← Chapters

အခန်း (၇၅၉-၇၆၀)

Vol. 38 Ch. 759-760

အခန်း (၇၅၉-၇၆၀)

Vol. 38 Ch. 759-760

အပိုင်း(၇၅၉) ရှေးခေတ်ကာလမှ နတ်ဘုရားများ

"နောက်တစ်ဆင့်က... ကျွန်မတို့ခေတ်တုန်းကတော့ အဲ့ဒါကို နတ်ဘုရားလို့ ခေါ်ကြတယ်"

လင်းယွမ်က ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်ခုံးပင့်သွားပြီး "နတ်ဘုရား"

"ဟုတ်တယ်... နတ်ဘုရား... တချို့ကလည်း နတ်မင်းလို့ ခေါ်ကြသလို မိစ္ဆာလို့ ခေါ်တဲ့သူတွေလည်း ရှိတယ်"

"ရှေးခေတ်ကာလတုန်းကတော့ ကျင့်ကြံသူတွေက သန္ဓေပြောင်းစွမ်းအင်နဲ့ ပတ်သက်ပြီး နားလည်မှု သိပ်မနက်ရှိုင်းကြသေးဘူး"

"ကောင်းကင်ကို ပျံတက်တာ... မြေကြီးထဲ လျှိုးဝင်တာ... ဒီကမ္ဘာဂြိုဟ်ကနေ ထွက်ခွာပြီး ဘုံကိုးဆင့်ကို ဝင်ရောက်နိုင်တာကိုပဲ နတ်ဘုရားတွေရဲ့ အစွမ်းလို့ လူတိုင်းက ထင်မှတ်ခဲ့ကြတာ"

"ဒီကမ္ဘာဂြိုဟ်အပြင်ဘက်မှာ ဘာတွေရှိမလဲဆိုတာကို ကျွန်မတို့လည်း အရင်က စိတ်ကူးယဉ်ခဲ့ဖူးတယ်... အဲ့ဒီမှာ နတ်ပြည်ရှိတယ်... ကောင်းကင်ဘုံရှိတယ်... ခရမ်းရောင်နန်းတော်ကြီး ရှိတယ်ဆိုပြီး ပြောကြတာပဲ"

"ဒါပေမဲ့ တကယ်တမ်း အဲဒီအဆင့်ကို ရောက်လို့ ကမ္ဘာဂြိုဟ်ပြင်ပကို ထွက်သွားနိုင်တဲ့အခါကျမှ အပြင်ဘက်မှာ အဆုံးအစမရှိ အမှောင်တိကျပြီး တိတ်ဆိတ်နေတဲ့ ကြယ်တာရာ ဟင်းလင်းပြင်ကြီးပဲ ရှိတယ်ဆိုတာကို သိလိုက်ရတယ်"

"အရင်က စိတ်ကူးယဉ်ခဲ့တာတွေ အကုန်လုံးက ရေမြှုပ်လိုပဲ ပျက်စီးသွားခဲ့တာ... ကမ္ဘာဂြိုဟ်အပြင်ဘက်မှာ အာကာသဟင်းလင်းပြင်ပဲ ရှိတာလေ"

"အဲဒါကြောင့် နောက်ပိုင်းမှာ နတ်ဘုရား ဆိုတဲ့ အသုံးအနှုန်းတွေက သာမန်လူတွေက ကျွန်မတို့ကို ခေါ်ဝေါ်တဲ့ အမည်နာမတွေ ဖြစ်လာခဲ့တာ"

"ကျွန်မအထင်တော့ အဲဒီအဆင့်ကို နတ်ဘုရားလို့ ခေါ်လို့မရတော့ဘူး... အာကာသထဲမှာ ရှင်သန်နိုင်တဲ့ ကြယ်သားရဲ လို့ ခေါ်တာက ပိုမှန်လိမ့်မယ်"

"ပြီးတော့ ကျွန်မတို့ အသွင်ပြောင်းလိုက်တဲ့အခါ လူသားပုံစံကို ဆက်မထိန်းထားနိုင်တော့ဘဲ သန္ဓေပြောင်းသတ္တဝါ ပုံစံမျိုးစုံနဲ့ ပေါ်လာတတ်ကြတယ်... ဒါကြောင့် ကြယ်သားရဲလို့ ခေါ်တာက ပိုပြီး သင့်တော်တယ်"

လင်းယွမ်က "ကြယ်သားရဲ အဆင့်လား" ဟု တီးတိုးရေရွတ်လိုက်၏။

သူက ပတ်ဝန်းကျင်ရှိ ပင်လယ်ရေထဲတွင် ကူးခတ်သွားလာနေသော သန္ဓေပြောင်းသတ္တဝါများကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းကာ ပြောလိုက်သည်။ "ငါတို့က လူသားတွေလေ... သန္ဓေပြောင်းသတ္တဝါတွေနဲ့ မတူသင့်ဘူး... ခွဲခြားထားမှ သင့်တော်မှာပေါ့"

"ကြယ်သားရဲဆိုတဲ့ အသုံးအနှုန်းက သိပ်နားထောင်လို့ မကောင်းဘူး... ကြယ်နတ်ဘုရားလို့ ခေါ်တာက ပိုကောင်းမယ် ထင်တယ်"

"ကြယ်နတ်ဘုရား"

လင်ယွီရုံက ထိုစကားလုံးကို ခေတ္တမျှ တွေးတောလိုက်ပြီး သူမ၏ မျက်ဝန်းများတွင် အလင်းရောင်တစ်ချက် လက်သွားသည်။

သူမက "ကြယ်နတ်ဘုရား... ဒီနာမည်က ကြယ်သားရဲထက်စာရင်တော့ ပိုပြီး နားထောင်လို့ကောင်းသားပဲ"

လင်းယွမ်က ပြုံးလိုက်ပြီး "ဒီနာမည်က ကြယ်တာရာဟင်းလင်းပြင်ဆိုတဲ့ သဘောတရားကိုလည်း ဖော်ပြနိုင်သလို... မင်းတို့ခေတ်က အခေါ်အဝေါ်ကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်တယ်... ငါကတော့ အတော်လေး ကောင်းတယ်လို့ ထင်တာပဲ"

"ဒါနဲ့... ကြယ်နတ်ဘုရားအဆင့်နဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ဘာတွေကွာခြားလို့လဲ"

လင်ယွီရုံက ထိုစကားကို ကြားသောအခါ "ကွာတာပေါ့... တော်တော်လေးကို ကြီးကြီးမားမား ကွာတာ" ဟု ပြန်ဖြေသည်။

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းက ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှု သက်သက်ပဲ... ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ ဆင့်ကဲပြောင်းလဲမှုက ကျွန်မတို့ကို အာကာသထဲ သွားနိုင်ဖို့အတွက် လုံလောက်တဲ့ အင်အားမပေးနိုင်သေးဘူး"

"အာကာသထဲမှာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ကြောက်စရာကောင်းတဲ့ အမှုန်မုန်တိုင်းတွေ ရှိတယ်... သာမန် ကာဗွန်အခြေခံ သက်ရှိတွေရဲ့ ခန္ဓာကိုယ်က ဒီလိုပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နိုင်စွမ်း မရှိဘူး"

"ကြယ်နတ်ဘုရားအဆင့်က ကြယ်တာရာစွမ်းအင်တွေကို စုပ်ယူဖို့ လိုအပ်တယ်... အဲဒီအခါကျမှ မျိုးရိုးဗီဇက အပြည့်အဝ လွတ်မြောက်သွားပြီး ကျွန်မတို့ရဲ့ ဆဲလ်တွေက ဟင်းလင်းပြင် ပတ်ဝန်းကျင်နဲ့ အပြည့်အဝ အသားကျသွားမှာ"

"အဲဒီအချိန်ကျရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက် ခန္ဓာကိုယ်က ပိုမိုကြီးမားလာပြီး ကြယ်တာရာ သားရဲကြီးတွေ ဖြစ်လာလိမ့်မယ်... ကမ္ဘာဂြိုဟ်ရဲ့ ဆွဲငင်အားကို ကျော်လွန်သွားတဲ့အပြင် အာကာသ ပတ်ဝန်းကျင်ကိုပါ ကြံ့ကြံ့ခံနိုင်သွားမှာ"

"အတိုင်းအတာတစ်ခုအထိ အစွမ်းထက်လာပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ နှလုံးအမြူတေ... ဦးနှောက်အမြူတေဆိုတာတွေ ဖြစ်တည်လာပြီး နောက်ဆုံးမှာ ကမ္ဘာဂြိုဟ်တစ်ခုလို ကိုယ်ပိုင်ဆွဲငင်အားကိုပါ ထုတ်ပေးနိုင်လိမ့်မယ်"

"ဒီလို ဆွဲငင်အားစက်ကွင်း ရှိနေတာက ရွေ့လျားစွမ်းအင် မရှိတဲ့ အာကာသထဲမှာ ကျွန်မတို့ကို စိတ်တိုင်းကျ ပျံသန်းနိုင်စေပြီး ဦးတည်ချက်လားရာကိုပါ ပြောင်းလဲနိုင်စေတာပဲ"

လင်းယွမ်သည်လည်း အာကာသထဲတွင် ရွေ့လျားစွမ်းအင် မရှိပါက သီအိုရီအရ မည်သည့်အရာဝတ္ထုမဆို ရပ်တန့်နေမည်ဖြစ်ပြီး အာကာသထဲ၌ ပေါလောပေါ်နေမည်ကို သတိရသွားသည်။

ထိုသို့ဆိုလျှင် မိမိကိုယ်တိုင်က အာကာသ ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်စွမ်း ရှိလာသည့်တိုင်အောင် သွားလာလှုပ်ရှားမှု ပြဿနာကို မည်သို့ ဖြေရှင်းရမည်နည်း။

လင်ယွီရုံ၏ အဖြေက လင်းယွမ်ကို ချက်ချင်း သဘောပေါက်သွားစေခဲ့သည်။

ကြယ်နတ်ဘုရားအဆင့်သို့ ဆင့်ကဲပြောင်းလဲပြီးနောက် ခန္ဓာကိုယ်တွင်းရှိ နှလုံးအမြူတေက ဆွဲငင်အားစက်ကွင်းကို ဖန်တီးပေးခြင်းပင် ဖြစ်သည်။

ထိုဆွဲငင်အားစက်ကွင်းမှတစ်ဆင့် မိမိ၏ ရွေ့လျားစွမ်းအင်ကို ပြောင်းလဲစေကာ ရွေ့လျားသွားလာမှု ရည်ရွယ်ချက်ကို ရရှိနိုင်ခြင်း ဖြစ်သည်။

လင်းယွမ်က ရုတ်တရက် သိချင်စိတ်ဖြင့် "မင်းရော အဲဒီတုန်းက ကြယ်နတ်ဘုရားအဆင့်ကို ရောက်ခဲ့လား" ဟု မေးလိုက်သည်။

လင်ယွီရုံက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ပြီး "အင်း... ဒါပေမဲ့ အဲဒီတုန်းက ကျွန်မ ကြယ်နတ်ဘုရားအဆင့်ကို ရောက်တာ သိပ်မကြာသေးဘူး... အာကာသထဲမှာ ရှင်သန်နိုင်ပေမဲ့ ကျွန်မ နေခဲ့တဲ့ခေတ်က ရေလွှမ်းမိုးမှုကြီး ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ"

"ကြယ်တာရာ ဟင်းလင်းပြင်ထဲမှာ ကြယ်သားရဲတွေ အရမ်းများတယ်... နည်းနည်းလေး သတိလွတ်သွားတာနဲ့ သေဆုံးသွားနိုင်တယ်"

"အဲဒီအချိန်တုန်းက ကျွန်မတို့အားလုံးက ကြယ်တာရာဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ဒီရေလွှမ်းမိုးမှုကြီးရဲ့ ဇာစ်မြစ်ကို စုံစမ်းဖို့ အဲဒီကြယ်မြစ်ထဲကို သွားချင်ခဲ့ကြတာ"

"နှမြောစရာကောင်းတာက ကျွန်မရဲ့ အစွမ်းက မလုံလောက်လို့ ဝင်ခွင့်မရခဲ့ဘဲ... ရှေ့ဆောင်ကြီးတွေ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားတာကိုပဲ ကြည့်နေခဲ့ရတယ်"

လင်းယွမ်က ချက်ချင်းပင် မေးလိုက်သည်။ "သူတို့ အဲဒီ ကြယ်မြစ်ထဲကို ဝင်သွားခဲ့ကြတာလား... ဘာတွေများ စုံစမ်းသိရှိခဲ့လဲ"

ယခုလက်ရှိ ရေလွှမ်းမိုးမှုများ အားလုံးသည် ထိုကြယ်မြစ်မှ လာခြင်းဖြစ်သည်။ ဤကြယ်မြစ်၏ ဇာစ်မြစ်ကို ရှင်းလင်းစွာ သိရှိပါက ပြဿနာအားလုံးကို အလိုအလျောက် ဖြေရှင်းနိုင်မည် ဖြစ်သည်။

လင်ယွီရုံက ခေါင်းခါရမ်းလိုက်ပြီး "ဝင်သွားတဲ့သူတွေ တစ်ယောက်မှ ပြန်ထွက်မလာကြတော့ဘူးလေ"

"အဲဒီကြယ်မြစ်က နတ်ပြည်ကို သွားတဲ့ ဝင်ပေါက်လို့ တချို့က ပြောကြတယ်... တချို့ကလည်း အဲဒီကြယ်မြစ်က ငရဲပြည်ကိုသွားတဲ့လမ်းပဲ... နတ်ဘုရားတွေ ဝင်သွားရင်တောင် အရိုးဆွေးပြီး ဝိညာဉ်ပျက်စီးသွားလိမ့်မယ်လို့ ပြောကြတယ်"

"နောက်ပိုင်းကျတော့ လူ့လောကမှာ ငရဲပြည်ဆိုတဲ့ ဒဏ္ဍာရီတွေ ပျံ့နှံ့လာခဲ့တယ်... ဒါပေမဲ့ ရှေ့ဆောင်ကြီးတွေကတော့ နည်းလမ်းပေါင်းစုံ သုံးပြီး အဲဒီကြယ်မြစ်ထဲကို ဝင်ရောက်စူးစမ်းဖို့ ကြိုးစားခဲ့ကြတာပဲ"

"တစ်ယောက်မှ ပြန်ထွက်မလာကြဘူးလား" ဟု လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည်။

လင်ယွီရုံက ခေါင်းခါလိုက်ပြီး "တစ်ယောက်မှ မရှိဘူး"

လင်းယွမ်မှာ မျက်မှောင်ကြုတ်သွားပြီး "ဒီကြယ်မြစ်က တကယ်တော့ ဘယ်လိုအရာကြီးလဲ... ဘာလို့ ဝင်သွားပြီးတာနဲ့ ပြန်ထွက်လို့ မရတော့တာလဲ"

လင်ယွီရုံက ပြန်မဖြေပေ။ သူမကိုယ်တိုင်လည်း မဖြေနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်ပင် ထိုအထဲတွင် ဘာရှိသလဲဆိုတာကို မသိသောကြောင့် ဖြစ်သည်။

သူမ တစ်သက်တာလုံး၏ အိပ်မက်သည်လည်း ထိုအထဲသို့ ဝင်ရောက်စူးစမ်းရန်ပင် ဖြစ်သည်။

ဤသည်မှာလည်း အောင်မြင်မှုရရှိထားသော ကျင့်ကြံသူ အားလုံးနီးပါး၏ တွေးခေါ်မှုပင် ဖြစ်သည်။

သူတို့နှစ်ဦးစလုံး ဘာစကားမှ ဆက်မပြောကြတော့ဘဲ ကိုယ့်အတွေးနှင့်ကိုယ် နစ်မျောသွားကြသည်။

မကြာမီ ယွိပေါ်သည် ကျန်းယွီကျန်းကို ခေါ်ဆောင်ကာ လျှောက်လာခဲ့သည်။

ကျန်းယွီကျန်းက လင်းယွမ်ကို မြင်သောအခါ ရိုသေလေးစားစွာဖြင့် "ဆရာလင်းယွမ်... ကျွန်တော့်ကို ခေါ်လိုက်တာလား"

လင်းယွမ်က ကျန်းယွီကျန်းကို လှည့်ကြည့်လိုက်ပြီး "ခင်ဗျား ပုံမှန်မဟုတ်ဘူး" ဟု ပြောလိုက်သည်။

ကျန်းယွီကျန်း ကြောင်သွားပြီး စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားကာ အလျင်အမြန် မေးလိုက်သည်။ "ဆရာလင်းယွမ်... ဘာပြောလိုက်တာလဲ"

"ခင်ဗျား ဘေးနားက လူတွေအပေါ် ဆက်ဆံတဲ့ပုံစံက သိပ်ပြီး ပုံမှန်မဟုတ်ဘူး"

လင်းယွမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတက အရင်တုန်းက သံယောဇဉ်တွေကို ဖျက်ဆီးပစ်နိုင်လောက်တဲ့အထိ အစွမ်းမပြင်းဘူး"

"ကျွန်တော် သိထားသလောက်ကတော့ ခင်ဗျားက ခင်ဗျားသမီး ကျန်းဝမ်ကျင်းကို အရမ်းချစ်တာပဲ... ဒါပေမဲ့ စောစောက ခင်ဗျားရဲ့ ပြုမူပုံကို ကြည့်ရတာ အဲဒီလို မဟုတ်ဘူးနော်"

"ကျွန်တော့်ရဲ့ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတကြောင့်လို့တော့ လာမပြောနဲ့... ကျွန်တော် ဖန်တီးထားတဲ့ သင်္ကေတရဲ့ အစွမ်းက ဘယ်လိုလဲဆိုတာ ကျွန်တော် အသိဆုံးပဲ"

ကျန်းယွီကျန်းက ထိုစကားကို ကြားသောအခါ ခါးသက်သက် ပြုံးလိုက်ပြီး "ဆရာလင်းယွမ်... ဆရာ အထင်လွဲနေပါပြီ"

"ကျွန်တော် သူ့အပေါ် ရုတ်တရက် ဒီလောက် ပြင်းပြင်းထန်ထန် ဆက်ဆံလိုက်တာက ကျွန်တော့်သမီးရဲ့ စရိုက်ကို ကျွန်တော် အသိဆုံး ဖြစ်နေလို့ပါ"

"ကျွန်တော်သာ တကယ် အရေးမယူဘူးဆိုရင် သူက ဂရုစိုက်မှာ မဟုတ်ဘဲ ဆရာ့ကို ဆက်ပြီး ရန်စနေဦးမှာပါ"

"ဆရာက သဘောထားကြီးပြီး သူ့ကို အပြစ်မယူဘူး ဆိုရင်တောင်မှ အချိန်ကြာလာရင် တစ်နေ့နေ့ကျ ထိုက်ယန်တောင်နဲ့ ဆရာ့အတွက် ဆိုးရွားတဲ့ အန္တရာယ်တွေ ကျရောက်အောင် သူ လုပ်မိမလားဆိုတာ ကျွန်တော် အာမမခံရဲဘူး"

"အဲဒီနေ့ ရောက်လာမယ့်အစား အခုကတည်းက ကျွန်တော် ဆရာ့အပေါ် ဘယ်လောက် သစ္စာရှိလဲဆိုတာကို သူ တကယ် သိနားလည်သွားအောင် လုပ်ပြီး သူ့ကို လုံးဝ လက်လျှော့သွားအောင် လုပ်လိုက်တာပါ"

လင်းယွမ် ချက်ချင်း အံ့သြသွားသည်။ ကျန်းယွီကျန်းက ဤကဲ့သို့သော အတွေးဖြင့် သူ၏သမီးကို ဆူပူကြိမ်းမောင်းခဲ့ခြင်း ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းဝမ်ကျင်း၏ စရိုက်ကို ပြန်တွေးကြည့်လိုက်ရာ ကျန်းယွီကျန်း ပြောသကဲ့သို့ အမှန်ပင် ဖြစ်နေသည်။

သူသာ သူ၏သမီးကို ကောင်းကောင်းမွန်မွန် ဖျောင်းဖျနေမည်ဆိုပါက အမှန်တကယ်ပင် ထိရောက်မှု ရှိမည်မဟုတ်ပေ။

လင်းယွမ်က ပြုံးလိုက်ပြီး "ခင်ဗျားက ရှင်းရှင်းလင်းလင်း သိသားပဲ" ဟု ပြောလိုက်သည်။

ကျန်းယွီကျန်းက အနေခက်စွာ ပြုံးလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် "ဆရာလင်းယွမ်... ဆရာ့ကို တင်ပြစရာ ကိစ္စတစ်ခု ရှိသေးတယ်" ဟု အလျင်အမြန် ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ပြောလေ"

"စောစောက ကျွန်တော် ပြန်ရောက်သွားတဲ့အချိန်မှာ အရင်တုန်းက တခြားအဖွဲ့က ခေါင်းဆောင်ပိုင်း လူတချို့က ကျွန်တော့်ဆီ လာကြတယ်... သူတို့က ကျွန်တော် ဆရာ့အပေါ် ဒီလောက် သစ္စာခံနေတာကို သိပ်မကျေနပ်ကြဘူးထင်တယ်... ဆရာ့ကို ပြန်ပုန်ကန်ဖို့ ကျွန်တော့်ကို ဖိအားပေးချင်နေကြတာ"

"ဆရာ့အမြင်ကရော ဒီလူတွေကို ဆက်ထားဖို့ လိုသေးလား"

"ဟမ်... ဒီသင်္ဘောပေါ်က လူတွေက ခင်ဗျားလူတွေချည်းပဲ မဟုတ်ဘူးလား"

"အကုန်လုံးတော့ မဟုတ်ပါဘူး... တချို့က ကပ်ဘေးမတိုင်ခင်က စစ်ဗိုလ်ချုပ်တွေလေ... သူတို့က သိမ်းငှက်အဖွဲ့ရဲ့ ဖိအားပေးတာကို ခံရပြီး နောက်ဆုံးမှာ ကျွန်တော်တို့ တိမ်မြူကျွန်းကို လာပူးပေါင်းကြတာပါ"

"ဒါပေမဲ့ သူတို့ကိုယ်တိုင်က စစ်အာဏာရှိနေတော့ အဲဒီတုန်းက ကျွန်တော်တို့လည်း ချိုးငှက်အဖွဲ့ရဲ့ လုပ်ရပ်အတိုင်းပဲ သူတို့ကို အရေးမယူခဲ့ဘူး... အခုဆို အဲဒီလူတွေက ဒီမှာ အထက်တန်းအဆင့် ခေါင်းဆောင်တွေ ဖြစ်နေကြပြီ"

လင်းယွမ် နားလည်သွားသည်။ မည်သည့် အဖွဲ့အစည်းမဆို ဂိုဏ်းဂဏ ကွဲပြားမှုဆိုတာ ရှိစမြဲပင်။

ကျန်းယွီကျန်းနှင့် ဖုန်းကျန့်ကုန်းတို့က ချိုးငှက်အဖွဲ့ စစ်တပ်ကို ဦးဆောင်နေကြရာ ထိုလူများ လာရောက်ခိုလှုံပြီးနောက်တွင် သူတို့ကို သတ်ပစ်မည် မဟုတ်သည်မှာ သေချာသည်။ အခွင့်အရေးနှင့် ရာထူးကြီးများ ပေးကာ ထိုလူများကို စည်းရုံးထားရမည်သာ ဖြစ်သည်။

ယခုမူ ထိုလူများက ငြိမ်မနေနိုင်တော့ဘဲ ကျန်းယွီကျန်းကို မိမိအား ပြန်လည်ရင်ဆိုင်ရန် ဖိအားပေးလိုနေကြပြီ။

နှမြောစရာကောင်းသည်မှာ ထိုလူများက ကျန်းယွီကျန်းသည် မိမိ၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်ရှိနေပြီး မိမိကို ဘယ်တော့မှ သစ္စာဖောက်မည် မဟုတ်ကြောင်းကို လုံးဝ မသိကြခြင်းပင်။

ထိုသို့တွေးမိပြီးနောက် လင်းယွမ်က "အကုန် ရှင်းပစ်လိုက်... အသက်ကြီးတာကို အခွင့်ကောင်းယူပြီး ဆရာလုပ်ချင်တဲ့ အဲဒီလူတွေကို ကျွန်တော် မလိုအပ်ဘူး" ဟု တိုက်ရိုက်ပင် ပြောလိုက်သည်။

"တိမ်မြူကျွန်းကို ပြန်ရောက်ရင်လည်း ဒီလူတွေက ဘယ်နေရာမှာမှ အသုံးဝင်မှာ မဟုတ်ဘူး"

ကျန်းယွီကျန်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် နားလည်ပါပြီ... အခုပဲ သွားရှင်းလိုက်ပါ့မယ်"

"အင်း"

လင်းယွမ်က ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်သည်။

ဘေးနားရှိ ယွိပေါ်မှာ သူတို့နှစ်ဦး၏ စကားဝိုင်းကို အစအဆုံး နားထောင်နေရင်း ကျောပြင်တွင် ချွေးစေးများ ပျံလာကာ အင်္ကျီပင် စိုရွှဲလာသည်ဟု ခံစားလိုက်ရသည်။

သူ စောစောစီးစီး အညံ့ခံလိုက်ပြီး မည်သည့်အတွေးမှ အပိုမရှိခဲ့သည်ကိုပင် ကံကောင်းသည်ဟု မှတ်ယူရမည်။

မဟုတ်ပါက သူလည်း ရှင်းလင်းခံရမည် မဟုတ်ပါလော။

မကြာမီ ကျန်းယွီကျန်း စတင်လှုပ်ရှားတော့သည်။

သင်္ဘောပေါ်တွင် ဆူညံသော အသံများ တိုးတိတ်စွာ ထွက်ပေါ်လာသည်။

ထို့နောက် ဆက်တိုက်ဆိုသလို သေနတ်သံများ ထွက်ပေါ်လာပြန်သည်။

လင်းယွမ်နှင့် လင်ယွီရုံတို့မှာ ကုန်းပတ်ပေါ်တွင် ရပ်နေဆဲဖြစ်ပြီး ထိုကိစ္စများကို သိပ်ပြီး ဂရုမစိုက်ကြပေ။

လင်းယွမ်က "ကြယ်နတ်ဘုရားအဆင့်ကိုရောက်အောင် ဘယ်လို လုပ်ရမှာလဲ" ဟု မေးလိုက်သည်။

လင်ယွီရုံက "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတာ ၁၀၀ရာခိုင်နှုန်းပြည့်သွားရင်... ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်"

"အဲဒီအချိန်က ခန္ဓာကိုယ်က ကြယ်တာရာစွမ်းအင်တွေကို တဖြည်းဖြည်း အသားကျလာနိုင်တယ်"

"အဲဒီအချိန်မှာ လုပ်ရမှာက ဒီစွမ်းအင်တွေကို ခန္ဓာကိုယ်ထဲ စုပ်ယူပြီး ခန္ဓာကိုယ်ကို ဒီစွမ်းအင်တွေနဲ့ အမြဲမပြတ် အသားကျအောင် လုပ်ရမယ်... ပြီးရင် စွမ်းအင်တွေကို နှလုံးနဲ့ ဦးနှောက်ထဲ တဖြည်းဖြည်း သွင်းပြီး နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို တည်ဆောက်ရမှာ"

"ဒီဖြစ်စဉ်တစ်ခုလုံးက အချိန်ယူရတဲ့ ကိစ္စပဲ... ဖြည်းဖြည်းချင်းပဲ စုပ်ယူလို့ရမယ်... လောလို့ မရဘူး"

လင်းယွမ်က သိချင်စိတ်ဖြင့် "ခင်ဗျားပြောတဲ့ ကြယ်တာရာစွမ်းအင်ဆိုတာ တကယ်တော့ ဘာလဲ... သန္ဓေပြောင်းစွမ်းအင်ပဲလား"

လင်ယွီရုံက ခေတ္တမျှ စဉ်းစားလိုက်ပြီး "ဟုတ်တယ်... ဒါပေမဲ့ ကွာခြားချက်လည်း ရှိတယ်" ဟု ပြန်ဖြေသည်။

"အာကာသထဲက သန္ဓေပြောင်းစွမ်းအင်တွေက ကြမ်းတမ်းပြီး စည်းကမ်းမဲ့တယ်... သာမန် လူသားတွေ ဒါမှမဟုတ် သန္ဓေပြောင်းသတ္တဝါတွေက အဲဒါကို စုပ်ယူလို့ မရဘူး"

"တစ်ကြိမ် စုပ်ယူလိုက်တာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ စွမ်းအင်တွေကြောင့် စိတ်ဝိညာဉ်ကို ထိခိုက်စေပြီး အသိစိတ်လွတ်သွားဖို့ အရမ်းလွယ်ကူတယ်"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အပြည့်အဝ အောင်မြင်သွားမှသာ... ခန္ဓာကိုယ်ကြံ့ခိုင်မှုက အများကြီး မြင့်တက်လာပြီး မျိုးရိုးဗီဇကလည်း ပြောင်းလွယ်ပြင်လွယ် ဖြစ်လာမှာမို့ အန္တရာယ်အမျိုးမျိုးကို ခံနိုင်ရည်ရှိလာပြီး... ဒီကြမ်းတမ်းတဲ့ စွမ်းအင်တွေကို တိုက်ရိုက် စုပ်ယူနိုင်မှာ"

"အော်... ဟုတ်သားပဲ... တကယ်တော့ စွမ်းအင်ကျောက်တုံးထဲက စွမ်းအင်တွေက အဲဒီစွမ်းအင်မျိုးပဲ"

"ကျွန်မတို့က စွမ်းအင်ကျောက်တုံးထဲက စွမ်းအင်တွေကို တိုက်ရိုက် စုပ်ယူလို့မရတဲ့ အကြောင်းရင်းကလည်း... အဲဒီကျောက်တုံးထဲက စွမ်းအင်တွေက ဖရိုဖရဲ ဖြစ်နေလို့ပဲ... တိုက်ရိုက်စုပ်ယူလိုက်ရင် စိတ်ဝိညာဉ်ကို ထိခိုက်စေပြီး နောက်ဆုံးမှာ သန္ဓေပြောင်းသွားဖို့ လွယ်ကူတယ်"

"ဒါပေမဲ့ ကြယ်နတ်ဘုရားအဆင့်ကို ရောက်သွားပြီဆိုရင်တော့... စွမ်းအင်ကျောက်တုံးထဲက စွမ်းအင်တွေကို တိုက်ရိုက် စုပ်ယူလို့ ရသွားပြီ"

"တကယ်တော့ စွမ်းအင်ကျောက်တုံးထဲက စွမ်းအင်တွေကို တိုက်ရိုက် စုပ်ယူတာက... ကြယ်တာရာစွမ်းအင်ကို တိုက်ရိုက်စုပ်ယူတာထက် အန္တရာယ် ပိုနည်းသေးတယ်"

"ဘာလို့လဲဆိုတော့ စွမ်းအင်ကျောက်တုံးထဲက စွမ်းအင်တွေက... ကြယ်တာရာစွမ်းအင်တွေ အနည်ထိုင်ပြီး ဖြစ်ပေါ်လာတဲ့ စွမ်းအင်ပုံစံမို့လို့ ပိုပြီး တည်ငြိမ်တယ်လေ"

"ကျွန်မတို့ခေတ်တုန်းကတော့ အဲဒီစွမ်းအင်ကျောက်တုံးတွေကို စွမ်းအင်ကျောက်တုံးလို့ မခေါ်ကြဘူး... ဝိညာဉ်ကျောက်တုံး လို့ ခေါ်ကြတာ"

လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး... ယခင်က သူ လူများကို ခေါ်ဆောင်ကာ ထိုက်ယန်တောင် ပေါ်သို့ စတင်ရောက်ရှိစဉ်က ထိုက်ယန်တောင် အင်အားစုကြီး လေးခုအနက် သတ္တုတွင်းကို နေရာယူထားသော အစွမ်းပိုင်ရှင် ခေါင်းဆောင် ထျန်ဝေ ကို ရုတ်တရက် သတိရသွားသည်။

ထိုသူက ထိုအချိန်က လီယွဲ့ဖုန်း၊ ဝူမုန့်၊ ထူလုံ တို့အထဲတွင် အစွမ်းအထက်ဆုံးဟု ဆိုနိုင်သူ ဖြစ်သည်။

သို့သော် ထိုအချိန်က သူ သတ္တုတွင်းနယ်မြေသို့ သွားရောက်ကာ ထိုသူနှင့် တိုက်ခိုက်ခဲ့စဉ်က တစ်ဖက်လူ၏ အသိစိတ်က သိသိသာသာကို ရှင်းလင်းမှု မရှိတော့သည်ကို ရှင်းလင်းစွာ ခံစားခဲ့ရသည်။

ထိုသူက မီးဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေသဖြင့် ထိုအချိန်က လင်းယွမ်သည် တစ်ဖက်လူမှာ ဒေါသကြီးပြီး ကပ်ဘေးကာလအောက်တွင် ဖိအားများလွန်း၍ ရူးသွပ်သွားခြင်းဟုသာ ထင်မှတ်ခဲ့သည်။

ယခု ပြန်တွေးကြည့်သောအခါ တစ်ဖက်လူသည် စွမ်းအင်ကျောက်တုံးအတွင်းမှ စွမ်းအင်များကို စုပ်ယူကာ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် စွမ်းအင်ကျောက်တုံးထဲမှ စွမ်းအင်များက သူ၏ အသိစိတ်ကို လွှမ်းမိုးသွားခြင်းမှာ သိသာလှသည်။

"တကယ်တော့ စွမ်းအင်ကျောက်တုံးထဲက စွမ်းအင်တွေက စုပ်ယူလို့မရတာ မဟုတ်ဘဲ... အဲဒီတုန်းက ထျန်ဝေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အထဲက စွမ်းအင်တွေရဲ့ ကြမ်းတမ်းတဲ့ ခွန်အားနဲ့ အပြည့်အဝ အသားမကျနိုင်ခဲ့လို့ပဲ"

"စွမ်းအင်ကျောက်တုံးထဲက စွမ်းအင်တွေကို ရေရှည် စုပ်ယူရင် သေချာပေါက် အရူးဖြစ်သွားမှာပဲ"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အောင်မြင်သွားမှသာ... လူ့ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတွေက အတိုင်းအဆမရှိ အစွမ်းထက်လာပြီး... ဒီစွမ်းအင်ကျောက်တုံးထဲက စွမ်းအင်တွေရဲ့ အကြွင်းအကျန် ဆိုးကျိုးတွေကိုစစ်ထုတ်နိုင်မှာမို့... အဲဒီစွမ်းအင်တွေကို တကယ် စုပ်ယူနိုင်မှာ"

လင်းယွမ် သဘောပေါက်သွားပြီး အနာဂတ် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းအပေါ် ယုံကြည်မှု အနည်းငယ် ပိုမို တိုးပွားလာခဲ့သည်။

ဆက်ရန်...

အပိုင်း(၇၆၀) ရှေးခေတ်နှင့် ခေတ်သစ်

အိမ်တွင် သက်ကြီးရွယ်အိုတစ်ဦးရှိခြင်းက ရတနာတစ်ပါး ရှိနေခြင်းနှင့် တူ၏။

လင်ယွီရုံ၏ မျက်နှာက နုပျိုနေသော်လည်း ရှေးခေတ်ကာလမှစ၍ ယခုအထိ အသက်ရှင်နေထိုင်လာသူဖြစ်သည်။ ကြားထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သော်ငြား သူမ၏ ရှေးခေတ်ကာလ အတွေ့အကြုံများမှာ ယနေ့ခေတ်ကာလအထိ အလွန်ပင် တန်ဖိုးကြီးမားလှဆဲပင်။

လင်းယွမ်က သူမထံမှ အလွန်အရေးကြီးသော သတင်းအချက်အလက်များစွာကို ရရှိခဲ့သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ နောက်ထပ် ဆင့်ကဲပြောင်းလဲမည့် အဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသော အယူအဆတစ်ခု ရရှိသွား၏။

"လင်ကျောင်းမြို့ကို သိမ်းပိုက်ပြီးရင်... လေပေါ်ကျွန်း နယ်မြေကို တည်ငြိမ်အောင်လုပ်မယ်... ပြီးတာနဲ့ ငါ့ရဲ့ အချိန်တွေအကုန်လုံးကို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ကျင့်စဉ်မှာ မြှုပ်နှံပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုနှုန်းကို ရာခိုင်နှုန်းပြည့်အထိ မြန်မြန်ရောက်အောင် မြှင့်တင်ရမယ်"

"သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာက ကျင့်ကြံဖို့ အကူအညီပေးနိုင်တာကလွဲရင်... ကျင့်စဉ်တိုးတက်မှုကို ပိုပြီးထိရောက်အောင် မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းများ ရှိသေးလား မသိဘူး"

လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားပြီး လင်ယွီရုံကို ရုတ်တရက် လှည့်ကြည့်ကာ မေးလိုက်သည်။ "ရှေးခေတ်တုန်းက မင်းတို့ဆီမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုနှုန်းကို အမြန်မြှင့်တင်နိုင်တဲ့ နည်းလမ်းတွေများ ရှိခဲ့လား"

လင်ယွီရုံက ခေါင်းအသာညိတ်ပြလိုက်သည်။ "ရှိတယ်... အများကြီးပဲ"

လင်းယွမ်၏ မျက်လုံးများ ချက်ချင်း အရောင်လင်းသွားပြီး အလျင်အမြန် မေးလိုက်၏။ "ဘယ်လိုနည်းလမ်းတွေလဲ"

"အဓိကကတော့ ကျင့်စဉ်ပညာရပ် အမျိုးမျိုးပဲ"

လင်းယွမ် ကြောင်သွားပြီး အနည်းငယ် အံ့ဩသွားသည်။ "ကျင့်စဉ်ပညာရပ်"

ဤစကားလုံးက သူ လုံးဝ ထင်မှတ်မထားသော စကားလုံးပင်။

သန္ဓေပြောင်းအစွမ်း နိုးထလာချိန်မှစ၍ ယခုအထိ လင်းယွမ်တို့သည် ကောင်းကင်နှင့်မြေကြီးကြားရှိ သန္ဓေပြောင်းစွမ်းအင်များကိုသာ အဆင့်ဆင့် စုပ်ယူနေခဲ့ကြခြင်း ဖြစ်သည်။

တစ်ခုတည်းသော ကျင့်ကြံမှုနည်းလမ်းမှာ ထိုက်ယန်တောင် မျိုးရိုးဗီဇ လှုံ့ဆော်မှုနည်းလမ်းသာ ဖြစ်ပြီး ယင်းကို သူက ထိုပေတံထဲမှ ရှာဖွေတွေ့ရှိခဲ့သော အထူးနည်းလမ်းဖြစ်သည်။ ၎င်း၏ သဘောတရားမှာ သင်္ကေတပညာရပ်များပင် ဖြစ်သည်။

ယခု လင်ယွီရုံက သူ့ကို ကျင့်စဉ်ပညာရပ်အကြောင်း ရုတ်တရက် ထည့်ပြောလာသောအခါ မှော်ဆန်သော သိုင်းလောကထဲသို့ ရောက်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

သူ စိတ်ဝင်စားသွားပြီး ချက်ချင်း မေးလိုက်သည်။ "ကျင့်စဉ်ပညာရပ်ဆိုတာ ဘာလဲ"

လင်ယွီရုံက ရှင်းပြလေသည်။ "ရှေးခေတ် အစွမ်းပိုင်ရှင်တွေဟာ သန္ဓေပြောင်းအစွမ်း နိုးထလာပြီးတဲ့နောက်မှာ ယေဘုယျအားဖြင့် သက်တမ်း တော်တော်လေး ရှည်လာကြတယ်"

"ရေတွက်လို့မရတဲ့ နေ့ရက်တွေ ကြာလာတဲ့အခါ... လူတိုင်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုကို အမြန်မြှင့်တင်နိုင်တဲ့ နည်းလမ်းတွေကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာကြပြီး နည်းစနစ်တချို့ကို စုစည်းနိုင်ခဲ့တယ်... နောက်ဆုံးမှာတော့ အမျိုးမျိုးသော ကျင့်စဉ်ပညာရပ်တွေကို ဖော်ထုတ်နိုင်ခဲ့ကြတာပဲ"

"ဘာလို့ ကျင့်စဉ်ပညာရပ် အမျိုးမျိုး ရှိနေရတာလဲဆိုရင်... အဓိကက လူတစ်ယောက်ချင်းစီရဲ့ မျိုးရိုးဗီဇမြေပုံက မတူညီကြလို့ပဲ... ဒါကြောင့် ကျင့်စဉ်တိုးတက်မှုကို မြှင့်တင်ဖို့အတွက် မတူညီတဲ့ နည်းလမ်းတွေ လိုအပ်လာတာပေါ့"

"ကျင့်စဉ်ပညာရပ်တွေက အားလုံးနဲ့ ကိုက်ညီတာ မဟုတ်ဘူး... ဥပမာအနေနဲ့ ရေဓာတ် အစွမ်းပိုင်ရှင်တွေ ဖန်တီးထားတဲ့ ရေဓာတ် ကျင့်စဉ်ပညာရပ်ဆိုရင်... အဲဒါနဲ့ ကိုက်ညီတဲ့ မျိုးရိုးဗီဇမြေပုံ ရှိသူတွေပဲ ကျင့်ကြံလို့ ရတာမျိုးပေါ့"

"တခြားလူတွေ ကျင့်ကြံရင်လည်း အောင်မြင်မှာ မဟုတ်ဘူး... လမ်းချော်ပြီး ရူးသွပ်သွားနိုင်တဲ့အထိတောင် ဖြစ်နိုင်တယ်"

"ကျွန်မကိုပဲ ဥပမာထားကြည့်... ကျွန်မ ကျင့်ကြံထားတာက ပေ့မင် ရေခဲကျင့်စဉ် ပဲ... ဒီကျင့်စဉ်က ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေအတွက်ပဲ သီးသန့်ရည်ရွယ်တာ... ကျင့်ကြံပြီးတာနဲ့ ကျွန်မတို့ ခန္ဓာကိုယ်ထဲက ရေခဲဓာတ် မျိုးရိုးဗီဇတွေက ပိုပြီး တက်ကြွတဲ့ တုံ့ပြန်မှုတွေ ပြသလာလိမ့်မယ်"

"နောင်တစ်ချိန် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့အခါ... မျိုးရိုးဗီဇ ရွေးချယ်မယ်ဆိုရင် ဒီလို တက်ကြွနေတဲ့ မျိုးရိုးဗီဇတွေထဲကနေ ရွေးချယ်လိုက်ရုံပဲ"

"အင်းပေါ့... တကယ့်ကို အစွမ်းထက်တဲ့ အဆင့်မြင့် ကျင့်စဉ်တွေလည်း ရှိသေးတယ်... အဲဒါတွေက စိတ်စွမ်းအင်ကို တိုက်ရိုက် မြှင့်တင်ပေးနိုင်ပြီး အာရုံခံနိုင်စွမ်းကို ပိုထက်မြက်လာစေတာမျိုးပေါ့"

"တချို့ကျတော့လည်း သင်္ကေတအစီအရင်တွေကို အသုံးပြုပြီး... ကိုယ့်ခန္ဓာကိုယ်ထဲက သီးခြား မျိုးရိုးဗီဇတစ်ခုကို တက်ကြွလာအောင် အတင်းအကျပ် လုပ်ကြတယ်... အဲဒီကနေတစ်ဆင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုနှုန်းကို အရှိန်မြှင့်တင်ပြီး အောင်မြင်နိုင်ခြေကို ပိုများစေတာပဲ"

"ပိုပြီး ပြင်းထန်တဲ့ ကျင့်ကြံမှုနည်းလမ်းတချို့လည်း ရှိသေးတယ်... ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကို တိုက်ရိုက်အသုံးချပြီး ခန္ဓာကိုယ်တွင်းက မျိုးရိုးဗီဇတွေကို လှုံ့ဆော်တာမျိုး ဒါမှမဟုတ် ကိုယ့်ရဲ့ စွမ်းအင်တွေကို အာရုံစိုက်စုစည်းပြီး လုံးဝ အာရုံစူးစိုက်မှု အခြေအနေကို ရောက်သွားအောင် လုပ်တာမျိုးတွေပေါ့"

"ကျွန်မတို့ခေတ်တုန်းကတော့ ရှင်တို့ခေတ်လောက် နည်းပညာတွေ မတိုးတက်သေးတော့... ဒီနည်းလမ်းတွေကိုပဲ အသုံးပြုပြီး ကျင့်ကြံခဲ့ရတာပဲ"

လင်းယွမ် နားထောင်ပြီးနောက် ဤတိုးတက်မှုနည်းလမ်းများသည်လည်း လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူက ဤလမ်းကြောင်းဘက်သို့ လုံးဝ တွေးမကြည့်ဖူးခဲ့ပေ။

သို့သော် ခေတ်ကာလတိုင်းတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိစမြဲပင်။

လင်ယွီရုံတို့ခေတ်က ကျင့်စဉ်ပညာရပ်မှတစ်ဆင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုနှုန်းကို မြှင့်တင်ခဲ့ကြပြီး ဤခေတ်ကာလမှ လူများကမူ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုနှုန်းကို မြှင့်တင်ရန်အတွက် နည်းပညာနည်းလမ်းများကို အသုံးပြုရာတွင် ပိုမိုကျွမ်းကျင်ကြသည်။

သို့သော် အခြေခံသဘောတရားအရ ပြောရလျှင် အမှန်တကယ်တော့ အတူတူပင် ဖြစ်သည်။

လူ့ခန္ဓာကိုယ်တွင်းရှိ သီးခြားမျိုးရိုးဗီဇတစ်မျိုးကို ရှာဖွေပြီး ၎င်းတို့ကို အခြားရောနှောနေသော မျိုးရိုးဗီဇများနှင့် ခွဲခြားကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ အောင်မြင်နိုင်ခြေကို မြှင့်တင်ခြင်းသာ ဖြစ်၏။

ကွာခြားချက်မှာ ဤသို့သော လုပ်ဆောင်ပုံနည်းလမ်းများ မတူညီခြင်းသာ ဖြစ်သည်။

ရှေးလူများက ကျင့်စဉ်ပညာရပ်ကို အသုံးပြုကြပြီး ယခုခေတ်လူများက နည်းပညာကို အသုံးပြုကြရုံသာ ဖြစ်၏။

သေချာပေါက် ဤအထဲတွင် ကွာခြားချက်များလည်း ရှိနေသည်။

ရှေးခေတ် အစွမ်းပိုင်ရှင်များ၏ ကျင့်စဉ်ပညာရပ်များသည် သူတို့ကိုယ်တိုင် ကျင့်ကြံရန်အတွက်သာ သင့်တော်ပြီး တစ်ယောက်လျှင် ကျင့်စဉ်တစ်ခုဟူ၍ပင် ရှိနေတတ်သည်။

ဤကျင့်စဉ်ပညာရပ်များသည် မျိုးရိုးဗီဇမြေပုံနှင့် အလွန်တရာ ဆက်စပ်နေ၏။

မတူညီသော မျိုးရိုးဗီဇမြေပုံများအတွက် ကျင့်စဉ်ပညာရပ်များကို ရောနှောအသုံးပြု၍ မရနိုင်ပေ။

ယင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် နည်းပညာနည်းလမ်းများ၏ အသုံးပြုနိုင်သော နယ်ပယ်က ပိုမိုကျယ်ပြန့်လှသည်။

ဥပမာအနေဖြင့် ထိုက်ယန်တောင်၏ သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာဆိုလျှင် လင်းယွမ်တစ်ယောက်တည်းသာ ကျင့်ကြံနိုင်သည် မဟုတ်ဘဲ ထိုက်ယန်တောင် တစ်ခုလုံးရှိ လူများအားလုံး ကျင့်ကြံနိုင်ပေသည်။

ဤသည်ကား နည်းပညာ၏ အားသာချက်ပင်။

"စနစ်ထဲမှာရော လင်ယွီရုံ ပြောတဲ့ မျိုးရိုးဗီဇဆိုင်ရာ ကျင့်စဉ်ပညာရပ်မျိုးတွေ ရှိမလား မသိဘူး"

လင်းယွမ် စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်ပြီး သူ၏ စနစ်မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်ရာ အတွင်းရှိ အမှတ်များမှာ နောက်တစ်ကြိမ် တစ်သန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် အမှတ်တစ်သန်း မပြည့်မီက သူ စစ်ဆေးကြည့်ဖူးရာ ဤအဆင့်ရှိ ကံစမ်းမဲပစ္စည်းများထဲတွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကျင့်စဉ်ပညာရပ်များ ပေါ်မလာခဲ့ပေ။

"နည်းနည်းလောက် ထပ်စုဦးမှပဲ... အမှတ်တွေ နည်းနည်း ပိုများလာတဲ့အထိ စောင့်ပြီး... အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ နဲ့ ကိုက်ညီတဲ့ မျိုးရိုးဗီဇ ကျင့်စဉ်ကို ရှာလို့ရမရ ကြည့်ရမယ်"

"လောလောဆယ်တော့ သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ ကိုပဲ အစားထိုး အသုံးပြုထားလိုက်တော့မယ်"

ထိုအချိန်တွင် လင်ယွီရုံက ရုတ်တရက် မေးလိုက်သည်။ "ဆရာလင်း က ကျင့်စဉ်ပညာရပ် လိုအပ်လို့လား"

လင်းယွမ်က သူမကို ကြည့်ပြီး မေးလိုက်၏။ "ဒါပေါ့... မင်းဆီမှာ ရှိလို့လား"

"ကျွန်မ အိပ်မောမကျခင်တုန်းက အစွမ်းပိုင်ရှင်တွေရဲ့ နောက်ဆုံးခေတ်ကို ရောက်နေပြီလေ... ရေလွှမ်းမိုးမှုကြီးကလည်း ပြီးဆုံးသွားပြီး ကောင်းကင်ယံက ကြယ်တာရာတွေလည်း ပျောက်ကွယ်သွားခဲ့ပြီ"

"သန္ဓေပြောင်းစွမ်းအင်တွေက ကြယ်တာရာတွေ ပျောက်ကွယ်သွားတာနဲ့အတူ တဖြည်းဖြည်း ခန်းခြောက်သွားခဲ့တယ်"

"အဲဒီအချိန်တုန်းက ရှေးခေတ်ကာလရဲ့ ကျင့်ကြံမှုနည်းလမ်းတွေ အများကြီးကို လူတွေက ရှာဖွေတွေ့ရှိခဲ့ကြတယ်"

"နှမြောစရာကောင်းတာက သန္ဓေပြောင်းစွမ်းအင် မရှိတော့... ကျင့်စဉ်ပညာရပ် ရှိနေရင်တောင် အစွမ်းတွေ နိုးထလာဖို့ မဖြစ်နိုင်တော့ဘူး"

"ကျွန်မ အဲဒီတုန်းက သတိထားပြီး ကျင့်စဉ်ပညာရပ် အတော်များများကို ရှာဖွေစုဆောင်းထားခဲ့တယ်... ဆရာလင်း လိုအပ်တယ်ဆိုရင် အချိန်ရတဲ့အခါ ကျွန်မ ရေးပေးမယ်လေ"

လင်းယွမ် ချက်ချင်း ဝမ်းသာသွားပြီး မေးလိုက်သည်။ "ဘယ်လိုအမျိုးအစား ကျင့်စဉ်ပညာရပ်တွေ ရှိလဲ"

"ကျွန်မ အများဆုံး စုဆောင်းထားတာကတော့ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုတဲ့ ဓာတ်ကြီးငါးပါး ကျင့်စဉ်ပညာရပ်တွေပဲ... ခွန်အား အရည်အသွေး ကျင့်စဉ်နဲ့ အလျင် အရည်အသွေး ကျင့်စဉ်တွေလည်း တချို့တော့ ပါတယ်... ဆရာလင်း က ဘယ်လိုအမျိုးအစား လိုအပ်လဲဆိုတာ မသိလို့ပါ"

လင်းယွမ်က မိမိတွင် အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇ ကျင့်စဉ် လိုအပ်ကြောင်း ပြောရန် ပြင်လိုက်သော်လည်း စိတ်ထဲတွင် ရုတ်တရက် သတိဝင်လာသည်။

သူ အပြင်ပန်း ပြသထားသော မျိုးရိုးဗီဇ အသွင်သဏ္ဌာန်များမှာ အပြောင်းအလဲများစွာရှိပြီး ဓာတ်ကြီးငါးပါးစလုံး ပြည့်စုံနေသည်။

လူအများစုက သူ၏ မျိုးရိုးဗီဇ အမျိုးအစားကို ခန့်မှန်း၍မရကြသလို သူ အဓိကထား ကျင့်ကြံနေသော မျိုးရိုးဗီဇမြေပုံမှာ အတိအကျအားဖြင့် မည်သည့်အရာဖြစ်ကြောင်း ပို၍ပင် မသိကြပေ။

လင်ယွီရုံက ဤသို့ ရုတ်တရက် မေးလိုက်ခြင်းကြောင့် မိမိအနေဖြင့် အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမြေပုံ၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသသလို ဖြစ်သွားမည် မဟုတ်ပါလော။

လင်းယွမ်၏ စိတ်ထဲတွင် စနစ် ရှိနေခြင်းက သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ပင် ဖြစ်သည်။

အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမြေပုံမှာလည်း ထိုနည်းတူစွာပင် သူ၏ ဒုတိယ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် အစွမ်းပိုင်ရှင်တစ်ဦး၏ မျိုးရိုးဗီဇမြေပုံကို တစ်ခြားသူများ သိရှိသွားသည်နှင့် ရန်သူများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံရနိုင်ချေ အလွန်များပြားသွားသောကြောင့် ဖြစ်သည်။

အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ သည် အပြောင်းအလဲကို အဓိကထားပြီး အဓိကအချက်မှာ အသွင်အမျိုးမျိုး ပြောင်းလဲနိုင်ခြင်းဖြစ်ကာ လိုက်လျောညီထွေဖြစ်မှု အလွန်အားကောင်းသဖြင့် ပစ်မှတ်ထားခံရရန် မလွယ်ကူသော်ငြားလည်း...

သို့သော် လင်းယွမ်က သူ၏ မျိုးရိုးဗီဇမြေပုံကို လွယ်လွယ်ကူကူ ထုတ်ဖော်မပြချင်သေးပေ။

သူက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ "မင်း သိထားတဲ့ ကျင့်စဉ်ပညာရပ်တွေ အားလုံးကို ချရေးပေးပါ... ငါတို့ ထိုက်ယန်တောင်မှာ အစွမ်းပိုင်ရှင်တွေ အများကြီး ရှိတာဆိုတော့... လိုအပ်မယ့်သူတွေ မနည်းလောက်ဘူး"

လင်ယွီရုံ၏ မျက်ဝန်းထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။

သူမသည် လင်းယွမ်ကို ဒုက္ခပေးချင်နေသည်တော့ မဟုတ်ပေ။ လင်းယွမ်၏ မျိုးရိုးဗီဇမြေပုံမှာ အတိအကျအားဖြင့် မည်သည့်အရာဖြစ်ကြောင်းကို ရိုးရိုးရှင်းရှင်း စူးစမ်းချင်ရုံသာ ဖြစ်သည်။

သူမ ဤမျှကြာရှည်စွာ အသက်ရှင်နေထိုင်လာခဲ့ရာ မျိုးရိုးဗီဇမြေပုံ အမျိုးမျိုးကို မြင်တွေ့ခဲ့ဖူးသော်လည်း လင်းယွမ်ကဲ့သို့ မျိုးရိုးဗီဇ အသွင်သဏ္ဌာန် အများအပြားကို ပိုင်ဆိုင်ထားသော အစွမ်းပိုင်ရှင်မျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။

နှမြောစရာကောင်းသည်မှာ လင်းယွမ်က သတိထားလွန်းနေခြင်းပင်။ သူမမှာ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ ရိုက်သွင်းခံထားရသည်ကိုပင် လင်းယွမ်က သူမအပေါ် ကာကွယ်မှုစိတ်ဓာတ် ထားရှိနေဆဲပင်။

ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ ရှိနေသရွေ့ သူမအနေဖြင့် လင်းယွမ်ကို ထိခိုက်နစ်နာစေလိုသော အတွေးမျိုး လုံးဝ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပေ။

ကျောဘက်မှ သေနတ်သံများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး မကြာမီမှာပင် ကျန်းယွီကျန်း သည် ခန္ဓာကိုယ်ပေါ်တွင် သွေးများပေကျံလျက် လင်းယွမ်၏ ကျောဘက်သို့ ရောက်လာခဲ့သည်။

"ဆရာလင်းယွမ်... အားလုံး ရှင်းလင်းပြီးပါပြီ"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "ခုခံတာမျိုး ကြုံရလို့လား" ဟု မေးလိုက်သည်။

"ဟုတ်ကဲ့... ခေါင်းမာလွန်းတဲ့ အဘိုးကြီး တချို့က သူတို့လက်ထဲက အာဏာလေးနည်းနည်းကို သေမတတ် ဆုပ်ကိုင်ထားပြီး မလွှတ်ချင်ကြဘူးလေ... ဒါကြောင့် သူတို့ကို သတ်ပစ်လိုက်ရတယ်"

"ဒီအဘိုးကြီးတွေက လက်အောက်ငယ်သားတွေကို ထိန်းချုပ်တဲ့ နည်းလမ်းတချို့ ရှိကြတော့... အဲဒီလူတွေက မသေခင် ပြန်လှန်တိုက်ခိုက်ကြသေးတယ်... ဒါပေမဲ့ အလကားပါပဲ"

လင်းယွမ်က ခေါင်းအသာညိတ်ပြလိုက်သည်။ ကျန်းယွီကျန်း ၏ အစွမ်းအစဖြင့် မိမိအပေါ် သဘာဝကျကျ ခြိမ်းခြောက်နိုင်စွမ်း မရှိသော်လည်း ဤသင်္ဘောပေါ်ရှိ လူများအတွက်မူ တကယ့်ကို အစွမ်းထက်သူတစ်ဦးဟု ဆိုနိုင်ပေသည်။

"ကောင်းတယ်... မငြိမ်မသက်ဖြစ်နေတဲ့သူ အားလုံးကို အမြန်ဆုံး ရှင်းလင်းပစ်လိုက်"

"တိမ်မြူကျွန်း ကို ရောက်တာနဲ့... ခင်ဗျားကို ထိုက်ယန်တောင် က လူတွေနဲ့ တာဝန်လွှဲပြောင်းပေးမယ်"

"နားလည်ပါပြီ"

သင်္ဘောကြီးသည် အရှိန်ကုန်ဖြင့် ရှေ့သို့ ဆက်သွားကာ ဆယ်မိနစ်ကျော်အကြာတွင် တိမ်မြူကျွန်း ဘက်သို့ ပြန်ရောက်လာခဲ့လေပြီ။

တိမ်မြူကျွန်း ပေါ်ရှိ မူလက ဤနေရာမှ စစ်တပ်များမှာ မီယွမ်မိုးသစ်တောကျွန်း နှင့် မြေဝါနတ်ဘုရားကျွန်း သို့ ပို့ဆောင်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

မြေဝါနတ်ဘုရားကျွန်း နှင့် မီယွမ်မိုးသစ်တောကျွန်း မှ နေထိုင်သူများမှာမူ ဤနေရာသို့ ပို့ဆောင်ခံခဲ့ရသည်။

တင်းယန်၊ ရှီဟိုင်ကျူး နှင့် အခြားသူများမှာ သက်ဆိုင်ရာ ကိစ္စရပ်များကို စီစဉ်ပေးနေကြသည်။

သင်္ဘောကြီး ရောက်ရှိလာသည်နှင့်အမျှ တင်းယန်၊ ရှီဟိုင်ကျူး နှင့် ဖုန်းကျန့်ကုန်း တို့ လူစုမှာ ချက်ချင်းပင် ထွက်လာ၍ ကြိုဆိုကြသည်။

တင်းယန်က ပျံသန်းလာပြီး လင်းယွမ်ကို မြင်သည်နှင့် ချက်ချင်း မေးလိုက်သည်။ "ဘယ်လိုလဲ... ကျန်းယွီကျန်း ကို ဖမ်းမိပြီလား"

လင်းယွမ်က ပြုံးလိုက်ပြီး မလှမ်းမကမ်းရှိ ကုန်းပတ်ပေါ်မှ စစ်ဝတ်စုံနှင့် ကျန်းယွီကျန်း ကို ညွှန်ပြကာ ပြောလိုက်သည်။ "အဲဒါပဲလေ"

တင်းယန်က ထိုစကားကို ကြားသောအခါ ကျန်းယွီကျန်း ကို လှမ်းကြည့်လိုက်ရာ တစ်ဖက်လူက ရိုသေလေးစားသော အမူအရာဖြင့် ဘေးတွင် ရပ်နေကာ ခေါင်းငုံ့ပြီး နာခံနေသည်ကို မြင်လိုက်ရသဖြင့် အံ့ဩသွားပြီး "သူက... လက်နက်ချလိုက်တာလား" ဟု မေးလိုက်သည်။

လင်းယွမ်က ပြုံးလျက် "ဟုတ်တယ်... နှလုံးအမြူတေကိုလည်း ပေးအပ်ပြီးသွားပြီ... ဒီ တိမ်မြူကျွန်း က ငါတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်း ရဲ့ ပဉ္စမမြောက် ရေပေါ်ကျွန်း ဖြစ်လာတော့မယ်" ဟု ပြောလိုက်သည်။

တင်းယန်လည်း ချက်ချင်း ပြုံးလိုက်ပြီး "အခုကစပြီး... လင်ကျောင်း တစ်မြို့လုံးမှာ ကျွန်မတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်း ပဲ ရှိတော့တာပေါ့"

လင်းယွမ်ကလည်း ပြုံးကာ "လင်ကျောင်းမြို့ ကို သိမ်းပိုက်လိုက်တာက ပထမအဆင့်ပဲ ရှိသေးတယ်... နောက်ပိုင်းမှာ ငါတို့ရဲ့ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုကိုပဲ အာရုံစိုက်ရမယ်... နယ်မြေတွေကို မြန်မြန်ဆန်ဆန် ချဲ့ထွင်ဖို့ မသင့်တော်သေးဘူး" ဟု ပြောသည်။

"ကျွန်မလည်း အဲဒီအကြောင်း ပြောမလို့ပဲ... လင်ကျောင်း က ဒီနယ်မြေတွေကို ကောင်းကောင်း ထိန်းသိမ်းထားဖို့က အခုလောလောဆယ် အရေးအကြီးဆုံးပဲ... ကျွန်မတို့ရဲ့ လူဦးရေက အရမ်းနည်းလွန်းနေတယ်... လက်ရှိ နယ်မြေက ကျွန်မတို့လူတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုံလောက်နေပါပြီ" ဟု တင်းယန်က ပြောသည်။

"လက်တလော အရေးအကြီးဆုံးက အမှန်တကယ်တော့ ရေပေါ်ကျွန်း တွေကို ပိုပြီး သိမ်းပိုက်နိုင်ဖို့ စဉ်းစားသင့်တယ်... ဝေဟင်စိုးမိုးနိုင်စွမ်းကို အမြန်ဆုံး ဆုပ်ကိုင်နိုင်ဖို့က အရေးအကြီးဆုံးပဲ" ဟု တင်းယန်က ပြောလိုက်သည်။

လင်းယွမ်က ခေါင်းအသာညိတ်လိုက်သည်။ တင်းယန်၏ အတွေးက သူနှင့် တစ်ထပ်တည်း ကျနေ၏။

သူ့တွင်လည်း ထိုအကြံအစည်မျိုး ရှိနေသည်။ "မလောပါနဲ့... မုန်ယာကုမ္ပဏီ နဲ့ ခိုက်ရီနည်းပညာ ကုမ္ပဏီတို့က ဒီတစ်ခေါက် အကြီးအကျယ် အထိနာသွားတာဆိုတော့... အချိန်တိုအတွင်းမှာ ငါတို့ကို နောက်တစ်ကြိမ် လာတိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး"

"လူဦးရေ နေရာချထားရေးကို အရင် ဖြေရှင်းမယ်... ပြီးတာနဲ့ ငါ လူတစ်စုကို ခေါ်ပြီး လေဟုန်စီး ငါးလိပ်စွန်ကျွန်း ကို သွားရမယ်... လေတပ် စီမံကိန်းကို အဓိကထား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်"

"ဒါ့အပြင် ဒီတစ်ခေါက် ကျန်းယွီကျန်း ခေါ်သွားတဲ့ သုတေသနပညာရှင်တွေကိုလည်း ငါ ပြန်ဖမ်းလာခဲ့ပြီ... ငါတို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနက ဒီလူတွေနဲ့ ချက်ချင်း ချိတ်ဆက်ပြီး စစ်တပ်ရဲ့ နည်းပညာ အောင်မြင်မှုတွေကို အမြန်ဆုံး အသုံးချနိုင်အောင် လုပ်ရမယ်"

စစ်ပွဲတစ်ခု အနိုင်ရပြီးတိုင်း... စစ်ပွဲအပြီး ရိတ်သိမ်းမှုကြီးတစ်ခု ရှိစမြဲဖြစ်ပြီး စစ်ပွဲရလဒ်များကို အသုံးချရန် အချိန်လည်း လိုအပ်ပေသည်။

လင်းယွမ်က နောက်ဆက်တွဲ ကိစ္စများတွင် ဝင်ရောက်မပါဝင်တော့ဘဲ ရှီဟိုင်ကျူး တို့ကိုသာ တိုက်ရိုက် လွှဲအပ်ကာ ကိုင်တွယ်ဖြေရှင်းစေလိုက်သည်။

ထိုအချိန်တွင် ဖုန်းကျန့်ကုန်း က လျှောက်လာပြီး "ဆရာလင်းယွမ်... ကျွန်တော် သွားပြီး ကျန်းယွီကျန်း နဲ့ စကားနည်းနည်းလောက် ပြောချင်လို့ပါ"

လင်းယွမ်က ကျန်းယွီကျန်း ကို တစ်ချက် ကြည့်လိုက်ပြီး "သွားလေ... သူက လက်နက်ချပြီး အညံ့ခံသွားပါပြီ" ဟု ပြောလိုက်သည်။

ဖုန်းကျန့်ကုန်း က ခေါင်းအသာညိတ်လိုက်ပြီး "ကောင်းပါပြီ... ကျွန်တော် ဘာမှမလုပ်ပါဘူး" ဟု ပြောသည်။

သူက ကျန်းယွီကျန်း ၏ အရှေ့သို့ လျှောက်သွားလိုက်ရာ ကျန်းယွီကျန်း ကလည်း ခေါင်းမော့၍ သူ့ကို ကြည့်လာသည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြပြီး ကျန်းယွီကျန်း ၏ အမူအရာမှာ အနည်းငယ် အနေရခက်နေကာ သက်ပြင်းတစ်ချက်ချ၍ "ဆဲချင်လည်း ဆဲလိုက်ပါတော့" ဟု ပြောလိုက်သည်။

ဖုန်းကျန့်ကုန်း က ခေါင်းကို အသာခါယမ်းလိုက်ပြီး "လူတိုင်းမှာ ကိုယ်ပိုင် ရည်မှန်းချက် ရှိကြတာပါပဲ... အစတုန်းက ငါ တိမ်မြူကျွန်း ကို စွန့်လွှတ်ပြီး ထိုက်ယန်တောင် ကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့တုန်းကလည်း... မင်း ဘာမှ မပြောခဲ့ဘူးလေ... ငါကရော မင်းကို ဘာပြောပိုင်ခွင့် ရှိမှာလဲ" ဟု ပြောသည်။

ကျန်းယွီကျန်း က ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး "ဒါပေမဲ့ ငါက တခြားလူတွေကို စွန့်ပစ်ခဲ့ပြီး... လက်နက်ကိရိယာတွေနဲ့ ရိက္ခာတွေ အားလုံးကို ယူသွားခဲ့တာလေ" ဟု ပြောလိုက်သည်။

ဖုန်းကျန့်ကုန်း က ခေါင်းညိတ်လိုက်ပြီး "ဒီအချက်ကတော့ မင်း တကယ် ဆဲခံရသင့်တယ်... ငါ အဲဒီတုန်းက ထွက်သွားတော့ ဒီလုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို သေချာ ဂရုစိုက်ပေးပါလို့ မင်းကို သေချာပေါက် ပြောခဲ့သေးတယ်လေ" ဟု ပြောသည်။

ကျန်းယွီကျန်း က သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဒီလူတွေက မင်းလိုပဲ ခေါင်းမာလွန်းကြတယ်... တကယ်လို့ ငါသာ တိမ်မြူကျွန်း ကို စွန့်လွှတ်ရအောင်လို့ သူတို့ကို ပြောလိုက်ရင်... သူတို့က ချက်ချင်းပဲ သတင်းဖြန့်လိုက်ကြမှာကို ငါ စိုးရိမ်ခဲ့လို့ပါ" ဟု ပြောလိုက်သည်။

"သင်္ဘောက ဒီလောက်ပဲ ကြီးတာလေ... လူအားလုံးကို မဆံ့နိုင်ဘူး"

"ငါ ရွေးချယ်မှု လုပ်ခဲ့ရတာပါ"

ဖုန်းကျန့်ကုန်း က သင်္ဘောလက်ရန်းတွင် မှီလိုက်ပြီး သက်ပြင်းချကာ "ရေကြီးမှုကြီး စဖြစ်တုန်းက... စစ်တပ်ထဲမှာ ကမောက်ကမတွေ ဖြစ်နေတဲ့ အချိန်ကို မှတ်မိသေးလား... အဲဒီတုန်းက မင်းက ငါ့ဆီကို ပထမဆုံး ပြေးလာခဲ့တဲ့သူလေ"

"အဲဒီတုန်းက မင်း ပြောခဲ့ဖူးတယ်လေ... ငါတို့တွေ ကမောက်ကမ ဖြစ်လို့ မရဘူး... ငါတို့ ကမောက်ကမ ဖြစ်သွားရင် လင်ကျောင်း တစ်မြို့လုံး ကမောက်ကမ ဖြစ်သွားလိမ့်မယ် ဆိုပြီးတော့လေ"

"မင်းပြောတယ်လေ... ငါတို့နှစ်ယောက် ချက်ချင်း ပုန်ကန်မှုကို နှိမ်နင်းပြီး... လူတိုင်းကို အန္တရာယ်ကနေ ကျော်လွှားနိုင်အောင် ကူညီပေးသင့်တယ်... ငါတို့က ပြည်သူ့စစ်သည်တွေပါ ဆိုပြီးတော့"

ကျန်းယွီကျန်း က တိတ်ဆိတ်စွာ နေနေပြီး စိတ်ထဲတွင် ရှက်ရွံ့နေကာ အချိန်အတော်ကြာမှ သက်ပြင်းချ၍ "ငါ အားလုံးကို တောင်းပန်ပါတယ်... ငါတို့ရဲ့ ယုံကြည်ချက်အတွက်လည်း တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။

ဖုန်းကျန့်ကုန်း က ခေါင်းယမ်းလိုက်ပြီး ကျန်းယွီကျန်း ၏ ပခုံးကို ပုတ်ကာ ရယ်မောလိုက်သည်။ "နောက်မကျသေးပါဘူး... ဆရာလင်းယွမ် နောက်ကို လိုက်ပြီး အတူတွဲလုပ်ကြတာပေါ့"

"သူက ယုံကြည်အားထားရတဲ့ သူတစ်ယောက်ပါ... ငါတို့ မလုပ်နိုင်တဲ့ ကိစ္စတွေကို သူက လုပ်နိုင်တယ်"

"အနည်းဆုံးတော့ အခုအချိန်အထိ... သူက ငါတို့ထက် ပိုပြီး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ မဟုတ်လား"

ဆက်ရန်...

နောက်တစ်အုပ်မှာတော့... လင်ယွီရုံဆီကနေ ဘယ်လိုကျင့်စဉ်တွေထွက်လာမလဲ၊ ထိုက်ယန်တောင်ရဲ့နည်းပညာကရော ဘယ်လောက်ထိတိုးတက်သွားမလဲ၊ ခိုက်ရီနဲ့မုန်ယာကုမ္ပဏီတို့ ဘယ်လိုတုံ့ပြန်မလဲ၊ လင်းယွမ်တို့ ထိုက်ယန်တောင်ရဲ့အပေါ်ဘက် ဝေဟင်ကို စိုးမိုးနိုင်မှာလား၊ တစ်ခြားလေပေါ်ကျွန်းတွေကိုရော လုယူနိုင်ဦးမလား၊ မိုးရေတွေ ဆက်တိုက်ကျနေတဲ့ ကမ္ဘာအပြင်က နဂါးငွေ့တန်းကြီးရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ ဘာလို့အရမ်းအဆင့်မြင့်တဲ့သူတွေတောင်မှ အဲ့ဒီထဲဝင်သွားပြီး ပြန်ပေါ်မလာတော့တာလဲ... စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှု အားပေးကြပါဦးနော်။

All Chapters