← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း။ ၁၁၁

တကယ်လို့သာ အဲဒီလိုမျိုး အစွမ်းထက်တဲ့ ကတ်တစ်ချပ် ရှိနေခဲ့ရင် အင်အားကြီးတဲ့ ရန်သူတွေ လာတိုက်တုန်းက ဘာလို့ ထုတ်မသုံးခဲ့ကြတာလဲ။

ဟွမ်းချိန်သည် အတော်ကြာအောင် စဉ်းစားသော်လည်း အဖြေရှာမရသဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဟန်ကျိယု၏ ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်လိုက်ရာ အေးစက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ခန္ဓာကိုယ် အေးစက်နေခြင်းက ထိုသူသေဆုံးသွားသည်မှာ အတန်ကြာပြီဖြစ်ကြောင်း သက်သေပြနေသည်။

သို့သော် သူ ယွန်းလန်တောင်ပေါ်မှ မြို့စားစံအိမ်သို့ ပြန်သွားပြီး တောင်ပေါ်သို့ ပြန်ရောက်လာသည့် အချိန်မှာ အလွန်ဆုံးကြာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သည်။

"နာရီဝက်... ဒါမှမဟုတ် အဲဒီထက်တောင် ပိုမြန်တဲ့ အချိန်အတွင်းမှာ နက်နဲသောအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို အပြတ်အသတ် သတ်ဖြတ်နိုင်တာက... တကယ်တော့ ဘာဖြစ်နေမလဲ"

အခြားသူများအတွက် နက်နဲသောအဆင့်၏ အစွမ်းမှာ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နက်နဲသောအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် ဟွမ်းချိန်အတွက်မူ ၎င်းမှာ မည်မျှ ထိတ်လန့်ဖွယ်ကောင်းကြောင်း ကောင်းကောင်းသိသည်။

ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် ကျင့်ကြံသူတိုင်းအတွက် နက်နဲသောအဆင့်သို့ တက်လှမ်းရန်မှာ အလွန်ခက်ခဲသော လမ်းစဉ်ဖြစ်ပြီး ကောင်းကင်ဘုံနှင့် မြေကြီးကဲ့သို့ ကွာခြားလှသော ချောက်ကမ်းပါးကြီးတစ်ခုလည်း ဖြစ်သည်။

နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းမှာ အောက်ခြေအဆင့်မှ လူများအတွက် မှန်းဆ၍မရနိုင်သော အရာဖြစ်သည်။ အစွမ်းထက်ရုံသာမက နက်နဲသောအဆင့်သို့ ရောက်ရန် နှစ်ပေါင်း ၂၀၊ ၃၀ ခန့် အချိန်ယူခဲ့ရသဖြင့် သူတို့၏ တိုက်ခိုက်ရေးအတွေ့အကြုံနှင့် အာရုံခံစားမှုများမှာလည်း ထူးကဲသည်။

"ဒီလောက်အထိ အရည်အချင်းရှိတဲ့သူကို အချိန်တိုလေးအတွင်းမှာ သတ်ပစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ။ ဒါကြောင့်လည်း နက်နဲသောအဆင့်ကျင့်ကြံသူအချင်းချင်း တိုက်ခိုက်ကြတာက အရမ်းကို ရှားပါးနေတာပေါ့။

သွေးကြောတံခါးကနေ သွေးကြောစွမ်းအင်တွေကို အဆက်မပြတ် ထောက်ပံ့ပေးနေတာဆိုတော့... တစ်ယောက်ကိုတစ်ယောက် သတ်ဖို့ဆိုတာက တကယ်ကို ခက်ခဲလွန်းတယ်။ ပိုပြီးမြင့်မားတဲ့ နယ်ပယ်က ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ရင်ပေါ့...

ဒါပေမဲ့ အဲဒီလောက်အထိ အစွမ်းထက်တဲ့သူသာ ရှိနေမယ်ဆိုရင် အရှေ့အိုင်တစ်ခုလုံးကိုတောင် လွှမ်းမိုးထားနိုင်မှာလေ။ အဲဒီလိုလူမျိုးက ဘာလို့ ဆုတ်ယုတ်ပျက်စီးနေတဲ့ မသေမျိုးဂိုဏ်းထဲမှာ အောင်းနေမှာလဲ။

ဒါဆိုရင်တော့... မသေမျိုးဂိုဏ်းထဲမှာ ပုန်းကွယ်နေတဲ့ ဒီလောက်အထိ အစွမ်းထက်တဲ့ လျှို့ဝှက်ချက်က တကယ်တော့ ဘာများဖြစ်နေမလဲ..."

ဟွမ်းချိန်က "ဒီကောင်လေးက သူ့ဦးလေးဖြစ်တဲ့ ငါ့ကိုတောင် လျှို့ဝှက်ချက်တွေ အများကြီး ထိမ်ချန်ထားတာပဲ" ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထို့နောက် သူက နောက်ကွယ်မှ လူများကို ထပ်မံမှာကြားလိုက်သည်။

"ငါ့ကို ဒီမှာပဲ စောင့်နေကြဦး"

"ဗျာ..."

လင်းပိုင် ကြောင်အသွားသည်။

ထပ်ပြီး စောင့်ရဦးမှာလား။

သူ စကားမပြောနိုင်ခင်မှာပင် ဟွမ်းချိန်မှာ တောင်ပေါ်သို့ တစ်ဦးတည်း တက်လှမ်းသွားသည်ကို မြင်လိုက်ရတော့သည်။

ဤအချိန်တွင် ဝမ်ပင်းမှာ တင်းယွီဆောင်ထဲတွင် ရောက်ရှိနေပြီး သူရရှိခဲ့သော ရွှေဒင်္ဂါး တစ်သောင်းတန် ရွှေလက်မှတ်ငါးစောင်ကို ကိုင်ထားသည်။

သူသည် ဝဲကယက်မြေပုံကိုလည်း စိတ်မဝင်စားသလို အစွန်းရောက်နယ်ပယ်တောင်မှ သခင်လေး ဘာကို လိုချင်နေသည်ကိုလည်း ဂရုမစိုက်ပေ။ ယနေ့ သူအပျော်ဆုံးအချက်မှာ ဤရွှေလက်မှတ် ငါးစောင်ကို ရရှိလိုက်ခြင်းပင်။

"အချိန်ကိုက် အကူအညီဆိုတာ ဒါမျိုးကို ခေါ်တာပဲ။ ဟန်ကျိယုတို့အဖွဲ့က ငါ အတိအကျ လိုအပ်နေတဲ့အချိန်မှာတင် ညဘက်ကြီး လာပေးသွားကြတာပဲ။

ဒီငါးသောင်းနဲ့ဆိုရင် ငါ့လက်ထဲမှာရှိတဲ့ ရှစ်သောင်းကျော်၊ ပြီးတော့ ကျင့်ကြံခြင်းကွင်းပြင်ကနေ လွန်ခဲ့တဲ့ ရက်ပိုင်းက ရထားတဲ့ ဝင်ငွေတွေပါ အကုန်ပေါင်းလိုက်ရင်... ရွှေဒင်္ဂါး တစ်သိန်းလေးသောင်းလောက် ရှိနေပြီ။ ဒါဆိုရင်တော့ တင်းယွီဆောင်ကို အဆင့်မြှင့်ဖို့ဆိုတာ သေချာပေါက် ဖြစ်နိုင်သွားပြီပဲ"

"စနစ်... တင်းယွီဆောင်ကို အဆင့်မြှင့်မယ်"

ဝမ်ပင်း ပြောပြီးသည်နှင့် တပြိုင်နက် စနစ်က သူ့ကို တင်းယွီဆောင်အပြင်ဘက်သို့ တိုက်ရိုက် ပို့ဆောင်လိုက်သည်။

[အဆင့်မြှင့်တင်မှု စတင်နေပြီ...]

[အဆင့်မြှင့်ရန် ကျန်ရှိချိန် ၆ နာရီ]

[ မိစ္ဆာဝိညာဉ်ဓားရဲ့ စွမ်းရည်ကို နက်နဲသောအဆင့် အဆင့်မြင့်အထိ အဆင့်မြှင့်တင်ပေးလိုက်ပါပြီ။ အခုဆိုရင် ရန်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ခုခံနိုင်စွမ်းကို ပယ်ဖျက်လိုက်နိုင်သလို အရာအားလုံးကို လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ စွမ်းရည်အသစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ သခင့်ရဲ့ တိရစ္ဆာန်ကိုလည်း ငရဲသွေးမျိုးဆက်အဖြစ် ပြောင်းလဲလိုက်ပြီမို့ သူဟာ ငရဲခွေးအဖြစ် ဆင့်ကဲပြောင်းလဲသွားပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ အပြင်ပန်း အသွင်အပြင်ကတော့ အရင်အတိုင်းပဲ ပြောင်းလဲမှာ မဟုတ်ပါဘူး]

"ဒါကတော့ အပြတ်အသတ် အနိုင်ပဲ"

သူ့လက်ထဲတွင် ရွှေဒင်္ဂါး လေးသောင်းသာ ကျန်တော့သဖြင့် သူဌေးလေးဘဝမှ ဆင်းရဲသားဘဝသို့ ပြန်ရောက်သွားသော်လည်း ရွှေဒင်္ဂါးတစ်သိန်း၏ အကျိုးကျေးဇူးကတော့ အံ့မခန်းပင်။

နက်နဲသောအဆင့်မြင့်၏ အစွမ်းမှာ အရှေ့အိုင်တွင် ပြိုင်ဘက်ကင်းသလောက်ပင်။ အရာအားလုံးကို လက်နက်အဖြစ် သုံးနိုင်သည့် စွမ်းရည်က ပို၍ပင် အစွမ်းထက်သေးသည်။

"အခုဆိုရင် အရာအားလုံးကို လက်နက်အဖြစ် အသုံးချနိုင်ပြီး ငါ မြင်းစီးရင် အဲဒီမြင်းက ငရဲမြင်းဖြစ်သွားမယ်။ လှံကိုကိုင်လိုက်ရင်လည်း ငရဲလှံဖြစ်သွားလိမ့်မယ်။ နောက်ဆုံး ရထားလုံးကို စီးရင်တောင်မှ မီးတောက်တွေ တဟုန်းဟုန်းတောက်နေတဲ့ ငရဲရထားလုံးအဖြစ် ပြောင်းလဲသွားမှာပဲ……"

သူ မြင်ယောင်ကြည့်လိုက်မိသည်မြင်းစီးပြီး ပြေးထွက်သွားလျှင် သူ၏နောက်ကွယ်တွင် မီးတောက်လမ်းကြောင်းကြီး နှစ်ကြောင်း ကျန်ရစ်ခဲ့မည့် မြင်ကွင်းက ငရဲပြည်သွားတဲ့ လမ်းမကြီးအတိုင်းပင်။

တင်းယွီဆောင်ကို အဆင့်မြှင့်ပြီးနောက် ဝမ်ပင်းသည် ခန်းမဆောင်ကြီး၏ နောက်ကွယ်ရှိ စာကြည့်တိုက်ဆောင်ကို အာရုံစိုက်လိုက်သည်။ ၎င်းကို ပြုပြင်ရန်အတွက် ရွှေဒင်္ဂါး သုံးသောင်းသာ လိုအပ်သဖြင့် သူ့အတွက် အဆင်ပြေသည်။

တစ်ချိန်တည်းမှာပင် မသေမျိုးဂိုဏ်းတွင် သိုင်းပညာရပ်များနှင့် ကျင့်စဉ်အသစ်များ ပိုရှိသင့်သည်ဟု သူ ခံစားရသည်။ ဂိုဏ်းဆုတ်ယုတ်သွားကတည်းက စာကြည့်တိုက်ဆောင်မှာလည်း စာအုပ်တစ်အုပ်မှ မကျန်တော့ဘဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။

ဂိုဏ်းတစ်ခုရဲ့ စာကြည့်တိုက်မှာ ဘာစာအုပ်မှ မရှိဘူးဆိုတာ သိက္ခာကျစရာပဲ။

ဝမ်ပင်းက စနစ်ကို မေးလိုက်သည်။

"စာကြည့်တိုက်ဆောင်ကို ပြုပြင်ပြီးသွားရင် အဲဒီထဲမှာ သိုင်းပညာရပ်တွေနဲ့ ကျင့်စဉ်အမျိုးမျိုး ပြန်ပြည့်သွားမှာလား"

"ဖြစ်နိုင်ခြေတော့ ရှိပါတယ်"

"ဖြစ်နိုင်ခြေရှိရင် တော်ပြီ။ စာကြည့်တိုက်ဆောင်ကို ပြုပြင်ပေးပါ"

[ပြုပြင်ရန် ကျန်ရှိချိန် ၃ နာရီ]

[ကျပန်းရရှိသော အထူးစွမ်းရည် စမ်းသပ်မှုမျှော်စင်]

"စမ်းသပ်မှုမျှော်စင် ဟုတ်လား"

"ပြုပြင်မှု အောင်မြင်ပြီးတာနဲ့ စာကြည့်တိုက်ဆောင်က ၁၀ ထပ်ရှိတဲ့ မျှော်စင်ကြီး ဖြစ်လာပါလိမ့်မယ်။ အထပ်တိုင်းမှာ စမ်းသပ်မှုတွေ ပါဝင်တဲ့ နယ်ပယ်တစ်ခုစီ ရှိနေမှာပါ။ တစ်နေ့ကို သုံးကြိမ် ဖွင့်လှစ်ပေးမှာဖြစ်ပြီး တစ်ကြိမ်ကို ၄ နာရီ ကြာမြင့်ပါမယ်။ ဝင်ကြေးကတော့ တစ်ကြိမ်ကို ရွှေဒင်္ဂါး တစ်ထောင် ဖြစ်ပါတယ်"

"မဖြစ်နိုင်တာ... အဲဒါက အရမ်းမစျေးကြီးဘူးလား"

"အကြောင်းကတော့ အဲဒီစမ်းသပ်မှုတွေမှာ ဆုလာဘ်တွေ ပါဝင်လို့ပါ"

"ဆုလာဘ်တွေ ရှိတယ်ဆိုရင်တောင် အရမ်းစျေးကြီးလွန်းတယ်။ မသေမျိုးဂိုဏ်းက တပည့်တွေ ဒီလောက်အများကြီး သုံးချင်ကြပါ့မလား"

"အဆောက်အဦးသစ်ကို ယုံကြည်ပေးပါ။ သူ့ရဲ့ အရည်အသွေးက ပေးရတဲ့စျေးနှုန်းနဲ့ ထိုက်တန်ပါတယ်"

ဝမ်ပင်းက စိတ်ပျက်သလို ပြုံးလိုက်မိသော်လည်း နောက်ဆုံးတွင် ယုံကြည်ပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် တွန့်ဆုတ်မနေတော့ဘဲ တောင်စောင်းအတိုင်း ဆင်းလာခဲ့သည်။ အမှန်အတိုင်းပြောရလျှင် စာကြည့်တိုက်ဆောင်၏ စမ်းသပ်မှုမျှော်စင်စွမ်းရည်ကို သူ အတော်လေး မျှော်လင့်မိနေသည်။

တစ်ကြိမ်ကို ရွှေဒင်္ဂါး တစ်ထောင်တောင် ပေးရတယ်ဆိုတော့ အထဲမှာ တကယ်ပဲ ဘာတွေရှိနေမလဲ။ ဒါမှမဟုတ်...

သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေက အကန့်အသတ်ရှိနေသဖြင့် အထဲမှာ ဘာတွေရှိနိုင်မလဲဆိုသည်ကို တိတိကျကျ ပုံဖော်၍ မရနိုင်သေးချေ။

ဝမ်ပင်းတစ်ယောက် လှေကားထစ်တစ်ထောင်ကို တက်ရင်း ညကို ကုန်ဆုံးရန် ပြင်လိုက်စဉ်မှာပင် စနစ်၏ အသံက နားထဲသို့ ပဲ့တင်ထပ်လာပြန်သည်။

ဟွမ်းချိန် ပြန်ရောက်လာတာလား။

ဝမ်ပင်းသည် ရင်ပြင်ဘက်သို့ အပြေးအလွှား သွားလိုက်ရာ ရင်ပြင်အစွန်းသို့ ရောက်သည်နှင့် သူ့ထံသို့ လျှောက်လာသော ဟွမ်းချိန်နှင့် ထိပ်တိုက် တိုးတော့သည်။

ဟွမ်းချိန်သည် မီးတုတ်ကို ကိုင်လျက် သူ့မျက်လုံးများကို စူးစိုက်ကြည့်နေသည်ကို မြင်ရသောအခါ ဝမ်ပင်းတစ်ယောက် ပြုံးပြရမလား၊ ထွက်ပြေးရမလား မဝေခွဲနိုင်ဖြစ်သွားသည်။

"ကိုယ့်ဖခင်လို ညီအစ်ကိုအရင်းအခြာလို ခင်မင်ခဲ့တဲ့ ဒီဦးလေးကို ငါ ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရပါ့မလဲ။ တခြားသူတွေကို ဟန်ဆောင်လို့ ရပေမဲ့... ကိုယ့်အကြောင်း ကောင်းကောင်းသိတဲ့ ဆွေမျိုးရင်းချာ ရှေ့မှာတော့ ဟန်ဆောင်ဖို့ဆိုတာ တကယ်ကို မလွယ်ဘူးပဲ"

အခြားရွေးချယ်စရာ မရှိသဖြင့် သူ အားတင်းကာ ရှေ့သို့ လျှောက်သွားလိုက်သည်။

"ဦးလေး... ညကြီးမင်းကြီး ဘာလို့ ပြန်လာတာလဲ။ မသေမျိုးဂိုဏ်းမှာ တစ်ခုခု ဖြစ်လို့လား"

"တောင်ခြေက နက်နဲသောအဆင့် ကျင့်ကြံသူက ဘယ်လိုဖြစ်ပြီး သေသွားတာလဲ"

ဟွမ်းချိန်က စကားပလ္လင်ခံမနေဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။

"အဲဒါက..."

ဝမ်ပင်း၏ ရင်ခုန်သံမှာ ခေတ္တမျှ မြန်သွားသော်လည်း အပြစ်ကင်းစင်ကာ ရွှင်ပျသော အပြုံးကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။

သူ စိတ်ထဲမှ တွေးနေမိသည်မှာ “ငါ သိသားပဲ မိစ္ဆာဝိညာဉ်ဓားကို အလောင်းတွေ ကိုင်တွယ်ခိုင်းတာ မှားသွားပြီ။ ဒီကောင်က ဟန်ကျိယုတို့ အလောင်းတွေကို လှေကားထစ်တွေပေါ်ကနေ ကန်ချလိုက်တာကိုး။ အခုတော့ ညဘက် အိပ်မရတဲ့ ဟွမ်းချိန်နဲ့ တည့်တည့်တိုးပြီပေါ့”

သို့သော်လည်း သူက မျှော်လင့်ချက်ကလေးတစ်ခုကို ဆုပ်ကိုင်ထားဆဲပင်။

ကြည့်ရုံရုံနဲ့တော့ နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦး သေသွားမှန်း တန်းသိဖို့ မလွယ်ပါဘူး။

ဟွမ်းချိန် ရောက်လာချိန်တွင် ထိုလူများကို တွေ့ခဲ့သော်လည်း ဟန်ကျိယုမှာ နက်နဲသောအဆင့် ဖြစ်ကြောင်း မသိနိုင်သေးဘဲ အခုမှ စမ်းသပ်မေးမြန်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။

"ငါ့ကို လာမလှည့်စားနဲ့။ အဲဒီလူက အစွန်းရောက်နယ်ပယ်တောင်ကလူဆိုတာ ငါသိတယ်။ ပြီးတော့ သူတို့ထဲက တစ်ယောက်က နက်နဲသောအဆင့် ကျင့်ကြံသူဆိုတာလည်း ငါသိတယ်"

သူ တကယ်သိနေတာပဲ။

အခြေအနေကို ကြည့်ပြီး ဝမ်ပင်းသည် အနည်းငယ် အနေရခက်သော်လည်း ယဉ်ကျေးသော အပြုံးတစ်ခုကို ဖန်တီးလိုက်ကာ "ဦးလေးက ကျွန်တော့်ကို လာမေးနေပေမဲ့ ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ။ သူတို့က ညကြီးမင်းကြီး မသေမျိုးဂိုဏ်းထဲမှာ လာသေနေကြတာပဲဟာ။ ကျွန်တော်က ဒီမှာ ခံရတဲ့သူပါ ဦးလေးရဲ့" ဟု ပြန်ပြောလိုက်တော့သည်။

အခန်း။ ၁၁၂

ဟွမ်းချိန်သည် သူ၏မီးတုတ်ကို မြှောက်ကာ ဝမ်ပင်း၏မျက်နှာနားသို့ တိုးကပ်လိုက်ပြီး စိုက်ကြည့်လိုက်သည်။

"ကောင်လေး... မင်းအဖေလည်း ဒီမှာမရှိဘူး။ ငါက မင်းအတွက် တစ်ဝက်သော ဆွေမျိုးရင်းချာပဲ။ ဒါကြောင့် လာမလှည့်စားနဲ့တော့ အမှန်အတိုင်းပဲ ပြောစမ်း"

"ကျွန်တော် တကယ်မသိလို့ပါ ဦးလေးရဲ့"

"ဟင်..."

ဟွမ်းချိန်သည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ဝမ်ပင်းကို စူးစိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။

ဝမ်ပင်းကမူ မတတ်သာသလို ပြုံးလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ "သူက အပြေးလေ့ကျင့်တာ အရမ်းများသွားလို့ နှလုံးနဲ့ အသက်ရှူလမ်းကြောင်း မမျှတဘဲ သေသွားတာ ဖြစ်မှာပေါ့" ဟု ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

လှောင်နေတာပဲ။

ဒါက အပြတ်အသတ် လှောင်နေတာပဲ။

ဟွမ်းချိန်သည် မျက်လုံးအပြူးသားဖြင့် ဝမ်ပင်းကို ကြည့်နေမိသည်။ သူ၏မျက်ဝန်းများက ငါ့ကို ငတုံးထင်နေတာလားဟု မေးခွန်းထုတ်နေသည့်အလား။

"တော်တယ် ကောင်လေး... စကားကတော့ ဆီလျော်နေတာပဲ။ ငါ မင်းကို အထင်သေးခဲ့မိတာပဲ"

"ဦးလေး... ကျွန်တော် ကျိန်ဆိုရဲပါတယ်။ အမှန်အတိုင်း ပြောနေတာပါ"

"ဆက်ပြီးတော့သာ လုပ်ကြံပြောနေလိုက်တော့"

ဟွမ်းချိန်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ဝမ်ပင်းသည် ထိုနေရာတွင် ခေတ္တရပ်ကြည့်နေမိသည်။ မီးတုတ်အလင်းရောင်မှာ တောင်အောက်သို့ တကယ်ဆင်းသွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူသည် အိပ်ဆောင်များရှိရာဘက်သို့ ဦးတည်လိုက်သည်။

ဒီည လှေကားထစ်တစ်ထောင်တက်မည့် အစီအစဉ်ကိုတော့ ဖျက်ရတော့မယ်။

သို့သော် သူလှည့်ထွက်သွားချိန်တွင် သူ၏မျက်စိရှေ့၌ ကိန်းဂဏန်းအချို့ ပေါ်လာသည်။

[၁၆၀၀/၁၀၀၀၀၀]

ထိုညမှာတင် လူပေါင်း ၄၈ ယောက်က မသေမျိုးဂိုဏ်း၏ ထူးခြားဆန်းပြားမှုကို ထပ်မံသိရှိသွားကြခြင်းပင်။

အိပ်ဆောင်တွင် တစ်ညတာ အိပ်စက်အနားယူပြီးနောက် ဝမ်ပင်းသည် တင်းယွီဆောင်သို့ စောစောစီးစီး ရောက်ရှိလာခဲ့သည်။ အဆင့်မြှင့်တင်ပြီးသော တင်းယွီဆောင်မှာ မြေလှန်ပြောင်းလဲသွားသကဲ့သို့ ထူးခြားနေပြီး အရင်ကထက် ပိုမိုထည်ဝါကာ ပို၍လည်း ကျယ်ဝန်းလာသည်။

ယခင် တင်းယွီဆောင်မှာ ပညာရှိတစ်ဦး၏ အဆောင်အယောင်ကဲ့သို့ သေးငယ်သော်လည်း ကျော့ရှင်းသော ပုံစံရှိခဲ့သည်။

သို့သော် ယခု တင်းယွီဆောင်မှာမူ စံအိမ်ကြီးတစ်ဆောင်ကဲ့သို့ ဖြစ်နေပြီး ပညာရှိဆန်သော အသွင်အပြင်မျိုး မဟုတ်တော့ဘဲ ထူးခြားသည့် ကိုယ်ပိုင်ဟန်တစ်ခု ရှိနေသည်။

ခြံဝန်းနှင့် ရေကန်တစ်ခုလည်း ပါဝင်သဖြင့် တောရဆောက်တည်နေသော ဆရာကြီးတစ်ဦး၏ နေအိမ်နှင့်ပင် တူနေတော့သည်။

တင်းယွီဆောင်၏ အသွင်အပြင် ပြောင်းလဲသွားရုံသာမက အိမ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော ဟားဟားကိုလည်း ဝမ်ပင်း သတိပြုမိလိုက်သည်။ ၎င်း၏မျက်လုံးများမှာ နက်မှောင်သွားပြီး အနီရောင်အစက်ကလေးများ ဟပ်နေသည်။ သိပ်ပြီး သိသာလှသည်မဟုတ်သော်လည်း ထူးဆန်းသော အရောင်အသွေးကို ထုတ်ဖော်နေသည်။

အသွင်အပြင်မှာ တောင်ပေါ်ခွေးတစ်ကောင်နှင့် တူနေဆဲဖြစ်သော်လည်း ယခုအခါ ၎င်းထုတ်လွှတ်နေသော အရှိန်အဝါမှာ မိစ္ဆာဝိညာဉ်ဓားကဲ့သို့ ငရဲအငွေ့အသက်များ ပါဝင်နေသည်။

ဟားဟား ပြောင်းလဲသွားသော်လည်း မိစ္ဆာဝိညာဉ်ဓားမှာမူ အသွင်အပြင်အားဖြင့် များစွာပြောင်းလဲခြင်း မရှိပေ။ သို့သော် ဤအချက်ကပင် ဝမ်ပင်းကို အပျော်ဆုံးဖြစ်စေသည်။

"အခုဆိုရင် အရှေ့အိုင်တစ်ခွင်မှာ ငါ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုတော့ဘူး။ ဒါပေမဲ့... အင်အားကြီးအဖွဲ့အစည်းတွေထဲက တကယ့် ဝှက်ဖဲဖြစ်တဲ့ ရှေးဟောင်းပုဂ္ဂိုလ်ကြီးတွေ ပေါ်မလာသရွေ့ပေါ့…"

ထို့နောက် ဝမ်ပင်းသည် အဆင့်မြှင့်တင်ထားသော တင်းယွီဆောင်အတွင်းရှိ အရောင်းဆိုင်ကို ဖွင့်ကြည့်လိုက်သည်။ ထိုနေရာတွင် တစ်မီတာပတ်လည်ရှိသော သစ်သားပြားတစ်ခုကို ပြသထားသည်။ ၎င်းမှာ အညိုရောင် သစ်စေ့ကွင်းများပါရှိပြီး ကြေညာချက်ဘုတ်တစ်ခုနှင့် တူနေသည်။

ပစ္စည်းအကြောင်း ဖော်ပြချက်ကို ဖတ်ပြီးနောက် ဝမ်ပင်း ကြောင်အသွားသည်၎င်းမှာ တကယ်ပင် ကြေညာချက်ဘုတ်တစ်ခု ဖြစ်နေပြီး ယခင်က လက်ဖြင့်ရေးထားသော စျေးနှုန်းဇယားနေရာတွင် အစားထိုးရန် ဖြစ်သည်။

စျေးနှုန်းမှာ ရွှေဒင်္ဂါး ၁၀၀၀။

"ဒါက... အသုံးမဝင်တဲ့အရာလို့ ခေါ်လို့ရမလား"

"သခင်... ရောင့်ရဲစမ်းပါ။ ဒါက အသက်ပင်ရဲ့ ပင်စည်နဲ့ ပြုလုပ်ထားတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပါ။ ရွှေဒင်္ဂါး ၁၀၀၀ ဆိုတာ ကောင်းကင်က ငွေတွေပြုတ်ကျလာတာကို ကောက်ရသလို စျေးပေါလွန်းတယ်။ ဒါ့အပြင် ဆိုင်ထဲမှာ ဂိုဏ်းအတွက် အထောက်အကူပြုပစ္စည်းတွေကို အသစ်ပြန်တင်ပေးဦးမှာပါ။ အဆင့်မြှင့်လိုက်ရင် ဂိုဏ်းရဲ့ ဆိုင်းဘုတ်တွေကိုတောင် အသစ်လဲလို့ရမှာပါ။ သခင်က ဒါကိုရော မကြိုက်ဘူးလား"

ဝမ်ပင်းက ရယ်မောလိုက်ပြီး "မဟုတ်ပါဘူး... ကျေနပ်ပါတယ်။ မကျေနပ်ဘဲ နေပါ့မလား" ဟု ပြန်ပြောလိုက်သည်။

ထိုသို့ပြောရင်း ဝမ်ပင်းသည် ကြေညာချက်ဘုတ်ကို ဝယ်ယူလိုက်ပြီး အသုံးပြုရန် နှိပ်လိုက်သည့်အခါ ၎င်းသည် ကျင့်ကြံခြင်းကွင်းပြင်အပြင်ဘက်ရှိ စက္ကူစျေးနှုန်းဇယားများနေရာတွင် တိုက်ရိုက်အစားထိုးဝင်ရောက်သွားသည်။

မသေမျိုးဂိုဏ်း၏ ကျင့်ကြံခြင်းကွင်းပြင် စျေးနှုန်းသတ်မှတ်ချက်များကို အလိုအလျောက် ချိတ်ဆက်ပေးသည်ကို သိလိုက်ရသောအခါ ၎င်းမှာ အလှပြသက်သက်မဟုတ်ဘဲ အတော်လေး အသုံးဝင်ကြောင်း ဝမ်ပင်း သဘောပေါက်လိုက်သည်။

ဤကမ္ဘာတွင် ယခုကဲ့သို့ လွယ်ကူလျင်မြန်သော နည်းပညာမြင့်ပစ္စည်းမျိုးကို ရွှေဒင်္ဂါး ၂၀၀၀ နှင့် ရရှိခြင်းမှာ အတော်လေး တန်ဖိုးရှိသည်။

ထို့နောက် ဝမ်ပင်းသည် စာကြည့်တိုက်ဆောင်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

သူ တစ်ညလုံး မျှော်လင့်နေခဲ့သောအရာ ရောက်ရှိလာတော့သည်။

ယခင်က မြက်ရိုင်းများနှင့် နွယ်ပင်များ ဝန်းရံနေသော စာကြည့်တိုက်ဆောင်မှာ ပြုပြင်ပြီးနောက်တွင် ချောမွေ့သော လမ်းမကြီးရှိရုံသာမက ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း သန့်ရှင်းသပ်ရပ်နေသည်။

ဖုန်တက်နေသော တံခါးများ၊ ပြတင်းပေါက်များနှင့် ခေါင်မိုးများမှာလည်း အသစ်စက်စက် ပြန်ဖြစ်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်က မသေမျိုးဂိုဏ်းသို့ ပထမဆုံးအကြိမ် ရောက်လာခဲ့လျှင် ဤစာကြည့်တိုက်ဆောင်ကို အသစ်ဆောက်ထားသည်ဟုပင် ထင်မှတ်သွားပေလိမ့်မည်။

ဝမ်ပင်းက မေးလိုက်သည်။

"စနစ်... စာကြည့်တိုက်ဆောင်နဲ့ ပတ်သက်သမျှ အကြောင်းစုံကို ပြောပြစမ်း"

စနစ်က ပြန်ဖြေလိုက်သည်။

"စူပါဂိုဏ်းတော်စနစ်တစ်ခုအနေနဲ့ စာကြည့်တိုက်ဆောင်မှာ ရှားပါးကျင့်စဉ်တွေ အများကြီး ရှိနေဖို့ မလိုပါဘူး။ စာအုပ် ၁၀ အုပ်ရှိရင်တင် လုံလောက်ပါပြီ။ အဆင့်မြှင့်ထားတဲ့ စာကြည့်တိုက်ဆောင်ရဲ့ အထပ်တိုင်းမှာ စမ်းသပ်မှုတစ်ခုစီ ရှိပါတယ်။ အဲဒီစမ်းသပ်မှုကို အောင်မြင်ရင် သက်ဆိုင်ရာအထပ်ရဲ့ ဆုလာဘ်ကို ရရှိမှာပါ။ ဥပမာအားဖြင့် ပထမထပ်ရဲ့ စမ်းသပ်မှုဆုလာဘ်ကတော့ သိုင်းပညာရပ်ပါ"

"ကျန်တဲ့နေရာတွေကို ဖြည့်မပေးထားဘူးပေါ့"

ဝမ်ပင်း အနည်းငယ် စိတ်ပျက်သွားသည်။

"အိပ်မက်နဲ့ လက်တွေ့ကြားက ကွာခြားချက်က ကြီးမားလွန်းနေတာပဲ။ သိုင်းပညာရပ်တစ်ခုတည်းကိုတောင် ရွှေဒင်္ဂါး တစ်ထောင်ပေးရတယ်။ ဒါဆိုရင်... အိပ်ဆောင်ဧရိယာထဲမှာရှိတဲ့ နဂါးအမျက်ဒေါသကျင့်စဉ်က အလှပြသက်သက်ပဲ ကျန်ခဲ့တော့မှာလား"

"ရွှေဒင်္ဂါး တစ်ထောင်ပေးရတာက တစ်ကြိမ်ဝင်ခွင့်ပဲ ရတာလေ။ ဆုလာဘ်ကလည်း သိုင်းပညာရပ် တစ်ခုတည်းဆိုတော့ စျေးနှုန်းက သိပ်ပြီး မကိုက်ညီသလိုပဲနော်"

"သခင် ကိုယ်တိုင်ပဲ အထဲဝင်ပြီး လေ့လာကြည့်လိုက်ပါ"

"လျှို့ဝှက်ချက်တွေ ထားတတ်နေပြီပေါ့"

ဝမ်ပင်းကတော့ ထိုသိုင်းပညာရပ်က ထူးခြားလိမ့်မည်ဟုသာ မျှော်လင့်ရတော့သည်။

သို့သော် မည်မျှပင် ထူးခြားပါစေဦးတော့ သိုင်းပညာရပ်ဆိုသည်မှာ သိုင်းပညာရပ်သာ ဖြစ်သည်။

ဝမ်ပင်းသည် မျှော်လင့်ချက်အနည်းငယ်ဖြင့် စာကြည့်တိုက်ဆောင်၏ အဝင်ဝသို့ လျှောက်သွားလိုက်သည်။ သူ၏လက်မှာ စမ်းသပ်မှုနယ်ပယ်အတွင်းသို့ နစ်ဝင်သွားပြီးနောက် သူသည် လုံးဝ ဝင်ရောက်သွားခဲ့သည်။ သူ မြင်လိုက်ရသည်မှာ ဦးခေါင်းပေါ်တွင် ပူပြင်းလှသော နေမင်းကြီး ထွန်းလင်းနေသည့် သဲကန္တာရကြီးတစ်ခု ဖြစ်သည်။

ရှေ့ကိုကြည့်လည်း သဲခုံတွေ အဆုံးမရှိသလို နောက်ကို လှည့်ကြည့်လည်း ထိုနည်းတူပင်။

ရံဖန်ရံခါတွင် လေပြင်းများ တိုက်ခတ်လာပြီး သဲမှုန်များကို လွင့်စင်စေကာ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ သူ့ထံသို့ တိုက်ရိုက် ဦးတည်နေသည်။

"ပထမထပ် မီးတောက်ဖုံးလွှမ်းသော ကောင်းကင်"

စနစ်၏ အသံမှာ ပျောက်ကွယ်သွားပြီးနောက် ရှေ့ဘက်ရှိ သဲများမှာ ရုတ်တရက် လှုပ်ခတ်လာသဖြင့် ဝမ်ပင်းသည် အလိုအလျောက် နောက်သို့ ဆုတ်လိုက်မိသည်။ ထိုစဉ်မှာပင် ညဘက် လှုပ်ရှားသော လူသတ်သမားများကဲ့သို့ မျက်နှာဖုံးစွပ်ထားသည့် လူနှစ်ဦး ခုန်ထွက်လာကြသည်။

နှစ်ယောက်စလုံးမှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၇ ရှိသူများ ဖြစ်ကြသည်။

ဝမ်ပင်းအတွက်မူ ပထမထပ်မှာ စိတ်လှုပ်ရှားစရာ မရှိပေ။ အဆင့် ၇ ကျင့်ကြံသူ နှစ်ဦးမှာ သူ့အတွက် အားစိုက်စရာပင် မလိုချေ။

"စနစ်... ဒါကိုပဲ စမ်းသပ်မှုလို့ ခေါ်တာလား။ စျေးနှုန်းကို ပြန်စဉ်းစားသင့်တယ်နော်။ ရွှေဒင်္ဂါး တစ်ထောင်က တကယ်ကို များလွန်းတယ်"

"သခင် ကိုယ့်ကိုကိုယ်သာ အရင်ပူလိုက်ပါ"

စနစ်၏ စကားအဆုံးမှာပင် ဝမ်ပင်း၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ထိုလူသတ်သမား နှစ်ဦးမှာ လက်ဟန်များ ပြုလုပ်နေကြခြင်းပင်။

"ဘာတွေလဲ... ဘာဖြစ်နေတာလဲ"

"သိုင်းပညာရပ်က လက်ဟန်တွေ ဖော်ဖို့ လိုလို့လား"

ဝမ်ပင်း၏ အာမေဍိတ်သံကို စနစ်က ပြန်မဖြေချေ။ သူ ကြောင်အသွားချိန်မှာပင် သူ၏ရှေ့မှောက်တွင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် မီးပင်လယ်ကြီး ပေါ်ပေါက်လာပြီး သူ့ထံသို့ တိုက်ရိုက် ဦးတည်လာတော့သည်။

"အမလေး သွေးကြောပညာရပ်ပါလား"

ဝမ်ပင်းမှာ အလွန်အံ့အားသင့်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်ရသည်။ ထိုစဉ် စနစ်၏ အသံကို ကြားလိုက်ရသည်။

"သခင် အထဲမဝင်ခင် အသေးစိတ် ဖော်ပြချက်ကို သေချာဖတ်သင့်တာပါ။ ဆုလာဘ်အဖြစ် ပေးမယ့် သိုင်းပညာရပ်နဲ့ အတတ်ပညာကို ခွဲခြားထားပါတယ်။ ပထမထပ် စမ်းသပ်မှုမှာ မီးလုံးကျွမ်းကျင်မှုကို နားလည်သဘောပေါက်နိုင်ခြေ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ သခင်ကတော့ ပထမဆုံးအကြိမ် ဝင်ရောက်မှုမှာ ၁၀၀ ရာခိုင်နှုန်း နားလည်နိုင်ခွင့် ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီ အခွင့်အရေးကို ပထမထပ်မှာ မဖြုန်းတီးဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ရိုးရှင်းတဲ့ မီးတောက်အတတ်ပညာဖြစ်နေလို့ပဲ။ သိုင်းပညာရပ်တွေထက် သာပေမဲ့ သိပ်ပြီးတော့တော့ မထူးခြားပါဘူး"

ဝမ်ပင်းသည် မတတ်သာဘဲ ပြုံးလိုက်ရင်း နောက်သို့ အရှိန်ဖြင့် ခုန်ဆုတ်လိုက်ကာ မီးတောက်များကို ရှောင်ရှားရန် သဲခုံပေါ်မှ လိမ့်ဆင်းလိုက်ရသည်။

ပြန်လည် ဟန်ချက်ညီအောင် လုပ်ပြီးနောက် ဝမ်ပင်းက စိတ်ပျက်သလို ရယ်လိုက်မိသည်။ သူသည် အဆင့် ၁၃ ကျင့်ကြံသူကိုပင် အလွယ်တကူ ချေမှုန်းနိုင်သူ ဖြစ်သော်လည်း ယခုမူ အဆင့် ၇ ကျင့်ကြံသူ နှစ်ဦးကြောင့် ဤကဲ့သို့ ရုန်းကန်နေရသည်မှာ မည်သို့မျှ သည်းခံနိုင်စရာ မရှိပေ။

ဝမ်ပင်းက မေးလိုက်သည်။

"ဒါဆို အဲဒီ ၁၀၀ ရာခိုင်နှုန်း နားလည်နိုင်စွမ်းရှိတဲ့ အခွင့်အရေးကို ဘယ်မှာ သုံးသင့်သလဲ"

စနစ်က ပြန်ဖြေလိုက်သည်။

"ပဉ္စမထပ်ပါ။ အဲဒီအထပ်က စမ်းသပ်မှုက မီးနဂါးကျွမ်းကျင်မှုပဲ။ အဲဒါက သွေးကြောပညာရပ် အဆင့်ထဲ မဝင်သေးပေမဲ့ အဝါရောင်အဆင့်လတ်ရှိတဲ့ သွေးကြောပညာရပ်တွေထက်တောင် သာလွန်ပါတယ်"

ယခုဆိုလျှင် စာကြည့်တိုက်ဆောင်၏ တန်ဖိုးကို ဝမ်ပင်း ကောင်းကောင်း နားလည်သွားတော့သည်။

"တစ်ကြိမ်ကို ရွှေဒင်္ဂါး တစ်ထောင်ဆိုတာ... တကယ်တော့ ပေးရကျိုး နပ်ပါတယ်။ အခုရရှိလာတဲ့ ဒီအခွင့်အရေးကို နောင်တရစရာ မရှိအောင် ဘယ်လိုများ အကောင်းဆုံး အသုံးချရပါ့မလဲ"

ဝမ်ပင်း၏ စိတ်ထဲတွင် ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် ရည်မှန်းချက်များ ပြန်လည် နိုးကြားလာတော့သည်။

All Chapters