နောက်ဆုံးဆေး
Vol. 12 Ch. 1122
ပိုင်ရှောင်ချန်း၏ စွမ်းအားအကြီးဆုံးဆေးလုံးသုံးလုံးအနက် တစ်လုံးဖြစ်သည့် ကာမအားတိုးဆေးလုံးမှာ ၎င်း၏ ကြောက်မက်ဖွယ် အစွမ်းများကို အကြိမ်ပေါင်းများစွာ ထုတ်ပြခဲ့ပြီးဖြစ်သည်။ ထိုဆေးမှာ လူများကို ရူးသွပ်သွားအောင် ပြုလုပ်သည့်နေရာတွင် ပြိုင်ဘက်ကင်းသည်မှာ သံသယဖြစ်ဖွယ်ပင် မရှိပေ။ အကယ်၍သာ သူ၏ လက်ကျန်ဆေးလုံးများ လျော့နည်းမနေပါက သူသည် ယခုထက်ပင် ပို၍များပြားစွာပစ်လွှတ်ပြီး အနှီမျိုးမစစ် သမားတော်များကို မျှော်လင့်ချက်ကင်းမဲ့စွာ တုန်လှုပ်ခြောက်ခြားရသည့် အရသာကို မြည်းစမ်းစေမည်သာ ဖြစ်သည်။
ထို့အပြင် ဆေးလုံးများ၏ အရွယ်အစားဖြစ်စေ၊ ဆေးစွမ်းဖြစ်စေ အနှီပိန်လှီသေးငယ်ပါသော အမှောင်ထုသမားတော်များ မတောင့်ခံနိုင်လောက်အောင် ပြင်းထန်ကြီးမားလွန်းလှသည်။ သူ ပစ်လွှတ်ခဲ့သည့် ဆေးပမာဏ အနည်းငယ်သည်ပင် သာမန်ထက် ဆယ်ဆပို၍ အကျိုးသက်ရောက်မှု ရှိနေသည်။
ပိုင်ရှောင်ချန်းက သူ၏အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး သူ၏ထည့်စရာအိတ်ထဲတွင်ကျန်ရှိနေသည့် ကာမအားတိုးဆေးလုံးများ၏ သုံးပုံတစ်ပုံနီးပါးကို ပစ်လွှတ်လိုက်သည်။ အမှောင်သမားတော်များမှာ သံယောဇဥ်မဲ့ဆေးလုံးများ၏ဒဏ်ကို ခံစားနေရစဥ် သူတို့၏အတွေးများထဲတွင် စိတ်မကူးဖူးသည့် ကြီးမားလှသော ဘေးဒုက္ခကြီးတစ်ခုကို ဆောင်ကျဥ်းလာပါသော ဆေးလုံးအသစ်များ ထပ်၍ပေါ်ထွက်လာပြန်သည်။
ထိုဆေးလုံးများပေါက်ကွဲသွားသောအခါ တဖွတ်ဖွတ် မြည်သံများ ပေါ်ထွက်လာပြီး သံယောဇဥ်မဲ့ဆေးလုံးများသာမက အခြားဆေးလုံးများ ပေါက်ကွဲခဲ့စဥ်ကနှင့် မတူညီသော ရလဒ်တစ်ခု ထွက်ပေါ်လာတော့သည်။ အနှီဆေးလုံးမှာ ဖော်ပြ၍မရနိုင်လောက်အောင် ညှို့ယူအားပြင်းသည့် ပန်းရောင်မီးခိုးများကို ဖန်တီးလိုက်သည်။ နှစ်ပေါင်းများစွာတိုင်အောင် ထိုဆေးလုံးများကို ထပ်ခါထပ်ခါ စမ်းသပ်၍ တိုးတက်စေရန် ပြုလုပ်ခဲ့သည့်အတွက် ထိုပန်းရောင်မီးခိုးထုကြီးမှာ တမူထူးခြားသော အမြန်နှုန်းဖြင့် ရွေ့လျားသွားပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
အလျင်အမြန် တုံ့ပြန်လိုက်နိုင်သည့် မှင်စာကလေးများပင် သူတို့၏ နှလုံးသားများ ထူးဆန်းစွာခုန်လာသည်ကို ခံစားလိုက်ရသည်။ သူတို့က မန္တန်လက်ကွက်များ လျင်မြန်စွာဖော်လိုက်ကြပြီး ထိုဆေးစွမ်းများကို ချေဖျက်ရန် နည်းလမ်းအချို့ကို သုံးလိုက်ကြသည်။ အချို့မှာလည်း လေပြင်းများကို ဖန်တီးနိုင်သည့် ဆေးလုံးများထုတ်၍ ထိုပန်းရောင်မီးခိုးထုကြီးကို အဝေးသို့လွင့်စင်သွားစေရန် သို့မဟုတ် အရည်ပျော်ကျသွားစေရန် ဆုတောင်းနေကြတော့သည်။ သို့သော်လည်း သူတို့အတွက် ကံဆိုးသွားသည်မှာ ကာမအားတိုးဆေးလုံးတစ်လုံး ဖန်တီးထားသည့် မီးခိုးထုကြီးသည် သာမန်တိုက်ခတ်နေသည့် လေဖြင့် ပျောက်ကွယ်သွားအောင်လုပ်နိုင်သော မီးခိုးအမျိုးအစား မဟုတ်ပေ။
အမှောင်သမားတော်များက ကာမအားတိုးဆေးလုံး၏မီးခိုးထုကြီးကို အားအင်ကင်းမဲ့စွာ ရုန်းကန်တွန်းလှန်နေကြစဥ် အချိန်က နှေးကွေးသွားသည်ဟုထင်ရပြီး ကောင်းကင်နှင့် ကမ္ဘာမြေတခွင် ပန်းရောင်မီးခိုးထုကြီးက ဖုံးလွှမ်းသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း အမှောင်သမားတော်များက မည်သည့်နည်းလမ်းများ သို့မဟုတ် မည်သည့်ဆေးလုံးများကို သုံးနေစေကာမူ ဧကရာဇ်ကြီးတစ်ပါးနှင့် ဆုံတွေ့နေရသည့် ဆင်းရဲသားများပမာ ဖြစ်သွားတော့သည်။ တစ်ကမ္ဘာလုံး ပန်းရောင်အဖြစ်ပြောင်းလဲသွားပြီး သူတို့မှာ နှင်ထုတ်ခံနေရသည့် သတ္တဝါများ ဖြစ်သွားကြတော့သည်။
မှင်စာအချို့က နောက်ဆုတ်ရန် ကြိုးစားလိုက်ကြပါသော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။ သူတို့ထဲမှအချို့က ထိုမီးခိုးငွေ့ကို ရှူမိသွားသောအခါ ယခင်ကနှင့် မတူလောက်အောင် တုန်ရီသွားကြပြီး သူတို့၏မျက်လုံးများ နီမြန်းသွားတော့သည်။ သူတို့၏မျက်နှာအမူအရာများအရဆိုပါက သူတို့မှာ အချိန်မရွေး အသိစိတ်ပျောက်သွားနိုင်သည့်ပုံ ပေါ်နေသည်။
" အဲဒါ ဘာဆေးလုံးတုန်း "
" တစ်ခုခုတော့ လွဲနေပြီ။ တော်တော်ကြီးကို လွဲနေတာ။ ဘာလို့ငါ အပူချိန်တွေတက်လာတယ်လို့ ခံစားနေရတာလဲ။ ဘာတွေဖြစ်နေတာလဲ "
" အားးးးး ငါ အသိစိတ်ပျောက်တော့မယ်။ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်တော့ဘူး။ ငါပေါက်ကွဲတော့မယ်။ ငါပေါက်ကွဲတော့မယ်ဟေးးး "
မကြာမီ အမှောင်သမားတော်များမှာ ရူးသွပ်မှုများ၊ မယုံကြည်နိုင်မှုများနှင့်အတူ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြတော့သည်။ မှင်စာအများစုမှာ လုံးဝရူးသွပ်သွားသည့်အလား စတင်အော်ဟစ်မြည်တမ်းနေကြပြီဖြစ်သည်။
သူတို့၏ စဥ်းစားတွေးခေါ်နိုင်စွမ်းများ ပျောက်ဆုံးသွားကြပြီး ပြင်းထန်သော အပူလှိုင်းကြီးများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသဖြင့် အသက်ရှူသံများ မြန်လာတော့သည်။ သူတို့ထဲမှ အများနှင့်မတူပဲ အရပ်ရှည်ကာ တုတ်ခိုင်သန်မာသော မှင်စာအချို့မှာ ယခင်ကနှင့်လုံးဝမတူလောက်အောင် ပြောင်းလဲသွားကြသည်။ သူတို့က အော်ဟစ်မြည်တမ်း၍ သူတို့၏ရောင်းရင်းများကို ခုန်အုပ်လိုက်ကြတော့သည်။
ကာမအားတိုးဆေးလုံး၏ မီးခိုးထုကြီးထဲရှိ မှင်စာတိုင်းသာ ထိုဆေးစွမ်းကို ခံစားလိုက်ရမည်ဆိုပါက ဤမျှလောက် ကြောက်စရာကောင်းမည်မဟုတ်ပေ ... သို့သော် မှင်စာများမှာ အများအပြားရှိနေသည်ဖြစ်ပြီး အချို့သာ ထိုမီးခိုးများကို ရှူသွင်းမိလိုက်ကြပေသည်။ သို့ဖြစ်၍ ယခု အခုန်အုပ်ခံနေရသည့် မှင်စာများမှာ ကာမအားတိုးဆေးလုံးကို လုံးဝ မစားလိုက်ရကြောင်း သိနိုင်ပေသည်။
သွေးပျက်ခြောက်ခြားဖွယ် ဟစ်ကြွေးသံများနှင့်အတူ ဒေါသများ၊ နာကျည်းမှုများ၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံများပါ ပေါ်ထွက်လာတော့သည်။
" မင်းဘာလုပ်နေတာလဲ။ ဟေး..မင်း...မင်းးး... "
" မလုပ်နဲ့။ နောက်ကိုဆုတ်စမ်း။ ငါ့လခွမ်းလိုပဲ ဘယ်လိုကြောင့် အခုလို လုပ်ရက်ရတာလဲ "
" ငါ့ချီးတဲ့မှပဲ တစ်ခါထဲနဲ့ ငါးယောက်တောင်လား။ ငါ့ဆီက ဝေးဝေးသွားကြစမ်း။ ထွက်သွားကြစမ်း "
တစ်ကမ္ဘာလုံး ဖော်ပြ၍မရနိုင်လောက်အောင် ပွက်ပွက်ညံနေပြီဖြစ်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ဘဝ၏ အဓိပ္ပါယ်ကို မေးခွန်းထုတ်နေလောက်မည်သာ ဖြစ်သည်။
ပို၍ဆိုးသည်မှာ သံယောဇဥ်မဲ့ဆေးလုံး၏ ဆေးစွမ်းကို ခံစားနေရသေးသည့် မှင်စာများစွာ ရှိနေဆဲပင်ဖြစ်သည်။ ထိုဆေးစွမ်းများမှာ ကာမအားတိုးဆေးလုံး၏ အစွမ်းများနှင့် ပေါင်းစည်းမိသွားသောအခါ ၎င်းတို့ကို တွန်းလှန်ရန် မဖြစ်နိုင်တော့ပေ။ ထိုဆေးစွမ်းများကို ခံစားနေရသူများမှာ စိတ်ကြည်လင်ပြတ်သားလိုက် စိတ်ဖောက်ပြန်လိုက် တစ်လှည့်စီဖြစ်နေတော့သည်။ ထိုသို့ ပေါက်ကွဲအားပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ တရစပ်တိုက်ခိုက်မှုကြီးကို တောင့်ခံနိုင်သူမှာ မရှိသလောက်ပင်။
ထိုမျှလောက်သာဆိုပါက အလွန်စိတ်ပူစရာလိုမည်မဟုတ်၊ သို့သော် ယခုတွင် ဆေးလုံးများစွာ ရောယှက်သွားပြီဖြစ်သည်။ အမွှေးပေါက်စေသောဆေးလုံးများနှင့်အတူ မဟာခန္ဓာသန့်စင်ဆေးလုံးများပါ ရောယှက်လာသောအခါ မီးထဲသို့ဆီလောင်းချလိုက်သည့်အလား ဖြစ်သွားတော့သည်။ ပူဆွေးသောကများပြည့်နှက်နေသည့် အော်ဟစ်သံများ၊ ကျိန်ဆဲသံများ၊ သနားစဖွယ် ဟစ်အော်သံများနှင့် ရုန်းကန်နေကြသည့် အသံများကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး အပြင်းအထန် တုန်ခါနေတော့သည်။
ခပ်လှမ်းလှမ်းသို့ရောက်နေသဖြင့် ဒဏ်သိပ်မခံလိုက်ရပဲ ရှောင်တိမ်းလိုက်နိုင်သည့် မှင်စာများမှာမူ သက်သာသွားတော့သည်။ သို့သော် အလယ်ဗဟိုတွင်ရောက်နေသည့် မှင်စာများမှာမူ ရှုပ်ယှက်ခတ်နေပြီ ဖြစ်သည်။
အသိစိတ်ရှိနေကြသေးသည့် အမှောင်သမားတော်များမှာ ငရဲကျနေသည့်အလား ခံစားနေရသည်။ ဘေးဘီဝဲယာကို သူတို့ လှည့်ပတ်ကြည့်ရှုလိုက်သောအခါ အသားများတုန်ရီလာပြီး ပင့်သက်များရှိုက်နေရတော့သည်။ ထို့နောက် သူတို့သည် အံ့အားသင့်ကာ ဒေါသထွက်နေကြသည့်အမူအရာဖြင့် ပိုင်ရှောင်ချန်းကို အာရုံစိုက်လိုက်ကြသည်။
" မင်းသေချင်နေတာလား စမ်းသပ်ခံလေး "
" ဆေးတွေနဲ့ပတ်သတ်ပြီး ငါတို့နဲ့လာယှဥ်ရလောက်အောင် အတင့်ရဲလှပါလား။ မင်းတော့သေပြီပဲ စမ်းသပ်ခံ။ မင်းသေချာပေါက် ရှုံးမှာပဲ "
" အဲဒီဆေးလုံးတွေက ကြောက်ဖို့ကောင်းတာမှန်ပေမဲ့ ငါတို့က အဲဒီဆေးစွမ်းတွေကို တွန်းလှန်ချေဖျက်နိုင်တယ်ကွ "
အသိစိတ်ရှိနေသေးသည့် မှင်စာများမှာ တုန်လှုပ်နေပြီဖြစ်သော်လည်း သူတို့မှာ မာနကြီးကြပြီး သူတို့ကိုယ်သူတို့ လွန်စွာယုံကြည်ကြသူများဖြစ်သည်။ အမှောင်သမားတော်များက လူမျိုးစုငယ်လေးများအဖြစ် ကွဲပြဲသွားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပါသော်လည်း ရည်ရွယ်ချက်တူညီပါက လိုအပ်လျှင် အတူတကွ အလုပ်လုပ်နိုင်ဆဲပင်ဖြစ်သည်။ ထို့ကြောင့် အသိစိတ်ရှိနေဆဲဖြစ်သည့် မှင်စာများမှာ ကာမအားတိုးဆေးလုံးများ၏ အစွမ်းကိုချေဖျက်ရန် သူတို့၏အဖိုးအတန်ဆုံး ဆေးလုံးများကို ထုတ်ယူလိုက်ကြသည်။
သူတို့၏စကားများအတိုင်း သူတို့သည် ဆေးပညာအရာတွင် အလွန်ကျွမ်းကျင်လှပြီး ထိုအဖိုးတန်ဆေးလုံးများ ထွက်ပေါ်လာသောအခါ အဆိပ်များ ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့သည်။ ကာမအားတိုးဆေးလုံးများမှ မီးခိုးထုကြီးမှာလည်း တဖြည်းဖြည်း လွင့်ပါးသွားပြီး ၎င်း၏ဆေးစွမ်းများမှာလည်း ချုပ်တည်းခံလိုက်ရတော့သည်။
ကာမအားတိုးဆေးဒဏ်ကိုခံခဲ့ရသည့် မှင်စာများမှာလည်း သတိပြန်လည်လာပြီး သူတို့၏လုပ်ရပ်များကို ပြန်သတိရသွားသောအခါ ကောင်းကင်ကြီးမှေးမှိန်သွားလောက်သည်အထိ ကျယ်လောင်စွာအော်ဟစ်လိုက်ကြတော့သည်။
အရာရာတိုင်းမှာ ပိုင်ရှောင်ချန်း မှန်းဆထားသည့်အတိုင်းပင် ဖြစ်နေသည်။ သူသည် လေပေါ်တွင် ရစ်ဝဲကာ အေးစက်စက်ရယ်မောလိုက်ပြီး သူ့ကိုယ်သူ ဂုဏ်ယူနေသည့် အမူအရာဖြင့် အင်္ကျီလက်ကိုဝှေ့ယမ်း၍ ဆေးလုံးများကို ထပ်မံ ထုတ်ယူလိုက်သည်။
" အမှောင်သမားတော်လေးတွေရေ … မင်းတို့ခေါင်းဆောင်ကြီးဆီမှာ အဲဒီလိုဆေးလုံးတွေပဲ ရှိတယ်လို့ ထင်နေတာလားကွ။ ငါပြောထားပြီးသားနော် ငါစိတ်တိုပြီဆိုရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်ရတယ်လို့။ ကဲ နောက်တမျိုးဖြစ်တဲ့ ... မူးယစ်ဆေးလုံးတွေ လာမယ်။ “
ထိုသို့ဆိုကာ သူသည် ထုတ်ယူထားသောဆေးလုံးအားလုံးကို ပစ်လွှတ်လိုက်တော့သည်။ မူးယစ်ဆေးလုံးများကို ထုတ်လွှတ်လိုက်သောအခါ လေထဲတွင် တဂျိန်းဂျိန်းမြည်သံများဖြင့် ပြည့်နှက်သွားတော့သည်။ မူးယစ်ဆေးလုံးများမှာ ကာမအားတိုးဆေးတမျှ နာမည်မကြီးပါသော်လည်း ပိုင်ရှောင်ချန်း ဖော်စပ်ခဲ့သည့် ပထမဆုံးသော လျှို့ဝှက်ဆန်းကြယ်ဆေးလုံးဟူ၍ပင် ဆိုနိုင်သည်။
အကယ်၍ ကာမအားတိုးဆေးသည် အကြီးမားဆုံးသော ပြဿနာများကို ဖြစ်ပွားစေနိုင်သည်ဟု ဆိုပါက မူးယစ်ဆေးလုံးများသည် လူတစ်ယောက်၏ဆန္ဒထဲမှ အားအင်များအားလုံးကို ထုတ်ယူနိုင်သည်ဟုဆိုနိုင်ပေသည်။ ပိုင်ရှောင်ချန်း၏ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများ၏ တွန်းထုတ်ခြင်းကိုခံလိုက်ရသော ထိုမီးခိုးထုကြီးမှာ မျက်စိတစ်မှိတ်အတွင်း ပြန့်ထွက်သွားပြီး သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာတစ်ခုလုံးတွင် လျင်မြန်စွာပြည့်နှက်သွားတော့သည်။
ဆင်းရဲဒုက္ခကြီးစွာ ... ခံစားရပေတော့မည်။
မကြာသေးမီက သူတို့၏ အသိစိတ်လွတ်နေသော ရောင်းရင်းများကို ကူညီရန် ဆေးလုံးအများအပြားထုတ်သုံးနေကြသည့် အသိစိတ်ရှိနေသေးသော မှင်စာအချို့ ရှိနေခဲ့သည်။ သို့သော် ယခုတွင်မူ မူးယစ်ဆေးလုံးမှ မီးခိုးထုကြီး ပျံ့နှံ့လာသောအခါ အသိစိတ်ရှိနေသေးသူဖြစ်စေ၊ မရှိတော့သည့်သူဖြစ်စေ သူတို့အားလုံး တုန်ရီသွားကြတော့သည်။
ပင့်သက်ရှိုက်သံများ ပေါ်ထွက်လာပြီး မျက်လုံးများစွာ အသက်မဲ့သွားကြသည် ... ထို့နောက် အမှောင်သမားတော်များမှာ သွေးလေချောက်ချားသွားကုန်ကြတော့သည်။
မှင်စာတစ်ကောင်မှာ သူ့ကိုယ်သူ အလုံးတစ်လုံးအသွင်ဖြစ်အောင် ခန္ဓာကိုယ်ကို ကွေးလိုက်ပြီး သူ့ကိုယ်သူ ဆေးလုံးတစ်လုံးကဲ့သို့ ပစ်ရန်ကြိုးစားနေတော့သည်။
" ငါ့ကို ပစ်။ ငါက ဆေးလုံးတစ်လုံးကွ။ ဟားဟားဟား။ ငါက တစ်ကမ္ဘာလုံးရဲ့ ပထမဦးဆုံး နတ်ဆေးလုံးပဲ "
အခြားတစ်ယောက်မှာ အနီးအနားရှိ ကျောက်တုံးကြီးကို ခေါင်းနှင့်ဆောင့်နေသည်။
အခြားတစ်နေရာတွင် မှင်စာငါးယောက်ပါသည့်အဖွဲတစ်ဖွဲ့က လက်များချိတ်၍ သီချင်းများသီဆိုနေကြသည်။
သူတို့အားလုံးမှာ ... ရူးသွပ်သွားကြပြီဖြစ်သည်။ အမှောင်သမားတော်များ ရူးကုန်ကြလေပြီ။ နောက်ဆုံးထုတ်လွှတ်ခဲ့သည့် မူးယစ်ဆေးလုံးများကား သူတို့ကို သွက်သွက်ခါအောင် ရူးသွပ်သွားစေခဲ့ပေသည်။ ဆေးလုံးမျိုးစုံ၏ ဆေးစွမ်းပေါင်းစုံကြောင့် မှင်စာများစွာမှာ ဆံပင်အရှည်ကြီးများ ပေါက်နေကြပြီး အချို့မှာ ဆိုးရွားလှသော ဝမ်းပျက်ဝမ်းလျောရောဂါကြီးကို ခံစားနေရဆဲပင်။ ကာမအားတိုးဆေးလုံးများထံမှ ယာယီမျှ အကယ်တင်ခံလိုက်ရသည့် မှင်စာများမှာ ၎င်း၏ ရူးသွပ်စရာကောင်းသော ဆေးစွမ်းများ၏ဒဏ်ကို နောက်ထပ်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။ စွမ်းအားကြီးနတ်ဘုရားများပင် ဤမြင်ကွင်းကို မြင်လိုက်ရမည်ဆိုပါက ယခုဖြစ်ရပ်ကြီး၏ အလွန့်အလွန် ယုတ္တိမတန်မှုကြောင့် ဆွံ့အသွားကြမည်သာ ဖြစ်ပေသည်။