အခန်း (၈၇၇-၈၇၉)
Vol. 59 Ch. 877-879
အခန်း (၈၇၇) - ကမ္ဘာကြီး နှစ်ခုကြားက ဆဋ္ဌမမြောက် တည်ရှိမှု ဖြစ်လာခြင်း
နင်ချီ သည် လူအုပ်ကြီး ကြားထဲတွင် လှည့်လည် သွားလာနေပြီး... ဟောက်တုံးရန် နှင့် ရင်းနှီးကျွမ်းဝင်သူများ နှင့် စကားပြောဆိုရာတွင်ပင်... မည်သူကမျှ နင်ချီ ၏ ပုံမှန်မဟုတ်သော အခြေအနေကို မရိပ်မိကြချေ။
အတော်အတန် ကြာအောင် ခမ်းနားကြီးကျယ်စွာ လျှောက်လည်ပြီးနောက်တွင်တော့ နင်ချီ တစ်ယောက် အနည်းငယ် ပျင်းရိလာတော့သည်။ သူသည် မြေပြင်ပေါ်၌ တိတ်ဆိတ်စွာ ထိုင်ချလိုက်ပြီး... ရှေ့ဆက် ဘာလုပ်ရမည်ကို စဉ်းစားခန်း ဝင်နေလိုက်၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူ့အား ကျယ်ပြန့်သော ကမ္ဘာ ၏ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများကို ခြုံခို သတ်ဖြတ်ရန် တောင်းဆိုထားသော်ငြား... နင်ချီ ၏ စိတ်ထဲ၌မူ ထိုကိစ္စအပေါ် သိပ်ပြီး စိတ်ဝင်စားမှု မရှိလှချေ။
သူသည် လုပ်ကြံသတ်ဖြတ်ခြင်း ပညာရပ်တွင် အမှန်တကယ် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကလည်း သူ့ကို ရက်ရက်ရောရော ဆုချီးမြှင့်မည်မှာ အသေအချာပင်။ သို့သော်ငြား ယခုအခါ နင်ချီ သည် ထို ဆုလာဘ် များကို ဂရုမစိုက်တော့ချေ။
သူ အမှန်တကယ် လိုလားနေသည့် အရာမှာ... ကမ္ဘာကြီး နှစ်ခု အနေဖြင့် ဤထက် ပိုမို ပြင်းထန်စွာ တိုက်ခိုက်လာကြရန် ဖြစ်ပြီး... ကမ္ဘာကြီး နှစ်ခုစလုံး မှ တာအိုဘိုးဘေးကြီး များ အားလုံး အမြန်ဆုံး အင်အား ကုန်ခမ်းသွားစေရန်ပင်။
ထို့အပြင် တောင်ဘိုးဘေးကြီး ၊ ပင်လယ်ဘိုးဘေးကြီး နှင့် သူတော်စင် ဘိုးဘေးကြီး တို့ ကိုယ်တိုင် ဆင်းသက်လာကာ တိုက်ခိုက်ကြသည်ကိုပင် သူ မြင်တွေ့ချင်နေသေး၏။
ထိုသို့သာ ဖြစ်လာမည် ဆိုပါက... နင်ချီ ၏ အတွက် ကမ္ဘာကြီး နှစ်ခု ၏ ပြင်ပ၌ ဆက်လက် ရပ်တည်နိုင်ရန် ပိုမို များပြားသော အခွင့်အရေးများကို ရရှိစေမည် ဖြစ်ပြီး... သူသည် သေချာပေါက် ကမ္ဘာကြီး နှစ်ခု ကြားက ဆဋ္ဌမမြောက် တည်ရှိမှု အမှန်တကယ်ပင် ဖြစ်လာလိမ့်မည်။
‘ငါ့ အနေနဲ့ နှစ်ဖက်စလုံး ရဲ့ သတင်းအချက်အလက် တွေကို တိတ်တဆိတ် ပေါက်ကြားအောင် လုပ်လိုက်ရင်ရော ဘယ်လိုနေမလဲ..’
ခေတ္တမျှ တွေးတောလိုက်ပြီးနောက်... နင်ချီ သည် ကျယ်ပြန့်သော ကမ္ဘာ ရှိရာ အရပ်ဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်၏။
‘ ကျယ်ပြန့်သော ကမ္ဘာ ထဲကို ခိုးဝင်လို့ ရမလား မသိဘူး... အကယ်၍များ ငါသာ ကျယ်ပြန့်သော ကမ္ဘာ ကို ကြိုတင်ပြီး စူးစမ်းလေ့လာနိုင်မယ် ဆိုရင်... ဒီထက်ပိုပြီး ကြီးမားတဲ့ အကျိုးအမြတ် တွေ ရလာနိုင်တာပဲလေ..’
သို့သော်ငြား စစ်မြေပြင်နယ်မြေ မှ ထွက်ခွာပြီး ကျယ်ပြန့်သော ကမ္ဘာ သို့ ပြန်လည် ဝင်ရောက်နိုင်ရန် အတွက်မူ... ကြီးမားလှသော စွမ်းဆောင်မှု တစ်ခုခုကို ပြုလုပ်ပြရန် လိုအပ်ပေလိမ့်မည်။
ခန့်မှန်းခြေ နေ့တစ်ဝက်ခန့် ကြာပြီးနောက်... နင်ချီ သည် ဝူရွှီ ၏ နေရာတွင် အစားထိုးကာ ထပ်မံ၍ ကင်းလှည့် ထွက်လာခဲ့၏။
သူတို့ နှစ်ဦးစလုံးမှာ သဟဇာတဖြစ်ခြင်း နယ်ပယ် အစောပိုင်း အဆင့် တွင်သာ ရှိနေသေးသဖြင့်... ဤကဲ့သို့သော ကင်းလှည့်သည့် တာဝန်မျိုးကို သူတို့ကသာ သဘာဝကျစွာ တာဝန်ယူရခြင်း ဖြစ်ပေ၏။
နင်ချီ တစ်ယောက် ဤနယ်မြေ မှ ထွက်ခွာသင့် မထွက်ခွာသင့် စဉ်းစားနေဆဲ အခိုက်အတန့်လေးမှာပင်... ရုတ်တရက် ခမ်းနား ကြီးကျယ်လှသော ဆန္ဒတော် တစ်ခုက အထက်မှ ဆင်းသက်လာတော့သည်။
"ကမ္ဘာ့အရှင်သခင်..."
တစ္ဆေဆန်ဆန် ပုံရိပ်ယောင် တစ်ခုသည် အကြီးအကဲ လီ ၏ ဘေး၌ ထွက်ပေါ်လာသည်။
လူတိုင်းက ထို ပုံရိပ်ယောင်ကြီး အား အလျင်စလို ဦးညွှတ် အရိုအသေ ပေးလိုက်ကြလေရာ... သူတို့၏ အပြုအမူ များတွင် တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူများ က တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် အပေါ် ပြသသော လေးစားမှုထက် အဆပေါင်းများစွာ ပိုမို ရိုသေလေးစားနေကြောင်း သိသာလွန်းလှသည်။
နင်ချီ လည်း သူတို့နည်းတူ အရိုအသေ ပေးလိုက်ပြီး... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က ဤသို့ ကိုယ်ထင်ပြလာခြင်းမှာ ဘာလုပ်ရန် ရည်ရွယ်နေသနည်း ဟု တွေးတောနေမိသည်။ ထို့နောက် သူသည် အမြန် ပြန်လည် ပျံသန်းသွားပြီး အနီးသို့ ချဉ်းကပ်သွားလိုက်သည်။
ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင်ကြီးက လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်... အလွန် အေးစက်စက် လေသံဖြင့် ကြေညာလိုက်၏။
"သူတော်စင် ဘိုးဘေးကြီး က အမိန့်ချမှတ်လိုက်ပြီ... မြောက်ပိုင်း ဝိညာဉ်နယ်မြေ ရဲ့ နယ်နိမိတ် နံရံ ကြီးကို ဖွင့်လှစ်ဖို့အတွက် မင်းတို့နဲ့အတူ ငါ ကိုယ်တိုင် ပူးပေါင်း ဆောင်ရွက်မယ်... ငါတို့တွေ မြောက်ပိုင်း ဝိညာဉ်နယ်မြေ ကို အရင်ဆုံး သိမ်းပိုက်ကြမယ်..."
ထိုအခိုက် အခန်းတွင်းရှိ လူတစ်ယောက်က ချက်ချင်းပင် မေးခွန်း ထုတ်လိုက်သည်။
"ကမ္ဘာ့အရှင်သခင်... မြောက်ပိုင်း ဝိညာဉ်နယ်မြေ က အခုထိ မသိမ်းပိုက်ရသေးဘူး မဟုတ်လား... ကျွန်တော်တို့ လို တာအိုဘိုးဘေးကြီး တွေ အနေနဲ့ အဲဒီထဲကို ဝင်လို့ ရပါ့မလား..."
ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က ပြန်လည် ဖြေကြားလိုက်သည်။
"အခုဆိုရင် တောင်နဲ့ ပင်လယ် ကမ္ဘာ က နယ်မြေ သုံးခုကို သိမ်းပိုက်ထားပြီးပြီ... ပြီးတော့ ကျယ်ပြန့်သော ကမ္ဘာ ကလည်း နယ်မြေ နှစ်ခု ကို သိမ်းပိုက်ထားပြီးပြီလေ... အပြင်ဘက် ဝိညာဉ်နယ်မြေ ရှစ်ခု ထဲက ငါးခု ကို ငြိမ်းချမ်းအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက်... အဲဒါက ကျန်ရှိနေသေးတဲ့ ဝိညာဉ်နယ်မြေ တွေရဲ့ ဟင်းလင်းပြင် နေရာလွတ် ကို ပိုပြီး တည်ငြိမ်လာအောင် ထောက်ပံ့ပေးဖို့ လုံလောက်နေပါပြီ..."
"တောင်နဲ့ ပင်လယ် ကမ္ဘာ ကို အမီလိုက်နိုင်ဖို့ အတွက်... လောလောဆယ် ငါတို့ တခြား ဘာကိုမှ ဂရုစိုက်နေလို့ မရတော့ဘူး... ဒါပေမဲ့..."
အလယ်အလတ် အဆင့် ရှိသော ကျင့်ကြံသူ တစ်ယောက်မှ ထိုနေရာသို့ သွားရောက်နိုင်စွမ်း မရှိသောကြောင့်... သူတို့သည် သဟဇာတ ဖြစ်ခြင်း နယ်ပယ် ကိုသာ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ဟန်တူသည်။ အစောပိုင်း အဆင့် ကို ဆိုလိုခြင်း ဖြစ်ကောင်း ဖြစ်နိုင်၏။
ထိုစကားကို ကြားလိုက်ရသောအခါ နင်ချီ မှာ အကြီးအကျယ် အံ့အားသင့်သွားတော့သည်။
သူ ထွက်ခွာတော့မည့် အချိန်လေးမှာပင်... တစ်ဖက်ရန်သူ က သူ့အား သွားခွင့်ပြုတော့မည့်ဟန် ရှိနေသည်။ အစောပိုင်း အဆင့် ကျင့်ကြံသူ များ၏ နယ်မြေ ဖြတ်ကျော် စစ်ဆင်ရေး ပင် ဖြစ်တော့သည်။
ကျယ်ပြန့်သော ကမ္ဘာ က တကယ့်ကို အလောတကြီး ဖြစ်နေပုံ ရသည်။
သို့သော်ငြား... ဒါက သူ၏ အတွက်တော့ ဆိုးရွားသော ကိစ္စရပ် တစ်ခု လုံးဝ မဟုတ်ခဲ့ချေ။
သေချာပေါက်ပင်... ဟောက်တုံးရန် အဖြစ် အသွင်ပြောင်းထားသော နင်ချီသည် မြောက်ပိုင်း ဝိညာဉ်နယ်မြေ သို့ သွားရောက်ရမည့် စစ်ဆင်ရေး အတွက် ရွေးချယ်ခံလိုက်ရ၏။
နင်ချီ၏ ဘေးတွင်တော့ သူ ယခုလေးတင် တွေ့ဆုံခဲ့သော ဝူရွှီ ရှိနေသည်။ ထိုအခိုက် ဝူရွှီက သူ့အား လှမ်း၍ ပြောလိုက်သည်။
"တုံးရန်... ဒါက တကယ့်ကို အခွင့်အရေးကောင်းပဲ... အကယ်၍ ငါတို့တွေသာ ပူးပေါင်းပြီး မြောက်ပိုင်း နယ်မြေထဲကို ဝင်မယ်ဆိုရင်... ငါတို့ အလွယ်တကူ အပေါ်စီးက ရလိမ့်မယ်လေ..."
နင်ချီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"အရမ်းကြီး ပေါ့ပေါ့ဆဆတော့ မနေနဲ့နော်... တောင်နဲ့ ပင်လယ် ကမ္ဘာ က ငါတို့ ကျယ်ပြန့်သော ကမ္ဘာ ကို စစ်ကြေညာရဲတယ် ဆိုကတည်းက... သူတို့ဘက်မှာလည်း ကြိုတင်ပြင်ဆင်မှုတွေ သေချာပေါက် ရှိနေမှာပဲလေ..."
ဝူရွှီ က ခေါင်းညိတ် ထောက်ခံလိုက်သည်။
"မင်းပြောတာလည်း ဟုတ်တာပဲ... ဒါဆို နောက်ကျရင် ငါတို့ နှစ်ယောက် ပူးပေါင်းကြမလား..."
နင်ချီ သည် ထိုကမ်းလှမ်းမှုကို ပြတ်သားစွာပင် ငြင်းပယ်လိုက်သည်။
‘နောက်နေတာလား...ငါက အခုချိန်မှာ နောက်ကွယ်က ဆဋ္ဌမမြောက် လူ အဖြစ် ရပ်တည်ချင်နေတာလေ... ဘယ်လိုလုပ်ပြီး တခြားသူတွေနဲ့ သွားပူးပေါင်းနေလို့ ရပါ့မလဲ…’
မကြာမီမှာပင်... သူတို့ အားလုံးသည် နယ်နိမိတ် နံရံ ကြီး၏ အနီးသို့ ရောက်ရှိသွားကြ၏။
ထိုအခါ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် သည် သူ၏ ကမ္ဘာ့စွမ်းအား ကို အသုံးပြု၍ နယ်နိမိတ် နံရံပေါ်တွင် မြောက်ဘက်တည့်တည့် ဝိညာဉ်နယ်မြေ သို့ ဝင်ရောက်နိုင်မည့် တံခါးပေါက် တစ်ခုကို ဖွင့်လှစ်ပေးလိုက်တော့၏။
"အခုချက်ချင်း သွားကြ... အဲဒီအထဲမှာ ရှိနေတဲ့ တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ ကျင့်ကြံသူတွေကို အပြတ်ရှင်းခဲ့ကြ..."
"အမိန့်အတိုင်းပါ ကမ္ဘာ့အရှင်သခင်..."
သူတို့ အားလုံးသည် တံခါးပေါက် အတွင်းသို့ တစ်ပြိုင်နက်တည်း လှမ်းဝင်သွားကြတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားပြီးနောက် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားလေရာ... လူအုပ်ကြီးသည် မြောက်ပိုင်း ဝိညာဉ်နယ်မြေ အတွင်းသို့ ရောက်ရှိသွားကြလေပြီ။
သူတို့ ဝင်ရောက်သွားပြီးသည်နှင့် တစ်ပြိုင်နက် ဤနယ်မြေအတွင်းရှိ ဟင်းလင်းပြင် နေရာလွတ်မှာ အတန်ငယ် မတည်မငြိမ် ဖြစ်နေကြောင်း နင်ချီ ချက်ချင်းပင် အာရုံခံမိလိုက်သည်။ သို့သော်ငြား လုံးဝ ပြိုကျပျက်စီးသွားခြင်းတော့ မရှိခဲ့ချေ။
ထင်သည့်အတိုင်းပင်... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် သည် အန္တရာယ်များသော လှည့်ကွက် တစ်ခုကို အသုံးပြုလိုက်ခြင်းပင်။
လူတိုင်း၏ မျက်နှာထားများမှာ ချက်ချင်းပင် ပြောင်းလဲသွားကြ၏။
ခေါင်းဆောင် ဖြစ်သူက ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် ကို ထုတ်ယူလိုက်ပြီး မြေပုံပေါ်သို့ တစ်ချက် ကြည့်လိုက်ရာ... ဤနယ်မြေ အတွင်းရှိ ရန်သူ ကျင့်ကြံသူများ၏ တည်နေရာကို အတိအကျ တွေ့လိုက်ရသည်။
သူသည် မြောက်ဘက် အရပ်ဆီသို့ လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ညွှန်ကြားလိုက်သည်။
"ရန်သူတွေက မြောက်ဘက်မှာ ရှိတယ်... ငါတို့ အမြန်ဆုံး တိုက်ခိုက်ပြီး သူတို့ကို အပြတ်ရှင်းပစ်ရမယ်..."
အခန်း (၈၇၈) - ကမ္ဘာကြီး နှစ်ခုကြားက ဆဋ္ဌမမြောက် တည်ရှိမှု ဖြစ်လာခြင်း
ဤ မြောက်ပိုင်း ဝိညာဉ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသော ကျယ်ပြန့်သော ကမ္ဘာ မှ သဟဇာတဖြစ်ခြင်း နယ်ပယ် အစောပိုင်း အဆင့် ကျင့်ကြံသူ အဖွဲ့တွင်... နင်ချီ အပါအဝင် စုစုပေါင်း အယောက် သုံးဆယ် ပါဝင်သည်။
နင်ချီ သည်လည်း သူတို့နှင့်အတူ မြောက်ဘက်ဆီသို့ အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
ထပ်မံ၍ အချိန်ဆွဲမနေတော့ဘဲ... ဓားသွားများ၏ တလက်လက် တောက်ပနေသော အလင်းရောင်များနှင့် လက်နက်ချင်း ထိခိုက်သံများ ကြားတွင်ပင်... ဤနယ်မြေသည် သူတို့၏ အပြင်းအထန် တိုက်ခိုက်မှု အောက်၌ ချက်ချင်းပင် ကျဆုံးသွားတော့သည်။
ရလဒ်အနေဖြင့် မြောက်ပိုင်း ဝိညာဉ်နယ်မြေ သည်လည်း ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်နိမိတ် အတွင်းသို့ သိမ်းသွင်းခြင်း ခံလိုက်ရလေပြီ။
ဤသို့ဖြင့် စစ်မြေပြင်နယ်မြေ တစ်ခုလုံး၌ နှစ်ဖက် အင်အားမှာ ပြန်လည် မျှတသွားတော့၏။ နင်ချီ ကိုယ်တိုင်ကလည်း ပါဝင်ပတ်သက်သူ တစ်ယောက်အနေဖြင့် ဤသို့ အောင်မြင်သွားသည်ကို မြင်တွေ့ရသည့်အတွက် အလွန်ပင် ကျေနပ်နေမိ၏။
ချက်ချင်းဆိုသလိုပင်... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင်ကြီးသည် မြောက်ပိုင်း နယ်မြေသို့ ဆင်းသက်လာပြီးနောက်... အတွင်းရှိ ဟင်းလင်းပြင် နေရာလွတ်ကို အလျင်အမြန် တည်ငြိမ်သွားစေရန် ပြုလုပ်ပေးလိုက်သည်။
"အရမ်းကောင်းတယ်... မင်းတို့တွေက ကျယ်ပြန့်သော ကမ္ဘာ အတွက် တစ်ပွဲ အနိုင်ယူပေးနိုင်ခဲ့ပြီ..."
ပုံရိပ်ယောင်ကြီးက သူ၏ လက်ကို ပေါ့ပေါ့ပါးပါး တစ်ချက် ဝှေ့ယမ်းလိုက်ရာ... ဆုလာဘ် အများအပြားသည် နင်ချီ နှင့် အခြားသူများ၏ အရှေ့သို့ ကျဆင်းလာတော့၏။
နင်ချီ သည် သူ၏ အရှေ့၌ ဝဲပျံနေသော... ဆယ့်သုံးပေခန့် ရှည်လျားပြီး ရုပ်လုံးပေါ်လုနီးပါး ဖြစ်နေသည့် အလင်းမျှင်တန်း တစ်ခုကို စူးစိုက်ကြည့်နေသည်။
၎င်းက ကျယ်ပြန့်သော ကမ္ဘာ ၏ ကမ္ဘာ့နယ်နိမိတ် စွမ်းအား ပင်။
နင်ချီ သည်လည်း အခြားသူများနည်းတူ ထိုအရာကို ဝမ်းမြောက်ဝမ်းသာ လက်ခံရယူလိုက်၏။
သူ အလွန်တရာ ပျော်ရွှင်သွားသည်။ ဤ ကျယ်ပြန့်သော ကမ္ဘာ ၏ ကမ္ဘာ့စွမ်းအား ကို ရရှိလိုက်ခြင်းဖြင့်... သူသည် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် အကြောင်းကို ပိုမို နက်ရှိုင်းစွာ နားလည် သဘောပေါက်နိုင်တော့မည် မဟုတ်ပါလော။
သူသည် ယခုအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ စွမ်းအား ထက်ဝက်ခန့်ကို နားလည် သဘောပေါက်ထားပြီး ဖြစ်ရာ... ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအား ကိုပါ တစ်ပြိုင်နက်တည်း လေ့လာခွင့် ရရှိလိုက်ခြင်းက သူ၏ သုတေသန ပြုလုပ်မှု အရှိန်အဟုန်ကို သေချာပေါက် ပိုမို မြန်ဆန်လာစေမည်ပင်။
မည်သို့ပင် ဆိုစေကာမူ... ဤ ဝိညာဉ်ကမ္ဘာကြီး နှစ်ခုစလုံးသည် အစစ်အမှန်သိုင်းကမ္ဘာ ထက် အဆပေါင်းများစွာ သာလွန် ကြီးမားနေဆဲပင် ဖြစ်၏။ ကမ္ဘာကြီး နှစ်ခု၏ စွမ်းအားများကို လေ့လာခြင်းက သူ၏ ကိုယ်ပိုင် စွမ်းအားများကို မြင့်မားလာစေရုံသာမက... အစစ်အမှန်သိုင်းကမ္ဘာ ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အတွက်ကိုပါ များစွာ အထောက်အကူ ပြုစေမည် ဖြစ်ပေ၏။
ယခုအခါတွင်တော့... သူသည် ကမ္ဘာကြီး နှစ်ခု အကြား၌ ကစားပွဲ တစ်ခုကို ဖန်တီး ကစားနေခြင်း ဖြစ်ပြီး... သူ၏ အကျိုးအမြတ်များကို အမြင့်မားဆုံး ဖြစ်လာစေရန် နှစ်ဖက်စလုံးမှ အစွမ်းကုန် ထုတ်ယူနေခြင်းပင် ဖြစ်တော့သည်။
ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် သည် အခွင့်ကောင်းကို အရယူလိုက်ပြီး လူအုပ်ကြီးအား ထပ်မံ အမိန့်ပေးလိုက်သည်။
"တောင်နဲ့ ပင်လယ် ကမ္ဘာ က သတိမထားမိခင်... အနောက်မြောက် နယ်မြေ ကိုပါ ဆက်ပြီး သိမ်းပိုက်ကြ..."
လူအုပ်ကြီးက ချက်ချင်း သဘောတူလိုက်ကြ၏။
ထို့ကြောင့် နင်ချီ သည်လည်း အခြားသော တာအိုဘိုးဘေးကြီး များနှင့်အတူ အနောက်မြောက် နယ်မြေ သို့ ဆက်လက် လိုက်ပါသွားခဲ့တော့၏။
ထို့နောက် သူတို့သည် ယခင်နည်းတူပင် တိုက်ခိုက်ခဲ့ကြပြီး... ကျယ်ပြန့်သော ကမ္ဘာ အနေဖြင့် အနောက်မြောက် နယ်မြေ ကိုပါ အောင်မြင်စွာ သိမ်းပိုက်နိုင်ရန် ကူညီပေးခဲ့ကြသည်။
နင်ချီ သည် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ချီးမြှင့်သော ကမ္ဘာ့နယ်နိမိတ် စွမ်းအား ကို ဒုတိယအကြိမ် ထပ်မံ ရရှိလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ တာအို စွမ်းအားမျှင် ဆယ်ခုတိတိ ပိုမို ပါဝင်လာ၏။
နင်ချီ သည် အချိန်ဆွဲမနေတော့ဘဲ ၎င်းတို့ကို အစစ်အမှန်သိုင်းကမ္ဘာ သို့ တိတ်တဆိတ် ပို့ဆောင်လိုက်တော့၏။
...
အစစ်အမှန်သိုင်းကမ္ဘာ အတွင်း၌မူ...
ကမ္ဘာ့အရှင်သခင် နင်ချီ သည် ဟင်းလင်းပြင် အတွင်း၌ တင်ပျဉ်ခွေ ထိုင်နေသည်။
သူ၏ လက်နှစ်ဖက်ကို ဒူးအပေါ်၌ တင်ထားပြီး လက်ဝါးများကို အထက်သို့ လှန်ထား၏။ ကမ္ဘာကြီး နှစ်ခု၏ စွမ်းအားများသည် သူ၏ လက်ဝါးပြင်ပေါ်၌ လေထဲတွင် ဝဲပျံနေကြသည်။
နင်ချီ သည် ထိုစွမ်းအား နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လေ့လာ မှတ်သားနေပြီး... အစစ်အမှန်သိုင်းကမ္ဘာ ၏ စွမ်းအား နှင့် ယှဉ်တွဲ နှိုင်းယှဉ်နေ၏။
"ဝိညာဉ်ကမ္ဘာ တွေက တကယ်ပဲ အံ့မခန်းပဲ... သူတို့ရဲ့ ကမ္ဘာ့နယ်နိမိတ် စွမ်းအား တွေက တကယ့်ကို ထူးခြား ကွဲပြားလွန်းတယ်..."
အခန်း (၈၇၉) - ကမ္ဘာကြီး နှစ်ခုကြားက ဆဋ္ဌမမြောက် တည်ရှိမှု ဖြစ်လာခြင်း
ရုတ်တရက်... သူ၏ ဘယ်ဘက် လက်ဝါးပြင်ထက်၌ မီးတောက်တစ်ခု ဟုန်းခနဲ တောက်လောင်လာသည်။
ထို မီးတောက်များမှာ စိမ်းပြာရောင် သန်းနေပြီး... အစစ်အမှန်သိုင်းကမ္ဘာ ၏ မူလအစ စည်းမျဉ်းများ ကို နင်ချီ လှုံ့ဆော် အသက်သွင်းလိုက်ခြင်းမှ ဖြစ်ပေါ်လာလေ၏။ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ကမ္ဘာ့နယ်နိမိတ် စွမ်းအား များ၏ သဘောသဘာဝ နှင့် အနီးစပ်ဆုံး တူညီစေရန် တမင်တကာ ပုံဖော်ထားခြင်းပင်။
ထိုအခိုက်အတန့်တွင်... သူသည် စမ်းသပ်မှု တစ်ခုကို ပြုလုပ်နေသော သုတေသီ တစ်ယောက်အလား... ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့နယ်နိမိတ် စွမ်းအား ကို စမ်းသပ်ရန်အတွက် အလားတူ သဘောသဘာဝ ရှိသော အရာတစ်ခုကို အရင်ဆုံး အသုံးပြု၍... ခွဲခြမ်းစိတ်ဖြာ လေ့လာရ လွယ်ကူစေရန် ပြုလုပ်နေခြင်း ဖြစ်၏။
စိမ်းပြာရောင် မီးတောက်များ ကြားတွင်... တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအားများက တဖြန်းဖြန်း မြည်ဟည်းကာ လှည့်ပတ်နေပြီး... ၎င်းကို ခုခံ ဆန့်ကျင်နေဆဲ ဖြစ်ဟန်တူသည်။
၎င်း၏ စွမ်းအားသည် အစစ်အမှန်သိုင်းကမ္ဘာ ထက် အခြေခံအားဖြင့် များစွာ သာလွန် ကြီးမားနေ၏။ နင်ချီ က လှည့်စားသော နည်းလမ်းများကို အသုံးပြု၍ ၎င်းကို ဇဝေဇဝါ ဖြစ်စေရန် ကြိုးစားခဲ့သော်ငြားလည်း... ၎င်းသည် ကွာခြားချက်ကို အာရုံခံမိနေဆဲ ဖြစ်ပုံရသည်။
"ငါ့ရဲ့ အစစ်အမှန်သိုင်းကမ္ဘာ ထဲမှာတော့ မင်း လာပြီး ရမ်းကားလို့ မရဘူးလေ..."
နင်ချီ က အေးစက်စက် အော်ဟစ်လိုက်၏။
ချက်ချင်းဆိုသလိုပင်... သူ၏ လက်ထဲရှိ စိမ်းပြာရောင် မီးတောက်များမှာ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအား ကို လုံးဝ လွှမ်းခြုံ ဝါးမျိုပစ်လိုက်တော့သည်။
နင်ချီ ၏ စိတ်အာရုံမှာမူ လေငြိမ်နေသော ရေကန်ပြင် တစ်ခုအလား အလွန်တရာ ကြည်လင် တည်ငြိမ်နေ၏။
ရေတွက်၍ မရနိုင်သော သတင်းအချက်အလက် ပေါင်းများစွာသည် သန့်စင်ပြီးသား တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအားများ ထံမှ ဆွဲထုတ်ခံလိုက်ရပြီး... နင်ချီ ၏ နှလုံးသား အတွင်းသို့ စီးဝင်သွားသည့်အလား ရှိနေတော့သည်။
နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ မွေးဖွားလာမှု၊ ကြီးထွားလာမှု နှင့် အားကောင်းလာမှု တို့ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသည့်အလား ခံစားလိုက်ရ၏။ ၎င်းသည် ပတ်ဝန်းကျင်ရှိ ကမ္ဘာငယ်လေး များကို တဖြည်းဖြည်းချင်း ဝါးမျိုခဲ့ကာ... နောက်ဆုံး၌ ဝိညာဉ်ကမ္ဘာကြီး တစ်ခု အဖြစ်သို့ ရောက်ရှိလာခဲ့ပုံ များကိုပါ ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရ၏။
သေချာသည်ကတော့... သဟဇာတ ဖြစ်ခြင်း နယ်ပယ် စွမ်းအား တစ်ခုတည်းကိုသာ အသုံးပြုထားခြင်း ဖြစ်ရာ... သူသည် အပိုင်းအစ အချို့ကိုသာ အဖျားအနားမျှ သိရှိနိုင်မည် ဖြစ်သည်။
အကယ်၍ ၎င်းကို အပြည့်အဝ ရရှိလိုပါက... သူသည် ထိုစွမ်းအားများကို ဆက်တိုက်ဆိုသလို အကြိမ်ကြိမ် သန့်စင်နေရဦးမည်ပင်။
သန့်စင်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသောအခါ နင်ချီ သည် ခေတ္တမျှ ရပ်တန့်လိုက်၏။
ရုတ်တရက်... သူ၏ ခန္ဓာကိုယ်မှ ဧရာမ တောင်တန်းကြီးများ၊ မြစ်ချောင်း သမုဒ္ဒရာကြီးများ အလား အလွန်တရာ ခမ်းနား ကြီးကျယ်လှသော အရှိန်အဝါ တစ်ခု ဖြာထွက်လာသည်။
သူ၏ ကျောဘက်၌ ပုံရိပ်ယောင် တစ်ခုက ရုတ်ခြည်း ထွက်ပေါ်လာ၏။
မှုန်ဝါးဝါး ဖြစ်နေသော ကနဦး လေဟာနယ် ကမ္ဘာဦး အစ အတွင်း၌... သဲတစ်ပွင့် ရှိနေဟန် ပေါ်ပြီး... ထို သဲတစ်ပွင့် အတွင်း၌ ကမ္ဘာကြီး တစ်ခု တည်ရှိနေသည်။
သဲမုန်တိုင်းများ ကြားတွင်... တောင်တန်းများ၊ မြစ်ချောင်းများ စတင် မွေးဖွားလာကြပြီး... တဖြည်းဖြည်းနှင့် ပြည့်စုံသော ကမ္ဘာကြီး တစ်ခု အဖြစ်သို့ ပုံပေါ်လာတော့သည်။
ဒါက တောင်နှင့် ပင်လယ် ကမ္ဘာ မှ သတင်းအချက်အလက်များ က သူ့ထံသို့ ယူဆောင်လာပေးသော ထူးခြားသည့် အပြောင်းအလဲများပင်။
နင်ချီ ၏ အကြည့်များမှာ ပိုမို နက်ရှိုင်းသွားပြီးနောက်... သူ၏ ညာဘက် လက်ဝါးပြင်ထက်ရှိ ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအား ဆီသို့ စူးစိုက်ကြည့်လိုက်၏။
သူသည် ကျယ်ပြန့်သော ကမ္ဘာ ၏ ကမ္ဘာ့စွမ်းအား ကိုလည်း ယခင်နည်းတူ သန့်စင်လိုက်သည်။
ထိုအခိုက် နင်ချီ ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ... ပညာတတ် ပုဂ္ဂိုလ် တစ်ဦး၏ ယဉ်ကျေးသိမ်မွေ့သော အငွေ့အသက်မျိုး ရှိနေပြီး... အလွန် ရှေးကျသော စပျစ်ဝိုင် တစ်ခွက်အလား... အချိန်ကာလ၏ ဖြတ်သန်းမှု နှင့် မုန်တိုင်းပေါင်း များစွာကို ရင်ဆိုင် ကျော်ဖြတ်ပြီးနောက် ထွက်ပေါ်လာသော နက်ရှိုင်းသည့် အငွေ့အသက်မျိုး ဖြစ်နေသည်။
အမည်မသိ ကနဦး လေဟာနယ် ကမ္ဘာဦး အစ မှ၏။ စည်းကမ်းတကျ ဖွဲ့စည်းမှု ရှိလာပြီး သဘာဝတရား၏ နိယာမများကို နားလည် သဘောပေါက်လာသည် အထိ... ဒါက ကျယ်ပြန့်သော ကမ္ဘာ ၏ ဖွံ့ဖြိုးတိုးတက်လာသော လမ်းစဉ်ပင်။
နင်ချီ ၏ ကျောဘက်၌မူ နောက်ထပ် ပုံရိပ်ယောင် တစ်ခုက ထပ်မံ ထွက်ပေါ်လာသည်။
ထို ပန်းချီကားလိပ် အတွင်း၌ စာမရေးရသေးသော စက္ကူအလွတ် တစ်ရွက် ရှိနေပြီး... ထိုစက္ကူပေါ်တွင် အနက်ရောင် စာလုံးများက ဆက်တိုက်ဆိုသလို လင်းလက် တောက်ပနေ၏။
စာလုံး တစ်လုံးစီတိုင်းသည် တာအို စည်းမျဉ်း စွမ်းအား တစ်ခုစီကို ကိုယ်စားပြုနေပြီး... နောက်ဆုံး၌ ထိုစာလုံးများသည် အက္ခရာ တစ်ထောင် ပါဝင်သော သိုင်းကျမ်း တစ်စောင် အဖြစ်သို့ ပုံပေါ်လာတော့၏။
တာအို ကမ္ဘာကြီး နှစ်ခု ၏ စွမ်းအားများကို သန့်စင် အပြီးတွင်တော့... နင်ချီ ၏ အရှိန်အဝါမှာ အလွန်တရာ ထူးခြား ဆန်းကြယ်နေတော့သည်။
ထို မျက်စိတစ်မှိတ် အခိုက်အတန့်လေးမှာပင်... သူသည် ကမ္ဘာကြီး သုံးခုစလုံး ၏ စွမ်းအားများကို ကိုယ်စားပြုနေသည့် အရှင်သခင် တစ်ပါးအလား ဖြစ်နေသည်။
နင်ချီ သည် မျက်လုံးများကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေပြီး... သူ၏ မျက်ဝန်းများ အတွင်း၌ ရေတွက်၍ မရနိုင်သော မြင်ကွင်းများက အဆက်မပြတ် ဖြတ်ပြေးနေ၏။ နောက်ဆုံး၌ သူသည် ခေါင်းကို တစ်ချက် ခါယမ်းလိုက်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"ငါ့ကို လွှမ်းမိုးဖို့တော့ မစဉ်းစားနဲ့... ငါက ငါပဲ..."
ထို ပုံရိပ်ယောင် မြင်ကွင်းများ အားလုံး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်... နင်ချီ ၏ ထူးခြားသော အရှိန်အဝါ များမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူသည် ယခင် အတိုင်းပင် နင်ချီ ဖြစ်နေဆဲ ဖြစ်သည်။
နင်ချီ သည် သန့်စင်ခြင်း လုပ်ငန်းစဉ် ကို အသေအချာ အရသာခံ တွေးတောနေ၏။ ဤလုပ်ငန်းစဉ်မှာ လူဝင်စား များက ကမ္ဘာကြီး နှစ်ခု ၏ ကမ္ဘာ့နယ်နိမိတ် စွမ်းအား များကို အသုံးပြုသည့် နည်းလမ်းများနှင့် လုံးဝ ကွဲပြားခြားနားလှသည်။
အထက် ဝိညာဉ်ကမ္ဘာ ကြီး နှစ်ခုက အောက်ခြေ နယ်မြေ များသို့ ပေးသနားသော ထို စွမ်းအားများကို... ကျင့်ကြံသူ များအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် စည်းမျဉ်းများကို ဖြည့်ဆည်းရန် အရင်းအမြစ် များအဖြစ် အသုံးပြုနိုင်သလို... ရန်သူကို တိုက်ခိုက်ရန် နည်းလမ်း တစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်ကြ၏။
တကယ်တမ်းတွင်မူ... ကမ္ဘာ့နယ်နိမိတ် စွမ်းအား များထဲ၌ ရှိနေသော တကယ့် အဖိုးတန်ဆုံး အရာကို လူတိုင်းက သတိမထားမိဘဲ လျစ်လျူရှု ထားခဲ့ကြသည်။
ကမ္ဘာ့နယ်နိမိတ် စွမ်းအား ဆိုသည့် နာမည်နှင့် လိုက်ဖက်စွာပင်... ၎င်းသည် ကမ္ဘာကြီး တစ်ခုလုံးကို ပုံဖော် ဖန်တီးပေးသော စွမ်းအားများ ဖြစ်သည်။ ၎င်းသည် ဖန်တီးနိုင်စွမ်း ရှိသလို... ဖျက်ဆီးနိုင်စွမ်း လည်း ရှိသည်။ ၎င်းသည် အရာခပ်သိမ်းကို ထိန်းသိမ်းထားနိုင်သလို... သက်ရှိ အားလုံးကိုလည်း မွေးဖွားပေးနိုင်သည်။ ထို့အပြင်.. ၎င်းသည် လူသားများ၏ ဒီအင်အေ ကဲ့သို့ပင်... ကမ္ဘာကြီး တစ်ခုလုံး၏ အချက်အလက် အားလုံးကို မှတ်တမ်းတင်ထားသော မှတ်တမ်းတစ်ခုနှင့် တူညီလှသည်။
သို့သော်ငြား... ကမ္ဘာ့အရှင်သခင် တစ်ပါး ဖြစ်သော သူ တစ်ဦးတည်းသာလျှင် ဤကဲ့သို့ နက်ရှိုင်းစွာ နားလည် သဘောပေါက်နိုင်စွမ်း ရှိပေလိမ့်မည်။ ကောင်းကင်ကို အံတုနိုင်သော စွမ်းရည် ရှိသူများသာလျှင် ဤစွမ်းအားများ အတွင်း၌ လျှို့ဝှက်ထားသော အဓိပ္ပာယ်များကို ဤမျှ နက်ရှိုင်းစွာ နားလည်နိုင်ပါမည်။
နင်ချီ သည် ကမ္ဘာကြီး နှစ်ခု ရှိရာ အရပ်ဆီသို့ ငေးကြည့်လိုက်၏။
'မဖြစ်နိုင်ဘူး... တောင်ဘိုးဘေးကြီး ၊ ပင်လယ်ဘိုးဘေးကြီး နဲ့ သူတော်စင် ဘိုးဘေးကြီး တို့လည်း ဒီအချက်တွေကို သေချာပေါက် နားလည်ထားပြီးသား ဖြစ်မှာပဲ...'
နင်ချီ သည် တာအို ကမ္ဘာကြီး နှစ်ခု ၏ စွမ်းအား များကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ယူလိုက်ပြီး... ဤတစ်ကြိမ်တွင်မူ ခြားနားသော နည်းလမ်း တစ်ခုကို အသုံးပြု၍ ခွဲခြမ်းစိတ်ဖြာရန် ပြင်ဆင်လိုက်တော့သည်။
ယခင်တစ်ကြိမ်က သူသည် ၎င်းတို့၏ သဘောသဘာဝ နှင့် အနီးစပ်ဆုံး တူညီသော စွမ်းအားများကို အသုံးပြုခဲ့ပြီး ဖြစ်ရာ... ယခုအခါ ဆန့်ကျင်ဘက် အစွန်းရောက်သော စွမ်းအားများကို အသုံးပြု၍ စမ်းသပ်ကြည့်လိုခြင်းပင်။
အဓိက အရေးအကြီးဆုံး အချက်မှာ မိမိကိုယ်ကို သိရန်နှင့် ရန်သူကို သိရန်ပင် ဖြစ်ပြီး... သူတို့၏ အားသာချက် နှင့် အားနည်းချက် များကို အသေအချာ နားလည်ထားရန် လိုအပ်၏။ အရာအားလုံးကို အသေးစိတ် စူးစမ်း လေ့လာနိုင်မှသာလျှင်... နင်ချီ အနေဖြင့် ကမ္ဘာကြီး နှစ်ခု ၏ တိုက်ပွဲ ကြီးတွင် အပြီးသတ် အောင်ပွဲကို ဆွတ်ခူးနိုင်ပါမည်။