← Chapters

အခန်း (၁၈၂၂-၁၈၂၄)

Vol. 122 Ch. 1822-1824

အခန်း (၁၈၂၂-၁၈၂၄)

Vol. 122 Ch. 1822-1824

အခန်း(၁၈၂၂) အချိန်တစ်ခုထိ နာမည်ကြီးခြင်း

ထိုတိုးတက်မှုနှင့်ပတ်သက်၍ မည်သည်ကမျှ မှားယွင်းသည်ဟု မည်သူကမျှ ပြော၍မရပေ။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းက စကြဝဠာအဆင့်သို့ရောက်နှင့်နေပြီဖြစ်သည်။ သူသည် တပည့်စစ်တစ်ယောက်ဖြစ်လာရန် အရည်အချင်းပြည့်မှီသည်။

သူသည် မကြာသေးမီမှ ရာထူးတိုးလာသည့် တပည့်တစ်ဦးဖြစ်သော်လည်း ထိုတိုးတက် မည်သူမျှ သူ့ကို သာမန်လူတစ်ဦးကဲ့သို့ မဆက်ဆံခဲ့ကြပေ။ သူပြသခဲ့သော အစွမ်းသတ္တိအရ သူသည် တပည့်စစ်များအနက် အကောင်းဆုံးတစ်ဦးဖြစ်သည်။

တစ်နည်းအားဖြင့် ချူးယွင်ဖန်းသည် ၎င်းတို့၏အသိုင်းအဝိုင်းသို့ ဝင်ရောက်သည်နှင့် တပည့်စစ်များကြား၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ သူသည် နောက်ထပ်တောင်တစ်လုံးကို တည်ထောင်ရန်နှင့် နောက်လိုက်များကို စုဆောင်းရန် အရည်အချင်းပြည့်မီခဲ့သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏

နံပါတ်တစ် အမျိုးသမီး တပည့်စစ်တစ်ဦးအနေဖြင့် လူသိများသော ကျန်းထိုင်ရွှမ်ပင် ချူးယွင်ဖန်းကို ယုံကြည်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။ ဤသည်မှာ လူအများအား ချူးယွင်ဖန်း၏ စစ်မှန်သော အစွမ်းသတ္တိအကြောင်း စဉ်းစားစေခဲ့သည်။ သံသယဖြစ်စရာမလိုဘဲ၊ သူသည် အချိန်မတန်မီ မသေဆုံးသရွေ့ တပည့်စစ်များထဲ၌ အကောင်းဆုံးတစ်ဦး ဖြစ်လာရန် အချိန်အနည်းငယ်သာ လိုတော့သည်။ သူသည် အနာဂတ်တွင် ကြယ်ကြွေကောင်းကင်ဂိုဏ်း တပည့်ကြီးများအနက် အရေးပါသော တပည့်တစ်ဦးဖြစ်လာနိုင်သည်။

နတ်ဆိုးအဖြစ်ပြောင်းလဲသွားသော ဝမ်ယိဖန်မှတပါး သေဆုံးသွားသည့် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ကံဆိုးသော အကြီးအကဲများကို မည်သူမျှ ဂရုမစိုက်ကြတော့ပေ။

၎င်းတို့အကြောင်း မည်သူမျှ မပြောကြတော့ပေ။ ၎င်းတို့ မည်သည့်အချိန်ကမျှ မရှိကြသကဲ့သို့ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့သည် ပြင်ပအကြီးအကဲအဆင့်သာ ရှိခဲ့ကြသေးသည်။

တပည့်စစ်တစ်ဦး၏ အဆင့်အတန်းက ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ပြင်ပအကြီးအကဲတစ်ဦးနှင့်ညီမျှသည်။ အမှန်တကယ်တွင် တပည့်စစ်တစ်ဦးအဆင့်က ပိုမိုမြင့်မားသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ငယ်ရွယ်သောမျိုးဆက်၏ အဓိကအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံရသော ချူးယွင်ဖန်းသည် ပို၍ပင်ထူးခြားသောအဆင့်အတန်းရှိသည်။

ယခင်စီမံခန့်ခွဲမှုအရ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အကြီးအကဲများသည် ချူးယွင်ဖန်းကို အကြီးအကဲတစ်ဦးထက် မနည်းတန်ဖိုးထားကြသည်။ ဤရှုထောင့်တွင် သူ့ကို ပေးအပ်သော ဆက်ဆံမှုသည် ဟွားရှန်းယွမ်အပေါ် ဆက်ဆံမှုနှင့် အတူတူပင်ဖြစ်သည်။ ဟွားရှန်ယွမ်က စကြဝဠာအဆင့်သို့ရောက်ကာ တပည့်စစ်တစ်ဦးပင်မဖြစ်သေးသော်လည်း ချူးယွင်ဖန်းသည် စကြဝဠာအဆင့်သို့ရောက်၍ တပည့်စစ်တစ်ဦးဖြစ်လာခဲ့သည်။ အနာဂတ်၌ အလားအလာတစ်ခုသာရှိသော်လည်း ချူးယွင်ဖန်း၏ အလားအလာက သူ၏ စစ်မှန်သော ခွန်အား၏ အစိတ်အပိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီပင်ဖြစ်သည်။

သဘာဝအတိုင်းပင်၊ ချူးယွင်ဖန်း၏ ရာထူးတိုးမြှင့်ခံရမှုကို မည်သူမျှ ကန့်ကွက်မှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။

တစ်ချိန်တည်း၌ပင် ချူးယွင်ဖန်း၏ ဩဇာကြီးမားလာမှုက လူများစွာကို အခွင့်အရေးပေးခဲ့သည်။ ထိုကိစ္စကို လူအများသိသွားကြသောအခါ ပေါင်းထိုင်၌ သူ့အကြောင်း လူများစွာ နားလည်လာကြသည်။ ယင်းမတိုင်မီက နားလည်ချင်သူမရှိသလောက်ပင်ဖြစ်သည်။ သူသည် ထိပ်တန်းတပည့်တစ်ယောက်၊ မြို့ငယ်လေး၏ တပ်မှူးတစ်ယောက်သာ ဖြစ်သည်မဟုတ်လား။

သို့သော် ယခုအခါ ချူးယွင်ဖန်းသည် တပည့်စစ်တစ်ဦး ဖြစ်လာခဲ့ပြီး တော်ဝင်နန်းတော်အတွင်း ပြင်ပဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ တော်ဝင်နန်းတော်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော စစ်မှန်သော တပည့်များစွာသည် ဒုတိယတန်းစား ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခံရခြင်းမရှိခဲ့ကြပေ။

ချူးယွင်ဖန်းတစ်ယောက်တည်းသာ တိုးတက်လာခဲ့လျှင် ကောင်းလိမ့်မည်။ သို့သော် ချူးယွင်ဖန်းနှင့်အတူ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ထွက်ခွာသွားသော ယုချူးယွင်နှင့် အခြားသူများသည်လည်း များစွာပိုမို သန်မာလာကြသည်။ ထို့အပြင် ၎င်းတို့အားလုံး ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ၎င်းတို့၏ တိုးတက်မှုနှုန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ၎င်းတို့ကို မသိရှိရသေးသည့်အချိန်ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သည်။

ထို့ကြောင့် လူအများ၏ မျက်လုံးများသည် မနာလိုမှုများနှင့် အစိမ်းရောင်ပင်ပြောင်းသွားသကဲ့သို့ဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ မည်သူမျှ ၎င်းတို့၏ အစွမ်းသတ္တိကို မတိုးတက်စေချင်ကြပေ။ မည်သူမျှ ရာထူးတိုး၍ ချမ်းသာကြွယ်ဝလာခြင်းကို မလိုချင်ခြင်းမရှိပေ။

အစပိုင်းတွင် ၎င်းတို့သည် အတွင်းစည်းတပည့်များသာဖြစ်ခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် လက်ရွေးစင်တပည့်များဖြစ်လာကာ လက်ရှိ ချူးယွင်ဖန်း၏ ကျော်ကြားမှုနှင့်အတူ မူလက ထိပ်တန်းတပည့်များစွာသည် ချူးယွင်ဖန်းကို ကပ်ဖား၍ အံ့ဖွယ်တိမ်တိုက်သို့ဝင်ရောက်လာချင်နေကြသည်။

ယင်းမတိုင်ခင်က ချူးယွင်ဖန်းက မရေမတွက်နိုင်အောင် များပြားလှသော လူများ၏ အမြင်တွင် အာလူးတစ်လုံးကဲ့သို့ဖြစ်သည်။ သို့သော် လူအများက ဝမ်ယိဖန်ကို ကြောက်ရွံ့၍ ချူးယွင်ဖန်းနှင့်ပူးပေါင်းရန် မဝံ့မရဲဖြစ်ခဲ့ကြသည်။ ယခု ၎င်းတို့ သူနှင့် ပူးပေါင်းချင်လာသောအခါ မလွယ်ကူလှတော့ပေ။ နောက်လိုက်တစ်ယောက်ဖြစ်ရန် စိစစ်ရမည့်အဆင့်ကပင် အလွန်မြင့်လွန်းနေပြီဖြစ်သည်။

သာမန်အတွင်းစည်းတပည့်များသည် ယုချူးယွင်နှင့် အခြားသူများကဲ့သို့ ချူးယွင်ဖန်း၏ နောက်လိုက်များ ဖြစ်လာရန် မဖြစ်နိုင်ပေ။ အတွင်းစည်းတပည့်များထဲတွင် ထူးချွန်၍ အဆင့်မြင့်သော အရည်အချင်းရှိသူများကိုသာလက်ခံသည်။ ထို့ကြောင့် အတွင်းစည်းတပည့်အများအပြားက စိတ်ပျက်လက်ပျက်နှင့် ရင်ဘတ်ပင်ထုမိကြသည်။

၎င်းတို့ရှေ့၌ အခွင့်ကောင်းတစ်ခုရှိခဲ့သော်လည်း တန်ဖိုးမထားခဲ့ကြပေ။ ယခု ၎င်းတို့ ဆုံးရှုံးသွားပြီးနောက် နောင်တရရန် နောက်ကျသွားပေပြီ။

လက်ရွေးစင်တပည့်များအတွက် ယင်းက အတူတူပင်ဖြစ်သည်။ ချူးယွင်ဖန်း၏ နောက်လိုက်ဖြစ်ချင်ကြသော သာမန်လက်ရွေးစင်တပည့်များသည် အရည်အချင်းမပြည့်မီကြပေ။ ချူးယွင်ဖန်းက သီးသန့်လေ့ကျင့်နေသဖြင့် အစည်းအဝေးများကို မတက်ရောက်ခဲ့ပေ။ ယုချူးယွင်က ချူးယွင်ဖန်း၏ ညွှန်ကြားချက်များကို လက်ခံရရှိပြီးနောက် ပြဿနာကိုကိုင်တွယ်ဖြေရှင်းရန် ပေါင်းထိုင်မှ ကြယ်ကြွေကောင်းကင်ဘုံသို့ပြန်သွားခဲ့သည်။

ဆယ်ရက်ကြာ စစ်ဆေးပြီးနောက်၊ လက်ရွေးစင်တပည့် ၅၀ နှင့် အတွင်းစည်းတပည့် ၁၀၀ ကို ချူးယွင်ဖန်း၏ နောက်လိုက်များအဖြစ် ရွေးချယ်ခဲ့သည်။ ကျပန်းအလုပ်များ လုပ်ကိုင်နေသော ပြင်ပတပည့်များအပြင် ဝမ်ယိဖန်၏ သေဆုံးမှုကြောင့် မူလက အေးစက် တိတ်ဆိတ်နေသော အံ့ဖွယ်တိမ်တိုက်တောင်ထွတ်သည် ပြန်လည်အသက်ဝင်လာခဲ့သည်။

ပထမအသုတ်လူများကို လက်ခံပြီးနောက်၊ ချူးယွင်ဖန်းသည် သူတစ်ယောက်တည်းရှိနေသောနေရာသို့ ၎င်းတို့ကို တရားဟောရန် ခေါ်ခဲ့သည်။ ယခင်ကဆိုလျှင် ချူးယွင်ဖန်းသည် လက်ရွေးစင်တပည့်များနှင့် အကောင်းဆုံးအတွင်းစည်းတပည့်များကို တရားဟောပါက ကောင်းကင်နှင့်မြေကြီး၏ ကြီးမားမှုကို မသိသောကြောင့် လှောင်ပြောင်ခံရလိမ့်မည်။ သို့သော် ယခုအခါတွင်မူ ကွဲပြားသွားလေပြီ။ သူ့တွင် အရည်အချင်းရှိသဖြင့် မည်သူမျှ သူ့ကို သံသယမဝင်ကြပေ။

သုံးရက်အတွင်း၌ပင် လူတိုင်းက ၎င်းတို့ များစွာ အကျိုးအမြတ်ရခဲ့ကြသည်ဟု ခံစားလိုက်ကြရသည်။

လူများစွာမရှိသောကြောင့် ချူးယွင်ဖန်နးက တစ်ဦးချင်းလမ်းညွှန်မှုပေးနိုင်သည်။ သူ၏ ကျင့်ကြံမှုအဆင့်က ထိုလူများထက် များစွာအဆင့်မြင့်ကာ မဟာတာအိုအပေါ် သူ၏ နားလည်မှုက ၎င်းတို့တွေးနိုင်သည်ထက် များစွာ သာလွန်သည်။ သူက မဟာဗျူဟာကျသော အနေအထားမှ လာသူဖြစ်ကာ ၎င်းတို့၏ ပြဿနာများကို အလွယ်တကူရှာတွေ့၍ ဖြေရှင်းချက်များကို အဆိုပြုနိုင်သည်။

သုံးရက်အတွင်း၌ ထိုလူ ၁၅၀ ၏ သုံးပုံတစ်ပုံက ၎င်းတို့၏ မူလကျင့်ကြံမှုအဆင့်ကို ကျော်လွန်၍ တိုးတက်အောင်မြင်ခဲ့သည်။ ကျန်သောသူများသည်လည်း အကျိုးအမြတ်တချို့ရခဲ့ကြသည်။

ထိုသတင်းပျံ့နှံ့သွားသောအခါ လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ မရေမတွက်နိုင်အောင်များပြားလှသည့် လူများသည် ခြေဆောင့်၍ ရင်ထုမတက်ဖြစ်နေကြသည်။ လူအများက ချူးယွင်ဖန်း၏ နောက်လိုက်များအဖြစ် အရွေးချယ်မခံရခြင်းက ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း သဘောပေါက်လာကြ၏။

---

အခန်း(၁၈၂၃) အံ့ဖွယ်တောင်ထွတ်ကို သိမ်းပိုက်၍ သီးသန့်ကျင့်ကြံခြင်း

အဆုံးစွန်အားဖြင့်၊ ကျင့်ကြံခြင်းနှင့် အဆင့်တက်ခြင်းသည် မလွယ်ပေ။ လူတစ်ဦး၏ ကျင့်ကြံမှု မြင့်မားလေ၊ လူတစ်ဦးအတွက် အဆင့်တက်လှမ်းရန် ပိုမိုခက်ခဲလေဖြစ်သည်။ လူအများစုသည် ၎င်းတို့၏ ကျင့်ကြံမှုတွင် အောင်မြင်မှုရရှိကြသော်လည်း ၎င်းတို့၏ ကျင့်ကြံမှု အတွေ့အကြုံသည် မကြာခဏ ၎င်းတို့ကိုယ်တိုင်အတွက်သာ သက်ဆိုင်၍ အခြားသူများကို သင်ကြားပေးရန် ခက်ခဲလေ့ရှိသည်။

ထို့ကြောင့် လူတစ်ဦးသည် အခြားသူတစ်ဦးကိုသာ လမ်းညွှန်ပေးလေ့ရှိသည်။ ချူးယွင်ဖန်း၏ ဟောပြောပွဲကဲ့သို့သော ကြီးမားသော ဟောပြောပွဲများ အလွန်နည်းပါး၍ ရှိခဲ့လျှင်ပင် ဂိုဏ်းခေါင်းဆောင်၊ ဒုတိယဂိုဏ်းခေါင်းဆောင်နှင့် အကြီးတန်းအကြီးအကဲအချို့သာ ရှိလိမ့်မည်။ အထူးလမ်းညွှန်မှုရရှိပြီးနောက် ၎င်းတို့၏ ကျင့်ကြံမှုကို တိုးမြှင့်နိုင်သူ များများစားစားမရှိခဲ့ပေ။ သာမန်အကြီးအကဲတစ်ဦးပင် ထိုကဲ့သို့သော စွမ်းရည်မရှိ၊ သာမန်တပည့်စစ်တစ်ဦးပင် မရှိပေ။

ယင်းက ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။

ချူးယွင်ဖန်းက ထိုလူများကို လမ်းညွှန်ပေးခဲ့သော်လည်း နောက်ဆုံး၌ မည်သည်အရာမျှ မရခဲ့လျှင်ပင် လူအများက ၎င်းတို့ကိုယ်၎င်းတို့ အထင်ကြီးလွန်းကြ၍ ရယ်မောကြလိမ့်မည်။

တာအိုအကြောင်း ဟောပြောပွဲတစ်ခု ကျင်းပခြင်းက လူတိုင်း အရည်အချင်းပြည့်မီနိုင်သည့်အရာမဟုတ်ပေ။

သိုင်းပညာကို ကိုယ်တိုင်နားလည်ရုံနှင့် မလုံလောက်သဖြင့် ၎င်းတို့က ဟောပြောပွဲမျိုးကျင်းပနေပါက ဟာသတစ်ခုသာဖြစ်ပေလိမ့်မည်။

သို့သော် ချူးယွင်ဖန်းသည် ဟောပြောပွဲတစ်ခုကို လက်ခံကျင်းပရုံသာမက မှတ်သားဖွယ်ရလဒ်များကိုလည်း ရရှိခဲ့သည်။ သူ၏နောက်လိုက် သုံးပုံတစ်ပုံသည် အဆင့်ဖြတ်ကျော်ခဲ့ကာ ကျန်သူများမှာ အနည်းဆုံး တစ်စုံတစ်ခုကို ရရှိခဲ့ကြသည်။ ဩဇာကြီးမားသော အကြီးအကဲတစ်ဦးပင် ထိုသို့လုပ်ဆောင်နိုင်ခြင်းမရှိပေ။

ထို့ကြောင့် လူအများက အလွန်သိချင်စိတ်ပြင်းပျလာကြသည်။ ချူးယွင်ဖန်း ပြောခဲ့သော အကြောင်းအရာများသည် စကြဝဠာအဆင့်ထက် မကျော်လွန်ဘဲ အခြေခံအားဖြင့် အတွင်းစည်းနှင့် လက်ရွေးစင်တပည့်များအဆင့်၌သာရှိသေးသော်လည်း သီအိုရီအရ ပညာက ခိုင်မာလွန်းသည်။

ဤဟောပြောချက်မှတစ်ဆင့် ချူးယွင်ဖန်းသည် ဤမာနထောင်လွှားသော တပည့်များကို လုံးဝယုံကြည်စေခဲ့သည်။

ဟောပြောပွဲအပြီးတွင် ချူးယွင်ဖန်းက ၎င်းတို့ကို ပြန်ပို့လိုက်သည်။ ယုချူးယွင်ကို ခေါင်းဆောင်အဖြစ် ခန့်အပ်ပြီး သူသည် ၎င်းတို့အား ပေါင်းထိုင်သို့ ဦးဆောင်ကာ ပြင်ပတပ်မတော်ကို တည်ထောင်ခဲ့သည်။ ဤသည်မှာ ချူးယွင်ဖန်း၏ တပ်မတော်ဖြစ်၍ ဧကရာဇ်နန်းတော်က ၎င်းကို အလွန်အလေးထားခဲ့သည်။ ၎င်းတို့သည် ပေါင်းထိုင်တပ်စခန်းကဲ့သို့သော ဒုတိယတန်းတပ်တွင် တပ်သားသစ်များဖြင့် ပြည့်နှက်နေစေခဲ့ရာ ဤတပ်သားသစ်များသည် အကောင်းဆုံးများထဲတွင် ပါဝင်ခဲ့သည်။

ယင်းက စစ်တပ်အမျိုးမျိုး၏ ဗိုလ်ချုပ်ကြီးများအကြိုက်ဆုံးအရာဖြစ်သည်။ အကြောင်းမှာ လူအများစုက ၎င်းတို့၏ စစ်တပ်ထဲ၌ စစ်မှုထမ်းဟောင်းများ များစွာရှိနေမည်ကို စိုးရိမ်ကြသောကြောင့်ဖြစ်သည်။ လမ်းလွဲမသွားခဲ့သော ထိုစစ်သားသစ်များသည် ဗိုလ်ချုပ်ကြီးအမျိုးမျိုး၏ အချစ်ဆုံးစစ်သားများဖြစ်ကြသည်။

တရှသည် ချူးယွင်ဖန်းအပေါ် မျှော်လင့်ချက်များစွာထားရှိကြောင်း ထင်ရှားသည်။ ယုချူးယွင်နှင့် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အခြားတပည့်များကို ကျောရိုးအဖြစ်ထားခြင်းဖြင့် ယုချူးယွင်မရှိလျှင် သူသည် စစ်တပ်ကို တည်ဆောက်နိုင်ဆဲဖြစ်သည်။ ချူးယွင်ဖန်းမရှိခြင်းကြောင့် စစ်တပ်သည် အဆင့်ကျဆင်းသွားမည်မဟုတ်ပေ။

တစ်ချိန်တည်း၌ပင် ချူးယွင်ဖန်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ အကျိုးအမြတ်များရခဲ့သေးသည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သန်းက ချူးယွင်ဖန်း၏ အရေးတကြီးလိုအပ်ချက်ကို ဖြေရှင်းပေးခဲ့သည်။ သူသည် နေရာများစွာ၌ အသုံးပြုရန် အလယ်အလတ်အဆင့်ကျောက်တုံးများလိုအပ်နေသည်။

ကုန်းသတ္ထုဓားသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို သိသိသာသာ တိုးမြှင့်ပေးခဲ့သည်။ ယခင်က ဝမ်ယိဖန်ထံမှ ရရှိခဲ့သော နတ်ဓားသည် ကုန်းသတ္တုဓားနှင့် နှိုင်းယှဉ်လျှင် အလွန်အားနည်းလွန်းသည်။

ချူးယွင်ဖန်းအတွက် ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ ဆင့်ကဲပြောင်းလဲမှုဆေးပြားဖြစ်သည်။ ၎င်းသည် အဖိုးတန်ဆုံးအရာဖြစ်သည်။ ဤဆေးဖြင့် သူသည် ဗြဟ္မာသီးမှည့်ရန် စောင့်ဆိုင်းရန် မလိုတော့ပေ။

သူ့ကို အပြစ်ပေးမှုအရ သီးသန့်ကျင့်ကြံကာ သူ့အမှားများကို ဆင်ခြင်သုံးသပ်ရန် တစ်ယောက်တည်းနေခဲ့သော်လည်း တကယ်ထောင်ဒဏ်မျိုးမဟုတ်ပေ။ ယင်းကား ဝမ်ယိဖန် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် အံ့ဖွယ်တိမ်တိုက်တောင်ထွပ်ဖြစ်ကာ ယခု ချူးယွင်ဖန်းကို တာဝန်ယူခွင့်ပြုလိုက်ပြီဖြစ်သည်။

ပြုပြင်မှုအချို့ပြုလုပ်ပြီးနောက် သူအသုံးပြုနိုင်ခဲ့သည်။ အံ့ဖွယ်တိမ်တိုက်တောင်ထွတ်ကို သိမ်းပိုက်ပြီးနောက် ချူးယွင်ဖန်းသည် ဤစစ်မှန်သောတပည့်များနေထိုင်သည့် အင်မော်တယ်တောင်ထွတ်များဟူသည် ရိုးရှင်းသောနေအိမ်များမဟုတ်ကြောင်း သဘောပေါက်ခဲ့သည်။

ဤတောင်ထွတ်များသည် အတားအဆီးအမျိုးမျိုးဖြင့် ပြည့်နှက်နေလေ့ရှိသည်။ ၎င်းတို့သည် ခံတပ်များကဲ့သို့ဖြစ်သည်။ ၎င်းတို့တွင် ခုခံကာကွယ်ရန် အတားအဆီးများနှင့် တန်းစီများရှိရုံသာမက ထိုးစစ်ဆင်ရန် အတားအဆီးများနှင့် တန်းစီများလည်း ရှိသည်။ ထိုကဲ့သို့သော တောင်ထွတ်များ၏ အပြည့်အဝပစ်ခတ်နိုင်စွမ်းသည် တရှ၏ ထိပ်တန်းတပ်သားထောင်ပေါင်းများစွာ၏ စွမ်းအားနှင့်ပင် ယှဥ်၍ မရပေ။

ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ဤကဲ့သို့သော တောင်ထိပ်များ မရေမတွက်နိုင်အောင် ရှိသည်။

တရှ၌ သာမန်လူများ စိတ်ကူး၍ပင်မရနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အုတ်မြစ်တစ်ခုရှိနေသည်။ ချူးယွင်ဖန်းက ပြည်ထောင်စုအကြောင်းမတွေးမိဘဲ မနေနိုင်တော့ပေ။ ပြည်ထောင်စုသာ ထိုသို့ အုတ်မြစ်တစ်ခု ရှိချင်ပါက အခွင့်အရေးရရန် မည်မျှကြာမည်ကို မည်သူသိမည်နည်း။

အံ့ဖွယ်တိမ်တိုက်တောင်ထွတ်ရှိ အမျိုးမျိုးသော အစီအရီများနှင့် အတားအဆီးများကို သိမ်းပိုက်ပြီးနောက် လျှို့ဝှက်လှည့်ကွက်များ မရှိကြောင်း အတည်ပြုပြီးသောအခါ ချူးယွင်ဖန်းသည် သူ၏ သီးသန့်ကျင့်ကြံရေးကို စတင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် နောက်ထပ် ခြေတစ်လှမ်းလှမ်းကာ စကြဝဠာအဆင့် ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်လိုခဲ့သည်။

ပုံမှန်အတိုင်း ချူးယွင်ဖန်းက အတားအဆီးအလွှာများ ခင်းကျင်းပြီးနောက် တောင်မြစ်ပန်းချီကားထဲသို့ ဝင်ခဲ့သည်။ ပန်းချီကားထဲ၌ တင်ပျဥ်ခွေထိုင်ပြီးနောက် ကမ္ဘာပေါ်ရှိ နတ်ဘုရားအနည်းငယ်ထဲမှ တစ်ပါးကဲ့သို့ လေထဲတွင် မြင့်မားစွာ ပျံဝဲနေသည်။ သူ ပါးစပ်ဟလိုက်သောအခါ ဆင့်ကဲပြောင်းလဲမှု ဆေးပြားသည် သူ့ပါးစပ်ထဲသို့ ဝင်ရောက်လာသော နတ်ဘုရားအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ချက်ချင်းပင် သူ၏ ခြေလက်များနှင့် အရိုးများထဲသို့ ဝင်ရောက်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်စီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုစွမ်းအင်က သူ့ကို ပေါက်ကွဲလုနီးပါးဖြစ်စေခဲ့သည်။ ချူးယွင်ဖန်းက ဆင့်ကဲဖြစ်စဥ်ဆေးကို သောက်သည်မှာ ဤသည်က ပထမဆုံးအကြိမ်မဟုတ်သော်လည်း ယင်း၏ အရည်အသွေးက ယခင်ကထက် ပို၍ မြင့်မားကာ ဆေးအာနိသင်လည်း ပိုမိုကြွယ်ဝသည်မှာ ထင်ရှားသည်။

သူသည် ကြီးမားသော ဆေးစွမ်းအားကို လမ်းညွှန်ရန် ဧကရာဇ်နည်းလမ်းကို အလျင်အမြန်လှည်ပတ်စေပြီးနောက် အဆင့်နှစ် စကြဝဠာအဆင့် အတားအဆီးကို တိုက်ခိုက်ရန် စတင်လိုက်သည်။ မကြာသေးမီကမှ သူ အဆင့်တက်လာခြင်းဖြစ်သဖြင့် ထိုအတားအဆီးသည် အလွန်ခိုင်မာနေဆဲဖြစ်ကာ အလွယ်တကူ‌ ဖောက်ဖျက်၍မရပေ။

---

အခန်း(၁၈၂၄) စကြဝဠာအဆင့်၏ ဒုတိယအဆင့်သို့ခြေလှမ်းခြင်း

တစ်လဟူသောအချိန်က လျင်မြန်စွာပင် ကုန်ဆုံးသွားသည်။ တောင်မြစ်ပန်းချီကားထဲ၌ တင်ပျဥ်ခွေထိုင်နေသော ချူးယွင်ဖန်းသည် မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုဖြင့် လင်းလက်နေသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး၏ နတ်ဘုရားစွမ်းအား၏ အသွင်အပြင်ဖြစ်သည်။ ၎င်းသည် ချူးယွင်ဖန်း၏ အသက်ရှူမှုနှင့်အတူ သဘာဝတရား၏ ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ပေးခဲ့ရာ ယင်းက ဒီရေကဲ့သို့ တက်လိုက်ကျလိုက်ဖြစ်နေသည်။

အချိန်တစ်ခုကြာပြီးနောက် ချူးယွင်ဖန်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ သူ့မျက်လုံးများတွင် တောက်ပသော အလင်းများလင်းလက်သွားသည်။

ဘမ်း

ထို့နောက် အက်ကွဲသံများ တစ်ချက်စီ သူ့ခန္ဓာကိုယ်မှ ဆက်တိုက်ထွက်ပေါ်လာသည်။ ချူးယွင်ဖန်း၏ အရပ်အမောင်းမှာ ရုတ်တရက် သိသိသာသာ မြင့်တက်လာပြီးနောက် ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ရှိ မြင့်တက်လာသော နတ်ဘုရားစွမ်းအားသည် ကောင်းကင်သို့ ထိုးတက်သွားကာ သူ၏စွမ်းအင်သည်လည်း မြင့်တက်လာသည်။ အချိန်အတော်ကြာပြီးနောက် ဤဖြစ်စဉ်များသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။

ချူးယွင်ဖန်းက သက်ပြင်းချလိုက်သည်။

"ငါ နောက်ဆုံးတော့ စကြဝဠာအဆင့်ရဲ့ ဒုတိယအဆင့်ကို ရောက်ပြီ"

တစ်လလုံး ရူးသွပ်စွာ လေ့ကျင့်ပြီးနောက်တွင် သူ နောက်ဆုံး၌ အောင်မြင်သွားခဲ့သည်။ သူ၏

တိုက်ခိုက်ရေးအစွမ်းဟာ မြေကြီးကို တုန်လှုပ်စေမည့် ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရသည်။ သူ၏

ရိုးရာတိုက်ခိုက်ရေးအစွမ်းက စကြဝဠာအဆင့် ဆဠမအဆင့်နှင့်ယှဥ်နိုင်နေပြီဖြစ်ကာ ယင်းအဆင့်ကိုပင် ကျော်လွန်သွားနိုင်သည်။

ထိုအဆင့်ထိ လေ့ကျင့်ပြီးနောက် သူ့အဆင့်က နိမ့်နေသေးသည့်တိုင် တိုက်ခိုက်ရေးအစွမ်းအရ သူဟာ လူငယ်မျိုးဆက်၏ ထိပ်တန်းပုဂ္ဂိုလ်များနှင့်တိုက်ခိုက်နိုင်စွမ်းရှိသည်။ မုန့်ထျန့်ရန်၊ ကျစ်ပုယီနှင့် အခြားသူများက သူ့ထက်ပိုသန်မာသော်လည်း ယခု သူ့ကိုယ်သူ ကာကွယ်နိုင်သည်။ သီးသန့်လေ့ကျင့်ရာမှ ထွက်လာပြီးနောက် ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကို လာလည်ရန် ခေါ်လိုက်သည်။ လွန်ခဲ့သော တစ်လနှင့် နှိုင်းယှဉ်ပါက ချူးဟုန်ချိုင်၏ အခြေအနေမှာ ယခုအခါ လုံးဝကွာခြားသွားပြီ ဖြစ်သည်။

တစ်လခန့်က ချူးဟုန်ချိုင်သည် လူမသိသူမသိ အတွင်းစည်းတပည့်တစ်ဦးဖြစ်ကာ တစ်လအကြာ၌

သူ့အခြေအနေက သိသိသာသာပြောင်းလဲသွားခဲ့သည်။ လူတိုင်းက သူသည် ချူးယွင်ဖန်း၏ ညီဝမ်းကွဲဖြစ်သည်ကို သိကြသည်။ ချူးယွင်ဖန်း၏ လက်ရှိအဆင့်အတန်းနှင့်ဆိုပါက သူသည် ထိပ်ဆုံးကို ရောက်သွားပြီဟု ပြော၍ ရသည်။

ဂိုဏ်းခေါင်းဆောင်အပါအဝင် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အကြီးအကဲများသည် ချူးယွင်ဖန်းအား ကွဲပြားစွာ ဆက်ဆံခဲ့ကြောင်း လူတိုင်းသိကြသည်။ ချူးယွင်ဖန်း၏ တစ်ဦးတည်းသော ဆွေမျိုးအနေဖြင့် ချူးဟုန်ကိုင်အား ယခုအခါ လူတိုင်းက သဘာဝအတိုင်း တန်ဖိုးထားကြသည်။

ချူးယွင်ဖန်း၏ ပံ့ပိုးမှုဖြင့် ချူးဟုန်ချိုင်သည် အံ့ဖွယ်တိမ်တိုက်တောင်ထွတ်တွင် ကိစ္စအဝဝကို တာဝန်ယူခဲ့ရသည်။ မူလက ချို့တဲ့နေသော ကျင့်ကြံမှုအရင်းအမြစ်များသည် ယခုအခါ အလွန်များပြားလာသဖြင့် အသုံးမပြုနိုင်တော့ပေ။ တပည့်စစ်စစ်အဖြစ် ရာထူးတိုးမြှင့်ခံရခြင်းကို ဂုဏ်ပြုရန် တပ်ဖွဲ့အမျိုးမျိုးမှ ပေးပို့သော ဂုဏ်ပြုလက်ဆောင်များသည်ပင် အလွန်ကြီးမားသော ကံကြမ္မာတစ်ခုဖြစ်သည်။

အတွင်းစည်းတပည့်များနှင့် လက်ရွေးစင်တပည့်များသည် ချူးဟုန်ချိုင်ကို မျက်နှာသာပေးလိုကြသည်။ မူလက စွမ်းအားကြီးမားခဲ့ကြသည့် ဒဏ္ဍာရီလာ တပည့်စစ်များနှင့် အကြီးအကဲများပင် သူ့ကို တန်းတူဆက်ဆံရသည်။

ဤအရာအားလုံး၏ အဓိကသော့ချက်မှာ သဘာဝအတိုင်း ချူးယွင်ဖန်းဖြစ်သည်။ သူမရှိလျှင် ထိုကြီးမားသော ပစ်မှတ်များသည် ချူးဟုန်ချိုင်ကို လှည့်ပင်ကြည့်ကြမည်မဟုတ်ပေ။

ထို့ကြောင့် တန်းတူဆက်ဆံရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ချူးယွင်ဖန်းသည် သာမန် တပည့်စစ်တစ်ဦးဖြစ်ပါက ထိုသူများသည် ချူးဟုန်ချိုင်ကို အမြင်သစ်ဖြင့် ကြည့်ကြမည်မဟုတ်ပေ။

အကယ်၍ လွန်ခဲ့သောနှစ်များကဆိုလျှင် ချူးဟုန်ချိုင်သည် သူ၏ရုတ်တရက်ချမ်းသာကြွယ်ဝမှုကြောင့် အံ့အားသင့်သွားနိုင်သည်။ သို့သော် ချူးမျိုးနွယ်စုပျက်စီးခြင်းကို ကြုံတွေ့ပြီးနောက် သူ၏အတွေးများ သိသိသာသာပြောင်းလဲသွားခဲ့သည်။ ဤလူများသည် သူ့ကို မျက်နှာသာပေးရန်ကြိုးစားနေခြင်းမဟုတ်ဘဲ ချူးယွင်ဖန်းကို မျက်နှာသာပေးရန် သူ့ကို အသုံးချနေကြခြင်းဖြစ်ကြောင်း သူနားလည်ခဲ့သည်။

လူတစ်ယောက်က ခွန်အားကြီးလာသောအချိန်မှသာ အမှန်တကယ်သန်မာသောသူဖြစ်လာနိုင်သည်။ သူ့နှလုံးသားထဲတွင် ချူးယွင်ဖန်းက စံပြပုဂ္ဂိုလ်ဖြစ်သည်။ ချူးယွင်ဖန်းသည် ဘယ်သောအခါကမျှ လှည့်စားမှုမလုပ်ခဲ့ဘဲ ရန်သူများကို သုတ်သင်ရှင်းလင်းရန် သူ၏ ကိုယ်ပိုင်အစွမ်းသတ္တိကိုသာ အားကိုးခဲ့သည်။

"မင်း အရမ်းကောင်းကောင်း လုပ်နေတယ်။ ဒီအရာအားလုံးကို စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့တယ်။ အနာဂတ်မှာ ချူးမျိုးနွယ်စုကို ပြန်လည်တည်ဆောက်တဲ့အခါ မင်း ဒီကိစ္စတွေနဲ့ အလုပ်ရှုပ်နေလိမ့်မယ်။" ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကို ကျေနပ်စွာ ကြည့်လိုက်သည်။

ချူးဟုန်ချိုင်းသည် မင်းမျိုးမင်းနွယ်မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူသည် စီမံခန့်ခွဲမှုကိစ္စများစွာကို နားလည်နိုင်သည်။ ဤကာလအတွင်း သူသည် အံ့ဖွယ်တောင်ထွတ်ကို ကောင်းစွာစီမံခန့်ခွဲခဲ့သည်။ ချူးယွင်ဖန်း သီးသန့်ကျင့်ကြံနေစဥ် ချူးဟုန်ချိုင်က အရာအားလုံးကို ဂရုစိုက်ခဲ့သည်။

ချူးဟုန်ချိုင်က သူ၏ မူလနာမည်သို့ ပြန်ပြောင်းခဲ့သည်။ မူလက သူသည် အခြားသူများကိုလှည့်စားရန် သူ့နာမည်ကို ချူးကျင်းဟုန်ဟု ပြောင်းခဲ့ခြင်းဖြစ်သည်။

ချူးမျိုးနွယ်စုကို ဖျက်ဆီးခဲ့သူများသည် ချူးယွင်ဖန်း၏ လက်ချက်နှင့်သေဆုံးသွားကြသော်လည်း ၎င်းတို့၏ ဆရာများနှင့် မိတ်ဆွေများသည် တရှတစ်ဝိုက်၌ရှိနေကြဆဲဖြစ်သည်။

၎င်းတို့က ချူးယွင်ဖန်းကိုထိ၍ မရသော်လည်း သူ့ကို ပြဿနာရှာနိုင်သည်။ ထို့ကြောင့် သူ့နာမည်ကို ပြန်ပြောင်းရုံမှတပါး အခြားနည်းလမ်းမရှိပေ။ ယခု ချူးယွင်ဖန်းက ကျောထောက်နောက်ခံပေးထားတာကြောင့် ပြန်ပြောင်းနိုင်သည်။

"ဒါတွေအားလုံးက အသေးအဖွဲကိစ္စတွေပါ။ နောက်ဆုံးမှာတော့ ဒီလောကမှာ ခွန်အားကပဲ စကားပြောတယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ကျွန်တော် နားလည်ပါတယ် အစ်ကိုဖန်း ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို ကြိုးစားလုပ်ဆောင်ပါ့မယ်" ချူးဟုန်ချိုင်က လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

"အင်း၊ မင်းဒီလိုနားလည်တာ ကောင်းတယ်။ မင်း အမြန်ဆုံး လက်ရွေးစင်တပည့်ဖြစ်လာအောင် မင်းရဲ့ကျင့်စဥ်ကို ငါအကောင်းဆုံး လမ်းညွှန်ပေးမယ်”

"နောက်ပြီး မင်းနဲ့ ဂျူနီယာလျို့ကြားမှာ ဘယ်လိုအခြေအနေရှိလဲ" ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကို ပြုံးပြလိုက်သည်။

ချူးဟုန်ချိုင်၏ မျက်နှာထက်၌ ရှားပါးသော ရှက်ရွံ့သည့် အမူအရာတစ်ခု ပေါ်လွင်လာသည်။

"စီနီယာလျို့နဲ့ ကျွန်တော် တစ်သက်လုံးအတွက် ကတိပေးထားလိုက်ကြပြီ။ ဒါပေမယ့် ကျွန်တော်တို့ မျိုးနွယ်စုအတွက် လက်စားချေဖို့တော့ လိုသေးတယ်။ ချူးမျိုးနွယ်စုရဲ့ စီးပွားရေး ပြန်လည်ရှင်သန်ဖို့လည်း အဝေးကြီး လိုသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မနှောင့်နှေးစျေင်ဘူး။ ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့် တစ်ခုခု ရောက်ပြီး တပည့်စစ်ဖြစ်လာတဲ့အခါ ကျွန်တော့် တောင်ထွတ်ဆီ တောင်သခင်မအဖြစ်ကြိုဆိုဖို့ သဘောတူထားပြီးသားပါ”

"အရမ်းကောင်းတယ်။ အဲဒီလိုဆိုရင် မင်းကောင်းကောင်းကျင့်ကြံရမယ်။ ချူးမျိုးနွယ်စုမှာ ဒီလိုရည်မှန်းချက်မျိုး ရှိသင့်တယ်။ တပည့်စစ်တစ်ယောက်ဖြစ်လာဖို့ ဘာလို့ရပ်တန့်ရမှာလဲ။ ချူးမျိုးနွယ်စုက အနာဂတ်မှာ ပြန်လည်တည်ဆောက်ဖို့ မင်းအပေါ် မှီခိုနေရလိမ့်မယ်။ မိခင်မျိုးနွယ်စုနဲ့ တခြားသူတွေ သိရင် အရမ်းပျော်ကြလိမ့်မယ်" ချူးယွင်ဖန်းက ပြောသည်။

သူသည် ချူးမျိုးနွယ်စုကို ပြန်လည်တည်ဆောက်ရန် စိတ်မဝင်စားသောကြောင့် ဤကိစ္စရပ်များသည် ချူးဟုန်ချိုင်အပေါ် မလွဲမသွေကျရောက်လိမ့်မည်။ သူ၏အကူအညီနှင့် အကြံဉာဏ်ဖြင့် ချူးဟုန်ချိုင်၏ စစ်မှန်သောတပည့်အဆင့်သို့ တိုးတက်မှုသည် နီးကပ်လာနေပြီဖြစ်သည်။ ၎င်းသည် သူ့အတွက် ခက်ခဲသောအရာမဟုတ်ပေ။

"ကျေးဇူးတင်ပါတယ်၊ အစ်ကိုဖန်း"

---

All Chapters