← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃) - မိုးကြိုးသားရဲ ပေါက်စလေးအား ယဉ်ပါးစေခြင်း ၊ ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟော နှင့် ဟောကိန်းထုတ်ခြင်း အတတ်

~ယဲ့ဖုန်းက ဟူဖေးဖေးကို လက်ယမ်းပြလိုက်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။

“မင်းသမီးလေး... ငါနဲ့ လိုက်ခဲ့... ရတနာတစ်ခု တွေ့ထားတယ်”

“ကောင်းပါပြီ ရှင် ”

ဟူဖေးဖေးက ယဲ့ဖုန်း၏ နောက်မှ ကပ်၍ လိုက်လာလေသည်။

ဝေးကွာသော အရပ်မှ လေဝူ ဧကရာဇ်သည် အနားသို့ အလွန်အမင်း တိုးကပ်ရန် မဝံ့ရဲပေ။ အဆင့်ချိုးဖြတ်ပြီးနောက် ဟူဖေးဖေးသည် ပိုမို ကြောက်စရာကောင်းလာကာ နက်နဲသော အရှိန်အဝါများ ထွက်ပေါ်နေသည်ဟု သူ ခံစားနေရသောကြောင့် ဖြစ်၏။

ချိုင့်ဝှမ်းတစ်ခုအတွင်း၌၊

ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

“ဝူး... အော... ... ...”

မိုးကြိုးသားရဲ ပေါက်စလေးတစ်ကောင်မှာ မြေပြင်ပေါ်၌ လဲလျောင်းလျက် သနားစရာကောင်းသော အသံဖြင့် အော်ဟစ်နေ၏။ ၎င်း၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေပြီး လမ်းပျောက်နေသည့်အလား ဘေးပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်နေ၏။ ၎င်း၏ ပုံသဏ္ဌာန်မှာ ကိတ္တိယသားရဲနှင့် ဆင်တူလှသည်။

သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်မှာ အပြာနှင့် အဖြူရောင်စပ်ထားပြီး ဖောင်းဖောင်းအိအိ ရှိလှကာ မွေးကင်းစ ခွေးပေါက်လေးတစ်ကောင်၏ အရွယ်အစားမျှသာ ရှိ၏။

“ဝူး... အော ”

မိုးကြိုးသားရဲလေးက ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

၎င်း၏ ခန္ဓာကိုယ်ပတ်လည်၌ မိုးကြိုးများ ဝေ့ဝဲနေပြီး ခပ်ဖွဖွ လှုပ်ရှားလိုက်ရုံဖြင့်ပင် အနားရှိ မြက်ပင်နှင့် သစ်ပင်များကို ပြာဖြစ်သွားစေနိုင်၏။ ၎င်းသည် ဝိညာဉ်ပင်လယ်အဆင့် နှင့် ညီမျှသော မိစ္ဆာဘုရင် အဆင့် ရှိသဖြင့် မိုးတိမ်တောင်တန်း ၏ ထိပ်တန်း တည်ရှိမှုတစ်ခုပင် ဖြစ်တော့သည်။

“ကလေးလေး... မင်း အမေကို ရှာနေတာလား”

ယဲ့ဖုန်းက သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ မိုးကြိုးသားရဲ၏ လည်ပင်းကို ဆွဲမလိုက်ပြီး ပြုံးလျက် မေးမြန်းလိုက်၏။

“ဝူး... အော ”

မိုးကြိုးသားရဲ ပေါက်စလေးမှာ သူ၏ ခြေလက်များကို ကျုံ့ထားလျက် အလွန်ပင် ကြောက်လန့်နေသည့်အသွင် ရှိပြီး မျက်ရည်များ ဝိုင်းနေသော မျက်လုံးကြီးနှစ်လုံးဖြင့် တောင်းပန်နေသည်။ သို့သော်လည်း ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ ၎င်းမှာ မျက်တောင်တခတ်ခတ် ဖြစ်သွားပြီး မိမိရှေ့မှောက်ရှိ ပုဂ္ဂိုလ်အပေါ် တစ်စုံတစ်ရာ ရင်းနှီးမှုကို ခံစားလိုက်ရ၏။

“မြောင်... မြောင်”

“ငါက မင်းအမေ မဟုတ်ဘူးနော်”

“ဝူး... အော... မြောင်... မြောင်”

“ငါ တကယ် မင်းအမေ မဟုတ်ပါဘူးဆို”

ယဲ့ဖုန်း၏ နှုတ်ခမ်းဖျားမှာ တုန်ခါသွားတော့သည်။ သူ၏ အရာရာကို ပုံဖော်နိုင်သော မျက်လုံး ဖြင့် ကြည့်လိုက်သောအခါ ဤ မိုးကြိုးသားရဲလေးမှာ မိုးတိမ်တောင်တန်း ၏ မိုးတိမ်များမှတစ်ဆင့် သဘာဝအလျောက် ဖြစ်တည်လာသော သတ္တဝါလေးဖြစ်ပြီး မိဘဟူ၍ မရှိကြောင်း သူ ရှာဖွေတွေ့ရှိလိုက်၏။

၎င်းမှာ မွေးဖွားလာခဲ့သည်မှာ မကြာသေးသဖြင့် ဇဝေဇဝါ ဖြစ်နေခြင်းသာ ဖြစ်၏။

၎င်းသည် ယဲ့ဖုန်းထံမှ ရင်းနှီးသော အရှိန်အဝါတစ်ခုကို အာရုံခံမိသဖြင့် ယဲ့ဖုန်းကို ၎င်း၏ မိခင်ဟု မှားယွင်းစွာ ယူဆနေခြင်းပင်။ ဤသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်းမှာ သနားကရုဏာ သက်မိသွားရသည်။

“ငါ မင်းအမေ မဟုတ်တာတော့ အမှန်ပဲ... ဒါပေမဲ့ အခုကစပြီး မင်း ငါ့နောက်ကို လိုက်လို့ ရပါတယ် ”

ယဲ့ဖုန်း၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာ၏။

ပါရမီ မဆိုးလှသော မိုးကြိုးသားရဲလေးကို အလကားရလိုက်ခြင်းမှာ တကယ်ကို မဆိုးလှပေ။

“ဝူး... အော ”

ယဲ့ဖုန်းက ခေါ်သွားမည်ဟု ပြောလိုက်သဖြင့် မိုးကြိုးသားရဲလေးမှာ ယဲ့ဖုန်း၏ လက်ဖဝါးကို ချော့မော့၍ လျှာဖြင့် လျက်ပေးနေသည်။

“ကလေးလေး... အငြိမ်နေနော်... ဟုတ်ပြီလား ”

ယဲ့ဖုန်းသည် ပြုံးရွှင်သော မျက်နှာဖြင့် မိုးကြိုးသားရဲ၏ ဦးခေါင်းကို ပွတ်သပ်လိုက်ရာ ၎င်းက မည်သို့မျှ ခုခံခြင်း မရှိသဖြင့် သိမ်းသွင်းခြင်း လုပ်ငန်းစဉ်ကို လွယ်ကူစွာပင် အဆုံးသတ်လိုက်တော့၏။

“ဝူး... အော ”

နတ်ဆိုးသားရဲဆောင် ၏ ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်လာပြီးနောက် မိုးကြိုးသားရဲလေးမှာ ယဲ့ဖုန်းနှင့် ပိုမို ရင်းနှီးသွားခဲ့၏။ ၎င်းသည် ယဲ့ဖုန်း၏ ပုခုံးပေါ်သို့ ခုန်တက်လိုက်ကာ ဝေးကွာသော အရပ်ဆီသို့ ဟိန်းဟောက်သံ တစ်ချက် ပေးလိုက်သည်။

“သွားကြစို့... ငါတို့ ပြန်ကြရအောင်”,

ယဲ့ဖုန်းသည် မိုးကြိုးသားရဲလေးကို ခေါ်ဆောင်ကာ ဟူဖေးဖေးနှင့်အတူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လူရိပ်တစ်ခုမှာ အဝေးမှနေ၍ သူတို့ဆီသို့ ပျံသန်းလာ၏။

“ဂိုဏ်းချုပ် ယဲ့... တကယ့်ကို တိုက်ဆိုင်လိုက်တာနော် ”

လေဝူ ဧကရာဇ်သည် ပြုံးရွှင်သော မျက်နှာဖြင့် ယဲ့ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

“အို... လေဝူ ဧကရာဇ် ပါလား ။ မင်းကြီးကလည်း ဒီဘက်ကို ရောက်နေတာလား”

“ဟုတ်ပါတယ်... ကျုပ် ဒီနားကနေ ဖြတ်သွားတာပါ “

“တကယ့်ကို တိုက်ဆိုင်တာပဲနော်”

“ဟုတ်ပါတယ်... တိုက်ဆိုင်လွန်းပါတယ် ။ ဒါနဲ့... ဂိုဏ်းချုပ် ယဲ့ အနေနဲ့ ကျုပ်တို့ရဲ့ နန်းတော်မှာ ခဏလောက် ထိုင်ပါဦးမလား “

“ရတာပေါ့... သွားကြတာပေါ့ ”

ယဲ့ဖုန်းနှင့် လေဝူ ဧကရာဇ်တို့သည် သရုပ်ဆောင်ကောင်းများပီပီ စကားများကို ဖလှယ်လိုက်ကြ၏။

စင်စစ်အားဖြင့် ယဲ့ဖုန်းသည် လေဝူ ဧကရာဇ် အနားမှာ ရှိနေသည်ကို သိနေသည်မှာ ကြာပါလေပြီ။

လေဝူ ဧကရာဇ်ကသာ ယဲ့ဖုန်း သိနေသည်ကို မသိရှိခြင်း ဖြစ်၏။ မကြာမီမှာပင် သူတို့ သုံးဦးမှာ ထိုနေရာမှ ထွက်ခွာသွားကြတော့သည်။

...

လျောင် မိစ္ဆာ နိုင်ငံတော် ။

လီကျောက်ခွန်နှင့် သူ၏ အဖော်များသည် နောက်ဆုံးတွင် ထိုနေရာသို့ ရောက်ရှိလာခဲ့ကြတော့၏။

ဤအတောအတွင်း လီကျောက်ခွန်သည် စစ်မြေပြင်များကို ဖြတ်သန်းခဲ့ကာ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ၏ အခြေစိုက်စခန်းဟောင်းများကို ရှာဖွေတွေ့ရှိခဲ့သလို များပြားလှသော မိစ္ဆာချီ များကိုလည်း စုပ်ယူနိုင်ခဲ့၏။

ထို့အပြင် အစ်ကိုကြီး ခေါင်းပြား ၊ ဝမ်ဖင်းအန်း ၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့၏ အကူအညီဖြင့် ရှေးဟောင်း ရတနာများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့သဖြင့် တကယ့်ကို ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့ခြင်းပင်။

“မိစ္ဆာချီ တွေ ထွက်လာစမ်း”

လီကျောက်ခွန်က သူ၏ လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံ၌ များပြားလှသော မိစ္ဆာချီများ ပေါ်ထွက်လာ၏။ ၎င်းတို့မှာ အမျှင်တန်းပေါင်း သောင်းနှင့်ချီ၍ ရှိနေ၏။

“ဒီလောက် များပြားတဲ့ မိစ္ဆာချီ တွေနဲ့ဆိုရင် ငါ အဆင့်မြင့်တဲ့ တွက်ချက်မှုတွေကို လုပ်ဖို့ လုံလောက်သွားပြီ ”

လီကျောက်ခွန်က ရယ်လျက် ပြောလိုက်သည်။

“ဟိုမှာ ကြည့်စမ်း... ငါတို့ ရှေ့မှာ လျောင် မိစ္ဆာ နိုင်ငံတော် ရှိနေပြီ။ ငါတို့ အဲဒီမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ကြမလား ။ အဲဒါက စီနီယာမမ လျောင် ရဲ့ နေရပ်ပဲလေ ။ ငါတို့မှာလည်း သူတို့ရဲ့ အမှတ်အသား တံဆိပ်တွေ ရှိနေတာဆိုတော့ လွတ်လွတ်လပ်လပ် သွားလို့ရမှာပါနော် ”

ဟု ဝမ်ဖင်းအန်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။

လုံထျန်းရှင်းက ခေါင်းညိတ်လိုက်ကာ -

“ပြဿနာ ရှိမှာ မဟုတ်ပါဘူး”

“သွားကြစို့... ငါတို့ရဲ့ လေ့ကျင့်မှုကို ဆက်လုပ်ကြတာပေါ့”

“ကောင်းပြီလေ ”

သူတို့ (၄) ဦးသည် အစ်ကိုကြီး ခေါင်းပြားနှင့်အတူ ခရီးဆက်ခဲ့ကြ၏။

မကြာမီမှာပင်၊ တစ်နေရာရာရှိ မြေအောက်ခန်းအတွင်း၌ ထူးဆန်းသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ ခြောက်ကပ်နေသော လူအိုကြီးတစ်ဦးသည် ခေါင်းတလားအတွင်းမှ တွားသွား၍ ထွက်လာသည်။

“ဟဲဟဲ... နောက်ဆုံးတော့ ငါ နာလန်ထူနိုင်ခဲ့ပြီပေါ့”,

ခြောက်ကပ်နေသော ထိုလူအိုကြီးမှာ မြေပြင်ပေါ်သို့ တက်လာကာ လတ်ဆတ်သော လေထုကို ရှူရှိုက်လိုက်၏။ သူ၏ အရေပြားများမှာ ပြန်လည် စေ့စပ်လာကာ သွေးသားများ ဖြစ်တည်လာပြီး ဖြည်းဖြည်းချင်း မီးခိုးရောင်ဆံပင်ရှိသော လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူ ငြိမ်သက်စွာ ရပ်နေစဉ်မှာပင် သူ၏ ရှည်လျားလှသော ဆံပင်များမှာ အလိုအလျောက် ကျွတ်ထွက်သွားတော့၏။

“ဟာ... ငါ့ဆံပင်တွေ ”

လူငယ်က သက်ပြင်းချလိုက်သည်။

အကယ်၍ စက္ကူယပ်တောင် သခင်လေးသာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် အလွန်ပင် ထိတ်လန့်သွားမည်မှာ သေချာလှ၏။ ထိုစဉ်က ရှေ့ဖြစ်ဟော မျိုးနွယ်စု ၏ အဖွဲ့ခွဲအသီးသီးသည် ရှန်ကျိုးတိုက်ကြီး အတွင်းသို့ အစွမ်းထက် ပညာရှင်များစွာ စေလွှတ်ခဲ့ကြရာ ဤလူငယ်မှာလည်း တစ်ဦးအပါအဝင် ဖြစ်သည်။

သို့သော်လည်း စက္ကူယပ်တောင် သခင်လေးက သူ့ကို လုပ်ကြံကာ ပြိုင်ဘက်ကို ဖယ်ရှားလိုက်သဖြင့် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၏ မိုင်ပေါင်း တစ်သိန်းပတ်လည်အတွင်းရှိ ကိစ္စအဝဝကို စီမံခွင့် ရရှိသွားခဲ့ခြင်းပင်။

သို့သော်လည်း ဤပုဂ္ဂိုလ်မှာ အပြည့်အဝ ပျက်စီးသွားခြင်း မရှိပေ။ သူသည် လျှို့ဝှက် မန္တန်တစ်ခုကို အသုံးပြုကာ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ပြီးနောက် မြေအောက် နက်ရှိုင်းသော အရပ်၌ မိမိကိုယ်ကိုယ် မြှုပ်နှံထားခဲ့ကာ ယနေ့မှသာ ပြန်လည် နိုးထလာခဲ့ခြင်း ဖြစ်သည်။

“စက္ကူယပ်တောင် ရှေ့ဖြစ်ဟော... မင်း စောင့်နေလိုက်စမ်းပါဦး ”

လူငယ်က အေးစက်စွာ လှောင်ပြောင်လိုက်ကာ သူ၏ လက်ကို မြှောက်လိုက်ရာ သူ၏ လက်ဖဝါးပေါ်တွင် ရွှေရောင် ခေါင်းလောင်းလေးတစ်ခု ပေါ်ထွက်လာ၏။ ၎င်းအတွင်း၌ များပြားလှသော မိစ္ဆာချီ များကို တံဆိပ်ခတ်နှိပ်ထားလေသည်။

သူ့အမည်မှာ “ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟော” ပင် ဖြစ်၏။

ရုတ်တရက် ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟော သည် တစ်စုံတစ်ရာသော အရပ်ဆီသို့ အကြည့်ပို့လွှတ်လိုက်ရာ သူ၏ မျက်သူငယ်အိမ်များ ကျုံ့သွားတော့၏။

“ငါ ရှေ့ဖြစ်ဟော မျိုးနွယ်စု ရဲ့ အလွန် သန့်စင်တဲ့ အရှိန်အဝါတစ်ခုကို ခံစားနေရတယ်... ဖြစ်နိုင်တာက... စက္ကူယပ်တောင် ရှေ့ဖြစ်ဟော က ငါ့ကို သတ်ဖို့ လာနေတာလား”

ဒါက ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟော ကို တုန်လှုပ်သွားစေ၏။ သို့သော်လည်း မကြာမီမှာပင် သူ၏ မျက်မှောင်ကြုတ်ထားမှုများ ပြေလျော့သွားကာ လှောင်ပြောင်လိုက်သည်။

“ကြည့်ရတာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် လောက်ပဲ ရှိတဲ့သူပဲ ။ ငါ့ရဲ့ ဝိညာဉ်ပင်လယ်အဆင့် ရှေ့မှာ မင်းက ဘာမို့လို့လဲ ။ မင်းကို အရင်သတ်ပြီးတော့ ငါ့အတွက် ခွန်အားတွေ ဖြည့်တင်းရမှာပေါ့”

“ဝှစ်”

ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟော သည် ထိုအရှိန်အဝါရှိရာဆီသို့ လိုက်လံ ခြေရာခံလိုက်တော့သည်။

ထိုအရပ်မှာတော့ လီကျောက်ခွန်နှင့် သူ၏ အဖွဲ့သားများ ရှိနေသည့် နေရာပင် ဖြစ်၏။

လျောင် မိစ္ဆာ နိုင်ငံတော် အတွင်း၌ ။

မိုင်ပေါင်း ရာနှင့်ချီ၍ ကျယ်ဝန်းသော မြို့ကြီးတစ်မြို့ ရှိသည်။

လီကျောက်ခွန်သည် ဆိုင်ခန်းတစ်ခု၌ ထိုင်နေကာ သူ၏ ရှေ့တွင်တော့ “တွက်ချက်ပေးသည်... လုံးဝ ယုံကြည်စိတ်ချရသည်” ဟူသော စာတန်းကို ချိတ်ဆွဲထားလေ၏။

“ဒီမောင်လေးက တော်တော် ချောတာပဲနော်”

“မောင်လေး... မမ စိတ်ထဲမှာ ဘယ်သူ့ကို လွမ်းနေသလဲဆိုတာ တွက်ပေးနိုင်မလား ဟင်”

“မောင်လေး... မင်းရဲ့ ခေါင်းက အရမ်း ပြောင်တာပဲ ။ မမ တစ်ချက်လောက် ကိုင်ကြည့်လို့ ရမလား ။ မင်းရဲ့ ဆံပင်ပုံစံ ပျက်သွားမှာကိုတော့ မစိုးရိမ်နဲ့နော်”

လီကျောက်ခွန်က ဆိုင်ဖွင့်လိုက်သည်နှင့် တပြိုင်နက် လူအမြောက်အမြားမှာ စုပြုံတိုးဝှေ့ ရောက်ရှိလာကြ၏။

အစ်ကိုကြီး ခေါင်းပြားမှာတော့ သူ၏ ရိုးစင်းလှသော အသွင်အပြင်ကြောင့် လူတိုင်း၏ လျစ်လျူရှုခြင်းကို ခံထားရသည်။

သို့သော်လည်း လုံထျန်းရှင်း ၊ ဝမ်ဖင်းအန်း ၊ ချောင်ကျားရှီး နှင့် လီကျောက်ခွန် တို့ (၄) ဦးလုံးမှာ ရုပ်ချောချော ကောင်လေးများ ဖြစ်ကြသဖြင့် အလွန်ပင် ရေပန်းစားနေကြလေသည်။

“တွက်ချက်မှု တစ်ကြိမ်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးရပါမယ် ။ ခက်ခဲတဲ့ မေးခွန်းတွေဆိုရင်တော့ ထပ်တိုး ပေးရပါလိမ့်မယ် ”

လီကျောက်ခွန်က ပြောလိုက်၏။

“အဲဒီလောက်တောင် ဈေးကြီးတာလား”

“ထားလိုက်တော့... မတွက်တော့ဘူး ”

လူအများမှာ ချက်ချင်းပင် လူစုခွဲသွားကြတော့သည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ အံ့ဩစရာကောင်းလောက်အောင် လှပသည့် မိန်းကလေးငယ်လေးတစ်ဦး ဆိုင်ရှေ့တွင် ထိုင်ချလိုက်ကာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ချထားလိုက်ပြီး ပြောလိုက်၏။

“ဒီသခင်မလေးရဲ့ စေ့စပ်ထားတဲ့သူ ဘယ်တော့ သေမလဲဆိုတာကို တွက်ပေး”

သူမ စကားပြောလိုက်သည်နှင့် တပြိုင်နက် တစ်ပတ်ဝန်းကျင်လုံး ဆွံ့အသွားကြရတော့သည်။ လူတိုင်းမှာ ထိုမိန်းကလေး၏ စကားကြောင့် ကျောရိုးထဲအထိ စိမ့်သွားကြရသည်။

“ဒီမိန်းမနဲ့ လက်ထပ်တဲ့လူကတော့ ကျိန်စာမိမှာ သေချာတယ်”

“ဟဲဟဲ... သူက ငါ့ရဲ့ စေ့စပ်ထားတဲ့သူ မဟုတ်လို့ တော်သေးတာပေါ့”

ရှိနေသမျှသော လူတိုင်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြကာ ထိုမိန်းကလေးနှင့် အနားသို့ မကပ်ဝံ့ကြပေ။ ၎င်းတို့မှာ ကံဆိုးမှုများ ကူးစက်လာမည်ကို ကြောက်ရွံ့နေကြသည့်အလားပင်။

“ကျွန်တော် တွက်ပေးနိုင်ပါတယ်”

လီကျောက်ခွန်သည် ဝိညာဉ်ကျောက်တုံး ကို မကိုင်ဘဲ သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ မိစ္ဆာချီ (၁၀) ခုကို ထုတ်လွှတ်လိုက်၏။ သူသည် လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ ထိုမိန်းကလေး၏ ဆံပင်တစ်ပင်ကို နှုတ်ယူလိုက်ပြီး မိစ္ဆာချီ များအတွင်းသို့ ပစ်ထည့်လိုက်သည်။

“ဝှစ် ”

မိစ္ဆာချီ များသည် ဆံပင်ကို ပျော်ဝင်သွားစေကာ လည်ပတ်လာတော့သည်။ ဘေးပတ်ဝန်းကျင်မှ လူများမှာ အံ့အားသင့်စွာ ကြည့်နေကြစဉ်မှာပင် မိစ္ဆာချီ များမှာ ရှေးဟောင်း စာသားတစ်ကြောင်းအဖြစ် စုစည်းသွားတော့၏။ ၎င်းမှာ စာသားဖြစ်ကြောင်း သိသော်လည်း မည်သည့်အဓိပ္ပာယ်လဲဆိုသည်ကို မည်သူမျှ မသိသဖြင့် ဆွံ့အလျက်သာ ကြည့်နေကြရ၏။

“ကျွန်တော် ကြည့်လိုက်ပါဦးမယ်...”

လီကျောက်ခွန်သည် ထိုစာသားကို ကြည့်လိုက်ရာ ရုတ်တရက် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

သူ၏ နှုတ်ထွက်စကားကြောင့် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရတော့၏။

“ခင်ဗျားရဲ့ စေ့စပ်ထားတဲ့သူက ဒီနေ့ပဲ သေတော့မှာပါ ”။

---

အခန်း (၅၅၄) - ဟေဟွမ်းဆောင်၏ အရှင်သခင် ၊ တိကျသော တွက်ချက်မှုနှင့် ဖမ်းဆီးခံလိုက်ရသော တုန်းချန်

~ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။ ရှိနေသမျှသော လူတိုင်းမှာ မျက်လုံးများ ပြူးကျယ်သွားကြကာ မယုံနိုင်လောက်အောင် ဖြစ်နေကြ၏။

မိန်းကလေးငယ်၏ မျက်ဝန်းများမှာ ဝင်းလက်သွားကာ ပြောလိုက်သည်။

“တော်လိုက်တာ... တကယ်ကို တော်တာပဲ... မင်းရဲ့ တွက်ချက်မှုက တကယ့်ကို ကွက်တိပါပဲ”

ဤသည်ကို ကြားလိုက်ရသောအခါ လူတိုင်းမှာ ထိုမိန်းကလေးကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ ဤမိန်းကလေးက သူမ၏ စေ့စပ်ထားသူ သေမည့်ကိစ္စကို သိနေသည်လား။

လီကျောက်ခွန် က ခေါင်းညိတ်လိုက်ကာ ပြောလိုက်၏။

“ကျွန်တော့်မှာ ရွေးချယ်စရာ မရှိပါဘူး... ကျွန်တော့်ရဲ့ တွက်ချက်မှုသာ မမှားဘူးဆိုရင် ခင်ဗျားရဲ့ စေ့စပ်ထားတဲ့သူဟာ ဒီနေ့ ဒီလမ်းကနေ ဖြတ်သွားတဲ့အချိန်မှာ လုပ်ကြံခံရပြီး သေဆုံးသွားလိမ့်မယ်”

“မှန်တာပေါ့” မိန်းကလေးက ရယ်လိုက်ကာ - “မင်းပြောတာ မှန်တယ်... သူ့ကို သတ်မယ့် လူသတ်သမားကို ငါ ကိုယ်တိုင် ငှားထားတာလေ”

“ဟူး... ... ...”ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်းမှာ အသက်ကို ပြင်းပြင်းရှူလိုက်ကြရတော့၏။ မိန်းမစိတ် အဆိပ်အတောက် အပြင်းဆုံး ဟု ပြောစမှတ်ပြုကြသည်ကို ယခင်က သူတို့ မယုံကြည်ခဲ့ကြပေ။ မိန်းကလေးဟူသည် နူးညံ့သိမ်မွေ့သူ သို့မဟုတ် အေးစက်မြင့်မြတ်သူများသာ ဖြစ်မည်ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်၏။ သူတို့ ဤမျှအထိ ယုတ်မာနိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

အခုတော့ လူကိုယ်တိုင် မြင်တွေ့လိုက်ရပြီဖြစ်ရာ သူတို့၏ လောကအမြင်များမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ဤလောကကြီးတွင် တကယ့်ကို ရက်စက်ကြမ်းကြုတ်လှသော မိန်းကလေးများ ရှိနေသည်မှာ အမှန်ပင် ဖြစ်၏တကား။

“ဒေါက်... ဒေါက်... ဒေါက်... ... ...”

ထိုအခိုက်အတန့်၌ မြင်းခွာသံများမှာ အနားသို့ ချဉ်းကပ်လာသည်။ လူတိုင်းမှာ အသံလာရာဆီသို့ အကြည့်ပို့လွှတ်လိုက်ကြရာ မျက်နှာတွင် အမာရွတ်များရှိသည့် ကြမ်းတမ်းသော အမျိုးသားတစ်ဦးမှာ ဝိညာဉ်မြင်း တစ်ကောင်ကို အရှိန်အဟုန်ဖြင့် စီးနင်းလာသည်ကို မြင်တွေ့လိုက်ရ၏။ သူသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပထမအလွှာ (၁) ကျင့်ကြံခြင်း ရှိသူ ဖြစ်သည်။

“ငါ့ရဲ့ စေ့စပ်ထားတဲ့သူ ရောက်လာပြီ”

မိန်းကလေးက ခပ်တိုးတိုး ရေရွတ်လိုက်၏။

လူတိုင်းမှာ အသက်ရှူရန်ပင် မေ့လျော့နေကြသည်။ သူတို့သည် မြင်းစီးလာသူကို သတိပေးရန် သို့မဟုတ် တစ်စုံတစ်ရာ လုပ်ဆောင်ရန် မဝံ့ရဲကြပေ။ အချို့သော လူများ၏ မျက်လုံးထဲတွင်မူ မျှော်လင့်ချက် အရိပ်အယောင်အချို့ပင် ရှိနေသေး၏။

“ဟေ့ မိန်းမယုတ်... မင်း ဒီမှာ ရှိနေတာကိုး... ဒီဆောင်သခင်က မင်းကို အသည်းအသန် လိုက်ရှာနေတာ။ ဒီနေ့တော့ မင်းကို ဖမ်းမိရင်တော့ ငါ မင်းကို ကောင်းကောင်း မြတ်နိုးပေးရမှာပေါ့... ဟားဟားဟား” အမာရွတ်နှင့် အမျိုးသားမှာ မိန်းကလေးကို မြင်သည်နှင့် အားပါးတရ ဟားတိုက်လိုက်တော့သည်။

“ဒါ ဟေဟွမ်းဆောင် ရဲ့ ဆောင်သခင် ပဲ”

“ဒီ တဏှာရူးကြီး”

“ဒီလူက မိန်းမပျိုတွေကို ရက်ရက်စက်စက် ဖျက်ဆီးတတ်တာတဲ့... သူ လုပ်ဆောင်တဲ့ နည်းလမ်းတွေက အရမ်းကို ယုတ်မာလွန်းလို့ ဘယ်သူမှ သည်းမခံနိုင်ကြဘူး”

“ဒါပေမဲ့ ဒီလူက အရမ်း သန်မာတယ်လေ... ဒီမြို့ထဲမှာတော့ သူက ပြိုင်ဘက်ကင်းသလောက်ပဲ။ ဒီ စိတ်ထားကောင်းတဲ့ နတ်သမီးလေးက လူသတ်သမား ငှားထားတယ် ဆိုဦးတော့... ဟေဟွမ်းဆောင် သခင်ကို နှိမ်နင်းနိုင်ပါ့မလား မသိဘူး”

အချို့သော လူများက ထိုအမာရွတ်နှင့် အမျိုးသားကို မှတ်မိသွားကြသည်။

သူတို့သည် ထိုသူ၏ ယုတ်မာမှုအဖြာဖြာကို ဖွင့်ဟနေကြသလို ၊ လူသတ်သမား ငှားခဲ့သော မိန်းကလေးကိုလည်း သနားစရာ မျက်လုံးများဖြင့် ကြည့်နေကြ၏။

ယခင်ကတော့ သူမသည် ရက်စက်တတ်သူဟု ထင်ခဲ့ကြသော်လည်း အခုတော့ သူမကို ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးအလား လူတိုင်းက သတ်မှတ်လိုက်ကြတော့သည်။

“ရွှီး... ... ...”

ထိုအခိုက်အတန့်၌ မှောင်မည်းနေသော လမ်းကြားတစ်ခုအတွင်းမှ အနက်ရောင် ဝတ်စုံဝတ် လူသတ်သမား တစ်ဦး ရုတ်တရက် ခုန်ထွက်လာ၏။ သူသည်လည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ၏ အရှိန်အဝါများ ရှိနေကာ ထက်မြက်လှသော ဓားတစ်လက်ကို ကိုင်စွဲလျက် ဟေဟွမ်းဆောင် သခင် ဆီသို့ ထိုးနှက်လိုက်တော့သည်။

“ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် တတိယအလွှာ (၃) အထွတ်အထိပ် လောက်နဲ့ ငါ့ကို ရန်စရဲတယ်ပေါ့... မင်း ရှိနေတာကို ငါ မသိဘူး ထင်နေလား”

ဟေဟွမ်းဆောင် သခင်က အေးစက်စွာ လှောင်ပြောင်လိုက်၏။

“ဝုန်း... ... ...”

သူသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပဉ္စမအလွှာ (၅) အထွတ်အထိပ် ၏ အရှိန်အဝါများကို ရုတ်တရက် ထုတ်လွှတ်လိုက်ကာ သူ၏ ပြင်းထန်လှသော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်ရာ လူသတ်သမား၏ ဓားမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး ထိုသူ၏ ရင်ဘတ်ပေါ်သို့ တည့်တည့် ကျရောက်သွားတော့၏။

“ဖူး... ... ...”

လူသတ်သမားမှာ သွေးများ အန်ထုတ်လိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး နေရာမှာတင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပဉ္စမအလွှာ (၅) အထွတ်အထိပ် ပါလား”

လူသတ်သမား ငှားခဲ့သော မိန်းကလေး၏ မျက်နှာမှာ ဖြူဖျော့သွားတော့၏။

“အရင်က သူက စတုတ္ထအလွှာ (၄) မှာပဲ ရှိတာ မဟုတ်လား... ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ တိုးတက်သွားရတာလဲ”

“ဟဲဟဲ... မိန်းမယုတ်... မင်းက ဒီဆောင်သခင် ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ” ဟေဟွမ်းဆောင် သခင်က လှောင်ပြောင်လိုက်၏။

သူသည် ဘေးပတ်ဝန်းကျင်ကို အေးစက်စက် အကြည့်များဖြင့် ကြည့်လိုက်ရာ လူတိုင်းမှာ ကြောက်လန့်တုန်ရီကာ နောက်သို့ ဆုတ်ခွာသွားကြရပြီး သူ၏ အကြည့်ကိုပင် မရင်ဆိုင်ရဲကြပေ။

“အော်... ရှေ့ဖြစ်ဟောလား... မင်း တွက်ချက်တာ တကယ် မှန်မမှန် ငါ သိချင်နေမိတယ်”ဟေဟွမ်းဆောင် သခင်၏ အရှိန်အဝါများမှာ မြင့်တက်လာကာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပထမအလွှာ (၁) ၌သာ ရှိသေးသော မိန်းကလေးကို မြေပြင်ပေါ်သို့ ဖိနှိပ်ထားလိုက်သဖြင့် သူမမှာ မလှုပ်နိုင်တော့ပေ။

၎င်းနောက် သူသည် မိန်းကလေး၏ လည်ပင်းကို ဆွဲကိုင်လိုက်ကာ လီကျောက်ခွန် ကို ငုံ့ကြည့်ပြီး ပြောလိုက်၏။

“ကောင်လေး... ဒီဆောင်သခင် အတွက် တွက်ချက်ပေးစမ်း။ ငါ ဒီည မိန်းမလှလေး ဘယ်နှစ်ယောက်နဲ့ ပျော်ပါးရမလဲဆိုတာကိုပေါ့”

“ဒီ ကာမရူးကြီး”

ဟေဟွမ်းဆောင် သခင် ၏ တောင်းဆိုမှုကို ကြားလိုက်ရသောအခါ လူတိုင်းမှာ ဒေါသကြောင့် တုန်ရီနေကြရပြီး သူ့ကို တကယ့်ကို ရွံရှာနေကြတော့သည်။ လမ်းမထက်တွင် တဖြည်းဖြည်း တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွား၏။ လူတိုင်းမှာ အသက်ရှူရန်ပင် အောင့်ထားကြလျက် လီကျောက်ခွန် ကို စိုက်ကြည့်နေကြ၏။

“စိတ်မဝင်စားဘူး”

ထိုအခိုက်အတန့်၌ လီကျောက်ခွန် က စကားပြောလိုက်သည်။ သူ ဆိုင်ဖွင့်ကာ တွက်ချက်ပေးနေရခြင်း အကြောင်းအရင်းမှာ ကောင်းကင်နှင့် မြေပြင်ကြားရှိ ရတနာများကိုသာ တွက်ချက်နေရသည်မှာ ပျင်းစရာ ကောင်းသည်ဟု ထင်မြင်မိသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူသည် အခြားသူများအတွက် တွက်ချက်ပေးခြင်းဖြင့် သူ၏ ဟောကိန်းထုတ်ခြင်း အတတ် ကို ပိုမို တိုးတက်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။

သို့သော်လည်း ၎င်းမှာ သူသည် အလုပ်မှန်သမျှကို လက်ခံလိမ့်မည်ဟု မဆိုလိုပေ။

“စိတ်မဝင်စားဘူး ဟုတ်လား” ဟေဟွမ်းဆောင် သခင်က ယုတ်မာစွာ ပြုံးလိုက်ကာ -

“ဒါဆိုရင်တော့ ဒီဆောင်သခင်က မင်းကို သတ်ပစ်ရမှာပေါ့”

သူ့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပဉ္စမအလွှာ (၅) အထွတ်အထိပ် ၏ အရှိန်အဝါများ အားလုံးကို ထုတ်ဖော်လိုက်ပြီး လီကျောက်ခွန် ကို ရိုက်သတ်ရန် ပြင်လိုက်တော့၏။

“ရွှီး... ... ...”

ငွေရောင် လက်သည်း တစ်ခုမှာ ဟေဟွမ်းဆောင် သခင် ၏ ရင်ဘတ်ကို ထိုးဖောက် သွား၏။ သူသည် ခေါင်းငုံ့ကာ ကြည့်လိုက်သည်။ သူ၏ ရှေ့တွင်တော့ အရပ်မရှည်သော်လည်း အေးစက်စက် မျက်နှာထားရှိသည့် လုံထျန်းရှင်း ကို တွေ့လိုက်ရ၏။ ဤမျှ ပျော့ညံ့ပုံရသော လူငယ်လေး တစ်ဦးက သူ့ကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်လောက်အောင် ကြောက်စရာ ကောင်းနေမည်ဟု သူ လုံးဝ နားမလည်နိုင်တော့ပေ။

“ဝှစ်... ... ...”

လုံထျန်းရှင်း က သူ၏ လက်ကို ပြန်ရုတ်လိုက်၏။ သူ၏ အရှိန်အဝါမှာ တုန်လှုပ်ဖွယ်ရာ ကောင်းလှသလို သူ၏ လက်သည်းပေါ်တွင်လည်း သွေးတစ်စက်မျှ မကျန်ရစ်ပေ။

ဟေဟွမ်းဆောင် သခင် မှာမူ အသက်ကင်းမဲ့လျက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီ ဖြစ်သည်။

ရှိနေသမျှသော လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အသွားကြရတော့၏။

“အင်း... ငါ့ရဲ့ တွက်ချက်မှုက မဆိုးပါဘူး... တွက်ချက်ချက်က တကယ့်ကို မှန်တာပဲ။ မင်းရဲ့ စေ့စပ်ထားတဲ့သူက ဒီနေ့ သေကို သေရမှာလေ... ကြည့်စမ်း... အခု သူ တကယ်ပဲ သေသွားပြီ မဟုတ်လား”

ဤအခိုက်အတန့်၌ လီကျောက်ခွန် က တည်ငြိမ်စွာ ပြောလိုက်ပြီး မိန်းကလေးက စားပွဲပေါ်တွင် တင်ထားခဲ့သော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ကို ယူလိုက်သည်။ ထိုစကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ သေလောက်အောင် တိတ်ဆိတ်သွားတော့၏။

မိန်းကလေးမှာ မှင်သက်စွာ ရပ်နေမိပြီး ဘာပြောရမှန်းပင် မသိတော့ပေ။ သို့သော် ပြန်လည် စဉ်းစားကြည့်သောအခါ လီကျောက်ခွန် ၏ တွက်ချက်မှုမှာ တကယ့်ကို မမှားခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ သူမ၏ စေ့စပ်ထားသူမှာ သေဆုံးသွားခဲ့တော့၏ မဟုတ်ပါလား။ ဤတွက်ချက်မှုမှာ တကယ့်ကို တိကျလှသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

ဤအမှန်တရားကို သဘောပေါက်သွားသောအခါ မိန်းကလေးသည် မြေပြင်ပေါ်၌ ချက်ချင်း ဒူးထောက်ကာ လီကျောက်ခွန် နှင့် အခြားသူများကို ကျေးဇူးတင်စကား ဆိုလိုက်၏။

“ကျေးဇူးတင်ပါတယ် နတ်ဘုရားဆရာကြီး... ဟေဟွမ်းဆောင် သခင် ကို သတ်ဖြတ်ပြီး လူယုတ်မာကို ဆုံးမပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ... ကျွန်တော်တို့ရဲ့ ဂါရဝကို လက်ခံပေးပါဦး ခင်ဗျာ”

ဘေးပတ်ဝန်းကျင်မှ လူများမှာလည်း ရိုသေစွာဖြင့် ကျေးဇူးတင်စကားများ ဆိုလာကြတော့၏။

“ဒီလောက်အထိ အားနာနေစရာ မလိုပါဘူး ခင်ဗျာ... ကျွန်တော် ဒီဆိုင်ဖွင့်တာက လူတွေကို ကူညီဖို့အတွက်ပါ... ဒါပေမဲ့ ရှေ့ဖြစ်ဟော ခိုင်းမယ်ဆိုရင်တော့ ဝိညာဉ်ကျောက်တုံး တွေတော့ လိုအပ်ပါတယ်... တွက်ချက်ချင်တဲ့သူတွေ ရှိရင်လည်း လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ”

လီကျောက်ခွန် က လူအုပ်ကြီးကို ကြည်လင်စွာ ပြုံးပြလိုက်သည်။

“နတ်ဘုရားဆရာကြီး... ကျွန်တော် ဘယ်တော့ ချမ်းသာမလဲဆိုတာ တွက်ပေးပါဦး ခင်ဗျာ”

“နတ်ဘုရားဆရာကြီး... ကျွန်တော့်မိန်းမ ဗိုက်ထဲက ကလေးက ကျွန်တော့်သားလား... ဒါမှမဟုတ် အိမ်နီးချင်း အဘိုးကြီး ဝမ် ရဲ့ သားလားဆိုတာ တွက်ပေးပါဦး ခင်ဗျာ”

“နတ်ဘုရားဆရာကြီး... ကျွန်တော့်ကို... ... ...”

ဟေဟွမ်းဆောင် သခင် ၏ ကိစ္စပြီးနောက်တွင် မြို့အတွင်းရှိ ကျင့်ကြံသူများမှာ သတင်းကို ကြားသိသွားကြပြီး စုပြုံ ရောက်ရှိလာကြကာ ရှည်လျားသော တန်းကြီး ဖြစ်ပေါ်လာတော့သည်။

လီကျောက်ခွန် ၏ ဆိုင်မှာ ရုတ်တရက်ဆိုသလို လူစည်ကားသွားခဲ့ပြီ ဖြစ်၏။

ဝမ်ဖင်းအန်း ၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့မှာလည်း ခေါင်းညိတ်လိုက်ကြကာ လီကျောက်ခွန် ၏ စွမ်းဆောင်ရည်အပေါ် အံ့ဩမိသွားကြပြီး ငွေကြေးကိစ္စများကို ကူညီ ကိုင်တွယ်ပေးရန် ဘေးတွင် ထိုင်လိုက်ကြတော့၏။

...

တောင်ပိုင်းမြစ်ဝှမ်း ဒေသ ။

တုန်းချန် သည် လျူယွင်ဂိုဏ်း မှ ထွက်ခွာလာခဲ့ပြီး တောင်တန်းတစ်ခုအတွင်း၌ လေ့ကျင့်နေသည်။ သူ မသိလိုက်သည်မှာ ဤနေရာသည် ထျန်းကျီ စံအိမ် ၏ အဓိက အခြေစိုက်စခန်းနှင့် တိုက်တိုက်ဆိုင်ဆိုင် နီးကပ်နေခြင်းပင် ဖြစ်၏။ သူ ဤနယ်မြေအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မှောင်ရိပ်ခိုနေသော ကျူးယောင်ဖူ ၏ စောင့်ကြည့်ခြင်းကို ခံလိုက်ရတော့သည်။

“စံအိမ်သခင်... ဒီလူက လျူယွင်ဂိုဏ်း က တုန်းချန် ပါ... ပါရမီရှင် စာရင်းထဲမှာ ပါဝင်တဲ့လူပေါ့။ သူက တော်တော်လေး သန်မာပါတယ် ခင်ဗျာ။ သူ့ကို သိမ်းသွင်းလိုက်ရင် ကျွန်တော်တို့ ထျန်းကျီ စံအိမ် ရဲ့ အင်အားကို တိုးချဲ့တဲ့ နေရာမှာ အများကြီး အထောက်အကူ ဖြစ်စေမှာပါ ခင်ဗျာ”

ကျူးယောင်ဖူ က စက္ကူယပ်တောင် သခင်လေး ကို ချက်ချင်း ခေါ်ယူလိုက်၏။

မြက်ခင်းပြင်ပေါ်၌၊

စက္ကူယပ်တောင် သခင်လေး သည် ဝေးကွာသော အရပ်၌ ဝိညာဉ်ဆေးပင် ရှာဖွေနေသော တုန်းချန် ကို ကြည့်ကာ သူ၏ စက္ကူယပ်တောင်ကို ချက်ချင်း ပိတ်လိုက်ပြီး လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

“ဒီလူက မှော်ပညာနဲ့ ခန္ဓာကိုယ်ကို နှစ်မျိုးလုံး ကျင့်ကြံထားတာပဲ... သူက တော်တော်လေး သန်မာတယ်။ သူ့ကို နှိုင်းယှဉ်ကြည့်ရင် ရှောင်ဖန်းကူ ဆိုတာ အမှိုက်ထက် မပိုပါဘူး။ ဒီလို ပါရမီရှင်မျိုးကိုတော့ သေချာပေါက် သိမ်းသွင်းရမယ်”

“ဝုန်း... ... ...”

သူ့စကားပင် မဆုံးသေးမီမှာပင် စက္ကူယပ်တောင် သခင်လေး သည် ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှားလိုက်တော့သည်။ ဝိညာဉ်ပင်လယ်အဆင့် ၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ တုန်းချန် ကို မျက်တောင်တစ်ခတ်အတွင်း ဖိနှိပ်ထားလိုက်တော့၏။

“ဘယ်သူလဲ”

တုန်းချန် ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားကာ သူ၏ အာရုံအတိုင်း အကြည့်ပို့လွှတ်လိုက်ရာ သူ၏ ထံသို့ အေးအေးဆေးဆေး လျှောက်လှမ်းလာသော လူနှစ်ဦးကို မြင်တွေ့လိုက်ရသည်။

တစ်ယောက်မှာ စက္ကူယပ်တောင်လေးကို ခပ်ဖွဖွ ဝှေ့ယမ်းနေသော သခင်လေး တစ်ဦး ဖြစ်၏။

အခြား တစ်ယောက်မှာမူ ဝဖြိုးသော ကိုယ်ခန္ဓာနှင့် ဆံပင်ပါးပါးလေးသာ ရှိသည့် ၊ ရုပ်ရည်မှာလည်း ကြည့်ရဆိုးကာ တစ်ချက် ကြည့်လိုက်ရုံဖြင့် လူကောင်းတစ်ယောက် မဟုတ်ကြောင်း သိသာနေသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး။

“ငါက ထျန်းကျီ စံအိမ် ရဲ့ ဆောင်သခင် စက္ကူယပ်တောင် သခင်လေး ပဲ”

စက္ကူယပ်တောင် သခင်လေး က သူ၏ ယပ်တောင်ကို ဝှေ့ယမ်းလိုက်ကာ လက်နှစ်ဖက်ဖြင့် မန္တန်များကို ဖော်ဆောင်လိုက်ပြီး တုန်းချန် ၏ နဖူးအလယ်ကို လက်ညှိုးဖြင့် ထိလိုက်၏။ ၎င်းနောက်တွင်တော့ သူ၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားတော့၏။

“ဟူး... ... ...”

လျှပ်စစ်ဓာတ် အရှော့ရိုက်ခံလိုက်ရသကဲ့သို့ပင် စက္ကူယပ်တောင် သခင်လေး က သူ၏ လက်ကို ပြန်ရုတ်လိုက်ကာ -

“ဘုရားရေ... မင်းရဲ့ ဝိညာဉ်ပင်လယ်ထဲမှာ ရှေးဟောင်း ဝိညာဉ် နှစ်ခု ရဲ့ အကြွင်းအကျန်တွေ ရှိနေတာကိုး... တစ်ခုက မူလနတ်ဘုရား အဆင့် ရှိတဲ့ တန်ခိုးရှင်ကြီး ဖြစ်ပြီးတော့... နောက်တစ်ခုက ဝိညာဉ်ပင်လယ်အဆင့် ရှိတဲ့ မိစ္ဆာဘုရင် ပဲ”

“အော်... အဲဒါကြောင့်ကိုး။ မင်း ရုတ်တရက်ကြီး ဒီလောက် သန်မာလာတာ မထူးဆန်းတော့ပါဘူး” ကျူးယောင်ဖူ ကလည်း ဤစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

“ငါ့ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီ... အရာအားလုံး ကုန်ဆုံးသွားပြီ”တုန်းချန် ၏ မျက်နှာမှာ သေလူ တစ်ယောက်ကဲ့သို့ ဖြူဖျော့သွားတော့၏။

အကယ်၍သာ ဤကဲ့သို့သော အန္တရာယ်မျိုး ကြုံတွေ့ရမည်ကို ကြိုသိခဲ့လျှင် သူသည် အပြင်သို့ လုံးဝ ထွက်လာမည် မဟုတ်ပေ။

---

အခန်း (၅၅၅) - အဆိုးဘက်သို့ မကူးပြောင်းလိုသော တုန်းချန် ၊ ပေါက်ကွဲထွက်လာသော ပေါင်းစပ်ခြင်းနှင့် တုန်းယွမ်တုန်း

~“ငါ့ရဲ့ ထျန်းကျီ စံအိမ် ထဲကို ဝင်မယ်ဆိုရင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်”

စက္ကူယပ်တောင် သခင်လေး သည် သူ၏ ငှက်မွှေးယပ်တောင်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ကာ အရာရာကို သူ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိနေသကဲ့သို့ တည်ငြိမ်စွာ ပြောလိုက်၏။

တုန်းချန် ၏ ဝိညာဉ်ပင်လယ်အတွင်း၌ မူလနတ်ဘုရား အဆင့် နှင့် ဝိညာဉ်ပင်လယ်အဆင့် ရှိသော ရှေးဟောင်း ဝိညာဉ် အကြွင်းအကျန်များ ရှိနေသည် ဆိုဦးတော့ ၎င်းတို့မှာ အစအနများသာ ဖြစ်သဖြင့် အစွမ်း သိပ်မပြနိုင်ကြချေ။ စစ်မှန်သော ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သည့် သူ၏ ရှေ့မှောက်တွင်တော့ ခုခံနိုင်စွမ်း တစ်စက်မျှ ရှိလိမ့်မည် မဟုတ်ပေ။

“ထျန်းကျီ စံအိမ် ဆိုတာ ဘာလဲ”မိမိ၏ အသက်ကို ကယ်တင်ရန်အတွက် တုန်းချန် သည် အခြေအနေကို အရင်ဆုံး ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရန် ဆုံးဖြတ်လိုက်၏။ ၎င်းနောက်မှသာ မသိနားမလည်ဟန် ဆောင်ကာ လှည့်စားပြီး ထွက်ပြေးရန် သူ ကြံစည်ထားခြင်းပင်။

“ထျန်းကျီ စံအိမ် ဆိုတာ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်ပေးတဲ့ ဖုံးကွယ်နေတဲ့ အင်အားစု တစ်ခုပေါ့ ။ ငါကတော့ အဲဒီနေရာရဲ့ စံအိမ်သခင်ပဲ... ငါက အရာရာကို တွက်ချက်နိုင်စွမ်း ရှိတယ်လေ”

စက္ကူယပ်တောင် သခင်လေး က သူ၏ ယပ်တောင်ကို ဝှေ့ယမ်းလိုက်ကာ ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“အရာရာကို တွက်ချက်နိုင်တယ် ဟုတ်လား... တကယ့်ကို လေလုံးထွားလှချည်လား ”

တုန်းချန် ၏ နဖူးထက်မှ ခန့်ညားလှသော အသံကြီး တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ တုန်းတုန်းချန် စကားပြောလိုက်ခြင်းပင်။

“မှန်တယ်... တကယ့်ကို မောက်မာတဲ့ကောင်ပဲ ”မိစ္ဆာဘုရင် ဟူယွမ် ကလည်း မှတ်ချက်ပေးလိုက်၏။

တုန်းချန် ကတော့ ဘာစကားမှ မဆိုဝံ့ပေ။ သူ၏ ခွန်အားများမှာ များစွာ တိုးတက်လာခဲ့သည် ဆိုသော်လည်း သူ၏ စရိုက်မှာတော့ ကြောက်တတ် ရွံ့တတ်ဆဲပင် ဖြစ်ပါသည်။

ဝိညာဉ်ပင်လယ်အဆင့် ရှိသော စက္ကူယပ်တောင် သခင်လေး ကို ရင်ဆိုင်နေရသဖြင့် တုန်းချန် မှာ ခုခံရန် မဝံ့ရဲဘဲ အသက်ရှင်သန်ခွင့် ရရုံကိုသာ မျှော်လင့်နေမိတော့သည်။

“မောက်မာတယ် ဟုတ်လား ”စက္ကူယပ်တောင် သခင်လေး က တဟားဟား အော်ရယ်လိုက်၏။

“ဟားဟားဟား... ... ... ”

ကျူးယောင်ဖူ ကလည်း ဘေးမှနေ၍ အလိုက်သင့်ပင် အားပါးတရ ဟားတိုက်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း ”

စက္ကူယပ်တောင် သခင်လေး က ကျူးယောင်ဖူ ကို မျက်စောင်းထိုးလိုက်ပြီးနောက် တုန်းချန် ဘက်သို့ လှည့်ကာ -

“မင်း ငါ့ကို မယုံဘူးပေါ့ ဟုတ်လား”

“မင်းက ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲလေ... ကျင့်ကြံခြင်း အဆင့် ကလည်း သိပ်မမြင့်ဘဲနဲ့ ဒီလောက်တောင် လေလုံးထွားနေတာကို ငါတို့က ဘာလို့ ယုံရမှာလဲ ”

တုန်းတုန်းချန် က အေးစက်စွာ လှောင်ပြောင်လိုက်၏။

“ငါက ကြွားနေတယ်လို့ တကယ်ပဲ ထင်နေတာလား ”

စက္ကူယပ်တောင် သခင်လေး က တခိခိ ရယ်လိုက်ကာ -

“ဒါဆိုရင်တော့ မင်းတို့ရဲ့ အမြင်ကျယ်သွားအောင် ငါ ပြသပေးရမှာပေါ့”

သူ၏ လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ များပြားလှသော မိစ္ဆာချီ များ ပေါ်ထွက်လာတော့သည်။

“ဝှစ်... ... ...”

မိစ္ဆာချီ များမှာ အချင်းချင်း ပေါင်းစည်းသွားကြကာ ဝိုင်းစက်သော မှန်ပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက မြင်ကွင်းများကို ပြသလိုက်၏။

တုန်းချန် ၏ မျက်လုံးများမှတစ်ဆင့် ကြည့်ရှုနေသော တုန်းတုန်းချန် မှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မအောင့်နိုင်ဘဲ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။

ထိုမြင်ကွင်းထဲ၌...

မူလနတ်ဘုရား အဆင့် ရှိသော တန်ခိုးရှင်ကြီး နှစ်ဦးမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး စစ်မြေပြင်၏ ဗဟိုချက်မှာ ကျောက်မဲ ကန္တာရ ၏ အထက်၌ ရှိနေ၏။ ထိုတိုက်ပွဲကြောင့်ပင် စည်ပင်ဝပြောလှသော လွင်ပြင်ကြီးမှာ သုသာန်တစပြင်အလား ကန္တာရကြီးအဖြစ် ပြောင်းလဲသွားခဲ့ရခြင်းပင်။

နောက်ဆုံးတွင်တော့ မူလနတ်ဘုရား အဆင့် ရှိသော တန်ခိုးရှင် တစ်ဦးမှာ ရေပေါ်ဖြူမြို့တော် ၏ အနောက်ဘက် မိုင်ပေါင်းများစွာ ဝေးကွာသော ထိုက်ယွဲ့တောင်တန်း ၏ အရှေ့ဘက် အစွန်အဖျား၌ မြှုပ်နှံခံလိုက်ရ၏။

အကယ်၍ ယဲ့ဖုန်း သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ၎င်းမှာ လီကျောက်ကျောက် ၏ နေရပ်ဖြစ်သော မြောင်းလင်းကျေးရွာ ဖြစ်ကြောင်း ချက်ချင်း မှတ်မိပေလိမ့်မည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မင်းနဲ့ နောက်ထပ် မူလနတ်ဘုရား အဆင့် ရှိတဲ့သူ တစ်ယောက် သေလုအောင် တိုက်ခိုက်ခဲ့တဲ့ အသေးစိတ် အဖြစ်အပျက်ကို ငါ တွက်ချက်ပြပြီးပြီ။ အခုထိ ငါ တွက်ချက်လို့ မရဘူးလို့ ပြောချင်သေးလား”

စက္ကူယပ်တောင် သခင်လေး က သူ၏ ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ပုံရိပ်များ ပျောက်ကွယ်သွားတော့၏။

တုန်းတုန်းချန် မှာ အချိန်အတော်ကြာ ဆွံ့အသွားရပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

“ကောင်းတယ်... အရမ်းကောင်းတာပဲ ။ တုန်းချန်... အခုချက်ချင်း ဒီလူရဲ့ ထျန်းကျီ စံအိမ် ထဲကို ဝင်လိုက်စမ်း”

“ ဗျာ ”

တုန်းချန် မှာ မှင်သက်သွားရ၏။

ခုနတင်ပဲ စက္ကူယပ်တောင် သခင်လေး ကို လေလုံးထွားနေသည်ဟု ထင်ခဲ့သော တုန်းတုန်းချန် ကိုယ်တိုင်ကပင် ယခုမူ ထျန်းကျီ စံအိမ် ထဲသို့ ဝင်ရန် တိုက်တွန်းနေသည် မဟုတ်ပါလား ။

ဒါက တကယ့်ကို ကွာခြားလွန်းလှ၏။

“ဒီလူရဲ့ ဟောကိန်းထုတ်ခြင်း အတတ် က တကယ့်ကို ထူးကဲလှတာပဲ... ချီးကျူးစရာ ကောင်းတယ် ။ တုန်းချန်... ထျန်းကျီ စံအိမ် ကို ဝင်လိုက်တာက လျူယွင်ဂိုဏ်း မှာ နေတာထက် အဆပေါင်းများစွာ ပိုကောင်းလိမ့်မယ်”

မိစ္ဆာဘုရင် ဟူယွမ် ကလည်း စတင် ဖျောင်းဖျလာတော့သည်။

“ငါ့ရဲ့ ထျန်းကျီ စံအိမ် ကို ဝင်ပါ... ဟောကိန်းထုတ်ခြင်း အတတ် ကို သင်ယူပြီးရင် မင်းအနေနဲ့ ကောင်းကင်နဲ့ မြေပြင်ကြားက ရတနာတွေ ရှိတဲ့ နေရာတွေကို တွက်ချက်နိုင်လိမ့်မယ် ။ မင်းရဲ့ ကျင့်ကြံခြင်း အဆင့် တိုးတက်လာဖို့ဆိုတာ အချိန်ပိုင်း ကိစ္စပဲ ရှိတော့မှာပါ ”စက္ကူယပ်တောင် သခင်လေး ကလည်း ဆက်တိုက်ဆိုသလို စည်းရုံးလိုက်၏။

“ကောင်းပါပြီ... ကျွန်တော် ဝင်ပါ့မယ် ”တုန်းချန် က ခေါင်းညိတ်လိုက်သည်။

“ပြတ်သားတဲ့ ဆုံးဖြတ်ချက်ပဲ ”စက္ကူယပ်တောင် သခင်လေး သည် စိတ်ထဲမှနေ၍ ဝမ်းသာသွားတော့သည်။

သူ၏ အမြင်တွင်တော့ တုန်းချန် မှာ စစ်မှန်သော ပါရမီရှင် တစ်ဦးပင် ဖြစ်၏။ သူ့ကို ထျန်းကျီ စံအိမ် ထဲသို့ ခေါ်ယူနိုင်ခြင်းမှာ ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်ပါလား။

“အခုကစပြီး မင်းက ငါတို့ ထျန်းကျီ စံအိမ် ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပြီ။ ငါတို့က ပုံမှန်အားဖြင့်တော့ မှောင်ရိပ်ထဲမှာ ပုန်းအောင်းနေပြီး တဖြည်းဖြည်း သန်မာအောင် လုပ်ဆောင်ကြရမယ် ။ ငါတို့ တကယ် တိုးတက်လာပြီဆိုရင်တော့ အဲဒီ ရွံစရာကောင်းတဲ့ မြူခိုးဂိုဏ်း ကို အမြစ်ပြတ် သုတ်သင်ပစ်မယ် ။ ပြီးမှ တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံးကို အုပ်စိုးကြတာပေါ့”

စက္ကူယပ်တောင် သခင်လေး က သူ၏ ယပ်တောင်ကို ဝှေ့ယမ်းလိုက်ကာ အေးစက်စက် မျက်နှာထားဖြင့် ဆိုလိုက်သည်။

“ဘာ... မြူခိုးဂိုဏ်း ကို ရန်မူရမယ် ဟုတ်လား ”တုန်းချန် ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့၏။

“မလုပ်နိုင်ဘူး... ကျွန်တော် ထျန်းကျီ စံအိမ် ထဲကို မဝင်တော့ဘူး”

“ဘာဖြစ်လို့လဲ ”စက္ကူယပ်တောင် သခင်လေး ၏ မျက်နှာမှာ အေးစက်သွားတော့၏။

“ကျွန်တော် မြူခိုးဂိုဏ်း ကို ရန်မစချင်ဘူး ”

တုန်းချန် က အကြိမ်ကြိမ် ခေါင်းခါယမ်းပြလိုက်၏။

သူ စကားပြောပြီးသည်နှင့် တပြိုင်နက် တုန်းတုန်းချန် ၊ မိစ္ဆာဘုရင် ဟူယွမ် ၊ ကျူးယောင်ဖူ နှင့် စက္ကူယပ်တောင် သခင်လေး တို့မှာ တစ်ပြိုင်နက်တည်း ဆဲရေးလိုက်ကြတော့သည်။

“သောက်အ... မြူခိုးဂိုဏ်း က ဘာများ ကောင်းနေလို့လဲ... အဲဒီဂိုဏ်းကို ဖျက်ဆီးပစ်တာက ပိုပြီး မကောင်းဘူးလား”

ထိုစကား အဆုံးတွင်တော့ လေးဦးသားလုံးမှာ အံ့အားသင့်သွားကြရ၏။

“ဟင်... မင်းတို့လည်း မြူခိုးဂိုဏ်း နဲ့ ရန်ငြိုး ရှိကြတာလား ”စက္ကူယပ်တောင် သခင်လေး မှာ မှင်သက်သွားပြီးနောက် မိစ္ဆာချီ အချို့ကို အသုံးပြုကာ ချက်ချင်းပင် တွက်ချက်လိုက်တော့သည်။

သူသည် ရေပေါ်ဖြူမြို့တော် ရှိ မြွေမြီးသုံးချောင်း မြေခွေးမျိုးနွယ်စု များကို ယဲ့ဖုန်း က အမြစ်ပြတ် သုတ်သင်ခဲ့ပုံများကို မြင်တွေ့လိုက်ရကာ မိစ္ဆာဘုရင် ဟူယွမ် နှင့် ယဲ့ဖုန်း ကြားရှိ ရန်ငြိုးကို ရှာဖွေတွေ့ရှိသွားတော့၏။

ထို့အပြင် စက္ကူယပ်တောင် သခင်လေး သည် ဟူယွမ် ၊ တုန်းတုန်းချန် နှင့် တုန်းချန် တို့၏ ဝိညာဉ်များ မည်သို့ဖြစ်၍ ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိနေရသည်ကိုလည်း မြင်တွေ့လိုက်ရ၏။

“အော်... ဒါကြောင့်ကိုး”

စက္ကူယပ်တောင် သခင်လေး က ရယ်လိုက်ကာ -

“မင်းကတော့ တကယ့်ကို ရှားပါးလှတဲ့ ကိုယ်ခန္ဓာ တစ်ခုထဲမှာ ဝိညာဉ် (၃) ခု ကိန်းအောင်းနေတဲ့သူပဲ ။ ဒါဆိုရင်တော့ ငါ ဘာလုပ်ရမလဲဆိုတာ သိပြီ”

စက္ကူယပ်တောင် သခင်လေး က သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ တုန်းချန် ၏ ဦးခေါင်းထိပ်ပေါ်သို့ ဖိနှိပ်ထားလိုက်ရာ သူ၏ နှုတ်ခမ်းဖျားတွင် ယုတ်မာသောအပြုံးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။

“မင်း ဘာလုပ်မလို့လဲ”

တုန်းချန် က ကျယ်လောင်စွာ ဟစ်အော်လိုက်၏။

“ဒီသခင်လေး ဆီမှာ မင်းတို့ရဲ့ ဝိညာဉ်တွေကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်တဲ့ ထူးခြားတဲ့ လျှို့ဝှက် မန္တန်တစ်ခု ရှိတယ်လေ ။ အဲဒီအချိန်ကျရင် မင်းတို့ရဲ့ မှတ်ဉာဏ်တွေ ၊ စရိုက်လက္ခဏာတွေ အားလုံးက ပေါင်းစည်းသွားပြီးတော့ အခုထက် အဆပေါင်းများစွာ ပိုပြီး သန်မာတဲ့ အသစ်တစ်ခု ဖြစ်ပေါ်လာလိမ့်မယ်”

စက္ကူယပ်တောင် သခင်လေး က အားပါးတရ ဟားတိုက်လိုက်၏။

အကယ်၍ အောင်မြင်သွားမည်ဆိုပါက တုန်းချန် မှာ သူ၏ အားအကိုးရဆုံး လက်အောက်ငယ်သား ဖြစ်လာပေလိမ့်မည်။

အနာဂတ်တွင် ဝိညာဉ်ပင်လယ်အဆင့် သို့မဟုတ် မူလနတ်ဘုရား အဆင့် သို့ ရောက်ရှိရန်မှာ အသာထား ၊ ပိုမို မြင့်မားလှသော ဟင်းလင်းပြင် ဖြိုခွဲ အဆင့် သို့ တက်လှမ်းရန်မှာပင် မဖြစ်နိုင်သည့် ကိစ္စ မဟုတ်ပေ။

“မလုပ်ပါနဲ့ ”

တုန်းချန် က အော်ဟစ်လိုက်သည်။

“ဟဲဟဲ... ငါကတော့ ဒါကို တကယ်ပဲ မျှော်လင့်နေမိတယ် ”

တုန်းတုန်းချန် ကမူ ထူးဆန်းစွာ ရယ်လိုက်၏။

မိစ္ဆာဘုရင် ဟူယွမ် ကလည်း လှောင်ပြောင်လိုက်ကာ -

“ငါရယ် ၊ မင်းရယ် ပြီးတော့ ဒီအဘိုးကြီးရဲ့ စရိုက်တွေ ပေါင်းစည်းသွားရင် ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မိစ္ဆာတစ်ကောင် ဖြစ်လာမလဲဆိုတာ စဉ်းစားကြည့်စမ်း... ငါ တကယ်ကို ရင်ခုန်နေပြီ”

ထိုလူနှစ်ဦး၏ ပုံပျက်ပန်းပျက် စကားများကို ကြားလိုက်ရသောအခါ တုန်းချန် မှာ ဦးရေပြား ကျိန်းသွားသလို ခံစားလိုက်ရ၏။ သူသည် ခုခံရန် ကြိုးစားသော်လည်း လုံးဝ မဖြစ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

*ထျန်းကျီ စံအိမ် ၏ လျှို့ဝှက်ခန်းမအတွင်း၌ ။

စက္ကူယပ်တောင် သခင်လေး သည် ရှေးဟောင်း ဝင်္ကပါ တစ်ခုကို တည်ဆောက်လိုက်ကာ တုန်းချန် ကို အတွင်းသို့ ပစ်ထည့်လိုက်သည်။ ထူးခြားသော ဝိညာဉ်ရတနာ ငွေအပ်များဖြင့် ဝင်္ကပါ ပေါ်တွင် ချုပ်နှောင် စိုက်လိုက်ကာ သူ၏ သွေးများကို ဝင်္ကပါ၏ မြောင်းများအတွင်းသို့ စီးဝင်စေလိုက်တော့သည်။

“ဝိညာဉ် ပေါင်းစပ်ခြင်း အခမ်းအနား စတင်စမ်း”

စက္ကူယပ်တောင် သခင်လေး က တုန်းချန် ၏ နဖူးကို ထိလိုက်ရာ အတွင်းရှိ ဝိညာဉ် (၃) ခုလုံးမှာ စတင် ပေါင်းစည်းသွားကြတော့၏။

“မဖြစ်ဘူး”

တုန်းချန် ကတော့ အမှောင်ထုထဲသို့ မကူးပြောင်းချင်ပေ။ သူသည် အသည်းအသန် ရုန်းကန်သော်လည်း သူ ရုန်းကန်လေလေ၊ ဝိညာဉ် (၃) ခု ပေါင်းစပ်မှုမှာ ပိုမို မြန်ဆန်လေလေ ဖြစ်နေတော့သည်။

*နေ့တစ်ဝက်ခန့် ကြာပြီးနောက်၊

တုန်းချန် သည် ထျန်းကျီ စံအိမ် ၏ လျှို့ဝှက်ခန်းမအတွင်းမှ လမ်းလျှောက်ထွက်လာ၏။ သူ၏ ရုပ်ရည်မှာ ယခင်အတိုင်းပင် ဖြစ်သော်လည်း သူ၏ မျက်နှာထားမှာမူ အေးစက်စက် ရှိလှကာ သေးငယ်သော မျက်လုံးများအတွင်း၌လည်း အန္တရာယ်ရှိသော အလင်းတန်းများ တဖျတ်ဖျတ် လက်နေတော့သည်။ သူ၏ ကျင့်ကြံခြင်း အဆင့် မှာပင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် သတ္တမအလွှာ (၇) သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့တော့၏။

“လက်အောက်ခံက စံအိမ်သခင် ကို ဂါရဝပြုပါတယ် ခင်ဗျာ”

လူငယ်လေးမှာ စက္ကူယပ်တောင် သခင်လေး ကို ရိုသေစွာ ဦးညွှတ်လိုက်၏။

“မင်းက လူ (၃) ယောက်ရဲ့ ဝိညာဉ်တွေနဲ့ မှတ်ဉာဏ်တွေ အားလုံးကို ပေါင်းစပ်ပြီးတော့ အသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ။ မင်း နာမည်အသစ် တစ်ခုလောက် ရွေးသင့်တယ် ထင်တယ် ”

စက္ကူယပ်တောင် သခင်လေး က တည်ငြိမ်စွာ ပြောလိုက်၏။

“ကျွန်တော် စဉ်းစားပြီးပါပြီ။ ကျွန်တော့်နာမည်က တုန်းယွမ်တုန်း ဖြစ်ပါလိမ့်မယ်”

လူငယ်လေးမှာ လက်နှစ်ဖက်ကို ပိုက်လျက် ဝေးကွာသော အရပ်ဆီသို့ အေးစက်စက် အကြည့်များဖြင့် ငေးကြည့်နေသည်။

“ဒီနေ့ဟာ ကျွန်တော့်ရဲ့ မွေးဖွားခြင်း ပထမဆုံးနေ့ ဖြစ်သလို ဒီကမ္ဘာကြီးကို စတင် အုပ်စိုးမယ့် ပထမဆုံးနေ့လည်း ဖြစ်ပါတယ် ခင်ဗျာ”

“ကောင်းပြီ... တကယ့်ကို မောက်မာတဲ့ စိတ်ဓာတ်ပဲ ။ ဒီသခင်လေး ကတော့ အဲဒါကို သဘောကျတယ်”

စက္ကူယပ်တောင် သခင်လေး က အားပါးတရ ဟားတိုက်လိုက်၏။ တုန်းယွမ်တုန်း ဆိုသောအမည်မှာ တုန်းချန် ၊ တုန်းတုန်းချန် နှင့် ဟူယွမ် တို့၏ အမည်များ ပါဝင်နေပြီး မည်သူမည်ဝါဖြစ်ကြောင်း အသစ်တစ်ခုကို ကိုယ်စားပြုနေခြင်းပင်။

“မင်း အခု သွားပြီးတော့ ကျင့်ကြံတော့ ။ ဝိညာဉ်ပင်လယ်အဆင့် ကို အမြန်ဆုံး ရောက်အောင် ကြိုးစားစမ်း”

“လက်အောက်ခံ အမိန့်ကို နာခံပါ့မယ် ခင်ဗျာ”

တုန်းယွမ်တုန်း က ခေါင်းညိတ်လိုက်ကာ မည်သည့် ခံစားချက်မျှ မပါသော မျက်နှာဖြင့် ကျူးယောင်ဖူ ၏ ဘေးမှ ဖြတ်ကျော်လျက် တံခါးဆီသို့ လျှောက်လှမ်းသွားတော့သည်။

“သူ့နောက်ကို လိုက်သွားစမ်း ။ သူ့ကို အကူအညီ ပေးပြီးတော့ အမြန်ဆုံး အဆင့်ချိုးဖြတ်အောင် ကူညီပေးလိုက် ”

စက္ကူယပ်တောင် သခင်လေး က သူ၏ ဘေးရှိ ကျူးယောင်ဖူ ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“အမိန့်အတိုင်းပါ ခင်ဗျာ”

ကျူးယောင်ဖူ က ခေါင်းညိတ်လိုက်ကာ တုန်းယွမ်တုန်း ၏ နောက်သို့ အမြန် လိုက်ပါသွားတော့၏။

ထျန်းကျီ စံအိမ် ၏ ခန်းမကြီးအတွင်း၌မူ...

စက္ကူယပ်တောင် သခင်လေး သည် ထိုသူနှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ၏ အပြုံးများမှာ ပို၍ ပို၍ မဲ့ရွဲ့လာတော့၏။

“ဝိညာဉ် (၃) ခု ပေါင်းစည်းပြီး အသစ်တစ်ခု ဖြစ်ပေါ်လာရတဲ့ ခံစားချက်ကတော့ တကယ်ကို ဖော်ပြလို့ မရနိုင်အောင် အံ့ဩစရာ ကောင်းလှပါလား”

စက္ကူယပ်တောင် သခင်လေး သည် မိမိဘာသာ တီးတိုး ရေရွတ်လိုက်မိ၏။

သူသည် အနာဂတ်အတွက် ပိုမို၍ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။

...

လျောင် မိစ္ဆာ နိုင်ငံတော် ။

လီကျောက်ခွန် သည် ရှည်လျားသော တန်းကြီးဖြင့် စောင့်ဆိုင်းနေကြသော ကျင့်ကြံသူများအတွက် ရှေ့ဖြစ်ဟောပေးနေ၏။ (၂) ရက်ပင် မပြည့်မီသော အချိန်အတွင်းမှာပင် သူသည် ပြဿနာပေါင်း ရာနှင့်ချီ၍ ဖြေရှင်းပေးနိုင်ခဲ့သဖြင့် ‘ကတုံး နတ်ဘုရားဆရာကြီး’ ဟူသော နာမည်ပြောင်ကိုပင် ရရှိထားခဲ့တော့၏။ ထိုနာမည်ပြောင်နှင့် ပတ်သက်၍မူ လီကျောက်ခွန် မှာ စိတ်ပျက်လက်ပျက် ဖြစ်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ပေ။

“တကယ့်ကို ‘ကတုံး နတ်ဘုရားဆရာကြီး’ ပါပဲလား”

မှောင်ရိပ်ထဲမှနေ၍ လူငယ်တစ်ဦးသည် လီကျောက်ခွန် ကို မီတာ ရာနှင့်ချီသော အကွာအဝေးမှ စောင့်ကြည့်နေသည်။

သူ၏ မျက်ဝန်းများအတွင်း၌မူ အေးစက်စက် အလင်းတန်းများ တဖျတ်ဖျတ် လက်နေတော့၏။

---

All Chapters