← Chapters

အခန်း (၁၈၁၆-၁၈၁၈)

Vol. 122 Ch. 1816-1818

အခန်း (၁၈၁၆-၁၈၁၈)

Vol. 122 Ch. 1816-1818

အခန်း(၁၈၁၆) ဝမ်ယိဖန်၏ ဇာတ်သိမ်း

သို့သော်လည်း ဤနတ်ဆိုးသည် ‌ကြောက်စရာအကောင်းဆုံးအမျိုးအစားဖြစ်သည်။ ၎င်း၏ဗီဇနှင့် ကြောက်မက်ဖွယ်ကောင်းသော စကြဝဠာ ဆဠမအဆင့် ကျင့်ကြံရေးကို အားကိုးရုံဖြင့် ကမ္ဘာ့အရှင်သခင်ဟု ခေါ်ဆိုနိုင်သည်။ လူတိုင်း၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားကြသည်။ တပည့်စစ်များက ခုံနိုင်ကြသော်လည်း လက်ရွေးစင်တပည့်များနှင့် အတွင်းစည်းတပည့်များသည် နတ်ဆိုးစွမ်းအင်၏ ပြင်းထန်မှု‌ကြောင့် အလျင်အမြန် နောက်ဆုတ်လိုက်ကြရသည်။

"တိုက်ခိုက်ကြ! သူ့ကို ဆက်လွှတ်ပေးထားလို့မရဘူး မဟုတ်ရင် အကျိုးဆက်တွေက ကြောက်စရာကောင်းလိမ့်မယ်”

စီနီယာကျန်းထိုင် ပေါက်ကွဲထွက်သွားသည်။ သူမ၏ စွမ်းအင်အစုအဝေးက အလွန်သိပ်သည်းသည်။ နတ်ဆိုးတစ်ကောင်ဖြစ်နေပြီဖြစ်သော ဝမ်ယိဖန်နှင့် နှိုင်းယှဉ်လျှင် သူမသည် အဆင့်အနည်းငယ်မျှ မနိမ့်သည့်အပြင် တပည့်စစ်များကြား၌ အသန်မာဆုံးတစ်ဦးလည်းဖြစ်၏။

သူမသည် ယခု စကြဝဠာ ဆဠမအဆင့်သို့ တက်လှမ်းပြီးလည်းဖြစ်သည်။

သူမနှင့် မျက်နှာချင်းဆိုင်တွင် ယဲ့ဝူရှဲ့၏ မျက်နှာအမူအရာက လေးနက်နေသည်။ သူ ဝင်ပါလိုခြင်း မရှိပေ။ ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် အပေါ်ယံ၌ ပူးပေါင်းဆောင်ရွက်နေကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် သီးသန့်တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေကြသည်။ ယခု ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ထိုသို့သော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပြီဖြစ်သောကြောင့် သူ အစီအစဉ်ကို ကြည့်ချင်နေမိသည်။

သို့သော် အရာအားလုံးက ဤအဆင့်သို့ရောက်ကာ ဝမ်ယိဖန်၏ စွမ်းအားက သူတွေးနိုင်သော ပမာဏကို ကျော်လွန်သွားခဲ့သည်။ သူအပျင်းပြေ ထိုင်ကြည့်နေ၍ မရတော့ပေ။ မဟုတ်ပါက နန်းတော်က သူ့ကို ရှာသောအခါ ဆူပူကြိမ်းမောင်းခံရရုံတင်ဖြစ်မည်မဟုတ်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ ရှိနေသော တပည့်စစ်များသည် နန်းတော်မှ တရားဝင်တာဝန်များကို ထမ်းဆောင်နေကြခြင်းဖြစ်၍ ဤတစ်ကြိမ်တွင် သူ မျက်ကွယ်ပြု၍ မရတော့ပေ။

ယဲ့ဝူရှဲ့သည် နတ်ဆိုးစွမ်းအင်ကို ခုခံရန် သိပ်သည်းသော နတ်ဘုရားစွမ်းအားဖြင့် ပေါက်ကွဲထွက်လာသည်။ ၎င်းသည် နေတစ်စင်းကဲ့သို့ ပေါက်ကွဲသွားခဲ့ရာ သူ့ကို နေနတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရစေသည်။

နှစ်ဦးလုံး၏ ခွန်အားက ကောင်းကင်သို့ ပြည့်နှက်လျက် ထိုနတ်ဆိုးစွမ်းအင်ကို ဖိနှိပ်ထားလိုက်သည်။

ချူးယွင်ဖန်းပင် အနည်းငယ် အံ့အားသင့်သွားသည်။ စီနီယာကျန်းထိုင်၊ ကျန်းထိုင်ရွှမ်သည် တပည့်စစ်များကြား၌ အလွန်ကျော်ကြားသည်။ သူမသည် နံပါတ်တစ် အမျိုးသမီး တပည့်စစ်ဖြစ်၍ ကျော်ကြားမှုအရ သူမသည် ယွီယွင်ယောင်ထက်ပင် ပိုမိုကျော်ကြားသည်။

ချူးယွင်ဖန်း၏ နားလည်မှုအပေါ် အခြေခံ၍ ယီယွင်ယောင်ပင်လျှင် ကျန်ထိုင်းရွှမ်၏

ပြိုင်ဘက် မဖြစ်နိုင်ပေ။ ကျန်းထိုင်းရွှမ်သည် အလွန်အစွမ်းထက်ကာ စကြဝဠာ ဆဠမအဆင့်အထွတ်အထိပ်သို့ရောက်နေပေပြီဖြစ်သည်။ ထိုအဆင့်သို့ရောက်သည်နှင့်တစ်ပြိုင်နက် လက်ရှိခေတ်၏ အသန်မာဆုံးတပည့်များ စာရင်းထဲသို့ရောက်သွားပေလိမ့်မည်။ ဝမ်ယိဖန်က ကျန်းထိုင်ရွှမ်နှင့် လုံးဝမယှဥ်နိုင်ပေ။ သူမ လက်ဖက်ရည်ပွဲကို တက်ရောက်လာခြင်းက ဝမ်ယိဖန်ကို မျက်နှာသာပေးနေသည်ဟု လူအများပြောကြသည်မှာ အံ့သြစရာမဟုတ်ပေ။ ၎င်းတို့နှစ်ဦးက အဆင့်တူများမဟုတ်ကြပေ။

ယဲ့ဝူရှဲ့၏ ကျင့်ကြံမှုက ကျန်းထိုင်ရွှမ်ထက် မဆိုးလှပေ။ နှစ်ယောက်စလုံးက အဆင့်တူဖြစ်ရာ စကြဝဠာအဆင့် သတ္တမအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ ဝမ်ယိဖန် မည်မျှပင် နတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲသွားစေကာမူ ၎င်းတို့နှစ်ဦးက စင်ပေါ်၌ အေးဆေးစွာထိုင်နေခြင်းမှာ အံ့သြစရာမဟုတ်ပေ။ ၎င်းတို့နှစ်ဦးနှင့်ယှဥ်ပါက ဝမ်ယိဖန်က အနည်းငယ်သာ ပိုမိုသန်မာလာခြင်းဖြစ်၍ ၎င်းတို့နှစ်ဦးအပေါ် ခြိမ်းခြောက်မှုတစ်ခုမဖြစ်နိုင်ပေ။

သို့သော် ယခု ဝမ်ယိဖန်က နတ်ဆိုးတစ်ကောင်ဖြစ်လာရန် နောက်တစ်ဆင့်တက်လှမ်း၍ သူ၏ ခွန်အားက စကြဝဠာအဆင့် ဆဠမအဆင့်သို့ရောက်သွားပြီဖြစ်သောကြောင့် နှစ်ဦးလုံး ဆက်လက်ထိုင်နေ၍ မရတော့ဘဲ ထို ကပ်ဘေးကို ကြိုဆင်အဆုံးသတ်ရတော့မည်ဖြစ်သည်။

သို့သော်လည်း သူတို့တိုက်ခိုက်တော့မည့်အချိန်တွင် ချူးယွင်ဖန်းက ထပ်မံတိုက်ခိုက်ခဲ့သည်။ မရေမတွက်နိုင်သော နတ်ဘုရားစွမ်းအားများ သူ့ခန္ဓာကိုယ်ပေါ်တွင် စုပုံလာကာ ပြင်းထန်သော အရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၍ ရွှေရောင်အမွှေးများအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်၏ အပေါက်တိုင်းမှ ထွက်ပေါ်လာသည်။

ခဏတာလေးအတွင်း၌ ချူးယွင်ဖန်းသည် လူသား ဟုတ်အဖြစ်ပြောင်းလဲသွားသည်။ ချူးယွင်ဖန်း၏ အရှိန်အဝါသည် ဟုတ်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။ သူသည် စကြဝဠာအဆင့်၏ ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဤလူလေးဦး၏ အရှိန်အဝါများသည် စကြဝဠာအဆင့်၏ ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းတို့သည် ပြိုင်ဘက်ကင်းသော အရှင်သခင်လေးဦးကဲ့သို့ဖြစ်ကာ မြင်ကွင်းတစ်ခုလုံးကို ဖိနှိပ်ထားကြသည်။ ရှိနေသော တပည့်စစ်များပင် အလျင်အမြန်ဆုတ်ခွာသွားကြသည်။ ၎င်းတို့ ချဥ်းကပ်ရန် မဝံ့ရဲကြပေ။ ၎င်းတို့အားလုံးသည် တပည့်စစ်များဖြစ်သော်လည်း ၎င်းတို့၏ ကျင့်ကြံမှုအဆင့်တွင် ကြီးမားသောကွာခြားချက်ရှိကြောင်း ထင်ရှားသည်။

ချူးယွင်ဖန်း ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သောအခါ ယဲ့ဝူရှဲ့နှင့်ကျန်းထိုင်ရွှမ်တို့

အံ့သြသွားကြသည်။ ချူးယွင်ဖန်းတွင် ဝှက်ဖဲတစ်ခုပြီးတစ်ခု ရှိနေသည်။ ဝမ်ယိဖန်က မည်သည့်ဝှက်ဖဲကိုမဆို ထုတ်ပြလိုက်သော်လည်း လူတိုင်းက ချူးယွင်ဖန်း သေဆုံးသွားပြီဟု ထင်ကြသောအခါ ချူးယွင်ဖန်းသည် အခြေအနေကို ပြောင်းလဲ၍ သူတို့ကို အံ့အားသင့်စေခဲ့သည်။

ချူးယွင်ဖန်း အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသည်ကို ၎င်းတို့ ယခု နားလည်သွားကြပြီဖြစ်သည်။

ယင်းက အစွမ်းသတ္တိအပြည့်နှင့်အတူ ပါလာသော ယုံကြည်မှုဖြစ်သည်။

ဝမ်ယိဖန်က နတ်ဆိုးမျိုးစေ့၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းကြောင့်မဟုတ်ပါက တိုက်ပွဲက ယခုထက် စော၍ ပြီးသွားနိုင်သည်။ ချူးယွင်ဖန်း၏ ခွန်အားနှင့် သူသည် ဝမ်ယိဖန်ကို အထင်သေးရန် အရည်အျဥ်းပြည့်မှီသည်

ချူးယွင်ဖန်း ဤမျှတိုတောင်းသော အချိန်အတွင်း ယခုလောက်ထိ အစွမ်းထက်လာစေရန် မည်သည့်အရာများ ကြုံခဲ့ရသည်ကို မည်သူမျှ မသိခဲ့ပေ။

"ဒီတိုက်ပွဲမှာ ဝင်စွက်ဖက်ဖို့ မလိုအပ်ပါဘူး စီနီယာတို့ ကျွန်တော် သူ့ကို တစ်ကြိမ်သတ်နိုင်ရင် နောက်တစ်ကြိမ် သတ်နိုင်တယ်" ချူးယွင်ဖန်းက အေးစက်စက်ပြောလိုက်သည်။

အချို့လူများသည် ယင်းက သူ၏ အကန့်အသတ်ဟု ထင်ကြသော်လည်း များစွာလိုသေးသည်။

အစောပိုင်းက သူ၏ ရိုးရှင်းသော တိုက်ခိုက်ရေးအစွမ်းသည် အခိုင်မာဆုံးအခြေအနေသာ ရှိခဲ့ကာ အားလုံးက သမာရိုးကျ မဟုတ်သော နည်းလမ်းများကို မတွေးထားခဲ့ကြပေ။

ဘမ်း

ဝမ်ယိဖန်၏ ဧရာမနတ်ဆိုးခန္ဓာကိုယ်က ခုန်အုပ်လိုက်သည်။

လူသားဟုတ်အဖြစ်ပြောင်းလဲသွားသည့် ချူးယွင်ဖန်းနှင့် သူ ယှဥ်နိုင်သည်။

သူသည် ချူးယွင်ဖန်းကို ကုတ်ခြစ်၍ သေစေလိုခဲ့သော်လည်း ဤအချိန်တွင် ချူးယွင်ဖန်း၏ ဦးခေါင်းပေါ်တွင် ကြီးမားသော အိုးကြီးတစ်လုံး လည်ပတ်နေသည်ကို သူ တွေ့လိုက်ရသည်။ ဤအိုးမှ ဖြစ်ပေါ်လာသော အလင်းရောင်အရိပ်သည် ချူးယွင်ဖန်းကို ကာကွယ်ပေးခဲ့သည်။

"မင်း လှုပ်ရှားပြီးပြီဆိုတော့ ငါ့အလှည့်ရောက်ပြီ!"

ချူးယွင်ဖန်းက အော်၍ လက်သီးဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။ သူ့လက်သီးက ဥက္ကာပျံတစ်စင်းကဲ့သို့ဖြစ်လွင့်ပျံသွားကာ လက်သီးအားက နဂါးရှစ်ကောင်အဖြစ်သို့ ပြောင်းလဲလျက် ဝမ်ယိဖန်ကို ဖိနှိပ်လိုက်သည်။

ဖွီး

ဝမ်ယိဖန်က သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ သူ့ကို နတ်ဆိုးစွမ်းအင်က အပိုင်သိမ်သွားပြီဖြစ်သော်လည်း ဟုတ်အဖြစ်ပြောင်းလဲသွားသော ချူးယွင်ဖန်းနှင့် ယှဉ်နိုင်သူမဟုတ်ပေ။ သူ့ကို လက်သီးဖြင့်ထိုးကာ လွင့်ထွက်သွားစေပြီး သွေးတစ်လုတ်အန်ထုတ်လိုက်သည်။ ချက်ချင်းပင် ချူးယွင်ဖန်းသည် ဝမ်ယိဖန်နောက်သို့ လက်သီးဖြင့် လိုက်လံတိုက်ခိုက်တော့သည်။

ဝမ်ယိဖန် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် သူ၏ ခွန်အားကြီးမားသော ခန္ဓာကိုယ် တုန်ခါသွားကာ ကျယ်လောင်သော အော်သံထွက်ပေါ်လာသည်။

ချူးယွင်ဖန်းက သနားကြင်နာမှုမပြဘဲ ဝမ်ယိဖန်ကို ရက်စက်စွာ နင်းချေလိုက်သည်။

ဘမ်း

ချူးယွင်ဖန်းက ဝမ်ယိဖန်ကို နင်း‌ချေ၍ အပိုင်းပိုင်းကွဲသွားစေခဲ့သည်။

ဝမ်ယိဖန်က သူ့ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ချင်သော်လည်း ချူးယွင်ဖန်း၏ ဓားက အောက်သို့ကျကာ သူ့‌ ခေါင်းတစ်ခုလုံး ကွဲကြေသွားစေသည်။

တစ်ကွင်းလုံးတိတ်ဆိတ်လျက် လူတိုင်း မှင်သက်သွားကြသည်။

ဝမ်ယိဖန်လည်း ထိုသို့ပင် သေဆုံးသွားခဲ့၏။

---

အခန်း(၁၈၁၇) ဝမ်ယိဖန်၏ ဆရာ

အစမှအဆုံးထိ ချူးယွင်ဖန်းသည် ဝမ်ယိဖန်ကို အနိုင်ပိုင်းထားခဲ့ကာ အပြီးသတ်ချေမှုန်းပစ်ခဲ့သည်။ နတ်ဆိုးတစ်ကောင်ဖြစ်လာပြီးသည့်နောက် သူ၏ ခွန်အားက သိသိသာသာ တိုးလာသည့်တိုင် ချူးယွင်ဖန်းကို မယှဥ်နိုင်သေးပေ။ မိနစ်ပိုင်းအတွင်း၌ပင် ချေမှုန်းခံခဲ့ရသည်။

ဤသည်မှာ စစ်မှန်သော အုတ်မြစ်နှင့် စွမ်းအားပင်ဖြစ်သည်။

သူ့ခေါင်းပြတ်သွားပြီးနောက် ဝမ်ယိဖန်၏ နတ်ဆိုးခန္ဓာကိုယ်က အလွန်မာကြောနေသည့်တိုင် အသုံးမဝင်တော့ပေ။ သူ့ခေါင်းပျောက်သွားလျှင် သေသွားပြီဖြစ်ကာ

သူ့ခန္ဓာကိုယ်ကမှ ထွက်လာသည့် စွမ်းအားကလည်း စုပုံလာခြင်းမရှိတော့ဘဲ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့လည်း လုံးဝ ပျောက်ကွယ်သွားသည်။ မျိုးစေ့က သူ့ကို တစ်ကြိမ်ကယ်တင်နိုင်သော်လည်း နောက်တစ်ကြိမ် ကယ်တင်နိုင်မည်မဟုတ်ပေ။ သူပြန်ရှင်လာလျှင်ပင် ချူးယွင်ဖန်းက သူ့ကို သတ်နိုင်မည်ဟု လုံးဝ ယုံကြည်နေသည်။ ယခင် အခြေအနေများနှင့်ယှဥ်ပါက ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။

ချူးယွင်ဖန်းသည် သူ၏လူသားပုံစံသို့ ပြန်ရောက်သွားခဲ့သည်။ သူ၏ အသက်ရှူသံများသည် အနည်းငယ် မြန်ဆန်လာခဲ့သည်။ ဟုတ်အဖြစ် ပြောင်းလဲခြင်းသည် သူ့အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ သို့သော်၊ အတိတ်နှင့် နှိုင်းယှဉ်ပါက ဤဝန်ထုပ်ဝန်ပိုးသည် ယခင်ကကဲ့သို့ သူ၏ ခွန်အားကို ဖော်ပြ၍မရတော့ပေ။

ခဏတာလေးအတွင်း၌ သူ၏ မူလအခြေအနေသို့ပြန်ရောက်သွားခဲ့သည်။ ချူးယွင်ဖန်းတွင်

ယခု ထိပ်တန်း ခန္ဓာကိုယ်နှစ်ခုဖြစ်သည့် ဧကရာဇ်ခန္ဓာကိုယ်နှင့် မိုးကကြိုးခန္ဓာကိုယ်များရှိလာကာ တစ်ချိန်တည်း၌ပင် သူ့၌ ရှေးဟောင်းသားရဲနှစ်ကောင်၏ သွေးမျိုးဆက်လည်းရှိသေးသည်။ ယင်းက

ဟုတ်သားရဲသွေးမျိုးဆက်နှင့် ရှေးအမှောင်ဖီးနစ်သွေးမျိုးဆက်တို့ဖြစ်သည်။ ထိုအာနိသင်များကို ချူးယွင်ဖန်း၏ ခန္ဓာကိုယ်၌ အသုံးပြုလိုက်သောအခါ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

သူ့ထက် ကျင့်ကြံမှုအဆင့် များစွာမြင့်သော ကျွမ်းကျင်သူတစ်ယောက်ဖြစ်လျှင်ပင် သူ ဟုတ်အဖြစ်သို့ပြောင်းလဲရန် အချိန်တိုလေးသာ ကြာပေလိမ့်မည်။ ချူးယွင်ဖန်း၏ ပြောင်းလဲမှုကို သူ မြင်ယောင်ကြည့်ရန်ပင်မလိုပေ။ သူ စွမ်းအင်အနည်းငယ်သာ သုံးစွဲခဲ့သည်ဟုပင် ပြော၍ ရသည်။

ကျန်းထိုင်ရွှမ်နှင့် ယဲ့ဝူရှဲ့တို့ က ယင်းကို သတိထားမိကြသည်။ ၎င်းတို့၏ အမြင်၌ ချူးယွင်ဖန်းက

ဂျူနီယာမဟုတ်တော့ဘဲ တန်းတူရပ်တည်နိုင်နေပြီဖြစ်သည်။ သူ၏ လက်ရှိအဆင့်က ၎င်းတို့ကို မမှီသေးသော်လည်း တိုက်ခိုက်ရေးအစွမ်းကမူ ၎င်းတို့ထက် မနိမ့်ကျပေ။ ကျွမ်းကျင်သူများထဲ၌ပင် သူသည် စစ်မှန်သော ပညာရှင်တစ်ဦးဖြစ်သည်။

ကျင့်ကြံမှုအဆင့်က အရေးကြီးသော်လည်း နောက်ဆုံး၌ တိုက်ခိုက်ရေးအစွမ်းက အားလုံးကို အဆုံးအဖြတ်ပေးခဲ့သည်။

ချူးယွင်ဖန်း၏ အစွမ်းထက်သော တိုက်ခိုက်ရေးအစွမ်းက သူ့ကို ထိပ်တန်းပါရမီရှင်များနှင့် တန်းတူဖြစ်စေရန် အရည်အချင်းပြည့်မီသည်အထိ တိုက်ပွဲဝင်နိုင်စေခဲ့သည်။

ကျန်းထိုင်ရွှမ် စိတ်ထိခိုက်သွားသည်။ ချူးယွင်ဖန်းက ဝှက်ဖဲအမျိုးမျိုးကို အသုံးပြုနေသည်ကိုမြင်သောအခါ ဤဂျူနီယာသည် သူမ၏လေ့ကျင့်ချိန်၏ ဆယ်ပုံတစ်ပုံထက်နည်းသောအချိန်ကိုသာ အသုံးပြုခဲ့သော်လည်း သူမနှင့် တန်းတူရှိနေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်၊ သူမကဲ့သို့ မာနကြီးသူတစ်ဦးပင် သူ့ကို လေးစားရမည်ဖြစ်သည်

"အစောပိုင်းက ကျွန်တော့်ကို ကာကွယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်" ချူးယွင်ဖန်းက အရိုအသေပေး၍ ပြောသည်။

သူမလိုအပ်သော်လည်း ၎င်းတို့နှစ်ဦးက ကူညီပေးချင်ခဲ့ခြင်းဖြစ်ကာ ချူးယွင်ဖန်းက ထိုအကူအညီကို နားလည်သည်။ သူက ထိုပါရမီရှင်အသိုင်းအဝိုင်းထဲသို့ ဝင်နိုင်ရန်လည်း လိုအပ်သေး၏။

"ဂျူနီယာ ချူး၊ ရှင် ဒီလောက် ယဥ်ကျေးနေဖို့မလိုပါဘူး။ ကျွန်မတို့နှဏ်ယောက် မတိုက်ခင်တည်းက ဝမ်ယိဖန် သေသွားပြီလေ။ ဒီကောင်က နတ်ဆိုးတွေနဲ့ပူးပေါင်းသွားတာ… သူ့သေဆုံးမှုက နောင်တရစရာမရှိဘူး” ကျန်းထိုင်ရွှမ်က ပြုံး၍ပြောလိုက်သည်။

သူမစကားပြောနေစဥ် ဝမ်ယိဖန်၏ အလောင်းကို စက်ဆုပ်ရွံရှာစွာကြည့်လိုက်သည်။ သူမက ယခင်က နတ်ဆိုးများနှင့် တိုက်ခိုက်ခဲ့ဖူး၍ ၎င်းတို့ ဖျက်ဆီးသည်ကိုမြင်ဖူးသည်။ ထို့ကြောင့် ဝမ်ယိဖန်၏ အလောင်းကို စက်ဆုပ်ရွံရှာစွာကြည့်လိုက်သည်။ ထို့ကြောင့် သူမ ၎င်းတို့ကို နှလုံးသားထဲမှ မုန်းတီးခဲ့သည်။

"မဆိုးပါဘူး။ ကြယ်ကြွေကောင်းကင်မှာ ငါကြိုက်တဲ့သူတစ်ယောက် ရောက်လာပြီ။ ဟွားရှန်းယွမ်က အရမ်းငယ်ပြီး အားနည်းလွန်းတော့ စိတ်ဝင်စားစရာမကောင်းဘူး။ ကျန်တဲ့သူတွေကတော့ ဝမ်ယိဖန်လိုလူတွေပဲ။ အခုတော့ ငါကြိုက်တဲ့သူတစ်ယောက် ရောက်လာပြီ" ယဲ့ဝူရှဲ့က ပြုံးလိုက်သည်။

အားလုံးက သူ့စကားကြောင့် မကျေနပ်ကြသော်လည်း အံ့အားသင့်ပုံမပြကြပေ။ ၎င်းတို့က ယဲ့ဝူရှဲ့၏ စကားများကို တစ်ကြိမ် နှစ်ကြိမ်ထက် ပိုကြားဖူးကြသဖြင့် မထူးဆန်းတော့ပေ။

သို့သော် ယဲ့ဝူရှဲ့၏ အစွမ်းသတ္တိကြောင့် ၎င်းတို့အားလုံး အံ့အားသင့်သွားကြသည်။ ၎င်းတို့ ရွယ်တူချင်းများထဲ၌ သူနှင့်ယှဥ်နိုင်သူကို ရှာရန် ခက်ခဲသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း နံပါတ်တစ် အမျိုးသမီးအဖြစ် လူသိများသော ကျန်းထိုင်ရွှမ်ပင် အားသာချက်မရှိခဲ့ပေ။

ချူးယွင်ဖန်းက ယဲဝူရှဲ့ကို လှမ်းကြည့်လိုက်သောအခါ ထိုလူက အလွန် စိတ်ဝင်စားစဖွယ်ကောင်းသည်ကိုတွေ့လိုက်ရသည်။ သို့သော် ယဲ့ဝူရှဲ့တွင် သူမမြင်နိုင်သော

အရာတစ်ခုခုရှိသည်။ သူ့အကြောင်း မည်သူမျှ မသိသော လျို့ဝှက်ချက်များရှိ၏။

၎င်းတို့သုံးဦးအကြား တိုတောင်းသော အပြန်အလှန်ပြောဆိုမှုအပြီးတွင်၊ မယှဉ်နိုင်လောက်အောင် အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် ထိုက်တောင်၏ ဖိအားဖြင့် ဖြိုခွင်းခံလိုက်ရသည်။ လူတိုင်းက ကောင်းကင်မှ ကြီးမားသောလက်တစ်ဖက် ကောင်းကင်မှ ကျဆင်းလာကာ ချူးယွင်ဖန်းကို ဆွဲကိုင်ထားသည်ကို မြင်လိုက်ရသည်။

ချူးယွင်ဖန်းက ထိုသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဝမ်ယိဖန်ကို သတ်ပြီးနောက် စိတ်အေးလက်အေးမနေခဲ့မိပေ။ မျက်စိတစ်မှိတ်အတွင်း၌ပင် သူ၏ ခုခံကာကွယ်မှုများကို စတင်လိုက်နိုင်သည်။ သူ့ခေါင်းပေါ်မှ တောင်မြစ်အိုးကြီးက သူ့ကို ကာကွယ်ပေးထားသည်။

ချွင်

သတ္တုတိုက်မိသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ဧရာမလက်ကြီးသည် အိုးပေါ်သို့ ကျရောက်သွားပြီး အဆက်မပြတ် ထိပ်တိုက်တွေ့သံများ ထွက်ပေါ်လာသည်။

ချူးယွင်ဖန်းသည် အိုးကြီးနှင့်အတူ ယှဉ်နိုင်စရာမရှိသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ့အပေါ်သို့ နင်းချေနေသည်ကို ချက်ချင်းခံစားလိုက်ရသည်။ အိုးကြီးက သူ့ကို ကာကွယ်ပေးနေသော်လည်း ဤစွမ်းအားကို လုံးဝဖယ်ရှားပစ်နိုင်ခြင်းမရှိပေ။

သူ အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ ရူးသွပ်စွာ စုတ်ပြဲသွားသည်ကို ခံစားလိုက်ရပြီး သွေးတစ်ပွက်အန်ထုတ်လိုက်၏။

"ဘယ်သူလဲ?!" ချူးယွင်ဖန်း အော်လိုက်သည်။

"မင်းက ငါ့တပည့်ကို သတ်လိုက်တာ!"

ကောင်းကင်ယံမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုစကားမှတစ်ဆင့် မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရသောကြောင့် လူတိုင်း၏ မျက်နှာအမူအရာများပြောင်းလဲသွားသည်။ ယင်းက ဝမ်ယိဖန်၏ ဆရာဖြစ်သူ ကြယ်ကြွေကောင်းကင်ဂိုဏ်းအကြီးအကဲတစ်ဦးဖြစ်သည့် ကျန်းဝမ်အန်းပင်ဖြစ်သည်။

လူများစွာက ထိုအကြောင်းကို တွေးမိသောအခါ ၎င်းတို့၏ ကျောပြင်တစ်လျှောက်အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယင်းက အမှန်ပင် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်၏။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ အကြီးအကဲများကို အဆင့်များစွာခွဲခြားထားသည်။ အမြင့်ဆုံးအဆင့်က သဘာဝအတိုင်းပင် အဆင့်မြင့်အကြီးအကဲများဖြစ်ကာ နောက်တွင် သာမန်အဆင့်မြင့် အကြီးအကဲများ၊ အဓိကအကြီးအကဲများနှင့် ပြင်ပအကြီးအကဲများရှိသည်။ ချူးယွင်ဖန်းကို အစောကတိုက်ခိုက်ခဲ့သည့် အကြီးအကဲအနည်းငယ်က အနိမ့်ဆုံးအဆင့် အကြီးအကဲများဖြစ်သော်လည်း ၎င်းတို့အားလုံးသည် စကြဝဠာအဆင့်ရှိသူများဖြစ်ကြသည်။ သို့သော် ကျန်းဝမ်အန်းသည်မူ သာမန်အဆင့်မြင့်အကြီးအကဲဖြစ်သော်လည်း ကျင့်ကြံမှုအဆင့်က စကြဝဠာအဆင့်သို့ကျော်လွန်ကာ နောက်တစ်ဆင့်သို့ရောက်နေပြီဖြစ်သည်။

---

အခန်း(၁၈၁၈) အဘိုးကြီး သိပ်မကြာခင် ခင်ဗျား ကျုပ်လက်ချက်နဲ့ သေရလိမ့်မယ်

တပည့်စစ်များနှင့် အကြီးအကဲများသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကျောရိုးဖြစ်ခဲ့လျှင် အဆင့်မြင့်အကြီးအကဲများသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ စစ်မှန်သော အဆင့်မြင့် စွမ်းအားများ ဖြစ်သည်။ ၎င်းတို့တစ်ဦးစီသည် အမြင့်ဆုံး ဂုဏ်သိက္ခာရှိကာ ထင်ရှားကျော်ကြားသူများဟု ဆိုနိုင်သည်။

ဤလူများ၏ တည်ရှိမှုကို မည်သူမျှ လျစ်လျူမရှု့နိုင်ကြပေ။ ၎င်းတို့ထဲမှ မည်သူမဆို ဂိုဏ်းချုပ်ဖြစ်လာကာ ဂိုဏ်းတစ်ခုတည်ထောင်နိုင်သည်။ ဝမ်ယိဖန်အဘယ်ကြောင့် ဤမျှ ကြွားဝါနိုင်နေရသည်ဟူသော အကြောင်းအရင်းက သူ့တွင် ထိုမျှ အစွမ်းထက်သော ဆရာတစ်ဦးရှိနေသောကြောင့်ဖြစ်သည်။

ကျန်းဝမ်အန်က စိတ်တိုလွယ်သူမဟုတ်ကြောင်း လူအများက မှတ်မိကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူက အလွန်န အာဏာရှိကာ ကြမ်းတမ်းသော စိတ်ထားရှိသည်။ သာမန်လူများ၏ အသက်ကို ဂရုမစိုက်ပေ။ ထို့အပြင် ချူးယွင်ဖန်းကလည်း သူ၏ အချစ်ဆုံးတပည့်ကို သတ်ခဲ့သည်။ ကျန်းဝမ်အန်မည်မျှဒေါသထွက်နေမည်ကို မြင်ယောင်ကြည့်နိုင်၏။

အမှန်တရားက လူအများအထင်နှင့်အတူတူပင်ဖြစ်သည်။ ကျန်းဝမ်အန် ရောက်လာ၍ ချူးယွင်ဖန်းကို ချက်ချင်းပစ်မှတ်ထားခဲ့သော်လည်း ချူးယွင်ဖန်းကို ရှင်းပြခွင့်မပေးခဲ့ပေ။

ချူးယွင်ဖန်း၏ အကြည့်သည် လေဟာနယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အဖြူရောင်ဝတ်စုံဖြင့် အဘိုးကြီးတစ်ဦး သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သာမန်အဘိုးကြီးများနှင့်မတူဘဲ ဤအဘိုးကြီးသည် အရပ်ရှည်ကာ နဂါးနှင့်ကျားတို့၏ ကိုယ်ဟန်ရှိသည်။ ထိုနေရာတွင် တစ်ယောက်တည်းရပ်နေရုံဖြင့် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သော စွမ်းအားရှိပုံရသည်။

အတိတ်ကာလတွင် သူသည် အမြင့်ဆုံးဂုဏ်သတင်းရှိခဲ့သည်။ နောက်ပိုင်းတွင် သူအိုမင်းလာသောအခါ တစ်ကိုယ်တော်လေ့ကျင့်မှုအခြေအနေသို့ ရောက်ရှိခဲ့သည်။ သို့သော် ၎င်းသည် သူ၏အစွမ်းသတ္တိ အားနည်းသည်ဟု ပြော၍မရပေ။ အမှန်တကယ်တွင် သူသည် ယှဉ်နိုင်စရာမရှိအောင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ချူးယွင်ဖန်းသည် ဤအဘိုးကြီးက သူ့အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု ခံစားမိသည်။ ဤအဘိုးကြီး၏အမည်ကို သူ မရင်းနှီးပေ။ ဝမ်ယိဖန်အပေါ် သူလေးစားမှုမရှိသော်လည်း ဝမ်ယိဖန်ကို စုံစမ်းစစ်ဆေးခဲ့သည်။

သူက ဝမ်ယိဖန်ကို သေချာစုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဝမ်ယိဖန်အကြောင်း အချက်အလက်များစွာ ရထားသည်။ မည်သည့်ဖိုင်ဖြစ်စေကာမူ သူ့ဆရာကျန်းဝမ်အန်အကြောင်းထင်ရှားစွာဖော်ပြထားသည်။

ချူးယွင်ဖန်းအတွက် ဝမ်ယိဖန်က တကယ့်အန္တရာယ်မဟုတ်ပေ။ ဝမ်ယိဖန်က ချူးယွင်ဖန်းနှင့် မယှဥ်နိုင်ပေ။ တကယ့်ပြဿနာက သူ့ဆရာ ကျန်းဝမ်အန်သာဖြစ်သည်။

ချူးယွင်ဖန်းက ဝမ်ယိဖန်ကို သတ်ပြီးချင်းချင်း၌ ကျန်းဝမ်အန်ပေါ်လာသည်။

"ခင်ဗျား ကျုပ်ကို သတ်ချင်နေတာလား" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။

ဤမျှ ကြီးကျယ်သော အကြီးအကဲတစ်ဦးကို ရင်ဆိုင်ရသည့်အခါ သူ ကြောက်ရွံ့မှု တစ်စုံတစ်ရာ မပြပေ။

"ဟုတ်တယ်။ မင်းငါ့တပည့်ကို သတ်လိုက်တာ။ မင်းရဲ့အသက်ကို ပေးဆပ်စေချင်တယ်!" ကျန်းဝမ်အန်က ရက်စက်စွာ ပြုံးလိုက်သည်။

ဝမ်ယိဖန်သည် သူကိုယ်တိုင် သင်ကြားပေးခဲ့သည့် တပည့်တစ်ယောက်ဖြစ်သည်။ ဝမ်ယိဖန်က သူယုံကြည်စိတ်ချရသော လက်ထောက်တစ်ဦးဖြစ်သည်။ သူက ဝမ်ယိဖန်၏ အစွမ်းသတ္တိကို အလွန်ယုံကြည်သည်။ ထို့အပြင် တပည့်သစ်တစ်ဦးက ဝမ်ယိဖန်ကို စိန်ခေါ်ချင်နေခဲ့ခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းဟု သူယုံကြည်ခဲ့သည်။

ထိုအတွေ့အကြုံရှိ လက်ရွေးစင်တပည့်များသည် ဝမ်ယိဖန်ကို စိန်ခေါ်လျှင်ပင် ရှုံးနိမ့်ရဦးမည်ဖြစ်သည်။ သူ အစက ချူးယွင်ဖန်းသည် ဝမ်ယိဖန်ကို တားလျက် အချိန်ဆွဲနေခြင်းသာဖြစ်သည်ဟု ထင်ခဲ့သည်။

သူ ထိုကိစ္စကို ဂရုစိုက်ရန် စိတ်မဝင်စားခဲ့ပေ။

ဝမ်ယိဖန် ထိုသို့သောအခြေအနေမျိုး ကြုံရလိမ့်မည်ဟု မည်သူထင်မည်နည်း။ ယခုအချိန်၌ ချူးယွင်ဖန်းကို တစ်ချက်တည်းနှင့်မသတ်နိုင်ခဲ့သဖြင့် သူအလွန်စိတ်ပျက်သွားသည်။ အနည်းဆုံးချူးယွင်ဖန်းက သူထင်ထားသကဲ့သို့မဟုတ်ပေ။ ချူးယွင်ဖန်းက ဝမ်ယိဖန်ကို မည်သို့နည်းလမ်း သို့မဟုတ် မည်သို့မှော်ပညာဖြင့် သတ်ခဲ့သည်ကို သူမသိပေ။ သူ့တွင် ကိုယ်ပိုင် အစွမ်းအစရှိပုံရသည်။

"ဒါက ဝမ်ယိဖန်နဲ့ ကျုပ်ကြားက သဘောတူညီချက်ပဲ။ ဂိုဏ်းတစ်ခုလုံးက ကျုပ်သက်သေပဲ။ တိုက်ခိုက်ပြီဆိုတာနဲ့ သေတယ်ရှင်တယ်ဆိုတာ အရေးမကြီးဘူး။ ဒါတွေက ကြယ်ကြွေကောင်းကင်ဂိုဏ်းရဲ့ စည်းမျဥ်းတွေပဲ။ ဒါပေမယ့် အခု ခင်ဗျားက ကျုပ်ကို ပွင့်ပွင့်လင်းလင်း သတ်ချင်နေတာလား။ စည်းကမ်းမဲ့ ပြုမူနိုင်တယ်လို့ တကယ်ထင်နေတာလား" ချူးယွင်ဖန်းက ကျန်းဝမ်အန်ကို လုံးဝမကြောက်ဘဲ အော်ပြောလိုက်သည်။

"ငါ့ကို ဒီလောက်ကြီးတဲ့ အကြောင်းပြချက် မပေးနဲ့။ ငါ မင်းကို သတ်ပစ်မယ်"

ကျန်းဝမ်အန်က သူမှန်သည်ဟု မထင်ပေ။ မည်သို့မသိဘဲနေနိုင်မည်နည်း။ သို့သော် ယခုအချိန်၌ မှန်သည်မမှန်သည်က သူ့အတွက် အရေးမကြီးပေ။ သူ့တွင် အစွမ်းသတ္တိအပြည့်ရှိကာ ယင်းနှင့်တင် လုံလောက်ပြီဖြစ်သည်။ နောက်ပိုင်း၌ အချို့လူများသည် သူ့ကို အပြစ်တင်ဝေဖန်ကြလိမ့်မည်။ သို့သော် ချူးယွင်ဖန်း သေဆုံးသွားသရွေ့ မည်သူက သူ့အတွက် ပြောပေးမည်နည်း။

ထိုသို့သောလူမျိုးရှိနေလျှင်ပင် သူ ၎င်းတို့ကို ဂရုမစိုက်ပေ။ နှစ်ပေါင်းများစွာလေ့ကျင့်ပြီးနောက်

အရည်အချင်း၊ ဆက်သွယ်မှု၊ နောက်ခံနှင့် ရှင်သန်နိုင်မှုက အရေးကြီးဆုံးဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားသည်။

"ဘာတွေဖြစ်ခဲ့လဲဆိုတာ ခင်ဗျားဂရုမစိုက်ဘူးပဲ။ ဝမ်ယိဖန် နတ်ဆိုးဖြစ်သွားတာကိုလည်း ဂရုမစိုက်ဘူး။ ခင်ဗျားရဲ့တပည့်အတွက် လက်စားချေဖို့ လာတာပေါ့" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ ကျန်းဝမ်အန်၏ တုံ့ပြန်မှုကို သူ မအံ့သြပေ။ ၎င်းသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။

"ဟားဟားဟား။ တော်တော်လျှာရှည်တဲ့ကလေးပဲ။ ဝမ်ယိဖန် နတ်ဆိုးသိမ်းပိုက်ခံရတာဖြစ်ဖြစ် မခံရတာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မင်းသူ့ကိုသတ်လိုက်တာပဲ ငါသိတယ်။ ငါသူ့အတွက် လက်စားချေချင်တယ်။ မင်းရဲ့အသက်ကိုပေးဆပ်တာကသာ အမှန်တရားပဲ"

ကျန်းဝမ်အန်က ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်မိသည်။ သူ မှားနေသည်ကို သိသဖြင့် ချူးယွင်ဖန်းနှင့်

ကျိုးကြောင်းမဆင်ခြင်ခဲ့ပေ။ လမ်းတွင် အစွမ်းထက်သော အရှိန်ဝါများ များစွာရှိနေသည်ကို သူခံစားမိသည်။ သူ့တွင် အချိန်မကျန်လှတော့ပေ။

"တစ်ချက်တည်းနဲ့။ ငါသူ့ကို အခုသတ်ရမယ်။ မဟုတ်ရင် ငါအခွင့်အရေးရမှာမဟုတ်ဘူး!"

ကျန်းဝမ်အန်၏ မျက်လုံးများသည် ကြောက်မက်ဖွယ်အလင်းများဖြင့်တောက်ပနေသည်။ သူ့အတွက် အချိန်နှင့် အခွင့်အရေး မကျန်တော့သည်ကို သူ သဘာဝအတိုင်း နားလည်လိုက်သည်။ ချူးယွင်ဖန်းကို တစ်ချက်တည်းနှင့်သတ်ပစ်ရမည်။

ထိုအကြောင်းကို တွေးမိသောအခါ ကျန်းဝမ်အန်က သူ့ခန္ဓာကိုယ်ထဲက နတ်စွမ်းအားကို စုစည်း၍ ကြောက်စရာကောင်းသည့် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ တစ်ချိန်တည်း၌ပင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။ ထိုဓားးက လုံးဝ မည်းနက်နေသော်လည်း ကုန်းသတ္ထုဓားထက် အနည်းငယ် အဆင့်နိမ့်သည်။

သို့သော်လည်း ကျန်းဝမ်အန်သည် ဝမ်ယိဖန်ထက် ဆယ်ဆကျော် ပိုမိုအားကောင်းသည်။ ထိုကဲ့သို့ ပြင်းထန်သော ခွန်အားကြောင့် ချက်ချင်းပင် တိုက်ခိုက်နိုင်ခဲ့သည်။ သူ့လက်ထဲမှ အနက်ရောင်ဓားအလင်းသည် ရှည်လျားသော အနက်ရောင်နဂါးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။ ၎င်းသည် ချူးယွင်ဖန်းထံသို့ ချက်ချင်းပင် ကောင်းကင်ယံကိုဖြတ်၍ ပျံ့နှံ့သွားသည်။

ချူးယွင်ဖန်း၏ မျက်နှာအမူအရာက အလွန်ပြင်းထန်နေသည်။ ကျန်းဝမ်အန်၏ တိုက်ခိုက်မှုက သူ့ကို မည်သို့မျှ ထွက်ပေါက်မပေးပေ။ စကြဝဠာ ဆဠမအဆင့်သို့မဟုတ် သတ္တမအဆင့်ရှိသော သူပင် ထိုတိုက်ခိုက်မှုမျိုးနှင့်ရင်ဆိုင်ရပါက သေရလိမ့်မည်။ ၎င်းတို့ ထက်ခြမ်းကွဲသွားနိုင်သည်။

"မင်းတစ်ယောက်တည်းမှာပဲ ဝှက်ဖဲရှိတယ်လို့ ထင်နေတာလား။ ငါ့ကိုကြည့်!" ချူးယွင်ဖန်းက ကြုံးဝါး၍ သူ့ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားများ တည်ငြိမ်သွားသည်။

ဓားအလင်းသင်္ကေတတစ်ခု သူ့လက်ထဲ၌ပေါ်လာကာ ထို ဓားသင်္ကေတထဲ၌ ထိတ်လန့်ဖွယ်ဓားအလင်းတစ်ခုဖြစ်ပေါ်လာသည်။

---

All Chapters