← Chapters

အခန်း (၃၅၃-၃၅၄)

Vol. 30 Ch. 353-354

အခန်း (၃၅၃-၃၅၄)

Vol. 30 Ch. 353-354

အပိုင်း (၃၅၃)

မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်တို့သည် တစ်ခုနှင့်တစ်ခု အတိုင်းအတာ ပမာဏချင်း မတူညီကြဘဲ ကြီးမား ပြင်းထန်မှု အဆင့်ဆင့် ကွဲပြားလေ့ရှိသည်။

သာဓကအားဖြင့် လွန်ခဲ့သော နှစ်ပေါင်းသုံးရာကျော်ခန့်က ဖြစ်ပွားခဲ့သည့် ဖူဂျီတောင် မီးတောင် ပေါက်ကွဲမှုကြီးကို ကြည့်လျှင် အတိုင်းအတာအားဖြင့် အလွန်အမင်း ကြီးမားလှသည် မဟုတ်သော်လည်း လူပေါင်းနှစ်သောင်းကျော်၏ အသက်ကို ကြွေလွင့်စေခဲ့သည့်တိုင်အောင် အပျက်အစီး ပြင်းထန်ခဲ့‌၏။

အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “အနည်းဆုံး ခန့်မှန်းချက်အရ ဒီတစ်ကြိမ် မီးတောင် ပေါက်ကွဲမှုရဲ့ စွမ်းအင်ဟာ ဟီရိုရှီးမားကို ကြဲချခဲ့တဲ့ အနုမြူဗုံး တစ်သောင်းနီးပါးလောက်နဲ့ ညီမျှပါတယ်။”

‘အနုမြူဗုံး တစ်သောင်းနီးပါးလောက် စွမ်းအင်တဲ့လား။ ကြားရတာတင် အရမ်းကို အံဩစရာ ကောင်းလွန်းနေပြီ။’

အမှတ်(၉) စိတ်ကျန်းမာရေးလူနာ ကွမ်တန်က ဆက်ပြောလိုက်၏။ “မီးတောင် ပေါက်ကွဲမှုဟာ နာရီပေါင်း များစွာ ကြာမြင့်မှာဖြစ်လို့ လူတစ်သိန်းကျော်ထဲမှာ လွတ်မြောက်သွားတဲ့သူတွေ သေချာပေါက် ရှိနိုင်ပါတယ်။ ဒါပေမဲ့ အများစုကိုတော့ သတ်ဖြတ်နိုင်ပါလိမ့်မယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်ရဲ့ လေဟုန်စီးဝတ်စုံက ကျုပ်ကို ပျံသန်းနိုင်အောင်၊ မီးတောင် ပေါက်ကွဲမှုကနေ အောင်မြင်စွာ လွတ်မြောက်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား။”

အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်၏။ “အရမ်း အန္တရာယ်များပါတယ်။ ဒါပေမဲ့ ကျုပ်တို့ လက်တွေ့ အခြေအနေနဲ့ အနီးစပ်ဆုံး ပုံစံတူ ဖန်တီးပြီး ဆရာဝန်ကြီး အနေနဲ့ အကောင်းဆုံး ထောင့်၊ အကောင်းဆုံး အချိန်ကို ရွေးချယ်ပြီး ပျံသန်းထွက်ပြေးနိုင်အောင် လုပ်ပေးနိုင်ပါတယ်။ ဆရာဝန်ကြီးကို အန္တရာယ်ကင်းကင်း လွတ်မြောက်စေရုံသာမက ပြီးပြည့်စုံအောင် ဟန်ရေးပြနိုင်ဖို့ပါ ကူညီပေးပါမယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကောင်းတယ်။ ခင်ဗျား နောက်ဆုံးတော့ သဘောပေါက်သွားပြီပဲ။”

‘ဒီလိုအဆင့်မျိုး ဟန်ရေးပြရမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းနေပြီ။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ လူသိန်းချီကို သတ်ဖြတ်ပစ်တာလေ။ ဒီလို အံ့ဖွယ်လုပ်ရပ်မျိုးက ယွမ်ထျန်းရှဲ့ကို အမှုန့်ဖြစ်သွားအောင် ကြိတ်ချေပစ်နိုင်မှာ သေချာတယ်။’

ထို့နောက် ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် ဂဏန်းတစ်ခု ပေါ်လာပြီး အဆက်မပြတ် ပြောင်းလဲနေ၏။

တာ့ရစ်တောင် မီးတောင်ကြီး ပေါက်ကွဲရန် အချိန်ရေတွက်မှုနှင့် ယွင်ကျုံးဟဲ့၏ အံ့ဖွယ်လုပ်ရပ်များ ပြသကာ ဟန်ရေးပြမည့် အချိန်ရေတွက်မှုလည်း စတင်ပြီ ဖြစ်သည်။

ယွမ်ထျန်းရှဲ့သည် အလွန် ဉာဏ်ကောင်းသော်လည်း ကြီးမားသော အမှားတစ်ခုကို ကျူးလွန်ခဲ့သည်။ ယခုနှစ်အတွင်း တောင်ပိုင်းတွင် ငလျင်များ မကြာခဏ လှုပ်ခတ်ခဲ့ပြီး နေရာအတိအကျ မရှိခဲ့ချေ။ ဤငလျင်ကြောမှာ မိုင်ထောင်ချီ ရှည်လျား၏။

သူသည် သေချာစွာ လေ့လာစောင့်ကြည့်ပြီးနောက် နေရာတစ်ခုမှာမူ အမြဲတမ်း ငြိမ်သက်နေကြောင်း တွေ့ရှိခဲ့၏။ ထိုနေရာမှာ တာ့ရစ်တောင် ဖြစ်သည်။

ငလျင်ကြော တစ်ခုလုံးသည် တာ့ရစ်တောင်ကို ပတ်၍ လှုပ်ခတ်နေသကဲ့သို့ ဖြစ်နေပြီး တာ့ရစ်တောင် သာလျှင် ဘီလူးကြီး တစ်ကောင်ကဲ့သို့ မတ်မတ်ရပ်ကာ တစ်ချက်လေးမှ မလှုပ်ရှားခဲ့ချေ။

လူအများအပြားက ဤအချက်ကို သတိပြုမိခဲ့ကြသောကြောင့် တာ့ရစ်တောင်ကို နတ်တောင် တစ်ခုကဲ့သို့ ပို၍ပင် သတ်မှတ်လာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် တာ့ရစ်တောင်က ငလျင်များကို တားဆီးပေး ထားသောကြောင့် နန်ကျိုး မြို့မှာ ငလျင်ဒဏ် မခံရခြင်း ဖြစ်သည်ဟု ယူဆသောကြောင့်ပင်။

ထို့ကြောင့် ယွမ်ထျန်းရှဲ့သည် လူအင်အား အများအပြားကို အသုံးပြု၍ တာ့ရစ်တောင် ထိပ်တွင် ဟွမ်ထျန်း ဘုရားကျောင်းတော်ကို တည်ဆောက်ရန် ရွေးချယ်ခဲ့ပြီး ဟွမ်ထျန်းဂိုဏ်း၏ သန့်စင်သော နေရာ ဖြစ်လာစေခဲ့သည်။

ထို့အပြင် ဘုရားကျောင်းတော် တည်ဆောက်ပြီးစီးလာသည်နှင့်အမျှ ငလျင်များလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ရာ အမှန်တကယ်ပင် အံ့ဖွယ်ကောင်းသည်ဟု ထင်ရ၏။

သို့သော်ငြား သူ မသိခဲ့သည်မှာ တာ့ရစ်တောင်ကို ဝန်းရံ၍ လှုပ်ခတ်ခဲ့သော ငလျင်များကပင် ဤ သက်ရှင်မီးတောင်ကို နိုးထစေခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် တာ့ရစ်တောင်၏ အောက်ခြေ၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး အရာအားလုံးကို ဖျက်ဆီးပစ်မည့် အပြောင်းအလဲကြီး မတိုင်မီ တိတ်ဆိတ်နေခြင်းသာ ဖြစ်၏။

ငလျင်များကြောင့် မြေကြီးများ ကွဲအက်သွားပြီး မရေမတွက်နိုင်သော ကျောက်ရည်ပူများသည် မြေအောက်တွင် စတင် စီးဆင်းလာကာ တာ့ရစ်တောင် အောက်သို့ စုစည်းလာကြသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည် အဆက်မပြတ် စုစည်းနေပြီး တစ်စထက်တစ်စ ပိုမို ကြီးမားလာသည်။ ဖိအားများ အမြင့်ဆုံးသို့ ရောက်ရှိသွားချိန်တွင် တစ်ခဏအတွင်း ပေါက်ကွဲထွက်လာ ပေလိမ့်မည်။

ဆယ့်နှစ်လပိုင်း ဆယ့်နှစ်ရက်နေ့...

မီးတောင် ပေါက်ကွဲရန် တစ်ရက်အလို ဖြစ်သည်။ တောင်ပိုင်းနိုင်ငံသည် ဘုရင်ကြီး အောက်ယွီအတွက် သုံးရက်ကြာ ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ် ပြုလုပ်ပြီးသွားပြီဖြစ်ရာ နောက်ဆက်တွဲမှာ အစစ်အမှန် တောင်ပိုင်းဘုရင်၏ နန်းတက်ပွဲ အခမ်းအနားပင် ဖြစ်သည်။

မူလ ရွှေရောင် ဘုရင်ထိုင်ခုံကို ဖယ်ရှားလိုက်ပြီး ကျောက်တုံးဖြင့် ပြုလုပ်ထားသော ဘုရင်ထိုင်ခုံကို အစားထိုးလိုက်၏။

ယွမ်ထျန်းရှဲ့က ပြောလိုက်သည်။ “ကျုပ်တို့ တောင်ပိုင်းနိုင်ငံ လိုအပ်တာက အချည်းနှီး ဖြစ်တဲ့ ဇိမ်ကျမှုတွေ၊ ချမ်းသာကြွယ်ဝမှုတွေ မဟုတ်ဘူး။ ကြံ့ခိုင်မှုနဲ့ သံမဏိသွေးတွေပဲ ဖြစ်တယ်။”

အစစ်အမှန် တောင်ပိုင်းဘုရင် ဖူကျသည် မီးလိုနီရဲနေသော ဘုရင်ဝတ်ရုံကို ဝတ်ဆင်ကာ ယွမ်ထျန်းရှဲ့၏ အရှေ့သို့ ဖြည်းညင်းစွာ ရောက်ရှိလာပြီး ဒူးထောက်လိုက်၏။

ယွမ်ထျန်းရှဲ့က မေးလိုက်သည်။ “ဖူကျ… ခင်ဗျား ဟွမ်ထျန်းကို သစ္စာခံဖို့ ဆန္ဒရှိလား။”

“ကျုပ် ဆန္ဒရှိပါတယ်။”

“ဖူကျ… ခင်ဗျား တောင်ပိုင်းနိုင်ငံအတွက် အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိလား။”

“ကျုပ် ဆန္ဒရှိပါတယ်။”

“ဖူကျ… ခင်ဗျား တောင်ပိုင်းနိုင်ငံ ပြည်သူတွေအတွက် အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိလား။”

“ကျုပ် ဆန္ဒရှိပါတယ်။”

မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် သရဖူတစ်ခုကို ထုတ်ယူလိုက်၏။

ဤသရဖူမှာ ရွှေဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ ဆူးရစ်ပင် သစ်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

မလှပသော်လည်း အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ထက်မြက်ကာ တောင်ပိုင်းနိုင်ငံ၏ စိတ်ဓာတ်ကို ကိုယ်စားပြုနေ၏။

“ဒါဆိုရင် ကျုပ်က ဟွမ်ထျန်း နတ်ဘုရား အပေါင်းကို ကိုယ်စားပြုပြီး ခင်ဗျားကို တောင်ပိုင်းဘုရင် အဖြစ် ဘိသိတ်မြှောက်ပေးလိုက်တယ်။”

ယွမ်ထျန်းရှဲ့သည် ဤ ဆူးရစ်သရဖူကို ဖူကျ၏ ခေါင်းပေါ်သို့ ဖြည်းညင်းစွာ ဆောင်းပေးလိုက်တော့သည်။

တောင်ပိုင်းဘုရင် ဖူကျသည် ဒူးထောက်၍ ဦးညွတ်ကာ ပြောလိုက်၏။ “မဟာဆရာသခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။”

နောက်ဆက်တွဲ အနေဖြင့် မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် တောင်ပိုင်းနိုင်ငံ၏ နိုင်ငံတော် တံဆိပ်တုံးကို တောင်ပိုင်းဘုရင် ဖူကျထံသို့ ပေးအပ်လိုက်သည်။

ဤတောင်ပိုင်းနိုင်ငံ၏ နိုင်ငံတော် တံဆိပ်တုံးမှာလည်း မီးလိုနီရဲနေပြီး တာ့ရစ်တောင်၏ ကျောက်ကမ်းပါးကြီး ကွဲအက်ကာ မီးနဂါး ထွက်ပေါ်လာချိန်တွင် အတူတကွ ထွက်ပေါ်လာသော သွေးကျောက်စိမ်း ဖြစ်သည်ဟု ပြောလိုက်၏။

ဤကဲ့သို့သော သွေးကျောက်စိမ်း စုစုပေါင်း ကိုးတုံး ရှိသည်။

တစ်နည်းအားဖြင့် ဤကဲ့သို့သော နိုင်ငံတော် တံဆိပ်တုံးမှာ ယွမ်ထျန်းရှဲ့ ထံတွင် ကိုးတုံးရှိပြီး ဘုရင်ကိုးပါးကို ဘိသိတ်မြှောက်ပေးနိုင်ကြောင်း ထင်ရှားလှ၏။

ဤသည်ကား အမှန်တကယ် ဘုရင်အာဏာကို နတ်ဘုရားက ပေးအပ်ခြင်းပင် ဖြစ်သည်။

တောင်ပိုင်းဘုရင် ဖူကျသည် သွေးကျောက်စိမ်း တံဆိပ်တုံးကို အမြင့်သို့ မြှောက်ကာ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်၏။ “ကျုပ် ကြေညာတယ်။ တောင်ပိုင်းဘုရင် နိုင်ငံ တရားဝင် တည်ထောင်ပြီ။”

ချက်ချင်းပဲ ကွင်းပြင်ပေါ်ရှိ လူထောင်ချီသည် သပ်ရပ်စွာ ဒူးထောက်လိုက်ကြသည်။ “မဟာဆရာသခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ… တောင်ပိုင်းနိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ။”

“မဟာဆရာသခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ… တောင်ပိုင်းနိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ။”

တာ့ရစ်တောင် တစ်ခုလုံးရှိ လူတစ်သိန်းကျော်ကလည်း လိုက်ပါ ဟစ်ကြွေးလိုက်ကြရာ ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးသွားတော့၏။

ဤတစ်ခဏအတွင်း သူတို့သည် အမှန်တကယ်ပင် သွေးဆူလာကြပြီး အဆုံးမရှိသော ဂုဏ်ယူမှုများ၊ အဆုံးမရှိသော စိတ်အားထက်သန်မှုများ ပြည့်နှက်လာကြသည်။

ဤတစ်ခဏအတွင်း သူတို့သည် အမှန်တကယ်ပင် ပိုင်ဆိုင်မှု တစ်ခုကို ခံစားလိုက်ရပြီး မိမိတို့သည် တောင်ပိုင်းလူမျိုးများ ဖြစ်ကြကာ တောင်ပိုင်းဒေသခံများ မဟုတ်တော့ကြောင်း ခံစားလိုက်ရ၏။

ဤတစ်ခဏအတွင်းမှာပင် သူတို့သည် တာ့ကျိုးအင်ပါယာနှင့် အမှန်တကယ် လုံးဝ ပြတ်စဲသွားပြီဟု ခံစားလိုက်ရသည်။

ဖူကျက ဆက်လက် ဟစ်ကြွေးလိုက်၏။ “တောင်ပိုင်းဘုရင် နိုင်ငံဟာ ဟွမ်ထျန်း နတ်နိုင်ငံတော်ရဲ့ အဖွဲ့ဝင် အဖြစ် တရားဝင် ပါဝင်ကြောင်းကို ကျုပ် ကြေညာတယ်။ ဟွမ်ထျန်း နတ်ဘုရားတွေက ကျုပ်တို့ကို ကာကွယ်ပေးပါစေ။ ဟွမ်ထျန်း နတ်ဘုရားတွေက ကျုပ်တို့ကို ကာကွယ်ပေးပါစေ။”

အမှန်တကယ်ပင် ဤ ယွမ်ထျန်းရှဲ့၏ ရည်မှန်းချက်မှာ အလွန် ကြီးမားလှပြီး တောင်ပိုင်းဘုရင် နိုင်ငံလေး တစ်ခုတည်းကို ဂရုမစိုက်ဘဲ ဟွမ်ထျန်း နတ်နိုင်ငံတော်ကို တည်ထောင်လိုခြင်း ဖြစ်သည်။

အနာဂတ်တွင် သူ၏ ဟွမ်ထျန်း နတ်နိုင်ငံတော်ကို တည်ထောင်ပြီးပါက လက်အောက်တွင် ဘုရင်နိုင်ငံ အများအပြား ရှိလာမည်ဖြစ်ပြီး သူကိုယ်တိုင်မှာ အမြင့်ဆုံးသော နတ်ဧကရာဇ်ကြီး ဖြစ်လာမှာဖြစ်၏။

ဖူကျက ဆက်လက် ဟစ်ကြွေးပြန်သည်။ “ကျုပ်တို့ တောင်ပိုင်းဘုရင်နိုင်ငံ တရားဝင် တည်ထောင်ပြီ။ ဘယ်သူတွေ ဝင်ရောက်ချင်လဲ။”

“ကျုပ် ဝင်ရောက်ချင်ပါတယ်။”

“ကျုပ် ဝင်ရောက်ချင်ပါတယ်။”

“ကျုပ် ဝင်ရောက်ချင်ပါတယ်။”

ထိုနေရာတွင် ရှိနေသော လူထောင်ချီက အသံကျယ်ကျယ်ဖြင့် အော်လိုက်ကြ၏။

တောင်ပိုင်းဘုရင် ဖူကျက ပြောလိုက်သည်။ “တစ်ယောက်ချင်းစီ လာခဲ့။”

ဒေသခံ ခေါင်းဆောင်တစ်ဦးက ဖူကျ၏ အရှေ့သို့ လာရောက်ကာ ဒူးထောက်၍ လျှောက်တင်လိုက်၏။ “မဟာဆရာသခင်ကြီးကို အရိုအသေပေးပါတယ်။ ဘုရင်ကြီးကို အရိုအသေပေးပါတယ်။ ကျုပ်နာမည်က ပေါ်လျဲ့ ပါ။ ကျုပ်က ပိုကျိုးရဲ့ ပြည်သူ သုံးသိန်းကိုကိုယ်စားပြုပြီး တောင်ပိုင်းနိုင်ငံ ထဲကို ဝင်ရောက်ပါတယ်။ ဘုရင်ကြီးကို မျိုးဆက်အဆက်ဆက် သစ္စာခံပါမယ်။ မဟာဆရာသခင်ကြီးကို မျိုးဆက်အဆက်ဆက် သစ္စာခံပါမယ်။”

တောင်ပိုင်းဘုရင် ဖူကျသည် ထိုဒေသခံ ခေါင်းဆောင်၏ ခေါင်းပေါ်သို့ လက်တင်ကာ မေးလိုက်သည်။ “ပိုကျိုးက ပေါ်လျဲ့… ခင်ဗျားဟာ ပြည်သူ သုံးသိန်းကို ဦးဆောင်ပြီး တာ့ကျိုးအင်ပါယာနဲ့ အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိလား။ အရိုးကြေကြေ အရေခမ်းခမ်း တောင်ပိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဆန္ဒရှိလား။”

ထိုဒေသခံ ခေါင်းဆောင်က ဦးညွတ်၍ ပြန်ဖြေလိုက်၏။ “ကျုပ် ဆန္ဒရှိပါတယ်။”

ဖူကျက ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်က ခင်ဗျားကို တောင်ပိုင်းနိုင်ငံရဲ့ ပိုကျိုး အုပ်ချုပ်ရေးမှူး၊ ပိုကျိုး စစ်သူကြီး အဖြစ် တရားဝင် ခန့်အပ်လိုက်တယ်။”

ထိုဒေသခံ ခေါင်းဆောင်က နောက်တစ်ကြိမ် ဦးညွတ်ကာ ပြောလိုက်၏။ “ဘုရင်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျုပ် အမိန့်တော်ကို ယူပြီး ပိုကျိုးကို ပြန်သွားပါမယ်။ ပြည်သူ သုံးသိန်းကို ဦးဆောင်ပြီး ပုန်ကန်ကာ တာ့ကျိုးအင်ပါယာရဲ့ အကြမ်းဖက် အုပ်ချုပ်မှုကို တွန်းလှန်ပါမယ်။”

“နောက်တစ်ယောက်။”

ဆက်လက်၍ နောက်ထပ် ဒေသခံ ခေါင်းဆောင်တစ်ဦး ရှေ့သို့တက်လာပြီး ဒူးထောက်ကာ လျှောက်တင် လိုက်၏။ “ကျုပ်က မျန်ကျိုးက ဖန်ကျိုး ပါ။ မျန်ကျိုးရဲ့ ပြည်သူ နှစ်သိန်းကိုကိုယ်စားပြုပြီး တောင်ပိုင်းနိုင်ငံ ထဲကို ဝင်ရောက်ပါတယ်။ ဘုရင်ကြီးကို မျိုးဆက်အဆက်ဆက် သစ္စာခံပါမယ်။ မဟာဆရာသခင်ကြီးကို မျိုးဆက်အဆက်ဆက် သစ္စာခံပါမယ်။”

ဖူကျက မေးလိုက်သည်။ “မျန်ကျိုးက ဖန်ကျိုး… ခင်ဗျားဟာ ပြည်သူ နှစ်သိန်းကို ဦးဆောင်ပြီး တာ့ကျိုးအင်ပါယာနဲ့ အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိလား။ အရိုးကြေကြေ အရေခမ်းခမ်း တောင်ပိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဆန္ဒရှိလား။ “

“ကျုပ် ဆန္ဒရှိပါတယ်။”

တောင်ပိုင်းဘုရင် ဖူကျက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်က ခင်ဗျားကို တောင်ပိုင်းဘုရင် နိုင်ငံရဲ့ မျန်ကျိုး အုပ်ချုပ်ရေးမှူး၊ မျန်ကျိုး စစ်သူကြီး အဖြစ် တရားဝင် ခန့်အပ်လိုက်တယ်။”

ဖန်ကျိုးက ပြောလိုက်သည်။ “ဘုရင်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျုပ် အမိန့်တော်ကို ယူပြီး မျန်ကျိုးကို ပြန်သွားပါမယ်။ ပြည်သူ နှစ်သိန်းကို ဦးဆောင်ပြီး ပုန်ကန်ကာ တာ့ကျိုးအင်ပါယာရဲ့ အကြမ်းဖက် အုပ်ချုပ်မှုကို တွန်းလှန်ပါမယ်။”

တောင်ပိုင်းနယ်မြေ စတုရန်းကီလိုမီတာ တစ်သန်းကျော်တွင် ပြည်နယ်ငါးခုနှင့် ကျိန့်ဟိုင် မြို့စားအိမ်တော် တစ်ခု ပါဝင်သည်။

ဤပြည်နယ်ငါးခုတွင် ပြည်နယ်ခွဲနှင့် ခရိုင် စုစုပေါင်း ခြောက်ဆယ်ရှိပြီး ဒေသခံ သန်းနှစ်ဆယ်ကျော် နေထိုင်ကြ၏။

ယနေ့ တောင်ပိုင်းနိုင်ငံ တည်ထောင်ခြင်း အခမ်းအနားသို့ ပြည်နယ်ခွဲနှင့် ခရိုင် ခြောက်ဆယ်မှ ဒေသခံ ခေါင်းဆောင်များ အားလုံး ရောက်ရှိလာကြပြီး အားလုံးကို ရာထူးတံဆိပ်များ ချီးမြှင့်ကာ ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်စစ်သူကြီး ရာထူးများကို ပူးတွဲ ထမ်းဆောင်စေခဲ့သည်။

လက်ရှိအချိန်တွင် တောင်ပိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်မှာ အလွန် ရိုးရှင်းပြီး ကြမ်းတမ်းသည်။ အရပ်ဖက်နှင့် စစ်ဖက်ဟူ၍ ခွဲခြားထားခြင်း မရှိဘဲ အုပ်ချုပ်ရေးနှင့် စစ်ရေး အာဏာ နှစ်ရပ်လုံးကို တစ်ဦးတည်းကသာ ချုပ်ကိုင်ထားရခြင်း ဖြစ်၏။

ထို့ကြောင့် ဤဒေသခံ ခေါင်းဆောင်များသည် မိမိတို့၏ နယ်မြေများသို့ ပြန်ရောက်သွားပါက ပြည်နယ် အသီးသီး၏ ဒေသခံ ဧကရာဇ်များ ဖြစ်လာကြမှာဖြစ်ပြီး အာဏာအားလုံးကို ချုပ်ကိုင်နိုင်ကြမှာဖြစ်သည်။

ယခင်က တာ့ကျိုးအင်ပါယာကို သစ္စာခံကာ ကျွန်များ၏ ခေါင်းဆောင်အဖြစ် နေခဲ့ရသည်ထက် အများကြီး ပို၍ အာဏာရှိ၏။

ထို့ကြောင့် ပြန်ရောက်သွားပြီးနောက် သူတို့သည် အသက်ကို ပဓာနမထားဘဲ ဒေသခံ ပုန်ကန်သူများကို ဦးဆောင်ကာ တာ့ကျိုးအင်ပါယာ၏ ပြည်နယ်အသီးသီးရှိ အစိုးရရုံးများကို ဖြုတ်ချရန် ကြိုးပမ်းကြမည်မှာ သေချာသည်။

ထို့အပြင် ယခုအချိန်တွင် သူတို့သည် အာဏာအတွက်သာမက ယုံကြည်မှုအတွက်ပါ တိုက်ပွဲဝင်နေကြခြင်း ဖြစ်၏။

ယွမ်ထျန်းရှဲ့မှာ အလွန် အံ့မခန်းဖွယ်ရာ ကောင်းလွန်းသောကြောင့် သူတို့၏ တောင်ပိုင်းနိုင်ငံကို နတ်ဘုရားများက စောင့်ရှောက်ပေးထားပြီး အောင်မြင်မှု သေချာပေါက် ရရှိမည်ဟု အခိုင်အမာ ယုံကြည်သွားကြသည်။

...................................

အပိုင်း (၃၅၄)

တစ်ရက်လုံးလုံး အချိန်ကုန်သွားခဲ့ပြီ ဖြစ်၏။

ယနေ့တွင် ဖူကျသည် ပြည်နယ်ခွဲနှင့် ခရိုင် ခြောက်ဆယ်မှ ဒေသခံ ခေါင်းဆောင်များ အားလုံးကို ရာထူးတံဆိပ်များ ချီးမြှင့်ခဲ့ပြီး တောင်ပိုင်းနိုင်ငံ၏ အထက်တန်း အမတ်များ အားလုံးကိုလည်း ရာထူးများ ခန့်အပ်ခဲ့သည်။

နောက်ဆုံး အမိန့်တော် နှစ်ရပ်မှာ ညီဖြစ်သူ အောက်ချီနှင့် တာ့ကျိုး ပုန်ကန်သူ စစ်သူကြီး လီဝမ်ဖာ တို့အတွက် ဖြစ်၏။

“အောက်ချီကို တောင်ပိုင်းဘုရင် နိုင်ငံရဲ့ ဒု-ဘုရင် အဖြစ် ခန့်အပ်တယ်။”

“လီဝမ်ဖာကို တောင်ပိုင်းဘုရင် နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တယ်။”

ဖူကျ၏ အမိန့်ပေးသံနှင့်အတူ စစ်သည် နှစ်ဖွဲ့သည် ဘုရင်၏ အမိန့်တော်ကိုကိုင်ဆောင်ကာ တောင်ပေါ်မှ အလျင်အမြန် ဆင်းသွားကြပြီး တောင်ပိုင်းသို့ ဦးတည်သွားကြတော့သည်။

အမတ်များ အားလုံးကို ရာထူးခန့်အပ်ပြီးနောက် ဖူကျက နောက်ဆုံး ကြေညာချက်ကို ဖတ်ကြားလိုက်၏။ “ကျုပ်တို့ တောင်ပိုင်းဘုရင် နိုင်ငံဟာ နန်ကျိုးကို မြို့တော်အဖြစ် သတ်မှတ်ပြီး ဟွမ်ကျင်း လို့ အမည် ပြောင်းလဲ သတ်မှတ်တယ်။”

“တောင်ပိုင်းဘုရင် နိုင်ငံ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ။”

လူအများ၏ ဝမ်းမြောက်ဝမ်းသာ ဟစ်ကြွေးသံများကြားတွင် တောင်ပိုင်းဘုရင် နိုင်ငံ တည်ထောင်ခြင်း အခမ်းအနားသည် တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

နောက်တစ်နေ့၊ ဆယ့်နှစ်လပိုင်း ဆယ့်သုံးရက်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

မီးတောင် ပေါက်ကွဲရန် အချိန်ရေတွက်မှု၊ သုံးနာရီသာ ကျန်ရှိတော့သည်။ ယနေ့တွင် တောင်ပိုင်းဘုရင် နိုင်ငံသည် တာ့ကျိုးအင်ပါယာကို စစ်ကြေညာသည့် အခမ်းအနားကို ကျင်းပမှာဖြစ်သည်။

မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် တာ့ကျိုးအင်ပါယာကို စစ်ကြေညာသည့် စာချွန်တော်ကို ဖတ်ကြား၏။

ဤစစ်ကြေညာစာမှာလည်း စာလုံးရေ ထောင်ချီ ရှိပြီး အလွန် ကောင်းမွန်စွာ ရေးသားထားကာ နတ်ပူဇော်စာအောက် လုံးဝ မယုတ်လျော့ချေ။

ဤစစ်ကြေညာစာထဲတွင် တာ့ကျိုးအင်ပါယာကို အပြစ်ကြီး ဆယ့်ကိုးခု တပ်ထား၏။ ဤစစ်ကြေညာစာထဲရှိ စကားလုံးတိုင်းသည် ဒေသခံများ၏ သွေးမျက်ရည်များဖြင့် ပြည့်နှက်နေသည်။

လွန်ခဲ့သော နှစ်ထောင်ချီ သမိုင်းကြောင်းမှ စတင်ကာ တောင်ပိုင်း ဒေသခံများသည် သီးခြား လူမျိုးတစ်မျိုး ဖြစ်ပြီး မြင့်မြတ်သော၊ ကြီးကျယ်ခမ်းနားသော၊ ခွန်အားကြီးမားသော လူမျိုး ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထား၏။

လွန်ခဲ့သော နှစ်ထောင်ချီက ဤနေရာတွင် တာ့ချီအင်ပါယာဟု ခေါ်ဆိုသော ခွန်အားကြီးမားသည့် နိုင်ငံတစ်ခု ရှိခဲ့ဖူးသည်။

ယုတ်မာကောက်ကျစ်သော တာ့ယန် မင်းဆက်သည် လှည့်စားမှုများကို အသုံးပြု၍ တာ့ချီအင်ပါယာကို ဖြိုခွဲခဲ့ပြီး တာ့ချီ လူမျိုးများကို ပြိုကွဲစေကာ ဒေသခံများ ဖြစ်သွားစေခဲ့ခြင်း ဖြစ်၏။

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က တောင်ပိုင်းကျိုးအင်ပါယာသည် တောင်ပိုင်းနယ်မြေကို အရှက်မရှိစွာ ကျူးကျော်ဝင်ရောက်ခဲ့ပြီး မရေမတွက်နိုင်သော တောင်ပိုင်း ဒေသခံများကို သတ်ဖြတ်ကာ သူတို့၏ လယ်ယာမြေများကို လုယူခဲ့ပြီး သားသမီးများကို ကျွန်ပြုခဲ့ကာ ဒေသခံ အားလုံးကို ဝက်များ၊ ခွေးများကဲ့သို့၊ ကျွန်များကဲ့သို့ သဘောထားခဲ့ကြသည်။

တောင်ပိုင်းနိုင်ငံ၏ မြေနေရာတိုင်းသည် ဒေသခံများ၏ သွေးများဖြင့် စွန်းထင်းနေသည်။ ဒေသခံများတွင် ကိုယ်ပိုင်နိုင်ငံ မရှိသောကြောင့် ကျွန်ပြုခံရပြီး အနိုင်ကျင့်ခံရခြင်းသာ ရှိသည်။

သို့သော် ယခုအခါ မတူတော့ချေ။ ဒေသခံများသည် မိမိတို့၏ကိုယ်ပိုင် ဘုရင်နိုင်ငံကို ပိုင်ဆိုင်သွားကြပြီ ဖြစ်သည်။ ဒေသခံများသည် မိမိတို့၏ ဂုဏ်သိက္ခာကို ပိုင်ဆိုင်သွားကြပြီ ဖြစ်၏။

ဤဆယ်စုနှစ်များအတွင်း တာ့ကျိုးသည် မရေမတွက်နိုင်သော ဒေသခံများကို သတ်ဖြတ်ခဲ့ရာ သူတို့၏ သွေးများသည် အလဟဿ ဖြစ်သွားမည် မဟုတ်ချေ။

တောင်ပိုင်းဘုရင် နိုင်ငံ အတွက်၊ ဒေသခံ အားလုံး၏ ဂုဏ်သိက္ခာအတွက် သူတို့သည် တာ့ကျိုးအင်ပါယာနှင့် အဆုံးထိ တိုက်ပွဲဝင်ကြမှာဖြစ်သည်။

ယွမ်ထျန်းရှဲ့က ကြွေးကြော်လိုက်၏။ “ဟွမ်ထျန်း နတ်ဘုရားများက ခင်ဗျားတို့ကို စောင့်ရှောက် ပေးနေတယ်။”

ထိုနေရာတွင် ရှိနေသော ဒေသခံ အထက်တန်း ခေါင်းဆောင်များ အားလုံးသည် နားထောင်ရင်း သွေးဆူလာကြပြီး မျက်ရည်များ ကျဆင်းလာကာ စိတ်ထဲတွင် အဆုံးမရှိသော ဒေါသများနှင့် အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာကြသည်။

လူတိုင်း ပေါက်ကွဲထွက်တော့မတတ် ခံစားလာရပြီး ချက်ချင်း တောင်အောက်သို့ ဆင်းကာ ဤနယ်မြေပေါ်ရှိ တာ့ကျိုးအင်ပါယာမှ လူအားလုံးကို အမြစ်ပြတ် သတ်ဖြတ်ပစ်ချင်စိတ်များ ပေါက်လာကြ၏။

တောင်ပိုင်းဘုရင် ဖူကျသည် ဓားကို ရုတ်တရက် ဆွဲထုတ်ကာ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်သည်။ “တာ့ကျိုးအင်ပါယာနဲ့ အဆုံးထိ တိုက်ပွဲဝင်မယ်။ တာ့ကျိုး ခွေးတွေကို အကုန်သတ်။ ဒီမြေနေရာဟာ ကျုပ်တို့ တောင်ပိုင်းနိုင်ငံ ပိုင်တဲ့ နေရာ၊ ကျုပ်တို့ တောင်ပိုင်းလူမျိုးတွေ ပိုင်တဲ့ နေရာပဲ။ ဒီအပေါ်မှာ ရှိနေတဲ့ သန်းချီတဲ့ တာ့ကျိုး ခွေးတွေကို အကုန်လုံး အမြစ်ပြတ် သတ်ဖြတ်ပစ်မယ်။ အမြစ်ပြတ် သတ်ဖြတ်ပစ်မယ်။”

ဖူကျ၏ ဟစ်ကြွေးသံ ပြီးဆုံးသွားပြီးနောက် ထိုနေရာတွင် ရှိနေသော လူတစ်သိန်းကျော်သည် လက်မောင်း များကို ဝှေ့ယမ်းကာ ရူးသွပ်မတတ် အော်ဟစ်လိုက်ကြ၏။ “တာ့ကျိုးအင်ပါယာ နဲ့ အဆုံးထိ တိုက်ပွဲဝင်မယ်။”

“တာ့ကျိုး ခွေးတွေကို အကုန်သတ်။ အမြစ်ပြတ် သတ်ဖြတ်ပစ်မယ်။ အမြစ်ပြတ် သတ်ဖြတ်ပစ်မယ်။”

ဤရူးသွပ်သော အော်ဟစ်သံများတွင် မိုးတိမ်ကို ထိုးဖောက်မတတ် သတ်ဖြတ်လိုစိတ်များ ပါဝင်နေပြီး မြေကြီးကိုပင် တုန်ခါသွားစေသည်။

ဘုရားကျောင်းတော် အောက်ခြေရှိ အခေါင်းပေါက်အတွင်းမှ ယွင်ကျုံးဟဲ့သည် ဤအော်ဟစ်သံများကို ကြားလိုက်ရချိန်မှာတော့ ကြက်သီးမွေးညင်းများ ထသွားမိ၏။

ဤဒေသခံ တစ်သိန်းကျော်သည်လည်း နျူကလီးယားဗုံး တစ်လုံးကဲ့သို့ သတ်ဖြတ်လိုစိတ်များ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

တောင်အောက်သို့ ဆင်းသွားပြီးနောက် ဤပုန်ကန်သူ တစ်သိန်းကျော်သည် ချက်ချင်း လူသိန်းချီ၊ သန်းချီ အဖြစ်သို့ ပြောင်းလဲသွားမှာဖြစ်၏။

ဒေသခံများမှာ အရိုင်းဆန်ပြီး ကြမ်းတမ်းခက်ထန်ကာ အသိဉာဏ် နည်းပါးသောကြောင့် တစ်စုတစ်စည်းတည်း ဖြစ်သွားပါက ဤဒေသခံ သန်းချီသည် တောင်ပိုင်း တစ်ခုလုံးကို ဖျက်ဆီးနိုင်ရုံသာမက မြောက်ပိုင်းသို့ပင် တက်၍ တာ့ကျိုးကို ကျူးကျော်နိုင်သည်။

ဤဘာသာရေး ယုံကြည်မှုဖြင့် လက်နက်တပ်ဆင်ထားသော လူရိုင်းများသည် တောင်ပိုင်း ရှိ တာ့ကျိုး ပြည်သူ သန်းရှစ်ဆယ်ကို အမှန်တကယ်ပင် အမြစ်ပြတ် သတ်ဖြတ်ပစ်ကြမည်မှာ သေချာ၏။

ထို့နောက် သူတို့သည် မျက်စိရှေ့တွင် မြင်တွေ့ရသော ဒေသခံ မဟုတ်သူ အားလုံးကို သတ်ဖြတ်ပစ်ကြ ပေလိမ့်မည်။

ကျိုင်းကောင်များကဲ့သို့ အဆက်မပြတ် လုယက်ပြီး အဆက်မပြတ် သတ်ဖြတ်ကြမှာဖြစ်၏။

ယွမ်ထျန်းရှဲ့၏ ဘာသာရေး အယူဝါဒနှင့် ရည်ရွယ်ချက်များက ဤပုန်ကန်သူများကို တည်ဆောက်ခြင်း မပြုဘဲ သတ်ဖြတ်ခြင်းကိုသာ ပြုလုပ်စေမှာဖြစ်သည်။

“တာ့ကျိုး ထဲကို ဝင်တိုက်ပြီး ကလဲ့စားချေမယ်။”

“ဟွာလူမျိုးတွေကို အကုန်သတ်မယ်။ ဟွာလူမျိုးတွေကို အကုန်သတ်မယ်။”

ထင်သည့်အတိုင်းပင် မရေမတွက်နိုင်သော ဒေသခံများသည် ဟွာလူမျိုးများကို အကုန်သတ်မည်ဟူသော ကြွေးကြော်သံများကို အော်ဟစ်လာကြ၏။

ဟွာလူမျိုး ဆိုသည်မှာ တာ့ကျိုးအင်ပါယာ တစ်ခုတည်းသာ မဟုတ်ဘဲ တာယင်အင်ပါယာ နှင့် တာရှအင်ပါယာ တို့လည်း ပါဝင်သည်။

“ကောင်းကင်ဘုံက သေဆုံးသွားပြီ၊ ဟွမ်ထျန်းကို တည်ထောင်ရမယ်။” ယွမ်ထျန်းရှဲ့၏ အသံသည် မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

“ချီးတဲ့မှ... အရင်တုန်းက ကျန်းကျောက်ရဲ့ ဟွမ်ကျင်း တပ်ဖွဲ့ ပုန်ကန်တုန်းကလည်း ဒီဆောင်ပုဒ်ပဲလေ။ ဒါပေမဲ့ ဒါကလည်း ပုံမှန်ပါပဲ။ ပုန်ကန်တဲ့အခါ သုံးတဲ့ ကြွေးကြော်သံဆိုတာ ဒီလောက်ပါပဲ။’

အပြင်ဘက်တွင် စစ်ကြေညာသည့် အခမ်းအနားမှ စစ်မြေပြင်သို့ ထွက်ခွာမည့် စစ်သည်များ၏ သစ္စာဆိုပွဲ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အခြေအနေက အနည်းငယ် မကောင်းတော့ချေ။ သူတို့၏ အစီအစဉ်အရဆိုလျှင် မနက်ဖြန်မှ တောင်အောက်သို့ ဆင်းရမည် မဟုတ်ပါလား။

ယခု အခြေအနေကို ကြည့်ရသည်မှာ ဒေသခံ တစ်သိန်းကျော်၏ စိတ်ခံစားချက်များမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ တောင်အောက်သို့ ဆင်းကာ ပုန်ကန်တော့မည့်ဟန် ရှိနေသည်။

“သုံ့ပန်းတွေကို အကုန်သတ်။ တောင်ပိုင်းကျိုး ခွေးတွေကို အကုန်သတ်။”

“သုံ့ပန်းတွေကို အကုန်သတ်။ တောင်ပိုင်းကျိုး ခွေးတွေကို အကုန်သတ်။”

တောင်ပိုင်းဘုရင် ဖူကျက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အမြန်ဆုံး အမြန်နှုန်းနဲ့ နန်ကျိုးကို အမိန့်တော် ပို့လိုက်။ ဒု-ဘုရင် အောက်ချီကို အမိန့်ပေးတယ်။ မြို့ထဲမှာရှိတဲ့ တောင်ပိုင်းကျိုး လူအားလုံးကို အမြစ်ပြတ် သတ်ဖြတ်ပစ်လိုက်။ အမြစ်ပြတ် သတ်ဖြတ်ပစ်လိုက်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့၏ ကြက်သီးမွေးညင်းများ ထောင်မတ်သွားရသည်။

နန်ကျိုး မြို့ထဲတွင် တောင်ပိုင်းကျိုး လူမျိုး အနည်းဆုံး သိန်းချီ ရှိနေပြီး တောင်ပိုင်း စစ်သေနာပတိချုပ် မြို့စားကြီး ကျိုးလုံ နှင့် တောင်ပိုင်းပြည်နယ် ဝန်ကြီးချုပ် အပါအဝင် တောင်ပိုင်းရှိ တောင်ပိုင်းကျိုး အင်ပါယာ၏ အမတ် ရာချီလည်း ပါဝင်နေ၏။

ဤလူ သိန်းချီကို သတ်ဖြတ်ပစ်လိုက်ခြင်းမှာ အလွန် ရူးသွပ်လွန်းသော လုပ်ရပ် ပင်ဖြစ်သည်။ ဤသုံ့ပန်း သိန်းချီကို သတ်ဖြတ်လိုက်သည်နှင့် ဒေသခံ သန်းနှစ်ဆယ်ကျော်သည် နောက်ကြောင်း ပြန်လှည့်၍ မရနိုင်တော့ချေ။

ထို့အပြင် ယခုအချိန်တွင် အပြင်ဘက်၌ သွေးအရက်များ စတင် သောက်သုံးနေကြပြီ ဖြစ်ပုံရသည်။

မရေမတွက်နိုင်သော လူများသည် မိမိတို့၏ လက်ချောင်းများကို ဖြတ်ကာ သွေးများကို အရက်ထဲသို့ စက်ချလိုက်ကြပြီးနောက် သွေးအရက်ပန်းကန်များကို အမြင့်သို့ မြှောက်ထားကြ၏။

မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့၏ အမိန့်ပေးသံကို စောင့်ဆိုင်းကာ သွေးအရက်များကို အကုန် သောက်ပြီးနောက် ပန်းကန်များကို ခွဲကာ တောင်အောက်သို့ ဆင်း၍ တရားဝင် ပုန်ကန်ကြတော့မှာဖြစ်သည်။

သို့သော်ငြား ယခုအချိန်အထိ မီးတောင်ကြီးမှာ ပေါက်ကွဲခြင်း မရှိသေးပေ။ မီးတောင်ဝမှ ချော်ရည်ပူများ စတင်မှုတ်ထုတ်ရန် အချိန်နာရီဝက်ခန့် လိုအပ်နေသေး၏။

တောင်ခြေရှိ လူပေါင်းတစ်သိန်းကျော်မှာ ထိုနာရီဝက်အတွင်း ဘေးလွတ်ရာသို့ ဝေးဝေးလံလံ ပြေးလွှား နိုင်ကြမည် မဟုတ်ရာ မီးတောင်ပေါက်ကွဲမှု၏ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ဖွယ် မရှိချေ။

အကယ်၍ အချိန်ဇယားအတိုင်းသာ စောင့်ဆိုင်းနေပါက ယွင်ကျုံးဟဲ့အနေဖြင့် မိမိ၏ အစွမ်းကို ဟန်ရေးပြရန် အခွင့်အရေး ရတော့မည် မဟုတ်သကဲ့သို့ ယွမ်ထျန်းရှဲ့၏ လှည့်စားထားသော နတ်ဘုရားပုံရိပ်ကိုလည်း အပြီးအပိုင် ချေဖျက်နိုင်တော့မည် မဟုတ်ပေ။

သူသည် ယခုပင် အလျင်အမြန် ထွက်ခွာသွားရန် လိုအပ်နေပြီ ဖြစ်သည်။ မူလအစီအစဉ်ထက် ဆယ်မိနစ်ခန့် စောနေသေးသော်လည်း လက်ရှိအခြေအနေအရ ဤနည်းလမ်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ယွင်ကျုံးဟဲ့ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်၏။ ဤအထုပ်ကို အကုန် သယ်သွား၍ မရနိုင်တော့ သောကြောင့် အရေးကြီးသော ပစ္စည်းများကိုသာ သယ်ဆောင်သွားရတော့မှာဖြစ်သည်။

လေဟုန်စီးဝတ်စုံကို ဝတ်ဆင်လိုက်ပြီး အပြင်ဘက်မှ ဘုရင်ဝတ်ရုံကို ထပ်ဝတ်ကာ လေထီးကိုလည်း တပ်ဆင်လိုက်၏။

ပြီးနောက် အခေါင်းပေါက်ကို ပိတ်ဆို့ထားသော သံပြားကို တွန်းဖွင့်ကာ ယွင်ကျုံးဟဲ့သည် အခေါင်းပေါက်ထဲမှ ထွက်လာပြီး မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထို့နောက် သူသည် ဟွမ်ထျန်း ဘုရားကျောင်းတော်၏ ထိပ်သို့ တက်သွားတော့၏။

‘အားလုံး ဖယ်ကြ။ ကျုပ် ယွင်ကျုံးဟဲ့ ဟန်ရေးပြတော့မယ်။’

“ရွှပ်... ရွှပ်.. ရွှပ်...”

ယခုအချိန်တွင် ဘုရားကျောင်းတော် အပြင်ဘက်၌ မရေမတွက်နိုင်သော ဒေသခံများသည် လက်ချောင်းများကို ဖြတ်ကာ သွေးများကို အရက်ထဲသို့ စက်ချလိုက်ကြပြီး သွေးအရက် ပန်းကန်များကို အမြင့်သို့ မြှောက်ထားကြသည်။

မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့၏ အမိန့်ပေးသံကို စောင့်ဆိုင်းကာ သွေးအရက်များကို အကုန် သောက်ပြီးနောက် ပန်းကန်များကို ခွဲကာ တောင်အောက်သို့ ဆင်း၍ တရားဝင် ပုန်ကန်ကြတော့မှာဖြစ်၏။

ယွမ်ထျန်းရှဲ့၏ လက်ထဲတွင်လည်း ပန်းကန်လုံး တစ်လုံး ရှိနေပြီး အတွင်း၌ သွေးအရက်များ ပါရှိသည်။

“ကောင်းကင်ဘုံက သေဆုံးသွားပြီ။ ဟွမ်ထျန်းကို တည်ထောင်ရမယ်။ နတ်ဘုရားတွေ ကာကွယ်ပေးပါစေ။”

သူ၏ စကားသံ အဆုံးတွင် သူ၏ အရက်ပန်းကန်မှာ ရုတ်တရက် မီးလောင်လာတော့၏။

ထို့နောက် မီးတောက်ထဲမှ နဂါးအရိပ် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် ထို မီးနဂါးသည် ရုတ်တရက် လေထဲသို့ ခုန်တက်လာပြီး ယွမ်ထျန်းရှဲ့၏ အနောက်တွင် မတ်မတ်ရပ် နေတော့သည်။

လူတိုင်း အံ့ဩမှင်သက်စွာဖြင့် ကြည့်ရှုနေကြပြီး နဂါးမှာ ထပ်မံ၍ ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ကြသည်။

ယခင်က နဂါးတစ်ကောင်နှင့် အနည်းငယ် တူရုံသာ ရှိသေးသော်လည်း ယခုအခါတွင် လုံးဝ နဂါးတစ်ကောင် ဖြစ်သွားပြီ ဖြစ်၏။

နဂါးချိုများမှာ ပိုမို ပြည့်စုံလာပြီး နဂါးနှုတ်ခမ်းမွေးများမှာလည်း ပိုမို ပြည့်စုံလာကာ နဂါးခြေသည်းများလည်း အပြည့်အဝ ထွက်ပေါ်လာပြီ ဖြစ်သည်။

မရေမတွက်နိုင်သော လူများ အလွန် ဝမ်းသာသွားကြပြီး နောက်တစ်ကြိမ် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်ကြတော့၏။

“သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ။”

“ကျုပ်တို့ တောင်ပိုင်းနိုင်ငံမှာ နတ်ဘုရား ရှိတယ်၊ နတ်နဂါးရဲ့ စောင့်ရှောက်မှု ရှိတယ်။ ဘာကို စိုးရိမ်စရာ ရှိသေးလဲ။ တောင်ပိုင်းမှာရှိတဲ့ တာ့ကျိုး ခွေးတွေကို အကုန်သတ်နိုင်ရုံသာမက လောကတစ်ခုလုံးကိုတောင် လွှမ်းမိုးပြီး အစစ်အမှန် နတ်နိုင်ငံတော်ကို တည်ထောင်နိုင်မှာ သေချာတယ်။”

တစ်ချိန်တည်းမှာပဲ မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် ကောင်းကင်သို့ မော့ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရှင်မင်းမြတ်... ကောင်းကင်ဘုံကနေ မြင်တွေ့နေရပါသလား။ ကျုပ် မကြာခင်မှာ အရှင်မင်းမြတ်အတွက် ကလဲ့စားချေပေးနိုင်တော့မှာပါ။”

ယွမ်ထျန်းရှဲ့သည် အရက်ပန်းကန်ကို နှုတ်ခမ်းနားသို့ တေ့ကာ တစ်ကျိုက်တည်း မော့သောက်ရန် ပြင်လိုက်၏။

သူတို့ ပြည်နယ်အသီးသီးသို့ ပြန်ရောက်သွားသည်နှင့် တပြိုင်နက် အချိန်တိုအတွင်းမှာပင် ဒေသခံ ပုန်ကန်သူ သန်းချီသည် လက်နက်စွဲကိုင် ပုန်ကန်ကြမှာဖြစ်၏။

ထိုအခါ တာ့ကျိုးအင်ပါယာ၏ ပြည်နယ်အသီးသီးရှိ အစိုးရရုံးများသည် ခုခံနိုင်စွမ်း ရှိပါဦးမည်လား။ လုံးဝ မရှိနိုင်တော့ချေ။

ဤအခြေအနေအရဆိုလျှင် အလွန်ဆုံး လအနည်းငယ်အတွင်းမှာပင် တောင်ပိုင်း ပြည်နယ်အများအပြားမှာ လုံးဝ ကျဆုံးသွားမည်မှာ သေချာသည်။

.............................

All Chapters