← Chapters

အခန်း (၁၈၁၉-၁၈၂၁)

Vol. 122 Ch. 1819-1821

အခန်း (၁၈၁၉-၁၈၂၁)

Vol. 122 Ch. 1819-1821

အခန်း(၁၈၁၉) ကြယ်ကြွေကောင်းကင်ဂိုဏ်းချုပ်

မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များ စုဝေးလာပြီးနောက် ရူးသွပ်စွာ ပျံ့နှံ့သွားသော ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းအတက်အကျများအဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ ချူးယွင်ဖန်း၏ ဝှက်ဖဲဖြစ်သော ဓားအလင်းအဆောင်ဖြစ်သည်။

ဓားအလင်းအဆောင်ကို သုံးကြိမ်သုံးနိုင်၍ ချူးယွင်ဖန်းက လီချန်းယွမ်ကို တစ်ကြိမ်၊ လော့ကျောက်ကို တစ်ကြိမ်သုံးခဲ့ပြီးဖြစ်သည်။ ယခုတစ်ကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်သည်။ အချိန်တိုင်းက

ချူးယွင်ဖန်းအတွက် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အချိန်များဖြစ်ကာ သူသုံးကြိမ်ပဲသုံးနိုင်သဖြင့် စောစောသုံးမိလျှင် နှမြောစရာဖြစ်မည်ဖြစ်သော်လည်း နောင်တမရခဲ့ပေ။

ယခု ချူးယွင်ဖန်းသည် ၎င်းကို နောက်ဆုံးအကြိမ်အဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာခဲ့သော်လည်း အမှန်တကယ်တွင် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်ခဲ့သည်။ ချူးယွင်ဖန်း၏လက်ထဲမှ ဓားအလင်းရောင်သည် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ မူလက ယုံကြည်မှုအပြည့်ရှိသော ကျန်းဝမ်အန်ပင် ကြောက်ရွံ့မှုလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။

"ရှူး" ကျန်းဝမ်အန်က အခြေအနေများမကောင်းသည်ကို ချက်ချင်းသိလိုက်သည်။

သူ၏ အာရုံကိုယုံကြည်လိုက်ပြီးနောက် ထိုစုပုံလာသည့် ဓားအလင်းက ခြိမ်းခြောက်မှု အစစ်အမှန်ဖြစ်သည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း နောက်ကျသွားခဲ့သည်။

ချူးယွင်ဖန်းက စတင်လှုပ်ရှားလိုက်သည်။ သူ့လက်များကို ဖြန့်ကာ ဓားစွမ်းအင်၏ အဆုံးကို ဆွဲယူပြီးနောက် ကျန်းဝမ်အန်ထံ ခုတ်ချလိုက်သည်။

ဝှစ်

ကျန်းဝမ်အန်၏ ဓားအလင်းရောင်က ထိုဓားအလင်းကြောင့် ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် ဓားက ကျန်းဝမ်အန်၏ ခေါင်းကို ချက်ချင်းခုတ်ပိုင်းလိုက်သည်။ ချူးယွင်ဖန်း၏ မျက်လုံးများ တည်ငြိမ်နေသော်လည်း ရူးသွပ်မှုအရိပ်အယောင်များရှိနေသည်။

"ခင်ဗျားက အကြီးအကဲတစ်ယောက်ဖြစ်တော့ရော ဘာဂရုစိုက်ရမှာလဲ။ ကျုပ်ကို သတ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်စစ်ကြည့်”

ကမ္ဘာ့နံပါတ်တစ်ကျွမ်းကျင်သူပင် ချူးယွင်ဖန်းကို မတိုက်ဘဲ လက်နက်ချစေနိုင်လိမ့်မည်မဟုတ်ပေ။

ကျန်းဝမ်အန် အံ့အားသင့်သွားသည်။ ချူးယွင်ဖန်းသည် သူ့ကဲ့သို့သော အကြီးအကဲကြီးတစ်ဦးကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မမျှော်လင့်ထားပေ။ သာမန်တပည့်စစ်တစ်ယောက်ပင် သူ့အား ရင်ဆိုင်ရသောအခါ ခြေထောက်များ အားနည်းသွားကာ တိုက်ခိုက်ရဲမည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် စည်းမျဉ်းများအတိုင်းမလိုက်နာခဲ့သည်မှာ သေချာသည်။

ဓားအလင်းတန်းက အောက်ဘက်ကို ဖြာကျသွားသည်။ မူလက ကျန်းဝမ်အန်ကို ခေါင်းမှ ခြေဖျားအထိ နှစ်ခြမ်းခွဲရန် ရည်ရွယ်ထားသော်လည်း ထိုအချိန်၌ အနည်းငယ်လွဲသွားသည်။ သို့သော် သူ့လက်မောင်းနှင့်

ပခုံးတစ်ခုလုံးက မြေကြီးကို တုန်ခါစေသည့် ထိုဓားအလင်းကြောင့်ကွဲထွက်သွားသည်။

ဓားအလင်းတန်းက ပျံ့နှံ့သွားပြီး စကြဝဠာထဲသို့ ပျောက်ကွယ်သွားသည်။

"အာ!" ကျန်းဝမ်အန် အော်လိုက်သည်။

ချူးယွင်ဖန်း၏ လက်များကြောင့် သူဒဏ်ရာရသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအချိန်၌ ချူးယွင်ဖန်း သူ့ကို တကယ်သတ်ရဲသည်ကိုမြင်နိုင်နေပြီဖြစ်သည်။ အကြီးအကဲတစ်ယောက်ကိုသတ်ခြင်းက ကြီးမာသောအပြစ်ပင်ဖြစ်၏။ လူအများက ယင်းကို မတွေးရဲကြသော်လည်း ချူးယွင်ဖန်းက တွန့်ဆုတ်ခြင်းမရှိခဲ့ပေ။

ကျန်းဝမ်အန်၏ မျက်လုံးများ နီရဲလျက် သူ့ဒဏ်ရာကို လက်တစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။

သူ ပင်ပန်းစွာ အသက်ရှူလိုက်ပြီးနောက် ဓားအလင်းရောင်ကြောင့် လှီးဖြတ်ခံရသော ဒဏ်ရာကို စွမ်းအားအပြည့်ဖြင့် ထူထပ်စွာ ဖုံးအုပ်လျက် သူ့ကြွက်သားများကို အဆက်မပြတ် ဆွေးမြေ့စေကာ ဒဏ်ရာကို ပျောက်ကင်းစေရန် တားဆီးနေသည်။

"ငါ မင်းကို သတ်မယ်!" ကျန်းဝမ်အန်က အံကြိတ်ကာ ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာခဲ့သော်လည်း အမှန်တကယ်တွင် ၎င်းသည် အချိန်တိုအတွင်းသာ ဖြစ်ပျက်ခဲ့သည်။ ဘေးတွင်ရပ်နေသော ယဲ့ဝူရှဲ့နှင့် ကျန်းထိုက်ရွှမ်တို့သည် နောက်ဆုံးတွင် တုံ့ပြန်ခဲ့ကြသည်။

သို့သော်လည်း နှစ်ဖက်စလုံးသည် အချီတစ်ခုအတွက် တိုက်ခိုက်ပြီးဖြစ်သည်။ သူတို့ကို ပို၍အံ့အားသင့်စေသည်မှာ အသာစီးရနေသူမှာ ကျန်းဝမ်အန်မဟုတ်ဘဲ ချူးယွင်ဖန်းဖြစ်နေခြင်းပင်ဖြစ်သည်။

“သူ့မှာတကယ့်ကိုနောက်ထပ်ဝှက်ဖဲရှိတယ်”

အမြဲတမ်း ပေါ့ပေါ့တန်တန်နေခဲ့သော ယဲ့ဝူရှဲ့ပင် အံ့သြသွားသည်။ ချူးယွင်ဖန်းတွင် ဝှက်ဖဲအလွန်များလွန်းသည်။ ချူးယွင်ဖန်းက ဝမ်ယိဖန်ကို သတ်လိုက်ခြင်းက ကိစ္စမရှိပေ။ ၎င်းတို့အားလုံးက တပည့်စစ်များဖြစ်သောကြောင့် ယဲ့ဝူရှဲ့လည်းမအံ့သြမိပေ။ သို့သော် ယခု ချူးယွင်ဖန်းက ကျန်းဝမ်အန်ကို ဒဏ်ရာရစေခဲ့သည်။ ကျန်းဝမ်အန်က သတိမထားမိဘဲ အသက်အန္တရာယ်ရှိသော ထိုးနှက်ချက်ကို မရှောင်လွှဲနိုင်ခဲ့ပါက လက်တစစ်ဖက်ဆုံးရှုံးရမည့်အစား ထက်ခြမ်းပိုင်းခံလိုက်ရမည်ဖြစ်သည်။

"ဒါ ဘာဓားအလင်းရောင်လဲ?!" ကြောက်မက်ဖွယ်ဓားအလင်းက မိုးကုပ်စက်ဝိုင်းထဲသို့ပျောက်ကွယ်သွားသည်ကိုကြည့်ကာ ကျန်းထိုင်ရွှမ်လည်း အနည်းငယ်အံ့သြသွားသည်။

ထိုဓားအလင်းရောင်သည် သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပါက သူမ ကျိန်းသေ သေသွားလိမ့်မည်ဟု သူမ ခံစားမိနိုင်သည်။ သူမအတွက် ထိုအရာမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်း၏လက်ထဲတွင် ပျောက်ကွယ်သွားသော ဓားအလင်းအ‌ဆောင်ကို မြင်သောအခါ ၎င်းသည် တစ်ကြိမ်သာအသုံးပြုရမည့် ပစ္စည်းဖြစ်နိုင်ကြောင်း သူမ သဘောပေါက်လိုက်သည်။ အသုံးပြုပြီးနောက် ၎င်းသည် ကုန်ဆုံးသွားလိမ့်မည်။

သို့သော် ထိုသို့ဖြစ်လျှင်ပင် ယင်းက အံ့သြဖွယ်ကောင်းနေသေးသည်။

ပြင်းထန်စွာဒဏ်ရာရရှိထားသော ကျန်းဝမ်အန်သည် မတ်တပ်ရပ်ကာ ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေသည်။ လက်တစ်ဖက်ဆုံးရှုံး၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော်လည်း သူ၏ခွန်အားမှာ ချူးယွင်ဖန်းထက် သာလွန်နေဆဲဖြစ်သည်။

ချူးယွင်ဖန်း၏ မျက်နှာတွင် နောင်တရဟန် အနည်းငယ် ပေါ်လွင်နေသော်လည်း နောင်တ သို့မဟုတ် ကြောက်ရွံ့မှု အနည်းငယ်မျှပင် မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့ခန္ဓာကိုယ်၏ အပေါက်တိုင်းမှ အမွှေးအမျှင်များ ပေါက်လာကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ သူသည် လူသားဟုတ်အဖြစ် တစ်ဖန်ပြောင်းလဲသွားသည်။

သူ့ခေါင်းပေါ်မှ တောင်မြစ်အိုးကြီးက လည်လျက် သူ့ကို ကာကွယ်ပေးနေသည်။ သူ့လက်ထဲတွင် ဝမ်ယိဖန်ဆီမှရသော စစ်ပွဲ၏ လက်ကျန်ပစ္စည်းများအဖြစ် ကုန်းသတ္ထုဓားကိုကိုင်ထားသည်။

တိုက်စစ်နဲ့ ခံစစ် နှစ်မျိုးလုံးပဲ!

ချူးယွင်ဖန်းက နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိသည်မှာထင်ရှားသည်။ သူ၏ စွမ်းအားကို အမြင့်ဆုံးထိ မြှင့်တင်လျက် ကျန်းဝမ်အန်ကို တိုက်ခိုက်ရန် သူ၏အသက်ဓာတ်ကို လောင်မြိုက်ပစ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ချူးယွင်ဖန်းကို လက်နက်ချစေရန် ကျန်းဝမ်အန်က မလုပ်နိုင်ပေ။

သူ၏ အစွမ်းသတ္တိ အပြည့်အဝကို အသုံးမပြုရသေးပေ။ သူ၏ အသက်ဓာတ်ကို လောင်မြိုက်စေ၍ လုံလောက်အောင် လောင်ကျွမ်းသွားစေမည်ဆိုပါက သူ၏အစွမ်းသတ္တိကို ပြန်လည်မြှင့်တင်ပေးနိုင်သည့် လျှို့ဝှက်နည်းစနစ်တစ်ခု ရှိနေမည်ဖြစ်သည်။ သူက ကျန်းဝမ်အန်ကို သတ်ပစ်နိုင်သည်။

နှစ်ဖက်စလုံးက ဓားများကို ဆွဲထုတ်နေကာ တိုက်ခိုက်တော့မည့်ပုံပေါ်သည်။ ထိုအချိန်တွင်ပင် ကောင်းကင်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

"ရပ်!"

ကျယ်လောင်သော အော်သံတစ်ခု ကြားလိုက်ရပြီးနောက် လူတစ်ဦးဆင်းလာသည်။ ကျန်းဝမ်အန်၏ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအား ပြိုလဲသွားခြင်းကို လူတိုင်းမြင်တွေ့လိုက်ရသည်။ ဟုတ်သားရဲအဖြစ် ပြောင်းလဲသွားသော ချူးယွင်ဖန်းလည်း သူ၏ လူသားပုံစံသို့ ပြန်ရောက်သွားခဲ့သည်။ ရောက်ရှိလာသောလူ၏ ဖိနှိပ်မှုအားကို ခံခဲ့ရသည်။

ထိုအချိန်၌ လူတိုင်းက မည်သူဖြစ်ကြောင်းမြင်လိုက်ရသည်။ ယင်းက ရှေးခေတ်ပုံစံများနှင့် နက်နဲသော ပန်းထိုးပုံစံ ချုပ်လုပ်ထားသည့် လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လေးထောင့်မျက်နှာနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ့တွင် မယုံနိုင်စရာ စွမ်းအားတစ်ခုရှိနေသည်။

ထိုအသက်လတ်ပိုင်းလူက ချောမောသော မျက်နှာရှိသည်။ ငယ်စဥ်က ကမ္ဘာတစ်ဝှမ်း၌ ရေပန်းစားသည့် ချောမောသော လူတစ်ယောက်ဖြစ်ရမည်။

"ဒါက ဂိုဏ်းခေါင်းဆောင်ပဲ!"

လူတိုင်းက မကြာသေးခင်ကမှ ရောက်လာသူ၏ နာမည်ကို ချက်ချင်းမှတ်မိလိုက်ကြသည်။ ယင်းမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းချုပ် စစ်တုရွှမ်ဖြစ်သည်။ လူများစွာက မယုံကြည်နိုင်စွာဖြင့် မျက်လုံးမှိတ်လိုက်ကြသည်။ ထိုအခါက ထိုလူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ စစ်တုရွှမ်ဖြစ်ကြောင်း ၎င်းတို့သဘောပေါက်သွားကြသည်။ ထို ဒဏ္ဍာရီလာပုဂ္ဂိုလ်က ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ နံပါတ်တစ်ကျွမ်းကျင်ဖြစ်ကာ သူက ဤကမ္ဘာပေါ်၌ အသန်မာဆုံးကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။

ထိုအချိန်၌ လူတိုင်းစိတ်သက်သာရာရသွားသည်။ ထိုလူက သူ၏ ရောင်ဝါတစ်ခုတည်းနှင့် ၎င်းတို့၏ နတ်စွမ်းအားနှင့် အရှိန်အဝါကိုမြှင့်တင်ပေးနိုင်သော လူနှစ်ယောက်ကို ဖျက်ဆီးနိုင်သည်က အံ့သြစရာမဟုတ်ပေ။

သူသည် သူ့ခွန်အားဖြင့် ၎င်းတို့နှစ်ဦးကို ဖိနှိပ်လိုက်သည်။

"မင်းတို့နှစ်ယောက် ဘာလုပ်နေတယ်လို့ ထင်လဲ" စစ်တုရွှမ်က ၎င်းတို့နှစ်ဦးကို အေးစက်စွာကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

---

အခန်း(၁၈၂၀) ကြယ်ကြွေကောင်းကင်ဂိုဏ်းသားတွေကို အရှက်ခွဲတဲ့ကောင်တွေက သေသင့်တယ်

စစ်တုရွှမ်၏ စကားများသည် လူတိုင်းကို ကြက်သီးထစေခဲ့သည်။ ယင်းတို့အနက် အဝေးမှ ဆင်းလာသည့် အစွမ်းကြီးပုံပေါ်သော အရှိန်အဝါပြင်းလူတခို့လည်းရှိကာ ထိုလူများသည် ပုံရိပ်သက်သက်သာဖြစ်၍ ပုံစံလည်းမပေါ်ကြပေ။ ၎င်းတို့က နတ်ဆိုးစွမ်းအင်များရှိကြောင်း ခံစားမိ၍ အမြန်ပြေးလာကြခြင်းဖြစ်သည်။

ပြင်ပမှ တပည့်စစ်များစွာ အပါအဝင် လူတိုင်းရှေ့တွင် စစ်မှန်သော တပည့်တစ်ဦး နတ်ဆိုးဖြစ်လာသည့် သတင်းကို ဖုံးကွယ်ထား၍မရပေ။ သတင်းပျံ့နှံ့သွားသောအခါ ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေမည်မှာ သေချာသည်။

သက်ရောက်မှုက မယုံနိုင်လောက်အောင် ကြီးမားလိမ့်မည်။

ရူးသွပ်သွားသည့် တပည့်ကို လွတ်မြောက်ခွင့်ပေးလိုက်ပါက ကြယ်ကြွေကောင်းကင်ဂိုဏ်းတစ်ခုလုံး ဟာသဖြစ်သွားပေလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ မျက်နှာများကို မည်သည့်နေရာသို့ ထားရမည်နည်း။ သို့သော် ယခုမူ အချိန်အတန်ကြာမပေါ်လာခဲ့သည့် ဂိုဏ်းချုပ် ပြန်ပေါ်လာပြီဖြစ်သည်။

ဂိုဏ်းခေါင်းဆောင် စစ်တုရွှမ်သည် ဂိုဏ်းတွင် ရာထူးမြင့်မားသည်။ သူသည် သူ၏အချိန်၏ထက်ဝက်ကို နန်းတော်တွင် ကိစ္စအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် အသုံးပြုခဲ့ကာ ကျန်အချိန်များကို သီးသန့်နေထိုင်ခဲ့သည်။ ဂိုဏ်းရှိ ကိစ္စအားလုံးကို ဒုတိယဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများက ကိုင်တွယ်လေ့ရှိသည်။ အကြီးအကဲများစွာနှင့် တပည့်စစ်များကို ထည့်မပြောနှင့် အဆင့်မြင့်အကြီးအကဲများပင် စစ်တုရွှမ်ကို မကြာခဏ မတွေ့ရပေ။

ယခု သူပေါ်လာခဲ့ပေပြီ။

ကျန်းဝမ်အန်ပင် အံ့သြသွားသည်။ စစ်တုရွှမ်မရှိသည့်အတွက် သူက မာန်တက်ကာ မောက်မာနေခြင်းဖြစ်ကာ ။ ချူးယွင်ဖန်းကို သတ်ပြီးနောက် စစ်တုရွှမ်က သူ့ကို လာရှာလျှင်ပင် ချူးယွင်ဖန်းက လက်ရွေးစင် တပည့်တစ်ဦးအဆင့်သာ ဖြစ်သဖြင့် ရက်စက်လှမည်မဟုတ်ပေ။

လက်ရွေးစင် တပည့်နှင့် အဆင့်မြင့်အကြီးအကဲတို့၏ ကွာခြားချက်ကို လူတိုင်းသိကြသည်။ သို့သော် ကျန်းဝမ်အန်သည် လက်ပူးလက်ကြပ်မိသွားခဲ့သည်။ သူဒေါသထွက်နေသော်လည်း အခြေအနေ၏ပြင်းထန်မှုကို သူသိသည်။ ဂိုဏ်းခေါင်းဆောင်ရှေ့တွင် သူသည် ရိုင်းစိုင်းစွာပြုမူဝံ့ခြင်းမရှိပေ။

"မင်္ဂလာပါ၊ ဂိုဏ်းခေါင်းဆောင်!"

လူတိုင်းက တစ်ပြိုင်နက်တည်း ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။

စစ်တုရွှမ်က ချူးယွင်ဖန်းကို ကြည့်ပြီးနောက် ကျန်းဝမ်အန်ကို ကြည့်လိုက်သည်။

"အကြီးအကဲကျန်း၊ မင်းက အကြီးအကဲကြီးပဲ။ ဘာလို့ တပည့်တစ်ယောက်နဲ့ တိုက်ခိုက်နေတာလဲ"

စစ်တုရွှမ်က မကျေမနပ်ဖြစ်နေသည်။ မည်သည့်အရာများဖြစ်ပျက်နေသည်ကို သူမသိခဲ့သော်လည်း ဂိုဏ်းသို့ ပြန်ရောက်လာသည်နှင့်ချက်ချင်းပင် ဤသို့ရယ်စရာကောင်‌ကောင်းသော အခြေအနေမျိုးနှင့် ကြုံလိုက်ရသည်။

"ဂိုဏ်းခေါင်းဆောင်၊ ဒီကောင်ဆိုးလေးက ကျုပ်ရဲ့ကိုယ်ပိုင်တပည့်ကို သတ်လိုက်တာ။ ကျုပ်ဘယ်လို လက်စားမချေဘဲနေနိုင်မှာလဲ" ကျန်းဝမ်အန်၏ မျက်လုံးများ နီရဲနေကာ အသံကလည်းတိုးနေသည်။ သူ့တွင်တပည့်များစွာရှိသော်လည်း တကယ်ပါရမီရှင်တစ်ယောက်ဖြစ်လာသည်မှာ ဝမ်ယိဖန်တစ်ဦးတည်းသာဖြစ်၍ ဝမ်ယိဖန်အပေါ် မျှော်လင့်ချက်များ များစွာထားခဲ့သော်လည်း ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေရလိမ့်မည်ဟု မည်သူ သိခဲ့မည်နည်း။

စစ်တုရွှမ်က ချူးယွင်ဖန်းဘက်ကို ကြည့်လိုက်သောအခါ ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်၊ ကျွန်တော် ဝမ်ယိဖန်နဲ့ တစ်နှစ်စာချုပ် ချုပ်ထားပါတယ်။ သေတဲ့အထိ တိုက်ပွဲဝင်ရမှာ။ ရှင်ခြင်း သေခြင်းက အရေးမကြီးဘူး။ ဒါကို ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ ခွင့်ပြုထားတယ်။ ဒါ့အပြင် ဝမ်ယိဖန်က နတ်ဆိုးတွေက ကျွန်တော်တို့ ဂိုဏ်းကို စေလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်ပဲ။ အဲဒါကြောင့် ကျွန်တော် သူ့ကို သတ်လိုက်တာ"

ချူးယွင်ဖန်း ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။ သူ့ခန္ဓာကိုယ်ရှိ နတ်စွမ်းအားအားလုံး ဆုတ်ယုတ်သွားခဲ့သည်။ သူ၏ နတ်ဘုရားစွမ်းအားကို အသုံးမပြုလိုခြင်း မဟုတ်ဘဲ စစ်တုရွှမ်၏ ဖိအားအောက်တွင် သူသည် မည်သည့်နတ်ဘုရားစွမ်းအားကိုမျှ အသုံးမပြုနိုင်ခဲ့ပေ။ ၎င်းသည် သူ့ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဖိသိပ်ခံထားရသကဲ့သို့ ဖြစ်သည်။

သူ တိတ်တဆိတ် အံ့အားသင့်သွားသည်။ စစ်တုရွှမ်၏ ခွန်အားသည် သူထင်ထားသည်ထက် များစွာကျော်လွန်နေသည်။ သီအိုရီအရ အကြီးအကဲကြီးတစ်ဦးနှင့် ဂိုဏ်းခေါင်းဆောင်သည် အဆင့်တစ်ဆင့်သာ ကွာခြားသော်လည်း ကျန်းဝမ်အန်၏ ခွန်အားသည် စစ်တုရွှမ်၏ ခွန်အားနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ရှိသည်။ ၎င်းတို့သည် လုံးဝတူညီသော အဆင့်တွင် မရှိပေ။

ချူးယွင်ဖန်းသည် ကျန်းဝမ်အန်ကို ပြန်လည်တိုက်ခိုက်နိုင်၍ ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သော်လည်း စစ်တုရွှမ်ကိုမူ ခုခံနိုင်စွမ်းမရှိပေ။ စစ်တုရွှမ်၏ ခွန်အားသည် ကျန်းဝမ်အန်ထက် အနည်းဆုံး အဆင့်တစ်ဆင့် မြင့်မားသည်။ ၎င်းတို့သည် တူညီသောအဆင့်တွင် မရှိပေ။

ယင်းက ကမ္ဘာပေါ်မှ အသန်မာဆုံးလူများထဲမှ တစ်ဦးဖြစ်သည်။ သူ့နာမည်က ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်စသည်။ တစ်ချက်တွေးလိုက်ရုံနှင့် စစ်တုရွှမ်က အချိန်မရွေးပေါက်ကွဲတော့မည့် လူနှစ်ယောက်ကို ခဲ့သည်။

"ဒါက အသရေဖျက်မှုပဲ! ယိဖန်က နတ်ဆိုးတွေရဲ့ သူလျှို မဟုတ်ဘူး!" ကျန်းဝမ်အန်က ချူးယွင်ဖန်း၏ စကားများကိုကြားသောအခါ ချက်ချင်းဒေါသထွက်သွားသည်။ ဝမ်ယိဖန် ကြီးပြင်းလာသည်ကိုမြင်သောအခါ သူ့အပေါ် မျှော်လင့်ချက်များထားခဲ့သည်။ ဝမ်ယိဖန်က နတ်ဆိုးများ၏ သူလျှိုဟုတ်မဟုတ် အခြားသူများမသိနိုင်သော်လည်း သူမည်သို့မသိဘဲနေလိမ့်မည်နည်း။

"ဆရာ၊ ဒီကောင်က လူလည်ပဲ! ကျုပ်တို့ သူ့ကို ယုံလို့မရဘူး!" ကျန်းဝမ်အန်က အော်ဟစ်လိုက်သည်။

စစ်တုရွှမ်က မျက်မှောင်ကြုတ်လိုက်ကာ ချူးယွင်ဖန်းကိုကြည့်လိုက်သည်။

"ဝမ်ယိဖန်က နတ်ဆိုးသူလျှိုလို့ မင်ပြောပေမယ့် မင်းမှာ သက်သေရှိလား”

"အင်း ဝမ်ယိဖန်က လူတိုင်းရှေ့မှာ ထုတ်ပြသွားတာ။ ဒါက လူတိုင်းမြင်တဲ့အချက်ပဲ။ ငါတစ်ယောက်တည်း မြင်တာမဟုတ်ဘူး။ လူတိုင်းမြင်တယ်" ချူးယွင်ဖန်းက ပြောသည်။

စစ်တုရွှမ်က မျက်ခုံးပင့်လိုက်သည်။ တပည့်စစ်တစ်ယောက် အသတ်ခံရကာ အကြီးအကဲက တပည့်တစ်ယောက်ကို လိုက်ဖမ်းနေခြင်းကပင် အလွန်ရှက်စရာကောင်းနေပြီဖြစ်ကာ ယခုမူ တပည့်စစ်တစ်ဦးက နတ်ဆိုးဖြစ်သွားသကဲ့သို့ပင်ဖြစ်၏။ ယင်းက ဟာသကြီးတစ်ခုကဲ့သို့ပင်ဖြစ်သည်။ အခြားသူများသာ ထိုအကြောင်းကိုသိသွားပါက ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ အရှက်ရကြရလိမ့်မည်။ ထို့အပြင် ယင်းက လူတိုင်းရှေ့၌ ဖြစ်ခဲ့ခြင်းဖြစ်ကာ လူရှေ့တွင် သူ့ကို ပါးရိုက်လိုက်သကဲ့သို့ပင်ဖြစ်၏။

"မဖြစ်နိုင်ဘူး! ဒါက ဒီကောင်လေးရဲ့ အကြံအစည်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရမယ်!" ကျန်းဝမ်အန် ပြောလိုက်သော်လည်း ဝမ်ယိဖန်၏ အလောင်းကို မြင်လိုက်ရပြီးနောက် သူ့မျက်လုံးများ ကျုံ့သွားသည်။

ယင်းက သူရထားသည့်အချက်အလက်နှင့်ကွာခြားသည်။ ဝမ်ယိဖန် အသတ်ခံရပြီဟူသော သတင်းကို သူရခဲ့ကာ အမြန်ဆုံးပြေးလာခဲ့သည်။ ဝမ်ယိဖန် ရူးသွပ်သွားသည်ကို သူလုံးဝ မသိခဲ့ပေ။ သို့သော် ထိုအလောင်းက တကယ်တမ်းတွင် နတ်ဆိုးတစ်ကောင်၏ အလောင်းဖြစ်ကာ ဝမ်ယိဖန်၏ မျက်နှာကို မှတ်မိနိုင်သည်။ အမှန်ပင် ယင်းက သူ့တပည့်ဖြစ်၏။

ထိုအကြောင်းတွေးကာ သူ့မျက်လုံးများရဲတက်လာသည်။ ဝမ်ယိဖန်သေသွားသော်လည်း ရွှံ့ထဲ၌ ဆွဲခေါ်ခံနေရဆဲဖြစ်သည်။ ထို့အပြင် ဝမ်ယိဖန် နတ်ဆိုးဝင်ခံရလျှင်ပင် မည်သူမျှ သူ့ကို မည်သို့လုပ်ရမည်ကို ပြောပိုင်ခွင့်မရှိပေ။

"ဆရာ၊ အလောင်းက အဲဒီမှာ ရှိတယ်။ ဘယ်အချိန်မဆို သွားစစ်ဆေးလို့ရတယ်" ချူးယွင်ဖန်းက ပြောသည်။

ထိုကိစ္စ၌ သူ့တွင် ကြည်လင်သော စိတ်ရှိသဖြင့် အခြားသူများ အမှန်တရားကို ရှာဖွေနေသည်ကို မကြောက်ပေ။ ဝမ်ယိဖန်က နတ်ဆိုးမျိုးစေ့ကို မည်သည့်နေရာမှ ရခဲ့ကြောင်း သူမသိပေ။

နတ်ဆိုးဖြစ်လာပြီးနောက် ဝမ်ယိဖန်လည်း သူ့ကိုယ်သူ မရှင်းပြနိုင်တော့ပေ။

စစ်တုရွှမ်က မြေပြင်ပေါ်က အလောင်းကို ကြည့်လိုက်သည်။

"ဘာလို့ ငါတို့က ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေရမှာလဲ။ ဝမ်ယိဖန်က ဘာလို့ နတ်ဆိုးမျိုးစေ့ကို ပျိုးထောင်ခဲ့လဲဆိုတာ ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် သူလုပ်ခဲ့တယ်ဆိုတည်းက သူက ငါ့မျိုးနွယ်ရဲ့ ရန်သူပဲ။ ချူးယွင်ဖန်းက သူ့ကို မသတ်ခဲ့ရင် ငါသတ်မှာပဲ။ သူက ငါ့ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တယ်။ သူ သေထိုက်တယ်"

စစ်တုရွှမ်၏ စကားများသည် ဤကိစ္စကို ဤနေရာ၌ အဆုံးသတ်လိုက်သည်။

---

အခန်း(၁၈၂၁) တပည့်စစ်အဖြစ်ရာထူးတိုးမြှင့်ခြင်း

စစ်တုရွှမ်၏ စကားကို ကြားသောအခါ ကျန်းဝမ်အန် ဒေါသထွက်နေ‌သည့်တိုင် မည်သို့မျှ မလုပ်ရဲခဲ့ပေ။

"သူတို့က သေရေးရှင်ရေးသဘောတူညျီက်ကို သဘောတူထားပြီးသားမို့ သူတို့ ရှင်ခြင်းနဲ့ သေခြင်းကို ကံကြမ္မာက ဆုံးဖြတ်ခဲ့တာပါ။ ဘယ်သူမှ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ ဒါက ဂိုဏ်းရဲ့ စည်းကမ်းပဲလေ"စစ်တုရွှမ်က ဆက်ပြောသည်။

"မင်းက အကြီးအကဲကြီးတစ်ယောက်ဖြစ်ပေမယ့် မင်းရဲ့အဆင့်အတန်း မင်းရဲ့ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ တပည့်တစ်ယောက်ကိုပြဿနာလိုက်ရှာနေတာပဲ အကြီးအကဲကျန်း။ ဒါက လုံးဝရှက်စရာပဲ!" စစ်တုရွှမ်က ဆက်လက် ဆူပူလိုက်သည်။

"ဝမ်ယိဖန်က နတ်ဆိုးဖြစ်စေ၊ နတ်ဆိုးသူလျှိုဖြစ်စေ မင်းလုပ်နေတာက မသင့်တော်ဘူး။ မင်းရဲ့အမှားတွေကို ပြန်စဉ်းစားပါ။ မင်း ဒီနေ့ကစပြီး သုံးနှစ်ကြာ သီးသန့်ကျင့်ကြံမှုကနေ ထွက်လာခွင့်မရှိဘူး"

"ဟုတ်ကဲ့ပါ ဆရာ" ကျန်းဝမ်အန်က အံကြိတ်ကာ ပြောလိုက်သည်။

သူ အလွန်အမင်း မကျေနပ်သော်လည်း စစ်တုရွှမ်၏ စကားကို မနာခံခဲ့ပေ။ သူသည် အကြီးအကဲကြီးတစ်ဦးဖြစ်သော်လည်း အာဏာအားလုံးရှိသော ဂိုဏ်းခေါင်းဆောင်နှင့် နှိုင်းယှဉ်ရန် များစွာလိုသေးသည်။ သူ မကျေနပ်လျှင်ပင် လိုက်လျောရုံသာ တတ်နိုင်သည်။

"မင်းအနေနဲ့ကတော့ မင်းရဲ့အထက်လူကြီးတွေကို သတ်ပြီး အကြီးအကဲတစ်ယောက်ကို တိုက်ခိုက်ပြီး စော်ကားခဲ့တယ်။ မင်းဒီလိုမလုပ်သင့်ဘူး။ ဒါပေမယ့် မင်းကိုယ်မင်းကာကွယ်ဖို့ ကြိုးစားနေတာဆိုတော့ မင်းကို ခြောက်လပဲ ပိတ်ပင်ထားမယ်" စစ်တုရွှမ်က ပြောလိုက်သည်။

"ဒီပြစ်ဒဏ်ကို မင်းလက်ခံမှာလား"

"ကျွန်တော် လက်ခံပါတယ်” ချူးယွင်ဖန်းက ပြန်ဖြေသည်။

စစ်တုရွှမ်က ၎င်းတို့တစ်ဦးချင်းစီသို့ ကြိမ်ဒဏ်ငါးဆယ်စီ ပေးတော့မည်ဟု ထင်ရသော်လည်း ဤသည်က သူရနိုင်သည့်အကောင်းဆုံးရလဒ်ဖြစ်ကြောင်း သူသိသည်။ မည်သို့ပင်ဖြစ်စေကာမူ တပည့်စစ်တစ်ဦးက သူ့လက်ထဲ၌ သေဆုံးသွားသည့်အပြင် အကြီးအကဲကြီးတစ်ယောက်ကိုပါ ဒဏ်ရာရစေဲ့သည်။ စစ်တုရွှမ်က မည်သို့မျှ တုံ့ပြန်ခြင်းမရှိလျှင်ပင် ကြယ်ကြွေကောင်းကင်ဂိုဏ်းက အနာဂတ်၌ ပရမ်းပတာဖြစ်လာနိုင်သည်။

စစ်တုရွှမ်၏ ဆုံးဖြတ်ချက်အရ ကြယ်ကြွေကောင်းကင်၏ တပည့်စစ်တစ်ဦးက နတ်ဆိုးဖြစ်လာသည့်အဖြစ်အပျက်က ဤနေရာ၌ အဆုံးသတ်သွားခဲ့သည်။ သို့သော် နောက်ဆက်တွဲဖြစ်ရပ်များသည် အချဥ်ဖောက်လာစပြုရုံသာရှိကာ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားခြင်းမရှိဘဲ ပို၍ ကြီးမားလာသည်။

အားလုံးက သာမန်လူများတွေးနိုင်သောအတွေးများကို ကျော်လွန်နေခဲ့ရာ ထိပ်တန်းတပည့်တစ်ဦးဖြစ်သော ချူးယွင်ဖန်းက တပည့်စစ်တစ်ဦးဖြစ်သည့် ဝမ်ယိဖန်ကို စိန်ခေါ်နေခြင်းကပင် ကိစ္စကြီးတစ်ခုဖြစ်နေပြီဖြစ်သည်။ ချူးယွင်ဖန်း တကယ်အောင်မြင်ခဲ့သည်ကို ထည့်တွက်ရန် မလိုတော့ပေ။ လူတိုင်းရှေ့၌ ဝမ်ယိဖန်ကို သတ်လိုက်ခြင်းက အံ့သြဖွယ်ကိစ္စတစ်ခုပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် လက်ရွေးတပည့်တစ်ဦးအနေဖြင့် တပည့်စစ်တစ်ဦးကို ပထမဆုံးအကြိမ်စိန်ခေါ်ခခဲ့သူဖြစ်သည်။ လက်ရွေးစင်တပည့်များနှင့် တပည့်စစ်များကြားကွာဟချက်ကို သံသယဖြစ်ရန်မလိုပေ။ ယင်းက မည်မျှ ကိစ္စကြီးကြောင်း လူတိုင်းသိသည်။

လက်ရွေးစင်တပည့်တစ်ဦးက စကြဝဠာအဆင့်ကို ဝင်ရောက်နိုင်ကာ တပည့်စစ်တစ်ယောက်နှင့် တန်းတူရပ်တည်နိုင်လျှင်ပင် အတွေ့အကြုံရင့်တပည့်စစ်တစ်ဦးကို အနိုင်ယူရန် မဖြစ်နိုင်သလောက်ဖြစ်သည်။ တန်းတူရပ်တည်နိုင်လျှင်ပင် အတွေ့အကြုံရင့်ကျက်သော တပည့်စစ်တစ်ဦးကို အနိုင်ယူရန် မဖြစ်နိုင်သလောက်ဖြစ်သည်။

၎င်းတို့ကို သတ်ရန်မှ တပါး အခြားမဖြစ်နိုင်ပေ။

အခင်းဖြစ်ပွားရာနေရာရှိ လူများ၏ ဖော်ပြချက်အရ ကျန်းဝမ်အန်သည် နောက်ဆုံးအချိန်တွင် ရှောင်တိမ်းခြင်းမပြုခဲ့ပါက အကျိုးဆက်များသည် မယုံနိုင်လောက်အောင် များပြားလိမ့်မည်။ သူသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအောက်တွင် ကျိန်းသေ သေဆုံးသွားလိမ့်မည်။

အရာအားလုံးက ထူးဆန်း၍ ရှုပ်ထွေးနေသည်ဟုထင်ရကာ လူအများက ချူးယွင်ဖန်းအကြောင်း စပ်စုချင်လာကြသည်။ တစ်ခါမျှ မကြားဖူးသော ဤလက်ရွေဂစင်တပည့်က အမှန်တကယ်ပင် ထိုမှ အံ့ဖွယ်ကောင်းသလော။ သူ၏ နောက်ခံက မည်သို့ဖြစ်မည်နည်း

ချူးယွင်ဖန်းသည် သူ၏တည်ရှိမှုကို ယခင်က လူအနည်းငယ်သာ အသိပေးခဲ့ပါက၊ သို့မဟုတ် လူအများစုက သူ့နာမည်ကို ကြားပြီးနောက်ပင် သူ့ကို လျစ်လျူရှုခဲ့ကြပါက၊ ယခု သူ၏တည်ရှိမှုကို မည်သူမျှ လျစ်လျူရှုရဲမည်မဟုတ်ပေ။ သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ထိုမျှလောက် ခွန်အားကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ သူ၏အနာဂတ်သည် အကန့်အသတ်မရှိပေ။ ဆယ်နှစ်ကြာအောင် မည်သူမျှ သူ့အကြောင်းကို မကြားဖူးသော်လည်း သူသည် တစ်ရက်တည်းတွင် နာမည်ကြီးလာခဲ့သည်။

ညတွင်းချင်းပ့င် ချူးယွင်ဖန်းက မရေမတွက်နိုင်အောင် များပြားလှသော လူများ၏ ဆွေးနွေးမှု ခေါင်းစည်းဖြစ်လာခဲ့သည်။ ထိုလှိုင်းက အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းပြင်ပသို့ ပျံ့နှံ့သွားခဲ့သည်။ အထူးဖြင့် ယဲ့ဝူရှဲ့နှင့် အခြားသူများ ကြယ်ကြွေကောင်းကင်မှ ထွက်ခွာသွားကြပြီးနောက် ချူးယွင်ဖန်း၏ နာမည်က ပို၍ အာရုံစိုက်ခံလာရသည်။

သို့သော်၊ လူတိုင်းက ဤကိစ္စကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြချိန်တွင်၊ အထက်လူကြီးများ၏ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ကြသည်။ လူတိုင်း၏ မေးရိုးများ ပြုတ်ကျလုမတက်ဖြစ်ကုန်ကြသည်။ ချူးယွင်ဖန်းနှင့် ဝမ်ယိဖန်တို့၏ အသက်နှင့်သေခြင်းတိုက်ပွဲကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ၎င်းတို့နှစ်ဦးစလုံးကို ကြိမ်လုံး ၅၀ ချက် ပေးလိုက်သကဲ့သို့ ဖြစ်သည်။ သို့သော်၊ နောက်ဆက်တွဲ ဆုလာဘ်များသည် လူများစွာကို အံ့အားသင့်စေခဲ့သည်။

အကြီးအကဲများစွာနှင့် တပည့်စစ်တစ်ဦးကို ဆက်တိုက်သတ်ဖြတ်ခဲ့ပြီး အကြီးအကဲတစ်ဦးကို ပြင်းထန်စွာဒဏ်ရာရစေခဲ့သော ချူးယွင်ဖန်းသည် တပည့်စစ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ဝမ်ယိဖန်ပိုင်ဆိုင်သော အံ့ဖွယ်တောင်ထွတ်ကိုလည်း သူ့အား ပေးအပ်ခဲ့သည်။ ထို့အပြင် နတ်ဆိုးစွဲနေသော ဝမ်ယိဖန်ကို သတ်နိုင်ခဲ့ခြင်းနှင့် ဧကရာဇ်နန်းတော်အတွက် ကြီးမားသောပံ့ပိုးကူညီမှုအတွက် ဆုချီးမြှင့်ရန်အတွက် ချူးယွင်ဖန်းသည် ဒုတိယတန်းစားဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ သူ့ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးနှစ်သန်းနှင့် ဆင့်ကဲပြောင်းလဲခြင်းဆေးတစ်လုံး အထူးဆုချီးမြှင့်ခဲ့သည်။ မူလက ဝမ်ယိဖန်ပိုင်ဆိုင်သော ကုန်းသတ္ထုဓားကိုလည်း ချူးယွင်ဖန်းအား ပေးအပ်ခဲ့သည်။

ခဏတာမျှ ထိုကိစ္စကြောင့် အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ထိုကိစ္စ၏ ပြစ်ဒဏ်က ရေတွက်၍ပင် မရနိုင်အောင် ပေါ့လွန်းသည်။ သို့သော် ဆုလာဘ်ကမူ အလွန်များလှသည်။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သန်းက ဒုတိယနေရာ၌သာရှိည်။ ဆင့်ကဲပြောင်းလဲမှု ဆေးလုံးဟူသည် တပည့်စစ်များအတွက်ပင် အလွန် တန်ဖိုးရှိသော ဆေးလုံးဖြစ်၏။

ဆင့်ကဲပြောင်းလဲခြင်းဆေးလုံးဖော်စပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများစွာက အလွန်အဖိုးတန်သည်။ ကြယ်ကြွေကောင်းကင်သို့မဟုတ် တရှကဲ့သို့သောအဖွဲ့အစည်းကြီးမဟုတ်ပါက

သာမန်လူများအတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို စုဆောင်းရန် အလွန်ခက်ခဲပါလိမ့်မည်။

ကုန်းသတ္ထုဓားနှင့်ပတ်သက်၍မူ ကျန်းဝမ်အန်က ဓားကို ပြန်ယူချင်ခဲ့သည်။ ယင်းက ဆင့်ကဲပြောင်းလဲမှုဆေးပြားထက်ပင် ပိုတန်ဖိုးရှိသော်လည်း အဘယ်ကြောင့်ရယ်အကြောင်းပြချက်မရှိ အကြီးအကဲများသည် ချူးယွင်ဖန်းကို ဆုချရန်အသုံးပြုခဲ့သည်။ ယင်းနောက်၌ နောက်ထပ်ပြင်းထန်သော တိုက်ပွဲတစ်ခုရှိလာမည်ကို လူတိုင်းတွေးနိုင်သည်။

ဤဆုလာဘ်များဖြင့် လူတိုင်းသည် တစ်ခုကို နားလည်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အထက်လူကြီးများ၏ အကြိုက်ဆုံးတစ်ဦး ဖြစ်လာခဲ့သည်မှာ သေချာသည်။

မည်သို့ပင်ဖြစ်စေကာမူ လူတိုင်းက ချူးယွင်ဖန်းနှင့် ပဋိပက္ခမဖြစ်ခဲ့ကြပေ။ သူက ခဏတာလေးသာ ဝင်လာခဲ့သော်လည်း နတ်ဆိုးဖြစ်လာပြီးနောက် အစွမ်း များစွာတိုးလာသည့် ဝမ်ယိဖန်ကို သတ်နိုင်ခဲ့သည်။ အချိန်အလုံအလောက်ပေးလျှင် ချူးယွင်ဖန်း၏ အနာဂတ်က အကန့်အသတ်မဲ့ဖြစ်သွားနိုင်သည်။

မည်သို့ပင်ဖြစ်စေကာမူ ဝမ်ယိဖန်ကို သေသေချာချာ စုံစမ်းစစ်ဆေး၍ နတ်ဆိုးသူလျှိုအဖြစ်ကောက်ချက်ချခဲ့သောကြောင့် လင်းလက်တောက်ပသော အနာဂတ်ရှိသည့် ချူးယွင်ဖန်းကို အပြစ်မပေးနိုင်ခဲ့ပေ။

သူ့ကဲ့သို့လူအနည်းငယ်ရှိသော်လည်း မျိုးဆက်တိုင်းတွင် ထို လူအနည်းငယ်သည် ကြယ်ကြွေကောင်းကင် ၏ အဓိက ပုဂ္ဂိုလ်များဖြစ်လာလေ့ရှိသည်။ လူတိုင်းက ယခင်က ဟွားရှန်းယွမ်အကြောင်းသာ သိခဲ့ကြသော်လည်း ယခုမူ ချူးယွင်ဖန်း၏နာမည်ကိုပါသိလာကြပြီဖြစ်သည်။

---

All Chapters