← Chapters

ကြောက်မက်ဖွယ်ရွာကလေး

Vol. 12 Ch. 1134

ကြောက်မက်ဖွယ်ရွာကလေး

Vol. 12 Ch. 1134

ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့ ပင့်ကူအိမ်ထဲ ဝင်ပြီးနောက် အသက်ရှူချိန် ဆယ်ကြိမ်သာ ရှိသေးသည်၊ သူတို့နောက်ရှိ အပေါက်မှာ ပြန်ပိတ်သွား၏။ ထိုနေရာတွင် တစ်ခါက တည်ရှိခဲ့ဖူးသည်ကို ညွှန်ပြရန် အမှတ်အသားတစ်ခုတလေမှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။

ယခုတွင် သူတို့သည် အပြင်ဘက်ကမ္ဘာကြီးနှင့် ခွဲခြားခံလိုက်ရလေပြီ။

ဧရာမပင့်ကူအိမ်အခွံကြီး၏အတွင်းထဲတွင် ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့မှာ လွန်စွာလေးနက်တည်ကြည်နေသည်။ လောလောဆယ် သူတို့သည် လွင်ပြင်ကျယ်ကြီးတစ်ခုထဲ ရောက်ရှိနေကြ၏။

ပတ်ဝန်းကျင်တခွင် အပင်များသော်လည်းကောင်း၊ တောင်တန်းများသော်လည်းကောင်း မမြင်ရပေ။ မြေထုပင် ပက်ကြားအက်ကာ ခြောက်ကပ်နေသည့်အပြင် သက်စောင့်အားများ ကင်းမဲ့နေပုံရသည်။ အမှန်တကယ်ဆိုရပါက မျောလွင့်နေသော မြူများမှ အပ မည်သည့်အရာတစ်ခုမှ မရှိပေ။

ကုန်းစွန်းဝမ်အာက တိတ်ဆိတ်စွာ ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် ခပ်လှမ်းလှမ်းကို လက်ညှိုးထိုးပြလိုက်သည်။

" ငါ ရွှမ်ကျုံး ပြည်နယ်ကို နောက်ဆုံးတစ်ခေါက်ရောက်တုန်းက ဒီနေရာကို ဖြတ်သွားခဲ့တယ်။ အဲဒီတုန်းက ဟိုနေရာမှာ တောင်တန်းတစ်ခုရှိတာ သေချာမှတ်မိတယ်... "

ပိုင်ရှောင်ချန်းက ကုန်းစွန်းဝမ်အာ လက်ညှိုးထိုးပြသည့်နေရာကို ကြည့်လိုက်ရာ မည်သည့်အရာတစ်ခုကိုမှ မတွေ့ရပေ။

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်ချင်းစီ၏မျက်လုံးများထဲတွင် အကြောက်တရားများ၊ စိတ်ရှုပ်ထွေးမှုများရှိနေသည်ကို မြင်လိုက်ရသည်။

" စိတ်ဝင်စားစရာပဲ " ကုန်းစွန်းဝမ်အာက ပြောသည်။

" ထာဝရအင်မော်တယ်နယ်မြေထဲမှာ ငါတို့လို ကောင်းကင်ဧကရာဇ်တွေအတွက် အနှောင့်အယှက်ဖြစ်စေနိုင်တာ များများစားစား မရှိဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ရွှမ်ကျုံးပြည်နယ်က ခါတိုင်းလိုပါပဲ ရုတ်တရက်ကြီး ဒီလို ထဖြစ်လာတာ ... ငါမှတ်မိရသရွေ့ အရင်ကလဲ ဒီလိုမျိုးတစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး"

သူမက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် နတ်ဘုရားအာရုံတချို့ကို စေလွှတ်လိုက်သည်။ အရှိန်အဝါကြီးမားသော လူတစ်ယောက်ဖြစ်၍ သူမက သူမ၏တည်ရှိမှုကို ဖုံးကွယ်ရန် မည်သည့်အရာမှ မလုပ်သည့်အပြင် ကျင့်ကြံခြင်းအခြေခံ စွမ်းအားကိုပင် ထုတ်လွှတ်၍ သူမရောက်ရှိလာပြီကို ရွှမ်ကျုံး ပြည်နယ်အတွင်းရှိ ဖြစ်တည်မှုများအားလုံးကို ကြေညာလိုက်သည်။

အမှန်တွင် ပိုင်ရှောင်ချန်း၏ အကျင့်စရိုက်က အလွန် ကွဲပြားသည်။ သူက ဆောင့်ကြောင့်ထိုင်၍ မြေကြီးလက်တစ်ဆုပ် ကောက်ယူလိုက်သည်။

၄င်းမှာ ပြာမှုန်များထက် မပိုပေ။ သူက ၄င်းကို မှုတ်ထုတ်လိုက်ရာ လေထဲ လွင့်ပျယ်သွားလေသည်။ မျက်စိဖြင့် မြင်နိုင်သမျှအရာအားလုံး ထိုနည်းတူ ပြာအထပ်ထပ်ဖြင့် ဖုံးလွှမ်းနေတော့သည်။

" အပြင်က မြူဖုံးသွားတဲ့ နေရာတွေထက်တောင် ပိုဆိုးသေးတယ် "

သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။

ကုန်းစွန်းဝမ်အာက နတ်ဘုရားအာရုံကို ပြန်နုတ်ယူလိုက်စဥ် မျက်မှောင်ကြုတ်သွား၏။ ထူးဆန်းစွာ သူမ၏နတ်ဘုရားအာရုံကို အဆင့်တစ်ခုကျော်သည်အထိ စေလွှတ်ပြီးနောက်မှာပင် သူမသည် ၄င်းကို ပြန်မနုတ်ယူနိုင်၍ လွင့်ပြယ်စေလိုက်ရသည်။

သူမက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်ကာ သူမ၏နဖူးကို လှမ်းထိပြီးနောက် နတ်ဘုရားအာရုံအချို့ ထပ်မံပို့လွှတ်လိုက်သည်။

" ရှေ့မှာ ရွာတစ်ရွာရှိတယ် " သူမက ပြောသည်။

" အဲဒီမှာ အသက်ရှင်နေတဲ့အရာတစ်ခု ရှိနေတယ်။ နတ်ဘုရားအာရုံဝင်မရလို့ ဘာလဲ ပြောဖို့တော့ ခက်တယ် "

ထို့နောက် သူမက ရိပ်ခနဲလှုပ်ရှားလိုက်သည်။ ပိုင်ရှောင်ချန်းမှာမူ သူ၏မတင်မကျဖြစ်နေမှုများကို ဖိနှိပ်၍ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး သူမနောက်လိုက်သွားလေသည်။

အရာအားလုံးသည် လေပင်မတိုက်ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ ထူးဆန်းစွာ ကောင်းကင်ကြီးဖြစ်သည့် ပင့်ကူအိမ်အကာသည် စူးရှတောက်ပစွာ လင်းလက်နေသဖြင့် သိပ်မှောင်မိုက်မနေပေ။ သာမန်လူများအနေဖြင့် မြင်နိုင်မည် မဟုတ်သော်လည်း ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာ၏ ကျင့်ကြံခြင်းအခြေခံကို စဥ်းစားကြည့်ပါက အရာအားလုံးကို ပြတ်ပြတ်သားသား မြင်နိုင်ကြ၏။

သူတို့သည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများထက် သာလွန်သောအမြန်နှုန်းဖြင့် ရွှေ့လျားနေကြသည်။ အရွယ်အစားအားဖြင့် ခြုံငုံပြောရလျှင် ရွှမ်ကျုံး စီရင်စုသည် အမှန်တကယ်တွင် ကောင်းကင်တံတားဒေသနှင့် အရွယ်အစားတူသလောက်ရှိသော်လည်း သူတို့၏လက်ရှိအမြန်နှုန်းဖြင့် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာကြာချိန်အတွင်း ရွာလေးတစ်ရွာကို မြင်လိုက်ကြလေသည်။

အတိတ်တုန်းက ရွာလေးသည် ထင်းခနဲမြင်သာလောက်မည် မဟုတ်သော်လည်း ယခုတွင် ရှင်းရှင်းလင်းလင်း တွေ့နေရသည်။ ရွာပတ်ပတ်လည်တွင် ပြာများမှလွဲ၍ မည်သည့်အရာတစ်ခုမှ မတည်ရှိပေ။ ဆန့်ကျင်ဖက်အနေဖြင့် ရွာကလေးသည် မူလအခြေအနေအတိုင်းဖြစ်နေပြီး မီးအိမ်ကလေးများ မှိတ်တုတ်မှိတ်တုတ် နှင့် မီးခိုးများပင် ပိုးအိမ်များမှ လေထဲသို့ မြင့်တက်နေကြသည်။

ထိုအခြင်းအရာက ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာကို ပို၍သာ စိတ်ထင့်သွားစေ၏။ သို့သော် သူနှင့် ကုန်းစွန်းဝမ်အာက နီးသထင် နီးကပ်လာကြစဥ် သူ၏စိတ်တွင်း၌ အန္တရာယ်အာရုံတစ်ခုမှ ပေါ်ပေါက်မလာပေ။

သူတို့က ရွာ၏အပြင်ဘက်တွင် ရပ်လိုက်ကြပြီး ထိုအချိန်တွင် မိန်းကလေးတစ်ယောက်၏ ရယ်မောသံက ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွင်း၍ လွင့်မျောလာလေသည်။

ထိုရယ်သံက ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာက၏ အမူအရာကို ရိပ်ခနဲဖြစ်သွားစေသည်။

“ ဟီး ဟီး ဟီး … “

ပို၍ပင် ထူးဆန်းသည်က ရယ်သံမှာ မရပ်မနားဆက်လက်ထွက်ပေါ်လာခြင်းပင်။ နောက်ဆုံးတွင် ကုန်းစွန်းဝမ်အာက အေးစက်စက်နှာမှုတ်လိုက်သည်။

" ဘယ်သူက ငါ့အရှေ့မှာ ရာရာစစ ခြောက်ရဲတာလဲ" သူမ၏ မျက်ဝန်းလေးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော တစ္ဆေမီးတောက်တစ်ခု တောက်လောင်လာရင်း သူမက ရွာထဲ ပျံသန်းလိုက်သည်။ ယခုတွင် ပိုင်ရှောင်ချန်းသည် သရဲမယ်တော်နှင့်ယှဥ်လျှင် အခြားသရဲများအားလုံး သေးသိမ်သွားသည်ကို တွေးလိုက်မိသည်။ သူ အတန်ငယ်စိတ်အေးသွားကာ သူမ၏နောက်မှ ရွာထဲ ဦးတည်လိုက်သည်။

ရွာသည် သိပ်မကြီးဘဲ အိမ်ခြေတစ်ရာမျှသာ ရှိသည်။ လမ်းသွယ်များသည် ရွာစည်းရိုးအပြင်ရှိ ဖုန်ထူသောကမ္ဘာကြီးနှင့် လွန်စွာကွဲပြားလျက် သန့်ရှင်းနေ၏။ အိမ်များ၏ ပြတင်းပေါက်များတွင် အလင်းများပင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။

သို့သော် ပိုင်ရှောင်ချန်းက နတ်ဘုရားအာရုံများ ထုတ်လွှတ်လိုက်သည်တွင် အမှန်စင်စစ် မည်သည့်သက်ရှိကိုမှ အာရုံမရကြောင်း သတိထားမိလိုက်သည်။ သူ၏မျက်နှာ အတန်ငယ်ရှုံ့မဲ့သွား၏။

ကုန်းစွန်းဝမ်အာက အိမ်တံခါးအချို့ကို တွန်းဖွင့်လိုက်ပြီး မကြာခင် လူသူကင်းမဲ့နေကြောင်း တွေ့လိုက်လေသည်။ အချို့စားပွဲများမှာ အစားအသောက်များ တည်ခင်းထားသော်လည်း ထိုင်စားနေသူ တစ်ယောက်မှ မရှိပေ။

ဤရွေ့ဤမျှသာဆိုပါက ရေးကြီးခွင်ကျယ်မဖြစ်လောက်ပေ။ သို့သော် ထိုကလေးမလေး၏ အဆုံးမရှိသော ရယ်သံများက သူတို့၏နားများကို အဆက်မပြတ် ထိုးနှက်နေ၏။ ထို့ပြင် ရွာထဲဝင်လာပြီးနောက်မှာပင် ရယ်သံ၏ ရင်းမြစ်ကို မသိရသေးပေ။ ကလေးမလေးက နေရာတိုင်းမှာ တည်ရှိေနသည့်အလားပင်။

နတ်ဘုရားအာရုံပင် ကလေးမလေးကို ရှာဖွေရန် အသာထား၊ ရယ်သံ၏ရင်းမြစ်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။

ပို၍ နေမထိမထိုင်သာ ဖြစ်စေသည်က တဟီးဟီးရယ်သံမှာ မြန်သည်ထက် မြန်လာကာ ပိုင်ရှောင်ချန်း၏ နှလုံးသားထဲတွင် ဖြစ်လာတော့မည့်အန္တရာယ်ကို အာရုံရလာသည်။ ထို့နောက် မည်သည့်သတိပေးချက်တစ်စုံတရာမရှိဘဲ ရယ်သံက တိခနဲ ရပ်သွား၏။

ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာက စစ်ဆေးရန် လှည့်မကြည့်နိုင်ခင် ထိုကလေးမလေး၏ အသံကို ထပ်ကြားလိုက်ရပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် ကလေးမလေးက ရယ်နေခြင်းမဟုတ်ဘဲ ငိုနေခြင်းဖြစ်သည်။

ကလေးမလေး၏ တရှုံ့ရှုံ့ငိုသံတွင် ခါးသီးနာကျည်းခြင်း၊ စိတ်ပျက်အားငယ်ခြင်းနှင့် အမျက်ဒေါသတို့ပင် ပြည့်နှက်နေပြီး ရယ်သံထက် ပိုကျယ်လောင်သည်။ ထိုအချိန်တွင် ယခင်က တည်ငြိမ်နေသော ရွှမ်ကျုံးပြည်နယ်သည် ရုတ်တရက် လေပြင်းမုန်တိုင်းတစ်ခုဖြင့် ပြည့်နှက်သွား၏။

ခပ်အုပ်အုပ် မိုးခြိမ်းသံများက အဆုံးမရှိသော ပြာမှုန် ၊ သဲမှုန်များဖြင့် ပြည့်နှက်နေသော လေထဲ ပဲ့တင်ထပ်သွားသည်။ ထိုအချိန်တွင် ခေါင်းမွှေးထောင်စေသော အန္တရာယ်ခံစားချက်ကြီးတစ်ခု ပိုင်ရှောင်ချန်း၏ရင်ထဲ မြင့်တက်လာတော့သည်။

" ကုန်းစွန်းဝမ်အာ … မင်းက သရဲမယ်တော်မလား။ ဒီနားတစ်ဝိုက်က သရဲတွေကို မင်း မြန်မြန်လိုက်ရှာလို့မရဘူးလား "

ထိုအချိန်တွင် သူက သူမကို လှည့်ကြည့်ရာ သူမပျောက်ကွယ်သွားခဲ့သည်ကိုသာ တွေ့လိုက်ရ၏။

သူ ချက်ချင်းပင် ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို စဥ်းစားပါက ဤနေရာမှ ကုန်းစွန်းဝမ်အာ ထွက်ခွာသွားခဲ့လျှင် သူ ပြောနိုင်သင့်သည်။ သို့သော် သူမကို မည်သည့်နေရာတွင်မှ မမြင်ရပေ။

" ဒီနေရာက တော်တော် ကြက်သီးထစရာကောင်းတာပဲ " သူက တွေးသည်။

" ကုန်းစွန်းဝမ်အာ ထွက်သွားတာ မဖြစ်နိုင်ရင် ဖြစ်နိုင်တာ တစ်ခုပဲရှိတယ်။ အကွာအဝေးကို ထပ်သွားစေတဲ့ မန္တန်ဝင်္ကပါ တစ်ခုရှိကိုရှိရမယ် "

သူက သူ၏နတ်ဘုရားအာရုံကို လျင်မြန်စွာ ပို့လွှတ်၍ တစ်ဆက်တည်းမှာပင် သူ၏ အိတ်ကိုပုတ်ကာ ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ထုတ်လိုက်သည်။ မီးတောက်အလင်းက ပတ်ဝန်းကျင်ကို ဖြန့်ကျက်သွားချိန်မှာပင် သူက မီးတောက်ကို မြေပြင်ပေါ် ပစ်ချလိုက်လေသည်။

တပွက်ပွက်ဆူနေသော ဆီကန်ထဲ့သို့ ရေစက်တစ်စက် ချလိုက်သည့်အလား ကြီးမားသော ပေါက်ကွဲမှုကြီးက နောက်ဆက်တွဲဖြစ်ပေါ်လာ၏။

မီးတောက်များက ဖုံးကွယ်ထားသော အကာတစ်ခုကဲ့သို့ အရာကို ဖယ်ရှားကာ အရပ်မျက်နှာတစ်ခွင် တဟုန်းဟုန်းတောက်သွားသည်။ ထိုသို့ဖြစ်သွားသည်နှင့် ကုန်းစွန်းဝမ်အာ ပေါ်လာတော့သည်။

သူမက အံ့သြသွားပုံရသော်လည်း တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းကို မြင်လိုက်ရသည့်အတွက် စိတ်သက်သာရာရသွားလေသည်။ ထိုအချိန်တွင် ဆယ့်ငါးရောင်ခြယ်မီးတောက်၏ ပေါက်ကွဲမှုက ရွာကို ဝါးမျိုသွားသည်ဖြစ်၍ ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့မှာ တဟုန်းဟုန်းတောက်နေသော မီးပင်လယ်ထဲ ရောက်သွားပြီး အဆောက်အအုံများစွာသည်လည်း ပြာကျသွားလေသည်။

မီးများ လောင်ကျွမ်းနေချိန်မှာပင် ငိုသံက ဆက်လက် ထွက်လာနေ၏။ သို့သော် ရွာထဲရှိ အိမ်ခြေတစ်ရာနီးပါး မီးလောင်ပြာကျသွားစဥ် အဆောင်အဦတစ်ခု၏ ဒုတိယထပ်တွင် သစ်သားခုတင်လေးတစ်လုံးရှိကြောင်း သတိထားမိလိုက်သည်။ ထိုခုတင်ပေါ်တွင် လှဲနေသည်က ပိုင်ရှောင်ချန်းကို ကြည့်ကာ ငိုရှိုက်နေသော ... ရုပ်သေးရုပ်တစ်ရုပ်ပင်။

All Chapters