← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂) - တတိယမြောက် နန်းတော်သခင် (၂)

~"အာမခံဌာန ခေါင်းဆောင်ဆု နဲ့ ကျွန်မတို့ရဲ့ လန်ယွဲ့နန်းတော် ကြားမှာ ဒီလောက်တောင် ရေစက်တွေ ပါလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူးရှင်"

ထိုသို့ပြောဆိုရင်း သူမက ဆုမိုအား အဓိပ္ပာယ်ပါပါ တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

ဆုမိုက သူမ၏ ဟန်ဆောင်မှုများကို ဖော်ထုတ်ရန် စိတ်ကူးမရှိချေ။ လန်ယွဲ့နန်းတော်မှ ချူချိုယွီ ကဲ့သို့သော သူများနှင့် သူ မည်သို့ ရင်းနှီးကျွမ်းဝင်ခဲ့သည်ကို ဝေဇီယီ အတိအကျ သိရှိပြီး ဖြစ်၏။ ယခုကဲ့သို့ စိမ်းစိမ်းကြည့်ကာ ပြောလိုက်ခြင်းမှာ ရေခဲပမာ အေးစက်တည်ငြိမ်သော သူမ၏ ပုံရိပ်ကို ထိန်းသိမ်းလိုခြင်းကြောင့်သာ ဖြစ်တန်ရာ၏။ မည်သို့ပင်ဆိုစေ သူမသည် ပါးရည်နပ်ရည် ရှိသော မိန်းမတစ်ဦးဖြစ်ကြောင်းကို အခြားသူများအား အသိပေးလိုမည် မဟုတ်ပေ။

"ဪ... ဒါကိုး" ချူချိုယွီ က ခေါင်းညိတ်လိုက်၏။

"အသေးစိတ်ကိုတော့ နောက်မှ ညီမလေးကို ရှင်းပြပေးပါ့မယ်... ခေါင်းဆောင်ဆု... တတိယမြောက် နန်းတော်သခင် က တွေ့ချင်လို့ ခေါ်ခိုင်းလိုက်ပါတယ်ရှင်"

"ဟင်"

ဆုမို တစ်ယောက် အံ့အားသင့်သွားသည်။

"ဆရာသခင် က သိနေပြီလား"

ဝေဇီယီ ပင်လျှင် အနည်းငယ် အံ့သြသွားဟန်ရှိ၏။

"ဒါပေါ့ ညီမလေးရဲ့" ချူချိုယွီ က ပြုံးရွှင်စွာ ဆိုသည်။ "ဒီကိစ္စ နန်းတော်တစ်ခုလုံးကို ပျံ့နှံ့သွားကတည်းက တတိယမြောက် နန်းတော်သခင် က ခေါင်းဆောင်ဆု ကို အမြဲတမ်း ချီးကျူးနေခဲ့တာ... ဒီနေ့ ခေါင်းဆောင်ဆု လန်ယွဲ့နန်းတော်ကို ရောက်လာပြီဆိုတာ သိသိချင်း ချက်ချင်း သွားပင့်ခိုင်းတာပဲ... သူက ဒီလူငယ်သူရဲကောင်းကို တွေ့ချင်နေတာ ကြာပြီလေ"

ဆုမိုက တစ်ခဏမျှ စဉ်းစားတွေးတောလိုက်သည်။ သူ ရောက်ရှိလာသည်နှင့် ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ ကုန်ပစ္စည်းများကို အပ်နှံရန် ဖြစ်၏။ သို့ရာတွင် ဤနေရာသည် လန်ယွဲ့နန်းတော် ဖြစ်ပြီး၊ အိမ်ရှင်ဖြစ်သော တတိယမြောက် နန်းတော်သခင် က သူ့အား တွေ့ဆုံလိုခြင်းမှာ ယုတ္တိမတန်သော တောင်းဆိုမှုမျိုး မဟုတ်ချေ။ ဤဖိတ်ခေါ်ချက်ကို ငြင်းဆန်ရန်မှာ အလျဉ်းမသင့်တော်ပေ။

"တတိယမြောက် နန်းတော်သခင် က အမိန့်ရှိလာမှတော့ ကျွန်တော်က ဘယ်လိုလုပ် ငြင်းဆန်ရဲမှာလဲဗျာ... ဒါပေမဲ့ ဒီက ပစ္စည်းတွေက..."

သူက အချိန်ဆွဲမနေဘဲ ခပ်ပြုံးပြုံးဖြင့် ဖွင့်ဟလိုက်သည်။

"ကိစ္စမရှိပါဘူးရှင်" ချူချိုယွီ က ပြန်လည် ဖြေကြားလိုက်၏။ "သူရဲကောင်းတို့ကို ပစ္စည်းတွေ နေရာချဖို့အတွက် ကျွန်မ လူတစ်ယောက်ကို လမ်းပြခိုင်းလိုက်ပါ့မယ်"

"ဒါဆိုလည်း ကောင်းပါပြီဗျာ"

ဆုမိုက သူ၏ ဝတ်ရုံ လက်အတွင်းမှ စာရွက်စာတမ်းများကို ထုတ်ယူကာ အဖွဲ့မှူးလီ ထံသို့ ကမ်းပေးလိုက်သည်။

"ဒါဆိုရင် အဖွဲ့မှူးလီ... ပစ္စည်းတွေကို စာရင်းတိုက်ဖို့ အပန်းဖြေပါရစေဦးဗျာ... တစ်ခုမှ မလစ်ဟင်းစေနဲ့နော်"

"စိတ်ချပါ ဂိုဏ်းချုပ်"

အဖွဲ့မှူးလီ က ပြတ်သားစွာ တုံ့ပြန်လိုက်ပြီးနောက် ဖုဟန်ယွမ်၊ ဟူဆန်းတောက် နှင့် လမ်းခရီးတွင် ကယ်တင်ခဲ့သော အမာရွတ်နှင့် လူစိမ်း အပါအဝင် အာမခံဌာနမှ အလုပ်သမားတစ်စုကို ဦးဆောင်ကာ လန်ယွဲ့နန်းတော်မှ သိုင်းမယ်အချို့၏ နောက်သို့ လိုက်ပါသွားလေတော့သည်။

သူမတို့အထဲတွင် ရုပ်ရည် ခက်ထန်ကြမ်းတမ်းပြီး သန်သန်စွမ်းစွမ်း ကိုယ်လုံးကိုယ်ပေါက်ဖြင့် ရွှေခြည်မျှင် ကွင်းတပ်ဓားကြီးကို ကိုင်ဆောင်ထားသော ဟူဆန်းတောက် ၏ အသွင်အပြင်က လန်ယွဲ့နန်းတော်မှ သိုင်းမယ်များ၏ အာရုံကို ဖမ်းစားသွားစေ၏။ သူမတို့အထဲမှ အချို့မှာ ထိုတောပုန်းဓားပြကြီးကို ဓားထုတ်ကာ ချက်ချင်း ရှင်းလင်းချေမှုန်းပစ်ချင်သည့် စိတ်ဆန္ဒကို ခက်ခဲစွာ ထိန်းချုပ်ထားရသည်။

အမာရွတ်နှင့် လူစိမ်း ကမူ ဟူဆန်းတောက် နှင့် အတော်လေး ရင်းနှီးနေပုံရပြီး သူ၏ လှုပ်ရှားမှုတိုင်းကို တစ်ထပ်တည်း လိုက်လံ အတုခိုးနေသည်။ လက်ထဲတွင် ဓားမပါသော်ငြားလည်း သူက ဓားကို ဝှေ့ယမ်းသည့် ဟန်ပန်များကို တစ်ခါတစ်ရံ ပြုလုပ်နေပြီး၊ ရွှေကွင်းနှင့် ဓားပြား ထိခတ်သံများကိုပါ သူ၏ နားထဲတွင် ကြားနေရသည့်အလား ပုံဖော်နေတော့၏။ ဤမြင်ကွင်းက လန်ယွဲ့နန်းတော်မှ တပည့်မလေးများကို အမှန်တကယ် ဆွံ့အ မှင်သက်သွားစေခဲ့သည်။

ပစ္စည်းများ နေရာချထားရန် စီစဉ်ပြီးစီးသွားသောအခါ ချူချိုယွီ က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုလိုက်၏။

"ခေါင်းဆောင်ဆု... ဒီဘက်ကို ကြွပါရှင်"

"ကောင်းပါပြီ"

ဆုမိုက ခေါင်းညိတ်ပြလိုက်ပြီး ချူချိုယွီ ၏ နောက်မှ လိုက်ပါသွားသည်။

ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးသည်နှင့် သူ၏ ဘေးဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ထိုသူကား ဝေဇီယီ ပင် ဖြစ်ချေသည်။ ဆုမိုက ဝေဇီယီ ကို အနည်းငယ် ဇဝေဇဝါ ဖြစ်စွာဖြင့် ကြည့်လိုက်၏။

"မဟာမိတ်ခေါင်းဆောင် ဝေ... မင်းက ဂိုဏ်းကို အခုမှ ပြန်ရောက်တာလေ... မင်းရဲ့ ဆရာသခင် ကို သွားမတွေ့တော့ဘူးလား"

ဝေဇီယီ က ချူချိုယွီ သတိမထားမိသည့် အချိန်ကို အခွင့်ကောင်းယူကာ ဆုမိုအား လျှာထုတ် ပြောင်ပြလိုက်သည်။

ဆုမို၏ နှုတ်ခမ်းများ လှုပ်ရွသွားချိန်မှာပင် ချူချိုယွီ ၏ ချိုမြသော ရယ်သံကို ကြားလိုက်ရ၏။

"ဂျူနီယာညီမငယ် ဝေ က ဂိုဏ်းကို ပြန်ရောက်တာနဲ့ သူ့ရဲ့ ဆရာသခင် ကို ပထမဆုံး သွားတွေ့ရမှာ သဘာဝပါပဲရှင်... ဒါပေမဲ့ ခေါင်းဆောင်ဆု မသိသေးတာက ဂျူနီယာညီမငယ် ဝေ ရဲ့ လေးစားရတဲ့ ဆရာသခင် ဆိုတာ တခြားသူ မဟုတ်ပါဘူး... ကျွန်မတို့ နန်းတော်ရဲ့ တတိယမြောက် နန်းတော်သခင် ကိုယ်တိုင်ပါပဲ"

ဆုမို၏ နှလုံးသားထဲတွင် သိမ့်ခနဲ တုန်လှုပ်သွားပြီး သူ၏ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားတော့သည်။ သူက အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်လေ၏။

"ဘာဗျ"

"တတိယမြောက် နန်းတော်သခင် က ငါ့ရဲ့ ဆရာသခင် လေ"

ဝေဇီယီ က ဆုမိုအား တစ်ချက် စောင်းကြည့်လိုက်၏။

"ခေါင်းဆောင်ဆု က မသိဘူးလား"

"မင်းရဲ့ ဆရာသခင် က မိုးအေးကြယ်ပျံဓား မဟုတ်ဘူးလား"

"အဲဒါက တတိယမြောက် နန်းတော်သခင် အရင်တုန်းက သိုင်းလောကထဲ လှည့်လည်သွားလာတုန်းက သိုင်းသမားတွေက ပေးထားတဲ့ ဘွဲ့အမည်လေ"

ဆုမို၏ ခေါင်းထဲတွင် ရုတ်တရက် မိုက်ခနဲ ဖြစ်သွားပြီး အတွေးများ ရှုပ်ထွေးသွားတော့သည်။

သေချာ ပြန်လည် စဉ်းစားကြည့်သောအခါ အစပိုင်း၌ ဝေရူဟန် ၏ ဤအသည်းယုယမြေးမလေး အကြောင်းကို ယန်ရှောင်ယွင် က သူ့အား ပြောပြခဲ့စဉ်က သူမသည် လန်ယွဲ့နန်းတော် အတွင်းရှိ နန်းတော်သခင် တစ်ဦး၏ လက်အောက်သို့ တပည့်အဖြစ် ဝင်ရောက်ခဲ့ကြောင်း ပြောခဲ့ဖူးသည်ပင်။ သို့သော် ထိုအရာက အလွန် ကြာမြင့်ခဲ့ပြီဖြစ်သော ကိစ္စရပ်တစ်ခု ဖြစ်ပြီး အသေးစိတ်ကို မမှတ်မိနိုင်တော့လောက်အောင် ဝေဝါးနေခဲ့တော့၏။

ထို့ပြင် ထိုအချိန်မှစ၍ မည်သူကမျှ ထိုသူအား 'တတိယမြောက် နန်းတော်သခင်' ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ခြင်း မရှိတော့ချေ။ ယန်ရီဇီ က သူမကို မိုးအေးကြယ်ပျံဓား ဟုသာ ခေါ်ဝေါ်ခဲ့ပြီး၊ ထိုဘွဲ့အမည်ကို သူ ထုတ်ဖော်ပြောဆိုချိန်တွင်လည်း ဝေဇီယီ က သူမ၏ ဆရာသခင်သည် လန်ယွဲ့နန်းတော်၏ တတိယမြောက် နန်းတော်သခင် ဖြစ်ကြောင်း လုံးဝ အလေးအနက် ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။ ယခုမှသာ လန်ယွဲ့နန်းတော်၏ တတိယမြောက် နန်းတော်သခင် သည် မိုးအေးကြယ်ပျံဓား ဖြစ်မှန်း သူ သိရှိလိုက်ရခြင်း ဖြစ်၏။

အမှန်တကယ်တော့... အတိတ်က သူ ဤအကြောင်းကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဆုမိုအတွက် သိပ်ပြီး အရေးကြီးလှသည်တော့ မဟုတ်ပေ။ သို့သော် တိုက်ဆိုင်စွာပင် မိုးအေးကြယ်ပျံဓား သည် သူ၏ မွေးစားဖခင်နှင့် လူမသိ သူမသိ အတိတ်ဇာတ်လမ်းတစ်ခု ရှိခဲ့ဖူးသည်။ သူတို့ကြားတွင် ထုတ်ပြော၍ မရနိုင်သော လျှို့ဝှက်ချက်များ ရှိနေမလားဆိုသည်ကို မည်သူ သိနိုင်မည်နည်း။

ယခု တတိယမြောက် နန်းတော်သခင် က သူ၏ အမည်ကို ကြားသည်နှင့် သူ့အား တခဲနက် ချီးကျူးနေသည်ကို ပြန်လည် စဉ်းစားကြည့်သောအခါ... ဤကိစ္စက ထင်သလောက် ရိုးရှင်းမည် မဟုတ်ကြောင်း ဆုမို ခံစားလိုက်ရသည်။

'ဒီအဘွားကြီး ငါ့ကို ချီးကျူးနေတာ သိပ်တော့ ရိုးရှင်းပုံမရဘူး'

သူ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

ရိုးသားစွာ ဝန်ခံရလျှင် ဤနေရာသို့ မလာရောက်မီကတည်းက မိုးအေးကြယ်ပျံဓား နှင့် ရင်ဆိုင်ရပါက မည်သို့ တုံ့ပြန်ရမည်ကို ဆုမို ကြိုတင် စဉ်းစားထားပြီး ဖြစ်သည်။ သို့သော် ခေါင်းခဲမတတ် စဉ်းစားပြီးနောက်တွင်တော့ ဘာမှ မဖြစ်ခဲ့သည့်နှယ် ဟန်ဆောင်ရန်သာ ဆုမို ဆုံးဖြတ်လိုက်တော့၏။

အတိတ်က ရှုပ်ထွေးခဲ့သော အဖြစ်အပျက်များကို ယန်ရီဇီ ၏ ဖွင့်ဟပြောဆိုချက်များမှတစ်ဆင့် သူ သိရှိခဲ့ရခြင်းသာ ဖြစ်သည်။ သူ ဤအချက်အလက်များကို သိနေကြောင်းကို ဝေဇီယီ အပါအဝင် အခြား မည်သူတစ်ဦးတစ်ယောက်ကမျှ သိရှိထားခြင်း မရှိပေ။ အကယ်၍ သူသာ ဘာမှမသိသူတစ်ယောက်လို ဟန်ဆောင်နေမည်ဆိုလျှင် အလွန်အမင်း အနေခက်စရာ ဖြစ်လာမည် မဟုတ်ချေ။

သို့သော် သူမနှင့် ဤမျှ အမြန်ဆုံး တွေ့ဆုံရလိမ့်မည်ဟု ဆုမို လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို့ပြင် သူမကိုယ်တိုင်က သူ့အား အရင် တွေ့ဆုံလိုနေခြင်း ဖြစ်၏။ သူမက သူ့ကို ဘာများ ပြောချင်နေသနည်း။ တစ်ခဏတာမျှ ဆုမို၏ စိတ်အာရုံများ လွင့်မျော ဝေဝါးသွားတော့သည်။

'သူ ငါ့ကို ဘာများ ပြောချင်နေတာပါလိမ့်...'

လမ်းခရီးတစ်လျှောက်တွင် ချူချိုယွီ က ဆုမိုအား စကားများ ဆက်တိုက် ပြောဆိုလာခဲ့ပြီး ဆုမိုကလည်း ပေါ့ပေါ့ပါးပါးပင် ပြန်လည် တုံ့ပြန်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် မည်သည့် ရိုင်းစိုင်းသော အပြုအမူမျှ မဖြစ်ပေါ်ခဲ့ပေ။

သို့ရာတွင် ဆုမို၏ ပုံမှန်မဟုတ်သော အခြေအနေကို ဝေဇီယီ က ရိပ်မိသွားသည်။

တစ်ခါတစ်ရံ ချူချိုယွီ သတိမထားမိသော အချိန်များတွင် သူမက ဆုမိုအား ထူးဆန်းသော အကြည့်များဖြင့် လှမ်းကြည့်တတ်၏။ ထိုအကြည့်များက ဆုမို၏ စိမ်းစိမ်းကြည့်ကာ တုံ့ပြန်ခြင်းကို ရရှိသွားစေတော့သည်။

တတိယမြောက် နန်းတော်သခင် ၏ နေအိမ်မှာ လန်ယွဲ့နန်းတော် အတွင်း၌ တည်ရှိသော အထက်တန်းကျ၍ လှပသော အဆောက်အအုံငယ်လေး တစ်ခုပင် ဖြစ်ချေတော့၏။

---

အခန်း (၄၁၃) - တတိယမြောက် နန်းတော်သခင် (၃)

~လူတစ်စု ချဉ်းကပ်လာပြီးနောက် ချူချိုယွီ က ဆိုသည်။

"ဂျူနီယာညီမငယ် ဝေ လည်း ဒီမှာ ရှိနေပြီဆိုတော့၊ ခွင့်ပန်ပါရစေဦး... ခေါင်းဆောင်ဆု... နောက်ကျလို့ အားလပ်ချိန် ရခဲ့ရင်၊ အိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်ခံဖို့အတွက် ကြယ်ကြည့်လသာဆောင် ပေါ်မှာ သေရည် သောက်ဖို့ ဖိတ်ခေါ်ပါရစေရှင်"

"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် သိုင်းမယ်ချူ"

ဆုမို က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်၏။

"နောက်နေ့တွေကျရင် သေချာပေါက် လာရောက် အနှောင့်အယှက် ပေးပါ့မယ်ဗျာ"

"ကောင်းပါပြီ... ဒါဆို ခွင့်ပြုပါဦး"

ချူချိုယွီ က ခပ်ပြုံးပြုံးဖြင့် နှုတ်ဆက်ကာ နောက်သို့ လှည့်ထွက်သွားလေတော့သည်။

ချူချိုယွီ ထွက်ခွာသွားပြီးနောက် ဝေဇီယီ က သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး ဆုမိုအား အပေါ်အောက် စိမ်းစိမ်းကြည့်ကာ ပြောလိုက်၏။

"နင် ဘာဖြစ်နေတာလဲ... စောစောကတည်းက နင့်ပုံစံက ဝိညာဉ်လွင့်စင်သွားတဲ့ အတိုင်းပဲ"

"လျှောက်ပြောမနေနဲ့... ဘယ်သူက ဝိညာဉ်လွင့်စင်နေလို့လဲ"

ဆုမို က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်၏။

"စီနီယာအစ်မတော် ချူ က နင့်အကြောင်း သိပ်မသိလို့ နင့်ကို ဖောက်ထွင်းမမြင်နိုင်တာ ဖြစ်မယ်... ဒါပေမဲ့ ငါ့ကိုတော့ လာမလှည့်စားနဲ့နော်"

ဝေဇီယီ ၏ မျက်နှာထက်၌ အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွား၏။

"နင် ငါ့ရဲ့ ဆရာသခင် ကို သိနေတာတော့ မဟုတ်ပါဘူးနော်"

"မိုးအေးကြယ်ပျံဓား ဆိုတာက ငါ အဝေးကနေ အမြဲတမ်း လေးစားအားကျခဲ့ရတဲ့ စီနီယာ လူကြီးသူမ တစ်ယောက်ပါ... ဒါပေမဲ့ ကံကြမ္မာက မျက်နှာမသာပေးလို့ တစ်ခါမှ မဆုံဖူးသေးတာပါ... ဒီနေ့တော့ ဒီလို လေးစားရတဲ့ စီနီယာကြီးရဲ့ မျက်နှာကို တွေ့ရမယ့် ကံထူးတဲ့ နေ့တစ်နေ့ပဲ"

ဆုမို က လက်ကို ခါယမ်းကာ ဟန့်တားလိုက်သည်။

"စကားများမနေနဲ့... မြန်မြန် အထဲဝင်ပြီး သွားသတင်းပို့ချေ"

"အရမ်း ထူးဆန်းတယ်... ဒီကိစ္စတွေ အားလုံးက အရမ်းကို ထူးဆန်းနေတယ်"

ဝေဇီယီ က ဆုမို၏ အပြုအမူကို ပို၍ပို၍ ထူးဆန်းနေသည့်နှယ် ခေါင်းကို အဆက်မပြတ် ခါယမ်းနေတော့သည်။

သို့သော်လည်း သူမက ဆက်လက် တွေးတောမနေတော့ဘဲ ခြေလှမ်းကျဲကျဲဖြင့် လှေကားထစ်များကို တက်သွားကာ တံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်ရောက်သွားလေ၏။

ဆုမို က နေရာတွင်ပင် မလှုပ်မယှက် ရပ်နေရင်း အထက်သို့ မော့ကြည့်လိုက်ရာ အဆောက်အအုံတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ပေါ်ရှိ စာလုံးသုံးလုံးကို မြင်တွေ့လိုက်ရ၏။

ဟန်ရှီး လသာဆောင်။

'ဟန်ရှီး လသာဆောင်... ဒါမှမဟုတ် အနောက်ဘက်က နောင်တ တွေများလား'

ဆုမို ၏ မျက်ခုံးများ လှုပ်ရွသွားပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။ ကွဲပြားခြားနားသော သူ၏ စိတ်အခြေအနေကြောင့် ဤစာလုံးများထံမှ အမျိုးသမီးတစ်ဦး၏ နာကြည်းချက် အငွေ့အသက် တစ်ချို့ကို သဲ့သဲ့လေး ခံစားလိုက်ရသည်။

သို့ရာတွင် သူ၏ စိတ်အခြေအနေ မှန်ကန်မှု မရှိကြောင်းကိုလည်း သူ သဘောပေါက်လိုက်၏။

ဤအရာက သူ၏ အသုံးမကျသော ဖခင်ဖြစ်သူ၏ အမှားသာ ဖြစ်သည်။ ထိုကိစ္စအတွက် သူက ရှက်ရွံ့နေစရာ အကြောင်းမရှိပေ။

ထိုမျှမက စောစောပိုင်းက လင်းဟုန်ရှ နှင့် တွေ့ဆုံခဲ့စဉ်ကပင် သူက သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည် မဟုတ်ပါလော။

သေချာသည်ကတော့... ဤလူနှစ်ဦးကို တစ်တန်းတည်းထား၍ နှိုင်းယှဉ်ပြောဆို၍ မရနိုင်ချေ။

လင်းဟုန်ရှ သည် ပွင့်လင်းပြီး ရဲရင့်သော နှလုံးသား ပိုင်ရှင် ဖြစ်သည်။ ထိုသို့သော ကိစ္စရပ်များအပေါ် တွေဝေ တုံ့ဆိုင်းနေတတ်ခြင်း မရှိဘဲ၊ အနေရခက်မှု မှန်သမျှကို ပြေလည်အောင် ဖြေရှင်းတတ်သူ ဖြစ်၏။

သို့သော် နှစ်ပေါင်း (၂၀) တိုင်တိုင် တမ်းတလွမ်းဆွတ်နေခဲ့ပြီး တစ်ကိုယ်တည်း အထီးကျန် ဘဝကို ရွေးချယ်ခဲ့သော မိုးအေးကြယ်ပျံဓား ကမူ မည်သို့သော လူစားမျိုး ဖြစ်မည်နည်း။

ထိုသို့ အတွေးနက်နေစဉ်မှာပင် တင်းကျပ်စွာ ပိတ်ထားသော အဆောက်အအုံငယ်၏ တံခါးများ ပွင့်လာခဲ့တော့၏။

ဝေဇီယီ က ခေါင်းလေး ပြူထွက်လာပြီး ဆုမိုအား တစ်ချက် လှမ်းကြည့်လိုက်၏။

"ငါ့ရဲ့ ဆရာသခင် က နင့်ကို အထဲ ဝင်ခဲ့ဖို့ ခေါ်နေတယ်"

"ကောင်းပြီ"

ဆုမို က ခေါင်းညိတ်လိုက်ပြီး တံခါးဝသို့ ချဉ်းကပ်သွားလေ၏။

ဝေဇီယီ က တံခါးကို ကျယ်ကျယ် ဖွင့်ပေးလိုက်၏။

ဟန်ရှီး လသာဆောင် ၏ အတွင်းပိုင်းကို ရိုးရှင်းစွာ အလှဆင်ထားပြီး၊ ၎င်း၏ ကျက်သရေရှိမှုနှင့်အတူ စိမ့်အေးသော အငွေ့အသက်များက ရောယှက်နေ၏။

အကြည့်ကို မော့လိုက်သောအခါ ဆုမို က ခန်းမ၏ အဆုံးတစ်ဖက်၌ စားပွဲတစ်ခုပေါ်တွင် ခေါင်းငုံ့ကာ စုတ်တံကို လေထဲတွင် ပျံသန်းနေသည့်အလား လျင်မြန်စွာ ရေးဆွဲနေသော အဖြူရောင် ဝတ်ရုံရှင် အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။

ဆုမို က ဝေဇီယီ ကို လှမ်းကြည့်လိုက်ရာ ဝေဇီယီ က အသာအယာ ခေါင်းညိတ်ပြ၏။

ထို့နောက် သူမက ဆုမိုအား တံခါးပေါက်မှတစ်ဆင့် အထဲသို့ ခေါ်ဆောင်သွားပြီး တံခါးကို ပြန်လည် ပိတ်လိုက်သည်။

ဆုမို က အနီးသို့ ချဉ်းကပ်သွားပြီး လက်နှစ်ဖက်ကို ယှက်ကာ စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင်၊ ထိုအမျိုးသမီးက ခေါင်းမမော့ဘဲ ဝေဇီယီ ကို လက်ညှိုးထိုးပြလိုက်၏။

"နင် ထွက်သွားလို့ ရပြီ"

သူမ၏ အသံက ရေခဲပမာ အေးစက်နေပြီး မည်သည့် နွေးထွေးမှု၊ မည်သည့် ခံစားချက်မျှ မပါဝင်ချေ။

သူမ၏ စကားလုံးများကြားတွင် ဓားသွားများ ထိခတ်သံ ကဲ့သို့သော ပြင်းထန်သည့် ရန်လိုမှုများပင် သဲ့သဲ့လေး ပါဝင်နေသယောင် ရှိ၏။

ဆုမို ၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားပြီး ဝေဇီယီ မှာလည်း တစ်ခဏမျှ အံ့အားသင့်သွားတော့၏။

"ဆရာမ.. သမီးကို ထွက်သွားခိုင်းတာလား"

"အင်း"

ထိုအမျိုးသမီး၏ အဖြေက တိုတောင်းပြတ်သားလှ၏။

"..."

ဝေဇီယီ တစ်ယောက် ငိုင်၍ ရပ်နေမိပြီးနောက် ဆုမိုအား ထပ်မံ လှမ်းကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက လည်ပတ်နေပြီး ရှင်းလင်းချက် တစ်ခုခုကို မျှော်လင့်နေကြောင်း အထင်အရှား ပေါ်လွင်နေ၏။

ဆုမို ကမူ လုံးဝ နားမလည်သည့် အမူအရာဖြင့် ဝေဇီယီထက်ပင် ဘာမျှ မသိရှိသူ တစ်ယောက်အလား ပြသနေသည်။

အကယ်၍ သူက မသိချင်ယောင် ဆောင်မည်ဆိုပါက အစကတည်းက စတင်၍ သရုပ်ဆောင်ရမည် မဟုတ်ပါလော။

"နင် မသွားသေးဘူးလား"

ထိုအမျိုးသမီးက ထပ်မံ၍ အသံထွက်လာသည်။

ဝေဇီယီ က မလိုလားစွာဖြင့် ဖွင့်ဟဝန်ခံလိုက်ရ၏။

"ဟုတ်ကဲ့ပါ"

ထိုသို့ ပြောဆိုပြီးနောက် သူမက ဆုမိုအား ကြိမ်းမောင်းသည့်နှယ် အကြည့်တစ်ချက် ပေးလိုက်၏။ ဆရာသခင် ဖြစ်သူက သူမအပေါ် ဆက်ဆံပုံ ပြောင်းလဲသွားသည်ကို သူမ ခံစားမိလိုက်၏။

ယခုဆိုလျှင် ဆရာသခင် ၌ ကိုယ်ပိုင် လျှို့ဝှက်ချက်လေးများ ရှိနေတော့၏။

သူမကိုယ်တိုင်က လော့ဖုန်း မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် တစ်ယောက် ဖြစ်နေသော်ငြားလည်း ဤအချိန်တွင်မူ စိတ်ခံစားမှု အနည်းငယ် လှုပ်ရှားသွားသည်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

ဝေဇီယီ တစ်ယောက် ဟန်ရှီး လသာဆောင် အတွင်းမှ ထွက်ခွာသွားပြီး တံခါးများ ပိတ်သွားသောအခါ ဆုမို က လက်နှစ်ဖက်ကို ယှက်ကာ စကားပြောရန် ထပ်မံ ဟန်ပြင်လိုက်ပြန်သည်။

သို့ရာတွင် ထိုအမျိုးသမီးက မိတ်ဆက်စကားများကို အသားမကျသည့်အလား တိုက်ရိုက်ပင် မေးခွန်းထုတ်လာလေ၏။

"မင်း အဲဒီ ကောင်မလေးကို သဘောကျလား"

"ဗျာ"

ဆုမို တစ်ယောက် လန့်ဖျပ်သွား၏။

"ဘယ်သူ့ကိုလဲ"

"ဝေဇီယီ ကို ပြောတာ"

ထိုအမျိုးသမီးက ခေါင်းမမော့ဘဲ ဆက်ပြောသည်။

"သူ့အဘိုးက သူ့မြေးမကို မင်းနဲ့ ပေးစားချင်တဲ့အကြောင်း မင်းကို ပြောပြပြီးလောက်ပြီ ထင်တယ်... မင်းမှာ စေ့စပ်ထားသူ ရှိတယ်ဆိုတဲ့ ဆင်ခြေကို မသုံးနဲ့... အဲဒါက ပြဿနာ မဟုတ်ဘူး... ငါ မင်းကို တစ်ခုပဲ မေးမယ်... မင်း သူ့ကို သဘောကျလား"

"...ဒါက"

ဆုမို တစ်ယောက် ခဏတာမျှ ဘာပြောရမှန်းမသိ ဖြစ်သွားပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"သူနဲ့ ကျွန်တော့် ကြားမှာ ဘယ်လို ချစ်ခင်စုံမက်မှုမျိုးမှ မရှိပါဘူးဗျာ"

"ဟင်"

ထိုအမျိုးသမီး၏ စုတ်တံ လှုပ်ရှားမှုက ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားတော့သည်။

"တကယ့်ကို ပွင့်လင်းပြီး ပြတ်သားတာပဲ... သူနဲ့တော့ မတူဘူး... ကောင်းတယ်... ဒါပေမဲ့ ချစ်ခင်စုံမက်မှု ဆိုတာ ဘာလဲဆိုတာကိုရော မင်း သေချာ သိရဲ့လား"

"ဒါကတော့..."

ဆုမို တစ်ယောက် ဆွံ့အသွားရပြန်၏။

"စီနီယာ... ဒါက ကျွန်တော်တို့ နှစ်ယောက် ဆွေးနွေးသင့်တဲ့ အကြောင်းအရာ ဟုတ်ရဲ့လားဗျာ"

"ဘာလို့ မဟုတ်ရမှာလဲ"

ထိုအခိုက်အတန့်၌ အမျိုးသမီးက သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး ခေါင်းမော့လာရာ သူမ၏ အထက်တန်းကျ၍ လှပချောမောသော မျက်နှာပြင်ကို မြင်တွေ့လိုက်ရသည်။

သူမ၏ အလှတရားက အပြစ်ဆိုစရာ မရှိအောင် ပြီးပြည့်စုံနေပြီး ဇရာအရေးအကြောင်းများ ထင်နေခြင်း အလျဉ်းမရှိချေ။

သူမ၏ မျက်ဝန်းများထဲတွင် တောက်ပသော အလင်းတန်းများကို ဖုံးကွယ်ထားသော်လည်း ထိုမျက်ဝန်းများက ရေခဲပမာ အေးစက် ကြည်လင်နေပြီး သက်ရှိတစ်ယောက်၏ နွေးထွေးမှုမျိုး ကင်းမဲ့နေ၏။

"မင်းနဲ့ ဒီအကြောင်း ဆွေးနွေးဖို့ ငါက အသက်ကြီးလွန်းနေပြီလို့ ထင်နေတာလား... ဒါမှမဟုတ် မင်းက ဂျူနီယာ၊ ငါက စီနီယာမို့လို့ ဒီလိုကိစ္စမျိုး ဆွေးနွေးတာက စည်းကမ်းနဲ့ မညီဘူးလို့ ထင်နေတာလား"

"ဒါက..."

ဆုမို တစ်ယောက် ခဏတာ စကားပြောမထွက်အောင် ဖြစ်သွားပြီးနောက် ဆက်ပြောလိုက်ရသည်။

"ကျွန်တော်က စီနီယာနဲ့ အခုမှ စတင် တွေ့ဆုံဖူးတာလေ..."

"မဟုတ်ဘူး"

"ဗျာ"

"မင်းကို ငါ.. ပထမဆုံးအကြိမ် တွေ့ခဲ့တုန်းက မင်းက ပုခက်ထဲမှာပဲ ရှိသေးတယ်"

မိုးအေးကြယ်ပျံဓား ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားပြီး သိမ်မွေ့သော အပြုံးတစ်ခုကို ဖော်ဆောင်လိုက်၏။ တစ်စုံတစ်ခုကို ပြန်လည် အမှတ်ရနေသည့်အလားပင်။

သို့သော် ထိုအပြုံးက ပေါ်လာသည့်နှယ်ပင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေ၏။

ဆုမို ၏ မျက်ခုံးများ ပင့်တက်သွား၏။ သူမက လျှို့ဝှက်ချက် တစ်ခုခုကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်တော့မည်လော။

သူ အံ့အားသင့်နေဆဲမှာပင် ပတ်ဝန်းကျင်ရှိ လေထုက ရုတ်တရက် ရေခဲပမာ အေးစက်သွားတော့သည်။

မျက်တောင် တစ်ခတ်မျှ အချိန်အတွင်း လေဟာနယ်ထဲတွင် ဓားသွားများ အချင်းချင်း ထိခတ်နေသည့်အလား ပြင်းထန်သော အသံများ လွှမ်းခြုံလာလေ၏။

သူ့ရှေ့ရှိ အမျိုးသမီးမှာ နှင်းခဲပမာ အေးစက်ခက်ထန်သွားခဲ့ပြီ ဖြစ်ပြီး သူမ၏ အကြည့်များက ဆုမို၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်တော့မည့်အလား စူးရဲနေ၏။

"အဲဒီတုန်းက မင်းကို မြင်မြင်ချင်း ငါ ဘာလုပ်ချင်ခဲ့လဲ ဆိုတာ မင်း သိလား"

"... ကျေးဇူးပြုပြီး ရှင်းပြပါဦးဗျာ"

ဆုမို က ခေါင်းမော့ကာ သူမအား မမှိတ်မသုန်ကြည့်လိုက်၏။

ထိုအခါ သူ့ရှေ့ရှိ အမျိုးသမီး၏ နှုတ်ခမ်းများက အနည်းငယ် ဟသွားပြီး ကျောရိုးထဲထိ စိမ့်ဝင်သွားစေမည့် စကားလုံး သုံးလုံးကို ရေရွတ်လိုက်လေတော့သည်။

"မင်း ကို သတ် ဖို့”

---

အခန်း (၄၁၄) - ကျိုယင်း

~မင်း ကို သတ် ဖို့ ..

ထိုစကားလုံး သုံးလုံးသည် ဤအမျိုးသမီး၏ နှုတ်ခမ်းဖျားမှ နေ၍ လေဟာနယ်ကို ခွင်းကာ ပျံသန်းလာသော ထက်မြက်လှသည့် ဓားပျံ သုံးလက်အလား ဆုမို၏ နှလုံးသားကို တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်လာလေတော့သည်။

သို့သော် ဆုမို ၏ မျက်နှာပေါ်တွင်မူ တကယ့်ကို ဓားအစစ်ဖြင့် အထိုးခံလိုက်ရသည့်အလား အံ့အားသင့်မှုများနှင့် ယုံကြည်နိုင်စရာ မရှိခြင်းတို့က အထင်အရှား ပေါ်လွင်နေ၏။

"ဘာ... ဘာလို့လဲ... ဒီ ဂျူနီယာ က စီနီယာ ကို ဘယ်လိုများ ပြစ်မှားစော်ကားမိလို့... ပုခက်ထဲ အရွယ်လေးမှာတင် အသက်အန္တရာယ် ပေးချင်လောက်အောင် ဖြစ်ရတာလဲ ဆိုတာ... ကျေးဇူးပြုပြီး ရှင်းပြပါဦးဗျာ"

"အူဝဲ အူဝဲ နဲ့ ငိုနေတဲ့ ကလေးပေါက်စလေး တစ်ယောက်က ငါ့ကို ဘယ်လိုလုပ်ပြီး ပြစ်မှားစော်ကားနိုင်မှာလဲ"

ထိုအမျိုးသမီးက ခေါင်းကို ပြန်ငုံ့လိုက်ပြီး စားပွဲပေါ်တွင် သူမ ယခုလေးတင် ရေးဆွဲထားသော စာလုံးများကို ပြန်လည် ကြည့်ရှုနေသည်။ သူမ၏ မျက်ဝန်းများထဲရှိ တောက်ပသော အလင်းတန်းများက အဆက်မပြတ် ပြောင်းလဲနေပြီး ခန့်မှန်းရခက်ခဲလှ၏။

နောက်ဆုံးတွင်တော့ သူမက သိမ်မွေ့စွာ ပြုံးလိုက်လေ၏။ သတ်ဖြတ်လိုသော အငွေ့အသက်များ အားလုံး သဲကန္တာရထဲ ရေလောင်းချလိုက်သည့်နှယ် လုံးဝ ပျောက်ကွယ်သွားပြီး ဓားသွားများ ထိခတ်သံများလည်း လေထဲတွင် လွင့်စင် ပျောက်ကွယ်သွားတော့သည်။

သူမက ခေါင်းကို ပြန်မော့ကာ ဆုမိုအား ကြည့်လိုက်၏။

"ဒါပေမဲ့ တကယ်ပဲ... အဲဒီတုန်းက ငါ မင်းကို ဘာလို့ သတ်ချင်ခဲ့တာလဲ ဆိုတာ မင်း တကယ် မသိဘူးလား"

"စီနီယာ ကိုယ်တိုင်တောင်... အဲဒီတုန်းက ဒီ ဂျူနီယာ က ပုခက်ထဲမှာပဲ ရှိသေးတယ်လို့ ပြောနေမှတော့... စီနီယာ က ကျွန်တော့်ကို ဘာလို့ သတ်ချင်ခဲ့တာလဲ ဆိုတာ ကျွန်တော်က ဘယ်လိုလုပ် သိနိုင်မှာလဲဗျာ"

"အဲဒီတုန်းက မသိခဲ့တာ ထားပါတော့... အခု အချိန်ထိရော မင်း တကယ် မသိသေးဘူးလား"

"ကျွန်တော် တကယ် မသိပါဘူးဗျာ... ကျေးဇူးပြုပြီး စီနီယာ ရှင်းပြပါဦး"

"ဟွန့်"

ထိုအမျိုးသမီး၏ စကားသံက တုံ့ခနဲ ရပ်တန့်သွားပြီး ရုတ်တရက် ရေခဲပမာ အေးစက်သော နှာခေါင်းရှုံ့သံ တစ်ချက် ထွက်ပေါ်လာသည်။

"အစတုန်းကတော့ မင်းက သူ့လို မဟုတ်ဘူးလို့ ငါ ထင်ခဲ့တာ... အခုမှပဲ ငါ ထင်တာ မှားမှန်း သိလိုက်ရတော့တယ်"

"ဒါပေမဲ့ မင်း အခု ပြောပုံအရဆိုရင်တော့... သွမ့်ဆုန် ဒီကို လာသွားတယ် ဆိုတာကို မင်း တကယ် မသိဘူးပေါ့လေ"

ဆုမို ၏ မျက်ခုံးများ ပင့်တက်သွားသော်လည်း သူက ခေါင်းမာစွာဖြင့် ဆက်လက် ငြင်းဆန်နေဆဲပင်။

"သွမ့်ဆုန်... အဲဒါ ဘယ်သူလဲဗျ"

သူ၏ မေးခွန်းကို ကြားလိုက်ရသောအခါ ထိုအမျိုးသမီးက အက်ကွဲသော ရယ်သံကြီးတစ်ခု ဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေတော့သည်။

သူမက ဆုမိုအား အဓိပ္ပာယ်ပါပါ တစ်ချက် စောင်းကြည့်လိုက်၏။

"ချိုယွီ ရဲ့ အကြောင်းကို ငါ ကောင်းကောင်း သိပါတယ်"

ဆုမို ၏ နှုတ်ခမ်းထောင့်များ လှုပ်ရွသွား၏။ အကြောင်းမူကား သူမ ဆက်ပြောမည့် စကားများကို သူ ကြိုတင် ခန့်မှန်းမိနေပြီ ဖြစ်သောကြောင့်တည်း။

သူ ထင်ထားသည့်အတိုင်းပင် ထိုအမျိုးသမီးက ခပ်တိုးတိုး လေသံဖြင့် စတင် ပြောဆိုလာသည်။

"သူ မင်းနဲ့ ပထမဆုံး စတွေ့တုန်းက လန်ယွဲ့နန်းတော် နဲ့ ဇီယန်ဂိုဏ်း ကြားက ဆက်ဆံရေးကြောင့် မင်းကို အထင်အမြင်သေးပြီး အကဲဖြတ်ခဲ့မှာ အသေအချာပဲ"

"ဒါပေမဲ့ မင်းက သူ့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့တော့... လန်ယွဲ့နန်းတော် နဲ့ ဇီယန်ဂိုဏ်း ကြားက အငြိုးအတေး... ပိုတိတိကျကျ ပြောရရင် ငါနဲ့ သွမ့်ဆုန် ကြားက အငြိုးအတေးကို သူ သေချာပေါက် ရှင်းပြခဲ့မှာပဲ"

"မင်း ဟောက်ရန် ကျောင်းတော် ကို သွားခဲ့တယ်... အဲဒီမှာ ငါ့ကို လာပြီး လက်ထပ်ခွင့် တောင်းတာ မအောင်မြင်ခဲ့တဲ့ သွမ့်ဆုန် ကလည်း ယန်ရီဇီ ရဲ့ ဖိတ်ကြားချက်အရ ဟောက်ရန် ကျောင်းတော် ကို ရောက်လာခဲ့တယ်"

"ဒါပေမဲ့ အဲဒီတုန်းက ယန်ရီဇီ က အမြဲတမ်း ယန်ရီဇီ ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"

"အဲဒီ သံမဏိသွေး နဂါးလှံ က အချိန်တွေ ဘယ်လောက်ကြာကြာ လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ဘူး"

"သူက သွမ့်ဆုန် ကို သူ့နေရာမှာ အစားထိုး ဝင်ခိုင်းပြီး ရွှေပုစဉ်း အခွံလဲတဲ့ ဗျူဟာ ကို အခွင့်ကောင်းယူ အသုံးပြုသွားခဲ့တယ်"

"ဒါပေမဲ့ သွမ့်ဆုန် က လော့ရှားမြို့ ကို ရောက်တဲ့အခါ... မင်း နဲ့ ယန် မိသားစုက ကောင်မလေး နဲ့ သွားဆုံတယ်... အဲဒီအချိန်မှာ မင်းတို့က ဒီကိစ္စတွေကို အကုန် သိနေခဲ့ပြီပဲ"

ထိုစကားများ အားလုံးကို အသက်ရှူဖို့ပင်မေ့ လောက်အောင် တစ်ဟုန်ထိုး ပြောချလိုက်ပြီးနောက် သူမက ဆုမိုအား မမှိတ်မသုန်ကြည့် ကာ ဆက်ပြောသည်။

"ယန်ရီဇီ သေချင်ယောင် ဆောင်သွားတာကိုလည်း မင်း သိတယ်"

"သွမ့်ဆုန် ဆိုတာ ဘယ်သူလဲ ဆိုတာကိုလည်း မင်း ရှင်းရှင်းလင်းလင်း သိတယ်"

"အခုကျတော့မှ မင်း ငယ်ငယ်လေး ပုခက်ထဲမှာ ရှိတုန်းက ငါ မင်းအပေါ် ဘာလို့ သတ်ချင်တဲ့ စိတ်တွေ ဖြစ်ခဲ့ရတာလဲ ဆိုတာကို မသိဘူးလို့ ပြောနေတယ်ပေါ့လေ"

"မင်း စကားကို ငါက ဘယ်လိုလုပ် ယုံရမှာလဲ"

ဆုမို တစ်ယောက် ခဏတာမျှ စကားပြောမထွက်အောင် ဆွံ့အသွားပြီး စိတ်ထဲမှ တီးတိုး ရေရွတ်နေမိတော့သည်။

'သွမ့်ဆုန်... အို.. သွမ့်ဆုန်... ခွေးအိုကြီးလို သစ္စာရှိတဲ့ ခင်ဗျားက နောက်ဆုံးတော့ ဘာမှမရတဲ့ အပြင် ပြဿနာတွေပဲ ရှာပေးသွားခဲ့တာပဲ... လျှို့ဝှက်ချက် ဆိုတာကို နည်းနည်းလေးတောင် ဖုံးကွယ်မထားတတ်ဘူးလားဗျာ'

‘ခင်ဗျား ဘာလို့ အဲဒီ လျှို့ဝှက်သေတ္တာ ကို ယူပြီး ဇီယန်ဂိုဏ်း ကို တန်းမပြန်ခဲ့တာလဲ’

'ဘာကိစ္စ အကြောင်းမဲ့ကြီး လန်ယွဲ့နန်းတော် ကို သွားရတာလဲ'

'ထားပါတော့... လန်ယွဲ့နန်းတော် ကို သွားရတယ်ပဲ ထား... ဘာလို့ ဒီအမျိုးသမီး ရှေ့မှာ သွားပြီး ပလီပလာတွေ ပြောနေရတာလဲ'

'အခုတော့ ရလဒ်အနေနဲ့..ကျွန်တော်က အရမ်းကို အကြပ်ရိုက်နေရပြီ'

ဆုမို တွင် ပြောစရာ စကားမဲ့နေသည်ကို မြင်သောအခါ ထိုအမျိုးသမီးက မထီမဲ့မြင်ကဲ့ရဲ့ မှုများ အပြည့်ပါသော လေသံဖြင့် အေးစက်စက် ဆိုသည်။

"ငါ ပြောမလို့ပဲ... မင်းက ရိုးသားဖြောင့်မတ်တဲ့ လူကြီးလူကောင်း တစ်ယောက်လို ဟန်ဆောင်နေတုန်းပဲကိုး... မင်းအဖေနဲ့တော့ တော်တော် ကွာခြားပုံရတယ်... မင်းအဖေက အပေါ်ယံကြည့်ရင် သစ္စာရှိပြီး သဘောကောင်းပုံ ရပေမဲ့ တကယ့်တကယ်တော့ အလွန် ကောက်ကျစ်စဉ်းစားတတ်တဲ့ သူပဲ"

"ဒါပေမဲ့ အခု ကြည့်ရတာတော့ ငါ ထင်တာ မှားသွားပုံရတယ်"

"မင်း နဲ့ မင်းအဖေ က... တစ်အိမ်တည်းက ထွက်လာတာပဲ... တကယ့်ကို သားအဖ အစစ်တွေပဲ"

ဆုမို က သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။

"သားတစ်ယောက်အနေနဲ့ ကိုယ့်ဖခင် အကြောင်း ပြောရမယ် ဆိုရင်တော့... စီနီယာ အနေနဲ့ စကားကို ဆင်ခြင်ပြီး ပြောဖို့ တောင်းဆိုချင်ပါတယ်"

"ဘာဖြစ်လို့လဲ"

အမျိုးသမီးက သူ့အား ရှုတည်တည် ကြည့်ကာ ပြောလိုက်၏။

"ငါက မပြောရဘူးလား"

ဆုမို တစ်ယောက် ချက်ချင်း ဆွံ့အသွားရပြန်၏။ သာမန်လူတွေကတော့ သဘာဝကျကျပဲ ဤကိစ္စကို ထုတ်ပြောရဲမည် မဟုတ်ပေ။ သို့သော် သူ့ရှေ့ရှိ ဤအမျိုးသမီးကမူ ထုတ်ပြောခွင့်ရှိသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

ထို့ကြောင့် သူက ထပ်မံ သက်ပြင်းချလိုက်ရပြန်သည်။

"စီနီယာ နဲ့ ကျွန်တော့်ဖခင် ကြားက အတိတ်က ကိစ္စတွေနဲ့ ပတ်သက်ပြီး... ကျွန်တော် နည်းနည်းပါးပါးတော့ သိထားပါတယ်... ဒါပေမဲ့ ဂျူနီယာ တစ်ယောက်အနေနဲ့ လူကြီးတွေရဲ့ ကိစ္စကို ဝင်ပါဖို့၊ မှန်းဆဖို့ တကယ်ကို မဝံ့ရဲခဲ့ပါဘူး... ဒါကြောင့်မို့လို့ ဘာမှမသိချင်ယောင် ဆောင်နေခဲ့တာပါ"

"ဒါက ကျွန်တော့်ရဲ့ အမှားပါ... အမှားတစ်ခုကျူးလွန် မိတဲ့အတွက် စီနီယာ့ ဆီက ခွင့်လွှတ်မှု တောင်းခံပါတယ်"

"ဘယ်သူက မင်းဆီက တောင်းပန်စကားကို လိုချင်နေလို့လဲ"

ထိုအမျိုးသမီးက နောက်ထပ် အေးစက်သော နှာခေါင်းရှုံ့သံ တစ်ချက်ကို ထုတ်လွှတ်လိုက်ပြန်သည်။

နောက်တစ်စက္ကန့်မှာပင် အဖြူရောင် အရိပ်တခု ပျံတက် လာပြီး ဆုမို၏ အမြင်အာရုံများ ဝေဝါးသွားကာ ထိုအမျိုးသမီးက သူ့ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူမထံမှ သင်းပျံ့သော ရနံ့က သူ့ကို လွှမ်းခြုံသွားပြီး ဆုမို က အလိုအလျောက်ပင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ သို့သော် သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးက သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေရုံသာ ရှိသည်။

သူမက ဆုမိုထက် အရပ် အတော်လေး ပုသော်ငြားလည်း ယခုအချိန်တွင် သူမ၏ မျက်ဝန်းများက ဆောင်းဦးရာသီမှ ကြည်လင်သော ရေပြင်ကဲ့သို့ ဖြစ်နေ၏။

တိတ်ဆိတ်စွာ စိုက်ကြည့်နေရုံမျှဖြင့်ပင် စကားလုံးပေါင်း ထောင်သောင်းမကကို ပြောဆိုနေသည့်အလား ခံစားရသည်။

ထိုအကြည့်များထဲတွင် ဝမ်းနည်းပူဆွေးမှုများနှင့် အသည်းအသန် လိုလားမှုများက အထင်အရှား ပေါ်လွင်နေ၏။

ဆုမို တစ်ယောက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ အငိုက်မိသွားသဖြင့် သက်ပြင်းချလိုက်မိသည်။ ယခုအချိန်၌ သူ့ရှေ့ရှိ အမျိုးသမီးက သူ့ကို ကြည့်နေခြင်း မဟုတ်မှန်း သူ သိလိုက်၏။

ထို့အစား... သူမ ကြည့်နေသည်မှာ ဆုထျန်းယန် ပင်တည်း။

နှစ်ပေါင်း (၂၀) တိုင်တိုင် အချည်းနှီး ပေးဆပ်ခဲ့ရသော အချစ်... နှစ်ကြိမ်လောက် ကြည့်ရုံဖြင့်တော့ ဘာမှ မဖြစ်နိုင်သော်လည်း၊ ခဏခဏ ကြည့်နေမည်ဆိုပါက အခြေအနေက ထူးဆန်းလာနိုင်၏။

ထို့ကြောင့် ဆုမို က ယဉ်ကျေးစွာဖြင့် လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ် အရိုအသေပေးလိုက်သည်။

"ဂျူနီယာ ဆုမို က စီနီယာ ကို ဂါရဝပြုပါတယ်"

ထိုအခါမှသာ အမျိုးသမီး၏ မျက်ဝန်းများထဲရှိ နက်ရှိုင်းလှသော ချစ်ခင်စုံမက်မှုများက မီးခိုးငွေ့များပမာ လွင့်စင်ပျောက်ကွယ်သွားတော့၏။

သူမက သဲ့သဲ့လေး သက်ပြင်းချလိုက်ပြီး သူမ၏ ဝတ်ရုံလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။

"အဲဒီတုန်းက... တစ်ခဏတာ စိတ်လိုက်မာပါ ဖြစ်သွားမှုက မင်းရဲ့ အသက်ကို ကိုယ်တိုင်ကိုယ်ကျ အဆုံးသတ်ပစ်ဖို့ နီးစပ်သွားစေခဲ့တယ်"

"အခု မင်းက မသိချင်ယောင် ဆောင်နေတယ် ဆိုမှတော့... မင်းအပေါ် အပြစ်တင်စရာ အကြောင်း မရှိတော့ပါဘူးလေ"

"... ဒါနဲ့... အဲဒီတုန်းက စီနီယာ ဘာလို့ စိတ်ပြောင်းသွားခဲ့တာလဲဗျ"

ဆုမို က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

အမျိုးသမီးက ဆုမိုအား တစ်ချက် လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အနည်းငယ် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လွင်လာ၏။

"အဲဒီတုန်းက... နွေရာသီရဲ့ အပူဆုံး အချိန်ပေါ့"

"မင်း အမေက မီးဖွားပြီးစမို့လို့ အနားယူဖို့ လိုအပ်နေတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်"

"ငါ အာမခံဌာန ထဲကို လျှို့ဝှက် ခိုးဝင်သွားတော့... မင်းလေး လှဲအိပ်နေတာကို တွေ့လိုက်တယ်... ဗိုက်ပေါ်မှာ ချည်စလေး တစ်ပိုင်းပဲ ဖုံးထားပြီး... လက်သီးဆုပ်လေး နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း... နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေ"

"ရင်ထဲမှာ နာကြည်းချက်တွေ အပြည့်နဲ့... ငါ မင်းလေးကို ကောက်ချီလိုက်တယ်... ပြီးတော့ လက်ဝါး တစ်ချက်တည်းနဲ့ မင်းရဲ့ အသက်ကို အဆုံးသတ်ပစ်ဖို့ ရည်ရွယ်ထားခဲ့တာ…”

---

All Chapters