အခန်း (၁၈၃၉-၁၈၄၀)
Vol. 184 Ch. 1839-1840
အခန်း (၁၈၃၉) - မျိုးနွယ်စု ပျက်သုဉ်းရေး စစ်ပွဲ
လူသားမျိုးနွယ်သည် မီးနတ်ဘုရားမျိုးနွယ်စု အကြောင်းကို အလွန်နှံ့နှံ့စပ်စပ် သိရှိထားကြသည်။ ၎င်းတို့တွင် သူတော်စင် ဘယ်နှစ်ပါးရှိသည်၊ သူတော်စင်တစ်ပိုင်း မိသားစု မည်မျှရှိသည်ကိုပင် သိကြ၏။
သို့သော် မီးနတ်ဘုရားမျိုးနွယ်စုမှ သူတော်စင်များ၏ အကြောင်းကိုမူ လူသားသူတော်စင်များမှလွဲ၍ သာမန်တန်ခိုးရှင်များမှာ သိရှိနိုင်စွမ်း မရှိချေ။
မီးနတ်ဘုရား သူတော်စင်များ၏ အချက်အလက် အနည်းငယ်မျှကိုပင် ရရှိနိုင်မည့် နည်းလမ်းမျိုး မရှိပေ။ အမှန်စင်စစ် မျိုးနွယ်စု အသီးသီးမှ သာမန်တန်ခိုးရှင်များသည် မိမိတို့ မျိုးနွယ်စုမှ သူတော်စင်များ အကြောင်းကိုပင် အသေးစိတ် မသိကြဘဲ သူတော်စင်ဘွဲ့အမည်ကို ကြားဖူးရုံမျှသာ ရှိကြသည်မဟုတ်ပါလား။
ယခု ပေါ်လာသော မီးနတ်ဘုရား သူတော်စင်မှာ မည်သူဖြစ်သည်ကို မည်သူမျှ မသိသော်လည်း ကျန်းရန်သူတော်စင်နှင့် လော့ရွှယ်သူတော်စင်တို့သည် ထိုသူနှင့် အမှန်တကယ် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းကိုမူ အားလုံး အသေအချာ အတည်ပြုလိုက်နိုင်ကြပြီ ဖြစ်သည်။
"ကျန်းရန်သူတော်စင်က လူသားမျိုးနွယ်မှာ သူတော်စင်တစ်ပါး ပိုတိုးလာဖို့အတွက်လို့ အကြောင်းပြနေပေမဲ့ တကယ်တော့ သူ့လက်အောက်က ကျန်းဝူး သူတော်စင်ဖြစ်ဖို့အတွက် မဟုတ်ဘူးလား။ ဒါနဲ့ ဖန့်အိုကြီး... မင်းတို့ရဲ့ ဒီဖန့်သူတော်စင်တစ်ပိုင်းက မီးနတ်ဘုရားသူတော်စင်ကို ဘယ်လိုများ ရန်စမိထားလို့လဲ။ စိန့်ဘလက်ပုတီး နှစ်လုံးတောင် အကုန်ခံပြီး သူ အဆင့်တက်မှာကို ဟန့်တားနေရအောင်လေ"
ဝမ်ချုံစန်း၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး ဖန့်ချန်အား တစ်စုံတစ်ရာ သိလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ သူသည် ဖန့်ချန်ထံမှ အသုံးဝင်သော သတင်းအချက်အလက် တစ်ခုခု ရနိုင်လိမ့်မည်ဟု ထင်နေပုံရ၏။
"ငါက ဘယ်လိုလုပ် သိမှာလဲ"
ဖန့်ချန်က ပြတ်သားတိုတောင်းစွာ ပြန်ဖြေလိုက်ပြီး ထိုမီးနတ်ဘုရား သူတော်စင်ကိုသာ တိတ်ဆိတ်စွာ အကဲခတ်နေတော့သည်။
"မီးနတ်ဘုရားမျိုးနွယ်စု... ချိယန် သူတော်စင် "
လိုက်ကာကြီး၏ နောက်ကွယ်မှ စိုးရိမ်ထိတ်လန့်မှု အနည်းငယ် ပါဝင်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"မိတ်ဆွေတို့... ဒီနေ့ ချိယန်သူတော်စင် ကိုယ်တိုင် ရောက်လာတာဟာ သူ့ရဲ့ ရိုးသားမှုကို ပြသတာပဲ။ ခင်ဗျားတို့ သဘောတူလိုက်ရုံနဲ့ သူက ချက်ချင်း စိန့်ဘလက်ပုတီး နှစ်လုံး ထုတ်ပေးမှာဖြစ်ပြီး ကျန်းဝူးနဲ့ ဇန့်ရွှယ်တို့ဟာ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်"
ကျန်းရန်သူတော်စင်က ပြုံးလျက် ဆိုသည်
"ဒီလိုဆိုရင် ငါတို့လူသားမျိုးနွယ်ရဲ့ သူတော်စင် အရေအတွက်ဟာ တစ်ဆယ့်တစ်ပါးအထိ ရောက်သွားလိမ့်မယ်။ မျိုးနွယ်စုရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အလကားနေရင်း နှစ်ပေါင်း သောင်းနဲ့ချီပြီး ရှေ့ရောက်သွားတာပေါ့။ ဒါဟာ ကောင်းကင်ဘုံက ပေးတဲ့ ကောင်းချီးတစ်ခု မဟုတ်ဘူးလား"
ကျန်းရန်သူတော်စင်၏ စကားကို မည်သူမျှ ချက်ချင်း ပြန်မဖြေကြချေ။ လိုက်ကာနောက်ကွယ်တွင် ဆွေးနွေးနေကြပုံရသည်။
အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များပေါ်မှ ကန့်သတ်ချက်ကျော်လွန်သူ များမှာမူ ဝမ်းသာအားရ ဖြစ်နေကြသည်။ ကျန်းရန်သူတော်စင်နှင့် လော့ရွှယ်သူတော်စင်ဘက်မှ ရပ်တည်ခဲ့သည့် သူတို့၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သွားပြီဟု ထင်နေကြ၏။
ဖန့်လဲ့သာ အဆင့်မတက်နိုင်ခဲ့လျှင် သူတို့အနေနှင့် ယနေ့လုပ်ရပ်အတွက် ပြန်လည်အရေးယူ ခံရတော့မည် မဟုတ်သည့်အပြင် မိမိတို့ဘက်တွင် သူတော်စင် နှစ်ပါး ပိုတိုးလာမည်ဖြစ်ရာ နောင်တွင် ရရှိမည့် အကျိုးကျေးဇူးများမှာ မတွေးဝံ့စရာပင်။
ဆန့်ကျင်ဘက်အနေဖြင့် ချောင်ရှန်းမျှော်စင်ဘက်မှ တန်ခိုးရှင်များမှာမူ မျက်နှာပျက်နေကြသည်။ ဤကိစ္စမှာ လူသားမျိုးနွယ်စု တစ်ခုလုံး၏ အခြေခံအင်အားနှင့် ပတ်သက်နေ၏။ အကယ်၍ လူသားမျိုးနွယ်တွင် သူတော်စင် နှစ်ပါး အမှန်တကယ် ပိုတိုးလာလျှင် နောင်တွင် မွေးဖွားလာမည့် လူသားများ၌ ထူးခြားသော အရိုးစု နှစ်ခု ပိုတိုးလာမည် မဟုတ်ပါလား။ ဤသို့သော ဆွဲဆောင်မှုမှာ လူသားမျိုးနွယ်စု တစ်ခုလုံးအတွက် ငြင်းပယ်ရန် အလွန်ခက်ခဲလှသည်။
သို့သော်လည်း သူတို့သည် ယနေ့တွင် ဖန့်မျိုးနွယ်ဘက်မှ ရပ်တည်ထားမိကြပြီ ဖြစ်သည်။ အကယ်၍ ဖန့်သူတော်စင်တစ်ပိုင်းသာ အဆင့်တက်ရန် ရှုံးနိမ့်သွားပါက ကျန်းရန်မဟာမိတ်နှင့် လော့ရွှယ်မဟာမိတ်တို့၏ ချေမှုန်းမှုကို သူတို့ မလွဲမသွေ ခံကြရပေလိမ့်မည်။
ထိုအခါ သူတော်စင်တစ်ပိုင်း မိသားစုများအနက် တစ်စုတစ်လေမျှပင် ကောင်းကျိုးရလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် ကိုယ်ကျိုးစီးပွားအတွက် ဆန္ဒရှိနေကြပြီး ဖန့်သူတော်စင်တစ်ပိုင်း အဆင့်တက်နိုင်ပါစေဟုသာ နောက်ဆုံး၌ မျှော်လင့်နေကြတော့သည်။
"ကျန်းရန်သူတော်စင်... ငါတို့မျိုးနွယ်စုဟာ မီးနတ်ဘုရားမျိုးနွယ်စုနဲ့ တိုက်ခိုက်လာတာ နှစ်ပေါင်းများစွာ ရှိပြီ။ အခု ခင်ဗျားက ချိယန်သူတော်စင်နဲ့ ပူးပေါင်းဖို့ ရွေးချယ်လိုက်တယ်။ မီးနတ်ဘုရားမျိုးနွယ်စုရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ခင်ဗျား ရှင်းပြနိုင်မလား"
ဝမ်တောက်သူတော်စင်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
ကျန်းရန်သူတော်စင် စကားမပြောမီမှာပင် ချိယန်သူတော်စင်က ရယ်မောကာ ကြားဖြတ်ပြောလိုက်သည်။
"ဝမ်တောက်သူတော်စင်... ငါတို့မျိုးနွယ်စုက စိန့်ဘလက်ပုတီး နှစ်လုံး ထုတ်ပေးနိုင်တယ်ဆိုတာ ငါတို့မှာလည်း ကိုယ်ပိုင်တွက်ချက်မှု ရှိလို့ပေါ့။ ဘာရည်ရွယ်ချက်လဲဆိုတာ မင်း သိဖို့မလိုဘူး။ အခု ငါနဲ့ ပူးပေါင်းတာဟာ မင်းတို့ လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ရှိတယ်ဆိုတာ သိထားရင် လုံလောက်ပြီ"
"ဟုတ်တယ်... မီးနတ်ဘုရားမျိုးနွယ်စုရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ခေါင်းညိတ်လိုက်ရုံနဲ့ ငါတို့မျိုးနွယ်စုမှာ သူတော်စင် နှစ်ပါး ပိုထွက်လာမှာပဲ"
ကျန်းရန်သူတော်စင်က အေးဆေးစွာ ဆိုသည်
"ဒီအတွက်ကြောင့် အခြားသူတော်စင် တစ်ပါးကို ဆုံးရှုံးလိုက်ရလည်း ဘာအရေးလဲ"
"ပထမအချက်က... ဖန့်လဲ့ဟာ သူ့ဘာသာ အဆင့်ဆင့် ကျင့်ကြံလာတာ ဖြစ်ပြီး သူတော်စင်ဖြစ်ဖို့ အခြေအနေအားလုံး ရင့်ကျက်နေပြီ"
"ဒုတိယအချက်က... ခင်ဗျားတို့ လက်အောက်က ကျန်းဝူးနဲ့ ဇန့်ရွှယ်ဟာ အခြေခံအင်အား မလုံလောက်သေးဘူး"
"စိန့်ဘလက်ပုတီးကို အတင်းအကျပ် သောက်သုံးပြီး သူတော်စင်ဖြစ်လာမယ်ဆိုရင် နောင်မှာ ရှေ့ဆက်တိုးတက်ဖို့ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်"
ဝမ်တောက်သူတော်စင်၏ မျက်ဝန်းထဲတွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။
"ရှေ့ဆက်တိုးတက်ဖို့ မဖြစ်နိုင်တော့တဲ့ သူတော်စင်ဆိုတာ သူတော်စင်အပယ် ပဲ။ အဲဒီလို သူတော်စင်မျိုးဟာ လူသားမျိုးနွယ်အတွက် လက်ရှိအကျိုးအမြတ်ပဲ ရှိမှာဖြစ်ပြီး ရေရှည်အတွက်တော့ ဘာမှ မဟုတ်ဘူး"
"လက်ရှိအကျိုးအမြတ်က မလုံလောက်သေးဘူးလား ဝမ်တောက်သူတော်စင်... မင်းကတော့ အရမ်းကို အလှမ်းဝေးကြီး တွေးနေတာပဲ"
ကျန်းရန်သူတော်စင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
"သူတော်စင်အထက်က အဆင့်တွေအကြောင်းကိုတော့ မင်း စိတ်ကူးထဲမှာပဲ တွေးကြည့်လိုက်ပါတော့။ အခု လူသားမျိုးနွယ်အတွက်တော့ အဲဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"
"အရင်က ငါတို့လူသားမျိုးနွယ် အစေခံကျွန်မျိုးနွယ် ဖြစ်နေတုန်းက တစ်နေ့မှာ သူတော်စင်တစ်ပါး ထွက်လာလိမ့်မယ်လို့ ဘယ်သူ ထင်ခဲ့ဖူးလဲ ငါတို့ လူသားမျိုးနွယ်ရဲ့ ပထမဆုံး သူတော်စင်ဟာ ဝမ်မိသားစုက ဆင်းသက်လာတာ။ အခု ဝမ်မိသားစုက ဖန့်မိသားစုဘက်က ရပ်တည်ဖို့ ရွေးချယ်ထားတယ်"
ဝမ်တောက်သူတော်စင်က အေးဆေးစွာ ပြုံးလိုက်သည်။
"ခင်ဗျား သိလား ဘာလို့လဲဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အထဲမှာပဲ ဇွဲနပဲနဲ့ ကြိုးစားအားထုတ်လိုတဲ့ စိတ်ဓာတ် ရှိနေလို့သာ မဖြစ်နိုင်တာကို ဖြစ်နိုင်အောင် လုပ်နိုင်ခဲ့တာ။ အကယ်၍ ငါတို့ လူသားမျိုးနွယ်မှာ ဒီလို စိတ်ဓာတ်မျိုးသာ မရှိတော့ဘူးဆိုရင် အခုထိ သူတစ်ပါး လက်ခုပ်ထဲက ကစားစရာပဲ ရှိဦးမှာပေါ့။ မင်ရွှီ ကို တည်ထောင်နိုင်မယ့် အခွင့်အရေးကော ဘယ်က လာဦးမှာလဲ"
"ဖန့်လဲ့ က မင်းပြောသလောက် မကောင်းပါဘူး"
ကျန်းရန်သူတော်စင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ တိုးတိုးလေး ပြောလိုက်သည်။
"တကယ်တော့ ခင်ဗျားတို့ ဘာကို လိုချင်နေတာလဲဆိုတာ ငါ ခန့်မှန်းမိပါတယ်။ ဖန့်လဲ့ လက်ထဲက ဆယ့်ရှစ်ထပ် ငရဲမျှော်စင် မဟုတ်လား ဒီလောက်ထိ ကွေ့ပတ်နေစရာ မလိုပါဘူး။ ဒါပေမဲ့ ဒီအချက်ကပဲ ထိုပစ္စည်းရဲ့ တန်ဖိုးဟာ စိန့်ဘလက်ပုတီး နှစ်လုံးထက် အများကြီး သာလွန်နေတယ်ဆိုတာကို သက်သေပြလိုက်တာပဲ။ ငါတို့က ဒါကို ပေးလိုက်မယ် ထင်နေတာလား မီးနတ်ဘုရားမျိုးနွယ်စု လက်ထဲကိုလား အိပ်မက်လှလှ မက်နေတာပဲ"
ဝမ်တောက်သူတော်စင်က ရယ်မောလိုက်သည်။
ချိယန်သူတော်စင်သည် ဘေးမှနေ၍ အေးစက်စက် ကြည့်နေပြီး စိတ်မရှည်သော အမူအရာဖြင့် လိုက်ကာနောက်ကွယ်သို့ လှမ်းကြည့်လိုက်သည်။
"ခင်ဗျားတို့ ငါးယောက်... ဆုံးဖြတ်ချက် ချပြီးပြီလား"
"ငါတို့ရဲ့ သေချာစွာ စစ်ဆေးသုံးသပ်ချက်အရ ဖန့်လဲ့ သူတော်စင်အဆင့် တက်လှမ်းတာကိုပဲ ငါတို့ ဆက်ပြီး သဘောတူတယ်။ ခင်ဗျားတို့တွေ ဖယ်ရှားပေးကြ "
လိုက်ကာနောက်ကွယ်မှ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကြီး ငါးခုလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ဝမ်တောက်သူတော်စင်သည် ထိုအခြင်းအရာကို မြင်သော် ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ အငွေ့အသက်များကိုလည်း စတင်ထုတ်လွှတ်လိုက်သည်။ တစ်ချိန်လုံး တိတ်ဆိတ်နေသော ဝမ့်ချင်သူတော်စင်သည်လည်း ထိုနည်းတူပင်။
သူတော်စင် ခုနစ်ပါး၏ အရှိန်အဝါမှာ ကျန်းရန်အပါအဝင် သူတော်စင် သုံးပါး၏ အရှိန်အဝါကို ချက်ချင်း ဖိနှိပ်လိုက်တော့သည်။
ကျန်းရန်သူတော်စင်၏ မျက်နှာမှာ အထပ်ထပ် ပြောင်းလဲသွားသည်။ လိုက်ကာနောက်ကွယ်မှ ထိုသို့သော ဆုံးဖြတ်ချက် ထွက်လာလိမ့်မည်ဟု သူ မထင်ထားပုံရပေ။ သူသည် မကျေမနပ်ဖြင့် ဒေါသတကြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ငါတို့မျိုးနွယ်စုမှာ သူတော်စင် တစ်ပါး ပိုလာနိုင်တာကို ဘာဖြစ်လို့ ခင်ဗျားတို့ ဒီလိုလုပ်ရတာလဲ "
"ငါတို့မျိုးနွယ်စုဟာ မီးနတ်ဘုရားမျိုးနွယ်စုနဲ့ ဘယ်တော့မှ ပူးပေါင်းမှာ မဟုတ်ဘူး။ မီးနတ်ဘုရားမျိုးနွယ်စုဟာ ဒီနေ့ စိန့်ဘလက်ပုတီး နှစ်လုံးကို ထုတ်ပေးနိုင်တယ်ဆိုရင် သူတို့ဟာ ငါတို့ လူသားမျိုးနွယ်ဆီကနေ အဲဒီဆေးထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိတာကို ယူဖို့ သေချာပေါက် အစီအစဉ် ရှိပြီးသားပဲ "
"ကျန်းဝူးနဲ့ ဇန့်ရွှယ်တို့ဟာ သူတော်စင်ဖြစ်ဖို့ မျှော်လင့်ချက် ရှိနေကြသေးတယ်။ ဒါပေမဲ့ အခုလို အတင်းအကျပ် အရှိန်မြှင့်လိုက်မယ်ဆိုရင် သူတို့ရဲ့ နောင်အနာဂတ် တိုးတက်မှုကို ဖြတ်တောက်လိုက်သလို ဖြစ်လိမ့်မယ်။ သူတို့ဟာ အခုအချိန်မှာ သူတော်စင် မဖြစ်သင့်သေးဘူး။ အချိန်သာ လုံလုံလောက်လောက် ပေးမယ်ဆိုရင် စိန့်ဘလက်ပုတီး မပါဘဲနဲ့လည်း သူတို့ သူတော်စင်ဖြစ်ဖို့ အခွင့်အရေး ရှိတယ်"
"ဖန့်လဲ့ ရဲ့ သူတော်စင်ဖြစ်မယ့် အရှိန်အဝါဟာ အလုံးစုံ ပြည့်စုံနေပြီ။ သူ့ကို အဆင့်တက်ခွင့် ပေးရမယ်။ ဘယ်သူမှ လာပြီး မတားဆီးရဘူး။ တားဆီးတဲ့သူဟာ ငါတို့ လူသားမျိုးနွယ်ရဲ့ ရန်သူပဲ။ ငါတို့တွေဟာ ကောင်းကင်အဆုံး၊ မြေကြီးအဆုံးအထိ လိုက်လံပြီး သတ်ဖြတ်ပစ်မယ် "
"လူသားလမ်းစဉ် ဆိုတာ လူသားမျိုးနွယ်ရဲ့ လမ်းစဉ်ပဲ။ လူသားလမ်းစဉ်ရဲ့ စိတ်ဓာတ်ကို အပျောက်မခံနိုင်ဘူး။ အကယ်၍ သူတော်စင်အဆင့်ကိုတောင် တခြားမျိုးနွယ်စုက လာပြီး လွှမ်းမိုးလို့ ရနေမယ်ဆိုရင် ဒီသတင်းသာ ပျံ့သွားရင် ငါတို့မျိုးနွယ်ရဲ့ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေဟာ အနိုင်ယူလိုတဲ့ စိတ်ဓာတ်တွေ ပျောက်ဆုံးကုန်လိမ့်မယ်။ ကျန်းရန်သူတော်စင်... လော့ရွှယ်သူတော်စင်... ခင်ဗျားတို့ဟာ ငါတို့မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာပဲ"
"ဒါကြောင့် ဒါဟာ ငါတို့ရဲ့ အဆုံးသတ် ဆုံးဖြတ်ချက်ပဲ။ ခင်ဗျားတို့ မကျေနပ်ရင် ဖန့်လဲ့ သူတော်စင်ဖြစ်ပြီးမှ ပြန်ပြီး ဆွေးနွေးကြတာပေါ့ "
ဟိန်းဟောက်သော သူတော်စင်အသံကြီးမှာ ကမ္ဘာမြေနှင့် ကောင်းကင်ယံကြား ဟိန်းထွက်သွားတော့သည်။
ကျန်းရန်နှင့် လော့ရွှယ် သူတော်စင်နှစ်ပါး၏ မျက်နှာမှာ အထပ်ထပ် ပြောင်းလဲနေတော့သည်။
အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များ၊ ချောင်ရှန်းမျှော်စင်၊ ဇန့်လုံမြို့နှင့် တန်ခိုးရှင်အားလုံးမှာ အသက်ရှူရပ်မတတ် တုန်လှုပ်သွားကြသည်။ ဤကိစ္စ၏ နောက်ဆက်တွဲ သက်ရောက်မှုမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားမိကြပေ။
အကယ်၍ လူသားမျိုးနွယ်၏ သူတော်စင်နေရာကိုပင် ပြင်ပမျိုးနွယ်စုက လာရောက်လွှမ်းမိုးနိုင်လျှင်... သူတို့ ဆက်ပြီး မတွေးရဲတော့ချေ။
"တောက်... မီးနတ်ဘုရားမျိုးနွယ်စုက တော်တော် ရက်စက်တာပဲ။ ဘယ်သူက သူတို့ကို ဒီလို အကြံပေးလိုက်တာလဲ သူတို့ ဦးနှောက်နဲ့တော့ ဒီလောက်အထိ မတွေးနိုင်ပါဘူး"
ဝမ်ချုံစန်း၏ မျက်နှာမှာ ဖြူလျော်နေသည်။ နောက်ထပ် တစ်လှမ်းတည်းနှင့်တင် လူသားမျိုးနွယ်စုသည် အခြေခံအုတ်မြစ်ကနေ တဖြည်းဖြည်း တိုက်စားခံရမည့် ဘေးမှ လွတ်မြောက်သွားခြင်း ဖြစ်သည်။ ဒါဟာ ဖားကို ရေနွေးနဲ့ ဖြည်းဖြည်းချင်း ပြုတ်သတ်သလိုမျိုး အစီအစဉ်ပင်။
'ဆယ့်ရှစ်ထပ် ငရဲမျှော်စင်က သူတို့ရဲ့ ပစ်မှတ်ပဲ။ လူသားပါရမီရှင်တွေရဲ့ အနိုင်ယူလိုတဲ့ စိတ်ဓာတ်ကို ဖျက်ဆီးဖို့ကလည်း သူတို့ရဲ့ ပစ်မှတ်ပဲ။ နောက်ဆက်တွဲ သက်ရောက်မှုတွေနဲ့အတူ လက်နက်မသုံးဘဲ စိန့်ဘလက်ပုတီး နှစ်လုံးတည်းနဲ့ တိုးတက်နေတဲ့ မျိုးနွယ်စုတစ်ခုကို ဒီလောက်အထိ ထိခိုက်အောင် လုပ်နိုင်တယ်ပေါ့...'
'ဒါမှမဟုတ် အစကတည်းက ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ဆိုတာ မျက်လှည့်ပြလိုက်တာပဲလား။ မီးနတ်ဘုရားမျိုးနွယ်စုရဲ့ တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့အတွက်...'
'မျိုးနွယ်စု ပျက်သုဉ်းရေး စစ်ပွဲ ဆိုတာ ဒါကိုး'
ဖန့်ချန် စိတ်ထဲမှ ရေရွတ်ကာ အံ့ဩနေမိသည်။
ထိုအချိန်မှာပင် ဖန့်သူတော်စင်တစ်ပိုင်းသည် သူတော်စင်လမ်းစဉ်ပေါ်သို့ ပြန်လည်ခြေချလိုက်ပြီ ဖြစ်သည်။ သူ၏ အရှိန်အဝါ အငွေ့အသက်များမှာလည်း တစ်ဟုန်ထိုး ပြန်လည် မြင့်တက်လာတော့သည်။
အခန်း (၁၈၄၀) - ရှစ်မျက်နှာအရပ်ကို အောင်နိုင်ခြင်း
အခြေအနေများမှာ အတည်ဖြစ်သွားခဲ့ပြီ
အဖွဲ့အစည်းအသီးသီးမှ လူများမှာ ဖန့်သူတော်စင်တစ်ပိုင်း သူတော်စင်လမ်းစဉ်ပေါ်သို့ တက်လှမ်းနေသည်ကို ငြိမ်သက်စွာ စောင့်ကြည့်နေကြရုံမှတစ်ပါး အခြားမရှိတော့ချေ။ အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များကြားမှ ကန့်သတ်ချက်ကျော်လွန်သူ တန်ခိုးရှင်များမှာမူ မျက်နှာများ ပြာနှမ်းနေကြတော့သည်။
"ဟားဟားဟား... ဘိုးဘေးကြီး သူတော်စင်ဖြစ်ပြီ၊ ငါတို့ ဖန့်မျိုးနွယ်စုကြီး တိုးတက်စည်ကားတော့မယ်"
ဖန့်ချန်းယူ က ဟားတိုက်ရယ်မောလိုက်သည်။
ဝမ်မိသားစု၊ ရှီးမိသားစုတို့မှ ကန့်သတ်ချက်ကျော်လွန်သူများ၏ မျက်နှာတွင်လည်း အပြုံးရိပ်များ ပေါ်လာကြသည်။ ဤအချိန်၌ သူတို့၏ ရွေးချယ်မှုမှာ မှန်ကန်သွားပြီဖြစ်ကြောင်း အားလုံး သိလိုက်ကြပြီဖြစ်သည်။ ဖန့်မျိုးနွယ်သည် လော့ရွှယ်မဟာမိတ်၏ ဝရမ်းထုတ်ခြင်း ခံထားရသော်လည်း ကျန်ရှိနေသော သူတော်စင်များမှာမူ အမှန်တရားကို သိမြင်ကြပြီး မီးနတ်ဘုရားမျိုးနွယ်စု၏ အကြံအစည်ကို ရိပ်မိသွားကြခြင်းပင်။
မသိမသာပင် ချောင်ရှန်းမျှော်စင်ပေါ်၌ ပုံရိပ်များစွာ တိုးပွားလာသည်။ ထိုပုံရိပ်များသည် အသံတစ်သံမျှ မထွက်ဘဲ ပေါ်လာခြင်းဖြစ်ပြီး တစ်စုံတစ်ယောက်က သတိထားမိသည့်အခါတွင်လည်း အံ့ဩသွားသော်လည်း ချက်ချင်းပင် ရိုသေလေးစားသော အမူအရာ ပြောင်းလိုက်ကြကာ မနှောင့်ယှက်ဝံ့ကြချေ။
'ဒါတွေက နယ်ပယ်အသီးသီးက သူတော်စင်တစ်ပိုင်းတွေပဲ၊ အခြေအနေတွေ အားလုံး အတည်ဖြစ်သွားမှ ကိုယ်ထင်ပြလာကြတာကိုး'
ဖန့်ချန် စိတ်လှုပ်ရှားသွားသည်။
ဤအခိုက်အတန့်၌ ဇန့်လုံမြို့၊ ချောင်ရှန်းမျှော်စင်၊ အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များနှင့် မရေမတွက်နိုင်သော အကြည့်များမှာ ဖန့်သူတော်စင်တစ်ပိုင်းထံသို့ စုပြုံကျရောက်နေသည်။ သူသည် လူအပေါင်း၏ အကြည့်များအောက်တွင် သူတော်စင်နေရာ ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။
ကျန်းရန်သူတော်စင် အပါအဝင် သူတော်စင် သုံးပါးမှာမူ ဝမ်တောက်သူတော်စင်တို့၏ ဝိညာဉ်ဖိအားကို မခံနိုင်သဖြင့် မိုင်အနည်းငယ်အကွာသို့ ဆုတ်ခွာပေးလိုက်ကြရသည်။
"ကျုပ်ပြောသားပဲ... ခင်ဗျားတို့ မီးနတ်ဘုရားမျိုးနွယ်စုက ငါတို့အတွက် လက်ဆောင်လာပေးတာလို့"
ကျန်းရန်သူတော်စင်က ချိယန်သူတော်စင်ကို တစ်ချက်ကြည့်ကာ မကျေမနပ်ဖြစ်နေသော လေသံဖြင့် ဆိုလိုက်သည်။
"မင်းတို့ လူသားသူတော်စင်တွေကပဲ လူကောင်းကို လူဆိုးထင်နေကြတာပါ။ သူတော်စင်တစ်ပါး ထပ်တိုးနိုင်တာကို အကြောင်းပြချက် အမျိုးမျိုးပေးပြီး ငြင်းပယ်ကြတယ်၊ ရယ်စရာပဲ"
ချိယန်သူတော်စင်က အေးစက်စွာ တုံ့ပြန်သည်။ သူ၏ အကြည့်မှာ ဖန့်လဲ့ ထံတွင်သာ စွဲမြဲနေသော်လည်း ယခုအချိန်၌ တစ်ဖက်လူ အဆင့်တက်နေသည်ကို တားဆီးရန် မည်သည့်နည်းလမ်းမျှ မရှိတော့ချေ။
"ဟူး... တချို့က ပြောကြတယ်၊ ငါ့ဦးနှောက်က သိပ်မကောင်းဘူးတဲ့။ အခုကြည့်ရတာ တကယ်ပဲ ဖြစ်မှာပါ။ ခင်ဗျားတို့ရဲ့ လှည့်ကွက်ထဲမှာ ပတ်ချာလည်နေခဲ့တာပဲ"
ကျန်းရန်သူတော်စင်က ရယ်မောလိုက်ပြီး လော့ရွှယ်သူတော်စင်ကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။
"ခင်ဗျားကတော့ အမြဲတမ်း ဉာဏ်ကောင်းခဲ့တာပဲ၊ ဒီကိစ္စက ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို ကြိုသိနေခဲ့တာ မဟုတ်လား သူတို့က ခင်ဗျားကို ပိုကြီးမားတဲ့ အကျိုးအမြတ်တွေ ပေးမယ်လို့ ကတိပေးထားလို့လား၊ ဒါကြောင့် လူသားမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပြီး မီးနတ်ဘုရားမျိုးနွယ်စုနဲ့ ပူးပေါင်းခဲ့တာလား "
"ခင်ဗျား နားလည်မှု လွဲနေပြီ၊ ကျုပ်လည်း အခုမှပဲ ဒါကို စဉ်းစားမိတာပါ"
လော့ရွှယ်သူတော်စင်က အေးဆေးစွာ ဆိုသည်
"အရင်တုန်းကတော့ ကျုပ်လည်း ခင်ဗျားလိုပဲ၊ ဒါဟာ လူသားမျိုးနွယ်အတွက် အကျိုးရှိမယ်လို့ပဲ ထင်ခဲ့တာ။ အခုကြည့်ရတာတော့ လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ တကယ်မရှိပါလား"
"ဟုတ်ပါ့မလား"
ကျန်းရန်သူတော်စင်က မယုံကြည်သလို ရေရွတ်လိုက်သည်။
သို့သော်လည်း သူတို့နှစ်ဦးစလုံးမှာ သူတော်စင်များ ဖြစ်ကြသဖြင့် မီးနတ်ဘုရားမျိုးနွယ်စု၏ နှာခေါင်းဖြင့် အဆွဲခံလိုက်ရသည်မှာ သူတို့အတွက် ကြီးကြီးမားမား ထိခိုက်မှုတော့ မဟုတ်ပေ။ အများဆုံးမှာ အခြားသူများ၏ ကဲ့ရဲ့မှုကို ခံရရုံသာရှိပြီး သူတို့၏ အမွှေးအမျှင် တစ်ပင်ကိုမျှ မထိခိုက်နိုင်ချေ။ သူတို့ တစ်ခုတည်း စိုးရိမ်ရသည်မှာ သူတော်စင်ဖြစ်သွားပြီးနောက် ဖန့်လဲ့ ကို မည်သို့ ရင်ဆိုင်ရမည်နည်း ဆိုသည့် အချက်သာဖြစ်သည်။
'ဖန့်လဲ့ သူတော်စင်ဖြစ်သွားရင်တောင် ကျင့်စဉ်ခိုင်မာဖို့ အချိန်ယူရဦးမှာပဲ။ ငါက သူတော်စင်ဖြစ်တာ သူထက် အများကြီး စောတယ်။ သူသာ လာရှာရင်တောင် ငါ အလွယ်တကူ ပြန်တိုက်ထုတ်နိုင်ပါတယ်'
ဤသို့ တွေးလိုက်မိပြီးနောက် ကျန်းရန်သူတော်စင်သည် ဖန့်လဲ့ သူတော်စင်ဖြစ်လာသည့် ဖြစ်စဉ်ကိုသာ ငြိမ်သက်စွာ ကြည့်နေတော့သည်။ ဆက်လက်နှောင့်ယှက်ရန် စိတ်ကူးမရှိတော့ချေ။
အချိန်သည် တစ်လခန့် ကုန်လွန်သွားခဲ့သည်။
ဤတစ်လအတွင်း၌ ဖန့်လဲ့၏ ကိုယ်ပေါ်မှ အရှိန်အဝါ အငွေ့အသက်များမှာ အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ တရိပ်ရိပ် တက်လှမ်းလာသည်ကို လူတိုင်း မြင်တွေ့ခဲ့ကြရသည်။ အရှိန်အဝါများ ထိပ်ဆုံးသို့ ရောက်ရှိသွားချိန်တွင် လူတိုင်းမှာ ဖန့်လဲ့ ကို မမြင် နိုင်တော့သကဲ့သို့ ရုတ်တရက် ဖြစ်သွားသည်။
ဖန့်လဲ့ ၏ ကိုယ်ပေါ်မှ အလင်းဖြူများမှာ တဖြည်းဖြည်း မှိန်ဖျော့ကွယ်ပျောက်သွားခဲ့ပြီ။ သူသည် ဟင်းလင်းပြင်ထဲတွင် ရပ်နေဆဲဖြစ်သော်လည်း လူတိုင်းမှာ မျက်စိဖြင့် မြင်နေရရုံမှလွဲ၍ သူ၏ တည်ရှိမှုကို အာရုံခံစား၍ မရတော့ချေ။ ချောင်ရှန်းမျှော်စင်ပေါ်ရှိ သူတော်စင်တစ်ပိုင်းများပင်လျှင် ဤသည်ကို မြင်သောအခါ မျက်ဝန်းထဲ၌ အံ့ဩချီးကျူးမှုများ ပြည့်နှက်သွားကြသည်။
"အောင်မြင်သွားပြီ၊ ဒါဟာ သေချာပေါက် အောင်မြင်သွားတာပဲ "
"ငါတို့ လူသားမျိုးနွယ်မှာ နောက်ထပ် သူတော်စင်တစ်ပါး ထပ်တိုးလာပြီ "
ဇန့်လုံမြို့အတွင်း၌ လေထုမှာ ဆူညံပွက်လောရိုက်သွားပြီး မရေမတွက်နိုင်သော လူများမှာ စိတ်လှုပ်ရှားစွာဖြင့် ဤမြင်ကွင်းကို ကြည့်နေကြသည်။ သူတော်စင်တစ်ပါး ပေါ်ထွန်းလာသည်ကို ကိုယ်တိုင် မြင်တွေ့ခွင့်ရခြင်းမှာ လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက်တွင် အလွန်နည်းပါးသော ကံကောင်းသူများစာရင်း၌ ပါဝင်သွားခြင်းပင်။ ယခု ဖန့်လဲ့ သူတော်စင်ဖြစ်လာသည့် ဖြစ်စဉ်မှာ သူတို့၏ နောင်ကျင့်စဉ်လမ်းအတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။
"ဘိုးဘေးကြီး အောင်မြင်သွားပြီ"
ဖန့်ချန်းယူ ၏ မျက်နှာမှာ အပြုံးများဖြင့် ဝေဆာနေသည်။ ဖန့်ချန်းယွဲ့ ကလည်း ကောင်းကင်ယံမှ ပုံရိပ်ကို ကြည့်ကာ ပြုံးလိုက်သည်။ ဖန့်မျိုးနွယ်ဝင် ကန့်သတ်ချက်ကျော်လွန်သူမှစ၍ အခြေခံတည်ဆောက်ခြင်းအဆင့် တန်ခိုးရှင်များအထိ အားလုံးမှာ ဝမ်းသာအားရ အော်ဟစ်နေကြသည်။
ဖန့်မျိုးနွယ်ဘက်မှ ရပ်တည်ခဲ့ကြသော သူတော်စင်တစ်ပိုင်းများ၏ မျက်ဝန်းထဲတွင်မူ အားကျစိတ်များသာ ပြည့်နှက်နေသည်။ သူတော်စင်အဆင့်မှာ သူတို့အတွက် ခြေတစ်လှမ်းအကွာဟု ထင်ရသော်လည်း ထိုခြေတစ်လှမ်းမှာ တစ်သက်လုံး ကြိုးစားလျှင်ပင် မကူးဖြတ်နိုင်သော ကောင်းကင်စည်းရိုးကြီး ဖြစ်နေနိုင်သည်မဟုတ်ပါလား။
"ငါ အခု သူတော်စင်ဖြစ်ပြီ၊ ခင်ဗျားတို့ရဲ့ သွေးနဲ့ပဲ ငါ့ဓားကို ပူဇော်ရတော့မှာပေါ့"
ဖန့်လျဲ့က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
ဤအခိုက်အတန့်၌ အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များကြားမှ တန်ခိုးရှင်အားလုံးမှာ အကြောင်းပြချက်မရှိဘဲ ရင်တုန်သွားကြပြီး သေမင်းမှာ အနားသို့ ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ကြရသည်။ တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ခင်ဗျား သူတော်စင်ဖြစ်ပြီပဲ၊ ဘာလို့ ငါတို့လို မျိုးဆက်သစ်လေးတွေကို လက်ဖျားနဲ့ ထိချင်ရတာလဲ"
"ငါတို့ကလည်း လူသားမျိုးနွယ်ရဲ့ အနာဂတ်ပဲလေ"
သို့သော် ဖန့်လျဲ့ကမူ ဂရုမစိုက်ဘဲ တည်ငြိမ်စွာပင် ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒ များမှာ ကမ္ဘာမြေနှင့် ကောင်းကင်ယံကြား ဟိန်းထွက်သွားတော့သည်။
ဓားအလင်းတန်းများမှာ ရှစ်မျက်နှာအရပ်ကို အောင်နိုင်ခြင်း
သာမန်လူများအတွက် ကောင်းကင်ယံမှ နတ်ဘုရားများကဲ့သို့ အစွမ်းထက်လှသော တိမ်တိုက်ကြားမှ တန်ခိုးရှင်များသည် ထိုဓားအလင်းတန်းများအောက်တွင် ဆူးဆူးဝါးဝါး အော်ဟစ်ရင်း အသက်ပျောက်ကုန်ကြသည်။ ဤကမ္ဘာမြေကြီးမှာ ပန်းချီကားတစ်ချပ်အလား ဖြစ်သွားပြီး နတ်ဘုရားတို့၏ သွေးများမှာ မှင်ရည်များအလား ဖိတ်စင်ကာ ကျင်စပ်လှသော သွေးနံ့များဖြင့် ငရဲခန်းအလား ဖြစ်ပေါ်စေတော့သည်။
ဖန့်ချန်သည် ဤမြင်ကွင်းကို ကြည့်ရင်း ဦးနှောက်ထဲ၌ လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်နေခဲ့သော မှတ်ဉာဏ်များ ပွင့်ထွက်လာသည်။
'ဒါက... ရှစ်မျက်နှာအရပ် နတ်ဘုရားဓားကျမ်း .. သတ္တမမြောက်ဓားလား ဒါမှမဟုတ် ခုနစ်ဓားပေါင်းစပ်ထားတဲ့ နတ်ဘုရားနှိမ်နင်းခြင်းပုံစံ လား'
ဖန့်ချန် စိတ်ထဲမှ ရေရွတ်မိသည်။
ယခင်က သူသည် ဓားငယ်လေး ထံမှ ထိုဓားကျမ်းကို ရရှိခဲ့စဉ်က ယခုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ခဲ့ဖူးသည်။ ထိုစဉ်က သူ၏ ကျင့်စဉ်အဆင့်မှာ အလွန်နိမ့်ပါးနေသဖြင့် တိမ်တိုက်ကြားမှ ပုံရိပ်များမှာ ကောင်းကင်နတ်ဘုရားများကဲ့သို့ အလွန်အစွမ်းထက်လှသည်ဟုသာ ခံစားခဲ့ရသည်။ ယခု ပြန်ကြည့်သည့်အခါတွင်လည်း သူ၏ ထိုခံစားချက်မှာ မမှားခဲ့ချေ။
ဖန့်လဲ့ ၏ ဤဓားတစ်ချက်အောက်တွင် သေဆုံးသွားသူများမှာ ကန့်သတ်ချက်ကျော်လွန်သူများနှင့် အဆင့် ၉ မသေမျိုးများဖြစ်ကြသည်။ ဤအဆင့်အတန်းများသည် နယ်မြေကိုးခု ကာလတုန်းကဆိုလျှင် ပြိုင်ဘက်ကင်း အတုမဲ့ တန်ခိုးရှင်များပင် ဖြစ်ကြလိမ့်မည်။ သို့သော် ဤအချိန်တွင် ဤမြင်ကွင်းကို မြင်တွေ့ရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
'ငါ ကြိုပြီး စဉ်းစားသင့်တာ။ ဘိုးဘေးကြီးက ဒီကာလနဲ့ နယ်မြေကိုးခုကာလမှာ ရုပ်ချင်းသိပ်မတူလို့ပါပဲ။ ဓားငယ်လေးကို ငါ့ဆီ မတော်တဆရောက်အောင် စီစဉ်ခဲ့တာ ဘိုးဘေးကြီးပဲဆိုတော့... ဒီဓားကျမ်းဟာလည်း ဘိုးဘေးကြီး မင်ရွှီ ကာလတုန်းက နားလည်သဘောပေါက်ခဲ့တဲ့ ထူးခြားဆန်းပြားတဲ့ ပညာရပ် ဖြစ်ရမယ်...'
ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချကာ နောက်ဆက်တွဲများကို ဆက်လက်အကဲခတ်နေသည်။ ယခင်က သူမြင်ခဲ့ရသည်မှာ ရှေ့ပိုင်းမျှသာဖြစ်ပြီး အသိစိတ်ပြန်ဝင်လာသဖြင့် နောက်ပိုင်းများကို မသိခဲ့ရချေ။
ထိုအချိန်မှာပင် ကျန်းရန်သူတော်စင်သည် သတိဝင်လာခဲ့ပြီ။ သူနှင့် လော့ရွှယ်သူတော်စင်တို့သည် မိမိတို့လက်အောက်မှ ကျန်းဝူးသူတော်စင်တစ်ပိုင်း၊ ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းနှင့် ကျန်းရန်မဟာမိတ်၊ လော့ရွှယ်မဟာမိတ်တို့မှ ကန့်သတ်ချက်ကျော်လွန်သူများ အန္တရာယ်ရှိနေသည်ကို မြင်သောအခါ ဟိန်းဟောက်လိုက်ကြပြီး ဖန့်လဲ့ ကို ဝိုင်းအုံ ဖိနှိပ်ရန် ကြိုးစားကြသည်။
သို့သော် ဖန့်လဲ့ကမူ သူတို့ကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ပြင်းထန်သော ဓားအရှိန်အဝါ တစ်ခုမှာ သူတော်စင်နှစ်ပါးထံသို့ ပြေးဝင်သွားတော့သည်။ သူတော်စင်နှစ်ပါးစလုံးမှာ ထိုအခိုက်အတန့်၌ ရင်တုန်သွားကြသည်။ သူတို့နှစ်ဦးမှာ ဆက်မနေဝံ့တော့ဘဲ ဝတ်ရုံစကို ဝှေ့ယမ်းကာ မိမိတို့လူများကို ဆွဲယူပြီး ဟင်းလင်းပြင်ထဲမှ ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။
ချိယန်သူတော်စင်သည်လည်း ဤမြင်ကွင်းကို မြင်သော် ကျိန်ဆဲလိုက်ပြီးနောက် လျင်မြန်စွာပင် ထွက်ပြေးတိမ်းရှောင်သွားတော့သည်။
ထိုသို့ဆိုလျှင် ကျန်ရှိနေသော ကံဆိုးသူများမှာမူ ဆိုးရွားစွာ အဆုံးသတ်ကြရတော့မည်။ ဝမ်တောက်သူတော်စင်နှင့် ဝမ့်ချင်သူတော်စင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဖျန်ဖြေရန် ပြင်သော်လည်း လိုက်ကာကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ကျန်သူတော်စင် ငါးပါး၏ စိတ်ဆန္ဒကို နားလည်သွားကြကာ နှုတ်ဆိတ်နေလိုက်ကြတော့သည်။
အဆင့် ၉ တန်ခိုးရှင် အချို့နှင့် ကန့်သတ်ချက်ကျော်လွန်သူ အချို့ သေဆုံးသွားခြင်းမှာ လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤတိုက်ပွဲသည် ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်အားလုံးအတွက် သတိပေးခေါင်းလောင်း တစ်ချက် ဖြစ်လာပေလိမ့်မည်။
"မယုံနိုင်စရာပဲ... ဖန့်သူတော်စင်က အခုမှ သူတော်စင်ဖြစ်တာကို... ဓားတစ်ချက်တည်းနဲ့ ကျန်းရန်သူတော်စင်နဲ့ လော့ရွှယ်သူတော်စင်တို့ကို မောင်းထုတ်လိုက်နိုင်တယ်၊ ဒါက ဘယ်လို ပညာရပ်မျိုးလဲ"
ဝမ်ချုံစန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူသည် စိတ်အာရုံဖြင့် မပြောဘဲ အသံထွက်ပြောလိုက်ခြင်းဖြစ်ရာ ချောင်ရှန်းမျှော်စင်ပေါ်ရှိ လူတိုင်း ကြားလိုက်ကြရသည်။
ဖန့်ချန်က
"ဒါက ဓားပညာ ပဲ"
"ဓားပညာလား... ငါလည်း ဒီလမ်းစဉ်ကို လိုက်သင့်တယ် ထင်တယ်"
ဝမ်ချုံစန်းက တိုးတိုးလေး ပြောလိုက်ပြန်သည်။
ဖန့်ချန် တစ်ချက် မှင်တက်သွားပြီး သူ့ကို ကြည့်လိုက်မိသည်။ ထို့နောက် ချောင်ရှန်းမျှော်စင်ပေါ်ရှိ အဆင့် ၉ များ၊ ကန့်သတ်ချက်ကျော်လွန်သူများနှင့် သူတော်စင်တစ်ပိုင်းများကို လိုက်ကြည့်လိုက်သည်။ အားလုံးမှာ ဖန့်လဲ့ ၏ ဓားတစ်ချက်ကြောင့် တုန်လှုပ်နေကြပြီး ဓားလမ်းစဉ် အပေါ် အားကျစိတ်များ ပေါ်ပေါက်နေကြသည်။
'ဝမ်အိုကြီးက ဒီအချိန်မှာ ဓားကျင့်ဖို့ စပြီး ဝါသနာပါလာတာလား '
ဖန့်ချန် စဉ်းစားနေမိတော့သည်။