အခန်း (၁၈၃၇-၁၈၃၉)
Vol. 123 Ch. 1837-1839
အခန်း(၁၈၃၇) ဆဋ္ဌမမြောက် တပည့်စစ်ကြီးအဖြစ် ရာထူးတိုးခြင်း
သူ့ရည်မှန်းချက်အောင်မြင်ပြီးဖြစ်သောကြောင့် ချူးယွင်ဖန်းက ယဲ့ယင်ကို မသတ်ခဲ့ပေ။
ဂိုဏ်းတူသူများကို များစွာ သတ်ခြင်းက ရေရှည်ဖြေရှင်းချက်မဟုတ်ပေ။ သူ့ကို ဝေဖန်မည့်သူများ များစွာ ရှိမည်မှာ သေချာသည်။ သူ့ဘက်တွင်ရှိနေသော ဂိုဏ်းခေါင်းဆောင်စစ်တုရွှမ်ပင် မကျေမနပ်ဖြစ်မည်မှာ သေချာသည်။
မည်သို့ပင်ဖြစ်စေကာမူ ယဲ့ယင်ကဲ့သို့ ပညာရှင်များသည် ဂေါ်ဖီထုပ်များကဲ့သို့မပေါများပေ။
ယဲ့ယင်ကို ပျိုးထောင်ရန် ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများက မရေမတွက်နိုင်အောင်များပြားသော အရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံခဲ့ကြရခြင်းဖြစ်သည်။ သူသာ ကိုယ့်လူလက်ထဲ၌ သေသွားပါက အထက်လူကြီးများရူးသွားနိုင်သည်။
ရုတ်တရက် ချူးယွင်ဖန်း ထွက်သွားတော့မည့်အချိန်တွင် ကောင်းကင်မှ အလင်းတန်းတစ်ခု ကျဆင်းလာပြီး သူ့ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
"အကြီးဆုံး စီနီယာ! သူရောက်နေပြီ!"
လူတိုင်းက ထိုလူကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွားကြသည်။ အဓိကတပည့်ဖြစ်သည့် ယန်တန်ရှန်မှတပါး မည်သူဖြစ်နိုင်မည်နည်း။
"မင်္ဂလာပါ၊ စီနီယာကြီး” လူတိုင်းက ဦးညွတ်လိုက်ကြသည်။
"ဒီလောက်ယဉ်ကျေးစရာမလိုပါဘူး။ ဂျူနီယာချူး၊ ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ" ယန်တန်ရှန် ခေါင်းညိတ်ပြလိုက်သည်။
ယန်တန်ရှန် စကားပြောပြီးသည်နှင့် သူသည် အလင်းတန်းတစ်ခုထဲတွင် ရပ်နေရာမှ ပျောက်ကွယ်သွားသည်။ ချူးယွင်ဖန်းလည်း အလင်းတန်းနောက်သို့ လိုက်လံပျောက်ကွယ်သွားသည်။
"ဒါက အဆုံးသတ်လား။ မယုံနိုင်စရာပဲ။ စီနီယာယဲ့က စီနီယာချူးကို တကယ်ရှုံးသွားတယ်!"
"ပြီးတော့ စီနီယာချူးက စီနီယာယဲ့ကို လုံးဝအနိုင်ယူခဲ့တာနော်။ ဒါက ပါရမီရှင်စာရင်းထဲကသူတွေရဲ့ အစွမ်းလား"
လူတိုင်း ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ တိုက်ပွဲအပြီး၌ ယန်တန်ရှန် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာ၍ ချူးယွင်ဖန်းကို ရှာနေရသည်ကို လူအများက သိချင်နေကြသည်။
***
ချူးယွင်ဖန်းသည် ယန်တန်ရှန်နောက်သို့ တောင်ထိပ်ရှိ တဲငယ်လေးတစ်ခုထဲသို့ လိုက်သွားသည်။ ယန်တန်ရှန်က ကျောက်စိမ်းခုံပေါ်တွင် ထိုင်လိုက်ကာ ချူးယွင်ဖန်းက သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
"ဂုဏ်ယူပါတယ် ဂျူနီယာချူး" ယန်တန့်ရှန်သည် ချူးယွင်ဖန်းးကို ကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။
"ဂုဏ်ယူပါတယ်ဟုတ်လား” ချူးယွင်ဖန်းက မေးလိုက်သည်။
"ပထမဆုံးကတော့ ဂျူနီယာယဲ့ကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ အခုကစပြီး ဘယ်သူမှ မင်းကို လျှော့တွက်ရဲတော့မှာ မဟုတ်ဘူး။ ဒုတိယအနေနဲ့၊ ကြယ်ကြွေကောင်းကင်ဂိုဏ်းရဲ့ တပည့်ကြီး ခြောက်ယောက်ထဲက တစ်ယောက်ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်" ယန်တန်ရှန်က ပြုံး၍ပြောသည်။
"တပည့်ကြီးခြောက်ယောက်ဟုတ်ာလး" ချူးယွင်ဖန်း မျက်ခုံးတစ်ဖက် တွန့်သွားသည်။
"ဟုတ်တယ်။" ယန်တန်ရှန် ခေါင်းညိတ်လိုက်သည်။
"အခုကစပြီး ကြယ်ကြွေကောင်းကင်ဂိုဏ်းမှာ တပည့်ကြီး ငါးယောက်အစား ခြောက်ယောက်ပဲ ရှိတော့တယ်။"
ချူးယွင်ဖန်းသည် တပည့်ကြီးတစ်ဦးဖြစ်လာခြင်း၏ အကျိုးကျေးဇူးများကို သဘာဝအတိုင်း နားလည်ခဲ့သည်။ ၎င်းတို့အားလုံးက တပည့်စစ်များဖြစ်သော်လည်း တပည့်စစ်များတွင် အဆင့်အတန်း အမျိုးမျိုးရှိသည်။ တပည့်စစ်များ၏ အဓိကအချက်မှာ သဘာဝအတိုင်း တပည့်ကြီးခြောက်ယောက်ဖြစ်သည်။ မမျှော်လင့်ထားသည့် မည်သည့်အရာမျှ မဖြစ်ခဲ့ပါက ထိုကြီးကျယ်သော တပည့်စစ်များသည် နောက်ဂိုဏ်းခေါင်းဆောင်၊ ဒုတိယဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကြများဖြစ်လာနိုင်သည်။ ထိုတပ်ည့စစ်များကို နည်းအမျိုးမျိုးနှင့်ပျိုးထောင်ပေးလိမ့်မည်။
ယခု ချူးယွင်ဖန်းသည် တပည့်ကြီးများထဲ၌ တစ်ဦးအဖြစ် စာရင်းသွင်းခံရသည်။ အနာဂတ်တွင် ရရှိမည့် အကျိုးကျေးဇူးများသည် သဘာဝအတိုင်း သံသယဖြစ်ဖွယ် မရှိပေ။ သူသည် ဂိုဏ်း၏ စစ်မှန်သော အဓိကပုဂ္ဂိုလ် ဖြစ်လာလိမ့်မည်။
အခြားသူများနှင့် တန်းတူရပ်တည်နိုင်ခြင်းသည် ခွန်အားအရသာမက အရေးကြီးဆုံးမှာ ရာထူးအဆင့်အတန်းအရလည်း ဖြစ်သည်။
"ဂျူနီယာ ချူး၊ အနာဂတ်မှာ ငါတို့ ခံစားနိုင်တဲ့ အခွင့်အရေးတိုင်းကို
မင်းလည်းရလိမ့်မယ်" ယန်တန့်ရှန်က ပြုံးရွှင်စွာ ပြောလိုက်သည်။
မှန်သည်။ ချူးယွင်ဖန်းက ယဲ့ယင်ကို အနိုင်ယူပြီးနောက် ဤအရာက သူတိုက်ခိုက်ခဲ့သောအရာဖြစ်သည်ကို နားလည်သည်။ ယဲ့ယင်ကသာ သူ့ကိုအနိုင်ယူခဲ့ပါက အရာအားလုံးပြီးဆုံးသွားလိမ့်မည်။ သူ၏ မူလအခြေအနေသို့ ပြန်ရောက်သွားမည်ဖြစ်ကာ ကံကောင်းသူအဖြစ်သတ်မှတ်ခံရလိမ့်မည်။
သူက ဝမ်ယိဖန်ကိုသတ်၍ ကျန်းဝမ်အန်ကို ဒဏ်ရာရစေခဲ့သော်လည်း လူများသည် သူ့ကို ကံကောင်းသည်ဟုသာ ထင်ကြလိမ့်မည်။ သူ့ကို အထင်ကြီးခဲ့သော စစ်တုရွှမ်ပင် ယခုလောက် သူ့ကို ဂရုမစိုက်တော့ပေ။ ထို့ကြောင့် ယဲ့ယင်နှင့် တိုက်ပွဲက သူ ရှုံး၍ မရသောတိုက်ပွဲဖြစ်သည်။ သို့သော်လည်း ယဲ့ယင်ကမူ ကွဲပြားသည်။ သူရှုံးနိမ့်ပြီး ဂုဏ်သတင်းထိခိုက်သွားလျှင်ပင် သူက တပည့်ကြီးငါးယောက်ထဲမှ တစ်ယောက်ဖြစ်နေဦးမည်ဖြစ်သည်။
ချူးယွင်ဖန်းက ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့မျှ မကျေမနပ်ဖြစ်မခဲ့ပေ။ ထိုသို့သော စနစ်မျိုးသည် သူ့အတွက် အကျိုးရှိသည်။ သူ၏ တန်ဖိုးကို ဆက်လက်မြှင့်တင်နိုင်သရွေ့ ဂိုဏ်းတစ်ခုလုံးက သူ့ကို အစွမ်းကုန် ထောက်ခံလာကြလိမ့်မည်။
ယန်တန်ရှန်သည် တပည့်ကြီးများစာရင်းသို့ ရာထူးတိုးမြှင့်ခံရခြင်းအပေါ် အလွန်အမင်း ပျော်ရွှင်နေပုံမပေါ်သည့် ချူးယွင်ဖန်းကို ကြည့်လိုက်သည်။ သူ အနည်းငယ် စိတ်ခံစားမှု ပြင်းထန်လာသည်။ အနည်းဆုံဂအနေဖြင့် သူပင်လျှင် တပည့်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး နောက်ဂိုဏ်းခေါင်းဆောင်အဖြစ် အတည်ပြုခံရသောအခါ အချိန်အတော်ကြာ စိတ်လှုပ်ရှားနေခဲ့သည်။
သို့သော်လည်း ချူးယွင်ဖန်း၏ တိုးတက်မှုသည် အလွန်မြန်ဆန်လွန်းသဖြင့် မည်သူမျှ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပပေ။ ယခင်က သူသည် အတွင်းစည်းတပည့်တစ်ဦးသာဖြစ်သော်လည်း ယခုအခါ တန်းတူရပ်တည်နိုင်ပြီဖြစ်သည်။ ၎င်းသည် အံ့ဖွယ်အမှုတစ်ခုသာ ဖြစ်သည်။
ယန်တန်ရှန်ကိုယ်တိုင် မမြင်ခဲ့ပါက တစ်ယောက်ယောက်က ထိုမျှမြန်မြန် ပေါ်လာလိမ့်မည်ဟု မယုံနိုင်ပေ။ တကယ်တမ်းတွင် ချူးယွင်ဖန်းနှင့် မိုးကြိုးခရမ်းဓားဂိုဏ်းအကြောင်း သူရထားသည့် အချက်အလက်များသည် သံသယဝင်စဖွယ်ကောင်းလွန်းလှသည်။
မည်သို့ပင်ဖြစ်စေကာမူ မိုးကြိုးခရမ်းဓားဂိုဏ်းက တစ်ချိန်က နယ်မြေတစ်ခုကို လွှမ်းမိုးခဲ့ကာ လက်ရှိ ကြယ်ကြွေကောင်းကင်ဂိုဏ်းထက် အဆင့်နိမ့်အားနည်းသည်ဟု ဆို၍မရပေ။ သို့သော် ယင်းက အတိတ်မှကိစ္စတစ်ခုဖြစ်၍ မိုးကြိုးခရမ်းဓားဂိုဏ်းက တဖြည်းဖြည်းဖြင့် အဆင့်ကျလာသည်။ ဂိုဏ်း၏ အမွေအနှစ်က ချူးယွင်ဖန်းကို ထိုအဆင့်ထိ တက်လှမ်းစေနိုင်လိမ့်မည်ဟု ယန်တန်ရှန်မယုံနိုင်ပေ။
"ဒါပေမယ့် ဂျူနီယာချူး၊ မင်းက ဂျူနီယာယဲ့ကို အနိုင်ယူပြီး ဂိုဏ်းထဲက လူတိုင်းရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပေမယ့် မင်းကို အနိုင်ယူပြီး ပါရမီရှင်စာရင်းထဲ ဝင်ဖို့ ရည်ရွယ်ထားသူတွေ အများကြီး ရှိနေသေးတယ်" ယန်တန့်ရှန်က ပြောသည်။
"ပါရမီရှင်စာရင်း ကြေငြာတိုင်း နောက်ဆုံးလူအနည်းငယ်က အဆုံးမရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိတယ်။ ပါရမီရှင်စာရင်းထဲက ကျွမ်းကျင်သူတွေတောင် မြင်းပေါ်ကနေ နှင်ထုတ်ခံရတာ မဆန်းဘူး။ ဂျူနီယာချူး၊ မင်းက ရုတ်တရက် ပေါ်လာတယ်။ မင်းကို ဆန့်ကျင်တဲ့သူတွေ အများကြီး ရှိနေတာ သေချာတယ်"
ပါရမီရှင်စာရင်းက လုံးဝ တိကျမှန်ကန်ခြင်းမဟုတ်ပေ။ ကောက်ချက်ချမှုများကို တားနိုင်သူများလည်းရှိသည်။ တောင်တန်းများနှင့် သစ်တောများထဲ၌ပင် ကျင့်ကြံသူများစွာရှိနေသည်။ ၎င်းတို့က ကမ္ဘာပေါ်တွင် မပေါ်လာသော်လည်း တစ်ခါပေါ်လာသည်နှင့် ကမ္ဘာကြီးကို အံ့အားသင့်စေလိမ့်မည်။ အချို့လူများတွင် ကံကောင်းမှုတချို့ ကြုံတွေ့လိုက်ရပါက ၎င်းတို့၏ ခွန်အားက မြန်မြန်ဆန်ဆန် မြင့်တက်လာကာ ပါရမီရှင်စာရင်းထက် ကျော်လွန်သွားလိမ့်မည်။ ယင်းကလည်း အဖြစ်များသော ကိစ္စတစ်ခုဖြစ်၏။
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ လူငယ်မျိုးဆက်အတွက် ပါရမီရှင်စာရင်းက မည်မျှအရေးကြီးကြောင်း သူသိသည်။ ကမ္ဘာပေါ်တွင် ပါရမီရှင်များစွာရှိပြီး အဆင့်သတ်မှတ်ချက်တွင် လူရာဂဏန်းအနည်းငယ်သာရှိသည်။ ၎င်းတို့သည် အောက်ဆုံးတွင်သာရှိနေသော်လည်း ဂိုဏ်းတစ်ခုအနေဖြင့် ၎င်းတို့ကို အကောင်းဆုံးပြုစုပျိုးထောင်ရန် လုံလောက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ယန်တန့်ရှန်က စာရင်းထဲ၌ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားထဲမှ တစ်ဦးတည်းသော သူပင်မဟုတ်လော။
---
အခန်း(၁၈၃၈) ဂိုဏ်း၏ အထောက်အပံ့
ဤလူများထဲတွင် ချူးယွင်ဖန်း၏ အစွမ်းသတ္တိမှာ အနိမ့်ဆုံးဖြစ်ပုံရသည်။
ချူးယွင်ဖန်းသည် ယဲ့ယင်ကို မိုးကြိုးပစ်သည့်အမြန်နှုန်းဖြင့် အနိုင်ယူနိုင်သဖြင့် ဂိုဏ်းအတွင်းရှိ လူအချို့သည် စကားမပြောနိုင်ဘဲ လုံးဝအံ့အားသင့်သွားကြသည်။ သို့သော် ဂိုဏ်းပြင်ပရှိ ကျွမ်းကျင်သူများ သို့မဟုတ် ပါရမီရှင်စာရင်းတွင် ပါဝင်နိုင်သည်ဟု ခံစားရသော အလယ်ပိုင်းလွင်ပြင်ပြင်ပရှိ ပညာရှင်များအတွက်ပင် သူသည် ခြိမ်းခြောက်မှုတစ်ခု မဟုတ်သေးပေ။
"ဒါက အကြီးအကဲတွေရဲ့ ရည်ရွယ်ချက်လား" ချူးယွင်ဖန်းက မေးလိုက်သည်။
"ပါရမီရှင်စာရင်း မှားနေရင် ကိစ္စမရှိပါဘူး၊ ဒါပေမယ့် မင်း ဂျူနီယာယဲ့ကို အနိုင်ယူနိုင်တာကြောင့် ပါရမီရှင်စာရင်း မှားမနေဘူးလို့ ဆိုလိုတယ်" ယန်တန့်ရှန်က ပြောသည်။
"အရင်က စာရင်းထဲပါတာဆိုလို့ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှာ ငါတစ်ယောက်တည်းပဲ ရှိတယ်ဆိုတာ မင်းသိတယ်။ အခု မင်း ရုတ်တရက် တက်လာတော့ အကြီးအကဲတွေက မင်း မရှုံးအောင် သေချာလုပ်ချင်ကြတယ်။ မင်း ဂျူနီယာယဲ့ကို မရှုံးရင် တခြားဘယ်သူ့ကိုမှ မရှုံးစေရဘူး။ ငါပြောတာ နားလည်လား"
ချူးယွင်ဖန်းသည် ယန်တန်ရှန်၏ ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများနှင့် အထက်လူကြီးများအတွက် ယဲ့ယင်နှင့် ချူးယွင်ဖန်းနှစ်ဦးစလုံးသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်များဖြစ်ကြသည်။ သို့သော် အခြားဂိုဏ်းများ၏ ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် ၎င်းသည် ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
သိသာသည်မှာ ချူးယွင်ဖန်းက ၎င်းတို့ထဲမှ တစ်ယောက်ဖြစ်နေခြင်းဖြစ်ကာ
ထိုသို့ဖြစ်ပါက မည်သူ့ကို ကူညီမလဲဟူသည်က သံသယဖြစ်စရာမလိုပေ။ ပါရမီရှင်စာရင်း၏ အဆင့်အတန်းက အလွန်အရေးကြီးသည်။ ပါရမီရှင်အများစုက ပါရမီရှင်စာရင်း၏ အဆင့်သတ်မှတ်ချက်ကို တန်ဖိုးထားရုံသာမက ဂိုဏ်းကြီးအမျိုးမျိုးကလည်း အလွန်တန်ဖိုးထားကြသည်။ ယင်းက ဂိုဏ်းကြီးအမျိုးမျိုး၏ ဂျူနီယာ၏ အစွမ်းသတ္တိကို သက်သေပြနေသည်။
ဤသည်မှာ ကြီးမားသော အုပ်စုအမျိုးမျိုးသည် ပွင့်လင်းစွာနှင့် လျှို့ဝှက်စွာ တိုက်ခိုက်ခဲ့ကြသည့် စစ်မြေပြင်များထဲမှ တစ်ခုဖြစ်သည်။
သို့သော်လည်း၊ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများက အလွန်ကသိကအောက်ဖြစ်နေသော အနေအထားတွင် ရှိနေသည်။ ၎င်းတို့သည် ပါရမီရှင်များနှင့် ကျွမ်းကျင်သူများ ပြည့်နှက်နေသောကြောင့် လူသိများသော်လည်း၊ ပါရမီရှင်စာရင်းတွင် ပါဝင်နိုင်သူ ယန်တန့်ရှန် တစ်ဦးတည်းသာ ရှိသည်။ အခြားဂိုဏ်းကြီးဆယ်ဂိုဏ်းစလုံးတွင် အနည်းဆုံး နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အမည်များ စာရင်းတွင် ပါရှိသည်။
သို့သော် ပါရမီရှင်များသည် လေထဲတွင် မွေးဖွားလာခြင်းမဟုတ်ပေ။ ၎င်းတို့ကို ရှာဖွေပြုစုပျိုးထောင်ရန် လိုအပ်၍ အလျင်စလိုလုပ်၍မရပေ။ ထို့ကြောင့်လည်း ဟွားရှန်းယွမ်ကို ကြယ်ကြွေကောင်းကင်ဂိုဏ်းက အလွန်တန်ဖိုးထားကြခြင်း ဖြစ်သည်။
ဟွားရှန်းယွမ် မထမြောက်ခင်မှာ ချူးယွင်ဖန်းကဦးဆောင်ပြီးပြီဟု မည်သူကထင်မည်နည်း။
"ဂိုဏ်းခေါင်းဆောင်ကလည်း မင်းရဲ့အဆင့်ကို အရမ်းတန်ဖိုးထားတယ်" ယန်တန်ရှန်က ပြောသည်။
"ဒီအကြောင်းကြောင့်ပဲ ငါ မင်းကို ကိုယ်တိုင်လာရှာတာ။ ငါ တစ်ယောက်တည်းနေသင့်တယ်။ ဟုတ်ပါတယ်၊ ဂိုဏ်းကလည်း မင်းကို ထောက်ခံလိမ့်မယ်" ယန်တန်ရှန်က ပြောသည်။
"မင်းကို ကြယ်ကြွေကောင်းကင်သစ်သီးတစ်လုံးမေပးမှာ ပြီးတော့ ဂိုဏ်းရဲ့စာကြည့်တိုက်ထဲကို ဆယ်ရက်ကြာ ဝင်ရောက်ခွင့်ရှိမယ်။ မင်းကြိုက်တဲ့ စာအုပ်တိုင်းကို ဖတ်နိုင်ပြီး၊ ပုံရိပ်ယောင်လဂူထဲမှာ တစ်လကြာ ကျင့်ကြံခွင့်လည်း ရှိမယ်။"
ယန်တန့်ရှန်ပြောသော အခြေအနေများကို နားထောင်၍ ချူးယွင်ဖန်းပင် စိတ်ပါသွားရသည်။ ချူးယွင်ဖန်းက ယခင်က ကြယ်ကြွေကောင်းကင်သစ်သီးတစ်လုံးကို စားဖူးကာ သူ၏ ကျင့်ကြံမှု အဆင့်မြှင့်တင်ရန် အလွန်အကျိုးရှိခဲ့သည်။ ယင်း သစ်သီးနှင့်ဆိုပါက သူ ပိုတိုးတက်နိုင်လိမ့်မည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းက ပို၍ပင် အရာအားလုံးကို လွှမ်းခြုံထားသည်။ ၎င်းတွင် သိုင်းပညာလက်စွဲစာအုပ်များစွာနှင့် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် စီနီယာများစွာရေးထားသော မှတ်စုများ ပါဝင်သည်။ လက်ရေးစာများလည်း များစွာရှိသည်။ ထိုအရာများအားလုံးက ပိုက်ဆံနှင့်ဝယ်၍မရနိုင်သည့်အရာများဖြစ်သည်။
ထိုလေ့ကျင့်ရေးမှတ်စုများသည် ၎င်းတို့အားလုံးသည် ဂိုဏ်းအမှတ်များကို အသုံးပြုခြင်းဖြင့်သာ လဲလှယ်နိုင်သော ကောင်းမွန်သောအရာများဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သောအနှစ်သာရဖြစ်သည်ဟုပင် ဆိုနိုင်သည်။ အထူးသဖြင့် စီနီယာများစွာ၏ မှတ်စုများနှင့် မှတ်ချက်များသည် နောက်ပိုင်းမျိုးဆက်များအတွက် အသုံးဝင်ပြီး လေ့ကျင့်ချိန်များစွာကို သက်သာစေနိုင်သည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကြီးမားသော အခြေခံအုတ်မြစ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
သာမန်များသည် ထိုရှေးဟောင်းစာအုပ်များကို ဂရုမစိုက်လှကြသော်လည်း ချူးယွင်ဖန်း ပြည်ထောင်စုမှ ရခဲ့သည့်ပညာရေးဖြစ်စေ ဆေးဧကရာဇ်၏ မှတ်ဉာဏ်ဖြစ်စေ ၎င်းတို့အားလုံးက သူ့ကို ကျင့်ကြံရေးလမ်းကြောင်း၌ ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အဆက်မပြတ် စူးစမ်းလေ့လာနေကြသည်ဟုပြောကြသည်။ ခိုင်မာသော ကျင့်ကြံမှုအခြေခံရှိသည့် ကျွမ်းကျင်သူတိုင်းက အံ့ဖွယ် အသိပညာတွေရှိသော ဗဟုသုတကြွယ်ဝသူများဖြစ်ကြသည်။ ၎င်းတို့က အနုပညာနှင့် ပထဝီ၌ ကျွမ်းကျင်သည်ဟုပြောခြင်းက ချဲ့ကာားပြောခြင်းမဟုတ်ပေ။
ဆန့်ကျင်ဘက်အနေနှင့် မည်သို့ လေ့ကျင့်ရမည်ကိုသာ သိ၍ အဆုံးထိ စိတ်နှစ်ထားသူများသည် နောက်ဆုံး၌ အဆင့်မြင့်သော လေ့ကျင့်မှုကို ရနိုင်ရန် ခက်ခဲသည်။
ချူးယွင်ဖန်းသည် "ကမ္ဘာ" တွင် ပုံရိပ်ယောင်လဂူအကြောင်းကိုလည်း ဖတ်ရှုခဲ့သည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ၏ သန့်ရှင်းသောနယ်မြေဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် သာမန်လူများ၏အမြင်တွင် ကျင့်ကြံရန်အတွက် မြင့်မြတ်သောနယ်မြေတစ်ခုဖြစ်ကာ ဝိညာဉ်သွေးကြောများနှင့် အင်မော်တယ်စွမ်းအားများနှင့် ပြည့်နှက်နေသည်။ ပုံရိပ်ယောင်လဂူသည် မြင့်မြတ်သောမြေများအနက်မှ မြင့်မြတ်သော နယ်မြေဖြစ်သည်။ ထိုနေရာရှိ ဝိညာဉ်စွမ်းအင်သည် ကြယ်ကြွေကောင်းကင်၏ အခြားနေရာများထက် အဆတစ်ရာပို၍ သိပ်သည်းသည်။
သို့သော်၊ ၎င်းတွင်ရှိသော ဝိညာဉ်စွမ်းအင်ကို ထိန်းသိမ်းရန်အတွက်၊ သာမန်လူများသည် ၎င်းထဲသို့ ဝင်ရောက်လေ့ကျင့်ရန် အရည်အချင်းမပြည့်မီပေ။ ပုံမှန်အားဖြင့်၊ ဂိုဏ်းအတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်သူများသာ ၎င်းတို့၏အမှတ်များကို အသုံးပြု၍ လေ့ကျင့်ရန်နေရာသို့ ဝင်ရောက်ခွင့်နှင့် လဲလှယ်နိုင်သည်။
ပုံရိပ်ယောင်လဂူ၏ အံ့သြဖွယ်ကောင်းသောအရာက သာမန်နေရာများကဲ့သို့ ဝိညာဉ်စွမ်းအင်သိပ်သည်းဆ မဟုတ်ပေ။ အရေးကြီးဆုံးက ပုံရိပ်ယောင်လဂူဟာ လူတစ်ယောက်၏ စိတ်အခြေအနေကို လေ့ကျင့်ရန် နာမည်ကြီးနေရာတစ်ခုဖြစ်သည်။
ပုံရိပ်ယောင်လဂူထဲ၌ ဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းသည်။ တစ်ချိန်တည်း၌ပင်
အတွင်းစိတ်နတ်ဆိုးအမျိုးမျိုးကိုလည်း ဖြစ်ပေါ်စေလိမ့်မည်။ ထိုအတွင်းစိတ်နတ်ဆိုးများသည် အများအားဖြင့် ချောင်းမြောင်းနေတတ်ကြကာ မမြင်နိုင်ကြပေ။ ၎င်းတို့က လေ့ကျင့်မှု၏ အရေးကြီးဆုံးအချိန်၌ ရုတ်တရက်ပေါ်လာလေ့ရှိသည်။ ထိုအချိန်ရောက်ပါက နောက်ကျသွားတတ်သည်။ ထိုအတွင်းစိတ် နတ်ဆိုးများသည် စိတ်၏ ချို့ယွင်းချက်များဖြစ်ကြသည်။ ပုံရိပ်ယောင်လဂူထဲ၌ ၎င်းတို့ကို ကြိုတင်လှုံ့ဆော်ပေးနိုင်သည်။ အတွင်းစိတ်နတ်ဆိုးတစ်ကောင်ကို ဖယ်ရှားခြင်းအားဖြင့် လူတစ်ယောက်၏ စိတ်အခြေအနေက ပိုမို ပြည့်စုံလာနိုင်သည်။
ပုံရိပ်ယောင်လဂူသည် လူတိုင်းတောင့်တခဲ့သော ကျင့်ကြံရန် မြင့်မြတ်သောမြေဖြစ်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများသည် ချူးယွင်ဖန်းအပေါ် များစွာ ရင်းနှီးမြှုပ်နှံထားကြသည်။ သူ၏ ကျင့်ကြံမှုသည် မကြာသေးမီနှစ်များအတွင်း ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် တည်ငြိမ်နေသော်လည်း သူ၏ စိတ်အခြေအနေသည် အလွန်လျင်မြန်စွာ တိုးတက်ကောင်းမွန်လာခဲ့ကာ မလွဲမသွေ ဘေးအန္တရာယ်များစွာကို ဖြစ်ပေါ်စေခဲ့သည်။ သူ့ကို နတ်ဘုရားတစ်ပါးက ထောက်ပံ့လေ့ရှိကာ သူ၏စိတ်အခြေအနေတွင် ယိမ်းယိုင်ခြင်းမရှိသော်လည်း ဤအခွင့်အရေးကို အသုံးချကာ သူ၏ အတွင်းစိတ်နတ်ဆိုးများကို ဖြတ်တောက်နိုင်သည်။
"ဒါတွေအားလုံးက မင်းအတွက် ဂိုဏ်းရဲ့ အထောက်အပံ့တွေပါပဲ" ယန်တန်ရှန်က ပြောသည်။
"ငါ့မှာ တောင်းဆိုချက်တစ်ခုပဲ ရှိတယ် စိန်ခေါ်သူအားလုံးကို အနိုင်ယူပါ"
"ကျွန်တော် နားလည်ပါတယ်။" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
"ဂိုဏ်းရဲ့ ထောက်ခံမှုနဲ့အတူ ကျွန်တော် ယုံကြည်မှု အပြည့်အဝ ရှိပါတယ်။ အဲ့လူတွေ ကျွန်တော့်ကို အနိုင်ယူဖို့ ဒီလောက် မလွယ်ကူပါဘူး။"
ချူးယွင်ဖန်း မည်သည်ကို ဆိုလိုနေခြင်းဖြစ်သည်ကို ယန်တန်ရှန် သိလိုက်ရသည်။
"အဲ့လိုဆို ငါသီးသန့်ကျင့်ကြံတော့မယ်။ ငါထွက်လာပြီးရင် မင်းက ပါရမီရှင်စာရင်းမှာ ခိုင်မာတဲ့ခြေကုပ်တစ်ခုရသွားပြီဆိုတဲ့ သတင်းကို ကြားရမယ်လို့ မျှော်လင့်ပါတယ်"
ထိုသို့ပြောပြီးနောက် ယန်တန်ရှန် မတ်တပ်ရပ်ကာ ထွက်ခွာသွားသည်။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်။
---
အခန်း(၁၈၃၉) စိန်ခေါ်မှုအားလုံးကို အတူတူလက်ခံမယ်
"ဘာ ချူးယွင်ဖန်းက အစ်ကိုယဲ့ကို အနိုင်ယူခဲ့တာလား"
"ချူးယွင်ဖန်းဟာ တပည့်ကြီးအဆင့်ထိ တိုးမြှင့်ခံရပြီလား။"
ထိုသတင်းက တစ်ညတည်းအတွင်း၌ ကြယ်ကြွေကောင်းကင် တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ဂိုဏ်းထဲ၌ မရေမတွက်နိုင်အောင် များပြားလှသော တပည့်များရှိနေကာ ၎င်းတို့ထဲမှ အနည်းငယ်ကသာ တိုက်ပွဲကို ကြည့်ရှု့နိုင်ခဲ့သည်။ ထို့ကြောင့် ကြယ်ကြွေကောင်းကင်ဂိုဏ်း တပည့်အများစုက ယင်းကို မသိရှိကြသကဲ့သို့ ဂရုလည်းမစိုက်ကြပေ။ ၎င်းတို့က ၎င်းကို သာမန်သတင်းတစ်ခုဟုသာ သဘောထားခဲ့ကြသည်။
လူများစွဦက ယဲ့ယင်နိုင်မည်ဟုထင်ကာ ချူးယွင်ဖန်း၌ အခွင့်အရေးမရှိဟုထင်ခဲ့သော်လည်း ရလဒ်ကမူ အားလုံးကို ပါးရိုက်လိုက်သကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့၏ အမြင်၌ အနိုင်ရရန် အခွင့်အရေးမရှိသော ချူးယွင်ဖန်းသာ နောက်ဆုံးတွင် အနိုင်ရခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုနေ့တိုက်ပွဲက လူပြောများလာသည်။ လူအများထင်ထားသကဲ့သို့မဟုတ်တော့ပေ။ ချူးယွင်ဖန်းက ယဲ့ယင်ကို လျို့ဝှက်နည်းလမ်းများဖြင့် အနိုင်ယူခဲ့သည်။ တကယ်တမ်းတွင် ချူးယွင်ဖန်းက ယဲ့ယင်ကို အစမှ အဆုံးထိ ချေမှုန်းခဲ့သည်။ ချူးယွင်ဖန်း၏ အစွမ်းက ယဲ့ယင်ထက် များစွာသာလွန်ကြောင်း မည်သူမဆိုမြင်နိုင်သည်။
ထိုအချိန်၌ပင် လူတိုင်းက ချူးယွင်ဖန်းကို နောက်ဆုံး၌ အသိအမှတ်ပြုလိုက်ကြသည်။ ပါရမီရှင်စာရင်းတွင်
အဆင့်သတ်မှတ်ခံရရန်မှာ ကိစ္စမသေးပေ။
ယဲ့ယင်သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ ဒုတိယအစွမ်းထက်ဆုံးကျွမ်းကျင်သူဖြစ်ကာ ယန်တန်ရှန်ပြီးလျှင် ဒုတိယနေရာတွင် ရှိသည်။ သို့သော် ဤအဆင့်ပညာရှင်သည် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ပေ။ ပါရမီရှင်စာရင်းတွင် အဆင့်သတ်မှတ်နိုင်သော ပညာရှင်များသည် ရိုးရှင်းသောဇာတ်ကောင်များမဟုတ်ဟု တွေးကြည့်နိုင်သည်။ ယဲယင်ကဲ့သို့သောသူပင် ပါရမီရှင်စာရင်းတွင် ပါရမီရှင်များနှင့် မယှဉ်နိုင်ပေ။
ချက်ချင်းပင်၊ ကြယ်ကြွေကောင်းကင်ဂိုဏ်းက တပည့်ကြီးငါးဦးမှ ခြောက်ဦးအထိ ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း ပြင်ပကမ္ဘာသို့ ကြေငြာခဲ့သည်။
နောက်ဆုံး ထိုတပည့်ကြီးများက ဤသို့အခြေအနေမျိုး မကြု့ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ အစပိုင်း၌ နောက်တစ်ကြိမ် တပည့်ကြီးဖြစ်လာနိုင်သူက ဟွားရှန်းယွမ်ဖြစ်လိမ့်မည်ဟု လူတိုင်းက မျှော်လင့်ထားခဲ့ကြသည်။ သို့သော်ယင်းက နှစ်ပေါင်းများစွာကြာပြီးနောက်မှဖြစ်သည်။ ချူးယွင်ဖန်းက ရုတ်တရက်ပေါ်လာ၍ ဟွားရှန်းယွမ်ကို ကျော်ဖြတ်ကာ ချက်ချင်းဆိုသကဲ့သို့ ဆဋ္ဌမမြောက် တပည့်ကြီးဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
တပည့်ကြီးများကို အဓိကတပည့်မှလွဲ၍ အစီအစဉ်အတိုင်း အဆင့်သတ်မှတ်ထားသော်လည်း ချူးယွင်ဖန်းသည် ယန်တန်ရှန်ပြီးနောက် ဒုတိယအကောင်းဆုံး ကျွမ်းကျင်သူဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။
ထိုတိုက်ပွဲအပြီး၌ ဂိုဏ်းထဲမှ လေထုက ပြောင်းလဲသွားကြောင်း လူတိုင်းခံစားမိနိုင်သည်။ မူလက လူအများက ချူးယွင်ဖန်း၏ အစွမ်းကို အလွန်အထင်ကြီးလှသောကြောင့် လှောင်ပြောင်ကြသော်လည်း ယခု တိုက်ပွဲအပြီး၌ ၎င်းတို့အားလုံးပျောက်ကွယ်သွားကြသည်။
လေတိုက်ခတ်မှု ဦးတည်ရာ ရုတ်တရက် ပြောင်းလဲသွားသည်။ လူတိုင်း၏ လေသံကို ပြောင်းလဲသွားပြီး မူလက ချူးယွင်ဖန်းအား ရန်လိုသော တပ်ဖွဲ့များသည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ကြသည်။ လူအများက သူသည် တစ်ညတည်းတွင် ဂိုဏ်း၏ ဂုဏ်ယူစရာ ဖြစ်လာခဲ့သည်ဟု ပြောကြသည်။ အဆုံးစွန်အားဖြင့် ပြိုင်ဆိုင်မှု ကြီးမားသော ကမ္ဘာတွင် အဖွဲ့အားလုံးသည် ပွင့်ပွင့်လင်းလင်းနှင့် လျှို့ဝှက်စွာ အဆက်မပြတ် တိုက်ခိုက်နေကြပြီး ထူးချွန်သူစာရင်းသည် လူငယ်မျိုးဆက်၏ အစွမ်းသတ္တိကို တိုက်ရိုက်ပြသသည့် ပြယုဂ် ဖြစ်သည်။
တစ်ယောက်ယောက်က အဆင့် ၁၀၀ မှာပဲ ရှိသေးလျှင်ပင် အလွန်အထင်ကြီးစဖွယ်ကောင်းနေပြီဖြစ်စသည်။
ဤအချိန်တွင် စိန်ခေါ်မှုစာအမျိုးမျိုးသည် နှင်းပွင့်များကဲ့သို့ ပျံသန်းဝင်ရောက်လာခဲ့သည်။ စာတိုင်းသည် လေးနက်သော စိန်ခေါ်မှုစာများဖြစ်ပြီး စိန်ခေါ်မှုစာများနောက်ကွယ်ရှိ အမည်များအားလုံးသည် တစ်ချိန်က ကမ္ဘာကြီးကို လှုပ်ခါစေခဲ့သော ထိပ်တန်းပါရမီရှင်များဖြစ်သည်။
အလယ်ပိုင်းလွင်ပြင်မှ ဟွမ်မျိုးနွယ်စုမှ ဟွမ်ရွှမ်ဖေး၊ ပေရှန်းဂိုဏ်းအမွေခံ ပေရှန်းကျန့် နတ်ရုပ်သေးဂိုဏ်းမှ ကျန့်ပေ့သောနှင့် နတ်ပျိုမယ်ဂိုဏ်းမှ ရှားယီ…
နာမည်တစ်ခုစီက လူငယ်မျိုးဆက်များကြား၌ ထူးချွန်ထက်မြက်သူများဖြစ်ကြသည်။ ၎င်းတို့က နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့ကြသည်။ ၎င်းတို့က ပါရမီရှင်စာရင်း၌ မပါသော်လည်း ပါနိုင်ခြေရှိသည်။
ပါရမီရှင်စာရင်း၌ နေရာတစ်ရာသာရှိကာ မပါသူအများစုက ပါရမီရှင်စာရင်းက ကျွမ်းကျင်သူများထက် အဆင့်နိမ့်ချင်မှ နိမ့်ပေလိမ့်မည်။ ယင်းကို လူတိုင်းက လူသိရှင်ကြားအသိအမှတ်ပြုခဲ့ကြသည်။
သို့သော် ဤအချိန်တွင် ချူးယွင်ဖန်းသည် သီးသန့်ကျင့်ကြံ၍ လောလောဆယ်တွင် မည်သည့်စိန်ခေါ်မှုကိုမျှ လက်မခံတော့ဟု ကြေငြာခဲ့သည်။ ၎င်းသည် ချက်ချင်းပင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ လူတိုင်းက ချူးယွင်ဖန်းသည် ရှုံးနိမ့်မှုကို ဝန်ခံနေသည်ဟု ထင်မြင်ကြပြီး စိန်ခေါ်မှုကို လက်မခံရဲကြပေ။ ထို့ကြောင့် သူသည် စိန်ခေါ်မှုစာများအားလုံးကို သိမ်းဆည်းထားခဲ့သည်။
ချူးယွင်ဖန်းက စိန်ခေါ်မှုများကို လက်ခံသဖြင့် လူတိုင်း ရူးသွားပြီဟု ထင်နေကြစဥ်၌ သူက သုံးလကြာသီးသန့်ကျင့်ကြံမည်ဟု ကြေညာခဲ့ကာ သုံးလကြာပြီးနောက် ထိုစိန်ခေါ်မှုများအားလုံးကို လက်ခံခဲ့သည်။
လူတိုင်း စိတ်လှုပ်ရှားနေကြသည်။ ချူးယွင်ဖန်း၏ ရည်ရွယ်ချက်မှာ စိန်ခေါ်မှုများကို တစ်ခုပြီးတစ်ခု လက်ခံရန်မဟုတ်ဘဲ တစ်ပြိုင်နက်တည်း လက်ခံရန်ဖြစ်သည်။ သူသည် ဤပါရမီရှင်များအကြောင်း များများစားစားမစဥ်းစားခဲ့ပေ။
ကြယ်ကြွေကောင်းကင်၌ ရုတ်ရုတ်သဲသဲဖြစ်နေရုံသာမက အပြင်ဘက်ရှိ ကျွမ်းကျင်သူများစွာ အလွန်ဒေါသထွက်နေကြသည်။ ချူးယွင်ဖန်းသည် မာနထောင်လွှားလွန်းသည်။ သူသည် တကယ်ပင် ၎င်းတို့၏ စိန်ခေါ်မှုအားလုံးကို စုစည်းထားသည်။ ၎င်းသည် တစ်ဦးချင်းစိန်ခေါ်မှုဖြစ်သည်။
"ချူးယွင်ဖန်း၊ သူ ငါတို့အားလုံးကို ဘယ်လိုကိုင်တွယ်မလဲ ငါသိချင်တယ်။"
"မင်းက အရမ်းမာန်တက်တာပဲ။ သုံးလပဲရှိသေးတယ်။ ငါမင်းကို သုံးနှစ်ပေးရင်တောင် ဘာမှမပြောင်းလဲဘူး!"
"ဟင်၊ နောက်ဆုံးတိုက်ပွဲပဲ။"
ပါရမီရှင်အုပ်စုက လှောင်ရယ်၍ ထွက်သွားသည်။ သို့သော် ချူးယွင်ဖန်းသည် ဤစကားများကို ယခုအချိန်တွင် မကြားနိုင်ပေ။ ဤအချိန်တွင် သူသည် ဂိုဏ်း၏ စာကြည့်တိုက်ရှေ့၌ ရပ်နေသည်။
ကျယ်လောင်သော တကျွီကျွီမြည်သံနှင့်အတူ ဧရာမကျောက်တံခါးကြီးနှစ်ခု ဖြည်းဖြည်းချင်းပွင့်သွားပြီး ပညာရှင်နှစ်ဦး ထွက်ပေါ်လာသည်။ အပြင်ဘက်ရှိ ကျောက်စိမ်းပြားများပေါ်တွင် မှတ်တမ်းတင်ထားသော စာအုပ်များနှင့်မတူဘဲ ဤစာကြည့်တိုက်ရှိ စာအုပ်များသည် ချည်မျှင်များဖြင့် ချည်နှောင်ထားသော စာအုပ်များဖြစ်သည်။ စာအုပ်တစ်အုပ်စီတွင် သီးခြားစာအုပ်စင်တစ်ခုစီရှိပြီး ဤစာအုပ်စင်၏ အကွာအဝေးသည် လွတ်လပ်သောနိုင်ငံတော်တစ်ခုကဲ့သို့ဖြစ်သည်။ ဤစာအုပ်စင်များအထက်တွင် ဤစာအုပ်များကို ခွဲထားရန် အသက်ဝင်နေသော အတားအဆီးများရှိသည်။
ချူးယွင်ဖန်းသည် ၎င်းတို့ကိုမြင်သောအခါ မျက်လုံးများတောက်ပသွားသည်။ ဤစာအုပ်များသည် သာမန်စာအုပ်များမဟုတ်ပေ။ စာအုပ်တစ်အုပ်စီတွင် မူရင်းစာရေးဆရာ၏ အမှတ်အသားပါရှိသည်။ အတားအဆီး၏ကာကွယ်မှုအောက်တွင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပျက်ဆီးမည်မဟုတ်ပေ။ မတူညီသောစာအုပ်များသည် လုံးဝကွဲပြားသော အနှစ်သာရ၊ ချီနှင့် ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး ကမ္ဘာတစ်ခုအဖြစ်ပင် ပြောင်းလဲနိုင်သည်။
ချူးယွင်ဖန်းသည် စာအုပ်စင်များပေါ်ရှိ သိုင်းပညာလက်စွဲစာအုပ်များကို ကြည့်လိုက်သည်။ သိုင်းပညာဆရာသခင်များက အမျိုးမျိုးသော သိုင်းများကို လေ့ကျင့်နေသည့် ပုံရိပ်များထွက်လာ၏။
---