← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅) ချိတ်ပိတ်အဆောင်

ကျိုယန်ရှီးက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် မေးမြန်းလိုက်လေ၏။

"မင်း မကြာသေးခင်က တစ်ယောက်ယောက်ကိုများ စော်ကားမိသေးလား..."

ဤစကားကို ကြားချိန်၌ ယဲ့ဖိန် အံ့အားသင့်သွားပြီးနောက် ရေရွတ်လိုက်လေသည်။

"လင်ရှောင်ခန်းမက သူတော်စင်ကို ကျွန်တော် ဒဏ်ရာရအောင် လုပ်ခဲ့ဖူးတယ်... ပြီးတော့ သူက စီနီယာအစ်မနဲ့ စေ့စပ်ထားတာကိုလည်း ဖျက်သိမ်းခဲ့တယ်လေ..."

"ဆရာက သူက ကျွန်တော့်ကို ပစ်မှတ်ထားနေတယ်လို့ ဆိုလိုချင်တာလား..."

"ဒါပေမဲ့ လင်ရှောင်ခန်းမကလူတွေ လျှို့ဝှက်နယ်မြေထဲ ဝင်လာတဲ့ လမ်းကြောင်းက ငါတို့နဲ့ မတူဘူးလေ... ဒါကြောင့် သူ မဖြစ်နိုင်ဘူး..."

ကျိုယန်ရှီးက ခေါင်းခါလိုက်ပြီးနောက် ပြောဆိုလိုက်လေ၏။

"ဘာလို့ သူကိုယ်တိုင် သတ်စရာလိုမှာလဲ..."

ဤစကားကို ကြားချိန်၌ ယဲ့ဖိန်၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားလေ၏။

သူ့စိတ်ထဲတွင် ကျန်ရှိနေသော လူများကို ပြန်လည် စဉ်းစားကြည့်လိုက်ရာ သူ့ကို ဒုက္ခပေးခဲ့သူမှာ ထိုအထဲမှတစ်ဦးဖြစ်ကြောင်း သူ ကောင်းစွာ သိရှိနေလေသည်။

ထိုအချိန်တွင် ကျိုးယွမ်သည် ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိပြီဖြစ်သော ဆေးပင်တစ်ပင်ကို ယခုလေးတင် ခူးယူပြီးစီးသွားလေ၏။ သူသည် အဝေးမှ ဧရာမ ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသော်လည်း ဂရုစိုက်ရန် စိတ်မဝင်စားခဲ့ချေ။

တကယ်တမ်းတွင် ကျိုးယွမ်သည် အလဟဿ ကြိုးစားအားထုတ်မှု ဖြစ်လုနီးပါး ဖြစ်ခဲ့လေသည်။ အကြောင်းမှာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် လူတိုင်းသည် မတူညီသော နေရာများသို့ ရွှေ့ပြောင်းခံရသောကြောင့် ဖြစ်သည်။

ယဲ့ဖိန် ရွှေ့ပြောင်းခံရသော နေရာသည် ကျိုးယွမ်နှင့် ဆင်တူသော ဧရိယာတစ်ခု ဖြစ်နေသဖြင့် သူတို့နှစ်ဦး ဆုံတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။

ယဲ့ဖိန်က ကံဆိုးခဲ့သည်ဟုသာ ဆိုနိုင်ပေသည်။

ကျိုးယွမ်သည် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရပ်ကာ အဝေးသို့ လှမ်းကြည့်နေလေ၏။ လျှို့ဝှက်နယ်မြေသည် သူထင်ထားသည်ထက် ပိုမို ကြီးမားကျယ်ပြန့်လှပေသည်။

ကျိုးယွမ်သည် အဝေးမှ ဧရာမ အဆောက်အအုံကြီး တစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရပြီး ထိုနေရာသည် သူ၏ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်များထဲမှ တစ်ခုဖြစ်နိုင်ကြောင်း သိရှိနေလေ၏။

ကျိုးယွမ်သည် ဤနေရာများတွင် အချိန်ဆွဲမနေဘဲ ထိုဦးတည်ရာဆီသို့ တိုက်ရိုက် ပြေးထွက်သွားလေတော့သည်။

ချင်းပေါင်လုံ၏ ဘက်တွင်မူ သူသည် သစ်သားတုတ်ကြီး တစ်ချောင်းကို ကိုင်ဆောင်ကာ ရွှေအမြုတေ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးကို သတိလစ်အောင် ရိုက်နှက်နေလေ၏။

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ချင်းပေါင်လုံသည် တစ်ဖက်လူထံမှ အရာအားလုံးကို လုယက်ကာ အဝတ်အစားများ အားလုံး ချွတ်ပစ်လိုက်လေသည်။

ချင်းပေါင်လုံသည် သူ၏ ပြိုင်ဘက်ကို သစ်ပင်ပေါ်တွင် ချိတ်ဆွဲရန် ပြင်လိုက်ချိန်မှာပင် ပြင်းထန်သော ဓားချက်တစ်ခုက သူ့ဆီသို့ ခုတ်ပိုင်းလာလေ၏။

ဓားချီ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် စူးရှသော ပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။

ချင်းပေါင်လုံ မော့ကြည့်လိုက်ရာ ရက်စက်သော အမူအရာဖြင့် အခြေတည်စိတ်ဝိညာဉ် အလယ်အလတ်အဆင့် ဖိအားကို ထုတ်လွှတ်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရလေ၏။

ချင်းပေါင်လုံသည် လက်ဝါးရိုက်ချက်တစ်ခု ထုတ်လွှတ်လိုက်ရာ လျင်မြန်စွာ ထပ်နေသော လက်ဝါးရာများ ထွက်ပေါ်လာပြီး အမျိုးသမီး၏ ခုတ်ပိုင်းလိုက်သော ဓားချက်နှင့် ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

ကျယ်လောင်သော "ဝုန်း" ခနဲ အသံနှင့်အတူ ချင်းပေါင်လုံ၏ လက်ဝါးရာသည် ပြိုင်ဘက်၏ ဓားချက်ကြောင့် ဖျက်ဆီးခံလိုက်ရလေ၏။ ချင်းပေါင်လုံ နောက်သို့ လွင့်စင်သွားပြီး သူ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွားလေသည်။

ဒုတိယအကြိမ် မစဉ်းစားတော့ဘဲ ချင်းပေါင်လုံ၏ အရှိန်အဝါများ လိမ့်တက်လာပြီး ဓားရှည်တစ်လက် သူ၏ လက်ထဲတွင် ပေါ်လာလေ၏။

"ဒီဓားကို ခံလိုက်စမ်း..."

ချင်းပေါင်လုံ ဤသို့ အော်ဟစ်ပြီးနောက် လှည့်ပြေးသွားလေသည်။ ပျံသန်းခြင်းအဆောင်တစ်ခု သူ၏ လက်ထဲတွင် ပေါ်လာပြီး ချက်ချင်း အသက်သွင်းလိုက်လေ၏။

တစ်ဖက်လူသည် အခြေတည်စိတ်ဝိညာဉ် အလယ်အလတ်အဆင့်ဖြစ်ပြီး သူသည် အခြေတည်စိတ်ဝိညာဉ် အစောပိုင်းအဆင့်သာ ဖြစ်သည်။ တစ်ဖက်လူနှင့် တိုက်ပွဲဆင်နွှဲခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် မဟုတ်ပါလော။ သူ အရူး မဟုတ်ချေ။

"ချင်းပေါင်လုံ... နင်က ငါတို့ လင်ရှောင်ခန်းမက တပည့်ကို အနိုင်ကျင့်ရဲတယ်ပေါ့... နင့်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်..."

ဒေါသကြောင့် မျက်နှာပျက်နေသော အမျိုးသမီးသည် အောက်ဘက်ရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူဆီသို့ အစွမ်းထက်သော စွမ်းအင်တစ်ခု ပစ်လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အဝတ်အစားတစ်စုံကိုပါ ပစ်ချပေးလိုက်လေ၏။

ဤအရာအားလုံး ပြီးစီးသွားပြီးနောက် အမျိုးသမီးသည် ချင်းပေါင်လုံ ပျောက်ကွယ်သွားရာ ဦးတည်ချက်ဆီသို့ လိုက်လံ ဖမ်းဆီးလေသည်။ သူမ၏ မျက်လုံးများတွင် လူသတ်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်နေလေ၏။

လင်ရှောင်ခန်းမနှင့် တာဖုန်းကုန်သွယ်ရေးအဖွဲ့တို့သည် ထန်ချန်နှင့် ချွီယန်ရန်တို့၏ စေ့စပ်မှု ပျက်ပြယ်သွားခြင်းကြောင့် အစကတည်းက ပဋိပက္ခဖြစ်ပွားနေခဲ့ရာ လေထုမှာ အလွန် တင်းမာနေခဲ့ပြီ ဖြစ်သည်။ ယဲ့ဖိန်က ထန်ချန်ကို အနိုင်ယူလိုက်ခြင်းက လင်ရှောင်ခန်းမရှိ လူတိုင်းကို ပို၍ ဒေါသထွက်စေခဲ့လေ၏။

လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက် ချင်းပေါင်လုံက လင်ရှောင်ခန်းမမှ တပည့်ကို ဤကဲ့သို့ အနိုင်ကျင့်ရဲခဲ့သဖြင့် တန်ကျင်းကျင်းမှာ ချင်းပေါင်လုံကို အပိုင်းပိုင်း ဆွဲဖြဲချင်စိတ် ပေါက်သွားလေ၏။

တန်ကျင်းကျင်းသည် သူမ၏ စီနီယာအစ်ကို ထန်ချန်ကို တကယ်တမ်း သဘောကျပေသည်။ သို့သော် ထန်ချန်က သူမကို သဘောမကျချေ။

တန်ကျင်းကျင်းသည် ချင်းပေါင်လုံ၏ ခေါင်းကို ဖြတ်မည်ဟု ကျိန်ဆိုလိုက်လေ၏။

တန်ကျင်းကျင်းသည် ချင်းပေါင်လုံ၏ နောက်မှ အနီးကပ် လိုက်ပါလာပြီး အရှိန်မလျှော့ဘဲ လိုက်လံ ဖမ်းဆီးနေကာ သူတို့နှစ်ဦးမှာ ပို၍ နီးကပ်လာလေသည်။

ချင်းပေါင်လုံမှာ အလွန်အမင်း စိုးရိမ်ပူပန်နေသော်လည်း ရုတ်တရက် မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် အလွန် ဝမ်းသာသွားလေ၏။

"ဂျူနီယာညီမလေးချွီ... လင်ရှောင်ခန်းမက တန်ကျင်းကျင်းက ငါ့ကို သတ်ချင်နေတယ်..."

ချွီယန်ရန်သည် အလယ်အလတ်အဆင့် ၄ မီးအဆောင် ၅ ခု အပါအဝင် အခွင့်အရေးငယ်လေးတစ်ခုကို ယခုလေးတင် ရရှိခဲ့သဖြင့် အလွန်ပျော်ရွှင်နေလေ၏။

ချွီယန်ရန်သည် ယဲ့ဖိန်နောက်က လိုက်နေခြင်းဖြင့် မည်သည့်အရာမျှ မရနိုင်ကြောင်းနှင့် တစ်ယောက်တည်း နေခြင်းက ပိုကောင်းကြောင်း သဘောပေါက်သွားလေ၏။

သူမသည် ချင်းပေါင်လုံနှင့် တန်ကျင်းကျင်းတို့၏ ရောက်ရှိလာမှုကို သဘာဝကျကျ အာရုံခံမိပြီး ချွီယန်ရန်၏ မျက်နှာ အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်သွားလေ၏။

သူမသည် ချင်းပေါင်လုံကို သဘောမကျသော်လည်း သူသည် တာဖုန်းကုန်သွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်နေဆဲပင်ဖြစ်ရာ သူမအနေဖြင့် သူ အနိုင်ကျင့်ခံရသည်ကို ကြည့်မနေနိုင်ချေ။

များများစားစား မစဉ်းစားတော့ဘဲ ချွီယန်ရန် လေထဲသို့ ခုန်တက်ကာ သူမ၏ လွှမ်းမိုးနိုင်သော စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်လေ၏။

သို့သော် တန်ကျင်းကျင်းသည် ချင်းပေါင်လုံကို သေလောက်အောင် မုန်းတီးနေပြီဖြစ်ပြီး သူမ၏ ကျင့်ကြံမှုမှာ အခြေတည်စိတ်ဝိညာဉ် အလယ်အလတ်အဆင့်တွင်ရှိရာ အခြေတည်စိတ်ဝိညာဉ် အစောပိုင်းအဆင့် နှစ်ဦးကို သူ ဘယ်လိုလုပ် ကြောက်ရွံ့နေမည်နည်း။ စစ်ပွဲ စတင်လိုက်ကြမည်။

ပုံရိပ်သုံးခု ပြင်းထန်စွာ ရိုက်ခတ်သွားပြီး သူတို့၏ ဓားများသည် ယှက်နွယ်ကာ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လေတော့၏။

အဝေးမှ ပုံရိပ်သုံးခု တိုက်ခိုက်နေသည်ကိုကြည့်ရင်း ကျိုးယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် မလှမ်းမကမ်းရှိ လိုဏ်ဂူတစ်ခုဆီသို့ လှမ်းကြည့်လိုက်လေ၏။

သူသည် ဤလိုဏ်ဂူကို မတော်တဆ ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး အလွန်ထူးဆန်းကြောင်း တွေ့ရှိခဲ့ရသည်။

လိုဏ်ဂူအဝင်ဝတွင် အတားအဆီးတစ်ခု ရှိနေသည်။ သူ၏ စိတ်ဝိညာဉ်အာရုံ စွမ်းအားက လှိုဏ်ဂူအဝကို ဖြတ်သန်းသွားသော်လည်း လိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်နှင့် အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားလေ၏။ အတွင်းရှိ တစ်စုံတစ်ရာက စိတ်ဝိညာဉ်အာရုံကို ဝါးမျိုနိုင်စွမ်း ရှိသည့်အလား ဖြစ်နေသည်။

အကြောင်းရင်း တစ်ခုခုကြောင့် ဤလိုဏ်ဂူသည် ကျိုးယွမ်ကို အလွန် အန္တရာယ်များသည့် ခံစားချက်ကို ပေးစွမ်းနေလေ၏။

ကျိုးယွမ်သည် လက်ညှိုးကို ခေါက်လိုက်ရာ စွမ်းအင်တစ်ရပ် ပစ်ထွက်သွားပြီး အတားအဆီးကို ရိုက်ခတ်သွားလေသည်။

ထိုအချိန်တွင် အတားအဆီး ပြောင်းလဲသွားပြီး ကြီးမားသော ရွှေရောင် အက္ခရာ “封”(ချိတ်ပိတ်ခြင်း) သည် ကျိုးယွမ်၏ ရှေ့တွင် ပေါ်လာလေ၏။

"တာအိုတားမြစ်ခြင်း အက္ခရာပဲ..."

ကျိုးယွမ်က အံ့အားသင့်စွာ ရေရွတ်လိုက်သော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သဘောပေါက်သွားလေ၏။ ဤသည်မှာ မဟာတာအို၏ စွမ်းအားများ ပါဝင်သော တာအိုတားမြစ်ခြင်း အက္ခရာ မဟုတ်ဘဲ လူလုပ်ဖန်တီးထားသော မှော်အဆောင်သာ ဖြစ်ပေသည်။

ဤမှော်အဆောင်အကြောင်းကို ချင်ချန် ပေးထားသော 'တာအိုအနှစ်သာရမှော်အဆောင်ကျမ်း' တွင် ကျိုးယွမ် ဖတ်ဖူးခဲ့လေ၏။ မှော်အဆောင်များကို ဆင်ဆာဖြတ်တောက်ခြင်းတစ်မျိုး ဖြစ်သည်။

ဤမှော်အဆောင်ကို အရာတစ်ခုခု ချိတ်ပိတ်ရန်အတွက် အထူးရေးဆွဲထားခြင်း ဖြစ်ပေသည်။

"သာမန်အားဖြင့် မှော်အဆောင်ကို အထူးပြုလုပ်ထားတဲ့ အဆောင်ရေးဆွဲတဲ့ စုတ်တံနဲ့ ရေးဆွဲရတယ်... အထူး အဆောင်စက္ကူလည်း လိုအပ်သေးတယ်..."

"ဒါပေမဲ့ ဒီမှော်အဆောင်တွေကို အဆောင်စက္ကူမပါဘဲ ဘယ်လို ရေးဆွဲထားတာလဲ..."

သူ့ရှေ့ရှိ ချိတ်ပိတ်အဆောင်ကို ကြည့်ရင်း ကျိုးယွမ်က နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ရောက်သွားပြီး မလှုပ်မယှက် ရပ်နေမိလေ၏။

ထိုအချိန်တွင် ဓားရှည်တစ်လက်သည် ကျိုးယွမ်၏ လည်ပင်းကို တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်လာလေသည်။ တိုက်ခိုက်သူမှာ ရက်စက်သော အကြည့်များရှိသည့် ပိန်ပါးသော အမျိုးသားတစ်ဦး ဖြစ်လေ၏။

ဤလူသည် ဤနေရာရှိ ရွှေရောင်အလင်းတန်းကြောင့် ဆွဲဆောင်ခံရပြီး တိတ်တဆိတ် ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သည်။

ရွှေရောင် “封”(ချိတ်ပိတ်ခြင်း) အက္ခရာကို မြင်သောအခါ သူ၏ မျက်လုံးများတွင် လောဘတကြီး အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။

အတွင်း၌ ကောင်းမွန်သောအရာ တစ်ခုခု ရှိနေရမည်ဟု သူ ခံစားလိုက်ရသည်။

ကျိုးယွမ် စဉ်းစားခန်း ဝင်နေသည်ကို မြင်သောအခါ ထိုအမျိုးသား အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သေစေနိုင်သော တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် တိုက်ခိုက်လိုက်လေ၏။

ဓားရှည်သည် ကျိုးယွမ်၏ လည်ပင်းကို ဖြတ်သွားသည်နှင့်အမျှ အမျိုးသား၏ မျက်လုံးများတွင် ဝမ်းမြောက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

သို့သော် အချိန်တိုလေးအတွင်းမှာပင် ထိုအမျိုးသား တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရလေ၏။ ဘာကြောင့် သွေးတွေ ပန်းမထွက်လာတာလဲ။

အမျိုးသားက တုံ့ပြန်မှု မလုပ်နိုင်မီမှာပင် လက်တစ်ဖက်က သူ၏ လည်ပင်းကို ဆုပ်ကိုင်ပြီး ဖြစ်နေလေပြီ။

"တာအိုရောင်းရင်း... ကျွန်တော့်ကို ချမ်းသာပေးပါ... ကျွန်တော်က လင်ရှောင်..."

"ဂွပ်" ခနဲ အသံနှင့်အတူ အမျိုးသား၏ လည်ပင်း ကျိုးသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကာ ဓားချီအဖြစ် ပြောင်းလဲပြီး သူ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်လေ၏။

မီးလုံးတစ်လုံး ပေါ်လာပြီး အမျိုးသား၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေသည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်ဖမ်းဝင်္ကပါတစ်ခု ပေါ်လာပြီး အမျိုးသား၏ အကြွင်းအကျန် ဝိညာဉ်အဖြစ် ဖြည်းညင်းစွာ စုစည်းလာသော်လည်း လက်တစ်ဖက်ဖြင့် ခြေမွဖျက်ဆီးခံလိုက်ရလေ၏။

ကျိုးယွမ်၏ အမူအရာမှာ ပုံမှန်မဟုတ်ဘဲ တည်ငြိမ်နေပြီး လူတစ်ယောက်ကို သတ်လိုက်ရသော်လည်း မည်သည့် စိတ်လှုပ်ရှားမှုမျှ မပြသခဲ့ချေ။

အခြေတည်စိတ်ဝိညာဉ် အစောပိုင်းအဆင့်က သူ့ကို ချုံခိုတိုက်ခိုက်ဖို့ ကြိုးစားတာ... သေချင်နေတာပဲ။

အခန်း (၁၆၆) ပုရွက်ဆိတ်ခြင် ဝိညာဉ်သားရဲနှင့် တာအိုတားမြစ်ခြင်း ကျောက်စာတိုင်

[ဒင်... ကံကြမ္မာတန်ဖိုး +၉၉၀၊ သက်တမ်း +၃၅၀၊ ကျင့်စဉ်အမှတ် +၄၆၈၈၇...]

စနစ်၏ အသံက ကျိုးယွမ်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေ၏။

"ဒီတစ်ခါတော့ ဘယ်ကျင့်စဉ် ၊ ဘယ်တိုက်ခိုက်ရေး သိုင်းပညာမှ ဆုအဖြစ် မရဘူး... ဒီလူရဲ့ကျင့်စဉ်နဲ့ သိုင်းပညာက အရမ်း ညံ့ဖျင်းနေလို့ ဖြစ်ရမယ်..."

ကျိုးယွမ်က စနစ်၏ အသံကို လျစ်လျူရှုလိုက်ပြီး "封" (ချိတ်ပိတ်ခြင်း) ဟူသော အက္ခရာကိုသာ ကြည့်နေလိုက်လေ၏။

မှော်အဆောင်ဆရာအသင်းတွင် ရှိစဉ်ကတည်းက ကျိုးယွမ် ဤပြဿနာကို တွေးတောခဲ့သော်လည်း ဘယ်သောအခါကမျှ အဖြေရှာမတွေ့ခဲ့ချေ။

ယခုအခိုက်အတန့်တွင် သူသည် အသိအမြင်ပွင့်လင်းရန် နီးစပ်နေပြီဖြစ်ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု သူ ခံစားလိုက်ရလေ၏။

"အထူးပြုလုပ်ထားတဲ့ အဆောင်စက္ကူ ဒါမှမဟုတ် မှော်အဆောင် ရေးဆွဲဖို့ ပစ္စည်းတွေ မပါဘဲ... ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ရေးဆွဲခဲ့တာများလား..."

ဤအချက်ကို တွေးမိချိန်၌ ကျိုးယွမ်၏ ခေါင်းထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားလေ၏။ ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ သူ ခံစားလိုက်ရသည်။

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ကျိုးယွမ်သည် မီးအဆောင်၏ ပုံရိပ်ကို စိတ်ထဲတွင် ဖော်ထုတ်လိုက်လေ၏။

ဤသည်မှာ ကျိုးယွမ် အကျွမ်းတဝင်အရှိဆုံး မှော်အက္ခရာ ဖြစ်သည်။ သူကိုယ်တိုင်ပင် မည်မျှ ရေးဆွဲခဲ့သည်ကို မေ့နေလောက်အောင် ဖြစ်ခဲ့သည်။

ကျိုးယွမ် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး ယခုအခိုက်အတန့်တွင် သူ၏ မျက်လုံးများမှာ ပုံမှန်မဟုတ်ဘဲ တည်ငြိမ်နေလေ၏။

ကျိုးယွမ် ညာလက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ ဝိညာဉ်စွမ်းအင်များသည် လက်ချောင်းထိပ်များဆီသို့ လိမ့်တက်လာပြီး လေထဲတွင် လျင်မြန်စွာ ဝှေ့ယမ်းလိုက်လေ၏။

ကျိုးယွမ်၏ ခန္ဓာကိုယ်အတွင်း၌ တာအိုတားမြစ်ခြင်း ဝိညာဉ်သွေးကြောသည် တောက်ပစွာ လင်းလက်လာပြီး အထူး စွမ်းအင်ကြိုးမျှင်များသည် တာအိုတားမြစ်ခြင်း ဝိညာဉ်သွေးကြော တစ်လျှောက် စီးဆင်းကာ ကျိုးယွမ်၏ ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်သွားလေ၏။

အချိန်တိုလေးအတွင်းမှာပင် မီးတောက်ပုံစံတစ်ခု ပေါ်လာပြီး ပြင်းထန်သော အပူရှိန်ကို ထုတ်လွှတ်နေလေသည်။

"ချိတ်ပိတ်စမ်း..."

ကျိုးယွမ်က မိမိဘာသာ ရေရွတ်လိုက်ပြီးနောက် အထူး ချီစွမ်းအင် တစ်မျှင်သည် မီးတောက်ပုံစံထဲသို့ ဝင်ရောက်သွားရာ ထပ်မံ ပြောင်းလဲသွားပြီး 'မီး' ဟူသော အက္ခရာအဖြစ် တိုက်ရိုက် ပြောင်းလဲသွားလေ၏။

"အောင်မြင်ပြီ..."

ကျိုးယွမ်၏ မျက်လုံးများ ပုံမှန်မဟုတ်ဘဲ တောက်ပနေလေ၏။ သူသည် တိုက်ကြီးတစ်ခု အသစ်ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။

ထိုအခိုက်အတန့်တွင် တာအိုတားမြစ်ခြင်း အက္ခရာနှင့် ပတ်သက်၍ သူ လုံးလုံးလျားလျား အသစ်ဖြစ်သော နားလည်မှု တစ်ခုကို ရရှိသွားလေ၏။

ကျိုးယွမ်သည် သူ၏ ရှေ့ရှိ "封" (ချိတ်ပိတ်ခြင်း) ဟူသော အက္ခရာကို စူးစိုက်ကြည့်နေလေ၏။ အက္ခရာသည် သူ၏ စိတ်ထဲတွင် လျင်မြန်စွာ ဖြိုခွဲခံလိုက်ရပြီး ဉာဏ်ရည်ထက်မြက်သော ပုံစံများအဖြစ် ဖန်တီးသွားလေသည်။

ကျိုးယွမ် တွေဝေသွားလေ၏။ ချိတ်ပိတ်အဆောင်ကို ဖြေရှင်းသင့်၊ မဖြေရှင်းသင့် ဆိုသည်ကို သူ စဉ်းစားနေလေသည်။

အကြောင်းမှာ လိုဏ်ဂူထဲတွင် အတိအကျ ဘာကို ချိတ်ပိတ်ထားသလဲဆိုတာကို သူ မသေချာသောကြောင့် ဖြစ်သည်။

သို့သော် ကျိုးယွမ် ခေတ္တမျှသာ တွေဝေလိုက်ပြီးနောက် သွားစွယ်ကို ကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေ၏။

ဘာကိုပဲ ချိတ်ပိတ်ထားသည်ဖြစ်စေ ဤလိုဏ်ဂူထဲတွင် သူ လိုအပ်သော အရာတစ်ခုခု ရှိနေသည်ဟု သူ ခံစားရလေသည်။

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ကျိုးယွမ်က "封" (ချိတ်ပိတ်ခြင်း) အက္ခရာဆီသို့ လက်ညှိုးဖြင့် ညွှန်ပြလိုက်လေသည်။

"封" အက္ခရာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျိုးယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေ၏။

ကျိုးယွမ်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ တာအိုတားမြစ်ခြင်း ဝိညာဉ်သွေးကြော ရွှေရောင်အလင်းများဖြင့် တောက်ပလာသည်ကို ခံစားလိုက်ရပြီး ချိတ်ပိတ်မှုအတွင်း၌ တာအိုတားမြစ်ခြင်း၏ အသိအမြင်တစ်မျှင် ပါဝင်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

'ချိတ်ပိတ်ခြင်း' ဟူသော အက္ခရာ ပျောက်ကွယ်သွားသည်နှင့်အမျှ လိုဏ်ဂူ၏ အစစ်အမှန် အသွင်အပြင်သည် နောက်ဆုံးတွင် ကျိုးယွမ်၏ ရှေ့တွင် ပေါ်ထွက်လာလေ၏။

ကျိုးယွမ် ထိုအရာကို မြင်သောအခါ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရလေသည်။ အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သူသည် ယိမ်းယိုင်သွားကာ အဝေးသို့ လျင်မြန်စွာ ပြေးထွက်သွားလေ၏။

ကျိုးယွမ်၏ ခန္ဓာကိုယ် ပျံသန်းသွားသည်နှင့်တစ်ပြိုင်နက် လက်သီးဆုပ်အရွယ်အစားရှိ မိစ္ဆာသားရဲ အမြောက်အမြားသည် လိုဏ်ဂူထဲမှ ပျံထွက်လာကြရာ အရေအတွက်အားဖြင့် ရေတွက်၍ မရနိုင်အောင် များပြားလှပေသည်။

ဤမိစ္ဆာသားရဲများသည် ခန္ဓာကိုယ် ရှည်လျားပြီး မာကျောသော အနက်ရောင် ချပ်ဝတ်အလွှာဖြင့် ဖုံးအုပ်ထားလေ၏။

မိစ္ဆာသားရဲများတွင် ရှည်လျားပြီး ချွန်ထက်သော နှုတ်သီး ပါရှိပြီး အဆုံးတွင် ရှည်လျား၍ သေးသွယ်သောအပ်တစ်ချောင်း ပါရှိလေသည်။

မိစ္ဆာသားရဲ တစ်ကောင်စီတိုင်းသည် အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်နေရာ အားလုံးမှာ အဆင့် ၃ မိစ္ဆာသားရဲများ ဖြစ်ကြောင်း ညွှန်ပြနေပေသည်။

သို့သော် ရေးအကြီးဆုံး မဟုတ်ချေ။ လိုဏ်ဂူထဲတွင် အဆင့် ၅ မိစ္ဆာသားရဲ တစ်ကောင်၏ ဖိနှိပ်ထားသော အရှိန်အဝါကို ကျိုးယွမ် ခံစားမိလိုက်လေ၏။

ဤသည်မှာ အုပ်စုဖွဲ့ နေထိုင်တတ်သော မိစ္ဆာသားရဲ ဖြစ်ပြီး ရေတွက်၍မရအောင် များပြားလှပေသည်။ အဆင့် ၅ မိစ္ဆာသားရဲလည်း ရှိနေသဖြင့် နောက်ချန်နေခဲ့ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် ဖြစ်ပေလိမ့်မည်။

ကျိုးယွမ်၌ ယခုအခါ အဆင့် ၅ မိစ္ဆာသားရဲနှစ်ကောင် ရှိနေသော်လည်း ဤအန္တရာယ်ကို သူ မစွန့်စားရဲသေးချေ။

ဝံပုလွေအုပ်က ကျားတစ်ကောင်ကို ဝါးမျိုနိုင်တယ်ဆိုတာ နောက်ပြောင်နေခြင်း မဟုတ်ချေ။ ထို့ပြင် ရန်သူ၌လည်း အဆင့် ၅ မိစ္ဆာသားရဲတစ်ကောင် ရှိနေသေးသည်။

ကျိုးယွမ် နောက်ပြန်လှည့်ကြည့်လိုက်ရာ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ချက်ချင်း ခံစားလိုက်ရလေ၏။ သူ၏ အနောက်ဘက်ရှိ ဤမိစ္ဆာသားရဲများ၏ ပုံရိပ်များသည် ကောင်းကင်ကြီးကိုပင် ဖုံးကွယ်ထားလုမတတ် များပြားလှပြီး အနည်းဆုံး အကောင်ရေ တစ်သန်းခန့် ရှိပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် မိုင်ဒါဇင်ပေါင်းများစွာ အဝေး၌ တန်ကျင်းကျင်း၊ ချွီယန်ရန် နှင့် ချင်းပေါင်လုံတို့က ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြလေသည်။

သို့သော် ချွီယန်ရန်သည် အစွမ်းထက်သော တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်။ ချင်းပေါင်လုံနှင့်အတူ ပူးပေါင်းလိုက်သောအခါ တန်ကျင်းကျင်းကို ဖိနှိပ်ထားနိုင်ခဲ့ပြီး တန်ကျင်းကျင်းမှာ အလွန်အမင်း စိတ်ပျက်နေခဲ့ရလေ၏။

ထိုအချိန်တွင် သူတို့က ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရလေသည်။ သူတို့ သုံးဦး အဝေးသို့ လှမ်းကြည့်လိုက်ရာ မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခုကဲ့သို့ အရာတစ်ခု သူတို့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်လိုက်ရလေ၏။

သူတို့သုံးဦးသည် အစပိုင်းက ဂရုမစိုက်ခဲ့ကြသော်လည်း သေချာစွာ မြင်တွေ့လိုက်ရသောအခါ ချက်ချင်း ကြောက်လန့်သွားကြပြီး သူတို့၏ မျက်နှာများ ဖြူရော်သွားလေသည်။

"သေစမ်း... ပုရွက်ဆိတ်ခြင် ဝိညာဉ်သားရဲတွေ ဘယ်လိုလုပ် ဒီလောက် အများကြီး ရှိနေရတာလဲ..."

တန်ကျင်းကျင်း ကျိန်ဆဲလိုက်ပြီးနောက် ချွီယန်ရန်နှင့် ချင်းပေါင်လုံတို့နှင့် ဆက်လက် မပတ်သက်ရဲတော့ဘဲ အဝေးသို့ တည့်မတ်စွာ ပြေးထွက်သွားလေ၏။

ချွီယန်ရန်နှင့် ချင်းပေါင်လုံတို့လည်း ထိတ်လန့်သွားကြပြီး ဖြူရော်သွားကာ အတတ်နိုင်ဆုံး အမြန်ပြေးကြလေတော့သည်။

ပုရွက်ဆိတ်ခြင် ဝိညာဉ်သားရဲသည် အုပ်စုဖွဲ့ နေထိုင်တတ်သော သတ္တဝါဖြစ်ပြီး အရေအတွက်မှာ သန်းဆယ်ချီအထိ ရှိနိုင်ပေသည်။

သူတို့နှင့် ပတ်သက်မိပြီဆိုလျှင် သင့်တွင် ထူးကဲသော ကျင့်ကြံမှု ရှိမနေပါက အားလုံးကို သတ်ပစ်နိုင်မည် မဟုတ်ချေ။

မဟုတ်ပါက သူတို့သည် သင့်ကို အုပ်စုလိုက် ဝါးမျိုသွားကြပေလိမ့်မည်။

ကျိုးယွမ် မလှမ်းမကမ်းတွင် ပေါ်လာလေ၏။ ပုရွက်ဆိတ်ခြင် ဝိညာဉ်သားရဲများ ထွက်သွားပြီဖြစ်ကြောင်း သူ အာရုံခံမိလိုက်သဖြင့် လိုဏ်ဂူအဝင်ဝသို့ ပြန်လည်ခုန်ဆင်းသွားလေသည်။

ကျိုးယွမ်၏ စိတ်ဝိညာဉ်အာရုံက လိုဏ်ဂူကို အာရုံခံကြည့်လိုက်ရာ ယခင် မိစ္ဆာသားရဲ၏ အရိပ်အယောင်မျှ မတွေ့ရသဖြင့် စိတ်သက်သာရာ ရသွားလေ၏။

ကျိုးယွမ်က လိုဏ်ဂူထဲသို့ ခုန်ဆင်းသွားလေသည်။ အဝင်ဝမှာ သေးငယ်သော်လည်း အတွင်းသို့ ဝင်သွားလေလေ ကျယ်ပြန့်လာလေလေဖြစ်ပြီး အပေါက်ငယ်လေးများ မရေမတွက်နိုင်အောင် ပြည့်နှက်နေရာ တောင်တစ်ခုလုံးကို ဖောက်ထုတ်ထားကြောင်း ညွှန်ပြနေပေသည်။

ရုတ်တရက် ကျိုးယွမ်သည် သူ၏ ရှေ့ရှိ အရာအားလုံးကို စူးစိုက်ကြည့်နေပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရလေ၏။

သူသည် ဘောလုံးကွင်းအရွယ်အစားခန့်ရှိသော ဧရာမ လိုဏ်ဂူခန်းမကြီးတစ်ခုသို့ ရောက်ရှိနေပြီး နေရာအနှံ့ ဖြူဖွေးနေသော ဥများကိုသာ မြင်တွေ့နေရလေသည်။

ဤဥများသည် သာမန်ကြက်ဥတစ်လုံး၏ တစ်ဝက်ခန့် အရွယ်အစားရှိပြီး မရေမတွက်နိုင်အောင် များပြားလှပေသည်။

ကျိုးယွမ်၏ စိတ်ဝိညာဉ်အာရုံက ထိုနေရာကို လှည့်လည်ကြည့်ရှုလိုက်ရာ အနည်းဆုံး သန်းဆယ်ချီ ရှိကြောင်း တွေ့ရှိလိုက်ရလေ၏။

အကယ်၍ ဤဥများအားလုံး ပေါက်ဖွားလာမည်ဆိုပါက လုံးဝ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျိုးယွမ်၏ စိတ်ဝိညာဉ်အာရုံ ခန်းမကြီးကို ဖြတ်သန်းသွားပြီးနောက် နောက်ဆုံး ကျောက်နံရံတန်းကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများ တောက်ပလာလေ၏။

ကျိုးယွမ်က ယိမ်းယိုင်သွားပြီး ကျောက်နံရံရှေ့သို့ ရောက်ရှိလာကာ သူ၏ အကြည့်များကို သူ့ရှေ့ရှိ ကျောက်စာတိုင်အပေါ် စူးစိုက်ထားလေသည်။

သူ့ရှေ့ရှိ ကျောက်စာတိုင်မှာ မကြီးမားလှဘဲ တစ်မီတာခန့်သာ ရှည်လျားလေသည်။

ကျောက်စာတိုင်ကို အက္ခရာများဖြင့် ပြည့်နှက်နေအောင် ရေးထိုးထားပြီး တာအိုတားမြစ်ခြင်း အက္ခရာ၏ အစွမ်းထက်သော အရှိန်အဝါကို ကျိုးယွမ် ခံစားနိုင်ပေသည်။

ကျိုးယွမ်က လက်လှမ်းကာ ကျောက်စာတိုင်ကို ထိလိုက်လေသည်။ သူ၏ လက်ချောင်းများ ထိမိရာ နေရာတိုင်းတွင် ကျောက်စာတိုင်ပေါ်ရှိ အက္ခရာများသည် တစ်ခုပြီးတစ်ခု လင်းလက်လာပြီး အထူး စွမ်းအင်ကြိုးမျှင်များသည် အက္ခရာများမှတစ်ဆင့် ကျိုးယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေ၏။

ထိုအချိန်တွင် ကျိုးယွမ်၏ ဒန်တျန်အတွင်း၌ အခြေတည်စိတ်ဝိညာဉ်၏ မျက်ခုံးကြားတွင် သုံးရောင်ခြယ် ကွင်းတစ်ခု ပေါ်လာလေသည်။ ကွင်းသည် ဖြည်းညင်းစွာ လည်ပတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာလေ၏။

ဤစုပ်ယူအား ထွက်ပေါ်လာသည်နှင့်အမျှ ကျောက်စာတိုင်ပေါ်ရှိ လင်းလက်နေသော အက္ခရာများသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျိုးယွမ်၏ လက်ချောင်းများမှ ပျောက်ကွယ်သွားလေသည်။

ဤလင်းလက်နေသော အက္ခရာများ ပြန်လည်ပေါ်လာချိန်တွင် ကွင်းပေါ်ရှိ တာအိုတားမြစ်ခြင်း ဝိညာဉ်သွေးကြောတည်ရှိရာ ဧရိယာတွင် အမှတ်အသား ပြုလုပ်ထားသကဲ့သို့ ရှိနေလေသည်။

ဤအက္ခရာများ ပေါ်လာခြင်းကြောင့် ကွင်းပေါ်ရှိ တာအိုတားမြစ်ခြင်း တည်ရှိရာ ဧရိယာတွင် ရွှေရောင်အလင်းများ ပိုမို ပြင်းထန်လာလေသည်။

နောက်ဆုံး အက္ခရာ ပျောက်ကွယ်သွားသည်နှင့်အမျှ ကျောက်စာတိုင်သည် ကွဲကြေသွားပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေ၏။

ကျိုးယွမ်၏ မျက်လုံးများ တောက်ပသွားလေသည်။ ကျောက်စာတိုင်ပေါ်ရှိ တာအိုတားမြစ်ခြင်း အက္ခရာ အနည်းငယ် လိုအပ်နေသည်မှလွဲ၍ ယခုတစ်ကြိမ် သူ ထီပေါက်သွားသည်ဟု ခံစားလိုက်ရလေ၏။

အကယ်၍ နောက်ထပ် အနည်းငယ်သာ ထပ်ပေါင်းထည့်နိုင်ပါက သုံးရောင်ခြယ် ကွင်းများသည် ပြီးပြည့်စုံသော ဟန်ချက်ညီမှုကို ရရှိနိုင်မည် ဖြစ်ပေသည်။

ထိုသို့ဆိုလျှင် သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တိုက်ရိုက် ဝင်ရောက်နိုင်မည် ဖြစ်ပေသည်။

ကျိုးယွမ် ထွက်သွားရန် ပြင်လိုက်ချိန်မှာပင် ကျိုးပဲ့နေသော ကျောက်စာတိုင်ပေါ်တွင် စုတ်တံနှင့်တူသော အရာတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်လေ၏။

ကျိုးယွမ် ကောက်ယူလိုက်ပြီး စစ်ဆေးရန် ပြင်လိုက်ချိန်မှာပင် သူ၏ မျက်နှာ အရောင် ရုတ်တရက် ပြောင်းလဲသွားလေ၏။

All Chapters