အခန်း (၁၈၃၁-၁၈၃၃)
Vol. 123 Ch. 1831-1833
အခန်း(၁၈၃၁) ငါက ထိုက်တန်တယ်ကွ
ဤသည်က ယဲ့ယင်း၏ ယုံကြည်မှုအရှိဆုံးအရာဖြစ်နိုင်သည်။ သူ၏ နတ်သားရဲသည် တပည့်စစ်အများစုထက် ပိုမို စွမ်းသည်။
ယဲ့ယင်က ချူးယွင်ဖန်းကို အပေါ်စီးမှ ကြည့်နေ၏။
"ငါ့ရဲ့အစွမ်းကို မင်းသိရင် လက်နက်ချလိုက်။ မင်းမှာ ဝမ်ယိဖန်ကို အနိုင်ယူနိုင်တဲ့ အစွမ်းရှိပေမယ့် ဝမ်ယိဖန်နဲ့ ငါနဲ့က အဆင့်မတူဘူးကွ။ ငါသူ့ကို သတ်ချင်ရင် သူ သုံးချက်တောင် မခံနိုင်ဘူး"
ယဲ့ယင်က လက်နှစ်ဖက်ကို နောက်ကျော၌ ယှက်ထားလျက် ရပ်နေသည်။
သူ့မျက်နှာအမူအရာ ယုံကြည်မှုအပြည့်ရှိနေကာ ချူးယွင်ဖန်းကိုလုံးဝဂရုမစိုက်ပေ။
သူက ချူးယွင်ဖန်းကို အလွယ်တကူအနိုင်ယူနိုင်သော်လည်း အခိုင်အမာ စိန်ခေါ်ရသေးသည်။ သူ့အနေနှင့် ချူးယွင်ဖန်းကို လူတိုင်းရှေ့၌ အနိုင်ယူကာ ပါရမီရှင်စာရင်း၌ မပါလာခြင်းက အမှားတစ်ခုဖြစ်ကြောင်း ကမ္ဘာကို သက်သေပြရန်ဖြစ်သည်။ စာရင်းထဲ သူမရှိခဲ့လျှင် အဆင်ပြေသေးသော်လည်း ချူးယွင်ဖန်း ပါနေခြင်းက ကြီးမားသော အမှားတစ်ခုပင်မဟုတ်ပေလော။
"မင်း အဲ့လောက်တောင် ယုံကြည်မှုရှိလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ယုံကြည်မှုမဟုတ်ဘူး၊ ခွန်အားပဲ" ယဲ့ယင်က ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"ဆန်းကြယ်နန်းဆောင်ကတောင် အမှားလုပ်တတ်တယ်။ အေး ငါက အဲ့အမှားကို ပြင်ပေးဖို့ လာခဲ့တာ"
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
"ထိပ်ဆုံးကိုရောက်ဖို့ ငါ့ကို ချနင်းချင်တာလား။ ကောင်းပြီ၊ ငါ့ရဲ့ဂုဏ်သိက္ခာကို တည်ဆောက်ဖို့ မင်းကိုအသုံးချချင်တာက တိုက်ဆိုင်မှုတစ်ခုပဲ။ ငါက ပါရမီရှင်စာရင်းမှာ အဆင့်သတ်မှတ်ခံရထိုက်တယ်။"
ချူးယွင်ဖန်းက ထင်ရှားကျော်ကြားလာခြင်းကို မကြိုက်သော်လည်း သူ့ကိုယ်သူတော့ ယုံကြည်ချက်ရှိသည်။ ပြိုင်ဘက်များစွာကို အနိုင်ယူနိုင်သည့်အရှိန်အဟုန်မရှိပါက ထိုအဆင့်သို့ရောက်ခဲ့မည်မဟုတ်ပေ။
ယဲ့ယင်နှင့် ချူးယွင်ဖန်းက အတူတူပင်ဖြစ်သည်။
"ကောင်းတယ်။ မင်းကိုယ်မင်း သက်သေပြဖို့ ငါ့ကို အသုံးချချင်တာလား"ယဲ့ယင်က လှောင်ရယ်လိုက်သည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်း၌ပင် သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ကာ သံမဏိလင်းယုန်နက်ပေါ်သို့ ရပ်လိုက်သည်။
ဘမ်း
ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် အံ့မခန်းအမြန်နှုန်းဖြင့် လှုံ့ဆော်ခံနေရသည်ကို လူတိုင်းခံစားလိုက်ရသည်။ မူလက မျက်စိဖြင့်မမြင်နိုင်သော ဝိညာဉ်စွမ်းအင်သည် ယခုအခါ မျက်စိဖြင့်မြင်နိုင်သော လေစီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ လေထဲတွင် ၎င်းသည် ကောင်းကင်မှ ဧရာမလက်ကြီးတစ်ခုသည် ချူးယွင်ဖန်းထံ ရုတ်တရက် ဆွဲယူလိုက်သကဲ့သို့ ရှိနေသည်။
‘ဒါက ကြယ်ကြွေကောင်းကင်လက်ဝါးချက်ပဲ’
တပည့်စစ်များနှင့် အကြီးအကဲများစွာသည် ယဲ့ယင်သုံးလိုက်သည့် သိုင်းကွက်ကို မှတ်မိကြသည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်လက်ဝါးသိုင်းဖြစ်သည်။ ၎င်းတို့အများစုသည် တူညီသော သိုင်းပညာကို လေ့ကျင့်ခဲ့ကြသော်လည်း ၎င်းတို့သုံးနိုင်သည့် စွမ်းအားကမူ ဤလှုပ်ရှားမှု၏ သုံးပုံတစ်ပုံပင်မရှိပေ။ အချို့လူများက ၎င်းတို့အသုံးပြုခဲ့သော ကြယ်ကြွေကောင်းကင်လက်ဝွးချက်သည် ဤတိုက်ခိုက်မှု၏ ၁%အောက်သာရှိသည်ဟုပင် ခံစားကြရသည်။
ကောင်းကင်တစ်ခုလုံး တုန်ခါနေသည်။ ယဲ့ယင်သည် ကောင်းကင်နှင့် မြေကြီးကို ပေါ့ပေါ့ပါးပါး လှုပ်ခတ်စေ နိုင်သည်။
သို့သော်လည်း ချူးယွင်ဖန်းက မလှုပ်ရှားခဲ့ပေ။ ကြောက်မက်ဖွယ်ကောင်းသော လက်တစ်ဖက်က သက်ဆင်းလာသောကြောင့်ဖြစ်ပေါ်လာသည့် လေစီးကြောင်းများသည် သူ့အဝတ်အစားများကို လွင့်စင်သွားစေသည်။ သူသည် ကောင်းကင်တစ်ခွင်ပြည့်သွားစေသည့် မိုးကြိုးကို ဖန်တီးလိုက်သည်။ မိုးကြိုးသည် ရှေးဟောင်းဓားရှည်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူပြင်းထန်စွာဝှေ့ယမ်းလိုက်သောအခါ ချက်ချင်းပင် ဓားက ကြယ်ကြွေကောင်းကင်လက်ဝါးသိုင်းကို ခုတ်ပိုင်းလိုက်သည်။
ဘမ်း
ထိတ်လန့်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုသည် ဧရာမလေတိုင်ကြီးတစ်ခုကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကြယ်ကြွေကောင်းကင်လက်ဝါးချက်ကို ပေါက်ကွဲထွက်သွားစေသည်။
တစ်ချက်တည်းသော တိုက်ခိုက်မှု၏ စွမ်းအားသည် အမှန်တကယ်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသဖြင့် လူတိုင်း အံ့သြတကြီးဖြစ်ကုန်သည်။
အဝေးမှကြည့်နေသော ဒြပ်မဲ့ကျွမ်းကျင်အဆင့်တပည့်များ၏ မျက်နှာအမူအရာများပြောင်းလဲသွားကြသည်။ ၎င်းတို့ စိတ်ကူးပင် မယဥ်ရဲကြပေ။ ဤသည်က လူသားတစ်ယောက်လုပ်နိုင်သည့်အရာပေလော။ သို့မဟုတ် တပည့်စစ်ဖြစ်ပြီးနောက် ဤမျှထိ အင်အားကြီးလာနိုင်သည်လော။
"လွန်ခဲ့တဲ့ လအနည်းငယ်က ချူးယွင်ဖန်းက ဝမ်ယိဖန်ကို သတ်လိုက်တဲ့အချိန်မှာ ဝမ်ယိဖန်က နတ်ဆိုးတစ်ကောင် ဖြစ်လာပြီး ဝမ်ယိဖန်ရဲ့ ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အချိန်ထိ သူက တည်ငြိမ်နေတုန်းပဲ။
အဲ့တုန်းက ဝမ်ယိဖန်က သူ့ကို ခွန်အားအပြည့်သုံးအောင်တောင် ဖိအားမပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီလအနည်းငယ်အတွင်းမှာ ချူးယွင်ဖန်းက ပိုပြီး သန်မာလာပုံရတယ်။ အဲ့တိုက်ပွဲကို ငါကိုယ်တိုင် မြင်ခဲ့ရတယ်။ အဲ့တုန်းက သူ့မှာ ဒီလို ခွန်အားရှိခဲ့မယ်ဆိုရင် ဝမ်ယိဖန်က နတ်ဆိုးတစ်ကောင်မဖြစ်လာခင်တင် သေသွားလောက်တယ်” လအနည်းငယ်က တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသော တပည့်စစ်တစ်ဦးကပြောလိုက်သည်။
လအနည်းငယ်ကပဲဖြစ်စေ ယခုဖြစ်စေ ချူးယွင်ဖန်း၏ ခွန်အားသည် သူမယှဥ်နိုင်သော အရာဖြစ်သော်လည်း ခွန်အားကွာဟချက်ကို ပြောနိုင်သေးသည်။
“ယဲ့ယင်က ပေါ့ပေါ့ပါးပါးပဲ တိုက်ခိုက်တာ။ နှစ်ဖက်စလုံးက စမ်းသပ်အဆင့်မှာပဲ ရှိသေးတယ်။ ယဲ့ယင်ရဲ့ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုက သာမန်တပည့်တစ်ယောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေနိုင်တယ်။ သူ့ခြေအောက်က သံမဏိလင်းယုန်နက်က တိုက်ပွဲမှာ မပါသေးဘူး။ ချူးယွင်ဖန်းက ထိပ်တန်းတပည့်နှစ်ယောက်နဲ့ တစ်ယောက်တည်း တိုက်ခိုက်နေတယ်လို့ ပြောလို့ရတာမို့ သူနိုင်ဖို့ အခွင့်အလမ်းမရှိဘူး” တစ်စုံတစ်ယောက်က ပြောသည်။
လူတိုင်း ခေါင်းညိတ်ကြသည်။ သံမဏိလင်းယုန်နက်တိုက်ပွဲတွင် ပါဝင်ခြင်းနှင့်ပတ်သက်၍ မည်သူမျှ မှားယွင်းသည်ဟု မခံစားရပေ။ ဤကမ္ဘာတွင် သားရဲများကို ယဉ်ပါးအောင် အထူးလေ့ကျင့်ထားသော ကျွမ်းကျင်သူများ ရှိသည်။ ၎င်းတို့ကိုယ်တိုင်အတွက် အစွမ်းထက်သော သားရဲများကို ယဉ်ပါးအောင် လုပ်ဆောင်ခြင်းသည်လည်း နည်းလမ်းတစ်ခုဖြစ်သည်။ မည်သူမျှ ၎င်းသည် မတရားသော အောင်ပွဲဟု မခံစားရပေ။
လူသားများက သားရဲများနှင့်ကွာခြားရသည့်အကြောင်းအရင်းမှာ လူသားများသည် ၎င်းတို့ သန်မာလာစေနိုင်သည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသောကြောင့်ဖြစ်သည်။
ကိရိယာအမျိုးမျိုးနှင့် လောကီပိုင်ဆိုင်မှုအမျိုးမျိုးက အတူတူပင်ဖြစ်သည်။ တစ်ဖက်တွင်မူ ဉာဏ်ရည်မရှိသော သားရဲများသည် ၎င်းတို့ ခန္ဓာကိုယ်၏ အစွမ်းသတ္တိကိုသာ အားကိုးနိုင်ကြသည်။ ကြီးမားသော ကန့်သတ်ချက်များရှိသည့်တိုင် ဉာဏ်ရည်က အကြီးမားဆုံးသော အားသာချက်ဖြစ်၏။
“ယဲ့ယင် မင်းဒီအဆင့်မှာ အနိုင်ရဖို့ အခွင့်အရေးမရှိဘူး၊ ဒါကြောင့် စစ်ဆေးစရာမလိုဘူး" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။ ယဲ့ယင်က ရေကို စမ်းသပ်နေခြင်းဖြစ်သကဲ့သို့ စစ်မှန်သော သိုင်းကွက်ကို မသုံးခဲ့သည်ကို သူသိသည်။
ယဲ့ယင်က အေးစက်စွာ ပြုံးလိုက်သည်။
"ဒီတိုက်ခိုက်မှုကို မင်းခံနိုင်ရည်ရှိမယ်လို့ ငါမထင်ထားဘူး။ ဝမ်ယိဖန်ကို အနိုင်ယူပြီး အကြီးအကဲကျန်းဝမ်အန်ကို ဒဏ်ရာရစေခဲ့တာ မင်းကံကောင်းလို့တော့မဟုတ်ဘူးပဲ။ ဒါဆိုရင် တကယ်တိုက်ကြတာပေါ့ကွာ” သူ့မျက်လုံးများသည် ထက်မြက်သော အလင်းရောင်တို့ဖြင့် တောက်ပသွားသည်။
ဘမ်း
သူ ထပ်တိုက်ခိုက်ပြန်သည်။ ကြယ်ကြွေကောင်းကင်လက်ဝါးသိုင်းဖြင့် ထပ်တိုက်ခိုက်ပြန်သော်လည်း ထိုတိုက်ခိုက်မှု၏ စွမ်းအားက ယခင်ကထက် ဆယ်ဆကျော် ပိုမိုသန်မာလာသည်။ ယင်းက သူ၏ စစ်မှန်သော စကြဝဠာသတ္တမအဆင့်အစွမ်းသတ္တိပင်ဖြစ်သည်။
ကောင်းကင်က တစ်ဖန်ပြန်လည်တုန်ခါသွားသည်။ ကောင်းကင်တွင် သားရဲကြီးတစ်ကောင် ကြမ်းတမ်းစွာလဲလျောင်းနေသည်ဟု လူတိုင်းခံစားလိုက်ရသကဲ့သို့ ကောင်းကင်နှင့်မြေကြီးကြားရှိ လေစီးကြောင်းသည် ပြင်းထန်စွာတုန်ခါသွားသည်။ ဤတိုက်ခိုက်မှု၏ စွမ်းအားသည် အလွန်ပြင်းထန်လွန်းသောကြောင့် လူတိုင်း၏မျက်နှာများ ပြာနှမ်းသွားသည်အထိ ကြောက်ရွံ့သွားကြသည်။
"ကြယ်ကြွေကောင်းကင် မဟာလက်ဝါးသိုင်း … ချူးယွင်ဖန်း မင်းတော့ ရှုံးတော့မယ်”
---
အခန်း(၁၈၃၂) ယဲ့ယင် ဒဏ်ရာရပြီ
ထိုကြယ်ကြွေကောင်းကင်လက်ဝါးသိုင်းက ယခင်ကနှင့်လုံးဝကွာခြားသည်။
ထိုတိုက်ခိုက်မှုက ယဲ့ယင်၏ နတ်စွမ်းအားများပါဝင်ကာ ထိုက်တောင်ကို ဖိနှိပ်ထားသကဲ့သို့ပင်ဖြစ်သည်။ ထိုကြီးမားသော လက်က ယခင်ကထက် များစွာသေးငယ်၍ အရွယ်အစားက ထက်ဝက်ပင်မပြည့်သော်လည်း စွမ်းအားက ဆယ်ဆတိုးလာသည်။
"အရမ်းအစွမ်းထက်တာပဲ... ဒါက တပည့်စစ်တစ်ယောက်ရဲ့ စစ်မှန်တဲ့အစွမ်းပဲ။ ဒီလှုပ်ရှားမှုတစ်ခုတည်းနဲ့တင် စီနီယာယီလည်း ပါရမီရှင်စာရင်းမှာ ပါသင့်တယ်"
"ဟုတ်တယ်၊ စာရင်းကို အဆင့်မှားတင်ထားတာ ဖြစ်ရမယ်။"
"ပါရမီရှင်စာရင်းကို ပြန်လည်စီစဉ်မယ့်နေ့က ဒီနေ့ပဲ "
လူများစွာက အော်လိုက်ကြသည်။ ဤလူများအားလုံးသည် ယဲ့ယင်ကိုထောက်ခံကြသူများဖြစ်ကြသည်။ ယဲ့ယင်သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ရာ ခိုင်မာသော အခြေခံအုတ်မြစ်ရှိသည်။ သူ့တွင် ထောက်ခံသူ မည်မျှရှိသည်ကို မသိရသော်လည်း ယခု ယဲ့ယင်၏ စစ်မှန်သော ခွန်အားကို မြင်သောအခါ သူတို့ ချက်ချင်း အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း ချူးယွင်ဖန်းသည် ကြောက်ရွံ့ခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်ရှိ အပေါက်တိုင်းနီးပါးသည် ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကြိုးစွမ်းအင်များကို ထုတ်လွှတ်နေသည်။ ၎င်းသည် မိုးကြိုး၏ အစွမ်းဖြစ်၍ ဤရတနာဓားသည် ယှဉ်နိုင်စရာမရှိသော ဧရာမမိုးကြိုးဓားခုနှစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းက မိုးကြိုးခရမ်းဓားဂိုဏ်း၏ အမွေအနှစ်ဖြစ်သော မိုးကြိုးခရမ်းဓားခုနှစ်စင်းဖြစ်ကာ ပညာရှင်ကြီးများသာ သင်ယူနိုင်သည်။
ဘမ်း
ဓားများသည် လျှပ်စီးကြောင်းကဲ့သို့ အလျင်မြန်ဆုံး ထိုးထွက်ကာ ကြယ်ကြွေကောင်းကင်ရိုက်ချက်ကို ထိမှန်သွားသည်။ ဓားအလင်းရောင်သည် သတ္တုနှင့် ကျောက်တုံးများကို ဖြတ်တောက်သကဲ့သို့ အရာအားလုံးကို ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်လက်ဝါးသိုင်းကို ထက်ခြမ်းခြမ်းလိုက်သည်။
ဘမ်း
ကြယ်ကြွေကောင်းကင်လက်ဝါးချက်က ထက်ခြမ်းကွဲသွားသည်။ မရေမတွက်နိုင်အောင်များပြားလှသည့် ဝိညာဉ်စွမ်းအင်များသည် တစ်စုံတစ်ရာသော စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားသကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် ဝိညာဉ်စွမ်းအင်များကို စတင်၍ ပျံ့နှံ့စေခဲ့ရာ ဝိညာဉ်စွမ်းအင်များလွန်းသောကြောင့် အရည်ပျော်သွားခဲ့သည်။ ဤထိပ်တိုက်တွေ့မှုသည် ယခင်ကထက် ဆယ်ဆပိုမိုကြောက်မက်ဖွယ်ကောင်းသည်။ နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများ၏ အင်အားသည် အတိတ်က တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်၍မရပေ။
သို့သော်လည်း ဤတိုက်ခိုက်မှုကို ချူးယွင်ဖန်းက တားဆီးပြီးနောက် ယဲ့ယင်က အော်လျက် လေထဲသို့ ပျံတက်ကာ ခြေတစ်ဖက်ဖြင့် နင်းခြေလိုက်သည်။
“မီးဝိဉာဥ်ခြေနင်းချက်”
ယဲ့ယင်၏ ခြေထောက်ပေါ်၌ မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များ စုဝေးလာသည်။ လေသည် မီးကို ပြင်းထန်စွာလောင်ကျွမ်းစေရန် ကူညီပေးနေသကဲ့သို့ တောက်လောင်လျက်ရှိရာ ၎င်းက ကောင်းကင်ထောက်တိုင်တစ်ခုအဖြစ် ပြောင်းလဲ၍ လဲကျသွားသည်။
အားကစားကွင်းအတားအဆီးကြောင့် ၎င်းတို့ ပိတ်ပင်ခံထားကြရသော်လည်း လူများစွာက နောက်ဆုတ်သွားကြသည်။ အပူလှိုင်းတစ်ခုက ၎င်းတို့ဆီသို့လာနေသည်ကို ခံစားလိုက်ကြရ၏။ ထို့အထဲ၌ပါသော ကြောက်မက်ဖွယ်စွမ်းအားက ၎င်းတို့ကို တုန်လှုပ်စေသည်။ အတားအဆီးမရှိပါက ၎င်းတို့ တတ်နိုင်သလောက် ပြေးကြမည်မှာ သေချာသည်။
"ဒါက တကယ့် စွမ်းအားရဲ့ အထွတ်အထိပ်ပဲ။ ငါတို့လည်း စကြဝဠာအဆင့် ဆိုပေမယ့် ဒီတိုက်ခိုက်မှုကို မခံနိုင်မှာ စိုးရိမ်တယ်" အကြီးအကဲတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။
ဘမ်း
ထိုကန်ချက်က ချူးယွင်ဖန်းကို ထိမှန်သွားပြီးနောက် သူရပ်နေသော နေရာကို မီးပင်လယ်အဖြစ် ပြောင်းလဲသွားစေသည်။ ပြိုင်ပွဲကွင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသော်လည်း မီးပင်လယ်ထဲမှ လူတစ်ယောက် ပြေးထွက်လာသည်ကို လူတိုင်းမြင်လိုက်ရသည်။ ထိုလူက မိုးကြိုးသံချပ်ကာဖြင့် သူ့ကိုယ်သူဖုံးအုပ်ထားသည်။
ချူးယွင်ဖန်း ခုန်ထွက်လာသည်ကို လူတိုင်းမြင်လိုက်ရသည်။ မိုးကြိုးသံချပ်ကာ၏ အကာအကွယ်အောက်တွင် တိုက်ခိုက်မှုသည် သူ့အတွက် ခြိမ်းခြောက်မှုမဖြစ်စေခဲပေ။ တစ်နည်းအားဖြင့် သူ့အဝတ်အစားများပင် ညစ်ပတ်မနေပေ။
"ချူးယွင်ဖန်းက ဒီလိုတိုက်ခိုက်မှုမျိုး ကြုံပြီးတဲ့နောက်မှာတောင် အဆင်ပြေနေတုန်းပဲ!"
လူများစွာက ထိုမြင်ကွင်းကိုမြင်၍ အံ့သြသင့်သွားကြသည်။ ဤအဆင့်သို့ရောက်ခဲ့သော ကျန်းထိုင်ရွှမ်ပင် အံသြသွားသည်။ သူမက စကြဝဠာအဆင့် သတ္တမအဆင့်သို့ရောက်ရန် အနည်းငယ်သာလိုတော့သော်လည်း ယခုထိ အဆင့်မတက်ရသေးပေ။ သူမသာ နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပါက ယခုအချိန်၌ ရှံးနိမ့်နှင့်ပြီးဖြစ်လိမ့်မည်။ ၎င်းတို့လုပ်ခဲ့သော လှုပ်ရှားမှုတိုင်းက သူမ၏ ကန့်သတ်ချက်ကို ကျော်လွန်သွားသည်။
ဤအချိန်တွင် ချူးယွင်ဖန်း ထိခိုက်ဒဏ်ရာရခြင်းမရှိသည်ကို မြင်သောအခါ၊ မူလက အောင်ပွဲခံမည်ဟု ယုံကြည်နေသော ယဲ့ယင်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ ဤတိုက်ခိုက်မှုတွင် သူ နောက်မဆုတ်ခဲ့ပေ။ ယုတ္တိဗေဒအရ စကြဝဠာ သတ္တမအဆင့်ရှိသူပင် သတိထားရမည်ဖြစ်သည်။ သူတို့ သတိမထားပါက ပြင်းထန်စွာ ဒဏ်ရာရရှိလိမ့်မည်။
"သူက တကယ်ပဲ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်လား" ယဲ့ယင်၏ မျက်ဆန်များ အနည်းငယ် ကျုံ့သွားသည်။ ချူးယွင်ဖန်းကို ကိုင်တွယ်ရခက်သည်ဟု သူ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ယင်းက ကောလဟာလများအတိုင်းပင်ဖြစ်သည်။ ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာကျင့်ကြံမှုက အလွန်ကြောက်မက်ဖွယ်အဆင့်သို့ရောက်နေပြီဖြစ်သည်။ သူသည် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်
ဖြစ်ရမည်။
ကမ္ဘာပေါ်ရှိ နတ်ဘုရားစွမ်းရည်များစွာထဲတွင် မိုးကြိုးနည်းပညာများသည် ကိုင်တွယ်ရအခက်ခဲဆုံးဖြစ်သည်။ မိုးကြိုးအသုံးပြုသူများသည် ၎င်းတို့၏တိုက်ခိုက်မှုများတွင် မိုးကြိုးများပါရှိ၍ မိုးကြိုးကဲ့သို့မြန်ဆန်ကြသည်။
ချူးယွင်ဖန်း သင်ယူခဲ့သော မိုးကြိုးပညာသည် အလုံးစုံ ပြည့်စုံနေသဖြင့် ချို့ယွင်းချက် လုံးဝ မရှိပေ။ တစ်နည်းအားဖြင့် ချူးယွင်ဖန်းကို အနိုင်ယူလိုပါက သူ၏ ခွန်အားကို အားကိုးရမည်။ မည်သည့် ဖြတ်လမ်းကိုမျှ ရွေးချယ်ရန် မဖြစ်နိုင်ပေ။
ယဲ့ယင်မသိခဲ့သည်က ချူးယွင်ဖန်း အသုံးပြုနေသော မိုးကြိုးသံချပ်ကာ၏ အစွမ်းပင်ဖြစ်သည်။ ယင်းက မိုးကြိုးဧကရာဇ် သံချပ်ကာဟုခေါ်သော အလွန်အစွမ်းထက်သည့် နတ်စွမ်းရည်တစ်ခုဖြစ်သည်။ ရှေးခေတ်က နာမည်ကြီးခဲ့သည်။ သို့သော် ယင်းကို ကျင့်ကြံနိုင်သူ အလွန်နည်းပါးလှသည်။ ၎င်းတို့တွင် မိုးကြိုးနှင့်အလွန်နီးစပ်သော မိုးကြိုးဓားခန္ဓာကိုယ်မျိုးရှိရမည်ဖြစ်ရာ မဟုတ်ပါက မဖြစ်နိုင်ပေ။
မိုးကြိုးဧကရာဇ်သံချပ်ကာ၏ အစွမ်းကို သံသယဖြစ်ရန်ပင်မလိုတော့ပေ။
ခုခံကာကွယ်သောအခါ မဖျက်ဆီးနိုင်သကဲ့သို့ တိုက်ခိုက်သောအခါလည်း တိုက်ခိုက်မှုစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။ ရွေ့လျားသောအခါ မိုးကြိုးကဲ့သို့ မြန်ဆန်သည်။ အမြန်နှုန်းဖြစ်စေ၊ တိုက်ခိုက်မှုစွမ်းအားဖြစ်စေ ခုခံကာကွယ်မှုပဲဖြစ်စေ အားနည်းချက်မရှိပေ။ ထိုစဥ်က မိုးကြိုးဧကရာဇ်က မိုးကြိုးဧကရာဇ်သံချပ်ကာကို ဧကရာဇ်သုံးပါးလုံးနှင့်သုံးညတိုင်တိုင်တိုက်ခိုက်ရန် အားကိုးခဲ့ရသည်။ ထို့ကြောင့် သူ၏ စွမ်းအားကို သံသယဖြစ်ရန်မလိုပေ။
ဤသည်မှာ မိုးကြိုးဧကရာဇ်သံချပ်ကာ၏ အခြေခံပုံစံသာဖြစ်သည်။ သို့သော် ၎င်းကိုအသုံးပြုရန် လိုအပ်ချက်များသည် မိုးကြိုးဧကရာဇ်သံချပ်ကာကဲ့သို့ အလွန်မြင့်မားသည်ဖြစ်ရာ လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည်။ ချူးယွင်ဖန်းသည် စကြဝဠာအဆင့်သို့ ဝင်ရောက်ပြီးနောက်မှသာ မိုးကြိုးဧကရာဇ်သံချပ်ကာကို အသုံးပြုနိုင်ခဲ့သည်။
ချူးယွင်ဖန်း ဤနည်းစနစ်ကို အသုံးပြုခြင်းက ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ယင်းမတိုင်မီ ဝမ်ယိဖန် နတ်ဆိုးတစ်ကောင်ဖြစ်လာလျှင်ပင် ချူးယွင်ဖန်းအတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်ပေ။ မိုးကြိုးဧကရာဇ်သံချပ်ကာကို သုံးရန်ပင်မလိုအပ်ပေ။ ယခု သူအသုံးပြုနေပြီဖြစ်သောကြောင့် သူ၏ အရှိန်အဝါက အဆုံးစွန်ထိ မြင့်တက်သွားသည်။
"မင်းရဲ့ငှက်နဲ့အတူ ငါ့ဆီလာခဲ့ ယဲ့ယင် မဟုတ်ရင် မင်းငါ့ကို ဘာမှလုပ်လို့မရဘူး!" ချူးယွင်ဖန်း အော်ပြောလိုက်သည်။
ဘမ်း
သတ္တုတိုက်မိသံကဲ့သို့ ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သွေးများ ပန်းထွက်လာသည်။
ယခုတင် ထပ်မံလှုပ်ရှား၍ ချူးယွင်ဖန်းကို ရိုက်လိုက်သည့် ယဲ့ယင၏ လက်ဝါးထဲသို့ ရွှေရောင်ဓားတစ်ချောင်း ထိုးစိုက်နေကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဓားက သူ၏ အကာအကွယ်စွမ်းအင်ဒိုင်းကို ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။
---
အခန်း(၁၈၃၃) တိုက်ပွဲတွင် အံ့သြဖွယ်ကောင်းသော တိုက်ခိုက်မှု
"ကုန်းသတ္ထုဓား!"
ချူးယွင်ဖန်း၏ ဓားက ယဲ့ယင်၏ ခံစစ်ကို ထိုးဖောက်၍ ဒဏ်ရာရသွားစေခဲ့သည်ကို လူတိုင်းမြင်လိုက်ကြရသည်။ ယဲ့ယင်သာ မြန်မြန်မတုံ့ပြန်ခဲ့ပါက သူ့လက်ဖဝါးတစ်ခုလုံး ပြတ်ထွက်သွားနိုင်သည်။ ကုန်းသတ္ထုဓားက အထူးသဖြင့် သိုင်းပညာကျွမ်းကျင်သူများအတွက် အလွန်ထက်မြက်၍ အဖိုးမဖြတ်နိုင်ပေ။ ဤသို့သော နတ်ဘုရားလက်နက်က မှော်လက်နက်များထက်
များစွာပိုအဆင်ပြေသည်။ ချူးယွင်ဖန်း၏ လက်ထဲတွင် ကုန်းသတ္ထုဓား၏ အစွမ်းက အနည်းဆုံး ဆယ်ဆခန့်ပိုမို အားကောင်းသဖြင့် ဝမ်ယိဖန်ယှဥ်နိုင်သောအရာမဟုတ်ပေ။
"မင်း ငါ့ကို ဒဏ်ရာရအောင်လုပ်တယ်!" ယဲ့ယင်၏ မျက်လုံးများတွင် ဒေါသအငွေ့အသက်များတောက်လောင်နေသည်။
သူ လက်ကို ခါယမ်းလိုက်သောအခါ အဆက်မပြတ် သွေးထွက်နေသည့် ဒဏ်ရာက ပျောက်ကင်းစပြုလာသည်။ သို့သော် အမြန်နှုန်းက သူမျှော်လင့်ထားသကဲ့သို့မဟုတ်ပေ။ ကုန်းသတ္ထုဓားအလင်းက သူ့ဒဏ်ရာကို မပျောက်ကင်းစေရန် နှောက်ယှက်နေသည်။
"ဘယ်လောက်တောင် ဒုက္ခပေးတဲ့ ဓားလဲ၊ ဒါပေမယ့် သိပ်အရေးမကြီးပါဘူး။"
ယဲ့ယင်၏ မျက်နှာအမူအရာက အလွန်အေးစက်နေသည်။ သူ့အတွက် ချူးယွင်ဖန်းထံ၌ ပါးရိုက်ခံလိုက်ရသကဲ့သို့ဖြစ်ကာ သူ့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
ဘမ်း
ကြီးမားသော လက်ကြီးတစ်ဖက်က လေထဲမှ သက်ဆင်းလာကာ ချူးယွင်ဖန်းရပ်နေသည့်နေရာကို ထိမှန်သွားသည်။ ထိုနေရာရှိ လေထုတစ်ခုလုံး လွင့်စင်သွားသည်။ ဤမြင်ကွင်းသည် လူအများ၏အမြင်တွင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော်လည်း ချူးယွင်ဖန်းက ထိခိုက်ခြင်းမရှိပေ။ နောက်တစ်ခဏတွင် သူသည် ယဲ့ယင်၏ နောက်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် မိုးကြိုးကဲ့သို့ မြန်ဆန်နေသဖြင့် သာမန်လူများတွင် တုံ့ပြန်ရန် အချိန်မရှိပေ။ သူ၏ပုံပန်းသဏ္ဌာန်ကို ထုတ်ဖော်ပြသသောအခါမှသာ လူအများအပြား နောက်ဆုံးတွင် တုံ့ပြန်ခဲ့ကြသည်။
သို့သော်လည်း ကုန်းသတ္ထုဓားသည် ဓားအလင်းအရိပ်ခုနစ်ခုအဖြစ် ကွဲထွက်သွားခဲ့သည်။ ဓားအလင်းခုနစ်ခုသည် ချူးယွင်ဖန်းကို တိုက်ခိုက်ခြင်း၊ ခုခံကာကွယ်ခြင်းတို့ပြုလုပ်ရန် ဝန်းရံထားသည်။ ၎င်းသည် ထိုးစစ်ဆင်ခြင်းနှင့် ခံစစ်နှစ်မျိုးလုံးဖြစ်သည်။
ဝှစ်
ဝှစ်
ဝှစ်
ဓားအလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် ကုန်းသတ္ထုဓားအမိုးအဖြစ်ပြောင်းလဲ၍ ကောင်းကင်ကို ပြည့်နှက်သွားစေသည်။ ယဲ့ယင်၏ မျက်နှာအမူအရာက ပို၍ ပို၍ အေးစက်လာသည်။
သူ့ခြေထောက်အောက်က သံမဏိလင်းယုန်နက်က သူ့သခင်၏ စိတ်နှင့်ချိတ်ဆက်နေခြင်းဖြစ်၍ ခဏတာအတွင်း၌ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ပျံသန်းသွားသည်။ လူအုပ်၏ စောင့်ကြည့်နေသော အခြေအနေများအောက်၌ သံမဏိလင်းယုန်နက်က လူသုံးဦးစာအရွယ်အထိ ကျုံ့သွားသည်။ သို့သော် ၎င်းက ပို၍ မြန်ဆန်လာ၏။
ဘမ်း
ဘမ်း
ကောင်းကင်ယံတွင် ကျယ်လောင်သော ပေါက်ကွဲသံများကို နေရာတိုင်းတွင် ကြားနေရသည်။ လူအများအပြားသည် လူနှစ်ဦး၏ အပြန်အလှန်တိုက်ခိုက်နှုန်းကို မလိုက်နိုင်ကြတော့ပေ။ ၎င်းတို့က ကောင်းကင်ယံရှိ ကြီးမားသော ပေါက်ကွဲမှုများကိုသာ မြင်တွေ့နိုင်ကြသည်။
နှစ်ဖက်တိုက်ပွဲက ပို၍ပို၍ ပြင်းထန်လာခဲ့သည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ချူးယွင်ဖန်းက တကယ်ကို ဒီလောက်အစွမ်းထက်တယ်ပေါ့ ယဲ့ယင်က သူ့ရဲ့အစွမ်းအစကို အပြည့်အဝအသုံးပြုနေချိန်မှာတောင် အခုချိန်ထိ တိုက်ခိုက်နိုင်ခဲ့တယ်။ မယုံနိုင်စရာပဲ။"
"အဲဒီ မိုးကြိုးသံချပ်ကာကြောင့်ပဲ ဖြစ်ရမယ်။ ဒါက ချူးယွင်ဖန်းရဲ့ တိုက်ခိုက်မှု၊ ခံစစ်နဲ့ အမြန်နှုန်းကို သိသိသာသာ မြှင့်တင်ပေးခဲ့တယ်" တစ်ယောက်ယောက်က မှတ်ချက်ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ယင်းက ခန့်မှန်းရခက်သောအရာမဟုတ်ပေ။
လူများစွာ၏ မျက်နှာအမူအရာများပြောင်းလဲသွားကြသည်။ အဆုံးသတ်၌ တိုက်ခိုက်မှု၊ ခံစစ်နှင့်အမြန်နှုန်းတို့သည် ကျင့်ကြံသူများကြားမှ တိုက်ပွဲ၌ အဓိက အစိတ်အပိုင်းသုံးခုဖြစ်သည်။
"အဲ့တာက နတ်စွမ်းအင်အများကြီးကုန်လိမ့်မယ်။ ချူးယွင်ဖန်းက ဒီအချိန်အထိ ဘယ်လိုခံနိုင်ရည်ရှိခဲ့တာလဲ" တစ်စုံတစ်ယောက်က မယုံနိုင်စွာ ပြောလိုက်သည်။
၎င်းတို့၏ ခွန်အားကို ခဏတာမြှင့်တင်ပေးနိုင်သော နတ်စွမ်းရည်များအကြောင်း ၎င်းတို့ကြားဖူးကြသည်။ လူများစွာက ယင်းကို အနည်းငယ်သိကြသည်။ သို့သော် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် နတ်စွမ်းအားများကို များစွာကုန်ဆုံးစေလိမ့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
နတ်စွမ်းအားနှင့် သိုင်းပညာများ ပို၍ အစွမ်းထက်လာလေလေ အသုံးပြုမှုက ပိုမိုကြောက်မက်ဖွယ်ကောင်းလေလေဖြစ်သည်။
သို့သော် ချူးယွင်ဖန်း၏ အသွင်အပြင်ကို ကြည့်လိုက်လျှင် သူက မခံနိုင်တော့၍ ရှုံးနိမ့်တော့မည်ဟု မထင်ရပေ။
"ချူးယွင်ဖန်းက စကြဝဠာအဆင့်ကို အခုမှရောက်တာမဟုတ်ဘူးလား ဘယ်လိုပဲကြည့်ကြည့် ဒီနတ်ဘုရားစွမ်းအားရဲ့ သိပ်သည်းဆက ယဲ့ယင်ရဲ့ စွမ်းအားထက် မနည်းဘူး၊ ပြီးတော့ ပြန်ကောင်းလာတဲ့ အမြန်နှုန်းက ပိုတောင် အံ့သြစရာကောင်းသေးတယ်" တစ်စုံတစ်ယောက်က ဤအဓိကအချက်ကို စဉ်းစားရင်း ပြောလိုက်သည်။
မည်သူကမျှ ၎င်းကို နားမလည်နိုင်ခဲ့ကြပေ။
ထိုအချိန်၌ ကွင်းထဲတွင် ယဲ့ယင်က ပြဿနာကို သဘောပေါက်နားလည်သွားသည်။ အခြားသူများသည် ထိုလူနှစ်ဦး၏ အမြန်နှုန်းကို မလိုက်နိုင်ကြပေ။ သိသာထင်ရှားခြင်းမဟုတ်သော်လည်း ချူးယွင်ဖန်းက စွမ်းအင်မကုန်သည်ကို သူရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ မိုးကြိုးဧကရာဇ် သံချပ်ကာကို ထိန်းသိမ်းခြင်းက သူ့အတွက် ပင်ပန်းနွမ်းနယ်စေသည်။ သို့သော် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က သူ၏ ပြန်လည်ကောင်းမွန်လာသော အမြန်နှုန်းပင်ဖြစ်သည်။
ယဲ့ယင်သည် ယခင်က သူ့တွင် ခွန်အားနှင့် ကျင့်ကြံမှုအဆင့်တွင် အသာစီးရသည်ဟု ထင်ခဲ့သည်။ ယုတ္တိဗေဒအရ သူသည် ရှည်လျားသောတိုက်ပွဲကို မကြောက်သူပင်ဖြစ်သော်လည်း ယခုအခါ ချူးယွင်ဖန်းသည် ရှည်လျားသောတိုက်ပွဲကို ပို၍ ပိုင်နိုင်သည်ကို မြင်လိုက်ရသည်။
ထို့အပြင် ချူးယွင်ဖန်း ပိုမိုတိုက်ခိုက်လာသည်နှင့်အမျှ ချူးယွင်ဖန်း၏ သိုင်းပညာပေါင်းစပ်မှုအမျိုးမျိုးနှင့် မိုးကြိုးဧကရာဇ်သံချပ်ကာအပေါ် နားလည်မှုလည်း တိုးလာသည်ကိုယဲ့ယင်ခံစားမိနိုင်သည်။ ဤတိုးတက်မှုအမြန်နှုန်းကို သူ အလွယ်တကူ ခံစားနိုင်သည်။
"ငါဒါကို မြန်မြန်အဆုံးသတ်ရမယ်။ သူ့ကို ဆက်ကြီးထွားခွင့် မပေးနိုင်ဘူး!"
ယဲ့ယင်သည် ချက်ချင်းပင် သူသည် ချူးယွင်ဖန်း၏ ဓားသွေးကျောက်ဖြစ်နေကြောင်း သဘောပေါက်လိုက်သည်။ ချူးယွင်ဖန်းကို စိုက်ကြည့်နေစဉ် သူ့မျက်လုံးထဲတွင် ထက်မြက်သောအလင်းရောင်တစ်ခု လက်သွားသည်။
ခဏအတွင်း၌ပင် မရေမတွက်နိုင်အောင်များပြားလှသော နတ်စွမ်းအင်များ သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဝင်လာခဲ့သည်။ ထိုနတ်စွမ်းအင်များးသည် ကောင်းကင်ထဲသို့ ပျံတက်သွားသည့် နဂါးရှည်တစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ သူက လေကို ဖမ်းဆုပ်၍
ကောင်းကင်တစ်ခုလုံးကို ဖြန့်ကျက်စေလိုက်သည်။
ဘမ်း
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီး တိုက်ခိုက်ရေးကွင်းတစ်ခုလုံဂ ပြင်းထန်စွာ တုန်ခါသွားသည်။ မူလက မဖြိုဖျက်နိုင်သော အတားအဆီးသည် အံ့မခန်းအမြန်နှုန်းဖြင့် တုန်ခါနေသည်။
"အဲ့တာ နတ်ဘုရားအဆောင်ဂိုဏ်းရဲ့ အဆင့်မြင့် ဖောက်ခွဲရေးအဆောင်တွေပဲ!" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
၎င်းတို့အားလုံးက သတိထားမိကြသည်။ ယင်းက နတ်ဘုရားအဆောင်ဂိုဏ်း၏ နည်းစနစ်တစ်ခုဖြစ်ကာ အဆင့်မြင့် ဖောက်ခွဲရေး နတ်အဆောင်များဖြစ်သည်။
ထိုဖောက်ခွဲရေးနတ်အဆောင်များကြောင့် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။
အားကစားကွင်းတစ်ခုလုံး ပေါက်ကွဲလုနီးပါးဖြစ်ရာ ထို ဖောက်ခွဲရေးနတ်အဆောင်တိုင်းက အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးသော်လည်း ယခုမူ အရာအားလုံးကို တစ်ကြိမ်တည်းနှင့် အသုံးပြုလိုက်၏။
---