အခန်း (၈၈၀-၈၈၂)
Vol. 59 Ch. 880-882
အခန်း (၈၈၀) - ကမ္ဘာကြီး နှစ်ခုကြားက ဆဋ္ဌမမြောက် တည်ရှိမှု ဖြစ်လာခြင်း
တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌...
ကျိုးရှန်း အင်မော်တယ်ဂိုဏ်း၊ ကောင်းကင် ဆက်သွယ်ရေး တောင်ထွတ် ထက်တွင်...
တောင်ဘိုးဘေးကြီး သည် တောင်ထိပ်ပေါ်၌ မာနထောင်လွှားစွာ ရပ်နေသော်ငြား... သူ၏ မျက်နှာထားမှာမူ အတော်လေး ခက်ထန်နေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ... ကျယ်ပြန့်သော ကမ္ဘာ က ဘာလို့ စစ်မြေပြင်နယ်မြေ အကြီးစား နှစ်ခု ကို ဆက်တိုက် သိမ်းပိုက်သွားနိုင်ရတာလဲ..."
တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အစွမ်းအထက်ဆုံး တည်ရှိမှု တစ်ခု ဖြစ်ပြီး ကမ္ဘာ့စွမ်းအား အချို့ကို ရယူ ပိုင်ဆိုင်ထားသူ တစ်ယောက် အနေဖြင့်... သူသည် စစ်မြေပြင်နယ်မြေ ၏ အခြေအနေများကို အကြမ်းဖျင်း အနေအထားဖြင့်သာ မြင်တွေ့နိုင်၏။
ထို့ကြောင့် တောင်ဘိုးဘေးကြီး သည် အတွင်း၌ အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုသည်ကိုတော့ အသေးစိတ် မသိရှိနိုင်ချေ။
ထိုအခိုက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင်ကြီးက တောင်ဘိုးဘေးကြီး ၏ အရှေ့ရှိ ဟင်းလင်းပြင် နေရာလွတ် အတွင်း၌ ထွက်ပေါ်လာသည်။
"ဟောင်ရှန်း... မင်းမှာ တစ်ဖက်က သူတော်စင် ဘိုးဘေးကြီး လောက် ရဲရင့်ပြတ်သားတဲ့ သတ္တိမျိုး မရှိဘူး ဖြစ်နေတယ်..."
"ပြောစမ်းပါဦး... အထဲမှာ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ..."
ပုံရိပ်ယောင်ကြီး က ပြန်ဖြေသည်။
"တစ်ဖက်ရန်သူ က သဟဇာတ ဖြစ်ခြင်း နယ်ပယ် အစောပိုင်း အဆင့် ကျင့်ကြံသူ တွေကို သူတို့ မသိမ်းပိုက်ရသေးတဲ့ စစ်မြေပြင်နယ်မြေ တွေထဲကို တိုက်ရိုက် လွှတ်လိုက်တာလေ... အဲဒါကြောင့် သူတို့က စစ်မြေပြင်နယ်မြေ နှစ်ခုကို ဆက်တိုက် သိမ်းပိုက်နိုင်သွားတာပေါ့..."
တောင်ဘိုးဘေးကြီး ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားပြီး... အခြေအနေ အရပ်ရပ်ကို သူ နားလည် သဘောပေါက်သွားတော့သည်။
"အဲဒီ အဖိုးကြီးက တကယ့်ကို ကောက်ကျစ်တာပဲ... အဲဒီ တာအိုဘိုးဘေးကြီး တွေက မတည်ငြိမ်သေးတဲ့ နယ်မြေတွေထဲ ဝင်သွားရင် ဟင်းလင်းပြင် ပျက်စီးမှု တွေကြောင့် သေကုန်မှာကို သူ မကြောက်ဘူးလား..."
"အဲဒါကြောင့် ငါ ပြောတာပေါ့... သူက မင်းထက် ပိုပြီး သတ္တိရှိတယ် လို့..."
"ဟွန့်..."
တောင်ဘိုးဘေးကြီး က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို စိုက်ကြည့်လိုက်၏။
ယနေ့အချိန်တွင်... ကျယ်ပြန့်သော ကမ္ဘာ သည် အရှေ့မြောက်၊ မြောက်၊ အနောက်မြောက် နှင့် အနောက် ဟူသော နယ်မြေ လေးခုကို သိမ်းပိုက်ထားပြီး ဖြစ်သည်။
သူတို့ဘက်တွင်မူ... ပင်လယ်ဘိုးဘေးကြီး က တောင်ဘက်တည့်တည့် နှင့် အနောက်တောင် နယ်မြေ ကို သိမ်းပိုက်ထားပြီး... သူ၏ လက်အောက်မှ လူများက အရှေ့တောင် နယ်မြေ ကိုသာ သိမ်းပိုက်ထားနိုင်ခဲ့၏။
ဆိုလိုသည်မှာ... စစ်မြေပြင်နယ်မြေ ကိုးခု အနက် အရှေ့ဘက် နှင့် အလယ်ဗဟို နယ်မြေ နှစ်ခုသာလျှင် မည်သူမှ မသိမ်းပိုက်ရသေးဘဲ ကျန်ရှိနေတော့ခြင်းပင်။
အခြားတစ်ဖက်တွင်မူ... ကျယ်ပြန့်သော ကမ္ဘာ သည် ခံစစ် နေရာမှ နေခဲ့ရသော်ငြား မထင်မှတ်ထားလောက်အောင် အောင်ပွဲခံနိုင်ခဲ့ပြီး ပိုမို များပြားသော စစ်မြေပြင်နယ်မြေ များကို သိမ်းပိုက်နိုင်ခဲ့လေပြီ။
တောင်ဘိုးဘေးကြီး သည် သူ၏ အနောက်၌ ရပ်နေသော နဂါး မျက်နှာဖုံး နှင့် အလုပ်အကျွေး အား စစ်မြေပြင်နယ်မြေ အတွင်းရှိ မဟာမိတ် တပ်ဖွဲ့များထံသို့ သူ၏ အမိန့်ကို ချက်ချင်း သွားရောက် ပို့ဆောင်ရန် ညွှန်ကြားလိုက်သည်။ မည်သို့သော အရင်းအနှီးမျိုးကို ပေးဆပ်ရပါစေ အရှေ့ဘက် နှင့် အလယ်ဗဟို နယ်မြေ ကို မဖြစ်မနေ သိမ်းပိုက်ရမည် ဟူသော အမိန့်ပင် ဖြစ်၏။
"ချင်ဟိုင် ကို သွားပြောလိုက်... အကယ်၍ ငါတို့သာ အလယ်ဗဟို နယ်မြေ ကို မသိမ်းပိုက်နိုင်ဘူး ဆိုရင်... ဒီစစ်ပွဲက ပြီးသွားပြီလို့..."
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ခါးသက်သက် ပြုံးလိုက်ပြီးနောက်...
"မင်းဘာသာ သွားပြောလိုက်ပါ... ငါကတော့ အဲဒီ အရူးမ ကို သွားမစချင်ဘူး..."
တောင်ဘိုးဘေးကြီး: "...ထားလိုက်ပါတော့လေ... သူ သဘောပေါက်မှာပါ..."
...
အဆုံးအစမဲ့ ပင်လယ်...
ပင်လယ်ဘိုးဘေးကြီး သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ရောက်လာသည်ကို မြင်လိုက်ရသောအခါ... သူမသည် အေးစက်သော အကြည့်များဖြင့် တစ်ချက် ကြည့်လိုက်သည်။
"ဟောင်ရှန်း တစ်ယောက် အခု အကြီးအကျယ် ခေါင်းကိုက်နေလောက်ပြီ မဟုတ်လား..."
"မင်း ကိုယ်တိုင်လည်း ခန့်မှန်းမိနေသားပဲ... ငါ့ကို လာမေးနေစရာ လိုသေးလို့လား..."
"ဟွန့်... သူ ခေါင်းကိုက်တာ ငါ လိုချင်တဲ့ အရာပဲ... အရင်တုန်းကသာ သူက အဆင့်ချိုးဖြတ်ဖို့ အရမ်း အလောတကြီး မဖြစ်ခဲ့ဘူး ဆိုရင်... ငါတို့တွေ အခုလို အခြေအနေမျိုး ရောက်စရာ အကြောင်း မရှိဘူးလေ..."
ပင်လယ်ဘိုးဘေးကြီး ၏ စကားများမှာ အလွန်တရာ အေးစက် နက်ရှိုင်းနေပြီး... အဆုံးအစမဲ့ နာကြည်းချက် များ ပါဝင်နေဟန် ရှိသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က ပြန်ပြောလိုက်သည်။
"အတိတ် က အဖြစ်အပျက် တွေက အနာဂတ် ကို တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်လေ... ငါ မျှော်လင့်တာ ကတော့... ဒီတစ်ကြိမ်မှာ ငါတို့ရဲ့ အိပ်မက်တွေ တကယ် ဖြစ်လာဖို့ပါပဲ..."
"ငါတို့ သေချာပေါက် လုပ်နိုင်ရမယ်..."
ဟု ပင်လယ်ဘိုးဘေးကြီး က တုန်လှုပ်ခြင်း အလျဉ်းမရှိသော ပြတ်သားသည့် လေသံဖြင့် ပြောလိုက်တော့သည်။
...
ဟောက်တုံးရန် အဖြစ် အသွင်ပြောင်းထားသော နင်ချီ သည် အဖွဲ့နှင့်အတူ ဆက်လက် လိုက်ပါသွားသည်။
ယခုအခါ ကျယ်ပြန့်သော ကမ္ဘာ သည် နယ်မြေ လေးခုကို အောင်မြင်စွာ သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ ထက် တစ်နယ်မြေ အသာစီး ရနေလေရာ... ဒါက နင်ချီ ၏ မဟာဗျူဟာမြောက် စီမံကိန်း အောင်မြင်သွားခြင်းပင်။
အကယ်၍သာ သူက ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် ကို မတီထွင်ခဲ့ဘူး ဆိုလျှင်... ထို့အပြင် တောင်နှင့် ပင်လယ် ကမ္ဘာ အား နယ်မြေ နှစ်ခုကို အလျင်အမြန် သိမ်းပိုက်နိုင်ရန် မကူညီခဲ့ဘူး ဆိုလျှင်... ကျယ်ပြန့်သော ကမ္ဘာ အနေဖြင့် ဤမျှ အန္တရာယ်များပြီး ပြင်းထန်သော နည်းလမ်းများကို အသုံးပြုရန် မည်သို့ ဖိအားပေးနိုင်မည်နည်း...
လက်ရှိ အချိန်တွင်... စစ်မြေပြင်နယ်မြေ အတွင်း၌ ကမ္ဘာကြီး နှစ်ခု ၏ အင်အားမှာ ယေဘုယျအားဖြင့် မျှတနေလေပြီ။
ယခုလေးတင် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က ကြေညာလိုက်သည်မှာ... သူ သိမ်းပိုက်ထားသော နယ်မြေ လေးခုစလုံးမှာ ဆက်စပ်နေပြီ ဖြစ်ရာ... ထို နယ်မြေ လေးခု အကြားရှိ နယ်နိမိတ် အတားအဆီး များကို အပြည့်အဝ ဖြိုခွဲပစ်မည် ဟူ၍ ဖြစ်သည်။
ထိုနယ်မြေ လေးခု လုံးဝ ချိတ်ဆက်သွားပြီး ဟင်းလင်းပြင် ပိုမို တည်ငြိမ်လာသည်နှင့် တစ်ပြိုင်နက်... သဟဇာတဖြစ်ခြင်း နယ်ပယ် နှောင်းပိုင်း အဆင့် နှင့် အထွတ်အထိပ် အဆင့် ကျင့်ကြံသူ များပါ စစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက်လာနိုင်မည် ဖြစ်သည်။
အရှေ့ပိုင်း နယ်မြေ နှင့် ပတ်သက်၍မူ... ယခုအချိန်တွင် ထိုနေရာသို့ ဝင်ရောက်ရန် မသင့်တော်သေးကြောင်း၊ တောင်နှင့် ပင်လယ် ကမ္ဘာ က သေချာပေါက် စောင့်ကြပ်နေလိမ့်မည် ဖြစ်ကြောင်း သူတော်စင် ဘိုးဘေးကြီး က သတိပေးထားခဲ့၏။
ထို့ကြောင့် အရှေ့ပိုင်း နယ်မြေ ကို အာရုံစိုက်နေမည့် အစား... အလယ်ဗဟို နယ်မြေ ကိုသာ အင်အားအပြည့်ဖြင့် အာရုံစိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
အလယ်ဗဟို နယ်မြေ သည် စစ်မြေပြင်နယ်မြေ တစ်ခုလုံး၏ အူတိုင် ဖြစ်ပြီး... ကမ္ဘာကြီး နှစ်ခု စစ်ပွဲ၏ အဆုံးအဖြတ် ကို ပေးမည့် နေရာလည်း ဖြစ်သည်။
ထို့ကြောင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် သည် ပူးပေါင်း အဖွဲ့အချို့ ကို ဖွဲ့စည်းကာ... အစောပိုင်း အဆင့် ကျင့်ကြံသူများကို အလယ်ဗဟို စစ်မြေပြင်နယ်မြေ သို့ စေလွှတ်ရန် ပြင်ဆင်လိုက်တော့၏။
နင်ချီ သည် ထိုအဖွဲ့တွင် ပါဝင်ရန် ချက်ချင်းပင် စေတနာ့ဝန်ထမ်း အဖြစ် စာရင်းပေးသွင်းလိုက်ရာ... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ၏ ချီးကျူးမှုကိုပင် ရရှိလိုက်၏။
ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က နင်ချီ အား တာအို စွမ်းအားမျှင် သုံးဆယ် ကို ချီးမြှင့်လိုက်ပြီးနောက်...
"အလယ်ဗဟို နယ်မြေ က အရမ်း အရေးကြီးတယ်... မင်းတို့တွေ အဲဒီကို သွားပြီး စူးစမ်းတဲ့အခါ အရမ်း သတိထားကြဖို့ လိုမယ်... တောင်နဲ့ ပင်လယ် ကမ္ဘာ ကလည်း အဲဒီကို လူလွှတ်ထားနိုင်လောက်တယ်..."
ဟု သတိပေးလိုက်၏။
နင်ချီ နှင့် အခြားသူများက ခေါင်းညိတ်ပြလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင်... သူတို့သည် အလယ်ဗဟို နယ်မြေ အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်သွားကြတော့သည်။
သို့သော်ငြား... ဤတစ်ကြိမ်တွင်မူ သူတို့ ယခင်ကလောက် ကံမကောင်းခဲ့ကြချေ။ တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့က သူတို့၏ လှုပ်ရှားမှုများကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။
ထို့ကြောင့် သူတို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက်... တာအိုဘိုးဘေးကြီး အများအပြားက သူတို့ကို ချက်ချင်းပင် ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
အငိုက်မိသွားသောကြောင့်... သူတို့အဖွဲ့၏ ထက်ဝက်ခန့်မှာ မျက်စိတစ်မှိတ် အတွင်းမှာပင် မျိုးတုံး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
အဖွဲ့ခေါင်းဆောင်က...
"အခုချက်ချင်း ဆုတ်ကြ..."
ဟု အလန့်တကြား အော်ဟစ်လိုက်၏။
သို့သော် နင်ချီ ကမူ သူ၏ စကားကို နားထောင်မည် မဟုတ်ချေ။ သူသည် တစ်ဖက်ရန်သူ ၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး ပွဲချင်းပြီး သေဆုံးသွားသည့်အလား ဟန်ဆောင်လိုက်တော့သည်။
သူသည် ကိုယ်ယောင်ဖျောက် လိုက်ပြီးနောက်... ဟောက်တုံးရန် ၏ အသွင်အပြင် ကို ချက်ချင်း စွန့်လွှတ်လိုက်သည်။
ထို့နောက် သူ၏ ပုံရိပ်သည် အခြားသော ဟင်းလင်းပြင် နေရာလွတ် တစ်ခု အတွင်း၌ ပြန်လည် ထွက်ပေါ်လာသော်ငြား... မည်သူကမျှ သူ့ကို မမြင်နိုင်ကြတော့ချေ။
နင်ချီ သည် အလယ်ဗဟို နယ်မြေ တစ်ခုလုံး ကို ပြင်ပ လူတစ်ယောက် အနေဖြင့် စတင် လေ့လာ စောင့်ကြည့်နေလိုက်၏။
အခန်း (၈၈၁) - လန်ချင်းအောက်
ယခုအခါ... အလယ်ဗဟို နယ်မြေ တစ်ခုလုံး၌ ကျင့်ကြံသူ များမှာ ပုရွက်ဆိတ် အုပ်ကြီးအလား နေရာအနှံ့အပြားတွင် အုံခဲ ပြည့်နှက်နေကြသည်။
နေရာတိုင်းတွင် မီးခိုးငွေ့ များနှင့် မီးတောက်များ က ဖုံးလွှမ်းနေပြီး... မြေပြင် တစ်ခုလုံးမှာလည်း အနီရင့်ရောင် သွေးများဖြင့် စွန်းထင်းနေလေရာ... အလွန်တရာ ရင်နင့်ဖွယ် ကောင်းသော သွေးချောင်းစီး စစ်တလင်းကြီး အဖြစ်သို့ ရောက်ရှိနေလေပြီ။
နင်ချီ သည် ပတ်ဝန်းကျင် ကို သေသေချာချာ ဝေ့ကြည့်လိုက်ပြီးနောက်... ဓားဘိုးဘေးကြီး နှင့် အခြားသူများကို မတွေ့ရသည့် အတွက် သက်ပြင်းချလိုက်မိ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ဤမျှလောက် ကြမ်းတမ်း ရက်စက်သော စစ်တလင်းကြီး ထဲသို့ သူတို့ကို မလွှတ်ခဲ့သည်မှာ အတော်လေး ရိုးသားသည်ဟု ဆိုရပေမည်။
သို့သော်ငြား... ဤအခြေအနေက အချိန်အကြာကြီး တည်မြဲနေမည်တော့ မဟုတ်ချေ... အစောဖြစ်စေ အနှောင်းဖြစ်စေ သူတို့လည်း ဤနေရာသို့ ရောက်လာကြရဦးမည်သာ။
အလယ်ဗဟို နယ်မြေ မှာ အလွန်တရာ ကျယ်ပြောလှပြီး... ၎င်း၏ အကျယ်အဝန်းမှာ အပြင်ဘက်ရှိ စစ်မြေပြင်နယ်မြေ လေးခု ပေါင်းထားသည်နှင့် ခန့်မှန်းခြေ ညီမျှ၏။
ထို့ကြောင့် ဤနယ်မြေ အတွင်း၌ မရေမတွက်နိုင်သော ပါရမီရှင် များစွာ ရှိနေခြင်း ဖြစ်ပေသည်။
နင်ချီ သည် ဤနယ်မြေ အတွင်း၌ လှည့်လည် သွားလာနေပြီး... လူများစွာကို ကယ်တင်ရန်အတွက် အချိန်အခါအလိုက် ပြတ်သားသော လုပ်ဆောင်မှုများကို ပြုလုပ်ပေးနေ၏။
ထိုသူများ အားလုံးမှာ အစစ်အမှန်သိုင်းကမ္ဘာ မှ သူ၏ လူဝင်စား များပင် ဖြစ်ကြသည်။
ဤနေရာသို့ မရောက်မီက... သူသည် အခြားသော နယ်မြေ အသီးသီးသို့ သွားရောက်ခဲ့ပြီး... အန္တရာယ်များလှသော နယ်မြေများတွင် ရောက်ရှိနေကြသည့် အစစ်အမှန်သိုင်းကမ္ဘာ မှ ကျင့်ကြံသူ များ အားလုံးကို အလယ်ဗဟို နယ်မြေ သို့ ခေါ်ဆောင်လာခဲ့၏။
ဥပမာအားဖြင့်... သူ ဟောက်တုံးရန် အဖြစ် အသွင်ပြောင်း၍ တိုက်ခိုက်ခဲ့သော နယ်မြေ နှစ်ခုမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုအချိန် အတွင်း၌ နင်ချီ သည် သူ၏ မိတ်ဆွေဟောင်း များစွာနှင့်လည်း တွေ့ဆုံခဲ့ရ၏။
ဥပမာအားဖြင့်... သူ၏ စီနီယာအစ်ကိုဟောင်း ချင်ယွင် နှင့် အခြားသူများမှာ... တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ လူဝင်စား များ ဖြစ်လာကြပြီးနောက် ပထမဆုံး အကြိမ် ပြန်လည် ဆုံတွေ့ရခြင်း ဖြစ်သဖြင့် အတိုင်းမသိ ဝမ်းသာနေကြသည်။
အလယ်ဗဟို နယ်မြေ သည် ကျင့်ကြံခြင်း အတွက် အကောင်းဆုံး နေရာတစ်ခု လည်း ဖြစ်သည်။
ရာစုနှစ် နှစ်ခု နီးပါး သက်တမ်း ရှိနေကြပြီ ဖြစ်သော အစစ်အမှန်သိုင်းကမ္ဘာ မှ လူဝင်စား များ အားလုံး၏။ ယခုအခါ တောင်နှင့် ပင်လယ် ကမ္ဘာ တစ်ခုလုံး ရှိ မျိုးဆက်သစ် လူငယ်များ အကြားတွင် အမာခံ အင်အားစု တစ်ခု ဖြစ်လာကြလေပြီ။
စစ်မြေပြင်နယ်မြေ အတွင်း၌ အသက်ရှင် ကျန်ရစ်နေခဲ့သော လူငယ် ကျင့်ကြံသူ အများစုမှာ နင်ချီ ၏ လက်အောက်ငယ်သား များသာ ဖြစ်သည်ဟု ဆိုလျှင်လည်း လုံးဝ မှားယွင်းမည် မဟုတ်ချေ။
သူတို့ အားလုံးသည် အချင်းချင်း နားလည်မှု အပြည့်ဖြင့် ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်နေကြပြီး... အလွန် ခိုင်မာသော အဖွဲ့အစည်း တစ်ခုကို တည်ဆောက်ထားကြသည်။
နင်ချီ က အမိန့်တစ်ခု ပေးလိုက်သည်နှင့် တစ်ပြိုင်နက်... အခြေအနေ တစ်ခုလုံးမှာ ချက်ချင်း ပြောင်းပြန် လန်သွားမည် ဖြစ်ပြီး... နင်ချီ အနေဖြင့် ကမ္ဘာကြီး နှစ်ခု ကို တိုက်ခိုက်ရာတွင် အများကြီး အထောက်အကူ ဖြစ်စေပါမည်။
သို့သော်ငြား ယခုအချိန်တွင် တစ်ခုတည်းသော ပြဿနာမှာ... အစစ်အမှန်သိုင်းကမ္ဘာ မှ နင်ချီ ၏ ရင်းနှီးသော မိတ်ဆွေ အချို့ကို ချန်လှပ်ထားလျှင်... အခြားသော လူဝင်စား များမှာ ပေါင်းစည်းခြင်း နယ်ပယ် သို့ပင် မရောက်ကြသေးခြင်းပင်။
အခြားသော ကျင့်ကြံသူ အများစုမှာ မူလဝိညာဉ် နယ်ပယ် အထွတ်အထိပ် အဆင့် တွင်သာ ရှိနေကြဆဲ ဖြစ်သည်။
ဆက်လက် ဖြစ်ပေါ်လာမည့် စစ်ပွဲများမှာ... သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများ သီးသန့် ပါဝင်မည့် စစ်တလင်းကြီး ဖြစ်လာတော့မည်ပင်။ နင်ချီ ၏ ကိုယ်ပိုင် လူဝင်စား ခန္ဓာကိုယ် ပင်လျှင် ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့် တွင်သာ ရှိနေသေးပြီး အဆင့်မတက်ရသေးရာ... အခြားသူများ အကြောင်းကိုမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ထို့ကြောင့် နင်ချီ မှာ အတန်ငယ် စိတ်ပျက်နေမိ၏။
အစစ်အမှန်သိုင်းကမ္ဘာ မှ လူဝင်စား များသည် လာမည့် မဟာတိုက်ပွဲကြီး များတွင် ကြီးကြီးမားမား အခန်းကဏ္ဍမှ ပါဝင်နိုင်လိမ့်မည် မဟုတ်ဘဲ... အနည်းငယ်မျှသော သူများသာလျှင် သဟဇာတဖြစ်ခြင်း နယ်ပယ် သို့ အဆင့်ချိုးဖြတ်လှမ်းနိုင်မည် ဖြစ်သည်။
သို့သော်ငြား... မျိုးဆက်ဟောင်း များ အားလုံး သေဆုံးသွားခဲ့မည် ဆိုပါက... သူတို့အတွက် အခွင့်အရေး ရလာမည် မဟုတ်ပါလော...။
နင်ချီ ၏ မျက်လုံးများထဲတွင် ရူးသွပ်မှု အလင်းတန်း တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားတော့၏။
အကယ်၍ ထို တာအိုဘိုးဘေးကြီး အိုကြီးအိုမ များ အားလုံး သေဆုံးသွားခဲ့မည် ဆိုပါက... ကမ္ဘာကြီး နှစ်ခု စလုံးသည် သူ၏ လူများ ထိန်းချုပ်မှု အောက်သို့ အပြည့်အဝ ရောက်ရှိသွားမည်သာ။
နောက်ဆုံး၌... တောင်ဘိုးဘေးကြီး ၊ ပင်လယ်ဘိုးဘေးကြီး ၊ သူတော်စင် ဘိုးဘေးကြီး နှင့် ဝိညာဉ်ကမ္ဘာကြီး နှစ်ခု ၏ ကမ္ဘာ့ဆန္ဒတော် များကိုပါ အောင်နိုင်ခဲ့မည် ဆိုပါက... သူသည် အပြီးသတ် အောင်ပွဲကို ရယူနိုင်မည် ဖြစ်ပေတော့သည်။
နင်ချီ သည် လူသူကင်းမဲ့သော ထောင့်ချိုး နေရာတစ်ခုတွင် ပုန်းအောင်းနေပြီး... ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို သူ၏ အရှေ့သို့ ထုတ်ယူလိုက်၏။
ထို ဝိညာဉ်ကျောက်တုံး များကို သူ ထုတ်လွှတ်လိုက်သော တာအို မီးတောက် များဖြင့် လွှမ်းခြုံလိုက်ပြီး... အဆက်မပြတ် ပုံသွင်း သန့်စင်နေသည်။ ထို့နောက် နင်ချီ သည် နောက်ထပ် တာအို စွမ်းအား တစ်ခုကို ထုတ်ယူလိုက်ပြီး... ထိုအရာများပေါ်သို့ လျှို့ဝှက် မန္တန်များ ရွတ်ဖတ် ချမှတ်လိုက်၏။
သူသည် အရာဝတ္ထု အသစ် တစ်ခုကို ဖန်တီးနေခြင်း ဖြစ်ပေ၏။
နင်ချီ သည် အစစ်အမှန်သိုင်းကမ္ဘာ မှ ကျင့်ကြံသူ အားလုံးအတွက်... တိုက်ခိုက်ရေး၊ ကာကွယ်ရေး၊ ဆက်သွယ်ရေး နှင့် မြေပုံကြည့်ရှုခြင်း စွမ်းရည် များ အားလုံးကို တစ်ပေါင်းတစ်စည်းတည်း ပေါင်းစပ်ထားသော မှော်ရတနာ အသစ် တစ်ခုကို ဖန်တီးပေးရန် ရည်ရွယ်ထားခြင်း ဖြစ်တော့သတည်း…။ သူ၏ ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်ပြီး အညစ်အကြေးများ ဖယ်ရှား သန့်စင်ထားပြီးဖြစ်သော သူ၏အရှေ့ရှိ ဝိညာဉ်ကျောက်တုံးများ အားလုံးကို ရစ်ပတ်လွှမ်းခြုံလိုက်သည်။ သူ၏ ဝိညာဉ်အာရုံမှာ အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားတွင် တည်ရှိနေပြီး ဓားသွားတစ်လက်အလား ထက်ရှနေ၏။
ထိုအခိုက်... နင်ချီသည် အလွန်တရာ ကျွမ်းကျင်ပြောင်မြောက်သော ပန်းပုဆရာ တစ်ယောက်အလား... ဝိညာဉ်ကျောက်တုံးများ အားလုံး၏ ပုံသဏ္ဌာန်ကို တစ်ပြိုင်နက်တည်း ပြောင်းလဲပစ်လိုက်ပြီး... ၎င်းတို့အပေါ်တွင် ရှုပ်ထွေးနက်နဲလှသော မှော်အခင်းအကျင်း ပေါင်းများစွာကို ထွင်းထု မှတ်တမ်းတင်နေတော့သည်။
သူက အရာဝတ္ထုများကို တစ်ခုပြီးတစ်ခု ထပ်မံ ပေါင်းထည့်လိုက်သည်နှင့်အမျှ... အရာဝတ္ထု အသစ်တစ်ခုသည် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ဖွဲ့တည်လာသည်။
တစ်ချိန်တည်းမှာပင်... နင်ချီ၏ သိုလှောင်ရေး ဟင်းလင်းပြင် အတွင်းမှ ရေတွက်၍ မရနိုင်သော ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန် ရတနာများက ဆက်တိုက်ဆိုသလို ပျံထွက်လာပြီးနောက်... သူ၏ ခွဲထွက်ဝိညာဉ် ၏ အရည်ကျို သန့်စင်ခြင်းကို ခံလိုက်ရ၏။ ထို အရည်ပျော်သွားသော ရတနာများသည် ရေတံခွန်အလား ဝိညာဉ်ကျောက်တုံးများ ထဲသို့ စီးဝင်သွားပြီး... ၎င်းတို့၏ ခိုင်ခံ့မှုကို အဆပေါင်းများစွာ တိုးမြှင့်ပေးလိုက်တော့သည်။ မည်မျှလောက် အချိန်ကြာသွားသည် မသိ... ဟင်းလင်းပြင် နေရာလွတ်ကြီးမှာ ရုတ်တရက် တုန်ခါသွားသည်။
နင်ချီ၏ အရှေ့၌... တစ်ထေရာတည်း တူညီနေသော အရာဝတ္ထု ရာပေါင်းများစွာက တလက်လက် တောက်ပနေတော့၏။ ထို အရာဝတ္ထုများမှာ အလုံးပုံသဏ္ဌာန် ရှိပြီး... အိတ်ဆောင်နာရီ တစ်လုံးနှင့် ပုံပန်းသဏ္ဌာန် ဆင်တူလှသည်။ နင်ချီသည် လေထဲမှ အရာဝတ္ထု တစ်ခုကို လှမ်းယူလိုက်ပြီး လက်ထဲတွင် အသေအချာ ကြည့်ရှုလိုက်လေရာ... အလွန် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မင်းတို့ကို အစစ်အမှန်သိုင်း အိတ်ဆောင်နာရီ လို့ပဲ နာမည်ပေးလိုက်မယ်လေ..."
အစစ်အမှန်သိုင်း အိတ်ဆောင်နာရီ သည် စစ်မြေပြင်နယ်မြေ တစ်ခုလုံး၏ မြေပုံကို ကြည့်ရှုနိုင်စွမ်း ရှိရုံသာမက... အချင်းချင်း ဆက်သွယ်ရန်နှင့် သတိပေးချက်များ ထုတ်ပြန်ရန် လုပ်ဆောင်ချက်များပါ ပါဝင်၏။ ထို့အပြင် နင်ချီသည် ရှာဖွေ ထောက်လှမ်းရေး စွမ်းရည်ကိုပါ ထည့်သွင်းပေးထားပြီး... ၎င်းကို အစစ်အမှန်သိုင်းကမ္ဘာ မှ လူဝင်စားများ သာလျှင် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့နောက် သူသည် ဤရတနာများကို တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ အစစ်အမှန်သိုင်းကမ္ဘာ မှ လူဝင်စားများ ထံသို့ ဖြန့်ဝေပေးမည် ဖြစ်၏။ ထို လူဝင်စားများသည် တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ တိတ်တဆိတ် ပုန်းအောင်းနေသော လျှို့ဝှက် ကျင့်ကြံသူ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းထားကြခြင်း ဖြစ်ပေ၏။
သေချာသည်ကတော့... လူတိုင်း ဤရတနာကို ရရှိမည်တော့ မဟုတ်ချေ။ တောင်နှင့် ပင်လယ် ကမ္ဘာ တွင်... နင်ချီသည် ဝိညာဉ်နယ်မြေ တစ်ခုစီမှ လူတစ်ယောက် သို့မဟုတ် နှစ်ယောက်ကိုသာ ရွေးချယ်၍ ဤရတနာကို ချီးမြှင့်မည် ဖြစ်၏။ ထို့နောက် သူတို့က သက်ဆိုင်ရာ ဝိညာဉ်နယ်မြေများ အတွင်းရှိ တာအိုမိတ်ဆွေများကို ပြန်လည် ဆက်သွယ်ကာ အဖွဲ့ငယ်လေးများ ဖွဲ့စည်းကြမည် ဖြစ်ပေ၏။ နင်ချီသည် သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။ ဒါက တောင်နှင့် ပင်လယ် ကမ္ဘာ ကို မှောက်လှန်ပစ်ရန် သူ၏ ကြိုတင်ပြင်ဆင်မှုများထဲမှ တစ်ခုပင် ဖြစ်တော့၏။
ထို့နောက်တွင်တော့... နင်ချီသည် အလယ်ဗဟို နယ်မြေ အတွင်း၌ ဆက်လက် လှည့်လည် သွားလာနေပြီး... အစစ်အမှန်သိုင်း အိတ်ဆောင်နာရီ များကို တစ်ယောက်ပြီး တစ်ယောက် ဖြန့်ဝေပေးနေ၏။
အခန်း (၈၈၂) - လန်ချင်းအောက်
ဤရတနာကို ရရှိသွားသူတိုင်းမှာ သဘာဝကျစွာပင် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားကြသည်။
ဤအရာဖြင့်... အစစ်အမှန်သိုင်းကမ္ဘာ မှ ကျင့်ကြံသူများ အားလုံးသည် လျှို့ဝှက် မဟာမိတ်အဖွဲ့ တစ်ခုကို အပြည့်အဝ ဖွဲ့စည်းနိုင်ကြပြီ ဖြစ်သည်။
ထို့အပြင်... ဤ မဟာမိတ်အဖွဲ့ကြီးမှာ လုံးဝ ချိုးဖျက်၍ မရနိုင်လောက်အောင် ခိုင်မာလွန်းလှပေ၏။
အတားအဆီး နံရံများဖြင့် ပိုင်းခြားထားပြီး... ဘယ်သောအခါမှ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာမည် မဟုတ်သော တောင်နှင့် ပင်လယ် ကမ္ဘာ မှ ဝိညာဉ်နယ်မြေ များပြားစွာနှင့် ကျင့်ကြံသူများ နှင့်တော့ လုံးဝ တခြားစီပင် ဖြစ်တော့သည်။
ဤတာဝန်ကို ပြီးမြောက်သွားသောအခါ... နင်ချီသည် အလယ်ဗဟို နယ်မြေ တစ်ခုလုံးကို စူးစိုက် ကြည့်လိုက်သည်။
အလယ်ဗဟို နယ်မြေ အတွင်းရှိ စစ်မီးလျှံများမှာ လျော့ကျသွားခြင်း သို့မဟုတ် အားနည်းသွားခြင်း လုံးဝ မရှိခဲ့ချေ... ဆန့်ကျင်ဘက် အနေဖြင့်... တစ်စုံတစ်ယောက်က မီးထဲ ဆီလောင်းထည့်နေသည့်အလား ပို၍ပင် ပြင်းထန် တောက်လောင်လာ၏။
ကောင်းကင်ယံ ထက်တွင်... ဝိညာဉ်ချီ ၏ စည်းမျဉ်းအမျိုးမျိုးက ဖရိုဖရဲ လှိုင်းထန်နေကြသည်။
မြေပြင် အောက်တွင်မူ... အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေပြီး... သွေးများက မြစ်တစ်စင်းအလား စီးဆင်းနေတော့သည်။
နင်ချီက တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"မင်းတို့က ကမ္ဘာကြီး နှစ်ခု အတွက် အသက်ပေးသွားကြတာ ဆိုတော့... အဲဒီ ကမ္ဘာကြီး နှစ်ခု ကိုပါ မင်းတို့နဲ့အတူ မြေမြှုပ် သင်္ဂြိုဟ်ပေးဖို့ ငါ တာဝန်ယူပါတယ်လေ..."
သူ၏ ခေါင်းထဲ၌ အကြံဉာဏ် အသစ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့လေပြီ။
ကမ္ဘာကြီး နှစ်ခု မှ တာအို အထွတ်အထိပ် ဘိုးဘေးကြီး များနှင့် အစွမ်းအထက်ဆုံး မဟာစွမ်းအားရှင်များ ဝင်ရောက်မလာမီ... စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို သူ၏ ကိုယ်ပိုင် စစ်တလင်းကြီး အဖြစ်သို့ ပြောင်းလဲပစ်ရန် သူ ရည်ရွယ်ထား၏။
လက်ရှိ အချိန်တွင် စစ်မြေပြင်နယ်မြေ အားလုံး၌ ရေတွက်၍ မရနိုင်သော ကျင့်ကြံသူ များစွာ သေဆုံးခဲ့ပြီး ဖြစ်သည်။ နင်ချီသည် ထို သေဆုံးသွားသော ကျင့်ကြံသူများ ထံမှ ပြန့်ကျဲ ထွက်ပေါ်လာသည့် ဝိညာဉ်ချီ စည်းမျဉ်းများကို အသုံးချ၍... စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံနိုင်မည့် ကနဦး အခင်းအကျင်း ကြီးတစ်ခုကို တည်ဆောက်နိုင်သည်။
မည်သည့် တွေဝေမှုမျှ မရှိဘဲ... နင်ချီသည် စစ်မြေပြင်နယ်မြေ တစ်ခုလုံးသို့ နောက်တစ်ကြိမ် လှည့်လည် သွားလာတော့၏။
သူသည် သစ်ရွက်ခြောက် ရတနာ ကို အသုံးပြု၍ ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော် များကို လှည့်စားခဲ့ပြီး... သူ၏ အစစ်အမှန် ခန္ဓာကိုယ် ထံမှ ကမ္ဘာကြီး နှစ်ခု ၏ စွမ်းအား ကွာခြားချက်များကိုလည်း ရယူ နားလည်ထားပြီး ဖြစ်၏။
ဤသို့ဖြင့်... ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော် များပင်လျှင် လုံးဝ သတိမထားမိနိုင်သော အခင်းအကျင်း ဝင်္ကပါ ကွန်ရက် များကို... စစ်မြေပြင်နယ်မြေ အသီးသီး၏ နယ်နိမိတ် နံရံများ အပေါ်၌ သူ လျှို့ဝှက်စွာ ထွင်းထု မှတ်တမ်းတင်နေတော့သည်။
ဒါက အလွန်တရာ ကြီးမား ခမ်းနားလှသော စီမံကိန်းကြီး တစ်ခု ဖြစ်ပြီး... နင်ချီ ၏ အတွက်လည်း ကြီးမားလှသော စမ်းသပ်မှုကြီး တစ်ခု ပင် ဖြစ်ပေ၏။
စစ်မြေပြင်နယ်မြေ ကိုးခု လုံးကို လွှမ်းခြုံထားမည့် ဧရာမ ကွန်ရက်ကြီး တစ်ခုကို ကမ္ဘာကြီး နှစ်ခု ၏ အာရုံခံနိုင်စွမ်းမှ လွတ်ကင်းအောင် တည်ဆောက်ရခြင်းမှာ လုံးဝ (လုံးဝ) လွယ်ကူသော ကိစ္စရပ် တစ်ခု မဟုတ်ချေ။
သို့သော်ငြား... ဤစီမံကိန်းကြီးသာ အမှန်တကယ် ပြီးမြောက်သွားမည် ဆိုပါက... ၎င်း၏ အသီးအပွင့် များမှာ အလွန်တရာ ချိုမြိန် အရသာရှိလှမည် ဖြစ်သည်။
ထိုသို့ တည်ဆောက်နေစဉ် အတွင်း၌... နင်ချီသည် တစ်ခါတစ်ရံတွင် သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူ အချို့ကို ခြုံခို တိုက်ခိုက် သတ်ဖြတ်သည်။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူ့အား အလုပ်မလုပ်ဘဲ ပျင်းရိနေသည်ဟု မထင်မှတ်စေရန် ထို တာဝန်ကိုပါ ပြီးမြောက်အောင် လုပ်ဆောင်နေခြင်း ဖြစ်တော့သည်။
...
နင်ချီ တစ်ယောက် မဟာ အခင်းအကျင်း ကြီးကို တိတ်တဆိတ် တည်ဆောက်နေစဉ် အခိုက်အတန့်လေးမှာပင်...
ကျယ်ပြန့်သော ကမ္ဘာ အတွင်း၌...
သူတော်စင် ဘိုးဘေးကြီး က သူ၏ ဘေး၌ ရှိနေသော ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် အား ရုတ်တရက် လှမ်းမေးလိုက်သည်။
"ကျီလီ... ငါတို့ရဲ့ စစ်တပ်က အခုဆိုရင် နယ်မြေ လေးခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီလေ... မင်း အခုထိ နင်ချီ ဆိုတဲ့ ကောင်လေးကို အာရုံမခံမိသေးဘူးလား..."
နင်ချီ ၏ အပေါ်တွင် သူ ထားရှိသော စွဲလမ်းစိတ် ကြီးမားမှုက ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ကိုပင် အကြီးအကျယ် အံ့အားသင့်စေသည်။
"ဆရာ... ဆရာက ဘာဖြစ်လို့ အဲဒီ နင်ချီ ဆိုတဲ့ ကောင်လေးကို ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ..."
ဟု ကျီလီ က ဇဝေဇဝါဖြင့် မေးလိုက်၏။
သူတော်စင် ဘိုးဘေးကြီး သည် စားပွဲပေါ်ရှိ နိမိတ်ဖတ် တွက်ချက်ထားသော ရလဒ် များကို ကြည့်ကာ ပြုံးလိုက်သည်။
"သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ ငါတို့ နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ဖူးတာတောင်... ဒီကောင်လေးက ငါ့လက်ထဲကနေ လွတ်မြောက်သွားနိုင်ခဲ့တယ်လေ... သူက တကယ့်ကို သာမန် မဟုတ်ဘူး..."
သူသည် စားပွဲပေါ်ရှိ နိမိတ်ဖတ် ဇယားကွက် ကို လက်ညှိုးထိုးပြရင်း ဆက်ပြောလိုက်၏။
"ဒီ နိမိတ်ဖတ် ဇယားက ပြနေတာကတော့... နင်ချီ ဆီမှာ ငါ အဆင့်ချိုးဖြတ်လှမ်းနိုင်မယ့် အခွင့်အရေး တစ်ခု ရှိနေတယ် ဆိုတာပဲ... ဒါကြောင့်မို့လို့ သူ ဘယ်မှာရှိနေလဲ ဆိုတာကို မင်း မဖြစ်မနေ ရှာဖွေရမယ်..."
ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် မှာ အကြီးအကျယ် အံ့အားသင့်သွားပြီးနောက်... သူ၏ မျက်နှာထားမှာ ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွလာတော့သည်။
"ဆရာ... ကျွန်တော် သူ့ကို သေချာပေါက် မျက်ခြေမပြတ် စောင့်ကြည့်နေပါ့မယ်..."
သူတော်စင် ဘိုးဘေးကြီး သည် နှစ်ဖက် အင်အား ထက်ဝက်စီ မျှတစွာ သိမ်းပိုက်ထားသော စစ်မြေပြင်နယ်မြေ တစ်ခုလုံး၏ မြေပုံ ကို အသေအချာ စိုက်ကြည့်နေစဉ်... သူ၏ အိုမင်းနေသော မျက်ဝန်းများ အတွင်း၌ ရုတ်တရက် ဆွဲဆောင်မှု ရှိလှသော အလင်းတန်း တစ်ခု ဖြတ်ပြေးသွားတော့၏။
တောင်နှင့် ပင်လယ် ကမ္ဘာ က စတင်လိုက်သော ဤ ဝိညာဉ်ကမ္ဘာကြီး နှစ်ခု ၏ စစ်ပွဲ၏။ သူ၏ အတွက်လည်း အလွန်တရာ ကြီးမားလှသော အခွင့်အရေးကြီး တစ်ခု ဖြစ်နေနိုင်သည်။
...
ထိုအချိန်... စစ်မြေပြင်နယ်မြေ အတွင်း၌ ကြောက်မက်ဖွယ် ကောင်းလှသော အပြောင်းအလဲ များက စတင် ဖြစ်ပေါ်နေလေပြီ။
နယ်မြေများ ပေါင်းစပ်သွားသော ဝုန်းခနဲ မြည်ဟည်းသံကြီး များက ဝိညာဉ်နယ်မြေ များ အနှံ့ ပဲ့တင်ထပ်သွားပြီး... မြေကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ဤ အပြောင်းအလဲ များ ကြားတွင်ပင် ဟင်းလင်းပြင် နေရာလွတ် ကြီးမှာလည်း ပိုမို တည်ငြိမ် လာတော့သည်။
ကျယ်ပြန့်သော ကမ္ဘာ နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ တို့ အသီးသီး သိမ်းပိုက်ထားသော နယ်မြေ လေးခုစီ၏။ ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော် များ၏ လုပ်ဆောင်မှုကြောင့် အချင်းချင်း စတင် ချိတ်ဆက် ပေါင်းစည်းသွားကြတော့၏။