← Chapters

အန္တရာယ်နှင့်ကြုံတွေ့နေရသော ရွှမ်ကျုံးပြည်နယ်

Vol. 12 Ch. 1133

အန္တရာယ်နှင့်ကြုံတွေ့နေရသော ရွှမ်ကျုံးပြည်နယ်

Vol. 12 Ch. 1133

ဥအိတ်ကြီးဖြစ်ပေါ်လာစဥ် ထူးဆန်းသောအရှိန်အဝါတစ်ခုက မီးခိုးရောင်မြူတိမ်တစ်ခုကို မွေးဖွားပေးကာ ရွှမ်ကျုံးပြည်နယ်အတွင်း သက်ဝင်လှုပ်ရှားလာတော့သည်။

ပုံမှန်ဆိုလျှင် ကုန်းစွန်းဝမ်အာသည် ရွှမ်ကျုံးပြည်နယ်ရှိ အဖြစ်အပျက်များကို စစ်ဆေးရန် ကိုယ်တိုင် လာရောက်မည်ဖြစ်ပါသော်လည်း သူမက ကျင့်ကြံခြင်းတွင် အရေးကြီးသောအဆင့်တစ်ခုသို့ ရောက်နေ၍ သူမအစား နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက် ပြန်မလာကြောင်း သေချာသောအခါ အခြေအနေက သူမ တွေးထားခဲ့သည်ထက် ပို၍ဆိုးရွားကြောင်း သဘောပေါက်လိုက်၏။

တချိန်တည်းမှာပင် မီးခိုးရောင်မြူတိမ်ကြီးသည် ယွမ်ဟိုင်စီရင်စုထဲသို့ ပျံ့နှံ့လာရာ မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်တို့က အိမ်နီးချင်းစီရင်စုတွင် တစ်ခုခုဖြစ်နေကြောင်း သတိထားမိလိုက်သည်။

ထိုမြူတိမ်ကြီးထဲတွင် ကျင့်ကြံသူများ မစစ်ဆေးကြည့်နိုင်သော စွမ်းအားအချို့ အလုပ်လုပ်နေ၏။ မြူများက မြေပြင်ကို မီးခိုးရောင်ပြောင်းသွားစေသည့်အပြင် အက်ကြောင်းများပင် ပွင့်ထွက်လာစေသည်။ ထို့ပြင် ထိသမျှအရာတိုင်းကိုသာမက အပင်များကိုပင် သေဆုံးသွားစေသည်။

ယွမ်ဟိုင်စီရင်စုမှာ ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး မဟာကောင်းကင်သခင်က သရဲကြီးဘုရင်နှင့် အခြားအစွမ်းထက်ပညာရှင်များနည်းတူ နယ်စပ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်စစ်ဆေးလေသည်။ အခြေအနေကို ကိုယ်တိုင်မြင်တွေ့ပြီးနောက် သူတို့သည် ဖြစ်ပျက်လာတော့မည့်အရာနှင့်ပတ်သက်၍ ထင်မြင်ချက်တစ်ခုကို တွေးမိလိုက်ကြသည်။

မြူတိမ်တိုက်ကြီးကို မထိန်းချုပ်နိုင်ပါက ယွမ်ဟိုင်စီရင်စုကို ဖုံးလွှမ်းသွားရန် လဝက်သာကြာမည်ဖြစ်သည်။

၄င်းက အလွန်တရာ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။ ယွမ်ဟိုင်စီရင်စုက လျင်မြန်စွာတိုးတက်နေသည့်ခုလတ်တွင်ဖြစ်၍ ဤကနဦးအဆင့်တွင် အချိန်နှောင့်နှေးခဲ့ပါက ဆုံးရှုံးမှု ကြီးမားသော ရေရှည်အကျိုးဆက်များ ဖြစ်စေနိုင်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ယပ်တောင်အစုတ်ကြီးထံမှ ပြန်ရောက်လာခဲ့၍ မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်တို့ကို သူ ပြန်လာပြီဖြစ်ကြောင်း အသိပေးရန် သူ၏နတ်ဘုရားအာရုံကို စေလွှတ်လိုက်သည်။ ထိုနှစ်ယောက်သည် ရံဖန်ရံခါ သူ ပျောက်သွားခြင်းအတွက် လျှို့ဝှက်သောအကြောင်းပြချက်တစ်ခုခုရှိကြောင်း အချိန်အတော်ကြာကတည်းက သတိထားမိခဲ့ပြီးဖြစ်သည်။

အမှန်ပင် သူတို့တစ်ယောက်မှ ၄င်းကို မမေးဝံ့ပေ။ ပိုင်ရှောင်ချန်း၏နတ်ဘုရားအာရုံက သူတို့ကို ထိသည်နှင့်တစ်ပြိုင်နက် သူတို့က မြူတိမ်ကြီးနှင့် ရွှမ်ကျုံးပြည်နယ် စီရင်စုပြဿနာကို စိတ်မချမ်းမြေ့စွာ ရှင်းပြလိုက်သည်။

"ပြည်နယ်တစ်ခုလုံး ပင့်ကူအိမ်တွေနဲ့ ဖုံးသွားတယ်။ မြူနဲ့ ထိသမျှလူတိုင်း သေကုန်တယ်လား "

ပိုင်ရှောင်ချန်းမှာ သိသိသာသာတုန်လှုပ်သွား၏။ သိသာထင်ရှားစွာပင် ဤကိစ္စသည် အသေးအမွှားကိစ္စမဟုတ်သောကြောင့် သူက အရင်ဆုံး သူတော်စင်ဧကရာဇ်မြို့တော်ကို အစီရင်ခံစာတစ်ခု ပေးပို့လိုက်သည်။

အကြောင်းပြန်စာကို စောင့်နေသည့်အတောအတွင်း ယွမ်ဟိုင်စီရင်စု ပျက်စီးခံလာရမည်ကို သူ စိုးရိမ်ကာ အချိန်မဖြုန်းလိုသဖြင့် သူ့ကိုယ်သူ အခြေအနေက မည်မျှအန္တရာယ်များကြောင်း မတွေးတောရန် ဖိအားပေးလိုက်ပြီး ကိုယ်တိုင်သွားရောက်စစ်ဆေးရန် ပျံထွက်သွားသည်။ အမှန်ပင် သူသည် မဟာကောင်းကင်သခင်နှင့်သရဲကြီးဘုရင်အပါအဝင် အမျိုးမျိုးသော လက်အောက်ငယ်သားများအား သူနှင့်အတူ ခေါ်ဆောင်သွား၏။

မကြာမီ သူတို့သည် ကျယ်ပြန့်လာသော မီးခိုးရောင်မြူတိမ်ကြီး၏ အပြင်ဘက် နယ်စပ်အနားရောက်သွားကြသည်။ ပိုင်ရှောင်ချန်းက ၄င်းကို မြင်သောအခါ အလွန်တုန်လှုပ်သွားလေသည်။

" အဲဒါ ဘာကြီးတုန်း "

သူက တွေး၍ ချင်ချင်းပင် စိတ်ထဲတွင် ဆဲဆိုတော့သည်။ မြူတိမ်ကြီးသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းနီးပါး အလွန်လျင်မြန်စွာ ရွေ့လျားနေ၏။ ထို့အပြင် သူ၏နတ်ဘုရားအာရုံမှာ ၄င်းကို နည်းနည်းလေးပင် မဖောက်ထွင်းနိုင်ပေ။

ကောင်းကင်တံတားဒေသမှာတုန်းက ယခုလို အန္တရာယ်ကြီးအား ပက်ပင်းတိုးလျှင် ထွက်သာ ပြေးမည်ဖြစ်သည်။ သို့သော် ယခုတွင် သူက ယွမ်ဟိုင်စီရင်စု၏ အစွမ်းထက်ဆုံးပညာရှင်တစ်ယောက်ဖြစ်နေ၍ ဘောက်မဲ့ကြောင့် ထွက်ပြေးနိုင်မည်နည်း။

မည်သည့်လုပ်ရမည်နှင့်ပတ်သက်၍ သူ ဝေခွဲရခက်နေကာ အံတင်းတင်းကြိတ်၍ လိုက်ပါလာသူများကို နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ထို့နောက် သူက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို အကာအကွယ်အသွင်ဖြင့် သူ၏ပတ်လည်တွင် ဝန်းရံစေလိုက်သည်။ နောက်ဆုံးတွင် သူက မြူများအထဲဝင်၍စစ်ဆေးရန် ဆုံးဖြတ်လိုက်လေသည်။

သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်းကို အလွန်အန္တရာယ်များသည့်အရာ မလုပ်ဆောင်ဖို့ တားဆီးရန် စိုးရိမ်တကြီး တွေးနေသည်။ သို့သော် တိမ်တိုက်ကြီးက ယွမ်ဟိုင်စီရင်စုအတွင်း လျင်မြန်စွာ ပျံ့နှံ့လာနေသည်ကိုထည့်တွက်ပါက သူနှင့် မဟာကောင်းကင်းသခင်မှာ အလွန်စိတ်ပူနေတော့သည်။

" သူ အဆင်ပြေသွားမှာပါ " မဟာကောင်းကင်းသခင်က တိုးညင်းစွာ ပြော၏။

" သူက ကောင်းကင်ဧကရာဇ်တစ်ပါးလေ။ ပြီးတော့ သတိလဲ အရမ်းရှိတယ်။ သူ့ရဲ့ကျင့်ကြံခြင်းအခြေအဆင့်ကို စဥ်းစားရင် တတယ်သေစေနိုင်လောက်တာ တစ်ခုကိုမှ မတွေ့လောက်ပါဘူး "

သရဲကြီးဘုရင်မှာ သက်ပြင်းသာချပြီး ခေါင်းညိတ်လိုက်သည်။ သို့နှင့် သူတို့သည် ပိုင်ရှောင်ချန်းက မြူတိမ်ကြီးထဲ ဝင်ရောက်သွားစဥ် နောက်တွင် စောင့်နေရစ်ခဲ့လေသည်။

သူ မြူထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ပင်လယ်ရေထဲတွင် လမ်းလျှောက်နေရသည့်အလား သူ၏အမြန်နှုန်းကို များစွာနှေးသွားစေပြီး သူ့ကို ဆွဲငင်နေသော အရာတစ်ခုကို ခံစားလိုက်ရသည်။

ကြည့်ရသရွေ့ နေရာတိုင်းတွင် စွမ်းအားကြီးသော ဖိအားတစ်ခု သက်ရောက်နေပုံရလေသည်။

သို့သော် သူ၏ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအခြေခံက သူ့ကို ပင်လယ်ရေများက ကွေ့ဝိုက်စီးသွားရုံမှတစ်ပါး မတတ်နိုင်စေသော ကျောက်ဆောင်ကြီးပမာ ပြုလုပ်ပေးသည့်အတွက် စိတ်သက်သာရာရသွား၏။

သူက အတန်ငယ်ယုံကြည်ချက်ရှိလာပြီး အရှိန်တင်လိုက်ရာ မကြာမီ မြူများ၏ ရင်းမြစ်ဖြစ်သော ရွှမ်ကျုံးပြည်နယ် အနားရောက်သွားလေသည်။

သူ ပထမဆုံး တွေးလိုက်မိသည်မှာ ၄င်းသည် ဧရာမအမျှင်ဥအိတ်ကြီးပမာ တူနေခြင်းဖြစ်သည်။ ထိုမျှသာမက ၄င်းထုတ်လွှတ်နေသည့် အန္တရာယ်များသော အရှိန်အဝါမှာ အလွန်တရာစိုးရိမ်ဖွယ်ကောင်းကြောင်း သူ သိလိုက်၏။

" သေစမ်း။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"

သူက ကြောက်လန့်တုန်ရီလျက် သိပ်သည်းထူထပ်ပြီး မထိုးဖောက်နိုင်သော ပင့်ကူအိမ်များကို ကြည့်၍ ရွှမ်ကျုံးပြည်နယ်အနား ချဥ်းကပ်သွားလေသည်။ သူ စိတ်မသက်မသာ ဖြစ်နေ၍ မည်သည့်အရာကိုမှ အလောတကြီးမလုပ်ဘဲ ပင့်ကူအိမ်များကို စစ်ဆေးရန် ပြည်နယ်၏ အစပ်နားသာ ပျံသန်းသွားလိုက်သည်။

ခြောက်နာရီကြာပြီးနောက် သူက ပြည်နယ်တစ်ပတ်လုံးနီးပါးပတ်ပြီးသွားသော်လည်း မည်သည့်ဝင်ပေါက်တစ်ခုကိုမှ မတွေ့ရပေ။ သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်လာကာ ပင့်ကူအိမ်က ဘယ်လောက်အထိ သန်မာလဲ ကြည့်ရန်အတွက် လက်သီးဖြင့်ထိုးရန် စဥ်းစားလိုက်သည်။ ထိုအချိန်တွင် သူ၏မျက်နှာအမူအရာ ရိပ်ခနဲ လက်သွားပြီး မြူများထဲက မတူညီသောအရပ်မျက်နှာကို လှည့်ကြည့်လိုက်သည်။

တဖြေးဖြေးနှင့် ခပ်လှမ်းလှမ်းမှ အမျိုးသမီးတစ်ယောက် ပေါ်လာသော်လည်း သူက မည်သူဖြစ်ကြောင်း မမြင်ရပေ။ သူမက ပိုင်ရှောင်ချန်းကို မြင်သောအခါ အနားကပ်လာ၏။ မကြာမီ သူမသည် မျက်နှာကိုမြင်ရသည်အထိ နီးကပ်လာလေသည်။

" ကုန်းစွန်းဝမ်အာ "

သူက လေသံအေးအေးဖြင့် နှုတ်ဆက်လိုက်သည်။

" ပိုင်ရှောင်ချန်း "

သူမက ပြန်ဖြေသည်။ မကြာမီ သူမသည် သူ၏ရှေ့တည့်တည့် ရောက်လာ၏။ သိသာစွာပင် သူတို့နှစ်ယောက်လုံး မည်သည့်အတွက်ကြောင့် ဤနေရာရောက်နေသည်ကို ရှင်းပြရန် မလိုအပ်ပေ။

ယခုလောလောဆယ်တွင် အဖြစ်အပျက်များ မည်မျှထူးခြားဆန်းကြယ်နေသည်ကို ထည့်တွက်ပါက ပိုင်ရှောင်ချန်းသည် ကုန်းစွန်းဝမ်အာနှင့်အတူရှိနေရသည့်အတွက် အမှန်တကယ် ပျော်ရွှင်သွား၏။ သူက အလ္လာပသလ္လာပြောခြင်းအားဖြင့် အချိန်မဖြုန်းတော့ဘဲ သိသမျှအကြောင်းစုံအား သူမကို ဖောက်သည်ချလိုက်သည်။

" မြူတွေက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့အမြန်နှုန်းနဲ့ ပြန့်ကားလာတာ။ ဖုံးလွှမ်းမိသမျှ မြေကြီးတွေကို တိုက်စားပြီးတော့ ထိမိသမျှအရာအားလုံးရဲ့သက်စောင့်အားကို စုပ်ယူပစ်တယ်။ အထူးဆန်းဆုံးက တည်နေရာရွှေ့ပြောင်းပစ်လိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် တည်နေရာရွှေ့ပြောင်းတာနဲ့တူတဲ့တစ်ခုကိုသုံးပြီးတော့ပဲဖြစ်ဖြစ် သက်စောင့်အားတွေ နုတ်ယူပစ်တာပဲ။ “

" ဒီပင့်ကူအိမ်က ဝင်ပေါက်တွေမရှိတဲ့ ဖွဲ့စည်းတည်ဆောက်မှုကြီးတစ်ခုပဲ။ ငါ အခုထိတော့ တိုက်ကွက်ထုတ်ပြီး မစစ်ဆေးကြည့်ရသေးပေမယ့် ဒီအပေါ် သုံးလိုက်တဲ့ နတ်ဘုရားအစွမ်းက တစ်ခုခု လှုံ့ဆော်လိမ့်မယ် ထင်တယ်။ ငါတို့ ခပ်ပြင်းပြင်းထုရင် တစ်ချက်တည်းနဲ့ ဝင်လို့ရရင်ရမယ်။ မဟုတ်ရင် အထဲဝင်နိုင်ဖို့ အချိန်တော်တော်ကြာလောက်မှာ "

ကုန်းစွန်းဝမ်အာက အချက်အလက်များအားလုံး ကြေညက်စေရန် အချိန်တခဏယူလိုက်ပြီးနောက် သူမ ရှာဖွေတွေ့ရှိခဲ့သည့် အကြောင်းအရာအနည်းငယ်ကို ပိုင်ရှောင်ချန်းအား ဆက်ပြောပြလေသည်။

သူမက အသံကို နှိမ့်၍ ပြောသည်။

" လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ငါ ဒီနေရာကို စစ်ဆေးဖို့ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက် စေလွှတ်ခဲ့တယ်။ အဲဒီတုန်းက မြူတွေက အခုလို ထုနဲ့ထည်နဲ့ မဖြစ်သေးဘူး ဝင်ဖို့လမ်းတွေရှိသေးတယ်။ ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက် အထဲဝင်သွားပြီးတဲ့နောက် ... သူတို့ဆီက ဘာမှ ထပ်မကြားရတော့ဘူး “

" နောက်ပြီးတော့ ဒီမြူတွေက ပြောင်းလဲနေတယ်။ ငါတော့ သုံးရက်အတွင်း ဒါက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အမြန်နှုန်းနဲ့ ပြန့်ကားလာတော့မယ်လို့ ထင်မိတယ်။ ပြီးတော့ အဲဒါက နောက်ဆုံးမဟုတ်လောက်သေးဘူး "

ပိုင်ရှောင်ချန်းမှာ ထိုစကားကြောင့် သိသိသာသာ တုန်လှုပ်သွားတော့သည်။

နှစ်ယောက်စလုံး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ မိစ္ဆာဧကရာဇ်နိုင်ငံတော် သို့မဟုတ် သူတော်စင်ဧကရာဇ်နိုင်ငံတော်က စစ်ကူများလွှတ်မည်ကို ထိုင်စောင့်နေရန် အချိန်မရှိကြောင်း သိသာထင်ရှားသည်။ ယခုချက်ချင်း သူတို့ တစ်ခုခုလုပ်ရန် လိုအပ်လေသည်။

ရွေးချယ်စရာ အနည်းငယ်သာရှိသည်။ ပိုင်ရှောင်ချန်းက အံတင်းတင်းကြိတ်လိုက်ပြီး ကုန်းစွန်းဝမ်အာ၏ မျက်ဝန်းလေးများထဲတွင်မူ ပြတ်သားခြင်းအရိပ်အငွေ့များ လင်းလက်သွားသည်။ ကုန်းစွန်းဝမ်အာသည် သူမတစ်ယောက်တည်းဆိုပါက အန္တရာယ်ကို ရင်ဆိုင်ရန် ဆန္ဒရှိမည်မဟုတ်ပေ။ သို့သော် သူတို့က ကောင်းကင်ဧကရာဇ်များဖြစ်သည်ကို စဥ်းစားကြည့်ပါက ထာဝရအင်မော်တယ်နယ်မြေများတွင် သူတို့ မသွားနိုင်သော နေရာမရှိပေ။

သူတို့က တစ်ခုချင်း ဆွေးနွေးလိုက်ကြရာ ရိုးရှင်းသော အစီအစဥ်တစ်ခုကို တွေးမိကြပြီးနောက် သူတို့၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ဆင့်ခေါ်လိုက်သည်။ နတ်ဘုရားစွမ်းရည်များအား ပင့်ကူအိမ်၏ နေရာတစ်ခုတည်းအပေါ် ဦးတည်၍ ထုတ်လွှတ်လိုက်ကြသောကြောင့် တဝုန်းဝုန်းပေါက်ကွဲသံများ မြည်ဟည်းသွားလေသည်။

တုန်ခါလှိုင်းတစ်လုံး အရှိန်အဟုန်ပြင်းစွာ အရပ်မျက်နှာတစ်ခွင် ရိုက်ခတ်သွားပြီး ပင့်ကူအိမ်ကြီးမှာ ပူးပေါင်းတိုက်ကွက်၏စွမ်းအားကို ခံနိုင်သည့်ပုံပေါ်ကာ ဂယက်များထသွား၏။

သို့သော် ပင့်ကူအိမ်အကာသည် မကြာသေးမီကမှ ဖြစ်တည်လာခဲ့ပြီး ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့က ပြိုင်ဘက်ကင်း အစွမ်းထက်နတ်ဘုရားစွမ်းရည်များရှိေသာ ကောင်းကင်ဧကရာဇ်များဖြစ်ကြသည်။ တခဏကြာသော် ပင့်ကူအိမ်ကြီး တသိမ့်သိမ့်တုန်သွားပြီး အပေါက်တစ်ပေါက်ပွင့်လာ၏။

ချက်ချင်းပင် အပေါက်ထဲမှ မီးခိုးရောင်မြူအမြောက်အမြား စီးထွက်လာပြီး ပြန်ပိတ်လာတော့သည်။

" သွားမယ် "

ကုန်းစွန်းဝမ်အာက အပေါက်ထဲဝင်ရန် ရိပ်ခနဲလှုပ်ရှား၍ ပြောလိုက်သည်။ ပိုင်ရှောင်ချန်းမှာ သူ၏စိတ်လေးမှုများကို ဖိနှိပ်ကာ အားတင်း၍ နောက်မှလိုက်သွားတော့သည်။

All Chapters