← Chapters

အမလေး … လူတစ်ယောက်က အဲ့နေရာမှာ ဒီလောက် ပစ္စည်းတွေ အများကြီး ဆန့်တာလဲ (၁)

Vol. 2 Ch. 23

အမလေး … လူတစ်ယောက်က အဲ့နေရာမှာ ဒီလောက် ပစ္စည်းတွေ အများကြီး ဆန့်တာလဲ (၁)

Vol. 2 Ch. 23

*ဘယ်လိုကြီးလဲ*

*ဖင်ထဲမှာလား*

ဝန်ထမ်းရေးရာ ဌာနက အရာရှိတစ်ယောက်ဆိုလျှင် ဇဝေဇဝါ ဖြစ်လှသော မျက်လုံးများဖြင့် သူ၏နောက်ပိုင်းကို အလိုအလျောက်ပင် စမ်းမိသွားတော့သည်။

*အဲ့ဒီနေရာက ပစ္စည်းတွေ ဝင်ဆံ့နိုင်လောက်အောင် အပေါက်ကြီးလို့လား*

"ပြီးတော့လေ..."

ဝန်ထမ်းရေးရာ ဌာနက အရာရှိတစ်ယောက်သည် တံတွေးကို အနိုင်နိုင်မျိုချလိုက်သည်။

"ရတနာတွေကို အဲ့ဒီထဲ ထည့်တယ်ဆိုတော့ ... အဲ့ဒါက ... ညစ်ပတ် ... ညစ်ပတ် မသွားဘူးလား"

*ဒါကတော့ တကယ်ကို ရူးချင်စရာကြီးပဲ*

ဝန်ကြီးချုပ်သော်၏ လက်များမှာ တုန်တုန်ယင်ယင် ဖြစ်လာတော့သည်။

*ညစ်ညမ်းကုန်ပြီ၊ အားလုံး ညစ်ညမ်းကုန်ပြီ၊ ငါ့သားရဲ့ ခန်းဝင်ပစ္စည်းတွေတော့ အကျိုးနည်း ကုန်ပြီ*

[ဘာတွေလဲ၊ ဘာတွေလဲ၊ ဘာတွေလဲ]

*ဟင်*

ကျန်တဲ့လူတွေလည်း ချက်ချင်းပင် နားစွင့်လိုက်ကြပြန်သည်။

*ရှုရန်မြောင် ဘာကို ထပ်တွေ့လိုက်တာလဲ*

*ရတနာတွေကို စအိုထဲဝှက်တာထက် ပိုပြီးတော့ အဓိပ္ပာယ်မရှိတာမျိုး ရှိနိုင်ဦးလို့လား၊ မဖြစ်နိုင်တာ၊ ဒါက ရွှေတွေကို ဖင်ထဲမှာ ဝှက်တဲ့ အကြောင်း ပြောနေတာလေ*

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ]

ရှုရန်မြောင်၏ အမြဲတမ်း တည်ငြိမ်နေတတ်သော အတွေးများပင် အလွန်အမင်း အံ့ဩလွန်းသဖြင့် တုန်လှုပ် နေချေပြီ။

[တစ်ခါတုန်းကဆိုရင် သူတို့က ကျောက်စိမ်းဘီး နှစ်ခု၊ ရွှေကွပ်ထားတဲ့ ကျောက်စိမ်း လက်ကောက် နှစ်ကွင်းနဲ့ တောင်ပင်လယ် ပုလဲလုံး လေးလုံးတောင် ဆံ့အောင် ထည့်ခဲ့တာတဲ့၊ ဒါက စအိုလား၊ ဒါက တွင်းနက်ကြီးလား]

"ဟ"

ထိုနေရာရှိ အမျိုးသားအားလုံး စုပေါင်း၍ အသက်ရှူအောင့်ထားမိကြပြီး သူတို့၏ မျက်ဝန်းအိမ်များမှာလည်း တုန်လှုပ်မှုကြောင့် အရောင်တောက်သွားကြသည်။

*ဘယ်လိုလုပ် အဲ့ဒီလောက် အများကြီး ဆံ့နိုင်မှာလဲ၊ နာလွန်းလို့ သတိတောင် မေ့သွားနိုင်တယ် မဟုတ်လား*

"ငါ သိပြီ"

လူတစ်ယောက်က ယုံကြည်မှုအပြည့်ဖြင့် ထုတ်ဖော်ပြောဆိုလိုက်သည်။

"ဒီသူခိုးက မိန်းမပဲ ဖြစ်ရမယ်၊ မိန်းမတွေက ကလေးမွေးနိုင်တာ ဆိုတော့ ဒီလိုပစ္စည်းတွေကို ဆံ့နိုင်တာပေါ့၊ ဒီမိန်းမက ယောက်ျားအသွင်ဆောင်ပြီး ခိုးဝင်လာတာ နေမှာ"

အခြားတစ်ယောက်ကလည်း ထောက်ခံလိုက်ပြန်သည်။

တကယ်တမ်းတွင် ကလေးမွေးဖွားခြင်းက ထိုနေရာနှင့် မသက်ဆိုင်သော်လည်း ဤသူမှာ ဘာမျှနားမလည်ဘဲ လျှောက်ပြောနေခြင်းသာ ဖြစ်သည်။

[ဝန်ကြီးချုပ်သော်ရဲ့ အငယ်ဆုံးသားက မကြာသေးခင်က ဘာလို့ ရက်တော်တော်ကြာအောင် ထော့နဲ့ထော့နဲ့နဲ့ လမ်းလျှောက်နေရတာလဲဆိုတာ အခုမှပဲ ရှင်းတော့တယ်။ ငါကတော့ သူက ပြည့်တန်ဆာမလေး တစ်ယောက် အတွက်နဲ့ ကျီပေမင်းသားနဲ့ ရန်ဖြစ်လို့ သူ့အဖေဆီမှာ အပြစ်ပေးခံရတာလို့ ထင်နေတာ]

စောစောက ယုံကြည်မှုအပြည့်နှင့် ပြောနေသည့်လူမှာ မမြင်ရသော လက်တစ်ဖက်ဖြင့် လည်ပင်းညှစ်ခံ လိုက်ရသလို ရုတ်တရက် အသံတိတ်သွားတော့သည်။

*ယောက်ျားတစ်ယောက်လား၊ ဘယ်လိုလုပ် ယောက်ျားတစ်ယောက် ဖြစ်နိုင်မှာလဲ*

*ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာဗေဒက တကယ်ပဲ ဒီလောက်အထိ … သဘာဝကပေးတဲ့ လက်ဆောင်တွေ ရှိနေတာလား၊ တော်ပြီ၊ တော်ပြီ … ဆက်မတွေးနဲ့တော့*

သို့သော်လည်း ထိုနေရာရှိ အမျိုးသားအများအပြားမှာ သူတို့ လုပ်ဖော်ကိုင်ဖက်များ၏ နောက်ပိုင်းကို ခိုးကြောင် ခိုးဝှက် ကြည့်မိနေကြပြီ ဖြစ်သည်။ တကယ်လို့သာ လူအုပ်ကြီးရှိမနေပါက တစ်စုံတစ်ယောက်ကို လှဲသိပ်ပြီး ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်မိမည့်သူများပင် ရှိနေနိုင်သည်။

ဤအမျိုးသားများထက် ပို၍ အရှက်ရနေသူမှာ ဝန်ကြီးချုပ်သော်ပင် ဖြစ်တော့သည်။

အဘယ်ကြောင့်ဆိုသော် ဤအရှက်ရဖွယ် ကိစ္စအားလုံး၏ နောက်ကွယ်မှ လက်သည်တရားခံမှာ သူ၏ အငယ်ဆုံး သားအရင်းခေါက်ခေါက် ဖြစ်နေသောကြောင့်ပင်။

တကယ့်ကို နာမည်ပျက်စေမည့် အရှုပ်တော်ပုံကြီးပင်။

သော်မိသားစု၏ ခမည်းခမက်လောင်းဖြစ်သူ ယဉ်ကျေးမှု ဝန်ကြီးသည် သူ့အား မယုံကြည်နိုင်လောက်သော မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည်။ ဝန်ကြီးချုပ်သော်မှာလည်း ၎င်းကို သတိထားမိသွားပြီး အထင်အမြင် လွဲမှားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

"ဒါက ... ဒါက ကျွန်တော့်ရဲ့ မိုက်မဲတဲ့ သားမိုက်ရဲ့ လက်ချက်ပါပဲ ..."

ထိုအချိန်မှာပင် ယဉ်ကျေးမှုဝန်ကြီးသည် စိတ်လှုပ်ရှားမှုနှင့် အရှက်သည်းမှုတို့ ရောပြွမ်းနေသော လေသံဖြင့် အသံကိုနှိမ့်ကာ မေးလိုက်သည်။

"ဝန်ကြီးချုပ် ခင်ဗျား သားငယ်လေးရဲ့ ... ဟိုဟာ ... အနောက်ပိုင်းက စွမ်းဆောင်ရည်က တကယ်ပဲ ဒီလောက် အများကြီး ဆံ့တာလားဗျ"

ဝန်ကြီးချုပ်သော် - "..."

ထိုအရာရှိသည် အနေရခက်စွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။

*ဒါက... ဒီအတိုင်း သိချင်စိတ် ပြင်းပြနေရုံ သက်သက်ပါ၊ ဟုတ်ပြီလား*

ဝန်ကြီးချုပ်သော်၏ မျက်နှာပေးမှာ တစ်စုံတစ်ယောက်က ဟင်းခတ်အမွှေးအကြိုင် ပုလင်းပေါင်းစုံကို သူ့မျက်နှာပေါ် မှောက်ချလိုက်သည့်အလား ရယ်စရာကောင်းလှသော ရှုပ်ထွေးသည့် ခံစားချက်တို့ဖြင့် ပြည့်နှက် နေတော့သည်။

သို့သော်လည်း အမှန်အတိုင်းပြောရလျှင် မိမိအိမ်တော်၏ ဂုဏ်သိက္ခာ မီးလောင်နေသည်ဟူသောအချက်ကို ခေတ္တ ဘေးဖယ်ထားပါက ...

ဝန်ကြီးချုပ်သော်သည်လည်း အသံကိုနှိမ့်ကာ ခပ်တိုးတိုးဖြင့် ချောင်းဟန့်လိုက်သည်။

"ကျုပ် ... ကျုပ်လဲ မသိဘူး၊ ဒီနေ့ကိစ္စသာ မဖြစ်ခဲ့ရင် အဲ့ဒီသားမိုက်ရဲ့ ... ဟမ်း ... အနောက်ပိုင်းက ဒီလောက်အထိ ... အဟမ်း ... သဘာဝကပေးတဲ့ လက်ဆောင်တွေ ရှိနေမှန်း သိမှာတောင် မဟုတ်ဘူး"

ထိုအမျိုးသားနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ နှစ်ဦးလုံး၏ မျက်ဝန်းထဲတွင် နောင်တရိပ် အချို့ကို မြင်လိုက်ကြရသည်။

ဝန်ကြီးချုပ်သော်: *ဒါက ငါ့သားလေ ... ငါ့အနေနဲ့ သူ့ရဲ့ အနောက်ပိုင်းက တောင့်ခံနိုင်စွမ်းကို ကိုယ်တိုင် စမ်းသပ် ကြည့်ဖို့ကတော့ မဖြစ်နိုင်ဘူးလေ*

ယဉ်ကျေးမှု ဝန်ကြီး - ဒါက နန်းရင်းဝန်ကြီးရဲ့ သားပဲ ... နန်းရင်းဝန်ကြီးရဲ့ သားပဲ ... နန်းရင်းဝန်ကြီးရဲ့ သားပဲ ... (သူ့ကိုယ်သူ စည်းမကျော်မိစေရန် ဤစကားစုကို စိတ်ထဲမှ မန္တန်တစ်ခုလို ရွတ်ဆိုနေမိသည်)

ထိုအချိန်တွင် ရှုရန်မြောင်မှာမူ ကမ္ဘာလောကကြီးကိုပင် မေ့လျော့ကာ အရှုပ်တော်ပုံသတင်းများထဲတွင် အားရပါးရ နစ်မျော နေတော့သည်။

[ဟား ... ရတနာတွေနဲ့ ပုလဲတွေကို စအိုထဲမှာ ဝှက်ထားတယ်၊ ပြီးတော့မှ ပြန်ထုတ်ပြီး သန့်ရှင်းရေးလုပ်ကာ ပြည့်တန်ဆာမလေးကို လက်ဆောင်ပေးတယ် ဟုတ်လား]

[ဘယ်လို အရူးမျိုးက ဒီလိုမျိုး လုပ်တာပါလိမ့် ... နေပါဦး၊ ဟားဟားဟား၊ ဟားဟားဟားဟား၊ ငါ ... ဟားဟား ... ငါတော့ မရတော့ဘူး၊ ဟားဟားဟား]

ဘေးနားရှိ အရာရှိများမှာ နားကို အစွမ်းကုန် စွင့်ထားကြပြီ ဖြစ်သည်။

*နောက်ထပ် အရသာရှိတဲ့ သတင်းတစ်ခုလား၊ ရှုရန်မြောင်လို လူစားမျိုးကိုတောင် ဒီလောက်အထိ အူတက်အောင် ရယ်ခိုင်းနိုင်တဲ့ သတင်းက ဘာဖြစ်မလဲ*

ရှုရန်မြောင်: [သော်ရှီဖေး (ဝန်ကြီးချုပ်သော်၏ သားငယ်) က မကြာသေးခင်ကမှ ပြည့်တန်ဆာမလေးကို လက်သီးဆုပ်လောက်ရှိတဲ့ တောင်ပင်လယ် ပုလဲလုံး ခုနစ်လုံး လက်ဆောင်ပေးခဲ့တာတဲ့... ခွီး ...]

ဤအခိုက်အတန့်တွင် ရှုရန်မြောင်မှာ ဆက်၍ မအောင့်ထားနိုင်တော့ဘဲ ဝါးလုံးကွဲမတတ် အော်ဟစ် ရယ်မော လိုက်တော့သည်။

အဓိကမှာ သော်ရှီဖေးတစ်ယောက် ထိုပုလဲလုံးကြီးများကို ခုနစ်ရက်တိုင်တိုင် တစ်လုံးချင်းစီ အားစိုက်ပြီး ညှစ်ထုတ်နေရမည့် ပုံရိပ်ကို သူက မြင်ယောင် သွားသောကြောင့်ပင်။

ရယ်မောပြီးနောက်တွင် ရှုရန်မြောင်မှာ ပတ်ဝန်းကျင်ကို အသည်းအသန် လှည့်ကြည့်လိုက်မိသည်။ လူတိုင်းက အမှု စစ်ဆေးသည့် ကိစ္စတွင်သာ အာရုံရောက်နေကြသည်ကို တွေ့ရသဖြင့် သူသည် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားပြီး အရသာရှိလှသော အတင်းအဖျင်းများကို နောက်ထပ်တစ်ခေါက် ခိုးကြည့်လိုက်ပြန်သည်။

[အဲ့ဒီ တောင်ပင်လယ်ပုလဲ ခုနစ်လုံးကို နောက်ပိုင်းမှာ နက္ခတ်ခုနစ်လုံးလို့ အမည်တွင်သွားတာတဲ့၊ ပုလဲတစ်လုံးစီက အရောင်တစ်မျိုးစီပဲ၊ အဖြူရောင်၊ ပန်းရောင်၊ အနက်ရောင်၊ ဒေါင်းမြီးရောင်၊ သော်ရှီဖေးက ဒါတွေကို ပြည့်တန်ဆာမလေးကို လက်ဆောင်ပေးလိုက်တော့ ပြည့်တန်ဆာအိမ်တစ်ခုလုံးက လူတွေက အားကျမဆုံး ဖြစ်ခဲ့ကြတာ]

[အဲ့ဒီနောက်မှာတော့ ... ဟားဟား ... အဲ့ဒီနောက်မှာတော့ ပြည့်တန်ဆာမလေးက အဲ့ဒီ နက္ခတ်ခုနစ်လုံးကို ကျီပေမင်းသားဆီ ပြန်လက်ဆောင်ပေးလိုက်တယ်။ မင်းသားက အဲ့ဒီပုလဲတွေကို ခါးပတ်တစ်ခုမှာ တပ်ဆင် လိုက်ပြီး အခုဆိုရင် ဘယ်သွားသွား အဲ့ဒီခါးပတ်ကို ဝတ်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ လျှောက်ပြနေတာတဲ့ ဟားဟားဟား]

ဘေးနားရှိ အရာရှိများမှာမူ သူတို့၏ နှုတ်ခမ်းများကို အတင်းဖိကိုက်ထားကြပြီး ပေါင်များကိုလည်း လက်ဖြင့် အားရပါးရ ဆိတ်ထားကြရသည်။

*မရယ်မိအောင် ထိန်းရမယ်၊ လုံးဝ မရယ်မိစေနဲ့*

ကျီပေမင်းသားသည် မူလက ကျီပေဒေသတွင် နေထိုင်သူဖြစ်သည်။ သူ၏ခမည်းတော် ကျီပေဘုရင်မှာ နေမကောင်းဖြစ်၍ အိပ်ရာထဲလဲနေသည်မှာ နှစ်ဝက်ခန့် ရှိနေပြီ ဖြစ်သဖြင့် မင်းသားက ကိုယ်စားလှယ်အဖြစ် မြို့တော်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သော ရက်အနည်းငယ်အတွင်းကပင် ထိုမင်းသားသည် နန်းတွင်းထဲ၌ ထိုတန်ဖိုးကြီးလှသော ခါးပတ်ကြီးကို ပတ်ကာ လမ်းသလားနေခဲ့ပြီး လူတိုင်းသတိထားမိစေရန်အတွက်လည်း မကြာခဏဆိုသလို ပိုစ့် (Pose) ပေး၍ ကြွားလုံးထုတ်လေ့ရှိသည်။

ထိုခါးပတ်မှာ တကယ့်ကို ထူးခြားဆန်းပြားလှသဖြင့် ရာထူးနိမ့် အရာရှိလေးများမှာ မင်းသားအနားသို့ ဝိုင်းအုံ လာကြပြီး ထိုခါးပတ်ကို တစ်ချက်လောက်ဖြစ်ဖြစ် မြင်ဖူးချင်ကြသည်။ တကယ်လို့များ ထိတွေ့ခွင့်ရမည်ဆိုပါက ပို၍ပင် ကံကောင်းသည်ဟု မှတ်ယူကြပေမည်။

ဝန်ထမ်းရေးရာဌာနမှ ဒုတိယဝန်ကြီး (အဆင့် ၇ အရာရှိ) တစ်ဦးမှာမူ ရင်ထဲမှ အလုံးကြီးကျသွားသကဲ့သို့ သက်ပြင်း အရှည်ကြီး ချလိုက်တော့သည်။

ဝန်ထမ်းရေးရာ ဌာနတွင် ဒုတိယဝန်ကြီး နှစ်ဦးရှိရာ ကျန်တစ်ဦးက သူ၏ လုပ်ဖော်ကိုင်ဖက်၏ ထူးဆန်းသော အမူအရာကို သတိထားမိသွားသည်။ သူသည် မျက်လုံးများကို ပြူးကျယ်လျက်ဖြင့် မေးမြန်းလိုက်သည်။

"မင်း ... မင်းများ အဲ့ဒါကို..."

ပထမဦးဆုံး ဒုတိယဝန်ကြီးမှာ နေရောင်စူးစူးကို ကာကွယ်သည့်အလား မျက်လုံးများကို စုံမှိတ်ထားမိသည်။ အတော်ကြာမှ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ကြောက်စိတ်မပြေသေးသော လေသံဖြင့် ပြောလိုက်သည်။

"အဲ့ဒီတုန်းက ငါ အဲ့ဒါကို ထိဖို့ လုပ်ခဲ့သေးတာ။ တော်သေးတာပေါ့၊ ကျီပေမင်းသားက ငါ့လက်ကို ရိုက်ထုတ် လိုက်လို့"

*တကယ့်ကို ကျေးဇူးတင်စရာကြီးပဲ၊ မင်းသားရဲ့ ကျေးဇူးကို တစ်သက်လုံး မမေ့တော့ဘူး*

[နေပါဦး]

ရှုရန်မြောင်၏ အာရုံမှာ ရုတ်တရက် အခြားတစ်နေရာသို့ ရောက်ရှိသွားပြန်သည်။

[ဒီလောက်များပြားတဲ့ ပုလဲတွေ ပျောက်သွားတာကို အရင်အကြိမ်တွေက ပစ္စည်း စာရင်းစစ်တုန်းက ဘယ်သူမှ ဘာလို့ သတိမထားမိကြတာလဲ]

[ဪ … တွေ့ပြီ၊ ဘာကြီးလဲဟ]

All Chapters