← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း ၁၆၃ ကျွန်တော်တို့ သူ့ကို မကာကွယ်ပေးနိုင်ဘူး

"ဝမ်လင်း... အမေ သမီးကို တာဝန်တစ်ခု ပေးလို့ရမလား..."

သမီးဖြစ်သူ၏ စကားများကို နားထောင်ပြီးနောက် ပိုင်ချီချီက တွေးတောနေဟန်ဖြင့် ပြောဆိုလိုက်၏။

ဤသည်ကို ကြားချိန်တွင် ပိုင်ဝမ်လင်းသည် အနည်းငယ် အံ့အားသင့်သွားပြီး နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။

"အမေ... ဘာတာဝန်လဲ..."

ပိုင်ချီချီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်၏။ "တာအိုမိတ်ဆွေရှန်ကွမ်နဲ့ တာအိုမိတ်ဆွေဟန်ကို ဆက်သွယ်ပြီး မျိုးနွယ်စုနယ်မြေမှာ သူတို့နေထိုင်နေစဉ်အတွင်း သမီးက အိမ်ရှင်အဖြစ် ဧည့်ခံပေးလိုက်ပါလား..."

ဤအစီအစဉ်ကို ကြားချိန်တွင် ပိုင်ဝမ်လင်းက မျက်တောင်လေးခတ်လိုက်ပြီး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပေသည်။

"ဘာလဲ... သမီးက သဘောမကျလို့လား..." သူမ ကြောင်အမ်းနေသည်ကို မြင်ချိန်တွင် ပိုင်ချီချီမှာ သူမက ဆန္ဒမရှိဘူးဟု ထင်မှတ်ကာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားရ၏။

သို့သော် ပိုင်ဝမ်လင်းက အလျင်အမြန် ခေါင်းယမ်းလိုက်သည်။

"အမေ ... စိတ်မပူပါနဲ့... အစ်မဟန်နဲ့ တခြားသူတွေကို သမီး သေချာပေါက် ဂရုစိုက်ပေးမှာပါ... မယ်မယ့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး..."

"ကောင်းပြီ... ဒါဆို သမီး သွားပြီး အလုပ်လုပ်လို့ ရပြီ..." ပိုင်ချီချီက အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလိုက်၏။

"ဟုတ်ကဲ့..." ပိုင်ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ခြေသံဖွဖွဖြင့် အပြင်သို့ ထွက်သွားလေသည်။

သူမ ထွက်သွားသည်ကို ကြည့်ရင်း ပိုင်ချီချီ၏ အမူအရာက အနည်းငယ် ရှုပ်ထွေးနေခဲ့ပြီး တိုးတိတ်စွာ ရေရွတ်လိုက်၏။

"ငါ့ရဲ့ ဆုံးဖြတ်ချက်က မှန်လား မှားလားတော့ မသိတော့ဘူး... တာအိုမိတ်ဆွေရှန်ကွမ်က ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ပဲ မျှော်လင့်ရတာပဲ..."

ပိုင်ဝမ်လင်း ကြုံတွေ့နေရသည်မှာ စိတ်ပိုင်းဆိုင်ရာ မိစ္ဆာကပ်ဘေး မဟုတ်ဘဲ ဖူးစာရေးစုံခြင်းသာ ဖြစ်ပါစေဟု မျှော်လင့်ကာ သူမက လောင်းကြေးထပ်ချင်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ပြင် လောင်းကြေးမထပ်လျှင်ရော သူမ ဘာလုပ်နိုင်မည်နည်း။ သူမတွင် ရွေးချယ်စရာ လုံးဝ မရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ပိုင်ချီချီက တိုးတိတ်စွာ သက်ပြင်းချလိုက်ပြီး စာတိုလေးတစ်စောင် ချန်ထားခဲ့ကာ ကျင့်ကြံခန်း အတွင်းသို့ ဝင်ရောက်ရန် လှည့်လိုက်သည်။

ထိုအချိန်မှစ၍ သူမသည် ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ဘဲ ဖြစ်လာမည့် အခြေအနေအတိုင်းသာ လွှတ်ထားရန် ဆုံးဖြတ်လိုက်လေသည်။

အခြားတစ်ဖက်တွင်မူ ပိုင်ဝမ်လင်းသည် မိခင်၏ အိပ်ဆောင်မှ ထွက်ခွာလာသော်လည်း အနားယူရန် ပြန်မသွားခဲ့ချေ။

နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ခုအတူ သူမက နန်ကုန်းယွီနှင့် နန်ကုန်းရိုရွှယ်န ရှိနေသော ဘေးဘက်ခြံဝင်းဆီသို့ လျှောက်သွားခဲ့သည်။

သို့သော် ဘေးဘက်ခြံဝင်းသို့ ရောက်ရှိချိန်တွင် ထိုနှစ်ဦးကို မတွေ့ရသဖြင့် သူမမှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားရ၏။

ပိုင်ဝမ်လင်းက တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ပြောဆိုလိုက်သည်။

"သခင်လေးစစ်ချန်... ရှိနေသေးလား..."

မည်သည့် တုံ့ပြန်မှုမှ မရှိချေ။

ပိုင်ဝမ်လင်းက သူမ၏ နှလုံးသားထဲတွင် အနည်းငယ် ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရသည်။

"သခင်လေးစစ်ချန်... အစ်မဟန်... ရှိကြလား..."

သူမက ထိုနှစ်ဦး အနားယူနေသည့် ဧည့်ခန်းဆီသို့ အလျင်အမြန် သွားရောက်ခဲ့သော်လည်း အခန်းမှာ ရှင်းလင်းသပ်ရပ်နေပြီး မည်သူမျှ မရှိကြောင်းကို တွေ့ရှိလိုက်ရသည်။ အကြောင်းရင်းကို မသိရဘဲ ပိုင်ဝမ်လင်းမှာ အနည်းငယ် စိတ်ပျက်သွားမိပေ၏။

ထိုစဉ်မှာပင် ခြံဝင်းအတွင်းရှိ မဏ္ဍပ်အောက်ရှိ ကျောက်စားပွဲပေါ်တွင် တစ်စုံတစ်ခုကို သူမ သတိပြုမိသွားပြီး အလျင်အမြန် ပြေးသွားလိုက်သည်။

ဤအခိုက်အတန့်တွင် စားပွဲပေါ်၌ ဆေးလုံး ပုလင်းတစ်လုံး၊ ဆက်သွယ်ရေး ကျောက်စိမ်းတစ်ခုနှင့် စာတိုလေးတစ်စောင် ရှိနေခဲ့၏။

စာတိုလေးတွင် ရှင်းလင်းစွာ ရေးသားထားပေသည်။

'ဝမ်လင်း... အစ်မရွှယ်နဲ့ ကျွန်တော်က နောက်ရက်အနည်းငယ်လောက် ကျင့်ကြံခန်းထဲမှာ ရှိနေမှာမို့လို့ ကျွန်တော်တို့ကို စိတ်ပူနေစရာ မလိုပါဘူး...'

'ပုလင်းထဲက ဆေးလုံးက ဝိညာဉ်သန့်စင်ခြင်း ဆေးလုံးပါ... ဒါကို ကျွန်တော့်ရဲ့ လက်ဆောင်အဖြစ် သဘောထားပြီး သေချာ ကျင့်ကြံအားထုတ်လိုက်ပါ... ဒါက ဆက်သွယ်ရေး ကျောက်စိမ်းပါ... ကျွန်တော်တို့ ကျင့်ကြံပြီးသွားရင် မင်းကို အသိပေးပါ့မယ်...'

စာကို မြင်တွေ့လိုက်ရချိန်တွင် ပိုင်ဝမ်လင်းက စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ပြီး သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

'ကျေးဇူးတင်ပါတယ် သခင်လေးစစ်ချန်'

သူမက ကျင့်ကြံခန်းဘက်သို့ အနည်းငယ် ဦးညွှတ်ဂါရဝပြုလိုက်ပြီးနောက် ဆေးလုံးပုလင်းကို သေချာစွာ သိမ်းဆည်းလိုက်ကာ ဆက်သွယ်ရေး ကျောက်စိမ်းနှင့် စာတိုလေးကို ကိုင်လျက် ဘေးဘက်ခြံဝင်းမှ ထွက်ခွာသွားခဲ့သည်။

တောင်တန်းတစ်သိန်း အတွင်းရှိ စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ တည်ရှိရာ နေရာ။

တစ်ရက်သာ ကြာမြင့်သေးသော်လည်း ဤနေရာတွင် လူအများအပြား စုဝေးနေကြပြီဖြစ်ပြီး အားလုံးက စောင့်ဆိုင်းနေကြကြောင်း သိသာထင်ရှားလှပေသည်။

သူတို့က ပျံသန်းယာဉ်ပျံများပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသူများ၊ အောက်ဘက် သစ်တောထဲရှိ မြေပြင်ပေါ်တွင် ထိုင်နေသူများ သို့မဟုတ် အုပ်စုငယ်လေးများဖွဲ့ကာ တစ်စုံတစ်ခုကို ကြံစည်နေပုံရသူများ ဖြစ်ကြ၏။

ရုတ်တရက် ထိုနေရာလေးသည် ပိုမို ဆူညံလာပြီး သက်ဝင်လှုပ်ရှားလာခဲ့သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ချင်းယိုအင်ပါယာ

အရင်ဧကရာဇ်က ထီးနန်းစွန့်လိုက်ပြီး ဧကရာဇ်သစ်က ထီးနန်းတက်လှမ်းလာခဲ့သည်။

တစ်နိုင်ငံလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသော်လည်း နန်ကုန်းကျင်းလင်နှင့် စုန့်မိသားစုဝင်များကဲ့သို့သော လက်မခံချင်သူများလည်း ရှိနေခဲ့၏။ သို့သော်လည်း ဆယ်နှစ်တာ အကျဉ်းချခံရပြီးနောက် နန်ကုန်းကျင်းလင်၏ ကျင့်ကြံမှုအဆင့်သည် ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့် အစောပိုင်းသို့သာ ရောက်ရှိလာခဲ့ပေသည်။ သူသည် ထိုနေရာသို့ ရောက်ရှိပြီးနောက် မျှော်လင့်ချက်များ အားလုံးကို ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။

နန်ကုန်းကျင်းလင် အကျဉ်းချခံထားရသည့် နေရာတွင် သူ၏ မျက်နှာက အိုမင်းရင့်ရော်နေပြီး သူ၏ နှလုံးသားထဲတွင် နာကြည်းမှုများ ပြည့်နှက်နေကာ သူ၏ မျက်လုံးများက အဆုံးမရှိသော မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"အဘိုးကြီး... ခင်ဗျားက အရမ်း မျက်နှာလိုက်လွန်းတယ်..."

"ခင်ဗျားက အရမ်း ရက်စက်လွန်းတယ်..."

သူက မြေပြင်ကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်ရာ သူ၏ လက်သီးက သွေးသံရဲရဲ ဖြစ်သွားသော်လည်း သူက လုံးဝ ဂရုမစိုက်ချေ။

"ခင်ဗျားလို လူအိုကြီး... ခင်ဗျား နောင်တရစေရမယ်..."

...

ဖုန်းရှန်း ခန်းမဆောင် အတွင်း၌ နန်ကုန်းအောက်ထျန်းက အဝေးသို့ ငေးကြည့်ရင်း တိုးတိတ်စွာ သက်ပြင်းချလိုက်သည်။

"ယွီအာ... ရွှယ်အာ... မင်းတို့ ဘယ်ရောက်နေကြတာလဲ..."

နန်ကုန်းအောက်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ "ချင်းယိုအင်ပါယာရဲ့ ထီးနန်းက လူပြောင်းသွားပြီ... မင်းတို့ အဲဒါကို သိရင် ပြန်လာသင့်ပြီ မဟုတ်ဘူးလား..."

"နောက်ထပ် ဆယ်ရက်လောက် စောင့်ဦးမယ်..."

"ဆယ်ရက်ကြာပြီးရင်တော့ ငါလည်း ထွက်သွားသင့်ပြီ..."

နန်ကုန်းအောက်ထျန်းက ရေရွတ်လိုက်ပြီးနောက် လှည့်ကာ ဖုန်းရှန်းခန်းမဆောင် အတွင်းမှ ထွက်ခွာလာပြီး အဓိပတိနန်းဆောင် ဆီသို့ ဦးတည်သွားခဲ့သည်။

ယခုအချိန်မှစ၍ သူက ဤနေရာနှင့် လုံးဝ မသက်ဆိုင်တော့ချေ။

...

ကျန်းပေ့မင်းသားစံအိမ်။

အလွန်လှပသော အမျိုးသမီး လေးဦးက ခြံဝင်းအတွင်း၌ ထိုင်နေကြပြီး သူတို့၏ မျက်လုံးများတွင် လွမ်းဆွတ်တမ်းတမှုများ ပြည့်နှက်လျက် အဝေးသို့ ငေးကြည့်နေကြသည်။

သခင်လေးက ဘာလို့ ပြန်မလာသေးတာလဲ။

"ဟူး... သခင်လေး ဘာတွေများ ဖြစ်နေလို့ ဒီလောက် အကြာကြီး အဝေးကို ရောက်နေရတာလဲ မသိဘူး..."

"သခင်လေးက ငါတို့ကို မေ့သွားပြီလို့ ငါ ခံစားနေရတယ်..."

"နင် ဘာတွေ တွေးနေတာလဲ... သခင်လေးက တဆင့်ခံ သတင်းစကားတွေ မကြာခဏ ပို့ပေးနေတာပဲလေ... အဲဒါ ဘာစကားလဲ..."

ထိုလေးဦးမှာ တိတ်ဆိတ်သွားကြ၏။

နန်ကုန်းယွီက လစဉ် စာတစ်စောင်နှင့် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များကို ပြန်လည်ပေးပို့နေသော်လည်း သူက ဘယ်တော့မှ ပြန်မလာခဲ့ချေ။ သူတို့က သခင်လေးကို မမြင်ရသည်မှာ ခြောက်နှစ်တိုင်တိုင် ရှိနေခဲ့ပြီ ဖြစ်သည်။

သူ အခု ဘယ်လိုများ နေနေမလဲ မသိပါဘူး။

"ကဲပါ... အဲဒီအကြောင်း ဆက်မပြောကြရအောင်... စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ ပွင့်လာပြီလို့ ငါ ကြားတယ်... အဲဒါက တာအို နှလုံးသားကို မွေးမြူဖို့ အရမ်းကောင်းတဲ့ နေရာပဲတဲ့... ငါတို့ သွားပြီး စမ်းကြည့်ကြရအောင်..."

"ဟုတ်တယ်... ဒါပေမဲ့ အဲဒီနေရာက တောင်တန်း တစ်သိန်း ထဲမှာ ဆိုတော့ နည်းနည်း အန္တရာယ်များတယ်... ငါတို့ကို ကာကွယ်ပေးဖို့ စစ်သူကြီး ချင် ကို အကူအညီတောင်းဖို့ လိုတယ်..."

"တော်ဝင်မိသားစုနဲ့ အတူတူ သွားတာက ပိုလုံခြုံမယ်လို့ ငါ ထင်တယ်..."

"နင်တို့က အရမ်း သတိထားလွန်းနေတာ မဟုတ်ဘူးလား..."

"ဘာဖြစ်လဲ... ငါ့ရဲ့ အသက်က သခင်လေးနဲ့ သက်ဆိုင်တယ်လေ... သခင်လေးက ငါ့ကို ဘာအန္တရာယ်မှ မဖြစ်စေရဘူးလို့ ပြောထားတာ ငါ့ကိုယ်ငါ ထိခိုက်ခံလို့ မဖြစ်ဘူး..."

"ဟီးဟီး... ငါ့ရဲ့ ခန္ဓာကိုယ်ကလည်း ငါ့သခင်လေးနဲ့ သက်ဆိုင်တာပါနော"

"ငါလည်း အတူတူပဲ..."

စူးရှင်းမုန်းက တိတ်ဆိတ်နေပြီး သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီရဲနေ၏။ "ဆက်မပြောကြနဲ့တော့... အကုန်လုံး ဆုံးဖြတ်ပြီးပြီပဲ... သွားပြီး ပြင်ဆင်ကြစို့..."

"ဟိဟိ..."

"ကောင်းပြီ..."

မြင့်မြတ်နယ်မြေ။

မဟာရှမြင့်မြတ်မင်းဆက်၊ ထျန်းချီ နယ်မြေ။

လင်းရှီးမြို့တော် အတွင်းရှိ မြို့စားစံအိမ်တွင် ရွှမ်ယွမ်လင်ယွင်က ရှန်ကွမ်ယွဲ့ရှီးကို ကြည့်ကာ မေးမြန်းလိုက်သည်။ "ယွဲ့ရှီး... ယွီအာကို ဒီကို ခေါ်မလာတော့ဘူးလား..."

ဤသည်ကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီး၏ မျက်လုံးများ၌ နက်ရှိုင်းသော လွမ်းဆွတ်မှုများ ပေါ်လာသော်လည်း သူမက ခေါင်းယမ်းလိုက်ဆဲပင်။

သူမက တွန့်ဆုတ်နေသော အမူအရာဖြင့် ရွှမ်ယွမ်လင်ယွင်ကို ကြည့်လိုက်၏။

"အမေ... အမေလည်း သိပါတယ်... အဘိုးက လင်းရှီးမြို့တော်ကို ကျွန်မတို့ဆီ ပေးအပ်ခဲ့ပေမဲ့ လောလောဆယ် ကျွန်မတို့က အဲဒါကို ကာကွယ်ဖို့ လုံလောက်တဲ့ အင်အား မရှိသေးဘူးလေ..."

"ယွီအာရဲ့ အခြေအနေကို လူတွေ သိသွားရင် သူ သေချာပေါက် အန္တရာယ်ရှိလာမှာပဲ... ပြီးတော့ ကျွန်မတို့ သူ့ကို မကာကွယ်ပေးနိုင်ဘူးလေ..."

ဤသည်ကို ကြားချိန်တွင် ရွှမ်ယွမ်လင်ယွင်မှာ တိတ်ဆိတ်သွားပေသည်။

"ဒါဆိုရင် ခဏလောက် ထပ်စောင့်ကြတာပေါ့... မြင့်မြတ်နယ်မြေက တကယ်ပဲ နည်းနည်း အန္တရာယ်များတယ်... ရှောင်ယွီကို သည်နေရာသို့ ရောက်လာပြီး အန္တရာယ် မကြုံပါစေနဲ့..."

ကျီကျစ်ယွီက ဝင်ပြောလိုက်၏။ ပြီးခဲ့သည့်နှစ်များအတွင်း သူတို့သည် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု အမြောက်အမြားနှင့် ကြုံတွေ့ခဲ့ရပြီး လျှို့ဝှက်ဆန်းကြယ်သူ၏ ကယ်တင်ခြင်းကိုသာ မခံခဲ့ရလျှင် အကြိမ်ရေမရေမတွက်နိုင်အောင် သေဆုံးနေလောက်ပြီ ဖြစ်ကြောင်း သူမသိလေသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ ကာကွယ်ပေးမှုအပေါ် သူတို့က အနည်းငယ် အံ့အားသင့်ကာ သံသယဝင်ခဲ့ကြပြီး မေးခွန်းအနည်းငယ် မေးမြန်းခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။

ထိုလျှို့ဝှက်ဆန်းကြယ်သူက သူတို့ကို ထာဝရ ကာကွယ်ပေးလိမ့်မည်ဟူသော အတွေးကို သူတို့ လက်ခံထား၍မရသလို ထိုလျှို့ဝှက်ဆန်းကြယ်သူက နန်ကုန်းယွီကို ကာကွယ်ပေးလိမ့်မည်ဟုလည်း သူတို့ မျှော်လင့်၍ မရနိုင်ပေ။

ထို့ကြောင့် သူတို့ကို ကာကွယ်ပေးနိုင်စွမ်း မရှိမချင်း နန်ကုန်းယွီကို ဤနေရာသို့ သူတို့ အမှန်တကယ် ခေါ်မလာချင်ကြပေ။

"ကောင်းပြီ... အားလုံးပဲ သွားပြီး ကျင့်ကြံအားထုတ်ကြတော့..."

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မသိလိုက်မသိဘာသာဖြင့် စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ ပွင့်လာမည့် အကြိုနေ့သို့ ရောက်ရှိလာခဲ့သည်။

တောင်တန်း တစ်သိန်း၊ ဝိညာဉ်မြေခွေး မျိုးနွယ်စု ၏ နယ်မြေအတွင်း၌

ပိုင်ဝမ်လင်းက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ ဘေးရှိ ဆက်သွယ်ရေး ကျောက်စိမ်းကို ကြည့်လိုက်သော်လည်း အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

"ရက်တွေ အများကြီး ကုန်သွားပြီကို... သခင်လေးစစ်ချန်တို့ ကျင့်ကြံရာကနေ ထွက်မလာကြသေးဘူးလား..."

အခန်း ၁၆၄ ကျေးဇူးဆပ် ဝိုင်အရက်လား

ပိုင်ဝမ်လင်းက အကြိမ်ရေမရေမတွက်နိုင်အောင် ပွတ်သပ်ထားသဖြင့် အနည်းငယ် စုတ်ပြဲနေသော စာရွက်လေးတစ်ရွက်ကို ထုတ်ယူကာ တိုးတိတ်စွာ ရေရွတ်လိုက်ပေ၏။

သူမက ထိုစာရွက်လေးကို သူမ၏ နူးညံ့သော လက်ကလေးဖြင့် ပွတ်သပ်ရင်း နန်ကုန်းယွီ၏ မျက်နှာနှင့် သူ၏ နူးညံ့သော အပြုံးလေးကို အလိုအလျောက် ပြန်လည် မြင်ယောင်လာမိသည်။

"တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ငါ သိနေပြီ ထင်တယ်..."

"ဒါပေမဲ့ ငါ့ရဲ့ ခံစားချက်တွေကို သူ့ကို ပြောပြလို့ ရပါ့မလား... သူကရော လက်ခံပါ့မလား..."

ပိုင်ဝမ်လင်းက မည်သို့လုပ်ရမှန်းမသိဘဲ တိုးတိတ်စွာ သက်ပြင်းချလိုက်၏။

ထိုအခိုက်အတန့်တွင် သူမဘေးရှိ ဆက်သွယ်ရေး ကျောက်စိမ်းလေးက အနည်းငယ် တောက်ပလာခဲ့ရာ ပိုင်ဝမ်လင်း၏ မျက်လုံးများက အရောင်လက်သွားပေသည်။

သူမက ဆက်သွယ်ရေး ကျောက်စိမ်းကို အလျင်အမြန် ကောက်ယူကာ တစ်ချက်ကြည့်လိုက်ပြီး ကျင့်ကြံခန်း အတွင်းမှ ပြေးထွက်သွားခဲ့သည်။

မကြာမီ သူမသည် ဘေးဘက်ခြံဝင်းသို့ ရောက်ရှိလာပြီး ခြံဝင်းအတွင်း၌ ထိုင်နေသော နန်ကုန်းယွီနှင့် နန်ကုန်းရိုရွယ် တို့ကို တွေ့လိုက်ရ၏။

သူမ ရောက်လာသည်ကို မြင်ချိန်၌ နန်ကုန်းယွီက အနည်းငယ် ပြုံးကာ လက်ဝှေ့ယမ်းပြလိုက်သည်။ "ဝမ်လင်း... ဒီဘက်မှာ..."

ပိုင်ဝမ်လင်းက ဝမ်းသာအားရဖြင့် အလျင်အမြန် ပြေးသွားလိုက်၏။ "သခင်လေးစစ်ချန်... ကျင့်ကြံခန်းထဲကနေ ထွက်လာပြီပေါ့..."

"အင်း..." နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မင်းတို့ကို အများကြီး အနှောင့်အယှက် ပေးမိသွားတယ်... ဟင်းပွဲတစ်စားပွဲ ပြင်ဆင်ထားတယ်... တာအိုမိတ်ဆွေပိုင်နဲ့ ဝမ်လင်းတို့ လာပြီး အတူတူ သောက်ကြပါလား..."

"ဝမ်လင်းက ဧည့်ဝတ်မကျေတာပါ..." ပိုင်ဝမ်လင်းက အနည်းငယ် အားနာစွာဖြင့် ပြောဆိုလိုက်၏။

" အမေ က သခင်လေးစစ်ချန်တို့ကို ဧည့်ခံပေးဖို့ ပြောခဲ့ပေမဲ့ ကျွန်မက တာဝန်မကျေခဲ့ဘူး..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။ "အရမ်း မတွေးပါနဲ့... ငါတို့က နှစ်ရက်လောက် ကျင့်ကြံအားထုတ်ချင်ရုံပါ... ဒါနဲ့ မင်းရဲ့ အမေကရော ဘယ်မှာလဲ..."

ဤသည်ကို ကြားချိန်၌ ပိုင်ဝမ်လင်းက လန့်ဖြန့်သွား၏။ သူမက ဤကို လာဖို့သာ အာရုံစိုက်နေခဲ့သဖြင့် သူမ၏ မိခင်ကို အသိပေးရန် မေ့လျော့သွားခဲ့ပေသည်။

ပိုင်ဝမ်လင်း၏ မျက်နှာလေးက အနည်းငယ် နီရဲသွားပြီး အလျင်အမြန် ပြောဆိုလိုက်သည်။ "အမေဆီ သတင်းစကား ပို့ထားပြီးပြီမို့လို့ မကြာခင် ရောက်လာတော့မှာပါ..."

သူမက စကားပြောရင်း မိခင်ဖြစ်သူထံ အမြန်လာခဲ့ရန် သတင်းစကားကို အလျင်အမြန် ပေးပို့လိုက်၏။

ခြံဝင်းအပြင်ဘက်တွင် ပိုင်ချီချီက ထိုနှစ်ဦး၏ စကားဝိုင်းကို ကြားနေရပြီး သူမ၏ လက်ထဲတွင် ယခုလေးတင် လက်ခံရရှိထားသော သတင်းစကားကို ကြည့်ကာ မနေနိုင်ဘဲ ခေါင်းယမ်း၍ ခါးသီးစွာ ပြုံးလိုက်မိသည်။

အရွယ်ရောက်လာတဲ့ သမီးမိန်းကလေးတွေက အပြင်လူဖြစ်သွားတာပါပဲလား။

သူမက ကူကယ်ရာမဲ့စွာဖြင့် စိတ်ထဲမှ သက်ပြင်းချလိုက်၏။ ပိုင်ဝမ်လင်း အလျင်စလို ပြေးထွက်သွားသည်ကို မြင်တွေ့ရသဖြင့် အခြေအနေကို လာရောက်စစ်ဆေးခြင်း ဖြစ်သော်လည်း ဤကဲ့သို့ ကြုံတွေ့ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။

သူမက ဆက်သွယ်ရေး ကျောက်စိမ်းကို သိမ်းဆည်းလိုက်ပြီး ခြံဝင်းအတွင်းသို့ လျှောက်လှမ်းဝင်လာကာ ပြုံးရင်း ပြောဆိုလိုက်သည်။ "တာအိုမိတ်ဆွေတို့... ကျွန်မ နောက်ကျသွားတယ်... ခွင့်လွှတ်ပေးကြပါ..."

သူမ ရောက်လာသည်ကို မြင်ချိန်၌ ပိုင်ဝမ်လင်းက သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူမ၏ အမေ တစ်ခုခုများ ကြားသွားခဲ့တာလား။

သူမက မိခင်ဖြစ်သူကို ကြည့်လိုက်သော်လည်း ဘာမှမဖြစ်ခဲ့သည့်အလား သူမ၏ အမူအရာက ပြောင်းလဲခြင်းမရှိသည်ကို တွေ့လိုက်ရသည်။

နန်ကုန်းယွီနှင့် နန်ကုန်းရိုရွှယ်တို့က မတ်တတ်ရပ်လိုက်ပြီး ပြုံးကာ ပြောဆိုလိုက်၏။ "တာအိုမိတ်ဆွေပိုင်က အရမ်း ယဉ်ကျေးနေပါပြီ... အချိန်ကို တွက်ကြည့်ရရင် မနက်ဖြန်က စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ ပွင့်မယ့်ရက်ပဲ... ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဧည့်ခံပေးခဲ့တဲ့ တာအိုမိတ်ဆွေပိုင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီနေ့ အစားအသောက်နဲ့ သောက်စရာတချို့ကို အထူး ပြင်ဆင်ထားပါတယ်..."

ပိုင်ချီချီက ထိုနှစ်ဦးကို တစ်ချက်ကြည့်လိုက်သော်လည်း မနေနိုင်ဘဲ အနည်းငယ် အံ့အားသင့်သွားပေသည်။ သူတို့က မျက်နှာဖုံးတွေ မတပ်ထားဘူးလား။

ဒါက သူတို့ရဲ့ သတိထားမှုကို လျှော့ချလိုက်ပြီး သူတို့ရဲ့ စစ်မှန်တဲ့ အသွင်အပြင်ကို ထုတ်ဖော်ပြသလိုက်တဲ့ လက္ခဏာများလား။

မည်သို့ပင်ဖြစ်စေ ဝမ်လင်း စိတ်လှုပ်ရှားသွားသည်မှာ အံ့ဩစရာ မဟုတ်ချေ။ ဤမျက်နှာက တကယ်ကို ရုပ်ရည်ချောမောလှပလွန်းလှပေသည်။

ဝိညာဉ်မြေခွေး မျိုးနွယ်စုမှ လူငယ်များနှင့် နှိုင်းယှဉ်လျှင် သူက သာလွန်နေပြီး မိန်းကလေးဆန်သော အသွင်အပြင် ကင်းမဲ့ကာ ပိုမို ယောက်ျားပီသသော အငွေ့အသက်ကို ပိုင်ဆိုင်ထား၏။

ဝမ်လင်း သဘောကျတာလည်း မဆန်းပါဘူးလေ။

ပိုင်ချီချီက ဆက်မတွေးတော့ဘဲ ပြုံးကာ ပြောဆိုလိုက်သည်။

"တာအိုမိတ်ဆွေရှန်ကွမ်က နောက်နေပြန်ပါပြီ... ကျွန်မကသာ တာအိုမိတ်ဆွေတို့ နှစ်ယောက်ကို ကျေးဇူးတင်ရမှာပါ..."

နန်ကုန်းရိုရွှယ်က အနည်းငယ် ပြုံးကာ ပြောဆိုလိုက်၏။ "ရှင်တို့နှစ်ယောက် အားနာမနေကြပါနဲ့... မြန်မြန် ထိုင်ကြပါ... ကျွန်မတောင် ဗိုက်ဆာလာပြီ..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက မနေနိုင်ဘဲ ပြုံးလိုက်သည်။ "တာအိုမိတ်ဆွေပိုင်... အရင်ထိုင်ပြီး ကျွန်တော့်ရဲ့ လက်ရာကို မြည်းစမ်းကြည့်ပါဦး..."

သူတို့အဖွဲ့ ထိုင်လိုက်ကြပြီးနောက် စားပွဲပေါ်တွင် အသားနှင့် ဟင်းသီးဟင်းရွက်များ ရောစပ်ထားသည့် အလွန် သေသပ်လှပသော ဟင်းပွဲရှစ်မျိုး ခင်းကျင်းထားသည်ကို တွေ့လိုက်ရ၏။

ဟင်းပွဲများက ပူအိုက်နေပြီး ပါးစပ်ရေယိုစေလောက်သော မွှေးပျံ့သည့် ရနံ့သင်းသင်းလေး ထွက်ပေါ်နေပေသည်။

စားပွဲပေါ်တွင် တူလေးစုံအပြင် ဖန်ပုလင်းဖြင့် ထည့်ထားသော ဝိုင်အရက် နှစ်ပုလင်းနှင့် ဝိုင်ခွက် လေးခွက်လည်း ရှိနေခဲ့၏။

ဤသည်ကို မြင်ချိန်၌ ပိုင်ဝမ်လင်းက အလျင်အမြန် မတ်တတ်ရပ်လိုက်သည်။ "သခင်လေးစစ်ချန်နဲ့ အမေတို့အတွက် ဝမ်လင်း ဝိုင်ငှဲ့ပေးပါ့မယ်..."

သူမက စကားပြောရင်း ဝိုင်ပုလင်းကို ကောက်ယူကာ သူတို့ သုံးဦးစလုံးအတွက် ဝိုင်ငှဲ့ပေးလိုက်၏။ ဝိုင်၏ ရနံ့က လေထုထဲတွင် ပြည့်နှက်သွားရာ သူမကို နှာခေါင်းရှုံ့စေပြီး တံတွေးကို ပြင်းပြင်းမျိုချသွားစေခဲ့သည်။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။ "ဝမ်လင်း... အရမ်း အားနာမနေပါနဲ့... ထိုင်ပြီး ငါနဲ့ အတူတူ သောက်ကြတာပေါ့..."

"ကောင်းပါပြီ..." ပိုင်ဝမ်လင်းက ဝမ်းသာအားရဖြင့် ပြောလိုက်ပြီး သူမကိုယ်တိုင်အတွက် တစ်ခွက်ကို အလျင်အမြန် ငှဲ့လိုက်၏။

နန်ကုန်းယွီက သူ၏ ခွက်ကို မြှောက်ကာ ပြုံးရင်း ပြောဆိုလိုက်သည်။ "ပြီးခဲ့တဲ့ ရက်အနည်းငယ်က ခင်ဗျားတို့ကို အများကြီး အနှောင့်အယှက် ပေးမိသွားတယ်... ဒါကြောင့် တာအိုမိတ်ဆွေတို့ကို ဂုဏ်ပြုချင်ပါတယ်..."

"တာအိုမိတ်ဆွေရှန်ကွမ်က အရမ်း ယဉ်ကျေးလွန်းနေပါပြီ..."

သူတို့လေးဦးက ခွက်များကို မြှောက်ကာ အတူတကွ သောက်လိုက်ကြ၏။

"တကယ်ကို မွှေးပျံ့တဲ့ ဝိုင်ပဲ... ဒီလောက် ကောင်းတဲ့ ဝိုင်မျိုးကို အရင်က တစ်ခါမှ မသောက်ဖူးဘူး... တာအိုမိတ်ဆွေတို့ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်..."

ပိုင်ချီချီက မနေနိုင်ဘဲ အာမေဍိတ်သံပြုလိုက်သည်။ "ဒီဝိုင်က အရမ်း မွှေးပျံ့ပြီး ချိုမြိန်လွန်းတယ်... တကယ်ကို လန်းဆန်းသွားတာပဲ... တစ်ငုံလောက် သောက်လိုက်တာနဲ့ ပေါ့ပါးပြီး သက်တောင့်သက်သာ ဖြစ်သွားတာပဲ... ဒါက ကျွန်မ သောက်ဖူးသမျှထဲမှာ အကောင်းဆုံး ဝိုင်ဆိုတာ သေချာတယ်..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်၏။ "ဒီဝိုင်ကို ကျွန်တော့်ရဲ့ အားလပ်ချိန်မှာ ချက်လုပ်ထားတာပါ... နာမည်က 'ယစ်မူးဖွယ်ရာ လေပြေညင်း' လို့ ခေါ်တယ်... တကယ်လို့ တာအိုမိတ်ဆွေပိုင်က သဘောကျတယ်ဆိုရင် နောက်မှ နှစ်ပုလင်းလောက် ပေးလိုက်ပါ့မယ်..."

ပိုင်ချီချီမှာ ဝမ်းသာအားရဖြစ်သွားပြီး မျက်နှာပြောင်တိုက်ကာ ပြောဆိုလိုက်သည်။ "ရိုးရိုးသားသား ပြောရရင် တာအိုမိတ်ဆွေရဲ့ ဝိုင်ကို ကျွန်မ တကယ် သဘောကျပါတယ်... အရမ်း ကျေးဇူးတင်ပါတယ်..."

"အားနာစရာ မလိုပါဘူး... ကျေးဇူးပြုပြီး စားကြပါဦး..." နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ ဝိုင်ခွက်ကို ချကာ ဖိတ်ခေါ်လိုက်၏။

ပိုင်ဝမ်လင်းက မတ်တတ်ရပ်ကာ လူသုံးဦး၏ ခွက်များကို ဝိုင်ပြန်ဖြည့်ပေးလိုက်ပြီးနောက် ပြန်ထိုင်လိုက်သည်။

သူမက ငါးတစ်ဖတ်ကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။ သူမ၏ မျက်လုံးများက တောက်ပသွားပြီး နန်ကုန်းယွီကို ကြည့်လိုက်ချိန်၌ သူမ၏ အကြည့်များတွင် ပို၍ပင် လေးစားအားကျမှုများ ပြည့်နှက်နေပေသည်။

သူမ သဘောကျတဲ့သူက တကယ်ကို အံ့ဩစရာပါပဲလား။

သူက ကျင့်ကြံမှုမှာ အရမ်း ကျွမ်းကျင်တာတင် မကဘူး ဆေးတာအို ကိုလည်း တတ်မြောက်သေးတယ်... အသားကင်တာနဲ့ ဝိုင်ချက်တာကိုလည်း သိသေးတယ်... အခုကျတော့ မယုံနိုင်လောက်အောင် အရသာရှိတဲ့ အစားအသောက်တွေကိုပါ ချက်ပြုတ်နိုင်သေးတယ်ပေါ့လေ။

ပြီးတော့ သူ့မှာ ကောင်းမွန်တဲ့ စရိုက်လက္ခဏာလည်း ရှိတယ်... သည်လို ပြီးပြည့်စုံတဲ့ လူတစ်ယောက်နဲ့ ငါက တကယ်ပဲ ထိုက်တန်ရဲ့လား။

ပိုင်ဝမ်လင်းက ရှင်းပြ၍မရအောင် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရ၏။ သူမက မနေနိုင်ဘဲ အစားအသောက်ကို နောက်ထပ် နှစ်လုတ်လောက် စားလိုက်ပြီးနောက် သူမ၏ ဝိုင်ခွက်ကို ကောက်ကိုင်ကာ ပြောဆိုလိုက်သည်။ "သခင်လေးစစ်ချန်... ဝမ်လင်းက သခင်လေးကို ဂုဏ်ပြုပါတယ်..."

နန်ကုန်းယွီသည် အနည်းငယ် အံ့အားသင့်သွားပြီး ပိုင်ဝမ်လင်းက မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

သူက များများစားစား မတွေးတော့ဘဲ သူ၏ ခွက်ကို မြှောက်ကာ တစ်ဖက်လူနှင့် ခွက်ချင်းတိုက်လိုက်ပြီး ဝိုင်ကို သောက်လိုက်၏။

ထို့နောက် သူက ချက်ချင်း သတိပေးလိုက်သည်။ "ဒီ'ယစ်မူးဖွယ်ရာ လေပြေညင်း' မှာ ဝိညာဥ်စွမ်းအင်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး ကျင့်ကြံမှုအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးရှိစေပေမဲ့ အဲဒါက ယစ်မူးစေတတ်ပါတယ်... ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အလယ်အလတ်အဆင့်မှာ ရှိနေတဲ့သူတွေအတွက်ကတော့ သုံးခွက်လောက်ပဲ သောက်တာ သင့်တော်ပါတယ်..."

ပိုင်ဝမ်လင်းက မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်၏။ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး... ဝမ်လင်း နားလည်ပါပြီ..."

သူမက စကားပြောရင်း နန်ကုန်းယွီ၏ ခွက်ကို ပြန်ဖြည့်ပေးလိုက်သည်။ သူတို့လေးဦးက သဟဇာတဖြစ်သော လေထုထဲတွင် အတူတကွ စားသောက်ကာ စကားစမြည် ပြောဆိုနေခဲ့ကြ၏။ စားပွဲပေါ်ရှိ ဟင်းပွဲများအားလုံး ကုန်သွားချိန်၌ ည ၁၁ နာရီ ၄၅ မိနစ်ပင် ရှိနေပြီ ဖြစ်သည်။

ထိုအချိန်တွင် 'ယစ်မူးဖွယ်ရာ လေပြေညင်း' ဝိုင်ပုလင်း မကုန်မီမှာပင် ပိုင်ဝမ်လင်းက စားပွဲပေါ်တွင် မူးမေ့လဲကျနေခဲ့ပြီ ဖြစ်၏။

ပိုင်ချီချီက အနည်းငယ် မူးယစ်နေပုံရပြီး ခုနစ်ဆယ်ရာခိုင်နှုန်းခန့် မူးနေပြီ ဖြစ်သည်။ သူမက ပြုံးကာ ပြောဆိုလိုက်သည်။

"ကျွန်မရဲ့ သမီးက စကားမှ နားမထောင်တာ... ကျွန်မ သူ့ကို အရင် ပြန်ခေါ်သွားလိုက်ပါဦးမယ်..."

"တာအိုမိတ်ဆွေပိုင်... ကောင်းပါပြီ..." နန်ကုန်းယွီနှင့် နောက်တစ်ဦးက အနည်းငယ် ပြုံးကာ မတ်တတ်ရပ်လိုက်ကြ၏။

ပိုင်ချီချီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပိုင်ဝမ်လင်း၏ ခါးကို လက်တစ်ဖက်ဖြင့် ဖက်ကာ ပွေ့ချီလိုက်ပြီး ဘေးဘက်ခြံဝင်းမှ အလျင်အမြန် လျှောက်ထွက်သွားသည်။

ထိုနှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း နန်ကုန်းယွီက ပြုံးကာ ပြောဆိုလိုက်၏။ "အစ်မရွှယ်... ကျွန်တော်တို့ ရေချိုးပြီး ဒီနေ့ညအတွက် အနားယူကြတာပေါ့... ပြီးရင် မနက်ဖြန်ကျတော့ စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေကို သွားကြမယ်..."

"ကောင်းပြီလေ..."

နန်ကုန်းရိုရွှယ်က တောက်ပစွာ ပြုံးလိုက်ရာ အနည်းငယ် မူးယစ်နေသော သူမ၏ လှပသည့် မျက်နှာလေးမှာ ပျော်ရွှင်မှုများဖြင့် ဝင်းလက်နေပေသည်။

ထို့နောက်...

မြင်ကွင်းက ငြင်းမရနိုင်အောင် ရမ္မက်ဆန်နေခဲ့သော်လည်း နန်ကုန်းယွီက မမူးသေးချေ။

...

အခြားတစ်ဖက်တွင်မူ ပိုင်ချီချီသည် ပိုင်ဝမ်လင်းကို သယ်ဆောင်ကာ သူတို့၏ အိပ်ခန်းဆီသို့ ယိုင်နဲ့ယိုင်နဲ့ဖြင့် ပြန်လာခဲ့သည်။

သူမက ပိုင်ဝမ်လင်းကို ချထားလိုက်ပြီး ဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ယူကာ မျိုချလိုက်ရာ သူမ၏ အမူအရာက အများကြီး သက်သာသွားခဲ့၏။

သူမက သူမ၏ သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘေးဘက်ခြံဝင်းရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူမ၏ အမူအရာက တခုခုကို တွေးတောနေပုံရပေသည်။

All Chapters