အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁)
ရှေးဟောင်းအမွေအနှစ်နေရာသည် ၊အမှန်တကယ်တော့
တောင်စောင့်နတ်မင်း နတ်ကွန်းတစ်ခု ဖြစ်နေခဲ့သည်
ရိုးရိုးသားသား ဆိုရလျှင် မြို့ပြအင်ဂျင်နီယာများအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရှေးဟောင်း အမွေအနှစ် နေရာများကို တူးဖော်တွေ့ရှိရမည့်ကိစ္စကို သဘောကျသူ အလွန်နည်းပါးလှပေသည်။
ရှေးဟောင်းအမွေအနှစ်နေရာ တစ်ခုကို တွေ့ရှိခြင်းဟူသည် ရှေးဟောင်းသုတေသန လုပ်ငန်းများ စတင်ရမည် ဖြစ်ပြီး၊ ထိုနေရာကို ပိတ်ဆို့ထားရမည်ဖြစ်ကာ လုပ်ငန်းများကို အဆင့်လိုက် သို့မဟုတ် အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားရမည်ဟု အဓိပ္ပာယ်သက်ရောက်လေ၏။
ဆောက်လုပ်ရေး ကြန့်ကြာမှုများက ဆုကြေးငွေများ လျော့ကျသွားမည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
အမြဲတမ်း သွားလာလှုပ်ရှားနေရသော အင်ဂျင်နီယာများအတွက် ထိုမျှ နည်းပါးလှသော လစာငွေလေးမှာ လုံး ဝကို စိတ်ပျက်ဖွယ်ရာပင် ဖြစ်လေ၏။
ရွှီပေါ်အန်း အလုပ်စဝင်ခါစက စီမံကိန်းတစ်ခုရှိ သူ၏ ဆရာတစ်ဦးထံမှ ထိုအကြောင်းကို ကြားဖူးခဲ့လေသည်။
“မင်းဆက်ရှစ်ဆက်ရဲ့ ရှေးဟောင်းမြို့တော်မှာ မြို့ပြတည်ဆောက်ရေး စီမံကိန်းတစ်ခု လုပ်တုန်းက ငါတို့ ငါးလ လောက် အလုပ်လုပ်ပြီးချိန်မှာ မင်မင်းဆက်က ရှေးဟောင်းသင်္ချိုင်းတစ်ခုကို တွေ့ခဲ့ရတယ်...။ ရှေးဟောင်း သုတေသနလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ခုနစ်လလောက် အလုပ်တွေ ရပ်ထားခဲ့ရတယ်...။”
“နောက်ဆုံးတော့ ရှေးဟောင်းသုတေသန တူးဖော်မှု ပြီးစီးသွားပြီး လုပ်ငန်းတွေ ပြန်စနိုင်ခဲ့တယ်...။”
“ဆောက်လုပ်ရေးလုပ်ငန်း စတင်တာ သုံးလတောင် မပြည့်သေးခင်မှာ ပိုနက်တဲ့နေရာကနေ နောက်ထပ် ထန်မင်းဆက် သင်္ချိုင်းတစ်ခုကို ထပ်တွေ့ခဲ့ရပြန်ကော...။ ဒီတစ်ကြိမ်မှာတော့ တော်တော်လေး ကြီးမားတဲ့ ရှေးဟောင်းသင်္ချိုင်းကြီး ဖြစ်နေခဲ့တယ်...။”
“ရှင်းလင်းရေးနဲ့ စုံစမ်းစစ်ဆေးရေးတွေ လုပ်ဖို့ နှစ်နှစ်ကနေ သုံးနှစ်လောက် အချိန်ယူရမယ်လို့ ခန့်မှန်းရတယ်...။”
ထိုစီမံကိန်းကို မူဝါဒအရ ချက်ချင်း ဖျက်သိမ်းလိုက်ပြီး လုပ်ငန်းခွင်ကို ကြည့်ရှုစောင့်ကြပ်ရန် ပြင်ပအဖွဲ့အစည်းမှ ဝန်ထမ်းအချို့ကိုသာ ချန်ထားခဲ့သည်ဟု ဆိုကြလေသည်။
စီမံကိန်းအဖွဲ့ရှိ လူနီးပါးအားလုံးကို အခြားနေရာများသို့ ပြောင်းရွှေ့တာဝန် ပေးအပ်ခဲ့လေသည်။
တစ်နှစ်တာ ကြိုးစားပမ်းစား အလုပ်လုပ်ပြီးနောက် စီမံကိန်းမှ လူများမှာ ၎င်းတို့၏ အခြေခံလစာဖြင့်သာ ဖြစ်သလို ရပ်တည်နေခဲ့ကြရလေသည်။
ရွှီပေါ်အန်းသည် ဤအခြေအနေကို လက်ခံရန် လိုလားမှု မရှိခဲ့ပေ။
သို့သော်လည်း ကိစ္စရပ်များက ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ များများစားစား ပြောစရာ မရှိတော့ဘဲ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်သာ လိုအပ်တော့လေသည်။
ရွှီပေါ်အန်းသည် အစာစားရန်ပင် အချိန်မရလိုက်ဘဲ အခန်းထဲမှ အလျင်စလို ထွက်ခွာလာခဲ့လေသည်။
တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ အင်ဂျင်နီယာချုပ်နှင့် ကျူချန်းလမ်း မြို့ဟောင်း တည်ဆောက်ရေး စီမံကိန်း၏ လက်တွေ့ တာဝန်ခံပုဂ္ဂိုလ်အနေဖြင့် ရွှီပေါ်အန်းသည် လုပ်ငန်းခွင်သို့ အမြန်ဆုံး သွားရောက်ရန် လိုအပ်နေပေသည်။
သူ အပြင်သို့ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ရုံးဝတ်စုံ ဝတ်ဆင်ကာ ဒေါက်မြင့်ဖိနပ် စီးထားသော ထျန်ရှောင်ရို့သည် အပြင်ဘက်လမ်းမှ ကွေ့ဝင်လာသည်ကို တွေ့လိုက်ရလေသည်။
ရွှီပေါ်အန်း အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ သူမက ပြုံးရွှင်စွာဖြင့် သူ့ကို လက်လှမ်းပြလေ၏။
“အထွေထွေမန်နေဂျာရွှီ... ရှင် ရောက်နေတာပဲ...။”
ရွှီပေါ်အန်းသည် ဗီလာ၏ ခြံတံခါးငယ်ကို ဖွင့်လိုက်ရာ ထျန်ရှောင်ရို့က ပဲနို့၊ ပေါက်စီနှင့် လက်ဖက်ရည်စိမ်၊ ကြက်ဥ စသည့် နံနက်စာအချို့ကို သယ်ဆောင်လာသည်ကို တွေ့လိုက်ရလေသည်။
ရွှီပေါ်အန်းက ခေါင်းညိတ်ပြကာ စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။
“ဒါတွေက ဘာတွေလဲ...။”
ထျန်ရှောင်ရို့က ပြုံးလျက် ရှင်းပြလေသည်။
“အို...၊ ဒီလိုပါ...။ ဒါတွေက ဒီနေ့နံနက်မှ အစ်မဖိန်ဖိန် လုပ်ထားတဲ့ နံနက်စာတွေပါ...။ သူက ကိစ္စရှိလို့ ဒီနေ့ မင်္ဂလာဆောင် တစ်ခုကို သွားရမယ်တဲ့...။ အဲ့ဒါကြောင့် ဒီနံနက်စာတွေကို ဦးလေးနဲ့ အန်တီဆီ ယူသွားပေးဖို့ ကျွန်မကို အကူအညီတောင်းလိုက်တာပါ...။ သူက ဦးလေးနဲ့ အန်တီကိုတော့ ကြိုပြောထားပြီးပြီတဲ့...။”
ရွှီပေါ်အန်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ထျန်ရှောင်ရို့၏ လက်ထဲမှ နံနက်စာကို ယူလိုက်ကာ ပြောလိုက်လေ၏။
“ကျေးဇူးပါပဲ... မင်း ပင်ပန်းသွားပြီ...။”
ထျန်ရှောင်ရို့က ပြုံးလျက် ပြန်ပြောလေသည်။
“ဘာမှ မပင်ပန်းပါဘူး...။ ရှင့်ကို ကူညီခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ...။ ဒါ့အပြင် ကျွန်မ အခုမှ ငှားထားတဲ့ တိုက်ခန်းကို ရှာပေးတာကလည်း အစ်မဖိန်ဖိန်လေ...။ ကျွန်မတို့က သိပ်မဝေးတဲ့ နေရာမှာ နေကြတာဆိုတော့ လမ်းကြုံလို့ ဝင်ပို့ပေးလိုက်တာပါ...။”
ရွှီပေါ်အန်း ပြုံးလိုက်သော်လည်း ဘာမှ မပြောဖြစ်ခဲ့ချေ။ ထို့နောက် ထျန်ရှောင်ရို့က ယဉ်ကျေးစွာ နှုတ်ဆက်၍ ထွက်ခွာသွားလေတော့သည်။
ရွှီပေါ်အန်း အိမ်ထဲသို့ ပြန်ဝင်လာပြီး နံနက်စာကို စားပွဲပေါ် တင်လိုက်ချိန်မှာပင် သူ၏မိခင် ထန်ရုံကျီသည် အိပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။
သူမသည် ရွှီပေါ်အန်းကို မြင်သောအခါ အတော်လေး အံ့အားသင့်သွားခဲ့၏။
“အို... သားက ဒီလောက်အစောကြီး အပြင်သွားတော့မလို့လား...။”
ရွှီပေါ်အန်းသည် ခေါင်းညိတ်လိုက်ပြီး အလျင်စလို ပြောလိုက်လေသည်။
“ကုမ္ပဏီမှာ ကိစ္စလေးတစ်ခု ပေါ်လာလို့ သား သွားကြည့်ရဦးမယ်...။ ဒါတွေက ချန်ဖိန်ဖိန် တစ်ယောက် ယောက်ကို အကူအညီတောင်းပြီး ပို့ခိုင်းလိုက်တဲ့ နံနက်စာတွေပါ...။”
ထန်ရုံကျီက ဝမ်းသာပျော်ရွှင်နေသော မျက်နှာဖြင့် ပြောလေ၏။
“အိုကွယ်... ဖိန်ဖိန်လေးကတော့လေ...၊ ဟင်းချက်ဖို့ စိတ်မပူဖို့ အမေ ပြောထားပြီးသားကို သူမက ဂရုစိုက် နေတုန်းပဲ...။ ဒီလို အလိုက်သိတဲ့ မိန်းကလေးမျိုးကို ဘယ်ကနေ သွားရှာတွေ့နိုင်မှာလဲ...။”
ရွှီပေါ်အန်းသည် သူ၏မိခင် ဆိုလိုရင်းကို နားလည်လိုက်ပြီး တစ်လလျှင် ယွမ်တစ်သိန်းတန်သော အိမ်အကူ အလုပ်မျိုးသည် လူအများစု ရှာမတွေ့နိုင်သော အရာမျိုးဖြစ်သည်ဟု စိတ်ထဲမှ တွေးလိုက်မိလေသည်။
သို့သော်လည်း မိခင်ဖြစ်သူ၏ ပျော်ရွှင်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ ရွှီပေါ်အန်းသည် ဤငွေမှာ သုံးရကျိုးနပ်သည်ဟု ခံစားလိုက်ရလေ၏။
မိခင်ဖြစ်သူ၏ ပွစိပွစိ ပြောဆိုနေမှုများကြားမှ ရွှီပေါ်အန်းသည် ပေါက်စီအသေးတစ်လုံးကို ယူကာ ပါးစပ်ထဲ ကောက်ထည့်လိုက်ပြီး အိမ်မှ ထွက်ခွာလာခဲ့လေတော့သည်။
*အင်း... အရသာက တော်တော်လေး ကောင်းသားပဲ...။*
ရွှီပေါ်အန်း လုပ်ငန်းခွင်သို့ ရောက်ရှိသွားချိန်တွင် ရှေးဟောင်းအမွေအနှစ်နေရာ ရှာဖွေတွေ့ရှိမှု သတင်းမှာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်လေသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ လူများသည် အရေးပေါ် စီမံခန့်ခွဲမှု အစီအစဉ်အရ ရှေးဟောင်းအမွေအနှစ်နေရာ တွေ့ရှိခဲ့သည့် စီမံကိန်း တည်ဆောက်ရေး ဧရိယာပတ်လည်တွင် ပိတ်ဆို့မှုများ ပြုလုပ်ရန် စနစ်တကျ စီစဉ် ဆောင်ရွက်နေခဲ့ကြပြီ ဖြစ်သည်။
တားမြစ်ပိတ်ဆို့ထားသည့် နေရာတစ်ဝိုက်တွင်လည်း လူများက အုံနှင့်ကျင်းနှင့် ဝိုင်းရံနေခဲ့ကြလေ၏။
အလုပ်သမားများက နံရံများကို ကာကွယ်ရန် ပိုမိုခိုင်ခံ့သော သံမဏိပြားများကို တပ်ဆင်နေကြသော်လည်း၊ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသူများ ထွက်ခွာသွားစေရန်ကိုမူ မတားဆီးနိုင်ခဲ့ပေ။
အချို့မှာ မြင်ကွင်းကို ကြည့်ရှုရန် သက်သက်သာ ရောက်ရှိနေကြခြင်းဖြစ်ပြီး အချို့မှာမူ ရုန်းရင်းဆန်ခတ် ဖြစ်မှုကို အခွင့်ကောင်းယူရန် အခွင့်အရေး ရှာဖွေနေကြခြင်း ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ လူအများအပြားမှာ မည်သူမျှ မသိလိုက်ဘဲ တန်ဖိုးဖြတ်မရသော ရှေးဟောင်းပစ္စည်း တစ်ခုခုကို ရှာတွေ့ကာ အလွန်ကံကောင်းပြီး ချမ်းသာသွားလိမ့်မည်ဟူသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထား ဆဲပင် ဖြစ်လေသည်။
အကယ်၍ ၎င်းကို မရောင်းနိုင်လျှင်ပင် အိမ်၌ မိသားစု အမွေအနှစ်အဖြစ် သိမ်းဆည်းထားခြင်းကလည်း အလွန်ကောင်းမွန်သော အရာတစ်ခုပင် ဖြစ်ပေသည်။
ထိုအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် အတွေ့အကြုံရင့်ကျက်သော စီမံကိန်း လုပ်ငန်းခွင် ညွှန်ကြားရေးမှူး သည် အနည်းငယ် ဝါကြင့်ကြင့်ဖြစ်နေသော ကြော်ငြာလက်ကမ်းစာစောင် အထပ်လိုက်ကို ထုတ်ယူလိုက်လေ သည်။
သူက အကျယ်ကြီး အော်ဟစ်လိုက်လေ၏။
“တူးဖော်ရရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပုဂ္ဂလိကအနေနဲ့ ဝယ်ယူရောင်းချခြင်းဟာ တရားမဝင်ပါဘူး...။ တူးဖော်ရရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို မလျော်ကန်တဲ့ နည်းလမ်းနဲ့ ရယူခြင်းဟာ ပြစ်မှုမြောက်သည် ဖြစ်စေ၊ မမြောက်သည်ဖြစ်စေ ကျွန်တော်ကတော့ ပြစ်မှုမြောက်တယ်လို့ ထင်ပါတယ်...။ ရာဇသတ်ကြီး ဥပဒေ အရ ပြစ်မှုတစ်ခုပါပဲ...။”
စိတ်အားထက်သန်စွာ အော်ဟစ်နေသော မြေယာညွှန်ကြားရေးမှူးကို ကြည့်ရင်း ရွှီပေါ်အန်းသည် သက်ပြင်းမချ ဘဲ မနေနိုင်ခဲ့ချေ။
“အချိန်ကာလဆိုတာ တကယ်ကို ရက်စက်တဲ့ အရှင်သခင်မပါပဲ...”
သူနှင့် သူ၏ရှေ့ရှိ မြေယာညွှန်ကြားရေးမှူး လျှိုချွမ်တို့သည် ရင်းနှီးသော မိတ်ဆွေဟောင်းများ ဖြစ်ကြလေသည်။ ၎င်းတို့သည် ကုမ္ပဏီသို့ တစ်ပြိုင်တည်း ဝင်ရောက်ခဲ့ကြသော ဝန်ထမ်းသစ်များဖြစ်ပြီး အသက်အရွယ်အားဖြင့် လည်း တူညီကြပေသည်။
ရွှီပေါ်အန်း မှတ်မိနေသေးသည်မှာ လျှိုချွမ်သည် သင်တန်းတက်ရန် ကုမ္ပဏီသို့ စတင်ဝင်ရောက်လာချိန်က သူ၏ ခန့်ညားသော ရုပ်ရည်နှင့် ဆောက်လုပ်ရေးအုပ်စုရှိ အလယ်အလတ်အဆင့် ခေါင်းဆောင်တစ်ဦး၏ ဆွေမျိုးဆို သော မိသားစု နောက်ခံကြောင့် မိန်းကလေးများထံမှ ရည်းစားစာများစွာကို လက်ခံရရှိခဲ့ခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော ဆောက်လုပ်ရေးကုမ္ပဏီမျိုးတွင် အဆက်အသွယ်ရှိခြင်းဆိုသည်မှာ အနာဂတ် ရှိခြင်းကို ဆိုလိုပြီး အဆက်အသွယ်ရှိခြင်းက ဝေးလံခေါင်သီသော တောင်တန်းများနှင့် သစ်တောများတွင် လှည့်လည်သွားလာနေရမည့်အစား ရုံးခန်းအတွင်း၌ ပုံမှန်အလုပ်တစ်ခုကို လုပ်ကိုင်နိုင်ခြင်းပင် ဖြစ်လေ၏။
ထို့ကြောင့် ကုမ္ပဏီတစ်ခုတည်းရှိ အခြားသော အမျိုးသမီးများနှင့် ယှဉ်လိုက်လျှင် လျှိုချွမ်သည် အရည်အချင်း ပြည့်မီသော မိန်းမပျိုလေးများစွာအတွက် ဦးစားပေး ရွေးချယ်စရာ အိမ်ထောင်ဖက်တစ်ဦး ဖြစ်လာခဲ့လေသည်။
သို့သော်လည်း ယခုအချိန်တွင်မူ တစ်ခါက ခန့်ညားလှပခဲ့သော ဤလူငယ်လေးသည် ဖောင်းအစ်လာကာ ကြည့် မကောင်းအောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ခေါင်းဆောင်များက သူ့ကို အာရုံစိုက်နေကြသည်ကို မြင်သောအခါ မြေယာညွှန်ကြားရေးမှူး လျှိုချွမ်သည် ပို၍ပင် စိတ်အားထက်သန်စွာဖြင့် အော်ဟစ်လေတော့သည်။
မလှမ်းမကမ်းရှိ စီမံကိန်း ပြင်ဆင်ရေးရုံးမှ တာဝန်ခံမှာ အငြိမ်းစားယူခါနီးဖြစ်သော ကုမ္ပဏီ၏ လုပ်ဖော်ကိုင်ဖက် ဟောင်း တစ်ဦးပင် ဖြစ်သည်။ သူသည် လအနည်းငယ်အတွင်း အငြိမ်းစားယူတော့မည်ဖြစ်ပြီး ဤနေရာ၌ ပြင်ဆင်မှုများ ပြုလုပ်ရန် ယာယီတာဝန်ယူထားခြင်း ဖြစ်လေသည်။
ရွှီပေါ်အန်း ရောက်လာသည်ကို မြင်သောအခါ သူက ကမန်းကတန်း ရှေ့ထွက်လာကာ နှုတ်ဆက်လိုက်လေသည်။
“အထွေထွေမန်နေဂျာရွှီ... ဒီနေရာမှာ ရှာတွေ့ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်နေရာက ရှေးဟောင်းနတ်ကွန်း တစ်ခု ရဲ့ အပျက်အစီးတွေ ဖြစ်ပုံရတယ်...။ အလုပ်သမားတွေကတော့ အထဲမှာ နတ်ဘုရားရုပ်တုတွေနဲ့ အဲ့လိုမျိုး အရာ တွေကို တွေ့ခဲ့ရတယ်လို့ ပြောကြတယ်...”
ရွှီပေါ်အန်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။
“လုပ်ငန်းခွင် အခြေအနေကို စနစ်တကျ ထိန်းသိမ်းထားပြီး ပညာရှင်တွေ လာရှင်းလင်းတာကို စောင့်နေပါ...။ ပြီး တော့ ရှေးဟောင်းအမွေအနှစ် နေရာကို ရှာတွေ့ခဲ့တဲ့ အလုပ်သမားတွေအတွက် လျှို့ဝှက်ချက် ထိန်းသိမ်းရေး အစီစဉ်တစ်ခု စီစဉ်ပေးပါ...။ ရှာဖွေတွေ့ရှိမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အစီရင်ခံစာ တစ်စောင်ကို ရေးသား ပြုစုပြီးတော့ အုပ်စုနဲ့ သက်ဆိုင်ရာ ဌာနတွေကို တင်ပြပေးပါ...။”
တာဝန်ခံက ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလေသည်။
“နားလည်ပါပြီ အထွေထွေမန်နေဂျာရွှီ...။”
ထို့နောက် လူအနည်းငယ်သည် ခြံစည်းရိုးကို ဖြတ်ကျော်ကာ အတင်းတိုးဝင်လာကြလေသည်။
ထို့နောက် အနောက်ဘက်ဆီမှ အနည်းငယ် ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
“ငါ့ကို ဝင်ခွင့်ပေးစမ်း...။ မင်းတို့က ငါ့ကို တားဖို့ ဘာအခွင့်အရေးရှိလို့လဲ...။”
“ဒီနေရာက ငါတို့ရွာရဲ့ ဘိုးဘေးသင်္ချိုင်းတွေရှိတဲ့ နေရာပဲ...။ အဲ့အောက်က မြေကြီးထဲမှာ ငါတို့ဘိုးဘေးတွေ ထား ရစ်ခဲ့တဲ့ ရတနာတွေ အပြည့်ရှိတယ်...။ လူတိုင်းက ဒါတွေကို ကာကွယ်ရမယ်...။ ပြင်ပလူတွေကို ယူသွားခွင့် မပေးနိုင်ဘူး...။”
ညွှန်ကြားရေးမှူး လျှိုချွမ်က အလျင်အမြန် သွားရောက်တားဆီးကာ ပြောလိုက်လေသည်။
“ခင်ဗျားတို့ ဝင်လာလို့ မရပါဘူး...။ ထုတ်ပြန်ချက်အရ ဒီနေရာကို စစ်အုပ်ချုပ်ရေးအောက်မှာ ထားရှိပါတယ်...။ ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနတွေကို အကြောင်းကြားထားပြီးပြီဖြစ်လို့ သက်ဆိုင်ရာ ပညာရှင်တွေ ရောက်လာ မှသာ နောက်တစ်ဆင့် စီမံကိန်းကို ဆက်လက်ဆောင်ရွက်နိုင်မှာပါ...။”
လျှိုချွမ်၏ စကားများက ဒေါသထွက်နေကြပြီဖြစ်သော သူများကို မတားဆီးနိုင်ခဲ့ဘဲ အချို့က ချက်ချင်းပင် လှောင်ပြောင် ရယ်မောကြလေတော့သည်။
“ဟွန့်... လာပြီး လျှောက်ပြောမနေနဲ့...။ မင်းတို့က အသုံးမကျတဲ့ အလုပ်သမား တစ်သိုက်ပဲလေ...။ ဒီနေရာကို ပိတ်ဆို့ပြီး မင်းတို့ ဘာလုပ်နေလဲဆိုတာ ဘယ်သူသိမှာလဲ...။ မင်းတို့လူတွေက အကုန်ခိုးဝှက်ပြီး လုယူသွား လောက်ပြီ...။”
“ဟုတ်တယ်...။ ဒီအရာတွေက ငါတို့ရဲ့ ဘိုးဘေးတွေ ထားရစ်ခဲ့တဲ့ အရာတွေပဲ...။ ဘာလို့ ငါတို့ကို ပေးမဝင်တာ လဲ...။”
“ဟုတ်တယ်...၊ ဒီမြေက ရှေးခေတ်ကတည်းက ငါတို့ရွာရဲ့ မြေပဲ...။ ထန်မင်းဆက်ကနေ ချင်မင်းဆက်အထိ မျိုးဆက်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တာတောင် ဘယ်သူမှ ငါတို့မြေကို မကျူးကျော်ရဲခဲ့ဘူး...။ ဘာလို့ ငါတို့ကို ပေးမဝင်ရတာလဲ...။”
လျှိုချွမ်က အသံကျယ်ကျယ်ဖြင့် ရှင်းပြလေ၏။
“ဒီနေရာအတွက် မြေယာသိမ်းဆည်းမှု စာချုပ်ကို လက်မှတ်ရေးထိုးပြီးသားပါ...။ ပြီးတော့ ခင်ဗျားတို့လည်း သက်ဆိုင်ရာ လျော်ကြေးငွေတွေ ရပြီးပြီလေ...။ ကျွန်တော်တို့က သက်ဆိုင်ရာ ဌာနတွေရဲ့ တောင်းဆိုချက်အရ စစ်အုပ်ချုပ်ရေးကို အကောင်အထည်ဖော်နေတာပါ...။”
သူ၏ ရှင်းပြချက်မှာ လူအများ၏ လက်ခံမှုကို မရရှိခဲ့ပေ။
“သေလိုက်ပါလား...။ မင်းတို့ပေးတဲ့ လျော်ကြေးငွေက ငါတို့အိမ်တွေကို ဖျက်သိမ်းဖို့အတွက်ပဲလေ...။ မြေကြီး အောက်က အရာတွေအတွက် မင်းတို့ ပိုက်ဆံပေးထားတာမှ မဟုတ်တာ...။ ဘာလို့ ငါတို့ ယူလို့မရမှာလဲ...။ ညီအစ်ကိုတို့... ချီတက်ကြ...။။”
“ချီတက်... ငါတို့နဲ့ ထိုက်တန်တဲ့အရာကို ပြန်ယူကြ...။”
စောင့်ကြည့်နေသူများသည် ချက်ချင်းပင် ရှေ့သို့ တိုးဝင်လာကြလေတော့သည်။
လျှိုချွမ်မှာ ကမန်းကတန်း လက်ဆန့်တန်း၍ တားဆီးရန် ကြိုးပမ်းသော်လည်း မည်သို့မျှ တားဆီးနိုင်မည်နည်း။
သူသည် အသံတစ်သံမျှပင် မထွက်နိုင်ခင် မြေပြင်ပေါ်သို့ တွန်းချခံလိုက်ရလေသည်။
အငြိမ်းစားယူခါနီး စီမံကိန်းမန်နေဂျာမှာ အံ့အားသင့် မှင်သက်သွားပြီး စိုးရိမ်တကြီး အော်ဟစ်လေတော့၏။
“ရပ်ကြ... ရပ်ကြပါ... လူသေတော့မယ်...။ ငါတို့ ဘယ်လိုလုပ်ကြမလဲ...။”
အကယ်၍ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်သွားခဲ့ပါက အေးချမ်းစွာ အငြိမ်းစားယူလိုသော သူ၏ဆန္ဒမှာ ပျက်စီးသွားပေလိမ့်မည်။
“သူတို့ကို တားကြ...၊ ဝင်တိုက်...။ မင်းတို့အားလုံး တစ်ယောက်ကို ငါးရာစီ ရမယ်...။”
ဆူညံနေသော ပတ်ဝန်းကျင်တွင် အဘိုးအို၏ သွေးပျက်မတတ် အော်ဟစ်သံများကို လုံးဝ မကြားရချေ။
ရွှီပေါ်အန်း၏ မျက်နှာထားမှာ အေးစက်သွားခဲ့လေသည်။
သူသည် ချက်ချင်းပင် ရှေ့သို့ လှမ်းတက်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
“ရဲတွေ ရောက်နေပြီ...”
သူ၏ အော်ဟစ်သံမှာ တောင်တန်းများကို ဖြတ်သန်းသွားသော ကျားဟိန်းသံကဲ့သို့ ထိုနေရာတစ်ဝိုက်တွင် ပဲ့တင် ထပ်သွားခဲ့လေသည်။
စိတ်လှုပ်ရှားနေသူများမှာ အံ့အားသင့်သွားပြီး ခေတ္တမျှ ကြက်သေ သေသွားကြလေ၏။
သို့သော် လောလောဆယ်အတွက်တော့ ထိုမျှနှင့်ပင် လုံလောက်သွားပြီ ဖြစ်သည်။
၎င်းတို့ ပြောဆိုနေစဉ်မှာပင် ရွှီပေါ်အန်းသည် သားကောင်ကို အမဲလိုက်နေသော ကျားတစ်ကောင်ကဲ့သို့ လူအုပ် ထဲသို့ ပြေးဝင်သွားကာ လူအနည်းငယ်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျနေသော လျှိုချွမ်ကို မတ်တတ်ရပ်စေရန် ဆွဲထူလိုက်လေသည်။
ထိုလူစုမှာ ဧရာမ သားရဲကြီးတစ်ကောင်၏ အကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မိမိတို့ဆန္ဒမပါဘဲ ဘေးသို့ တွန်းဖယ်ခံလိုက်ရလေတော့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ စွမ်းအားမှာ ထင်ရှားလှပေသည်။
သို့သော်လည်း လက်ရှိအချိန်တွင် နောက်ကွယ်မှ ရည်ရွယ်ချက်ရှိသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် အချို့လူများမှာ ဆင်ခြင်တုံတရားများ ပျောက်ဆုံးနေခဲ့ကြပြီ ဖြစ်သည်။
လူအုပ်ကြီးမှာ အလျင်အမြန်ပင် ပြန်လည် ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး ရှေးဟောင်းအပျက်အစီးများ တွေ့ရှိခဲ့ သည့် လိုဏ်ဂူပေါက်ဆီသို့ ပြုံတိုးသွားကြလေတော့သည်။
“အထွေထွေမန်နေဂျာရွှီ... ဒါ ရူးသွပ်မှုပဲ...။ လုံးဝကို ရူးသွပ်နေတာပဲ...။”
လျှိုချွမ်မှာ တုန်လှုပ်စွာဖြင့် သူ့ဘာသာ တီးတိုးရေရွတ်နေမိလေသည်။
ရွှီပေါ်အန်းက ပြန်မဖြေဘဲ လျှိုချွမ်၏ ပခုံးကို ဖက်ကာ ပြောလိုက်လေ၏။
“လျှိုချွမ်... ငါ့ပြောတာ နားထောင်...။ ငါတို့ ခဏလောက် ထပ်တောင့်ခံထားရမယ်...။ တရားဥပဒေစိုးမိုးရေး အရာရှိတွေ မရောက်လာခင် ဒီနေရာက ရှေးဟောင်းအမွေအနှစ် နေရာတွေ ထပ်ပြီး မပျက်စီးအောင် ငါတို့ သေချာပေါက် ကာကွယ်ရမယ်...။ ငါ လူတချို့ကို ခေါ်ပြီး သူတို့ကို အရင် တားထားလိုက်မယ်...။ မင်းက မြင့်တဲ့နေရာ တစ်ခုခုကို ရှာပြီး ငါတို့လုပ်ရပ်တွေကို နောက်ပိုင်းမှာ အသရေဖျက် မခံရအောင် သက်သေအဖြစ် မှတ်တမ်းတင်ထားဖို့ ဗီဒီယို ရိုက်ထားလိုက်...၊ နားလည်လား...။”
“အာ... အထွေထွေမန်နေဂျာရွှီ... ဒါက ကိုယ်ရေးကိုယ်တာ...။”
“မြန်မြန်သွား...။”
ရွှီပေါ်အန်းက လျှိုချွမ်ကို အားကုန် တွန်းလွှတ်လိုက်လေသည်။
ယနေ့ ဤရှေးဟောင်းအမွေအနှစ်နေရာတွင် မည်သည့်အရာမျှ ဖြစ်ပွားခွင့် လုံးဝ မပြုနိုင်ပေ။
လူများသည် မိမိတို့ကိုယ်ကို ထိန်းချုပ်မှု ကင်းမဲ့စေပြီး ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်ပွားစေရန် လုံးဝ ခွင့်မပြုနိုင်ချေ။
ထိုသို့မဟုတ်ပါက ကုမ္ပဏီ၏ အင်ဂျင်နီယာချုပ်အနေဖြင့် သူသာလျှင် တာဝန်ယူရမည် ဖြစ်ပေသည်။
သို့ သော် မည်သည့်အရာကိုမျှ မဖြေရှင်းမီ အရေးကြီးဆုံးအချက်မှာ မိမိကိုယ်ကို ကာကွယ်ရန်ပင် ဖြစ်သည်။
ဤသည်မှာ ရွှီပေါ်အန်း နှစ်ပေါင်းများစွာအတွင်း သင်ခန်းစာယူထားသော အတွေ့အကြုံတစ်ခု ဖြစ်လေ၏။
သင်လုပ်သမျှ အရာအားလုံးကို မှတ်တမ်းတင်ထားခြင်းက မိမိကိုယ်ကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ချေသည်။
ရွှီပေါ်အန်းသည် အနီးနားရှိ အလုပ်သမားတစ်ဦးထံမှ သယ်ဆောင်ရလွယ်ကူသော အသံချဲ့စက်ကို လုယူကာ အော်ပြောလိုက်လေသည်။
“ကျွန်တော်က တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီရဲ့ အင်ဂျင်နီယာချုပ် ရွှီပေါ်အန်းပါ...။ စီမံကိန်းက ညီအစ်ကိုတို့...၊ နားထောင်ကြ...။ ယနေ့ ဘယ်အဖွဲ့က အကြိုးစားဆုံး လုပ်ပေးနိုင်မလဲ...၊ ကျွန်တော် ရွှီပေါ်အန်း တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီမှာ ရှိနေသရွေ့ ခင်ဗျားတို့အဖွဲ့က ထိပ်တန်းအဆင့် သတ်မှတ်ချက် အသေအချာ ရရှိစေရမယ်လို့ အာမခံတယ်...။”
ရွှီပေါ်အန်းတွင် တောင်တန်းများကြား ကျားဟိန်းခြင်းဟူသော ထူးခြားသည့် စွမ်းရည်ရှိသော်လည်း အာရုံစိုက်မှု အလွန်အကျွံ မခံရစေရန်အတွက် ယခုကဲ့သို့ အသံချဲ့စက် ရရှိချိန်တွင် သူ၏စွမ်းရည်များကို တတ်နိုင်သမျှ ဖုံးကွယ်ထားရမည် ဖြစ်လေသည်။
ရွှီပေါ်အန်း၏ စကားများက ကြီးမားသော သက်ရောက်မှု ရှိခဲ့လေ၏။
ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ငန်းအော်ဒါ မရှိခြင်းကြောင့် စီမံကိန်းများကို မဖြစ်မနေ ရပ်နားထားရခြင်း မှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပင် ဖြစ်လေသည်။
သို့သော် သင့်အဖွဲ့ကို ဆောက်လုပ်ရေးကုမ္ပဏီ အများအပြားက အသိအမှတ်ပြုထားပါက ထိုကုမ္ပဏီများ ဒေဝါလီ မခံရသရွေ့ အလုပ်မရှိမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ရှေ့တန်းမှ အလုပ်သမားများသည် လစာမရခြင်းနှင့် လုပ်စရာ အလုပ်မရှိခြင်းဟူသော အချက်နှစ်ချက်ကိုသာ အဓိက စိုးရိမ်ကြလေသည်။
ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ပတ်ဝန်းကျင်မှာ သန့်ရှင်းပြီး ဖြောင့်မတ်မှန်ကန်နေကာ လုပ်အားခ နောက်ကျ ခြင်းဟူသော အလေ့အထမှာ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
အလုပ်တစ်ခု ရရှိခြင်းက အခြားမည်သည့်အရာထက်မဆို ပိုကောင်းလေသည်။
ရွှီပေါ်အန်းက ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် စီမံကိန်းရှိ အလုပ်သမားအဖွဲ့ အမျိုးမျိုးနှင့် ငြမ်းစင်အဖွဲ့ များမှာ ရူးသွပ်သွားကြလေတော့သည်။
အလုပ်သမားများက ရှေ့သို့ ဟစ်ကြွေးကာ လူအုပ်ကြီး၏ လမ်းကြောင်းကို ရဲရင့်စွာ ပိတ်ဆို့ထားလိုက်ကြလေ သည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် တစ်နှစ်ပတ်လုံး အလုပ်လုပ်နေသူများမှာ ခွန်အားကြီးမားသော ယောကျ်ား ကြီးများသာ ဖြစ်ကြသည်။
ယနေ့ မြင်ကွင်းကို လာရောက် ကြည့်ရှုသူများမှာ အများအားဖြင့် အလုပ်မရှိသော အဘိုးအိုနှင့် အဘွားအို များသာ ဖြစ်ကြလေသည်။ အကြောင်းမှာ လူငယ်များအားလုံး အလုပ်သွားကြပြီဖြစ်ပြီး ဤအချိန်တွင် အပြင် ထွက်ကာ မြင်ကွင်းကို ကြည့်ရှုရန် အချိန်ရသူ အလွန်နည်းပါးလှသောကြောင့်ပင်။
ထိုအဘိုးအိုနှင့် အဘွားအိုများမှာ ကြက်ဥလုချိန်တွင် မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ ၎င်းတို့ကို အထင်မလွဲပါနှင့်။ အမှန်တကယ် ထိပ်တိုက် ရင်ဆိုင်ရချိန်တွင် ၎င်းတို့သည် ခွန်အားအပြည့်ရှိနေသော ဆောက်လုပ်ရေး အလုပ် သမားတစ်ဦးနှင့် မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။
အခြေအနေမှာ အလျင်အမြန်ပင် ထိန်းချုပ်နိုင်သွားခဲ့လေသည်။
ရွှီပေါ်အန်းက သေချာစွာ စောင့်ကြည့်နေခဲ့ပြီး မကြာမီမှာပင် ထူးဆန်းသော မျက်နှာအမူအရာဖြင့် စိုးရိမ်တကြီး ဟိုဟိုဒီဒီ ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်နေကြသော အမျိုးသား အနည်းငယ်ကို သတိထားမိလိုက်လေသည်။
ယနေ့ဖြစ်ပွားခဲ့သော ဤလူရွှင်တော်ပွဲမှာ ထိုလူအနည်းငယ်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်သည်မှာ ယုံမှား သံသယဖြစ်ဖွယ် မရှိပေ။
၎င်းတို့က ခရုနှင့် ငှက်တို့၏ ပဋိပက္ခကြားမှ ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အခွင့်ကောင်းယူကာ အကျိုးအမြတ် ရနိုင်မည်ဟု ထင်မှတ်နေပုံရပြီး နောက်ကွယ်မှ အခွင့်အရေး ယူရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေသည်။
ရွှီပေါ်အန်းသည် သူ၏ ပစ်မှတ်ကို သေချာစွာ ချိန်ရွယ်ပြီးနောက် တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင် ကဲ့သို့ ချက်ချင်း ပြေးဝင်သွားကာ ခေါင်းဆောင်နှင့်တူသော အမျိုးသားကို မျက်စိတစ်မှိတ်အတွင်း ဖမ်းဆုပ်လိုက် လေတော့သည်။
ထိုထူးဆန်းသော အမူအရာရှိသူများသည် မသိစိတ်အရ သူ့ကို ကြည့်နေကြပြီး ၎င်းတို့၏ နောက်ထပ် လှုပ်ရှားမှု အတွက် ညွှန်ကြားချက်များကို ရှင်းလင်းစွာ တောင်းခံနေကြသည်ကို သူ သတိထားမိလိုက်လေသည်။
ထင်ထားသည့်အတိုင်းပင် ထိုလူ ဖမ်းဆီးခံရသည်ကို မြင်သောအခါ ကျန်ရှိနေသော အနည်းငယ်မှာ ထိတ်လန့် သွားပုံရပြီး လူအုပ်ထဲမှ အတင်းတိုးထွက်ကာ ဆန့်ကျင်ဘက် လမ်းကြောင်းသို့ ထွက်ပြေးရန် ကြိုးစားကြလေ တော့သည်။
သို့သော် ယခုအချိန်တွင် လူအုပ်ကြီးမှာ ပြုံတိုးနေပြီး ပခုံးချင်းပွတ်ကာ တိုးကြိတ်နေကြသဖြင့် အပြင်သို့ တိုးထွက်ရန်မှာ မဖြစ်နိုင်ပေ။
ထိုအချိန်မှာပင် တရားဥပဒေစိုးမိုးရေး အရာရှိများ ရောက်ရှိလာကြလေသည်။
ရွှီပေါ်အန်း၏ ညွှန်ပြမှုဖြင့် တရားဥပဒေစိုးမိုးရေး အရာရှိများသည် ထိုလူရှစ်ဦးကို အိုးထဲမှ လိပ်များကို ဖမ်းသကဲ့သို့ လူအုပ်ထဲမှ အလွယ်တကူ ဆွဲထုတ်လိုက်ကြလေ၏။
“မင်္ဂလာပါ... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ နာမည် ဘယ်လိုခေါ်လဲ...။”
တရားဥပဒေစိုးမိုးရေး အဖွဲ့ခေါင်းဆောင်မှာ တက်ကြွသွက်လက်သော အမျိုးသမီးတစ်ဦး ဖြစ်နေသဖြင့် ရွှီပေါ်အန်းကို အံ့အားသင့်သွားစေခဲ့လေသည်။ အထူးသဖြင့် သူမတွင် လျှိုထျန်ရှန်း၏ ဆွဲဆောင်မှုအချို့ ရှိနေပုံရသဖြင့် ရွှီပေါ်အန်းကို ခေတ္တမျှ ငေးမောသွားစေခဲ့လေ၏။
ရွှီပေါ်အန်းက သူမကို သေချာစွာ ကြည့်ရှုပြီးနောက် ပြောလိုက်လေသည်။
“တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီရဲ့ အင်ဂျင်နီယာချုပ် ရွှီပေါ်အန်းပါ...။”
“ကျွန်မက တရားဥပဒေစိုးမိုးရေးအဖွဲ့က ပိုင်ရှန်းရှန်းပါ...။ အထွေထွေမန်နေဂျာရွှီ...၊ ရှင်က တကယ်ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ...။”
ရွှီပေါ်အန်း အံ့အားသင့်သွားပြီးနောက် ရယ်မောကာ ပြောလိုက်လေ၏။
“အဖွဲ့ခေါင်းဆောင်ပိုင်... ခင်ဗျားက လူတွေကို ဘယ်လို မြှောက်ပင့်ရမလဲဆိုတာ တကယ် သိတာပဲ...။ ကျွန်တော်လည်း မငယ်တော့ပါဘူး...။”
ပိုင်ရှန်းရှန်းက လုံးဝ ရှက်ရွံ့ခြင်းမရှိဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။
“ဒီအချက်က ဥက္ကဋ္ဌရွှီမှာ လူငယ်တစ်ယောက်လို စိတ်ဓာတ်ရှိပြီး ကျန်းမာရေးကောင်းတယ်ဆိုတာကို ပြနေ တာပဲလေ...။ ခုနက ဥက္ကဋ္ဌရွှီက တောင်ပေါ်က ဆင်းလာတဲ့ ကျားတစ်ကောင်လို တော်တော်လေး အစွမ်းထက် တယ်လို့ ကျွန်မ ကြားလိုက်တယ်....။ ရှင် တကယ်ကို ကြီးမားတဲ့ အကူအညီ ပေးခဲ့တာပဲ...။”
ဤစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ အနည်းငယ် လန့်နိုးသွားခဲ့လေ၏။ သူ၏ စွမ်းဆောင်ရည်မှာ အလွန် အမင်း ထင်ပေါ်လွန်းနေကြောင်းကို သူ သတိပြုမိလိုက်ပြီး အများအမြင်တွင် မထင်မရှား နေထိုင်ရန် သတိပြု သင့်ပေသည်။
ရွှီပေါ်အန်းသည် အနည်းငယ် တုန်လှုပ်သွားသော်လည်း အပြင်ပန်းတွင်မူ နောက်ဆုတ်မသွားခဲ့ပေ။ သူက ပြောလိုက်လေသည်။
“ကျွန်တော်က ပုံမှန် ပြေးလေ့ရှိပြီး တစ်ခါတလေ အွန်လိုင်းကနေ လက်ဝှေ့ကျင့်ဖြစ်တယ်...။ ဒါ့ကြောင့် သန်မာ တယ်လို့ ခံစားရတာပါ...။ အလေ့အကျင့်ရှိရင် ကျွမ်းကျင်လာတယ် ဆိုတဲ့သဘောမျိုး ဖြစ်မှာပါ...။ တောင်ပေါ်က ဆင်းလာတဲ့ ကျားတစ်ကောင်လိုပဲဆိုတဲ့ စကားကတော့ တကယ်ကို ရှက်စရာကောင်းလွန်းပါတယ်...။”
ယဉ်ကျေးစွာ စကားအနည်းငယ် ဖလှယ်ပြီးနောက် ပိုင်ရှန်းရှန်း ထွက်ခွာသွားလေတော့၏။
ရွှီပေါ်အန်းသည် ပိုင်ရှန်းရှန်းနှင့် အခြားသူများကို စီမံကိန်းတံခါးဝ အပြင်ဘက်အထိ ယဉ်ကျေးစွာ လိုက်လံပို့ ဆောင်ပေးခဲ့လေသည်။ သူ ပြန်ရောက်လာချိန်တွင် စီမံကိန်းမန်နေဂျာက အလျင်အမြန် လာရောက်နှုတ်ဆက် လိုက်လေသည်။
“အထွေထွေမန်နေဂျာရွှီ... အောက်က ရှေးဟောင်းအမွေအနှစ် နေရာက ထန်မင်းဆက်က အဆောက်အအုံတစ်ခု ဖြစ်တယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေဆီကနေ အခုလေးတင် ကြားလိုက်ရတယ်...။ ဒီနေရာက တောင်စောင့်နတ်မင်း ဒါမှမဟုတ် မြေစောင့်နတ်ရဲ့ နတ်ကွန်းတစ်ခု ဖြစ်ရမယ်...။”
“ပြီးတော့ တော်တော်လေးလည်း ကြီးမားတယ်...။ ကျွန်တော်တို့က သူတို့အတွက် ခေါင်မိုးကို တိုက်ဆိုင်စွာ ဖောက်ပေးလိုက်နိုင်တာပဲ...။ လက်ရှိ အခြေအနေအရဆိုရင်တော့ ငါတို့တွေ နှစ်ဝက်လောက် အလုပ်ရပ်ထားရ မယ့်ပုံပဲ...”
*တောင်စောင့်နတ်မင်း နတ်ကွန်းတဲ့လား...။ မြေစောင့်နတ် နတ်ကွန်းတဲ့လား...။*
ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီပေါ်အန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့လေတော့သည်။
*တိုက်ဆိုင်လိုက်လေခြင်း။*
အခန်း (၁၀၂)
တောင်လှန်တံဆိပ်တော်
ဤဘွန်ဆိုင်းကမ္ဘာ၏ လျှို့ဝှက်ချက်ကို စတင်သက်ဝင်စေခဲ့သည့် အချိန်မှစ၍ ရွှီပေါ်အန်းသည် တောင်စောင့် နတ်မင်း နတ်ကွန်းများနှင့် မြေစောင့်နတ် နတ်ကွန်းများကဲ့သို့သော နေရာများအပေါ် အထူးသဖြင့် အာရုံခံစားမှု ပိုမိုထက်မြက်နေခဲ့လေသည်။
ဤနေရာသည် အမှန်တကယ်တော့ ရှေးဟောင်း တောင်စောင့်နတ်မင်း နတ်ကွန်း သို့မဟုတ် မြေစောင့်နတ် နတ်ကွန်းတစ်ခု ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ရွှီပေါ်အန်း၏ စပ်စုလိုစိတ်မှာ ပို၍ပင် ပြင်းထန်လာခဲ့လေ သည်။
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး စီမံကိန်းတာဝန်ခံအား အာဏာပါပါဖြင့် ပြောလိုက်လေသည်။
“နားလည်ပြီ...၊ သက်ဆိုင်ရာ အခြေအနေတွေကို အုပ်စုဆီ အမှန်အတိုင်း တင်ပြပေးပါ့မယ်...၊ အမိန့်အသစ် မထွက်လာမချင်း ခင်ဗျားက ဤနေရာမှာ တာဝန်ခံအဖြစ် ဆက်ရှိနေမှာပါ...၊ ဒီကာလအတွင်းမှာ ရှေးဟောင်း သုတေသန ပညာရှင်တွေရဲ့ အလုပ်ကို အပြည့်အဝ ပူးပေါင်းကူညီပေးရမယ်...။ စီမံကိန်း အမြန်ဆုံး ပြန်လည် စတင်နိုင်ဖို့ ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ချထားနိုင်အောင် တတ်နိုင်သမျှ အသေးစိတ် မှတ်တမ်းတွေကို သိမ်းဆည်း ထားပါ...။”
စီမံကိန်းမန်နေဂျာက ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် မှုန်ကုပ်နေလေ၏။
*အုတ်မြစ်ချရမည် ဟုတ်လား။ အဓိပ္ပါယ်မရှိလိုက်လေခြင်း….။*
ဤအလုပ်ကို ရသည်နှင့် သူ အငြိမ်းစားယူတော့မည် ဖြစ်ပြီး အလုပ်ပြန်စမည့်အချိန်ကိုပင် စောင့်နေမည် မဟုတ်ချေ။
အစကတော့ အငြိမ်းစားမယူမီ အပိုဆုကြေး အနည်းငယ် ရှာဖွေရန် ရည်ရွယ်ထားခဲ့သော်လည်း ဟယ်ချန်ထံမှ ဤရာထူးကို ရရှိရန် ကြိုးပမ်းအားထုတ်မှု များစွာ ပြုလုပ်ခဲ့ပြီးနောက် သူ၏ ရင်းနှီးမြှုပ်နှံမှုအတွက် မည်သည့် အကျိုးအမြတ်မှ မမြင်ရမီ ဤကသောင်းကနင်း အခြေအနေနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်လေသည်။ သူ အမှန်တ ကယ်ပင် အရာအားလုံးကို ဆုံးရှုံးလိုက်ရလေပြီဖြစ်၏။
တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ အကျိုးအမြတ် ခွဲဝေမှု စံနှုန်းများအရ သူသည် ဤနေရာတွင် စီမံကိန်း မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသမျှ ကာလပတ်လုံး စီမံကိန်းအမြတ်ငွေ၏ ရာခိုင်နှုန်း အချို့ကို ခံစားခွင့် ရှိပြီး သူ၏ ရာထူးအဆင့်အရ အကျိုးအမြတ် ခွဲဝေမှုနှုန်းမှာလည်း မနိမ့်လှချေ။
သို့သော် ယခု ဆောက်လုပ်ရေးလုပ်ငန်းခွင် ရပ်နားလိုက်ရပြီဖြစ်ရာ သူ ငွေရရန်မှာ မည်သို့မျှ အဓိပ္ပါယ်မရှိတော့ ပေ။
လူတွေဆိုသည်မှာလည်း ဤသို့ပင် ဖြစ်လေသည်။ ကိစ္စများ မှားယွင်းသွားချိန်တွင် သူသည် ပါဝင်ပတ်သက်မိပြီး အေးချမ်းစွာ အငြိမ်းစားမယူနိုင်မည်ကို စိုးရိမ်နေခဲ့သည်။
ယခု အနာကျက်သွားသောအခါ နာကျင်မှုကို မေ့သွားကြပြန်လေသည်။ မည်သည့်ဆိုးရွားသော ကိစ္စမှ ဖြစ်လာ မည်မဟုတ်သည်ကို မြင်သောအခါ သူတို့၏ အမြတ်ဝေစုများအတွက် ပြန်လည် ပူပန်လာကြပြန်လေသည်။
ရွှီပေါ်အန်းမှာ သူ့အား ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။ သူက စကားအနည်းငယ်သာ ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်ပြီး ရှေးဟောင်းနယ်မြေ တည်ရှိရာ နေရာဆီသို့ လျှောက်သွားလိုက်လေသည်။
တားမြစ်ကြိုးများ ပြန်လည်ချထားရန်နှင့် စည်းကမ်းထိန်းသိမ်းရန် ကျွမ်းကျင်သူအချို့ကို လုပ်ငန်းခွင်သို့ ခေါ်ဆောင်လာခဲ့သော်လည်း ရွှီပေါ်အန်းသည် လက်ရှိ စီမံကိန်းတွင် ရာထူးအမြင့်ဆုံး ခေါင်းဆောင် ဖြစ်လေ သည်။
ထိုလူများက သူ့ကို မတားဆီးခဲ့ကြပေ။ မည်သို့ပင်ဆိုစေ တိတိကျကျ ပြောရလျှင် ဤနေရာသည်လည်း သူတို့၏ ပိုင်နက်ပင် ဖြစ်သည် မဟုတ်ပါလား။
ရွှီပေါ်အန်းသည် ရှေးဟောင်းအပျက်အစီးများ တွေ့ရှိရာ နေရာ၏ အဝင်ဝသို့ လျှောက်သွားကာ ဆောင့်ကြောင့် ထိုင်၍ အတွင်းသို့ ချောင်းကြည့်လိုက်လေ၏။ အလင်းရောင် ကောင်းကောင်းမရသော်လည်း အတွင်းဘက်ရှိ အခြေအနေကို သူ မြင်တွေ့နိုင်သေးသည်။
ထူးထူးခြားခြား မရှိလှဘဲ ရုပ်တုတစ်ခု၊ နံ့သာတင်စင်တစ်ခုနှင့် အမွှေးတိုင်ပူဇော်ရာ ခွက်တစ်ခုသာ ရှိလေသည်။ ကွဲပြားနေသည်မှာ ဘေးဘက်ရှိ တောင်ငယ်လေးတစ်ခုနှင့် တူသော ကျောက်တောင် အစီအစဉ်ငယ်လေး ဖြစ်ပြီး အတော်လေး ထူးခြားပုံရလေ၏။ ယမန်နေ့ညက အမွှေးတိုင် ပူဇော်မှု စွမ်းအားဖြင့် သူ၏ ခန္ဓာကိုယ်ကို သန်စွမ်း စေခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။ ရွှီပေါ်အန်း၏ အမြင်အာရုံမှာ အတော်လေး တိုးတက်ကောင်းမွန်လာသည်ကို သတိပြုမိခဲ့ကြောင်း ဆိုရမည်ပင်။
ရွှီပေါ်အန်း အနည်းငယ် စိတ်ပျက်သွားပြီး အလိုလိုပင် မေးလိုက်လေ၏။
“မင်္ဂလာပါ...၊ လေ့လာကြည့်ဖို့ အထဲကို ဝင်လာလို့ ရမလား...။”
အနောက်မှ လိုက်ပါလာသော စီမံကိန်းမန်နေဂျာက အလျင်အမြန် မိတ်ဆက်ပေးလိုက်လေသည်။
“ဒီပုဂ္ဂိုလ်က ကျွန်တော်တို့ရဲ့ အထွေထွေမန်နေဂျာရွှီ ပါ...။”
မထင်မှတ်ထားဘဲ အတွင်းရှိ ကျွမ်းကျင်သူများက သူ့ကို တုံ့ဆိုင်းခြင်းမရှိ ငြင်းပယ်လိုက်ကြလေ၏။
“တောင်းပန်ပါတယ်...၊ အဆင်မပြေပါဘူး...။”
အခြား ကျွမ်းကျင်သူတစ်ဦးက ပို၍ လိမ္မာပါးနပ်စွာဖြင့် ပြောလာလေသည်။
“တောင်းပန်ပါတယ်...၊ ဒီက အခြေအနေက နည်းနည်း ရှုပ်ထွေးနေလို့ပါ...။ သေးငယ်တဲ့ အမှားလေးတစ်ခု က တောင် သမိုင်းဝင်နယ်မြေကို ပျက်စီးသွားစေနိုင်ခြေ အလွန်များပါတယ်...၊ ကျေးဇူးပြုပြီး နားလည်ပေးပါ...။ ”
ရွှီပေါ်အန်း ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“ရပါတယ်...၊ ကျွန်တော်ကပဲ ရိုင်းပြမိသွားတာပါ...။”
အနီးတွင် ရပ်နေသော စီမံကိန်းမန်နေဂျာက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
“တကယ်ပဲ အဲ့ဒီလောက်တောင် လိုအပ်လို့လား...၊ ဒိနေရာကို အရင်ဆုံး တွေ့ခဲ့တာက ကျွန်တော်တို့လေ...။”
သဘောကောင်းသော ကျွမ်းကျင်သူက ရယ်မောလိုက်လေ၏။
“ဘယ်သူက အရင်တွေ့ခဲ့လဲဆိုတာနဲ့ မဆိုင်ပါဘူး...၊ ဒါက စည်းကမ်းဖြစ်နေလို့ ကျေးဇူးပြုပြီး နားလည်ပေးပါ...။ ဥပမာပြောရရင် နံ့သာတင်စင်ဘေးက တောင်ထွတ်တစ်ခုလို ပုံပေါက်နေတဲ့ လက်ဖဝါးအရွယ် ကျောက်တုံးကို ခင်ဗျား မြင်လားမသိဘူး...။”
“အရင်က ဆင်တူတဲ့ သမိုင်းဝင်နယ်မြေတွေကို စုံစမ်းစစ်ဆေးတုန်းက လုပ်ဖော်ကိုင်ဖက် အသစ်တစ်ယောက်က ကျောက်တုံး ဒိနေရာကို ကျနေတာ တိုက်ဆိုင်မှုသက်သက်လို့ ထင်ခဲ့တယ်...။ သူက အဲဒါကို ကောက်ကိုင်ပြီး ညှစ်လိုက်တော့ ပေါက်ကွဲသွားခဲ့တယ်လေ...။”
“နှမြောစရာ ကောင်းလိုက်တာ...၊ ရှေးဟောင်း ဒဏ္ဍာရီတွေအရ ဒါက တောင်စောင့်နတ်မင်းက သူ့ရဲ့ မူလ မှော်ပညာကို သုံးဖို့ အသုံးပြုခဲ့တဲ့ နတ်ဘုရားလက်နက်တစ်ခု ဖြစ်နိုင်တယ်...။ အဲဒါက တောင်လှန်တံဆိပ်တော် တဲ့...။ အဲဒါက တောင်စောင့်နတ်မင်း နယ်ပယ်ရဲ့ သေးငယ်တဲ့ ပုံစံငယ်လေး ဖြစ်ပြီး ရှေးလူတွေရဲ့ ပြောင်မြောက် လှတဲ့ ပန်းပုစွမ်းရည် သက်သေတစ်ခုပဲလို့ ဆိုကြတယ်...။
”
စီမံကိန်းမန်နေဂျာက “သိပါပြီ...” ဟု ရေရွတ်လိုက်ပြီးနောက် မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားစွာဖြင့် တိတ်ဆိတ်သွားခဲ့လေ၏။
ဘေးတွင် ရပ်နေသော ရွှီပေါ်အန်းမှာ မှင်တက်သွားခဲ့လေသည်။
*တောင်လှန်တံဆိပ်တော် ဟုတ်လား…။*
ထိုစကားလုံးကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် မှတ်တမ်းတစ်ခုက သူ၏ စိတ်ထဲ၌ ချက်ချင်း လက်ခနဲ ပေါ်လာခဲ့၏။
၎င်းမှာ မှော်ပညာ တစ်မျိုးမျိုးအတွက် ဂါထာမန္တန်တစ်ခု ဖြစ်ပုံရလေသည်။
ရွှီပေါ်အန်းသည် ဂါထာကို မသိစိတ်မှပင် ရွတ်ဆိုလိုက်ရာ ချက်ချင်းဆိုသလိုပင် သူ၏ သိစိတ်ပင်လယ်ထဲရှိ ဘွန်ဆိုင်းသည် ရုတ်တရက် အနည်းငယ် တုန်ခါသွားကြောင်း ခံစားလိုက်ရလေသည်။
ဘွန်ဆိုင်း။
တောင်လှန်တံဆိပ်တော်။
တစ်ခဏချင်းမှာပင် ရွှီပေါ်အန်း အဖြေကို နားလည်သွားခဲ့ပုံရလေ၏။
ဤဘွန်ဆိုင်းသည် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ တောင်လှန်တံဆိပ်တော်ဟု လူသိများသော တောင်စောင့်နတ်မင်း၏ နတ်ဘုရားလက်နက် တစ်ခုဖြစ်နေကြောင်း ပေါ်လွင်သွားခဲ့လေပြီ။
သူသည် ဤနတ်ဘုရားလက်နက်ကို တိုက်ဆိုင်စွာဖြင့် သက်ဝင်လှုပ်ရှားစေခဲ့ခြင်းသာ ဖြစ်ပေသည်။
ရွှီပေါ်အန်း တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး အလွန်တရာ ဝမ်းသာသွားခဲ့လေ၏။ သူသည် ဂါထာမန္တန်မှတစ်ဆင့် ဆက်သွယ်မှုတစ်ခုကို ရရှိခဲ့ပြီ ဖြစ်ပုံရပေသည်။ ဘွန်ဆိုင်းကမ္ဘာနှင့် ပတ်သက်၍ သူ၏ နားလည်သဘောပေါက်မှု မှာလည်း များစွာ ပိုမိုရှင်းလင်းလာခဲ့လေသည်။
ဘွန်ဆိုင်းကို ဆင့်ခေါ်ခြင်း မပြုဘဲနှင့်ပင် ဘွန်ဆိုင်းကမ္ဘာထဲရှိ လူပုလေးများနှင့် သူ ဆက်သွယ်နိုင်ဆဲဖြစ်ကြောင်း ထင်ရှားနေပေသည်။
*ကောင်းတယ်...၊ အရမ်းကောင်းတယ်...။*
ဤခရီးစဉ်မှာ အမှန်တကယ်ပင် တန်ဖိုးရှိလှပေသည်။
ရွှီပေါ်အန်းသည် ဤနေရာတွင် အချိန်ကြာမြင့်စွာ မနေခဲ့ချေ။ သက်ဆိုင်ရာ ကိစ္စရပ်များကို ကုမ္ပဏီမှ အမြန်ဆုံး ပြန်လည်သုံးသပ် အတည်ပြုရန် လိုအပ်ပြီး ထို့နောက်တွင် အုပ်စုဆီသို့ တင်ပြရမည် ဖြစ်လေသည်။
တံခါးပေါက်သို့ ရောက်သောအခါ မြေယာတာဝန်ခံ လျှိုချွမ်သည် သူ၏ ကားကို အပတ်တကုတ် သုတ်သင်ပေး နေသည်ကို မြင်လိုက်ရလေ၏။
ဖို့ဒ် ရက်ပတာကားကြီးမှာ အလွန်ကြီးမားလှသဖြင့် လျှိုချွမ်သည် အပေါ်သို့ မှီနိုင်ရန် ခွေးခြေခုံတစ်ခုကိုပင် ယူဆောင်လာခဲ့ရလေသည်။
ရွှီပေါ်အန်း ပြုံးကာ ရယ်မောလိုက်မိလေသည်။ ထျန်ရှောင်ဟူဆိုလျှင် ဤကဲ့သို့သောအရာမျိုးကို ဘယ်တော့မှ လုပ်မည်မဟုတ်ချေ။
သူက လက်ကို ညင်သာစွာ မြှောက်၍ လှမ်းခေါ်လိုက်ရာ မြေယာတာဝန်ခံ လျှိုချွမ်သည် သူ၏ ဝတုတ်နေသော ခန္ဓာကိုယ်ကြီးကို လှုပ်ယမ်းလျက် ဖြည်းဖြည်းချင်း ပြေးလာခဲ့လေသည်။
“အထွေထွေမန်နေဂျာရွှီ...၊ ကျွန်တော့်ကို ခေါ်လိုက်တာလား...၊ ဟီးဟီး...။”
ရွှီပေါ်အန်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်လေသည်။
“ငါတို့ ကုမ္ပဏီကို အသုတ်တစ်ခုတည်း အတူတူ ဝင်ခဲ့ကြတာကို မှတ်မိသေးတယ်...၊ ဟုတ်တယ်မလား...။”
“အို... ဟုတ်တာပေါ့...၊ ကျွန်တော်တို့ အလုပ်ဝင်သင်တန်းတုန်းက အတန်းဖော်တွေလေ...။ အထွေထွေမန်နေဂျာ ရွှီ...၊ အဲဒီတုန်းကတည်းက ခင်ဗျား အရမ်းတော်မှန်း ကျွန်တော် သိခဲ့ပါတယ်...၊ ကျွန်တော် ထင်တဲ့အတိုင်း မှန်ခဲ့ တာပဲ...။”
စကားပြောရင်းဖြင့်ပင် လျှိုချွမ်က လက်မထောင်ပြလိုက်လေသည်။
ရွှီပေါ်အန်း ပြုံးကာ ခေါင်းခါလိုက်လေသည်။ မြေယာတာဝန်ခံ ရာထူးမှာ အဲဒီတုန်းက သူတို့အားလုံး အားကျခဲ့ရ ဆုံးသော ရာထူးပင် ဖြစ်သည်ပင်။
ဆောက်လုပ်ရေးအုပ်စုအောက်ရှိ စီမံကိန်းအများစုတွင် မြေယာအထူးကု ရာထူးတစ်ခု ရှိကြစမြဲ ဖြစ်၏။
အဓိက တာဝန်မှာ စီမံကိန်း လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းစဉ်အတွင်း စီမံကိန်း၏ မြေအသုံးချမှုနှင့် ပတ်သက်၍ ဒေသခံ ဝန်ထမ်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်လေသည်။
ရှုပ်ထွေးပုံရသော်လည်း အလုပ်အများစုမှာ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ချိန်တွင်သာ ပြီးစီးသွားလေ့ရှိပေ သည်။
စီမံကိန်း စတင်လုပ်ဆောင်နေပြီဆိုသည်နှင့် တည်ငြိမ်သွားတတ်ပြီး စာချုပ်ပြင်ပရှိ မြေများကို ကျူးကျော်မှု မျိုးမှာ ရှားပါးသွားလေ့ရှိပေသည်။
ထို့ကြောင့် အခြားသူများ အချိန်ပိုဆင်းကာ အလုပ်များနေချိန်တွင် မြေယာအထူးကုများမှာမူ အေးဆေးစွာ အနား ယူနေနိုင်ပြီ ဖြစ်လေသည်။
ထို့အပြင် မြေယာအထူးကုများသည် အုပ်စုကုမ္ပဏီ၏ စနစ်အရ အောက်ခြေအဆင့် ကြီးကြပ်ရေးမှူးများနှင့် အလယ်အလတ်အဆင့် ဌာနမှူးများ သို့မဟုတ် ညွှန်ကြားရေးမှူးများအကြား အဆင့်အတန်း တစ်ခုကို ခံစားခွင့် ရှိပြီး ယင်းမှာ အခြေခံအားဖြင့် စီမံကိန်းဌာနများရှိ ဒုတိယခေါင်းဆောင်များ၏ ခံစားခွင့်နှင့် ညီမျှသောကြောင့် ၎င်းတို့ကို မြေယာညွှန်ကြားရေးမှူးများဟုလည်း ခေါ်ဆိုလေ့ရှိကြပေသည်။
ယေဘုယျအားဖြင့် ဆိုရလျှင် ဤသည်မှာ အောက်ခြေအဆင့် စီမံကိန်းတစ်ခုတွင် အလွန်တရာ အလိုချင်ဆုံး ရာထူးတစ်ခုပင် ဖြစ်ပေတော့သည်။
အစိုးရဌာနဆိုင်ရာ ရာထူးတစ်ခု မဟုတ်သော်ငြားလည်း သက်တောင့်သက်သာရှိပြီး ဖိအားကင်းစင်သော လုပ်ငန်းခွင် ပတ်ဝန်းကျင်နှင့် သင့်တင့်လျောက်ပတ်သော အခွန်ဝင်ငွေအသစ်များ ရရှိနိုင်သည့် အရည်အသွေး မြင့် အလုပ်တစ်ခု ဖြစ်လေသည်။
ထို့ထက်ပို၍ ဤစီမံကိန်းမှာ မြို့နယ်နိမိတ်အတွင်းရှိ စီမံကိန်းတစ်ခု ဖြစ်လေသည်။ မြေယာညွှန်ကြားရေးမှူး ရာထူးသည် အစိုးရဌာနတစ်ခုတွင် အလုပ်လုပ်ရသည်ထက်ပင် အမှန်တကယ် ပိုကောင်းမွန်လေသည်။ လစာ ပိုရသည်၊ အလုပ်ပိုနည်းသည်၊ အိမ်နှင့်ပိုနီးသည်။ ၎င်းတွင် အားသာချက် အားလုံးရှိနေပေသည်။
လျှိုချွမ်၏ မိသားစုနောက်ခံက သူ့ကို ကာကွယ်ပေးမထားလျှင် သူ ဤရာထူးကို ရရှိမည် မဟုတ်သည်မှာ သေချာလှပေ၏။
“ကုမ္ပဏီရဲ့ အုပ်ချုပ်ရေးရုံးတွေမှာ ခဏလောက် အလုပ်လုပ်ကြည့်ဖို့ စိတ်ဝင်စားလား...။”
ရွှီပေါ်အန်းက ညင်သာစွာ မေးလိုက်လေသည်။
လျှိုချွမ်သည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူ၏ ဖားယားတတ်သော အပြုံးကို အလျင်အမြန် ပြန်လည် ဆင်မြန်းလိုက်လေသည်။
“မနောက်ပါနဲ့ အထွေထွေမန်နေဂျာရွှီရယ်...၊ ကျွန်တော့်ရဲ့ ကန့်သတ်ချက်ရှိတဲ့ စွမ်းရည်တွေနဲ့ဆို ပျင်းပျင်းရိရိ နေရင်းနဲ့တော့ ရှင်သန်လို့ ရနိုင်ပေမယ့် ကုမ္ပဏီရုံးချုပ်မှာကျတော့ ကျွန်တော် ဘာလုပ်နိုင်မှာတဲ့လဲ...။ ပွင့်ပွင့်လင်း လင်း ပြောရရင် အနှစ်ရှည်လများ အလုပ်လုပ်ပြီးတာတောင် ဘာပရော်ဖက်ရှင်နယ် လက်မှတ်မှ မရသေးဘူးလို့ ဝန်ခံရမှာ အတော်လေးကို ရှက်စရာကောင်းလှပါတယ်...။”
ဒီလောက် လစာကောင်းပြီး လွယ်ကူပြီးကာ ဖိအားမရှိဘဲ အိမ်နှင့်နီးသော အလုပ်ကို ရရှိရန် သူ များစွာ ကြိုးပမ်း အားထုတ်ခဲ့ရကြောင်းကို လျှိုချွမ် နားလည်ထားလေသည်။
အကယ်၍ သူသာ ကုမ္ပဏီရုံးချုပ်သို့ ပြောင်းရွှေ့ခံရမည်ဆိုလျှင် သူ၏ ယခင် ကြိုးပမ်းအားထုတ်မှုများ အားလုံး အလဟဿ ဖြစ်သွားမည် ဖြစ်ပြီး သင့်လျော်သော ရာထူး ရှိမရှိ ဆိုသည်ကို မပြောလိုတော့ဘဲ လစာနှင့် ခံစားခွင့် များ တစ်ခုတည်းကပင် သူ့ကို စိတ်ပျက်အားငယ်စေရန် လုံလောက်နေပေပြီ။
မြေယာညွှန်ကြားရေးမှူးသည် စီမံကိန်းရှိ ဒုတိယ ဌာနမှူးတစ်ဦးကဲ့သို့ တူညီသော ခံစားခွင့်များကို ရရှိပြီး စီမံကိန်း အဖွဲ့ဝင်များထံသို့ တိုက်ရိုက် သတင်းပို့ရကာ သူ၏ ကိုယ်ပိုင် သီးခြားရုံးခန်းနှင့် နေထိုင်ရန် အခန်းတွဲတစ်ခုကိုပါ ရရှိထားလေသည်။
သို့သော် အစိုးရရုံးသို့ ရောက်သွားသည်နှင့် သူတို့သည် အရာမသွင်းခံရတော့ပေ။
သာမန် စီမံကိန်းမန်နေဂျာ တစ်ဦးသည် အဖွဲ့အစည်းတစ်ခုရှိ ဌာနမှူးတစ်ဦးနှင့် အခြေခံအားဖြင့် တူညီပြီး စီမံကိန်း တစ်ခုရှိ အလယ်အလတ်အဆင့် မန်နေဂျာတစ်ဦးမှာ အများဆုံးအနေဖြင့် ကြီးကြပ်ရေးမှူး တစ်ဦးသာ ဖြစ်လေ သည်။
သူ၏ အမည်ခံ ဒုတိယရာထူးဆိုသည်မှာ သူ အလုပ်စလုပ်သည်နှင့် လူငယ် ဝန်ထမ်းသစ်များနှင့် ရင်းနှီးစွာ နေထိုင်ရမည်ဖြစ်ပြီး အခြားလူ နှစ်ဦး သုံးဦးခန့်နှင့် အိပ်ဆောင်အခန်း တစ်ခန်းတည်းတွင် အတူနေထိုင်ရမည် ဖြစ်ကြောင်း အဓိပ္ပါယ်သက်ရောက်နေပေသည်။
ဘယ်သူက ဤသည်ကို သည်းခံနိုင်ပါမည်နည်း။
*ဟင့်အင်း...၊ ဟင့်အင်း...၊ ငါမသွားဘူး…။ သွားရမဲ့အစား သေလိုက်တာကမှ ပိုကောင်းဦးမယ်…။*
လျှိုချွမ်၏ သဘောထားမှာ အထည်ချုပ်စက်ရုံတွင် သူ၏ ပြောင်းရွှေ့မိန့်ကို အသိပေးခံရစဉ်က လီယွန်းလုံ၏ သဘောထားနှင့် အလွန်တရာ ဆင်တူလှပေသည်။
ရွှီပေါ်အန်းသည် လျှိုချွမ်၏ သဘောထားကို သိပ်ဂရုမစိုက်လှဘဲ ညင်သာသော အသံဖြင့် မိုးကြိုးပစ်ချလိုက် သကဲ့သို့သော စကားတစ်ခွန်းကို ပြောလိုက်လေသည်။
“ရုံးညွှန်ကြားရေးမှူး ရာထူးကို မင်း ဘယ်လိုထင်လဲ...။”
ထိုစကားကို ကြားလိုက်ရချိန်တွင် လျှိုချွမ်၏ နှလုံးသားမှာ လျင်မြန်စွာ ခုန်ပေါက်လာခဲ့လေတော့သည်။
ရုံးညွှန်ကြားရေးမှူး...၊ ယင်းမှာ သေချာပေါက် ခေါင်းဆောင်ရာထူးတစ်ခု ဖြစ်လေသည်။
ရွှီပေါ်အန်းက သူ့ကို ကုမ္ပဏီမှာ ရုံးညွှန်ကြားရေးမှူး ဖြစ်လာသင့်သည်ဟု ဆိုလိုနေခြင်းများ ဖြစ်နိုင်မည်လား။
သူ ထိုအဆင့်အထိ မရောက်သေးသည်မှာ မှန်သော်ငြားလည်း။
သို့သော် အထွေထွေမန်နေဂျာရွှီ ကိုယ်တိုင် ပြောလာခဲ့ပြီဖြစ်ရာ အခြား ဖြေရှင်းစရာ နည်းလမ်းများစွာ ရှိနေသည် မဟုတ်ပါလား။
လက်ရှိ ရုံး၏ အမှုဆောင် ဒုတိယ ညွှန်ကြားရေးမှူးဟု လူသိများသော လျှိုဝေဆိုသည့် အမျိုးသမီးကို မမြင်ဘူး လား။ သူမသည် ရုံး၏ လုပ်ငန်းဆောင်တာ အားလုံးကို တာဝန်မယူမီ ဘွဲ့ရထားသည်မှာ နှစ်နှစ်သာ ရှိသေးသည် မဟုတ်ပါလား။
ကုမ္ပဏီများနှင့် အဖွဲ့အစည်းများတွင် ခေါင်းဆောင်များ၏ စကားများ၊ အထူးသဖြင့် ထိပ်တန်း ခေါင်းဆောင်၏ စကားမှာ အလွန်တရာ အရေးပါလှပေသည်။
မင်း လုပ်နိုင်တယ်လို့ ငါပြောရင် မင်းလုပ်နိုင်တယ်၊ မင်း မလုပ်နိုင်ရင်တောင်မှပေါ့။
မင်း မလုပ်နိုင်ဘူးလို့ ငါပြောရင် မင်းမလုပ်နိုင်ဘူး၊ မင်း လုပ်နိုင်နေရင်တောင်မှပေါ့။
အကယ်၍ အထွေထွေမန်နေဂျာရွှီက သူ့ကို ရုံးညွှန်ကြားရေးမှူး ဖြစ်စေရန် အမှန်တကယ် ရည်ရွယ်ထား သည်ဆို လျှင် မြေယာညွှန်ကြားရေးမှူး ရာထူး၊ နည်းပါးသော လစာနှင့် များပြားသော အလုပ်တာဝန်၊ ထို့ပြင် ကြိုတင်၍ လိုအပ်သော အားထုတ်မှုများကကော ဘာဖြစ်မည်နည်း။
ထိုအရာ အားလုံးက အလကား အာလူးတွေချည်းသာ။
ညွှန်ကြားရေးမှူး ရာထူးတစ်ခု၏ တန်ဖိုးသည် သာမန် ညွှန်ကြားရေးမှူး တစ်ဦး၏ တန်ဖိုးနှင့် များစွာ ကွာခြား ကြောင်းကို သိထားရန် အရေးကြီးပေသည်။
စီမံကိန်းတွင် ဝန်ထမ်းသစ်များက သူ့ကို ညွှန်ကြားရေးမှူးလျှိုဟု ရိုသေစွာ ခေါ်ဆိုကြသော်လည်း ဝန်ထမ်းဟောင်း များနှင့် ခေါင်းဆောင် အများစုကမူ လောင်လျှိုဟုသာ ခေါ်ဆိုကြလေသည်။
အကယ်၍ သူသာ ရုံးညွှန်ကြားရေးမှူး ဖြစ်လာခဲ့လျှင် လူများက သူ့ကို “လောင်လျှို” ဟု ဆက်ခေါ်နေကြဆဲ ဖြစ်မည်ဆိုသော်လည်း အခြေအနေက လုံးဝကို ကွဲပြားခြားနားသွားမည် ဖြစ်လေ၏။
လူများက သူ့အား ခေါ်ဆိုပုံမှာ ညွှန်ကြားရေးမှူးလျှိုနှင့် လောင်လျှို ဟူသော ရွေးချယ်စရာ နှစ်ခုတည်းဖြင့် အတူ တူပင် ဖြစ်နေပုံရသော်လည်း သူ့အား “လောင်လျှို” ဟု ခေါ်ဆိုမည့် မည်သူမဆိုမှာ လုံးဝကို ကွဲပြားခြားနားသော အဆင့်အတန်း တစ်ခုမှ ဖြစ်နေမည်မှာ သေချာကြောင်း လျှိုချွမ် ယုံကြည်ထားလေသည်။
အနာဂတ်၏ တောက်ပသော မျှော်လင့်ချက်များကို တွေးတောရင်း လျှိုချွမ်သည် ရွှီပေါ်အန်းအပေါ် ပို၍ပင် ရိုသေကိုင်းရှိုင်းလာခဲ့လေတော့သည်။
“အထွေထွေမန်နေဂျာရွှီ...၊ ရုံးညွှန်ကြားရေးမှူး ရာထူးက အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်... ၊ အဲဒါက အလုပ်နဲ့ ဘဝမှာ ခေါင်းဆောင်အတွက် စွမ်းဆောင်ရည်ရှိတဲ့ လက်ထောက်တစ်ယောက် ဖြစ်ဖို့သာမက ဘဲ ခေါင်းဆောင်ရဲ့ ခြေလှမ်းတွေနဲ့ အမီလိုက်နိုင်ဖို့နဲ့ အရေးကြီးတဲ့အချိန်မှာ ရှေ့ထွက်ရပ်တည်နိုင်ဖို့လည်း လိုအပ် ပါတယ်...။”
ရွှီပေါ်အန်း အနည်းငယ် ပြုံးလိုက်ပြီး ညင်သာစွာ ပြောလိုက်လေသည်။
“မင်းရဲ့ အလုပ်တွေကို လွှဲပြောင်းပေးဖို့ အချိန်နည်းနည်း ယူလိုက်ပါ...၊ မင်းရဲ့ အသက်အရွယ်နဲ့ အမြဲတမ်း အောက်ခြေအဆင့်မှာပဲ နေနေတာ သိပ်မကောင်းလှဘူး...။”
လျှိုချွမ်မှာ အလွန်တရာ ဝမ်းသာသွားပြီး တောက်ပစွာ ပြုံးရယ်လျက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“အာ... ဟုတ်ကဲ့... ဟုတ်ကဲ့ပါ...၊ ထည့်သွင်းစဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အထွေထွေမန်နေဂျာ ရွှီ...၊ ကျွန်တော် အချိန်မရွေး အဆင်သင့်ပါပဲ...။”
ရွှီပေါ်အန်းသည် သူနှင့် အနည်းငယ် ထပ်မံ စကားပြောလိုသေးသော်လည်း ရုတ်တရက် သူ၏ အနောက်ဘက်မှ ပုံမှန်မဟုတ်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက် နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေ သည်။
“ဒုက္ခပါပဲ...၊ ရှေးဟောင်းနယ်မြေ ပြိုကျကုန်ပြီ...၊ ကယ်ကြပါဦး...။”