အကြပ်အတည်းကို ချိုးဖျက်ခြင်း
Vol. 30 Ch. 295
"နောက်ထပ် မိစ္ဆာသားရဲ တစ်ကောင်လား"
ချူကျင်းက အံ့အားသင့်စွာ မေးလိုက်ပြီး အကြည့်များမှာ မိစ္ဆာမျောက်မည်းအပေါ်သို့ ကျရောက်သွားသည်။ ဤမျောက်မိစ္ဆာ ရောက်ရှိလာခြင်းမှာ အကြံအစည်တစ်ခု ဖြစ်ကြောင်း သူ ရုတ်တရက် ခံစားလိုက်ရသည်။
ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်နေသကဲ့သို့ ရှိသော်လည်း၊ အမှန်တကယ်တော့ သူက သတင်းအချက်အလက် စုဆောင်းရန် ဤနေရာသို့ လာခဲ့ခြင်းများလား။
"ဒီ မိစ္ဆာချီကို မင်း ထိန်းချုပ်နိုင်လား" ချူကျင်းက မေးလိုက်သည်။
ယွင်ချိုင်က ပြန်မဖြေပေ။ သူမက ညာလက်ကို မြှောက်လိုက်ပြီး မိစ္ဆာမျောက်မည်း၏ ခန္ဓာကိုယ်အတွင်းသို့ သူမ၏ ကိုယ်ပိုင် မူလချီကို ထိုးသွင်းလိုက်သည်။
မိစ္ဆာမျောက်မည်း၏ ခန္ဓာကိုယ်ပေါ်ရှိ နှလုံးစား ပျားများမှာ ရူးသွပ်စွာ လှုပ်ရှားနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေကြသည်။ ဝါးမျိုခံရခြင်း၏ ပြင်းထန်လှသော နာကျင်မှုကို သည်းခံရင်း သူသည် တိတ်ဆိတ်စွာ နေပြီး ဖွင့်ထားသော မျက်လုံးတစ်လုံးဖြင့်သာ ယွင်ချိုင်ကို စူးစိုက်ကြည့်နေသည်။
ဝုန်း!
မိစ္ဆာမျောက်မည်း၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော မိစ္ဆာချီ ပေါက်ကွဲမှု တစ်ခု ထွက်ပေါ်လာရာ နှလုံးစားပျားများကို ပြန့်ကျဲသွားစေရုံသာမက ယွင်ချိုင်၏ မူလချီကိုပါ ခါချပစ်လိုက်ပြီး သူမနှင့် ချူကျင်းတို့ကို နောက်ဆုတ်သွားစေခဲ့သည်။
နှလုံးစားပျားများ ပြန့်ကျဲသွားသည်နှင့်အမျှ မိစ္ဆာမျောက်မည်း၏ အစစ်အမှန် မိစ္ဆာပုံစံ ထွက်ပေါ်လာ၏။ သူ့ တစ်ကိုယ်လုံးမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး အရိုးဖြူများ နေရာအနှံ့ ထိုးထွက်နေသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
မိစ္ဆာချီများဖြင့် ဝန်းရံထားသော မိစ္ဆာမျောက်မည်း၏ မျက်နှာတစ်ဝက်မှာ အရိုးများသာ ကျန်ရှိတော့ပြီး ပါးစပ်မှာ သွားများသာ ကျန်ရှိတော့သည်။သူက အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ပြီး အေးစက်သောလေသံဖြင့်..
"ဒီလောက်အထိတောင် မင်း ရှာတွေ့လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... မင်းရဲ့ မျက်လုံးတွေက သာမန် မဟုတ်ဘူးပဲ... မကြာခင်မှာ မင်း မြေကြီးပေါ်မှာ ဒူးထောက်ပြီး မင်းကို သတ်ဖို့ ငါ့ကို တောင်းပန်ရလိမ့်မယ်... ဒါပေမဲ့ ငါ မင်းကို မသတ်ဘူး... မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်မယ်..."
သူ စကားမဆုံးမီမှာပင် နှလုံးစားပျား အမြောက်အမြားက နောက်တစ်ကြိမ် အုံလိုက်ရောက်လာပြီး သူ့ကို တစ်ဖန် ဖုံးလွှမ်းသွားပြန်သည်။
ထိုအခါ သူ့ခန္ဓာကိုယ် ပတ်လည်ရှိ မိစ္ဆာချီများက စတင် ပျံ့နှံ့လာပြီး နံရံများထဲသို့ တိုးဝင်သွားကြသည်။
"ဒါတော့ မကောင်းဘူး! သူ့ကို မြန်မြန် သတ်လိုက်!" ဟု ချူကျင်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ယွင်ချိုင်က နှလုံးစားပျားများကို ချက်ချင်း ပြန်ခေါ်လိုက်ပြီးနောက် ညာလက်ကို မြှောက်ကာ လက်ချောင်းနှစ်ချောင်းကို ပါးစပ်ရှေ့တွင် ထောင်ထားလိုက်ပြီး ကြီးမားကျယ်ပြန့်သော အပြာရောင် မီးတောက်များကို မှုတ်ထုတ်လိုက်ရာ မိစ္ဆာမျောက်မည်းကို လျင်မြန်စွာ ဝါးမျိုသွားတော့သည်။
ကြမ်းတမ်းသော မီးတောက်များထဲတွင် မိစ္ဆာမျောက်မည်းက ဆက်လက်၍ ရူးသွပ်စွာ ရယ်မောနေသည်။
လရောင်အောက်ရှိ ပျက်စီးယိုယွင်းနေသော ကျောင်းတော်တစ်ခု အတွင်း၌။
ဝမ်ရှန်း ကျောင်းတော်၏ ကျောင်းထိုင်ဆရာ ရှီယီရှန်းက တံခါးဘောင်ကို ကျော်ဖြတ်ကာ ပင်မ ခန်းမထဲသို့ ဝင်ရောက်လာသည်။အနက်ရောင် ပုံရိပ် အနည်းငယ်က သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသော်လည်း သူ့အမူအရာမှာ ပြောင်းလဲခြင်း မရှိချေ။
ရှီယီရှန်းက ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဆီသို့ လျှောက်သွားလိုက်သည်။ သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ရုပ်ပွားတော်၏ ဘယ်ဘက် ပခုံးပေါ်တွင် ဧရာမ ကင်းခြေများကြီး တစ်ကောင် နားနေသည်ကို တွေ့လိုက်ရသည်။
ကင်းခြေများ၏ ခန္ဓာကိုယ်က ရုပ်ပွားတော်၏ လည်ပင်းကို ရစ်ပတ်ထားပြီး ကြောက်မက်ဖွယ်ကောင်းကာ ရက်စက်ကြမ်းကြုတ်ပုံရသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ အဆိပ်ပြင်းသော သတ္တဝါတစ်ကောင်ကဲ့သို့ အနက်ရောင် ဖြစ်နေပြီး ကြောက်ရွံ့ရိုသေမှုကို ဖြစ်ပေါ်စေသည်။
"ဘုရင်ကြီးက ကျွန်တော့်ကို ဘာလို့ ခေါ်တာလဲလို့ မေးပါရစေ..."ဟု ရှီယီရှန်းက မေးလိုက်သည်။
တစ်ဖက်တစ်ချက်ရှိ အမှောင်ထုထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ လှုပ်ရှားနေကြပြီး အားလုံးမှာ ပုံသဏ္ဌာန် မတူညီကြဘဲ မကောင်းဆိုးဝါး အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။
ရုပ်ပွားတော်၏ ပခုံးပေါ်ရှိ ကင်းခြေများ မိစ္ဆာက ခေါင်းမော့လာပြီး ရှီယီရှန်းကို စိုက်ကြည့်ရင်း …
"လှုပ်ရှားဖို့ အချိန်တန်ပြီ..."
၎င်း၏ အသံမှာ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးကဲ့သို့ အက်ကွဲကွဲ ဖြစ်နေသည်။
ထိုစကားကို ကြားသောအခါ ရှီယီရှန်းမှာ တစ်ခဏမျှ မှင်တက်သွားသည်။
"ဘုရင်ကြီးက ချင်းရှောင်ဂိုဏ်းအကြောင်း အခု အပြည့်အဝ နားလည်သွားပြီလား..."
"ချင်းရှောင်ဂိုဏ်းမှာ အစွမ်းထက်တဲ့ နောက်ခံ မရှိဘူး..."
ထိုစကားကို ကြားသောအခါ ရှီယီရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုစဉ် အမှောင်ထဲမှ အေးစက်သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘုရင်ကြီး... ကျေးဇူးပြုပြီး အမိန့်ပေးပါ... ကျွန်မတို့ ဘယ်လို ရှေ့ဆက်ရမလဲ..."
ထိုအခါ ကင်းခြေများမိစ္ဆာ၏ ခန္ဓာကိုယ်က စတင် လှုပ်ရှားလာသည်။ ၎င်းက တဖြည်းဖြည်း မတ်မတ် ထရပ်လာပြီး အနက်ရောင် စပါးကြီးမြွေ တစ်ကောင်ကဲ့သို့ ထလာကာ ရှီယီရှန်းအပေါ် အရိပ်တစ်ခု လွှမ်းမိုးသွားစေသည်။
"ပထမဆုံး ချင်းရှောင်ဂိုဏ်းကို အထိတ်တလန့် ဖြစ်သွားအောင်လုပ်... နတ်ကိုးပါးဂိုဏ်းက အရင် လှုပ်ရှားမယ်... နှစ်ကုန်ပိုင်းမှာ ဒီဘုရင် က ချင်းရှောင်ဂိုဏ်းဆီကို ကိုယ်တိုင် သွားမယ်..."
ကင်းခြေများမိစ္ဆာ၏ အသံက ကျောင်းတော် အတွင်း ပဲ့တင်ထပ်သွားပြီး ရှီယီရှန်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်း တစ်ခု တလက်လက် ဖြစ်ပေါ်သွားခဲ့သည်။
ဝုန်း...
ကျောင်းတော် အပြင်ဘက်မှ ရုတ်တရက် မိုးကြိုးသံတစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးများ လင်းလက်သွားရာ ရှီယီရှန်း၏ အရိပ်ကို ယိမ်းနွဲ့သွားစေသည်။
……………………..
ဆောင်းရာသီ နှင်းများ ကျဆင်းလာပြီး ဆောင်းလယ် ကာလ မကြာမီ ရောက်ရှိလာတော့မည်ကို အချက်ပြနေချေပြီ…..
လင်းရှောင်ခြံဝင်း အတွင်း၌ လီချင်းချိုးနှင့် ဝေထျန်းရှုံးတို့က တောင်စောင့် မဟာအစီအရင် အကြောင်း ဆွေးနွေးနေကြသည်။
"မင်းရဲ့ လိုအပ်ချက်တွေအရ ထိုက်ခွန်းတောင်တန်းကို ဖုံးလွှမ်းဖို့ဆိုရင် အနည်းဆုံး လာမယ့် နွေရာသီ အစပိုင်းအထိ အချိန်ယူရလိမ့်မယ်..."ဟု ဝေထျန်းရှုံးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
လီချင်းချိုးက…..
"ဘယ်လိုပဲဖြစ်ဖြစ် မြန်မြန် ပြီးလေ ပိုကောင်းလေပါပဲ..."
"အဲဒီ သတ်လို့မသေတဲ့ မျောက်မိစ္ဆာက မိစ္ဆာနယ်မြေနဲ့ ဆက်စပ်နေတာ သေချာတယ်..."
မိစ္ဆာမျောက်မည်းသည် မိစ္ဆာနှိမ်နင်းရေး စေတီတော်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ ယွင်ချိုင်နှင့် ချူကျင်းတို့က သူ့ကို မကိုင်တွယ်နိုင်ခဲ့ဘဲ ဤကိစ္စမှာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
သတ်၍မသေသော မိစ္ဆာသားရဲ တစ်ကောင်က ချင်းရှောင်ဂိုဏ်းမှ တပည့် များကို ကြောက်ရွံ့သွားစေရန် လုံလောက်ပေသည်။ တင်းမာသော လေထုတစ်ခုက ချင်းရှောင်ဂိုဏ်းအတွင်း စတင် ပျံ့နှံ့လာပြီး အမည်မသိ ပြဿနာတစ်ခုကို ရင်ဆိုင်နေရကြောင်း တပည့် များစွာ သဘောပေါက်လာကြသည်။
လီချင်းချိုးက….
"ငါလည်း အဲဒီလိုပဲ တွေးမိတယ်... အဲဒီ မိစ္ဆာသားရဲ အုပ်စုက အင်မတန် နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပြီး လောလောဆယ် သူတို့ကို ရှာလို့ မတွေ့သေးဘူး... ငါတို့ ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ..."
ဝေထျန်းရှုံးက …. "အကယ်၍ သူတို့ကို ရှာမတွေ့ရင် ငါတို့ စောင့်ရမှာပေါ့... မျောက်မိစ္ဆာကို စေလွှတ်လိုက်တဲ့ သူတို့ရဲ့ လုပ်ရပ်က သူတို့ရဲ့ ပစ်မှတ်က ချင်းရှောင်ဂိုဏ်း တစ်ခုလုံး ဖြစ်ကြောင်း သက်သေပြနေတယ်... နောက်ဆုံးတော့ သူတို့ ချင်းရှောင်တောင်ဆီကို ရောက်လာလိမ့်မယ်... ငါ့မှာ အကြံအစည် နှစ်ခု ရှိတယ်..."
"ပထမအချက်... ဂိုဏ်းတစ်ခုလုံးကို နောက်ဆုတ်ခိုင်းပြီး ချင်းရှောင်ဂိုဏ်းကို ကာကွယ်ဖို့ ငါတို့ရဲ့ စွမ်းအားတွေကို စုစည်းမယ်... ဒါပေမဲ့ အဲဒီလို လုပ်တာက လောကကြီးကို အန္တရာယ်ထဲ ကျရောက်သွားစေလိမ့်မယ်..."
"ဒုတိယအချက်... ဂိုဏ်းကနေ ယုံကြည်ရတဲ့ တပည့် တွေကို ဂိုဏ်းရဲ့ အရေးကြီးတဲ့ အမာခံ စခန်းတွေကို စောင့်ရှောက်ဖို့ စေလွှတ်ပြီး မိစ္ဆာသားရဲတွေ ကိုယ်ထင်ပြလာမယ့် အချိန်ကို စောင့်မယ်... ဒီအချက်က အန္တရာယ် ရှိတယ်... ငါတို့ တစ်ယောက်ချင်းစီ အလွယ်တကူ အနိုင်ယူခံရနိုင်တယ်..."
"သူတို့ ဘာလိုချင်တယ်လို့ မင်း ထင်လဲ... ငါတို့ကို ဖျက်ဆီးပစ်ဖို့ သက်သက်တော့ မဖြစ်နိုင်ဘူး မဟုတ်လား... သူတို့က မိစ္ဆာတွေ ဖြစ်လာကတည်းက သူတို့မှာ ဉာဏ်ရည် နဲ့ ရည်မှန်းချက် ရှိတယ်..."
ဝေထျန်းရှုံးက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီး…
"အမှန်ပဲ... သူတို့ ဘာလိုချင်တာလဲ... ဒီမြေက မိစ္ဆာနယ်မြေဆီကို စွန့်ပစ်ထားပြီးသားပဲ... အကယ်၍ သူတို့ရဲ့ အစာစားချင်စိတ်ကို ဖြည့်ဆည်းဖို့ သက်သက်ဆိုရင် သူတို့ သတ်ဖြတ်မှုတွေကို စတင်နေသင့်ပြီ... အပြင်မှာ ပြန့်ကျဲနေတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိပေမဲ့ ဒီလို အဖြစ်အပျက်မျိုးကို ငါတို့ မကြားရသေးဘူး..."
လီချင်းချိုးက လက်ဖက်ရည်အိုးကို ကောက်ကိုင်ကာ သူ့အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။
ဤရန်သူမှာ ယခင် ရန်သူများနှင့် မတူဘဲ ပိုမို ကောက်ကျစ်ပြီး ခြေရာခံရန် ခက်ခဲသည်။ လီချင်းချိုးက ကိုးပြည်ထောင်နယ်မြေကို စုံစမ်းစစ်ဆေးရန် လူများကို လျှို့ဝှက်စွာ အမိန့်ပေးခဲ့သော်လည်း မိစ္ဆာသားရဲ များ၏ ခြေရာကို မတွေ့ခဲ့ရပေ။
သံသယဖြစ်ဖွယ် နတ်ကိုးပါးဂိုဏ်း၏ နောက်လိုက်များကိုသာ သူတို့ ရှာတွေ့နိုင်သော်လည်း သူတို့၏ ခေါင်းဆောင်ကိုမူ မတွေ့ရချေ။
သူတို့ နှစ်ဦးစလုံး သီးခြားစီ တွေးတောနေကြသည်။
ကျဆင်းလာသော နှင်းပွင့်များမှာ ပိုမို ထူထပ်လာပြီး လောကကြီးရှိ အရာအားလုံးကို မြှုပ်နှံပစ်ရန် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေသည်။
ထိုစဉ်မှာပင် ရှောင်ဝူချင်းက ခြံဝင်းအတွင်းသို့ အမြန်လျှောက်လာကာ လီချင်းချိုး၏ ရှေ့သို့ ရောက်လာပြီး ချင်းရှောင်အမိန့်ပြား တစ်ခုကို ကမ်းပေးကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်... အကြီးအကဲရှန်ယွဲ့က ဂိုဏ်းချုပ်နဲ့ စကားပြောဖို့ လိုတယ်တဲ့..."
ထိုစကားကို ကြားသောအခါ လီချင်းချိုးက သူ့လက်ထဲမှ ချင်းရှောင်အမိန့်ပြားကို ချက်ချင်း ယူလိုက်သည်။
ဤ ချင်းရှောင်အမိန့်ပြားမှာ တပည့်များ သယ်ဆောင်သော အမိန့်ပြားများနှင့် မတူဘဲ ဂိုဏ်း၏ တပည့်များထံမှ သတင်းအချက်အလက်များကို လက်ခံရရှိရန် တာဝန်ရှိသော အမိန့်ပြား တစ်ခု ဖြစ်သည်။
လက်ရှိတွင် ချင်းရှောင်အမိန့်ပြားသည် တပည့် အားလုံး၏ အမိန့်ပြားများထံမှ သတင်းအချက်အလက်များကို တစ်ပြိုင်နက်တည်း လက်ခံ၍ မရနိုင်သဖြင့်၊ လက်ခံသည့် အမိန့်ပြားများကို တစ်နေရာတည်းတွင် စုစည်းထားရမည် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က လီချင်းချိုးနှင့် စကားပြောရန် လိုအပ်ပါက အမိန့်ပြားကို အထူးတလည် ပို့ဆောင်ပေးရသည်။
လီချင်းချိုးက မူလချီကို ချင်းရှောင်အမိန့်ပြား အတွင်းသို့ ထိုးသွင်းလိုက်ပြီးနောက် စကားပြောလိုက်သည်။
"ငါ လီချင်းချိုးပါ..."
ထိုအခါ ချင်းရှောင်အမိန့်ပြားမှာ မှေးမှိန်သော အလင်းရောင် တစ်ခုဖြင့် တလက်လက် ဖြစ်သွားပြီး မကြာမီ ရှန်ယွဲ့၏ အသံ ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်... နတ်ကိုးပါးဂိုဏ်းက မိစ္ဆာတွေနဲ့ ဆက်စပ်နေနိုင်တယ်ဆိုတာကို ရှာတွေ့ခဲ့တယ်... အဲဒီ မိစ္ဆာသားရဲတွေက လူတွေကို လှည့်စားပြီးတော့ ထွက်ပြေးဖို့ မန္တန်တွေကို အသုံးပြုကြလို့ ခြေရာခံရတာ ခက်တယ်... အခု မိစ္ဆာငယ် တစ်ကောင်နောက်ကို ကျုပ် လိုက်နေတယ်... သူက အင်အားစု တစ်ခုခုနဲ့ သွားတွေ့မယ့်ပုံပဲ... ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားဖို့ ကျုပ် စီစဉ်ထားတယ်... အခု ကျုပ် နန်ချူစီရင်စုမှာ ရှိတယ်... နေရာအတိအကျကို ချင်းရှောင်အမိန့်ပြား ကနေတစ်ဆင့် ပြန်ပို့ပေးထားပြီးပါပြီ..."
သူ့ အသံမှာ တည်ငြိမ်နေပြီး လေတိုက်သံများ ပါဝင်နေသဖြင့် လျင်မြန်စွာ ခရီးသွားနေကြောင်း ထင်ရှားနေသည်။
လီချင်းချိုးက…… "မကြာသေးခင်က ဝိညာဉ်အသိအာရုံအဆင့် မိစ္ဆာသားရဲ တစ်ကောင်က ဂိုဏ်းကို တိုက်ခိုက်ခဲ့တယ်... နတ်ကိုးပါးဂိုဏ်းက မိစ္ဆာ အင်အားစုတစ်ခုနဲ့ ဆက်စပ်နေနိုင်တယ်... အကယ်၍ ခင်ဗျား တစ်ယောက်တည်း လိုက်သွားရင် ဝိုင်းရံခံရနိုင်တယ်..."
"ဘာပဲဖြစ်ဖြစ်... ဒါဆိုရင် ဒီမိစ္ဆာ အင်အားစုကို ဂိုဏ်းအတွက် ကျုပ် ဖျက်ဆီးပေးမယ်..."
ရှန်ယွဲ့၏ လေသံမှာ ပေါ့ပေါ့ပါးပါး ဖြစ်ပြီး အကြွင်းမဲ့ ယုံကြည်မှုကို ဖော်ပြနေသည်။
ဤစကားကို ကြားရသောအခါ ရှောင်ဝူချင်း၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှု လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာသည်။ ရှန်ယွဲ့ထံမှ လာသောကြောင့် ဤစကားကို သူ အမှန်တကယ် ယုံကြည်သည်။ ဂိုဏ်း၏ အတိတ်က ပြဿနာများကို စဉ်းစားကြည့်လျှင် ရှန်ယွဲ့၏ စွမ်းဆောင်ရည်မှာ အမြဲတမ်း ထူးချွန်ခဲ့ပြီး လုံးဝနီးပါး ကျရှုံးမှု မရှိခဲ့ချေ။
ထို့အပြင် ရှန်ယွဲ့သည် ဝိညာဉ်အသိအာရုံအဆင့်သို့ မရောက်မီကပင် ဝိညာဉ်အသိအာရုံအဆင့် တစ္ဆေ တစ်ကောင်ကို အနိုင်ယူခဲ့ဖူးသည်။ ယခုအခါ သူသည် ပို၍ပင် အစွမ်းထက်လာမည်သာ ဖြစ်၏။
ဤစကားကို ကြားပြီးနောက် လီချင်းချိုးမှာ မရယ်ဘဲ မနေနိုင်ခဲ့သော်လည်း သူက သတိပေးလိုက်သေးသည်။
"ဘယ်လိုပဲဖြစ်ဖြစ် သတိထားရမယ်... မကျရှုံးစေနဲ့..."
"ကျုပ် သေရင်တောင် မင်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရင်း သေမှာပါ... ဒါပဲနော်... ကျုပ် လိုက်ဖမ်းဖို့ လိုသေးတယ်..."
ရှန်ယွဲ့က ဤစကားများကို ချန်ရစ်ခဲ့ပြီး မူလချီ ကို ဖြတ်တောက်လိုက်တော့ လီချင်းချိုး၏ လက်ထဲရှိ ချင်းရှောင်အမိန့်ပြားမှာ တလက်လက် ဖြစ်နေခြင်းမှ ရပ်တန့်သွားသည်။
ဝေထျန်းရှုံးက ခံစားချက်ပါပါဖြင့် သက်ပြင်းချလိုက်ပြီး….
"ဒီရှန်ယွဲ့က တကယ် ထူးချွန်တယ်... တကယ်တော့ သူ့ကို ပါရမီရှင် တစ်ယောက်လို့ သတ်မှတ်လို့ ရတယ်... အဲဒါတောင် သာမန်မဟုတ်တဲ့ ပါရမီရှင် မျိုး..."
လီချင်းချိုးက ချင်းရှောင်အမိန့်ပြားကို ရှောင်ဝူချင်းထံ ပေးလိုက်ပြီးနောက်….
"အင်း... ငါ့မျက်လုံးထဲမှာတော့ သူက အမြဲတမ်း ပါရမီရှင် တစ်ယောက်ပါပဲ..."
သူက လက်ကို ဝှေ့ယမ်းကာ ရှောင်ဝူချင်းကို ထွက်သွားရန် အချက်ပြလိုက်သဖြင့် ရှောင်ဝူချင်းက ချက်ချင်း ဦးညွှတ်ပြီး လှည့်ထွက်သွားခဲ့သည်။
ဝေထျန်းရှုံးက…..
"အခုကြည့်ရတာ တတိယ ရွေးချယ်စရာ တစ်ခု ရှိနေပြီ... အဲဒါကတော့ စောင့်ကြည့်ဖို့ပဲ... ဂိုဏ်းထဲက ပါရမီရှင်တွေက အကြပ်အတည်းကို ချိုးဖျက်ပေးနိုင်လိမ့်မယ်..."
လီချင်းချိုးက ရှန်ယွဲ့ တစ်ယောက်တည်းထက် ပိုမိုသော လူများကို စေလွှတ်ခဲ့သည်မဟုတ်လော။
ဝေထျန်းရှုံး၏ စကားများမှာ လီချင်းချိုး၏ လက်ရှိ အစီအစဉ်လည်း ဖြစ်သည်။ ရှန်ယွဲ့၊ ကျောက်ကျိန်းနှင့် ကျိယာတို့သည် အကြပ်အတည်းကို ချိုးဖျက်ရန် အဓိက သော့ချက်များ ဖြစ်လာနိုင်သည်ဟု သူ ခံစားရသည်။
ထိုမိစ္ဆာအင်အားစုက ချင်းရှောင်ဂိုဏ်းကို သတိထားနေကြောင်း ထင်ရှားသည်။ ဤအခြေအနေမျိုးတွင် သူတို့ သုံးဦး ဝိုင်းရံခံရလျှင်ပင် ချက်ချင်း သတ်ဖြတ်ခံရမည် မဟုတ်ချေ။
တိုက်ပွဲ တစ်ခု ဖြစ်ပွားလျှင်ပင် လီချင်းချိုး အချိန်တိုအတွင်း ရောက်ရှိလာနိုင်သည်။
လီချင်းချိုးက ဝေထျန်းရှုံးကို ကြည့်ကာ…. "မင်းလည်း တိုက်ပွဲအတွက် အသင့်ပြင်ထားရမယ်..."
"စိတ်မပူပါနဲ့... သူတို့ ရောက်လာရင် ငါ ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာကို သူတို့ကို သိစေရမယ်... ငါက မင်းထက်ပဲ နိမ့်ကျတာ... တခြား ဝိညာဉ်အသိအာရုံအဆင့် ပြိုင်ဘက်တွေက ငါ့မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူး..."
ဝေထျန်းရှုံးသည်လည်း လီချင်းချိုး၏ အရေးပါသော ဝှက်ဖဲ တစ်ချပ် ဖြစ်သည်။ လက်ရှိတွင် သူ့ရဲ့ အစစ်အမှန် ကျင့်ကြံမှု အဆင့်ကို မည်သူမျှ မသိကြချေ။
နှစ်များတစ်လျှောက် ဝေထျန်းရှုံးက ဒဏ်ရာများကို ကုသနေခဲ့ပြီး သူ့ရဲ့ စွမ်းအားမှာ အတားအဆီးကို ချိုးဖျက်ပြီးစ အချိန်ကထက် များစွာ ကြီးမားနေပြီ ဖြစ်သည်။
ညနေစောင်း အချိန်…ကျုံးထျန်းစီရင်စု၊ ကျန်းယန် ဧကရာဇ်မြို့တော်၌။
ကျိယာသည် ဧကရာဇ်နန်းတော် ပတ်လည်တွင် လျူကျင်းနှင့် အတူ လမ်းလျှောက်နေရင်း ရွှင်လန်းစွာ စကားပြောဆိုနေကြသည်။
လျူကျင်းသည် ဧကရာဇ်၏ အမူအရာမျိုး မပြဘဲ မူလ ရိုးသားမှုကို ထိန်းသိမ်းထားကာ ချင်းရှောင်ဂိုဏ်းကို လေးစားမှုရှိနေဆဲပင်။
"အရှင်မင်းကြီး... နန်းတော်ထဲမှာ သရဲခြောက်တယ်လို့ ပြောတယ်နော်.. ဘယ်လိုဖြစ်တာလဲ..." ဟု ကျိယာက စကားလမ်းကြောင်းကို အလုပ်ကိစ္စဘက်သို့ ပြောင်းလိုက်သည်။
ထိုအခါ လျူကျင်း၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားသည်။
"ညတိုင်း အိပ်တဲ့အခါ ခြေသံတွေ ကြားရတယ်... ပြီးတော့ နိုးလာတဲ့အခါ ထူးဆန်းတဲ့ ရနံ့တစ်ခု ရတယ်... ငါ့ကလွဲရင် နန်းတော်ထဲက တခြား ဘယ်သူမှ ဒီလို မကြုံဖူးဘူး... ချင်းရှောင်ဂိုဏ်းကနေ လာတဲ့ မိဖုရားနဲ့ ကိုယ်လုပ်တော်တွေက ဧကရာဇ်နန်းတော်ကို သေချာ ရှာဖွေခဲ့ပေမဲ့ ပုံမှန်မဟုတ်တာ ဘာမှ မတွေ့ခဲ့ဘူး... အဲဒါကြောင့်ပဲ သရဲခြောက်တယ်လို့ ငါ ထင်တာ... မကောင်းဆိုးဝါး တစ္ဆေတွေပဲ မျက်စိနဲ့ မမြင်ရဘဲ ထိတွေ့လို့ မရတာလေ..."
"မကြာသေးခင်က ဒါတွေ ဆက်ဖြစ်နေသေးလား..."
"ဟုတ်တယ်... ပြီးတော့ အဲဒီ ထူးဆန်းတဲ့ ရနံ့က ပိုပိုပြီး ပြင်းလာတယ်..."
လျူကျင်းက ဤကိစ္စကို ပြောရသောအခါ သူ့မျက်နှာတွင် ကြောက်ရွံ့သည့် အမူအရာထင်ဟပ်နေသည်။
ကျိယာက တစ်ခဏမျှ တွေးတောပြီး….
"အရှင်မင်းကြီး... ဒီည အရှင်မင်းကြီးရဲ့ အိပ်ဆောင်ကို ကျွန်တော် စောင့်ကြည့်ပေးရင် ဘယ်လိုလဲ..."
လျူကျင်းက ဝမ်းသာအားရဖြင့်…. "အဲဒါ အရမ်း ကောင်းတာပေါ့..." ဟု ပြောလိုက်သည်။
သူတို့ နှစ်ဦး သဘောတူညီပြီးနောက် အခြား ကိစ္စများအကြောင်း စကားပြောဖြစ်ခဲ့ကြသည်။
လျူကျင်းသည် ကလေး ငါးယောက်ကို မသေမျိုးဖြစ်အောင် ကျင့်ကြံရန် ချင်းရှောင်ဂိုဏ်းသို့ ပို့ထားပြီး ဖြစ်သဖြင့် ချင်းရှောင်ဂိုဏ်းအတွင်းရှိ ကိစ္စရပ်များကို အလွန် စိတ်ဝင်စားနေသည်။
လျူကျင်း ပိုမို စိုးရိမ်ပူပန်လာမည်ကို စိုးရိမ်သဖြင့် မိစ္ဆာမျောက်မည်း အကြောင်းကို ကျိယာ မပြောခဲ့ပေ။
ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မိုက်လာချေပြီ…..
ကျိယာသည် နန်းတော် တစ်ခု၏ ခေါင်မိုးပေါ်တွင် ရပ်နေသည်။ သူက အဆောင် စက္ကူများကို ထုတ်ယူကာ ခေါင်မိုးပေါ်တွင် ကပ်လိုက်ပြီးနောက် မန္တန် ရွတ်ဆိုလိုက်သည်။ ထိုအခါ သူ့ပုံရိပ်မှာ အမှန်တကယ်ပင် ပွင့်လင်းမြင်သာမှု ရှိသွားတော့သည်။
မန္တန်ရွတ်ဆိုပြီးနောက် ကျိယာက တင်ပျဉ်ခွေ ထိုင်ကာ စိတ်ရှည်စွာ စတင် စောင့်ဆိုင်းနေတော့သည်။