အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း (၁၂၉) ယွင်ဟွား၏ လက်စားချေမှု
မင်ယွမ်နယ်စားသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း သူ၏ လက်များမှာ ကျိုးပဲ့နေပြီး ပါးစပ်ကိုလည်း အဝတ်ဖြင့် ဆို့ခံထားရသဖြင့် ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိပေ။
ထို့အပြင် သူ၏မပြည့်စုံမှုကို ဖုံးကွယ်ရန်အတွက် အစောင့်တစ်ယောက်ကိုမျှပင် ခေါ်မလာခဲ့ချေ။
သူ၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းအောင် တွန့်လိမ်နေလေ၏။ မြေပြင်ပေါ်တွင် တီကောင်တစ်ကောင်ကဲ့သို့ လူးလွန့်နေလေသည်။
"သူ့ကို တုပ်နှောင်လိုက်..."
ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ရှေ့သို့ တိုးလာပြီး သူ့ကို ကန်ကျောက်လိုက်၏။
"ငွေနည်းနည်းရှိရုံနဲ့ နင့်ကိုယ်နင် အရမ်းကြီးကျယ်တယ်လို့ ထင်နေတာလား... ဒီနေ့ညမှာ ငါ့အနေနဲ့ အရေးကြီးကိစ္စ လုပ်စရာသာမရှိဘူးဆိုရင် နင့်ကို အခုချက်ချင်း သတ်ပစ်ပြီးပြီ..."
မင်ယွမ်နယ်စားသည် သွေးဆာနေသော အကြည့်ဖြင့် သူမကို စိုက်ကြည့်လိုက်လေသည်။
"ထပ်ကြည့်ရဲ ကြည့်စမ်း... နင့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်..."
သူမသည် သူ၏ မျက်လုံးများဆီသို့ ဖောက်ထုတ်တော့မည့် ဟန်ပြင်လိုက်ရာ မင်ယွမ်နယ်စားမှာ အလွန်လန့်ဖျပ်သွားပြီး တစ်စက္ကန့်မျှ တုံ့ဆိုင်းနေမိပါက သူ မျက်ကန်းဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်း မျက်လုံးများကို မှိတ်လိုက်လေသည်။
"အသုံးမကျတဲ့ကောင်..."
ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် သူ့ကို တံတွေးနှင့် ထွေးလိုက်ပြီး အခန်းထဲရှိ အခြားသူများက သူ့ကို တုပ်နှောင်ကာ ကုတင်ပေါ်သို့ ပစ်တင်လိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားကြလေသည်။
ခေါင်မိုးပေါ်ရှိ ယွင်ဟွားမှာ အနည်းငယ် စိတ်ပျက်သွားလေ၏။
အဘယ်ကြောင့် သူ၏ မျက်လုံးများကို မဖောက်ထုတ်ပစ်လိုက်သနည်း။
ယွင်ဟွားက သက်ပြင်းချ၍ မဆုံးမီမှာပင် တာဝန်ပြီးမြောက်သွားသော ရှောင်ထောင်ဟွာသည် သူမ၏ ဘေးသို့ သွက်လက်စွာ ဆင်းသက်လာလေသည်။
"သခင်မလေး... အားလုံး စီစဉ်ပြီးပါပြီ... ယောက်ျားသုံးယောက် ရှာတွေ့ခဲ့ပါတယ်..."
ယွင်ဟွား၏ မျက်လုံးများ အရောင်လက်သွား၏။ ထိုအချိန်၌ပင် အခန်းထဲရှိ ဘေးလူအားလုံး ထွက်သွားကြပြီ ဖြစ်သည်။
"သွားကြစို့..."
“ဟေးဟေး... ပွဲစတော့မယ်..”
ယွင်ဟွားက ရှောင်ထောင်ဟွာကို စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်းလိုက်လေရာ သူမ၏ နောက်ကျောဘက်ရှိ ဒုတိယမင်းသား၏ မျက်နှာပေါ်မှ ထူးဆန်းသော အမူအရာကိုပင် မေ့လျော့နေဟန် ရှိသည်။
ရှောင်ထောင်ဟွာသည် ယွင်ဟွားကို ခေါ်ဆောင်ကာ ခေါင်မိုးပေါ်မှ ပျံသန်းဆင်းသက်လာလေသည်။
အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ယွင်ဟွားသည် ခေါင်းကို ယမ်းလိုက်ရာ သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေ၏။ သူမသည် ဤနေမထိထိုင်မသာဖြစ်မှုကို မျိုသိပ်လိုက်လေသည်။
ထို့နောက် သူမသည် တံခါးပေါက်မှတစ်ဆင့် မာနတခွဲသားဖြင့် ဝင်ရောက်သွားလေသည်။
တံခါးပွင့်လာပြီး မင်ယွမ်နယ်စားသည် အလိုအလျောက် မော့ကြည့်လိုက်၏။
"တကယ့်ကို သနားစရာကောင်းလိုက်တာ..."
ယွင်ဟွားက စုပ်သပ်လိုက်ပြီး ရယ်ချင်စိတ်ကို အောင့်ထားကာ သူ၏ ရှေ့သို့ လျှောက်သွားလေသည်။ ထို့နောက် သူမ၏ ဖိနပ်ကို ချွတ်လိုက်ပြီး ဖယောင်းရည်ပူလောင်ထားသဖြင့် အရည်ကြည်ဖုများ ထွက်နေသော မင်ယွမ်နယ်စား၏ မျက်နှာကို ပုတ်လိုက်လေသည်။
"ဝူး..."
မင်ယွမ်နယ်စားသည် သူ၏ ရှေ့တွင် ရင်းနှီးမှုမရှိသော မျက်နှာတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် သတိထားလိုက်မိလေသည်။ အကြောင်းမှာ ယွင်ဟွားထံမှ ထွက်ပေါ်လာသော အေးစက်မှုကို သူ ရှင်းလင်းစွာ ခံစားနေရသောကြောင့် ဖြစ်၏။
"ငါ့ကိုတောင် မမှတ်မိတော့ဘူးလား..."
ယွင်ဟွားသည် သူ့ကို အံ့သြစွာ ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေလေသည်။
ဟုတ်တာပေါ့... ထိုနေ့က ဧည့်ခံပွဲအပြီးကတည်းက မင်ယွမ်နယ်စားသည် အိမ်မှာသာ နေထိုင်ပြီး ညီလာခံသို့ မတက်ရောက်ခဲ့ပေ။ သူမ အရပ်ရှည်လာပြီး ပိန်သွားသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူမသည် မျက်လုံးများကို ကျဉ်းလိုက်ပြီး မင်ယွမ်နယ်စားကို ကုတင်ပေါ်မှနေ၍ မြေပြင်ပေါ်သို့ ဆွဲချလိုက်လေသည်။
“ပန်းကလေး... လုပ်လိုက်... အရင်ဆုံး သူ့လျှာကို ဆွဲထုတ်လိုက်... ပြီးရင် လက်ချောင်းတွေကို ဖြတ်ပစ်... သူ့ကို ငရဲပြည်က အပြစ်ပေးမှုတွေ အားလုံးကို မြည်းစမ်းခိုင်းလိုက်စမ်း... ဒီနေရာမှာ ဆီပွက်ပွက်ဆူနေတဲ့ ဒယ်အိုးကြီး မရှိတာ နှမြောစရာပဲ... မဟုတ်ရင် ငါတို့ သူ့ကို ဘာပဲဖြစ်ဖြစ် ဆီထဲမှာ ကြော်ပစ်မှာ..”
ရှင်ခြင်းသေခြင်းစာအုပ်က အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှပြီး ၎င်း၏ မျက်လုံးများတွင် ပြင်းထန်သော မီးတောက်များ တောက်လောင်နေလေသည်။
ပန်းကလေးသည် သူမ၏ မိသားစုကို အများဆုံး ဂရုစိုက်လေသည်။ ပြီးခဲ့သည့်အကြိမ်က အဘိုးကြီးယွင် ဒဏ်ရာရခဲ့စဉ်က ပန်းကလေးမှာ ထိန်းချုပ်မှု ကင်းလွတ်လုနီးပါး ဖြစ်ခဲ့ရ၏။ အကယ်၍ အခြားသူတစ်ယောက်ယောက်သာ ဒုက္ခရောက်ခဲ့မည်ဆိုလျှင် ပန်းကလေးသည် ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်လိမ့်မည် မဟုတ်ပါလား။
၎င်းသည် တရားသူကြီး၏စုတ်တံ ခေါင်းပေါ်ရှိ ဆံပင်စုစုလေးကို ဆွဲယူလိုက်ပြီး ပြောလိုက်သည်။
“စုတ်တံလေး... ပန်းကလေးရဲ့ မိသားစုကို ကာကွယ်ပေးနိုင်တဲ့ ရတနာတစ်ခုခု မင်းရဲ့ အိတ်ကပ်ထဲမှာ ရှိလား..”
ထိုစကားကို ကြားသောအခါ တရားသူကြီး၏စုတ်တံသည် ၎င်း၏ လက်လေးကို ကိုက်လိုက်ကာ ခေါင်းငုံ့၍ ခေတ္တမျှ စဉ်းစားလိုက်ပြီး ၎င်း၏ အမူအရာမှာ အနည်းငယ် အပြစ်ရှိသလို ဖြစ်နေလေသည်။
“မရှိပါဘူး... မရှိပါဘူး... ပေပေ့ရဲ့ ဗိုက်ထဲမှာ အဲ့လို ရတနာမျိုး မရှိပါဘူး…”
ထိုသို့ပြောပြီးနောက် ၎င်းသည် ၎င်း၏ ခေါင်းလေးကို အလျင်အမြန် ငုံ့ထားလိုက်လေသည်။
ယွင်ဟွားက ၎င်းကို တစ်ချက် လှမ်းကြည့်လိုက်၏။ ရှောင်ပေပေ့သည် အမှန်ကို ပြောနေခြင်း မဟုတ်ပေ။
သို့သော် တရားသူကြီး၏စုတ်တံသည် သူမကို အမြဲတမ်း ဦးစားပေးကြောင်းကို သူမ သိထားပြီး ထိုသို့ ဖုံးကွယ်ထားရခြင်းမှာ သူမနှင့် သက်ဆိုင်နေနိုင်ကြောင်းကိုလည်း သူမ နားလည်လေသည်။
ရှင်ခြင်းသေခြင်းစာအုပ်သည် အနည်းငယ် စိတ်ပျက်သွားပုံရပြီး ယွင်ဟွား၏ မျက်နှာလေးကို ၎င်း၏ လက်များဖြင့် အုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။
“အဆင်ပြေပါတယ် ပန်းကလေးရယ်... အကယ်၍ နောင်မှာ နင် ကြိုးကြိုးစားစား ကျင့်ကြံမယ်ဆိုရင် ငါတို့ သူတို့ကို ကာကွယ်ပေးနိုင်ဦးမှာပါ..”
ယွင်ဟွားက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။
ယွင်ဟွား၏ ဆွဲချခြင်းခံလိုက်ရသော မင်ယွမ်နယ်စားသည် ပြတ်တောက်သွားသော သူ၏ လက်မောင်းမှ အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရသဖြင့် ချွေးစေးများပင် ထွက်လာလေတော့သည်။
"ဝူး..."
မင်ယွမ်နယ်စားသည် သူမကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်သည့်ဆန္ဒဖြင့် သွေးဆာနေသော မျက်လုံးများဖြင့် ယွင်ဟွားကို စိုက်ကြည့်နေလေသည်။
သူ ကျိန်ဆိုလိုက်၏။ သူ ကယ်ဆယ်ခံရသည်နှင့် တစ်ပြိုင်နက် ကျွေ့ရှန်မျှော်စင်ကို မြေပြင်နှင့် အညီ ပြန့်ကျဲသွားစေရုံသာမက သူ့အား စော်ကားခဲ့သူများကို အရေခွံခွာကာ အပိုင်းပိုင်း ခုတ်ထစ်ပြီး လူ့ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲပစ်မည်ဟုပင်။
“ဟေး... ပန်းကလေး... သူက တကယ့်ကို ရန်ငြိုးဖွဲ့နေတာပဲ... သူ့မျက်လုံးတွေကို ကြည့်စမ်း... အရမ်းကိုယုတ်မာပြီး အငြိုးတကြီးဖြစ်နေတာ... သူ သေချာပေါက် အကြံဆိုးတွေ ထပ်ကြံစည်နေတာပဲ... သူ့ကို အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး..”
“ထားထားလို့ မဖြစ်ဘူး..”
တရားသူကြီး၏စုတ်တံက လျှာကို ဆွဲထုတ်ခြင်းနှင့် လက်ချောင်းများကို ဖြတ်တောက်ခြင်းမှာ အပြစ်ပေးခြင်းဖြစ်ကြောင်း စာအုပ်လေး ပြောခဲ့သည်ကို မှတ်မိသွားသဖြင့် ၎င်း၏ ဗိုက်ထဲမှ ကတ်ကြေးငရဲ၏ ကတ်ကြေးကို ထုတ်ယူလိုက်လေသည်။
ဘယ်ကနေဘယ်လို ထွက်ပေါ်လာမှန်းမသိသော ကတ်ကြေးကြောင့် မင်ယွမ်နယ်စားမှာ ထိတ်လန့်သွားလေတော့သည်။ သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး နောက်သို့ ဆုတ်ရန် ကြိုးစားသကဲ့သို့ လူးလွန့်နေလေ၏။
ရှင်ခြင်းသေခြင်းစာအုပ်က ယုံကြည်နိုင်စရာမရှိသည့် အသွင်ဖြင့် ၎င်း၏ မျက်လုံးများကို ပွတ်သပ်လိုက်လေသည်။
“နင်…နင်…”
ရှင်ခြင်းသေခြင်းစာအုပ်သည် စကားကို ထစ်အစွာ ပြောနေပြီး ပြီးပြည့်စုံသော စကားတစ်ခွန်းကိုပင် မပြောနိုင်တော့ပေ။
၎င်းသည် အံ့သြသွားခဲ့သည်။ လုံးလုံးလျားလျားကို အံ့သြတုန်လှုပ်သွားခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် 'ကတ်ကြေးငရဲ' တွင် ကတ်ကြေးတစ်လက်ထက်မက ရှိနေခြင်းပင်။ မဟုတ်ပါက မည်မျှ ရှုပ်ထွေးသွားမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
“ပန်းကလေးအတွက်ပါ... ဒီကတ်ကြေးက ယုတ်ညံ့တဲ့ စွမ်းအင်တွေကို သယ်ဆောင်ထားတာမို့ သူ့ကို သေချာပေါက် ပြင်းထန်တဲ့ နာကျင်မှုတွေ ခံစားရစေမှာ”
ယွင်ဟွားက တရားသူကြီး၏စုတ်တံကို ဖက်ထားပြီး အကြိမ်ကြိမ် နမ်းရှိုက်လိုက်လေသည်။ ဤအကောင်ပေါက်လေးက ဘယ်လိုလုပ်ပြီး ဤမျှ ချစ်ဖို့ကောင်းနေရသနည်း။
သို့သော် သူမသည် မျှတမှု၏ သခင်မလေးပင် ဖြစ်၏။ ရှောင်ပေပေ့ကို နမ်းပြီးနောက် သူမ၏ ခေါင်းပေါ်ရှိ ရှောင်ရှူးရှူးကိုလည်း သူမ မလွှတ်ပေးခဲ့ချေ။
အကောင်လေးနှစ်ကောင်စလုံး၏ မျက်နှာများက နီရဲသွားကြလေသည်။
သို့သော် ယွင်ဟွား၏ ထူးဆန်းသော လုပ်ရပ်များကြောင့် မင်ယွမ်နယ်စားမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေတော့သည်။
သူသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူရော်နေကာ ဤနေရာမှ ချက်ချင်း ထွက်သွားချင်စိတ်များသာ ပြည့်နှက်နေလေသည်။
ယွင်ဟွားသည် သူ၏ အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း ပေါ်လွင်သွားမည်ကို လုံးဝ စိုးရိမ်ခြင်း မရှိပေ။
"သခင်ကြီး... ဘာဖြစ်လို့ အိမ်မှာပဲ ငြိမ်ငြိမ်မနေတာလဲ... ဘာဖြစ်လို့ ထွက်လာပြီး ပြဿနာရှာရတာလဲ..."
ယွင်ဟွားသည် ကတ်ကြေးဖြင့် သူမ၏ လက်သည်းများကို ညှပ်နေပြီး ယွင်ဟွားက သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်လိုက်ချိန်တွင် မင်ယွမ်နယ်စား ခံစားလိုက်ရသော ထိတ်လန့်မှုကို လုံးဝ လျစ်လျူရှုထားလေသည်။
"ဝူး... ဝူး..."
"ဝူး... ဝူး... မန်... မန်..." (မင်း ဘယ်သူလဲ...)
ယွင်ဟွားသည် သူပြောနေသော အဝတ်စုတ်ကို ဘယ်သောအခါမှ ဖယ်ရှားပေးမည် မဟုတ်ပေ။
"ငါလား..."
ယွင်ဟွားသည် တောက်ပစွာ ပြုံးလိုက်ပြီး သူမ၏ ယခုလေးတင် ညှပ်ထားသော လက်သည်းတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။
"ငါ့ဖခင်ရဲ့ နာမည်က ယွင်ရှောင်ထျန်းပါ... ပြီးတော့ ငါက သူ့ရဲ့ အငယ်ဆုံးသမီး ယွင်ဟွားလေ...ငါ့ကို မှတ်မိလား... ငါ အများကြီး ပြောင်းလဲသွားလို့ နင် မမှတ်မိတော့တာလား..."
မင်ယွမ်နယ်စား၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားလေတော့သည်။
ယွင်ဟွားက ခေတ္တရပ်တန့်လိုက်ပြီး သူမ၏ အရောင်အဝါများမှာ ချက်ချင်းပင် ထက်ရှသွားလေသည်။
"မင်ယွမ်နယ်စား... နင်က ကိုယ်လုပ်တော်လီရဲ့ မိဘအရင်းတွေကိုတောင် ရှာဖွေနိုင်ခဲ့ပြီး သူတို့ကို မြို့တော်ဆီတောင် ခေါ်လာနိုင်ခဲ့တယ်... နင်က အဲ့လောက်အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
ယွင်ဟွားသည် သူ့ထံသို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ သူမ၏ ကြည်လင်နေသော အဖြူအမည်း မျက်လုံးများမှာ ချက်ချင်းပင် သွေးလို နီရဲသွားလေတော့သည်။
ဤရုတ်တရက် ပြောင်းလဲမှုကြောင့် မင်ယွမ်နယ်စားမှာ အလွန်အမင်း ထိတ်လန့်သွားလေသည်။
"ဝူး... ထူး... ထူးဆန်း..."
"အု... ဟင့်အင်း... ဟင့်အင်း... အု..."
မင်ယွမ်နယ်စားသည် သူ၏ လက်မောင်းမှ အလွန်အမင်း နာကျင်မှုကို လျစ်လျူရှုကာ ကြောက်ရွံ့မှုကြောင့် ရူးသွပ်မတတ် ရုန်းကန်နေလေတော့သည်။
ယွင်ဟွား၏ မျက်လုံးများမှာ ရေခဲလို အေးစက်နေပြီး သူမက လှောင်ပြောင်လိုက်သည်။
"နင်က ငါ့ရဲ့ အစ်ကိုကြီးကိုတောင် မျက်စိကျနေတယ်လို့ ကြားတယ်... နင်က သူ့ကို ဖျက်ဆီးဖို့ ယောက်ျားတစ်ယောက်တောင် ရှာချင်နေသေးတာကိုး..."
သူမသည် ခေါင်းကို စောင်းလိုက်ပြီး ရယ်မောလိုက်သည်။
"ငါ ယွင်ဟွားဆိုတာ ဘယ်တုန်းကမှ လူကောင်းတစ်ယောက် မဖြစ်ခဲ့ဖူးဘူး... နင်က ငါ့ကို လာစမ်းသပ်တဲ့အတွက် ငါ့ကို ဒေါသထွက်စေတဲ့ အကျိုးဆက်တွေကို နင် ခံစားရလိမ့်မယ်..."
"အဖေနဲ့တူတဲ့ သားဆိုတဲ့အတိုင်း... ပြောင်းပြန်အနေနဲ့ သားနဲ့တူတဲ့ အဖေဆိုတာကလည်း မှန်ကန်နေတာပဲ..."
"နင့်အတွက် လက်ဆောင်တစ်ခု ရှိတယ်... ငါ့ရဲ့ ရှောင်ထောင်ဟွာက နင့်အတွက် သန်မာတဲ့ ယောက်ျားသုံးယောက်ကို သေချာ ရွေးချယ်ပေးထားတယ်... သူတို့က နင့်ကို သေချာပေါက် တန်ဖိုးထားပြီး ကောင်းကောင်း ပြုစုပေးကြလိမ့်မယ်..."
မင်ယွမ်နယ်စား၏ မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူရော်သွားပြီး သူ၏ မျက်လုံးများတွင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေကာ တစ်ကိုယ်လုံးမှာလည်း ထိန်းချုပ်မရအောင် တုန်ယင်နေလေတော့သည်။
သူသည် စကားပြောချင်သော်လည်း လည်ချောင်းထဲမှ အသံများသာ ထွက်ပေါ်လာနိုင်လေသည်။
သူ့ကို ဤကဲ့သို့ မြင်လိုက်ရသဖြင့် ယွင်ဟွားမှာ အလွန်အမင်း ကျေနပ်သွားလေတော့၏။
"ရှောင်ထောင်ဟွာ... လူခေါ်ခဲ့တော့..."
အခန်း (၁၃၀) အားလုံးက ပြဇာတ်ကို စောင့်ကြည့်နေကြခြင်း
ယွင်ဟွား စကားပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ထောင်ဟွာသည် အမျိုးသားသုံးဦးနှင့်အတူ မင်ယွမ်နယ်စားရှေ့တွင် ပေါ်လာလေ၏။
"နယ်စားကြီး... ရှေ့ဆက်ပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ခံစားလိုက်ပါဦး... ဟီးဟီးဟီး..."
ယွင်ဟွား၏ စကားများက မင်ယွမ်နယ်စားအား ရေခဲကဲ့သို့ အေးစက်သော ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားစေခဲ့သည်။
"ဝါး..."
မင်ယွမ်နယ်စားသည် မျက်လုံးပြူးကာ ကြည့်နေပြီး နောက်သို့ဆုတ်ရန် သူ၏ ခွန်အားအားလုံးကို အသုံးပြုနေလေရာ သူ၏မျက်နှာပေါ်တွင် တစ်ခါမှ မကြုံဖူးသော ထိတ်လန့်ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေ၏။
"ဒီနေ့ညကတော့ ရှည်လျားမယ့် ညတစ်ညပဲ..."
ယွင်ဟွားက သက်ပြင်းချလိုက်ပြီး တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။
အခန်းထဲမှ မင်ယွမ်နယ်စား၏ သနားစရာကောင်းသော်လည်း နားထောင်လို့ကောင်းသော အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာလေသည်။
"ရှောင်ထောင်ဟွာ..."
"ခေါင်မိုးပေါ် တက်ကြမယ်... ခေါင်မိုးပေါ် တက်ကြမယ်... အဲ့နေရာက ပွဲကြည့်ဖို့ အကောင်းဆုံးနေရာပဲ..."
ယွင်ဟွားမှာ အလွန်တက်ကြွနေပြီး နောက်ဆုံးတွင်တော့ မိစ္ဆာအထီးများ တိုက်ခိုက်နေသည်ကို သူမ ကြည့်ရှုနိုင်ပြီ ဖြစ်သည်။
ရှောင်ထောင်ဟွာသည် နှုတ်ခမ်းကိုစူလိုက်ပြီး သူမ၏မျက်လုံးများကလည်း ပွဲကြည့်လိုသောဆန္ဒများကို ဖော်ပြနေလေသည်။
"ငါ အရမ်းစိတ်လှုပ်ရှားနေပြီ..."
ရှောင်ထောင်ဟွာသည် သူမ၏သခင်အား ခေါင်မိုးပေါ်သို့ ခေါ်ဆောင်ပျံသန်းသွားရန် ပြင်လိုက်စဉ်မှာပင် ကြီးမားသော လက်တစ်ဖက်က သူတို့နှစ်ဦးကို အတင်းအကျပ် ဖိချလိုက်လေ၏။
"ဒုတိယမင်းသား... နင့်ကို ငါ သတိပေးလိုက်မယ်... ငါက ဗေဒင်လည်း ဟောတတ်သလို အတင်းအဖျင်းတွေလည်း ပြောတတ်တယ်... ငါ့မှာ ဖရဲသီးစားနေကြတဲ့ အင်မော်တယ်တစ်ပိုင်း သတ္တိခဲများဆိုတဲ့ အဖွဲ့တစ်ခုတောင် ရှိသေးတယ်... ပြီးတော့ သူတို့က အတင်းအဖျင်းစာစောင် းတွေကိုလည်း ပြုစုနေကြတယ်... မယ်တော်ကြီးနဲ့ ဧကရီတို့ကပါ ရင်းနှီးမြှုပ်နှံထားကြတာ... အခု သူတို့မှာ ရေးစရာ အကြောင်းအရာမရှိတော့ဘူးဆိုပြီး စိတ်ပူနေကြတာ..."
ယွင်ဟွား၏ မျက်နှာမှာ ရဲမြန်းသွားပြီး လက်ပိုက်ကာ ဒုတိယမင်းသားအား အထက်အောက် ကြည့်လိုက်လေသည်။
"ဒါမှမဟုတ်... ဒုတိယမင်းသား... နင်က ငါတို့အတွက် သတင်းအချက်အလက် တစ်ခုခု ပေးချင်လို့လား..."
“သူ့ကို မှတ်လောက်သားလောက်အောင် လုပ်လိုက်ကြစို့…”
ရှောင်ရှူးရှူးက ပြုံးဖြီးဖြီးဖြင့် ဆိုလိုက်၏။
“ငါတို့ ပန်းကလေးရဲ့ အတင်းအဖျင်းနားထောင်တာကိုများ တားရဲတယ်ပေါ့... သူ့ရဲ့ ညစ်ပတ်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပစ်မယ်…”
ဒုတိယမင်းသားမှာ တုန်လှုပ်သွားလေသည်။
“ရှောင်ရှူးရှူး... မြန်မြန်လုပ်ပြီး 'ဒုတိယမင်းသား၏ အတ္ထုပ္ပတ္တိ' ကို အခုချက်ချင်း ရေးလိုက်စမ်း... သူ မွေးဖွားလာတဲ့ အချိန်ကစပြီး အရှက်ရစရာ အကောင်းဆုံး လုပ်ရပ်တွေကို အဓိကထားရေး... ပြီးရင် အဲ့တာကို ရောင်းပြီး ဟွားဟွားလေးအတွက် ရွှေတွေ စုဆောင်းကြမယ်..”
ဒုတိယမင်းသားမှာ အံ့ဩမှင်တက်သွား၏။
သခင်နှင့် အစေခံနှစ်ဦးက သူ့အား နာကြည်းနေသော မျက်လုံးများဖြင့် အတူတကွ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ ရင်ဘတ်ထဲတွင် ရုတ်တရက် ပြင်းထန်စွာ နာကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် တကယ့်ကို စေတနာဖြင့် ပြုမူခဲ့ခြင်း ဖြစ်ပေသည်။
သူတို့ကဲ့သို့သော မိန်းမငယ်လေးများအနေဖြင့် ထိုလူ၏ ကိစ္စများနှင့် ပတ်သက်ပြီး စိတ်ဝင်စားရန် မသင့်တော်ပေ။
"မျက်စိစွန်မှာကိုတောင် မကြောက်ကြဘူးလား..."
ယွင်ဟွား၏ ဖော်ထုတ်ခြင်းမှ ရှောင်လွှဲနိုင်ရန် ဒုတိယမင်းသားသည် လိမ်ဆင်ဆင်ကာ ပြောလိုက်လေသည်။
"နားလည်မှုလွဲနေတာပါ... နားလည်မှုလွဲနေတာပါ..."
သူက အနေခက်စွာ ရယ်မောလိုက်၏။
"ငါ ဆိုလိုတာက... အတင်းအဖျင်းထဲမှာ ငါ့ကိုပါ ထည့်ပေးပါလို့..."
"ငါတို့က ဝါသနာတူတွေပဲလေ..."
ယွင်ဟွား၏ မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပသွားသည်။
“နင်က လမ်းမှန်ကို ရောက်လာတာပဲ... လာ... ငါတို့ အတူတူ ဖရဲသီးသွားစားကြမယ်..."
သူတို့သုံးဦးစလုံးသည် တစ်ချိန်တည်းမှာပင် တင်ပါးများကို နောက်သို့ပစ်ကာ အနေအထားယူလိုက်ကြသည်။
သို့သော်ငြားလည်း…
သူတို့ သုံးဦးသည် ခေါင်မိုးပေါ်တွင် အချိန်အတော်ကြာ လှဲလျောင်းနေခဲ့ကြ၏။
မင်ယွမ်နယ်စား၏ အော်ဟစ်သံများနှင့် ခုတင်ကြီး ကြမ်းတမ်းစွာ လှုပ်ခါနေသည်ကို ကြားနေရသည်မှလွဲ၍ အခြား စိတ်လှုပ်ရှားစရာ ကြည့်စရာ မရှိခဲ့ပေ။
ယွင်ဟွားမှာ ထိန်းမရသိမ်းမရ အန်ချင်နေပြီး သူမ၏ ခေါင်းမှာလည်း ပိုပို၍ လေးလံလာလေသည်။
သူမ ခေါင်းကို ခါယမ်းလိုက်ရာ သူမရှေ့တွင် ရှောင်ထောင်ဟွာနှင့် ဒုတိယမင်းသား အများအပြား ပေါ်လာသည်ကို မြင်လိုက်ရသည်။
အိမ်ထဲမှ အော်ဟစ်သံများသည် ယွင်ဟွား၏ နားထဲသို့ ဆက်တိုက် ဝင်ရောက်လာနေဆဲ ဖြစ်၏။
အသံသာကြားရပြီး မြင်မရသည့်အပြင် ခေါင်းကလည်း မူးဝေနေသဖြင့် ယွင်ဟွား၏ ဒေါသတိုတတ်သော စိတ်မှာ ပေါက်ကွဲထွက်လာလေသည်။
သူမသည် လက်သီးကိုဆုပ်ကာ ခွန်အားအားလုံးကို စုစည်းပြီး သူမ၏ ခြေထောက်အောက်ရှိ ခေါင်မိုးကို ပြင်းထန်စွာ ထုချလိုက်လေ၏။
"ထွက်သွားကြစမ်း..."
ယွင်ဟွားက အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
လူအများ ကြားလိုက်ရသည်မှာ ဝုန်း ဟူသော အသံတစ်သံသာ ဖြစ်၏။
ကျွေ့ရှန်မျှော်စင်တစ်ခုလုံး အနည်းငယ် ယိမ်းယိုင်သွားပြီး ရှောင်ထောင်ဟွာနှင့် ဒုတိယမင်းသားတို့သည် ယွင်ဟွားအား ရုတ်တရက် လှမ်းကြည့်လိုက်ကြသည်။
နောက်တစ်စက္ကန့်တွင်…
လူသုံးဦးစလုံး ခေါင်မိုးပေါ်မှ တစ်ပြိုင်နက် ပြုတ်ကျသွားရာ အနီးအနားရှိ အိမ်များမှ အမိုးကြွေပြားများပါ ပြုတ်ကျသွားသဖြင့် အမိုးတန်းအလွတ်သာ ကျန်ရစ်ခဲ့တော့သည်။
အပေါ်ထပ်မှ ဆူညံသံက လူအများအပြားကို ဆွဲဆောင်သွားခဲ့ပြီး အားလုံးက အပေါ်ထပ်သို့ အပြေးအလွှား တက်လာကြလေသည်။
ရှောင်ထောင်ဟွာက လျင်မြန်သော တုံ့ပြန်မှုဖြင့် ယွင်ဟွားအား လက်မောင်းထဲသို့ ဆွဲယူပွေ့ချီကာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
ယွင်ဟွား၏ မျက်လုံးများမှာ အရောင်အဆင်းမဲ့နေပြီး ပတ်ဝန်းကျင်ကို ဗလာကျင်းနေသော အကြည့်များဖြင့် ကြည့်နေလေ၏။
ရှောင်ထောင်ဟွာက သူမသခင်၏ မျက်လုံးများကို အလျင်အမြန် ဖုံးအုပ်လိုက်သည်။
အခန်းထဲရှိ အမျိုးသားသုံးဦးမှာ ဤမြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များကို ဖုံးကွယ်ရန် အဝတ်အစားများကို ဆွဲယူလိုက်ကြသော်လည်း မင်ယွမ်နယ်စားကမူ မလုပ်နိုင်ခဲ့ပေ။
အကြောင်းမှာ သူ၏ လက်များမှာ အကြောသေနေသောကြောင့် ဖြစ်၏။
သည်အချိန်တွင်…
သူသည် ယွင်ဟွားကို အလွန်အမင်း မုန်းတီးနေသည်။ သူ၏ ပါးစပ်ထဲရှိ အဝတ်စုတ်မှာ ကြာမြင့်စွာကတည်းက ကျွတ်ထွက်သွားခဲ့ပြီဖြစ်ပြီး အသံဩဩဖြင့် ဆက်တိုက် ကျိန်ဆဲနေလေ၏။
"နင် မိန်းမယုတ်... မိန်းမယုတ်... ငါ နင့်ကို သတ်ပစ်မယ်..."
ဒုတိယမင်းသားမှာ အလွန်တရာ အံ့ဩမှင်တက်သွားရလေသည်။
မင်ယွမ်နယ်စားက သေလမ်းကို ဆက်ရှာနေဆဲ ဖြစ်သည်။ ဤညစ်ညမ်းမှုများက မိန်းကလေး၏ မျက်လုံးများကို ညစ်ညမ်းစေမည်ကို စိုးရိမ်သဖြင့် ဒုတိယမင်းသားသည် မင်ယွမ်နယ်စား၏ အောက်ပိုင်းကို ဖုံးအုပ်ရန် အဝတ်တစ်ထည် လှမ်းပစ်ပေးလိုက်သည်။
အရက်ရှိန် တက်လာသည်နှင့်အမျှ ယွင်ဟွား၏ စိတ်အာရုံများ ဗလာကျင်းသွားလေသည်။ သူမသည် ရှောင်ထောင်ဟွာ၏ လက်ကို ရိုက်ဖယ်လိုက်ပြီး မင်ယွမ်နယ်စား၏ ပါးစပ် လှုပ်ရှားနေသည်ကို မြင်သောအခါ မစဉ်းစားတော့ဘဲ အခြားဖိနပ်တစ်ဖက်ကိုပါ ချွတ်၍ သူ၏ ပါးစပ်ကို အရူးအမူး ရိုက်ချတော့၏။
ယွင်ဟွားသည် လေတက်လိုက်ပြီး အနည်းငယ် ယိမ်းယိုင်သွားသည်။
"ဆက်ဆဲစမ်း... ငါ နင့်ကို သေတဲ့အထိ ရိုက်ပစ်မယ်..."
"နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး... နင်က လေးစားစရာကောင်းတဲ့ မင်ယွမ်နယ်စားကြီး ဖြစ်နေလျက်နဲ့... နယ်စားဘဝကို စွန့်လွှတ်ပြီး မကောင်းတာတွေချည်းပဲ လုပ်ချင်နေတာ... အခုတော့ နင်က အခြားအရာတွေနဲ့တောင် ဖောက်ပြန်နေတယ်... တကယ့်ကို အကျင့်စာရိတ္တ ပျက်ပြားတာပဲ..."
"သေချာတာပေါ့... ဒါက မိသားစု အစဉ်အလာပဲ... နင်ရော နင့်သားပါ ယောကျ်ားတွေကိုပဲ နှစ်သက်ကြတာကိုး..."
"ဟီးဟီးဟီး… ဂေ့စ်…”
အိမ်ထဲသို့ ပြေးဝင်လာသူများမှာ အံ့အားသင့်ဖွယ် စကားများကို ကြားလိုက်ရလေသည်။
"ဘုရားရေ... ဘုရားရေ..."
"မင်ယွမ်နယ်စားကြီးလား..."
"ဒီလူက အရင်တုန်းက မြို့တော်ထဲမှာ ပျံ့နှံ့ခဲ့တဲ့ ကလေးကဗျာထဲက ဇာတ်ကောင်တစ်ယောက်ရဲ့ အဖေမဟုတ်ဘူးလား..."
လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားလေတော့သည်။
"စိတ်လှုပ်ရှားစရာပဲ..."
“ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတာပဲ..."
"မင်ယွမ်နယ်စားရော သူ့သားပါ ယောကျ်ားတွေကိုပဲ စိတ်ဝင်စားကြတာလား..."
"အဓိကအချက်ကို အာရုံစိုက်ကြစမ်းပါ... မင်ယွမ်နယ်စားက တစ်ယောက်တည်းနဲ့ လူသုံးယောက်ကို ရင်ဆိုင်နိုင်တယ်... သူက သူ့သားထက်တောင် ပိုစွမ်းသေးတယ်..."
လူအုပ်ကြီးသည် မင်ယွမ်နယ်စားရှိနေသော နေရာတစ်ဝိုက်ကို အကဲခတ်ကြည့်ရှုနေကြပြီး သူက အပေါ်ကလား အောက်ကလားဟု တွေးတောနေကြလေသည်။
မင်ယွမ်နယ်စားက လူအုပ်ကြီးကို ကြည့်လိုက်သောအခါ သူ၏ အမြင်အာရုံများ ဝေဝါးသွား၏။
သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး အပြင်းအထန် အသက်ရှူနေရသည်။ လူတိုင်းက သူ့အကြောင်း ဝေဖန်ပြောဆိုနေကြပြီး သူတို့၏ စကားလုံးများတွင် လှောင်ပြောင်မှုနှင့် သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာနေမှုများ ပြည့်နှက်နေသည်ကို သူ ရှင်းလင်းစွာ ခံစားနေရသည်။
မင်ယွမ်နယ်စား၏ နဖူးမှ သွေးကြောများ ထောင်ထလာပြီး သွားများကို ကြိတ်ကာ ဟိန်းဟောက်လိုက်လေသည်။
"ထွက်သွားကြ... ထွက်သွားကြစမ်း... မင်းတို့အားလုံး ဒီနေရာကနေ ထွက်သွားကြစမ်း..."
"ထပ်ကြည့်နေမယ်ဆိုရင် မင်းတို့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်..."
ပြီးဆုံးသွားလေပြီ။
သူ၏ တစ်သက်တာ ဂုဏ်သိက္ခာများ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ဘာကြောင့်များ ဤကဲ့သို့ ဖြစ်သွားရသနည်း။
"ဘာကြောင့်လဲ..."
ဤအမျိုးသားများသည် ယွင်မိသားစု၏ သားအကြီးဆုံးအတွက် သူ ပြင်ဆင်ထားသူများ မဟုတ်ပါလား။
“ဂေ့စ်... ထွက်သွားရမယ်... နင် အရင်ဆုံး လှိမ့်ပြလိုက်စမ်း... ဘယ်လိုလှိမ့်ရမလဲဆိုတာ ငါ့ကို ပြလိုက်စမ်း..."
ယွင်ဟွားသည် ခြေလှမ်းများ ယိမ်းယိုင်နေပြီး မင်ယွမ်နယ်စား သရုပ်ပြနိုင်ရန် သူ့အား ခုတင်ပေါ်မှ ဆွဲချချင်နေလေသည်။
သို့သော် သူမ ခြေနှစ်လှမ်းပင် မလှမ်းရသေးမီ ရှောင်ထောင်ဟွာက သူမကို တင်းကျပ်စွာ ဆွဲဖမ်းလိုက်၏။
"နင်... နင်က လုပ်ရဲတယ်ပေါ့... ငါတို့ကလည်း ကြည့်ရဲတယ်လေ... နင် ယောကျ်ားတွေကို သဘောကျတယ်ဆိုတာ တစ်ကမ္ဘာလုံး သိသွားအောင် အတင်းအဖျင်းစာစောင်များ ထဲမှာ နင့်အကြောင်းကို မှတ်တမ်းတင်ပေးဦးမယ်... ဟားဟားဟား… ဂေ့စ်..."
မင်ယွမ်နယ်စားမှာ ဆွံ့အသွားရလေသည်။
သူ၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်နေပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။
ယွင်မိသားစုကို မြို့တော်မှ ပျောက်ကွယ်သွားအောင် လုပ်မည်ဟု သူ ကျိန်ဆိုလိုက်လေသည်။ သူ တကယ်ကို လုပ်ပစ်မည် ဖြစ်၏။
"ရှောင်ထောင်ဟွာ... ငါ့ကို မဆွဲနဲ့... သတိထား... နင့်ရဲ့သခင်က နင့်အတွက် လူငယ်လေးတစ်ယောက် ရွေးပေးမလို့..."
ယွင်ဟွားက ခေါင်းကို စောင်းလိုက်သည်။
"နင့်ကို စောင့်ကြည့်ဖို့ သူ့ကို ခိုင်းရမယ်..."
ဒုတိယမင်းသားမှာ ဆက်၍ မကြည့်ရက်နိုင်တော့ပေ။ အိမ်ရှေ့စံသည် လူအုပ်ကြားထဲမှ တိုးထွက်လာလေသည်။ ခေါင်မိုးမှာ လေတိုက်နေပြီး ဤသည်မှာ ဤမိန်းကလေး၏ လက်ချက်ဖြစ်ကြောင်း သူ သေချာပေါက် သိနေ၏။
အထူးသဖြင့် မိန်းကလေး၏ မျက်နှာမှာ ရဲမြန်းနေပြီး ဟိုဘက်သည်ဘက် ယိမ်းယိုင်နေသည်ကို မြင်သောအခါ သူမ အရင်က အရက် အတော်များများ သောက်ထားခဲ့ကြောင်းနှင့် ယခု အရက်ရှိန် တက်လာကာ ရူးသွပ်တော့မည်ဖြစ်ကြောင်း သူ သေချာသွားလေသည်။
မြောက်ပိုင်းနယ်စပ်နိုင်ငံမှ သူလျှိုများကို ဖမ်းဆီးရာတွင် တစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်သဖြင့် သူသည် ဒုတိယမင်းသားအား အလျင်အမြန် မျက်စိမှိတ်ပြလိုက်သည်။
ဒုတိယမင်းသားက ချက်ချင်းပင် နားလည်သွား၏။
"မိန်းကလေး... အချိန်လည်း နှောင်းနေပြီ... မင်းကို အနားယူဖို့ ပြန်ပို့ပေးဖို့ လူတစ်ယောက်ယောက်ကို စီစဉ်ပေးရမလား..."
ထိုသို့ပြောပြီးနောက် သူသည် ယွင်ဟွား၏ အဝတ်အစားများကို ဆွဲကိုင်ကာ သူမအား သည်နေရာမှ ခေါ်ထုတ်သွားရန် ကြိုးစားလေသည်။
ယွင်ဟွားက သူမ၏ ခန္ဓာကိုယ်ကို လိမ်ဖယ်လိုက်သည်။
သူမသည် ခွန်အားကို အသုံးပြု၍ ဒုတိယမင်းသား၏ ဘေးတစ်ဖက်စီရှိ ရှောင်ထောင်ဟွာတို့ထံမှ ရုန်းထွက်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် မလိုလားမှုများ ပြည့်နှက်နေ၏။
“ဂေစ့်... မရဘူး... ငါ့မှာ အရေးကြီးတဲ့ အလုပ်တွေ လုပ်စရာ ရှိသေးတယ်..."
“ငါ ပွဲကြည့်ချင်သေးတယ်... ငါ ဇာတ်လိုက်လုပ်ချင်သေးတယ်... ငါ သူလျှိုတွေကို ဖမ်းချင်သေးတယ်…”