အခန်း (၅၄၄-၅၄၆)
Vol. 37 Ch. 544-546
အခန်း (၅၄၄) - ဟောကိန်းထုတ်ခြင်း နည်းလမ်းကို သင်ကြားပေးခြင်းနှင့် လီကျောက်ခွန်၏ အတွေ့အကြုံ
~“ဂျွတ်... ဂျွတ်... ဂျွတ်...”
နတ်ဆိုး ဧကရာဇ် (၅) ပါးလုံးသည် သွေးကြောသန့်စင်ဆေးလုံး (၁၀၀) ကျော်စီကို တစ်ပြိုင်နက်တည်း မျိုချလိုက်ကြ၏။ ၎င်းနောက်တွင် ခန္ဓာကိုယ်အတွင်း၌ ခမ်းနားထည်ဝါလှသော အရှိန်အဝါများ တစ်ဟုန်ထိုး စီးဆင်းလာသည်ကို သူတို့ ခံစားလိုက်ရသည်။
ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများမှာ အမျှင်တန်းများအလား ထွက်ပေါ်လာကြတော့၏။
“တကယ့်ကို ထူးခြားတဲ့ ခံစားချက်ပါပဲ”
တောင်စောင့် မျောက်နတ်ဘုရား မှာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
“ဒီ သွေးကြောသန့်စင်ဆေးလုံး ကိုသာ အရင်ကတည်းက သုံးခွင့်ရခဲ့ရင် ငါ အခုအချိန်ဆို အဆင့်မြင့် နတ်ဆိုး ဧကရာဇ် အဆင့် ကို ရောက်နေလောက်ပြီ”
“ငါတို့လည်း မကြာခင်မှာ အလယ်အလတ်အဆင့် နတ်ဆိုး ဧကရာဇ် အဆင့် ကို တက်နိုင်တော့မယ်လို့ ခံစားနေရတယ်”
ကျန်ရှိနေသော အဆင့်နိမ့် နတ်ဆိုး ဧကရာဇ် (၄) ပါးမှာလည်း ဝမ်းသာအားရ ဖြစ်နေကြကာ ဝိညာဉ်သားရဲ စင်မြင့် ဆီသို့ ချက်ချင်းပင် ဦးတည်သွားကြတော့သည်။
ထို့နောက်တွင် သူတို့သည် မိမိတို့၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ အလိုအလျောက် တိုးတက်လာသော ထူးခြားသည့် နယ်ပယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်ကို တွေ့ရှိလိုက်ကြရ၏။
“ဝိုး”
အစ်ကိုကြီး ခေါင်းပြား သည် သူ၏ နောက်ခြေထောက်များဖြင့် မတ်တတ်ရပ်လိုက်ကာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသော နတ်ဆိုး ဧကရာဇ် (၅) ပါးကို အကဲခတ်ကြည့်လိုက်၏။ ၎င်းနောက်တွင် သူ၏ ရင်ဘတ်ကို လက်ဖြင့် ပြင်းပြင်းထန်ထန် ပုတ်လိုက်၏။
“လာစမ်း... ငါနဲ့ တိုက်ကြမယ်”
အစ်ကိုကြီး ခေါင်းပြား က သူ၏ ကြမ်းတမ်းလှသော အသံကြီးဖြင့် အမိန့်ပေးသံကဲ့သို့ ဟိန်းဟောက်လိုက်၏။ သူ၏ ကိုယ်ဟန်မှာ အလွန်ပင် မောက်မာ ရဲတင်းလှ၏။
“တိုက်မယ် ဟုတ်လား”မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ ဆွံ့အသွားရ၏။
“ဝုန်း”
တောင်စောင့် မျောက်နတ်ဘုရား သည် သူ၏ တုတ်တိုကို အောက်သို့ ဝှေ့ယမ်း ချပစ်လိုက်၏။ မိစ္ဆာဘုရင် အဆင့် ၌သာ ရှိသေးသော အစ်ကိုကြီး ခေါင်းပြား မှာ ထိုဒဏ်ကို မခံနိုင်ဘဲ မိုင်ပေါင်း ရာနှင့်ချီသော အရပ်ဆီသို့ လွင့်ထွက်သွားတော့၏။
“ဟက်... ငါက သူ အရမ်း သန်မာတယ် ထင်နေတာ”
တောင်စောင့် မျောက်နတ်ဘုရား သည် နက်မှောင်သော ကောင်းကင်ယံ တုတ်တို ကို ဘေးသို့ ချထားလိုက်ကာ မြူခိုးတောင်ထိပ် ၌ ရှိနေသော ဂိုဏ်းချုပ် ယဲ့ ဆီသို့ အားနာသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကာ ပုခုံးတွန့်ပြလိုက်၏။
“ဟူး... ... ...”ဂိုဏ်းချုပ် ယဲ့ သည် သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်မိ၏။ အစ်ကိုကြီး ခေါင်းပြား ၏ ရန်ငြိုးထားတတ်သော သဘာဝအရ သူ ပြန်ရောက်လာသည်နှင့် တောင်စောင့် မျောက်နတ်ဘုရား နှင့် ရန်စပြီး အချီပေါင်း သောင်းနှင့်ချီအောင် တိုက်ခိုက်ကြဦးမည်မှာ သေချာလှသည်။
“သူတို့ဘာသာ သူတို့ပဲ ရှင်းကြပါစေတော့”ယဲ့ဖုန်း သည် ထိုကိစ္စများကို ခေါင်းထဲ မထည့်တော့ဘဲ လီကျောက်ခွန် ကို ဂိုဏ်းချုပ်နန်းဆောင် အတွင်းသို့ ခေါ်ဆောင်သွားကာ ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်၏။
“ကျောက်ခွန်... မင်းရဲ့ ဖုံးကွယ်နေတဲ့ ပါရမီကို မင်း သိလား”ယဲ့ဖုန်း က ရုတ်တရက် မေးမြန်းလိုက်သည်။
လီကျောက်ခွန် က ခေါင်းခါယမ်းပြလိုက်သည်။
ဘေးနားတွင် ရပ်နေကြသော လုံထျန်းရှင်း ၊ ချောင်ကျားရှီး နှင့် ဝမ်ဖင်းအန်း တို့မှာလည်း လီကျောက်ခွန် တွင် မည်သည့် ပါရမီမျိုး ရှိနေသနည်းဟု သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြ၏။
“မင်းရဲ့ ပါရမီက တော်တော်လေးကို ထူးခြားတယ်”
ယဲ့ဖုန်း က ဆက်လက် ပြောကြားလိုက်၏။
“မင်းက ကျိန်စာအတတ် ကို လေ့ကျင့်ဖို့ သင့်တော်သလို အဲဒါကို သုံးပြီးတော့ အရာရာကို ဟောကိန်းထုတ်တဲ့ နေရာမှာ သုံးရင် တကယ့်ကို အဓိပ္ပာယ် ရှိလိမ့်မယ်”
“တကယ်လား ခင်ဗျာ”
လီကျောက်ခွန် မှာ မှင်သက်သွားရ၏။ အရာရာကို တွက်ချက်နိုင်စွမ်း ဟုတ်လား။ ဒါက သာမန်ကိစ္စ မဟုတ်ပေ။ ကျန်ရှိသော တပည့် (၃) ဦးမှာလည်း အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားကြတော့၏။ သူတို့ရှေ့မှောက်ရှိ အဆင့်မြင့်ဆုံး ပါရမီ ပိုင်ရှင် ဒုတိယမျိုးဆက် တပည့်လေးမှာ ဤမျှ အံ့ဩစရာကောင်းသော ထူးခြားသည့် ပါရမီ ရှိနေသည်လား။
“ဂိုဏ်းချုပ်... ကျွန်တော် တကယ်ပဲ အဲဒီလို လုပ်နိုင်မှာလား ခင်ဗျာ”လီကျောက်ခွန် က မယုံနိုင်သကဲ့သို့ ထပ်မံ အတည်ပြုချက် မေးမြန်းလိုက်၏။
“သေချာတာပေါ့... ငါ မင်းကို အခုပဲ သင်ပေးမယ် ”ယဲ့ဖုန်း က ခေါင်းညိတ်လိုက်ကာ သူ၏ စိတ်ထဲရှိ ရှေ့ဖြစ်ဟော မျိုးနွယ်စု ၏ အသိပညာများကို စတင် ပို့လွှတ်ပေးလိုက်ပြီး တွက်ချက်မှုများဖြင့် ပိုမို ကောင်းမွန်အောင် ပြုပြင်ပေးလိုက်၏။
ဝမ်ဖင်းအန်း နှင့် အခြား (၂) ဦးမှာ ဘေးမှ နားထောင်ရင်း မည်သည့်အရာမှ နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေကြရသည်။ သို့သော်လည်း အဆင့်မြင့်ဆုံး ပါရမီ ပိုင်ရှင်ဖြစ်ပြီး ထူးကဲလှသော နားလည်နိုင်စွမ်း ရှိသည့် လီကျောက်ခွန် ကမူ မွေးရာပါ မြင့်မြတ်သော ဝိညာဉ် ခန္ဓာကိုယ် နှင့် ပေါင်းစပ်လိုက်သောအခါ အအချိန်တိုအတွင်းမှာပင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိသွားတော့၏။
“အရာရာကို ဟောကိန်းထုတ်ခြင်း... ကောင်းကင် ကြေးမုံ ... ပွင့်စေ”
ယဲ့ဖုန်း ၏ လမ်းညွှန်မှုအတိုင်း လီကျောက်ခွန် သည် လက်ချောင်းများကို မန္တန်အသွင် ပုံဖော်လိုက်သည်။ ယဲ့ဖုန်း ပေးထားသော မိစ္ဆာချီ (၃) ခုကို အသုံးပြုလိုက်သောအခါ လေထဲတွင် မီးခိုးရောင် မှန်ပြင်တစ်ခု ပေါ်ထွက်လာပြီး ထူးဆန်းသော ပုံရိပ်တစ်ခုကို ပြသလိုက်၏။
မှန်ပြင်ထံမှ ထူးခြားသော အချက်အလက်များမှာ လီကျောက်ခွန် ၏ စိတ်ထဲသို့ စီးဝင်သွားကာ အရေးကြီးသော သတင်းတစ်ခုကို ပေးအပ်လိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်တော် တွက်ချက်လို့ ရပါပြီ”
လီကျောက်ခွန် က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ဖူယွင် သစ်တောအုပ် ရဲ့ မြေအောက် မိုင် (၃၀) အကွာမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ရှိနေပါတယ် ခင်ဗျာ”
“တကယ်လား”ဝမ်ဖင်းအန်း နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် သံသယများ ပြည့်နှက်နေကြသည်။
ယဲ့ဖုန်း တစ်ဦးတည်းသာ ပြုံးလိုက်ကာ ပြောလိုက်၏။
“မှန်တယ်... မင်းရဲ့ ဟောကိန်းထုတ်ခြင်း အတတ် က ကနဦး အောင်မြင်မှု ရသွားပြီပဲ။ ဒါကို အခြေခံပြီး ဆက်ပြီးတော့ ကြိုးစား ကျင့်ကြံပါဦး”
“ဟုတ်ကဲ့ပါ ခင်ဗျာ”လီကျောက်ခွန် က ရိုသေစွာ ခေါင်းညိတ်လိုက်၏။
သူသည် ချောင်ကျားရှီး ၊ ဝမ်ဖင်းအန်း နှင့် လုံထျန်းရှင်း တို့ကို ချက်ချင်း ခေါ်ဆောင်ကာ ဖူယွင် သစ်တောအုပ် ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြတော့သည်။ လက်ဘက်ရည် တစ်ခွက် သောက်စာမျှသော အချိန်အတွင်းမှာပင် သူတို့ (၄) ဦး ပြန်လည် ရောက်ရှိလာကြ၏။
“ချွင်”
လီကျောက်ခွန် သည် ရွှံ့များ ပေကျံနေသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို စားပွဲပေါ်သို့ တင်လိုက်၏။
“ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ တွက်ချက်မှု မမှားပါဘူး။ မြေအောက် မီတာ အနည်းငယ်မှာ ဒီ ဝိညာဉ်ကျောက်တုံး က တကယ်ပဲ ရှိနေတာပါ ခင်ဗျာ”
“အရမ်းကောင်းတယ် ”ယဲ့ဖုန်း က ခေါင်းညိတ်ပြလိုက်သည်။ သူသည် ရလဒ်ကို ကြိုတင် တွက်ချက်ထားပြီးသား ဖြစ်သဖြင့် စားပွဲပေါ်ရှိ ဝိညာဉ်ကျောက်တုံး ကို ကြည့်ကာ မအံ့ဩပေ။
“မင်းတို့ ကြိုးစားကြဦး”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
တပည့် (၄) ဦးလုံးသည် ဂိုဏ်းချုပ်နန်းဆောင် မှ ထွက်ခွာခဲ့ကြ၏။
ဝိညာဉ်စမ်းရေကန် ဘေးတွင်တော့ ဝမ်ဖင်းအန်း ၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့သည် လီကျောက်ခွန် ကို ဝိုင်းရံထားကြပြီး သူ၏ ပြောင်လက်နေသော ကတုံးကို ပုတ်လျက် ပြုံးရွှင်နေကြသည်။
“ညီလေး လီ... မင်းရဲ့ ကျင့်ကြံခြင်း အောင်မြင်သွားပြီဆိုရင် ငါတို့ အပြင်ကို အတူတူ ထွက်ပြီး လေ့ကျင့်ကြမလားကွ”
“ဟုတ်ကဲ့ ..”
---
အခန်း (၅၄၅) - စက္ကူယပ်တောင် သခင်လေး၏ စိုးရိမ်ထိတ်လန့်မှုနှင့် ဝမ်ရွှမ်ဖင်း၏ အစီအစဉ်
~ဝိညာဉ်နှုတ် ဆရာသခင် ကျူးယောင်ဖူ ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် ထျန်းကျီ စံအိမ် သို့ ပြန်ရောက်ရောက်ချင်း မိမိ မြင်တွေ့ခဲ့ရသမျှကို အစီရင်ခံလိုက်၏။
“မင်း
ဘာပြောလိုက်တယ်”
စက္ကူယပ်တောင် သခင်လေး သည် သူ၏ ထိုင်ခုံပေါ်မှ အလျင်အမြန် လျှောကျသွားကာ သူ၏ မျက်နှာမှာလည်း တည်ကြည် လေးနက်သွားတော့သည်။
“မြူခိုးဂိုဏ်း ထဲမှာ ခေါင်း ပြောင်လက်နေတဲ့ လူငယ်တပည့် တစ်ယောက် တကယ်ပဲ ရှိနေတာလား”
“သေချာပါတယ် ခင်ဗျာ”
ကျူးယောင်ဖူ မှာ လိမ်ညာရန် မဝံ့ပေ။
“ပိုပြီး ကြောက်စရာ ကောင်းတာက အဲဒီလူရဲ့ ဦးခေါင်းက ဆံပင်တစ်ပင်မှ မရှိဘဲ ပြောင်လက်နေတာပဲ... သူဟာ ဘယ်လောက်တောင် အဆင့်မြင့်တဲ့ ရှေ့ဖြစ်ဟော ပုဂ္ဂိုလ်ကြီး ဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါဦး ခင်ဗျာ”
“ဆံပင် တစ်ပင်မှ မရှိတာ တကယ်ပဲ သေချာလို့လား”
“သေသေချာချာ မြင်ခဲ့ရတာပါ... တကယ်ကို တစ်ပင်မှ မရှိတာပါ ခင်ဗျာ”
“ဟူး... ... ...”
စက္ကူယပ်တောင် သခင်လေး ၏ စိတ်ထဲတွင် မနာလိုမှုများ ပြည့်နှက်သွားသော်လည်း သူသည် လုံးဝ မယုံကြည်နိုင်သေးပေ။ သူက ကျူးယောင်ဖူ ၏ အင်္ကျီ လည်ပင်းစကို ဆွဲကိုင်လိုက်ကာ ပြောလိုက်၏။
“လာ... ငါ့ကို လိုက်ပြစမ်း”
ကျူးယောင်ဖူ ပြောပြနေသော ထိုကတုံးလူငယ်လေးမှာ တကယ်ပဲ ရှေ့ဖြစ်ဟော မျိုးနွယ်စု မှ ဟုတ်မဟုတ် ဆိုသည်ကို သူ အလွန်ပင် သိချင်နေမိတော့သည်။ အကယ်၍ ထိုသို့သာ ဖြစ်မည်ဆိုလျှင် ၎င်းမှာ မယုံနိုင်စရာ ကောင်းလှပေလိမ့်မည်။ ရှေ့ဖြစ်ဟော မျိုးနွယ်စု အတွင်း၌ ဆံပင်နည်းလေလေ အဆင့်အတန်း မြင့်မားလေလေ ဖြစ်၏။
အကြောင်းမူကား ဟောကိန်းထုတ်ခြင်း အတတ် ကို အသုံးပြုရန် မိစ္ဆာချီ များကို သုံးစွဲသည့်အခါ ဆံပင်များမှာ အလိုအလျောက် ကျွတ်ထွက်သွားလေ့ ရှိသောကြောင့်ပင် ဖြစ်၏။ ဆံပင်နည်းခြင်းမှာ တွက်ချက်မှုများစွာ ပြုလုပ်ထားကြောင်း သက်သေပြနေ၏။ တွက်ချက်မှုများလေလေ ၎င်းစွမ်းရည်မှာ ပိုမို အားကောင်းလေလေ ဖြစ်ပေသည်။
ထို့ကြောင့် ရှေးလူကြီးများက ဆိုရိုးစကား တစ်ခု ရှိခဲ့ကြသည်။ ကတုံး ဖြစ်လေလေ ပိုပြီး သန်မာလေလေ ဟူ၍။
အတိုချုပ်ပြောရလျှင် စကားလုံး (၃) လုံးတည်းပင် ဖြစ်၏။
ကတုံးဆို သန်မာသည်။
...
တောင်တန်းကြီး တစ်ခု၏ အထက်၌၊
လီကျောက်ခွန် သည် လက်ချောင်းများကို မန္တန်အသွင် ပုံဖော်လိုက်ရာ သူ၏ ဘေးပတ်လည်၌ မိစ္ဆာချီ များ စတင် ရစ်သိုင်းလာသည်။
လေထဲတွင် ဝိုင်းစက်သော မှန်ပြင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မိုင်ပေါင်း (၃၀) ခန့် ဝေးသော ချိုင့်ဝှမ်းတစ်ခုကို ပြသလိုက်၏။ ထိုနေရာတွင် (၁၀၀၀) သက်တမ်းရှိ ဝိညာဉ်ဆေးပင် တစ်ပင်မှာ တိတ်ဆိတ်စွာ ပေါက်ရောက်နေသည်။
“ဝိုး”
“ဒါ (၁၀၀၀) သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင် ပဲ”
ဝမ်ဖင်းအန်း နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပြည့်နှက်သွားကြတော့သည်။
အစ်ကိုကြီး ခေါင်းပြား သည်လည်း ဘေးမှ လိုက်ပါလာခဲ့သော်လည်း လတ်တလောတွင် သူ တိုက်ခိုက်ရမည့် ပြိုင်ဘက် မရှိသဖြင့် အလွန်ပင် ပျင်းရိနေကာ ချောင်ကျားရှီး ကို သူ၏ လက်သည်းလေးဖြင့် ပုတ်လိုက်၏။
“တိုက်ကြမလား”
“မလုပ်ပါနဲ့... မလုပ်ပါနဲ့”
ချောင်ကျားရှီး မှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာကြီး ပြာနှမ်းသွားရ၏။ သူသည် မိမိ၏ ခွန်အားကို မိမိ သိသည်။
အကယ်၍ တကယ်သာ တိုက်ခိုက်ကြမည်ဆိုလျှင် သူသည် အစ်ကိုကြီး ခေါင်းပြား ၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာလှ၏။ ဘာပဲဖြစ်ဖြစ် ၎င်းတို့ နှစ်ဦးကြားရှိ အဆင့်အတန်းမှာ အဆင့်ကြီး တစ်ခုလုံး ကွာခြားနေသည် မဟုတ်ပါလား။
ချောင်ကျားရှီး က မိမိနှင့် မတိုက်ရဲသည်ကို မြင်လိုက်ရသောအခါ အစ်ကိုကြီး ခေါင်းပြား မှာ ပို၍ပင် ပျင်းရိသွားကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ၏ ဘယ်လက်နှင့် ညာလက်ကို အချင်းချင်း ပြန်လည် တိုက်ခိုက်စေလိုက်တော့၏။
“ပျင်းရိခြင်းရဲ့ အထွတ်အထိပ် အဆင့်ပဲ... ကိုယ့်လက်နှစ်ဖက်ကို ပြန်တိုက်ခိုင်းနေတာလား”
လုံထျန်းရှင်း က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။
သို့သော်လည်း သူတို့သည် အစ်ကိုကြီး ခေါင်းပြား ကို ဆက်လက် အာရုံမစိုက်တော့ဘဲ မိုင်ပေါင်း (၃၀) အကွာရှိ ဝိညာဉ်ဆေးပင် ဆီသို့ အမြန် သွားရောက်လိုက်ကြ၏။
လမ်းခုလတ်တွင်တော့ လူနှစ်ဦးမှာ ပုန်းအောင်းနေကြသည်။
“စံအိမ်သခင်... သေသေချာချာ မြင်ရလား ခင်ဗျာ”
ကျူးယောင်ဖူ သည် ချုံပုတ်ထဲတွင် ဝပ်စင်းနေလျက် အထက်မှ ပျံသန်းလာသော လီကျောက်ခွန် ကို လက်ညှိုးညွှန်ပြလိုက်၏။
“မြင်ရတယ်... တကယ်ကို မျက်စိကျိန်းလောက်အောင် ပြောင်လက်နေတာပဲ”
စက္ကူယပ်တောင် သခင်လေး ၏ ခန္ဓာကိုယ်မှာ တုန်ရီနေ၏။ လီကျောက်ခွန် မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၁) ၌သာ ရှိသေးသဖြင့် မသန်မာလှသော်လည်း ထိုပြောင်လက်နေသော ကတုံးမှာမူ ဆံပင် တစ်ပင်မှ မရှိသည်မှာ အမှန်ပင် ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ဆံပင်အမြစ်ပင် မကျန်တော့ခြင်းပင်။ သူ၏ ဦးခေါင်းတစ်ခုလုံးမှာ ဝင်းလက်နေ၏။ နေရောင်အောက်တွင်မူ လီကျောက်ခွန် ၏ ဦးခေါင်းမှာ လမင်းကြီး တစ်စင်းအလား အလင်းများကို ပြန်ဟပ်နေပေရာ မျက်စိပင် ကျိန်းလောက်ပေသည်တကား။
“တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ”
ထွက်ခွာသွားသော လီကျောက်ခွန် ၏ ကျောပြင်ကို ကြည့်ရင်း စက္ကူယပ်တောင် သခင်လေး သည် တံတွေး တစ်ချက် မျိုချလိုက်မိသည်။ သူ၏ ခေါင်းဆောင်းကို ချွတ်လိုက်ပြီး မိမိ၏ ကတုံးကို ပြန်လည် ပွတ်သပ်လိုက်ရာ သူ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများမှာ ပိုမို ထင်ရှားလာတော့၏။
“စံအိမ်သခင်... ဘာလို့ တုန်နေတာလဲဗျ”
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... တစ်ဖက်လူရဲ့ ဟောကိန်းထုတ်ခြင်း အတတ် က ကြောက်စရာ ကောင်းနေမှာ သေချာတယ်... ဒီ ကျောင်းသခင် က ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်မှာလဲ”
“တကယ်လား ခင်ဗျာ”
“သေချာတာပေါ့”
စက္ကူယပ်တောင် သခင်လေး သည် “ကတုံးဆို သန်မာသည်” ဟူသော သီအိုရီကို ချက်ချင်းပင် ရှင်းပြလိုက်ရာ ကျူးယောင်ဖူ ၏ မျက်နှာမှာလည်း ပျက်ယွင်းသွားတော့သည်။ သူသည် မှန်တစ်ချပ်ကို ထုတ်ယူကာ ဆံပင်ပါးပါးလေးသာ ကျန်တော့သော သူ၏ ဦးရေပြားကို ကြည့်လိုက်၏။
သူ၏ ဟောကိန်းထုတ်ခြင်း အတတ် မှာ မဆိုးလှဟု ထင်ခဲ့သော်လည်း သူ၏ ဦးခေါင်းပေါ်တွင် ဆံပင်အချို့ ကျန်နေသေးသည် မဟုတ်ပါလား။ အရေးကြီးဆုံးအချက်မှာ ဆံပင်အမြစ်များ ရှိနေသေးခြင်းပင်။
အကယ်၍ သူသာ အချိန်အတော်ကြာ တွက်ချက်မှု မပြုလုပ်ဘဲ နေမည်ဆိုလျှင် ဆံပင်များ ပြန်ပေါက်လာနိုင်၏။ အရင်ကထက် ပါးသွားမည် ဆိုလျှင်ပင်ပေါ့။
စက္ကူယပ်တောင် သခင်လေး ၏ ဦးခေါင်းပေါ်မှာတောင်မှ ဆံပင်အမြစ် အတော်များများ ရှိနေသေးသဖြင့် သန်စွမ်းနက်မှောင်သော ဆံပင်များအဖြစ် ပြန်လည် ပေါက်ရောက်လာနိုင်ပေသေးသည်။
သို့သော်လည်း လီကျောက်ခွန် ကတော့ မတူပေ။ သူ၏ ဦးခေါင်းပေါ်တွင် ဆံပင်အမြစ် တစ်ခုမျှ မကျန်တော့ပေ။
ဒါက ဘာကို ဆိုလိုသနည်း။ ဤပုဂ္ဂိုလ်၏ ဟောကိန်းထုတ်ခြင်း အတတ် မှာ နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူသည် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပိုင်ဆိုင်ထားသည့် တန်ခိုးရှင်ကြီး တစ်ဦး ဖြစ်နေပြီ ဆိုသည့် သဘောပင်။
“စံအိမ်သခင်... ကျွန်တော်တို့... အခုပဲ ဆုတ်ခွာကြမလား ခင်ဗျာ”
“ဆုတ်မယ်... အခုချက်ချင်း ဆုတ်ကြစမ်း”
စက္ကူယပ်တောင် သခင်လေး မှာ ကြောက်လန့်လွန်းသဖြင့် တုန်ရင်နေ၏။
“ဒီနေ့ကစပြီး စစ်ကူတွေ ရောက်မလာမချင်း ငါတို့ရဲ့ ထျန်းကျီ စံအိမ် က ပြင်ပ လှုပ်ရှားမှု မှန်သမျှကို ခေတ္တ ရပ်ဆိုင်းထားမယ်။ ငါတို့ရဲ့ ကိုယ်ပိုင် အခြေအနေကိုပဲ တည်ငြိမ်အောင် အရင် လုပ်ကြရမယ်”
“ဟုတ်ကဲ့ပါ ခင်ဗျာ”
ကျူးယောင်ဖူ က လေးနက်စွာ ခေါင်းညိတ်လိုက်၏။ မကြာမီမှာပင် ၎င်းတို့ နှစ်ဦးမှာ ထျန်းကျီ စံအိမ် သို့ ပြန်သွားကြတော့သည်။
သူတို့ မသိလိုက်သည်မှာ သူတို့၏ အမြင်တွင် အစွမ်းထက်လှသော တန်ခိုးရှင်ကြီးဟု ထင်မှတ်ထားသူမှာ တကယ်တော့ ဟောကိန်းထုတ်ခြင်း အတတ် ၏ အခြေခံ အဆင့်တွင်သာ ရှိသေးသော အတွေ့အကြုံ မရှိသူ တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်တော့သည်။
...
မြူခိုးဂိုဏ်း ။
ဝမ်ရွှမ်ဖင်း သည် အလွန်ပင် စိတ်ဓာတ်ကျနေ၏။ သူမသည် ရက်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ ဟူသော ကျင့်စဉ်၏ ပါဝင်သော အချက်အလက်များကို အလွတ်မမှတ်မိနိုင်သေးပေ။
“ဒါကြီး.. သွားသေလိုက်စမ်း... ငါ ဆက်ပြီး မလေ့ကျင့်တော့ဘူး”ဝမ်ရွှမ်ဖင်း သည် အရူးတပိုင်း ရယ်လိုက်ကာ သူမ၏ ကုတင်ကို လက်သီးဖြင့် အပေါက်တစ်ပေါက် ဖြစ်အောင် ထိုးနှက်လိုက်၏။ တပည့်များ၏ အခန်းတိုင်းတွင် အသံလုံသော ဝင်္ကပါ များ တပ်ဆင်ထားသဖြင့် သူမ၏ ရယ်သံကို ပြင်ပမှ ကြားရမည်ကို သူမ မစိုးရိမ်ပေ။
(၁) နာရီခန့် ကြာပြီးနောက်၊
ဝမ်ရွှမ်ဖင်း သည် သူမ၏ နှလုံးသားအတွင်းရှိ ဒေါသများကို ထိန်းချုပ်လိုက်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် အခန်းအတွင်းမှ ထွက်လာခဲ့၏။ သူမသည် အလွန် အရေးကြီးသော ကိစ္စတစ်ခုကို စဉ်းစားလိုက်သည်။
'မှန်တယ်... ငါ မြူခိုးဂိုဏ်း ထဲကို စိမ့်ဝင်လာရတဲ့ ရည်ရွယ်ချက်က ပေဟယ် ဧကရာဇ် နဲ့ မြူခိုးဂိုဏ်း ကြားက ဆက်ဆံရေးကို စုံစမ်းဖို့ပဲ... ပြီးတော့ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ထဲက ဟာကွက်တွေကို ရှာဖို့လည်း ပါတာပေါ့...'
သူမသည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။
'မြူခိုးဂိုဏ်း ထဲမှာ အကြီးအကဲတွေက အရမ်း နည်းတယ်... သူတို့ကို တိုက်ရိုက် သွားမေးရင် သံသယ ဖြစ်စရာ ရှိလိမ့်မယ်...'
'ဒါပေမဲ့ ကြီးကြပ်သူတွေကတော့ အများကြီးပဲ။ အဲဒီထဲမှာမှ ချူယွင်အာ ကတော့ အဓိက ကြီးကြပ်သူပေါ့။ သူမရဲ့ ကျင့်ကြံခြင်း အဆင့် က မမြင့်ပေမဲ့ သူက ဂိုဏ်းရဲ့ အဓိက အရေးပါတဲ့ လူတစ်ယောက်ပဲ။ ငါ သူ့ဆီကနေ လုပ်ငန်းစလို့ ရနိုင်တာပဲ...'
ထိုသို့ တွက်ချက်ပြီးနောက် ဝမ်ရွှမ်ဖင်း သည် သူမ၏ အစီအစဉ်ကို စတင်လိုက်တော့၏။
ဖေးလိုင်တောင်ထိပ်ဝယ်၊
ချူယွင်အာ သည် ဂိုဏ်းအတွင်းရှိ များပြားလှသော ကိစ္စအဝဝကြောင့် အလုပ်ရှုပ်နေကာ သူမ၏ လှပသော မျက်နှာလေးတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
“ကြီးကြပ်သူကြီး ခင်ဗျာ... ဂါရဝပြုပါတယ် ။ ကျွန်တော်က ဒုတိယမျိုးဆက် တပည့် ဝမ်ရွှမ်ဖင်း ပါ။ အကြီးအကဲများ နန်းဆောင် မှာ တပည့်တစ်ယောက် အနေနဲ့ ကူညီပေးရမယ့် ကိစ္စများ ရှိမလားဆိုတာ သိချင်လို့ပါ ခင်ဗျာ”
ဤစကားကို ကြားလိုက်ရသောအခါ ချူယွင်အာ သည် ခေါင်းမော့ကြည့်လိုက်ရာ ခန့်ညားသော လူငယ်တပည့်လေးကို တွေ့လိုက်ရ၏။ သူမ၏ မျက်ဝန်းများမှာ ဝင်းလက်သွားကာ စာရွက်စာတမ်း တစ်စောင်ကို ကမ်းပေးလိုက်သည်။
“ဒီစာရွက်ထဲမှာ တာဝန်ပေါင်း (၁၀၀) ကျော် ပါဝင်တယ် ။ မင်းမှာ အားလပ်တဲ့ အချိန်ရှိရင် အဲဒါတွေကို စတင်ပြီး လုပ်ဆောင်ပေးလို့ ရပါတယ်”
တာဝန်ပေါင်း (၁၀၀) ကျော် လား ….
ဝမ်ရွှမ်ဖင်း မှာ ဆွံ့အသွားရ၏။ သူမသည် ယဉ်ကျေးမှုအရ လုပ်စရာ ရှိမလားဟု လာမေးခြင်းသာ ဖြစ်ပြီး သူမ၏ တကယ့် ရည်ရွယ်ချက်မှာ ချူယွင်အာ နှင့် ရင်းနှီးအောင် လုပ်ဆောင်ရန် ဖြစ်သည်။
သို့သော်လည်း တစ်ဖက်လူက မိမိအား တာဝန်ပေါင်း (၁၀၀) ကျော်ကို တကယ်ပဲ ပေးအပ်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ဒါဂာ.. တကယ့်ကို ပြင်းထန်လွန်းလှ၏။
ဝမ်ရွှမ်ဖင်း သည် ဒေါသကြောင့် သွားများကို တင်းတင်းကြိတ်ထားသော်လည်း ဘာမှ မဖြစ်သကဲ့သို့ ဟန်ဆောင်ကာ စာရွက်စာတမ်းကို ယူလျက် အကြီးအကဲများ နန်းဆောင် မှ ထွက်ခွာခဲ့တော့၏။ သူမ ထွက်သွားပြီးနောက် ချူယွင်အာ သည် ဆက်သွယ်ရေး အမိန့်တော်ပြား တစ်ခုကို ထုတ်ယူလိုက်၏
သည်။
“ဂိုဏ်းချုပ်ရှင့်... ဂိုဏ်းချုပ် ရဲ့ လမ်းညွှန်မှုအတိုင်း ကျွန်မ ဝမ်ရွှမ်ဖင်း ကို တာဝန်တွေ အမြောက်အမြား ပေးလိုက်ပါပြီ။ သူ အဲဒါတွေကို ပြီးအောင် လုပ်နိုင်ပါ့မလား ဆိုတာ ကျွန်မ သိချင်နေမိတယ်”
“ကိစ္စ မရှိပါဘူး... သူ့ကို လုပ်ခိုင်းထားလိုက်ပါ”
ယဲ့ဖုန်း သည် ဆက်သွယ်ရေး အမိန့်တော်ကို ပိတ်လိုက်ကာ ကျောက်စိမ်းပြာကျောက်တုံး ပေါ်တွင် အေးအေးလူလူ လှဲလျောင်းနေ၏။ သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ လေဓာတ် ဝိညာဉ် စွမ်းအား (၅) ခု ထွက်ပေါ်လာပြီး သူ၏ အောက်ရှိ ကျောက်တုံးဝိညာဉ်ကို ဆက်လက် ပြုစုပျိုးထောင်ပေးနေသည်။
“ဂိုဏ်းချုပ်... ကျွန်တော် အသွင်ပြောင်းတော့မယ် ထင်တယ်”
ကျောက်တုံးဝိညာဉ် ၏ အသံမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
ယဲ့ဖုန်း က အံ့အားသင့်သွားကာ -
“ကျောက်တုံးလေး... မင်း သေချာလို့လား”
”ဟုတ်ကဲ့”ကျောက်တုံးဝိညာဉ် က ယုံကြည်ချက် အပြည့်ဖြင့် ဖြေကြားလိုက်၏။ ဤသည်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း သည် လက်ချောင်းများဖြင့် တွက်ချက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်၏
သည်။ ထို့နောက် သူက လက်ကို ဆန့်ထုတ်ကာ လက်ဖဝါးပေါ်တွင် ဝေဝါးသော လူရုပ်တစ်ခုကို ဖန်တီးလိုက်ပြီး မေးလိုက်၏။
“မင်း ပြောချင်တာက ဒါမျိုးကို ပြောတာလား”
“ဟုတ်ကဲ့”
ကျောက်တုံးဝိညာဉ် က ပြောလိုက်သည်။
နောက်တစ်ခဏတွင် ကျောက်စိမ်းပြာကျောက်တုံး မှာ အနည်းငယ် တုန်ခါသွားကာ မျက်နှာပြင်မှ ဝိညာဉ်စွမ်းအင်များ စီးထွက်လာသည်။ စွမ်းအင်များက လေထဲတွင် ဝေဝါးသော လူရုပ်တစ်ခုအဖြစ် စုစည်းလာကာ ပုံသဏ္ဌာန် အပြည့်အဝ ပေါ်ထွက်လာတော့မည့် အနေအထားသို့ ရောက်ရှိသွား၏။ သို့သော်လည်း လေတစ်ချက် အဝှေ့တွင် ထိုလူရုပ်မှာ ပြန့်ကျဲ ပျောက်ကွယ်သွားတော့သည်။
“ဟာ... ကျွန်တော် ထပ်ပြီး ရှုံးနိမ့်သွားပြန်ပြီ”
ကျောက်တုံးဝိညာဉ် က အနည်းငယ် စိတ်ပျက်သွားသည့်အသွင် ပေါ်နေ၏။
ထိုအခါ၊ ယဲ့ဖုန်း က ကျောက်စိမ်းပြာကျောက်တုံး ၏ မျက်နှာပြင်ကို ပွတ်သပ်လိုက်ကာ ရှင်းပြလိုက်သည်။
“မင်း အခု လုပ်လိုက်တာကို စိတ်ကူးယဉ် အသွင်ပြောင်းခြင်း လို့ ခေါ်တယ်... တကယ့် အသွင်ပြောင်းခြင်း ဖြစ်ဖို့ဆိုတာ အဝေးကြီး လိုသေးတယ်”
“အဲဒီလိုလား ခင်ဗျာ ”
ကျောက်တုံးဝိညာဉ် မှာ ဇဝေဇဝါ ဖြစ်နေကာ နားမလည်နိုင်ဘဲ ရှိနေသဖြင့် တစ်ဦးဦးက သင်ကြားပေးရန် လိုအပ်နေ၏။
“အသွင်ပြောင်းဖို့ဆိုတာ နေနဲ့ လ ရဲ့ အနှစ်သာရတွေကို အမြဲ စုပ်ယူနေရမယ်... သဘာဝတရား ရဲ့ ဝိညာဉ်စွမ်းအင်တွေကိုလည်း ရယူရမယ်... ဒါက အရမ်း ရှည်လျားတဲ့ ခရီးစဉ် တစ်ခု ဖြစ်လိမ့်မယ်”
ယဲ့ဖုန်း သည် ကျောက်စိမ်းပြာကျောက်တုံး ပေါ်တွင် လှဲလျောင်းလျက်...
လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အထက် ကောင်းကင်ယံတွင် မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။ ထိုမြင်ကွင်းထဲတွင်တော့ ဝမ်ရွှမ်ဖင်း မှာ စာရွက်စာတမ်းကို ကိုင်ဆောင်လျက် စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာပေးကို မြင်တွေ့လိုက်ရ၏။
“ဝမ်ရွှမ်ဖင်း ... ... …”
“မြင့်မြတ်သော နတ်ဘုရား ပုံစံ ရဲ့ အေးခဲချိန် ကုန်ဆုံးဖို့ လဝက်လောက် လိုသေးတယ် ။ မင်း နောက်ထပ် ဘာတွေ ဆက်လုပ်မလဲဆိုတာ ငါ တကယ်ပဲ သိချင်နေမိတယ်”
ယဲ့ဖုန်း ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။
သစ်ပင်နတ်ဆိုး မျိုးနွယ်စု ၊ ဦးချို မွှေးပွ မျိုးနွယ်စု နှင့် နတ်ဆိုးဘုရားကျောင်း တို့ထံမှ ခြိမ်းခြောက်မှုများမှာ ခေတ္တခဏ အလှမ်းဝေးနေသေးသဖြင့် သူသည် ဝမ်ရွှမ်ဖင်း ၏ အောက်ခြေ အခြေအနေကို စမ်းသပ်ရန်နှင့် သူမ၏ တကယ့် ရည်ရွယ်ချက်မှာ အဘယ်နည်း ဆိုသည်ကို သိရှိရန်အတွက် အချိန်ပေးနိုင်ပေသေးသည်။
ထိုအခါမှသာ နွယ်ပင်ကို ဆွဲပြီး ဖရုံသီးကို ရှာနိုင်မည် မဟုတ်ပါလော။
---
အခန်း (၅၄၆) - ဝိညာဉ်ဝါးမြိုမျိုးနွယ်စု၏ ကောက်ကျစ်သော အတွေးများနှင့် တဖြည်းဖြည်း မဲ့ရွဲ့လာသော အပြုံး
~ဝမ်ရွှမ်ဖင်းသည် သူမ၏ အခန်းသို့ ပြန်ရောက်လာခဲ့၏။
သူမသည် အခန်းတွင်းရှိ ဝင်္ကပါကို အသက်သွင်းလိုက်ပြီးနောက် စိတ်ထဲ၌ ကိန်းအောင်းနေသော ဒေါသအဟုန်များကို ပေါက်ကွဲစေလျက် စာပွဲခုံကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ အစိတ်စိတ်အမွှာမွှာ ကြေမွသွား၏။ ၎င်းနောက်မှသာ သူမသည် စာရွက်စာတမ်းကို ဖွင့်ကာ ပါဝင်သည့် အချက်အလက်များကို ကြည့်ရှုလိုက်၏။
ခဏအကြာတွင်။
ဝမ်ရွှမ်ဖင်းသည် ကျယ်လောင်စွာ ဆဲရေးလိုက်တော့သည်။
“ဒေါင်းဇားတွေ... ဒီအလုပ်တွေကို ငါ့ကို တကယ်ပဲ လုပ်ခိုင်းတာလား”
စာရွက်ပေါ်တွင် ရေးသားထားသော တာဝန်များမှာ အလွန်ပင် ထူးဆန်းလှ၏။ ၎င်းတို့သည် နွားချေးကျုံးခြင်း ၊ နွားနို့ညှစ်ခြင်း နှင့် ကြက်ဥကောက်ခြင်းကဲ့သို့ အခြေခံအလုပ်များလောက် မဟုတ်သော်လည်း အချိန်အတော်ပေးရသည့် အလုပ်များ ဖြစ်နေသည်။
ဥပမာအားဖြင့် -
စီနီယာအစ်ကိုကြီး ရှီလေ့ကို ကူညီပြီး အပြာရောင် အုတ်ခဲပေါင်း (၃,၀၀၀,၀၀၀) ကျော်ကို သယ်ယူရန်။
အုတ်ခဲပေါင်း (၁,၀၀၀,၀၀၀) ကို ကိုယ်တိုင် ဖုတ်ရန်။
ဝိညာဉ်ဆေးပင်ပေါင်း (၃၀,၀၀၀) ကို စိုက်ပျိုးရန်။
ဝိညာဉ်ဆေးပင် စိုက်ခင်းအတွက် မြေပြင်ကို ထွန်ယက်ရန်။
အစ်ကိုကြီး ခေါင်းပြားနှင့် တိုက်ခိုက်ရန် (မိမိဆန္ဒအလျောက်) ။
...
“ငါလို အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်က ဒီလို အလုပ်မျိုးတွေကို လုပ်ရမယ် ဟုတ်လား... ဟား... ... ...”
ဝမ်ရွှမ်ဖင်းသည် သူမ၏ အခန်းအတွင်း၌ ဟိုဟိုဒီဒီ လျှောက်လှမ်းနေမိ၏။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူမ၏ တာဝန်အတွက် မိုင်ပေါင်း ထောင်ချီဝေးသော ရေပေါ်ဖြူမြို့တော် ၏ အပျက်အစီးများရှိရာသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်ရတော့သည်။
အချိန်ကာလများ ပြောင်းလဲလာတော့၏။
တစ်ချိန်က ပျက်စီးနေသော အဆောက်အဦးများ ရှိခဲ့သည့် နေရာမှာ ယခုအခါ ဗိသုကာပညာရှင် ရှီလေ့၏ ပြုပြင်မွမ်းမံမှုကြောင့် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ဆေးဘက်ဝင် စိုက်ခင်းကြီးအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ ယဲ့ဖုန်းသည်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ထိုနေရာသို့ အကြိမ်အနည်းငယ် သွားရောက်ခဲ့ဖူး၏။
သူသည် လေဝိညာဉ် ပုလဲလုံး အတွင်း၌ စုစည်းထားသော ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများကို အသုံးပြုကာ ထိုနယ်မြေကို ပြုပြင်ပြောင်းလဲပေးခဲ့ပြီး ဆေးဘက်ဝင် စိုက်ခင်း၏ ဗဟိုချက်၌ အသေးစား ဝိညာဉ်သွေးကြော (၃) ခုကို ဖန်တီးပေးခဲ့သည်။ ဤ ဝိညာဉ်ချီ ပမာဏမှာ ဆေးဘက်ဝင် စိုက်ခင်းကြီး တစ်ခုလုံး လည်ပတ်ရန်အတွက် လုံလောက်၏။
ဝမ်ရွှမ်ဖင်းသည် ကောင်းကင်ယံထက်၌ ရပ်လျက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ ဆေးဘက်ဝင် စိုက်ခင်းများမှာ ဗဟိုချက်၌ ရှိနေပြီး မိုင်ပေါင်းများစွာ ရှည်လျားကာ ၎င်းကို တည်ဆောက်ဆဲဖြစ်သော ဧရာမ အုတ်တံတိုင်းကြီးများဖြင့် ဝန်းရံထား၏။
“ဒါကြောင့်လည်း အုတ်ခဲတွေ အများကြီး လိုနေတာကိုး”
ဝမ်ရွှမ်ဖင်းသည် သဘောပေါက်သွားတော့သည်။ သူမသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ ဒုတိယမျိုးဆက် တပည့်များကို လမ်းညွှန်ပေးနေသော ရှီလေ့ကို တွေ့လိုက်ရသဖြင့် ဦးညွှတ်ကာ ပြောလိုက်၏။
“စီနီယာအစ်ကိုကြီး... ကျွန်တော် အုတ်ခဲသယ်ဖို့ ရောက်လာပါပြီ ခင်ဗျာ”
သူမအနေဖြင့် ဆန္ဒမရှိသော်လည်း ဤသို့သာ ပြောဆိုလိုက်ရသည်။
“ညီလေး... မင်း လာကူညီတာ အရမ်းကောင်းတာပဲ”
ရှီလေ့မှာ အလွန်ပင် ဝမ်းသာသွားကာ ဝမ်ရွှမ်ဖင်း ကမ်းပေးသော စာရွက်စာတမ်းကို လှန်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် ဝေးကွာသော အရပ်ရှိ အုတ်ဖုတ်ရာ နေရာကို လက်ညှိုးညွှန်ပြလိုက်သည်။
“ဟိုနေရာကို သွားပြီးတော့ မြေတူးပြီး အုတ်ဖုတ်လိုက်ပါ”
“ဟုတ်ကဲ့ပါ ခင်ဗျာ”
ဝမ်ရွှမ်ဖင်းသည် လိမ်လိမ်မာမာဖြင့်ပင် အမိန့်ကို နာခံလိုက်သော်လည်း သူမ၏ စိတ်ထဲ၌မူ ဆဲရေးနေမိတော့၏။
ကျင့်ကြံသူ တစ်ဦးအနေဖြင့် သူမသည် လက်ကို ညစ်ပတ်အောင် လုပ်စရာ မလိုဘဲ မန္တန်များကို အသုံးပြုကာ ကိရိယာများကို ထိန်းချုပ်လျက် အုတ်ဖုတ်နိုင်၏။ ဤနည်းလမ်းဖြင့် တစ်နေ့လျှင် အုတ်ခဲပေါင်း (၂၀၀,၀၀၀) မှ (၃၀၀,၀၀၀) ခန့်အထိ ဖုတ်ရန်မှာ သူမအတွက် ပြဿနာ မဟုတ်ပေ။
သူမ၏ အလုပ်မှာ မြန်ဆန်လှသော်လည်း ဝမ်ရွှမ်ဖင်းမှာတော့ မပျော်ရွှင်နိုင်ပေ။ သူမသည် မိမိကိုယ်ကိုယ် အချိန်ဖြုန်းနေသည်ဟုသာ အမြဲ ခံစားနေရသည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူမအနေဖြင့် မည်သည့် လျှို့ဝှက်ချက်ကိုမျှ ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။
မြူခိုးတောင်ထိပ် ထက်၌မူ။
ယဲ့ဖုန်းသည် အုတ်ဖုတ်နေခြင်း ၊ အုတ်သယ်ခြင်းနှင့် ဆေးဘက်ဝင် စိုက်ခင်း၏ တံတိုင်းများကို တည်ဆောက်နေသော ဝမ်ရွှမ်ဖင်းကို ကြည့်ကာ တိတ်တဆိတ် ရယ်နေ၏။
'ဒီလူက ဝိညာဉ်ဝါးမြိုမျိုးနွယ်စု က လာတာပဲ။ သူ့အကြောင်းကို ပိုသိအောင် ဘယ်လို လုပ်ရမလဲ ။'
သူသည် ချက်ချင်းပင် တွက်ချက်ကြည့်ချင်နေမိ၏။ သို့သော်လည်း တွက်ချက်နေစဉ်အတွင်း ဝိညာဉ်ဝါးမြိုမျိုးနွယ်စု က သတိပြုမိသွားမည်ဆိုလျှင် ၎င်းမှာ မကောင်းနိုင်ပေ။
'ထားလိုက်ပါတော့... ဘာကို ကြောက်နေရမှာလဲ။ ငါ ဖြေရှင်းလို့ မရတဲ့ ပြဿနာနဲ့ ကြုံရင် ယွီကျူး ကို အကူအညီ တောင်းလို့ ရတာပဲ။ ယွီကျူး က ကျောင်းယန် ရှေးဟောင်းသူတော်စင် ရဲ့ နောက်ဆုံး တပည့်ပဲလေ။ ငါ့နောက်မှာ သူတော်စင် တစ်ပါး ရှိနေတာဆိုတော့ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု လည်း ကြောက်မှာ သေချာပါတယ် ။'
ထိုသို့ တွေးတောရင်းဖြင့် ယဲ့ဖုန်းသည် ဟောကိန်းထုတ်ခြင်း အတတ်ကို စတင်လိုက်တော့၏။ သူသည် လက်ချောင်းများကို မန္တန်အသွင် ပုံဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ဉာဏ်အလင်းပွင့် နှလုံးသား မှာ ချက်ချင်း အသက်ဝင်လာတော့သည်။
လေထဲတွင်၊ ဝမ်ရွှမ်ဖင်း၏ ဆံပင်တစ်ပင်မှာ ပျံဝဲနေ၏။ ၎င်းမှာ ယဲ့ဖုန်းက မည်သူမျှ မသိအောင် လျှို့ဝှက်စွာ ရယူထားခြင်း ဖြစ်၏။ တွက်ချက်မှုများ တိုးတက်လာသည်နှင့်အမျှ ထိုဆံပင်မှာ ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အဆက်မပြတ် တွန့်လိမ်နေတော့သည်။
“ဝှစ်... ... ...”
ထူးဆန်းသော ရေပတ်သံများ ထွက်ပေါ်လာ၏။ ယဲ့ဖုန်းသည် မြူခိုးများအတွင်း၌ ထူးဆန်းသော ပုံရိပ်များ ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။ ၎င်းမှာ ကျုံးယွမ် မြို့ ရှိ ပျက်စီးနေသော ဘုရားကျောင်း ပျက်တစ်ခုပင် ဖြစ်သည်။
မှောင်ရီပျိုးချိန်၌၊
ထူးဆန်းသော လူရိပ်တစ်ခုမှာ ဖြူဖျော့သော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ မိန်းကလေး အသံတစ်ခုဖြင့် ဝမ်ရွှမ်ဖင်းကို လမ်းညွှန်မှု ပေးနေ၏။ သို့သော်လည်း အချိန်ကာလများ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ယဲ့ဖုန်းမှာ အလွန်အမင်း ကြည်လင်ပြတ်သားစွာ မကြားနိုင်ပေ။
ခဏအကြာတွင် ဝမ်ရွှမ်ဖင်းမှာ ထွက်ခွာသွားခဲ့၏။ ထိုမြင်ကွင်းထဲ၌ ဆန်းကြယ်သော မိန်းကလေး၏ အသံမှာ တဖြည်းဖြည်း ကြည်လင်လာကာ ယဲ့ဖုန်းသည် နောက်ဆုံးတွင် သေသေချာချာ ကြားလိုက်ရတော့သည်။
“နောက်ဆုံးတော့ မြူခိုးဂိုဏ်း ထဲကို သူလျှို တစ်ယောက် ထည့်နိုင်ခဲ့ပြီပဲ။ ဒါဆိုရင်တော့ မြူခိုးဂိုဏ်း နဲ့ မြောက်ဟေး ဧကရာဇ် ကြားက ဆက်ဆံရေးကို သေသေချာချာ စုံစမ်းလို့ ရမှာပေါ့”
“အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်မယ်ဆိုရင် ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို တန်ပြန်နိုင်မယ့် နည်းလမ်းကို ငါတို့ ရှာတွေ့လိမ့်မယ်။ အဲဒါဆိုရင်တော့ ငါတို့ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု အတွက် မဟာ အောင်မြင်မှုကြီး တစ်ခု ရမှာပဲ”
ဒီစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်းက မျက်မှောင်ကြုတ်လိုက်မိ၏။
ကြည့်ရတာ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု က ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်နေခြင်း ဖြစ်ရမည်။ သို့သော်လည်း ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို တန်ပြန်ရန်မှာ မလွယ်ကူပေ။
ယဲ့ဖုန်းသည် တစ်ခါက တွက်ချက်ဖူးသည့် အတွေ့အကြုံအရ ထို နတ်ဘုရားစွမ်းရည် မှာ ရန်သူ၏ ဝိညာဉ်ကို တိုက်ရိုက် ပစ်မှတ်ထားနိုင်သဖြင့် ရှောင်လွှဲရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ၎င်းကို တန်ပြန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ရိုက် တောင့်ခံခြင်းသာ။
ခဏအကြာတွင် ယဲ့ဖုန်းသည် တွက်ချက်မှုများကို ဆက်လက် လုပ်ဆောင်လိုက်ပြန်၏။ လမ်းဘေး၌ ဆန်းကြယ်သော မိန်းကလေးက ဝမ်ရွှမ်ဖင်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သည့် မြင်ကွင်းကို မြင်လိုက်ရသည့် အချိန်မှသာ သူသည် ရုတ်တရက် သဘောပေါက်
သွားတော့သည်။
“အော်... ဒါကြောင့်ကိုး။ ဝမ်ရွှမ်ဖင်း ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာက မိန်းကလေး ဝိညာဉ် တစ်ခု ဖြစ်နေတာကိုး ။ အခုမှပဲ ငါ သဘောပေါက်သွားတော့တယ်... သူ့ကို ဘယ်လိုမျိုး ရွံရှာအောင် လုပ်ရမလဲဆိုတာ ငါ သိပြီ”
ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် မဲ့နောက်နောက် အပြုံးတစ်ခု တဖြည်းဖြည်း ပျံ့နှံ့ရိုက်ခတ်သွားတော့၏။ ဆံပင်တစ်ပင်တည်းဖြင့် သူသည် နောက်ထပ် အချက်အလက်များစွာကို မတွက်ချက်နိုင်သော်လည်း ဝမ်ရွှမ်ဖင်းသည် ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ၏ သူလျှို ဖြစ်ကြောင်းနှင့် သူမ၏ မူလ ဇစ်မြစ်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို ကိုင်တွယ်ရသည်မှာ များစွာ ပိုမို စိတ်ဝင်စားစရာ ကောင်းလာတော့ပေမည်။
“မိန်းကလေး တစ်ယောက် ဖြစ်ပြီးတော့ အမျိုးသား ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတယ်ပေါ့လေ
”ယဲ့ဖုန်းသည် အားပါးတရ ဟားတိုက်လိုက်သည်။
“နောက်ကျရင်တော့ မင်းကို ငါ ဘယ်လို ကစားမလဲဆိုတာ စောင့်ကြည့်လိုက်စမ်းပါဦး”...
*
ရေပေါ်ဖြူမြို့တော် ၏ ဝိညာဉ်ဆေးပင် စိုက်ခင်းဝယ်၊
ရက်ပေါင်း (၇) ရက်အတွင်းမှာတင် ဝမ်ရွှမ်ဖင်းသည် အုတ်ခဲပေါင်း တစ်သန်းကို ဖုတ်ခဲ့ပြီး ၊ မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များကို စိုက်ပျိုးခဲ့သလို ၊ (၅) မီတာ ခန့် ထူပြီး (၁၀) မီတာ ခန့် မြင့်မားသော အုတ်တံတိုင်းကြီး တစ်ခုကိုလည်း သူမ တစ်ကိုယ်တည်း တည်ဆောက်ခဲ့ရသဖြင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေတော့သည်။
“ဒါက တကယ်ပဲ လူလုပ်ရမယ့် အလုပ် မဟုတ်ဘူး”
ဝမ်ရွှမ်ဖင်းသည် သူမ၏ အသက်ကို လုရှူရင်း ရေရွတ်လိုက်မိ၏။ အကယ်၍ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ၏ မဟာ ရည်မှန်းချက်ကြီးသာ မရှိခဲ့လျှင် သူမသည် ဤနေရာ၌ အောက်ကျနောက်ကျ အလုပ်လုပ်နေလိမ့်မည် မဟုတ်ပေ။
“ညီလေး ဝမ်... မင်းမှာ တာဝန်အသစ် ရှိတယ်နော်”
ထိုအခိုက်အတန့်၌ ရှီလေ့သည် ဝမ်ရွှမ်ဖင်း၏ နောက်ကျောသို့ ဆင်းသက်လာရာ သူမမှာ အသားထဲကပင် တုန်သွားရပြီး သူမ၏ မျက်ဝန်းထဲမှ ထိတ်လန့်သွားသော အရိပ်အယောင်များကို ဖုံးကွယ်ရန်အတွက် ခေါင်းကို အမြန်ငုံ့လိုက်ရ၏။
“စီနီယာအစ်ကိုကြီး... ကျွန်တော့်မှာ ဘာတာဝန်သစ်တွေ ရှိလို့လဲ ခင်ဗျာ”
ဝမ်ရွှမ်ဖင်းက သူမ၏ အသံကို တည်ငြိမ်အောင် ထိန်းကာ ကပျာကယာ မေးမြန်းလိုက်ရသည်။
“ဒီစာရွက်ထဲမှာ ရေးထားတဲ့အတိုင်း လုပ်ရုံပါပဲ။ တာဝန်တွေ ပြီးသွားရင်တော့ မင်းအနေနဲ့ ဂိုဏ်းချုပ်ဦးလေး ရဲ့ မျက်နှာသာပေးတာကို ခံရမှာ သေချာတယ်ကွ”
ရှီလေ့သည် ဝမ်ရွှမ်ဖင်း၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်၏။
ရှီလေ့၏ လက်ကို ကြည့်ကာ ဝမ်ရွှမ်ဖင်း၏ မျက်လုံးများထဲတွင် ရွံရှာသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူမ၏ ခန္ဓာကိုယ်ကို အမျိုးသားတစ်ဦးက သိမ်းပိုက်ထားသည် ဆိုဦးတော့ သူမ၏ ဝိညာဉ်မှာ မိန်းကလေး တစ်ဦးသာ ဖြစ်၏။ အခြားသော အမျိုးသားတစ်ဦး၏ ထိတွေ့ခြင်းကို ခံရသည်မှာ သူမအတွက်တော့ တကယ့်ကို စိတ်ပျက်စရာပင်။
သူမသည် ရှီလေ့ပေးသော စာရွက်စာတမ်းကို ယူလိုက်ကာ လူသူမရှိသော ထောင့်တစ်နေရာသို့ သွားပြီး ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။
“ဟား... ... ...”
စာရွက်ပေါ်တွင် ရေးသားထားသော တာဝန်များကို မြင်လိုက်ရသောအခါ ဝမ်ရွှမ်ဖင်းမှာ ဒေါသကြောင့် ပေါက်ကွဲထွက်ချင်သွားရတော့သည်။
မစင်များ သိမ်းဆည်းရန် ၊ မြောင်းများ ဖောက်ရန် ၊ ဝက်မများ သားဖွားပြီးနောက်တွင် ပြုစုရန် ၊ ရေပေါ်ဖြူမြို့တော် ရှိ မိဘမဲ့ဂေဟာမှ ကလေးငယ်များ၏ အဝတ်အစားများကို လဲပေးရန်။
အဆိုးဝါးဆုံး အချက်မှာ ဝက်မများ မိတ်လိုက်ရာတွင် ကူညီပေးရမည်ဟူသော အချက်ပင်။
“ဒါတွေက ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေလဲ”
ဝမ်ရွှမ်ဖင်း၏ တည်ငြိမ်မှုများမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့၏။ သူမသည် စာရွက်စာတမ်းကို ဆွဲဖြဲပစ်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ အကြည့်များမှာ စူးရှသွားကာ ဆေးဘက်ဝင် စိုက်ခင်းအတွင်း၌ တစ်ဦးတည်း လမ်းလျှောက်နေသော ယဲ့ဖုန်းကို တွေ့လိုက်ရသည်။
“ယဲ့ဖုန်း”
ဝမ်ရွှမ်ဖင်း၏ မျက်လုံးများမှာ ဝင်းလက်သွားတော့၏။
အကယ်၍ မင်းနေပြည်တော်ရှိ တိုက်ပွဲမတိုင်မီကဆိုလျှင် သူမသည် ယဲ့ဖုန်းအနားသို့ ချဉ်းကပ်ရန် ဝံ့ရဲမည် မဟုတ်ပေ။ အကြောင်းမူကား သူသည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အထွတ်အထိပ် ၌ ရှိသူကိုပင် ခြေထောက်တစ်ချက် ဆောင့်ရုံဖြင့် နင်းချေနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများ ရှိခဲ့သောကြောင့်ပင်။
သို့သော်လည်း ယခုအခါ ယဲ့ဖုန်းသည် ကျင့်ကြံခြင်း အဆင့်များ အားလုံး ဆုံးရှုံးနေပြီ ဖြစ်ရာ တစ်ဦးတည်း ရှိနေသော သူ့အနားသို့ ချဉ်းကပ်ရန်အတွက် ဒါက အကောင်းဆုံး အခွင့်အရေး ဖြစ်၏။
“ဝှစ်... ... ...”
ဝမ်ရွှမ်ဖင်းသည် ပေါက်ပြားတစ်ခုနှင့် ဝိညာဉ်ဆေးပင် ပျိုးပင်အချို့ကို ယူလိုက်ကာ ၎င်းတို့ကို စိုက်ပျိုးမည့်ဟန်ဖြင့် ဟန်ဆောင်လျက် ယဲ့ဖုန်းနှင့် မတော်တဆ တွေ့ဆုံရန်အတွက် စနစ်တကျ အကွက်ချလိုက်တော့သည်။ သို့သော်လည်း သူမ မသိလိုက်သည်မှာ ဤ မတော်တဆ တွေ့ဆုံမှု မှာ ယဲ့ဖုန်းက တမင်တကာ စီစဉ်ထားခြင်း ဖြစ်နေခြင်းပင် ဖြစ်၏။
“ဝိညာဉ်ဆေးပင်တွေ စိုက်နေတာလား”
ယဲ့ဖုန်းသည် ဝမ်ရွှမ်ဖင်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ခင်ဗျာ”
ဝမ်ရွှမ်ဖင်းသည် ယဲ့ဖုန်းကို ကြည့်ကာ သူမဘက်မှ စတင်၍ ချဉ်းကပ်လိုက်သည်။
“တပည့် ဝိညာဉ်ဆေးပင်တွေ စိုက်နေတာပါ။ ဒါပေမဲ့ ခုနတင်ပဲ စီနီယာအစ်ကိုကြီး ဆီကနေ တာဝန်အသစ်တစ်ခု ရရှိထားလို့ အဲဒါကို လုပ်ဖို့ ပြင်နေတာပါ ခင်ဗျာ”
သူမသည် တာဝန်စာရွက်ကို ယဲ့ဖုန်း၏ လက်ထဲသို့ အမြန်ပင် ကမ်းပေးလိုက်၏။
“ဒီတာဝန်တွေကတော့... တကယ့်ကို စိန်ခေါ်မှု ရှိတာပဲ ”
ယဲ့ဖုန်းက စာရွက်ကို ကြည့်ဟန်ဆောင်လိုက်သော်လည်း တကယ်တော့ ထိုတာဝန်အားလုံးကို သူ ကိုယ်တိုင် စီစဉ်ခဲ့ခြင်းပင် ဖြစ်သည်။
ယဲ့ဖုန်းသည် ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် စကားလမ်းကြောင်းကို ပြောင်းလဲလိုက်၏။
“ဒါပေမဲ့ မင်းက ယောက်ျားတစ်ယောက်ပဲလေ။ ခက်ခဲတဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်မှသာ ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်မှာပေါ့။ မှတ်ထားပါ... ယောက်ျားဆိုတာ အခက်အခဲတွေကို တောင့်ခံတတ်ရမယ်။ မင်းရဲ့ စိတ်ဓာတ်တွေ ကြံ့ခိုင်လာပြီဆိုရင်တော့ ငါ ကိုယ်တိုင် မင်းရဲ့ ကျင့်ကြံခြင်းတွေကို လမ်းညွှန်ပေးမယ်”
“တကယ်လား ခင်ဗျာ”
ဝမ်ရွှမ်ဖင်းသည် စိတ်လှုပ်ရှားဟန် ဆောင်လိုက်ကာ -
“ဒါဆိုရင် တပည့်အနေနဲ့ အဲဒီ အစွမ်းထက်လှတဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့ ကျင့်စဉ်တွေကို သင်ယူခွင့် ရနိုင်မလား ခင်ဗျာ”
“ရတာပေါ့... မင်းသာ အခက်အခဲတွေကို တောင့်ခံနိုင်မယ်ဆိုရင် ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ၊ အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ နဲ့ ရှစ်ပါးသော အင်မော်တယ်များ ပင်လယ်ကို ဖြတ်ကျော်ခြင်း လိုမျိုး နတ်ဘုရားစွမ်းရည်တွေကို ငါ ကိုယ်တိုင် လက်ထပ်သင်ကြားပေးမယ် ”
ယဲ့ဖုန်းက တည်ကြည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်တော့သည်။
---