← Chapters

အခန်း (၃၅၁-၃၅၂)

Vol. 36 Ch. 351-352

အခန်း (၃၅၁-၃၅၂)

Vol. 36 Ch. 351-352

အခန်း(၃၅၁) မင်းကို ဆုကြီးကြီးတစ်ခု ဆုချမယ်

“မဟာပဏ္ဍိတလေ့ရွှမ်ရဲ့ လက်နက်သွန်းလုပ်ခြင်းပညာရပ်တွေက တကယ့်ကို အထောက်အကူဖြစ်တာပဲ။ ငါသာ လူအိုကြီးထိုက်ဆီကနေရတဲ့ သန့်စင်ခြင်းနည်းစနစ်နဲ့ ပေါင်းစပ်လိုက်ရင် ကျင့်စဉ်အသစ်တစ်ခုကို သေချာပေါက် ဖန်တီးနိုင်မှာ”

ချူဖုန်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်ပြီး အားသာချက်များကိုယူ၍ အားနည်းချက်များကို ပစ်ပယ်ရန် ကျင့်စဉ်ကို စစ်ဆေးတော့၏။

အချိန်တချို့ကြာပြီးနောက် သူ မျက်လုံးပြန်ပွင့်လာသည်။ သူ့စိတ်ထဲတွင် ပြည့်စုံသည့် လက်နက်သန့်စင်ခြင်းနည်းစနစ်တစ်ခု ထုဆစ်ပုံပေါ်လာ‌တော့၏။

သူ ချက်ချင်းပင် ကျောက်စိမ်းတစ်ခုကို ထုတ်ပြီး အထဲတွင် ရေးထိုးလိုက်သည်။ အချိန်ကို တစ်ချက်ကြည့်လိုက်သော် ညလယ်ခေါင်ရောက်နေသည့်အတွက် သူ အိပ်ဆောင်သို့ ပြန်တော့၏။

ချူဖုန်း ဝင်လာတော့ တင်ပျဉ်ခွေချိတ်၍ ကျင့်ကြံနေသော ပင်းယန်ကို တွေ့ရသည်။

သူရောက်လာသည့်အခါ ပင်းယန်သည် မျက်လုံးပွင့်လာပြီး ထလာတော့သည်။

“ယောကျ်ား ကျွန်မ ရေနွေးပြင်ထားတယ်”

“အင်း

ချူဖုန်းသည် မဟာပဏ္ဍိတတစ်ပါး ဖြစ်သည့်အတွက် ဖုန်မှုန့်များ သူ့ကို မကပ်ညှိနိုင်တော့ပေ။ သူ ဆယ်နှစ်လောက် ရေမချိုးရင်တောင် ညစ်ပတ်သွားမည် မဟုတ်ချေ။

သို့သော် အလေ့အကျင့်ကြောင့် ပင်းယန်ကို လုပ်ကိုင်ခွင့်ပြုထားသည်။

ဆေးကြောသန့်စင်ပြီးနောက် ချူဖုန်းသည် ပင်းယန်ကို ပွေ့ချီကာ အိပ်ရာပေါ်သို့ သယ်သွားလိုက်သည်။ ထို့နောက် သူမကို ပုံစံအသစ်များ လမ်းညွှန်ပြသပေးပြီးနောက် သူ ဖြည်းညှင်းစွာ အိပ်မောကျသွားတော့၏။

နောက်တစ်နေ့ နေ့လယ်ခင်းတွင် ချူဖုန်း ဘေးခြံမှ လိပ်နက်ကို ဆင့်ခေါ်လိုက်သည်။

“သခင်..ကျွန်တော့်ကို ဘာလို့ခေါ်တာလဲ။ အရေးကြီးကိစ္စများ ရှိလို့လား”

လိပ်နက် လေးစားစွာ မေးသည်။

ချူဖုန်း ကျောက်စိမ်းပြားတစ်ခု သူ့ကို ပစ်ပေးလိုက်၏။

“ဒီမှာ ကောင်းကင်မီးလျှံတွေအတွက် လက်နက်သန့်စင်ခြင်းနည်းစနစ်။ ငါကိုယ်တိုင် ရေးထားတာ။ မြန်မြန်နားလည်သဘောပေါက်အောင်လုပ်။ မင်း နားလည်သွားပြီဆိုရင် ဆုအကြီးကြီး ချမယ်”

“ကျေးဇူးအများကြီးတင်ပါတယ်သခင်”

လိပ်နက် တက်ကြွသွားသည်။ သူ့သခင်ပေးအပ်မည့် ဆုအကြီးကြီးသည် ယခင်က လက်နက်သန့်စင်ရန် တွန့်ဆုတ်နေသော သူ့ကို မေ့သွားစေသည်။

ပို၍ အတိအကျဆိုရသော် သူ အရှုံးပေးလိုက်ခြင်းဖြစ်သည်။

‘မခုခံနိုင်မှတော့ ပျော်မွေ့လိုက်တာ အကောင်းဆုံးပဲ’

လိပ်နက် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ချူဖုန်း ချန်ကျင်းကျင်းထံ သွားကာ သူမကို ကျင့်ကြံခြင်း လမ်းညွှန်ပေး၏။

ပိုင်ကျင်းသည်တော့ မြောင်တောင်ပေါ်သို့ ပြန်ရောက်ပြီးနောက် မိုးကြိုးငါးပါးထိန်းချုပ်ခြင်း နတ်ဘုရားနည်းစနစ်ကို သေချာပေါက်နားလည်အောင် လုပ်မည်ဟု ကြုံးဝါးသည်။ သို့ဖြစ်၍ သူမ တံခါးပိတ်ကျင့်ကြံတော့၏။

သုံးလကြာပြီးနောက် အာရုဏ်တက်ချိန်တွင်

ချူဖုန်း ငိုက်မျဉ်းနေစဉ် ရင်းနှီးနေသည့် စက်ရုပ်သံကို ကြားလိုက်သည်။

“ပိုင်ရှင်၏ ကောင်းကင်မီးလျှံသည် ကောင်းကင်မီးလျှံလက်နက်သန့်စင်ခြင်းနည်းစနစ်ကို အစပြုသူအဆင့်သို့ ရောက်ရှိသွားပါပြီ။ ပိုင်ရှင်ကို ကောင်းကင်မီးလျှံလက်နက်သန့်စင်ခြင်းနည်းစနစ် ပြီးပြည့်စုံခြင်းအဆင့်ကို ဆုလာဘ်အဖြစ်ချီးမြှင့်လိုက်ပါသည်”

ချူဖုန်း မနိုးသွားပေ။ ထိုအစား သူ တစ်ဖက်လှည့်၍ ဆက်အိပ်နေတော့သည်။ ဤကဲ့သို့ ကိစ္စသေးသေးလေးက သူ့အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။

နေ့လည်ခင်းတွင် သူနိုးလာပြီး ကိုယ်လက်သန့်စင်ကာ မီးဖိုဆောင်သို့ သွားသည်။ ခြံဝင်းတစ်ခုကို အဖြတ် ကျောက်စားပွဲတွင် ထိုင်နေသော လိပ်နက်နှင့် ဖုန်းမူကို မြင်လိုက်သည်။ ထိုအခါမှ သူ အိပ်မက်ကမ္ဘာထဲရောက်နေစဉ် ကြားလိုက်ရသော အသံကို သတိရသွား၏။

“လိပ်ကလေး မင်း ကောင်းကင်မီးလျှံလက်နက်သန့်စင်ခြင်းနည်းစနစ်ကို အစပြုသူအဆင့် ရောက်သွားပြီလား”

လိပ်နက် ခေါင်းညိတ်သည်။ “သခင် သိသွားပြီလား။ ကျွန်တော်နဲ့ သခင်က တကယ့်ကို အတွေးချင်းတူတာပဲ”

ချူဖုန်း ခေါင်းခါသည်။ “မဟုတ်ဘူး။ ငါ မင်းအသိစိတ်ပင်လယ်ထဲမှာ အမှတ်အသားချထားတာ။ ငါသာ စိတ်ဆန္ဒရှိရင် မင်းအတွေးတွေ အကုန် သိနိုင်တယ်”

လိပ်နက် “...”

ဖုန်းမူ တစ်ဖက်တွင် ခိုးရယ်ပါတော့၏။ သူ ဤနေရာသို့ ရောက်စဉ် အစ်ကိုလိပ်သည် ဆရာ့ကို အံ့ဩသင့်အောင် လုပ်တော့မည်ဟု ကြွားဝါးနေလေသည်။ ယခုတော့ ထိုသို့ ဖြစ်မလာနိုင်တော့ပေ။

လိပ်နက်၏ အမူအရာကို မြင်သော် ချူဖုန်း ရယ်မောသည်။ “ငါ မင်းကို စနေတာ။ ငါ အဲဒီအမှတ်အသားကို မထိတာ ကြာပြီ။ ဒီနေ့ မင်းအရမ်းစိတ်လှုပ်ရှားနေတာတွေ့လို့။ မင်း ဆုအကြီးကြီးဆိုတာ လိုချင်နေပြီလား”

“ဟုတ်တယ်။ ဟုတ်တယ်”

လိပ်နက် စိတ်အားထက်သန်စွာ ခေါင်းညိတ်သည်။ သူ ထို ဆုကို အချိန်အတော်ကြာ စောင့်နေခြင်းဖြစ်သည်။

နောက်ဆုံးတော့ သူလိုချင်သည့်အရာ ရတော့မည်ဖြစ်၍ မတည်ငြိမ်နိုင်တော့ပေ။

“ကောင်းပြီ”

ချူဖုန်း သိုလှောင်လက်စွပ်က တောက်ပသွားပြီး လိပ်နက်ရှေ့တွင် မိုးကြိုးနဂါးများ ရစ်ပတ်နေသော ဧရာမတူကြီးတစ်လက် ပေါ်လာသည်။

“အာ”

လိပ်နက် တူကြီးကို မှင်သေစွာ ကြည့်နေမိသည်။ အရွယ်အစားက သူ့ခန္ဓာကိုယ်လောက်ပင် ရှိနေသည့်အတွက် သူ့မီးတောက်ခန္ဓာကိုယ်လေး အေးခဲသွား၏။

“ဒီရတနာက တကယ့်ကို ကြီးတာပဲ”

ဖုန်းမူ ပြုံးဖြီးဖြီး လုပ်သည်။ “ဂုဏ်ပြုပါတယ် စီနီယာလိပ်”

လိပ်နက် သူ့ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။

‘မင်း စကားကောင်းမပြောတတ်ရင်လည်း ပြောမနေနဲ့ကွ’

ဤရတနာက သူလိုချင်သည့် ရတနာ မဟုတ်ပေ။

သူလိုချင်သည့် ရတနာမှာ နီဗားနားရှင်သန်ခြင်းအဆင့်သို့ တက်ရန် ကူညီပေးနိုင်မည့် အရာမျိုးပင်။

ထိုကဲ့သို့ အပြုအမူသေးသေးလေးက ချူဖုန်း အမြင်မှ မလွတ်ပေ။ သူ ခပ်ဟဟ ပြုံးရင်း မေးသည်။ “လိပ်ကလေး မင်းပုံစံကြည့်ရတာ ငါပေးတဲ့ ရတနာကို မကြိုက်ဘူးထင်တယ်”

“မဟုတ်...မဟုတ်ပါဘူး။ ကျွန်တော် ကြိုက်ပါတယ်”

လိပ်နက် ချက်ချင်းပင် ငြင်းဆန်လိုက်ပြီး ဘာမှ ထပ်မပြောရဲတော့ပေ။

ချူဖုန်း ပြုံးလိုက်၏။ “မင်း နီဗားနားရှင်သန်ခြင်းအဆင့် တက်ချင်နေတာမလား။ ဒီမိုးကြိုးတူက မင်းကို လက်နက်သန့်စင်တဲ့နေရာမှာ ကူညီပေးပြီး ကျင့်စဉ်ကို တိုးတက်စေနိုင်တယ်။ မင်း နီဗားနားရှင်သန်ခြင်းအဆင့်ရောက်တာနဲ့ ဒီရတနာက မင်းအပိုင် ဖြစ်လာလိမ့်မယ်။ ကောင်းကင်မိုးကြိုးနဲ့ မြေကမ္ဘာမီးလျှံ မင်းက မီးလျှံဆိုတော့ အခု ငါ မင်းကို မိုးကြိုးထပ်ထည့်ပေးလိုက်ပြီ။ တကယ့်ကို လိုက်ဖက်တဲ့ အတွဲအစပ်ပဲလေ။ ဟုတ်တယ်မလား”

ချူဖုန်း စကားကို ကြားသော် လိပ်နက် မျက်လုံးများ ချက်ချင်းတောက်ပသွား၏။

“သခင် ပြောတာ မှန်ပါတယ်။ ကျွန်တော် လက်နက်သန့်စင်ခြင်းကျမ်းထဲ စိတ်နှစ်ထားပြီး နီဗားနားရှင်သန်ခြင်းအဆင့် မြန်မြန်ရောက်အောင် လုပ်ပါ့မယ်”

“ယူလိုက်”

ချူဖုန်း ပြောရင်း မိုးကြိုးတူကို လိပ်နက်အား ပေးလိုက်သည်။

တူထဲမှ စိတ်ဝိညာဉ်၏ အတွးနှင့်ပတ်သက်၍တော့ ချူဖုန်း ထည့်မစဉ်းစားထားပေ။

“ကျေးဇူးတင်ပါတယ် ဆရာ”

လိပ်နက် မိုးကြိုးတူကို ပျော်ရွှင်စွာ လက်ခံယူပြီး သူ့ကျောပေါ်တွင် တင်လိုက်သည်။ ထို့နောက် ထွက်သွားတော့၏။

“ရှောင်မူ မင်း ပြောစရာ တစ်ခုခု ရှိလို့လား”

ဖုန်းမူ မထွက်သွားသေးသည်ကို မြင်သောအခါ ချူဖုန်း မေးလိုက်သည်။

ဖုန်းမူ လေးစားစွာ မေးသည်။ “ဆရာ ဒီတပည့်မှာ မသင့်တော်တဲ့ တောင်းဆိုချက်တစ်ခု ရှိပါတယ်”

“ဘာလဲဆိုတာ အရင်ပြောလေ”

ချူဖုန်း တပည့်တိုင်းကို အလေးထားပေသည်။ သူတို့မေးမြန်းလာသည့် ပြဿနာတိုင်းကို ဖြေရှင်းပေးတတ်၏။

ဖုန်းမူပြောသည်။ “အရင်တစ်ခါ လီဟော့ဂိုဏ်းကို သွားတုန်းက ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်မင်းသမီးချင်းဟယ်ကို လက်ဆောင်အနေနဲ့ သားရဲဥတစ်လုံး ပေးလိုက်တယ်။ အဲဒီဥက အခုအကောင်ပေါက်ပြီး ဖီးနစ်သွေးမျိုးဆက်ပါတဲ့ မြင့်မြတ်သားရဲ ချင်းလွမ်ငှက် တစ်ကောင် ပေါက်လာတယ်”

“ချင်းလွမ်ငှက်ကြောင့်ပဲ ပြဿနာတွေအများကြီး ပေါ်လာတယ်။ အင်အားစုတွေက အခု စီနီယာအစ်မချင်းဟယ်ကို တပည့်အဖြစ်လက်ခံဖို့ ဦးတည်လာနေကြတယ်။ ယွင်လန်ဂိုဏ်းနဲ့ တာ့ယန်တိုင်းပြည်က သူ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ စီနီယာအစ်မချင်းဟယ်က ဝမ်တောက်ကျောင်းတော်ကို လာချင်တယ်။ အဲဒါကြောင့် ဒီတပည့်က စီနီယာအစ်မချင်းဟယ်ကို လက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်”

“အိုး”

ထိုသည်ကို ကြားသော် ချူဖုန်း မျက်နှာပေါ်တွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

“ငါ တပည့်လက်ခံတဲ့ ကန့်သတ်ချက်တွေကို မင်းလည်း သိပါတယ်။ တာ့ယန်ကို ငါ့တိုကင်ပြားပေးဖို့ လူလွှတ်ပေးလို့ရတယ်။ ဒါပေမဲ့ သူဂိုဏ်းထဲ ဝင်နိုင် မဝင်နိုင်ကတော့ နောက်ထပ်ကိစ္စတစ်ခုပဲ”

“တပည့်က ဆရာ့ကို ကျေးဇူးတင်ပါတယ်”

ဖုန်းမူ သက်ပြင်းရှည်ကြီးချလိုက်၏။

ချူဖုန်း လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖုန်းမူကို တောင်အနောက်သို့ ခေါ်သွားသည်။ မဟာပဏ္ဍိတရွှေတောင်ပံသည် တောင်အနောက်ဘက်က ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး အသာအယာ ကြည့်လာသည်။

“အစ်ကိုကြီး ဒီကို ဘာလာလုပ်တာလဲ”

မဟာပဏ္ဍိတရွှေတောင်ပံ ထလာပြီး ဝိုင်တစ်အိုးထုတ်ပြီး ငှဲ့လိုက်သည်။

“ငါ မင်းကို လာရှာတာ။ မင်းကို ခိုင်းစရာလေး ရှိလို့လေ”

ချူဖုန်း ပြောသည်။

မဟာပဏ္ဍိတရွှေတောင်ပံ၏ အမူအရာ လေးနက်သွားသည်။ “အစ်ကိုကြီး လိုတာသာ ပြောပါ”

“ဒီလိုကိုး...”

ချူဖုန်း ဖုန်းမူ ပြောသမျှ အရာအားလုံးကို ပြန်ပြောပြလိုက်၏။

ရွှေတောင်ပံလင်းယုန်သည် နားထောင်ပြီးနောက် သူ့မျက်လုံးများ တောက်ပလာသည်။ “ချင်းလွမ်ငှက်လား။ ဒါဆို ကျွန်တော်နဲ့ အမျိုးတော်တယ် ပြောရမယ်။ ဒီကိစ္စကို ကျွန်တော့် တာဝန်ထားပါ”

“ကောင်းတယ်။ ဒီမှာ ငါ့တိုကင်ပြား။ မင်းကို မမှတ်မိတဲ့ ငတုံးတွေနဲ့ တွေ့ရင် ဒီဟာကိုသာ ထုတ်ပြပေးလိုက်”

ချူဖုန်း မဟာပဏ္ဍိရွှေတောင်ပံကို တိုကင်ပြား ပေးလိုက်သည်။

“ကောင်းပါပြီ”

ရွှေတောင်ပံလင်းယုန် တိုကင်ပြားကို ပျော်ရွှင်စွာ ဖမ်းယူလိုက်ပြီး ဖုန်းမူကို ပြောသည်။

“ရှောင်မူ သွားကြစို့”

“ဟုတ်ကဲ့ပါ ဆရာဦးလေး”

ဖုန်းမူ ပြန်ဖြေပြီးသည်နှင့် သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူပတ်လည်ကို ကြည့်လိုက်တော့ ဆရာဦးလေးရွှေတောင်ပံသည် သူ့ဝတ်ရုံကို ကြက်တစ်ကောင်လို နတ်ဘုရားအာရုံသုံး၍ ဆွဲဆုပ်ထားသလို ခံစားရ၏။

ချူဖုန်းခေါင်ခါလိုက်သည်။

‘ဒီငှက်ကတော့ လုပ်လိုက်ရင် အဆန်းပဲ’

အခန်း(၃၅၂) ဆယ်နှစ်ကြာ

“ဖုန်းလင်းလုံ ဝမ်တောက်ကျောင်းတော်မှာ ရှိတဲ့ ဌာနမှုးဆယ်ယောက်ထဲက တစ်ယောက်ကို ဆရာအဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်တယ်”

ဖုန်းလင်းလုံ အိပ်မက် မက်နေသလို ခံစားရသည်။

လွန်ခဲ့သည့် သုံးရက်

တာ့ယန်မြို့တော်တွင် သူမ မြင့်မြတ်နယ်မြေများမှ ဖိတ်ကြားစားများနှင့် ခြိမ်းခြောက်စာများကို ရရှိခဲ့သည်။ သို့ဖြစ်၍ သူမ ရွေးချယ်ရ ခက်ခဲသွား၏။

ထို့နောက် ဂျူနီယာမောင်လေးမူသည် ဝမ်တောက်ကျောင်းတော်မှ မဟာပဏ္ဍိတတစ်ဦးနှင့် ဌာနမှူးချူ၏ ကိုယ်ပိုင်တိုကင်တို့နှင့်အတူ ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။

သူမ မဆိုင်းမတွပင် ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်မည့်အကြောင်း ကြေညာခဲ့သည်။

မဟာပဏ္ဍိတတစ်ဦး ဝင်ရောက်စွက်ဖက်လာ၍ ကျန်သည့် မြင့်မြတ်နယ်မြေမှ သူတို့သည် ဖုန်းလင်းလုံကို လက်ခံမည့်ကိစ္စကို စွန့်လွှတ်လိုက်သည်။

သူတို့ ဝမ်တောက်ကျောင်းတော်သို့ ပြန်ရောက်လာပြီးနောက် မြောင်တောင်သို့ မသွားရသေးခင် မဟာပဏ္ဍိတရွှေတောင်ပံသည် ကျောင်းအုပ်ကြီးထံမှ အမိန့်တစ်ခုကို လက်ခံရခဲ့သည်။ ၎င်းမှာ ဖုန်းလင်းလုံကို ပြင်းပရေးရာဌာနသို့ ခေါ်လာရန်ပင်။ ထိုသို့ဖြင့် ယခုတွေ့နေရသော မြင်ကွင်းမျိုး ဖြစ်လာတော့၏။

ကျောင်းအုပ်ကြီးသည် ဖုန်းလင်းလုံကို ဌာနမှူးဆယ်ဦးထဲမှ တစ်ဦးကို ဆရာအဖြစ် ရွေးချယ်ရန် ခွင့်ပြုပေးလာသည်။ ကျန်သည့် ဌာနမှူးကိုးဦးသည် အကူအညီမဲ့သလို ခံစားမိ၏။ သူတို့ ဖုန်းလင်းလုံကို တပည့်အဖြစ် လက်မခံချင်၍ မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူမသည် မြင့်မြတ်သားရဲချင်းလွမ်ငှက်နှင့် စည်းနှောင်ထားပြီးသားပင်။ သူမ အနာဂတ်အလားအလာသည် မဟာပဏ္ဍိတအဆင့်ထိပင် ရောက်နိုင်၏။

သို့သော် သူတို့သည် ထိုကောင်မလေးက ဌာနမှူးချူ တပည့်နှင့် တာအိုလက်တွဲဖော်များ ဖြစ်ကြောင်း သိထားသည်။

မထင်မှတ်ထားသည့် ကိစ္စများ ရှိမလာလျှင် သူမသည် ဌာနမှူးချူထံသို့ သွားပေလိမ့်မည်။ ကျောင်းအုပ်ကြီးသည် ဘက်မလိုက်သည့်ဟန် ပြနေသော်လည်း ကျန်သည့် ဌာနမှူးများအတွက် မလိုအပ်ချေ။

ဖုန်းလင်းလုံ မဆိုင်းမတွ ချူဖုန်းကို ဦးညွှတ်လိုက်သည်။

“ဒီတပည့်က သောင်းပြောင်းပညာရပ်ဌာနဆီ ဝင်ချင်ပါတယ်”

ချူဖုန်း အသာပြုံးပြီး ခေါင်းခါသည်။ “မင်းရဲ့ ကံကြမ္မာက ငါတို့နဲ့ မဆိုင်ဘူး”

ဌာနမှူးများအားလုံး သူ့စကားကြောင့် လေအေးတစ်ဆုပ် ရှူသွင်းလိုက်မိသည်။

‘ဌာနမှူးချူ ဘာပြောချင်တာလဲ။ ဖုန်းလင်းလုံက လမ်းခုလတ်မှာတစ်ခုခုမဖြစ်ရင် သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်နိုင်တယ်။ ကံအခွင့်အလမ်းနဲ့ ကြုံကြိုက်ရင် သူတော်စင်အဆင့်ကို ရောက်တယ်လေ’

ထိုကဲ့သို့သော ကံတရားမျိုးနှင့်သူကို ဌာနမှူးချူက ငြင်းလိုက်သည်လော။

ကျောင်းအုပ်ကြီးပင် နားမလည်နိုင် ဖြစ်သွား၏။ လူငယ်လေး၏ ယနေ့အပြုအမူသည် သူယခင်ကလိုပင် အံ့ဩမှင်တက်စေရန် လုပ်နိုင်သေး၏။

ချူဖုန်း ကမ္ဘာပျက်မျက်ဝန်းကို သုံး၍ ဖုန်းလင်းလုံ ကံကြမ္မာကို ကြည့်ရှူခဲ့သည်။ ကောင်းကင်ရွေးချယ်ခံအဆင့်ဖြစ်သော်လည်း ရှောင်ချန်းတို့နှင့် ယှဉ်လျှင် များစွာလိုနေသည်။ သူမသည် အလွန်ဆုံး လွီယွဲ့အာအဆင့်သာ ရှိသည်။

ထိုကဲ့သို့ တပည့်မျိုးကို အခြားသူများ လမ်းညွှန်ပေးရန် ထားလိုက်သည်။

ဖုန်းလင်းလုံ ကြောင်အသွားပြီး သူမ မျက်နှာတွင် နောင်တရိပ်များ ဖြတ်ပြေးသွားသည်။

ကျန်သည့် ဌာနမှူးကိုးဦးသည် စိတ်လှုပ်ရှားသွား၏။ ချူဖုန်းက မရွေးချယ်မှတော့ သူတို့အခွင့်အရေးကို လက်လွတ်ခံ၍ မရ‌ပေ။

သို့သော် သူတို့မပြောခင် ဖုန်းလင်းလုံ ပြောသည်။ “ဒါဆိုလည်း ဒီတပည့်က ကောင်းကင်စိတ်ဝိညာဉ်ဌာနကို ရွေးပါတယ်”

ထိုစကားများထွက်လာသည်နှင့် လင်းမင် မျက်နှာသည် ပျော်ရွှင်မှုကြောင့် ‌တောက်ပသွား၏။ သူ ရှေ့သို့ တစ်လှမ်းတက်ပြီး ပြောသည်။ “ကောင်းတယ်။ကောင်းတယ်။ ဒီနေ့ကစပြီး မင်းက ငါ့တပည့်ပဲ”

“တပည့် ဆရာသခင်ကို အရိုအသေပြုပါတယ်”

ဖုန်းလင်းလုံ လေးစားစွာ ဖြေသည်။

ချူဖုန်းတို့ မတုံ့ပြန်နိုင်ခင် ဖုန်းလင်းလုံသည် ဆရာတင်သည့် အခမ်းအနားတိုင်း ပြုလုပ်လိုက်ပြီး လင်းမင်၏ တပည့်ဖြစ်လာတော၏။

ကျန်သည့် ဌာနမှူးများသည် အနည်းငယ် မကျေမနပ်ဖြစ်သွားကြသည်။ သို့သော် သူတို့လည်း သိသည်။ သူတို့သာ ပါရမီရှင်ဖြစ်ပါက သောင်းပြောင်းပညာရပ်ပြီးလျှင် ကောင်းကင်စိတ်ဝိညာဉ်ဌာနသည် အကောင်းဆုံးပေ။ ဖုန်းလင်းလုံ ကိစ္စအဆုံးသတ်ပြီးနောက် ချူဖုန်း မြောင်တောင်ပေါ်သို့ ပြန်လာလိုက်သည်။

ဖုန်းမူသည် စီနီယာအစ်မချင်း ပါမလာသည်ကိုတွေ့သော် သံသယများ ဝင်လာသော်လည်း ဖုံးကွယ်လိုက်သည်။ ဆရာ့တွင် ဤသို့လုပ်ရခြင်း၏ အကြောင်းပြချက်ရှိရပေမည်။

“ဘာပြောချင်လို့လဲ” ချူဖုန်း ပြုံးကာ မေးသည်။

ဖုန်းမူ မေးလိုက်သည်။

“ဆရာ စီနီယာအစ်မချင်းဟယ်ရဲ့ ပါရမီက မလုံလောက်လို့လား”

ချူဖုန်း ခေါင်းခါသည်။

“သူ့ကံတရားက မလုံလောက်တာ။ မှတ်ထားပါ။ မင်းရဲ့ ကံကြမ္မာက မင်းရဲ့ အကြီးဆုံးစီနီယာ၊ ဒုတိယစီနီယာတို့နဲ့ အဆင့်တူတူပဲ။ ဝမ်တောက်ကျောင်းတော်မှာ မင်းကို ယဉ်နိုင်တဲ့ သူတွေက သူတို့ပဲ။ မင်းရဲ့ စီနီယာအစ်မချင်းဟယ်ကတော့ မမီသေးဘူး။ ဒါပေမဲ့ မင်း သူ့ကို ကူညီချင်ရင်လည်း ရတယ်။ အတူတူ သန်မာလာအောင် ကြိုးစားပေါ့”

ဖုန်းမူ မျက်နှာတွင် ပျော်ရွှင်မှုတို့ ပေါ်လာသည်။ ဆရာ့မျက်လုံးထဲတွင် သူက အကြီးဆုံးစီနီယာအစ်ကိုနှင့် ဒုတိယစီနီယာအစ်ကိုတို့လောက် မျှော်မှန်းထားခံရမည်ဟု မထင်ထားချေ။

သူ ချူဖုန်းကို ဦးညွှတ်သည်။

“ဒီတပည့် နားလည်ပါပြီ။ ဒီနေ့ကစပြီး ကျွန်တော်ကြိုးစားကျင့်ကြံပြီး ဆရာ့ကို စိတ်မပျက်ရအောင် လုပ်ပါ့မယ်”

“အင်း”

ချူဖုန်း ပြန်ဖြေပြီး သူ့ကိုယ်ပိုင်ခြံဝင်းသို့ ပြန်လာလိုက်သည်။

မင်းသမီးချင်းဟယ် ကိစ္စများ ပြီးနောက် သူ့တွင် သာမန်လုပ်စရာလေးများသာ ရှိတော့သည်။ ၎င်းက မြောင်တောင်ပေါ်က တပည့်များ၏ နေ့စဉ်ကျင့်ကြံမှု၌ အနှောင့်အယှက်မဖြစ်စေပေ။

တောင်ပေါ်တွင် အချိန်များ မသိနိုင်စွာ ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်ကုန်သွားသည်။

ဝမ်တောက်ကျောင်းတော် ကောင်းကင်ယံမှ ပုံရိပ်ကြီးတစ်ခု ပျံသန်းလာသည်။

အကြီးအကဲများသည် သူတို့နတ်ဘုရားအာရုံကို ထုတ်ကာ ကြည့်ကြသည်။ ထိုအခါ နီဗားနားရှင်သန်ခြင်းအဆင့် သားရဲတစ်ကောင်ကို တွေ့ရသည့်အတွက် သူတို့မျက်နှာများက တိုက်ပွဲဝင်လိုစိတ်များဖြင့် တောက်ပလာ၏။

အကြီးအကဲများ တိုက်ခိုက်တော့မည့်အချိန် ထိုအကောင်ကြီးက ကျုံ့ဝင်သွားပြီး မြောင်တောင်ပေါ်၌ ဆင်းသက်လာသည်။

“ဘာတွေဖြစ်ကုန်တာလဲ။ ဘယ်လိုသတ္တိနဲ့ မြောင်တောင်ပေါ်မှာ ရပ်လိုက်တာလဲ။ ဌာနမှူးချူကို မကြောက်ဘူးလား”

“ဒါမှမဟုတ် သောင်းပြောင်းပညာရပ်ဌာနက စီနီယာအိုကြီးများလား”

“…”

လူအုပ်ကြီး ကြည့်ရှူနေစဉ် တောက်ပသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မြောင်တောင်ထိပ်တွင် ရပ်ကာ အော်ဟစ်လိုက်သည်။

“သောင်းပြောင်းပညာရပ်ဌာန ငါ နျဲ့ရှို့ယွမ် ပြန်လာပြီကွ”

သူ့စကားအဆုံးတွင် စိတ်မရှည်သည့် အသံတစ်သံ ထွက်လာသည်။

“ရှို့ယွမ်ကောင်စုတ်လေး မင်းက တစ်နေ့တစ်ခြား ပိုရိုင်းလာတာပဲ”

ထိုအသံနှင့်အတူ မဟာပဏ္ဍိတရွှေတောင်ပံသည် ပိုင်ကျင်းကျင်း၊ ပင်းယန်နှင့် ကျန်သောသူတို့ဖြင့် အတူ ပေါ်လာ၏။

မဟာပဏ္ဍိတရွှေတောင်ပံကို မြင်သော် နျဲ့ရှို့ယွမ် အလျင်အမြန် ဦးညွှတ်သည်။

“တပည့် ဆရာဦးလေးကို နှုတ်ဆက်ပါတယ်”

“တခမ်းတနားတွေ လုပ်မနေနဲ့”

မဟာပဏ္ဍိတရွှေတောင်ပံသည် အစပိုင်း၌ ရန်သူထင်၍ တိုက်ခိုက်မိတော့မလို ဖြစ်သွားသေး၏။ သူ အသိမြန်သွား၍ပင်။

“စီနီယာရှို့ယွမ် ပြန်ရောက်ပြီလား”

ချန်ကျင်းကျင်း နှုတ်ဆက်လိုက်သည်။ သူ ဤစီနီယာကို နောက်ဆုံးမြင်လိုက်ရသည်မှာ လွန်ခဲ့သော ဆယ်နှစ်ကပင်။

“မင်းက ဂျူနီယာညီမလေးကျင်းကျင်းလား”

နျဲ့ရှို့ယွမ် သူ့ရှေ့က ကောင်မလေးကို ကြည့်ပြီး မေးလိုက်သည်။

“ဟုတ်”

ချန်ကျင်းကျင်း ချိုသာစွာဖြေကြားသည်။ ဆယ်နှစ်ကြာပြီးနောက် သူမသည် မိန်းမငယ်လေးတစ်ဦး ဖြစ်လာပေသည်။

“ဆရာရော တောင်ပေါ်မှာ ရှိလား”

နျဲ့ရှို့ယွမ် မေးသည်။

ချန်ကျင်းကျင်း ပြန်ဖြေသည်။ “ဆရာက တောင်ပေါ်မှာရှိပါတယ်။ ဒါပေမဲ့ ဆရာကတော်က တံခါးပိတ်ကျင့်ကြံနေတော့ သူ့ကို မြင်ဖို့ခက်ပါတယ်”

နျဲ့ရှို့ယွမ် ခပ်ဖွဖွ ပြုံးလိုက်သည်။ “ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ဂျူနီယာညီမလေးရေ။ ဒီတစ်ကြိမ်တော့ စီနီယာအစ်ကိုကြီး မင်းတို့အားလုံးအတွက် လက်ဆောင်တွေပါတယ်။ နောက်မှ ပေးမယ်”

“တကယ်လား”

ချန်ကျင်းကျင်း မျက်လုံးများ တောက်ပသွားသည်။ သူမသည် ငယ်ရွယ်သေးသည့်အတွက် အသစ် အသစ်သောအရာများကို စိတ်ဝင်စား၏။

သူတို့ ပြောပြီးသည်နှင့် ချူဖုန်းအသံသည် လေထဲမှ ထွက်လာသည်။

“ရှို့ယွမ် တောင်ပေါ်ရောက်ရင် ငါ့ဆီ လာဦး”

All Chapters