← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

Ch 79

အချိန်နှင့်ဒီရေက လူကို မစောင့်ပါချေ။ လုယန် အတွေးလွန်နေစဥ်မှာပဲ အဝါရောင်အဘိုးအို၏ နောက်က အမဲရောင်လေထုက သူ့အနီးကို ​ရောက်ရှိလာတော့သည်။

.

လုယန် စိတ်ဝင်တစား မော့ကြည့်လိုက်လေကာ

“ ဒီတော့ မင်းက တစ္ဆေပေါ့လေ”

ရှေးအချိန်တုန်းက ရှေးဟောင်းကဝေဂိုဏ်းသည် နတ်ဆိုးလမ်းစဥ်၏ ထိပ်သီးဂိုဏ်းတစ်ခု ဖြစ်ခဲ့သည်။ ရှေးဟောင်းကဝေဂိုဏ်းသားများက အနာဂတ် ကျင့်ကြံမှု၏ အခြေခံအဖြစ် ကိုယ်ပိုင်တစ္ဆေတစ်ကောင်ဆီကို မွေးမြူကြလေသည်။

ဓားချီ၏တိုက်ခိုက်မှုကြောင့် ဂိုဏ်းသားတွေ အကုန်သေဆုံးသွားချိန်မှာ တစ္ဆေတွေက ထိန်းချုပ်မှုလွတ်ကင်းသွားပြီး နယ်မြေထဲ လှည့်ပတ်သွားလာနေတော့သည်။ သူတို့၏ ပိုင်ရှင်မသေခင်က သန်မာမှုအပေါ်မူတည်ပြီး သူတို့၏ဝတ်စုံများ​က အရောင်ကွဲကြသလို၊ ထိုအရောင်အလို​က် သန်မာမှုတွေလည်း ကွဲပြားကြသည်။

လျှိို့ဝှက်နယ်မြေအတွင်းက သက်ရှိလူသားတွေ၏ ဇစ်မြစ်ကတော့.. ရှုတ်ထွေးသည်ပင်။

တစ်ချို့က ဂိုဏ်းတပည့်တွေ၏ အစေခံတွေမှတစ်ဆင့် ပြန်မွေးဖွားသော မျိုးဆက်တွေဖြစ်သည်။ တစ်ချို့ကကျတော့ ဓားချီ၏တိုက်ခိုက်မှုမှာ အချိန်မှီ ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်ကြ၍ အသက်ရှင်ခဲ့သော တပည့်များဖြစ်လေသည်။

လျှို့ဝှက်နယ်မြေအတွင်းမှာ ကျင့်ကြံခြင်းကို ကန့်သတ်ထားသောကြောင့် မည်သူမဆို ချီသန့်စင်ခြင်းပထမအဆင့်ကို ဝင်ရောက်မိသည်နှင့် ရှေးဟောင်းကဝေဂိုဏ်း၏ အမွေဆက်ခံသူအဖြစ် သတ်မှတ်ခံရကာ၊ ဓားချီ၏တိုက်ခိုက်မှုကို ကြုံတွေ့ရသည်။

သူ့အနေနှင့် အခုထိ မသတ်ခံရသေးတာကလည်း လျှို့ဝှက်နယ်မြေ၏ ပိုက်ကွန်အတွင်း ဝင်ရောက်နေခဲ့ပြီး သားကောင်တစ်ကောင် ဖြစ်သွားပြီးလို့ပင်။ သူသာ နယ်မြေအတွင်းက ထွက်သွားဖို့ လုပ်လိုက်သည်နှင့် သေချာပေါက် အသတ်ခံရမှာဖြစ်သည်။ အကယ်လို့ ဒီထဲမှာပဲ နေပြန်လျှင်လည်း တစ္ဆေများကြောင့် အနုနည်းနှင့် သေဆုံးရမှာပင်။

ထို့အတူ ရှေးဟောင်းကဝေဂိုဏ်း၏ ကံကြမ္မာကလည်း တော်တော်လေး ဆိုးရွားလှပါသည်။

ဂိုဏ်း၏.မျိုးဆက်အနေနှင့် မကျင့်ကြံနိုင်သော သေမျိုးတွေသာ ကျန်ရစ်ခဲ့သည့်အပြင်.. တစ်ချိန်က အစေခံသဖွယ်ဖြစ်ခဲ့သော တစ္ဆေတွေဆီမှာ လိုက်အသတ်ခံနေရသေးသည်။

ဤကမ္ဘာ၏ တစ္ဆေထိန်းချုပ်သူများကလည်း အဆုံးမှာ သေဆုံးရတာပင်။

“ လူသားတွေက အမြဲတမ်း ရှင်သန်မဲ့နည်းရှာနိုင်တာပဲ”

သူတို့အနေနှင့် မကျင့်ကြံနိုင်ကြတာတောင်မှ..အခုလို နှစ်တစ်သောင်းကြာသည်အထိ ရှင်သန်နိုင်ခဲ့ပြီး အဆုံးမှာ တစ္ဆေတွေကို ခုခံနိုင်မည့် နည်းလမ်းကိုပါ ရှာတွေ့ခဲ့သည်။

ထိုနည်းလမ်းကတော့ ယာမဓာတ်မှတစ်ဆင့် တစ္ဆေထိန်းချုပ်ခြင်းနည်းလမ်း ဖြစ်လေသည်။

တစ်နည်းပြောရလျှင်တော့ ထိုနည်းလမ်းက ကိုယ့်ကိုယ်ကို တစ္ဆေတစ်ကောင်ဆီမှာ ဝါးမြိုခံလိုက်ခြင်းပဲ​ဖြစ်သည်။ ထိုအခါ တစ္ဆေ၏အစွမ်းကို အငှားယူသုံးနိုင်လေသည်။

“ ဒီနည်းလမ်းကို ဖန်တီးခဲ့တဲ့သူက သူ့ကိုယ်သူ ခေါင်းဆောင်ကြီးလို့ခေါ်ပြီး ဗလာတစ္ဆေဂိုဏ်းဆိုပြီးတောင် ဂိုဏ်းထောင်လိုက်သေးတယ်။ ဒါကဒီကမ္ဘာရဲ့ တစ်ခုတည်းသော ကျင့်ကြံရေးဂိုဏ်းပဲ။ ဂိုဏ်းထဲမှာ တစ္ဆေပေါ်မူတည်ပြီး အဆင့်တောင် ခွဲထားသေးတယ်”

“ အဖြူရောင်တစ္ဆေကို ထိန်းချုပ်နိုင်ရင်- တစ္ဆေသတင်းပို့သူ။

အဝါရောင်တစ္ဆေဆိုရင်- ထိန်းချုပ်ခြင်းအရှင်။ အနက်ရောင်တစ္ဆေဆိုရင်- ဖျက်ဆီးခြင်းအရှင်။

ပြီး နောက်ဆုံးဖြစ်တဲ့ အကြမ်းဆုံးအနီရောင် တစ္ဆေကိုကျတော့ ယာမအရှင်လို့ခေါ်ပြီး အဲ့ဒီအဆင့်ကိုရောက်နိုင်ရင် ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာတယ်”

“... တော်တော်လေး ဆန်းကြယ်တာပဲ”

တစ္ဆေထိန်းချုပ်သူတိုင်းက အသက်နှစ်နှစ် ဝန်းကျင်လောက်ပဲ ရှင်သန်နိုင်ကြတော့သည့်တိုင်အောင်၊ သန်မာမှုကို ငြင်းဆန်၍ မရနိုင်ပါချေ။

အနီရောင်တစ္ဆေက ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်အထိ သန်မာသောကြောင့် အနီရောင်တစ္ဆေကို ထိန်းချုပ်နိုင်လျှင် ထိုသန်မာမှုကို ရရှိသည်။ အခု အဝါရောင်တစ္ဆေက ချီသန့်စင်ခြင်းအလယ်နယ်ပယ် သန်မာမှု ရှိလေ၏။

သို့ပေမဲ့ လုယန် စိတ်ဝင်စားနေမိတာ​က.. အဝါရောင်တစ္ဆေဆီမှ ပျံ့လွင့်နေသော ဆန်းကြယ်သည့်ချီစွမ်းအင် တစ်မျိုးကိုပဲ ဖြစ်သည်.. ထိုအရာက နတ်အစွမ်းတစ်ခုက အရင်းခံလာပုံရှိသည်။

“ ဒါကနတ်အစွမ်းတစ်ခုလုံး မဟုတ်ဘဲ အပိုင်းသေးသေးလေးပဲရှိတယ်”

တကယ်ကို ထိုအစွမ်းပမာဏက အလွန်နည်းပါးလွန်း၍ အဆင့်မြင့်ဟန်ရသော နတ်အစွမ်းကို အရိပ်အငွေ့လောက်သာ အာရုံခံနိုင်ခဲ့သည်။

လုယန် လက်တစ်ဖက်ဆန့်ထုတ်ပြီး အဝါရောင်တစ္ဆေကို ဆွဲခေါ်ကာ ချက်ချင်း သန့်စင်ပစ်လိုက်သည်။

“ တကယ်ရှိနေတာပဲ.. ဒါပေမဲ့ အစွမ်းက အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်သေးဘူး”

“ ကြည့်ရတာ ဒီလျှောက်သွားနေတဲ့ တစ္ဆေတွေနဲ့ တစ်နည်းနည်း သက်ဆိုင်နေမယ်ထင်တယ်”

ခဏမျှစဥ်းစားပြီးနောက် လုယန် ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် အဝါရောင်တစ္ဆေကို စာလိပ်ထဲ ပစ်ထည့်ပစ်လိုက်သည်.. တဖြည်းဖြည်း လုယန် မျက်နှာထား ပြောင်းလဲလာတော့၏။

“ တကယ်ကိုမထင်ထားခဲ့ဘူး”

ဤလျှို့ဝှက်နယ်မြေအတွင်းက တစ္ဆေများတွင် ကြီးမြတ်သောနတ်အစွမ်းနှင့် သက်ဆိုင်သည့် အစွမ်းကိုရရှိထားကြပြီး.. တစ်ချိန်ထဲမှာ သူ၏ချီဝိညာဥ်တစ်သောင်းစာလိပ်ကလည်း ထိုဝိညာဥ်တွေကို သန့်စင်နိုင်စွမ်းရှိနေသည်။

လုယန် စိတ်လှုပ်ရှားကာ အတွေးများသွားတော့သည်။ ကြည့်ရသည်မှာ သူသာ ဤလျှို့ဝှက်နယ်​မြေအတွင်းက တစ္ဆေတွေကို တစ်ကောင်ချင်း သန့်စင်လိုက်နိုင်ပါက၊ သူတို့ပိုင်ဆိုင်ထားကြသော စွမ်းအင်ကို စုပ်ယူနိုင်လိမ့်မည်။ အဆုံးမှာ နောက်ထပ် ကြီးမြတ်သောနတ်စွမ်းအင်ကို ရရှိပြီး အဆင့်တက်နိုင်စွမ်း ပိုမြင့်သွားလိမ့်မည်။

လုယန်၏ နှလုံးသားတစ်ခုလုံး တောက်လောင်သွားတော့သည်။

“ ဒီကမ္ဘာက သက်ရှိတွေခဗျာ တစ္ဆေတွေရဲ့ဒဏ်ကို ခံစား​နေရတာ အရမ်းကြာပြီ။ ကျွတ်ကျွတ်.. ဘယ်တတ်နိုင်မလဲ။ ငါကစောက်ရမ်း သဘောကောင်းနေတော့ ဒီကလူသားတွေကို ငြိမ်းချမ်းအောင်.လုပ်ပေးရတော့မှာပေါ့”

ထို့နောက် လုယန်သည် သတိမေ့နေသော ကောင်ငယ်လေးကို ကြည့်လိုက်ပြန်သည်။

သူ၏ဝိညာဥ်ရှာဖွေနည်းလမ်းက သေမျိုးတွေကို မထိခိုက်နိုင်ပါချေ။ ထို့အပြင် သူက အလျော်အဖြစ် ထိုကောင်လေး၏ မှတ်ဉာဏ်ထဲမှာ တိုက်ခိုက်နည်းတစ်ချို့ သင်ပေးခဲ့လိုက်သည်။

“ ငါကစောက်ရမ်းသဘောကောင်းတဲ့ သူပါဆိုကွာ”

ထိုအချိန်မှာပဲ အဝေးတစ်နေရာက အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

လုယန် လှမ်းကြည့်လိုက်ချိန်မှာ တိမ်မည်းတစ်ခုကို တွေ့လိုက်ရ၏.. ထိုအထဲတွင် အမည်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ဦးရှိနေပြီး၊ ထိုသူ၏ဘေးမှာ ကောင်လေးနှစ်ယောက်နှင့် လှပသော မိန်းမပျို ဆယ်ယောက်ထက်မနည်း ဝန်းရံထားကြသည်။

ကောင်လေးနှစ်ယောက်၏ လက်ထဲမှာ ရတနာအသီးသီးကို ကိုင်ထားပုံကို ကြည့်ရသလောက်.အဆင်သင့်ကာကွယ်နိုင်ရန် ဖြစ်လေသည်။ အနောက်က မိန်းကလေး အစေခံများကတော့ ယပ်တောင်ခတ်သူကခတ်၊ အသီးခွံ့ကျွေးသူကျွေးနှင့်.. တစ်ချို့ ပုလွေမှုတ်ကာ ဖျော်ဖြေပေးနေသူများလည်း ပါသည်။

ထိုအနောက်မှာတော့ အဖြူအမည်းဝတ်စုံများကို တစ်လှည့်စီဝတ်ထားသော လူတန်းရှည်ကြီး လိုက်ပါနေပြီး.. သူတို့တွေက သံစဥ်တွေတီးမှုတ်ကာ ကခုန်နေကြသည်။

ကြည့်ရတာ တော်တော်လေးကို သောက်ကြီးသောက်ကျယ် နိုင်ပါလေရဲ့..

“ ဟမ်၊ ဒီနားက တစ္ဆေက ဘယ်ရောက်ကုန်တာလဲ”

အလယ်က အမည်းရောင်ဝတ်ကျင့်ကြံသူက လုယန်ကို မျက်မှောင်ကြုတ်ဖြင့် ကြည့်လိုက်သည်။

“ မင်းကဒါကိုလုပ်ခဲ့တဲ့ အသက်ရှင်​နေတဲ့ လူသားလား။ တစ္ဆေသတင်းပို့သူ ဘယ်မှာလဲ”

တစ်ဖက်သူ၏ မေးခွန်းကိုကြားသောအခါ လုယန် တစ်ချက်သာကြည့်လိုက်ပြီး အဖက်မလုပ်စွာ ဖြေပေးလိုက်၏။

“ သေပြီ”

ထိုကောင်လေး၏ မှတ်ဉာဏ်အရဆိုလျှင် အနှီတစ္ဆေသတင်းပို့သူက အဝါရောင်တစ္ဆေလက်ချက်ကြောင့် သေသွားတာကြာလေပြီ။ ထိုအကြောင်းအရင်းကြောင့် ကောင်လေးက အပြိုအပျက်တွေကြားမှာ ပုန်းနေခဲ့တာ ဖြစ်သည်။

လုယန်၏အဖြေကြောင့် အမည်းရောင်ဝတ်လူကြီး ပိုမို မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် သူက အချက်ပြလိုက်ရာ.. မှန်ဝိုင်းတစ်ခုကို ကိုင်ထားသော ဘေးကလူငယ်လေးက အရှေ့တက်လာပြီး လုယန်ကို အလင်းရောင်ကျရောက်စေလိုက်သည်။

လုယန် မျက်ခုံးတစ်ဖက် ပင့်သွားသည်။ သူ စိတ်ဝိညာဥ်ဖြင့်အာရုံခံလိုက်သောကြောင့် ထိုမှန်ဝိုင်း၏ လုပ်ဆောင်ချက်ကို နားလည်သွားခဲ့သည်။ သို့တိုင်အောင် တစ်ချက်မှ မရှောင်ရှားခဲ့ဘဲ အလင်းရောင် ဖြာကျခွင့်ပြုလိုက်၏။

နောက်တစ်စက္ကန့်မှာ အမည်းရောင်ဝတ် ကျင့်ကြံသူက မျက်နှာကိုမဲ့လိုက်ပြီး စကားစလာသည်။

“ ဘယ်သူများလဲလို့ အပြင်ကရောက်လာတဲ့ အလေအလွင့် ကျင့်ကြံသူတစ်ယောက်ပဲ။ မင်းက ဒီနေရာကိုရောက်လာပြီး တစ္ဆေသတင်းပို့သူကို သတ်လိုက်ပြီး တစ္ဆေကို ယူလိုက်တာပေါ့လေ။ ငါမင်းနဲ့ စာရင်းရှင်းရတော့မယ်”

“.. အလေအလွင့်ကျင့်ကြံသူဟုတ်လား”

လုယန် အလွန်မဖြစ်နိုင်သလို ခံစားလိုက်ရသည်။ လျှို့ဝှက်နယ်မြေတစ်ခုအတွင်းက သေးနုတ်လှသော ဂိုဏ်းတစ်ခုက သူ့ကို အလေအလွင့်ကျင့်ကြံသူတစ်ဦးဟု ပြောလိုက်တာလား.. ဒါမလေးမစား ပြုမူလွန်းနေတာ မဟုတ်ဘူးလား။

တစ်ဖက်က အမည်းရောင်ဝတ်လူကြီးကတော့ ဘာမှ မှားယွင်းတယ်လို့ မခံစားရဟန်ပင်။

ဤနှစ်ပေါင်းများစွာအတွင်းမှာ နယ်မြေအတွင်းကို ရောက်လာသူ တစ်ယောက်စ နှစ်ယောက်စ ရှိသည်ပဲ.. လျှိို့ဝှက်နယ်မြေက ဝေးလံသောနေရာမှာ ပျောက်ကွယ်နေတာဆိုပေမဲ့ မတော်တဆ ရှာတွေ့သွားသူများ ရှိတတ်စမြဲပဲလေ။

သူ့အနေနှင့် အများကြီး ကြုံတွေ့ခဲ့ရဖူးပြီးသားဖြစ်သည်။

ရောက်လာသမျှ သူတိုင်းက အားနည်းကြသလို.. အလွန်ဆုံးရှိမှ ချီသန့်စင်ခြင်းအလယ်နယ်ပယ်သာ ရှိလေ၏။ သူတို့အားလုံးက ဗလာတစ္ဆေဂိုဏ်းအရှေ့မှာ လက်မြှောက်ခဲ့ကြရတာကြည့်သာ။

အချိန်တွေကြာလာတော့ အပြင်က ကျင့်ကြံသူတွေကို သူ အထင်ကိုမကြီးတော့ချေ။

ထို့ကြောင့် လုယန်ကို မြင်တော့လည်း သူက ယုံကြည်ချက်ရှိစွာဘဲ အများကြီး မပြင်ဆင်ခဲ့ဘူး.. လုယန်ကို ဖမ်းပြီးသည်နှင့် အမြန်ဆုံးတင်ပြလိုက်ရင်း.တာဝန်ပြီးမြှောက် နိုင်ဖို့ပဲ စိတ်ဝင်စားခဲ့သည်။

နောက်တစ်စက္ကန့်မှာ သူက ကိုယ်တွင်းက စွမ်းအင်တွေကို စုစည်းလိုက်သည်။ သူ၏ အသားရေက ရုတ်ချည်း ဖြူဖွေးလာချိန်မှာ နှုတ်ခမ်းက အလွန်ရဲတော​က်သွားရင်း.. မန္တာန်တစ်မျိုးကို ရွတ်ဆိုလိုက်သည်။

သူက သေမင်းတမာန်အမည်ရ အနက်ရောင်တစ္ဆေကို ထိန်းချုပ်သူဖြစ်သည်။ နာမည်အတိုင်းပင်.. သူ နာမည်ရွတ်လိုက်တာနှင့် ထိုတစ္ဆေက ထွက်လာပြီး သူပစ်မှတ်ထားချင်သော ရန်သူကို သတ်ဖြတ်လိမ့်မည်။ ထိုတစ္ဆေကြောင့်ပဲ သူက တိုက်ပွဲတိုင်းမှာ အနိုင်ရခဲ့သည်။

အခုလည်း ထိုကဲ့သို့ပင် သူသည် တစ္ဆေကို အပြင်ထုတ်ပြီးသည်နှင့် လုယန်၏နာမည်ကို စစ်ဆေးဖို့ ကြိုးစားလိုက်သည်။

လုယန်ကလည်း ချက်ချင်း အာရုံခံမိလိုက်ကာ

“ ငါ့ကို စစ်ဆေးချင်တာလား”

လုယန် မျက်ခုံးတစ်ဖက် ပင့်သွားတော့သည်။

“ စိတ်ဝင်စားစရာပဲ။ ဒီတ​စ္ဆေတွေက ကြီးမြတ်တဲ့နတ်အစွမ်းအနည်းငယ်လဲ ရထားတဲ့အပြင် ကံတရားကိုလဲ ထောက်လှမ်းနိုင်တာလား”

သူချက်ချင်းပဲ လက်ဟန်ပြုပြီး ကံတရားကို ပိတ်ပစ်လိုက်သည်။

တစ်ဖက်သူက သူ့ကိုဘယ်လိုမှ အနိုင်မယူနိုင်တာ သိပေမဲ့လဲ ဉာဏ်ရှိသော သူတစ်ဦးက အန္တရာယ်များသော အရာတစ်ခုကို မလိုအပ်ဘဲ ခွင့်မပြုပေးနိုင်ပါချေ။

“ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အနက်ရောင်တစ္ဆေ မလှုပ်ရှားနိုင်သေးသောကြောင့်.. ထိုသူလည်း ကြောက်ရွံ့သွားဟန်ရှိသည်။ ကြည့်ရတာ သူ၏ အလွန်ကြမ်းသော တစ္ဆေက အခုဘာကြောင့် ကျရှုံးသွားတာလဲကို နားမလည်နိုင်ဟန်ပင်။

ထိုမြင်ကွင်းကြောင့် လုယန် ခေါင်းယမ်းလိုက်လေကာ

“ ကျွတ်၊ အားနည်းလိုက်တာ”

“ ဒါပေမဲ့ ဒါလဲကောင်းတယ်၊ အစွမ်းကြီးတဲ့သူတွေကို အနိုင်ယူရတာ ငါ့ပုံစံ မဟုတ်ဘူး။ ငါကအနိုင်မယူနိုင်တဲ့သူတွေကို သတ်ရတာပဲကြိုက်တယ်.. ဥပမာ ကျင့်ကြံမှုနယ်ပယ်ခြားနေတဲ့ ကောင်တွေပေါ့”

တစ်ဖက်က အမည်းရောင်ကျင့်ကြံသူကလည်း ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် အင်္ကျီအတွင်းပိုင်းကနေ အနီရောင်ဖယောင်းဖြင့်ဖန်တီးထားသော ရုပ်ထုတစ်ခုကို ထုတ်ယူလိုက်သည်။ ဦးခေါင်းထက်မှာ အမွှေးတိုင်သုံးခုကို သရဖူပုံဖြစ်အောင် ဖန်တီးထားသော ရှုတည်တည်ကြည့်နေသည့် ရုပ်ထုကို တစ်ချက်ကြည့်လိုက်ပြီး သူက မီးညှိလိုက်တော့သည်။

နောက်တစ်စက္ကန့်မှာ အစိမ်းရောင်မီးတောက်တွေကို မြင်လိုက်ရကာ

“ ဘိုးဘေးဆရာကြီး၊ ကျေးဇူးပြုပြီး ထွက်လာခဲ့ပါ”

အမည်းရောင်ဝတ်ကျင့်ကြံသူက ဦးညွတ်အရိုအသေပေးလိုက်သည်။.တစ်ချိန်ထဲမှာ အမွှေးထိုင်ထိပ်မှ မီးခိုးငွေ့တွေ လှိုက်တက်လာပြီး.. ရုပ်ထု၏ မျက်ခုံးတန်းများလည်း ပြေလျော့သွားသည်။

ချက်ချင်းပဲ ပတ်ဝန်းကျင်မှာ တေးသီသံတွေ ပျံ့လွင့်လာကာ၊ ကောင်းကင်ထက်မှ နှင်းမှုန်တွေကျဆင်းပြီး မြေပြင်က ပန်းတွေ ပွင့်လန်းလာသည်။ ထူးဆန်းသော ဖြစ်ရပ်များစွာက ရုပ်ထု၏ထွက်ပေါ်မှုကို ပိုခမ်းနားသွားအောင် ပံ့ပိုးနေ၏။ ရုပ်ထု၏ လက္ခဏာရပ်တွေပင် ပိုအသက်ဝင်လာကာ.. အနီရောင် ဖယောင်းရုပ်က စကားပြောနေသလို ခံစားလိုက်ရသည်..

“ ဘယ်ကောင်ငါ့ဂိုဏ်းကလူကို ရန်စရဲတာလဲ”.

“....”

လုယန် အဖြေမပေးဘဲ ရုပ်ထုကိုသာ လေ့လာနေခဲ့သည်။ သူ၏မျက်လုံးထဲက ရုပ်ထုက တော်တော်လေးခြားနားလာပါ၏။

သာမာန်သူတွေအတွက်တော့ ရုပ်ထုက သာမာန်အသက်မဲ့နေသော ဖယောင်းရုပ်တစ်ခုသာ ဖြစ်သည်။

သို့ပေမဲ့ လုယန်က ထိုရုပ်ထုသည် နတ်ရုပ်ထုတစ်ခုဖြစ်မှန်း သိနေခဲ့ပြီး.. အခုချိန်၌ ရုပ်ထု၏အောက်မှာစုဝေးနေသော နတ်စွမ်းအင်အလင်းကိုပင် ​မြင်နေရသည်။

ထိုအလင်းက ထွင်းစွာတွေအများကြီး ပါဝင်နေကာ.. စက္ကန့်နှင့်အမျှ နက်ရှိုင်းသော အရောင်အဝါများနှင့် စွမ်းအင်လှိုင်းတွေ ထုတ်ပေးနေ၏။

ထိုအရာက တစ္ဆေတွေအများကြီးကို စုစည်းထား၍ ဖြစ်ပေါ်လာသော စွမ်းအင်အစုအဝေးဖြစ်မှန်း.လုယန် ချက်ချင်း သဘောပေါက်လိုက်တော့သည်။

…….

Ch 80

( တစ္ဆေတွေဆီမှာနားထောင်ခြင်း)

အသက်ဝင်လွန်းလှသော အနီရောင်ဖယောင်းရုပ်ထုကို ကြည့်နေရင်း လုယန် ပိုမိုစိတ်ဝင်စားလာတော့သည်။ သူ၏ အရင်ဘဝမှာတုန်းက ဆယ်နှစ်တိတိ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ၏ ဝိညာဥ်ကို လေ့လာခဲ့ဖူးသည်။

ထိုကြောင့်ပဲ ဖယောင်းရုပ်ထုကို အခုလို ရှင်းလင်းစွာ မြင်နိုင်နေတာဖြစ်၏။

“ ဒီအရှေ့က သခင်ကြီးကို.ဘယ်သူလဲဆိုတာ မေးလို့ရမလားဗျ”

လုယန် လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်ပြီး၊ ရုပ်ထုကို သေချာစွာကြည့်လိုက်သည်။ ထိုအနီရောင်ရုပ်ထု အတွင်းမှာ အခြေခံတည်ထောင်ခြင်းဝိညာဥ်တစ်ကောင် ဝင်ရောက်နေတာကို သူရှင်းရှင်းလင်းလင်းကြီး မြင်နေရလေသည်။

သို့ပေမဲ့ ထိုရုပ်ထုက တုံ့ပြန်မလာဘဲ ပြောစရာရှိတာကိုသာ ဆက်ပြောသည်။

“ ငါ့ရဲ့တပည့်တွေကို စော်ကားရဲတဲ့ကောင်တွေ အားလုံး သေဆုံးရမယ်”

အသံဆုံးသည်နှင့် ထိုရုပ်ထုက လှုပ်ရှားလိုက်သည်။ နေရာကနေ ရုတ်ချည်း ပျောက်ကွယ်သွားလိုက်ပြီး.. လုယန်နှင့် အကွာအဝေးတစ်ခု ခြားပြီးသည်နှင့် ထိုးနှက်ဖို့ရန် ညာလက်သီးကို အပေါ်​မြှောက်လိုက်သည်။

လုယန်လည်း မရှောင်ဘဲ လက်သီးနှင့် ပြန်ရင်ဆိုင်လေ၏။

ထိုမြင်ကွင်းကြောင့် အမည်းရောင်ဝတ်ကျင့်ကြံသူ တစ်ယောက် အလွန်အမင်း ပျော်ရွှင်သွားတော့သည်။

ဤရုပ်ထုသည် သာမာန် ရုပ်ထုတစ်ခုမဟုတ်ပါချေ။ သူ့လိုမျိုး ရာထူးကြီးသော ဂိုဏ်းသားတွေကိုသာ ချီးမြင့်သည့် အကာအကွယ်ရတနာ တစ်ခုဖြစ်သည်။

ထိုရတနာကို နေ့တိုင်းသယ်သွားလျှင် တစ္ဆေဝါးမြိုခြင်းအရှိန်ကို လျှော့ချပေးနိုင်ပြီး၊ အခုလိုမျိုး လိုအပ်လာပါကလည်း ဘိုးဘေး၏စစ်မှန်ဝိညာဥ်ကို ဆင့်ခေါ်လို့ရသည်။ ထို့အပြင် ဤရုပ်ထု၏ လက်သီးတစ်ချက်က တောင်တွေတောတွေကို ဖျက်ဆီးပစ်ဖို့ပင် လုံလောက်သည်။ သာမာန်လူသားတစ်ယောက်ကတော့ ပြောမနေနှင့်တော့။

လုယန်က သေလမ်းရှာနေတာပဲလို့ ထိုသူက တထစ်ချ တွက်ထားလေ၏။

ဝုန်း

နောက်တစ်စက္ကန့်မှာ ကျယ်လောင်သော အသံကြီးနှင့်အတူ စွမ်းအင်အလုံးလိုက်ကြီးက အပြင်ဘက်ကို နေရာစုံပေါက်ထွက်လာခဲ့ပြီး လုယန်၏ ခန္ဓာကိုယ်ပါ ပျောက်ကွယ်သွားလေ၏။

ဝူး

အဖြူရောင်စွမ်းအင်လုံးက တိမ်စိုင်တွေထဲထိ ထိုးဖောက်သွားပြီးချိန်မှာ.. အချိန်အနည်းငယ် ကြာပြီးနောက် ပတ်ဝန်းကျင်က ပြန်ကြည်လင်လာခဲ့သည်။ ရုပ်ထုနှင့် အကွာအဝေးတစ်ခုခြားပြီးသည်နှင့် အဝေးတစ်နေရာမှာ လုယန် ပြန်ပေါ်လာခဲ့သည်။

“ ဒါဘာကြီးလဲ”

လုယန်၏ ပျောက်လိုက်ကွယ်လိုက် စွမ်းရည်ကြောင့် အမည်းရောင်ကျင့်ကြံသူ တော်တော်လေးမှင်သက်သွားကာ၊ ပိုသတိကြီးသွားတော့၏။

တစ်ဖက်က လုယန်လည်း အံံ့သြနေခဲ့သည်။

“ ကောင်းလိုက်တဲ့ရတနာကွာ”

လုယန် ချီးကျူးလိုက်ရင်းမှ နှလုံးသားထဲမှာ တစ်ခါထဲ အဖြေထုတ်နိုင်သွားခဲ့သည်။ ​ဖြစ်နိုင်ချေအရ ပြောရပါလျှင် ဤဗလာတစ္ဆေဂိုဏ်းကို အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ၏ ပြန်မွေးဖွားမည့် ဝိညာဥ်က တည်ထောင်ထားတာ ဖြစ်ရပေမည်။

“ ငါသိနေတယ်၊ ကင်းခြေများတစ်ကောင်က သေသွားပေမဲ့ ဘယ်တော့မှ မပျက်ဆီးသွားဘူးတဲ့။ ဒီရှေးဟောင်းကဝေဂိုဏ်းက အမြစ်ပျက်မဖျက်ဆီးခံရသေးတော့ နောက်ဆက်တွဲ အမွေခံဖြစ်လာနိုင်ချေတစ်ချို့ကို ဆုပ်ကိုင်ထားပုံပဲ။ ငါ့ရဲ့အရင်ဘဝတုန်းက အတွေ့အကြုံအရဆိုရင်တော့ သေချာပေါက် နောက်ကွယ်က အရာက အကောင်ကြီးပဲ”

လုယန် အတွေးလွန်နေစဥ်မှာပဲ ရုပ်ထုက လှုပ်ရှားလာပြန်သည်။

ရုပ်ထု၏ ထပ်မံကျရောက်လာသော လက်သီးကို လုယန် လက်သီးတစ်ချက်နှင့် ပြန်တုံ့ပြန်လိုက်သည်။ သို့ပေမဲ့ အဆုံးမှာ လုယန်တစ်ယောက် အဝေးကြီးကို လွင့်သွားပြီး ပြန်ထွက်ပေါ်လာရ၏။

“ ငါကသူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး”

လုယန် သက်ပြင်းချလိုက်သည်။ သူ၏ ပုံရိပ်ခွဲက ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အားဖြင့် ရုပ်ထုထက် နိမ့်ကျနေဆဲပင်။ အကြီးဆုံးအချက်မှာတင် ရှုံးနိမ့်သွားခဲ့မှတော့ သူ့အနေနှင့် အနိုင်ရဖို့ မဖြစ်နိုင်တော့ပါချေ။

“ ဒါပေမဲ့ မင်းတောင် အကူအညီတောင်းနိုင်ရင် ငါကကော တောင်းမရဘူးလား”

နောက်တစ်စက္ကန့်မှာ လုယန် လက်ကွက်တစ်ခု ဖော်လိုက်သည်။

ဂျပ်

လုယန်၏ ခေါင်းအနောက်တည့်တည့်မှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး.. အလင်းတွေဖြာထွက်နေသော တစ်ဖက်နေရာကနေ ဧရာမလက်ဝါးကြီးတစ်ခု ထွက်လာခဲ့သည်.. လုယန်၏ မူရင်းကိုယ်က အပြင်ဘက်မှ လှုပ်ရှား​နေတာပင်။

ထိုလက်ဝါးကြီး၏ မျက်နှာပြင်မှာ အနီရောင်အလင်းတွေ ရှိနေပြီး.. မကြာခင်မှာပဲ ရုပ်ထုကို အပေါ်ကနေ ရိုက်ချလို​က်၏။

“ သွေးလွှမ်းမိုးအစီအမံ အသက်ဝင်စေ”

လုယန် အမိန့်ပေးလိုက်သည်နှင့် အစီအမံ အသက်ဝင်ကာ.. သွေးနီရောင်မိုးရေစက်တွေ ကောင်းကင်ထက်မှ တဖွားဖွားကျလာခဲ့သည်။ ထိုမိုးရေစက်တွေက ရုပ်ထုအပေါ်ကို ဓားချီတွေလိုမျိုး စူးရှစွာ ကျရောက်သွားသည်။

“ ကိုယ့်အဆင့်ကိုယ် မသိတဲ့ကောင်”

တစ္ဆေတွေ၏ဝန်းရံမှု အလယ်မှာရှိနေသော ရုပ်ထုက ကြောက်ရွံ့ဟန် ပြမလာပါချေ။ အထဲမှ အခြေခံတည်ထောင်ခြင်းဝိညာဥ်က သတိဝင်လာသည့်နှယ် စကားပြောလာခဲ့သည်။

“ အဆင့်၇ အစီအမံလေးတစ်ခုနဲ့ ငါ့ကိုမတားနိုင်ဘူး”

“ မင်းက ဘယ်ဂိုဏ်းကလဲ ကောင်လေး။ မင်း ဒီအရှင်ကို ကယ်တင်နိုင်မယ်ဆိုရင် ငါကလဲ မင်းကိုထိုက်ထိုက်တန်တန် ချီးမြှောက်မှာပါ။ မင်းစိတ်ဝင်စားရင် ငါ့ကို ဗလာတစ္ဆေဂိုဏ်းရဲ့ ပင်မခန်းမကို လာတွေ့လိုက်”

“ သခင်ကြီးကိုကြည့်ရတာ အထင်မှားနေပုံပဲ”

အပြင်ဘက်က လုယန်၏ မူရင်းကိုယ်သည် အေးစက်စက် ရယ်မောရင်း စကားဆက်လိုက်သည်။

“ ဒီအစီအမံက သခင်ကြီးကိုသတ်ဖို့ ဖန်တီးထားတာမဟုတ်ဘူး။ ဒီတိုင်းခဏတာ.ထိန်းသိမ်းဖို့အတွက်ပဲ”

“ ဘာ”

နောက်တစ်စက္ကန့်မှာ လျှို့ဝှက်နယ်မြေ အပြင်ဘက်၌ လုယန်၏ ရွှေစင်ခန္ဓာ ထွက်ပေါ်လာခဲ့ပြီး ထိုရွှေစင်ခန္ဓာက အထဲမှာရောက်နေသော လက်ဝါးမှာ ဝင်ရောက်ပူးပေါင်းလိုက်သည်။ ချက်ချင်းပဲ လက်ဖဝါးကြီးက အစီအမံထဲ ဝင်ရောက်လိုက်ပြီး ရုပ်ထုကို ပိတ်ဖမ်းလိုက်သည်။ ရွှေစင်ခန္ဓာ၏ အာရုံစိုက်မှုကြောင့် ဗုဒ္ဓလက်ဝါးက ရွှေရောင်တွေ ဖြာထွက်လာခဲ့ပြီး.. ထွင်းစာတွေ ထွက်ပေါ်လာသည်။ ထိုထွင်းစာများက စာရွက်ပေါ်က မှင်စာကိုဖျက်နေသည့်နှယ်၊ အတွင်းမှာရှိနေသော အရာအားလုံးကို တိုက်စားပစ်တော့၏။

မကြာခင် လက်ဖဝါးကို ပြန်ဖြည်လိုက်သောအခါ ရုပ်ထုသည် အပိုင်းပိုင်း ကွဲကြေသွားလေပြီ။

လုယန်၏ လက်ဖဝါးပေါ်မှာ အဖြူရောင်စွမ်းအင်လုံးတစ်ခုသာ ကျန်ခဲ့သည်.. ထိုအရာက ရုပ်ထုကိုထိန်းချုပ်နေသည့် နတ်စွမ်းအင်အပြင် မဖြစ်နိုင်ပါချေ။

လုယန်၏ မူရင်းကိုယ်ကတော့ လက်မောင်းတစ်ဖက်ကို ပေးဆပ်ခဲ့ရသည်။

သူ၏လက်တစ်ဖက်က လျှို့ဝှက်နယ်မြေထဲ ရောက်နေခဲ့ပြီးမှတော့ ပြန်ဆွဲယူလို့မရတော့ပေ။ အလုပ်ရှုတ်ခံနေမည့်အစား၊ ဓားချီကို ဖျက်ဆီးခွင့်ပေးလိုက်တော့သည်။ ဘယ်လိုပင်ဆိုဆို တစ်ချိန်ချိန်ကျ ပြန်ပေါက်လာအုံးမှာဆိုတော့ လုယန် အများကြီး မတွေဝေတော့ဘူး။

လုယန်ချက်ချင်းပဲ ပုံရိပ်ခွဲကို ပြန်အာရုံစိုက်လိုက်ပြီး.. လက်ထဲက အဖြူရောင်စွမ်းအင်ကို အသေးစိတ်စစ်ဆေးလိုက်သည်။ မကြာခင်မှာ သူ အနည်းငယ် ဝမ်းနည်းစွာ သက်ပြင်းချလိုက်တော့၏။

“ မပြီးပြည့်စုံသေးဘူး၊ အလွန်ဆုံးမှ တစ်ရာခိုင်နှုန်းလောက်ပါမှာ.. အင်း ဟုတ်ပါတယ်လေ။ ဒီရုပ်ထုကိုကြည့်ရတာ အများကြီးရှိမဲ့ပုံမျိုးပဲ။ ဘယ်လိုလုပ် အစွမ်းတွေအများကြီး ပေါင်းထည့်နိုင်မှာလဲ”

လုယန် သက်ပြင်းချနေချိန်မှာ တစ်ဖက်က အမည်းရောင်ကျင့်ကြံသူက ဒေါသတွေ မထိန်းနိုင်တော့ပေ။ သူ့အကြည့်က အပိုင်းပိုင်းဖြစ်သွားသော ရုပ်ထုကို အကြာကြီး စိုက်ကြည့်နေပြီးနောက်မှ လုယန်ကို ကြည့်လိုက်ပြီး မျက်လုံးကြီး နီရဲလာတော့သည်။

“ မင်းငါ့ရဲ့ဘိုးဘေးရုပ်ထုကို ဖျက်ဆီးရဲတယ်”

ထိုစကားကိုကြားသောအခါ လုယန် မျက်ခုံးတစ်ဖက် ပင့်သွားတော့၏။

“ ဒီတော့ဒါက မင်းရဲ့ ဘိုးဘေးပေါ့လေ။ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေက တကယ်ကို အသက်ရှည်ကြတာပဲ။ နှစ်တစ်သောင်းလောက် မပျောက်ကွယ်အောင် ဘယ်လိုနည်းလမ်းတွေ သုံးခဲ့တာလဲ”

အမည်းရောင်ဝတ်ကျင့်ကြံသူက လုယန်၏ စကားကို အဖက်ပင်မလုပ်ပါချေ။ ဤလျှို့ဝှက်နယ်မြေအတွင်းမှာ ဗလာတစ္ဆေဂိုဏ်းတည်ရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ..သူတို့ဂိုဏ်း၏ အဖိုးတန် ရတနာတစ်ခုကို ဖျက်ဆီးလိုက်ခြင်းက သူ၏ စဥ်းစားဆင်ခြင်နိုင်စွမ်းအားလုံးကို ပျက်ဆီးစေဖို့ လုံလောက်ပါ၏။

“ ငါ့ရဲ့ဘိုးဘေးရုပ်ထုကို ဖျက်ဆီးရဲတယ်၊ မင်း မသေမချင်း ငါတို့တစ်ဂိုဏ်းလုံးက မင်းကို လိုက်သတ်မှာကွ”

ထိုသူက စကားဆုံးသည်နှင့် လုယန်ကို ခုန်အုပ်ဖို့ ပြင်တော့သည်။

ထိုမြင်ကွင်းကြောင့် လုယန် အေးစက်စက် ပြုံးသွားလေကာ

“ ကြည့်ထားလိုက်.. ဒါမင်းတို့သတ်ချင်နေတဲ့ ကောင်ရဲ့ အစွမ်းကွ”

လုယန် လက်တစ်ချက်လှုပ်ရှားလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲက ချီစွမ်းအင်များက ဧရာမ လက်ဝါးတစ်ခုအဖြစ် စုဝေးသွားပြီး အမည်းရောင်ဝတ်ကျင့်ကြံသူကို ဖမ်းချုပ်ပစ်ကာ မြေကြီးနှင့် ဆောင့်ရိုက်လိုက်သည်။ ထိုသူခမျာ ဝိညာဥ်ပင် မကျန်အောင် ပျောက်ကွယ်သွားရှာသည်။

သို့ပေမဲ့ လုယန်က ထွက်မသွားသေးဘဲ စိတ်ရှည်ရှည် စောင့်နေပါသေးသည်။

မကြာခင်မှာ ချီစွမ်းအင်တွေ စုဝေးလာတာ မြင်လိုက်ရပြီး.. အစောပိုင်းကမှ သေဆုံးခဲ့သော အမည်းရောင်ဝတ်ကျင့်ကြံသူ ထိန်းချုပ်ထားသော အနက်ရောင်တစ္ဆေ ပြန်ထွက်လာ၏။

လုယန် ဖြစ်စဥ်တစ်ခုလုံးကို လေ့လာပြီးနောက်မှာ အံ့သြတကြီး ပြောလိုက်တော့သည်။

“ ဒါကြောင့် တစ္ဆေလျှို့ဝှက်နယ်​မြေက အခုထိ ရှိနေသေးတာကိုး”

ဤလျှို့ဝှက်နယ်​မြေအတွင်းရှိ တစ္ဆေ များကို သတ်လို့မရပါချေ။

လျှို့ဝှက်နယ်မြေသည် အရိုးတောင်အောက်ပိုင်းက ကမ္ဘာ့စွမ်းအင်ကြောနှင့် အမြစ်တွယ်နေခဲ့ပြီ ဖြစ်သောကြောင့်ပင်။

ထို့ကြောင့်ပဲ အထဲကတစ္ဆေတစ်ကောင် သေလျှင် ယင်ချီစွမ်းအင်တွေက ကမ္ဘာ့စွမ်းအင်ကြောမှာ ပေါင်းစည်းသွားကြသည်။ ထို့နောက် ကမ္ဘာ့စွမ်းအင်ကြောက ထိုယင်ချီစွမ်းအင်တွေကို တစ္ဆေ တစ်ကောင် အဖြစ် ပြန်လည်ဖန်တီးပေးပြီး လျှို့ဝှက်နယ်​မြေအတွင်း ပြန်ရောက်သွားစေသည်။ ထိုသို့​ဖြင့် အထဲက တစ္ဆေများက မသိလိုက်စွာ မသေမျိုးဘဝကို ရရှိနေကြသည်။ ဤသံသရာလည်နေသော ဖြစ်စဥ်ကို ရပ်တန့်လိုပါက၊ ကမ္ဘာ့စွမ်းအင်ကြောနှင့် လျှို့ဝှက်နယ်မြေကြားက ဆက်နွယ်မှုကို ဖျက်ဆီးပစ်တာဖြစ်ဖြစ်၊ သို့မဟုတ် လျှို့ဝှက်နယ်မြေကို အလိုလို ထွက်ပေါ်လာအောင် ဆောင်ရွက်တာဖြစ်ဖြစ် လုပ်ဖို့လိုအပ်သည်။

ယန်ရှန်းကျန့်ယန်ကလည်း ဒုတိယနည်းလမ်းအတိုင်း ဆောင်ရွက်ခဲ့တာပင်။

ပထမတစ်နည်းက လုပ်လို့မရတော့မဟုတ်ဘူး.. သို့ပေမဲ့ ကမ္ဘာ့စွမ်းအင်ကြောကို နှောက်ယှက်ခြင်းက ​ကံတရားအပေါ် အများကြီးသက်ရောက်နိုင်သောကြောင့် ပြန်လည်မွေးဖွားဖို့ အခက်တွေ့နိုင်လေသည်။

ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူများပင် အမတတစ်ယောက် မဟုတ်သေးချေ။

သူတို့သည်လည်း သက်တမ်းကုန်ဆုံးချိန်ရှိပြီး ပြန်လည်မွေးဖွားဖို့ လိုအပ်သည်။ အကယ်လို့ သူတို့၏လုပ်ရပ်ကြောင့် ကံတရားအပေါ် အများကြီးသက်ရောက်သွားလျှင် ပြန်မွေးဖွားချိန်၌ ကပ်ဘေးတွေအများကြီး ကြုံရနိုင်သည်။

“ ဒါကြောင့် ဓားချီက လျှို့ဝှက်နယ်မြေထဲမှာ နှစ်တစ်သောင်းလောက် အတူရှိနေခဲ့တာပဲ။ တိုက်ရိုက်ဖျက်ဆီးပစ်လို့ရရက်နဲ့ ဖြည်းဖြည်းချင်း သတ်ဖို့ရွေးချယ်ခဲ့တာ”

“ ဒါဆိုရင် ငါတစ္ဆေတွေကို စုပ်ယူနေလို့ မရတော့ဘူးပေါ့။ ငါသာဆက်ယူနေရင် အရိုးတောင်အောက်က ကမ္ဘာ့စွမ်းအင်ကြောထဲက ယင်ချီစွမ်းအင်တွေ ကုန်ဆုံးသွားလိမ့်မယ်”

“ ဒါပေမဲ့ အဲ့တော့ ​ဘာ​ဖြစ်သလဲ”.

လုယန် ထိုအနက်ရောင်တစ္ဆေကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်ကာ ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်း ပစ်ထည့်ပြီး စုပ်ယူပစ်လိုက်တော့သည်။

ကံတရားလား.. ကုန်ဆုံးသွားလည်း ကိစ္စမရှိပါချေ။

ဤဘဝမှာ ကံကုန်သွားလို့ မတိုးတက်နိုင်တော့လျှင်လည်း သူ့မှာ နောက်ဘဝရှိသေးတာပဲ။

All Chapters