← Chapters

အခန်း (၁၈၃၄-၁၈၃၆)

Vol. 123 Ch. 1834-1836

အခန်း (၁၈၃၄-၁၈၃၆)

Vol. 123 Ch. 1834-1836

အခန်း(၁၈၃၄) ဒီပျင်းဖို့ကောင်းတဲ့ ကစားပွဲကို အဆုံးသတ်ဖို့အချိန်ရောက်ပြီ

အတွေ့အကြုံရင့်ကျက်သော တပည့်စစ်တစ်ဦးအနေဖြင့် ယဲ့ယင်၏ အခြေခံအုတ်မြစ်သည် သာမန်လူများက နှိုင်းယှဉ်နိုင်သောအရာမဟုတ်ပေ။ ထို့အပြင် သူ့နောက်တွင် ယဲ့ မျိုးနွယ်စု တစ်ခုလုံး၏ ထောက်ခံမှုကိုလည်း သူရရှိခဲ့သည်။ သူ့တွင် ငွေကြေးအရင်းအမြစ်များ၊ ပစ္စည်းအရင်းအမြစ်များ သို့မဟုတ် လူအင်အားများ ချို့တဲ့ခြင်းမရှိပေ။

ကျင့်ကြံခြင်းသည် အရင်းအမြစ်များနှင့်အဓိက သက်ဆိုင်နေသော်လည်း သူ့တွင်ရှိသည်ကလည်း အရင်းအမြစ်များပင်ဖြစ်သည်။ မဟုတ်ပါက ချူးယွင်ဖန်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းကို ရွေးချယ်မည်မဟုတ်ပေ။ အမွေဆက်ခံမှုကို စိတ်ထဲ၌ မှတ်ထား၍ သူတစ်ယောက်တည်းဖြစ်နေလျှင်ပင် အနာဂတ်တွင် နာမည်တစ်လုံးရ၍ အထွတ်အထိပ်သို့ တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် အချိန်က အလွန်နောက်ကျသွားလိမ့်မည်။

လူတိုင်း အံ့အားသင့်သွားကြသည်။ ဖောက်ခွဲရေးအဆောင်တိုင်းသည် ထိပ်တန်း စကြဝဠာအဆင့်ရှိသူတစ်ဦး တိုက်ခိုက်မှုနှင့် ညီမျှသည်။ ယဲ့ယင်က ၎င်းတို့ကို တစ်ကြိမ်တည်းတွင် ရာပေါင်းများစွာ ပစ်ထုတ်ခဲ့သည်။ ၎င်းတို့၏ တန်ဖိုးမှာ အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် ရှိသည်။

လူအများစုက အရေးကြီးအချိန်၌ အခြေအနေများကို ပြောင်းလဲရန် ယင်းကို အခွင့်ကောင်းတစ်ခုအဖြစ် အသုံးပြုကြလိမ့်မည်။ သို့သော် ယဲ့ယင်နှင့်ပတ်သက်လာပါက သူက ပေါ့ပေါ့တန်တန်သဘောထားခဲ့သည်။ တိုက်ခိုက်ရေးကွင်းက ဘောလုံးကွင်းတမျှ ကြီးသော်လည်း စကြဝဠာအဆင့်ရှိသူနှစ်ဦးအတွက် ထိုအကွာအဝေးက တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ခြင်းနှင့် ကွာခြားခြင်းမရှိပေ။

ဤဖောက်ခွဲရေးပစ္စည်း ရာပေါင်းများစွာသည် အတူတကွ ပေါက်ကွဲသွားကြကာ ချူးယွင်ဖန်း ရှောင်တိမ်းရန် နေရာပင် မကျန်ခဲ့တော့ပေ။

"ချူးယွင်ဖန်းက သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရမယ်။ သူ မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မယ်။"

လူများစွာက ယင်းက အမြန်နှုန်းနှင့်မည်သို့မျှ မသက်ဆိုင်ဟု တိတ်တဆိတ်ခန့်မှန်းခဲ့ကြသည်။ နေရာကျဥ်းကျဥ်းထဲ၌ ပိတ်မိနေခြင်းက ချူးယွင်ဖန်း၏ အမြန်နှုန်းကို ကန့်သတ်ထားခဲ့သည်။ ပေါက်ကွဲမှုမှ အဆုံးမဲ့ မီးခိုးနှင့် ဖုန်မှုန့်များ ပျံ့နှံ့သွားပြီးနောက်၊ ခဏတာမျှ ခမ်းနားထည်ဝါခဲ့သော ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုးဧကရာဇ် သံချပ်ကာ ပျက်စီးသွားသည်ကို လူတိုင်းမြင်တွေ့ခဲ့ရသည်။ ချူးယွင်ဖန်းအတွက် ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် အလွန်ခက်ခဲခဲ့သည်။

"အခု!" ယဲ့ယင်က ကြိမ်းဝါးလိုက်သည်။

"မင်းရဲ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး မင်းအသက်ကိုယူမယ်"

ဤအချိန်တွင် ယဲ့ယင်သည် မီးဝိဉာဥ်ကန်ချက်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်။ ကြီးမားသော ခြေထောက်ကြီးက ချူးယွင်ဖန်းအပေါ်သို့ နင်းခြေလိုက်သည်။ သူ့ခြေအောက်က သံမဏိလင်းယုန်နက်က သူနှင့်ဆက်သွယ်သွားပုံရကာ အောက်မှ လေဆင်နှာမောင်းတစ်ခု ထွက်လာ၍

မီးဝိဉာဥ်ကန်ချက်ထဲသို့ ပေါင်းစပ်သွားသည်။ လေက မီးကို ကူညီပေးခဲ့သဖြင့် မီးဝိဉာဥ်ကန်ချက်၏ စွမ်းအားကို အဆပေါင်းများစွာမြင့်တက်စေခဲ့သည်။ ယဲ့ယင် မျက်လုံးထဲ၌ တည်ငြိမ်သောအလင်းရောင်တစ်ခု လက်ခနဲဖြစ်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုနှင့် အခြေအနေကို တည်ငြိမ်စေရန် ထိန်းထားနိုင်ခဲ့သည်။ ချူးယွင်ဖန်းက အခြေအနေများကို မပြောင်းလဲနိုင်ခဲ့ပေ။

စကြဝဠာသတ္တမအဆင့်ရှိသူတစ်ဦးက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျှင်ပင် အနည်းဆုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်း ဖြစ်နိုင်သည်။

ယင်းက သူ့အတွက် သံမဏိ လင်းယုန်နက်နှင့်ပူးပေါင်းဆောင်ရွက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

ဘမ်း

ဒီကန်ချက်က မူလက ယှဉ်နိုင်စရာမရှိအောင် ခိုင်မာသည့် အားကစားကွင်းအတားအဆီး၌ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ကာ အားကစားကွင်းတစ်ခုလုံးကို ကွဲကြေလုနီးပါး ဖြစ်စေခဲ့သည်။

"ချူးယွင်ဖန်း ဘယ်မှာလဲ။ သူသေပြီလား။"

လူများစွာက အံ့သြမှင်တက်သွားကြသည်။ လူအုပ်ထဲတွင် ချူးယွင်ဖန်းအပေါ် အယုံကြည်ဆုံး ချူးဟုန်ချိုင်သည် ယခုအခါ စိုးရိမ်ပူပန်နေသည်။ ထိုကန်ချက်က အလွန်ကြောက်စရာကောင်းလွန်းသည်။ ရှိနေသူမည်သူမျှ မခံနိုင်ပေ။ ယဲ့ယင်သည် သာမန်လူတစ်ယောက်မဟုတ်ပေ။

လူအုပ်ထဲ၌ ကျန်းထိုင်ရွှမ်၊ ဟွာရှန်းယွမ်နှင့် အခြားသူများလည်း မည်သည့်အရာများဖြစ်ပျက်နေသည်ကို သိချင်ကြသဖြင့် ၎င်းတို့၏ ကောင်းကင်မျက်လုံးများကို ဖွင့်ကြည့်လိုက်ကြသည်။

ထိုတိုက်ပွဲပြင်းထန်မှုက ၎င်းတို့၏ အတွေးထက် များစွာကျော်လွန်နေပြီဖြစ်၍ ၎င်းတို့သာ ဆိုပါက ယင်းကို လုံးဝ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

"သေစမ်း!" တစ်ယောက်ယောက် အော်လိုက်သည်။

လူတိုင်းက ‌ရွှေရောင် ဖုံးလွှမ်းလျက် ရွှေရောင်အလင်းများဖြာထွက်နေသည့် ပုံရိပ်တစ်ခုကို ပြိုကွဲလုနီးပါးဖြစ်နေသည့် တိုက်ခိုက်ရေးကွင်း၌ မြင်လိုက်ရသည်။

"မင်း အသက်ရှင်နေသေးတယ်!" ယဲ့ယင်၏၏ မျက်လုံးများတွင် ထိတ်လန့်မှု ဒေါသတို့ဖြင့် တောက်ပနေသည်။ ချူးယွင်ဖန်းက ထိုတိုက်ခိုက်မှုကြောင့် မသေရုံတင်မက ဒဏ်ရာပင်မရခဲ့ပေ။

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ မင်းက တကယ့်ကို ကြီးကျယ်တဲ့ တပည့်စစ်တွေထဲက တစ်ယောက်ပဲ။ ငါ့ရဲ့ အစွမ်းအစကို အပြည့်အဝ မသုံးရင် မင်းကို ငါ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။"

ချူးယွင်ဖန်း လှုပ်ရှားလိုက်ပြီးနောက် သူ့ကြွက်သားများနှင့် အရိုးများ အက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။ အရေးကြီးသောအချိန်တွင် သူသည် သူ၏ ဟုတ်သားရဲပုံစံသို့ ပြောင်းလဲလိုက်သည်။ သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်သည် ဟုတ်သားရဲအဖြစ် ပြောင်းလဲသွားပြီးနောက် နောက်တစ်ဆင့်သို့ အဆင့်တက်သွားကာ ယဲ့ယင်၏ အသက်အန္တရာယ်ရှိသော ထိုးနှက်ချက်ကို တားဆီးနိုင်ခဲ့သည်။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်တောက်ပနေသည်။ ဆံပင်တစ်မျှင်ချင်းစီတိုင်း၌ ရှေးဟောင်းစာလုံးများနှင့် ထွင်းထုထားသကဲ့သို့ ပြင်းထန်သော အရှိန်အဝါများ ပြည့်နေသည်။ ရှေးသားရဲကြီးဆယ်ကောင်အနက်မှ တစ်ကောင်အနေဖြင့် ဟုတ်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ ယင်းက ချူးယွင်ဖန်း၏ အသန်မာဆုံးအခြေအနေဖြစ်သည်။ ဟုတ်သားရဲအဖြစ် ပြောင်းလဲပြီးနောက် ၎င်း၏ ခွန်အားက အဆပေါင်းများစွာ တိုးလာခဲ့သည်။

ယဲ့ယင် ခန့်မှန်းထားသည့်အတိုင်းပင်၊ ချူးယွင်ဖန်းသည် သူ၏ အစွမ်းသတ္တိကို အစကတည်းက အပြည့်အဝ အသုံးမပြုခဲ့ပေ။ သူသည် ယဲ့ယင်ကို ဓားသွေးကျောက်အဖြစ်သာ သဘောထားခဲ့သည်။

ချူးယွင်ဖန်း၏ လက်ရှိခွန်အားနှင့် အထူးသဖြင့် သူနှင့် ရွယ်တူများကြား၌ သူ၏ အပြည့်အဝအစွမ်းနှင့်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသူ များစွာမရှိပေ။ ယင်းက မကြုံစဖူးအခွင့်အရေးတစ်ခုလည်းဖြစ်သည်။ သူ ပိုတိုက်ခိုက်လေ၊ ချူးယွင်ဖန်း ပိုမြန်မြန် နားလည်လာလေဖြစ်၍ သူက မိုးကြိုးဧကရာဇ် သံချပ်ကာနှင့် တခြား နတ်အစွမ်းများကို ပို၍ အစွမ်းမြှင့်နိုင်ခဲ့သည်။

တိုက်ပွဲက အကောင်းဆုံး အကူပစ္စည်းဖြစ်သည်။ မိုးကြိုးဧကရာဇ် သံချပ်ကာနှင့် တွဲလိုက်လျှင်ပင် သူက ယဲ့ယင်၏ အစွမ်းကုန် တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပေ။ ချူးယွင်ဖန်းက ယဲ့ယင်ကို အနိုင်မယူနိုင်သဖြင့် အနည်းငယ် မကျေမနပ် ဖြစ်နေသည်။ အခြားသူများသာ ယင်းကိုကြားပါက ၎င်းတို့ သေလောက်အောင်ကြောက်သွားကြပေလိမ့်မည်။

ယဲ့ယင်က စကြဝဠာသတ္တမအဆင့် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်ကာ ချူးယွင်ဖန်းကမူ စကြဝဠာအဆင့် ဒုတိယအဆင့်၌သာရှိသေးသည်။ ၎င်းတို့ကြားမှ ခွန်အားကွာခြားချက်က ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်ဖြစ်၏။

စကြဝဠာဒုတိယအဆင့်ရှိသူတစ်ဦးက စကြဝဠာသတ္တမအဆင့် ယဲ့ယင်နှင့်သရေကျခဲ့သည်။ ထိုကဲ့သို့သော တိုက်ပွဲမှတ်တမ်းသည် မည်သူမဆိုအတွက် အံ့အားသင့်စရာဖြစ်သည်။ ထိုကဲ့သို့သော တိုက်ပွဲတစ်ခုဖြင့် မည်သူမဆို နာမည်ကြီးလာနိုင်သည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ချူးယွင်ဖန်းသည် ကျေနပ်မှုမရှိသေးပေ။ သူ့မျက်လုံးထဲတွင် ယဲ့ယင်သည် ဘယ်သောအခါမှ မရှိခဲ့ဖူးပေ။ ယဲ့ယင်က သူ့ကိုယ်သူ အထင်ကြီးသော်လည်း ချူးယွင်ဖန်းအတွက်မူ ဘယ်သောအခါကမျှ အရေးမပါခဲ့ပေ။

လီချန်းယွမ်သည် သူ၏အာရုံစိုက်မှုကို ခံယူထိုက်သော တစ်ဦးတည်းသောသူဖြစ်သည်။ ကျင့်ကြံမှုလမ်းပေါ်တွင်ပင် လီချန်းယွမ်သည် စမ်းသပ်မှုတစ်ခုမျှသာဖြစ်သည်။ သူ၏တကယ့်ရည်မှန်းချက်မှာ အထွတ်အထိပ်သို့ရောက်ရှိရန်၊ မကြုံစဖူးနယ်ပယ်သို့ရောက်ရှိရန်နှင့် ထာဝအရအသက်ရှင်ရန်ဖြစ်သည်။

"ဒါက မင်းရဲ့ လျှို့ဝှက်ချက်လား" ယဲ့ယင်၏ မျက်နှာအမူအရာက ရေခဲကဲ့သို့ အေးစက်နေသည်။ ထောက်လှမ်းရေးအစီရင်ခံစာ၌ ချူးယွင်ဖန်းက ဟုတ်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲနိုင်သည်ဟု ဖော်ပြထားသည်ကို သူမှတ်မိသည်။ ၎င်းသည်လျှို့ဝှက်နည်းစနစ်နှင့် နတ်စွမ်းရည်တစ်ခုလည်းဖြစ်၏။

သို့သော် ထိုအချိန်က သူ ဂရုမစိုက်ခဲ့ပေ။ ထိုလျှို့ဝှက်နည်းစနစ်က ဝမ်ယိဖန်ကို နတ်ဆိုးအဖြစ်သတ်မှတ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

စစ်မှန်သော ကျွမ်းကျင်သူများအတွက် ခြိမ်းခြောက်မှုမဟုတ်ဟု သူထင်ခဲ့သော်လည်း ယခုမူ

အရာအားလုံးမှားနေကြောင်း သူသဘောပေါက်သွားသည်။ ချူးယွင်ဖန်း၏ ပြင်းထန်သော အရှိန်အဝါက သူ့နှလုံးသားကို တဒိတ်ဒိတ်ခုန်စေခဲ့ရာ ရေခဲဂူထဲ ပြုတ်ကျသွားသကဲ့သို့ပင် အေးစက်သော ခံစားချက်တစ်ခုက သူ့ခြေဖဝါးမှ ခေါင်းအထိ တိုးဝင်လာခဲ့သည်။

"ဟုတ်တယ်။ ဒီပျင်းစရာကောင်းတဲ့ ကစားပွဲကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ။"

---

အခန်း(၁၈၃၅) အဆုံးသတ်

"ဘာ? ဒါကို ပျင်းစရာကောင်းတဲ့ ကစားပွဲလို့ တကယ်ပြောရဲတာလား?!"

ယဲ့ယင်၏ မျက်နှာ၌ ဒေါသအငွေ့အသက်များ ပေါ်လွင်နေသည်။ သူသည် ဦးဆောင်နိုင်စွမ်းရှိကာ အင်အားအကြီးဆုံးလူဟု အမြဲထင်ခဲ့သည်။ အောင်ပွဲက သူ့လက်ထဲ၌ ရှိနေသကဲ့သို့ အမြဲပြုမူခဲ့သည်။ သို့သော် ယခုမူ ချူးယွင်ဖန်းက သူ့အစီအစဥ်ကို ပျင်းစရာကောင်းသော ကစားပွဲဟု ပြောလိုက်၏။

ထိုအကြောင်းတွေး၍ သူ့မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ လက်ခနဲပေါ်လာသည်။

"မင်းပြောင်းလဲနိုင်ရုံနဲ့ ဘာမှလုပ်နိုင်မယ်လို့ မထင်နဲ့" ယဲ့ယင်က အေးစက်စက်ပြောလိုက်သည်။

သူသည် သံမဏိလင်းယုန်နက်၏နောက်ကျောမှ ခုန်ဆင်း၍ ချူးယွင်ဖန်းထံ ခုန်တက်လိုက်သည်။ သူ့ခြေထောက်တစ်ဖက်သည် ကောင်းကင်ကို ထောက်ထားသည့် ထောက်တိုင်တစ်တိုင်ကဲ့သို့ ခိုင်မာလှသည်။ တစ်ဖက်တွင် သံမဏိလင်းယုန်နက်သည် ယီယင်နှင့်သာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမှန်တကယ် တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ ယခုတွင် ၎င်းသည် နောက်ဆုံးတွင် ၎င်း၏သခင်၏ဒေါသကို ခံစားမိ၍ စတင်တိုက်ခိုက်ခဲ့သည်။

၎င်း၏ ပထမဆုံးလှုပ်ရှားမှုမှာ အလွန်ထူးချွန်ထက်မြက်သော သိုင်းပညာတစ်မျိုးဖြစ်သည့် လင်းယုန်လက်သည်းသိုင်းဖြစ်သည်။ လင်းယုန်လက်သည်းသိုင်းသည် ထိုလင်းယုန်ငှက်များကို တုပ၍ ဖန်တီးထားသော သိုင်းပညာတစ်ခုဖြစ်သည်။ သံမဏိအမွေးနက်လင်းယုန်သည် သင်ယူရန်ပင်မလိုအပ်ဘဲ အလိုအလျောက်အသုံးပြုနိုင်သည်။

သံမဏိလင်းယုန်နက်၏ ခန္ဓာကိုယ်ပေါ်သို့ နတ်ဆိုးစွမ်းအားများ မြင့်တက်လာကာ ချူးယွင်ဖန်းကို ဆွဲကိုင်လိုက်သောအခါ ကောင်းကင်၏ တစ်ဝက်ကို ဖုံးလွှမ်းသွားသည်။ စကြဝဠာ သတ္တမအဆင့်ရှိသူများပင် ဤသတ္တဝါများကို အလွယ်တကူ တိုက်ခိုက်ရဲမည်မဟုတ်ပေ။ ၎င်းတို့သည် မိမိကိုယ်ကို ကာကွယ်ရန် ကာကွယ်ရေး မှော်ကိရိယာများကို ကျိန်းသေအသုံးပြုကြလိမ့်မည်ဖြစ်သည်။

သို့သော် ထိုအချိန်၌ ချူးယွင်ဖန်း၏ လုပ်ရပ်များသည် လူတိုင်း မျှော်လင့်ထားသည့်ပမာဏကို ကျော်လွန်သွားခဲ့သည်။ လူတိုင်းထင်သထားသကဲ့သို့ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် မရွေးချယ်ခဲ့ကြပေ။ သူက ရှေ့သို့သာ အပြေးအလွှားသွားခဲ့သည်။

သံမဏိလင်းယုန်နက်သည် ကောင်းကင်သားရဲများထဲမှတစ်ကောင်ဖြစ်ကာ နတ်ဆိုးငှက်များ၏ အရှင်သခင်ဖြစ်သည်။ ၎င်း၏တိုက်ခိုက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် ချူးယွင်ဖန်း၏ ဟုတ်သားရဲသည်လည်း ရှေးသားရဲကြီးဆယ်ကောင်ထဲမှ တစ်ကောင်ဖြစ်သည်။

"ငါ မင်းကို အရင်ဖြေရှင်းမယ်!" ချူးယွင်ဖန်းက ကြိမ်းဝါး၍ ကောင်းကင်သို့ တက်သွားသည်။ သူသည် ယဲ့ယင်ကို လျစ်လျူရှုကာ ရှေးဟောင်းသားရဲတစ်ကောင်၏ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း ခံရသကဲ့သို့ သံမဏိလင်းယုန်နက်ဆီသို့ ဦးတည်သွားသည်။

ယဲ့ယင်၏ မီးဝိဉာဥ်ကန်ချက်က ချူးယွင်ဖန်းအပေါ် ကျရောက်သွားသည်။ မရေမတွက်နိုင်အောင်များပြားလှသည့် နတ်စွမ်းအင်များ ချော်ရည်အဖြစ်ပြောင်းလဲသွားကာ အရာအားလုံးကို ဖုံးအုပ်သွားသော်လည်း ချူးယွင်ဖန်းက တစ်လက်မမျှလှုပ်ရှားခြင်းမရှိပေ။

ချူးယွင်ဖန်းက ကောင်းကင်နဂါးရှစ်ကောင်လက်သီးဖြင့် ထိုး၍ ဧရာမလင်းယုန်လက်သည်းနှင့် ရင်ဆိုင်လိုက်သည်။

ဘမ်း

သတ္တုချင်းထိသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းပင် သံမဏိလင်းယုန်နက်ကြီး၏ ဝမ်းနည်းစွာအော်ဟစ်သံကို ကြားလိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်းနှင့် တိုက်မိသည့်ဖြစ်စဉ်တွင် ၎င်း၏ လင်းယုန်လက်သည်းတစ်ခုလုံး ကျိုးသွားပြီး ချူးယွင်ဖန်းက ၎င်းကို ဆွဲဖြုတ်ပစ်လိုက်သည်။

လူများစွာက ပန်းချီကားတစ်ချပ်ကို ကြည့်နေကြရသကဲ့သို့ ခံစားလိုက်ရသည်။ ရှေးယခင်ကတည်းက ရှေးသားရဲများ မရေမတွက်နိုင်အောင် ပြေးလွှားနေခဲ့သည့် မြေပေါ်၌ ဟုတ်သားရဲတစ်ကောင်သည် ကောင်းကင်ကို ဟိန်းဟောက်ကာ ပတ်ပတ်လည်ကို ဝုန်းဒိုင်းကြဲ တိုက်ခိုက်ခဲ့သည်။ ယင်းက အလွန်ကြောက်စရာကောင်းသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများကို သတ်ဖြတ်ခဲ့ကာ အစာကွင်းဆက်၏ ထိပ်တန်းသားရဲဖြစ်လာသည်။

"နောက်တစ်ခါ!"

ချူးယွင်ဖန်းသည် လင်းယုန်၏ ခြေသည်းတစ်ချောင်းကို ဖြတ်တောက်လိုက်ရုံဖြင့် မကျေနပ်သေးပေ။ ယင်းအစား သူသည် ရှေ့သို့တစ်လှမ်းတိုးကာ လင်းယုန်နောက်သို့ လိုက်သွားသည်။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာခဲ့သော်လည်း အမှန်တကယ်တွင် ချက်ချင်းဖြစ်ပျက်သွားခဲ့သည်။

ယဲ့ယင် မတုံ့ပြန်နိုင်ခင်၌ပင် ချူးယွင်ဖန်းက သံမဏိလင်းယုန်နက်အနီးသို့ရောက်နေပြီဖြစ်သည်။ လင်းယုန်နက်က အံ့သြသွားသည်။ ၎င်းသည် ချက်ချင်းပင် ၎င်း၏တောင်ပံများကို ခတ်ကာ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ကြိုးစားသည်။ သို့သော် အမြန်နှုန်းအရ ချူးယွင်ဖန်းသည် ၎င်းထက်သာ မြန်သည်။ ချူးယွင်ဖန်း၏ လက်မှ မည်သို့လွတ်မြောက်နိုင်မည်နည်း။

"ချိုးဖျက်”

ချူးယွင်ဖန်းက အော်၍ လေထုကို ဆုပ်ကိုင်လိုက်သည်။

ကုန်းသတ္ထုဓားသည် ချူးယွင်ဖန်း၏ လက်ထဲ၌ ပေါ်လာကာ ပေထောင်ပေါင်းများစွာရှည်လျားသော ဓားအလင်းတစ်ခုထွက်ပေါ်လာသည်။ ဓားသည် သံမဏိလင်းယုန်နက်ကို ခုတ်ပိုင်းချလိုက်သည်

သံမဏိလင်းယုန်နက်၏ အတောင်တစ်ဖက် ပြတ်တောက်သွားခဲ့သည်။ ဝမ်းနည်းဖွယ်အော်သံနှင့်အတူ ဧရာမငှက်ကြီးလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သွေးများ နေရာအနှံ့ ပက်ဖြန်းသွားသည်။ သံမဏိလင်းယုန်နက်ကို ရက်စက်ကြမ်းကြုတ်သည်ဟု ယူဆကြသော်လည်း ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာသည် ပို၍ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု မည်သူထင်မည်နည်း။

“သေစမ်း!" ယဲ့ယင် ဒေါသထွက်သွားသည်၊

သံမဏိလင်းယုန်နက်သည် ငယ်စဥ်ကတည်းက သူနှင့်အတူကြီးပြင်းလာခဲ့ခြင်းဖြစ်၍ လူအများ၏ အမြင်၌ ‘သူ၏ နတ်သားရဲဖြစ်သော်လည်း သူ့အတွက်မူ ညီအစ်ကိုနှင့် မည်သို့မျှ မကွာခြားပေ။ ၎င်းတို့က ဤနှစ်များတစ်လျှောက် အတူတကွတိုက်ခိုက်ခဲ့ကြကာ ဤမျှ ဆိုးရွားသော အချိန်ကို တစ်ခါမျှ မကြုံဖူးကြပေ။

"စိတ်မပူပါနဲ့၊ အခု မင်းအလှည့်ရောက်ပြီ။" ချူးယွင်ဖန်းက ယဲ့ယင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ဟုတ်အဖြစ် ပြောင်းလဲပြီးနောက် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် စကြဝဠာအဆင့်သတ္တမအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လောက်ကြာပြီသေးလို့။ ယဲ့ယင်က ဒီလောက်ထိ ရှုံးနေတာလဲ!" တစ်ယောက်ယောက်အော်ပြောလိုက်သောအခါ လူတိုင်းနီးပါး ခေါင်းညိတ်လိုက်ကြသည်။

၎င်းတို့က ချူးယွင်ဖန်း၏ လုပ်ရပ်ကိုတွေးပင်မတွေးရဲကြပေ။ မူလက ၎င်းတို့အားလုံး ချူးယွင်ဖန်းအပေါ် အကောင်းမြင်နေကြကာ ယဲ့ယင်အပေါ် အကောင်းမြင်နေကြသည်။

ချူးယွင်ဖန်းက လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ရုံသာ ရှိသေးပြီး အရာအားလုံးက လုံးဝ ပြောင်းပြန်ဖြစ်သွားသည်။

ယခုအချိန်တွင် ချူးယွင်ဖန်းသည် သူ၏အစွမ်းသတ္တိကို အစကတည်းက အပြည့်အဝအသုံးမပြုခဲ့ကြောင်း လူတိုင်းမြင်နိုင်ပြီဖြစ်သည်။ သူသည် ယဲ့ယင်နှင့် ကစားနေခြင်းဖြစ်ကာ သူ၏အစွမ်းသတ္တိကို လျှော့ချရန် အသုံးချကာ ယဲ့ယင်ကို ဓားသွေးကျောက်အဖြစ် ဆက်ဆံခဲ့သည်။

“ဒါက ဘယ်လို အံ့သြဖို့ကောင်းတဲ့ စိတ်ဓာတ်မျိုးလဲ။ ကြယ်ကြွေကောင်းကင်ဂိုဏ်း အဓိကတပည့် ယန်တန့်ရှန်တောင် ယဲ့ယင်ကို ဓားသွေးကျောက်လိုသဘောမထားရဲဘူး”

ထို့နောက်တွင် လူအများက ချူးယွင်ဖန်း၏ အံ့မခန်းခွန်အားဖြင့် ကြယ်ကြွေကောင်းကင်၏ စစ်မှန်သော တပည့်များ၏ အဆင့်များကို ပြန်လည်ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း သဘောပေါက်လာကြသည်။ မူလ တပည့်ကြီးငါးဦးတွင် နောက်ထပ်လူတစ်ဦး ထပ်မံပါဝင်လာမည်ဖြစ်ရာ ထိုသူ၏ အဆင့်သည် အလွန်မြင့်မား၍ ယန်တန်ရှန်ပြီးလျှင် ဒုတိယနေရာတွင်သာ ရှိသည်။

သို့သော်လည်း ဤအတွေးများသည် ခဏတာအတွင်း စိတ်ထဲပေါ်လာပြီးနောက်တွင်ပင် အားကစားကွင်းရှိ တိုက်ပွဲက ချက်ချင်းဆွဲဆောင်သွားပြန်သည်။ ချူးယွင်ဖန်း စကားပြောပြီးသည်နှင့် သူသည် အပြေးအလွှား ပြေးသွားပြီးဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်း၍ ပြင်းထန်သော အရှိန်အဝါတစ်ခုသည် ယဲ့ယင်၏ ဦးတည်ရာသို့ လှိုင်းလုံးကြီးတစ်ခုအဖြစ် လှိမ့်ဝင်လာသည်။

"ဒါကို အဆုံးသတ်လိုက်ရအောင်။ အံ့ဖွယ် လက်သီးရှစ်ချက်!"

ဤအချိန်တွင် ယဲ့ယင်သည် ဟုတ်သားရဲအဖြစ် ပြောင်းလဲသွားပြီးနောက် ချူးယွင်ဖန်း မည်မျှကြောက်စရာကောင်းသည်ကို နောက်ဆုံးတွင် သဘောပေါက်လိုက်ရသည်။

"မင်းက ဘယ်လိုလုပ် ဒီလောက် ခွန်အားကြီးတာလဲ?!" ယဲ့ယင်က ကြိမ်းဝါး၍ ခုခံရန် ကြိုးစားသော်လည်း အသုံးမဝင်တော့ပေ။

မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်း၏ လက်သီးချက်က သူ၏ ခုခံကာကွယ်မှုအားလုံးကို ဖောက်ထွက်၍ သူ့ခန္ဓာကိုယ်ကို ပစ်ခတ်တိုက်ခိုက်လိုက်သည်။

ဘမ်း

ယဲ့ယင်က ညည်းညူ၍ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ ထို့နောက် တိုက်ခိုက်ရေးကွင်းထဲမှ စွန်တစ်စင်းကျိုးပြတ်သွားသကဲ့သို့လွင့်စင်သွားသည်။ ဤသို့ဖြင့် တိုက်ခိုက်ရေးကွင်း၏ အတားအဆီးကို ထိုးဖောက်ကာ တောင်ထိပ်တစ်ခုနှင့်တိုက်မိသွား၏။

မြေကြီးနှင့်တောင်များ လှုပ်ခတ်သွားသည်။

လူတိုင်းက သူတို့ရှေ့က မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြ၏။

ယဲ့ယင်က ဒီလိုနဲ့ ကျရှုံးခဲ့တာလား။

---

အခန်း(၁၈၃၆) ကျယ်ပြန့်သော သက်ရောက်မှု

ဖောက်ခွဲခံရသော တိုက်ခိုက်ရေးကွင်းအတားအဆီးကိုကြည့်၍ လူတိုင်း အံ့အားသင့်သွားကြသည်။ တိုက်ခိုက်ရေးကွင်းအတားအဆီးကို အကြိမ်ပေါင်းများစွာ အားဖြည့်ထားခဲ့ကြောင်း သူတို့သိကြသည်။ တပည့်စစ်တစ်ဦးက အပြည့်အဝတိုက်ခိုက်လျှင်ပင် ထိုအတားအဆီးကို ဖျက်ဆီးနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ချူးယွင်ဖန်းသည် ကွင်းကို ဖျက်ဆီးမိမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်တိုင်းကျ တိုက်ခိုက်ခဲ့သည်။ တပည့်စစ်မာျးသာ ကွင်းထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ပါက ၎င်းသည် အံ့မခန်းတိုက်ပွဲတစ်ခု ဖြစ်သည်။ ချူးယွင်ဖန်း ရှေ့သို့ ပျံသန်းသွားသည်ကို လူတိုင်းမြင်လိုက်ရပြီးနောက် ယဲ့ယင်တစ်ယောက် တိုက်ခိုက်ရေးကွင်းမှ လွင့်ထွက်သွားသည်ကို မြင်ခဲ့ရကြသည်။

ဤအစောကြီးတွင် အားကစားကွင်းပျက်စီးသွားသော်လည်း ချူးယွင်ဖန်း၏ အစွမ်းက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

"စီနီယာချူးက စီနီယာယဲ့ကို အဲဒီလောက်မြန်မြန် အနိုင်ယူလိုက်တာလား။ အရမ်းကြီးမားတဲ့ ရှုံးနိမ့်မှုပဲ။"

"မင်းပြောတာမှန်တယ်။ ဘယ်သူမှ ဒီလိုရလဒ်မျိုး ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။"

"စီနီယာချူးက သူ့ရဲ့တကယ့်အစွမ်းသတ္တိကို ပြပြီး စီနီယာယဲ့ကို ချေမှုန်းခဲ့တယ်။"

လူများစွာက ကိုယ်တိုင်ပင် သတိမထားမိကြဘဲ ချူးယွင်ဖန်းကို “စီနီယာ”ဟုခေါ်၍ ဆက်ဆံပုံပြောင်းလဲလိုက်ကြသည်။ ချူးယွင်ဖန်းးက ၎င်းတို့ထက် များစွာငယ်သော်လည်း အများစုက အောင်မြင်သူများကို အကြီးအကဲများဟုသတ်မှတ်ကြသည်။ ယန်တန့်ရှန်သည်

အဓိကတပည့်ဖြစ်ကာ လူတိုင်းက “အစ်ကိုကြီး”ဟုခေါ်ကြသည်။

သို့သော် သူက အသက်အကြီးဆုံးဟုမဆိုလိုသကဲ့သို့ ၎င်းတို့အနက် အင်အားအကြီးဆုံးဟုလည်း ပြော၍မရပေ။ သူ၏ အံ့မခန်းအစွမ်းသတ္တိကို ပြလိုက်ပြီးနောက် ချူးယွင်ဖန်းက ယဲ့ယင်၏ နေရာကို သိမ်းပိုက်မည်မှာ သေချာသည်။

လူတိုင်းက အကြီးအကျယ်ရှုံးနိမ့်ခဲ့ရသော ယဲ့ယင်နှင့် အတောင်များ ဖြတ်ခံလိုက်ရသည့် သံမဏိလင်းယုန်နက်ကို ကြည့်ကြသည်။ ထို့နောက် လူသားပုံစံသို့ ပြန်သွားပြီး တည်ငြိမ်သော အမူအရာရှိသော တည်ငြိမ်သော ချူးယွင်ဖန်းကို ကြည့်ကြသည်။

ချူးယွင်ဖန်း မည်သည်ကိုဆိုလိုနေခဲ့ကြောင်း နောက်ဆုံးတော့ အားလုံးနားလည်သွားကြသည်။

လူအုပ်ထဲက အနည်းငယ်က မျက်နှာရှုံ့မဲ့သွားကြတယ်။ ၎င်းတို့သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကြီးကျယ်သော တပည့်သုံးယောက်ဖြစ်သည်။ ပါရမီရှင်စာရင်းကို ကြေငြာလိုက်သည့်အချိန်၌ ချူးယွင်ဖန်းကို စိန်ခေါ်ရန် ၎င်းတို့ စဥ်းစားခဲ့ကြသည်။ ယဲ့ယင်က ၎င်းတို့ကို အနိုင်ယူလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။ ထိုအချိန်၌ ၎င်းတို့အားလုံး‌ ဒေါသထွက်နေကြဆဲဖြစ်သည်။ သို့သော် ချူးယွင်ဖန်းက ယဲ့ယင်ကို မည်သို့အနိုင်ယူခဲ့ကြောင်း မြင်ပြီးနောက် စိတ်သက်သာရာရသွားကြသည်။ ၎င်းတို့သာ စောစောစီးစီး မတားခဲ့ကြပါက သုံးယောက်လုံးအတွက် အဆုံးသတ်သွားနိုင်သည်။ သွေးအိုင်ထဲ၌ လဲလျောင်းနေသူက ယဲ့ယင်ဖြစ်ရမည့်အစား ၎င်းတို့ထဲမှ တစ်ယောက်ဖြစ်နိုင်သည်။

၎င်းတို့ပင် ကြယ်ကြွေကောင်းကင် တပည့်ကြီးများကြား၌ ချူးယွင်ဖန်းအတွက် နေရာတစ်ခုရှိကြောင်း ဝန်ခံခဲ့ရသည်။ အနာဂတ်တွင် ကြီးကျယ်သော တပည့်ငါးဦးမဟုတ်တော့ဘဲ ကြီးကျယ်သော တပည့်ခြောက်ဦးသာ ရှိတော့မည်ဖြစ်သည်။

ချူးယွင်ဖန်း၏ လေ့ကျင့်မှုအဆင့်က တခြား တပည့်စစ်များနှင့်များစွာကွာခြားသည်။ သို့သော် တိုက်ခိုက်ရေးစွမ်းအားကမူ ၎င်းတို့ထက်ပင် သာလွန်နေနိုင်သည်။ သူ၏ တိုက်ခိုက်ရေးအစွမ်းက ထိုအဆင့်ရောက်နေပြီဖြစ်သောကြောင့် လေ့ကျင့်မှုနှင့်ပတ်သက်၍ ထည့်ပြောရန်ပင်မလိုတော့ပေ။ သူ့အဆင့်ကိုမြှင့်တင်နိုင်ရန် အချိန်အနည်းငယ်သာ ကြာပေလိမ့်မည်။ ထိုအချိန်ရောက်ပါက သူ့အစွမ်းလည်း တိုးလာမည်ဖြစ်၏။

၎င်းတို့ ဝင်ခံရန် ဆန္ဒမရှိလျှင်ပင် ချူးယွင်ဖန်း၏ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်တော့ကြောင်း ၎င်းတို့သိကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများထဲ၌ သူ့ကို ဖိနှိပ်ထားနိုင်သည့် တစ်ဦးတည်းသောသူမှာ အဓိကတပည့် ယန်တန့်ရှန်ပင်ဖြစ်သည်။

ရုတ်တရက် ၎င်းတို့၏ စိတ်ထဲ၌ ရယ်စရာကောင်းသည့် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ ချူးယွင်ဖန်း၏ အဆင့်တိုးတက်မှုနှုန်းအပေါ် အခြေခံ၍ မကြာခင်၌ပင် ယန်တန့်ရှန်ကို ဖြုတ်ချနိုင်ချေရှိသည်။

ချူးယွင်ဖန်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ရောက်လာခဲ့သည်မှာ မကြာလှသေးပေ။ ထိုစဥ်က သူသည် သာမန် အတွင်းစည်းတပည့်တစ်ဦးသာဖြစ်သည်။ သူသည် ဝမ်ယိဖန်နှင့် တစ်နှစ်စိန်ခေါ်ချက် ရှိထားသော်လည်း မည်သူမျှ ၎င်းကို အလေးအနက် မထားကြပေ။ ဝမ်ယိဖန်ပင် ၎င်းတို့အမြင်၌ မည်သည့်အဆင့်မျှမရှိပေ။

သို့သော်လည်း သူတို့ လျှော့တွက်ထားသူမှာ ဤမျှတိုတောင်းသော အချိန်အတွင်း အံ့အားသင့်ဖွယ် အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးခဲ့သည်။ အနာဂတ်တွင် သူသည် ယန်တန့်ရှန်ကို ကျော်လွန်ကာ

စီနီယာတပည့် ဖြစ်လာနိုင်သည်။ မဖြစ်နိုင်သောအရာဟူ၍ ဘာမှမရှိဟု ထင်ရသည်။

မကြာခင်၌ပင် ၎င်းတို့က ထိုရယ်စရာကောင်းသော အရာကို စိတ်ထဲမှ ထုတ်ပစ်လိုက်ကြသည်။

ယဲ့မျိုးနွယ်ဟု၏ အပြည့်အဝထောက်ခံမှုကို ရရှိထားသည့် ယဲ့ယင်ပင် ယန်တန့်ရှန်နှင့်မယှဥ်နိုင်ပေ။ ၎င်းတို့က စစ်မှန်သော တပည့်ကြီးများဖြစ်သဖြင့် ငါးယောက်စလုံး တန်းတူညီမျှပုံရသော်လည်း ယန်တန့်ရှန်ကမူ အခြားအဆင့်၌ရှိနေကြောင်း ၎င်းတို့ နားလည်ကြသည်။

သူသည် ကမ္ဘာကြီးနှင့်ယှဥ်ပြိုင်နိုင်သည့် အစွမ်းထက် သတ္တဝါတစ်ကောင်ပင်ဖြစ်၏။

ယင်းက ထိပ်တန်းကျောင်းသားနှင့် ပါရမီရှင်ကြားကွာခြားချက်ပင်ဖြစ်သည်။ ထိပ်တန်းကျောင်းသား၌ ကန့်သတ်ချက်များရှိကာ ပါရမီရှင်များ၌ ကန့်သတ်ချက်များမရှိပေ။

ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။

"တကယ့်ကို ပျင်းစရာကောင်းတဲ့ ဟာသပဲ”

ဤတိုက်ပွဲအပြီးတွင် သူသည် ဂိုဏ်းတွင် သူ၏ဂုဏ်သိက္ခာကို တည်ဆောက်နိုင်ခဲ့သည်။ ယခုမှစ၍ မည်သူမျှ သူ၏တည်ရှိမှုကို လျှော့တွက်ရဲတော့မည်မဟုတ်ပေ။

ယဲ့ယင်သာ ချူးယွင်ဖန်း၏ အတွေးများကို သိခဲ့ပါက သူအလွန် စိတ်ဓာတ်ကျသွားလိမ့်မည်။ သူက ဒုတိယမြောက် တပည့်စစ်ဖြစ်သော်လည်း ယခုမူ ချူးယွင်ဖန်းအတွက် အမြောက်စာသာ ဖြစ်သွားခဲ့သည်။

မကြာခင်၌ လူများသည် ပြင်းထန်စွာဒဏ်ရာရနေသည့် ယဲယင်နှင့် သံမဏိလင်းယုန်နက်ကို ကုသပေးရန် ပြေးလာကြသည်။

ချူးယွင်ဖန်းသည် ယဲယင်ကိုသတ်ရန် ရည်ရွယ်ခြင်းမရှိပေ။ အဆုံးစွန်အားဖြင့် အခြေအနေသည် ဝမ်ယိဖန်နှင့် ဖြစ်ပျက်ခဲ့သည့်အရာနှင့် ကွာခြားသည်။ ဝမ်ယိဖန်သည် တပည့်စစ်တစ်ဦးဖြစ်သော်လည်း အလုံးစုံအခြေအနေတွင် သူသည် မထူးခြားပေ။ ထို့အပြင် သူသည် နတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ယဲ့ယင်သည် ဂိုဏ်းအပေါ် နက်ရှိုင်းသော ဩဇာလွှမ်းမိုးမှုရှိသည်။ အကြီးအကဲများနှင့် အကြီးအကဲများစွာသည် သူ့ပတ်လည်တွင် စည်းလုံးစွာ ရပ်နေကြသည်။ ချူးယွင်ဖန်းက ယဲ့ယင်ကို သတ်ပါက ပြဿနာများစွာ ပိုမိုများပြားလာမည်ဖြစ်ကာ ထိုသို့ဖြစ်လာရန် မလိုအပ်သေးပေ။

---

All Chapters