အခန်း (၁၈၂၈-၁၈၃၀)
Vol. 122 Ch. 1828-1830
အခန်း(၁၈၂၈) သူတို့မှာ ပြောစရာမရှိတဲ့အထိ အနိုင်ယူကြ
ပါရမီရှင်စာရင်းတစ်ခုတည်းက ချူးယွင်ဖန်းအား ခြေလှမ်းတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ရောက်ရှိစေပြီး လူတိုင်း၏ လူသိများလာစေခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် ရောထွေးနေသော နာမည်ဂုဏတ်သတင်းတစ်ခုရှိသေးသည်။ ပါရမီရှင်စာရင်းထဲမှ ရာပေါင်းများစွာသော ပါရမီရှင်မျမားထဲတွင် နာမည်အနည်းဆုံးဟုထင်ရသည့် ပါရမီရှင်တစ်ယောက်အနေဖြင့် သူသည် အနိုင်ရရန် အလွယ်ကူဆုံးဟု ထင်ရသည်။ ဤသို့ဖြင့် သူသည် လူအများ၏ ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။
ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို ပါရမီရှင်စာရင်း၌ပင် မဖော်ပြထားပေ။ သူ့ကို ပါရမီရှင်စာရင်းထဲသို့ ဝင်ခွင့်ပြုခဲ့သည့် တိုက်ပြွနှစ်ခုက စိတ်ဝင်စားသူများ၏ စုံစမ်းစစ်ဆေးမှုအောက်၌ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ ထိုအကြောင်းကြောင့် လူအများက ချူးယွင်ဖန်းက သူ့အမည်နှင့်မထိုက်တန်ဟု ထင်ခဲ့ကြသည်။ ဝမ်ယိဖန်ကို အနိုင်ယူနိုင်ခြင်းက ကြီးကျယ်သော အောင်မြင်မှုတစ်ခုမဟုတ်ပေ။ ဝမ်ယိဖန်၏ အစွမ်းသတ္တိက ၎င်းတို့အတွက် အရေးမကြီးလှပေ။ နတ်ဆိုးတစ်ကောင်ဖြစ်လာပြီးနောက်၌ပင် ဝမ်ယိဖန်၏ ခွန်အားတိုးလာမှု လူများစွာအတွက် အကန့်အသတ်ရှိပုံရသည်။ သူ့ကို အနိုင်ယူနိုင်သူ များစွာရှိခဲ့သည်။ ကျန်းဝမ်အန်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည့်တိုက်ပွဲကိုပင် ထည့်တွက်ရန် မလိုတော့ပေ။
ထိုအကြောင်းကြောင့်ပင် သူက ပါရမီရှင်စာရင်း၌ အငြင်းပွားဖွယ်ရာပုဂ္ဂိုလ်ဖြစ်လာခြင်းဖြစ်သည်။
"အဆင်ပြေပါတယ်။ သရဖူကို ဝတ်ဖို့ဆို သူ့ရဲ့အလေးချိန်ကို ထမ်းထားရမယ်။ ငါသူတို့ကို အနိုင်ယူမယ်" ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကို ပြုံးပြလျက်ပြောလိုက်သည်။
"တချို့လူတွေက ငါ့ကို အဆင့်သတ်မှတ်ချက်နဲ့ မထိုက်တန်ဘူးလို့ ထင်ကြတဲ့အတွက် သူတို့မှာ ဘာမှပြောစရာမရှိတဲ့အထိ ငါသူတို့ကို ရိုက်နှက်ပစ်မယ်"
"ဒါပေမယ့် အစ်ကိုဖန်း ဒီလူတွေက သာမန်လူတွေ မဟုတ်ဘူး။"
ချူးဟုန်ချိုင်သည် ချူးယွင်ဖန်းအပေါ် ယုံကြည်မှုရှိသော်လည်း အနည်းငယ်စိုးရိမ်နေဆဲဖြစ်သည်။ အဆုံးစွန်အားဖြင့်၊ စိန်ခေါ်မှုစာများပေးပို့ခဲ့သူအားလုံးသည် အလွန်ထူးချွန်သော ပါရမီရှိသော ထူးချွန်ထက်မြက်သော တပည့်များဖြစ်ကြသည်။
"အရေးမကြီးပါဘူး။ လီချန်းယွမ်ကို ရင်ဆိုင်ဖို့ ငါ့ရဲ့အစွမ်းသတ္တိကို ဖုံးကွယ်ထားခဲ့ပေမယ့် အခု သူက ဖန်ဆင်းရှင်အဆင့် ရောက်နေပြီဆိုတော့ လူတိုင်းက ငါ့ရဲ့အစွမ်းသတ္တိကို မြင်ချင်ကြတာမို့ သူတို့ကို ငါပြမယ်" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။
ချူးယွင်ဖန်းသည် သူ၏အစွမ်းသတ္တိကို ထုတ်ဖော်ပြသရန် မရည်ရွယ်ဘဲ လီချန်းယွမ်ကို အံ့အားသင့်စေလိုခဲ့သည်။ သို့သော် အစီအစဉ်များသည် ပြောင်းလဲမှုများနှင့်အညီ မလိုက်နိုင်ခဲ့ပေ။ ထိုသို့ဖြစ်သောကြောင့် သူ နောက်ထပ် ပုန်းနေရန် မလိုတော့ပေ။
"လီချန်းယွမ်!" ချူးဟုန်ချိုင် အံကြိတ်လိုက်သည်။
နောက်ပိုင်းတွင် သူသိလိုက်ရသည်မှာ ချူးမျိုးနွယ်စုသည် အခြားသူများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော်လည်း ချူးယွင်ဖန်းကို သတ်ရန် ထိုလူများကို အမိန့်ပေးခဲ့သူမှာ လီချန်းယွမ်ဖြစ်သည်။ ချူးယွင်ဖန်းကို မျှားခေါ်ရန် ထိုလူများသည် ချူးမျိုးနွယ်စုတစ်ခုလုံးကို သတ်ခဲ့ကြသည်။ ထို့ကြောင့် သူ၏တကယ့်ရန်သူမှာ လီချန်းယွမ်မှတပါး အခြားသူမဟုတ်ပေ။
သို့သော်လည်း ချူးဟုန်ချိုင်သည် သူ၏ခွန်အားဖြင့် လက်စားချေရန် မဖြစ်နိုင်ကြောင်း နားလည်သည်။ ထို့ကြောင့် သူ၏မျှော်လင့်ချက်အားလုံးကို ချူးယွင်ဖန်းအပေါ်တွင် ထားခဲ့သည်။
"စိတ်မပူပါနဲ့။ လီချန်းယွမ်က အနှေးနဲ့အမြန် ငါ့လက်ထဲမှာ သေရလိမ့်မယ်။ သူ့ကို နည်းနည်းလောက် ပိုအသက်ရှင်ပါစေ" ချူးယွင်ဖန်းက ချူးဟုန်ချိုင်၏ ပခုံးကို ပုတ်ပေး၍ သက်ပြင်းချလိုက်သည်။
"လူဘယ်နှစ်ယောက်က ငါ့ကို စိန်ခေါ်စာတွေပို့ထားလဲ။ ငါ့ကို ပြကြည့်"
ချူးယွင်ဖန်းသည် ချူးဟုန်ချိုင်ထံမှ စိန်ခေါ်မှုစာများကို ယူ၍ ပထမတစ်စောင်ကို ဖတ်လိုက်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းက ယဲ့ယင်
ထိုနာမည်က ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ နာမည်ကြီးးသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ သူ၏ ဂုဏ်သတင်းက အမျိုးသမီးတတပည့်များအနက် ပထမနေရာရခဲ့သည့် ကျန်းထိုင်ရွှမ်ထက်ပင် ပိုမြင့်သည်။
ယဲ့ယင်သည် တပည့်ကြီး ယန်တန့်ရှန်ပြီးလျှင် ဒုတိယနေရာရှိ ကြောက်မက်ဖွယ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူ၏ ကျင့်ကြံမှုအခြေခံက မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ စစ်မှန်သော တပည့်ကြီးငါးယောက်ရှိကာ ယဲ့ယင်က ဒုတိယနေရာ၌ရှိသည်။ အကြီးအကြများ များစွာထဲ၌ပင် သူနှင့်အတူ ပခုံးချင်းယှဥ်ရပ်နိုင်သူရှားပါးသည်။
ထိုသို့သောလူမျိုးကို ယန်တန်ရှန်ကို စိန်ခေါ်နိုင်သူအဖြစ် သတ်မှတ်ကြသည်။ အနာဂတ်တွင် သူသည် အမြင့်ဆုံးအကြီးအကဲများ၏ အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်လာလိမ့်မည်။ သူသည် ဒုတိယဂိုဏ်းခေါင်းဆောင် သို့မဟုတ် ဂိုဏ်းခေါင်းဆောင်ပင် ဖြစ်နိုင်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ၏ အာဏာဖွဲ့စည်းပုံမှာ ဂိုဏ်းခေါင်းဆောင်က အမြင့်ဆုံးဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်မှတပါး ဒုတိယဂိုဏ်းခေါင်းဆောင်အနည်းငယ်ရှိ၍ နောက်တွင် အထွတ်အထိပ်အကြီးအကဲများ၏ အဓိကအဖွဲ့နှင့် သာမန်အကြီးအကဲများအသီးသီးရှိကြသည်။
အမြင့်ဆုံးအကြီးအကဲအဖွဲ့၏ အဓိက အဖွဲ့ဝင်တစ်ယောက်ဖြစ်လာမှသာ ကြယ်ကြွေကောင်းကင်သို့ အမှန်တကယ်ဝင်ရောက်နိုင်ဟု သတ်မှတ်နိုင်လိမ့်မည်။ ၎င်းတို့က တရှအင်ပါယာတစ်ခုလုံး၏ အဖွဲ့ဝင်များဖြစ်ကြသည်။
ချူးယွင်ဖန်းက ယဲ့ယင်၏ စိန်ခေါ်ချက်ကို လက်ခံ၍ သုံးရက်အကြာ၌
လုပ်ရန် အချိန်သတ်မှတ်လိုက်သည်။ ထိုသတင်းက တစ်ညတည်းနှင့်ကြယ်ကြွေကောင်းကင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
ပါရမီရှင်စာရင်းကြောင့် ချူးယွင်ဖန်းသည် ဤကာလအတွင်း အဓိကအချက်အချာကျသူများထဲမှ တစ်ဦးဖြစ်ခဲ့သည်မှာ သံသယဖြစ်ရန်ပင်မလိုပေ။ ယဲ့ယင်၏ စိန်ခေါ်မှုကို သူလက်ခံလိုက်ခြင်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းသားအားလုံး၏ ခံစားချက်များကို ချက်ချင်းပင် နှိုးဆွပေးခဲ့သည်။
ကြီးကျယ်ခမ်းနားသော တပည့်ငါးဦးအနက် တစ်ဦးဖြစ်သည့် ယဲ့ယင်သည် ချူးယွင်ဖန်းကို စိန်ခေါ်ခဲ့သည်။ နှစ်ဖက်စလုံးသည် မာနကြီးသော ပါရမီရှင်များဖြကာ ယခု သူတို့တိုက်ခိုက်တော့မည်ဖြစ်သဖြင့် ဤသည်မှာ လူအများအပြားက စောင့်ကြည့်နေကြသည့် တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။
"ချူးယွင်ဖန်း ပြီးသွားပြီ။ သူက ပါရမီရှင်စာရင်းမှာ ပါဝင်နေပေမယ့် ဒီဂုဏ်ပုဒ်က သူထိန်းသိမ်းထားနိုင်တဲ့အရာ မဟုတ်ဘူး။"
"သူနဲ့မဆိုင်တဲ့ ဂုဏ်သိက္ခာကို ခိုးထားတာ အခု သူ့ကို စိန်ခေါ်တဲ့သူတွေထဲမှာ ဘယ်သူက နာမည်ကြီးပြီး အစွမ်းမရှိတဲ့လူရှိလဲ။ ဘယ်သူက သူ့ထက် ပိုအားမကောင်းတဲ့လူရှိလဲ”
"ဟုတ်တယ်။ ချူးယွင်ဖန်းရဲ့ ခွန်အားက အံ့သြဖို့ကောင်းတာမှန်ပါတယ်
ဒါပေမယ့် ပါရမီရှင်စာရင်းမှာ ပါဝင်ဖို့ကတော့ မဟုတ်သေးဘူးလ။ လူတွေအများကြီး ပါရမီရှင်တွေ အများကြီးရှိပေမယ့် လူ ၁၀၀ ပဲ ဒီအဆင့်မှာ ပါနိုင်တယ်။ သူ့မှာ အရည်အချင်း မရှိဘူး”
လူတိုင်းက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြကာ ချူးယွင်ဖန်းအပေါ် မည်သူမျှ အကောင်းမြင်စိတ် မရှိကြပေ။ သူ၏ တိုးတက်မှုက မြန်ဆန်လှသော်လည်း သူနှင့်အတွေ့အကြုံရင့်
ကျွမ်းကျင်သူများကြား၌ ကြီးမားသော ကွာဟချက်တစ်ခုရှိနေသေးသည်။
***
မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်သော ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ၏ တောင်ကြားချိုင့်ဝှမ်းတွင် တောင်ထောင်ပေါင်းများစွာနှင့် ချိုင့်ဝှမ်းထောင်ပေါင်းများစွာ ရှိသည်။ မြင့်မားသော သစ်ပင်များသည် မြေပြင်မှ ထိုးထွက်ကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ၎င်းတို့သည် တောင်များကို ထူထပ်စွာ ဖုံးအုပ်ထားသော ကောင်းကင်တိုင်များကဲ့သို့ ဖြစ်ကြသည်။
တောင်တန်းများရှိ တောင်ထိပ်တစ်ခုပေါ်တွင် လက်နှစ်ဖက်ကို နောက်ပြန်လှန်ကာ ရပ်နေသော လူရိပ်နှစ်ခုရှိသည်။ အဝေးသို့ကြည့်လိုက်လျှင် ၎င်းသည် ကျယ်ပြန့်သော နယ်မြေကြီးတစ်ခုဖြစ်သည်။ နှစ်ဦးစလုံးသည် ရွှေရောင်အနားသတ်များပါသော လရောင်ကဲ့သို့ဖြူဖွေးသော ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သို့သော် ပုံစံများသည် ရှုပ်ထွေးသည်။ ၎င်းတို့သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ စစ်မှန်သော တပည့်များ၏ အဝတ်အစားများဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။
၎င်းတို့ထဲမှ တစ်ယောက်က အသက် ၂၇ နှစ် ဒါမှမဟုတ် ၂၈ နှစ်မျှသာ ရှိပုံရသည်။
သူ့မျက်နှာက အဆီကင်း၍ မျက်ခုံးမွှေားများလည်း နားထင်ထိရောက်နေသည်။ ဤနေရာ၌ ကြယ်ကြွေကောင်းကင်ဂိုဏ်းတပည့်များသာရှိပါက သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အဓိကတပည့် ယန်တန့်ရှန်ဖြစ်သည်ကို မှတ်မိကြလိမ့်မည်။
---
အခန်း(၁၈၂၉) ချူးယွင်ဖန်း၏ ထိတ်လန့်ဖွယ် လွှမ်းမိုးမှု
ယန်တန့်ရှန်ဘေး၌ အသက်နှစ်ဆယ်နှောင်းပိုင်းအရွယ်လူတစ်ဦးရှိသည်။ သူသည် အရပ်ရှည်၍ သန်မာကာ ဓားအိမ်မှ ဖြုတ်ထားသော ဓားတစ်ချောင်းကဲ့သို့ ထက်မြက်သည်။
"ချူးယွင်ဖန်းကို စိန်ခေါ်ဖို့ ရည်ရွယ်ထားတယ်လို့ ကြားတယ်" ယန်တန်ရှန်က လူငယ်ကို လှမ်းကြည့်လိုက်သည်။
ထိုလူငယ်သည် ကြယ်ကြွေကောင်းကင်၏ အဓိကတပည့်ကြီးများထဲမှ တစ်ဦးဖြစ်သော ယဲ့ယင်ဖြစ်သည်။
"စိန်ခေါ်မှုလား။ စိန်ခေါ်မှု မဟုတ်ဘူး" ယဲ့ယင်က မျက်ခုံးပင့်လိုက်သည်။
"သူက ဂျူနီယာတစ်ယောက်ပဲ"
"ဒါပေမယ့် ဒီဂျူနီယာက မင်းထက် အဆင့်မြင့်တယ်" ယန်တန့်ရှန် ပြုံးလိုက်သည်။
"ငါ့ထက်လား ပါရမီရှင်စာရင်းမှာ သူတို့ အမှားလုပ်မိသွားတယ်ဆိုတာ ဆန်းကြယ်နန်းဆောင်ကို အသိပေးချင်တာ။" ယဲ့ယင်က လှောင်ပြောင်လိုက်သည်။
သူ့အဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦးအတွက် ပါရမီရှင်စာရင်း၌ မပါလျှင်ပင် အဆင်ပြေသည်။
သူ့ပေါ် သူ့ဂျူနီယာတစ်ယောက်က ရွေးချယ်ခံခဲ့ရသည်ဖြစ်ရာ ယင်းက အလွန်ရှက်စရာကောင်းလှသည်။
“ငါ့မှာ ပစ်မှတ်တစ်ခုပဲရှိတယ်၊ အဲ့တာ မင်းပဲ။" ယဲ့ယင်က ယန်တန့်ရှန်ကို ကြည့်လိုက်သည်။
"မင်းက ငါ့နဲ့ ယှဉ်နိုင်စရာမရှိဘူး၊ ဒါကြောင့် အချိန်မဖြုန်းနဲ့။ ငါ့မှာလည်း အချိန်အများကြီးမရှိဘူး။ ငါ သီးသန့်လေ့ကျင့်တော့မယ် ငါ့ကံကြမ္မာကို မချိုးဖောက်မချင်း ငါ ထွက်မလာဘူး။"
ယန်တန့်ရှန်က ယဲ့ယင်ကို လှမ်းကြည့်ကာ သူ့စကားများကို အလေးအနက်မထားပေ။ သူက အဆင့်နှစ်ဆယ်၌ရှိနေသော်လည်း ပါရမီရှင်စာရင်းထဲက အခြားသူများသည် လီချန်းယွမ်မှတပါး သူနှင့်မကွာလှပေ။ ထိပ်ဆုံးဆယ်ယောက်ပင် သူ့ကို အနိုင်ယူနိုင်မည်ဟု ပြောရဲမည်မဟုတ်ပေ။
"မင်းက အရင်လိုပဲ မာနကြီးနေတုန်းပဲ။"
ယဲ့ယင်က ထိုသို့ပြောလိုက်သော်လည်း သူ့အကန့်အသတ်ကို သူသိသည်။
မကြာသေးခင်ကမှ စကြဝဠာအဆင့်၏ ခုနစ်ဆင့်မြောက်ကို သူဝင်ရောက်ခဲ့ရာ ယန်တန်ရှန်ကမူ ထိုအဆင့်၌ အချိန်အတန်ကြာရှိနေခဲ့သည်။ သူက ခွန်အားကြီးသော်လည်း ၎င်းတို့ နှစ်ဦးကြားကွာခြားချက်က မကျဥ်းသွားခဲ့ပေ။
သူ အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။ လီချန်းယွမ်သည် ဖန်ဆင်းရှင်အဆင့်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် ပြင်းထန်သော ဒီရေလှိုင်းတစ်ခု ပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရသည်။
လူငယ်မျိုးဆက်၏ ထိပ်တန်းပါရမီရှင်များစွာသည် စတင်၍ သီးသန့်ကျင့်ကြံလာကြသည်။ ယင်းက ၎င်းတို့အတွက် ကြီးမားသော စမ်းသပ်ချက်တစ်ခုဖြစ်သည်။
"ချူးယွင်ဖန်းကို တခြားတစ်ယောက်ယောက်က အနိုင်ယူတာထက် မင်းလက်ချက်နဲ့ အနိုင်ယူတာက ပိုကောင်းတယ်။ အနည်းဆုံးတော့ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားတွေရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းပေးလိမ့်မယ်။ ဒါပေမယ့် မီးထဲက သစ်ကြားသီးတွေကို တခြားတစ်ယောက်အတွက် မယူသွားဖို့ ငါအကြံပေးတယ်" ယန်တန့်ရှန်က အကြံပေးသည်။
ယဲ့ယင်က မျက်ခုံးတစ်ဖက်ပင့်လိုက်၏။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကို ဆုံးမဖို့က မင်းတာဝန်မဟုတ်ဘူး။ ငါသူ့ကို အနိုင်ယူပစ်မယ်။ ပါရမီရှင်စာရင်းမှာ ငါနေရာတစ်ခု ရလိမ့်မယ်။ မင်း သွား သီးသန့်လေ့ကျင့်ချေ။ မင်းထွက်လာရင် ငါမင်းကို လိုက်မီသွားလိမ့်မယ်။" သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထဲကို ပျောက်ကွယ်သွားသည်။
ယန်တန့်ရှန် ခေါင်းခါလိုက်သည်။ သူ့အမြင်အရ ယဲ့ယင်၏ အခြေအနေက အလွန်သေးငယ်လွန်းသေးသည်။ ယဲ့ယင်သည် သူ့ထက် အဆင့်မနိမ့်ကြောင်း သက်သေပြရန် အလျင်စလိုဖြစ်နေသည်။ ဂိုဏ်း၏ အကြီးအကဲများသည် ချူးယွင်ဖန်းအပေါ် အထူးသဖြင့် ဂိုဏ်းခေါင်းဆောင်က အလွန်အကောင်းမြင်ကြကြောင်း ယန်တန့်ရှန် ကောင်းစွာသိသည်။ ထို့ကြောင့် ချူးယွင်ဖန်း ရှုံးနိမ့်သွားလျှင်ပင် သူ့လူမျိုးများလက်ချက်ဖြင့်သာ ရှုံးနိမ့်နိုင်သည်။
ယန်တန့်ရှန်က မလှုပ်ရှားပေ။ သူ့တွင် အချိန်မရှိ၊ လိုအပ်ချက်လည်းမရှိပေ။ သူက ပါရမီရှင်စာရင်း၏ ထိပ်ဆုံး ၂၀၌ပါဝင်ကာ ချူးယွင်ဖန်းသည်မူ အောက်ဆုံး၌ရှိနေသည်။
ထို့ကြောင့် ဤတာဝန်သည် ယဲ့ယင်၏ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။ သို့သော် လူအချို့သည် ဤအခွင့်အရေးကို အသုံးချကာ ယဲ့ယင်ကို ရှာခဲ့ကြကြောင်းလည်း သူသိသည်။ လူအချို့အတွက် အရေးယူရန် အဆင်မပြေသော်လည်း ယဲ့ယင်က လုပ်ဆောင်နိုင်သည်။ ဤလူများသည် ဂိုဏ်းသားများသာမက ပြင်ပမှပါ ဖြစ်ကြသည်။ ထို့ကြောင့်ပင် သူ သီးသန့်လေ့ကျင့်မှုမတိုင်ခင်ည၌ ယဲ့ယင်ဆီသို့ရောက်လာခြင်းဖြစ်သည်။ ယဲ့ယင်ကို မရေမရာ သတိပေးရန် သူကြိုးစားနေသော်လည်း ယဲ့ယင် နားလည်သည် နားမလည်သည်ကို သူမသိခဲ့ပေ။
သူက ယဲ့ယင်နှင့်မတူပေ။ သူသည် နောက်ထပ်ခိုင်းခေါင်းဆောင်ဖြစ်လာနိုင်ကာ ပြဿနာများအပေါ် သူ့အမြင်က ယဲ့ယင်၏ အမြင်နှင့်မတူပေ။ ခေါင်းဆောင်တစ်ယော်ကအနေဖြင့် အရာရာကို သည်းခံနိုင်ရပေမည်ဖြစ်သည်။
ချူးယွင်ဖန်း ပိုမိုသန်မာလေ၊ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ ပိုမိုအားကောင်းလေဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်အနေဖြင့် သူသည် သဘာဝအတိုင်း မျက်နှာသာပိုရလေဖြစ်သည်။ သူသည် သဘာဝအတိုင်း မိမိ၏ကိုယ်ကျိုးစီးပွားထက် ဂိုဏ်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ မဟုတ်ပါက ဂိုဏ်းတစ်ခုလုံးသည် ဆုတ်ယုတ်ပျက်စီးသွားမည်ဖြစ်ကာ မျိုးဆက်များစွာ ကြီးပွားတိုးတက်နိုင်မည်မဟုတ်ပေ။
ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် နှစ်ပေါင်းများစွာ ကြီးပွားတိုးတက်ခဲ့၍ ရင့်ကျက်သော ရွေးချယ်မှုစနစ်တစ်ခု ရှိသည်။ ဂိုဏ်းခေါင်းဆောင်အတွက် သီးခြားစံနှုန်းများ ရှိသည်။ သူသည် ၎င်းတို့ကို မလိုက်နာပါက ရာထူးမှ ဖယ်ရှားခံရနိုင်သည်။ သူလုပ်ချင်သည်ကို တကယ်လုပ်နိုင်မည် မဟုတ်ပေ။
သုံးရက်အကြာတွင်၊ ကြယ်ကြွေကောင်းကင်ဂိုဏ်းရှိ တောင်ထိပ်ပေါ်ရှိ တိုက်ခိုက်ရေးကွင်းတွင် လူများစုရုံးနေသည်။
ယင်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းပညာရှင်များကြား တိုက်ပွဲတစ်ခုဖြစ်သော်လည်း ကျွမ်းကျင်သူနှစ်ယောက် ပါဝင်ပတ်သက်ခဲ့သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ပညာရှင်များအားလုံး ထိုနေရာ၌ စုဝေးနေကြသည်။ တပည့်စစ်များသာ ထိုကိစ္စကို စိတ်ဝင်စားခြင်းမဟုတ်ဘဲ အကြီးအကဲများစွာကလည်း ထိုမကြုံစဖူးတိုက်ပွဲကို စိတ်ဝင်စားကြသည်။
တောင်ထိပ်ရှိ တိုက်ခိုက်ရေးကွင်းတစ်ဝိုက်၌ စစ်မှန်သောတပည့်များနှင့် အကြီးအကဲများစွာ စုဝေးနေကြသည်။ ဤလူစာရင်းသည် ပထမတန်းစားဂိုဏ်းများစွာနှင့် နှိုင်းယှဉ်ရန် လုံလောက်ပြီး ၎င်းတို့ကိုပင် ကြောက်လန့်စေခဲ့သည်။ ထိုအချိန်၌ ၎င်းတို့က ချူးယွင်ဖန်း၏ သြဇာကို တကယ် နားလည်နိုင်ခဲ့ကြသည်။ ထိုလူများရောက်လာရသည့်အကြောင်းက ယဲ့ယင်၏ နာမည်ကြောင့်သာမက ချူးယွင်ဖန်းကြောင့်လည်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူ၏ သြဇာသည် တပည့်စစ်တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် ယခင်ကနှင့်ကွာခြားလာသည်။
"တပည့်စစ်တွေ အများကြီးရောက်လာပြီ။ ငါ သူတို့ထဲက ၂၀ ကျော်ကို မှတ်မိတယ်။ တချို့လည်း မကြာခဏ ပေါ်လာလေ့မရှိလို့ သူတို့ကို မမှတ်မိဘူး။ အကြီးအကဲတွေလည်း အများကြီးရှိတယ်။ ဒီတိုက်ပွဲက တကယ်ကို ဆွဲဆောင်မှုရှိတယ်။"
"နှစ်ဖက်စလုံးက မရိုးရှင်းဘူး။ တစ်ဖက်မှာ ပါရမီရှင်စာရင်းမှာ အဆင့် ၁၀၀ ရှိတဲ့လူတစ်ယောက်ရှိပြီး တစ်ဖက်မှာတော့ ငါတို့ ကြယ်ကြွေကောင်းကင်ပညာရှင်တစ်ယောက်ပဲ။ စီနီယာကြီးပြီးရင် ဒုတိယနေရာမှာရှိတယ်”
"ဟုတ်တယ်။ ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ်။ ချူးယွင်ဖန်း ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ ကြည့်ကြရအောင်။"
အတွင်းစည်းတပည့်များစွာ၏ မျက်လုံးများပြူးကျယ်သွားကြသည်။ ယနေ့ သူတို့မြင်တွေ့ခဲ့ရသော တပည့်စစ်အရေအတွက်သည် သူတို့ဘဝတစ်လျှောက်လုံးတွင် မြင်တွေ့ခဲ့ရသည်ထက် ပိုများနေဖွယ်ရှိသည်။ အဆုံးစွန်အားဖြင့် အပြင်မှ ပြန်မလာနိုင်သူများနှင့် သီးသန့်လေ့ကျင့်မှုမှ ပြန်မထွက်လာနိုင်သူများမှလွဲ၍ စစ်မှန်သောတပည့်အများစု ရောက်ရှိလာခဲ့ကြသည်။ စစ်မှန်သောတပည့်များစွာကို တစ်ပြိုင်နက်တည်း မြင်တွေ့ရခြင်းမှာ ရှားပါးလှသည်။
လူအုပ်ထဲ၌ ယီယွင်ယောင်က တပည့်စစ်များကြား၌ရှိနေကာ အံ့သြနေမိသည်။
ချူးယွင်ဖန်း၏ နောက်ခံကို သူမထက် မည်သူမျှ ပိုမသိကြပေ။ သူသည် ဤကမ္ဘာမှလာခြင်းမဟုတ်သည့်အပြင် ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ဝင်သည်မှာလည်း မကြာသေးပေ။ သူသည် သူမနှင့် တန်းတူရပ်တည်နိုင်ရုံသာမက သူမထက်ပင် များစွာသာလွန်နေပြီဖြစ်သည်။ သူမသာ ဆိုပါက ထိုသို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဲမည်မဟုတ်ကြောင်း သူမသိသည်။
"ချူးယွင်ဖန်း ရောက်နေပြီ!" တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ လူအုပ်ကြီး ချက်ချင်း ဆူပူသွားကြသည်။
---
အခန်း(၁၈၃၀) သံမဏိလင်းယုန်နက်
လူတိုင်းက အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် တောင်စောင်းပေါ် လျှောက်လာသည်ကို မြင်လိုက်ရသည်။ တောင်တန်းထိပ်၌ရှိသော တိုက်ခိုက်ရေးကွင်းကိုတက်ရန် ကတ္တရာလမ်းမရှိသော်လည်း ယင်းက လူတိုင်းအတွက်မခက်ခဲပေ။ လူတိုင်း ပျံသန်းနိုင်သောကြောင့် လှေကားရှိမရှိက အရေးမကြီးပေ။
သို့သော် ချူးယွင်ဖန်း၏ အသွင်အပြင်မှာမူ ကွဲပြားသည်။ သူသည် ပါးလွှာသောလေထဲတွင် ခြေလှမ်းများဖြင့် လှေကားများကို တစ်လှမ်းပြီးတစ်လှမ်း တက်သွားသည်။ သူ့ခြေထောက်အောက်တွင် ကောင်းကင်သို့ တည့်တည့်တက်သွားသော လှေကားထစ်များ ရှိနေသကဲ့သို့ပင်။ သူသည် ခြံဝင်းတစ်ခုအတွင်း အေးအေးဆေးဆေး လမ်းလျှောက်နေသကဲ့သို့ပင်ထင်ရသည်။
တဖြည်းဖြည်းနှင့် ချူးယွင်ဖန်းသည် အားကစားကွင်းထဲသို့ လျှောက်သွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဤလူများထဲတွင် ယီယွင်ယောင် ကျန်းထိုင်ရွှမ်နှင့် ဟွားရှန်းယွမ်ကဲ့သို့ ရင်းနှီးနေသည့် လူများစွာကို သူမြင်လိုက်ရသည်။
ယခင်က ယီယွင်ယောင်၏ ကျင့်ကြံမှုအဆင့်ကို သူမမြင်နိုင်ခဲ့ပေ။ ယခုမူ သူမကို အလွယ်တကူ မြင်နိုင်ပြီဖြစ်သည်။ သူမက စကြဝဠာအဆင့်၏ ပဉ္စမအဆင့်ကို ရောက်နေပြီဖြစ်ကာ ဝမ်ယိဖန်ပင် သူမလက်ချက်နှင့်ရှုံးနိမ့်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ထိုအမြန်နှုန်းနှင့် သူမအတွက် စကြဝဠာအဆင့်၏ ခုနစ်အဆင့်ကို အချိန်တိုအတွင်း ကျင့်ကြံရန် မခက်ခဲပေ။
ခြောက်လကြာပြီးနောက်၊ ကျန်းထိုင်ရွှမ်သည် စကြဝဠာအဆင့်၏ သတ္တမအဆင့်သို့ နီးကပ်လာခဲ့သည်။ ထိုအတားအဆီးသည် စက္ကူပါးလွှာတစ်ခုကဲ့သို့ဖြစ်၍ ချူးယွင်ဖန်းသည် စကြဝဠာအဆင့်၏ သတ္တမအဆင့်သို့ရောက်ရှိရန် အချိန်အနည်းငယ်သာလိုတော့ကြောင်း ပြောနိုင်သည်။ အများဆုံးအားဖြင့် နောက်ထပ်တစ်လခန့် ကြာနိုင်သည်။
တစ်စုံတစ်ယောက်သည် သတ္တမမြောက် စကြဝဠာအဆင့်သို့ ဝင်ရောက်သွားသည်နှင့် ၎င်းတို့သည် တပည့်စစ်များအနက် အကောင်းဆုံးဖြစ်လာလိမ့်မည်။ ၎င်းတို့၏ ကျင့်ကြံမှုသည် သတ္တမအဆင့်သို့ မရောက်ရှိပါက တပည့်စစ်များကြား၌ အလွန်ထင်ရှားသော ခွဲခြားမှုမျဉ်းတစ်ကြောင်းရှိလာမည်။ ထိုအဆင့်သို့ ရောက်ရှိမှသာ ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိ၍ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်လာမည်ဖြစ်သည်။
သူ့ကို တကယ်အံ့သြစေခဲ့သည်မှာ ဟွားရှန်းယါမ်က ခြောက်လအတွင်း၌ စကြဝဠာအဆင့်သို့ရောက်ရှိသွားခြင်းပင်ဖြစ်သည်။ သူက ပထမအဆင့်၌သာရှိသေးသော်လည်း သူ့တွင် စကြဝဠာအဆင့် အရှိန်အဝါက တည်ငြိမ်နေသည်။ သူက ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ အလွယ်တကူ ပြန်မကျနိုင်ပေ။
သို့သော်လည်း ဟွားရှန်းယွမ်တွင် ဘုရင်တစ်ပါးနှင့်ထိုက်တန်သော လေဝိညာဉ်ခန္ဓာကိုယ်ရှိကြောင်း သူမှတ်မိသည်။ စကြဝဠာအဆင့်သို့ ရောက်ရှိခြင်းသည် အဆုံးမဟုတ်ပေ။ ဘုရင်တစ်ပါးအတွက် ဤသည်မှာ အစသာဖြစ်သည်။ ထို့အပြင် တပည့်စစ်များနှင့် အကြီးအကဲများစွာ စုဝေးခဲ့ကြသည်။ သို့သော် ၎င်းတို့အများစုမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှဖြစ်သည်။ အခြားဂိုဏ်းများမှ အနည်းငယ်သာရှိသည်။ အချိန်မလုံလောက်သောကြောင့် လူအများအပြားသည် အချိန်မီမရောက်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် လူအုပ်ကို စောင့်ကြည့်နေစဉ် လူအုပ်ကလည်း သူ့ကို စောင့်ကြည့်နေသည်ကို မသိခဲ့ပေ။ အထူးသဖြင့် ဟွားရှန်းယွမ်၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေသည်။ သူ၏ လေ့ကျင့်မှုတိုးတက်မှုသည် နှေးသည်ဟု မဆိုနိုင်ပေ။ ထိုအချိန်က သူနှင့် ချူးယွင်ဖန်းတို့သည် ထိပ်တန်းတပည့်များ ဖြစ်လာခဲ့ကြသည်။ နှစ်နှစ်အကြာတွင် ချူးယွင်ဖန်းသည် တပည့်စစ်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုကဲ့သို့သော လေ့ကျင့်မှုအမြန်နှုန်းသည် ဒုံးပျံတစ်စင်းကို စီးနင်းရသကဲ့သို့ ဖြစ်သည်။ ပုံမှန်အားဖြင့် သူသည် အတောက်ပဆုံး ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ဖြစ်လာလိမ့်မည်။ အမှန်တကယ်တွင် သူသည် ပါရမီရှင်စာရင်းရှိ ထိုပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်သည်ဟုပင် ယုံကြည်ခဲ့သည် သို့မဟုတ် သူ့ခြေအောက်တွင်ပင် သူတို့ကို နင်းခြေနိုင်သည်ဟုပင် ယုံကြည်ခဲ့သည်။
အတွင်းစည်းတပည့်ပြိုင်ပွဲကတည်းက ဟွားရှန်းယွမ်က ချူးယွင်ဖန်းကို သူ၏ အကြီးမားဆုံးပြိုင်ဘက်အဖြစ်သတ်မှတ်ခဲ့သည်။ အနာဂတ်၌ သူသည် ပါရမီရှင်စာရင်းထဲမှ ပါရမီရှင်များနှင့်ယှဥ်ပြိုင်နိုင်မည်ဖြစ်ကာ ချူးယွင်ဖန်းက လက်ရှိ ပါရမီရှင်များနှင့် ယှဥ်ပြိုင်နိုင်မည်ဖြစ်ကာ ချူးယွင်ဖန်းက လက်ရှိ ပါရမီရှင်စာရင်းထဲ၌ပါဝင်နေသည်။ နှစ်ဖက်ကြားက ကွာခြားချက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှင်းရှင်းလင်းလင်း သိနိုင်သည်။ သူမည်မျှပင် မလိုလားစေကာမူ ၎င်းတို့နှစ်ဦးကြားမှ ကွာဟချက်ကို သူနားလည်သည်။
သို့သော်လည်း သူ့ကိုယ်သူ ယုံကြည်မှု မဆုံးရှုံးခဲ့ပေ။ သူ၏ ဘုရင်ခန္ဓာကိုယ်သည် အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါးဖြစ်ပြီး အနာဂတ်တွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။ ခဏတာ နောက်ကျကျန်ခဲ့မည်ကို သူ စိတ်ဓာတ်ကျနေသော်လည်း လုံးဝလက်မခံနိုင်ခြင်းမျိုးမဟုတ်ပေ။
"ဒါ ချူးယွင်ဖန်းလား။ သူတကယ်လာတာပဲ။"
"သူတို့က ကြိုတင်ပြင်ဆင်ထားပုံရတယ်။ ဒါက ကြီးမားတဲ့တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်။"
"ဝမ်ယိဖန်ကို သူအနိုင်ယူတုန်းက ချူးယွင်ဖန်းက သူ့ရဲ့အစွမ်းအစကို အပြည့်အဝ မသုံးခဲ့ဘူးလို့ ငါကြားတယ်။ သူ့ရဲ့ တကယ့်အမြတ်အစွန်းက ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် ယဲ့ယင်ကို ရင်ဆိုင်ရရင်တော့ သူ့ရဲ့အစွမ်းအစကို အပြည့်အဝသုံးရလိမ့်မယ်။ မဟုတ်ရင် သူမြန်မြန် ရှုံးနိမ့်သွားလိမ့်မယ်။"
"ဘာပဲဖြစ်ဖြစ်၊ ဒါက ပါရမီရှင်စာရင်းရဲ့ အဆင့်သတ်မှတ်ချက်နဲ့ ဆက်စပ်နေတယ် မဟုတ်လား။ နောက်ဆုံးနေရာတောင် ဂုဏ်ယူစရာပဲ။"
ချူးယွင်ဖန်းရောက်ပြီး မကြာခင်၌ ကောင်းကင်မှ ပုံရိပ်တစ်ခု အပြေးအလွှားပြေးလာသည်ကို သူမြင်လိုက်ရသည်။ ကောင်းကင်၌ ဧရာမငှက်ကြီးတစ်ကောင် ပျံဝဲနေသည်ကို သူမြင်လိုက်ရသည်။ ယင်းက လုံးဝ မည်းနက်နေကာ ဧကရာမ လင်းယုန်ငှက်ကြီးတစ်ကောင်ကဲ့သို့ပင်ဖြစ်၍ သူ၏ အတောင်မာျးသည် မီတာတစ်ရာကျော်ရှည်သည်။ ယင်းက ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ဖြစ်ကြောင်းသေချာသည်။
ဧရာမလင်းယုန်ငှက်၏ အပေါ်၌ လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်ထားကာ လူတစ်ယောက် မတ်တပ်ရပ်နေသည်။
“ယဲ့ယင်ရောက်ပြီ”
ဧရာမလင်းယုန်ကိုမြင်သေသာအခါ မည်သူဖြစ်ကြောင်း လူတစ်ယောက်ကသိလိုက်သည်။
"ယဲ့ယင်ပဲ အဲ့တာ ဒဏ္ဍာရီလာ သံမဏိလင်းယုန်နက်ထင်တယ်။ ကျွတ် ကျွတ်
ဒီရက်စက်ကြမ်းကြုတ်တဲ့ သားရဲမှာ ရှေးသားရဲ သွေးမျိုးဆက်ရှိတယ်။ ဒီလောက်ထိပ်တန်း နတ်ဆိုးငှက်ကို နှိမ်နင်းဖို့က မဖြစ်နိုင်သလောက်ပဲ။"
"ဟုတ်တယ်။ ဒီလိုနတ်ဆိုးငှက်မျိုးက မာနကြီးပြီး ဝေးဝေးနေတတ်တယ်။ ဘယ်သူမှ ယဉ်ပါးအောင် လုပ်နိုင်စရာမရှိဘူး။ ဥဖြစ်ကတည်းက ပြုစုပျိုးထောင်ပြီး အတူတူကြီးပြင်းလာတာမဟုတ်ရင် သူတို့ စိတ်ချင်းဆက်သွယ်လို့ မရဘူး"
"ယဲ့မျိုးနွယ်စုခေါင်းဆောင်က နတ်ဆိုးနယ်မြေထဲကို နက်နက်ရှိုင်းရှိုင်းဝင်ရောက်ပြီး သေရေးရှင်ရေးအခြေအနေတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ကြားတယ်။ နောက်ဆုံးမှာတော့ သူနဲ့အတူ ခရီးသွားခဲ့တဲ့ ယဲ့မျိုးနွယ်စု ကျွမ်းကျင်သူများသည် အကြီးအကျယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်။ သူတို့အားလုံးသေသွားကြပြီး ခေါင်းဆောင်ပဲကျန်ခဲ့တာ။ အဲ့တာကြောင့် ယဲ့ယင်လိုမျိုးပါရမီရှင်တစ်ယောက်ကို ယဲ့မျိုးနွယ်စုက အစွမ်ကုန်ပျိုးထောင်ချင်ကြတယ်”
လူများစွာက ယဲ့ယင်နှင့်သံမဏိလင်းယုန်နက်တို့၏ ဒဏ္ဍာရီကို ကြားဖူးကြကာ ယဲ့မျိုးနွယ်စုကလည်း ထိုဇာတ်လမ်းကို ဘယ်သောအခါကမျှ မကန့်ကွက်ခဲ့ကြပေ။ ယဲ့ယင်ကလည်း ယဲ့မျိုးနွယ်စုကို စိတ်မပျက်စေခဲ့ပေ။ သူသည် ငယ်ရွယ်စဥ်ကတည်းက ကြယ်ကြွေကောင်းကင်သို့ဝင်ရောက်၍
မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့သည်။
လူတိုင်းက ထို သံမဏိလင်းယုန်နက်ဆီမှ ဖိနှိပ်နေသော ဖိအားကို ခံစားမိနိုင်ကာ ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်ကို ရင်ဆိုင်နေရသည့်အလားခံစားလိုက်ရသည်။
" စကြဝဠာအဆင့် သတ္တမအဆင့်" ချူးယွင်ဖန်းက တွေးတောလိုက်သည်။
သူ့အကြည့်က ယဲ့ယင်နှင့် သံမဏိလင်းယုန်နက်ဆီသို့ကျရောက်သွားသည်။ လူနှင့်သားရဲနှစ်ဦးလုံးက စကြဝဠာအဆင့်သတ္တမအဆင့်၌ရှိနေကြသည်။ ယဲ့ယင်၏ ကျင့်ကြံမှုအခြေခံက ခိုင်မာရုံသာမက သံမဏိငှက်နက်၏ ကျင့်ကြံမှုအခြေခံကလည်း သူ့ထက် လုံးဝ မနိမ့်ကျပေ။
သံမဏိလင်းယုန်နက်မျိုးနွယ်စုသည် ကျယ်ပြောလှသော နတ်ဆိုးနယ်မြေထဲမှ ကောင်းကင်အရှင်သခင်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့က အလွန်ကြောက်မက်ဖွယ်နတ်ဆိုးငှက်များဖြစ်သည်။ ထို သံမဏိလင်းယုန်မျိုးနွယ်တစ်ခုတည်းကပင် တက်ရောက်လာသော ကျွမ်းကျင်သူ ၉၉% ထက် များစွာ ပို အစွမ်းထက်သည်။
---