ယွမ်လီ နိုးထလာခြင်း
Vol. 30 Ch. 299
လီချင်းချိုးသည် ပြင်းထန်စွာ တုန်လှုပ်နေသော ယွမ်လီကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဤကဲ့သို့သော အခြေအနေမျိုးဖြင့် ယွမ်လီကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်၏။
ယွမ်ချီ၏ သေဆုံးမှုအကြောင်း ယွမ်လီကို သူ ပြောပြရခြင်းမှာ ယွမ်လီ၏ 'ဖျက်ဆီး၍ မရနိုင်သော ကြီးစိုးသူ ခန္ဓာကိုယ်' ကို လှုံ့ဆော်ပေးနိုင်ရန် မျှော်လင့်၍ မဟုတ်ပေ။ သူတို့၏ လက်ရှိ အခက်အခဲတွင် ယွမ်လီ၏ 'ဖျက်ဆီး၍ မရနိုင်သော ကြီးစိုးသူ ခန္ဓာကိုယ်' နိုးထလာလျှင်ပင် အခြေအနေကို ပြောင်းလဲပေးနိုင်မည် မဟုတ်ချေ။ ဤကဲ့သို့သော ကိစ္စမျိုးကို ဖုံးကွယ်မထားလိုခြင်းသာ ဖြစ်ပြီး ယွမ်လီသည် ဤအကြောင်းကို သိပိုင်ခွင့် ရှိသောကြောင့် ဖြစ်သည်။
"သူ့အတွက် ငါ ကလဲ့စားချေပေးမယ်... မနက်ဖြန် မနက် ယွမ်ချီကို သင်္ဂြိုဟ်ဖို့ ငါ စီစဉ်ပေးမယ်..."
ပြောပြီးသည်နှင့် လီချင်းချိုး လှည့်ထွက်သွားခဲ့ပြီး ဤအမှန်တရားကို ယွမ်လီ တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရန် ချန်ရစ်ခဲ့သည်။
လီချင်းချိုး ထွက်ခွာသွားသောအခါ ယွမ်လီ ပထမဆုံးအကြိမ်အဖြစ် ဦးမညွှတ်ခဲ့ချေ။ တံခါးဝတွင် အေးခဲနေပြီး အခြား မည်သည့် အသံကိုမျှ မကြားရတော့ပေ။
ဤအခိုက်အတန့်တွင် ငယ်ဘဝမှ လက်ရှိအချိန်အထိ မြင်ကွင်းများက စိတ်ထဲတွင် အဆက်မပြတ် ဖြတ်ပြေးနေသည်။
ထိုပုံရိပ်များမှာ ပိုမို ဝေးကွာသွားသကဲ့သို့ ဖြစ်နေသည်။ သမုဒ္ဒရာတစ်ခုထဲသို့ နစ်မြုပ်သွားပြီး အသက်ရှူရန် ရုန်းကန်နေရသကဲ့သို့ သူ ခံစားရ၏။
ထိုစဉ် သူ့မျက်လုံးထဲတွင် သွေးကြောများ စတင် ပေါ်လာသည်။ ခန္ဓာကိုယ် စတင် တုန်ရီလာကာ တဖြည်းဖြည်းနှင့် ဒူးများ ခွေကျသွားပြီး တံခါးခုံရှေ့တွင် ဒူးထောက်ကျသွားတော့သည်။
လွင့်ပျံနေသော နှင်းပွင့်များက တောက်ပသော လမင်းကြီးကို ဖုံးကွယ်ထားရာ ဤညကို အလွန် မှောင်မိုက်ပြီး လေးလံနေသကဲ့သို့ ဖြစ်စေသည်...
မသေမျိုးဂူ သို့ ပြန်ရောက်ပြီးနောက် လီချင်းချိုး ကျောက်ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။'ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ' က သူ့ကို တည်ငြိမ်နေစေသော်လည်း ယွမ်ချီ၏ သေဆုံးမှုကို တွေးမိသောအခါ ဒေါသများဖြင့် ပြည့်နှက်နေမိသည်။
ရန်သူက သူ့ကို ဒေါသထွက်စေချင်ကြောင်း သူ သိသည်။ သူတို့က ထိုသို့ ဖြစ်စေချင်လေလေ သူက ပိုပြီး တည်ငြိမ်နေရလေလေ ဖြစ်သည်။
ထို မိစ္ဆာသားရဲများ၏ ခြေရာကို အစွမ်းကုန် ရှာဖွေရန် လူများကို သူ စေလွှတ်ပြီး ဖြစ်သည်။ သူ့ရဲ့ အခန်းကဏ္ဍမှာ ချင်းရှောင်တောင်ကို စောင့်ရှောက်ရန်နှင့် နေရာတိုင်းကို အချိန်မရွေး အကူအညီပေးရန် အသင့်ရှိနေရန် ဖြစ်၏။
လက်ရှိ အခြေအနေအရ ဝိညာဉ်အသိအာရုံအဆင့်ရှိ မိစ္ဆာ အနည်းငယ် ပေါ်ထွက်လာပြီး ဖြစ်သည်။ ဤမိစ္ဆာများကို အမိန့်ပေးနိုင်သော တည်ရှိမှုမှာ ဝိညာဉ်အသိအာရုံအဆင့် ထက် ကျော်လွန်နေခြင်း သို့မဟုတ် ထိုအဆင့်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်ရမည်။
လီချင်းချိုး မျက်လုံးများကို မှိတ်ကာ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။
ဤဘေးဒုက္ခက ကိုယ်ပိုင် ကျင့်ကြံမှု အဆင့်နှင့် ပတ်သက်၍ အလျင်အလို ဖြစ်မှုကို နောက်တစ်ကြိမ် ခံစားရစေသည်။
နန်ကုန်းအာနှင့် လင်းချွမ်တို့က လီချင်းချိုးကို အနှောင့်အယှက် မပေးရဲကြချေ။အဘယ်ကြောင့်ဆိုသော ဆူပွက်နေသော သတ်ဖြတ်လိုစိတ် များကို သူတို့ ခံစားမိနေသောကြောင့်ပင်။
အရုဏ်တက်ချိန်တွင် တပည့် အုပ်စုများ တောင်အောက်သို့ ဆင်းသွားကြသည်။ ထို မိစ္ဆာသားရဲအုပ်စုက ၎င်းကို သိမ်းသွင်းနိုင်ခြင်း ရှိ၊ မရှိ သိရရန် ရွှေသူငယ်ကိုပင် လီချင်းချိုးက တောင်အောက်သို့ စေလွှတ်လိုက်သည်။
ချင်းရှောင်တောင်၏ နောက်ကွယ်တွင် တပည့်များက ယွမ်ချီကို သင်္ဂြိုဟ်ရန် မြေကျင်း တူးနေသည်ကို လီချင်းချိုး စောင့်ကြည့်နေသည်။
ကျန်းယွီချွန်း၊ လီတုန်းယွဲ့၊ လီစစ်ကျင်၊ ဝူမန်အာ၊ လီစစ်ဖုန်း၊ ချင်းရှောင်ဘိုးဘေး နှင့် ဂိုဏ်း၏ အခြား အဆင့်မြင့် အရာရှိများ အားလုံး ရောက်ရှိလာကြ၏။ ယွမ်ချီသည် လီချင်းချိုးအတွက် မကြာခဏ အလုပ်လုပ်ပေးလေ့ရှိပြီး သူတို့နှင့်လည်း မကြာခဏ ဆက်ဆံရေးရှိကာ ကောင်းမွန်သော ဆက်ဆံရေးများကို တည်ဆောက်ထားခဲ့သည်။ ထို့ကြောင့် ယွမ်ချီ စတေးခံရမှုက သူတို့ကို အလွန် ထိခိုက်စေခဲ့သည်။
ယခင်က တပည့်များ သေဆုံးခဲ့ဖူးသော်လည်း ထိုတပည့်များမှာ သူတို့နှင့် အထူးတလည် ရင်းနှီးမှု မရှိခဲ့ချေ။ အလွန်ဆုံး ဒေါသထွက်ရုံသာ ရှိခဲ့၏။ သို့သော် ယွမ်ချီ၏ သေဆုံးမှုက သူတို့ကို ဝမ်းနည်းပူဆွေးမှုနှင့် စိုးရိမ်ပူပန်မှုများ ယူဆောင်လာပေးခဲ့သည်။
ချင်းရှောင်ဂိုဏ်း အစွမ်းထက်လာသော်လည်း သေခြင်းတရားမှာ အလွန် နီးကပ်နေဆဲပင်။
ယွမ်လီ သစ်တောထဲမှ ထွက်လာတော့ မျက်နှာမှာ အမူအရာ ကင်းမဲ့နေသည်။ မနေ့ညကထက်စာလျှင် သူ တည်ငြိမ်သွားပုံရသည်။
လူတိုင်းက သူ့ကို ကြည့်လိုက်တော့ သူတို့၏ မျက်လုံးများတွင် ကိုယ်ချင်းစာမှုနှင့် သနားဂရုဏာများ ပြည့်နှက်နေသည်။
ညီငယ် ယွမ်လီကို ယွမ်ချီ မည်မျှ မြတ်နိုးကြောင်း သူတို့ အားလုံး သိကြသည်။ ယွမ်လီ ယခု ဘာခံစားနေရမည်ကို သူတို့ စိတ်ကူးကြည့်လို့တောင်မရပေ။
ယွမ်လီက လီချင်းချိုး၏ အနားသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး ယွမ်ချီ၏ အလောင်းပါသော အခေါင်းကို ကြည့်လိုက်သော်လည်း အနားသို့ မချဉ်းကပ်ခဲ့ပေ။ အစ်ကိုဖြစ်သူ၏ အလောင်းကို သူ မမြင်ချင်ပေ။
"ဆရာ... အစ်ကို့အတွက် ကျွန်တော် ကိုယ်တိုင် ကလဲ့စားချေပါ့မယ်..."
ယွမ်လီက တည်ငြိမ်သော လေသံ၊ တိုးညှင်းသော အသံဖြင့် ပြောလိုက်တော့လီချင်းချိုးက သူ့ကို တစ်ချက်ကြည့်ကာ …. "ကောင်းပြီ... အချိန်ကျလာရင် ရလာတဲ့ သတင်းအချက်အလက်တွေကို ငါ မင်းကို ဝေမျှပေးမယ်..."
ဤကဲ့သို့သော အချိန်မျိုးတွင် သူသည် ယွမ်လီ၏ ဆန္ဒအတိုင်းသာ လိုက်လျောနိုင်တော့သည်။
ယွမ်လီက ခေါင်းညိတ်ပြပြီး ဘာမှ ထပ်မပြောတော့ဘဲ ယွမ်ချီကို သင်္ဂြိုဟ်နေသည်ကို ကြည့်နေခဲ့သည်။
ထို့နောက်တွင် လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ထိုသူများမှာ ယွမ်ချီနှင့် သိကျွမ်းသူများ အားလုံးဖြစ်ပြီး၊ ယွမ်ချီ၏ ဇနီးနှင့် ကလေးများပင် ပါဝင်သည်။
ကျုံးထျန်းမသေမျိုးမြို့တော်မှ သေဆုံး ဒဏ်ရာရမှု သတင်းများမှာ ဂိုဏ်းအတွင်း ပျံ့နှံ့နေပြီ ဖြစ်သည်။ ဤသည်မှာ လီချင်းချိုး၏ တမင် ရည်ရွယ်ချက် ဖြစ်သည်။သတင်းကို အရင် ထုတ်ပြန်ခြင်းဖြင့် တရားဝင် ကြေညာသောအခါ သက်ရောက်မှု သိပ်မကြီးမားစေရန် ဖြစ်သည်။
ကျန်းယွီချွန်းက လီချင်းချိုး၏ အခြား တစ်ဖက်သို့ လာကာ တီးတိုး ပြောလိုက်သည်။
"အဲဒီ မိစ္ဆာသားရဲတွေရဲ့ ခြေရာကို အခုထိ ရှာမတွေ့သေးဘူး... ရှေ့ဆက်ပြီး သေဆုံး ဒဏ်ရာရမှုတွေ ပိုများလာမှာကို စိုးရိမ်တယ်..."
ဂိုဏ်းက ကလဲ့စားချေရန် မကြိုးစားခြင်း မဟုတ်ဘဲ ထိုမိစ္ဆာသားရဲများက အလွန် ကောက်ကျစ်လွန်းသောကြောင့် ဖြစ်ကြောင်း ယွမ်လီကို ပြောပြလိုသဖြင့် ဤသို့ တမင်တကာ ပြောလိုက်ခြင်း ဖြစ်သည်။
လီချင်းချိုးက…. "ငါတို့ သူတို့ကို ရှာတွေ့မှာပါ... ဂိုဏ်းရဲ့ တပည့်တွေကို ယုံကြည်မှု ရှိပါ..."
ကျန်းယွီချွန်းက သက်ပြင်းချကာ ယွမ်လီကို တစ်ချက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။
ယွမ်လီကတော့ သူတို့၏ စကားဝိုင်းကို မကြားရသည့်အလား ရှေ့သို့သာ စိုက်ကြည့်နေဆဲပင်။
ခေတ္တအကြာတွင် ရှောင်ဝူချင်း ဓားပျံစီး၍ရောက်ရှိလာပြီး လီချင်းချိုး၏ ဘေးတွင် ဆင်းသက်လိုက်သည်။ သူက အရိုအသေပေးရန် လက်ကို မြှောက်ကာ လေးနက်စွာဖြင့်….
"ဂိုဏ်းချုပ်... မနေ့ညက စီနီယာအစ်ကို ကျိယာကို ဧကရာဇ်နန်းတော်မှာ မိစ္ဆာသားရဲ အုပ်စုကြီး တစ်ခုက တိုက်ခိုက်ခဲ့တယ်!"
လီချင်းချိုး မျက်မှောင်ကြုတ်သွားသည်။ ကျုံးထျန်းမသေမျိုးမြို့တော်ရှိ ဝမ်းနည်းဖွယ် အဖြစ်အပျက်ကြောင့် တာအိုမျိုးဆက် စနစ်ကို တစ်နာရီလျှင် အနည်းဆုံး ဆယ်ကြိမ်ခန့် စစ်ဆေးနေခဲ့သည်။ တပည့် အရေအတွက် လျင်မြန်စွာ ကျဆင်းသွားသည်ကို သူ မမြင်ခဲ့ရသဖြင့် ညက အဖြစ်အပျက် ကင်းရှင်းသည်ဟု သူ ထင်ခဲ့မိသည်။
" အခြေအနေ ဘယ်လိုလဲ..."
"မိစ္ဆာသားရဲတွေက ဆုတ်ခွာသွားပြီ... စီနီယာအစ်ကို ကျိယာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပေမဲ့ အသက်အန္တရာယ်တော့ မရှိပါဘူး... ကံကောင်းတာက စီနီယာအစ်မ ရွှီနင်း အချိန်မီ ရောက်လာခဲ့တယ်..."
"နင်းအာလား... သူက ဘာလို့ ကျုံးထျန်းစီရင်စုကို ရောက်နေတာလဲ..."
သူသည် ယခင်က ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ကို မိစ္ဆာသခင်၏ မသေမျိုး နန်းတော် ကို ရှာဖွေရန် စေလွှတ်ခဲ့ပြီး၊ ၎င်းမှာ ယွီစီရင်စု၏ အနောက်ဘက် နယ်စပ်ကို ကျော်လွန်၍ တည်ရှိကာ ကျုံးထျန်းစီရင်စု ဘက်သို့ လုံးဝ မဟုတ်ပေ။
"အသေးစိတ်ကိုတော့ ကျွန်တော်လည်း မသိဘူး... စီနီယာအစ်မ ရွှီနင်းက သိပ်အများကြီး မပြောဘဲ အဖြစ်အပျက်ကိုပဲ သတင်းပို့ခဲ့တာ... သူ ကျန်းယန် ဧကရာဇ်မြို့တော်မှာ ရှိနေတဲ့အတွက် ဂိုဏ်းချုပ် စိတ်ပူစရာ မလိုဘူးလို့ ပြောပါတယ်..."
လီချင်းချိုး တိတ်ဆိတ်သွားပြီး ပဟေဠိဖြစ်နေမိသည်။
မနေ့ညက ကျန်းယန် ဧကရာဇ်မြို့တော် ကို တိုက်ခိုက်ခြင်းက ထိုမိစ္ဆာ အုပ်စုသည် ကျုံးထျန်းစီရင်စုမှ လုံးဝ မထွက်ခွာသွားကြောင်း ဆိုလိုနေသည်။ သို့တိုင်အောင် မနေ့က သူ မပြန်မီ ကျုံးထျန်းစီရင်စုကို ရှာဖွေခဲ့သော်လည်း သူတို့၏ ခြေရာကို မတွေ့ခဲ့ရပေ။
ထိုသတ္တဝါများ မြေအောက်တွင် ပုန်းအောင်းနေနိုင်မလား။
ဘေးတွင်ရပ်နေသော ယွမ်လီက စကားမပြောသော်လည်း သေချာစွာ နားထောင်နေခဲ့သည်။
ယွမ်ချီ၏ သင်္ဂြိုဟ်ခြင်း အခမ်းအနား ပြီးဆုံးသောအခါ ယွမ်လီသည် ပထမဆုံး ထွက်ခွာသွားသူ ဖြစ်ခဲ့သည်။ ဤသည်က သူ့အခြေအနေ ပုံမှန်မဟုတ်ကြောင်း ထင်ရှားနေပြီး လူတိုင်းကို စိုးရိမ်ပူပန်စေသည်။
သူလည်း ကျောက်ကျိန်းကဲ့သို့ သတိလက်လွတ် ပြုမူမည်ကို လီချင်းချိုး စိုးရိမ်သဖြင့် ယွမ်လီကို စောင့်ကြည့်ရန် ရှောင်ဝူတိကို စေလွှတ်လိုက်သည်။
ယခုအခါ ရှောင်ဝူတိသည် မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ့စွမ်းအားမှာ ဂိုဏ်း၏ ဒုတိယအဆင့်တွင် အခိုင်အမာ ရှိနေပြီ ဖြစ်သည်။ ယွမ်လီကို စောင့်ကြည့်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
လီချင်းချိုးက ယွမ်လီ၏ ကိုယ်ရေးအချက်အလက်ကိုလည်း စစ်ဆေးခဲ့သည်။ 'ဖျက်ဆီး၍ မရနိုင်သော ကြီးစိုးသူ ခန္ဓာကိုယ်'မှာ ပြောင်းလဲမှု တစ်စုံတစ်ရာ မပြသခဲ့ပေ။
ကျုံးထျန်းမသေမျိုးမြို့တော်သည် မိစ္ဆာသားရဲ အမြောက်အမြား၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ကြီးမားသော သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်!
ဤသတင်းကို မွန်းတည့်ချိန်တွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့ရာ ထိုက်ခွန်းတောင်တန်း တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ဝိညာဉ်ထိန်းချုပ်ရေးခန်းမက သေဆုံး ဒဏ်ရာရမှု ကိန်းဂဏန်းများကို ကြေညာလိုက်သည်နှင့်အမျှ တပည့် အားလုံးမှာ တင်းမာသွားကြသည်။ ဂိုဏ်းသည် ယခင်က မကြုံဖူးသော ဘေးဒုက္ခတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း သူတို့ သဘောပေါက်သွားကြသည်။
ထို့အပြင် ဤဘေးဒုက္ခသည် ချင်းရှောင်ဂိုဏ်းကို တိုက်ရိုက် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ ယခင်က ချင်းရှောင်ဂိုဏ်းသည် လောကကြီးအတွက် လှုပ်ရှားခဲ့ခြင်း ဖြစ်သောကြောင့် ဤအခြေအနေမှာ လုံးဝ ကွဲပြားခြားနားနေသည်။
တစ်ခဏတာမျှ ချင်းရှောင်ဂိုဏ်းမှာ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပရမ်းပတာ ဖြစ်သွားတော့သည်။
ဤအခြေအနေများအောက်တွင် တပည့် များစွာမှာ တိုက်ခိုက်ရန် စေတနာ့ဝန်ထမ်းခဲ့ကြသည်။ သို့သော်လည်း ဂိုဏ်းက ထိုမိစ္ဆာသားရဲ များ၏ ခြေရာကို မရှာတွေ့သေးသဖြင့် သူတို့ကို တားဆီးထားပြီး အမိန့်ကို စောင့်ရန်သာ ပြောနိုင်ခဲ့သည်။
ထိုနေ့တွင် ဒေသအသီးသီးမှ သတင်းအချက်အလက်များ ချင်းရှောင်တောင်သို့ အဆက်မပြတ် ရောက်ရှိလာခဲ့သည်။ လီချင်းချိုးက လင်းရှောင်ခြံဝင်း အတွင်း၌သာ ဤအချက်အလက်များကို ကိုင်တွယ်ဖြေရှင်းနိုင်တော့သည်။
လီတုန်းယွဲ့နှင့် ချင်းရှောင်ဘိုးဘေးတို့လည်း ကူညီရန် ထိုနေရာတွင် ရှိနေပြီး ရှောင်ဝူချင်းနှင့် ချူကျင်းတို့က အစီရင်ခံစာများကို အဆက်မပြတ် ပို့ဆောင်ပေးနေသည်။
ကိုးပြည်ထောင်တစ်ဝန်းလုံးတွင် မိစ္ဆာသားရဲများ၏ ခြေရာများ စတင် ပေါ်လာခဲ့ချေပြီ။ ဤမိစ္ဆာသားရဲ များသည် ရွာများကို တိုက်ခိုက်ပြီး မြို့ရွာများကို ဖျက်ဆီးကာ ချင်းရှောင်ဂိုဏ်းကိုသာ ပစ်မှတ်ထားခြင်း မရှိတော့ပေ။
ဤမိစ္ဆာသားရဲများ သောင်းကျန်းလာသည်နှင့်အမျှ လောကကြီး၏ ဖိအားများကလည်း ချင်းရှောင်ဂိုဏ်းအပေါ်သို့ ကျရောက်လာခဲ့သည်။
ဤမျှများပြားသော မိစ္ဆာသားရဲများ ရှိနေလိမ့်မည်ဟု လီချင်းချိုး မမျှော်လင့်ထားခဲ့ပေ။
မြောက်ဘက်ရှိ မိစ္ဆာနယ်မြေ ပွင့်သွားပြီး မိစ္ဆာသားရဲ အဆုံးမရှိ တောင်ဘက်သို့ ရွေ့လျားလာသည်ဟုပင် သူ သံသယဝင်မိသည်။
လောကကြီး အန္တရာယ်ကြုံနေချိန်တွင် ချင်းရှောင်ဂိုဏ်းက သဘာဝကျကျ ကူညီရမည် ဖြစ်သည်။ ထို့ကြောင့် လီချင်းချိုးက အမိန့်များ ထုတ်ပြန်ကာ ကိုးပြည်ထောင်တစ်ဝန်းရှိ မိစ္ဆာသားရဲ များကို သတ်ဖြတ်ရန် ချင်းရှောင်ဂိုဏ်းမှ တပည့်များကို စေလွှတ်လိုက်သည်။
ချင်းရှောင်ဂိုဏ်းက လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး ထိုနေ့တွင်ပင် တပည့် တစ်ထောင်ကျော် တောင်အောက်သို့ ဆင်းသွားခဲ့သည်။
နှင်းများ အထူအထပ် ကျနေသည့် ကျယ်ပြောလှသော နှင်းဖြူရောင် သစ်တောကြီးထဲတွင် ရွှေသူငယ်သည် သစ်ကိုင်းတစ်ခုမှ တစ်ခုသို့ ခုန်ကူးနေသည်။ သူသည် တောင်အောက်သို့ ဆင်းလာသည်မှာ ငါးရက် ရှိပြီဖြစ်ပြီး ရည်ရွယ်ချက်မရှိ လှည့်လည်သွားလာနေခဲ့သည်။
သူ ရှေ့သို့ သွားနေစဉ် လက်မောင်းများကို အခါအားလျော်စွာ လွှဲယမ်းကာ ဓားရေး တစ်စုံကို လေ့ကျင့်နေခဲ့သည်။
ရုတ်တရက်….
ရွှေသူငယ် ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ကို သတိထား၍ အကဲခတ်လိုက်သည်။
"ကျွတ်ကျွတ်... ဓားရေး လေ့ကျင့်နေတဲ့ ဆုတောင်းပိုးကောင် တစ်ကောင်ပဲ... အဲဒါ ရှားတယ်..."
လှောင်ပြောင်သည့် အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာပြီး ရှေ့ရှိ သစ်တောထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။၎င်း သည်လူခန္ဓာကိုယ်နှင့် မြေခွေးခေါင်း ရှိသော မြေခွေးမိစ္ဆာ တစ်ကောင်ဖြစ်ပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ကြော့ရှင်းလှ၏။ ၎င်းမှာ ယွမ်ချီကို ခေါင်းဖြတ်ခဲ့သော မြေခွေးမိစ္ဆာ ဖြစ်ကြောင်း ထင်ရှားသည်။
ရွှေသူငယ်က လက်မောင်း နှစ်ဖက်ကို မြှောက်ကာ မြေခွေးမိစ္ဆာကို သတိထား၍ ကြည့်နေလိုက်သည်။
မြေခွေးမိစ္ဆာက….
"ဒီလောက် အဆင့်အထိ ကျင့်ကြံထားနိုင်တာက တကယ်ကို ထူးခြားတာပဲ... ငါတို့နဲ့ ပူးပေါင်းပါလား... ငါတို့ရဲ့ ဘုရင်ကြီးက မင်းကို ပိုပြီး ရှေ့ဆက်နိုင်အောင် ခွင့်ပြုလိမ့်မယ်..."
"ဘုရင်ကြီးလား..."ဟု ရွှေသူငယ်က မေးလိုက်ရာ သူ့အသံမှာ စကားနည်းသူ တစ်ယောက်ကဲ့သို့ တိုးညှင်းနေသည်။
မြေခွေးမိစ္ဆာက လှည့်ထွက်သွားရင်း….
"မင်း သိချင်ရင် ငါ့နောက်ကို လိုက်ခဲ့..."
ရွှေသူငယ်က တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် သူမနောက်သို့ လိုက်သွားခဲ့သည်။
ကျိယာ တိုက်ခိုက်ခံရပြီးနောက် ဆယ်ရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဤကာလအတွင်း ချင်းရှောင်ဂိုဏ်း၏ မည်သည့် အမာခံ စခန်းမှ ထပ်မံ တိုက်ခိုက်ခြင်း မခံရပေ။ သို့သော်လည်း မိစ္ဆာသားရဲများက နိုင်ငံတစ်ဝန်းရှိ စီရင်စုနှင့် ခရိုင်တိုင်းတွင် ပရမ်းပတာ ဖြစ်စေခဲ့ပြီး လောကကြီးကို ကယ်တင်ရန် တပည့် အများအပြား တောင်အောက်သို့ ဆင်းသွားခဲ့ကြသည်။
ရွှမ်မင်းဆက်ကို အသစ်တည်ထောင်ထားခြင်း ဖြစ်ပြီး ကမ္ဘာသူ ကမ္ဘာသားများကလည်း ကျင့်ကြံခြင်းအကြောင်းကို ယခုမှ စတင် နားလည်လာကြခြင်း ဖြစ်သည်။ မိစ္ဆာသားရဲများက လောကကြီးကို ပရမ်းပတာ ဖြစ်စေသဖြင့် ထိတ်လန့်မှုများ နေရာတိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။
လီချင်းချိုးကလည်း တာအိုမျိုးဆက် စနစ်ကို နေ့စဉ် စောင့်ကြည့်နေခဲ့သည်။ နေ့စဉ် တပည့်များ သေဆုံးနေသော်လည်း အရေအတွက် နည်းပါးပြီး တပည့်သစ်များက အစားထိုး ဝင်ရောက်လာကြသည်။
ထိုမိစ္ဆာအင်အားစုက အမှန်တကယ် ဘာလုပ်ချင်နေသနည်း ဆိုသည်က သူ့ကို ပဟေဠိဖြစ်စေခဲ့သည်။
ထိုနေ့တွင် ကျိယာ ပြန်ရောက်လာပြီး ထိုည၏ အဖြစ်အပျက်များကို လီချင်းချိုးအား ပြောပြခဲ့သည်။ ဂိုဏ်း၏ အဆင့်မြင့် အရာရှိများလည်း အတူတကွ နားထောင်ရန် လင်းရှောင်ခြံဝင်း သို့ စုဝေးရောက်ရှိလာကြသည်။
ကျိယာ တိုက်ခိုက်ခံရကြောင်းကို အဆင့်မြင့် အရာရှိများ အစောကတည်းက သိထားသော်လည်း သူသည် ထောင်နှင့်ချီသော မိစ္ဆာသားရဲ အုပ်စုကြီးကို ရင်ဆိုင်ခဲ့ရမည်ဟု မထင်ထားခဲ့ကြပေ။ ဤအကြောင်းကို ကြားရုံဖြင့်ပင် သူတို့၏ နှလုံးသားများကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေသည်။
သူ စကားပြောပြီးနောက် ဝေထျန်းရှုံးက ရုတ်တရက် ဝင်ပြောလိုက်သည်။
"သူတို့ တကယ် ဘာလုပ်ချင်တယ် ဆိုတာကို ငါ ရုတ်တရက် နားလည်သွားပြီ..."
ထိုစကားများက လူတိုင်း၏ အကြည့်ကို ဆွဲဆောင်သွားခဲ့သည်။
"ချင်းရှောင်ဂိုဏ်းကို ဖျက်ဆီးတာက သူတို့ရဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်မယ်... သူတို့ရဲ့ အဓိက ပစ်မှတ်က ချင်းရှောင်ဂိုဏ်းရဲ့ ပါရမီရှင်တွေ ဖြစ်ရမယ်..."
ယန်ကျွယ်တိန်က အံ့အားသင့်စွာဖြင့်….
"ဘာသဘောလဲ... ပါရမီရှင်တွေရဲ့ အသွေးအသားက သူတို့အတွက် ပိုဆွဲဆောင်မှု ရှိနေလို့လား..."
"အမှန်ပဲ... မိစ္ဆာနယ်မြေလို့ ခေါ်ရတဲ့ အကြောင်းရင်းက မိစ္ဆာတွေကြောင့်တင် မဟုတ်ဘူး... သူတို့မှာ မိစ္ဆာဆန်တဲ့ သဘောထားတွေလည်း ပါတယ်... ရှေးခေတ်ကတည်းက မိစ္ဆာနယ်မြေက အနှစ်တစ်ထောင်တိုင်း တောင်ဘက်ကို ရွေ့လျားလေ့ရှိတယ်... အဲဒါက အဆိပ်ပိုးကောင်ကို မွေးမြူသလိုပဲ... ဒီတိုက်ကြီးမှာ ကျင့်ကြံရေး အင်အားစု တစ်ခု ပေါ်ထွက်လာတိုင်း သူတို့ တောင်ဘက်ကို လာကြတယ်..."
ဝေထျန်းရှုံး၏ စကားများက လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။
ထိုစဉ်မှာပင် ရှောင်ဝူချင်းသ ခြံဝင်းအတွင်းသို့ အမြန်လျှောက်လာခဲ့သည်။ သူသည် တရားဝင် အမူအရာများကိုပင် ဂရုမစိုက်ဘဲ အရေးတကြီးဖြင့်…
"ဂိုဏ်းချုပ်... စီနီယာအစ်ကိုယွမ်လီ တောင်အောက်ကို ဆင်းသွားပြီ! ကျွန်တော့်ရဲ့ အစ်ကိုကြီးကို သူက သတိလစ်အောင် ရိုက်ချလိုက်တယ်!"
ထိုစကားကို ကြားသောအခါ ခန်းမသခင်များ အားလုံး အံ့အားသင့်သွားကြသည်။
ယွမ်လီ့ဆီမှာ သတိလစ်အောင်အရိုက်ခံရတယ်ဆိုတော့ ရှောင်ဝူတိက ဘယ်အဆင့်တုန်း…..
ဤစကားကို ကြားသောအခါ လီချင်းချိုးလည်း မျက်မှောင်ကြုတ်သွား၏။ သူက တာအိုမျိုးဆက် စနစ် ကို ခေါ်ယူလိုက်ပြီး ယွမ်လီ၏ ပုံရိပ်ကို ရှာကာ ကြည့်ရန် နှိပ်လိုက်သည်။
'ဖျက်ဆီး၍ မရနိုင်သော ကြီးစိုးသူ ခန္ဓာကိုယ်' ၏ ဖော်ပြချက်မှာ အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏!
[ဖျက်ဆီး၍ မရနိုင်သော ကြီးစိုးသူ ခန္ဓာကိုယ် (နိုးထခြင်း) - လောကီကမ္ဘာ ၏ ရှားပါးသော ရှေးဟောင်း ခန္ဓာကိုယ် တည်ဆောက်ပုံ တစ်ခု ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ ကြီးမားသော ဖန်တီးမှု တစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းကို ပိုင်ဆိုင်သူမှာ လောကီကမ္ဘာတွင် မွေးဖွားလာသောကြောင့် ၎င်း၏ နိုးထခြင်းကို လှုံ့ဆော်ရန် အထူး နည်းလမ်း တစ်ခု လိုအပ်သည်။]