← Chapters

အသက်အန္တရာယ်ရှိသော အခြေအနေ

Vol. 30 Ch. 298

အသက်အန္တရာယ်ရှိသော အခြေအနေ

Vol. 30 Ch. 298

​ညသည် ရေပမာ အေးစက်နေပြီး သည်းထန်သော ဆောင်းရာသီ နှင်းများက ဧကရာဇ်နန်းတော် အပေါ်သို့ လေးလံစွာ ဖုံးလွှမ်းနေ၏။

​ယခုအချိန်၌ ဧကရာဇ်နန်းတော်မှာ ပရမ်းပတာ ဖြစ်နေသည်။ ဧကရာဇ် အစောင့်တပ်ဖွဲ့ဝင် အမြောက်အမြားသ ရှေ့သို့ ချီတက်နေကြပြီး မြင်းခွာသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။ ကျန်းယန် ဧကရာဇ်မြို့တော် တစ်ခုလုံးကို လိမ့်တက်နေသော မိစ္ဆာ တိမ်တိုက်များက လွှမ်းခြုံထားပြီး အလွန် ဖိနှိပ်နိုင်သော ခံစားချက်ကို ပေးစွမ်းနေသည်။

​နန်းတော်များထဲမှ တစ်ခုကို မိစ္ဆာသားရဲ အမြောက်အမြားက ဝိုင်းရံထားသည်။ ခေါင်မိုးပေါ်တွင် ကျိယာတယောက်တည်း အရပ်မျက်နှာ အသီးသီးမှ တိုက်ခိုက်လာသော မိစ္ဆာသားရဲ များကို တစ်ယောက်တည်း ရင်ဆိုင်နေသည်။

သူသည် ကောင်းကင်ကိုးလွှာ နတ်လက်ဝါးသိုင်းကို အဆက်မပြတ် အသုံးပြုနေပြီး လက်ဝါးရိုက်ချက် တစ်ချက်စီတိုင်းက မိစ္ဆာသားရဲ အမြောက်အမြားကို လွင့်ထွက်သွားစေနိုင်ကာ အချို့မှာ သွေးမှုန်များအဖြစ်ပင် ပေါက်ကွဲထွက်သွားကြသည်။

​ကျိယာ၏ ရှုထောင့်မှ ကြည့်လျှင် အဝေးရှိ ဧကရာဇ်နန်းတော် နံရံများကို ကျော်တက်ကာ သူ့ထံသို့ အရှိန်အဟုန်ဖြင့် လာနေသော မိစ္ဆာသားရဲ အုပ်စုကြီးကို မြင်တွေ့နိုင်သည်။ အမှောင်ထုထဲတွင် စုဝေးလာနေသော ဤမိစ္ဆာသားရဲများ၏ မြင်ကွင်းမှာ အလွန် လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။

​ကျယ်ပြောလှသော မူလချီကို ပိုင်ဆိုင်ထားသော ကျိယာပင်လျှင် တိတ်တဆိတ် အံ့အားသင့်နေမိသည်။

​မရေမတွက်နိုင်သော တစ္ဆေများ သည်လည်း ညကောင်းကင်ယံတွင် ပျံဝဲနေကြပြီး ဤမြင်ကွင်းတစ်ခုလုံးက လောကပျက်မည့်အချိန် နီးကပ်လာသကဲ့သို့ ဖြစ်နေသည်။

​ကျိယာသည် ဤနေရာတွင် သူ ကျဆုံးသွားနိုင်ကြောင်း ခိုင်မာသော ခံစားချက် တစ်ခု ရရှိနေသည်။

​သို့သော်လည်း နှလုံးသားထဲတွင် ပဟေဠိဖြစ်မှုများ ရှိနေဆဲပင်။ ဤအရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ မည်သူဖြစ်သနည်း၊ သူတို့ ဘာလုပ်ချင်သနည်း၊ သူ့တစ်ယောက်တည်းကို ရင်ဆိုင်ရန် ဤမျှ ကြီးမားသော ပြကွက်မျိုး အမှန်တကယ် လိုအပ်ပါသလား။

​သေချင်သေနိုင်သော်လည်း ကျိယာတွင် ကြောက်ရွံ့မှု မရှိချေ။

​ယနေ့အတွက် သူ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည် မဟုတ်ပါလား။

​ဧကရာဇ်နန်းတော်တွင် သရဲခြောက်သည့်ကိစ္စကို စုံစမ်းရန် ဆရာသခင်က စီစဉ်ပေးခဲ့ပြီး ၎င်းကို သူ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။

​တိုက်ခိုက်နေစဉ် သံသယဖြစ်ဖွယ် အရာတစ်ခုခုကို ရှာဖွေရန် အရပ်မျက်နှာ အသီးသီးသို့ ဝေ့ကြည့်နေခဲ့သည်။

​တစ်ချိန်တည်းမှာပင်….

​လျူကျင်းကို ဧကရာဇ် အစောင့်တပ်ဖွဲ့ဝင် များက ဝိုင်းရံထားပြီး ဖြစ်သည်။ ကြီးမားသော တပ်မတော်ကြီး၏ အကာအကွယ်အောက်တွင် ရှိနေသော်လည်း တည်ငြိမ်အောင် နေရန် သူ့အတွက် ခက်ခဲနေဆဲပင်။ သူ့ကို ဆိုမထားဘိ၊ ဧကရာဇ် အစောင့်တပ်ဖွဲ့ဝင် စစ်သားများပင် ကြောက်ရွံ့သဖြင့် တုန်ယင်နေကြသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

​ဧကရာဇ်နန်းတော်အတွင်း သောင်းကျန်းနေသော မိစ္ဆာများနှင့် တစ္ဆေများက သူတို့ကို အိပ်မက်ဆိုး တစ်ခုထဲတွင် ရှိနေသလို ခံစားရစေသည်။

​"ဘာတွေဖြစ်နေတာလဲ... ဒီလောက်များတဲ့ မိစ္ဆာတွေနဲ့ တစ္ဆေတွေ တကယ် ရှိနေတာလား..."

​"သူတို့က မြောက်ဘက်ကနေ ပြေးလာတာများလား..."

​"အရှင်မင်းကြီးရဲ့ စိုးရိမ်မှုတွေက အမှန်ပဲ... ပြဿနာရှာနေတဲ့ တစ္ဆေတွေ တကယ် ရှိနေတာပဲ..."

​"ရွှမ်မင်းဆက်ကို အခုမှ တည်ထောင်ပြီး ကမ္ဘာကြီးက နောက်ဆုံးတော့ ငြိမ်းချမ်းရေးကို ရှာတွေ့ခဲ့ပြီ... မကောင်းဆိုးဝါး တစ္ဆေတွေကို ဖျက်ဆီးခွင့် ဘယ်လိုပေးနိုင်မှာလဲ..."

​စစ်သားများမှာ သံသယဖြစ်ပြီး ထိတ်လန့်နေကြ၏။ အချို့က ကြောက်ရွံ့နေကြပြီး အချို့က ဒေါသထွက်နေကြကာ အချို့က စိတ်ဓာတ်ကို မြှင့်တင်ပေးနေကြသည်။

​မိစ္ဆာအုပ်စုကြီးကို တစ်ယောက်တည်း ရင်ဆိုင်နေသော ကျိယာ၏ ပုံရိပ်ကို ကြည့်ရင်း သူတို့၏ ရဲစွမ်းသတ္တိများ စတင် ကြီးထွားလာခဲ့သည်ယ

ထိုစဉ် ​ကိုယ်လုပ်တော် တစ်ဦးက အနီးအနားရှိ ခေါင်မိုးတစ်ခုပေါ်တွင် ဆင်းသက်လိုက်ပြီး….

"သတိလက်လွတ် မလုပ်ကြနဲ့... အရှင်မင်းကြီးကို ကာကွယ်ပါ... စဉ်းစားဆင်ခြင်မှု မရှိဘဲ ဝင်သွားတာက စီနီယာအစ်ကိုကျိယာအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်စေလိမ့်မယ်..."

​သူမသည်လည်း တစ်ချိန်က ချင်းရှောင်ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်ခဲ့ပြီး လျူကျင်းနှင့် အိမ်ထောင်ရေး မဟာမိတ်ဖွဲ့ရန် သူမ၏ မိသားစုက စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

​နန်းတော်ထဲတွင် သူမလို အခြား ကိုယ်လုပ်တော်များစွာ ရှိပြီး သူတို့သည် အတော်လေး စည်းလုံးညီညွတ်ကြသဖြင့် လျူကျင်းနှင့် အခြား ကိုယ်လုပ်တော် များက သူတို့ကို မစော်ကားရဲကြပေ။ သူတို့၏ အဆင့်အတန်းမှာ လျူကျင်းထက်ပင် မြင့်မားနေသေးသည်။

​လျူကျင်း သတိပြန်ဝင်လာပြီး ဧကရာဇ် အစောင့်တပ်ဖွဲ့ဝင်များကို ရှေ့ရှိ တိုက်ပွဲမြေပြင်သို့ မချဉ်းကပ်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

​ကောင်းကင်ကိုးလွှာ နတ်လက်ဝါးသိုင်း ကို အားကိုးခြင်းဖြင့် ကျိယာသည် မိစ္ဆာ များနှင့် တစ္ဆေများ မည်မျှပင် ရောက်လာစေကာမူ သူ့ကို ဘာမှ မလုပ်နိုင်သည့်အလား ကြီးမားသော လွှဲခုတ်မှုများနှင့် ရိုက်ချက်များဖြင့် တိုက်ခိုက်နေ၏။

​လျူကျင်းက ထိုမြင်ကွင်းကို အံ့သြရိုသေစွာ ကြည့်နေသည်။

​ဤမျှ အစွမ်းထက်သော ကျိယာပင်လျှင် လွန်ခဲ့သော နှစ်အနည်းငယ်က ဓမ္မညီလာခံတွင် အစွမ်းအထက်ဆုံး ပါရမီရှင် မဟုတ်ခဲ့ပေ။ ချင်းရှောင်ဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

​ကျိယာ တစ်ယောက်တည်းကပင် ဧကရာဇ် အာဏာကို အလွယ်တကူ ဖြိုချနိုင်စွမ်းရှိရာ ချင်းရှောင်ဂိုဏ်းရှိ သောင်းနှင့်ချီသော မသေမျိုး ကျင့်ကြံရေး တပည့်များဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

​ဝုန်း……

​မိုးကြိုးများ ရုတ်တရက် ထစ်ချုန်းလာသဖြင့် လျူကျင်းနှင့် ဧကရာဇ် အစောင့်တပ်ဖွဲ့ဝင်များကို လန့်သွားစေပြီး မော့ကြည့်လိုက်ကြတော့ ကောင်းကင်ယံရှိ လိမ့်တက်နေသော မိစ္ဆာတိမ်တိုက်များ အတွင်း လျှပ်စီးများ လင်းလက်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ လျှပ်စီးများ လင်းထိန်သွားသည်နှင့်အမျှ ဧရာမ ပုံရိပ်ကြီး တစ်ခုကို သူတို့ မြင်တွေ့လိုက်ရသည်။

​၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာငှက်ကြီး တစ်ကောင်ဖြစ်ပြီး ဧရာမ ခန္ဓာကိုယ်နှင့် လင်းယုန်ငှက်ကဲ့သို့သော ပုံသဏ္ဌာန် ရှိကာ ဖိနှိပ်နိုင်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

​လျူကျင်း၏ မျက်နှာမ ဖြူရော်သွား၏။ ဤကဲ့သို့သော ရန်သူမျိုးကို ရင်ဆိုင်ရချိန်တွင် ဘာလုပ်ရမှန်း သူ မသိတော့ချေ။

​အကယ်၍ ဧကရာဇ်နန်းတော်မှ ဆုတ်ခွာမည်ဆိုပါက မိစ္ဆာများ၏ တိုက်ခိုက်မှုကို သူ ကြောက်ရွံ့ပြီး၊ ဤနေရာတွင် ဆက်နေမည်ဆိုပါကလည်း အကြောက်တရားက သူ့ကို ဝါးမျိုပေလိမ့်မည

​ကျိယာကတော့ သူတို့၏ ခံစားချက်များကို မမျှဝေခဲ့ပေ။ ဤအထိ တိုက်ခိုက်လာပြီးနောက် ဤမိစ္ဆာများနှင့် တစ္ဆေများ၏ ပစ်မှတ်မှာ လျူကျင်း လုံးဝ မဟုတ်ဘဲ ချင်းရှောင်ဂိုဏ်းမှ တပည့် တစ်ဦးဖြစ်သော သူ့ကိုယ်သူသာ ဖြစ်ကြောင်း သူ နားလည်လာခဲ့သည်။

​သရဲခြောက်သည်ဟုဆိုခြင်းမှာ ချင်းရှောင်ဂိုဏ်းက တပည့် တစ်ဦးကို စေလွှတ်စေရန် ဖိအားပေးခြင်းသာ ဖြစ်နိုင်သည်။

​အဲဒီလိုဆိုမှတော့ လွတ်လွတ်လပ်လပ် တိုက်ခိုက်လိုက်မယ်!

​ကျိယာက တောင်အရှင်သခင် နတ်ဘုရား မန္တန်ကို ချက်ချင်း ရွတ်ဆိုလိုက်ပြီး တောင်အရှင်သခင် လေးပါးကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်ကာ လျူကျင်းနှင့် ဝေးရာ အရပ်သို့ ပြေးထွက်သွားတော့သည်။

​တောင်အရှင်သခင်များက ပြေးလွှားသွားရာ လမ်းတစ်လျှောက်ရှိ မိစ္ဆာသားရဲများကို လွင့်ထွက်သွားစေပြီး ဆုတ်ဖြဲပစ်ကာ တားဆီးမရနိုင်အောင် ဖြစ်နေတော့သည်။

​ရလဒ်မှာ ကျိယာ ထင်ထားသည့်အတိုင်း ပင် ဖြစ်သည်။ သူ သွားလေရာရာသို့ ထိုမိစ္ဆာသားရဲများ လိုက်ပါလာကြသည်။

​ကောင်းကင်ယံရှိ တစ္ဆေများက သူ့ကို မတိုက်ခိုက်ကြပေ။ ဤတစ္ဆေများတွင် လူများကို ဒဏ်ရာရစေမည့် စွမ်းရည် မရှိခြင်းများ ဖြစ်နိုင်၏။ သူတို့ ပေါ်လာခြင်းမှာ လူများကို ခြောက်လှန့်ရန် သို့မဟုတ် အစီအရင် တစ်ခု၏ သရုပ်ဖော်မှု တစ်ခု ဖြစ်နိုင်ပေသည်။

​ဧကရာဇ်မြို့တော်ကို လွှမ်းခြုံထားသော မိစ္ဆာ တိမ်တိုက်များက ဟန်ပြ သက်သက် မဟုတ်ကြောင်းနှင့် သူ့ကို ကူညီရန် ချင်းရှောင်ဂိုဏ်းမှ တပည့် တစ်ယောက်မျှ ရောက်မလာခြင်းက ဤအချက်ကို သက်သေပြနေကြောင်း ကျိယာ ခံစားလိုက်ရသည်။

​ချင်းရှောင်ဂိုဏ်းမှ တပည့်များမှာ ကမ္ဘာတစ်ဝန်းတွင် ပြန့်ကျဲနေ၏။လက်ရှိ တိုက်ပွဲမှာ အလွန် ဆူညံသဖြင့် အနီးအနားရှိ မည်သည့် ချင်းရှောင်ဂိုဏ်းမှ တပည့် မဆို ကြားပါက သူ့ကို ကူညီရန် သေချာပေါက် ရောက်လာမည် ဖြစ်သည်။

​"ငါ အသက်အန္တရာယ်ရှိတဲ့ အခြေအနေထဲကို ကျရောက်သွားပုံရတယ်..."

​ကျိယာက တိတ်ဆိတ်စွာ တွေးလိုက်ပြီး စိတ်ဓာတ် ပိုမို ပြတ်သားလာသည်။

​တစ်ခုခုကြောင့် အနည်းငယ်ပင် စိတ်လှုပ်ရှားနေမိသည်။

​ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ကတည်းက သူသည် အမြဲတမ်း တာဝန်ကျေပြီး ရိုးသားကာ အနည်းငယ်ပင် ထုံထိုင်းပုံ ပေါက်နေခဲ့၏။ သို့သော် နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာတွင် ရည်မှန်းချက်များနှင့် စိတ်ကူးများစွာ ရှိနေကြောင်းကို သူသာ သိသည်။ ၎င်းတို့ကို သူ မဖော်ပြလိုခြင်းသာ ဖြစ်၏။

​သိုင်းကွင်းသို့ သူ မကြာခဏ သွားရခြင်းမှာ အားနည်းချက်များကို ရှာဖွေရန် မဟုတ်ဘဲ တိုက်ခိုက်ရသည်ကို သဘောကျသောကြောင့်သာ ဖြစ်သည်။

ယခု သူအလိုလားဆုံးသော တိုက်ပွဲ အခြေအနေ ရောက်ရှိလာခဲ့ချေပြီ။

​လူတစ်သောင်းကို တစ်ယောက်တည်း ရင်ဆိုင်ခြင်းကသာ တူညီသော နယ်ပယ် တွင် ရှိသူများထက် များစွာ သာလွန်သော သူ့ရဲ့ ကျယ်ပြောလှသည့် မူလချီနှင့် ထိုက်တန်ပေသည်!

​ယနေ့ည တိုက်ပွဲတွင် သူ သင်ယူခဲ့သမျှကို သက်သေပြမည်၊ ဆရာသခင်အတွက် ဂုဏ်ကျက်သရေ ယူဆောင်လာပေးမည်၊ ထိုမျှမက ဂိုဏ်းအတွက် ခြိမ်းခြောက်မှုကို ဖယ်ရှားပစ်မည်!

ထိုစဉ် ​ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့် ကျိယာ မော့ကြည့်လိုက်တော့ ပြိုင်ဘက်မှာ ဝိညာဉ်အသိအာရုံအဆင့် တွင် ရှိနေပြီး သူ့ထက်ပင် ကျင့်ကြံမှု အဆင့် မြင့်မားနေကြောင်း ခံစားလိုက်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိချေ။

​"မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက မူလချီတွေ ပိုရှိရုံတင် မဟုတ်ဘူး... မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ပိုပြီး ထုတ်မသုံးရသေးတဲ့ အလားအလာတွေ ရှိနေသေးတယ်..."

​သူ့အပေါ် ဆရာသခင်၏ ညွှန်ကြားချက်များကို ကျိယာ အမှတ်ရလိုက်မိသည်။ယခုအခါ အသက်အန္တရာယ်ရှိသော အခြေအနေက ကိုယ်ပိုင် အကန့်အသတ်များကို ချိုးဖျက်ရန် အခွင့်အရေး ဖြစ်သည်။

​ညကောင်းကင်ယံမှ ကြည့်လျှင် ခေါင်မိုးများပေါ်တွင် ပြေးလွှားနေသော ကျိယာမှာ အလွန် သေးငယ်နေပြီး အရပ်မျက်နှာ အသီးသီးမှ မိစ္ဆာသားရဲ များက သူ့ကို အနက်ရောင် လှိုင်းတံပိုး တစ်ခုကဲ့သို့ လွှမ်းမိုးထားသည်။

​တစ်ချိန်တည်းမှာပင် ဧကရာဇ်နန်းတော် ပြင်ပရှိ မြို့ပြ ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။ ထိုနေရာတွင် ယာယီ တည်းခိုနေသော ချင်းရှောင်ဂိုဏ်းမှ တပည့် အချို့မှာ သူ့ကို ကူညီရန် ကြိုးစားခဲ့သော်လည်း လမ်းများပေါ်တွင် မိစ္ဆာများ၏ ဟန့်တားခြင်းကို ခံခဲ့ရသည်။သာမန် ပြည်သူများမှာ အော်ဟစ်နေကြပြီး အဆောက်အအုံများ ပြိုကျကာ အရာအားလုံးမှာ ငရဲပြည်မှ မြင်ကွင်းတစ်ခုနှင့် တူနေတော့သည်။

……………………….

​လီချင်းချိုး ယွမ်လီ၏ ခြံဝင်းသို့ ရောက်ရှိလာတော့ ယွမ်လီက အတွင်းတွင်ဒဏ်ရာများကို ကုသနေသည်။ လီချင်းချိုးက လင်းထိန်နေသော ပြတင်းပေါက်ကို ကြည့်ရင်း အနည်းငယ် တွန့်ဆုတ်နေမိသည်။

​တစ်ခဏမျှ ရပ်နားပြီးနောက် လီချင်းချိုးက ရှေ့သို့ လှမ်းကာ ယွမ်လီ ၏ တံခါးကို ခေါက်လိုက်သည်။

​"ဘယ်သူလဲ..."

​"ငါပါ..."

ဆရာ​သခင်၏ အသံကို ကြားသောအခါ ယွမ်လီ အလျင်အမြန် ထလိုက်သည်။အသံကို နားထောင်ခြင်းအားဖြင့် သူ အလွန် အလောတကြီး ဖြစ်နေကြောင်း ထင်ရှားသည်။

​သူသည် တံခါးကို အမြန်ဖွင့်ပြီး လီချင်းချိုးကို ဦးညွှတ်လိုက်သည်။

​ယွမ်လီ၏ အတွင်းအားများ ရှုပ်ထွေးနေသည်ကို လီချင်းချိုး ခံစားနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ပုံစံကို လေ့လာကြည့်တော့ နောက်ထပ် ဒဏ်ရာ ရထားသလို ဖြစ်နေသည်။

​"မင်းကို ငါ ပြောစရာ တစ်ခု ရှိတယ်... အဲဒါ သတင်းကောင်းတော့ မဟုတ်ဘူး..."

လီချင်းချိုးက ယွမ်လီ ကို ကြည့်ကာ အခန်းထဲသို့ ဝင်ရန် မရည်ရွယ်ဘဲ ပြောလိုက်သည်။

​ဤကဲ့သို့သော ဝမ်းနည်းဖွယ် အဖြစ်အပျက်မျိုးကို သူ လျှော့ပေါ့ပြောရန် မရည်ရွယ်ပေ။ အကြောင်းမှာ သူ့ကို မည်မျှပင် ပြင်ဆင်ပေးပါစေ ၎င်းမှာ အဓိပ္ပာယ်မဲ့မည် ဖြစ်သောကြောင့်ပင်။

​ယွမ်လီက လီချင်းချိုးကို ထိတ်လန့်နေသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။ သူသည် တစ်နေ့လုံး စိုးရိမ်ပူပန်နေခဲ့ပြီး ယခု ဆရာသခင်က သူ့ကို လာရှာသောအခါ ၎င်းမှာ ဘာအကြောင်းဖြစ်မည်ကို ချက်ချင်း ခန့်မှန်းလိုက်မိသည်။

​သူ့အတွက် သတင်းဆိုး ဆိုသည်မှာ သူ့ အစ်ကိုကြီး ယွမ်ချီ နှင့်သာ သက်ဆိုင်နိုင်ပေသည်။

​ချင်းရှောင်တောင်ကို မိစ္ဆာများ တိုက်ခိုက်ခဲ့သည့် ယခင် အဖြစ်အပျက်နှင့် ပေါင်းစပ်လိုက်သောအခါ သူ့ နှလုံးသားမှာ ချောက်နက်ကြီး တစ်ခုထဲသို့ ကျဆင်းသွားပြီး လက်များနှင့် ခြေထောက်များ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

​လီချင်းချိုးက သက်ပြင်းချလိုက်ပြီး…..

"ကျုံးထျန်းမသေမျိုးမြို့တော် တိုက်ခိုက်ခံလိုက်ရတယ်... တပည့် ငါးရာကျော် သေဆုံး ဒဏ်ရာရခဲ့တယ်... ယွမ်ချီလည်း စတေးခံလိုက်ရပြီ..."

​ဘုန်း!

​ယွမ်လီသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နေရာမှာတင် အေးခဲသွားတော့သည်။

​သူ မြင်နေရသော အရာအားလုံး စတင် တုန်လှုပ်လာပြီး ပြင်းထန်သော အသက်ရှူကျပ်သည့် ခံစားချက်က သူ့ကို ကြီးမားသော ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားစေသည်။

​ထိန်းချုပ်၍မရသော နှလုံးခုန်သံများမှာ စတင် ပြင်းထန်လာပြီး နားထဲတွင် စစ်စည်သံများကဲ့သို့ ကျယ်လောင်ပြီး ပိုမြန်လာကာ လောကကြီး တစ်ခုလုံး ပေါက်ကွဲထွက်သွားစေမည့်အလား ဖြစ်နေတော့သည်။

All Chapters