← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

Ch 75

( ကောင်းကင်သမီးတော် ယုစုကျန်း)

“ရှီး..”

ယုစုကျန်း ခြောက်ကပ်ကပ် ညည်းညူလိုက်ကာ၊ သူမစုပ်ယူထား၍ ခြောက်သွေ့သွားပြီးဖြစ်သော အလောင်းကောင်ပေါ်ကနေ ထလိုက်သည်။

“ ဟားဟား နောက်ဆုံးတော့ ငါအောင်မြင်ပြီ”

သူမ၏ခန္ဓာကိုယ်အတွင်း စီးဝင်နေသော ချီစွမ်းအင်ကို အာရုံခံမိလိုက်သည့်အတွက် ယုစုကျန်း အပျော်လွန်ကာ၊ ငိုချတော့မတတ် ခံစားချက် များလာရ၏။ ဖျော်ဖြေရေးခန်းမမှာ အများကြီးကြိုးစားခဲ့ပြီး နောက်ဆုံးတော့ သူမ၏ အဆင့်တက်ချိန် ရောက်ရှိလာခဲ့ပြီး ချီသန့်စင်ခြင်းပထမအဆင့်ကို စတင်ဝင်ရောက်လာခဲ့သည်။

ယုစုကျန်း မကြာခင်မှာပဲ သူမ၏ခံစားချက်တွေကို ပြန်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူမ၏မျက်ခုံးတန်းတွေ ပြေလျော့သွားကာ.. နဂိုဆွဲဆောင်မှုရှိသော မျက်နှာလှလှလေးကလည်း အေးစက်စက် ​ဖြစ်သွားသည်။ သူမ၏ လှပသော မျက်ဝန်းတစ်စုံက.. အချိန်ကြာလာလျှင် ယိုယွင်းသွားမည့် အလှတရားများကို လက်မခံနိုင်သည့်အတွက် အစွမ်းကုန် ကျင့်ကြံတော့မည့် ဆုံးဖြတ်ချက်များဖြင့် ပြတ်သားနေတော့သည်။.

“ ငါ ကျင့်ကြံမယ်.. ငါထာဝရရှင်သန်ချင်တယ်”

ယုစုကျန်း၏ စိတ်ဓာတ်တွေက အမြင့်ဆုံးအရှိန်ကို ရောက်ရှိနေပြီး… သူမကိုယ်သူမ ဂိုဏ်း၏ထိပ်သီးဂိုဏ်းသား တစ်ယောက်ဖြစ်လာစေရမည်ဟု စိတ်ပိုင်းဖြတ်ထားလေရဲ့။

သို့ပေမဲ့ သူမ၏ဂူထဲမှာ ဒုတိယလူတစ်ဦး ရှိနေသေးတာကိုတော့ သူမ သတိမထားမိခဲ့ချေ။

သူမ အစောပိုင်းကမှ သတ်ပစ်ခဲ့သော အလောင်း၏ အပေါ်မှာ သာမာန်မျက်စိဖြင့် မမြင်နိုင်သော ဝိညာဥ်တစ်ခု ရှိနေခဲ့သည်။ ထိုဝိညာဥ်က လက်နှစ်ဖက် အနောက်ပစ်ရင်း.. သူမကို စိတ်ဝင်တစားကြည့်နေလေ၏။

“ ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်းရဲ့ ပထမအဆင့်ပြီးပြီ”.

“ အမယုက မိုက်လှချည်လား.. သူမရဲ့အမတလမ်းစဥ်ကို ဝင်ရောက်မဲ့ စိတ်ဓာတ်က အရမ်းတွေပြင်းထန်နေတော့ ငါဘာမှလုပ်စရာတောင် မလိုတော့ဘူး”

ထိုအချက်ကပဲ အကောင်းဆုံးဖြစ်သွားသည်။ လုယန်က အခုထိ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်သေးလေရာ၊ သူ့အနေဖြင့် တစ်စုံတစ်ယောက်၏ အတွေးကို ထိန်းချုပ်ချင်လျှင်တောင်မှ ပြီးပြည့်စုံမှာ မဟုတ်ပေ။

လုယန် ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်တော့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က အပြီးတိုင် သေဆုံးသွားခဲ့သည့်အတွက် သူအခုဆိုလျှင် အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၏ နောက်ဆုံးအဆင့် ဖြစ်သော သေပြီးအသွင်ပြောင်းခြင်းအဆင့်ကို ရောက်ရှိလာခဲ့ပြီပင်။ သူ၏ ဝိညာဥ်ကို အရင်ဘဝက လေ့လာခဲ့သော ယင်တစ္ဆေအမတနည်းလမ်းဖြင့် စုဆောင်းထားသောကြောင့် သေဆုံးပြီးသည့်တိုင်အောင် ပြန်လည်မွေးဖွားခြင်း ဖြစ်စဥ်ကို ထိန်းချုပ်နိုင်ခဲ့သည်။.

“ သေပြီးမှ အသွင်ပြောင်းခြင်းဆိုတာ ဒါပေါ့လေ”

လုယန် စိတ်ထဲမှာ ပြောနေလိုက်သည်။

အခုချိန်မှာ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဆေးလုံးဖန်တီးသည့် မီးပေါင်းဖိုတစ်ခုနှင့် ဆင်တူသည်.. သူ့အရင်ဘဝက သင်ယူခဲ့သော အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၏ သိုင်းခွဲသုံးခုကတော့ ဆေးလုံးဖန်တီးရန် ပါဝင်ပစ္စည်းတွေဖြစ်သည်။

ထိုသုံးမျိုး၏ ပေါင်းစပ်မှုကနေမှ အလောင်းအသွင်ပြောင်းခြင်းအမတ ခန္ဓာကိုယ်ကို ပြန်လည်ရရှိပေမည်။

“ ကြည့်ရတာ အရမ်းကြာအုံးမဲ့ပုံပဲ”

“ ပြီးအချိန်ပေးလိုက်ရုံနဲ့လဲ မပြီးလောက်ဘူး။ ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က မီးပေါင်းဖိုတစ်ခုဆိုရင် အပူပေးမဲ့မီးနေရာကို ငါ့ရဲ့ကံတရားက ဝင်​နေရာယူလိမ့်မယ်”

အလောင်းမှတစ်ဆင့် အမတခန္ဓာကိုယ်ကို တည်ဆောက်ဖို့ရန် ကံတရားကို လောင်ကျွမ်းစေရခြင်းသည် တကယ်တော့ အန္တရာယ်များသော ဖြစ်စဥ်တစ်ခုပင်။ ကြားထဲမှာ သူ၏ကံတရားကသာ ကုန်ဆုံးသွားပါက၊ အသွင်ပြောင်းခြင်းကျရှုံးပြီး တကယ် သေဆုံးသွားလိမ့်မည်ဖြစ်သည်။ ထို့အတူ ကုန်ဆုံးသွားသော ကံတရားကြောင့် နောက်ဘဝ ပြန်လည်မွေးဖွားခဲ့လျှင်တောင်မှ လူသားမဖြစ်နိုင်တော့ဘဲ တရိစ္ဆာန်တစ်ကောင်အဖြစ် မွေးဖွားလာလိမ့်မည်။

“ ဒါကြောင့် ဂိုဏ်းထဲမှာ ဒီသိုင်းကိုကျင့်တဲ့သူ မရှိသေးတာကိုး”

အလောင်းအသွင်​ပြောင်းခြင်းအမတသိုင်းက ကောင်းကျိုးဆိုးကျိုး အလွန်ထင်ရှားသော သိုင်းတစ်ခုဟု ပြောလို့ရပါသည်။

ဤသိုင်းကို ဖန်တီးခဲ့သူ၏ ရည်ရွယ်ချက် အစစ်အမှန်က မြင်သာပါ၏..

တာအိုဆိုတာ အမတဘဝကို ကျင့်ကြံရသော လမ်းတစ်ခုဖြစ်သည့်အလျောက် နောက်ဆုတ်စရာ လမ်းမရှိသင့်ပေ။ ထို့ကြောင့်ပဲ ဤသိုင်းမှာလည်း အသက်ကို လောင်းကြေးထပ်ခိုင်းထားပြီး ဆုတ်လမ်းတစ်ခုတောင် မချန်ပေးထားသော ဖန်တီးသူ၏ စေတနာအလုံးအရင်းလိုက်ကို မြင်တွေ့ရသည်။

သင်သာ လောင်းကစားကို အနိုင်ရခဲ့လျှင် အကျိုးအမြတ်အားလုံးကို သိမ်းယူသွားလိုက်ပါ.. သို့ပေမဲ့ ထိုသို့သော လောင်းကစားပွဲကြီးမှာ ရှုံးနိမ့်ခဲ့လျှင်လဲ ဘယ်လောက်စိတ်ပျက်ဖွယ်ကောင်းသော ပြစ်ဒဏ်ကို ရရှိလောက်မည်လဲ။

လုယန် ရင်ထဲထိသွားတော့သည်။

ထိုအချိန်မှပဲ သက်တမ်းတစ်ရာစာအုပ် ရှိနေသေးကြောင်း ရုတ်တရက် အမှတ်ရလိုက်ပြီး ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်လေကာ..

“ ငါမေ့တော့မလို့.. ငါမအောင်မြင်ရင်လဲ အစကပြန်စလို့ရတယ်လေ”

“ ငါ့ရဲ့ဝိညာဥ်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရဲ့ အကာအကွယ်မရှိတော့ စိတ်အားငယ်သွားပုံပဲ။ အတွေးတွေလွန်နေတာ”

လုယန် ချက်ချင်း အတွေးကိုစုစည်းပြီးနောက် ယုစုကျန်းကို လှည့်ကြည့်လိုက်သည်။

သူမ၏ပုံစံက ထူးထူးခြားခြား မပြောင်းလဲသွားလျှင်တောင်မှ အခုချိန်မှာ သူမသည်.. သွယ်ဝိုက်သောနည်းဖြင့် လုယန်၏ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာခဲ့ပြီးသားပင်။

ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်းက သူမကို လူသားမီးပေါင်းဖိုတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သည်။

ထို့ကြောင့် သူမ ဘယ်လောက်ပဲ အောင်မြင်လာပါစေ.. သူမ၏ကျင့်ကြံမှုနှင့် ကံတရားတွေကို သူအားလုံးယူလိုက်ပြီး မူရင်းကိုယ်ကို ပြန်လည်အားဖြည့်လိုက်လို့ ရသည်။

“ ဒါပေမဲ့ အလျင်မလိုပါဘူး”

“ အခု ငါ့ရဲ့ ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်းကို သူမ တတ်သွားအောင် တနည်းနည်းနဲ့ ကြံစည်ရမယ်။ ပြီးလို့ သူမသာ တစ်ခြားသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို စုပ်ယူပြီးပြီဆိုရင် ဝဖြိုးတဲ့ကြက်မကို ငါသတ်လို့ရသွားပြီ”

ထို့နောက်လုယန်၏ အကြည့်က ဂူအပြင်တွင် စောင့်ဆိုင်းနေသော လျိုရှင်းရှိရာဘက်ကို ကျရောက်သွားသည်။

ရှေးဦး သူတော်စင်ဂိုဏ်း၏ ဖျော်ဖြေရေးခန်းမအတွင်း၌…

ယုစုကျန်းသည် လုယန်၏ အနောက်ကို သိမ်မွေ့စွာ နွဲ့နွဲ့နှောင်းနှောင်း လျှောက်လှမ်းရင်း လိုက်ပါနေ၏.. သူမ၏ ငါးရံ့ကိုယ်လုံးမှ အလွန်ဆွဲဆောင်သော အရှိန်အဝါတွေကို မပြတ်ထုတ်လွှတ် နေသည့်တိုင်အောင်၊ အေးစက်စက် မျက်နှာက လူတိုင်းကို.ကြောက်ရွံ့စေလေသည်။

ပြင်းထန်သော ဆွဲငင်အားက တပည့်များစွာ၏ အကြည့်ကို ဆွဲခေါ်ခဲ့သည်.. လျိုရှင်း တောင်မှ မနေနိုင်စွာ သူမကိုကြည့်လိုက်မိပြီး.. မျက်လုံးထဲ ရမ္မက်ရိပ်တစ်ချို့ ဖြတ်သန်းသွားသော်လည်း၊ သူက လျှင်မြန်စွာ ထိန်းချုပ်ခဲ့သည်။

သူ့အတွက် အချစ်ရေးသည်အရေးမပါပါချေ။

“ ညီမလေးယု၊ ဒါက တပည့်အသစ်တွေရရှိတဲ့ အတွင်းတာအိုသိုင်းကျမ်းပဲ။ ဒါကိုသေချာလေ့လာလိုက်ပါ”

“ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအကိုလျို”

ယုစုကျန်းသည် အရပ်ပုသောကြောင့် လျိုရှင်း၏ မြင်ကွင်းသော လုံးဝန်းသော အဖြူရောင်အစိတ်အပိုင်းတစ်ချို့က နှောက်ယှက်နေလေကာ၊ ချိုအီအီ မွှေးရနံ့တစ်ခုကလည်း နှာခေါင်းဝကို ကလူကျီစယ်နေသည်။

လျိုရှင်း တံတွေးတစ်ချက်မြို​ချလိုက်ပြီး သူမကို တိုက်ရိုက် ဆွဲဖက်ပစ်လိုက်တော့သည်။

ရုတ်တရက် ကျရောက်လာသော ထွေးပွေ့မှုကြားမှာ အေးစက်စက်မျက်နှာလေးက ကြောက်ရွံ့ရိပ် တစ်ချို့ သန်းလာခဲ့သလို.. တစ်ဆတ်ထဲမှာ သံစဥ်ကဲ့သို့ ချိုမြိန်သော အသံလေးပါ ပျံ့လွင့်လာသည်။

“ အိုး.. အကိုလျို၊ ရှင်ဘာလုပ်တာလဲ။ မြန်မြန် ကျွန်မကိုလွှတ်ပေး”

“ ကျွန်မ နှစ်ကိုယ်တွဲမကျင့်ကြံတော့ဖို့ ဆုံးဖြတ်ထားပြီးသားရှင့်”

ယုစုကျန်းက ပြောနေရင်းပဲ လျိုရှင်းကို တွန်းသည်။

သို့ပေမဲ့ လျိုရှင်းအတွက်တော့ သူမ၏ နုနုနယ်နယ် လက်သီးစုပ်က နှိပ်နှယ်မှုတစ်ခုထက် မပိုခဲ့ချေ။

လျိုရှင်း၏ ရမ္မက်က ပိုမိုပြင်းထန်သွားပြီး ခပ်ညစ်ညစ် ရယ်မောလိုက်တော့သည်။

“ ညီမလေး နားလည်မှုလွဲနေပြီ၊ မင်းနဲ့ကိုယ်က နှစ်ကိုယ်တွဲမကျင့်ကြံဘူး.. တာအိုအကြောင်း ဆွေးနွေးရုံတင်ပဲ”.

လျိုရှင်းတစ်ယောက် သူမ၏ရုန်းကန်မှုတွေကို လျစ်လျူရှုလိုက်ရင်း တိုက်ရိုက်ပွေ့ချီပစ်လိုက်ကာ၊ အနီးရှိ ဂူတစ်ခုအတွင်းကို အချိန်ကောင်းလေး ကုန်ဆုံးနိုင်ရန် ဝင်သွားတော့သည်။

တစ်ရက်ကြာပြီးနောက်..

အကြိမ်ကြိမ် နွှဲခဲ့သော တိုက်ပွဲတွေ၏ ရလဒ်အနေဖြင့် လျိုရှင်း စိတ်လွတ်ကိုယ်လွတ် အိပ်မောကျနေခဲ့ပြီး.. သူပြန်နိုးလာချိန်မှာ ခန္ဓာကိုယ်က ချီစွမ်းအင်တစ်စက်တောင် မထုတ်နိုင်တော့ဘဲ နုံးချိနေတော့သည်။

သို့ပေမဲ့ ယုစုကျန်းကတော့ ဆန့်ကျင်ဘက်အနေဖြင့် သက်တောင့်သက်တာ ရှိစွာ နိုးထလာသည်။

ထိုအချိန်မှာပဲ လျိုရှင်း ကိုယ့်ကိုယ်ကို အောက်ငုံ့ကြည့်လိုက်သည်.. သူ၏ မွေးရာပါလက်နက်က အမည်းရောင်လုံးလုံး ပြောင်းနေသလို အောက်သိုးသိုး အနံ့တစ်ခုပင် ထွက်နေ၏။ သူ ချက်ချင်း မျက်နှာထားပြောင်းသွားပြီး ယုစုကျန်းကို ဒေါသတကြီး ကြည့်လိုက်တော့သည်။

“ မင်းငါ့ကို အဆိပ်ခတ်ခဲ့တာလား”

“ မဟုတ်ရင်ကော” ယုစုကျန်း၏ ပုံစံက အစောပိုင်းက ဆွဲဆောင်ခဲ့မှုအားလုံးက အတုအယောင်တစ်ခု လိုမျိုး အေးစက်စက် ဖြစ်နေလေရဲ့။

“ နင်ကတောင် ငါ့ကိုထိခိုက်အောင် လုပ်ခဲ့သေးတာ၊ ငါကပြန်မလုပ်ရဘူးလား”

“ ဘယ်လိုလုပ်.. ခွေးမ မင်းဘယ်လိုလုပ်လိုက်တာလဲ”

လျိုရှင်း အံတင်းတင်းကြိတ်လိုက်ပြီး ချီစွမ်းအင်ဖြင့် အဆိပ်ကိုဖိနှိပ်ဖို့ အသည်းအသန် ကြိုးစားတော့သည်။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ်က အားအင်တွေ ပိုဆုတ်ယုတ်လာတော့၏။

သူ၏ဖြစ်ပျက်နေသော ပုံစံကို ယုစုကျန်းက ခပ်မဲ့မဲ့ကြည့်ပြီး ပြောလာပြန်သည်။

“ အစထဲက ငါနင့်ကို မသင်္ကာခဲ့တာ။ ငါကဖျော်ဖြေရေးခန်းမက တပည့်တစ်ယောက်ပဲ။ နင်ကငါ့ကို နှစ်ကိုယ်တွဲကျင့်ကြံရေးသိုင်း မပေးဘဲ အတွင်းတာအိုသိုင်းဆိုတဲ့ စာအုပ်ကြီး ထုတ်ပေးလာတာ နင့်ရဲ့ရည်ရွယ်ချက်က သေချာပေါက် မရိုးရှင်းနိုင်ဘူး”

လျိုရှင်းတစ်ယောက် အလွန်မယုံကြည်နိုင် ဖြစ်သွားသည်။

“ ဒါလေးနဲ့ မင်းကငါ့ကိုသတ်ချင်ခဲ့တာလား”

“ ဘာလို့မဖြစ်ရမှာလဲ” ယုစုကျန်းက သွားပေါ်သည်အထိ ပြုံးပြလိုက်ရင်း

“ မိန်းမတစ်ယောက်ရဲ့ အာရုံက ဘယ်တော့မှ မှားတယ်မရှိဘူး။ အကယ်လို့ မှားခဲ့ရင်တောင် ငါနစ်နာစရာမှ မရှိတာဘဲ”

လျိုရှင်း သေမတတ် ဒေါသထွက်လာပါတော့သည်။

“ မင်း…”

“ စိတ်မပူနဲ့၊ ငါနင့်ကို မြန်မြန် မသေခိုင်းပါဘူး”

ယုစုကျန်းက ဆက်ပြောသည်။

“ နင်က ချီသန့်စင်ခြင်းအလယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ၊ နင့်မှာတစ်ခြားသိုင်းတွေ ရှိရအုံးမယ်”

“ ဒီလိုအဖိုးတန်အရင်းအမြစ်တွေကို အဆုံးရှုံးခံစရာလား”

“ နင့်ရဲ့သိုင်းတွေကို လေ့လာပြီးမှပဲ ငါနင့်ကို သေတဲ့အထိ စုပ်ယူပစ်မယ်။ ဒါဆို နင့်ရဲ့တစ်ဘဝလုံးကြိုးစားမှုတွေ အလကား မဖြစ်တော့ဘူးပေါ့”

“...ထွီ”

ယုစုကျန်း၏ စကားမဆုံးခင်မှာပဲ လျိုရှင်း သွေးတစ်ပွက် အန်ထုတ်လိုက်ရကာ.. တဆစ်ဆစ် ထိုးကိုက်လာသော နှလုံးသားကြောင့် အမြင်တွေဝေဝါးပြီး အဆုံးမှာ မေ့လဲသွားတော့သည်။

…….

Ch 76

( အမတလမ်းစဥ်ကိုလျှောက်လှမ်းခြင်း)

“ ထင်တဲ့အတိုင်းပဲ မိန်းမတစ်ယောက်က လှလေလေ၊ အန္တရာယ်များလေလေပဲ”

လျိုရှင်းတစ်ယောက် ယုစုကျန်း လက်ချက်ဖြင့် သေခါနီးခွေးတစ်ကောင်လို မချိတင်ကဲ ခံစားနေရပုံကို ကြည့်နေရင်းမှ လုယန် တော်တော်လေး ကျေနပ်သွားသည်။

“ ဒါမင်းငါ့ကို တစ်ကြိမ်ထိခိုက်ခဲ့ဖူးတဲ့အတွက်ပဲ”

ချက်ချင်းပဲ လုယန် ယုစုကျန်းကို ကြည့်လိုက်သည်.. ထို့နောက် ချီဝိညာဥ်တစ်သောင်းစာလိပ်ကို သူမ မမြင်နိုင်စေရန် ပုံရိပ်ယောင်တစ်ခုဖြင့် ဖုံးကွယ်ပြီး ယူလိုက်၏။

အတွင်းတာအိုစာအုပ်ထဲက ချီဝိညာဥ်တစ်သောင်းစာလိပ်နှင့် သက်ဆိုင်သော အကြောင်းအရာအားလုံးကို ချန်ပြီး သူမအတွက် တစ်အုပ်ကူးပေးလိုက်ကာ၊ ထိုစာအုပ်မှာ ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်း၏ အကြောင်းအရာကိုပါ ပေါင်းထည့်လိုက်သည်။ မူရင်းစာအုပ်ကိုတော့ သူ သိမ်းဆည်းလိုက်တော့သည်။

ထင်သည့်အတိုင်းပင် ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်းကို မြင်သည်နှင့် သူမအလွန် ပျော်ရွှင်သွားလေ၏။

“ ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်း.. ကျင့်ကြံသူက တစ်စုံတစ်ယောက်နဲ့ နှစ်ကိုယ်တွဲကျင့်ကြံမှု တစ်ခါပြုခဲ့တာနဲ့ အဲ့ဒီသူရဲ့ ကံတရားနဲ့ကျင့်ကြံမှုကို စုပ်ယူလို့ရတယ်”

ယုစုကျန်း စာရွက်ကို တဖြတ်ဖြတ် လှန်လှောနေရင်းမှ သူမ၏မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် မီးတောက်သွားသည်။ ဤသိုင်းက သူမအတွက် ဖန်တီးထားသလို ခံစားလိုက်ရသည်။

ယုစုကျန်း၏ ရည်မှန်းချက်တွေလည်း မြင့်မားသွားသည်။

သူမသည် အရင်က ထာဝရရှင်သန်မှုကို ရဖို့အတွက် စိတ်ကူးပဲယဥ်နိုင်ခဲ့သည်.. အခုတော့ ကောင်းကင်ဘုံက သူမကို နည်းလမ်းတစ်ခု.ချီးမြှင့်ပေးခဲ့လေပြီ။

သူမအတွက် တစ်စုံတစ်ယောက်ကို စုပ်ယူပြီးကျင့်ကြံရခြင်းက တရားထိုင်ခြင်းထက် အများကြီး အထောက်အကူဖြစ်ခဲ့သည်။

သူမ၏အရည်အချင်းနှင့် သာမာန်တရားထိုင်ပြီး ကျင်ကြံလို့ကတော့.. ချီသန့်စင်ခြင်းအဆင့်သုံးလောက်နှင့် အရိုးဆွေးသွားလိမ့်မည်။

သို့ပေမဲ့ အခုတော့ သူမမှာ ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်းရှိလာခဲ့ပြီ။ သူမငါးကန်ကြီးကြီးတစ်ခု ဆောက်ပြီး အရည်အချင်းရှိ ငါးတွေအများကြီးကို မွေးမြူရမည်။ ထိုငါးတွေကိုတစ်ကောင်ချင်း စားသုံးလိုက်ပြီးလျှင် သူမ၏ကျင့်ကြံမှုက လျှင်မြန်စွာ တိုးတက်လာမှာပဲ.. မတော်လို့ အခြေခံတည်ထောင်ခြင်းနယ်ပယ်အထိ ရောက်သွားနိုင်သေးသည်။

ယုစုကျန်း၏ နှလုံးသားက ပိုမိုပြတ်သားလာတော့သည်။

သူမ ချက်ချင်းပဲ အလောင်းရှင်းရေစင်တစ်ဗူး ထုတ်ယူကာ၊ လျိုရှင်း၏ခန္ဓာကိုယ်ကို ရှင်းလင်းရင်း ဤကိစ္စကို ခြေရာလက်ရာ ဖျောက်ပစ်လိုက်သည်။

သုံးလကြာပြီးနောက် ဂူတစ်ခုအတွင်းတွင်..

“ ခွေးမ မင်းငါ့ကို အဆိပ်ခတ်လိုက်တာလား”

ဒဏ်ရာဗလပွနှင့် သေခါနီးလူကို တစ်ချက်ကြည့်ပြီး ယုစုကျန်း စကားပြန်ချင်စိတ်ပင် ပျောက်ဆုံးသွားပြီး.. ထိုသူအနီးကိုသာ တစ်လှမ်းချင်း တိုးသွားလိုက်သည်။

အချိန်တစ်ခုကြာသည်အထိ ဂူအတွင်း၌ ယောက်ျားတစ်ယောက်၏ နာကျင်စွာ အော်သံများသာ ဖုံးလွှမ်းသွားခဲ့၏။

တဖြည်းဖြည်းနှင့် ထိုယောက်ျား၏ ခန္ဓာကိုယ်က တုန်ယင်လာကာ.. သိသာသော နှုန်းထားဖြင့် ခြောက်ကပ်လာသည်။ တစ်ဖက်က ယုစုကျန်းကတော့ မျက်နှာလေး ကြည်တောက်လာ၏။

ဝုန်း

အသံတစ်ချက်နှင့်အတူ ယုစုကျန်း၏ ကျင့်ကြံမှုက အကာအကွယ်စည်းကို ချိုးဖြတ်ပြီး ချီသန့်စင်ခြင်းအလယ်နယ်ပယ်ကို ရောက်လာခဲ့သည်။

ယုစုကျန်း၏ ပုံရိပ်က တစ်နည်းတစ်ဖုံ နတ်ဘုရားမတစ်ပါးလို ထည်ဝါသွား၏.. သူမ၏ ရက်စက်သောလှုပ်ရှားမှုများက နတ်ဘုရားမတစ်ပါး စိတ်ဆိုးမာန်ဆိုး ပြုမူနေသည့်နှယ်၊ အင်အားကြီးသောမြင်ကွင်းတစ်ခုကို ဖန်တီးပေးနေသည်။

လုယန်ကတော့ အနီးကနေ ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သည်။

လူတစ်ဦးကိုစုပ်ယူခြင်းက.. သန်မာလာခြင်းပဲ။

ယုစုကျန်းက လူမမြင်နိုင်သောအတွင်းရေးမှာ ဘယ်လောက်ပုပ်ပွနေပါစေ၊ သူမ၏အပြင်ပိုင်း ဂုဏ်သတင်းကိုတော့ ယောက်ျားတွေကို နှစ်ကြိမ်မြောက် မကြည့်ဖူးသော အေးစက်စက် အလှဘုရင်မ တစ်ယောက် အဖြစ် ဖန်တီးထားလေ၏။

သူမပုံစံက အေးစက်စက်နှင့် ချဥ်းကပ်ရ ခဲယဥ်းအောင်.ဖန်တီးလေလေ၊ ယောက်ျားတွေကလဲ ပိုစိတ်လှုပ်ရှားလေလေပင်။

ထို့ကြောင့်ပဲ သုံးလအတွင်းမှာ ယုစုကျန်းသည် ရမ္မက်ကြောင့် စဥ်းစားနိုင်စွမ်းအမှောင်ဖုံးသွားသော ကံဆိုးသည့် လူငယ်များစွာဆီမှ ကျင့်ကြံမှုတွေကို စုပ်ယူနိုင်ခဲ့သည်။

“ ဒါဆိုရင် ငါ့ရဲ့ပထမဘဝမှာတုန်းက ငါ့ကိုယ်မှာစွဲနေတဲ့ ကာလသားရောဂါ ကူးသွားလို့မဟုတ်ရင် သူမကပဲ အရင် လျိုရှင်းကိုသတ်သွားလောက်တယ်။ ဒါဆို ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်း မရှိရင်တောင်မှ လျိုရှင်းရဲ့ အတွင်းတာအိုစာအုပ်နဲ့ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ယူလိုက်ပြီး သူမက အောင်မြင်သွားအုံးမှာ။ လူတစ်ယောက်ရဲ့ ကံတရားအပြောင်းအလဲတွေက နက်ရှိုင်းလိုက်တာ”

“ ထားပါ၊ အခုငါလိုတဲ့ ငါးစာလဲရပြီ”

ယုစုကျန်းက တော်တော်လေး အရည်အချင်းရှိသူပင်။

သူမက အရှက်မဲ့သလို ရက်စက်သည်။ သူမကို အကျိုးရှိမည့် ဘယ်လိုကိစ္စမ​ဆို လုပ်နိုင်ပြီး ရှေးဦးသူတော်စင်ဂိုဏ်းသားတစ်ဦး ဖြစ်ဖို့ ထိုက်တန်လေသည်။

သူမက မွေးရာပါ ကျင့်ကြံမှုပါရမီအထုံလေး ပါမလာတာ တစ်ခုပဲ။

အခု လုယန်က အခွင့်အရေးပေးလိုက်တော့ လျှင်မြန်စွာ တိုးတက်သွားသည်မလား။ ဤပုံစံအတိုင်းဆိုလျှင် မကြာခင်မှာပဲ ရှောင်ရှစ်ယီနှင့် တွေ့ကြလောက်သည်။

ရှောင်ရှစ်ယီကိုလည်း သူမ ဆွဲဆောင်နိုင်မလားကို လုယန် တော်တော်လေး သိချင်လှသည်။

သူမသာ ရှောင်ရှစ်ယီကို အမိဖမ်းနိုင်ခဲ့ပါက၊ သူ့အတွက်အများကြီး အကျိုးထူးပေမည်။ အဘယ်ကြောင့်ဆိုသော် ရှောင်ရှစ်ယီက လာဘ်ရေကန်၏ အရောင်စုံလာဘ်ငါးကို ကံထူးမည့်သူပဲ။

ယုစုကျန်း၏ အကူအညီဖြင့် ရှောင်ရှစ်ယီိကိုသာ

ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်း၏ သက်ရောက်ခြင်း ခံလို​က်ရစေပါက၊ ထိုကောင်လေး ရရှိမည့် အရောင်စုံလာဘ်ငါး၏ ကံတရားနှင့် ကျင့်ကြံမှုအားလုံးကို အဆုံးမှာ သူပြန်ရရှိလိမ့်မည်။

ဖေကံကောင်းက ရှောင်ရှစ်ယီကို အသုံးပြုပြီး အရောင်စုံလာဘ်ငါးကို ယူဖို့ကြိုးစားသလို၊ သူကလည်း ယုစုကျန်းမှတစ်ဆင့် အရောင်စုံလာဘ်ငါးကို ပြန်လုချင်သည်။

ထိုအကြံက ကျားပါးစပ်က အစာကို လုယူခြင်းဖြစ်သည့်အလျောက်၊ အောင်မြင်ခဲ့လျှင် ဖေကံကောင်း၏ ဒေါသတကြီး ရှာဖွေမှုကို သူ မလွဲမသေ ကြုံတွေ့ရအုံးမှာ ဖြစ်သည်။

“ ဒါဆို ငါခပ်ဝေးဝေးမှာ သွားပုန်းသင့်ပြီပဲ”

ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ယူထားပြီးနောက် လုယန်သည် ယုစုကျန်းကို ရက်တစ်ချို့ကြာသည်အထိ စောင့်ကြည့်ခဲ့သေးသည်။ သူ၏ထိန်းချုပ်မှုမှာ ပြဿနာမရှိမှန်း အတည်ပြုနိုင်ပြီးမှပဲ ဂိုဏ်းကနေ ထွက်သွားပြီး လူသားကမ္ဘာကို သွားလိုက်တော့သည်။

ဂိုဏ်းအတွင်းမှာ နေထိုင်နေတာက၊ အန္တရာယ်များပြီး အကျိုးမရှိပါချေ။

သူ၏အပြင်ခန္ဓာက သေဆုံးပြီးသားဖြစ်သည့် အတွက် သူ့မှာ အမတခန္ဓာကိုယ်ကို အသွင်ပြောင်းနိုင်မည့် အချိန်ကို စောင့်နေရင်း.. ယုစုကျန်း၏ ဇာတ်လမ်းတွေကိုပဲ တစ်နေ့တစ်နေ့ ထိုင်ကြည့်နေရသည်။

ထိုအရာက အချိန်ဖြုန်းလွန်းရာ မကျဘူးလား။

“ ယုစုကျန်းက ငါ့ရဲ့အကြံအစည်တစ်ခု ဆိုပေမဲ့ ဒါငါ့ရဲ့တစ်ခုတည်းသော အကြံမှမဟုတ်တာ။ အခု ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်း၊ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၊ သူတော်စင်သူခိုးသိုင်းနဲ့ အဆင့်သုံးနဂါးချီကြောင့် ငါ့မှာ အဆင့်တက်နိုင်မဲ့ အခွင့်အရေးက လေးဆယ်ရာခိုင်နှုန်း ရှိပြီဆိုပေမဲ့ တစ်ခြားနည်းလမ်းရှာဖို့ လိုနေသေးတယ်”

“ ပြီး ဂိုဏ်းနဲ့ခပ်ဝေးဝေးနေတာ အကောင်းဆုံးပဲ။ မတော်လို့ ယုစုကျန်း အောင်မြင်သွားပြီး ဖေကံကောင်းက ဒေါသတကြီး ကံတရားကနေ တရားခံကို ထောက်လှမ်းရင် ဘယ်လိုလုပ်မလဲ။ ငါကအဲ့မှာ သေဖို့ထိုင်စောင့်နေရမှာလား”

“ ငါသာ ဂိုဏ်းနဲ့ဝေးနေရင် ဖေကံကောင်းလဲ အချိန်တစ်ခုနေပြီးမှ ရှာတွေ့လိမ့်မယ်။ ဒါဆို အဆင့်တက်နိုင်မဲ့ အခွင့်အရေးကို ရှာလို့ရပါသေးတယ်”

လုယန်တစ်ယောက် အဆုံးထိ ပုန်းကွယ်နိုင်ဖို့ မမျှော်လင့်ထားပါချေ။ အတိတ်မှာတုန်းကတောင်မှ ယွင်ဘိုးဘေးက သူ့ကို ကြွေ့ထျန်းရတနာကနေ ခြေရာခံနိုင်ခဲ့သည်မလား။ ကိစ္စတစ်ခုကို အဆိုးဆုံးအခြေအ​နေကနေ စဥ်းစားပြီး ကြိုတင်ဖြေရှင်းချက် ရှာထားသင့်သည်ပင်။

ယုစုကျန်းကိုတော့ သူ့အနေနှင့် အဝေးရောက်နေလျှင်တောင်မှ ကံကြမ္မာကြိုးမျှင်များမှတစ်ဆင့် သူမ၏ အခြေအနေကို လှမ်းစစ်ဆေးလို့ ရလေသည်။

“ ငါ့ရဲ့အလောင်းက ဒီချီဝိညာဥ်တစ်သောင်းစာလိပ်ထဲမှာ ရှိတယ်။ ပြီးတော့ ဒီရတနာက ငါ့ရဲ့ဝိညာဥ်ကို ဘယ်သွားသွား သူ့ကိုပါ ယူသွားခွင့် ပေးထားသေးတယ်”

ထိုအရာအပြင် ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲမှာ နောက်ထပ် အခွင့်အရေးတစ်ခု ရှိနေပါသေးသည်..

ဂိုဏ်း၏စစ်မှန်တပည့် ချန်ရှီနန်။

လုယန် စာလိ​ပ်ကို ဖြေချလိုက်ပြီး မန္တာန်ရွတ်ဆိုလိုက်သည့်နှင့် အထဲကနေ အမဲရောင်ဝတ်လူရွယ်တစ်ဦး ထွက်လာခဲ့သည်။

လုယန်သည် အရင်ဘဝတုန်းက ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ရသည်နှင့် ချန်ရှီနန်ကို အရင်ဆုံးသတ်ပစ်ခဲ့သည်။ ထိုအရာက မူလနတ်ချီမန္တာန်စာရွက်၏ ကံတရားကို ဖုံးအုပ်ပေးနိုင်မှုကို စမ်းသပ်ချင်တာ မှန်ခဲ့သော်လည်း၊ တကယ်တော့ သူ၏နိမ့်ကျသော ကျင့်ကြံမှုကြောင့် တစ်ဖက်သူကို ထိန်းချုပ်နိုင်ဖို့ ယုံကြည်ချက်မရှိသောကြောင့်က အဓိက ဖြစ်လေသည်။ အခုတော့ သူတော်စင်သူခိုးသိုင်းပါ ရှိနေလေရာ၊ လုယန် အလိုအလျောက် ယုံကြည်ချက် မြင့်မားနေပါတော့သည်။

“ ဒါဘယ်နေရာလဲ”

စာလိပ်အတွင်းက ထွက်လာပြီးသည်နှင့် ချန်ရှီနန်က ဟိုဟိုဒီဒီ ကြည့်နေလေသည်.. ကြည့်ရသည်မှာ လျိုရှင်းကို ရှာဖွေနေဟန်ပင်။

“ ..လျိုရှင်း သေသွားပြီလား”

ချန်ရှီနန် ခဏမျှစဥ်းစားပြီးသည်နှင့် မျက်ခုံးတန်းများ ပြေလျော့သွားကာ၊ လုယန်ကို လှည့်ကြည့်လာသည်။

“ လျိုရှင်းကို မင်းသတ်လိုက်တာလား”

“ ဒါပေါ့” လုယန် မျက်နှာသေနှင့် ခေါင်းညိတ်လိုက်သည်။

အရင်ဘဝတုန်းကတော့ ချန်ရှီနန်သည် လုယန်ကို ရှေးဦးသူတော်စင်ဂိုဏ်း၏ တပည့်မှန်း တန်းပြီးအတည်ပြုနိုင်ခဲ့သည်။ သို့ပေမဲ့အခုတော့ ထူးထူးဆန်းဆန်း ကြည့်နေလေ၏။

လုယန် နားလည်ပါသည်။ သူကလည်း ဂိုဏ်းကို ဝင်ရောက်စင်မှာ အသက်မီးအိမ် မထွန်းခဲ့ဘဲ ပုံရိပ်​ယောင်တစ်ခုဖြင့် လှည့်စားထားခဲ့တာဖြစ်လို့ပင်။ ထို့အပြင် သူ၏ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းက ရှေးဦးသူတော်စင်ဂိုဏ်း၏ သိုင်းတစ်ခု မဟုတ်သောကြောင့် ချန်ရှီနန်၏ တွက်ချက်မှုက မှားယွင်းသွားတော့သည်။

………

All Chapters