← Chapters

အမလေး … လူတစ်ယောက်က အဲ့နေရာမှာ ဒီလောက် ပစ္စည်းတွေ အများကြီး ဆန့်တာလဲ (၂)

Vol. 2 Ch. 24

အမလေး … လူတစ်ယောက်က အဲ့နေရာမှာ ဒီလောက် ပစ္စည်းတွေ အများကြီး ဆန့်တာလဲ (၂)

Vol. 2 Ch. 24

ရှုရန်မြောင် ဝါးလုံးကွဲမတတ် ရယ်မောမိနေသည်။

[ဒီသော်ရှီဖေးကတော့ တကယ့်ကို ပါရမီရှင်ပဲ၊ သူက ရတနာအစုံ ခုနစ်စုံထဲကနေ ပုလဲတွေကို တစ်လုံးချင်းစီ ခွာယူခဲ့တာကိုး၊ အဲ့ဒီအထဲမှာ အကြီးဆုံးဖြစ်မယ့် ပုလဲတွေကိုမှ ရွေးခွာခဲ့တာ၊ ဟားဟားဟားဟား]

[ဝန်ကြီးချုပ်သော်က သူ့ကို ပိုက်ဆံ ဖြုန်းခွင့်မပေးဘဲ တစ်လကို ငွေစ ၅၀ ပဲ မုန့်ဖိုးပေးတာကိုး၊ မထူးဆန်း ပါဘူးလေ၊ ပြည့်တန်ဆာမလေးတွေရဲ့ ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် သူ ဒီလောက်အထိ အသည်းအသန် ဖြစ်သွားရတာကိုး၊ ဟားဟားဟား]

*ကျွတ်စ် ကျွတ်စ် ကျွတ်စ်*

ဝန်ကြီးချုပ်သော်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေရာမှ တဖြည်းဖြည်းနှင့် မည်သည့်ခံစားချက်မျှ မရှိသယောင် တည်ငြိမ် သွားတော့သည်။

သူ၏ အကြည့်တို့က ထောင့်တစ်နေရာတွင် မှီထားသည့် ဆူးတံကျင်ပါသော နံပါတ်တုတ်ဆီသို့ ကျရောက် သွားပြီးနောက် သူ၏မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်ပေါက် လာတော့သည်။

ခိုးယူခံရသော ပစ္စည်းများမှာ ညစ်ညမ်းသွားပြီဖြစ်သဖြင့် ပြန်ရလျှင်ပင် အသုံးပြု၍ မရနိုင်တော့ပေ။ သို့သော်လည်း ခန်းဝင်ပစ္စည်း ဖလှယ်သည့် အခမ်းအနားကမူ ဆက်လက်လုပ်ဆောင်ရပေဦးမည်။

အကျပ်ရိုက်နေသည့်ကြားမှပင် ဝန်ကြီးချုပ်သော်သည် အကြံတစ်ခုရသွားကာ ယဉ်ကျေးမှုဝန်ကြီး၏ နားနားသို့ ကပ်၍ အစီအစဉ်တစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။ ယဉ်ကျေးမှုဝန်ကြီးမှာ နားထောင်ရင်းနှင့်ပင် မျက်လုံးများ ပိုမိုတောက်ပလာတော့သည်။

"ကောင်းလိုက်တဲ့ အကြံ၊ အဲ့ဒီအတိုင်းပဲ လုပ်ကြစို့"

သူ၏ ကျယ်လောင်လှသော အာမေဍိတ်သံကြောင့် ရှုရန်မြောင်မှာ လန့်သွားပြီး ရာထူးဝန်ဌာနက အခြား အရာရှိများ ကြားထဲသို့ အလျင်အမြန် တိုးဝင်ကာ အခမ်းအနားကို အာရုံစိုက် ဟန်ဆောင်လိုက်သည်။ အံ့ဩစရာ ကောင်းသည်မှာ သူ ဆုံသမျှ လူတိုင်းက သူ့ကို ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်နေကြခြင်းပင်။

ရှုရန်မြောင်လည်း သတိထားပြီး ပြန်ပြုံးပြလိုက်သည်။

[ဟူး ... တော်သေးတာပေါ့၊ ငါ အလုပ် ခိုနေတာကို ဘယ်သူမှ သတိမထားမိလို့]

[ဒါနဲ့ ယဉ်ကျေးမှုဝန်ကြီးက ဘာလို့ ရုတ်တရက်ကြီး အဲ့ဒီလောက် အော်လိုက်တာလဲ၊ ဘာတွေဖြစ်နေတာပါလိမ့်]

မကြာမီမှာပင် ထိုအကြောင်းရင်းကို မိသားစု နှစ်ဖက်လုံးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ရှင်းရှင်းလင်းလင်း သိရှိသွားကြတော့သည်။

ယဉ်ကျေးမှု ဝန်ကြီး၏ သမီးဖြစ်သူမှာ သူမ၏ မြင့်မြတ်လှသော စိတ်ထားကို လူသိရှင်ကြား ထုတ်ဖော် ကြေညာ လိုက်သည်။ သူမက ယခင်မင်းဆက်ဟောင်း၏ အသုံးအဖြုန်းကြီးသော အလေ့အထဆိုးများ လွှမ်းမိုးနေဆဲ ဖြစ်သည်ကို စိတ်မကောင်း ဖြစ်မိကြောင်းနှင့် လက်ရှိခေတ်ကာလ၏ အဖိုးတန်ပစ္စည်းများကို အလွန်အကျွံ သုံးစွဲနေသည့် အစဉ်အလာကို ထိန်းသိမ်းရန်အတွက် သူမအား ရိုးရှင်းသော လက်ဆောင်ပစ္စည်းများဖြင့်သာ အိမ်ထောင်ချပေးရန် ဖခင်ဖြစ်သူကို တောင်းဆိုခဲ့သည်။

သူမ၏ မြင့်မြတ်လှသော ကိုယ်ကျင့်တရားအပေါ် အထူးပင် အားကျကျေနပ်သွားသည့် တူးမိသားစုကလည်း ထိုနည်းတူပင် တုံ့ပြန်ခဲ့ကြပြီး ရိုးရှင်း၍ ချွေတာရာရောက်သော စေ့စပ်လက်ဆောင်များကိုသာ အပြန်အလှန် လဲလှယ်ရန် သဘောတူလိုက်ကြတော့သည်။

အမှန်စင်စစ်တွင် "ရိုးရှင်း ချွေတာသည်" ဆိုသည်မှာလည်း သူတို့၏ လူမှုဂုဏ်အတန်းအစားနှင့် ယှဉ်လျှင်သာ ဖြစ်သည်။ သူတို့ကဲ့သို့ ကြွယ်ဝချမ်းသာသော မိသားစုများအတွက် ငွေစ တစ်သန်း တန်ဖိုးရှိသော တင်တောင်း ပစ္စည်းများကို ငွေစ သုံးသိန်းအထိ လျှော့ချလိုက်ခြင်းမှာ ကြီးမားသော စွန့်လွှတ်မှု တစ်ခု ဖြစ်သော်လည်း သာမန် အရပ်သားများ အတွက်မူ ထိုပမာဏမှာ မိုးပေါ်ကကြယ်ကို လှမ်းဆွဲရသလိုပင် များပြားလှသော ကိန်းဂဏန်းကြီး ဖြစ်နေပါသေးသည်။

မည်သို့ပင်ဖြစ်စေ ထိုဝန်ကြီးသမီး၏ ဂုဏ်သတင်းမှာမူ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ချွေတာတတ်သော အမျိုးသမီး ဟူ၍ လူအများ၏ ချီးမွမ်းခြင်းကို တစ်ခဲနက် ရရှိသွားတော့သည်။ တကယ်တမ်း တင်တောင်းသည့် ပစ္စည်းများမှာ အမှန်တကယ်ပဲ နည်းပါးသွားသလား သို့မဟုတ် ကွယ်ရာတွင် တိုးတိုးတိတ်တိတ် အစားထိုး လိုက်သလား ဆိုသည်ကတော့ မှန်းဆချက်များ အဖြစ်သာ ကျန်ရစ်ခဲ့သည်။

တစ်ဖက်တွင်မူ သော်မိသားစု အိမ်တော်အတွင်း၌ သူ၏ သားငယ်ဖြစ်သူ၏ နာကျင်စွာ အော်ဟစ်သံများမှာ ပဲ့တင်ထပ် နေတော့သည်။ သူသည် အလွန်အမင်း အရိုက်ခံလိုက်ရသဖြင့် လဝက်ကြာအောင် အိပ်ရာထဲကပင် မထနိုင်တော့ချေ။ သို့သော် ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်လေးများကတော့ ဘယ်သူမှ ဂရုစိုက်မနေတော့သည့် အချက်များသာ ဖြစ်တော့သည်။

ဧကရာဇ်မင်းမြတ် ကိုယ်တိုင်မူ သော်အိမ်တော်သို့ ကြွရောက်ခြင်း မရှိခဲ့ပေ။ သူ၏ ခဲအိုဖြစ်သူအား ဤကဲ့သို့ ဂုဏ်ပြုလိုသော်လည်း မိဖုရားခေါင်ကြီးသော် ကိုယ်တိုင်ကပင် တားမြစ်ခဲ့ခြင်း ဖြစ်သည်။ ဂုဏ်ပြုမှုများ အလွန်အကျွံ ဖြစ်သွားပါက သူမ၏ မောင်ဖြစ်သူ၏ အိမ်ထောင်စုမှာ နှိမ့်ချမှုကို မေ့လျော့သွားနိုင်သည်ဟု သူမက ရှင်းပြခဲ့သည်။

မိဖုရားခေါင်ကြီး၏ ဆန္ဒကို အမြဲတစေ လိုက်လျောလေ့ရှိသော ဧကရာဇ်မင်းမြတ်သည် သူ၏ကိုယ်စား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရန်အတွက် သူ၏ မိန်းမစိုး အရာရှိချုပ်ကိုသာ စေလွှတ် လိုက်တော့သည်။

မိန်းမစိုး အရာရှိချုပ်ကြီး ပြန်ရောက်လာသည့်အခါတွင်မူ သော်အိမ်တော်၌ သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် ထူးဆန်းသော ဖြစ်ရပ်များကို မပြောဘဲ မနေနိုင်တော့ချေ။

“အရှင်မင်းကြီး ... ဒီနေ့ ခန်းဝင်ပစ္စည်း ဖလှယ်တဲ့ပွဲမှာ ဝန်ကြီးချုပ်သော်က အံ့ဩစရာကောင်းလောက်အောင် ရိုးရှင်းတဲ့ လက်ဆောင်တွေကိုပဲ ပေးအပ်ခဲ့ပါတယ်၊ ဒါပေမဲ့ ယဉ်ကျေးမှုဝန်ကြီးက စိတ်ဆိုးဒေါသထွက်ခြင်း မရှိတဲ့အပြင် ဝန်ကြီးချုပ်နဲ့အတူ ပူးပေါင်းပြီး ကျွန်တော်မျိုးတို့ လူ့အဖွဲ့အစည်းမှာ လွှမ်းမိုးနေတဲ့ အသုံးအဖြုန်း ကြီးမှုနဲ့ ဖောက်ပြန် ပျက်စီးမှုတွေကို လူပုံအလယ်မှာ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ အိမ်တော် တံခါးဝမှာတင် သူတို့နှစ်ဦးဟာ ယခင်မင်းဆက်က လက်ဆင့်ကမ်းလာခဲ့တဲ့ လူမှုအတန်းအစား အလွှာပေါင်းစုံကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေတဲ့ ဖြုန်းတီးတတ်တဲ့ ဓလေ့ထုံးစံတွေကို အားတက်သရော ဟောပြောခဲ့ကြတာပါ ဘုရား”

“ဒါက ယဉ်ကျေးမှုဝန်ကြီးရဲ့ သမီးဖြစ်သူရဲ့ အကြံဉာဏ်လို့ သူတို့က ဆိုကြပါတယ်။ အခုဆိုရင် လမ်းမပေါ်က လူတွေဟာ သူမကို တိုင်းပြည်နဲ့ လူမျိုးအပေါ် အလေးထားတဲ့ အကျင့်စာရိတ္တ မြင့်မားတဲ့ အမျိုးသမီး သူရဲကောင်း တစ်ဦးအဖြစ် ချီးမွမ်းသီချင်း ဆိုနေကြပါပြီ အရှင်”

ဤစကားကို ကြားလိုက်ရသည့်အခါ ဧကရာဇ်မင်းမြတ်သည် ယခင်မင်းဆက်၏ နောက်ဆုံးအချိန်ကာလများကို ပြန်လည် သတိရသွားမိသည်။

ထိုစဉ်က အသုံးအဖြုန်းကြီးမှုနှင့် အပိုအလုပ်များမှာ ဧကရာဇ်နှင့် မှူးမတ်များမှစ၍ သာမန် အရပ်သားများအထိ တစ်နိုင်ငံလုံးကို ဝါးမြိုထားခဲ့သည်။ တန်ဖိုးကြီး ဝတ်စုံများ၊ အစားအသောက်များနှင့် ဇိမ်ခံလူနေမှု စနစ်များကို ဂုဏ်ယူဝင့်ကြွားခဲ့ကြပြီး သာမန်အရက်ဆိုင်က မိန်းကလေးများပင်လျှင် ရှားပါး ကျောက်မျက် ရတနာများကို ဆင်ယင်ထားကြသည့်အထိ ဖြစ်ခဲ့သည်။

အင်ပါယာ တစ်ခုလုံး လောင်စာများကို ဝါးမြိုနေသည့် အရှိန်ပြင်းသော မီးတောက်ကြီးကဲ့သို့ပင် ဆွေးမြည့်နေသော ပကာသနများဖြင့် ဖုံးလွှမ်းနေခဲ့ချေပြီ။

ထိုစဉ်က လူတိုင်းသည် ခိုင်မာတောင့်တင်းလှသည်ဟု ထင်ရသော ထိုမင်းဆက်ကြီး ဤမျှ ရုတ်ချည်း ပြိုလဲ သွားလိမ့်မည်ဟု ကြိုတင်မမြင်နိုင်ခဲ့ကြပေ။ အများစုကမူ အနည်းငယ် အသုံးအဖြုန်း ကြီးနေသည် ဟုသာ မှတ်ယူခဲ့ကြ၏။

ချမ်းသာသူရော ဆင်းရဲသူပါ မိသားစုတိုင်းသည် အလွန်အကျွံ ဖြစ်လှသော မင်္ဂလာပွဲဓလေ့များကို လက်ခံ ကျင့်သုံး နေခဲ့ကြသည်။ ချမ်းသာသူများမှာ တတ်နိုင်သော်လည်း သာမန်မိသားစုများမှာမူ မွဲတေသွားကြရပြီး လူအများစုမှာ အသက်ဆက်နိုင်ရန်အတွက် အကြွေးနွံထဲ နစ်မွန်းခြင်း သို့မဟုတ် မွေးကင်းစကလေးများကို သတ်ဖြတ်ခြင်း စသည့် နည်းလမ်းဆိုးများကိုပင် အားကိုးခဲ့ကြရသည်။

ဧကရာဇ်မင်းမြတ်သည် ရှည်လျားစွာ သက်ပြင်းချလိုက်မိသည်။

"သာမန် ပြည်သူတွေရဲ့ ဘဝက တကယ်ကို ကြမ်းတမ်းလွန်းလှတယ်၊ ငါကိုယ်တော် ငယ်စဉ်တုန်းက ငါ့မိသားစုမှာ သီးနှံ မဖြစ်ထွန်းတဲ့ မြေကွက် အနည်းငယ်ပဲ ရှိပေမဲ့ ငါ့ကိုတော့ ကျောင်းထားပေးနိုင်ခဲ့သေးတယ်၊ ဒါပေမဲ့ ငါ့ရဲ့ အစ်ကိုကြီး အိမ်ထောင်ပြုတဲ့အခါနဲ့ ငါ့အစ်မကို အိမ်ထောင်ချပေးလိုက်တဲ့အခါမှာတော့ မိသားစုကြီးတစ်ခုလုံး ပျက်စီး သွားခဲ့ရတယ်၊ နောက်ဆုံးတော့ ငါကိုယ်တော်တိုင်လည်း အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကျွန်အဖြစ် ရောင်းစားခဲ့ရတာပေါ့"

ကရာဇ်မင်းမြတ်သည် သူ၏ နိမ့်ကျသော ဇာတ်မြစ်ကို မည်သည့်အခါမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ သူ၏ ဘဝ ခရီးလမ်း တက်လှမ်းလာပုံကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်လည်ပြောပြလေ့ ရှိသည်။

အမှန်စင်စစ်လည်း ကျွန်ဘဝမှသည် ရာဇပလ္လင်ပေါ်သို့ မည်သူကများ တက်လှမ်းနိုင်ခဲ့ဖူးသနည်း။ မည်သူရှိသနည်း။

သို့သော်လည်း အထိန်းတော်ချုပ်ကြီးမှာမူ ပညာရှိပီပီ စကားဖြတ်မပြောဘဲ တိတ်ဆိတ်စွာသာ နေလိုက်သည်။

ဧကရာဇ်မင်းမြတ်သည် သူ၏သောကများကို ရင်ဖွင့်ပြီးနောက်တွင် အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။

“ဟန်လင်း အကယ်ဒမီကို မင်္ဂလာဆောင် အသုံးစရိတ်တွေကို ကန့်သတ်ထိန်းချုပ်မယ့် အမိန့်တစ်ခု မူကြမ်း ရေးဆွဲခိုင်းလိုက် ပြီးရင် အင်ပါယာ တစ်ခုလုံးကို ကြေညာစေ"

ဤသည်မှာ တစ်ပြည်လုံး အတည်ပြုလိုက်နာရမည့် တရားဝင် ဧကရာဇ် အမိန့်တော် တစ်ခု ဖြစ်လာပေတော့မည်။

"ပြီးတော့ ငါ့ရဲ့ နှုတ်မိန့် ချီးကျူး စကားကိုလဲ ပါးလိုက်ဦး၊ ယဉ်ကျေးမှုဝန်ကြီး ချင်ယွင်က သူ့သမီးကို တကယ်ကို လိမ်လိမ်မာမာ ပြုစု ပျိုးထောင် ထားနိုင်တာပဲ၊ သူမရဲ့ စံနမူနာပြ ကိုယ်ကျင့်တရားအတွက် ဆုလာဘ်တွေ ပေးသနားလိုက်ပါ"

အမိန့်များ ထုတ်ပြန်ပြီးသွားသောအခါမှ ဧကရာဇ်မင်းမြတ်သည် စိတ်လက်ပေါ့ပါးသွားတော့သည်။ ထိုစဉ်မှာပင် နန်းတွင်းအစေခံတစ်ဦး ဝင်ရောက်လာပြီး သတင်းပို့လေသည်။

"ကြင်ယာတော်ကျန်းက အရှင်မင်းကြီးဆီ ခဏလာတွေ့ဖို့ ခွင့်ပြုချက်ရထားတယ်လို့ ပြောလာပါတယ် ဘုရား၊ အရှင်မင်းကြီး နန်းတွင်းကိစ္စတွေနဲ့ တစ်နေ့လုံး အလုပ်များနေလို့ အစားမစားရသေးမှာကိုလည်း စိုးရိမ်နေပြီး သူမကိုယ်တိုင် ကြက်သွန်ဖြူနံ့သင်းတဲ့ ခေါက်ဆွဲကို ပြင်ဆင်လာခဲ့ပါတယ် ဘုရား"

မိန်းမစိုး အရာရှိချုပ်သည် မျက်မှောင်တစ်ချက် ပင့်လိုက်မိပြီး ကြင်ယာတော်၏ ပါးနပ်မှုကို စိတ်ထဲမှပင် ချီးကျူး လိုက်မိသည်။

ဧကရာဇ်မင်းမြတ်သည် သူ၏ နိမ့်ကျသော ငယ်ဘ ဝဇာတ်မြစ်ကြောင့် ရိုးရှင်းသော အရာများကိုသာ နှစ်သက် မြတ်နိုးသူ ဖြစ်ရာ သာမန် အရပ်သား စားစရာများကိုသာ ပို၍ အားပေးလေ့ရှိသည်။ အကယ်၍ ကြင်ယာတော်ကျန်း ကသာ ခမ်းနား ထည်ဝါလှသော ဟင်းလျာကြီးများကို ပို့ပေးခဲ့မည်ဆိုပါက ချီးကျူးခံရမည့်အစား အပြစ်တင် ကြိမ်းမောင်းခြင်းကိုပင် ခံရနိုင်ချေရှိပေသည်။

ဧကရာဇ်မင်းမြတ်သည် သဘောကျ နှစ်ခြိုက်စွာဖြင့် ခေါင်းညိတ်ပြလိုက်ရာ ခေါက်ဆွဲများကို ရှေ့တော်သို့ ဆက်သ လိုက်ကြသည်။ သူသည် ခေါက်ဆွဲကို မြိန်ရှက်စွာ သုံးဆောင်ရင်း မိန်းမစိုး အရာရှိချုပ်အား မေးမြန်းလိုက်သည်။

"ထူးထူးခြားခြား ရယ်စရာ မောစရာ သတင်းတွေများ ရှိသေးလား"

မိန်းမစိုး အရာရှိချုပ်က ပြုံးလိုက်သည်။

"သော်အိမ်တော်မှာ ထူးဆန်းတဲ့ ဖြစ်ရပ်လေးတစ်ခုတော့ ရှိခဲ့ပါသေးတယ် ဘုရား"

ဧကရာဇ်မင်းမြတ်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။

“ဟုတ်လား”

"သော်အိမ်တော်ရဲ့ အခမ်းအနား ပြီးသွားတဲ့နောက် အိမ်တော်ထဲကနေ အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်လို့ ဆိုပါတယ် ဘုရား၊ ကြားသိရသလောက်တော့ ဝန်ကြီးချုပ်သော်က သူ့ရဲ့သားငယ်နောက်ကို ဆူးတံကျင်ပါတဲ့ နံပါတ်တုတ်ကြီးကို ကိုင်ပြီး လိုက်ရိုက်နေတာလို့ သိရပါတယ်"

ဧကရာဇ်မင်းမြတ်၏ စိတ်ဝင်စားမှုမှာ ပိုမိုမြင့်တက်လာပြီး ဖရဲစေ့ပန်းကန်ကို လှမ်းယူလိုက်သည်။

"ဘာဖြစ်လို့လဲ"

မိန်းမစိုး အရာရှိချုပ်က သူစုံစမ်းသိရှိထားသည့် အရသာရှိလှသော အတင်းအဖျင်းသတင်းကို ဆက်လက် လျှောက်တင် လေသည်။

"သိရသလောက်တော့ ဝန်ကြီးချုပ်သော်ရဲ့သားက ပြည့်တန်ဆာမလေးတစ်ယောက်ရဲ့ မျက်နှာသာပေးမှုကို ရဖို့အတွက် ကျီပေမင်းသားရဲ့သားနဲ့ ပြိုင်ဆိုင်ခဲ့ရာကနေ သူ့ဖခင်ရဲ့ လက်ပူးလက်ကြပ် ဖမ်းမိခြင်းကို ခံလိုက်ရတာပါ ဘုရား"

ဧကရာဇ်မင်းမြတ်၏ စိတ်လှုပ်ရှားမှုမှာ ချက်ချင်းပင် လေလျှော့လိုက်သလို ကျဆင်းသွားတော့သည်။

"ဒါပဲလား"

သူသည် မိသားစုဝင်အချင်းချင်း သစ္စာဖောက်မှုမျိုးကဲ့သို့ ပြင်းထန်တဲ့ ဒရာမာမျိုးကို မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် ပြည့်တန်ဆာမလေး တစ်ယောက် အတွက် ပြိုင်ဆိုင်ကြသည့် သာမန် အရှုပ်တော်ပုံလေးကိုသာ ကြားရတော့သည်။ အဖေနှင့်သားကြားက ပြဿနာ မဟုတ်ဘဲ တခြားသူနှင့် ပြိုင်ဆိုင်သော ကိစ္စ ဖြစ်နေသဖြင့် ပို၍ပင် ပေါ့ပျက်ပျက် ဖြစ်သွားရ၏။

သူသည် ဖရဲစေ့များကို စိတ်ပျက်လက်ပျက်ဖြင့် ပန်းကန်ထဲ ပြန်ထည့်လိုက်သည်။

*ရှုရန်မြောင်ကတော့ ဒီလိုကိစ္စတွေမှာ ပိုပြီး တော်တယ်၊ သူကတော့ ငါ့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ဘူး*

All Chapters