းတစ်ခုက လေဟာနယ်ကို တိုက်ရိုက်ဆုတ်ဖြဲလိုက်ပြီး လျင်မြန်စွာ ပြန့်ကျဲသွားလေသည်။

ယုံကြည်နိုင်စရာမရှိလောက်အောင် ကျယ်ပြောလှသော မည်းနက်သည့် ချောက်ကမ်းပါးကြီးတစ်ခု ဤလောကတွင် ရုတ်တရက်ပေါ်လာသည်။

“ဝါးမျိုခြင်းမိစ္ဆာချောက်ကမ်းပါး”

ရှေးဟောင်း မိစ္ဆာသားရဲတစ်ကောင်၏ ဟနေသော ပါးစပ်ကြီးပမာ ချောက်ကမ်းပါးက အမည်းရောင် အလင်းတန်းများနှင့် ဆူပွက်နေပြီး ရုတ်တရက် ကျယ်ပြန့်လာကာ ဟိန်းဟောက်နေသော ဧရာမသူတော်စင် ဆင်ကြီးကို ဝင်တိုက်လိုက်လေသည်။

ကျိုးဇယ်က ချက်ချင်း သွေးအန်ကာ လွင့်စင်သွားပြီး အဆုံးအစမဲ့တောင်တန်းပေါ်သို့ ကျဆင်းသွားရာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြောင်း ထင်ရှားလှသည်။

တစ်ချိန်တည်းမှာပင် ထန်ရှင်းလျန်၏ မီးဖီးနစ်လှံတံက ဖီးနစ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ဟွာချန်၏ကျောကို ထိုးဖောက်သွားလေသည်။

“ဝါးမျိုခြင်းမိစ္ဆာရုပ်တု”

ရက်စက်သော အလင်းတန်းများ ဟွာချန်၏မျက်လုံးများတွင် စိမ့်ဝင်ပျံ့နှံ့သွားပြီး သူက ဟိန်းဟောက်လိုက်သည်။

သူ၏ နောက်ကျောရှိ လေဟာနယ်ကို မမြင်ရသော လက်တစ်ဖက်က ဆုတ်ဖြဲလိုက်သကဲ့သို့ ဖြစ်သွားပြီး ထူးဆန်းသည့် ဧရာမမိစ္ဆာရုပ်တုကြီးတစ်ခု ၎င်းအတွင်းမှ ထွက်လာသည်။

ရုပ်တုကြီးမှာ မျက်နှာမပါပေ။ ထန်ရှင်းလျန် ယခုလေးတင် ထုတ်လွှတ်လိုက်သော ဖီးနစ် အရှိန်အဝါကို လုံးဝဝါးမျိုပစ်လိုက်သည်။

၎င်း၏ မျက်ခုံးနှစ်ခုကြားတွင် ဧရာမ အမည်းရောင်လေဝဲကတော့ကြီးတစ်ခု ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေပုံရသည်။

“သူ့မှာလည်း ဗိုလ်ချုပ်အဆင့်ကမ္ဘာခြားနတ်ဆိုးရဲ့ စွမ်းအား ရှိနေတာပဲ” ဝူယွမ် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ဤဟွာချန်သည် အမှန်တကယ်ပင် အသွင်ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံခဲ့ပုံရသည်။

သူသည် ကမ္ဘာခြားနတ်ဆိုးဗိုလ်ချုပ်အဆင့်သို့ မရောက်ရှိသေးသော်လည်း ထိုနယ်ပယ်ကို ထိတွေ့နေပြီဖြစ်သည်။ သူ့ကို ခြေလှမ်း၀က်၀င်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်ပေသည်။

ထိုကဲ့သို့သော စွမ်းအားမျိုးကို ထန်ရှင်းလျန် ကိုင်တွယ်နိုင်စွမ်းမရှိပေ။

ဝူယွမ်နှင့် လင်းတုန်တို့ ရှိနေကြောင်း သိရှိသွားသဖြင့် ကမ္ဘာခြားနတ်ဆိုးများဘက်မှ ပိုမိုအစွမ်းထက်သော အင်အားစုများကို စေလွှတ်လိုက်ပုံရသည်။

ဟွာချန်၏ မိစ္ဆာလက်ဝါးက ကျဆင်းလာပြီး ထန်ရှင်းလျန်ကို အပြည့်အဝ လွှမ်းခြုံသွားလေသည်။

“ရွှီး”

ဝူယွမ်၏ လူရိပ်က ချက်ချင်း ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြေးဝင်သွားလေသည်။ သူက ထန်ရှင်းလျန်ကိုဖက်ကာ သူ၏ နောက်သို့ ဆွဲခေါ်လိုက်သည်။

“မင်း သူ့ကို မယှဉ်နိုင်ဘူး၊ ငါနဲ့လွှဲထားလိုက်ပါ”

ဝူယွမ်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်ပြီးနောက် ကောင်းကင်ယံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဧကရာဇ်သွေးကြောများ ဆူပွက်လာပြီး သူ၏ ခရမ်းရွှေရောင်လက်သီးက ဟွာချန်၏ အမည်းရောင်မိစ္ဆာလက်ဝါးကို တိုက်ရိုက်ထိုးဖောက်သွားလေသည်။

“သတိထား၊ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူက မိုးကြိုးဘိုးဘေးအဆောင်ကို လုယူဖို့ ကြိုးစားနေတယ်” ထန်ရှင်းလျန်က ဝူယွမ်၏ နားနားသို့ကပ်ကာ အလျင်အမြန် သတိပေးလိုက်သည်။

အခန်း (၄၁၂) - တိယွမ်ဇီ မိစ္ဆာကောင်အဖြစ် ပြောင်းလဲသွားခြင်း(၂)

ဝူယွမ်နှင့် ဟွာချန်တို့ တိုက်ခိုက်နေချိန်မှာပင် အမည်းရောင်ဝတ်ရုံဖြင့် အပြည့်အဝ ဖုံးကွယ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့်လူက အဆုံးအစမဲ့တောင်တန်း၏ တောင်ထွတ်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားပြီး မိုးကြိုးဘိုးဘေးအဆောင်၏မူလစွမ်းအင်ကို ယူဆောင်ရန် ပြင်နေလေသည်။

“ဟဲဟဲ၊ မစိုးရိမ်ပါနဲ့၊ အဲဒီအတွက် ငါ ပြင်ဆင်ထားပြီးသားပါ”

ဝူယွမ်က လှောင်ပြုံးပြုံးလိုက်သည်။

‘ငါ့ရှေ့က အသီးကို လာလုဖို့ ကြိုးစားနေတာလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

“ငြိမ်နေစမ်း”

တိုးညှင်းသော ရေရွတ်သံနှင့်အတူ ဝူယွမ်၏ကစဉ်ကလျားသန္ဓေသားထဲရှိ ငြိမ်သက်ခြင်းရူန်းက တဖျပ်ဖျပ်လက်သွားသည်

မမြင်ရသောာ စွမ်းအားတစ်ခု ဝူယွမ်၏မျက်ခုံးနှစ်ခုကြားမှ ချက်ချင်း ထွက်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော လူအပေါ်သို့ ကျရောက်သွားလေသည်။

ထိုလူမှာ ရုတ်တရက် အေးခဲသွားလေသည်။

“မင်း အရင်နောက်ဆုတ်နေလိုက်” ဝူယွမ်က ထန်ရှင်းလျန်ကို ဘေးချထားလိုက်သည်။

“မိစ္ဆာအတောင်ပံ”

မိစ္ဆာအရှိန်အဝါများ ပြည့်နှက်နေသော အမည်းရောင် လေအတောင်ပံတစ်စုံက သူ့နောက်ကျောတွင်ပေါ်လာသည်။

အမည်းရောင်တောင်ပံ တစ်ချက် ခတ်လိုက်သည်နှင့် ဝူယွမ်၏အရှိန်မှာ ယုံကြည်နိုင်စရာမရှိလောက်အောင် မြန်ဆန်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော အမည်းရောင်ဝတ်အမျိုးသား၏ ရှေ့သို့ ရောက်ရှိသွားလေသည်။

“ကောင်းကင်ပြာနဂါး ကောင်းကင်တံဆိပ်”

ဝူယွမ်သည် ကောင်းကင်ပြာနဂါး အသွင်ပြောင်း ကျင့်စဉ်ကို လည်ပတ်လိုက်ကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကောင်းကင်ပြာနဂါး အလင်းပုံစံများကို စုစည်းလိုက်သည်။

ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကောင်းကင်ပြာနဂါး အလင်းပုံစံ ရာပေါင်းများစွာ၏စွမ်းအား ထွက်ပေါ်လာသည်။

ကောင်းကင်ပြာနဂါး တံဆိပ်က ကျဆင်းလာပြီး အမည်းရောင်ဝတ် အမျိုးသားကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားလေသည်။

“မိစ္ဆာအရိပ် ဖျက်ဆီးခြင်း”

အမည်းရောင်ဝတ် အမျိုးသားက ခပ်သဲ့သဲ့အော်ဟစ်လိုက်သည်။ သိပ်သည်းသော ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များက သူ့ခန္ဓာကိုယ်မှ ဆူပွက်လာပြီး သူ့ခန္ဓာကိုယ်က အမည်းရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝူယွမ်၏တိုက်ခိုက်မှုက သူ့ကို ဖြတ်သန်းသွားလေသည်။

“ရှင်သန်ခြင်းနှင့် သေဆုံးခြင်း မိစ္ဆာတံဆိပ်”

သူ့ခန္ဓာကိုယ်က ပြန်လည်စုစည်းသွားပြီး ဝူယွမ်၏ အထက်တွင် ပေါ်လာနှင့်ပြီဖြစ်သည်

သူကက လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်ရာပြီး ရှင်သန်ခြင်း မူလစွမ်းအား၊ သေဆုံးခြင်း ဆန်းကြယ်စွမ်းအားနှင့် ကမ္ဘာခြားနတ်ဆိုး စွမ်းအားတို့ကို ပေါင်းစပ်ကာ တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။

အမည်း၊ အဖြူနှင့် မီးခိုးရောင်များ ရောနှောနေသော ဧရာမတံဆိပ်ကြီးတစ်ခုက သူ့ကို ဖိနှိပ်လိုက်သည်။

“ကောင်းကင်နှင့် မြေကြီး ရှေးဟောင်းအစီအရင်၊ ပြောင်းပြန်လှည့်”

ဝူယွမ်၏ ဒန်တျန်အတွင်း၌ အမှတ်အသားပြုကာ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအဖြစ် ဖန်တီးထားပြီးဖြစ်သော ကောင်းကင်နှင့် မြေကြီး ရှေးဟောင်းအစီအရင်က ပြောင်းပြန် စတင်လည်ပတ်လေတော့သည်။

အစီအရင်က ထင်ရှားလာပြီး ဝူယွမ်က ဆုပ်ကိုင်ကာ ပြိုင်ဘက်၏ ဧရာမတံဆိပ်ကြီးဆီသို့ ဖိချလိုက်သည်။

စွမ်းအားသုံးခု ပေါင်းစပ်ထားသော ဧရာမတံဆိပ်ကြီးမှာ ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင်၏ စွမ်းအားအောက်တွင် သေးငယ်သော စွမ်းအားအမျှင် သိန်းချီအဖြစ် ပြောင်းလဲသွားပြီး အားလုံးကို ဝူယွမ်က ပိတ်ဆို့လိုက်သည်။

ဝူယွမ်က လျှို့ဝှက်ဆန်းကြယ်သော အမည်းရောင်ဝတ် အမျိုးသားကို ပိတ်ဆို့ထားစဉ် အခြားတစ်ဖက်တွင် ဟွာချန်က မိုးကြိုးဘိုးဘေးအဆောင်ကို လုယူရန် ကြိုးပမ်းလျက် အဆုံးအစမဲ့တောင်တန်း၏ တောင်ထွတ်ဆီသို့ ထပ်မံပြေးဝင်သွားလေသည်။

သူတို့သုံးဦးတွင် တာဝန်ခွဲဝေမှုရှိကြောင်း ထင်ရှားလှသည်။ ဝူယွမ်နှင့် လင်းတုန်တို့ကို မနိုင်နိုင်မည့် အခြေအနေအတွက် သူတို့ ပြင်ဆင်ထားပြီးဖြစ်ကာ အခြားတစ်ယောက်က မိုးကြိုးဘိုးဘေးအဆောင်ကို လုယူနိုင်ရန် သူတို့ကို ထိန်းထားလိုရုံသာ ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ အလွန် ရှင်းလင်းလှသည်။

“ဟွာချန်၊ သေစမ်း”

ဝူယွမ်က အေးစက်စက် ပြောလိုက်သည်။ သူ စကားပြောနေစဉ် မူလစိတ်ဝိညာဉ် ဓားသန္ဓေသားတစ်ခု သူ၏ မျက်ခုံးနှစ်ခုကြားမှ ပစ်လွှတ်ထွက်ပေါ်သွားလေသည်။

ကစဉ်ကလျားထိန်းချုပ်ခြင်း ဓားအတတ်ကို ထုတ်လွှတ်လိုက်သည်။ မူလစိတ်ဝိညာဉ် ဓားသန္ဓေသားက ဟွာချန်ကို ပစ်မှတ်ထားကာ သူ၏ စိတ်ထဲသို့ ပစ်လွှတ်ဝင်ရောက်သွားလေသည်။

ဟွာချန်မှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သူ၏ မျက်လုံးများက ချက်ချင်း အရောင်မဲ့သွားလေသည်။

မူလစိတ်ဝိညာဉ် ဓားသန္ဓေသားသည် ဝိညာဉ်ကို အထူးပစ်မှတ်ထားသည်။

ဟွာချန်၏ မူလစိတ်ဝိညာဉ်မှာ ငြိမ်းသတ်ခံလိုက်ရပြီး ခန္ဓာကိုယ်မှာ ကောင်းကင်ယံမှ ထိုးကျသွားလေသည်။

“ဒီအဆင့်ရှိတဲ့ တိုက်ခိုက်မှုက ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ထုတ်လွှတ်နိုင်တဲ့ အရာ လုံးဝ မဟုတ်ဘူး”

“အရမ်း ထူးဆန်းလွန်းတယ်၊ သူ ဘယ်လိုလုပ်ပြီး ဒီလောက်အစွမ်းထက်နေရတာလဲ”

“ဝူယွမ်က သာမန်ဆန်ပုံပေါက်ပေမယ့် တစ်ချက်တည်းနဲ့ လူတစ်ယောက်ကို သတ်ပစ်လိုက်တာပဲ”

“ထန်ရှင်းလျန်နဲ့ ကျိုးဇယ်တို့တောင် မကိုင်တွယ်နိုင်ခဲ့တဲ့ မမျှော်လင့်ထားတဲ့သူက သူ့ကြောင့် ချက်ချင်းအသတ်ခံလိုက်ရတယ်”

မှန်အပြင်ဘက်ရှိ လူများက သက်ပြင်းရှည်ကြီး ချလိုက်ကြသည်။ ဝူယွမ်၏ စွမ်းအားက သူတို့၏ နားလည်မှုကို အကြိမ်ကြိမ် အသစ်ပြန်လည် ဖြစ်ပေါ်စေခဲ့သည်။ သူသည် စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် တကယ်ကို အစွမ်းထက်လှသည်။

ဝူယွမ်က ဟွာချန်ကို ဒီတိုင်းထားမည် မဟုတ်ပေ။

မိစ္ဆာအတောင်ပံများ ခတ်လိုက်ပြီး ပျံသန်းသွားကာ ဟွာချန်၏အလောင်းကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ သိမ်းဆည်းလိုက်သည်။

ကမ္ဘာခြားနတ်ဆိုး စွမ်းအင်ဖြင့် မြှင့်တင်ထားပြီး ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုးဝက်၏ စွမ်းအင်ကို ပိုင်ဆိုင်ထားသော ဤဟွာချန်သည် အတော်လေး ကောင်းမွန်သော စွမ်းအင်ပါ၀ါဘဏ်တစ်ခုလည်း ဖြစ်သည်။

‘ဖြုန်းတီးလို့ မဖြစ်ဘူး'

ယခုအခါ လျှို့ဝှက်ဆန်းကြယ်သော အမည်းရောင်ဝတ် အမျိုးသားနှင့် မျက်နှာမပါသူ ရွှီရှို့သာ ကျန်ရှိတော့သည်။

ရွှီရှို့၏ စွမ်းအားမှာ ဟွာချန်နှင့် ဆင်တူပြီး နှစ်ဦးလုံးက ခြေလှမ်း၀က်၀င်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။

ထို့ကြောင့် သူသည် လင်းတုန်ကို ထိုမျှကြာအောင် တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဤအချိန်တွင် သူသည် လင်းတုန်၏ဖိနှိပ်ခြင်းကို ခံထားရပြီး အသက်ငွေ့ ခပ်ပါးပါးသား ကျန်တော့သည်။

လင်းတုန်သည် အစ်ကိုကြီးက ရွှီရှို့ကို စွမ်းအင်အဖြစ် ရှေးဟောင်းကျောက်တိုင် လေဟာနယ်အတွင်းသို့ ပြန်လည်ရယူမည့် အချိန်ကို စောင့်နေတော့သည်။

ဤတစ်ကြိမ်တွင် မိုလော့နှင့် အခြားသူများ၏ရည်ရွယ်ချက်မှာ ကမ္ဘာခြားနတ်ဆိုးများကို မြှူဆွယ်ပြီး သူတို့ကို သတ်ဖြတ်ရန် ဖြစ်သည်။

သို့သော်လည်း ဝူယွမ်နှင့် သူတို့၏ရည်ရွယ်ချက်မှာ ကမ္ဘာသစ်ပင်ကို အာဟာရဖြစ်စေရန် ကမ္ဘာခြားနတ်ဆိုးများကို ပိုမိုဖမ်းဆီးရန် ဖြစ်သည်။

“ဝူယွမ်၊ မင်း သေဖို့ထိုက်တန်တယ်...” အမည်းရောင်ဝတ် အမျိုးသား၏ အေးစက်စက်အသံက ထွက်ပေါ်လာသည်။

ဤအသံက ဝူယွမ်ကို အနည်းငယ် ရင်းနှီးသလို ခံစားရစေသည်။

“တိယွမ်ဇီလား”

ဝူယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထိုအခိုက်အတန့်တွင် ပြိုင်ဘက်၏ခန္ဓာကိုယ်မှ ရင်းနှီးသော မူလစိတ်ဝိညာဉ် လှုပ်ရှားမှုတစ်ခုကို သူ ခံစားလိုက်ရ၏။

၎င်းမှာ ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် သုံးဦးထဲမှ တစ်ဦးဖြစ်သော တိယွမ်ဇီပင် ဖြစ်သည်။

“မင်းက ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ပြီး ဒီပုဂ္ဂိုလ်ကို လူလည်းမဟုတ်၊ တစ္ဆေလည်းမဟုတ် ဖြစ်အောင် လုပ်ခဲ့တယ်၊ ဒီနေ့ ငါက မင်းကို သုတ်သင်ပစ်ဖို့ မင်းနဲ့အတူ အသေခံဖို့ စွန့်စားမယ်” တိယွမ်ဇီ၏ အသံမှာ ရက်စက်မှုများဖြင့် ပြည့်နှက်နေသည်။

သူ စကားပြောနေစဉ် သိပ်သည်းသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များက သူ၏ နှုတ်မှ အမှန်တကယ်ပင် ပြန့်ကျဲထွက်ပေါ်နေသည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ဖျက်ဆီးခံရပြီးနောက် သူသည် ခန္ဓာကိုယ်သစ်တစ်ခု ရှာဖွေရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သို့သော်လည်း သူ၏ဆရာဖြစ်သူ ကမ္ဘာခြားနတ်ဆိုးဘုရင်က သူ့စွမ်းအားများ မလျော့ကျစေရန်အတွက် သူ့ကို လူသားခန္ဓာကိုယ်တစ်ခု သိမ်းပိုက်ခွင့်မပြုဘဲ မိစ္ဆာမျိုးစေ့တစ်ခုနှင့် ပေါင်းစပ်ပေးခဲ့ရာ ကမ္ဘာခြားနတ်ဆိုးက အဓိကဖြစ်ပြီး လူသား ခန္ဓာကိုယ်က အရန်ဖြစ်သော မိစ္ဆာကောင်တစ်ခု ဖြစ်လာခဲ့သည်။

“ညီနှစ်၊ မင်း မိုးကြိုးဘိုးဘေးအဆောင်ကို သွားယူလိုက်”

ဝူယွမ်က လင်းတုန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

လက်ရှိ အခြေအနေအရ ဤမိစ္ဆာကောင် တိယွမ်ဇီကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူမည်မဟုတ်ပေ။

လင်းတုန်က ရွှီရှို့ကို ဝူယွမ်ထံသို့ လွှဲပေးလိုက်ပြီးနောက် မိုးကြိုးဘိုးဘေးအဆောင်၏ မူလစွမ်းအင်ကို ရယူရန် တောင်ထွတ်သို့ ပျံသန်းသွားလေသည်။

ဝူယွမ်က ရွှီရှို့ကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ သိမ်းဆည်းလိုက်ပြီး မိစ္ဆာကောင်တိယွမ်ဇီနှင့် စတင် တိုက်ခိုက်လေတော့သည်။

လင်းတုန်က တောင်ထွတ်သို့ ပြေးသွားပြီး မိုးကြိုးဘိုးဘေးအဆောင်၏ မူလစွမ်းအင်ကို စုဆောင်းကာ ၎င်းကို သူ၏ ကိုယ်ပိုင် မိုးကြိုးဘိုးဘေးအဆောင်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း အဆုံးအစမဲ့တောင်တန်းပေါ်တွင် စစ်မှန်သော မိုးကြိုးဘိုးဘေးအဆောင် ပေါ်လာသည်။

လင်းတုန်က မိုးကြိုးဘိုးဘေးအဆောင်ကို အသက်သွင်းလိုက်ရာ တောင်ထွတ်ပေါ်တွင် ကျယ်ပြောလှသော လျှပ်စီးများ တဖျပ်ဖျပ်လက်သွားလေသည်။ အဆုံးအစမဲ့မှန် တစ်ခုလုံး တုန်ခါသွားလေသည်။

မိုးကြိုးဘိုးဘေးအဆောင် ရှိနေကြောင်း အခြားသူများကို သူ တမင်တကာ အသိပေးနေခြင်းဖြစ်သည်။

အမှောင်ထဲရှိ ကမ္ဘာခြားနတ်ဆိုးများက ဤမိုးကြိုးဘိုးဘေးအဆောင်၏အရှိန်အဝါကို ရှင်းလင်းစွာခံစားမိမည်မှာ သေချာပြီး လှုပ်ရှားရန် မနေနိုင်လောက်အောင် ဖြစ်သွားပေလိမ့်မည်။

လင်းတုန်သည် မိုးကြိုးဘိုးဘေးအဆောင်၏ အရှိန်အဝါကို ထုတ်လွှတ်ပြီးနောက် ၎င်းကိုသိမ်းဆည်းလိုက်ကာ ဝူယွမ်နှင့် တိယွမ်ဇီတို့၏ တိုက်ပွဲတွင် ဝင်ရောက်ပူးပေါင်းလိုက်သည်။

ထို့နောက် သူတို့သုံးဦးသည် အဆုံးအစမဲ့တောင်တန်းပေါ်တွင် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲကြလေတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြန့်ကျဲထွက်ပေါ်လာပြီး အပြင်ဘက်ရှိ သူများမှာ တိုက်ပွဲ မြင်ကွင်းကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ကြပေ။

[ဒင်၊ အဆုံးအစမဲ့တောင်တန်းသို့ ရောက်ရှိပါပြီ။ ဆိုင်းအင်လုပ်လိုပါသလား။]

တိုက်ပွဲအတွင်း ဝူယွမ်သည် စနစ်၏ သတိပေးချက်ကို ရရှိခဲ့ပြီး “ဆိုင်းအင်လုပ်မယ်” ဟု မဆိုင်းမတွ ပြောလိုက်သည်။

[ဆိုင်းအင်လုပ်ခြင်း အောင်မြင်ပါသည်။ ဆုကြေးရရှိပါသည်: လေဟာနယ်မှန်]

ဝူယွမ်သည် သူရရှိသော ဆုကြေးကို လေ့လာမနေဘဲ တိယွမ်ဇီကို ကိုင်တွယ်ဖြေရှင်းရန်သာ အာရုံစိုက်လိုက်သည်။

တိယွမ်ဇီသည် မိစ္ဆာမျိုးစေ့နှင့် ပေါင်းစပ်ကာ မိစ္ဆာကောင် ဖြစ်လာပြီးနောက် ပို၍ပင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလာခဲ့သည်။

ဝူယွမ်နှင့် လင်းတုန်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းကကြောင့် တည်ငြိမ်စွာ အသာစီးရယူနိုင်ဆဲပင်။

လွန်ခဲ့သည့် ခြောက်လက တိယွမ်ဇီကို ဒဏ်ရာရစေရန်အတွက် သူတို့သည် နည်းလမ်းမျိုးစုံကို ထုတ်လွှတ်ရန် လိုအပ်နေသေးသည်။

သို့သော်လည်း ယခုအခါ ပြိုင်ဘက်ကို ဖိနှိပ်ရန်အတွက် သူတို့၏ ပုံမှန်အခြေအနေသာ လိုအပ်တော့သည်။

သူတို့သုံးဦးကြားရှိ တိုက်ပွဲမှာ ပြင်းထန်သော အဆင့်သို့ရောက်ရှိလာပြီး သူတို့ အသုံးပြုသော သိုင်းပညာများ ပိုမိုအစွမ်းထက်လာသည်နှင့်အမျှ အဆုံးအစမဲ့တောင်တန်းမှာ ပြန့်ပြူးသွားပြီး နောက်ဆုံးတွင် အဆုံးအစမဲ့မှန်မှာလည်း ဆက်လက် မတောင့်ခံနိုင်တော့ပေ။

၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

ဝူယွမ်နှင့် အခြား နှစ်ဦးက မှန်ထဲမှ ထွက်ခွာရန် တိုက်ခိုက်ခဲ့ကြသည်။

ဝီ၊ ဝီ... မီးတောက်မြို့တော်အထက်ရှိ လေဟာနယ်တွင်လည်း စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။

လူတိုင်းက မော့ကြည့်လိုက်ရာ ပြာလဲ့သော ကောင်းကင်ယံကို ဖြတ်သန်းကာ ပြန့်ကျဲနေသည့် ဧရာမ အမည်းရောင် အက်ကွဲကြောင်းကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာ စွမ်းအင်များက ၎င်းအတွင်းမှ ဆူပွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားလေသည်။

ဧရာမ အမည်းရောင်အက်ကွဲကြောင်းကြီးက သားရဲကြီးတစ်ကောင်၏ ဟနေသော ပါးစပ်ကြီးပမာ ဖြည်းညင်းစွာ ပြန့်ကျဲလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်သည့် အရှိန်အဝါတစ်ခုကလည်း ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

ထိုရက်စက်သော အရှိန်အဝါမှာ ဟွာချန်၊ ရွှီရှိုနှင့် လက်ရှိ လျှို့ဝှက်ဆန်းကြယ်သော အမည်းရောင်ဝတ် အမျိုးသားတို့၏ အရှိန်အဝါနှင့် တစ်ထပ်တည်းတူညီပြီး ၎င်း၏ သိပ်သည်းမှုမှာ အမည်းရောင်ဝတ် အမျိုးသားထက်ပင် ပိုမိုအစွမ်းထက်လှသည်။

​ထိုရက်စက်သော အရှိန်အဝါ စိမ့်ဝင်ပျံ့နှံ့လာသည်နှင့်အမျှ ဤလောကတွင် ပြည့်နှက်နေသော ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်များ ဆူပွက်လာကြောင်းကို လူတိုင်း သတိပြုမိသွားပြီး ထိုငြိမ်သက်မှုမရှိသော ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်များထံမှ ခုခံမှုနှင့် တွန်းကန်မှု ခံစားချက်တစ်ခုကို သူတို့အားလုံး ခံစားလိုက်ရသည်။

​အမှောင်ထဲတွင် ပုန်းအောင်းနေသော ကမ္ဘာခြားနတ်ဆိုးများ ကိုယ်ထင်ပြတော့ပေမည်။

All Chapters