← Chapters

အခန်း (၃၅၉-၃၆၀)

Vol. 36 Ch. 359-360

အခန်း (၃၅၉-၃၆၀)

Vol. 36 Ch. 359-360

အခန်း (၃၅၉) ညီလေး၊ အနာဂတ်က မင်းလက်ထဲမှာပါ

ဖုန်လုံးများ လွင့်စင်သွားသည်။

ချောင်ရို့ချန်မှာ မထိမခိုက် ခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် ရပ်နေဆဲပင်။ သူ ခပ်အေးအေးပင် ဆိုလိုက်၏။

“ခွန်အား နည်းနည်းလောက် ထပ်စိုက်ပါဦး၊ ငါ ခံနိုင်ရည် ရှိပါသေးတယ်ဟ”

လင်းပင်အန်း၏ မျက်လုံးထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူ ဒုတိယမြောက်ဓားချက်၊ ထို့နောက် တတိယမြောက်ဓားချက်ကို အလျင်အမြန်ပင် ဆက်တိုက်ခုတ်ပိုင်းလိုက်တော့၏။

မကြာမီမှာပင် ဓားချက်ခုနစ်ချက် ဆက်တိုက် ကျရောက်သွားသည်။

ချောင်ရို့ချန်မှာမူ မူလအနေအထားအတိုင်းပင် ရှိနေပြီး ဒဏ်ရာအနည်းငယ်မျှ မရသည့်အပြင် သူ့အဝတ်အစားပေါ်တွင် ဖုန်မှုန့်တစ်စပင် ကပ်ငြိခြင်းမရှိပေ။

“မဖြစ်နိုင်တာ... ဒါ လုံးဝ မဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ”

လင်းပင်အန်းမှာ တစ်ကိုယ်လုံး တုန်တုန်ရင်ရင်ဖြင့် တီးတိုးရေရွတ်လိုက်မိသည်။

“ပြီးပြီလား”

ချောင်ရို့ချန်က တည်ငြိမ်စွာ မေးလိုက်သည်။

လင်းပင်အန်း အံတင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

“ဟန်ဆောင်နေတာပဲ။ မင်း ဒဏ်ရာ တစ်စက်မှ မရဘူးဆိုတာ ငါ လုံးဝ မယုံဘူး”

ချောင်ရို့ချန်က ခေါင်းခါလိုက်သည်။ “မင်းရဲ့ စိတ်တွေက ဝေဝါးနေတုန်းပဲထင်တယ်။ ကဲ... အခု ငါ့ရဲ့ ခွန်အားအစစ်အမှန်ကို ပြရတာပေါ့”

သူပြောပြောဆိုဆိုနှင့် လက်များကို ဖြည်းညှင်းစွာ ချလိုက်ပြီး ရှေ့သို့ သာမန်ကာလျှံကာ လက်သီးတစ်ချက် ထိုးလိုက်၏။

ထိုလက်သီးချက်နှင့်အတူ ကောင်းကင်နှင့် မြေကြီး၏ အရောင်မှာ ပြောင်းလဲသွားတော့သည်။

“လက်သီးတာအိုအနှစ်သာရပဲ”

“သူ တကယ်ပဲ လက်သီးတာအိုအနှစ်သာရကို နားလည်သဘောပေါက်သွားတာလား”

ပွဲကြည့်ပရိသတ်များထဲမှ အတွေ့အကြုံရင့်သူများပင် ထိုင်ရာမှ ထလိုက်မိ၏။ သူတို့ အံ့အားသင့်စွာ မတ်တပ်ရပ်ကြည့်နေမိကြသည်။

ဝမ်တောက်ကျောင်းတော်၏ တပည့်များမှာလည်း ဆွံ့အလျက်ရှိနေ၏။

‘စီနီယာအစ်ကိုချောင်က တကယ့်ကြောက်ဖို့ကောင်းတာပဲ’

ချွင်

ထိုလက်သီးချက်ကို မြင်လိုက်ရသည်နှင့် လင်းပင်အန်း၏ လက်ထဲမှ ဓားသည် လွတ်ကျ၏။

ထိုလက်သီးတစ်ချက်တည်းကပင် သူ၏ တာအိုနှလုံးသားကို ရိုက်ချိုးလိုက်ပြီး သူ့ဘဝတစ်လျှောက်လုံးတွင် ပြန်လည်ခုခံလိုစိတ်ပင် မရှိတော့လောက်အောင် ဖြစ်သွားစေသည်။

လက်သီးချက် ကျရောက်ခါနီး အချိန်တွင် လက်သီးအရှိန်အဝါများက ကွယ်ပျောက်သွားခဲ့၏။

ကြောက်မက်ဖွယ် လက်သီးတာအိုအနှစ်သာရမှာလည်း အစအနမကျန်အောင် ပျောက်ကွယ်သွားတော့၏။

လင်းပင်အန်း၏ မျက်နှာမှာ ချွေးများဖြင့် ရွှဲစိုနေပြီး ဖြူဖျော့တုန်ရီနေသည်။ သူက သတ်ဖြတ်ခြင်းကုန်းမြေတွင် သေရေးရှင်ရေး တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင် ထိုလက်သီးတစ်ချက်တည်းနှင့် သူသေချာပေါက် အသတ်ခံရတော့မည်ဟု ခံစားလိုက်ရခြင်းပင်။

လက်သီးအရှိန်အဝါများ ပျောက်ကွယ်သွားချိန်တွင် သူ့ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံရသလို ခံစားလိုက်ရ၏။

“ဘာလို့ ငါ့ကို မသတ်တာလဲ”

သူ့ရင်ထဲရှိ သံသယကို မေးမြန်းလိုက်သည်။ သူ့မှတ်ဉာဏ်ထဲတွင် ချောင်ရို့ချန်သည် ရန်သူများကို သနားညှာတာမှုမရှိ ရက်စက်တတ်သူဖြစ်သည်။

“ငါ မင်းကို ဘာလို့ သတ်ရမှာလဲ။ မင်းက ငါ့ရဲ့ မျိုးဆက်တူညီလေး ဖြစ်နေတာကို ထားလိုက်ပါဦး။ ငါတို့ကြားက ကိစ္စက အမြဲတမ်း နားလည်မှုလွဲနေတာ။ မင်းက စိတ်ထဲက စွဲလမ်းမှုတွေမှာ ပိတ်မိနေရုံတင်ပါ”

ချောင်ရို့ချန် တစ်ခဏ ရပ်ပြီးနောက် ဆက်ပြောသည်။

“မင်းရဲ့ သတ်ဖြတ်ခြင်းဓားဆန္ဒက ပြီးပြည့်စုံနေပြီ။ နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ပြီး အထွတ်အထိပ်ကို ရောက်ဖို့ဆိုတာ အချိန်ပဲလိုတော့တယ်”

“ဘုရင်အဆင့်ဟာမင်းရဲ့ အစပဲ ဖြစ်လာလိမ့်မယ်။ သူတော်စင်တစ်ပိုင်းအဆင့် ရောက်ဖို့ဆိုတာလည်း မခက်ခဲပါဘူး။ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်တစ်ယောက်အနေနဲ့ ငါတို့ကျောင်းတော်ရဲ့ အနာဂတ် သူတော်စင်တစ်ပိုင်းတစ်ယောက်ကို စကားနည်းနည်းများတာကြောင့်နဲ့ သတ်မှာမဟုတ်ဘူး”

ဤစကားများက လူအားလုံး၏ အမြင်ကို ပြောင်းလဲသွားစေ၏။

ကျောင်းအုပ်ကြီးက ချူဖုန်းကို ကြည့်ကာ ပြုံးလိုက်သည်။

“ရှောင်ဖုန်း၊ မင်း ရို့ချန်ကို သင်ပေးလိုက်တာက ထိပ်တန်းကျင့်စဉ်တွေတင်မကဘူး၊ လူကျင့်ဝတ်ပိုင်းဆိုင်ရာ သင်ခန်းစာတွေလည်း ပါတာပဲ”

ချူဖုန်း ပြုံးလိုက်၏။

“ကျောင်းအုပ်ကြီးက မြှောက်ပင့်နေပါပြီ။ ရို့ချန်က စိတ်ရင်းမကောင်းတဲ့သူ မဟုတ်ပါဘူး။ သူက အတိတ်မှာ လမ်းမှားရောက်နေခဲ့လို့ အမှားတွေ လုပ်ခဲ့မိရုံပါ။ အခုတော့ သူ့ရဲ့ တာဝန်ဝတ္တရားကို နားလည်သွားပါပြီ”

“ဟုတ်တာပေါ့”

ကျောင်းအုပ်ကြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ ကြားဝင်စွက်ဖက်ရန် အသင့်ပြင်ထားသော်လည်း မမျှော်လင့်ဘဲ ထိုကောင်လေးက နောက်ဆုံးအချိန်တွင် လက်လျှော့လိုက်ခြင်းပင်။

လင်းပင်အန်းသည် ချောင်ရို့ချန်ထံမှ ထိုကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သူ တီးတိုးရေရွတ်လိုက်သည်။

“ဒါတွေအားလုံးက တကယ်ပဲ ငါ့အမှားတွေလား”

ချောင်ရို့ချန် သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။

“ငယ်ရွယ်စဉ်မှာ ဘယ်သူက မမှားဖူးလို့လဲ။ အမှားကို သိပြီး ပြင်ဆင်တာထက် ကြီးမြတ်တာ မရှိပါဘူး။ ကြိုးစားပါ၊ အနာဂတ်က မင်းလက်ထဲမှာ။ တစ်နေ့မှာ မင်းဟာ တစ်ကမ္ဘာလုံးကသိတဲ့ မဟာပဏ္ဍိတတစ်ယောက် ဖြစ်လာမှာ”

“တပည့် မြင့်မြတ်သားတော်ရဲ့ သွန်သင်မှုကို မှတ်သားထားပါ့မယ်”

ယခုတစ်ကြိမ်တွင် လင်းပင်အန်းမှာ လုံးဝ အရှုံးပေးသွားတော့သည်။

သူ ဓားကို ပြန်ယူပြီး ချောင်ရို့ချန်ကို ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားတော့၏။

မည်သူကမျှ လင်းပင်အန်းကို ငတုံးဟု မမှတ်ယူကြပေ။ ထို သတ်ဖြတ်ခြင်းဓားခုနစ်လက်နှင့်ပင် လူများစွာကို ထိတ်လန့်စေခဲ့သည်။

သို့သော် လူတိုင်းကို အထင်ကြီးဆုံးဖြစ်စေခဲ့သူမှာ ချောင်ရို့ချန်ပင်။

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

“မြင့်မြတ်သားတော်ချောင် အစွမ်းထက်ပြီး အောင်မြင်ပါစေ”

ချက်ချင်းပင် အခမ်းအနားတစ်ခုလုံး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော လက်ခုပ်သံများနှင့် အောင်သံများဖြင့် ဟိန်းထွက်သွားတော့၏။

လင်းပအန်း ထွက်ခွာသွားသည်နှင့် မြင့်မြတ်သားတော် ခန့်အပ်ခြင်းအခမ်းအနားသည်လည်း အဆုံးသတ်သွားခဲ့သည်။

ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့၏ အမည်မှာ ယခင်ကထက်ပင် ပိုမိုကျော်ကြားလာခဲ့၏။ အကယ်၍ ပြိုင်ဘက်ကင်းလက်သီးအရှင်ပင် လက်သီးတာအိုအနှစ်သာရကို နားလည်ခဲ့လျှင် ပြိုင်ဘက်ကင်းဓားသမားသည် မည်မျှတောင် ကြောက်စရာကောင်းနေလိမ့်မည်နည်း။

တစ်ကမ္ဘာလုံးက ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော် အခမ်းအနားအကြောင်း တစီစီ ပြောဆိုနေကြစဉ် နျဲ့ရှို့ယွမ်နှင့် တခြားသူများသည် ချူဖုန်းထံမှ နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်ဆင်နေကြလေပြီ။

ယခုတစ်ကြိမ်တွင် ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ပါ နျဲ့ရှို့ယွမ်နှင့်အတူ ကလဲ့စားချေရာသို့ လိုက်ပါရန် ဆုံးဖြတ်ခဲ့ကြ၏။

မထွက်ခွာမီ ချူဖုန်း သူတို့ကို ပြောလိုက်သည်။

“အရင်က စည်းကမ်းအတိုင်းပဲ။ မင်းတို့ မနိုင်ဘူးဆိုရင် မင်းတို့ဆရာရဲ့ နာမည်ကို ထုတ်သုံးလိုက်။ ခဏတာ မာနကြောင့်နဲ့ မင်းတို့ရဲ့ အသက်တွေကို အလဟဿ အဆုံးရှုံးမခံနဲ့”

“တပည့်တို့ ဆရာ့ရဲ့ သွန်သင်မှုကို မှတ်သားထားပါ့မယ်”

သူတို့ တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။

“ကောင်းပြီ”

ချူဖုန်းက ပြုံးလျက် ဆိုလိုက်လေ၏။

“သွားကြတော့၊ ပြီးတော့ ပျော်အောင်လည်း နေခဲ့ကြဦး”

ထိုအဖွဲ့သည် မြောင်တောင်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြရာ ချူဖုန်း၊ ပင်းယန်နှင့် မဟာပဏ္ဍိတရွှေတောင်ပံတို့သာ ကျန်ရစ်ခဲ့၏။

“အစ်ကိုကြီး၊ ကျွန်တော်လည်း မွေးစားအဖေနဲ့အတူ ရက်အနည်းငယ်လောက် တံခါးပိတ်ကျင့်ကြံမလို့။ အစ်ကိုကြီးတို့ရဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေး ကျင့်ကြံတာကို မနှောင့်ယှက်တော့ပါဘူး”

မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန်မှာ အခြေအနေကို နားလည်သူဖြစ်သည်။ မြောင်တောင်ပေါ်တွင် တပည့်ငယ်များ မရှိတော့သဖြင့် သူသည်လည်း ဌာနမှူးကိုးဦးနှင့်အတူ သိုင်းပညာဖလှယ်ရင်း ပျော်ရွှင်မှုကို ရှာဖွေရန် ထွက်သွားတော့၏။

“သွားလေ”

ချူဖုန်းက မထီမဲ့မြင်ဟန်ဖြင့် လက်ခါပြလိုက်သည်။

ဝှစ်ခနဲ အသံနှင့်အတူ မဟာပဏ္ဍိတရွှေတောင်ပံမှာ ပျောက်ကွယ်သွားတော့သည်။ ၎င်းကို မြင်သောအခါ ချူဖုန်းသည် ပင်းယန်၏ ပုခုံးကို ဖက်လျက် တောင်နောက်ဘက်သို့ လျှောက်လှမ်းသွားကာ ရှားရှားပါးပါး ရရှိသော နှစ်ယောက်တည်း အချိန်လေးကို ပျော်ရွှင်စွာ ဖြတ်သန်းရန် ပြင်ဆင်လိုက်တော့၏။

ဝမ်တောက်မြို့တော် မြို့တော်ဝန်အိမ်တော်အတွင်း၌..

ယဲ့ပေ့ရွှမ်နှင့် ဆရာဦးလေးများ ရုပ်ဖျက်နေသည်ကို ကြည့်ပြီး ချင်ယွမ်မှာ ဇဝေဇဝါဖြစ်နေသည်။

“ဆရာ၊ ကျွန်တော်တို့ ဘာလုပ်ကြမလို့လဲ။ ဘာလို့ ကိုယ့်ရုပ်အစစ်ကို ဖုံးကွယ်ထားရတာလဲ”

ယဲ့ပေ့ရွှမ်က ပြုံးလိုက်၏။

“မင်းကတော့ ပြောင်းလဲစရာမလိုပါဘူး။ ငါတို့ကြတော့ နာမည်အရမ်းကြီးနေလို့လေ။ စီနီယာအစ်ကိုနျဲ့ရဲ့ ရန်သူတွေက ငါတို့ကို မြင်ပြီး လန့်ပြေးသွားရင် တစ်ကမ္ဘာလုံးပတ်ပြီး လိုက်ဖမ်းနေရမှာ စိုးလို့”

ချင်ယွမ်က စပ်စုလိုက်သည်။

“ဆရာ၊ စီနီယာဦးလေးနျဲ့ရဲ့ ရန်သူတွေက ဘယ်လိုလူမျိုးတွေလဲ”

“ဘုရင်အဆင့် နှစ်ယောက်ပဲ။ စီနီယာအစ်ကိုနျဲ့ တစ်ယောက်တည်းနဲ့ သူတို့ကို ကိုင်တွယ်နိုင်ပါတယ်။ ငါတို့ လိုက်သွားတာက အဲဒီ့နှစ်ယောက်ရဲ့ နောက်ကွယ်က အင်အားစုတွေကို ရှင်းပစ်ဖို့ပဲ”

ယဲ့ပေ့ရွှမ် ဘုရင်အဆင့် နှစ်ယောက်ကို ဂရုမစိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြောဆိုနေခဲ့သည်။

ချင်ယွမ်မှာ ဆရာက တာအိုပေါင်းစည်းခြင်းအဆင့်ပဲ ရှိသေးတာကို ဘယ်လိုလုပ်ပြီး ဘုရင်အဆင့်တွေကို အထင်သေးနေရတာလဲဟု ပြောချင်ခဲ့သော်လည်း သူ့ဆရာ၏ နောက်ခံကို ပြန်သတိရလိုက်သဖြင့် ထိုစကားကို မျိုသိပ်လိုက်ရသည်။

အနည်းဆုံးတော့ သူကိုယ်တိုင်လည်း သောင်းပြောင်းပညာရပ်ဌာနမှ တပည့်တစ်ဦးပင်။

ခဏအကြာတွင် လူတိုင်း ရုပ်ဖျက်ပြီးသွားကြသည်။ ရှောင်ချန်းမှာ သူ အမြဲဝတ်ဆင်လေ့ရှိသော ဝတ်ရုံနက်ကို ချွတ်လိုက်ပြီး မျိုးရိုးမြင့်တစ်ဦး၏ ဝတ်စုံကို ဝတ်ဆင်လိုက်ရာ သူ၏ မြင့်မြတ်သော ဟန်ပန်နှင့် အတော်ပင် လိုက်ဖက်လှ၏။

ချောင်ရို့ချန်က ဆေးပညာဌာနတွင် ရှိစဉ်က အသွင်အပြင်မျိုးကို ယူလိုက်သည်။

သူ့ညီအစ်ကိုများ အသင့်ဖြစ်သည်ကို မြင်သောအခါ နျဲ့ရှို့ယွမ် ပြောလိုက်သည်။

“ဒါဆိုရင် ထွက်ကြစို့”

“ကောင်းပြီ”

ထိုအဖွဲ့သည် မြို့တော်ဝန်၏ နေရာရွှေ့ပြောင်းအစီအရင်ဆီသို့ အတူတူ သွားရောက်ကာ မည်သူမျှ မရိပ်မိစေဘဲ တိတ်တဆိတ် ပျောက်ကွယ်သွားကြတော့သည်။

အခန်း (၃၆၀) ပေါင်ရှန့်တိုင်းပြည်

ရွှမ်ထျန်းတိုက်ကြီး၏ အနောက်ဘက်ဒေသတွင် ဗုဒ္ဓဘာသာနိုင်ငံများ စုပြုံတည်ရှိနေပြီး နေရာအနှံ့တွင် ဘုရားကျောင်းကန်များဖြင့် ပြည့်နှက်နေလေ၏။

ဤနေရာတွင် မဟာမိုးကြိုးကျောင်းတော်မှာ ဗုဒ္ဓဘာသာကျင့်ကြံသူများအကြား အမြင့်ဆုံးရာထူးကို ရယူထားသည်။

ပေါင်ရှန့်တိုင်းပြည်မှာ ထိုမဟာမိုးကြိုးကျောင်းတော်၏ လက်အောက်ခံ နိုင်ငံကြီးဆယ်နိုင်ငံထဲမှ တစ်ခုဖြစ်၏။ အနောက်ဘက်ဒေသရှိ ဗုဒ္ဓဘာသာနိုင်ငံများစွာထဲတွင်လည်း အမည်ကျော်ကြားသော နိုင်ငံတစ်နိုင်ငံပင်။

ထိုနိုင်ငံကို တည်ထောင်ခဲ့သော ဘိုးဘေး မဟာပဏ္ဍိတ ပေါင်ရှန့်သည် တစ်ချိန်က မဟာမိုးကြိုးကျောင်းတော်တွင် ကျင့်ကြံခဲ့ဖူးသည်ဟုဆိုကြ၏။

မြို့တော်အတွင်းရှိ လျှို့ဝှက်ဗုဒ္ဓကျောင်းတွင် ယခုထိတိုင် သူတော်စင်တစ်ပိုင်းအဆင့် အစောင့်အရှောက်တစ်ဦး ရှိနေဆဲဖြစ်သည်။

လတ်တလောတွင် ပေါင်ရှန့်မြို့တော်မှာ အလွန်စည်ကားလျက်ရှိနေ၏။ ဆယ်နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော ခမ်းနားထည်ဝါလှသည့် ရေမြေပူဇော်ပွဲအား မြို့ရိုးအပြင်ဘက်ရှိ ပေါင်ရှန့်ကျောင်းတွင် မကြာမီ ကျင်းပတော့မည်ဖြစ်ရာ တစ်မြို့လုံးတွင် လူအုပ်ကြီးမှာ လှိုင်းတံပိုးသဖွယ် တိုးဝှေ့နေပြီး ရထားလုံးများမှာလည်း အဝင်အထွက် မပြတ်ရှိနေသည်။

ရထားလုံးအချို့သည် မြို့တံခါးမှတစ်ဆင့် ချောမွေ့စွာ ဝင်ရောက်လာကြသည်။

ရှေ့ဆုံးမှ ရထားလုံးကို မောင်းနှင်နေသော လူငယ်က မြို့ထဲရောက်သည်နှင့် လှမ်းအော်လိုက်၏။

“စီနီယာဦးလေးနျဲ့၊ ကျွန်တော်တို့ ပေါင်ရှန့်မြို့တော်ကို ရောက်ပါပြီ”

ရထားလုံးအတွင်းရှိ နျဲ့ရှို့ယွမ်မှာ ထိုစကားကြောင့် မျက်လုံးများကို ဖွင့်လိုက်ပြီး ပြတင်းပေါက်ကို တွန်းဖွင့်ကာ သူနှင့်စိမ်းသက်နေသော မြို့ကြီးကို ငေးကြည့်လိုက်သည်။

“နှစ်ပေါင်းတစ်ရာကျော်ကြာ ခွဲခွာခဲ့ရပြီး ပြန်ရောက်တော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီပဲ”

သူက တီးတိုးရေရွတ်လိုက်သည်။

ထိုစကားကို ကြားလိုက်ရသဖြင့် ဇက်ကြိုးကို ကိုင်ထားသော ချင်ယွမ်က အလိုအလျောက် မေးလိုက်မိသည်။

“စီနီယာဦးလေးက အနောက်ဘက်ဒေသကဆိုရင် ဘာလို့ ဗုဒ္ဓလမ်းစဉ်ကို မလိုက်ခဲ့တာလဲ”

နျဲ့ရှုယွမ်က ခပ်ပါးပါး ပြုံးလိုက်သည်။ “ငါ့ရဲ့ လူငယ်ဘဝတုန်းက ဗုဒ္ဓဘာသာကို လေ့လာခဲ့ဖူးပါတယ်။ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော်ဟောင်းက ငါ့ကို အမည်ခံတပည့်အဖြစ် လက်ခံခဲ့တယ်လေ။ သူက ငါ့ကို လူ့လောကထဲမှာ နှစ်ပေါင်းတစ်ရာလောက် စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ခိုင်းခဲ့တာ။ ငါသာ လောကီအာရုံတွေကို အကုန်သိမြင်သွားပြီဆိုရင် ကျောင်းတော်ကို ပြန်လာပြီး ဗုဒ္ဓသားတော်အဖြစ် ခန့်အပ်ခံရမှာလေ”

“ဒါပေမဲ့ လူ့အလို နတ်မလိုက်ဘူး ဆိုသလိုပဲ။ အဲဒီညမှာ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်”

သူစကားပြောနေစဉ်တွင် အမြဲတမ်း တည်ငြိမ်နေတတ်သော မျက်နှာပေါ်၌ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ယှက်သန်းသွားလေ၏။

သူက တမင်တကာ ထုတ်လွှတ်လိုက်ခြင်း မဟုတ်သော်လည်း ချင်ယွမ်မှာမူ ကျောချမ်းသွားရသည်။

ဘာဖြစ်ခဲ့သနည်းဟု သူ ဆက်မမေးရဲတော့ပေ။ စီနီယာဦးလေး၏ ဘဝတစ်ခုလုံးကို ပြောင်းလဲစေခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်မည်ဆိုသည်မှာတော့ သေချာလှ၏။ သို့မဟုတ်ပါက နျဲ့ရှို့ယွမ်မှာ သူ၏ ညီအစ်ကိုများနှင့် အကြီးအကဲများကို ခေါ်ဆောင်ကာ ကလဲ့စားချေသည့် လမ်းပေါ်သို့ ရောက်လာမည်မဟုတ်ပေ။

ချင်ယွမ် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ “စီနီယာဦးလေး၊ ကျွန်တော် ကြားဖူးတာကတော့ ရဟန်းတွေက အိမ်ထောင်ပြုလို့၊ သားသမီးယူလို့ မရဘူးဆို။ အဲဒီဆရာတော်ဟောင်းက ဘာလို့ ဦးလေးကို လူ့လောကထဲမှာ ကျင်လည်ခိုင်းရတာလဲ”

နျဲ့ရှို့ယွမ် ဖြည်းညှင်းစွာ ပြန်ဖြေသည်။ “သူတို့ပြောလေ့ရှိတာက လောကီအာရုံထဲကို ဝင်ရောက်နိုင်မှသာ အဲဒီအာရုံကနေ လွတ်မြောက်နိုင်မှာတဲ့။ ပေါင်ရှန့်တိုင်းပြည်မှာ ရဟန်းအတော်များများဟာ လူဝတ်ကြောင်ဘဝမှာ အိမ်ထောင်ပြု သားသမီးယူပြီးမှ လောကီကိစ္စတွေကို အဖြတ်အတောက်လုပ်ပြီး သာသနာ့ဘောင်ထဲကို လုံးဝဥဿုံ ဝင်ကြတာလေ”

သတ်ဖြတ်ခြင်းအငွေ့အသက်များ လျော့ပါးသွားသည်ကို ခံစားမိမှ ချင်ယွမ်လည်း သက်ပြင်းတစ်ချက်ကို ခိုးချလိုက်မိသည်။

“ဪ... ဒီလိုကိုး။ ပေါင်ရှန့်တိုင်းပြည်ရဲ့ ဗုဒ္ဓလမ်းစဥ်က တကယ်ကို ထူးခြားတာပဲ”

နျဲ့ရှို့ယွမ် ဘာမှမပြောတော့ဘဲ ပြတင်းပေါက်ကို ပြန်ပိတ်ကာ မျက်လုံးမှိတ်လျက် ပြန်လည်ကျင့်ကြံနေတော့သည်။ ဘာစကားမှ မပြောခဲ့သလိုပင်။

နာရီဝက်ခန့်အကြာတွင်

ရထားလုံးအဖွဲ့သည် ကောင်းမွန်ပုံရသော တည်းခိုခန်းတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။

သူတို့အဖွဲ့မှာ လူများသဖြင့် တည်းခိုခန်း၏ နောက်ဘက်ရှိ ဝင်းတစ်ခုလုံးကို တိုက်ရိုက် ငှားရမ်းလိုက်ကြ၏။

လူတိုင်း အခြေကျသွားသည်နှင့် ချောင်ရို့ချန် မေးလိုက်သည်။

“စီနီယာအစ်ကိုနျဲ့၊ ကျွန်တော်တို့ ဘယ်တော့ စလှုပ်ရှားကြမလဲ”

နျဲ့ရှို့ယွမ်က ပြုံး၏။

“မလောပါနဲ့။ နောက် ခုနစ်ရက်နေရင် ပေါင်ရှန့်ရဲ့ ရေမြေပူဇော်ပွဲမှာ အဲဒီ လူယုတ်မာနှစ်ယောက်နဲ့ ငါတို့ ဆုံရလိမ့်မယ်”

ထိုစကားကို ကြားသောအခါ ချောင်ရို့ချန် မေးလိုက်သည်။

“သူတို့က နှစ်ကိုယ်တူလမ်းစဉ် ကို ကျင့်ကြံတာများလား”

နျဲ့ရှို့ယွမ် ခေါင်းခါပြသည်။ “မဟုတ်ဘူး။ သူတို့နှစ်ယောက်လုံးက မျိုးရိုးမြင့်အိမ်တော်ကပဲ။ ဒီလို ခမ်းနားတဲ့ပွဲမျိုးမှာ သူတို့ သေချာပေါက် ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျမှ ငါ လှုပ်ရှားမယ်”

ကျန်သည့်သူများကလည်း သူ့ကို ချက်ချင်းပင် လက်မထောင်ပြလိုက်ကြသည်။

ချောင်ရို့ချန်က ဆက်ပြော၏။ “စီနီယာအစ်ကို၊ ဒီလိုအချိန်မျိုးမှာ လှုပ်ရှားဖို့ အစ်ကိုပဲ စဉ်းစားနိုင်တာပဲ။ ဒါနဲ့ အဲဒီလူနှစ်ယောက်ရဲ့ နာမည်က ဘယ်သူတွေလဲ ကျွန်တော်တို့ အခုထိ မသိရသေးဘူး”

“သူတို့နာမည်က ဘုရင်ကျင်းလွန်နဲ့ ဘုရင်ဝူရှတဲ့”

နန့်ရှုယွမ် ထိုအမည်များကို တည်ငြိမ်စွာ ပြောလိုက်၏။ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ တဖွားဖွားပေါ်နေသော်လည်း အပြင်သို့ ယိုစိမ့်မထွက်စေရန် သူ ထိန်းထားသည်။

လူများမှာ ထိုဘွဲ့အမည်နှစ်ခုကို စိတ်ထဲတွင် မှတ်သားထားလိုက်ကြတော့၏။

ရှောင်ချန်က ဆိုသည်။

“စီနီယာအစ်ကိုနျဲ့၊ အေးအေးဆေးဆေး နားနားနေနေ နေပါဦး။ ကျွန်တော် ကျင်းကျင်းတို့အဖွဲ့ကို ခေါ်ပြီး အပြင်ထွက် ပတ်ကြည့်လိုက်ဦးမယ်”

“ကောင်းပါပြီ”

နျဲ့ရှို့ယွမ် ခေါင်းညိတ်ရုံသာ ညိတ်၍ တုံ့ပြန်လိုက်သည်။

ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားကြ၏။

လမ်းတစ်လျှောက်လုံး ခရီးနှင်လာခဲ့ရသဖြင့် လည်ပတ်ရန် အခွင့်အရေး မရခဲ့ချေ။ ယခုမှသာ အပြင်ထွက်ပြီး ပျော်ပါးရန် အခွင့်အရေး ရတော့သည်။

ရှောင်ချန်းက သူ့ ဂျူနီယာညီမငယ်နှစ်ယောက်၏ စိတ်ကူးကို မရိပ်မိဘဲ နေပါမည်လော။ သူကပင် အရင်စပြောလိုက်သည်။

“သွားကြစို့”

“ဟုတ်ကဲ့၊ စီနီယာအစ်ကို”

မိန်းကလေးနှစ်ဦးသည် လွီယွဲ့အာ၏ လက်မောင်တစ်ဖက်စီကို ဆွဲကိုင်ကာ ရယ်ရယ်မောမောဖြင့် အပြင်သို့ ခေါ်ဆောင်သွားကြပြီး ရှောင်ချန်းသည် ထိုအမျိုးသမီးသုံးဦး၏ နောက်မှ အေးအေးလူလူ လိုက်ပါသွားသည်။

တည်းခိုခန်းမှ ထွက်သည်နှင့် အမျိုးသမီးသုံးဦးသည် စည်ကားနေသော လမ်းမထက်တွင် လျှောက်လည်ကြတော့၏။ သူတို့မှာ ကျင့်ကြံသူများ ဖြစ်ကြသဖြင့် လူအုပ်ကြီးမည်မျှပင် ထူထပ်ပါစေ သူတို့၏ ခြေလှမ်းများကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

မကြာမီမှာပင် စည်ကားလှသော ဈေးတန်းတစ်ခုသို့ ရောက်ရှိသွားကြသည်။

မိန်းကလေးနှစ်ဦးသည် ပစ္စည်းအတော်များများကို ဝယ်ယူပြီးနောက် အပြန်တွင် နောက်ဘက်မှ လှောင်ပြောင်သရော်သံတစ်ခုက ထွက်ပေါ်လာလေ၏။

“အဲဒီမှာ ရပ်လိုက်စမ်း”

ထိုအသံကို ကြားလိုက်ရသဖြင့် ချန်ကျင်းကျင်းမှာ မျက်မှောင်ကြုတ်သွားသည်။

အင်အားကြီးသူများ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာသော ပိုင်ကျင်းနှင့်မတူဘဲ သူမကိုယ်တိုင်မှာ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သူဖြစ်၏။

လမ်းဘေးတွင် ပြန်ပေးဆွဲခြင်းနှင့် အတင်းအဓမ္မ နှောင့်ယှက်ခြင်းများကို သူမ အကြိမ်ပေါင်းများစွာ မြင်ဖူးသည်။ ဤကဲ့သို့ ရုတ်တရက် အော်ဟစ်သံမှာ ပြဿနာရှာတော့မည်ဖြစ်ကြောင်း သိသာလှ၏။

သို့သော် ချန်ကျင်းကျင်းသည် ထိုကဲ့သို့သော ကိစ္စများကို မကြောက်တော့ပေ။ သူမ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် သူကောင်းမျိုးနွယ်ကဲ့သို့ ဝတ်ဆင်ထားသော သားနားလှသည့် လူငယ်လေးတစ်ဦး ရှိနေပြီး သူ၏ လောဘဇောတက်နေသော အကြည့်များမှာ သူတို့အဖွဲ့ထံသို့ ကျရောက်နေ၏။

“ဘာကိစ္စလဲ”

ချန်ကျင်းကျင်း စကားမပြောမီ အကြီးဆုံး မရီးဖြစ်သူ လွီယွဲ့အာက ရှေ့သို့တက်ကာ မေးမြန်းလိုက်သည်။

ထိုလူငယ်လေးက လွီယွဲ့အာကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်၏။ သူမသည် မျက်နှာဖုံးတပ်ထားသော်လည်း သူ၏စူးရှသော မျက်လုံးများကိုမူ မလှည့်စားနိုင်ပေ။

တစ်ချက်ကြည့်ရုံနှင့်ပင် ဤအမျိုးသမီးမှာ ဘေးနားရှိ မြေခွေးမလေးနှင့် ကျန်သည့်မိန်းကလေးများထက်ပင် ပိုမိုလှပကြောင်း သူ သိလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်များမှာ အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားလေတော့၏။

“အလှလေး၊ မင်းက ငါ့ရဲ့ မြေခွေးကိုယ်လုပ်တော်ကို ခိုးယူသွားတာပဲ။ ပြောစမ်း... ဒီအကြွေးကို မင်းနဲ့ ငါ ဘယ်လိုရှင်းရမလဲ”

လွီယွဲ့အာမှာ အသည်းငယ်သူ မဟုတ်ပေ။ သူမ၏ စီနီယာအစ်ကိုနှင့်အတူ လေ့ကျင့်နေစဉ်က ဤကဲ့သို့သော ရန်စမှုများကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူး၏။ သို့သော် အဖြူအနက် နတ်ဆိုးနှစ်ဖော် ဟူသော သူတို့၏ ကြောက်မက်ဖွယ် ကျော်ကြားမှု ပျံ့နှံ့သွားပြီးနောက်တွင် ဤကဲ့သို့သော ကိစ္စများမှာ ပျောက်ကွယ်သွားခဲ့ရာမှ ယခု ပြန်လည်ကြုံတွေ့ရခြင်းပင်။

“တာအိုရောင်းရင်း ခုနက ပြောလိုက်တာကို နောက်တစ်ခါလောက် ထပ်ပြောပေးမလား”

ထိုလူငယ်လေးသည် တာအိုရောင်းရင်းဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ဤအမျိုးသမီးသုံးဦးမှာ ပြင်ပမှ လာသူများဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်၏။ ထိုသို့ဆိုလျှင် သူတို့မှာ သူ့လက်တွင်းသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

“ငါပြောတာက မင်းတို့က ဒီသခင်လေးရဲ့ မြေခွေးကိုယ်လုပ်တော်ကို ခိုးသွားတာလို့။ ငါ့ကို ဘယ်လို လျော်ကြေးပေးမလဲ”

“ရှင်က ဘယ်လိုမျိုး လျော်ကြေးပေးစေချင်လို့လဲ”

လွီယွဲ့အာက ခပ်ပါးပါး ပြုံးလျက် မေးလိုက်သည်။ သူမနောက်တွင် ရပ်နေသော ရှောင်ချန်မှာ လှုပ်ရှားရန် အသင့်ဖြစ်နေသော်လည်း သူမက နတ်ဘုရားအာရုံဖြင့် လှမ်းတားလိုက်၏။

စီနီယာအစ်ကိုနျဲ့၏ ကိစ္စမှာ လက်တစ်ကမ်းတွင် ရှိနေသဖြင့် ယခုအချိန်မှာ သူ လှုပ်ရှားရမည့်အချိန် မဟုတ်သေးပေ။

ထိုလူငယ်လေးမှာ အလိုလိုက်ခံထားရသည့် အသုံးမကျသူနှင့် တူသော်လည်း လုံးဝဥဿုံ ဦးနှောက်မရှိသူတော့ မဟုတ်ပေ။ သူမစကားထဲက ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို သူ နားလည်သည်။

“မင်းက သတ္တိရှိသားပဲ။ ဒီသခင်လေးက မင်းလို အမျိုးသမီးမျိုးကို သဘောကျတယ်။ အစေခံတွေ... ငါ့ရဲ့ မြေခွေးကိုယ်လုပ်တော်ကို ခိုးရဲတဲ့ ဒီနှစ်ယောက်ကို ဖမ်းစမ်း။ သူတို့ကို ငါ သေချာ စစ်ဆေးမေးမြန်းရမယ်”

“ဟုတ်ကဲ့ပါ သခင်လေး”

သူ့နောက်မှ အခြွေအရံများက လွီယွဲ့အာနှင့် မိန်းကလေးနှစ်ဦးထံသို့ ပြေးဝင်သွားကြသည်။

သို့သော် သူတို့ အနားမကပ်နိုင်မီမှာပင် ချန်ကျင်းကျင်းမှာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ထိုလက်ပါးစေများ နောက်သို့ လွင့်စင်သွားတော့၏။

ကျယ်လောင်လှသော ဆူညံသံကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအများအပြား၏ အာရုံမှာ ချက်ချင်းပင် ရောက်ရှိလာကြတော့သည်။

All Chapters