← Chapters

အခန်း (၁၈၃၇-၁၈၃၈)

Vol. 184 Ch. 1837-1838

အခန်း (၁၈၃၇-၁၈၃၈)

Vol. 184 Ch. 1837-1838

အခန်း (၁၈၃၇) - ဒါက နည်းနည်းတော့ အလိုက်မသိရာ ရောက်မနေဘူးလား

ကောင်းကင်ယံထက်မှ ထိုမြင်ကွင်းကို ကြည့်ရင်း ဖန့်ချန် စိတ်ထဲမှ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။

ဖန့်သူတော်စင်တစ်ပိုင်း သူတော်စင်အဆင့် တက်လှမ်းမည့်ကိစ္စမှာ ဤမျှ မလွယ်ကူနိုင်ကြောင်း သူ ကြိုတင်သိရှိထားပြီးသားပင်။ သို့သော် ဖန့်သူတော်စင်တစ်ပိုင်း ကိုယ်တိုင်ကလည်း ယနေ့ မည်သို့သော အဖြစ်အပျက်မျိုး ကြုံတွေ့ရမည်ကို ကြိုတင်တွက်ဆထားပြီး ဖြစ်မည်မှာ သေချာလှသည်။ ၎င်းကို ကျန်းရန်သူတော်စင်နှင့် လော့ရွှယ်သူတော်စင်တို့ကလည်း ရိပ်မိကြပေလိမ့်မည်။

'ဒီသူတော်စင်ကြီး နှစ်ပါးကလည်း ငါ့လိုပဲ ဖန့်သူတော်စင်တစ်ပိုင်းက ဒီအခြေအနေကို ဘယ်လိုမျိုး အနိုင်ပိုင်းမလဲဆိုတာ ကြည့်ချင်နေကြတာ ဖြစ်နိုင်တယ်'

ဖန့်ချန် စိတ်ထဲမှ ရေရွတ်လိုက်သည်။

ချောင်ရှန်းမျှော်စင်ဘက်မှ လူများမှာ မျက်နှာပျက်ကာ လေးနက်နေကြသော်လည်း အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များပေါ်မှ အစွမ်းထက်သူများမှာမူ အလွန်ပင် ပျော်ရွှင်နေကြပြီး ဤမြင်ကွင်းကို ကြည့်ကာ ကဲ့ရဲ့လှောင်ပြောင်နေကြသည်။

ဖန့်သူတော်စင်တစ်ပိုင်း၏ ခန္ဓာကိုယ်ပေါ်မှ အလင်းဖြူများမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူ၏ အရှိန်အဝါ အငွေ့အသက်များမှာလည်း အဆင့်တက်ခြင်း၏ တစ်ဝက်ခန့်မှာပင် ရပ်တန့်သွားသည်။ ဆက်လက်တိုးတက်လာခြင်း မရှိသလို ပြန်လည်ကျဆင်းသွားခြင်းလည်း မရှိပေ။

သူသည် သူတော်စင်နှစ်ပါးကို ကြည့်ကာ ရုတ်တရက် ပြုံး၍ ဆိုလိုက်သည်။

"သူတော်စင်နှစ်ပါးခင်ဗျာ... ကျွန်တော့်ရဲ့ အဆင့်တက်လှမ်းမှုကို တားဆီးနေတာက ကျွန်တော်တို့ လူသားမျိုးနွယ်မှာ ထူးခြားတဲ့ အရိုးစုပိုင်ရှင်တွေ များလွန်းနေလို့လား "

"သူတော်စင်တစ်ပါး ဖြစ်နေပြီးတော့ ကိုယ်ကျိုးအတ္တက ဒီလောက်တောင် ကြီးရသလား။ ငါတို့မျိုးနွယ်က အစွမ်းထက်သူ အဆင့်တက်မှာကို နှောင့်ယှက်နေတာဟာ မျိုးနွယ်စုရဲ့ အပြစ်သားတွေပဲ"

ဖန့်မျိုးနွယ်စုဝင် အမြောက်အမြားက မခံမရပ်နိုင်ဖြစ်ကာ အော်ဟစ်ဆဲဆိုကြသည်။ ဇန့်လုံမြို့အတွင်း၌ ဆဲဆိုသံများမှာ ဟိုတစ်စ သည်တစ်စ ဆူညံသွားတော့သည်။

သို့သော် သူတော်စင်နှစ်ပါးကမူ ဂရုပင်မစိုက်ကြပေ။

ကျန်းရန်သူတော်စင်က အနည်းငယ် ပြုံးလိုက်ပြီး

"ဖန့်လဲ့... မင်း သူတော်စင်အဆင့် တက်လှမ်းမယ့်ကိစ္စက ဆွေးနွေးစရာတွေ ရှိသေးတယ်။ ငါတို့ကို နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ပြီး ဆွေးနွေးခွင့်ပေးပါဦး၊ ဆုံးဖြတ်ချက် တစ်ခုခု ချပြီးမှ မင်း အဆင့်တက်တာလည်း မနှောင်းပါဘူး"

" ဒါ ဘယ်လောက်တောင် ရှက်ဖို့ကောင်းတဲ့ စကားလဲ။ အခု ဖန့်သူတော်စင်တစ်ပိုင်းက တစ်ဝက်တစ်ပျက် ဖြစ်နေပြီ၊ ဒီလိုမျိုးသာ အဖိနှိပ်ခံထားရမယ်ဆိုရင် သူတော်စင်နှလုံးသား က ထိခိုက်သွားပြီး နောင်မှာ သူတော်စင်ဖြစ်ဖို့ မျှော်လင့်ချက် လုံးဝ မရှိတော့မှာ စိုးရတယ်"

ဝမ်ချုံစန်းက မခံမရပ်နိုင်ဖြစ်ကာ စိတ်အာရုံဖြင့် လှမ်းပြောသည်။

"လဲ့ဘိုးဘေးမှာ သူ့နည်းသူ့ဟန်နဲ့ ရင်ဆိုင်ဖို့ ရှိမှာပါ။ ငါတို့ စောင့်ကြည့်ရုံပဲပေါ့"

ဖန့်ချန်က ပြုံးလျက် ပြန်ပြောသည်။

ဝမ်ချုံစန်းကလည်း ခေါင်းညိတ်လိုက်သည်။ ချောင်ရှန်းမျှော်စင်ပေါ်တွင် ရုတ်ရုတ်သဲသဲ မဖြစ်သေးခြင်းမှာ ဖန့်သူတော်စင်တစ်ပိုင်းတွင် တန်ပြန်တိုက်စစ်ဆင်မည့် နည်းလမ်း ရှိလိမ့်မည်ဟု အားလုံးက ယုံကြည်နေကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်တောက်သူတော်စင်နှင့် ဝမ့်ချင်သူတော်စင်တို့ ပေါ်မလာသေးသောကြောင့်ပင်။

"ဆွေးနွေးမယ် ဆွေးနွေးမယ်ဆိုရင်လည်း ဒါက သူတော်စင် ကိုးပါးကြားက ဆွေးနွေးမှု ဖြစ်သင့်တယ်၊ ခင်ဗျားတို့ နှစ်ယောက်တည်း ကြားက မဟုတ်ဘူး။ ခင်ဗျားတို့ ပြောတဲ့စကားက အတည်မဖြစ်ဘူးလေ"

ဖန့်သူတော်စင်တစ်ပိုင်းက အေးဆေးစွာ ဆိုလိုက်သည်။

"ဒါကတော့ အမှန်ပဲပေါ့"

ကျန်းရန်သူတော်စင်က ခေါင်းညိတ်သည်။

ထိုစဉ် တစ်ချိန်လုံး နှုတ်ဆိတ်နေသော လော့ရွှယ်သူတော်စင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဆယ့်ရှစ်ထပ် ငရဲမျှော်စင် ကို ငါ့ကိုပေး၊ ငါ မင်းဘက်က ရပ်တည်ပေးမယ်"

ဤစကားကို ကြားသောအခါ ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။ အရပ်မျက်နှာအနှံ့ရှိ သူတော်စင်တစ်ပိုင်း မိသားစုများမှာလည်း စိတ်ထဲမှ ထိတ်လန့်သွားကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရန်သူတော်စင်ကမူ အမူအရာ တစ်စုံတစ်ရာ မပြောင်းလဲပေ။ ဖန့်သူတော်စင်တစ်ပိုင်းက ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို လွယ်လွယ်နှင့် ပေးလိမ့်မည်မဟုတ်ကြောင်း သူ အသေအချာ သိထားပုံရသည်။

"ဒီ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ဆိုတာက စီနီယာတစ်ယောက်က ကျွန်တော့်ကို ခေတ္တထိန်းသိမ်းခိုင်းထားတာပါ။ ကျွန်တော်က ပြန်ပေးရမှာလေ၊ ဘယ်လိုလုပ်ပြီး သူများလက်ထဲ လွယ်လွယ်နဲ့ ပေးလို့ ရမှာလဲ "

ဖန့်သူတော်စင်တစ်ပိုင်းက ရယ်မောလျက် ဆိုသည်

"လော့ရွှယ်သူတော်စင်အနေနဲ့ သူတစ်ပါး ခက်ခဲမယ့်အလုပ်ကို အတင်းအကျပ် မတောင်းဆိုပါနဲ့တော့"

လော့ရွှယ်သူတော်စင်သည် စကားထပ်မပြောတော့ဘဲ ဖန့်သူတော်စင်တစ်ပိုင်းကို အေးစက်သော အကြည့်ဖြင့်သာ ကြည့်နေတော့သည်။ ထိုအချိန်မှာပင် ကျန်းရန်သူတော်စင်က တစ်ချက် ရယ်လိုက်ပြီး

"မိတ်ဆွေတို့... ခင်ဗျားတို့ ထွက်လာပြီး မဆွေးနွေးကြဘူးဆိုရင်တော့ ဒီကိစ္စကို ကျွန်တော်နဲ့ လော့ရွှယ်သူတော်စင်ပဲ ဆုံးဖြတ်လိုက်ရမလား "

ဒါက...

လူတိုင်း၏ စိတ်နှလုံးမှာ လှုပ်ရှားသွားကြသည်။ ဤစကားမှာ ကျန်းရန်သူတော်စင်က ကျန်ရှိနေသော သူတော်စင်ကြီးများအား ပြောဆိုလိုက်ခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။ သို့ဆိုလျှင်... ကျန်သော သူတော်စင်ကြီးများလည်း ရောက်နေကြပြီလား။

လူတိုင်း စူးစမ်းကြည့်နေစဉ်မှာပင် ဟင်းလင်းပြင်အတွင်း၌ ပုံရိပ်နှစ်ခု ဆက်တိုက် ပေါ်ထွက်လာသည်။

တစ်ဦးမှာ လော့ရွှယ်သူတော်စင်ကဲ့သို့ပင် အမျိုးသမီးတစ်ဦး ဖြစ်ပြီး နက်မှောင်သော ဝတ်ရုံရှည်ကို ဆင်မြန်းထားသည်။ ကိုယ်လုံးကိုယ်ပေါက်မှာ လှပသော်လည်း သူမ၏ မျက်နှာမှာမူ ဝိုးတဝါး အမည်းရောင် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသဖြင့် အစစ်အမှန်ကို မမြင်ရပေ။

"ဒါ ဝမ့်ချင်သူတော်စင် ပဲ"

လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

ကျန်ရှိသော တစ်ဦးမှာမူ ပို၍ပင် ဂုဏ်သတင်းကြီးလှသော ဝမ်တောက်သူတော်စင် ဖြစ်သည်။ သူ ပေါ်လာသည်နှင့် သူ၏ အရှိန်အဝါ တစ်ခုတည်းကပင် ကျန်းရန်သူတော်စင်နှင့် လော့ရွှယ်သူတော်စင်တို့၏ အရှိန်အဝါကို လွှမ်းမိုးထားသည်။

"ဟာ... ဆရာကြီး"

ဖန့်ချန်၏ မျက်နှာမှာ အထပ်ထပ် ပြောင်းလဲသွားပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဝမ်တောက်သူတော်စင်သည် တန်ခိုးရှင်ဝတ်ရုံကို ဆင်မြန်းထားပြီး ဝတ်ရုံရှေ့တွင် ယင်-ယန် တိမ်တိုက်များပေါ်၌ နားနေသော ကြိုးကြာငှက်တစ်ကောင်ကို ရေးဆွဲထားသည်။ ထိုတိမ်တိုက်များမှာ သက်ရှိကဲ့သို့ပင် ရွေ့လျားနေပြီး ကြိုးကြာငှက်မှာလည်း သေနေသော ပုံရိပ်မဟုတ်ဘဲ သူ၏ မျက်ဝန်းများတွင် အသိဉာဏ်ရှိသော အကြည့်များဖြင့် လူအများကို လိုက်လံကြည့်ရှုနေသကဲ့သို့ ရှိသည်။

သူ၏ ရုပ်ရည်မှာ ဖန့်ချန်၏ မှတ်ဉာဏ်ထဲရှိ ယွမ်ဟယ် နှင့် တစ်ပုံစံတည်းပင်။

ဒါက လုံးဝ တိုက်ဆိုင်မှု မဟုတ်နိုင်

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဖန့်ချန်၏ အကြည့်မှာ ဝမ့်ချင်သူတော်စင်ထံသို့ မသိစိတ်ဖြင့် ကျရောက်သွားပြီး စိတ်ထဲမှ သံသယများ ဖြစ်ပေါ်လာသည်။ အကယ်၍ ဝမ်တောက်သူတော်စင်က ဆရာကြီးယွမ်ဟယ် ဖြစ်နေလျှင် ဤဝမ့်ချင်သူတော်စင်မှာကော ယဲ့ ဆိုသည့် ဝိညာဉ်နတ်ဘုရား ဖြစ်နေနိုင်သလား နယ်မြေကိုးခု ကာလတုန်းက လူသားမျိုးနွယ်ကို အုပ်ချုပ်ခဲ့တဲ့ ငရဲမင်းကြီး လား။

'ဆရာကြီးနဲ့ အဘိုးကြီးက ဘာလို့ ဆက်ဆံရေး ကောင်းနေရတာလဲဆိုတာ နားလည်သွားပြီ။ သူတို့က မင်ရွှီ ကာလကတည်းက တစ်ဖွဲ့တည်းသားတွေ ဖြစ်နေတာကိုး'

ဖန့်ချန် စိတ်ထဲမှ အံ့ဩမှုများကို ထိန်းချုပ်ကာ မျက်ဝန်းထဲတွင် အပြုံးရိပ်များ ပေါ်လာသည်။ ဤစီနီယာများ၏ နောက်ခံက ပိုကြီးလေ၊ သူ ပိုပြီး စိတ်အေးရလေပင်။

"ဒါက ဝမ်တောက်သူတော်စင်နဲ့ ဝမ့်ချင်သူတော်စင်ပဲ။ ဒီနှစ်ပါးရဲ့ ဝါက လော့ရွှယ်သူတော်စင်နဲ့ အတူတူလောက်ပဲ၊ ကျန်းရန်သူတော်စင်လောက် မကြီးပေမဲ့ သူတို့ရဲ့ နည်းလမ်းနဲ့ အဆင့်အတန်းကတော့ အလွန်ကို မြင့်မားတယ်။

ဝမ်တောက်သူတော်စင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အနှိုင်းမဲ့ပဲ၊ မီးနတ်ဘုရားမျိုးနွယ်စုတွေဘက်မှာဆိုရင် သူ့ကို စစ်နတ်ဘုရားသူတော်စင် လို့တောင် ခေါ်ကြတယ်။

ဝမ့်ချင်သူတော်စင်ကျတော့ သူမပြောတဲ့စကားကို ကျန်တဲ့သူတော်စင်တွေက အလေးအနက် စဉ်းစားရတယ်။ ဘယ်သူကမှ လွယ်လွယ်နဲ့ မငြင်းရဲဘူး။

ဘာလို့လဲဆိုတော့ လူဆိုတာ သေကြမှာပဲလေ၊ သေပြီးရင် ဝိညာဉ်မျိုးနွယ်စုရဲ့ လက်အောက်ကို ရောက်မှာပဲ။ ဝိညာဉ်မျိုးနွယ်စုအဖြစ် ပြောင်းလဲပြီး ထာဝရအသက်ရှင်နိုင်မလားဆိုတာက အရမ်းတင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိသလို ဝိညာဉ်မျိုးနွယ်စုက လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တာကိုး"

ဝမ်ချုံစန်းက စိတ်လှုပ်ရှားစွာဖြင့် စိတ်အာရုံချင်း ဆက်သွယ်လာသည်။

"မင်းက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။ သူတို့နဲ့ ဆွေမျိုးတော်တာလည်း မဟုတ်ဘဲနဲ့၊ ငါကမှ စိတ်လှုပ်ရှားရမှာပါ"

ဖန့်ချန်က ဝမ်ချုံစန်းကို တစ်ချက် ကြည့်လိုက်သည်။

"ငါတို့တွေက ဘယ်သူတွေလဲ ငါတို့ ဝမ်မိသားစုနဲ့ မင်းတို့ ဖန့်မိသားစုက အခုတော့ လှေတစ်စင်းတည်းစီးနေတာပဲ။ ဖန့်မိသားစု ပိုတောင့်တင်းလေ၊ ငါတို့ ဝမ်မိသားစုလည်း မျက်နှာပွင့်လေပဲပေါ့"

ဝမ်ချုံစန်းက ပြုံးရွှင်စွာ ပြောသည်။

"ကျန်းရန်သူတော်စင်၊ လော့ရွှယ်သူတော်စင်... ဖန့်လဲ့ သူတော်စင်အဆင့် တက်လှမ်းမယ့်ကိစ္စကို ကျွန်တော်နဲ့ ဝမ့်ချင်သူတော်စင်က သဘောတူထားပြီးသားဆိုတာ ခင်ဗျားတို့ သိသိကြီးနဲ့ ဘာလို့ လာနှောင့်ယှက်နေတာလဲ "

ဝမ်တောက်သူတော်စင်က ရယ်မောလျက် ဆိုသည်

"ဒါက နည်းနည်းတော့ အလိုက်မသိရာ ရောက်မနေဘူးလား"

ဝါနုသော ဝမ်တောက်သူတော်စင်က ကျန်းရန်သူတော်စင်တို့ကဲ့သို့ စီနီယာကြီးများကို လူကြီးက လူငယ်ကို ဆုံးမသကဲ့သို့ ပြောဆိုနေသည်ကို မြင်ရသောအခါ လူတိုင်း၏ မျက်နှာထားမှာ ပို၍ ထူးဆန်းသွားကြသည်။

သူတော်စင် ကိုးပါးထဲတွင် ကျန်းရန်သူတော်စင်၏ သက်တမ်းမှာ ထိပ်ဆုံး သုံးဦးစာရင်းဝင်သည်။

ကျန်းရန်သူတော်စင် သူတော်စင်ဖြစ်ချိန်တွင် ဝမ်တောက်သူတော်စင်မှာ သေးငယ်သော အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှိသေးသည်ဟုပင် ကောလာဟလများ ရှိခဲ့ဖူးသည်။

ကျန်းရန်သူတော်စင်က စိတ်မဆိုးဘဲ ပြုံးလျက်သာ

"ဝမ်တောက်သူတော်စင်... အလျင်မလိုပါနဲ့ဦး။ ဒီလိုကိစ္စမျိုးက လူတိုင်း ထွက်လာပြီး ဆွေးနွေးမှသာ အတည်ပြုလို့ ရမှာပါ"

"ဘာဖြစ်လို့လဲ လူသားမျိုးနွယ်မှာ သူတော်စင်တစ်ပါး ပိုလာတာက ငါတို့မျိုးနွယ်အတွက် အန္တရာယ်ရှိလို့လား "

ဝမ်တောက်သူတော်စင်က တည်ငြိမ်စွာ မေးလိုက်သည်။

"ဒါမှမဟုတ် ခင်ဗျားမှာ ကိုယ်ကျိုးအတ္တ ရှိနေလို့လား ဖန့်လဲ့ သူတော်စင်ဖြစ်သွားရင် ခင်ဗျားနဲ့ လော့ရွှယ်သူတော်စင်ကို ပြန်ပြီး ရန်မူမှာ ကြောက်နေတာလား "

"ကိုယ်ကျိုးအတ္တဆိုတာ လူတိုင်းမှာ ရှိတာပဲ၊ သူတော်စင်တွေလည်း ချွင်းချက်မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ကျိုးအတ္တက တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ ငါတို့မျိုးနွယ်စုရဲ့ ကံကြမ္မာ ကိုပဲ အခြေခံတာပါ"

ကျန်းရန်သူတော်စင်က ပြုံးလျက် ဆိုသည်။

"ဒီစကားက ဘာအဓိပ္ပာယ်လဲ"

ဝမ်တောက်သူတော်စင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

"ကျန်တဲ့ ငါးယောက်ကော ဘယ်လို ထင်ကြလဲ"

ကျန်းရန်သူတော်စင်က သူ့ကို ပြန်မဖြေဘဲ အခြားသော ဟင်းလင်းပြင်တစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာရှိ လေထုမှာ ရုတ်တရက် လှုပ်ခတ်လာပြီး လိုက်ကာကြီးတစ်ခု ပေါ်လာသကဲ့သို့ ဖြစ်သွားသည်။ ထိုလိုက်ကာ၏ နောက်ကွယ်တွင် အရပ်အမောင်း မတူညီသော ပုံရိပ်ငါးခု ရပ်နေကြသည်ကို လူတိုင်း တွေ့မြင်လိုက်ရသည်။

လိုက်ကာဖြင့် ခြားထားသဖြင့် လူတိုင်းမှာ ဝိုးတဝါး ပုံရိပ်များကိုသာ မြင်ရပြီး သူတို့၏ ရုပ်ရည်အစစ်အမှန်ကိုမူ မမြင်နိုင်ကြပေ။

အခန်း (၁၈၃၈) - စိန့်ဘလက်ပုတီး၊ တစ်ဦးချင်းမှ နှစ်ဦးလဲလှယ်ခြင်း

"ဒါက ငါတို့လူသားမျိုးနွယ်ရဲ့ ကျန်တဲ့ သူတော်စင်ငါးပါးလား "

"ဒါဆို သူတော်စင် ကိုးပါးစလုံး စုံသွားပြီပေါ့။"

ပတ်ဝန်းကျင်တစ်ခုလုံးရှိ လေထုမှာ တဖြည်းဖြည်းနှင့် ပိုမိုတင်းမာလာသည်ကို လူတိုင်း ခံစားနေရသည်။

"သူတော်စင်တစ်ပိုင်းတစ်ယောက် အဆင့်တက်တာကိုတောင် သူတော်စင် ကိုးပါးစလုံး ထွက်လာရတယ်ဆိုတော့..."

ကန့်သတ်ချက်ကျော်လွန်သူ တန်ခိုးရှင် အမြောက်အမြားသည် ယခုမှပင် ရိပ်မိလာကြတော့သည်။ သူတော်စင်အဆင့်ကို တက်လှမ်းရန်မှာ ပါရမီနှင့် ကျင့်စဉ်အဆင့်ရှိရုံနှင့် မလုံလောက်ဘဲ အခြားသော ထည့်သွင်းစဉ်းစားစရာ အချက်များစွာ ရှိနေသေးကြောင်းပင်။ ၎င်းမှာ သူတို့ ထင်ထားသည်ထက် များစွာခက်ခဲလှပြီး ဘေးအန္တရာယ်နှင့် အဟန့်အတားများစွာဖြင့် ပြည့်နှက်နေသည်။

"ခင်ဗျားတို့ ငါးယောက်က ကိုယ်ထင်မပြကြဘူးလား ဒီလောက်ဝေးတဲ့နေရာကနေပဲ ဆွေးနွေးနေကြတော့မှာလား "

ဝမ်တောက်သူတော်စင်က ထိုပုံရိပ်ငါးခုကို ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

'ဩော်... ဒီငါးယောက်က ဒီနေရာကို ကိုယ်တိုင်ရောက်နေတာ မဟုတ်ဘူးကိုး'

ဖန့်ချန် စိတ်ထဲမှ သဘောပေါက်သွားသည်။

ထိုစဉ် အမျိုးသားလား၊ အမျိုးသမီးလား ခွဲခြားမရသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဒီကိစ္စကို ဆွေးနွေးမယ်ဆိုရင်လည်း မြန်မြန်ဆွေးနွေးပြီး အဆုံးအဖြတ်ပေးကြပါ။ တခြားအပိုတွေ ပြောမနေနဲ့တော့။"

"ဒါဆိုလည်း ရှင်းရှင်းလေးပဲ၊ ဖန့်လဲ့ သူတော်စင်အဆင့် တက်လှမ်းတာကို ခင်ဗျားတို့ သဘောတူသလား"

ဝမ်တောက်သူတော်စင်က ရယ်မောလျက် မေးလိုက်သည်။

"သဘောတူတယ်။"

"သဘောတူတယ်။"

"သဘောတူတယ်။"

...

အသံငါးသံစလုံးက သဘောတူညီကြောင်း ဖော်ပြကြသည်။

ဇန့်လုံမြို့အတွင်း၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး လူတိုင်း၏ မျက်ဝန်းထဲတွင် ဝမ်းမြောက်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူတော်စင်ငါးပါးက သဘောတူသည်၊ ဝမ်တောက်သူတော်စင်နှင့် ဝမ့်ချင်သူတော်စင်တို့ကလည်း ထောက်ခံသည်ဆိုပါက စုစုပေါင်း ထောက်ခံမဲ ခုနစ်မဲပင် ရရှိနေပြီ ဖြစ်သည်။ ကျန်ရှိနေသော ကျန်းရန်သူတော်စင်နှင့် လော့ရွှယ်သူတော်စင်တို့က မည်သို့မျှ ဟန့်တားနိုင်တော့မည် မဟုတ်ပေ။

အရပ်မျက်နှာအနှံ့ တိမ်တိုက်များပေါ်မှ တန်ခိုးရှင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ထဲမှ စိုးရိမ်ထိတ်လန့်လာကြသည်။ သူတို့၏ အကြည့်များမှာ ကျန်းရန်နှင့် လော့ရွှယ် သူတော်စင်နှစ်ပါးထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။

"ကျန်းရန်သူတော်စင်... ကြည့်စမ်း၊ ဒီငါးယောက်စလုံးက ဖန့်လဲ့ အဆင့်တက်တာကို သဘောတူကြတယ်။ ခင်ဗျားနဲ့ လော့ရွှယ်သူတော်စင်မှာ ဘာအခွင့်အရေးနဲ့ တားဆီးဦးမှာလဲ"

ဝမ်တောက်သူတော်စင်က ရယ်မောလျက် ဆိုသည်။

ကျန်းရန်သူတော်စင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြုံး၍ ဆိုလိုက်သည်။

"မိတ်ဆွေတို့ မသိသေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်၊ အဲဒါကို ကျွန်တော် နည်းနည်းလောက် ပြောပြပါရစေ။ အကယ်၍ ဒီနေ့ ဖန့်လဲ့က သူတော်စင်အဆင့်ကို မတက်ဘူးဆိုရင် ကျွန်တော်တို့ လူသားမျိုးနွယ်မှာ သူတော်စင် နှစ်ပါး ထပ်တိုးလာလိမ့်မယ်။"

ဤစကား ထွက်လာသည်နှင့် တစ်ပြိုင်နက်

ပတ်ဝန်းကျင်တစ်ခုလုံး ဆိတ်ငြိမ်အံ့ဩသွားရသည်။

လိုက်ကာကြီး၏ နောက်ကွယ်မှ သူတော်စင်ငါးပါးသည်လည်း အချင်းချင်း စတင်ဆွေးနွေးလာကြသည်မှာ ထင်ရှားလှသည်။

ဝမ်တောက်သူတော်စင်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး

"ကျန်းရန်သူတော်စင်... ခင်ဗျား ဘာတွေ ပြောနေတာလဲ"

"စကားလုံးအတိုင်းပါပဲ။"

ကျန်းရန်သူတော်စင်က ဖန့်လျဲ့ကို ညွှန်ပြကာ

"အကယ်၍ ဖန့်လဲ့ က သူတော်စင်အဆင့်ကို မတက်ဘူးဆိုရင် ကျွန်တော်တို့ လူသားမျိုးနွယ်မှာ သူတော်စင် နှစ်ပါး ထပ်တိုးလာမယ်။"

"ပြောစမ်းပါဦး... ဒီနှစ်ခုကြားမှာ ဘာပတ်သက်မှု ရှိလို့လဲ ဖန့်လဲ့ အဆင့်တက်တာနဲ့ လူသားမျိုးနွယ်မှာ သူတော်စင် နှစ်ပါး ထပ်တိုးလာမှာက ဘာဆိုင်လို့လဲ ခင်ဗျားပြောတဲ့ အဲဒီသူတော်စင်နှစ်ပါးကကော ဘယ်သူတွေလဲ "

ဝမ်တောက်သူတော်စင်က တည်ငြိမ်စွာ မေးလိုက်သည်။

လော့ရွှယ်သူတော်စင်က ရုတ်တရက် ပြုံးလိုက်ပြီး ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းကို လက်ယပ်ခေါ်လိုက်သည်။ ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လော့ရွှယ်သူတော်စင်၏ ဘေးနားသို့ ချက်ချင်း ရောက်ရှိလာသည်။

တစ်ချိန်တည်းမှာပင် ကျန်းရန်သူတော်စင်၏ ဘေးနား၌လည်း ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုသူ၏ မျက်လုံးများမှာ မီးတောက်ကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များမှာလည်း မီးလျှံများအလား အဆက်မပြတ် လောင်ကျွမ်းနေသည်။

"ကျန်းဝူး သူတော်စင်တစ်ပိုင်း လား "

တစ်စုံတစ်ယောက်က ထိုသူကို မှတ်မိသွားပြီး စိတ်ထဲမှ တုန်လှုပ်သွားသည်။

ကျန်းဝူးသူတော်စင်တစ်ပိုင်းသည် ကျန်းရန်မဟာမိတ် ထဲတွင် အင်အားအကြီးဆုံး သူတော်စင်တစ်ပိုင်းဟု ဆိုနိုင်သည်။ နောင်တစ်ချိန်တွင် သူတော်စင်ဖြစ်လာမည့် အခွင့်အလမ်းရှိသည်ဟု ကောလာဟလများ ရှိခဲ့သော်လည်း အမှန်တကယ် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုမူ မည်သူမျှ အသေအချာ မပြောနိုင်ခဲ့ပေ။

ဇန့်လုံမြို့၏ ထောင့်တစ်နေရာတွင်

နတ်ဆိုးမျိုးနွယ်စု မှ အဆင့် ၉ တန်ခိုးရှင် ဖူရွှင်း သည် ဤမြင်ကွင်းကို ကြည့်ရင်း မျက်ဝန်းထဲတွင် အားကျစိတ်၊ ရိုသေခန့်ညားစိတ်နှင့် မနာလိုစိတ်များ ရောပြွမ်းနေသည်။

'လူသားမျိုးနွယ်ဟာလည်း အစေခံကျွန်မျိုးနွယ်ကနေ ဆင်းသက်လာတာပဲ။ ဒါပေမဲ့ အခု သူတို့ရဲ့ အခြေခံအင်အား က ငါတို့နတ်ဆိုးမျိုးနွယ်ထက် အများကြီး သာလွန်နေပြီ။ ဘယ်အချိန်ကျမှ... ငါတို့နတ်ဆိုးမျိုးနွယ်က ဒီလိုမျိုး အင်အားတောင့်တင်းလာမှာလဲ...'

ဝမ်တောက်သူတော်စင်သည် ကျန်းဝူးသူတော်စင်တစ်ပိုင်းနှင့် ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းတို့ကို ကြည့်ကာ ရယ်မောလိုက်သည်။

"ဒီနှစ်ယောက်က သူတော်စင်ဖြစ်နိုင်မယ်လို့ ခင်ဗျား ပြောတာလား သူတို့ သူတော်စင်ဖြစ်ဖို့ဆိုတာ အဝေးကြီး လိုသေးတယ် "

ကျန်းဝူးနှင့် ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းတို့သည် ဝမ်တောက်သူတော်စင်၏ အထင်သေးခြင်းကို ခံရသဖြင့် အမျိုးသားဖြစ်သူမှာ မျက်ဝန်းထဲမှ မီးလျှံများ ပိုမိုတောက်လောင်လာကာ ဒေါသထွက်နေပုံရသည်။ အမျိုးသမီးဖြစ်သူမှာမူ မည်သည့်စိတ်ခံစားချက်မျှ မပြဘဲ တည်ငြိမ်နေဆဲပင်။

"ပုံမှန်အတိုင်းဆိုရင်တော့ ဟုတ်ပါတယ်၊ အဝေးကြီး လိုပါသေးတယ်။"

ကျန်းရန်သူတော်စင်ကလည်း ခေါင်းညိတ်ထောက်ခံပြီးနောက် လိုက်ကာနောက်ကွယ်သို့ လှမ်းကြည့်လိုက်သည်။

"ဒါပေမဲ့ အကယ်၍ သူတို့နှစ်ယောက်ကို စိန့်ဘလက်ပုတီး တစ်လုံးစီ တိုက်ကျွေးလိုက်မယ်ဆိုရင်ကော ဘယ်လိုဖြစ်မလဲ "

"စိန့်ဘလက်ပုတီး"

ဤအရာအကြောင်း သိရှိသူအားလုံးသည် အလွန်အမင်း တုန်လှုပ်သွားကြသည်။ ဝမ်တောက်သူတော်စင်နှင့် ဝမ့်ချင်သူတော်စင်တို့ပင်လျှင် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားကြသည်။

ဖန့်ချန်သည် ၎င်းကို သတိပြုမိသည်နှင့် ဝမ်ချုံစန်းကို လှမ်းကြည့်လိုက်ရာ ထိုသူမှာလည်း မှင်တက်အံ့ဩနေသည်ကို တွေ့ရသည်။ ဝမ်ချုံစန်းသည် စိန့်ဘလက်ပုတီးအကြောင်း သိထားပုံရသည်။

"ဝမ်အိုကြီး... စိန့်ဘလက်ပုတီးဆိုတာ ဘာလဲ"

"စိန့်ဘလက်ပုတီး... ဒါ မဖြစ်နိုင်တာ..."

ဝမ်ချုံစန်းသည် ခေတ္တမျှ စိတ်လွင့်သွားပြီးမှ ပြန်ဖြေသည်။

"ဒါက မီးနတ်ဘုရားမျိုးနွယ်စု ရဲ့ မြင့်မြတ်တဲ့ ဆေးဘုရင်ပဲ။ နှစ်ပေါင်း တစ်သိန်းမှ တစ်လုံးပဲ ထွက်တာ။ ဒီဆေးဟာ သူတော်စင်တစ်ပိုင်းတစ်ယောက်ကို နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရမယ့် လုပ်ငန်းစဉ်တွေကို ကျော်ဖြတ်ပြီး သူတော်စင်အဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း အများကြီး ပေးနိုင်တယ်။

ဒါပေမဲ့... ငါတို့ စုဆောင်းထားတဲ့ သတင်းတွေအရ မီးနတ်ဘုရားမျိုးနွယ်စုရဲ့ စိန့်ဘလက်ပုတီးဟာ အပြင်ကို ဘယ်တော့မှ မထွက်ဘူး။ တစ်လုံးထွက်လာတိုင်း သူတော်စင်တစ်ပါး ပေါ်ထွက်လာဖို့အတွက်ပဲ သုံးကြတာ။

အဲဒီလိုသာ မဟုတ်ရင် မီးနတ်ဘုရားမျိုးနွယ်စုမှာ ဘာလို့ ထူးခြားတဲ့ အရိုးစုပိုင်ရှင် ၁၅ ပါးတောင် ရှိနေရမှာလဲ "

'ဒီလိုဆိုရင် ကျန်းရန်သူတော်စင်နဲ့ လော့ရွှယ်သူတော်စင်တို့က ဖန့်သူတော်စင်တစ်ပိုင်းကို နှိမ်ချဖို့အတွက် မီးနတ်ဘုရားမျိုးနွယ်စုနဲ့ ပူးပေါင်းလိုက်တာပေါ့ သူတို့ရဲ့ ရည်ရွယ်ချက်က နှိမ်ချဖို့တင် မဟုတ်ဘဲ... ဆယ့်ရှစ်ထပ် ငရဲမျှော်စင် ကို ရဖို့အတွက်လည်း ဖြစ်နိုင်တယ် '

ဖန့်ချန်သည် ဤကိစ္စမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးတင် မဟုတ်တော့ဘဲ မျိုးနွယ်စုကြီး နှစ်ခုကြားမှ အဆင့်မြင့် ထိပ်တန်းပုဂ္ဂိုလ်များ၏ အားပြိုင်မှု ဖြစ်နေပြီဟု ရိပ်မိလိုက်သည်။

"ကျန်းရန်သူတော်စင်က ဘာလို့ ဒီလိုပြောနိုင်ရတာလဲ၊ သူ တကယ်ပဲ စိန့်ဘလက်ပုတီး ရထားတာလား"

"စိန့်ဘလက်ပုတီးက မီးနတ်ဘုရားမျိုးနွယ်စုရဲ့ ရတနာလေ၊ ဒါက ငါတို့ လူသားမျိုးနွယ်လက်ထဲ ဘယ်လိုလုပ် ရောက်လာမှာလဲ။"

အရပ်ရပ်မှ တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာသည်။ တိမ်တိုက်များပေါ်မှ တန်ခိုးရှင်များပင်လျှင် ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

"ကျန်းရန်သူတော်စင်... ခင်ဗျားပြောတာ အတည်လား ခင်ဗျားမှာ စိန့်ဘလက်ပုတီး နှစ်လုံးရှိရင် သူတို့ကို တိုက်ကျွေးလို့ ရတာပဲ၊ ဒါက ဖန့်လဲ့ အဆင့်တက်တာနဲ့ ဘာဆိုင်လို့လဲ "

လိုက်ကာနောက်ကွယ်မှ အခြားသူတော်စင်တစ်ပါးက မေးလိုက်သည်။

"ကျွန်တော့်ရဲ့ ကမ်းလှမ်းချက်က ဒီအတိုင်းပဲ။ ဖန့်လဲ့သာ အဆင့်မတက်ဘူးဆိုရင် ကျန်းဝူးနဲ့ ဇန့်ရွှယ်တို့ဟာ ဒီနေ့မှာတင် စိန့်ဘလက်ပုတီးကို သောက်သုံးပြီး သူတော်စင်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။"

ကျန်းရန်သူတော်စင်က ပြုံးလျက် ဆိုသည်

"အခုက တစ်ယောက်နဲ့ နှစ်ယောက် လဲလှယ်တာပါ။ ခင်ဗျားတို့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့် တောင်းဆိုချက်ကို သဘောတူရင် လူသားမျိုးနွယ်ရဲ့ သူတော်စင်ဟာ ကိုးပါးကနေ တစ်ဆယ့်တစ်ပါး ဖြစ်လာမယ်၊ အရိုးစုပိုင်ရှင် နှစ်ပါး ပိုလာမယ်။ သဘောမတူရင်တော့ ဖန့်လဲ့ တစ်ယောက်ပဲ အဆင့်တက်ခွင့်ရမယ်၊ နောက်ထပ် သူတော်စင်တစ်ပါး ထပ်တိုးဖို့ဆိုတာ ဘယ်နှစ်နှစ် စောင့်ရဦးမလဲ မသိဘူးနော်။"

"စိန့်ဘလက်ပုတီးက ခင်ဗျားလက်ထဲမှာ ရှိမနေဘူးလား "

"ဘယ်သူက ခင်ဗျားကို ဒီလိုလုပ်ခိုင်းတာလဲ "

"မီးနတ်ဘုရားမျိုးနွယ်စုရဲ့ ဘယ်သူတော်စင်နဲ့ ပူးပေါင်းထားတာလဲ၊ ဘာကြောင့် ဒီလိုလုပ်ရတာလဲ"

လိုက်ကာနောက်ကွယ်မှ သံသယရှိသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

"မိတ်ဆွေတို့... အပိုစကားတွေ ပြောမနေကြပါနဲ့တော့။ ခင်ဗျားတို့ ခေါင်းညိတ်လိုက်ရုံပါပဲ၊ ဖန့်လဲ့ကို သူ့နေရာသူပြန်သွားပြီး ဖန့်သူတော်စင်တစ်ပိုင်းအဖြစ် ဆက်နေခိုင်းလိုက်ပါ။ အဲဒီလိုဆိုရင် ကျန်းရန်သူတော်စင်ကို စိန့်ဘလက်ပုတီး နှစ်လုံး ကျွန်တော် ပေးပါ့မယ်။

ဖန့်လျဲ့ တစ်ယောက်တည်းအတွက် သူတော်စင် နှစ်ပါးနဲ့ လဲလှယ်တာဟာ အလွန်တရာ တွက်ခြေကိုက်တဲ့ အရောင်းအဝယ်ဆိုတာ ခင်ဗျားတို့ မမြင်ဘဲ မနေပါဘူး။"

ရုတ်တရက်ဆိုသလိုပင် အဝေးတစ်နေရာ၌ ပုံရိပ်တစ်ခု ပေါ်လာပြန်သည်။ သူ၏ ကိုယ်ပေါ်မှလည်း သူတော်စင်များကဲ့သို့ ကြောက်မက်ဖွယ် ဖိအားများ ထွက်ပေါ်နေသည်။ သူ၏ ရုပ်ရည်သွင်ပြင်ကို မြင်သည်နှင့် လူတိုင်း ချက်ချင်း မှတ်မိလိုက်ကြသည် - ၎င်းမှာ မီးနတ်ဘုရားမျိုးနွယ်စုမှ သူတော်စင်တစ်ပါး ပင် ဖြစ်သည်။

ထိုမီးနတ်ဘုရားမျိုးနွယ်စု သူတော်စင် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ဝမ်တောက်သူတော်စင်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အပြုံးရိပ်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားတော့သည်။

All Chapters