အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
Ch 73
( သေဆုံးခြင်းနှင့် ပြန်မွေးဖွားခြင်း)
“ အခြေခံတည်ထောင်ခြင်းကို ရောက်ရှိတယ်ဆိုတာက လူတစ်ယောက်ရဲ့ သေမျိုးလက္ခဏာရပ်တွေကို ပြောင်းလဲပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန့်စင်ပြီးလို့ အမတလမ်းကြောင်းကို ပထမဆုံး ရောက်ရှိခြင်းကို ဆိုလိုတယ်။ အဲဲ့ဒါရဲ့ဆိုလိုရင်းက အတွင်းအင်္ဂါငါးရပ်ကို ဗဟိုပြုထွက်ပေါ်တဲ့ ချီငါးမျိုးကို ဗဟိုချက်မှာ စုပေါင်းပြီး ဦးနှောက်ရဲ့အနက်ဆုံးပိုင်းမှာ ယင်စွမ်းအင်တွေကို စုစည်းပစ်လိုက်တယ်။ ကျင့်စဥ်တစ်ခုက ပြီးပြည့်စုံတဲ့အနေအထားကို ရောက်သွားပြီဆိုရင် ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်နဲ့ ယန်စွမ်းအင်တို့ အတူရောယှက်ရင်း အမတသန္ဓေသားလောင်းဖြစ်ပေါ်ဖို့ အခြေခံတစ်ခု စတင်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ လူသားရဲ့အရေခွံကွာကျပြီး စတင်အမြင့်ကို တက်လှမ်းလို့ရမှာဖြစ်ပြီး.. လူသားကမ္ဘာမှ ကင်းဝေးမှုကို ရရှိလိမ့်မယ်”
လုယန် လှိုဏ်ဂူအတွင်းမှာ ကြာပန်းပုံထိုင်နေရင်းမှ အဆင့်တက်ခြင်းဖြစ်စဥ်ကို လေ့လာနေခဲ့သည်။
“ အခြေခံတည်ထောင်ခြင်းအဆင့်ကို မတူညီတဲ့နည်းလမ်းတွေနဲ့ တင်ပြပေမဲ့ တကယ်လေ့ကျင့်လိုက်ချိန်ကျရင် အများကြီး မကွဲပြားပါဘူး”
ထိုအရာက တကယ်တော့ လူတစ်ယောက်၏ ကိုယ်ပိုင်ချီစွမ်းအင်ကို အသုံးပြုပြီး အမြင့်ကို တက်လှမ်းခြင်းပဲဖြစ်သည်။ ဥပမာပြောရလျှင် လုယန်၏ နဂါးအသွင်ပြောင်းနည်းကိုးသွယ် သိုင်းသည် ပြီးမြှောက်လျှင် အဆင့်သုံး နဂါးချီကို ရရှိစေသည်။ ထို့အတူ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်း ထက် တစ်ဆင့်မြင့်သော အခြေခံတည်ထောင်ခြင်းအဆင့် စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်း သိုင်းထဲမှာ စစ်မှန်သော နဂါးချီကို အသုံးပြုပြီး မည်သို့ အဆင့်တက်သင့်ကြောင်းကိုပါ ရှင်းပြပေးထားသည်။
ထိုအချိန်မှာ ကိုယ်ဖန်တီးထားသော ချီစွမ်းအင်၏ အဆင့်အတန်းက ဘယ်လောက် အရေးပါလဲ သိနိုင်လေပြီ။
လူတစ်ယောက်၏ ချီစွမ်းအင်က အဆင့်မလောက်လုံနေလျှင် ထိုချီစွမ်းအင်ဖြင့် အသိစိတ်ပင်လယ်ကို မ ချိန်၌ အမြင့်ကိုတက်လှမ်းနေရင်း လမ်းတစ်ဝက်မှာ ကျရှုံးပြီး မြေမြုပ်စရာနေရာမရှိဘဲ သေဆုံးသွားလိမ့်မည်။
တကယ်တော့ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ခြင်းသည် အမြင့်ကိုတက်လှမ်းခြင်း ဖြစ်စဥ်ပဲ ဖြစ်လေ၏။
ဖော်ပြချက်ကိုဖတ်ပြီးသည်နှင့် လုယန် တအံ့တသြ ရေရွတ်မိလိုက်တော့သည်။
“ တကယ်တော့ အခြေခံတည်ထောင်ခြင်းနယ်ပယ်ဆိုတာ နေရာတစ်ခုပါလား”
ဤနေရာမှ အမြင့်သို့တက်လှမ်းခြင်းက ပထမခြေလှမ်းသာဖြစ်သည်။
ကျင့်ကြံသူက ကိုယ့်၏အသိစိတ်ပင်လယ်ကို ချီစွမ်းအင်ဖြင့် မရင်း အခြေခံတည်ထောင်ခြင်းနယ်ပယ်ရှိရာကို တက်လှမ်းပြီးလျှင် ထိုနေရာမှာ ခိုင်မြဲစွာရှိနေ နိုင်ဖို့အတွက် အမတအခြေခံတစ်ခုကို တည်ဆောက်ရသည်။
ထိုတည်ဆောက်ခြင်းက ဒုတိယအခက်အခဲ ဖြစ်လေသည်။
သာမာန်ကျင့်ကြံသူများအနေနှင့် အမြင့်ကို တက်လှမ်းပြီးခဲ့ချိန်မှာ အများအားဖြင့် အတွင်းစွမ်းအင်တွေ ကုန်ခမ်းသွားတတ်ပြီး နောက်ဆုံး ဆောက်လိုက်သော အမတအခြေခံသည် ခနော်နီခနော်နဲ့ ဖြစ်ကုန်ရသည်။
ရလဒ်အားဖြင့် မတည်ငြိမ်သော အခြေခံက အခြေခံတည်ထောင်ခြင်းနယ်ပယ်အတွင်းရှိ တွန်းအားကို မခံနိုင်ဘဲ ပျက်ဆီးရ၏။
အမြင့်သို့တက်လှမ်းခြင်းက ကျရှုံးလျှင်တောင်မှ အသက်ရှင်နိုင်သေးသည်။ သို့ပေမဲ့ အမတအခြေခံကို တည်ဆောက်ပြီးမှ ပြိုကျခဲ့လျှင်တော့ မလွဲမသေ သေဆုံးပေလိမ့်မည်.. လျိုဝူယန်းလည်း ထိုနည်းလည်းကောင်း သေဆုံးသွားရတာပင်။
အဆင့်တက်ခြင်း၏ အခြေအနေနှစ်ရပ်ကို ကျော်ဖြတ်ချိန်မှာ လူတစ်ယောက်သည် မကောင်းသောအတွေးများကို ရင်ဆိုင်ရတတ်သည်။ ထိုသူ၏ တာအိုနှလုံးသားက မခိုင်မာပါက၊ အဆုံးမှာ မကောင်းသောအတွေးတွေ၏ လွှမ်းမိုးခြင်းခံလိုက်ရပြီး အခြေခံကဘယ်လောက် ခိုင်မာပါစေ၊ ကျရှုံးနိုင်သေးသည်ပင်။
“ အဆင့်တိုင်းက ခက်ခဲတာပဲ”
လုယန်သည် စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်းသိုင်း၏ အရေးကြီးအချက်တွေ အားလုံးကို သေချာစွာ မှတ်သားထားလိုက်တော့သည်။
ထို့နောက် အဆင့်တက်ခြင်းတံဆိပ်ပြားကို ထုတ်လိုက်ပြီး လက်ထဲမှာကိုင်ကာ ချီစွမ်းအင် ထည့်လိုက်သည်။
နောက်တစ်စက္ကန့်မှာ အလင်းအသွင်ပြောင်းသွားသော ကျောက်စိမ်းပြားက လုယန်၏ အသိစိတ်ပင်လယ်ရှိရာ မျက်ခုံးစပ်ကြားကို ဝင်သွားပြီး အလင်းပြပေးလိုက်၏.. သူ့ခန္ဓာကိုယ်က ပေါ့ပါးလာကာ၊ အမြင့်ကိုတက်လှမ်းဖို့ အသင့်ဖြစ်သွားသည်။
လုယန် မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်လိုက်တော့သည်။
တစ်ချိန်ထဲမှာ လုယန်၏ ဒျန်ထျန်အတွင်း၌ အဆင့်သုံးနဂါးချီတွေ စုဝေးလာပြီး.. လက်သည်း၊ဦးချွန်၊ အမြှီး စသည်ဖြင့် တဆင့်ချင်း ပြောင်းလဲရင်း နောက်ဆုံးမှာ နဂါးတစ်ကောင်အဖြစ်ကို ရောက်ရှိသွားသည်။
ဒုန်း
ထို့နောက် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ…ခန္ဓာကိုယ်အတွင်းက မျိုးစုံသော နေရာတွေကို ကျော်ဖြတ်ပြီး စစ်မှန်နဂါးငယ်က အသိစိတ်ပင်လယ်ရှိရာကို ရောက်ရှိသွားသည်။
လုယန်၏ မျက်လုံးထဲ အလွန်တောက်ပသော အလင်းတွေသာ နေရာဝင်ယူသွားသည်။ တစ်ချိန်မှာ သူ့ခန္ဓာကိုယ်၏ ဦးတည်ရာပေါင်းစုံကနေ ပြင်းထန်သော ရေစီးကြောင်းတစ်ခုလိုမျိုး အလုံးအရင်းလိုက် စီးဝင်လာသော စွမ်းအင်များက စစ်မှန်နဂါးငယ်ဆီမှာ ပေါင်းစည်းရင်း အသိစိတ်ပင်လယ်ကို တစ်ဆင့်ချင်း အပေါ်ကို တွန်းတင်နေသည်။
“ ငါ့မှာအဆင့်တက်ခြင်းတံဆိပ်ပြား ပါနေတာ ကံကောင်းသွားတယ်”
အခုချိန်မှာ လုယန်၏အသိစိတ်သည် ကြည်ရှင်းနေသည်။ အသိစိတ်ပင်လယ်ကို မြင့်တင်ရခြင်းဖြစ်စဥ်တွင် ကောင်းကင်တံခါး ကိုးခုကို မဖြစ်မနေ ကျော်ဖြတ်ဖို့ လိုအပ်သည်.. ကောင်းကင်တံခါးတစ်ခုချင်းဆီမှာ စစ်မှန်ချီ၏ ပမာဏအများကြီးကို အသုံးပြုဖို့ လိုအပ်သောကြောင့် မလွယ်ကူပါချေ။
သို့ပေမဲ့ သူ၏အဆင့်တက်ခြင်းက အောက်ခြေကစရသည်တော့ မဟုတ်ပေ။
“ ငါကသူတော်စင်သူခိုးသိုင်းကို အောင်မြင်ထားတော့ ငါ့ရဲ့အဆင့်အတန်းက အရင်ထက် မြင့်ထားပြီးပြီ၊ ဒီတော့ငါက တစ်ဝက်က စတက်နေရတာ ဖြစ်မယ်”
အမြင့်ကိုတက်လှမ်းခြင်းခရီးစဥ်တွေ အပိုင်းသေးသေးလေးစာ သက်သာသွားခဲ့သည်.. သေးငယ်သော ပမာဏသာ ဆိုသော်လည်း၊ လုယန်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေအတွက် အများကြီး အထောက်အကူဖြစ်ခဲ့ပါ၏။
လုယန်၏ အဆင့်သုံးနဂါးချီက တည်ငြိမ်သော နှုန်းထားဖြင့် အစွမ်းကို မပြတ်ပံ့ပိုးရင်း အသိိစိတ်ပင်လယ်ကို အပေါ်မနေချိန်မှာ သူတော်စင်သူခိုးသိုင်း၏ ရွှေစင်ခန္ဓာနှင့် အမြင့်တက်ခြင်းတံဆိပ်ပြားက လမ်းကြောင်းအတွင်းက အတားအဆီးများကို ဖျက်ဆီးပေးနေသည်။
ထိုသို့ဖြင့် အချိန်တွေ ဘယ်လောက် ကုန်သွားခဲ့သည်ပင် မသိလိုက်ဘဲ.. လုယန်၏ မျက်လုံးထဲက တဖိတ်ဖိတ်တောက်နေသော အလင်းရောင်တွေ ခပ်ဖြည်းဖြည်း ဆုတ်ခွာသွားကာ၊ အဆုံးမရှိသော နယ်မြေတစ်ခုက အမြင်အာရုံထဲ အစားထိုး ဝင်ရောက်လာခဲ့သည်။
လုယန် သူ့ကိုယ်သူ ပြန်မြင်လိုက်ရ၏။
ထို့အပြင် အရိုးတောင်၊ ရှေးဦးသူတော်စင်ဂိုဏ်း.. တစ်ခြားသော လူသားတွေ၏ သွားလာလှုပ်ရှားမှုတွေ၊ တစ်နည်းပြောရလျှင် လူသားကမ္ဘာကို ဖြစ်သည်။
အရိုးတောင်မှာတုန်းက ယန်ရှန်းကျန့်ယန်နှင့် လိုက်ပါရင်းမှ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေ တိုက်ခိုက်ကြသော အချိန်တွင်လည်း၊ ထိုမြင်ကွင်းမျိုးကို သူတွေ့ခဲ့ရဖူးသည်။
သို့ပေမဲ့ ထိုအချိန်မှာတုန်းက သူ၏အမြင်သည် ဖုံးကွယ်ခံထားရ၍ ရှင်းလင်းစွာမမြင်နိုင်ဘဲ အမတသခင်ကြီးများ၏ ရောင်ဝါကိုသာ အာရုံခံနိုင်ခဲ့သည်။ အချိန်အနည်းငယ် ပိုရခဲ့လျှင်တောင် သူ ရှင်းလင်းစွာ မြင်ခဲ့ရကောင်း မြင်ခဲ့ရမှာပင်။ အခုချိန်မှာ သူ၏အမြင်က လုံးဝကို ကြည်လင်နေခဲ့ပြီး မြောက်ဘက်စွန်းစွန်းတွင် ထိုင်နေသော ပုံရိပ်တစ်ခုကိုပါ မြင်လိုက်ရ၏။
ထိုသူက ယန်ရှန်းကျန့်ယန် ပင်။
ယန်ရှန်းကျန့်ယန်၏ အောက်ရှိ အမတအခြေခံသည် အမည်းရောင်တိမ်စိုင်များ ဖြစ်ပြီး.. ထိုတိမ်စိုင်များက မိုင်ပေါင်းများစွာ ပျံ့ကျဲနေသည့်တိုင်အောင်၊ အခြေခံတည်ထောင်ခြင်းနယ်မြေကြီးနှင့် ယှဥ်လိုက်ပါက၊ လွန်စွာ သေးငယ်သွားသည်။
တစ်ချိန်ထဲမှာ ယန်ရှန်းကျန့်ယန်ကလည်း လုယန်ကို သတိထားမိသွားဟန်ရှိပြီး.. အဝေးမှ အသံတစ်ခုကို လုယန် ကြားလိုက်ရသည်။
“ အာရုံမပျံ့စေနဲ့”
ထိုအသံက ကြည်လင်သော.စမ်းချောင်းတစ်ခုလိုမျိုး လုယန်၏ ခံစားချက်တွေကို ရှင်းလင်းပေးသွားသည်။
“ မကောင်းတဲ့အတွေးတွေ စတင်ကျူးကျော်ခံနေရတာလား”
လုယန် သဘောပေါက်သွားသောကြောင့် အချိန်မဆွဲရဲစွာ အခြေခံတည်ထောင်ခြင်းနယ်မြေအပေါ်မှာပဲ အာရုံစိုက်လိုက်သည်။ အခုချိန်မှာ သူတော်စင်သူခိုးသိုင်းနှင့်၊ အမြင့်တက်ခြင်းတံဆိပ်ပြားအပြင်.. နဂါးချီသည်လည်း အစွမ်းကုန် အသုံးပြုထားရသည်။ ဤနယ်မြေအတွင်းမှာ အမတအခြေခံတည်ဆောက်ဖို့သည် လုယန်၏ ကြိုးစားမှုအပေါ်မှာပဲ မူတည်တော့သည်။
သို့ပေမဲ့ လုယန် ချက်ချင်းပဲ ပြဿနာကြုံတော့သည်..
“ ချီစွမ်းအင် မလောက်တော့ဘူး”
အစောပိုင်းက ခဏတာ အာရုံလွင့်မှုလေးသည် သူ၏ ချီစွမ်းအင် သုံးဆယ်ရာခိုင်နှုန်းကို အလကား ကုန်ဆုံးစေခဲ့ပြီး အခုလိုအပ်ချိန်မှာ မလုံလောက်တော့အောင် ဖန်တီးသွားလေ၏။
လုယန် ရွေးစရာမရှိတော့ဘဲ သူ၏အမတအခြေခံကို နေရာချုံ့လိုက်ရသည်။
လူတစ်ဦး၏ အမတအခြေခံသည် ထိုသူ၏ ကျင့်ကြံမှုနှင့် သန်မာမှုအပေါ် အများကြီးသက်ရောက်သည်…အခုလို နည်းပါးသော နေရာက သူ၏အနာဂတ် တိုးတက်မှုကို အနှောက်အယှက် ပေးလာနိုင်ပါသည်။
လုယန် တဖြည်းဖြည်း ဖြတ်ထုတ်ရင်း..ထုတ်ရင်းမှ တစ်ဝက်ခန့် သေးငယ်သွားချိန်မှာ ချီစွမ်းအင် လုံလောက်သွားပြီး သူ ပြန်လည် ထိန်းချုပ်နိုင်သွားတော့သည်။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ ယန်ရှန်းကျန့်ယန်က ရုတ်တရက် ရောက်လာပြီး ရယ်မောတာကို တွေ့လိုက်ရပြန်သည်။
“ ဟားဟားဟား”
“ ကောင်းတယ်၊အမတအခြေခံကို ဖန်တီးပြီးသွားပြီပဲ”
“ ငါမင်းကို ကူညီခဲ့တာ အလကားမဖြစ်သွားဘူး။ အခု ငါ့လက်ထဲက စိတ်ဝိညာဥ်ရတနာက ပြီးမြောက်ဖို့ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ တစ်ယောက်ပဲ လိုတော့တယ်။ ညီလေးလု မင်းကငါ့ရဲ့ ရည်မှန်းချက်အတိုင်း လုပ်ပေးနိုင်တာပဲ”
အသံဆုံးသည်နှင့် ယန်ရှန်းကျန့်ယန်၏ လက်ကြီးတစ်ဖက်က အရှေ့ရောက်လာသည်.. လုယန်ရင်းနီးသော မြင်ကွင်းမှာ အကြောက်တရားတွေ ခံစားလိုက်ရ၏.. ယွင်ဘိုးဘေးကို အနိုင်ယူလိုက်တုန်းကလည်း ယန်ရှန်းကျန့်ယန် ထိုကဲ့သို့ ဆောင်ရွက်ခဲ့သည်မလား။
နေအုံး.. တစ်ခုခုမှားနေပြီ။
“ မဟုတ်ဘူး”
လုယန် ရုတ်တရက် နိုးလာခဲ့သည်။ ယန်ရှန်းကျန့်ယန်သည် သူ့ကို တိုက်ခိုက်ချင်လျှင်တောင်မှ ယွင်ဘိုးဘေးကို သတ်သလိုမျိုး ခမ်းခမ်းနားနား ဆောင်ရွက်ဖို့ မလိုအပ်ပါချေ။ ဒါကအတုအယောင်ပဲ။
နောက်တစ်စက္ကန့်မှာ လုယန်၏ အမြင်တွေ ဝေဝါးသွားပြီး.. ခေါင်းထဲက မကောင်းသော အတွေးတွေလည်း နည်းပါးသွားသည်။ ထိုအချိန်မှာ နဂိုနေရာမှာ ထိုင်နေသော ယန်ရှန်းကျန့်ယန်ကို မြင်လိုက်ရ၏။ ထိုသူက သက်ပြင်းဖွဖွ ချလိုက်လေကာ..
“ စိတ်မကောင်းစရာပဲ ညီလေးလု”
လုယန် ခေါင်းငုံ့လိုက်ချိန်မှာ သူကြိုးစားပမ်းစား ဆောက်ထားသော အမတအခြေခံသည် မကောင်းသောအတွေးများ၏ နှောက်ယှက်ခံရခြင်းကြောင့် အပေါက်တွေ ဖြစ်ကုန်တာကိုသာ မြင်လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် လုယန် နောက်ဆုံး ကူကယ်ရာမဲ့စွာပဲ ပြုံးလိုက်နိုင်တော့လေသည်။
“ ခက်ခဲလိုက်တာ”
ဝုန်း
သူ၏ စကားသံမဆုံးခင်မှာပဲ ကျယ်လောင်သော အသံကြီးက ပဲ့တင်ထပ်သွားပြီး လေပြင်းတွေကြားထဲ ကျရောက်သွားကာ၊ မြင်ကွင်းတွေအကုန် ကမောက်ကမ ဖြစ်ကုန်တာကိုသာ သိလိုက်ရတော့သည်။
လုယန် အတွေ့အကြုံတွေအားလုံးကို အသေမှတ်ပြီးသည်နှင့် စိတ်ထဲမှာ စကားတစ်ခွန်းကို ပြောလိုက်တော့၏။
“ သက်တမ်းတစ်ရာစာအုပ်”
…….
Ch 74
( ခြောက်ကြိမ်မြောက်ဘဝ)
..သင်သည် အဆင့်တက်ခြင်းကျရှုံးပြီး တာအိုလမ်းကြောင်းပျက်ဆီးကာ သေဆုံးခဲ့သည်..
.. သက်တမ်းတစ်ရာစာအုပ်၏ လက်ကျန်စာရွက်- ၉၄ ရွက်..
.. ဘဝသစ်ပြန်စချိန်မှာ သင်စိတ်ကြိုက်တစ်ခု ရွေးချယ်နိုင်ပါသည်။ ကျင့်ကြံမှု၊ ရတနာ၊ သက်တမ်း.. ထိုသို့မဟုတ်လျှင် ကျပန်းစွမ်းရည်တစ်ခုကို ရွေးချယ်လိုက်ပါ..
“ နာမည်ခေါ်ခံရတဲ့သူတွေ အရှေ့ထွက်လာမယ်”
စင်ပေါ်က လျိုရှင်း၏အသံ ထွက်လာသော်လည်း လုယန် လျစ်လျူရှု ထားလိုက်ပြီး သက်တမ်းတစ်ရာစာအုပ်၏ မျက်နှာပြင်ကိုသာ ကြည့်ရှုနေလိုက်သည်.. မကြာခင်မှာ သူ သတိပြန်ဝင်လာတော့၏။
“ ကျင့်ကြံခြင်းကိုရွေးမယ်”
နောက်တစ်စက္ကန့်မှာပဲ သူ၏ဗလာဖြစ်နေသော ခန္ဓာကိုယ်က ချီစွမ်းအင်တွေ ပြည့်နှက်သွားရင်း ချီသန့်စင်ခြင်းအဆင့်တစ်ဆယ် ဖြစ်သော ပြီးပြည့်စုံနယ်ပယ်ကို ပြန်လည်ရောက်ရှိသွားသည်။ ထို့အတူ ကောင်းကင်နတ်ဆိုးဓားအလင်းသိုင်း၊ အရိပ်ဖမ်းသိုင်းနှင့် ရတနာမန္တာန်သိုင်းများအပြင် တစ်ခြားသော စွမ်းရည်အားလုံးကိုလဲ ပြန်ရရှိလိုက်သည့်အတွက် သူ ကျေနပ်စွာ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
“ ရတနာမန္တာန်သိုင်း အသက်ဝင်စေပြီး ကောင်းကင်အမိန့်ကိုထုတ်ပြန်မယ်”
လုယန် အသက်သွင်းပြီးသည်နှင့် သူတော်စင်သူခိုးသိုင်းကြောင့် မြင့်မားသွာသော အဆင့်အတန်းကို အသုံးပြုပြီး သူ၏ကံကြမ္မာမှတ်တမ်းအပေါ်မှာ ပုံရိပ်ယောင်တစ်ခု ခံထားလိုက်တော့သည်။
သူ၏ အတိတ်ဘဝက အနှစ်တစ်ရာလုံးမှာ တာအိုစာလိပ်ရတနာအကူအညီဖြင့် မရပ်မနား ကျင့်ကြံခဲ့သော အကျိုးကြောင့် အစီအမံပညာရပ်နှင့် မန္တာန်ပညာရပ်တွင် သူ၏အဆင့်က ချီသန့်စင်ခြင်းကျင့်ကြံသူတွေ၏ အကန့်အသတ်ဖြစ်သော အဆင့်၇အထိ ရောက်ရှိပြီးသားဖြစ်သည်။
ထိုထဲမှာမှ မန္တာန်ပညာရပ်မှာ သူအများကြီး ပိုအားစိုက်ခဲ့လေသည်။ သူ၏အရင်ဘဝမှာ မူလနတ်ချီမန္တာန်ဖြင့် ကံကြမ္မာပိတ်သိမ်းမှုက အများကြီးအကူအညီ ဖြစ်ခဲ့သည့်အတွက် ပိုလေ့လာထားခဲ့တာဖြစ်သည်..ထို့ကြောင့်ပင် အခုချိန်မှာ မူလနတ်ချီမန္တာန်၏ မူရင်းအစွမ်း သုံးဆယ်ရာခိုင်နှုန်းကို ပြန်လည်ဖန်တီးနိုင်ခဲ့သည်။
“ ဒါကခဏတဖြုတ်တော့ ခံကောင်းပါတယ်”
“ ဘယ်လိုပဲပြောပြော မူလနတ်ချီမန္တာန်စာရွက်က အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ တစ်ယောက် ဖန်တီးခဲ့တာမလို့၊ သူ့အစွမ်းက မသေးဘူး။ ငါ့အနေနဲ့ သုံးဆယ်ရာခိုင်နှုန်း ပုံတူကူးနိုင်တာ တော်တော်လေး တော်နေပါပြီ”
ဝုန်း
နောက်တစ်စက္ကန့်မှာပဲ သူ၏ကံကြမ္မာကြိုးမျှင် အစုအဝေးက ပြင်းထန်စွာ တုန်ယင်သွားတာကို လုယန် ခံစားမိလိုက်သည်။ ပန်းလုံသခင်ကြီး၏ ကံကြမ္မာကြိုးမျှင်မှတစ်ဆင့် ခြေရာခံထားသော စွမ်းအင်များက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာလေပြီ.. လုယန် ချက်ချင်း အမှတ်ရသွားသည်။ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကြီး။
မြန်လှချည်လား။
သူ၏အရင်ဘဝမှာတုန်းက ကောင်းကင်ပြုပြင်တောင်ထွတ်သခင်သည် နှစ်ပေါင်းများစွာကြာမှ ရှာတွေ့ခဲ့တာပင်။ အခုလိုချက်ချင်း တွေ့သွားရတာက ပိုမြင့်သွားသော ကျင့်ကြံမှုကြောင့်များလား။
“ ဒါပေမဲ့.. ငါကအရင်လုယန် မဟုတ်တော့ဘူး”
လုယန် အရင်ဆုံးစိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။.တကယ်တော့ ဤဘဝတွင် ကျင့်ကြံမှုကို ရွေးချယ်ဖို့ ဆုံးဖြတ် ပြီးကတည်းက ပန်းလုံသခင်ကြီး၏ အမွေအနှစ်မှတစ်ဆင့် ကောင်းကင်ပြုပြင်တောင်ထွတ် သခင် ခြေရာခံလာမှာကို သူကြိုတင် မျှော်လင့်ထားပြီးသားဖြစ်သည်။
သို့ပေမဲ့ ဤဘဝမှာ သူ့တွင်မတူညီသော အရာတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီးပြီ.. ထိုအရာက ပိုမြင့်သွားသော အဆင့်အတန်းပဲ။
အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ တစ်ဦးအတွက် သေမျိုးတစ်ယောက်ကို ကံကြမ္မာမှတစ်ဆင့် ကြိုးကိုင်ခြယ်လှယ်ခြင်းသည် အလွန်ကူသည်။ သို့ပေမဲ့ ထိုသေမျိုးမှာသာ အဆင့်အတန်းတစ်ခု ရှိလာပြီးလျှင် ကြိုးကိုင်ခြယ်လှယ်ဖို့ရန်အတွက် အခက်အခဲကလည်း သေချာပေါက် မြင့်မားသွားမှာပင်။
“ မင်းက သေချင်နေတာပဲ”
ကံကြမ္မာကြိုးမျှင်များမှ တစ်ဆင့် ကျယ်လောင်စွာ ပဲ့တင်ထပ်လာသော အသံတစ်ခုကို လုယန်ကြားလိုက်ရသည်။
ကောင်းကင်ပြုပြင်တောင်ထွတ်သခင်သည် လုယန်၏ ကံကြမ္မာကို အချိန်မှီဖတ်နိုင်ခဲ့သည်.. ထို့ကြောင့် လုယန်၏ စစ်မှန်သော နောက်ခံကို သိလိုက်ရပြီး လုယန်က အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်သေးဘဲ အဆင့်အတန်းတစ်ခုပိုင်ထားသော ချီသန့်စင်ခြင်းပြီးပြည့်စုံ ကျင့်ကြံသူတစ်ဦး ဖြစ်မှန်း သိထားသည်။
နောက်တစ်စက္ကန့်မှာပဲ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က အတည်ပေါက် ဆောင်ရွက်နေမှန်း လုယန် ခံစားမိလိုက်သည်။
သူ၏ ဖုံးအုပ်ထားပြီးသား ကံကြမ္မာကို အသားကုန် လှန်လှောရှာဖွေနေသော အင်အားကြီး စွမ်းအင်တစ်ခုကို သူ အာရုံခံလို့ရနေသည်။ သူ၏မူရင်းဇစ်မြစ်ကို အသည်းအသန်ရှာဖွေနေသော စွမ်းအင်များကို နာရီဝက်တောင် သူတောင့်ခံနိုင်မည် မထင်ပါ။
“ သန်မာလိုက်တာ”
လုယန် စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း စိတ်တော့ မပျက်သွားပါချေ။ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က နာရီဝက် အချိန်လိုအပ်အုံးမှာဖြစ်သည်.. သို့ပေမဲ့ သူလိုအပ်သော အရာက နာရီဝက်တောင် အချိန်ယူမှာမဟုတ်ဘူးလေ။
နောက်တစ်စက္ကန့်မှာ လုယန် လှုပ်ရှားလိုက်သည်။
သူ၏ပုံရိပ်ခွဲကို နေရာမှာ ချန်ထားခဲ့ပြီး မူရင်းခန္ဓာကိုယ်ကို ချိတ်ပိတ်ကာ၊ ထွက်ပြေးလိုက်သည်။ ထို့နောက် လျိုရှင်းဆီကို တိုက်ရိုက်သွားလိုက်ပြီး မူလနတ်ချီမန္တာန်စာရွက်ကို ယူလိုက်သည်။
လျိုရှင်း၏ လက်ရှိသန်မာမှုက ချီသန့်စင်ခြင်း အလယ်နယ်ပယ်သာ ရှိသေးသောကြောင့်၊ လုယန်အတွက်က အလွန်လွယ်ကူခဲ့လေသည်။ အစကနေအဆုံးအထိ လျိုရှင်း သတိကို မထားမိခဲ့ပေ။ လုယန်က တစ်ခါထဲ နောက်ဆက်တွဲပြဿနာကို ဖြေရှင်းနိုင်စေရန် လျိုရှင်းဆီမှ မန္တာန်စာရွက်ကို ယူပြီးသည်နှင့် သူကိုယ်တိုင်ဖန်တီးထားသော မန္တာန်စာရွက်ကို အစားထိုးခဲ့လိုက်သည်။
“ ဘယ်သူလဲ”
လုယန် မူလနတ်ချီမန္တာန်စာရွက်ကို ယူလိုက်သည်နှင့် ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ ရှာဖွေမှုသည်လည်း ပိတ်ဆို့ခံလိုက်ရကာ.. သူဘာကိုမှ ရှာမတွေ့တော့ပေ။
နောက်ဆုံးအချိန်ရောက်မှ အရူးလုပ်ခံရခြင်းက လူကို အလွန်အမင်း ဒေါသထွက်စေပါ၏။ သို့ပေမဲ့ သူဘယ်လောက်ပဲ ရှာဖွေပါစေ၊ ဘယ်လိုမှ ရှာမတွေ့တော့ဘူး..
ကောင်းကင်ပြုပြင်တောင်ထွတ်သခင် အချိန်အကြာကြီး တိတ်ဆိတ်သွားသည်။ အချိန်အကြာကြီးနေပြီးနောက် သူရုတ်တရက် ပြောလိုက်ပြန်၏။
“ ဖေကံကောင်း၊ မင်းလား”
“ဟ”
အဝေးတစ်နေရာမှ ချောမောသန့်စင်သော လူရွယ်တစ်ယောက်က ရုတ်တရက် မျက်လုံးပွင့်လာပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်တော့၏။
“ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ရေ၊ မဟုတ်တာတွေ လာမစွပ်စွဲနဲ့”
“ မင်းဆိုတာကျုပ်သိတယ်”
ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကလည်း အတပ်သိနေသည့်နှယ်၊ မျက်နှာကိုမဲ့ပြီး စကားဆက်သည်။
“ ပန်းလုံသခင်ကြီးက သူ့ရဲ့အမွေအနှစ်ကို ကျုပ်စိတ်ကြိုက်ဆောင်ရွက်ခွင့်ပေးခဲ့မယ်လို့ ကတိပေးပြီးသားကွ။ မင်း ဘယ်လိုတောင် ခိုးရဲတာလဲ။ ကျုပ်မင်းကို ကြောက်နေမယ် ထင်လား”
ထိုစကားကိုကြားသောအခါ ဖေကံကောင်း မျက်လုံးတွေ ကျဥ်းမြှောင်းသွားတော့သည်။
“ ပန်းလုံသခင်ကြီးရဲ့ အမွေအနှစ်တွေ ခိုးယူခံရလို့လား”
“ မင်း ရူးချင်ယောင်ဆောင်မနေနဲ့ကွ” ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က ဒေါသတကြီး ပြောလိုက်သည်။
“ ဒီကိစ္စကို လုံးဝမကြေဘူးပဲ”
ထိုသို့ဖြင့် ကံကြမ္မာကြိုးမျှင်တွေကြားမှ ဆက်သွယ်မှုက ပြတ်တောက်သွားသည်။
ကောင်းကင်ပြုပြင်တောင်ထွတ်သခင်သည် စကားကြီးစကားကျယ်တွေ ပြောခဲ့သော်လည်း၊ ချက်ချင်းလှုပ်ရှားမှာတော့ မဟုတ်ပေ။ သို့ပေမဲ့ ဖေကံကောင်းတစ်ယောက် ကသိကအောက် ဖြစ်သွားခဲ့သည်။
ဘယ်လိုပင်ပြောပြော ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေ ကြားမှာ ထင်ရှားသောသူတစ်ဦးဖြစ်ပြီး လျှော့တွက်လို့မရပါချေ။ သူ့ဘာသူ ငြိမ်းချမ်းစွာ ကျင့်ကြံနေခဲ့တာကို ရုတ်တရက် အဆဲခံလိုက်ရသောကြောင့် ဖေကံကောင်း ဘယ်လိုမှ မပျော်နိုင်တော့ချေ။ တစ်ချိန်ထဲမှာ သူ သိချင်စိတ်ဖြစ်သွားသည်။
“ ဘယ်သူငါ့ကို အကွက်ချတာလဲ”
ဖေကံကောင်း လက်ချိုးပြီး တွက်ချက်လိုက်သည့်တ်ိုင်အောင်၊ ဘာကိုမှ ရှာမတွေ့ခဲ့သောကြောင့် မျက်မှောင်ကြုတ်သွားလေကာ
“ ဒါကသာ အကွက်ချကြံစည်မှုမဟုတ်ရင်.. ငါက မထင်မှတ်ဘဲ စွပ်စွဲခံလိုက်ရတာပေါ့”
“ စိတ်ဝင်စားစရာပဲ”
“ ဟိုလူပြောသွားတာအရဆိုရင် အငယ်တစ်ယောက်က သူ့လက်ထဲက လုယူသွားပြီး.. ဘယ်သူလဲဆိုတာတောင် အဖြေမရှာနိုင်သေးပုံရတယ်။ ဘယ်ကောင်ကများ ဒီလောက်ရဲတင်းနေတာလဲ”
ဖေကံကောင်း တွေးလေလေ၊ သိချင်စိတ် ပိုဖြစ်လာလေလေ ဖြစ်နေပြီး နှလုံးသားတစ်နေရာကပင် ယားယံလာခဲ့သည်။
“ ဒါပေမဲ့ အဲ့ဒီသူခိုးဆီမှာ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးနိုင်တဲ့ ရတနာရှိနေပုံရတယ်။ အငယ်တစ်ယောက်ကို မီးအိမ်ရှင်သုံးပြီး ရှာရတာ မတန်ပါဘူးကွာ။ ထားတော့..ထားတော့။.အရေးကြီးတာပဲ အာရုံစိုက်တော့မယ်”
ထိုသို့ဖြင့် ဖေကံကောင်း အာရုံပြောင်းလိုက်တော့သည်။
တစ်ချိန်ထဲမှာ ဂိုဏ်းအတွင်းရှိ တပည့်တစ်ယောက်သည် ရုတ်တရက် ခေါင်းထောင်သွားပြီး.. ထိုကောင်လေး၏ အစောပိုင်းက ရှုတ်ထွေးနေသော မျက်နှာသည်လည်း ရှင်းလင်းသွားကာ၊ အပြုအမူသည်လည်း ပိုမိုသိမ်မွေ့သွားလေသည်။
ထိုကောင်လေး၏ နာမည်က ရှောင်ရှစ်ယီ..
“ ကြောက်ဖို့ကောင်းလိုက်တာ”
ထိုအချိန်မှာ လုယန်ကတော့ ဖျော်ဖြေရေးခန်းမအတွင်း ဝင်ရောက်ခဲ့ပြီး ယူစုကျန်းနှင့် ဂူတစ်ခုအတွင်းမှာရှိနေကာ၊ လျိုရှင်းကလည်း အပေါက်မှာ အသင့်စောင့်နေခဲ့သည်။
နဂိုက ယုစုကျန်းကို သတ်မလို့တွေးခဲ့ပေမဲ့ လုယန် ရုတ်တရက် အတွေးပြောင်းလိုက်တော့၏။
“ ငါ့ရဲ့ဒီဘဝမှာ အလောင်းအသွင်ပြောင်းခြင်း အမတသိုင်းကို အဆုံးထိ ကျင့်ကြံမယ်လို့ ဆုံးဖြတ်ထားမှတော့ ငါသေကိုသေရမှာပဲ။ ဒီမှာပဲ သေလိုက်တော့မယ်”
လုယန်သည် ယုစုကျန်း လက်ချက်ဖြင့် သေဆုံးပေးဖို့ တွေးထားလိုက်သည်။ ထို့အတူ သူက ခေါင်းထဲရုတ်တရက် ပေါ်လာသော အကြံတစ်ခုကို ယုစုကျန်းကို အသုံးချရင်း အကောင်အထည်ဖော်ဖို့ တွေးနေခဲ့တာပင်။ ထိုအကြံ အကောင်အထည် ပေါ်မပေါ်ကို ကြည့်ပြီးမှပဲ သူ၏ ဤဘဝ ပန်းတိုင်ကို ဆုံးဖြတ်တော့မှာဖြစ်သည်။
ထိုအရာကတော့ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ခိုးယူခြင်းသိုင်းပဲ။
ကျောက်ရှဟယ်ပေးခဲ့သော ထိုအခြေခံတည်ထောင်ခြင်းအဆင့်အထိ ကျင့်ကြံနိုင်သည့်သိုင်းသည် ဆန့်ကျင်ဘက်လိင်၏ ခန္ဓာကိုယ်အတွင်း ကိုယ့်ချီစွမ်းအင်ကိုထည့်လိုက်ပြီး တစ်ခြားသူကို ကိုယ့်အစား အလုပ်လုပ်ခိုင်းခြင်း ဖြစ်လေသည်။
လုယန်၏ အကြံအစည်ကလည်း ရိုးရှင်းပါ၏။
ထိုသိုင်းကို သူ့အတွက် အသုံးပြုမည်ဆိုလျှင် သူသည် မိန်းကလေးတစ်ဦးဦးကို ရွေးချယ်ရတော့မည်။ ချန်ချင်း၊ ဖေးရှ.. နှစ်ယောက်လုံးက အရည်အချင်းနိမ့်ကျပြီး မထိုက်တန်ပါချေ။ တစ်ဦးတည်းသော ကိုက်ညီသူ ယွင်မြောင်ကျန်းကလည်း ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းမှာ ရှိနေပြီး အလှမ်းဝေးလွန်းလှသည်။
မိန်းကလေးတွေက နိမ့်ကျနေချိန်မှာ လျိုရှင်း၊ ကျောက်ရှဟယ်၊ ရှောင်ရှစ်ယီ.. ယောက်ျားလေးတွေအားလုံးကကျ အရည်အချင်းရှိကြပြီး အခွင့်အခါရသည်နှင့် အခြေခံတည်ထောင်ခြင်း မျိုးစေ့တွေ ဖြစ်လာနိုင်သည်။ ထို့အပြင် ထိုသူတွေအားလုံးကလည်း သူ့အနားမှာ ဝိုင်းနေတာပင်။
လုယန် အကြံတစ်ခု ရသွားခဲ့သည်။
သူသည် ကောင်းကင်ဘုံအသွင်ပြောင်းခြင်းသိုင်းကို ယုစုကျန်းနှင့်အရင် အသုံးပြုလိုက်ပြီး သူမကို မသိမသာ တတ်မြှောက်စေလိုက်မည်။ ထို့နောက် တစ်ခြားဇာတ်လိုက်ကျော်ကြီးတွေကို သူမနှင့်တွေ့စေလိုက်ပြီး.. သိုင်းကိုသာ အသက်သွင်းစေလိုက်လျှင် သူ့အနေနှင့် နှစ်ဖက်လုံးမှ အစွမ်းတွေ ရရှိတော့မည်မလား။
သူ့အရင်ဘဝတုန်းက ဖေကံကောင်းကြောင့် ကြောက်ပြီးသေလုနီးပါး ဖြစ်ခဲ့ရသည်။ အခုရှောင်ရှစ်ယီကို တိုက်ခိုက်ဖို့အခွင့်အရေး ရလာလျှင် သူ့ကိုပါ ကလဲ့စားချေပြီးသား ဖြစ်သွားပေမည်။
ဖေကံကောင်းက ရှောင်ရှစ်ယီကို တစ်ခြားသူတွေထက် ကျော်လွန်သော ကောင်းကင်သားတော် တစ်ဦးဖြစ်လာစေလျှင် သူကလည်း ယုစုကျန်းကို ရှောင်ရှစ်ယီကို အနိုင်ယူနိုင်မည့် ကောင်းကင်သမီးတော် ဖြစ်အောင် ဖန်တီးပေးရတော့မှာပေါ့။
………