ရှောင်ချန်း အကွက်ပြခြင်း
Vol. 12 Ch. 1121
ပိုင်ရှောင်ချန်းမှာ မယုံကြည်နိုင်လောက်အောင် ယားယံနေခြင်းကို အားတင်း၍သာ တောင့်ခံလိုက်သည်။ ကုတ်၍မရသော နေရာများအတွက်မူ သူသည် ခြေနှစ်ချောင်းကို တင်းကြပ်နေအောင် ပူးကပ်ထားလိုက်သည်။ သူ၏မျက်နှာမှာ ခရမ်းရောင်သမ်းနေပြီး နှာချေပြီးရင်း ချေနေသဖြင့် မျက်ရည်များက ပါးပြင်တစ်လျှောက် ဆက်လက်စီးကျလာလေသည်။
" ဒါ သက်သက်အနိုင်ကျင့်နေတာပဲ။ မင်းတို့ကောင်တွေအားလုံး သိပ်ဗိုလ်ကျချင်တဲ့ကောင်တွေ "
သူ တဆတ်ဆတ် တုန်ရီနေစဥ် ဒေါသများက သူ့ကိုဖြတ်စီးဆင်း၍ သူ၏စိတ်အစဥ်ကို ဝင်တိုက်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲတွင် ထစ်ခြုန်းမြည်သံများဖြင့် ပြည့်နှက်သွားစေတော့သည်။
နောက်ဆုံးတွင် သူက ဟိန်းဟောက်ပြီး အိတ်ကိုပုတ်ကာ ဆေးလုံးလက်တစ်ဆုပ်စာ ထုတ်လိုက်သည်။ သူ ကလဲ့စားချေချင်သည်။ ပိုင်ရှောင်ချန်းဆိုသည်မှာ ထူးဆန်းေသာဆေးလုံးများဖော်စပ်ခြင်း၏ ဒုက္ခပေးတတ်သော လမ်းကြောင်းပေါ်တွင် ဆရာသခင်တစ်ဦးဖြစ်ကြောင်း ဤမှင်စာလေးများကို သူ သဘောပေါက်သွားစေချင်သည်။
ထို့ပြင် ပညာရှင်များကား စိန်ခေါ်ခံရသည်ကို သဘောမကျတတ်သည့်လူများ ဖြစ်သည်မဟုတ်လော။
သို့သော် ယခုအခြေအနေအထိဖြစ်လာသဖြင့် သူပထမဆုံး ထုတ်လိုက်သည်က မြေရိုင်းဒေသတွင် အခြားကောင်းကင်အောက်လမ်းဆရာနှစ်ယောက်နှင့် အချင်းများတုန်းက အသုံးပြုခဲ့သည့် ထူးဆန်းသော ဝိညာဥ်ဆေးဖြစ်သည်။ ထိုဆေးသည် လေပွခြင်းနှင့် ဝမ်းပျက်ဝမ်းလျောပင် ဖြစ်စေနိုင်သည့် အဆိပ်ဆေးတစ်မျိုး ဖြစ်၏။
သို့သော် သူ ဆေးလုံးများအား ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပြဿနာတစ်ခုရှိကြောင်း သဘောပေါက်လိုက်သည်။ ဤဆေးမျိုးကို ဖော်စပ်စဥ်က သူ တစ်ခါမှ ဆေးလုံးအတွက် နာမည်မစဥ်းစားခဲ့ဖူးပေ။ ယခု သူက လူပုံအလယ်တွင် အသုံးပြုနေသည်ဖြစ်၍ သေချာပေါက် နာမည်တစ်ခု လိုအပ်လေသည်။
" ပိုင်ရှောင်ချန်းမှာ ကြောက်စရာအကောင်းဆုံးက ဘာလဲဆိုတာ မင်းတို့ကောင်တွေ သေချာပေါက် သိသွားစေရမယ် " သူက အော်လိုက်သည်။
" မဟာခန္ဓာသန့်စင်ဆေးလုံး "
ဆေးလုံးများ ပျံထွက်သွားပြီးနောက် သူက အင်္ကျီလက်စကို ခါယမ်းကာ ပေါက်ကွဲစေလိုက်သဖြင့် ဖွတ်ဖွတ်ညက်ညက်ကျေသောဆေးမှုန်များအဖြစ် လေထဲတွင် ပျံ့နှံ့သွားတော့သည်။
ဆေး၏အာနိသင်များကို အကောင်းဆုံးအသုံးပြုရန်အလို့ငှာ သူက တတ်နိုင်သမျှ အမြန်ဆုံးအရှိန်ကိုသုံး၍ နေရာအနှံ့ပျံ့လွင့်စေလိုက်ပြီး မဟာခန္ဓာသန့်စင်ဆေးလုံးများအား များထံသို့ များနိုင်သမျှများများ ပစ်ပေါက်လိုက်သည်။
အက်ကွဲသံများ ထွက်ပေါ်လာပြီး မှင်စာများက ဘေးဘီဝဲယာကို အံ့သြတကြီး လှည့်ပတ်ကြည့်လိုက်သည်။ မှင်စာအများစုမှာ ဆေးပညာအရာတွင် သူတို့ကို စိန်ခေါ်ရဲသည့်လူ မပေါ်လာခဲ့သည်မှာ မည်မျှ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းကို တွေးပင် မတွေးနိုင်တော့ပေ။
အမှန်တွင် ပိုင်ရှောင်ချန်း၏လုပ်ရပ်က သူတို့ကို အမှန်တကယ် စိတ်လှုပ်ရှားသွားစေပြီး မှင်စာအတော်များများက ခေါင်းနောက်လှန်ကာ အားပါးတရရယ်လိုက်ကြသည်။
" ဟားဟားဟား ငါတို့ ဒီမှာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူတစ်ယောက်ကို တွေ့လိမ့်မယ်လို့ ဘယ်သူ တွေးမိမှာတုန်း။ သိပ်ကောင်းတယ် စမ်းသပ်ခံေလး။ သိပ်ကောင်းတယ်"
" ငါ မင်းကို သဘောကျတယ် စမ်းသပ်ခံလေးရေ။ မင်းရဲ့ ဆေးလုံး ဘာလုပ်နိုင်မလဲ စမ်းကြည့်ရမယ် "
" အဲ့ဆေးလုံးကို ခိုးဖို့ မစဥ်းစားနဲ့။ ဒါက ဆေးပညာပြိုင်ပွဲကွ။ အမှောင်သမားတော်တွေကို တကယ်စိန်ခေါ်ရဲတဲ့ ကျင့်ကြံသူတစ်ယောက် ရှိတယ်ဆိုတာ မယုံနိူင်ဘူး။ ဟေး စမ်းသပ်ခံလေး မင်းရဲ့သတ္တိကို လေးစားတယ်ကွာ"
အမှောင်သမားတော်များမှာ နည်းနည်းလေးမှပင် ကြောက်ရွံ့သည့်ပုံပေါ်သည့်အပြင် ဆေးလုံးကို ဦးစွာရရှိရန် အချင်းချင်း တိုးဝှေ့တွန်းဖယ်နေကြတော့သည်။ သူတို့က ယစ်မူးနေသည့်အလား ချေဖျက်ထားသော ဆေးမှုန်များကို အငမ်းမရ ရှူသွင်းရန် ကြိုးစားလိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ သူမြင်နေရသည်အား မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။ သူက စိတ်တိုတိုနှင့် သူ၏လက်ဝယ်ရှိ ဆေးပမာဏ လျော့ကျသွားမည်ကိုပင် မစိုးရိမ်ဘဲ ဆေးလုံးများကို ပို၍ ပစ်ပေါက်လိုက်သည်။ မကြာခင် တစ်နေရာလုံးမှာ မဟာခန္ဓာသန့်စင်ဆေးလုံးများမှ အမှုန်များဖြင့် ဖုံးလွှမ်းသွားလေပြီ။ မှင်စာလေးများက တိုးဝှေ့လျက် အမှုန်များကို စိတ်လှုပ်ရှားစွာ ရှူသွင်းပြီးနောက် မည်သည်တို့ ဖြစ်ပျက်လာလိမ့်မည်ကို မျှော်လင့်ချက်ကြီးစွာ စောင့်လာကြသည်။ မကြာမီ သူတို့၏မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တဘူဘူတဂွမ်ဂွမ်အသံများ ထွက်လာပြီး မှင်စာအချို့မှာ ဗိုက်များကိုပင် နှိပ်၍ ဆောင့်ကြောင့်ထိုင်လိုက်ကြလေသည်။
" အာ ဝမ်းပျက်ဝမ်းလျောဖြစ်စေတာပဲ။ ဟေး စမ်းသပ်ခံလေး။ မင်းက ငါတို့ဆေးလုံးတွေကို ခိုးချနေတာပဲ။ဒါ မင်းလုပ်နိုင်တာ အကုန်ပဲလား "
" အထင်ကြီးသွားပြီဟေ့။ သိပ်မဆိုးတဲ့ဆေးလုံးပဲ။ ဒါပေမဲ့ ငါတို့ဆေးလုံးအဆင့်ကို သေချာပေါက် မမှီဘူး "
" ဒီဆေးလုံးမျိုးက မင်းကို ထူးဆန်းေထွလာ ဆေး ဆရာသခင်ဘွဲ့ရစေမယ် ထင်လား။ ငါ ဒီဆေးအာနိသင်ပျယ်စေဖို့ မတူတဲ့နည်းလမ်း ( ၁၆၀၀ ) ကို စဥ်းစားနိုင်တယ် "
မရေမတွက်နိုင်သောမှင်စာများက အဆိပ်ဖြေဆေးအမျိုးမျိုးထုတ်လာကြပြီး အေးအေးဆေးဆေး သောက်လိုက်ကြသည်။ သိသာထင်ရှားစွာပင် သူတို့၏ခံနိုင်ရည်အဆင့်သည် ပိုင်ရှောင်ချန်းစိတ်ကူးနိုင်သည့် မည်သည့်အရာမဆိုထက် ကျော်လွန်ပေသည်။ မှင်စာအများစုက အနံ့ဆိုးများကို ကျယ်လောက်စွာ ထုတ်နေကြသည့်တိုင် တည်ငြိမ်စွာ ဖြုံပင်မဖြုံဘဲ ရပ်နေကြသည်။
ထိုမျှသာမက လှောင်ပြောင်သော အကြည့်များနှင့် ငေါ့တော့တော့ မှတ်ချက်များက ဖြစ်ရပ်တစ်ခုလုံးကို ပို၍ပင် အရှက်ကွဲနေစေတော့သည်။
" နေနှင့်ဦးပေါ့ "
ပိုင်ရှောင်ချန်းက အေးစက်စက် နှာမှုတ်ကာ ပြောသည်။
" ငါက မင်းတို့ကို ဆေးလုံးလေးတစ်လုံးတည်းနဲ့စိန်ခေါ်မယ်ထင်လား "
ထို့နောက် သူက လက်ကိုဝှေ့ယမ်း၍ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ရုပ်အလောင်းသန့်စင်ရန် ကြိုးစားတုန်းက ခန္ဓာကိုယ်တစ်ခုလုံး နေရာအနှံ့ အမွှေးရှည်ရှည်များ ပေါက်လာစေခဲ့သည် သူဖန်တီးခဲ့သော ဆေးလုံးအချို့ကို ထုတ်လိုက်သည်။
ထိုကဲ့သို့ ဆေးလုံး အမြောက်အမြားထွက်လာပြီး တဖောက်ဖောက်မြည်သံများဖြင့် ပေါက်ကွဲကုန်တော့သည်။ ဆေးမှုန်များ ပျံ့နှံ့သွားစဥ် မှင်စာလေးများမှာ အရှိန်ရလာပုံရ၏။ သူတို့က သူတို့အပေါ်ကျရောက်လာသော ဆေးအမှုန်များကို ခုခံရန်ပင် ကြိုးစားသည့်ပုံမရပေ။
မကြာခင် သူတို့၏ခန္ဓာကိုယ်မှ အရောင်မျိုးစုံ ရှည်လျားထူထဲသော အမွှေးများထွက်လာကြလေသည်။ အချိန်တိုလေးအတွင်း အမှောင်သမားတော်အတော်များများမှာ ဖောင်းကြွနေသော အမွှေးလုံးကြီးများအလား ဖြစ်လာတော့သည်။
" အိုက်ယား ဒီဆေးလုံးက လုံးဝမဆိုးဘူး "
" ဒီတော့ အမွှေးထွက်လာတာပေါ့။ မင်းမေဘ အဲ့အကြောင်း ငါ တစ်ခါမှ ဘာလို့မတွေးမိတာလဲ။ နည်းနည်း ယားကျိယားကျိနဲ့ "
" မင်းက တကယ်ကျွမ်းကျင်တာပဲ စမ်းသပ်ခံလေး။ ဒါပေမဲ့ ဘာမှမထူးပါဘူးကွာ။ ဒီဖြေဆေးကို ကြည့်လိုက်စမ်း "
မှင်စာလေးများမှာ ပထမဆုံးတုန်လှုပ်သွားသော်လည်း ဤဆေးလုံးကို ဖြေနိုင်ကြောင်း အလျင်အမြန်သဘောပေါက်လိုက်ကြရာ အသစ်ထွက်လာသော အမွှေးများ ပြန်ကျုံ့ဝင်သွားသည်။
သို့ပေမည့် ပိုင်ရှောင်ချန်းက သိပ်စိတ်မပူတော့ပေ။ ဤမှင်စာများကို သူ အတော်လေး မုန်းတီးနေပြီ ဖြစ်သည့်အပြင် သူက ဆေးတာအိုပညာရပ်တွင် မဟာဆရာသခင်တစ်ယောက်လည်း မဟုတ်ပါလော။ ထိုမျှသာမက သူသည် ဆေးလုံးတစ်လုံးတည်း အသုံးပြုခြင်းက များများသုံးခြင်းကဲ့သို့ ထိရောက်မှုရှိမည် မဟုတ်ကြောင်း သိသည်။ ထို့ကြောင့် သူက ဆေးလုံးများထပ်၍ ပစ်ပေါက်လိုက်သည်။
မှင်စာတစ်အုပ်လုံး ယခင်ဆေးလုံးကို လုံးဝမရင်ဆိုင်ရသေးခင် ပိုင်ရှောင်ချန်း၏မျက်လုံးများ တလက်လက်တောက်ပလာကာ သူ၏ ထိပ်တန်းဆေးလုံးသုံးလုံးအနက် တစ်လုံးဖြစ်သော .... သံယောဇဥ်မဲ့ဆေးလုံးကို အသုံးပြုလိုက်သည်။
သံယောဇဥ်မဲ့ဆေးလုံးများက အမှုန်များအသွင်ပြောင်း၍ ပတ်ဝန်းကျင်ကို ပြည့်နှက်ကာ ပေါက်ကွဲသွားသည့်အတွက် မယုံကြည်နိုင်ဖွယ် ထစ်ခြုန်းမြည်ဟည်းသံများ ကောင်းကင်နှင့်မြေကြီးကို လှုပ်ရမ်းပစ်လိုက်လေသည်။
သံယောဇဥ်မဲ့ဆေးလုံးများက လွန်စွာထူးခြားသည်ဖြစ်၍ အမှောင်သမားတော်များက ချက်ချင်း သတိထားမိလိုက်လေသည်။ ဆေးမှုန်များလွင့်ပျံလာသည့်ပုံစံအရ တစ်ခုခု ထူးခြားနေကြောင်း သူတို့ ပြောနိုင်သည်။
သို့သော်ငြား သူတို့သည် ယုံကြည်ချက်ရှိသေး၍ နောက်ပင်မဆုတ်ပေ။ တချို့က အားပါးတရ ရယ်နေပြီး တမင် ရှူသွင်းနေကြေလေသည်။ များမကြာမီ ထိုဆေးမှုန်များကို တမင်ရှူသွင်းခဲ့သော မှင်စာများအကြားထဲ ထူးဆန်းသော အမူအရာများ ပေါ်လာတော့သည်။
" ဒီဆေးလုံးမှာ ... တော်တော်ထူးဆန်းတဲ့အာနိသင်တွေ ရှိတာပဲ"
" ဒါက ခံစားချက်တွေကို တကယ် သက်ရောက်တာကိုး။ ဒါဘာဆေးလုံးပါလိမ့် "
မှင်စာတစ်ကောင်တစ်လေမှ ထိုကိစ္စအား အနီးကပ်မလေ့လာနိုင်ခင် သံယောဇဥ်မဲ့ဆေးလုံး၏ ဆေးအာနိသင်များ အစွမ်းပြလာတော့သည်။
" ကိုယ့်ဆီက ဝေးဝေးသွားပါကွာ။ အသည်းလေး … ကိုယ် ဆေးလမ်းစဥ်လိုက်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ ကိုယ်က မင်းအတွက်မဟုတ်ဘူး။ လမ်းခွဲရအောင်ပါ "
" ပြတ်ရအောင် အခုက စပြီး ရှင့်အလုပ်ရှင်လုပ်။ ကျွန်မက ကျွန်မအလုပ် လုပ်မယ်။ ပြီးတော့ စကားမစပ် ကျွန်မရှင့်ကို ပေးခဲ့တဲ ဆေးလုံးတွေအားလုံး ပြန်ပေး"
ပွက်ပွက်ညံစကားသံများ ချက်ချင်းပင် အမှောင်သမားတော်များကြားထဲ ပြည့်နှက်သွားတော့သည်။ မှင်စာများအကြားထဲရှိ ခံစားချက်အပြောင်းအလဲများမှာ မြင်သာပြီး သံယောဇဥ်မဲ့ဆေးလုံးကြောင့် သက်ရောက်မခံရသောမှင်စာများမှာ ဖြစ်ပျက်နေသည်များကို မြင်၍ သိသိသာသာအံ့သြနေတော့သည်။ ထိုမျှသာမက သူတို့က အာနိသင်များပျောက်သွားစေရန် အမျိုးမျိုးသော ဖြေဆေးများကို အလျင်အမြန်ထုတ်လိုက်သည်။
သို့သော် ပထမဆုံးအနေဖြင့် သူတို့၏ ဆေးအာနိသင်ပျယ်စေရန် လက်ဖျားခါလောက်သော အစွမ်းသည်လည်း ခါတိုင်းကဲ့သို့ မချောမွေတော့ပေ။ အောင်မြင်မှုအချို့ရှိပါသော်လည်း အချိန်တိုအတွင်းနှင့် ဆေးအာနိသင်များကို ကုန်စင်စွာ ပြေပျောက်စေရန် မဖြစ်နိုင်ပေ။
ယခုတွင် ပိုင်ရှောင်ချန်း၏ မဟာဗျူဟာကား စတင်ထိရောက်လာတော့သည်။ သူတို့မှာ အမွှေးရှည်များကို စိတ်ပူရသည်သာမက သံယောဇဥ်မဲ့ ဆေးလုံးများ၏ အာနိသင်လည်း ရှိသေးသည်။ ထို့ပြင် တချို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါနှင့် လေပွခြင်းများကို ရင်ဆိုင်နေရဆဲဖြစ်သည်။
အထိတ်တလန့်အော်ဟစ်သံများ ထွက်ပေါ်လာစဥ် နောက်ဆုံးတွင် အမှောင်သမားတော်များ၏မျက်နှာများထက်ဝယ် ကြောက်လန့်သည့်လက္ခဏာများ ပေါ်ပေါက်လာတော့သည်။ လေထဲရှိ အစောင့်အရှောက်ဝိညာဥ်ပင် အံအားသင့်သွားရပြီး နောက်ဆုံးတွင် သူ ပိုင်ရှောင်ချန်းကို လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်လိုက်သည်။
သို့ပေမည့် သူတို့ကား ပိုင်ရှောင်ချန်းကို အမှန်တကယ် နားမလည်သေးပေ။ သူ၏ စွမ်းအားအကြီးဆုံးဆေးသုံးလုံးအနက် သရဲများနှင့် နတ်ဘုရားများကိုပင် ကြောက်ဒူးတုန်သွားစေနိုင်သော အလွန်အံ့အားသင့်ဖွယ်ကောင်းသည့် နောက်ထပ်ရွေးချယ်စရာ ဆေးနှစ်လုံးကျန်သေးသည်။
ထိုဆေးနှစ်မျိုးကား ဆေးလုံးများနှင့် ပတ်သက်လာလျှင် ဝှက်ဖဲနှစ်ချပ်ဖြစ်သော မူးယစ်ဆေးလုံးနှင့် ကာမအားတိုးဆေးလုံးပင် ဖြစ်ချေသည်။
ထိုဆေးနှစ်မျိုးမှာ ရက်စက်သည့်အရာတွင် ထပ်တူကျပြီး မည်သည့်ဆေးကပို၍ စွမ်းအားကြီးကြောင်း ပြောရခက်သည်။ သူ၏လက်ဝယ်တွင် ပို၍များပြားသောဆေးပမာဏရှိပါက ဤဆေးလုံးကို နှမျောတွန့်တိုနေမည် မဟုတ်ပါသော်လည်း ယခုတွင် သူက အံတင်းတင်းကြိတ်၍ ထုတ်လိုက်သည်။
ကာမအားတိုးဆေး …
ဆေးလုံးပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ပတ်လည်ရှိ ကမ္ဘာဝိညာဥ်မှာ ကြောက်လန့်တုန်ရီသွားသည့်အလားပင်။ မိုးခြိမ်းသံတမျှကျယ်လောင်သော ထစ်ခြုန်းသံများ ပြည့်နှက်သွားသဖြင့် ပိုင်ရှောင်ချန်းကို ပင့်သက်ရှိုက်သွားစေတော့သည်။ သို့သော် သူက အင်္ကျီလက်စကို ခါယမ်းပြီး ကာမအားတိုးဆေးများ ပစ်ပေါက်လိုက်စဥ် သူ၏မျက်နှာပေါ်၌ သနားသောအကြည့်များ ပေါ်လာတော့သည်။
" ငိုချင်သလောက်ငို၊ ရုန်းချင်သလောက်ရုန်း။ မင်းတို့က သွေးနားထင်ရောက်နေတာပဲ အမှောင်သမားတော်တွေရေ။ ဒါပေမဲ့ ခဏနေရင် ဘယ်သူက မင်းတို့ရဲ့စစ်မှန်တဲ့ ခေါင်းဆောင်ကြီးလဲ သိသွားလိမ့်မယ် "