← Chapters

အခန်း (၁၈၄၃-၁၈၄၅)

Vol. 123 Ch. 1843-1845

အခန်း (၁၈၄၃-၁၈၄၅)

Vol. 123 Ch. 1843-1845

အခန်း(၁၈၄၃) တိုးတက်မှ

အကြီးအကဲအနည်းငယ်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နားလည်သွားကြသည်။ ဤတစ်ကြိမ်

ပုံရိပ်ယောင်လဂူထဲသို့ဝင်သွားသူက သာမန်လူမဟုတ်ကြောင်း အားလုံးသိကြသည်။ သူသည် ဂိုဏ်း၏ ပါရမီရှင်စာရင်းထဲရှိ ဒုတိယမြောက်ပါရမီရှင်ဖြစ်သည်။

ထိုလူများသည် အကြီးအကဲများဖြစ်သဖြင့် မျိုးဆက်တိုင်းတွင်ပါရမီရှင်စာရင်းထဲထည့်နိုင်သည့် ပါရမီရှင်များသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း အဓိက ပုဂ္ဂိုလ်များဖြစ်ကြောင်း ၎င်းတို့ သဘာဝအတိုင်းနားလည်ကြသည်။ ထိုပါရမီရှင်များသည် ဂိုဏ်း၏ အဓိကတပည့်များဖြစ်ကာ ဤနေရာ၌ ပြဿနာတစ်စုံတစ်ခုကြုံ၍မရပေ။ မဟုတ်ပါက အကြီးအကဲများ ပြဿနာတက်လိမ့်မည်။

ကျန်းဝမ်အန်ကြောင့် ချူးယွင်ဖန်းကို ရန်လိုသော အကြီးအကဲများစွာရှိသော်လည်း လူအများစုက ၎င်းအပေါ် အလေးအနက်မထားပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့အားလုံးက သူ့ကို အဆင့်မြှင့်ပေးလိုကြသည်။ အကြီးအကဲများသည် ဂိုဏ်းနှင့်တစ်သားတည်းဖြစ်ခဲ့ကြသည်မှာ ကြာနှင့်ပြီဖြစ်၍ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများပိုသန်မာလေ ၎င်းတို့လည်း သန်မာလေဖြစ်သည်။

"ခဏလောက် သူ့ကို စောင့်ကြည့်ကြရအောင်။ တစ်ခုခု မှားယွင်းသွားရင် ကျုပ်တို့ သူ့ကိုသတိပေးကြမယ် " အကြီးအကဲကြီးတစ်ဦးက ပြောလိုက်ပြီး ကျန်သူများကလည်း ခေါင်းညိတ်လိုက်ကြသည်။

ချူးယွင်ဖန်းသည် ဤအကြီးအကဲများ မည်သို့တွေးနေကြောင်း မသိပေ။ သူ့ကိုယ်သူ အရူးအမူး တိုးတက်အောင် လုပ်ဆောင်နေသော လုပ်ငန်းစဉ်တွင် နစ်မြုပ်နေသည်။ သူ့အတွက် ၎င်းသည် တိုက်ရိုက်ခွန်အားတိုးလာခြင်း မဟုတ်သော်လည်း မဟာတာအိုအပေါ် သူ၏ နားလည်မှု တိုးလာခြင်း ဖြစ်သည်။

အနည်းဆုံး ယခင်ကထက် ၁၀% ပိုသော တိုက်ခိုက်နိုင်စွမ်းကို ထုတ်လွှတ်နိုင်သည်။ ၁၀% သာဖြစ်သော်လည်း အနည်းငယ်ကွာခြားချက်ကပင် ထိပ်တန်းကျွမ်းကျင်သူများကြား၌ တိုက်ပွဲတွင် အသက်အန္တရာယ်ရှိသော ကွာဟချက်ကို ဖြစ်စေနိုင်သည်။ ထိုမျှကြီးမားသော ကွာဟချက်ကိုမူ ထည့်ပြောရန်ပင်မလိုပေ။ ယင်းက ကန့်သတ်ချက်မဟုတ်ပေ။ ချူးယွင်ဖန်း၏ လေ့ကျင့်မှုအဆင့်က ယင်းထက်ပို၍ မတိုးတက်လာပါက သူ၏တိုက်ခိုက်နိုင်စွမ်းသည် ကန့်သတ်ချက်ကို ကျော်လွန်ကာ မှတ်တမ်းသစ်တစ်ခု ဖန်တီးနိုင်သည်။

အကြီးအကဲများက ချူးယွင်ဖန်းအား တစ်စုံတစ်ခုဖြစ်သွားမည်ကို စိုးရိမ်ကာ ဂရုတစိုက်ကြည့်လိုက်ကြသည်။ သို့သော် မကြာမီတွင် သူသည် ဝိညာဉ်စွမ်းအင်ကို လျင်မြန်စွာစုပ်ယူသော်လည်း ၎င်းကို ပိုမိုမြန်ဆန်စွာ ချေဖျက်နိုင်ကြောင်း သူတို့သဘောပေါက်လိုက်ကြသည်။ ချူးယွင်ဖန်း မည်သို့လုပ်ဆောင်ခဲ့သည်ကို သူတို့မသိသော်လည်း သက်ပြင်းချရုံသာတတ်နိုင်သည်။ ယခုအခါ ဂိုဏ်းတစ်ခုလုံးသည် ချူးယွင်ဖန်းအပေါ် အာရုံစိုက်နေကြပြီဖြစ်သောကြောင့် သူ့အပေါ် မည်သည့်အရာမှဖြစ်စေရန် အရဲမစွန့်ရဲကြပေ။

မျက်စိတစ်မှိတ်အတွင်း၌ နှစ်လတာကုန်ဆုံးသွားခဲ့သည်။

" မင်းရဲ့အချိန်ပြည့်ပြီ။ အခုထွက်သွားရမယ်။"

ချူးယွင်ဖန်းသည် သတိပေးချက်ကို ရသဖြင့် သီးသန့်ကျင့်ကြံမှုမှ ထွက်လာခဲ့သည်။

"နှစ်လက အရမ်းမြန်မြန်ကုန်သွားတာပဲ။" ချူးယွင်ဖန်းက အကြောဆန့်လိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အက်ကွဲသံများ ထွက်သွားသည်။

ထိုကဲ့သို့သော အခြေခံအုတ်မြစ်ဖြင့် ချူးယွင်ဖန်းသည် စကြဝဠာအဆင့်တစ်ဦးအနေဖြင့် ဖန်ဆင်းရှင်အဆင့် တိုက်ခိုက်ရေးအစွမ်းကို ရရှိထားသည်ဟု ယုံကြည်သည်။ ၎င်း၌ သူသည် ဖန်ဆင်းရှင်အဆင့်၏ လျှို့ဝှက်ချက်များကို အပြည့်အဝ နားလည်ထားသောကြောင့် ဖြစ်သည်။

ပုံရိပ်ယောင်လဂူမှ ထွက်ခွာပြီးနောက် ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်သစ်သီးကို ထို့နောက် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုသည် သစ်သီးမှ ထွက်ပေါ်လာပြီး သူ၏ ခြေလက်များနှင့် အရိုးများထဲသို့ ပျံ့နှံ့သွားသည်။

ချူးယွင်ဖန်းက အလျင်လိုခြင်းမရှိဘဲ သစ်သီးမှ စွမ်းအင်ကို စုပ်ယူရန် ဧကရာဇ်လမ်းစဥ်ကို ဖြည်းဖြည်းချင်း လှည်ပတ်စေခဲ့သည်။ ထို့နောက် ဓားအလင်းပေါ်သို့ နင်း၍ အံ့ဖွယ်တိမ်တိုက်တောင်ထွတ်ဆီသို့ ဦးတည်သွားခဲ့သည်။ သူ အရှိန်အဟုန်ဖြင့် ဖြတ်ကျော်သွားသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် မြင့်တက်လာကာ သူ့ဦးခေါင်းအထက်တွင် လိပ်ပြာကဲ့သို့ မိုးတိမ်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားများ မြင့်တက်လာနေကြောင်း လက္ခဏာတစ်ရပ် ဖြစ်သည်။

ခဏအကြာတွင် သူ့ခေါင်းအထက်ရှိ မြင့်တက်လာသော အရှိန်အဝါသည် သူ့ခန္ဓာကိုယ်ထဲသို့ စုရုံးလာပြီး သူသည် ယခင်ကနှင့် မကွာခြားတော့သည့်ပုံပေါ်သည်။ သူသာသိသည်မှာ စကြဝဠာအဆင့် တတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးအစွမ်းသည် ဆယ်ဆတိုးလာပြီး စကြဝဠာအဆင့်သတ္တမအဆင့်သို့ ရောက်ရှိသွားသည်။ ထို့အပြင် သူသည် စကြဝဠာသတ္တမအဆင့်များအနက် ထိပ်ဆုံးစာရင်းဝင်လည်းဖြစ်လာသည်။

ချူးယွင်ဖန်းက ယဲ့ယင်ကို ယခုအနိုင်ယူချင်ပါက သူ၏ ဟုတ်သားရဲပုံစံကိုပင် အားကိုးရန်မလိုပေ။

ချူးယွင်ဖန်းသည် ဉာဏ်အလင်းပွင့်ပြီးနောက် ရှေးခေတ်လူများ၏ ကျင့်ကြံမှုအမြန်နှုန်း အဘယ်ကြောင့် ဤမျှမြန်ဆန်စွာ မြင့်တက်လာသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ နေ့ခင်းဘက်တွင် မြင့်တက်လာသည်ဟူသော ဒဏ္ဍာရီများပင် ရှိသည်။ ၎င်းမှာ သူ၏ နားလည်မှုသည် လက်ရှိအဆင့်ထက် များစွာသာလွန်သောကြောင့်ဖြစ်သည်။ တိုက်ခိုက်ရေးအစွမ်း မြင့်တက်လာရန်မှာ အချိန်အနည်းငယ်သာ လိုတော့သည်။

လူတစ်ယောက်၏ ကျင့်ကြံရေး အဆင့်မြင့်လေ၊ လေ့ကျင့်ရန် ပိုလွယ်ကူလေဖြစ်သည်။ ဝိညာဉ်လေ့ကျင့်မှုနှင့် ကျင့်ကြံရေးအဆင့် နားလည်မှုက အရေးကြီးဆုံးဖြစ်ကာ တိုက်ခိုက်ရေးအစွမ်းက ယင်းကို ပြသရန် နည်းလမ်းတစ်ခုသာဖြစ်သည်။

သို့သော်လည်း ချူးယွင်ဖန်း၏ အဆင့်ဖြတ်ကျော်မှုက မပြီးသေးပေ။ စကြဝဠာအဆင့် သတ္တမအဆင့်သို့ရောက်ပြီးနောက် သူ့ရှေ့ရှိ အရာအားလုံးကိုမြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏မြင်ကွင်းကို တောင်များက ပိတ်ဆို့ထားသည်ဟု မခံစားရတော့ပေ။ သူ့ကို နောက်ထပ် ရက်အနည်းငယ် ပေးလျှင် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည်။ ထိုအချိန်တွင် စကြဝဠာအဆင့်၏ အထွတ်အထိပ်ရှိ ကျွမ်းကျင်သူတစ်ဦးကိုပင် သူကြောက်တော့မည် မဟုတ်ပေ။

ထိုအချိန်ရောက်လာပါက သူသည် ပါရမီရှင်စာရင်း၌ ၁၀၀ မြောက်နေရာတွင်ရှိနေသော်လည်း ပါရမီရှင်စာရင်းထဲက လူအများစုက သူ့ကိုယှဥ်နိုင်ကြမည်မဟုတ်ပေ။

စိန်ခေါ်မှုများ ထုတ်ပြန်ခဲ့သူများက ချူးယွင်ဖန်းသည် ပါရမီရှင်စာရင်းတွင် ပါဝင်ရန် မထိုက်တန်ဟု ထင်မြင်ခဲ့ကြသည်။ သူ၏ တိုက်ခိုက်ရေးအစွမ်းသည် ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း ၎င်းတို့ မသိခဲ့ကြပေ။

"လဝက်။ လဝက်ကျန်သေးတယ်။ အဲ့အချိန်ရောက်ရင် သူတို့လုံးဝမှားနေတယ်ဆိုတာ ငါပြမယ်။" ချူးယွင်ဖန်းက လက်နှစ်ဖက်ကို နောက်ကျောတွင်ယှဥ်လျက် ကောင်းကင်ကို ငေးကြည့်နေသည်။

သူ့ကို စိန်ခေါ်စာများ ထုတ်ပေးခဲ့သူကို သူဂရုမစိုက်တော့ပေ။ သူ၏ တကယ့်ပစ်မှတ်က လီချန်းယွမ်ပင်ဖြစ်သည်။

ချူးယွင်ဖန်းက သူ၏ လက်ရှိခွန်အားနှင့် လီချန်းယွမ်နှင့်ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်

ယခု လီချန်းယွမ်က ဖန်ဆင်းရှင်အဆင့်ရောက်နေပြီဖြစ်၍ သူ့၏တိုက်ခိုက်ရေးခွန်အားက ချူးယွင်ဖန်းထက် များစွာသာလွန်နေသည်။

"ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီးရင် ငါအဆင့်တက်ဖို့ အာရုံစိုက်ရမယ် ပြီးရင် လီချန်းယွမ်ကို သတ်ဖို့ နည်းလမ်းရှာဖို့ ခွန်အားရှိလာမှာပါ။" ချူးယွင်ဖန်း၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ရှိနေသည်။

၎င်း တို့နှစ်ယောက်ကြား တိုက်ပွဲသည် အနှေးနှင့်အမြန် ပေါ်ပေါက်လာလိမ့်မည်။

အချိန်တစ်ခုသာဖြစ်ပေ၏။

---

အခန်း(၁၈၄၄) တိုက်ပွဲစတင်ခြင်း

မျက်စိတစ်မှိတ်အတွင်း သုံးလကုန်ဆုံးသွားခဲ့သည်။ ကျင့်ကြံသူအများစုအတွက် ယင်းက အချိန်ကာလလေးတစ်ခုပင်ဖြစ်ကာ စိန်ခေါ်မှုစာထုတ်ခဲ့သည့် ပါရမီရှင်များ အပြေးအလွှားရောက်လာကြသည်။

ဤနေ့တွင် ကြယ်ကြွေကောင်းကင်ရှိ တောင်ထိပ်တစ်ခုပေါ်တွင် တောင်တစ်လုံး လွင့်မျောနေသည်။ မရေမတွက်နိုင်အောင်များပြားသောသူများသည် ဤမျောနေသော တောင်ပေါ်တွင် စုဝေးနေကြသည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ဧည့်ကြိုတောင်ထိပ်များထဲမှ တစ်ခုဖြစ်ကာ

အခြားဂိုဏ်းများမှ ဧည့်သည်များကို ကြိုဆိုရန်အတွက် အထူးအသုံးပြုခဲ့သည်။

လွန်ခဲ့သော သုံးလက ချူးယွင်ဖန်းသည် သူ့လမ်းကြောင်းပေါ် ရောက်လာသည့် စိန်ခေါ်ချက်အားလုံးကို လက်ခံခဲ့သည်။ ဤကိစ္စက တရှ၌ အထူးသဖြင့် မျိုးဆက်သစ် ပါရမီရှင်များကြား၌ အတန်ငယ် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။ ၎င်းတို့အားလုံးက

ပါရမီရှင်စာရင်းထဲ ဝင်သွားကာ အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့သည့် ထိုသူနှင့်တွေ့ချင်နေကြသည်။

"မင်းကြားဖူးလား။ ပါရမီရှင်တွေ အတော်များများ ရောက်လာနေကြပြီ။"

"ဟုတ်တယ်။ စီနီယာချူးက သူတို့ကို တကယ်ပဲ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။"

"သူက စိန်ခေါ်မှုတွေ အများကြီးကို လက်ခံပြီး အားလုံးကို စုခိုင်းလိုက်တာ အဲ့လူတွေကို လုံးဝလေးစားမှု မရှိဘူး။"

ပါရမီရှင်စာရင်း၏ ထိပ်ဆုံး ၁၀၀ အတွက် ဤတိုက်ပွဲတွင် ကြယ်ကြွေကောင်းကင်မှ ချူးယွင်ဖန်းက ကြီးမားသော ပစ်မှတ်တစ်ခုဖြစ်လာသည်။ သူဟာ ယဲ့ယင်ကို အနိုင်ယူပြီးနောက် ချက်ချင်းပင် တပည့်ကြီးအဖြစ်ရာထူးတိုးခံခဲ့ရသည်။ သာမန်တပည့်များ၏ အမြင်၌ သူသည် ယန်တန့်ရှန်ပြီးလျှင် ဒုတိယနေရာရခဲ့သည်။

ခွန်အားသည် အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်ကာ ချူးယွင်ဖန်းသည် မူလက ဒုတိယနေရာရရှိခဲ့သော ယဲ့ယင်ကို အနိုင်ယူခဲ့သည်။ ယနေ့ ချူးယွင်ဖန်း၏တိုက်ပွဲသည် သူ၏ကိုယ်ရေးကိုယ်တာဂုဏ်သိက္ခာနှင့်သာမက ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်သည်။

အနည်းဆုံး တပည့်တစ်ထောင်ခန့်ရှိ၍ ၎င်းတို့အနက် အားအနည်းဆုံးမှာ လက်ရွေးစင်တပည့်များဖြစ်သည်။ ၎င်းတို့အထက်တွင် တပည့်စစ်များနှင့် အကြီးအကဲများစွာလည်းရှိသည်။

တစ်ဖက်တွင် လူအနည်းငယ်သာရှိသော်လည်း ၎င်းတို့၏ ရောင်ဝါများသည် ကောင်းကင်သို့ ထိုးတက်သွားသည်။ လူတစ်ထောင်ကျော်အုပ်စုတွင်ပါဝင်သော ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ၏ အရှိန်အဝါကို နှိမ်နင်းလိုက်သည်။

ကြယ်ကြွေကောင်းကင် လက်ရွေးစင်တပည့်များ၊ အတွင်းစည်းတပည့်များနှင့် ပြင်ပတပည့်များစွာရှိသည့်တိုင် ၎င်းတို့၏ ခွန်အားက နိမ့်ကျ၍ ပိုမို နီးကပ်လာရန် အရည်အချင်းမပြည့်မီပေ။ ကံကောင်းထောက်မစွာဖြင့် အင်အားအနည်းဆုံး ပြင်ပတပည့်ပင် အနည်းဆုံး ရွှေအမတေအဆင့်၌ ရှိနေသေးသည်။ ၎င်းတို့၏ မျက်လုံးများက မီးရှူတိုင်များကဲ့သို့ပင် အဝေးမှ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

"ဒီမှာ ကျွမ်းကျင်သူတွေ အရမ်းများတယ်။ လေးကိုင်ထားတဲ့သူက ပေရှန်းဂိုဏ်းက အမွေဆက်ခံသူ ပေရှန်းကျန့်လား" တစ်စုံတစ်ယောက်က အနက်ရောင်ဝတ်စုံဝတ်ဆင်ထား၍ ကျောတွင် မြှားအိမ်ဆွဲထားသူတစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။

"ဟုတ်တယ်၊ အဲဒါက ပေရှန်းကျန့်ပဲ။ သူက မိုင်ထောင်ပေါင်းများစွာအကွာကနေ မြားတစ်စင်းပစ်ပြီး စကြဝဠာအဆင့် နတ်ဆိုးတစ်ကောင်ကို သတ်ခဲ့တယ်လို့ ပြောကြတယ်။ အဲ့တိုက်ပွဲကစလို့ သူ နာမည်ကြီးလာတာ ပေရှန်းဂိုဏ်းက ဂိုဏ်းကြီးမဟုတ်ပေမယ့် မျိုးဆက်တိုင်းမှာ ထူးချွန်တဲ့ ဆက်ခံသူတွေ အများကြီးရှိတယ်။ မြားပစ်မှာ ထိပ်တန်းကျွမ်းကျင်သူတွေရဲ့ ထက်ဝက်နီးပါးက ပေရှန်းဂိုဏ်းက လာတာလေ။”

လူအများသိကြသည့်အတိုင်း ပေရှန်းဂိုဏ်းသည် မြှားပစ်ပညာအမွေဆက်ခံစေသည့် ဂိုဏ်းအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ဂိုဏ်း၏ မျိုးဆက်တိုင်းက အစွမ်းထက်သော မြှားပစ်ပညာရှင်များစွာကိုမွေးထုတ်ပေးခဲ့ကာ ၎င်းတို့၏ နာမည်များသည် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။ ပါရမီရှင်စာရင်း၌ ပေရှန်းဂိုဏ်း၏ အမွေဆက်ခံသူရှိသော်လည်း တစ်ဦးတည်းသာဖြစ်သည်။

"ကျောပေါ်မှာ ရုပ်သေးရုပ်နဲ့လူက နတ်ရုပ်သေးဂိုဏ်းက ကျန်းပေသော်ပဲဖြစ်ရမယ်”

ကြယ်ကြွေကောင်းကင်ဂိုဏ်း တပည့်များသည် ကျန်းပေသော်ကို လျင်မြန်စွာ လှည့်ကြည့်လိုက်ကြသည်။ နတ်ရုပ်သေးဂိုဏ်းသည် ၎င်းတို့ဂိုဏ်းနှင့်အဆင့်အတူတူပင်ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဂိုဏ်းကြီးဆယ်ဂိုဏ်းအနက် တစ်ခုဖြစ်သည်။ ၎င်းတို့သည် တရှ၌ အလွန်အစွမ်းထက်ကြသည်။

ဤဂိုဏ်းမှ ဖန်တီးထားသော ရုပ်သေးများအတွက် ယင်းက အထူးသဖြင့်မှန်သည်။ ၎င်းတို့သည် တရှ၏ အလွန်အားကိုးရသော တပ်ဖွဲ့တစ်ခုဖြစ်သည်။ တရှ၌ ယှဉ်နိုင်လောက်အောင် အစွမ်းထက်သော ရုပ်သေးတပ်မတော်တစ်ခု အမြဲရှိသည်ဟု ဆိုကြသည်။ ခွန်အားအရ ၎င်းတို့သည် သာမန်လက်ရွေးစင်များထက်ပင် ပိုမိုသန်မာကြသည်။

"ပြီးတော့ အဲ့တာက နတ်ပျိုမယ်အိမ်တော်က နတ်သမီးအသစ်ပဲ။ သူက ပါရမီရှင်စာရင်းမှာမပါသေမယ့် သူတို့ထဲမှာအငယ်ဆုံးပဲ။ ဒါပေမယ့် ခွန်အားအရဆိုရင် ရှေးပါရမီရှင်တွေနဲ့ ယှဉ်နိုင်တယ်။"

နတ်ပျိုမယ်အိမ်တော်သည် တရှ၏ ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းမှတစ်ဂိုဏ်းအပါအဝင်ဖြစ်သည်။ ဤဂိုဏ်း၏ အထူးခြားဆုံးအချက်မှာ အမျိုးသမီးတပည့်များကိုသာ လက်ခံခြင်းဖြစ်သည်။ နတ်ပျိုမယ်အိမ်တော်၏ တပည့်များအားလုံးသည် ပန်းများကဲ့သို့ လှပကာ ၎င်းတို့၏ အရည်အချင်းနှင့် ခွန်အားသည် အလွန်အစွမ်းထက်သည်။ ၎င်းတို့သည် အမျိုးသားတပည့်များထက် အနည်းငယ်မျှပင် အဆင့်မနိမ့်ပေ။

အရေးကြီးဆုံးကနတ်ပျိုမယ်များ၏ တပည့်အများစုက နောက်ဆုံး၌ ဧကရာဇ်နန်းတော်မှ မင်းမျိုးမင်းနွယ်များနှင့် ဝန်ကြီးများနှင့် လက်ထပ်ကြလိမ့်မည်ဖြစ်ကာ တရှဘုရင်၏ မိဘုရားနှင့် မိဘုရားမောင်းမတော်များပင် ယင်း၏ တပည့်များဖြစ်သည်။

နတ်ပျိုမယ်အိမ်တော်၏ တပည့်များသည် တရှ တစ်ဝိုက်တွင် ဆက်သွယ်မှုများရှိကြသည်။ နတ်သမီးများကို ရန်စခြင်းထက် ကံကြမ္မာဂိုဏ်းကို ရန်စခြင်းက ပိုကောင်းသည်ဟူသော ဆိုရိုးစကားတစ်ခု အမြဲရှိခဲ့သည်။

" ဟွမ်မျိုးနွယ်စုက ဟွမ်ရွှမ်ဖေးလည်း ရှိပါသေးတယ်။ ဟွမ်မျိုးနွယ်စုက နန်းတော်ရဲ့ အဓိက အစိတ်အပိုင်းပဲ။ ဟွမ်ရွှမ်ဖေးက ငယ်ငယ်တည်းက စစ်တပ်ထဲဝင်ပြီး နန်းတော်အတွက် မရေမတွက်နိုင်အောင် များလွန်းတဲ့ ပံ့ပိုးကူညီမှုတွေလုပ်ထားတယ်”

စစ်သံချပ်ကာဝတ်ဆင်ထားသော ဟွမ်ရွှမ်ဖေးသည် လူတိုင်း၏အာရုံစိုက်မှုကို ရရှိခဲ့သည်။ ဟွမ်မျိုးနွယ်စုသည် ကမ္ဘာပေါ်ရှိ မင်းမျိုးမင်းနွယ်မိသားစုများစွာ၏ ခေါင်းဆောင်အဖြစ် လူသိများကာ ဧကရာဇ်နန်းတော်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ ခေါင်းဆောင်လည်းဖြစ်သည်။ ၎င်းသည် တရှ၏ အင်အားကြီးဆယ်နိုင်ငံအနက် တစ်ခုတည်းသော မင်းမျိုးမင်းနွယ်မိသားစုဖြစ်ကာ နံပါတ်တစ် မင်းမျိုးမင်းနွယ်မိသားစုအဖြစ် လူသိများသည်။

ဟွမ်မျိုးနွယ်စုတွင် မရေမတွက်နိုင်အောင်များပြားလှသော ပညာရှင်များရှိကာ မျိုးဆက်တစ်လျှောက်လုံးတွင် ပညာရှင်များစွာ အဆက်မပြတ် စီးဆင်းနေခဲ့သည်။ စစ်တပ်တွင် ဝင်ရောက်ခဲ့သော ပညာရှင်များစွာရှိခဲ့၍ ကျောင်းသားများနှင့် အကြီးအကဲအရာရှိများလည်း မရေမတွက်နိုင်အောင် ရှိခဲ့သည်။ ၎င်းတို့သည် ဧကရာဇ်နန်းတော်နှင့်လည်း မခွဲမခွာ ဆက်စပ်နေကြသည်။ မျိုးဆက်တစ်လျှောက်လုံးတွင် ၎င်းတို့အားလုံးသည် ဧကရာဇ်မိသားစုနှင့် လက်ထပ်ခဲ့ကြသည်။ မင်းမျိုးမင်းနွယ်မိသားစုများ၏ ခေါင်းဆောင်များဖြစ်သည်မှာ သံသယဝင်ရန်ပင်မလိုပေ။

ပြင်ပလူများထဲတွင် ဤလူလေးဦးသည် ခေါင်းဆောင်များဖြစ်ကြသည်။ သူတို့တစ်ဦးစီတွင် ကြီးမားသောဂုဏ်သတင်းရှိကာ ဩဇာကြီးမားသောနောက်ခံရှိသည်။

တရှ၌ အင်အားအကြီးဆုံးက ဧကရာဇ်နန်းတော်ဖြစ်ကာ ဒုတိယအင်အားကြီးဆယ်ခုက ဒုတိယအင်အားစုကြီးများဖြစ်ကြသည်။ ယင်းနောက်တွင် ပေရှန်းဂိုဏ်းကဲ့သို့ ဂိုဏ်းများရှိကြသည်။ ၎င်းတို့က ထိပ်တန်းအင်အားစုဆယ်ခုစာမျှ အင်အားမကြီးသော်လည်း ခိုင်မာသော အုတ်မြစ်ချထားသည့်ဂိုဏ်းများဖြစ်ကြသည်။ ဂိုဏ်းတိုင်း၌ မရေမတွက်နိုင်အောင်များပြားလှသော ကျွမ်းကျင်သူများရှိကြကာ ယင်းက ပထမတန်းစားအင်အားစုတစ်ခုပင်ဖြစ်သည်။

ပထမတန်းစားတပ်ဖွဲ့များသည် နိုင်ငံတစ်နိုင်ငံအတွင်း ကိစ္စရပ်များကို လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း ထိပ်တန်းတပ်ဖွဲ့ဆယ်ဖွဲ့မှာမူ ကမ္ဘာကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ ပထမတန်းစားတပ်ဖွဲ့များ၏ လွှမ်းမိုးမှုသည် ပြည်နယ်များနှင့် ခရိုင်များအတွင်းသာ ကန့်သတ်ထားသည်။

ကျန်သူများအားလုံးက အင်အားကြီးသော နောက်ခံမှ လာသူများဖြစ်ကြသည်။ အနည်းဆုံးအနေဖြင့် ပထမတန်းစားတပ်ဖွဲ့များဖြစ်ကာ ကမ္ဘာကျော်ပါရမီရှင်များဖြစ်ကြသည်။ ၎င်းတို့၏ ခွန်အားက အနည်းဆုံး စကြဝဠာအဆင့်၌ အကောင်းဆုံးများအနက်အကောင်းဆုံးပင်ဖြစ်သည်။ ၎င်းတို့က စကြဝဠာ သတ္တမအဆင့်သို့မရောက်လျှင်ပင် ပဥ္စမ သို့မဟုတ် ဆဠမအဆင့်၌ရှိနေကြသည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်း မျက်နှာများတွင် လေးနက်သော အမူအရာများ ရှိကြသည်။ ဤလူများသည် ချူးယွင်ဖန်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

---

အခန်း(၁၈၄၅) ချူးယွင်ဖန်းပေါ်လာခြင်း

၎င်းတို့က ချူးယွင်ဖန်းအပေါ် မည်မျှပင် ယုံကြည်မှုရှိစေကာမူ စိတ်လှုပ်မရှားဘဲမနေနိုင်ပေ။

ထိုအချိန်၌ လူအုပ်က ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ တစ်ချိန်တည်းတွင်ပင် ပုံရိပ်တစ်ခုက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်ရေးကွင်းထဲသို့ ဝင်လာသည်။

ယင်းကာ နောက်ကျောတွင် ဓားရှည်တစ်စင်းထိုးထားသော အနက်ရောင်ဝတ်ရုံနှင့်လူတစ်ဦးဖြစ်သည်။

ထိုသူက အသက်သုံးဆယ်ကျော်မျှရှိကာ ထူးခြားသော မျက်နှာအသွင်အပြင်ရှိ၍ ချောမောသည်။

"အဲဒါ နတ်ဓားဂိုဏ်းက လင်တင်းထျန်လား”

လူအုပ်ကြီးက ထိုအနက်ရောင်ဝတ်ထားသူကို မယုံနိုင်စွာကြည့်နေကြသည်။

"ဟုတ်တယ်၊ သူပဲ။ မမှားနိုင်ဘူး။ အဲ့အနက်ရောင်ဝတ်ရုံ၊ သူ့ကျောပေါ်က ဓားရှည်နဲ့ ဒီလိုမောက်မာတဲ့မျက်နှာနဲ့ဆို ကျိန်းသေပေါက် လင်တင်းထျန်ပဲ”

"စီနီယာလျို့ ဒီဓားဂိုဏ်းက အရမ်းအစွမ်းထက်လား”

လူအုပ်ထဲမှ ချူးဟုန်ချိုင်က သူ့ပခုံးပေါ်မှီထားသော လျို့ဝမ်ကျင်းကို လေးနက်သောအမူအရာဖြင့်မေးလိုက်သည်။ သို့သော် လျို့ဝမ်ကျင်းက ဘာမှမပြောနိုင်ခင်တွင် သူမဘေး၌ နောက်ထပ်လူတစ်ဦးပေါ်လာသည်။

ယင်းက ကျန်းထိုင်ရွှမ်

ကျန်းထိုင်ရွှမ်တွင် ဖိနှိပ်နိုင်စွမ်းပြင်းသော အရှိန်အဝါရှိသော်လည်း ထိုနေရာ၌ရှိနေသူတိုင်းက သူမကို အံ့အားသင့်သောအမူအရာဖြင့်ကြည့်နေသည်။ လူတိုင်းက ယင်းကို ကောင်းကောင်းထိန်းချုပ်နိုင်ပါက ၎င်းတို့၏ အရှိန်အဝါကို လွတ်လပ်စွာ ထိန်းချုပ်ထားနိုင်မည်ဖြစ်ကြောင်း နားလည်ကြ၍ ယင်းက ၎င်းတို့၏ကျင့်ကြံမှုအဆင့် ချောမွေ့ကြောင်းသက်သေပြနေသည်။

သို့သော် ရန်သူကို တမင်တကာ ပစ်မှတ်ထားခြင်းမဟုတ်ပါက သူ၏ ကျင့်ကြံမှုအဆင့်က မတည်ငြိမ်ဟု ပြောနိုင်သည်။ ကျန်းထိုင်ရွှမ်၏ ခွန်အားနှင့် သူမ၏ ကျင့်ကြံမှုက စကြဝဠာအဆင့် သတ္တမအဆင့်ဖြစ်သည့် အဆင့်သစ်တစ်ခုကို ချိုးဖျက်နိုင်မှသာ တည်ငြိမ်မှုရှိနိုင်မည်ဖြစ်သည်။

ထိုနားမှ လူများအားလုံးက ကျန်းထိုင်ရွှမ်နှင့်နီးစပ်သောကြောင့် သူမ၏ ခွန်အားများတိုးလာသည်ကို မြင်ရခြင်းက သဘာဝကျသည်။ အနားမှလူများအားလုံးက ကျန်းထိုင်ရွှမ်နှင့် နီးစပ်သောကြောင့် သူမ၏ ခွန်အားများ တိုးတက်လာသည်ကို မြင်ရသဖြင့် ဝမ်းသာကြသည်။ အထူးသဖြင့် စကြဝဠာ သတ္တမအဆင့်သို့ရောက်သွားသူများအတွက်ဖြစ်သည်။ ၎င်းတို့က လက်ရှိ ပါရမီရှင်များအနက် ထိပ်ဆုံး၌ ရှိနေကြသည်။

ကျန်းထိုင်ရွှမ်သည် လူတိုင်း၏အကြည့်များ၏နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သဘာဝအတိုင်း နားလည်သော်လည်း ခါးသီးစွာပြုံးလိုက်သည်။ သူမသည် ထိုပါရမီရှင်များနှင့် အဆင့်တူတွင် ရပ်တည်နေသော်လည်း ဤအဆင့်သို့ ဝင်ရောက်ခါစသာဖြစ်ကြောင်း သူမသိသည်။ ထိုပါရမီရှင်များသည် ဤအဆင့်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့၍ ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိရန် ပြင်ဆင်နေကြသည်။ ၎င်းတို့ထဲမှ အချို့သည် ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်ပြီးဖြစ်သည်။ ၎င်းတို့ အတူတူနီးပါးဖြစ်နေခြင်းမှာ ယာယီသာဖြစ်သည်။ သူမတွင် ထူးချွန်ထက်မြက်သော ပါရမီ၊ ကျင့်ကြံမှုနှင့် အရင်းအမြစ်များနှင့် ကံကောင်းမှုများစွာရှိသော်လည်း ထိုပါရမီရှင်များအားလုံးက သူမထက် ပို၍ အစွမ်းထက်ကြသည်။

ကျန်းထိုင်ရွှမ်က အလျင်အမြန် တည်ငြိမ်စေပြီးနောက်မှ စကားစပြောလိုက်သည်။

"သူက တကယ်ကို အစွမ်းထက်တယ်။ သူ့ရဲ့ ပါရမီရှင်စာရင်းမှာ အဆင့်က ချူးယွင်ဖန်းထက်တောင် မြင့်တယ်။ သူက ပါရမီရှင်စာရင်းမှာ အဆင့် ၉၅ မှာ ရှိတယ်။ ဒီလိုအဆင့်မျိုးရှိတဲ့အတွက် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ချူးယွင်ဖန်းထက်တောင် မြင့်နိုင်တယ်"

ကျန်းထိုင်ရွှမ်၏ စကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း တည်ငြိမ်လာကြသည်။

"ဒီတိုက်ပွဲက သူ့ကိုပါ ဆွဲဆောင်နိုင်မယ်လို့ ငါမထင်ထားဘူး။" ကျန်းထိုင်ရွှမ်က ခပ်ပါးပါးရယ်လိုက်သည်။

“နတ်ဓားဂိုဏ်းသားတေါ ဘာတွေးနေလဲဆိုတာ ငါမသိပေမယ့် ဒီနောက်ကွယ်မှာ တစ်ယောက်ယောက်တော့ ရှိရမယ်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းက ချူးယွင်ဖန်း ပါနေတာက ကိစ္စမရှိဘဲ တစ်ယောက်ယောက်က ငါတို့ဂိုဏ်းကို အရှက်ခွဲချင်နေတာ။ သူတို့ သူ့ကြောင့်ရောက်နေတာဖြစ်နိုင်တယ်။ ချူးယွင်ဖန်းက သူ့ရှေ့ကလူအားလုံးကို အနိုင်ယူရင်တောင်မှ နောက်ဆုံးမှာ နတ်ဓားဂိုဏ်းကို ရှုံးခဲ့ရင် အကျိုးဆက်က မယုံနိုင်စရာပဲ။ သူတည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာက ဖုန်မှုန့်အဖြစ် ကြေမွသွားလိမ့်မယ်။"

လူတိုင်းက ၎င်းကို ကြားသောအခါ တပည့်စစ်များနှင့် အကြီးအကဲများ၏ မျက်နှာ၌ လေးနက်သောအမူအရာများအဘယ်ကြောင့်ရှိနေသည်ကို နောက်ဆုံး၌ နားလည်သွားကြသည်။ နတ်ဓားဂိုဏ်းမှ ရောက်လာခြင်းက ရန်လိုသောသဘောထားရှိနေခြင်းဖြစ်သည်မှာ ထင်ရှားသည်။

လာသည့်လူတိုင်းက ရည်ရွယ်ချက်ကောင်းဖြင့် လာခဲ့ကြခြင်းမဟုတ်ပေ။

ရည်ရွယ်ချက်ကောင်းရှိသူများကလည်း မလာကြပေ။

"မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ" ပေရှန်းကျန့်က မျက်ခုံးများ တွန့်ကွေးကာ မေးလိုက်သည်။

သူက နတ်ဓားဂိုဏ်း၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း လင်တင်းထျန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟု မဆိုလိုပေ။ ထိုနေရာ၌ ရှိနေသူတိုင်းက သူနှင့်ဆက်ဆံရေးမကောင်းကြပေ။ သူ၏ အလွန်အစွမ်းထက်သော ခွန်အားကြောင့် မည်သူမျှ ဒေါသမထွက်ရဲကြပေ။

လင်တင်းထျန်က လူတိုင်း၏ မျက်နှာအမူအရာကိုမျှော်လင့်ထားပြီးသားဖြစ်ကာ ဒေါသထွက်ခြင်းမရှိဘဲ လှောင်ရယ်ရုံသာရယ်လိုက်၏။

"ပါတီပွဲတစ်ခု ကျင်းပမယ်လို့ ကြားတယ်၊ ဒါကြောင့် ငါလာခဲ့တာ ပျော်စရာပဲ။ ယန်တန့်ရှန်နဲ့တွေ့ချင်ပေမယ့် သူက သီးသန့်ကျင့်နေတာဆိုတော့ ငါ ဒီကိုပဲလာလိုက်တာ"

သူက လှောင်ပြောင်လိုက်သည်။

"မင်းကို ဂျူနီယာတစ်ယောက်က အထင်သေးတယ်လို့ ကြားတယ်။ ကျွတ် ကျွတ် စိန်ခေါ်စာအားလုံးကို တစ်ခါတည်း လက်ခံလိုက်တာ၊ ဘယ်လောက် မာနကြီးလိုက်လဲ!"

"ကျားမရှိတဲ့အချိန်မှာ ဘုရင်လို့ ဟန်ဆောင်နေတဲ့ မျောက်တစ်ကောင်ပဲ" လင်တင်းထျန်က အထင်သေးစွာဖြင့် နှာခေါင်းတစ်ချက်ရှုတ်လိုက်သည်။

ပေရှန်းကျန့်သည် ပါရမီရှင်စာရင်းထဲမပါခဲ့သော်လည်း ပါရမီရှင်စာရင်းထဲမှ ပါရမီရှင်များထက် အဆင့်နိမ့်သည်ဟု မခံစားရပေ။ အထူးသဖြင့် အောက်ဆုံးအဆင့်၌ ရှိနေသည့် ပါရမီရှင်များထက်ဖြစ်သည်။

သို့သော် သူက ရှားယီ၊ ဟွမ်ရွှမ်ဖေးနှင့် ကျန်းပေသော်တို့ကိုကြည့်လိုက်သည်။ ထိုလူသုံးဦးက ဤအချိန်တွင် သူ၏ မဟာမိတ်များဟုထင်ရသော်လည်း ချူးယွင်ဖန်းကိုနိုင်ယူပြီးသည်နှင့် ၎င်းတို့က ပြိုင်ဘက်များဖြစ်လာကြလိမ့်မည်။

ဟွမ်ရွှမ်ဖေးနှင့် အခြားသူများသည် ပေရှန်းကျန့်၏ အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားကြသည်။ ဤအချိန်တွင် ရှားယီက ပြောလိုက်၏။

"ငါတို့ အခုချိန်မှာ အချင်းချင်း မတိုက်ခိုက်သင့်ဘူး။ ဘယ်သူက ပိုကောင်းလဲဆိုတာ မဆုံးဖြတ်ခင် ချူးယွင်ဖန်းကို အနိုင်ယူပြီးမှ ကြည့်ရအောင်။ ဘယ်လိုသဘောရလဲ”

"ဟုတ်တယ်!" ဟွမ်ရွှမ်ဖေးက ခေါင်းညိတ်လိုက်သည်။

ချူးယွင်ဖန်းနှင့် မတိုက်ခိုက်မီ အတွင်းရေးပဋိပက္ခတစ်ခု ဖြစ်ပေါ်လာစေလိုခြင်း မရှိပေ။

"ဒါဆို ဘယ်သူအရင်သွားမှာလဲ" ကျန်းပေသော်က မေးလိုက်သည်။

"ငါသွားမယ်” ပေရှန်းကျန့်က မားမားမတ်မတ် မတ်တပ်ရပ်ကာ ပြောလိုက်သည်။

မှန်သည်။ ကျန်သော သုံးဦးက ထိုအခွင့်အရေးကို လက်လွှတ်မခံချင်ကြပေ။ မည်သို့ပင်ဖြစ်စေကာမူ ချူးယွင်ဖန်းကို အဦးဆုံးအနိုင်ယူနိုင်သူက ပါရမီရှင်စာရင်း၌ သူ့နေရာကို အစားထိုးနိုင်လိမ့်မည်။

လင်တင်းထျန်က လက်ပိုက်၍ ပုရွက်ဆိတ်အုပ်စုတစ်စုတိုက်ခိုက်နေသည်ကို ကြည့်နေသည့်အလား အရာအားလုံးကို အေးစက်စွာကြည့်လိုက်သည်။ သူ၏ မာနထောင်လွှားသောအမူအရာက ထင်ရှားနေသည်။

ရုတ်တရက် လူတိုင်း ငြင်းခုန်နေကြစဥ်တွင် မိုးခြိမ်းသံတစ်ခုကို ကြားလိုက်ရသည်။

လျှပ်စီးကြောင်းပေါ် လူတစ်ယောက် နင်းကာ အပြေးအလွှား ရောက်လာသည်။ သူက အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်ကာ ရွှေရောင်အနားသတ်များနှင့် လရောင်ကဲ့သို့ ဖြူဖွေးနေသော ဝတ်ရုံကိုဝတ်ထားသည်။

မျက်နှာအမူအရာက နတ်ဘုရားတပါးကဲ့သို့ တည်ငြိမ်နေသည်။

“ချူးယွင်ဖန်းရောက်လာပြီ”

---

All Chapters