← Chapters

အခန်း (၁၈၂၅-၁၈၂၇)

Vol. 122 Ch. 1825-1827

အခန်း (၁၈၂၅-၁၈၂၇)

Vol. 122 Ch. 1825-1827

အခန်း(၁၈၂၅) ‌ခြောက်လကြာပြီးနောက် ပါရမီရှင်စာရင်းတွင် အံ့ဖွယ်ပြောင်းလဲမှုတစ်ခု

မျက်စိတစ်မှိတ်အတွင်း၌ ချူးယွင်ဖန်း တပည့်စစ်ဖြစ်လာခဲ့သည်က ခြောက်လပြည့်ခဲ့ပြီဖြစ်ကာ ထိုခြောက်လတတာကာလအတွင်း ချူးယွင်ဖန်းက သီးသန့်ကျင့်ကြံရာမှ ထွက်မလာခဲ့သဖြင့် လူအများက သူ့ကို မမြင်ခဲ့ကြရပေ။

သူနှိုးဆွခဲ့သည့် မုန်တိုင်းက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ကြယ်ကြေါကောင်းကင်ဘုံ၌ ကြီးမားသော ကိစ္စများ တစ်ခါတစ်ရံဖြစ်ပျက်ခဲ့သည်။ သူ၏ လုပ်ရပ်များသည် အံ့ဖွယ်ကောင်းသော်လည်း သူသည် ၁၅ မိနစ်မျှသာ ကျော်ကြားခဲ့ကာ အချိန်ကြာလာသည်နှင့်အမျှ ယင်းကို တဖြည်းဖြည်း ‌မေ့လျော့သွားခဲ့ကြသည်။

လူတိုင်းက ယင်းကို ကျင့်သားရနေဲ့ကြပြီဖြစ်ကာ တပည့်စစ်များကြား၌ ရုတ်တရက် နောက်ထပ် ကြီးမားသော ထိုးနှက်ချက်တစ်ခု ပေါ်လာခဲ့သည်။ ချူးယွင်ဖန်း မကြာသေးခင်ကမှ ပေါ်လာခြင်းမဟုတ်သော်လည်း ထိုနေ့က တိုက်ပွဲက ဂိုဏ်းထဲ၌ သူ၏ ရပ်တည်ချက်ကို ခိုင်မာစေဲ့သည်။ တပည့်စစ်များကြား၌ သူ့ကို တောင်တစ်လုံးဟု သတ်မှတ်နိုင်သည်။ သာမန်လူများသည် ထိုသို့သော တည်ရှိမှုမျိုးကို ရန်စရန် မဖြစ်နိုင်ပေ။

ဤခြောက်လတာကာလအတွင်း ချူးယွင်ဖန်းသည် ယုချူးယွင်နှင့် ပြင်ပတပ်မတော်တည်ဆောက်မှု၏ရလဒ်များအကြောင်း မေးမြန်းရန် တစ်ခါတစ်ရံ ဆက်သွယ်လေ့ရှိသည်။ ထိုကာလသည် သူမရဲ့သည်မှာ ကြာပြီဖြစ်သော အားလပ်ချိန်တစ်ခုလည်းဖြစ်သည်။

သို့သော်လည်း ချူးယွင်ဖန်းသည် ခြောက်လကြာ အလုပ်မလုပ်ဘဲ ထိုင်နေခဲ့ခြင်း မဟုတ်ပေ။ သူသည် စကြဝဠာအဆင့်၏ ဒုတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိနိုင်ရုံသာမက သူ၏ ကျင့်ကြံမှုကိုလည်း အထွတ်အထိပ်သို့ တွန်းပို့ခဲ့သည်။ စကြဝဠာအဆင့်၏ တတိယအဆင့်သို့ ရောက်ရှိရန် အခွင့်အရေးတစ်ခုသာ လိုတော့သည်။ သူ အောင်မြင်စွာ ရောက်ရှိသွားသည်နှင့် ထိုထိပ်တန်းပညာရှင်များနှင့် ယှဉ်ပြိုင်ရန် လွယ်ကူလာလိမ့်မည်။

ထို့အပြင် သူက ယုချူးယွင်၏ ပြင်ပတပ်တည်ဆောက်မှုကို ကြီးကြပ်နေခခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ယင်းက သူ၏ အနာဂတ်စခန်းတစ်ခုဖြစ်သည်။ ချူးယွင်ဖန်း၌ မလိုအပ်သော ဆေးဖက်ဝင်အပင် များစွာရှိသည်။ သူသည် လိုအပ်သော ဆေးဖက်ဝင်အပင်များနှင့် လဲလှယ်ရန် ရတနာတစ်ထောင်တဲသို့ သွားခဲ့သည်။ ခြောက်လအတွင်း သူသည် ဆေးလုံးများစွာဖော်စပ်ကာ ပြင်ပတပ်မှ စစ်သားတိုင်းကို ဖြန့်ဝေပေးခဲ့သည်။

ချူးယွင်ဖန်းကို အစောပိုင်းက သိခဲ့ကြသူများအတွက် ယင်းက အံ့သြစရာမဟုတ်ပေ။ ချူးယွင်ဖန်း မည်သို့လုပ်လေ့လုပ်ထရှိသည်ကို ၎င်းတို့သိကြသည်။ သို့သော် အသစ်ဝင်လာသူများအားလုံး အံ့အားသင့်သွားကြသည်။ တရှ၌ ၎င်းတို့၏ လက်အောက်မှ တပ်သားများကိုအသုံးပြု၍ ကြွယ်ဝချမ်းသာလာခဲ့သော စစ်ဗိုလ်ချုပ်များ မရေမတွက်နိုင်အောင်များပြားသည်။ စစ်ဗိုလ်ချုပ်တစ်ယောက်အနေနှင့် ၎င်းတို့၏ အင်အားကိုမြှင့်တင်ရန် ၎င်းတို့ ကိုယ်ပိုင် ပိုက်ဆံကို အသုံးပြုရန်မှာ အလွန်ရှားပါးသည်။

တရှက ထိုဆေးလုံးများကိုထောက်ပံ့မည်မဟုတ်ကြောင်း ရှင်းနေသည်။

မဟုတ်ပါက တရှ၌ တပ်သားများနှင့် ဤဆေးလုံးများသည် အင်ပါယာ ဘဏ္ဍာရေးကို ထိခိုက်စေမည်ဖြစ်သည်။ ထိုဆေးလုံးများသည် ၎င်းတို့ကို ရွှေအမတေအဆင့်မှ ဒြပ်မဲ့အဆင့်သို့ တက်လှမ်းရန် ကူညီပေးကြလိမ့်မည်။

ထိုစစ်သားအသစ်အသုတ်က အားလုံးက တပ်သားသစ်များဖြစ်ကြသော်လည်း ၎င်းတို့က အတော်ဆုံးဖြစ်ကြသည်။ ၎င်းတို့အားလုံးကို လက်ရွေးစင်များဟု သတ်မှတ်ကြသည်။ နောက်ထပ်တိုက်ပွဲအနည်းငယ်ပြီးပါက ၎င်းတို့က အတော်ဆုံးဖြစ်လာကြလိမ့်မည်။

၎င်းတို့၏ အင်အားက အင်အားနည်းလွန်းသည့် မူလက ပေါင်းထိုင်တပ်စခန်းနှင့်မတူတော့ဘဲ ပို၍ ခိုင်မာလာသည်။ ၎င်းတို့ကို ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းနိုင်စေရန်

ချူးယွင်ဖန်းက များစွာကြိုးစားပေးခဲ့သည်။

ထိုဆေးများ၏ အကူအညီဖြင့် တပ်မတော်မှ ၎င်းတို့အတွက် ဖွင့်လှစ်ပေးထားသော သိုင်းပညာလက်စွဲစာအုပ်များနှင့် ကျင့်ကြံမှုအဆင့်အမျိုးမျိုးအကြောင်း စာအုပ်များကြောင့် တပ်သားသစ်များ အံ့သြကုန်ကြသေးသည်။ တရှ၌ ဤလူအများစုသည် သာမန်လူများဖြစ်ကြသည်။ တကယ်တမ်တွင် ၎င်းတို့ထဲမှ အများစုက ဒြပ်မဲ့အဆင့်ကျင့်ကြံမှုနည်းလမ်းကိုပင် မရှာနိုင်ကြသော သာမန်လူများဖြစ်ကြသည်။ ၎င်းတို့က ဤအဆင့်ထိ ကျင့်ကြံနိုင်ရန် ၎င်းတို့၏ ထူးချွန်ထက်မြက်သော အရည်အချင်းကို အားကိုးခဲ့ကြသည်။ ထို့အပြင် ဤနတ်ဘုရားစွမ်းရည်များနှင့် သိုင်းပညာနည်းစနစ်များသည် အထက်လူကြီးများ၏အမြင်တွင် သာမန်နည်းစနစ်များသာဖြစ်သည်။ ၎င်းတို့၏အဆင့်များသည် အလွန်နိမ့်ကျသောကြောင့် ၎င်းတို့ကို ကန့်သတ်ရန်မလိုအပ်ပေ။

သို့သော် အခြေအနေများ အလွန်ဖြေလျော့ပေးထားသော်လည်း၊ တစ်စုံတစ်ဦးသည် ကောင်းမွန်သောပံ့ပိုးကူညီမှုများ ပြုလုပ်သရွေ့ ၎င်းကို ရနိုင်သည်။ အမှန်စင်စစ်၊ စစ်သားသစ်အများစုသည် ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ပြီး မကြာမီတွင် တိုက်ပွဲတွင် ဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးသွားကြလိမ့်မည်။ လူသားများသည် ပြည်တွင်းတိုက်ပွဲများကို ဘယ်သောအခါကမှ မရပ်တံ့ခဲ့ကြပေ။ အင်အားကြီးသော လူမျိုးစုများစွာက ၎င်းတို့ကို လောဘတကြီးစောင့်ကြည့်နေသည်ကို ထည့်ပြောရန်ပင်မိုတော့ပေ။ ရလဒ်အနေဖြင့် တရှ၌ တိုက်ပွဲများသည် အလွန် ရိုးရှင်း၍ စစ်ရေးဂုဏ်ထူးဆောင်ဘွဲ့များရရှိရန် အခွင့်အလမ်းမရှိလှပေ။

ထိုသို့ဖြင့် ချူးယွင်ဖန်းက တပ်စခန်းတပ်ကို လုံးဝအောင်နိုင်ခဲ့သည်။ ၎င်းတို့က တိုက်ပွဲများတိုက်ခိုက်နေကြသော်လည်း တပ်သားများကို စာနာနားလည်တတ်ကျွမ်းသော တပ်မှုးတစ်ယောက်ကိုလိုက်နာမှသာ ၎င်းတို့၌ ပို၍ သာလွန်ကောင်းမွန်သော အနာဂတ်ရှိမည်မှာ ထင်ရှားသည်။

ခြောက်လတာကာလအတွင်း၌ပင် တပ်စခန်း၏ အင်အားက အလျင်အမြန်တိုးလာခဲ့သည်။ အထူးသဖြင့် လူထောင်ပေါင်းများစွာက ဒြပ်မဲ့အဆင့်သို့တက်လာသည့်အခါ အားလုံး အံ့သြကြောက်လန့်ကုန်ကြသည်။

သို့သော် ဤအချက်ကြောင့် ချူးယွင်ဖန်းလည်း အတော်အတန် ဆင်းရဲသွားခဲ့ရသည်။ အခြားသူများက ငွေရှာရန် နည်းလမ်းများရှာဖွေရန် ၎င်းတို့၏တပ်များကို အသုံးပြုပြီးနောက် ဝင်ငွေကို လျှို့ဝှက်စွာယူခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်း၏ အပြုအမူသည် ဤကဏ္ဍတွင် ထူးခြားသည်။ သူသည် စစ်တပ်ကို ငွေရှာရန် ထွက်သွားစေလိုခြင်း မရှိရုံသာမက ၎င်းတို့၏ တိုးတက်မှုအတွက်ပင် သူကိုယ်တိုင် ပေးချေခဲ့သည်။

ရိုးသားသော စစ်သားများအားလုံးက အလွန်ကျေးဇူးတင်ကြသည်။ ချူးယွင်ဖန်းသာ မရှိပါက ၎င်းတို့၌ ဤမျှကောင်းသော ဘဝ ရှိလာမည်မဟုတ်ပေ။ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သော နွေဦးရာသီမိုးလိုကဲ့သို့ဖြစ်သည်။

ပါရမီရှင်စာရင်းအသစ်ထုတ်ပြန်မှသာ လူငယ်မျိုးဆက်ကျွမ်းကျင်သူများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ စာရင်းတွင် ပထမနေရာတွင် တရှမှ ဟျန်းထျန်မြို့ဝန်ဖြစ်သူ လီချန်းယွမ်ရှိနေသေးသည်။

လီချန်းယွမ်သည် တရှစစ်မိသားစုတွင် မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်က ကံကောင်းထောက်မှုဖြင့် ကြုံတွေ့ခဲ့ရ၍ ထူးဆန်းသော သားရဲတစ်ကောင်၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူသည် ကျွမ်းကျင်သူတစ်ဦး၏ အမွေကို ရရှိခဲ့သည်။ စစ်တပ်သို့ ဝင်ရောက်ပြီးနောက် သူသည် ရန်သူများစွာကို သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ဟျန်းထျန်မြို့ဝန် ဘွဲ့ကို ရရှိခဲ့သည်။ သူ၏ ခွန်အားသည် စကြဝဠာ အဆင့်၏ အထွတ်အထိပ်တွင် မဟုတ်ဘဲ ဖန်ဆင်းရှင်အဆင့်တွင် ရှိသည်။

---

အခန်း(၁၈၂၆) ချူးယွင်ဖန်းနှင့် ပါရမီရှင်စာရင်း

ပါရမီရှင်စာရင်းကို ပြန်လည်ပြုစုလိုက်ခြင်းက ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သည်။ ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့၍ ကံကြမ္မာများလည်း အသိမ်းခံခဲ့ရသည်။ ယင်းက နှစ်ပေါင်းတစ်သောင်းကြာ လက်ဆင့်ကမ်းခဲ့သည့် စစ်မှန်သော မန္တန်ဖြစ်သည်။

ကျင့်ကြံမှုလမ်းကြောင်းပေါ်တွင်၊ ကမ္ဘာကြီးကို လှန်ပစ်ခြင်းမှသည် ကံကောင်းခြင်းများကို ရယူခြင်းအထိ တစ်ဆင့်ချင်းစီဖြင့် အင်မော်တယ်ဘဝကို ချဉ်းကပ်နိုင်မည်ဖြစ်သည်။ စကြဝဠာအဆင့်သည် လက်ရှိခေတ်၏ ကျွမ်းကျင်သူများအဆင့်သို့ ရောက်ရှိခြင်းဖြစ်ကာ မည်သူမျှ ၎င်းကို လျှော့တွက်ဝံ့ခြင်းမရှိပါက၊ ဖန်ဆင်းရှင်အဆင့်သည် လုံးဝကွဲပြားသည်။

ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ အကြီးအကဲကြီးများပင် ဖန်ဆင်းရှင်အဆင့်၌သာ ရှိသေးသည်။

ဖန်ဆင်းရှင်အဆင့်သို့ရောက်ပြီး‌နောက် ဆရာသခင်ဟု သတ်မှတ်နိုင်သည်။ ဆရာသခင်ဟူသည် ဂိုဏ်းတစ်ခုတည်‌ထောင်နိုင်သော သခင်များဖြစ်သည်။ ပထမအဆင့်ဂိုဏ်းများ၏ ခေါင်းဆောင်များသည် ထိုအဆင့်၌ရှိကြသည်။

လီချန်းယွမ်က ထိုအဆင့်သို့ တကယ်ရောက်သွားပြီဖြစ်ကြောင်း သံသယဖြစ်စရာမရှိပေ။

ကမ္ဘာပေါ်တွင် နောက်ထပ် ထိပ်တန်းပညာရှင်တစ်ဦး ပေါ်ထွက်လာခြင်းမှာ အံ့ဖွယ်သတင်းမဟုတ်ပေ။ ကမ္ဘာကြီးကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်မှာ သူသည် သူ့မျိုးဆက်တွင် ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိခဲ့သော ပထမဆုံးပညာရှင်ဖြစ်နေခြင်းကြောင့်ဖြစ်သည်။

လီချန်းယွမ်က လူငယ်မျိုးဆက်၏ နံပါတ်တစ်ကျွမ်းကျင်သူဖြစ်သည်ဟု ပြောရသည်မှာ အငြင်းပွားစရာဖြစ်သည်။ သူ့အောက်က ပါရမီရှင်စာရင်းထဲမှ လူအများစုက သူနှင့် ကျင့်ကြံမှုအဆင့်တူကြသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ လူငယ်မျိုးဆက်၏ နံပါတ်တစ်ပုဂ္ဂိုလ်ဆိုသေ‌ော ခေါင်းစီးသည် သူနှင့်အလွန်ထိုက်တန်လာသည်။ အနည်းဆုံးအနေဖြင့် သူက လူတိုင်းထက် များစွာ သာလွန်နေပြီဖြစ်သည်။

ထိုကိစ္စနှင့်မကျေနပ်သောသူများပင် မည်သို့မျှ ပြောစရာမရှိကြတော့ပေ။ ကျင့်ကြံမှုအဆင့်ကွာခြားချက်အပေါ် သံသယဖြစ်စရာမလိုပေ။ စကြဝဠာအဆင့်နှင့် ဖန်ဆင်းရှင်အဆင့်ကြားကွာဟချက်က ကောင်းကင်နှင့်ငရဲကဲ့သို့ဖြစ်ကာ ခြေတစ်လှမ်းသာကွာသော်လည်း ကြီးမားသည်။ အဆင့်သတ်မှတ်ချက်များ ကြေညာပြီးနောက် မကြာခင်၌ပင် အဆင့်သတ်မှတ်ချက် ထိပ်ဆုံးဆယ်ယောက်ထဲက ရှစ်ယောက်က သီးခြားကျင့်ကြံနေသည်ဟု ကြေငြာခဲ့သေးသည်။

ထို စာရင်းကြောင့် ပါရမီရှင်တိုင်းလိုလို အကျပ်အတည်းတစ်ခုကဲ့သို့ခံစားကြရသည်။ မည်သို့ပင်ဖြစ်စေကာမူ လူအများ၏ အမြင်၌ ၎င်းတို့က လီချန်းယွမ်ထက် အနည်းငယ်အဆင့်နိမ့်လျှင်ပင် ၎င်းတို့ကိုယ်တိုင်ထိုသို့မတွေးခဲ့ကြပေ။ ၎င်းတို့စိတ်ထဲ၌ ၎င်းတို့က လီချန်းယွမ်နှင့်တန်းတူညီမျှပင်ဖြစ်သည်။ ယခု သူက ၎င်းတို့ကို တိတ်တဆိတ် အဆင့်ကျော်တက်သွားပြီဖြစ်သဖြင့် မည်သို့စိတ်မပူဘဲ နေနိုင်ကြမည်နည်း။

ထိုကွာဟချက်က အနည်းငယ်မျှသာ မဟုတ်ကြောင်း လူအများစုသိကြသည်။

အထူးသဖြင့် လီချန်းယွမ်က စစ်သူကြီးမိသားစု၌ မွေးဖွားလာခဲ့ခြင်းဖြစ်သဖြင့် တရှ၌ ရာထူးကြီးမားသည်။ သူသည် ငယ်ရွယ်သော မျိုးဆက်၏ ပထမဆုံးမြို့ဝန်ဖြစ်ကာ ကျင့်ကြံမှုအရင်းအမြစ်များစွာကို ရထားသည်။

ယခင်က သူသည် စကြဝဠာအဆင့်၏ အထွတ်အထိပ်တွင် ပိတ်မိနေ၍ အဆင့်မတက်နိုင်သေးသောကြောင့် ထိုအားသာချက်ကို မပြနိုင်ပေ။ သို့သော် သူသည် အတားအဆီးကို ဖြတ်ကျော်၍ ဖန်ဆင်းခြင်းအဆင့်သို့ ဝင်ရောက်သွားသည်နှင့် သူ၏ ပါရမီ၊ တရှ၏ တန်ဖိုးနှင့် အရင်းအမြစ်များဖြင့် အချိန်တိုအတွင်း ကြီးမားသော ထိုးဖောက်မှုတစ်ခု ပြုလုပ်နိုင်ခြင်းမှာ သူ့အတွက် အလွန်ပုံမှန်ဖြစ်နေသေးသည်။

ပါရမီရှင်များ၏ ကျင့်ကြံမှုနည်းလမ်းက သာမန်လူများနှင့်မတူပေ။ သာမန်လူများသည် ကြိုးစားအားထုတ်ကာ တစ်ဆင့်ပြီးတစ်ဆင့်အောင်မြင်ကြသည်။ သို့သော် ပါရမီရှင်များအတွက် အလွန်ကွာြားသည်။ ပါရမီရှင်များအတွက် သတ်မှတ်ထားသည့်အဆင့်များကို လိုက်နာခြင်းမျိုးမရှိပေ။

မကြာခဏဆိုသကဲ့သို့ မမျှော်လင့်ဘဲ ကံကောင်းလာခြင်းက ၎င်းတို့ကျင့်ကြံမှု၌ ကြီးမားသော အလှည့်အပြောင်းတစ်ခုဖြစ်နိုင်သည်။

လီချန်းယွမ် စကြဝဠာအဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ မကြာသေးသော်လည်း သူသည် အလွန်တိုတောင်းသောအချိန်အတွင်း စကြဝဠာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် ဤပါရမီရှင်များသည် အလွန်ပြင်းထန်သော အကျပ်အတည်းခံစားချက်ရှိကြသည်။ သူတို့သည် လီချန်းယွမ်၏ တိုးတက်မှုကို အမီလိုက်ရန်နှင့် အမြဲတမ်း နောက်ကျမကျန်စေရန် လိုအပ်သည်။

ပါရမီရှင်စာရင်းတွင် ၁၀၀ မြောက်နေရာတွင် ရပ်တည်ခဲ့သူမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ချူးယွင်ဖန်းဖြစ်သည်။ သူသည် မိုးကြိုးခရမ်းဓားနယ်မြေ၌ တဝေနိုင်ငံ၏ ချူးမျိုးနွယ်စုမှ မွေးဖွားခဲ့သည်။

သူ၏ စွမ်းဆောင်ရည်မှာ မူလက အလယ်အလတ်အဆင့်သာ ရှိသော်လည်း မိုးကြိုးခရမ်းဓားဂိုဏ်း၏ အမွေကို ရရှိပြီးနောက် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။

မိုးကြိုးခရမ်းဓားနယ်မြေကို ငြိမ်းချမ်းစေရန် စစ်ပွဲအတွင်း သူသည် တရှ၏ ငယ်ရွယ်သော ပါရမီရှင်များစွာကို သတ်ခဲ့သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူသည် မှတ်တမ်းတင်အချိန်အတွင်း အဓိကတပည့်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားသော ဝမ်ယိဖန်ကို သတ်ခဲ့ကာ အကြီးအကဲကျန်းဝမ်အန်ကို

ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ပြီး ဂိုဏ်းတစ်ခုလုံးကို အံ့အားသင့်စေခဲ့သည်။

ချူးယွင်ဖန်း၏ ခွန်အားက မယုံနိုင်လောက်အောင် ကြီးမား၍ အမွေအနှစ်လည်း များစွာပိုင်ဆိုင်ထားသည်။

ပါရမီရှင်စာရင်းတွင် မျိုးရိုးနာမည်ကြေငြာချက်က လူအများကြား ရုန်းရင်းဆန်ခတ်ဖြစ်ရသည့် အကြောင်းအရင်းဖြစ်သည်။ အခြားသူများနှင့်နှိုင်းယှဥ်ပါက ချူးယွင်ဖန်းဟူသောအမည်က မည်သူမျှ မသိသောနာမည်ဖြစ်သည်။

ကျန်သူများသည် ငယ်ငယ်ကတည်းက အလွန်အစွမ်းထက်သော ပါရမီများကို ပြသခဲ့ကြပြီးဖြစ်သည်။

၎င်းတို့က ၎င်းတို့၏ ရွယ်တူချင်းများကြား၌ ပြိုင်ဘက်ကင်းသူများဖြစ်ကြကာ များပြားလှသည့် အစွမ်းထက်ရန်သူများကိုအနိုင်ယူခဲ့သည်။ ၎င်းတို့ ပါရမီရှင်စာရင်း၌ ပါဝင်နေခြင်းက သဘာဝသာဖြစ်သည်။ ၎င်းတို့၏ အဆင့်များ မတူညီကြပေ။

"ချူးယွင်ဖန်းက ဘယ်သူလဲ။ ဆန်းကြယ်ခန်းမက အမှားလုပ်လိုက်တာမဟုတ်ဘူးလား”

လူများစွာ၏ ပထမဆုံးတုံ့ပြန်မှုက ဆန်းကြယ်နန်းဆောင်၏ အဆင့်သတ်မှတ်ချက်၌ လူမှားထည့်လိုက်ခြင်းဖြစ်သည်။ အဆင့် ၁၀၀ မြောက်နေရာ၌သာရှိသော်လည်း ထိုလူတစ်ရာစလုံးက ငယ်ရွယ်သော ပါရမီရှင်များဖြစ်ကြသည်။ သက်ရှိများ မရေမတွက်နိုင်အောင် ပါဝင်၍ နောက်ဆုံး၌ ထိုလူတစ်ရာသာ ထင်ရှားခဲ့သည်။

အဆင့်သတ်မှတ်ချက်၌ ပါရန်အလွန်ခက်ခဲသည်။ ထိုလူများသည် ၎င်းတို့၏ မျိုးဆက်၏ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များဖြစ်ကြသည်။ နောင်တစ်ချိန်၌ ၎င်းတို့အချိန်မတန်ခင် မသေဆုံးခဲ့ပါက ထိုမျိုးဆက်ကို လွှမ်းမိုးခဲ့သည့် ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်လာမည်မှာ သေချာသည်။

လူတိုင်းက ထိုအကြောင်းပြောနေကြသည်။ လီချန်းယွမ်၏ ဖန်ဆင်းရှင်အဆင့်သို့ဝင်ရောက်မှုကို လက်ခံခဲ့သော်လည်း စာရင်းထဲမှ မသိသူတစ်ဦးကို လက်ခံခြင်းထက် များစွာပိုလွယ်သည်။

လူတိုင်း၏ ဆွေးနွေးမှုများနှင့် တချို့လူများ၏ အပြစ်တင်မှုများကို တုံ့ပြန်သောအနေဖြင့် ဆန်းကြယ်နန်းဆောင်က ရှင်းပြခြင်းမရှိခဲ့ပေ။

ခဏတာအတွင်း လူတိုင်းက တိုက်ခိုက်ခြင်းကို ရပ်တန့်ကာ ချူးယွင်ဖန်းထံ ၎င်းတို့၏ မြှားခေါင်းများကို ချိန်ရွယ်လိုက်ကြသည်။

---

အခန်း(၁၈၂၇) ပါရမီရှင်စာရင်းကြောင့် ပေါ်ပေါက်လာသည့် ကြီးမားသော ရုန်းရင်းဆန်ခတ်မှု

ဆန်းကြယ်နန်းဆောင်၏ အဆင့်သတ်မှတ်ချက်များကို မည်သူမျှ သံသယဝင်ခြင်းမရှိပေ။

လူတိုင်းက အဆင့်သတ်မှတ်ချက်များအကြောင်းကြားဖူးကြသည်။ ဆန်းကြယ်နန်းဆောင်၏ ရတနာဖြစ်ကာ အလွန်အစွမ်းထက်‌သော ရှေးဟောင်းပစ္စည်းတစ်ခုဟု ပြောကြသည်။ ဆန်းကြယ်နန်းဆောင်က

ထိုအဆင့်သတ်မှတ်ချက်ကို ကမ္ဘာပေါ်မှ အရာများ တွက်ချက်ရန် အခြေခံအဖြစ်အသုံးချခဲ့သည်။

မဟုတ်ပါက ၎င်းတို့တွင် ပါရမီရှင်စာရင်းကို စတင်နိုင်သည့် စွမ်းရည်ရှိမည်မဟုတ်ပေ။ ပါရမီရှင်စာရင်း၏ အထက်တွင် ကောင်းကင်စာရင်းနှင့်မြေပြင်စာရင်းပင်ရှိသေးသည်။ ထိုအရာများသည် တစ်ကမ္ဘာလုံးကို အမှန်တကယ် လွှမ်းမိုးနိုင်သည့် အလွန်အင်အားကြီးမားသော ပုဂ္ဂိုလ် မှတ်တမ်းများဖြစ်သည်။ ထိုလူတစ်ဦးချင်းစီတွင် ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သည့် ခွန်အားနှင့်အဆင့်အတန်းများရှိကြသည်။ ၎င်းတို့တစ်ဦးချင်းစီက ၎င်းတို့၏ ခြေတစ်ချက်နှင့်တင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်သူများဖြစ်ကြသည်။

ကောင်းကင်နှင့်မြေကြီးစာရင်းရှိအမည်များတွင် ယေဘုယျအားဖြင့် မည်သည့်ပြောင်းလဲမှုမျှ ရှိမည်မဟုတ်ပေ။ ပြောင်းလဲသွားသောအမည်များသည် ပါရမီရှင်စာရင်းရှိ အမည်များဖြစ်သည်။ ပါရမီရှင်စာရင်းရှိ ဤပါရမီရှင်များသည် မည်သည့်ကံကြမ္မာနှင့်မဆို ၎င်းတို့၏ကျင့်စဉ်တွင် ကြီးမားသောပြောင်းလဲမှုကို ဖြစ်စေနိုင်ကာ ၎င်းတို့၏အဆင့်များသည်လည်း ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်။

ထိုအချက်မှကြည့်ပါက ကမ္ဘာပေါ်တွင် အမြဲနံပါတ်တစ်ဖြစ်ခဲ့သော လီချန်းယွမ်က သာမန်လူတစ်ယောက်မဟုတ်ကြောင်း ထင်ရှားသည်။ လူတိုင်းက သူ့အပေါ် သံသယများ၊ မကျေနပ်မှုများရှိနေလျှင်ပင် မည်သို့မျှ ပြောနိုင်မည်မဟုတ်ပေ။ ခွန်အားကသာ အဓိက အခြေခံမူဖြစ်၍ ဖန်ဆင်းရှင်အဆင့်သို့ရောက်ပြီးနောက်တွင် သူသည် လူတိုင်းထက် အဆင့်မြင့်တက်လာခဲ့သည်။

သို့သော် ချူးယွင်ဖန်းကမူ ‌ပေါ်လာသည်မှာ နှစ်နှစ်ကျော်သာရှိသေးသဖြင့် အမြစ်မရှိသော ဘဲပင်ကဲ့သို့ ဖြစ်သည်။ အထူးသဖြင့် သူသည် နောက်ဆုံးနေရာတွင် ရှိနေသောကြောင့် လူအများစုသည် သူ့ကို မယုံကြည်ကြပေ။ ထိုကိစ္စက အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ စီးဆင်းနေသည့် လှိုင်းလုံးကြီးက ကြယ်ကြွေကောင်းကင်၌ ချူးယွင်ဖန်းကို ဖိသိပ်ထားခဲ့သည်။ ခဏတာမျှ စိန်ခေါ်မှုများ နှင်းပွင့်များနှယ် လွင့်မျောနေခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ချူးယွင်ဖန်း၏ပြစ်ဒဏ်သည် ပြီးဆုံးသွားပြီး လူအများအပြားသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ အပြေးအလွှားသွားကြသည်။ ဂိုဏ်း၏ အထက်လူကြီးများသည် ဤစိန်ခေါ်မှုများကို အာရုံမစိုက်လိုကြပေ။ ဂိုဏ်းခေါင်းဆောင် စစ်တုရွှမ်က ၎င်းသည် ကိစ္စငယ်လေးတစ်ခုသာဖြစ်၍ ဆူညံစရာမလိုအပ်ကြောင်း ပြောကြားခဲ့သည်။

"ပါရမီရှင်စာရင်း..."

ချူးယွင်ဖန်းသည် သူ၏ပြစ်ဒဏ်ကို ပြီးသွားသောအခါ ဤပါရမီရှင်စာရင်းကို ရရှိခဲ့သည်။ ကျောက်စိမ်းပြားပေါ်တွင် မျက်နှာပြင်တစ်ခုကို ပြသထားသည်။ မျက်နှာပြင်ပေါ်တွင် အဆင့်သတ်မှတ်ချက်ရှိ လူရာပေါင်းများစွာ၏ အမည်များကို မြင်တွေ့နိုင်သည်။ ၎င်းပေါ်တွင် အဆင့်သတ်မှတ်ချက်ရှိ လူများနှင့် မိတ်ဆက်ပေးခြင်း ၎င်းတို့၏ အစွမ်းသတ္တိ၊ အဆင့်အတန်းနှင့် နာမည်ကြီးလာစေရန် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများပင် ရှိသည်။ သူတို့၏ အမွေအနှစ်များ၏ အရင်းအမြစ်နှင့်ပတ်သက်သည့် အချက်အလက်အချို့ပင် ရှိသည်။

သာမန်လူများအတွက် ယင်းက လျို့ဝှက်အချက်အလက်တစ်ခုပင်ဖြစ်သည်။ အခြားသူများရှေ့၌ပင် ကြေညာရန် မလိုအပ်သော်လည်း ထို ပါရမီရှင်စာရင်း၌ အားလုံးကို ရှင်းလင်းစွာဖော်ပြထားသည်။

ချူးယွင်ဖန်းက သူ့အကြောင်းအပိုင်းကို ဖတ်ကြည့်သည်။ အခြားသူများနှင့်မတူသည်မှာ သူ့အကြောင်းအပိုင်းက သူပြောပြထားသောအရာများဖြစ်ကာ ပို၍ နက်ရှိုင်းသောအ ချက်အလက်များကျန်ခဲ့သည်။

"ဆန်းကြယ်နန်းဆောင်ရဲ့ အဆင့်သတ်မှတ်ချက်တွေက အရာအားလုံးကို သိတဲ့ပုံမပေါ်ဘူး။"

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကြောင့် ချူးယွင်ဖန်းက ထိုသို့သောအရာများသည် ရှေးခေတ်ကတည်းက ရှားပါးသော အရာများမဟုတ်ကြောင်း သိခဲ့သည်။ အ ချို့လူများတွင် လျို့ဝှက် အထူးနည်းပညာများရှိကြကာ အချို့လူများတွင် ထိုယူဆချက်များကို ဟောကိန်းထုတ်နိုင်သည့် အထူးမှော်ပစ္စည်းများရှိကြသည်။

ဥပမာအားဖြင့် ချူးယွင်ဖန်း၏လက်ထဲတွင်ရှိသော တောင်မြစ်ပန်းချီကားသည် ဆေးဧကရာဇ် သယ်ဆောင်လာသော မှော်ပစ္စည်းတစ်ခုဖြစ်သည်။ သဘာဝအတိုင်းပင် ၎င်းသည် ဤကဲ့သို့သော ကောက်ချက်ချမှုများကို ပြုလုပ်နိုင်သည်။ အစွမ်းထက်သော ကျင့်ကြံမှုအခြေခံရှိသော ကျွမ်းကျင်သူအချို့သည် ၎င်းတို့၏ ကြီးမားသော အကြံအစည်ဖြင့် ထိုကဲ့သို့သော ကောက်ချက်ချမှုများကို တားဆီးနိုင်သည်။ ဆန်းကြယ်နန်းဆောင်၏ အဆင့်သတ်မှတ်ချက်များက ရှာဖွေမတွေ့နိုင်သော အရာတစ်ခုမျှ မရှိကြောင်း အခိုင်အမာပြောဆိုထားသော်လည်း အရာအားလုံးအကြောင်း အမှန်တကယ် ရှင်းလင်းပြတ်သားမှု မရှိပေ။

ဆန်းကြယ်နန်းဆောင်၏ အဆင့်သတ်မှတ်ချက်များတွင် ချူးယွင်ဖန်းအကြောင်း ဆုံးဖြတ်ချက်များစွာသည် သူထုတ်ဖော်ပြီးသော ဝှက်ဖဲများမှ လာခြင်းဖြစ်သည်။ အခြားသူများရှေ့တွင် ထုတ်ဖော်မပြသခဲ့သည့် ဝှက်ဖဲများအကြောင်းမူ မည်သူမျှမသိပေ။

ကောင်းကင်စာရင်းနှင့် မြေကြီးစာရင်းသည် ထိပ်တန်းကျွမ်းကျင်သူများကို မည်သည့်ညွှန်ပြချက်မျှ မပေးခဲ့သကဲ့သို့ နှစ်ပေါင်းများစွာလည်း မပြောင်းလဲခဲ့ပေ။ ၎င်းသည် ဆန်းကြယ်နန်းဆောင်က ထိုထိပ်တန်းကျွမ်းကျင်သူများ၏ အစွမ်းသတ္တိကို ကြောက်ရွံ့ခြင်းကြောင့်သာ မဟုတ်ပေ။ ပိုမိုကြီးမားသော အကြောင်းရင်းမှာ ၎င်းတို့သည် ဤကျွမ်းကျင်သူများ၏ စစ်မှန်သော အောင်နိုင်မှုကို မခန့်မှန်းနိုင်ခြင်းကြောင့် ဖြစ်သည်။ ဆန်းကြယ်နန်းဆောင်၏ အဆင့်သတ်မှတ်ချက်သည် ၎င်းတို့ အရာအားလုံးကို သိသည်ဟု ပြောဆိုထားသည့်အတိုင်း အမှန်တကယ်ဖြစ်ပါက တစ်ကမ္ဘာလုံးက ၎င်းတို့ကို သည်းခံမည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် သူကိုယ်တိုင် စာရင်းထဲ ပါဝင်လာခြင်းအတွက် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ အမှန်တကယ် ဂရုစိုက်သည်မှာ လီချန်းယွမ်ဖြစ်သည်။ သူ သီးသန့်ကျင့်ကြံနေသော ခြောက်လအတွင်း လီချန်းယွမ်သည် ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"အစ်ကိုဖန်း ကျွန်တော်တို့ အကြီးအကျယ်ပြဿနာတက်တော့မှာ စိုးရိမ်မိတယ်။

လူအများစုက ခင်ဗျားက ပါရမီရှင်စာရင်းမှာ ပါနေလို့ မကျေမနပ်ဖြစ်နေကြတယ်လို့ ကြားတယ် အခု ဒီကိုလာနေကြပြီတဲ့" ချူးဟုန်ချိုင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

ချူးယွင်ဖန်းသည် ပါရမီရှင်စာရင်းတွင် အဆင့် ၁၀၀ သာရှိသော်လည်း၊ ၎င်းသည် အံ့ဖွယ်တိမ်တိုက်တောင်ထွတ်အတွက် သတင်းကောင်းတစ်ခုဖြစ်သည်။ သို့သော် ၎င်းတို့ မကြာမီ ကောလာဟလအမျိုးမျိုးကို ကြားခဲ့ရသည်။

ခြောက်လကြာ ငြိမ်သက်သွားသော အံ့ဖွယ်တိမ်တိုက်တောင်ထွတ်သည် တစ်ဖန်ပြန်လည် ရုတ်ရုတ်သဲသဲဖြစ်နေခဲ့သည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ၏ အာရုံစိုက်ရာနေရာ ဖြစ်လာခဲ့သည်။ ပါရမီရှင်စာရင်းတွင် ပါဝင်သူအရေအတွက်မှာ အတန်ငယ်များနေပုံရသော်လည်း အမှန်တကယ်တွင် လူမျိုးနှင့် ဂိုဏ်းအမျိုးမျိုးတွင် လူများစွာ မရှိပေ။

ကြယ်ကြွေကောင်းကင် စာရင်းထဲသို့ ဝင်ရောက်လာသူ နှစ်ဦးသာ ရှိသည်။ ၎င်းတို့အနက် တစ်ဦးက ကြယ်ကြွေကောင်းကင် အဓိကတပည့် ယန်တန့်ရှန်ဖြစ်ကာ သူသည် အဆင့် ၂၀ တွင် ရှိသည်။ ထို့အပြင် ချူးယွင်ဖန်းတစ်ဦးတည်းသာ စာရင်းထဲတွင် ရှိသည်။ သူသည် ဂိုဏ်းအတွင်း မည်မျှ ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့သည်ကို မြင်ယောင်ကြည့်နိုင်သည်။

---

All Chapters